← Chapters

အခန်း (၃၉၁-၃၉၅)

Vol. 18 Ch. 391-395

အခန်း (၃၉၁-၃၉၅)

Vol. 18 Ch. 391-395

အပိုင်း ၃၉၁

ရှုချီချင်းကိုချိုးနှိမ့်ခြင်း

ဝမ်ချောင်သည်လည်း ကိုးရိုးကားရားအနေအထားသို့ရောက်ရှိသွားခဲ့၏။ ဟွမ်ချန်အာသည် ဝမ်ကလန်နှင့်ဟွမ်ကလန်ကြား ပဋိပက္ခတွင် မမျှော်လင့်ထားသော သားကောင်ဖြစ်ခဲ့ရပြီး ဝမ်ချောင်ပင်လျှင် ၎င်းကိုပြန်လည်ပြောင်းလဲစွမ်းမရှိခဲ့ပေ။

သို့သော်လည်း သူ့တွင်သူမကိုအဝေးသို့ မောင်းထုတ်ရန်လည်း ရည်ရွယ်ချက်မရှိခဲ့ပေ။

အကယ်၍ ထင်ရှားကျော်ကြားသော နူးညံ့သည့်လက်များ၏ နတ်သမီးက သူ့သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပါက သူသည် ယခင်ကထက်ပို၍ဘေးကင်းပေလိမ့်မည်။ ထို့အပြင် ဟွမ်ချန်အာကျင့်ကြံနေသည့် နူးညံ့သောလက်များ၏ မိုးခြိမ်းသံတွင်လည်း အားနည်းချက်ကြီးရှိနေခဲ့၏။

သို့သော်လည်း ဟွမ်ချန်အာသည် သူ့ကိုရန်လိုမှုဖြင့်ပြည့်နှက်နေခဲ့သောကြောင့် သူပြောသည့်အရာမှန်သမျှမှာ သူမကိုထိုးဖောက်နိုင်မည့်အလားအလာမရှိပေ။ သူသည်ထိုကိစ္စကို သူမအားသတိပေးရန်သင့်လျော်သည့် အခွင့်အရေးတစ်ခုကို ရှာဖွေရပေလိမ့်မည်။

"သခင်လေး..သခင်လေး.."

---

ဝမ်ချောင် အတွေးနက်နေစဉ်မှာပင် အသံတစ်ခုက သူ့နားထဲရုတ်တရက်ပေါ်လာခဲ့၏။ လှည့်ကြည့်လိုက်သည်နှင့် သူသူ့နားတွင် ဝေ့အန်းဖန်က ဟောဟဲဆိုက်နေသည်ကို တွေ့လိုက်ရကာ သူ့နားရောက်ရန်အလောတကြီး ပြေးလာခဲ့ပုံရသည်။

"အန်းဖန်ဘာဖြစ်လို့လဲ"

ဝမ်ချောင် မေးလိုက်၏။

'မင်းသမီးနီဟွမ်ဒါမှ မဟုတ် လီစီယိကနောက်တစ်ကြိမ် ငါ့အတွက်ပြဿနာရှာပေးနေတာ တော့မဖြစ်နိုင်ဘူးမလား။'

ဝမ်ချောင် အလန့်တကြားတွေးလိုက်မိသည်။

ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ဝမ်ချောင်ကိုကြီးကြီးမားမားခေါင်းကိုက်စေနိုင်သူမှာ ထိုနှစ်ယောက်သာရှိသည်။

"သခင်လေးရှုချောင်ကိုမှတ်မိသေးလား။"

ဝေ့အန်းဖန်အမောတကောမေးလိုက်၏။

"ရှုချောင်လား"

ဝမ်ချောင်မျက်တောင်ခတ်လိုက်မိသည်။ ထိုသည်မှာမြို့တော်ရှုကလန်၏ ရှုချီချင်းကဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ခိုးဝင်ရန်ရွေးချယ်ထားခဲ့သော နာမည်မဟုတ်လော။

ယခင်အကြိမ်က သူမသည် စစ်တုရင်ခန်းမကိုစိန်ခေါ်ခဲ့ပြီး သူသည်သူမကို ကိစ္စများခက်ခဲအောင် တမင်သက်သက်ပြုလုပ်ခဲ့ကာ သူမကလွဲ၍ တခြားသူများကို အအောင်ပေးခဲ့သည်။ သူမနောက်ထပ်တစ်ခုခုကြံစည်နေသည်မှာ ဖြစ်နိုင်၏လော။

"သခင်လေးအချိန်အကြာကြီးအပြင်ရောက်နေတုန်းက ဝိဉာဉ်သွေးကြောကိုပို့ဆောင်မယ့် နောက်အသုတ်ကို စစ်ထုတ်နိုင်စေဖို့စစ်တုရင်ခန်းမမှာ ဒီနေ့စစ်ဆေးခံမယ့်ကျောင်းသားတွေကို ကျွန်တော်စီစဉ်ထားခဲ့တယ်။ ဒါပေမယ့်လည်း ရှုချောင်ကသခင်လေးမရှိချိန်ကို အသုံးချပြီး စစ်တုရင်ခန်းမရဲ့ကျောင်းသားတွေကို စိန်ခေါ်ဖို့လက်ဦးမှုရယူခဲ့ပြီး သူတို့အားလုံးကို အနိုင်ယူလိုက်တယ်။"

"အဲဒါအကုန်မဟုတ်သေးဘူး။ သူကစစ်တုရင်ခန်းမရဲ့စစ်ဆေးသူတွေကိုလည်း စိန်ခေါ်ခဲ့ပြီး သူတို့အားလုံးကိုလည်း အနိုင်ယူလိုက်တယ်။ အခုသူက စစ်တုရင်ခန်းမမှာစောင့်နေပြီး သူကခင်ဗျားကိုစိန်ခေါ်ချင်တယ်လို့ပြောနေတယ်။"

ဝေ့အန်းဖန်ပြောလိုက်၏။

ဝမ်ချောင်နှင့်ရှုချောင်တို့ကြားရှိ ဆက်ဆံရေးကဘာလဲဆိုသည်ကို ဝေ့အန်းဖန်မသေချာသော်လည်း သခင်လေးကရှုချောင်ကို သူ့စာမေးပွဲအောင်မြင်ခြင်းမှ တားဆီးခြင်းအား စိတ်အားထက်သန်သည့်ပုံပေါက်နေသည်မှာ ထင်ရှားလှပေသည်။ ဤသို့မဟုတ်ပါက ကျားကစားခြင်းတွင် ရှုချောင်၏ကျွမ်းကျင်မှုအရ အခြားကျောင်းသားများစွာအောင်မြင်သွားချိန်တွင် သူသည်စာမေးပွဲကျခဲ့နိုင်မည်မဟုတ်ပေ။

ထိုဖြစ်ရပ်ကြောင့်ဖြစ်နိုင်၏။ ရှုချောင်သည်ဝမ်ချောင်အတွက် ကိစ္စများကိုခက်ခဲအောင်ပြုလုပ်ရန် ပြန်လာရန်ဆုံးဖြတ်ခဲ့သည်။

"ဘယ်လို"

ဝမ်ချောင် အံ့အားတကြီးဖြင့်မျက်မှောင်ကြုတ်လိုက်မိ၏။

ရှုချီချင်းသည် စစ်တုရင်ခန်းမရှိ လူတိုင်းအားစိန်ခေါ်သည့် အတိုင်းအတာအထိလွန်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း သူမ၏အပြုအမူနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သူမကြာမီနားလည်သွားခဲ့၏။

သူမသည် ထိုအချိန်ကထိုကိစ္စကိုရန်ငြိုးထားနေသေးသည်မှာ ဖြစ်နိုင်ချေများသည်။ ထို့ကြောင့်သူမ၏စွမ်းရည်ကို သက်သေပြရန် စစ်တုရင်ခန်းမရှိလူတိုင်းကို အနိုင်ယူရန်သူမရွေးချယ်ခဲ့ပေမည်။ အကယ်၍ဝမ်ချောင်သည် အခြားတစ်ယောက်ကို အအောင်ပေးခဲ့ပြီး သူမကိုအအောင်မပေးခဲ့သေးပါက ထိုသည်မှာ သူ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်စေပေလိမ့်မည်။

တစ်ဖက်တွင်မူ အကယ်၍ သူသည်သူမကိုအအောင်ပေးခဲ့ပါက ၎င်းကိုဤရန်ပွဲ၌သူ၏ 'အောင်နိုင်ခြင်း' အဖြစ်ယူဆနိုင်ပေမည်။

ရှုချီချင်းသည် သူ့အားဆန့်ကျင်ကန့်ကွက်ရန် ထို့အတူ သူ့အားချောင်ပိတ်ရန် ထိုသို့သောနည်းလမ်းကို အသုံးပြုနေခဲ့သည်။

"သူမကဘယ်လိုတောင် အထက်စီးဆန်လိုက်တဲ့လူလဲ။"

ရှုချီချင်း၏ရည်ရွယ်ချက်များကို နားလည်လိုက်ကာ ဝမ်ချောင်မတတ်နိုင်ဘဲ စိတ်ထဲဖျော့တော့စွာရယ်မောလိုက်မိသည်။

ရှုကလန်၏ပါရမီရှိသော ထိုမိန်းမပျိုလေးသည် မောက်မာသောလူတစ်ယောက်ဖြစ်ပြီး မတရားမှုနှင့်ကြုံဆုံရာတွင် ထိုင်ကြည့်နေမည်မဟုတ်သည်ကို သူသိထားခဲ့သော်လည်း သူမကသူ့ဆီ ထိုသို့သောပုံစံတစ်ခုဖြင့်ပြန်လာမည်ဟု သူတကယ့်ကိုမမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း သူမသည်မှားယွင်းတွက်ချက်မှုကြီးတစ်ခုကိုပြုလုပ်ခဲ့၏။

ဝေ့ချီတွင် သူ့ကိုစိန်ခေါ်ခြင်းမှာ...

မဟာထန်၏ဒဏ္ဍာရီလာ စစ်သူကြီးဟောင်းသည်ပင် သူ့ကိုအနိုင်မယူနိုင်ခဲ့ပေ။ သူမဆိုလျှင်ဆိုဖွယ်ရာမရှိတော့ပေ။

"ဟားဟားတစ်ချက်သွားကြည့်ကြစို့။"

လက်နောက်ပစ်လျက်အပြုံးတစ်ခုဖြင့် ဝမ်ချောင်သည်စစ်တုရင်ခန်းမသို့ အေးအေးလူလူ စတင်လမ်းလျှောက်သွားလိုက်သည်။

---

ဘုန်းး

သူတံခါးများမှဖြတ်သန်းလာသည့်အခိုက်မှနေ၍ စစ်တုရင်ခန်းမရှိ မယုံနိုင်စရာကောင်းအောင်ပျားပန်းခပ်လှုပ်ရှားမှုကို ဝမ်ချောင်ခံစားနိုင်ပေသည်။ စစ်တုရင်ခန်းမ၏စစ်ဆေးသူများနှင့် ဖြေဆိုသူများသည် အချင်းချင်းတိုးဝှေ့နေခဲ့ကြကာ တစ်ခုခုကိုလေ့လာကြည့်ရှုနေကြပုံရသည်။

ထိုလူအုပ်ကြီးကြားရှိ အဟများမှနေ၍ လှပသောမျက်နှာသွင်ပြင်များနှင့် ဖြောင့်မတ်သောကျောပြင်တစ်ခုဖြင့် တည်ငြိမ်အေးဆေးသော လူငယ်တစ်ယောက်က သူ့စစ်ဆေးသူများထဲမှ တစ်ဦးနှင့်ကျားကစားနေသည်ကို ဝမ်ချောင်မြင်လိုက်ရသည်။

ထိုလှပသော လူငယ်လေးတွင် တည်ငြိမ်အေးဆေးပြီး သက်သောင့်သက်သာရှိသောအမူအရာရှိသော်လည်း သူ့မျက်နှာချင်းဆိုင်ရှိစစ်ဆေးသူမှာမူ ချွေးများက သူ့ခန္ဓာတစ်ခုလုံးကိုရွှဲနစ်နေခဲ့ကာ သူ့မျက်နှာပေါ်တွင် သွေးရောင်တစ်စက်မျှမရှိတော့ဘဲ ဖြူလျော်နေခဲ့သည်။

သူ့မျက်လုံးများသည် သူ့ရှေ့ရှိကျားခုံအပေါ် စူးစိုက်နေခဲ့ကြပြီး သူ့စိတ်ဝိဉာဉ်ကို ၎င်းကနှုတ်ယူသွားသကဲ့သို့ပင်။

"အဲဒါက ဒီအသုတ်မှာစစ်တုရင်ခန်းမရဲ့ကြောက်စရာအကောင်းဆုံးစစ်ဆေးသူပါ။"

ဝေ့အန်းဖန် ဝမ်ချောင်ကို သိုသိုသိပ်သိပ်တီးတိုးပြောလိုက်၏။

"သိပြီ"

ဝမ်ချောင်ခေါင်းညိတ်လိုက်သည်။

ကျားခုံပေါ်ရှိ ကျောက်တုံးများ၏ အခင်းအကျင်းကိုပင် လေ့လာခြင်းမရှိဘဲအောင်ပွဲက ရှုချီချင်းဥစ္စာဖြစ်သည်ကို ဝမ်ချောင်သိပေသည်။ သူ့ယခင်ဘဝမှ ရှီဘုရင်၏အကောင်းဆုံး ထောက်ပို့အရာရှိသည် စစ်တုရင်ခန်းမရှိစစ်ဆေးသူ အနည်းငယ်ကိုပင် အနိုင်မယူနိုင်ခဲ့ပါက သူမသည်သူမ၏ဂုဏ်ပုဒ်နှင့် ထိုက်တန်လိမ့်မည်မဟုတ်ပေ။

နောက်သူမှန်သည်ဟု သက်သေပြနေသကဲ့သို့ နောက်တခဏတွင်ရှုချီချင်း၏အသံပေါ်လာခဲ့သည်။

"မင်းရှုံးပြီ။"

ကျားခုံကို ရှေ့သို့အနည်းငယ်တွန်းလိုက်ကာ ရှုချီချင်းမတ်တပ်ရပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပန်းပန်လျက်ခေါင်းမော့လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အပြုံးတစ်ခုရှိနေပေသည်။

ဤအကြိမ် သူမသည်ဝမ်ချောင်ဖက်ရှိ စစ်ဆေးသူတိုင်းကိုအနိုင်ယူခဲ့ပြီဖြစ်သည်။ ဤသည်မှာ ယခင်အကြိမ် သူမဤနေရာတွင်ရှိစဉ်က သူမခံစားခဲ့ရသော အရှက်ခွဲခံရမှုအတွက် ဝမ်ချောင်ဆီမှပြန်ယူရန် သူမရွေးချယ်ခဲ့သည့်နည်းလမ်းဖြစ်သည်။

ကျားခုံ၏မျက်နှာချင်းဆိုင်အစွန်းတစ်ဖက်တွင် ထိုသနားစရာစစ်ဆေးသူသည် မျှော်လင့်ချက်မဲ့စွာခေါင်းငိုက်စိုက်နေခဲ့ပြီး ရှုံးနိမ့်သွားခဲ့သည်။

စစ်တုရင်ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့၏။

ခလပ်ခလပ်ခလပ်

ကျယ်လောင်သော လက်ခုပ်သံတစ်ခုလူအုပ်ကြီးနောက်မှထွက်ပေါ်လာခဲ့သည်။ လက်ခုပ်တီးလျက်ဝမ်ချောင် အပြုံးဖြင့်ရှေ့ထွက်လာခဲ့၏။

ထိုအချိန်မှပင် လူတိုင်းသည် သူတို့၏မှိန်းမောနေရာမှနိုးထလာခဲ့ကြပြီး ဝမ်ချောင်ကိုသတိပြုမိလိုက်ကြသည်။ လူအုပ်ကြီးသည် ချက်ချင်းရှဲသွားခဲ့ကြပြီး ဝမ်ချောင်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

"သခင်လေး"

"သခင်လေး"

"သခင်လေး"

---

လူအုပ်ကြီးသည် ဝမ်ချောင်ကိုလေးစားစွာဂါရဝပြုလိုက်ကြသည်။

စစ်တုရင်ခန်းမတွင် ဝမ်ချောင်သည် အကြွင်းမဲ့အခွင့်အာဏာကိုပိုင်ဆိုင်ထား၏။ အားလုံးပြီးနောက် ဤနေရာရှိစစ်ရေးဗျူဟာစာအုပ်များအားလုံးကို သူမှနေ၍ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

လေ့ကျင့်ရေးစခန်းများ၏ နည်းပြဆရာများသည်ပင် သူ့အတွက်ပြိုင်ဖက်မဟုတ်ခဲ့ကြပေ။

(PS/ သူတို့က စုကျန်းချန်ကတောင် သူ့ကိုရှုံးခဲ့တာကိုမသိကြသေးပါဘူး)

"ဟမ်သခင်လေး ကျွန်တော်ဒီတစ်ကြိမ်စစ်ဆေးမှုကို အောင်မြင်ခဲ့ရမယ်ဟုတ်တယ်မလား။"

ရှုချီချင်း ဂုဏ်ယူဝင့်ကြွားစွာခေါင်းမော့ထားလျက်ဖြင့် ဝမ်ချောင်ကိုကြည့်လိုက်သည်။

ထိုအချိန်ကဝမ်ချောင်သည် သူမအား မည်သည့်လောကဝတ်မျှမပြသခဲ့သောကြောင့် သူမသည် သူ့အားကျေးဇူးပြန်တင်လိုက်ခြင်းဖြစ်သည်။

"စစ်တုရင်ခန်းမမှာ သူ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်၊ မင်းဝိဉာဉ်သွေးကြောထဲဝင်ရောက်ချင်ရင် စာမေးပွဲကိုအရင်ဆုံးဖြေရမယ်။"

လက်နောက်ပစ်ထားလျက် ဝမ်ချောင်အပြုံးတစ်ခုဖြင့်ပြောလိုက်၏။

"ကောင်းပြီလေ၊ ဒါဆိုလည်းကျွန်တော်စာမေးပွဲကိုဝမ်းမြောက်စွာဖြေပါ့မယ်။"

ရှုချီချင်းစိတ်ထဲတွင် အေးစက်စွာ ရယ်မောလျက်ပြန်ဖြေလိုက်သည်။

ဤတစ်ကြိမ် သူမပြင်ဆင်လာခဲ့၏။ သူမသည်အရှုံးနှင့်အဆုံးသတ်သွားခဲ့သေးလျှင်ပင် ဝမ်ချောင်အတွက် ကိစ္စများကိုခက်ခဲအောင်ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

"ဒီတစ်ခါတော့မင်းဘာလုပ်နိုင်မလဲကြည့်ရတာပေါ့။"

ရှုချီချင်းနှုတ်ခမ်းများ ကော့တက်သွားခဲ့ကာ ပြောလိုက်သည်။

ဝမ်ချောင်၏တုံ့ပြန်မှုကိုပင် စောင့်မနေဘဲ သူမသည်သူနှင့်ပွဲအတွက်ပြင်ဆင်ရန် သူမရှေ့ရှိကျားခုံကို စတင်ရှင်းလင်းလိုက်ပြီဖြစ်သည်။

"ခဏစောင့်"

ဝမ်ချောင်သူ့လက်ကိုရုတ်ချည်းမြှောက်လိုက်ကာ သူ့ကြည့်ကလူအုပ်ကြီးကိုဖြတ်သန်းသွားခဲ့၏။

"မင်းတို့ကျန်တဲ့လူတွေ မင်းတို့ကိုယ်တိုင်လည်းပြင်ဆင်ကြ။ အရင်ကလိုပဲ ငါမင်းတို့အားလုံးကို တစ်ပြိုင်တည်းစစ်ဆေးမယ်။"

"အဲလိုလုပ်ဖို့မလိုဘူး။"

ပို၍ပင်ကျယ်လောင်လှသော အသံတစ်သံထွက်ပေါ်လာခဲ့၏။

ရှုချီချင်း မရိုးဖြောင့်သော 'ငါသိနေတယ်လေ' ဟူသောအကြည့်ဖြင့် ဝမ်ချောင်ကိုလှည့်ကြည့်လိုက်သည်။

"တခြားသူတွေကို အကဲဖြတ်ဖို့ငါမင်းကိုကူညီထားခဲ့တယ်၊ ပြီးတော့သူတို့ရဲ့ကျွမ်းကျင်မှုတွေက မဆိုးရုံလောက်ပဲ၊ သူတို့တစ်ယောက်မှ အရည်အချင်းမပြည့်မီကြဘူး။"

ဤစကားလုံးများသည် အလွန်တရာမှ တင်စီးလှကာအခြားသူများအားဒေါသကြောင့် လက်သီးများဆုပ်သွားစေခဲ့သည်။ သို့သော်လည်း သူတို့တစ်ယောက်မှပြန်ခံမပြောရဲခဲ့ကြပေ။ ရှုချီချင်းသည် အမှန်ပင်သူတို့တစ်ယောက်စီတိုင်းကို ရှုံးနိမ့်စေခဲ့ပြီး ထိုသည်မှာမငြင်းနိုင်သောအမှန်တရားတစ်ခုဖြစ်သည်။ သူမသည် ထိုစကားလုံးများကို သူတို့အားပြောဆိုရန် အရည်အချင်းပြည့်မီတာထက်ပိုပေ၏။

"သူတို့အရည်အချင်းပြည့်မီတယ် မမီဘူးဆိုတာက ငါပြောရမယ့်အရာပါ။ မင်းမှာသူတို့ကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။"

ဝမ်ချောင်အပြုံးဖြင့်ပြန်ဖြေလိုက်၏။

ထိုစကားလုံးများက ရှုချီချင်း၏မျက်နှာကို ဒေါသကြောင့်ချက်ချင်းနီရဲသွားစေခဲ့ပြီး သူမဆီမှနေ၍ ဝမ်ချောင်ကိုတိုက်ခိုက်ချင်စိတ်က ပေါက်ကွဲထွက်လာခဲ့သည်။

ထူးကဲသောပါရမီများနှင့် လူတစ်ယောက်အနေဖြင့် သူမသည်သက်တူရွယ်တူများ၏ လက်ထဲတွင် မည်သည့်အနှောက်ယှက်ကြီးကြီးမားမားကိုမျှ မခံစားခဲ့ရဖူးဘဲ သူမအားမောက်မာသော ပင်ကိုယ်စရိုက်ကိုရရှိစေခဲ့သည်။ ဤသို့ဖြင့် ၎င်းကဝမ်ချောင်၏ ရန်စမှုများကို သူမအားအထူးခံနိုင်ရည်မရှိဖြစ်စေသည်။ ထိုခဏတွင် သူမသည်သူမဟန်ဆောင်ထားသော တည်ငြိမ်အေးဆေးသည့် စိတ်သဘောထားကို ဆုတ်ဖြဲပစ်ကာ ဝမ်ချောင်ကို အော်ဟစ်လိုက်သည်။

"ငါ့မှာအခွင့်မရှိဘူးတဲ့လား။ ငါ့မှာဘာလို့အခွင့်မရှိရမှာလဲ။ ငါသူတို့နဲ့ရင်ဆိုင်ကစားပြီး မင်းကိုကူညီခဲ့ပြီးပြီ၊ သူတို့အားလုံးက တကယ့်ကိုအသုံးမကျတဲ့သူတွေပဲ။ သူတို့ထဲကတစ်ယောက်မှ ငါ့အရည်အချင်းရဲ့ဆယ်ပုံတစ်ပုံကို မမီကြဘူး။ သူတို့ရဲ့အရည်အချင်းတွေကတောင် အရည်အချင်းပြည့်မီတယ်ဆိုရင် မင်းရဲ့စံနှုန်းတွေက နည်းနည်းနိမ့်တယ်လို့မင်းမထင်ဘူးလား။"

"ဒီနေရာမှာ စံချိန်စံညွှန်းနဲ့ယုံကြည်ကိုးစားမှုမရှိတော့ဘူးဆိုရင် ဒီစစ်တုရင်ခန်းမကို ထိန်းသိမ်းထားဖို့မလိုအပ်တော့ဘူးလို့ ငါထင်တယ်။ မင်းတည်ဆောက်ထားတဲ့စနစ်က လုံးဝအဓိပ္ပါယ်မရှိတဲ့အပြင် ဩဇာအာဏာလုံးဝမရှိဘူး။"

ရှုချီချင်း ဝမ်ချောင်ကို စူးစူးရဲရဲစိုက်ကြည့်လျက်ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်သည်။

သူမသည်ဟန်ဆောင်လိမ်ညာထားခြင်းကို စိတ်အနှောက်အယှက်ဖြစ်ခံမနေတော့ပေ။ အကယ်၍ ထိုအယုတ်မာသည် သူမနှင့်နောက်တစ်ကြိမ် ဤဂိမ်းကိုကစားတော့မည်ဆိုပါက သူမသည် သူ့ကိုချောင်တစ်ချောင်သို့တွန်းပို့မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ဖြူးရှပ်ကြီးသည် "ကမ္ဘာပေါ်တွင် အမျိုးသမီးများနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူများကိုသာ ကိုင်တွယ်ဖြေရှင်းရန်မဖြစ်နိုင်" ဟုဆိုခဲ့ဖူးသည်။

သူမကို စော်ကားရန်သူ့ကိုမည်သူပြောခဲ့သနည်း။ သူမသည် အာဃာတများကို ကွက်ကွက်ကွင်းကွင်းမှတ်မိနေသူတစ်ယောက်ဖြစ်သည်။

"ဟီးဟီးဟီး"

ရှုချီချင်း အလွန်စိတ်လှုပ်ရှားနေသည်ကိုကြည့်ကာ ဝမ်ချောင်တည်ငြိမ်စွာရယ်မောလိုက်၏။

"ရှုချောင် ငါစစ်တုရင်ခန်းမကို ဝိဉာဉ်သွေးကြောမှာ ကျင့်ကြံဖို့ကြံရွယ်နေသူတွေအတွက် လိုအပ်တဲ့အတားအဆီး တစ်ခုအဖြစ်ပြုလုပ်ခဲ့ရတာ မင်းသိလား။ ငါ့စာမေးပွဲရဲ့အရင်းခံရည်ရွယ်ချက်က သာလွန်ကောင်းမွန်တဲ့စစ်တုရင် စွမ်းရည်ရှိသူတွေကို စစ်ထုတ်ဖို့လို့ပဲ မင်းတကယ်ယုံကြည်နေတာလား။"

"စစ်ရေးနည်းဗျူဟာတွေကို သမားရိုးကျနဲ့တီထွင်ဆန်းသစ်မှုအဖြစ်ခွဲခြားနိုင်တယ်၊ သမားရိုးကျကအစီအစဉ်ကျဖို့ဖြစ်ပြီး တီထွင်ဆန်းသစ်မှုက သူများထက်သာအောင်လုပ်ပြီး အောင်မြင်မှုကိုရယူဖို့ဖြစ်တယ်။ ရှေးရိုးနည်းအတိုင်း ရန်သူတွေကိုအနိုင်ယူဖို့ သမားရိုးကျနည်းဗျူဟာကို အသုံးချရာမှာကျွမ်းကျင်ကြတဲ့ အချို့လူတွေလည်းရှိကြတယ်၊ နောက်ရန်သူတွေကိုကျော်လွှားဖို့ မမျှော်လင့်ထားတဲ့လှည့်ကွက်တွေကို အသုံးပြုရာမှာ အထူးကျွမ်းကျင်ကြတဲ့သူတွေလည်းရှိကြတယ်။ သမားရိုးကျနည်းဗျူဟာမှာ အထူးကျွမ်းကျင်သူတစ်ဦးကို ဆန်းသစ်တဲ့နည်းဗျူဟာတွေထုတ်ဖော်ဖို့ ဒါမှမဟုတ် ဆန်းသစ်တဲ့နည်းဗျူဟာမှာ အထူးကျွမ်းကျင်သူတစ်ဦးကို သမားရိုးကျနည်းဗျူဟာတွေထုတ်ဖော်ဖို့ မင်းကတာဝန်ပေးခဲ့မယ်ဆိုရင် အဲဒါကတော်ဝင်ရုံးတော်ရဲ့မှူးမတ်တစ်ဦးကို ချပ်ဝတ်တန်ဆာဝတ်ဆင်စေပြီး စစ်မြေပြင်မှာရဲရင့်ဖို့ ဒါမှမဟုတ် စစ်သူကြီးတစ်ယောက်ကို ကဗျာတွေရေးဖွဲ့စေဖို့တာဝန်ပေးတာနဲ့မခြားဘူး။ ဒါကအမှားကြီးတစ်ခုဖြစ်လိမ့်မယ်။"

"ဒါပေမယ့် မှူးမတ်တစ်ယောက်က စစ်မြေပြင်မှာမရဲရင့်နိုင်ခဲ့ရင်၊ စစ်သူကြီးတစ်ယောက်က ကဗျာတွေမရေးဖွဲ့နိုင်ခဲ့ရင် အဲဒါက သူတို့ဟာအရည်အချင်းမပြည့်မီဘူးလို့ ဆိုလိုမနေဘူးလား၊ ငါတို့သူတို့ကိုစွန့်ပစ်လိုက်သင့်လား။"

ဝမ်ချောင် ကြော့ရှင်းသည့် ကိုယ်ဟန်အနေအထားဖြင့်ပြန်ဖြေလိုက်၏။

"သမားရိုးကျနည်းဗျူဟာလား၊ဆန်းသစ်တဲ့နည်းဗျူဟာလား။"

ရှုချီချင်း ဝမ်ချောင်ကို ကြောင်စီစီကြည့်လိုက်ကာ ကြက်သေသေနေခဲ့၏။ စာအုပ်အများကြီးဖတ်ထားခဲ့သောကြောင့် သူမကိုသက်တူရွယ်တူများကြား ဗဟုသုတကြွယ်ဝသူဟုမှတ်ယူနိုင်သည်။ ထို့အပြင်မြင့်မြတ်သည့်မိသားစုမှ ဆင်းသက်လာသောကြောင့် သူမအရာများစွာကိုမြင်တွေ့ခဲ့ဖူးပြီး ကြားသိခဲ့ဖူးကာ ၎င်းကသူမအားအခြားသူများထက် အမြင်ကျယ်စေခဲ့သည်။

ဝမ်ချောင်ပြောလိုက်သောစကားလုံးများမှာ သူမတစ်လုံးချင်းစီကိုမှတ်မိသော်လည်း အတူတကွစုစည်းလိုက်သောအခါ သူတို့သည်သူမအတွက် အဓိပ္ပာယ်ဖော်မရဖြစ်စေသည်။

"သမားရိုးကျနည်းဗျုဟာ"နှင့် "ဆန်းသစ်သောနည်းဗျူဟာ"

များကဘာတွေနည်း။ သူမယခင်ကမကြားခဲ့ဖူးပေ။ သူမတွင်သူတို့ကဘာကိုဆိုလိုနေကြသလဲဆိုသည်ကိုလည်း သဲလွန်စမရှိပေ။

တခဏမျှယုံကြည်မှုရှိသော ဝမ်ချောင်ကိုကြည့်ကာ သူမရုတ်တရက်သူမကိုယ်သူမ အနည်းငယ်မသေချာမရေရာခံစားလိုက်ရသည်။

"အမှန်ပဲ"

ဝမ်ချောင်ပြုံးလိုက်၏။

သူသည် ရှုချီချင်း၏ကြောင်တက်တက်တုံ့ပြန်မှုကြောင့် အရမ်းမအံ့ဩခဲ့ပေ။ ဤလောက၏ သိုင်းပညာရပ်များအပေါ်အလွန်အမင်း အာရုံစိုက်မှုကြောင့်ဖြစ်နိုင်၏။ စစ်ရေးနည်းဗျူဟာ၏ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နောက်ရောက်နေခဲ့သည်။

ဝမ်ချောင်လာခဲ့သည့်လောကမှာ မူသမားရိုးကျနည်းဗျူဟာနှင့် ဆန်းသစ်သောနည်းဗျူဟာတို့၏ အယူအဆမှာ လူတိုင်းနှင့်မစိမ်းသောအရာဖြစ်သည်။ သို့သော် ဤလောကတွင် ၎င်းသည်အလွန်သစ်လွန်သော အယူအဆဖြစ်ကာဖြစ်နိုင်သည်မှာ မည်သူမျှမကြားခဲ့ဖူးကြပေ။

ရှုချီချင်းသည် ပါမရမီရှိကောင်းရှိနိုင်သော်လည်း ဤလောက၏ယဉ်ကျေးမှုက ကန့်သတ်ထားခဲ့သောကြောင့် သူမတွင်ထိုသို့သောအရာများအတွက် ဗဟုသုတလုံးဝမရှိပေ။

ဝမ်ချောင်၏ နောက်ထပ်အစီအစဉ်မှာ မဟာထန်တွင် "သမားရိုးကျနည်းဗျူဟာ"နှင့် "ဆန်းသစ်သောနည်းဗျူဟာ"

တို့၏သဘောတရားများကို စံကျအောင်ပြုလုပ်ရန်ဖြစ်ပြီး ဓားသွားဖယ်ရှားခြင်း အိမ်တော်မှတဆင့်သူသည် သူတို့ထဲမှတစ်ခုကို အထူးကျွမ်းကျင်ကြသော အနာဂတ်စစ်သူကြီးများနှင့် ကွပ်ကဲသူမျာကိုပြုစုပျိုးထောင်မည်ဖြစ်သည်။

ဤအချိန်တွင် သူသည်မည်သို့မည်ပုံဖြစ်လာမည်ကို အတွေးတစ်ခုသူတို့အား အမြည်းမျှပစ်ပေးလိုက်ခြင်းဖြစ်သည်။

မည်သို့ဆိုစေကာမူရှုချီချင်း၏တုံ့ပြန်မှုကိုကြည့်ကာသူမသည်ချိုးနှိမ့်ခံလိုက်ရပုံရသည်။

____

အပိုင်း ၃၉၂

ရှုချီချင်းကိုချိုးနှိမ့်ခြင်းအပိုင်း (၂)

သူတို့တစ်ခါမှမကြားသိခဲ့ဖူးသော အရာများနှင့်ရင်ဆိုင်ရာတွင် လူသားများအတွက် ယုံကြည်မှုလျော့နည်းသွားသည်မှာ သာမန်သာဖြစ်သည်။ ရှုချီချင်း၏ပလွှားမှုနှင့်ပါရမီများဖြင့်ပင် သူမသည်ဤအစဉ်အလာကို မကျော်လွန်နိုင်ခဲ့သေးပေ။

"ဒီမှာရှိတဲ့ကျောင်းသားအချို့က သမားရိုးကျနည်းဗျူဟာအတွက်ပါရမီရှိကြတယ်၊ တချို့ကျတော့ ဆန်းသစ်တဲ့နည်းဗျူဟာအတွက် ပါရမီရှိကြတယ်။ ဒါကြောင့်ငါရည်ရွယ်ထားတဲ့အရာက သူတို့အတွက်သင့်တော်တဲ့အရာကို ဖော်ထုတ်ဖို့နဲ့သူတို့ရဲ့အားသာချက်ကို အကောင်းဆုံးအထိ သူတို့ကိုပျိုးထောင်ပေးဖို့ဖြစ်တယ်။ လူတိုင်းမှာ သူတို့ရဲ့အားသာချက်တွေနဲ့ အားနည်းချက်တွေရှိကြတယ်၊ မင်းဒီသဘောတရားကိုတော့ သေချာပေါက်နားလည်တယ်မဟုတ်လား။ ဒါ့အပြင်ငါစိတ်ဝင်စားတာက သူတို့ကအခုဘာဖြစ်နေကြသလဲဆိုတာကိုမဟုတ်ဘူး၊ ဒါပေမယ့်သူတို့က ဘာဖြစ်လာကြမလဲဆိုတာကိုဖြစ်တယ်။ သူတို့က လုံလောက်တဲ့စွမ်းရည်ကိုပြသနိုင်တာနဲ့ သူတို့ကလည်း ငါ့စာမေးပွဲကိုအောင်မြင်လိမ့်မယ်။"

ဝမ်ချောင်ရယ်ရယ်မောမောပြောလိုက်၏။

"ကောင်းတယ်"

"ကျေးဇူးတင်ပါတယ်သခင်လေး။"

"လူတိုင်းပဲမြန်မြန်ကျားခုံတွေပြင်ဆင်ကြ။"

---

ရှုချီချင်း

စကားခွန်းမျှပြန်မပြောနိုင်မီ စစ်တုရင်ခန်းမရှိဖြေဆိုသူများသည် နောက်တစ်ကြိမ် စိတ်ဓာတ်တက်ကြွသွားခဲ့ကြပြီးဖြစ်သည်။ သူတို့သည်လည်းဝမ်ချောင်ပြောနေသည့် "သမားရိုးကျနည်းဗျူဟာ" နှင့် "ဆန်းသစ်သောနည်းဗျူဟာ" များအကြောင်း နားမလည်ကြသော်လည်း သူတို့နားလည်လိုက်သည့် သေချာသောအချက်တစ်ချက်ရှိသည်။ သူတို့တွင်စာမေးပွဲအောင်မြင်ရန် အခွင့်အရေးတစ်ခုရှိနေသေး၏။

ယခင်ကသူတို့သည် ရှုချီချင်းနှင့်ထိပ်တိုက်တွေ့ခဲ့ကြပြီး လုံးဝချေမှုန်းခံလိုက်ရသောအခါ သူတို့ယုံကြည်မှုများပျောက်ဆုံးသွားခဲ့ရသည်။

သို့သော်လည်း ဝမ်ချောင်၏စကားလုံးများက သူတို့၏စိတ်ဓာတ်တက်ကြွမှုနှင့် စိတ်အားထက်သန်မှုတို့ကို ပြန်လည်ထွန်းညှိပေးခဲ့သည်။

"ဟမ်မင်းပြောနေတဲ့အဓိပ္ပာယ်မရှိတဲ့ သမားရိုးကျနည်းဗျူဟာနဲ့ ဆန်းသစ်တဲ့နည်းဗျူဟာတွေအကြောင်းကို ငါမသိဘူး၊ ဒါပေမယ့် မင်းသူတို့ကိုအခွင့်အရေးတစ်ခုပေးဖို့ကြံရွယ်ထားရင် ဆက်သာလုပ်။ မြန်မြန်စလိုက်ရအောင်။"

သူမ မရင်းနှီးသည့်နယ်ပယ်တွင် ဝမ်ချောင်အားခုခံငြင်းဆိုနိုင်မည်ဟု ရှုချီချင်းယုံကြည်ချက်မရှိပေ။ ထို့ကြောင့် သူမထိုင်ချရန်ရွေးချယ်လိုက်ပြီး ကျားခုံအား ဝမ်ချောင်ဆီဆွဲကပ်လိုက်သည်။

'ငါနင့်ကို အနိုင်ယူပြီးတာနဲ့ နင်ငါ့နားမှာ မောက်မောက်မာမာပြုမူနိုင်တော့မှာမဟုတ်ဘူး။'

ရှုချီချင်းစိတ်ထဲတွင် မခံမရပ်နိုင် တွေးတောလိုက်သည်။

ဝမ်ချောင် သူ့မစ်ရှင်ကိုဆောင်ရွက်နေသည့်လအတွင်း သူမသည် သူမ၏အန္တိမအကွက်ကို ပြင်ဆင်နေခဲ့ကာ သူမ၏စိတ်ထဲ၌ ဒေါသနှင့်ခံပြင်းမှုတို့က ပလုံစီနေခဲ့ကြသည်။

သူမ၏စွမ်းရည်များ တိုးတက်လာခဲ့သောကြောင့် သူ သူမကိုရှုံးနိမ့်သောအခါ သူမရှေ့တွင် သူခေါင်းမော့နိုင်ဦးမလား သူမမြင်ချင်ပေသည်။

ရှုချီချင်း၏ ဒေါသတကြီးအမူအရာကိုကြည့်ကာ ဝမ်ချောင်စိတ်ထဲ မရယ်မောဘဲမနေနိုင်တော့ပေ။ သူ့လက်မောင်းအိုးကို ဝေ့ယမ်းလိုက်ကာ သူ သူမရှေ့တွင် အေးအေးလူလူဝင်ထိုင်လိုက်သည်။

"ဒီတစ်ခါငါအရင်ရွေ့မယ်။"

ရှုချီချင်းပြတ်သားစွာပြောလိုက်၏။

"အိုးဘာလို့လဲ"

ဝမ်ချောင်ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"ငါကမိန်းကလေးတစ်ယောက်မို့လေ။"

ရှုချီချင်း ထိုစကားကိုထုတ်ပြောခါနီးတွင် သူမရုတ်တရက် သူမကလက်ရှိတွင် ယောက်ျားတစ်ယောက်အဖြစ်ဟန်ဆောင်ထားသည်ကို သတိရလိုက်မိသည်။ ပင်ကိုအားဖြင့် သူမထိုစကားများကို ထုတ်ပြော၍မရပေ၊ သို့မဟုတ်ပါက သူမချက်ချင်းဖော်ထုတ်ခံရပေမည်။

"ဟမ် မင်းငါ့ကိုဒီတစ်ခေါက်လေးပဲ အရင်ရွေ့ခွင့်ပေးလို့မရဘူးလား။"

ရှုချီချင်း မကျေမနပ်မျက်မှောင်ကြုတ်လိုက်၏။

"ကောင်းပြီလေအရင်ရွေ့"

ဝမ်ချောင်တည်ငြိမ်စွာပြန်ဖြေလိုက်သော်လည်း သူစိတ်ထဲတွင်တော့ အော်ရယ်မိလုနီးပါးပင်။

ရှုချီချင်းက တစ်စုံတစ်ခုအား အမှတ်တမဲ့ထုတ်ပြောမိလုနီးပါးဖြစ်သွားသည်ကို သူသတိပြုမိပေသည်။ ထို့အပြင်သူသည်လည်း သူမပြောရန်ရည်ရွယ်နေသည့်အရာကို အကြမ်းဖျင်းခန့်မှန်းနိုင်ပေသည်။

သူမသည် သူမ၏အစစ်အမှန်ပုံစံက အချိန်အတော်ကြာကတည်းက ထုတ်ဖော်ခံခဲ့ရသည်ကို စိတ်ကူးမိနိုင်မည်မဟုတ်ပေ။

ဟူးလားလား

တစ်ချိန်တည်းမှာပင် အခန်းထဲတွင်လူတိုင်းစားပွဲများနှင့် ကုလားထိုင်များကိုတိုးဝှေ့လိုက်ကြပြီး ကျားခုံများကိုပြင်ဆင်လိုက်ကြသောအခါ ဆူညံသံအချို့ထွက်ပေါ်လာခဲ့သည်။ ထိုသို့ဖြင့် စာမေးပွဲစတင်လိုက်၏။

သာမန်လူတစ်ယောက်အတွက် လူနှစ်ဆယ်ကိုတစ်ချိန်တည်းရင်ဆိုင်ရသည်မှာ အကြောင်းပြချက်တစ်ခုတည်းကြောင့် မဖြစ်နိုင်သည့်အရာဖြစ်သည်။ အရာအားလုံးကို စောင့်ကြည့်ရန်မှာအလွန်တရာမှ ပင်ပန်းလှ၏။

သို့သော်လည်း စစ်တုရင်ခန်းမရှိလူများအတွက် သူတို့သည် ဝမ်ချောင်၏ကျားကွက်ရှိ ကြောက်မက်ဖွယ်ရာစွမ်းရည်ကို အသားကျနေခဲ့ကြပြီဖြစ်ပြီး သူတို့ကထိုအရာကို သာမန်အရာတစ်ခုအဖြစ်တွေးထင်နေခဲ့ကြပြီဖြစ်သည်။

ယခင်အကြိမ်ကဲ့သို့ပင် ဤစာမေးပွဲကို ဝမ်ချောင်နှင့်ရှုချီချင်း၏ ကစားပွဲဖြင့်စတင်လိုက်၏။

ဝမ်ချောင်က အဖြူရောင်ကျောက်တုံးများကိုရွေးလိုက်ပြီး ရှုချီချင်းကအနက်ရောင်ကျောက်တုံးများကို ရွေးလိုက်သည်။

တောက်

အနက်ရောင် ကျောက်တုံးတစ်ခုက ကျားခုံ၏ထောင့်နားတွင်ပြင်းထန်စွာကျဆင်းသွားခဲ့၏။

ဤကျောက်တုံးကျဆင်းလာသောအခါ ဝမ်ချောင်မျက်မှောင်ကြုတ်လိုက်မိသည်။ ဤပထမဆုံးအကွက်သည် သူသူမနှင့်ကစားခဲ့သော ယခင်အကြိမ်ကသူမ၏ပုံစံ သို့မဟုတ်သူသိခဲ့သော သူမ၏အခင်းအကျင်းပုံစံများနှင့် လုံးဝကွဲပြားနေခဲ့ပေသည်။

ဤတစ်ကွက်မျှဖြင့် ရင်တထိတ်ထိတ်ဖြစ်စေသော အငွေ့အသက်တစ်ခုက ထိုကျားခုံမှနေ၍ထွက်ပေါ်လာခဲ့ပုံရ၏။

မရေမရာဖြင့် ဤအကွက်မှနေ၍ တစ်ဖက်လူ၏ သူ့ဆီသို့ရန်လိုမှုကို ဝမ်ချောင်ခံစားလိုက်ရပုံရသည်။

သူအလိုလိုမော့ကြည့်လိုက်မိကာ ရှုချီချင်း၏ ကျေနပ်အားရနေပုံရသော အကြည့်များကိုသာ မြင်လိုက်ရသည်။

'ဟမ်ငါ့ကိုအထင်သေးနေတာလား။ ဒီတစ်ကြိမ်ငါပြင်ဆင်လာခဲ့တယ်။'

ရှုချီချင်း၏နှုတ်ခမ်းပါးများ အနည်းငယ်ကော့တက်သွားခဲ့ကြ၏။ ဝမ်ချောင်တွေးနေသည့်အရာကို သူမပြောနိုင်ပေသည်။ ပြီးခဲ့သည့်လအတွင်း သူမသည်သူမဝမ်ချောင်နှင့် ကစားခဲ့သည့်ပွဲကို လေ့လာနေရင်းတစ်ရက်ပြီး တစ်ရက်ကုန်ဆုံးနေခဲ့သည်။

ဤတစ်ကြိမ် သူ့ကိုပြီးပြည့်စုံစွာချောင်ပိတ်ရန်အတွက် သူမသည် ဝမ်ချောင်၏ကစားသည့်ပုံစံ၊ အခင်းအကျင်းများနှင့်သူပြုလုပ်လိုက်သည့် အကွက်တိုင်း၏ နောက်ကွယ်ရှိပုန်းကွယ်နေသော ရည်ရွယ်ချက်ကိုပင် စေ့စေ့စပ်စပ်လေ့လာထားခဲ့သည်။

အကယ်၍ဝမ်ချောင်သည် ယခင်အကြိမ်အတိုင်းကစားနေခဲ့သေးပါက သူမသူ့ကိုအစမှနေ၍အဆုံးအထိ လုံးဝချောင်ပိတ်နိုင်လိမ့်မည်ဟု ရှုချီချင်းအကြွင်းမဲ့ယုံကြည်မှုရှိပေသည်။

အကယ်၍ သူမတွင်ထိုသို့သောယုံကြည်ချက်မရှိထားခဲ့ပါက သူမဝမ်ချောင်ကို စိန်ခေါ်ရန်ရောက်လာလိမ့်မည် မဟုတ်ပေ။

'အိုး သူမကတော်တော်လေးအားထုတ်ထားပုံရတယ်။ '

ဝမ်ချောင်၏နှုတ်ခမ်းပါးများတွင် အပြုံးတစ်ခုပေါ်ထွက်လာခဲ့၏။ ရှုချီချင်း၏လှည့်ကွက်လေးသည် သူ့မျက်စိအောက်မှမည်သို့ လွတ်မြောက်နိုင်မည်နည်း။

...သို့သော် ထိုသည်က အသုံးမဝင်သည်မှာ သနားစရာကောင်းလှသည်။

ရှုချီချင်းသည် သူ့ကိုအလွန်အမင်းလျှော့တွက်ထားခဲ့၏။ အကယ်၍ ထိုသည်ကသူ့စွမ်းရည်၏ အကန့်အသတ်ဖြစ်ခဲ့ပါက သူသည် ယနေ့သူ့ကိုယ်သူကောင်းကောင်းကြီးအရူးလုပ်ခံရနိုင်သည်။

သို့သော်လည်း အစမှနေ၍အဆုံးအထိ သူသည်လည်း သူ့အစစ်အမှန်ခွန်အားကိုလုံးဝမပြသခဲ့သေးပေ။ ထို့အပြင် ထိုသည်ကသူသိထားသည့် တစ်ခုတည်းသော ကစားသည့်ပုံစံနှင့် အခင်းအကျင်းပုံစံမဟုတ်ပေ။

"ရေကဲ့သို့ အပြောင်းအလဲအမျိုးမျိုးနှင့် လိုက်လျောညီထွေရှိခြင်း။"

သူ့ကစားခြင်းသည်ပုံစံများနှင့် အခင်းအကျင်းများမျှကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။ သူသည်သမားရိုးကျကစားခြင်းပုံစံများမှ ကန့်သတ်ထားခြင်းမရှိသော အဆင့်တစ်ခုသို့ရောက်ရှိနေခဲ့ပြီး သူ့လမ်းကြောင်းကို ရောက်လာသည့်ဘယ်အရာကိုမဆို အလွယ်တူကိုင်တွယ်ဖြေရှင်းနိုင်ပြီဖြစ်သည်။

ရှုချီချင်းသည် ပြီးခဲ့သည့်ပွဲရှိ သူ့ကစားသည့်ပုံစံကို နှံ့နှံ့စပ်စပ်လေ့လာထားခဲ့နိုင်သော်လည်း နောက်ဆုံးတွင်မူ သူမထိတွေ့ခဲ့သည့်အရာမှာ ရေခဲတောင်၏ထိပ်ပိုင်းမျှသာဖြစ်သည်။

တောက်

အဖြူရောင်ကျောက်တုံးက တုံ့ဆိုင်းမနေဘဲကျဆင်းလာခဲ့၏။ တစ်ကွက်မျှဖြစ်သော်လည်း ရှုချီချင်း၏မျက်နှာကိုဖြူလျော်သွားစေခဲ့သည်။ ဝမ်ချောင်ရွေ့လိုက်သည့်အကွက်မှာ သူယခင်ကအစားခဲ့သည့် ပုံစံမဟုတ်သည်ကို သူမနားလည်လိုက်သည်။

အကယ်၍ဝမ်ချောင်၏ ယခင်ပုံစံကထင်ယောင်ထင်မှားဖြစ်စေပြီး လက်ဖျားခါလောက်သည်ဆိုပါက သူ့လက်ရှိပုံစံသည်တည်ငြိမ်ပြီး တစ်သမတ်တည်းဖြစ်သည်။ ၎င်းသည် သူ့အသက်အရွယ်ရှိသည့် တစ်စုံတစ်ယောက်ဆီမှဆင်းသက်လာသည်ဟု မခံစားရပေ။ ထို့အစားအခြားစိတ်ဝိဉာဉ်တစ်ခုက ထိုလူငယ်၏ ခန္ဓာကိုယ်ကို ဝင်ရောက်ထိန်းချုပ်ထားသကဲ့သို့ပင်။

"အဟက်သမားရိုးကျတိုက်ပွဲဆင်ခြင်းနဲ့ ဆန်းသစ်တဲ့တိုက်ပွဲဆင်ခြင်းက ဘာတွေလဲဆိုတာမင်းသိချင်နေတယ်မဟုတ်လား။ ဒီနေ့သမားရိုးကျတိုက်ပွဲဆင်ခြင်းရဲ့ အရိုးရှင်းဆုံးပုံစံကို ငါမင်းကိုပြပေးမယ်။ ငါမင်းကိုအနိုင်ယူဖို့ အရိုးရှင်းဆုံးသမားရိုးကျတိုက်ပွဲဆင်ခြင်းကိုအသုံးပြုမယ်။"

ဝမ်ချောင်အားကောင်းသော စစ်သူကြီးတစ်ယောက်နှင့်ဆင်တူသည့် အရှိန်အဝါတစ်ခုဖြင့်ခမ်းနားထည်ဝါစွာ ကြေငြာလိုက်သည်။

"အဲမှာကြွားဝါနေတာရပ်လိုက်။ မင်းကြွားချင်ရင် မင်းငါ့ကိုအနိုင်ယူပြီးမှကြွား။"

ဝမ်ချောင်၏ရန်စမှုများကို သည်းမခံနိုင်ဘဲသူမ၏ မျက်နှာကဒေါသကြောင့်နီမြန်းသွားခဲ့၏။

ပုံပန်းသွင်ပြင်သည် အလွယ်တကူပြောင်းလဲနိုင်သော်လည်း စိတ်နေသဘောထားသည်တော့ အလွယ်တကူမပြောင်းလဲနိုင်ပေ။ ရှုချီချင်းသည် ကြော့ရှင်းသောသခင်လေးတစ်ဦး အဖြစ်ဟန်ဆောင်ရန်ကြိုးစားနေသော်လည်း ဤအခိုက်တွင် သူမသည်သူမ၏မျက်နှာက ယောက်ျားတစ်ယောက်ထက်ပို၍နီမြန်းနေသည်ကို လျစ်လျူရှုထားမိခဲ့သည်။

ဝမ်ချောင် သူမကိုတည်ငြိမ်အေးဆေးစွာကြည့်လိုက်သော်လည်း ထိုသည်ကို ထောက်မပြရန်ရွေးချယ်လိုက်ကာ ရှုချီချင်းနှင့်ကစားပွဲကိုဆက်လိုက်သည်။

တောက် တောက် တောက်

တစ်ခုပြီးတစ်ခု အနက်ရောင်ကျောက်တုံးများနှင့် အဖြူရောင်ကျောက်တုံးများက ကျားခုံပေါ်ကျဆင်းသွားခဲ့ကြ၏။ ငါးကွက်မြောက်တွင် ရှုချီချင်း၏မျက်နှာသည် လုံးဝဖြူဆုပ်သွားခဲ့ပြီဖြစ်သည်။

ဤအခိုက်၌ ဝမ်ချောင်၏အကွက်များကို ဂရုတစိုက်ဖော်ထုတ်ရန် သူမကုန်ဆုံးခဲ့သောလက အလကားဖြစ်သွားသည်ကို သူမနားလည်လိုက်သည်။ ဝမ်ချောင်၏လက်ရှိကစားနေသည့်ပုံစံသည် သူယခင်ကအသုံးပြုခဲ့သောပုံစံနှင့်လုံးဝကွဲပြားနေခဲ့၏။ ၎င်းသည်တည်ငြိမ်ပြီး တစ်သမတ်တည်းဖြစ်သော်လည်း အလွန်တရာမှရန်လိုလှသည်။

"အသွားမရှိသောဓားကြီးသည် အသေးစိပ်ကျသောထုလုပ်ခြင်းကိုမလိုအပ်ပေ။"

ဤသည်မှာ ဤအခိုက်၌ဝမ်ချောင်က သူမအားပေးစွမ်းနေသည့်ခံစားချက် အတိအကျဖြစ်၏။ သူ့အကွက်များသည် ပျင်းစရာကောင်းပြီးအထင်ကြီးစရာ မကောင်းကြသော်လည်း သူမအပေါ်ဖိအားကြီးတစ်ခုကို ကျန်ရစ်စေသည့် အားကောင်းသောအရှိန်အဟုန်ကို သယ်ဆောင်ထားသည်။

(PS/ ဒီအဆိုကစစ်မှန်တဲ့ဓားကျွမ်းကျင်သူဟာကျွမ်းကျင်မှုအပေါ်အားထားပြီးဓားရဲ့ထက်မြမှုအပေါ်အားမထားဘူးလို့ဆိုလိုတာပါ။)

အမှန်တွင်သူမသည် သူမသူ့ကိုပထအဆုံးအကြိမ်ရင်ဆိုင်ခဲ့သည့်အချိန်က ထက်ပို၍ပင်များပြားသောဖိအားကို ခံစားနေရသည်။

"အကောင်းဆုံးအသံက အသံမရှိခြင်းဖြစ်တယ်၊ အကောင်းဆုံးပုံစံကပုံစံမရှိခြင်းဖြစ်တယ်။ သမားရိုးကျတိုက်ပွဲဆင်ခြင်းရဲ့အဓိကအချက်က တစ်ယောက်ရဲ့ရန်သူတွေကို သူတို့ကိုပရိယာယ်ဆင်ခြင်းကနေတဆင့် ချေမှုန်းဖို့ဖြစ်တယ်။ ရန်သူကမလှုပ်ရင်ငါမလှုပ်ဘူး။ ရန်သူကလှုပ်ရင်ငါအရင်လှုပ်မယ်။ ကြည့်ရတာမင်းက သမားရိုးကျတိုက်ပွဲဆင်ခြင်းရဲ့နောက်ကွယ်က အရိုးရှင်းဆုံးသဘောတရားကိုတောင် သဘောပေါက်ပုံမရဘူး။"

ဝမ်ချောင်မတ်တပ်ရပ်လိုက်ပြီး အခြားစာမေးပွဲဖြေဆိုသူများဆီ ဦးမတည်မီ ရှုချီချင်းကိုကြည့်လိုက်ကာ ခေါင်းယမ်းလိုက်သည်။

စာမေးပွဲလာဖြေဆိုနေသည့် သူနှစ်ဆယ်လောက်ရှိသည်။ သူတို့သည်သူတို့၏ယုံကြည်မှုကို ယခုလေးတင်ရှုချီချင်း၏ ဖျက်ဆီးခြင်းခံလိုက်ရသော်လည်း ပြုစုပျိုးထောင်ခြင်းခံရရန် ထိုက်တန်သည့် လူအနည်းငယ်ရှိကြသေးသည်။

"ဟမ်မင်းဘာကိုပျော်နေတာလဲ။ မင်းကိုရှုံးလိမ့်မယ်လို့ငါမယုံဘူး။"

ရှုချီချင်းဝမ်ချောင်၏ နောက်ကျောကိုဒေါသတကြီးကြည့်လိုက်ကာ အံကြိတ်လိုက်ပြီး ဝမ်ချောင်ကိုအနိုင်ယူရန်ဆုံးဖြတ်လိုက်သည်။

"ဟီးဟီး"

ဝမ်ချောင်လှည့်ပင်မကြည့်ဘဲ သူမဘာလုပ်နေသည်ကို ခန့်မှန်းနိုင်သော်လည်း သူသူမကိုအာရုံမစိုက်တော့ပေ။ သူတခြားဖြေဆိုသူများဆီ တိုက်ရိုက်သွားလိုက်၏။

တောက်

အဖြူရောင်ကျောက်တုံးတစ်ခု ကျားခုံပေါ်ကျဆင်းသွားခဲ့သည်။ ပထမဆုံးစာဖြေသူမှစ၍ နောက်ဆုံးတစ်ယောက်အထိ သူ့ကျားစေ့ကို မရွေ့မီဝမ်ချောင် တခဏမျှသာရပ်တန့်လိမ့်မည်ဖြစ်ပြီး ရှေ့ဆက်ပေလိမ့်မည်။ ဖြေဆိုသူနှစ်ကျော်ရှိသော်လည်း သူသည်တခဏအတွင်း သူတို့ကိုဖြတ်သန်း၍ တစ်ပတ်ပတ်သွားနိုင်ခဲ့ပြီဖြစ်သည်။

ကစားပွဲကြာမြင့်လာသည်နှင့်အမျှ ရှုချီချင်း၏အဟုန်တဖြည်းဖြည်းနှေးကွေးလာခဲ့၏။ ဝမ်ချောင်နှင့်ဖြေဆိုသူများ ငါးကွက်စီရွေ့ပြီးသည့်အချိန်တွင် သူမတစ်ကွက်သာရွေ့နိုင်ခဲ့ပြီး ထိုသည်ကသူမရွေ့ခဲ့သည့် အတိုဆုံးကြာချိန်ဖြစ်သည်။

အချိန်တစ်ဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီး မကြာမီအခြားဖြေဆိုသူ နှစ်ဆယ်ကရှုချီချင်း၏ တိုးတက်မှုကိုမီလာခဲ့ကြသည်။ တစ်ဖက်တွင်မူရှုချီချင်း၏မျက်နှာသည် အချိန်နှင့်အမျှဖြူလျော်လာခဲ့ပြီး သူမ၏နောက်ကျောတွင် ချွေးများစတင်စီးကျလာသည်။

ဝမ်ချောင်၏အကွက်များကို သူမပို၍တွေးတောလေလေဝမ်ချောင်၏ ကစားမှုပုံစံတွင်ပါဝင်နေသည့် ထက်မြက်မှုကို သူမပို၍ကွက်ကွက်ကွင်းကွင်းခံစားရလေလေပင်။ ဝမ်ချောင်ကျောက်တုံးတစ်တုံးရွေ့လိုက်သည့် အချိန်တိုင်း သူမ၏နှလုံးသားက စိုးရိမ်ကြောင့်ကြမှုကြောင့်ပြင်းထန်စွာ တုန်ခါနေပေလိမ့်မည်။

ရှုချီချင်းသည် အစပိုင်းတွင်ကိုင်တွယ်ဖြေရှင်းနိုင်သေးသော်လည်း ဝမ်ချောင်အရှိန်ရလာသည်နှင့်အမျှ သူမ၏ကျောက်တုံးများက ကျူးကျော်ခံနေရသည်ကို လျင်မြန်စွာတွေ့လိုက်ရပြီး နောက်ဆုံးတွင် သူမဝမ်ချောင်နှင့်နပန်းလုံးရုံသာ တတ်နိုင်တော့သည်။

"ငါရှုံးလို့မရဘူး။ ငါသေချာပေါက်ရှုံးလို့မရဘူး။"

ရှုချီချင်းသည် သူမ၏လက်သီးများကို တင်းကျပ်စွာဆုပ်လိုက်ပြီး သူမ၏လက်သည်းများက သူမ၏အသားထဲနစ်ဝင်သွားသည်အထိပင်။ သူမကဲ့သို့မာနကြီးသော လူတစ်ယောက်သည် တူညီသောလူတစ်ဦးတည်းထံသို့ နှစ်ကြိမ်ရှုံးနိမ့်ရသည်ကို လုံးဝလက်မခံနိုင်ပေ။

သူမထက် ငယ်ရွယ်သောလူငယ်လေးတစ်ယောက်ဆိုလျှင် ပြောစရာပင်မလိုတော့ချေ။

တောက်

ရှုချီချင်းက သူမ၏ရှုံးနိမ့်လုနီးပါးတပ်နှင့်အတူ ရုန်းကန်နေစဉ်မှာ ပင်ဝမ်ချောင်၏အဖြူရောင်ကျောက်တုံးဆီမှ ထင်ရှားသော 'တောက်' ခနဲအသံနှင့်အတူ အောင်မြင်သွားနိုင်သည့် ပထမဆုံးဖြေဆိုသူပေါ်ထွက်လာခဲ့၏။

"ဂုဏ်ယူပါတယ်၊မင်းစာမေးပွဲအောင်တယ်။"

"ဒါကမယုံနိုင်စရာပဲ"

စိတ်လှုပ်ရှားသွားခဲ့ကာ ထိုဖြေဆိုသူသည်ထခုန်လိုက်ပြီး ပျော်ရွှင်စွာကြွေးကြော်လိုက်သည်။

"မင်းနောက်နေတာပဲဖြစ်ရမယ်။ အဲလူကတောင် စာမေးပွဲအောင်ဖို့အရည်အချင်းပြည့်မီတယ်လား။"

ရှုချီချင်းသည် ဤတစ်ချိန်လုံးမြိုသိပ်နေခဲ့ရပြီး ဝမ်ချောင်ကသူမခုနလေးတင် အနိုင်ယူခဲ့သောလူများထဲမှ တစ်ယောက်အားအအောင်ပေးလိုက်သည်ကို မြင်လိုက်ရသောအခါ သူမနောက်ဆုံးတွင် သူမ၏သည်းခံနိုင်မှုအကန့်အသတ်သို့ ရောက်သွားခဲ့သည်။

"အဲကောင်က ဘယ်လောက်အားနည်းသလဲဆိုတာမင်းသိလား။ သူကမရှုံးနိမ့်မီ ငါ့ဆီကအကွက်လေးဆယ်ပဲ တောင့်ခံနိုင်ခဲ့တယ်၊ ဒါပေမယ့်မင်းက သူ့ကိုတကယ်ကြီးအအောင်ပေးခဲ့တယ်တဲ့လား။ သူ့အရည်အချင်းနဲ့ လူတစ်ယောက်ကတောင်အောင်နိုင်ရင် ဒီစာမေးပွဲက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။"

ရှုချီချင်းမကျေမနပ်ဖြင့် အတွန့်တက်လိုက်သည်။

"ဒါဆိုမင်းအကွက်ဘယ်လောက်သုံးခဲ့ရတာလဲ။"

ဝမ်ချောင်တည်ငြိမ်အေးဆေးစွာမေးလိုက်၏။

"...၄၆"

ဝမ်ချောင်၏မေးခွန်းကြောင့်အံ့ဩသွားခဲ့ကာ ရှုချီချင်းကြောင်တောင်တောင်ဖြေလိုက်သည်။

"အဲမှာမင်းမှာ မင်းရဲ့အဖြေကရှိနေပြီ။ ဒါကသူဘာလို့စာမေးပွဲအောင်သွားသလဲဆိုတာရဲ့ အကြောင်းအရင်းပဲ။ သူကသူ့အကန့်အသတ်ထက် ကျော်လွန်နေခဲ့ပြီ။"

ဝမ်ချောင် နောက်ဖြေဆိုသူဆီ လျှောက်မသွားမီတည်ငြိမ်စွာပြန်ဖြေလိုက်သည်။

**********************************

အပိုင်း ၃၉၃

ဒေါသထွက်နေသည့်ရှုချီချင်း

"ကျေးဇူးတင်ပါတယ်သခင်လေး"

ထိုကျောင်းသားသည် အလွန်ပျော်ရွှင်နေသော်လည်း အပြင်သို့ဝမ်းသာပျော်ရွှင်စွာထွက်မသွားမီ ဝမ်ချောင်ကိုကျေးဇူးတင်ရန်လေးစားစွာ ဦးညွှန်ရန်မမေ့ခဲ့ပေ။ သူသည် ဤစာမေးပွဲတွင် အခွင့်အရေးတစ်ခုမှမရှိဟု တွေးထင်ထားခဲ့သောကြောင့် သူအမှန်တကယ်ဖြတ်ကျော်လိုက်နိုင်သောအခါ အားရကျေနပ်စွာအံ့အားသင့်သွားခဲ့သည်။

"ကံကောင်းပါစေ။"

လှည့်ကြည့်မနေဘဲ ဝမ်ချောင်သူ့လက်ကို ဝှေ့ယမ်းပြလိုက်၏။

ထိုကျောင်းသားနှင့် ကစားပွဲတွင်တစ်ဖက်လူ၏ အလွန်ဆိုးရွားသော အခြေအနေများ၌ သူ့ကိုယ်သူရုန်းထွက်ရန် အလျှော့မပေးတတ်သော စိတ်ဓာတ်နှင့်စွမ်းရည်ကိုသူရှာဖွေတွေ့ရှိခဲ့သည်။

သူသည်ရှုံးခါနီးတွင်ပင် အဆက်မပြတ်ထိန်းထားခဲ့သေးပြီး ဝမ်ချောင်သူ့ကိုမျှော်လင့်ထားသည်ထက်ပိုကြာခဲ့သည်။

ဤသည်က ထိုလူအားရင်ဆိုင်သည့်ပွဲတွင် ရှုချီချင်းအကွက်မည်မျှသုံးခဲ့ရသလဲဆိုသည်ကို ဝမ်ချောင်သူမအား ယုံကြည်မှုရှိစွာမေးနိုင်ခဲ့သည့် အကြောင်းအရင်းလည်းဖြစ်သည်။

ခဏကြာပြီးနောက် ဒုတိယမြောက်အောင်မြင်သူထွက်ပေါ်လာခဲ့၏။

"ဂုဏ်ယူပါတယ်။မင်းစာမေးပွဲအောင်တယ်။"

သတင်းကောင်းကို ပြောကြားလိုက်ကာ ဝမ်ချောင်လုံဝေလေ့ကျင့်ရေးစခန်းမှ ကျောင်းသားကိုပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်သခင်လေး။ ကျေးဇူးအများကြီးတင်ပါတယ်။"

ထိုကျောင်းသားကျေးဇူးတင်ဦးညွှတ်လိုက်၏။

"မင်းရဲ့စီရင်ချက်ကဘာကြီးလဲ။ သူ့လိုလူတစ်ယောက်ကတောင်စာမေးပွဲအောင်နိုင်တယ်လား။ သူကဂိုကိုဘယ်လိုကစားရမလဲတောင်မသိဘူး။ အဲကောင်ကကစားနည်းရဲ့အခြေခံစည်းမျဉ်းတွေကိုတောင်မသိဘူး။"

ပထမဖြေဆိုသူမှာ ကိစ္စတစ်ခုဖြစ်သော်လည်း ဝမ်ချောင်ကထိုသို့သောလူတစ်ယောက်ကိုပင် အအောင်ပေးလိုက်သည်ကိုမြင်လိုက်ရသောအခါ ရှုချီချင်းသူမ၏ဒေါသကိုထိန်းမထားနိုင်တော့ပေ။

သူမမတတ်နိုင်သော်လည်း ဝမ်ချောင်ကသူမအားရည်ရွယ်ချက်ရှိရှိ ရန်စနေသည်ဟုခံစားလိုက်ရသည်။

သူမအစောပိုင်းက ထိုဖြေဆိုသူနှင့်ယှဉ်ပြိုင်ခဲ့ရပြီးကစားနည်း၏ စည်းမျဉ်းများကို သူမသိနားမလည်ပုံရသည့်နေရာများစွာရှိခဲ့ကာ သူမသူတို့အားသူ့ကိုသတိပေးခဲ့ရသည်။ ရူးသလိုပေါသလိုရယ်မောခြင်းမှာ အမှားလုပ်ပြီးသည့်အချိန်တိုင်း ထိုလူပြုလုပ်ခဲ့သည့်အရာဖြစ်သည်။

စာမေးပွဲကိုအောင်မြင်ရန် အခြားသူများအတွက်ကိစ္စတစ်ခုဖြစ်သော်လည်း အကယ်၍ဝမ်ချောင်က သူ့အောင်မြင်မှုအတွက် ခိုင်လုံသည့်အကြောင်းပြချက် တစ်ခုမပေးနိုင်ခဲ့ပါက သူမဤအရာကို လုံးဝအလွတ်ပေးမည်မဟုတ်ပေ။

ဤသည်ကလွန်သွားခဲ့ပြီဖြစ်၏။

"သူကကစားပွဲတစ်လျှောက်မှာ အမှားတော်တော်များများပြုလုပ်ခဲ့ပေမယ့် သူကစည်းမျဉ်းတွေကို တကယ်ပဲမသိနားမလည်ဘူးလို့ မင်းထင်နေတာလား။ လင်းချန်ထင်ဂိုရဲ့စည်းမျဉ်းတွေကိုသူ့ကိုရွတ်ပြလိုက်။"

ဝမ်ချောင်လက်ဝှေ့ယမ်းပြလိုက်ကာပြောလိုက်သည်။

လင်းချန်ထင်ဝမ်ချောင်ကိုအံ့အားသင့်စွာကြည့်လိုက်မိ၏။

သူဂိုကိုစတင်လေ့လာခဲ့သည်မှာ အချိန်အရမ်းမကြာခဲ့သေးပေ။ ထို့ကြောင့်သူကဘယ်လိုကစားရမလဲ မသိဘူးဟုရှုချီချင်းပြောခဲ့သည်မှာ လုံးဝမှားယွင်းနေသည်တော့မဟုတ်ပေ။ သို့သော်လည်း သူ့ကိုအမှန်တကယ်အံ့အားသင့်သွားစေခဲ့သည့်အရာမှာ သူကဂို၏စည်းမျဉ်းများကိုသိပြီး ၎င်းကိုရွတ်ပြနိုင်သည်ဟု ဝမ်ချောင်ယုံကြည်မှုရှိနေခြင်းဖြစ်သည်။

"ဟုတ်ဟုတ်ကဲ့ပါသခင်လေး။"

လင်းချန်ထင်သည် အံ့အားသင့်နေခဲ့သော်လည်း သူလျင်မြန်စွာစည်းမျဉ်းများကိုရွတ်ပြလိုက်သည်။ အများကြီးစဉ်းစားနေခြင်းမရှိဘဲ ဂိုဗန်းစကားများကသူ့နှုတ်မှနေ၍ သွက်လက်စွာထွက်လာခဲ့ကြ၏။

တစ်ဖက်လူရေရွတ်နေသည့် စာလုံးရေတစ်ထောင်ကျော်ပါဝင်နေသော စည်းမျဉ်းအတော်များများကိုကြားလိုက်ရသောအခါ အံ့အားသင့်မှုကရှုချီချင်း၏ မျက်လုံးများထဲပေါ်လာခဲ့သည်။ သူမထိုလူနှင့်ကစားခဲ့ပြီး တစ်ဖက်လူသူမကိုပေးခဲ့သည့်ခံစားချက်မှာ သူကသောက်ရူးတစ်ယောက်ဖြစ်သည်ဟူ၍။

သို့သော်ဤရှည်လျားလှသည့်စဉ်းမျဉ်းများက... ဂိုကျွမ်းကျင်သည့် ကစားသမားများပင်လျင် သေချာပေါက်ရွတ်ပြနိုင်ကြလိမ့်မည်မဟုတ်ပေ။ သို့တိုင်သူမမျက်စိရှေ့ရှိ ထိုသောက်ရူးက ၎င်းတို့ကိုသွက်လက်စွာအမှန်တကယ်ရေရွတ်နိုင်ခဲ့၏။

ဤသည်က သူမ၏မျက်လုံးများကိုအံ့အားသင့်စွာပြူးကျယ်သွားစေခဲ့သည်။

သူ၏ယခင်ကစွမ်းဆောင်ချက်နှင့် သူ၏ယခုစွမ်းဆောင်ချက်များအကြားခြားနားမှုမှာ အလွန်ကြီးမားနေခဲ့သည်။ ၎င်းမှာသူတို့သည်မတူညီသည့် လူနှစ်ဦးဖြစ်ကြသကဲ့သို့ပင်။

တူညီသည့်လူတစ်ဦးတည်းက သူမနှင့်ဝမ်ချောင်ရှေ့တွင် ဘယ်လိုလုပ်အလွန်ခြားနားနေရသလဲဆိုသည်ကို သူမစိတ်ကူးကြည့်၍မရပေ။

ထို့အပြင်ဝမ်ချောင်က သူ့ကိုဘယ်လိုလုပ်ဖောက်မြင်နိုင်ခဲ့သနည်း။

"သူကဂိုရဲ့စည်းမျဉ်းတွေကို မသိတာမဟုတ်ဘူး၊ ဒါပေမယ့်သူဒီကစားနည်းကိုထိတွေ့ခဲ့တာက သိပ်မကြာသေးလို့ပဲ။ သူကသူ့ပြိုင်ဘက်ကို ဟန့်တားဖို့ဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေဖို့စည်းမျဉ်းတွေရဲ့အပြင်ဘက်ကနေ စဉ်းစားဖို့ကြိုးစားနေတာဆိုပေမယ့် သူဒီဂိမ်းကိုလေ့လာခဲ့တာမကြာသေးတာကြောင့် သူအဲဒါကိုနှံ့နှံ့စပ်စပ်နားမလည်သေးဘူး။ ဒါ့အပြင်သူ့ကိုလမ်းညွှန်ပေးတဲ့သူလည်းမရှိဘူး။ ရလဒ်အနေနဲ့တခြားသူတွေရဲ့မျက်လုံးထဲမှာ သူကဂိမ်းရဲ့စည်းမျဉ်းတွေကိုတောင်မသိတဲ့ အရူးတစ်ယောက်ဖြစ်လာရတာပဲ။"

"အမှန်တော့ ဒါကငါပြောခဲ့တဲ့ဆန်းသစ်တဲ့တိုက်ပွဲဆင်ခြင်းနဲ့ဆင်တူတယ်။ သူကိုယ်တိုင်တောင် ဒါကိုမသိတာဖြစ်နိုင်တယ်။ လင်းချန်ထင်ဒီကိစ္စပြီးရင်ငါ့အခန်းကိုလာခဲ့ပါ။ ငါမင်းကိုပေးဖို့တစ်ခုခုရှိတယ်။"

ဝမ်ချောင်ပြောလိုက်၏။

လင်းချန်ထင်၏ ပါရမီသည်စွန်းကျိမင်အောက်မရောက်ပေ။ အကယ်၍သူသည် ကောင်းကောင်းပျိုးထောင်ခံလိုက်ရပါက စွန်းကျိမင်ကဲ့သို့ဆန်းသစ်သောနည်းဗျူဟာကို ကျွမ်းကျင်သည့်အခြားတစ်ယောက်ဖြစ်လာနိုင်သည်။

"ကျေးဇူးတင်ပါတယ်သခင်လေး"

လင်းချန်ထင်ပျော်ရွှင်နေခဲ့၏။ စာမေးပွဲကိုအောင်မြင်ခြင်းက သူ့အတွက်လုံလောက်ပြီဟု တွေးထင်ထားခဲ့သော်လည်း ဝမ်ချောင်၏အသိအမှတ်ပြုခြင်းကိုလည်း ရရှိလိမ့်မည်ဟုမည်သူသိမည်နည်း။ ဤသည်က အမှန်ပင်မမျှော်လင့်ထားသော အကျိုးအမြတ်ဖြစ်သည်။

"ဟမ်ဆန်းသစ်တဲ့ တိုက်ပွဲဆင်ခြင်းနဲ့သမားရိုးကျတိုက်ပွဲ ဆင်ခြင်းကဘာကြီးတွေလဲ၊ ဒီစကားလုံးတွေနဲ့ငါ့ကို လှည့်ဖြားနိုင်မယ်လို့မင်းမထင်လိုက်နဲ့။"

ရှုချီချင်းဒေါသတကြီးပြောလိုက်သည်။

သူမဝမ်ချောင်ပြောနေသည့်စကားလုံးတစ်လုံးမျှကို နားမလည်နိုင်ပေ။ သူမသည်မတတ်နိုင်သော်လည်း ဝမ်ချောင်ကသူမကို အရှက်ခွဲရန် "ဆန်းသစ်သောတိုက်ပွဲဆင်ခြင်း" နှင့် " သမားရိုးကျတိုက်ပွဲဆင်ခြင်း" တို့ကိုအသုံးချနေသည်ဟုခံစားနေရသည်။

အားလုံးပြီးနောက် ၎င်းကသူပြောသလောက်အရေးကြီးနေခဲ့ပါက သူမကဘယ်လိုလုပ် သူမ၏နောက်ခံနှင့်ကျယ်ပြန့်သော ဗဟုသုတများအရ၎င်းကိုမကြားဖူးခဲ့ဘဲရှိမည်နည်း။

"ဟီးဟီး"

ဝမ်ချောင် နူးညံ့စွာရယ်မောလိုက်ကာ သူ့ကိုယ်တိုင်ရှင်းပြရန် အလုပ်ရှုပ်ခံမနေတော့ပေ။

ရှုချီချင်းသည် သူ့ကိုအမှန်ပင်အထင်လွဲနေခဲ့၏။ အစောပိုင်းကကျောင်းသားဖြစ်စေ၊ လင်းချန်ထင်ဖြစ်စေ သူတို့တွင်ကြီးမားသောအလားအလာရှိသည်ဟု သူထင်မြင်သောကြောင့် သူတို့ကိုအအောင်ပေးခဲ့ခြင်းဖြစ်သည်။

သူတို့သည် ကောင်းမွန်စွာပြုစုပျိုးထောင်ခံလိုက်ရပါက အနာဂတ်တွင်စစ်မြေပြင်၏ အတောက်ပဆုံးကြယ်ပွင့်များဖြစ်လာနိုင်သည်။

သူ့ယခင်ဘဝ၌ မဟာထန်တွင်မြင့်တက်လာသော စစ်သူကြီးများတစ်ရာကျော်သာရှိခဲ့ခြင်း၏ တစ်ခုတည်းသောအကြောင်းအရင်းမှာ သူတို့ကိုဖောက်မြင်နိုင်သောကောင်းစွာသိမြင်နိုင်သည့် ဘိုလီတစ်ယောက်မရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

(PS/ ဘိုလီက နွေဦးနဲ့ဆောင်းဦးကာလမှာ ထင်ရှားကျော်ကြားတဲ့မြင်းထိန်းတစ်ယောက်ဖြစ်ပြီး မြင်းကောင်းမြင်းသန့်တွေကိုဖောက်မြင်နိုင်တဲ့ သူ့စွမ်းရည်ကြောင့်ကျော်ကြားပါတယ်။ သူ့နာမည်ကို အဲဒီအချိန်ကတည်းက ပါရမီရှင်တွေကို ကောင်းစွာဖောက်မြင်နိုင်ပြီး ပြုစုပျိုးထောင်နိုင်ကာအသုံးချနိုင်စွမ်းရှိတဲ့သူတွေကို တင်စားဖို့အသုံးပြုခဲ့ပါတယ်။)

တစ်ကမ္ဘာလုံးတွင် အလယ်ပိုင်းလွင်ပြင်ဒေသများ၏ ယခင်စစ်သေနာပတိချုပ်နှင့်လေးစားခံခဲ့ရသော တိုက်ပွဲသူတော်စင်ဖြစ်ခဲ့သည့် သူကလွဲ၍အခြားမည်သူကများ ပါရမီရှင်များကို ဖောက်မြင်ရန်နှင့်သူတို့အားပြုစုပျိုးထောင်ရန် သင့်တော်လိမ့်မည်နည်း။

မဟာလေ့ကျင့်ရေးစခန်းသုံးခုတွင် စွမ်းရည်အရှိဆုံးနည်းပြမှာ အမှန်တကယ်တွင်သူဖြစ်ကာ ၎င်းကိုဤအချိန်တွင် မည်သူမျှသတိမပြုမိသေးရုံပင်။ (PS/ ဟားဟားဟား)

စာမေးပွဲသည် ဆက်လည်ပတ်ခဲ့ပြီးအစပိုင်းတွင် အောင်မြင်သူနှစ်ယောက်ရှိခဲ့ကြသော်လည်း အခြားသူအများစုတို့မှာကျရှုံးခဲ့ကြသည်။ သူတို့နှင့်နှိုင်းယှဉ်ရပါက ရှုချီချင်းသည်တကယ့်ကို အတော်လေးကောင်းမွန်ပေ၏။

အမှန်တွင်ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ကျောင်းသားအများစုတို့၏ စစ်တုရင်ကစားခြင်းစွမ်းရည်များမှာ အမှန်ပင်ချီးကျူးရန်မထိုက်တန်ကြပေ။

သို့သော်လည်း သူတို့အားဂိုကျွမ်းကျင်သူများအဖြစ်ပြောင်းလဲရန်မှာ ဝမ်ချောင်၏ရည်ရွယ်ချက်မဟုတ်ခဲ့ပေ။ ထို့အစားသူသည် ၎င်းကိုဤနေရာရှိ စစ်ရေးနည်းဗျူဟာ၏ အရေးပါပုံကို အလေးပေးရာတွင် အစဉ်အလာတစ်ခုဖန်တီးရန်ကြားခံတစ်ခုအနေဖြင့် အသုံးချရန်ရည်ရွယ်ထားခဲ့သည်။

နောက်ဆုံးတွင် သူတို့အများစုတို့သည် စစ်သူကြီးတစ်ယောက်ဖြစ်မလာခဲ့လျှင်ပင် သူတို့သည်လက်ထောက်စစ်သူကြီးများ၊ ကပ္ပတိန်များ၊တွဲဖက်စစ်သူကြီးများအဖြစ် မြင့်တက်လာကြပေလိမ့်ဦးမည်။

စစ်တပ်၏ထိပ်ပိုင်းနှင့်အလယ်ပိုင်း ဦးဆောင်သူများက တိုက်ပွဲဆင်ခြင်းအကြောင်း နက်နက်နဲနဲနားလည်ထားခဲ့ပါက မဟာထန်သည်ကျော်လွှား၍ရနိုင်လိမ့်မည်မဟုတ်ပေ။

ထိပ်ပိုင်းမှအောက်ခြေအထိ တိုက်ပွဲဆင်ခြင်းတွင်ကျွမ်းကျင်ထားကြသော စစ်သည်များပါဝင်သည့်စစ်တပ်တစ်ခုကို ဖန်တီးခြင်းမှာဓားသွားဖယ်ရှားခြင်းအိမ်တော်အတွက် ဝမ်ချောင်၏ပန်းတိုင်ဖြစ်သည်။

***

အချိန်သည်ဖြည်းညင်းစွာကုန်ဆုံးသွားခဲ့၏။ ကျားခုံပေါ်ရှိရှုချီချင်း၏လက်ရှိအခြေအနေမှာ အလွန်တရာမှအန္တရာယ်များနေခဲ့ပြီဖြစ်သည်။ ဝမ်ချောင်၏ရိုးရိုးစင်းစင်းတိုက်ခိုက်မှုများသည် ကျားခုံပေါ်ရှိသူမ၏အခင်းအကျင်းကို ပျက်စီးသွားစေခဲ့ပြီဖြစ်ပြီး သူမ၏အင်အားစုများကို တကွဲတပြားဖြစ်နေစေခဲ့သည်။

နည်းဗျူဟာအရ ဝမ်ချောင်သည် မည်သည့်လှည့်ကွက်ကိုမျှအသုံးပြုရန်မကြိုးစားခဲ့ပေ။ သူ့လှုပ်ရှားမှုများသည် ရိုးစင်းပြီးတစ်သမတ်တည်းဖြစ်ကာ ရှုချီချင်းသည်သူပြုလုပ်လိုက်သည့် အကွက်တိုင်းကို ရှင်းလင်းစွာမြင်နိုင်ခဲ့သည်။

သို့သော် ထိုရိုးရှင်းသည့်ကစားခြင်းပုံစံက သူမကိုချောင်ပိတ်မိသွားစေခဲ့သည်။

ရှုချီချင်း၏မျက်နှာသည် ဖြူလျော်နေခဲ့ပြီးချွေးအေးများက သူမ၏နဖူးထက်မှစီးကျနေခဲ့ကြသည်။ ဤသည်က အလွန်အမင်းပင်ပန်းခြင်းမှတုံ့ပြန်မှုတစ်ခုဖြစ်၏။ ဝမ်ချောင်၏လှုပ်ရှားမှုများသည် သူမ၏ခေါင်းကို မီးတောက်စေမတတ်ပင်။

"မင်းတို့တွေစာမေးပွဲအောင်မြင်ခဲ့ကြတဲ့အတွက်ဂုဏ်ယူပါတယ်။ ကောင်းပြီငါတို့တွေဒီနေ့ဒီမှာပဲရပ်လိုက်ကြတာပေါ့။ ရလဒ်တွေကထွက်လာခဲ့ပြီ။ မင်းတို့ကျန်တဲ့လူတွေ နောက်တစ်ကြိမ်စာမေးပွဲအောင်မြင်ဖို့ကြိုးစားကြမယ်လို့ ငါမျှော်လင့်ပါတယ်။"

ဝမ်ချောင်၏အသံက အခန်းထဲတွင်ရုတ်တရက်ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ပြီး ထိုစကားများကိုကြားလိုက်ရသည်နှင့် ရှုချီချင်းသည်နောက်ဆုံးတွင် သူမ၏ဒေါသကိုမလွန်ဆန်နိုင်တော့ပေ။

"ဝမ်ချောင်မင်းအဲဒါဘာကိုဆိုလိုတာလဲ။"

ရှုချီချင်းသူ့ကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"ရလဒ်တွေထွက်လာခဲ့ပြီလို့ပြောတာက မင်းဘာကိုဆိုလိုတာလဲ။ ငါကစာမေးပွဲကျတယ်လို့မင်းပြောနေတာလား။"

ဤခဏတွင် သူမ၏မကျေနပ်ချက်အားလုံးတို့က ပေါက်ကွဲထွက်လာခဲ့ကြသည်။

သူမသည် ကစားနေဆဲဖြစ်သော်လည်း ဝမ်ချောင်ကစာမေးပွဲပြီးဆုံးပြီဟုကြေငြာနေခဲ့သည်။ ထိုသည်ကသူမသည်လည်းစာမေးပွဲကျသည်ဟုဆိုလိုနေသည်မဟုတ်လော။ သို့သော်သူမသည် ဤနေရာရှိဖြေဆိုသူတိုင်းနှင့် စစ်ဆေးသူတိုင်းကိုအနိုင်ယူထားခဲ့သည်။ သူသည်သူမကထိုသာမန်ဖြေဆိုသူများကိုပင် မယှဉ်နိုင်ဘူးဟုပြောရန်ကြိုးစားနေခြင်းမဟုတ်လော။

"တခြားသူတွေထက်မင်းပိုမသိဘူးလား။ မင်းရဲ့ခွက်ကိုကြည့်လိုက်ဦး၊ အဲမှာကျောက်တုံးဘယ်လောက်ကျန်လဲ။"

ဝမ်ချောင်တည်ငြိမ်စွာပြန်ဖြေလိုက်၏။

"မင်းအဲဒါဘာကိုဆိုလိုတာလဲ။"

ရှုချီချင်းဒေါသအထွတ်အထိပ်သို့ရောက်နေခဲ့သော်လည်း နောက်တခဏတွင် သူမ၏လက်ကကျားခုံနံဘေးရှိခွက်ဆီသို့ ရောက်သွားသောအခါ သူမရုတ်တရက်အေးခဲသွားခဲ့ပြီး တိတ်ဆိတ်သွားခဲ့သည်။

ထိုခဏမှာ သူမပေါ်သို့ရေခဲရေတစ်ခွက်လောင်းချလိုက်သကဲ့သို့ပင်။

သူမ၏အနက်ရောင်ကျောက်တုံးများထည့်ရန် အသုံးပြုသောခွက်သည် ဗလာဖြစ်လုနီးပါးပင်။ ထိုနေရာတွင်ကျောက်တုံးလေးငါးခုသာကျန်တော့၏။

ဝမ်ချောင်မှန်ပေသည်။ ကစားပွဲပြီးသွားခဲ့ပြီဖြစ်သည်။

"တစ်ဖက်ကခွက်ထဲမှာ အဖြူရောင်ကျောက်တုံးဘယ်လောက်ရှိသလဲကြည့်လိုက်ဦး။"

ဝမ်ချောင်ဆက်ပြောလိုက်၏။

ရှုချီချင်းချက်ချင်းအေးစက်သွားခဲ့သည်။ လှည့်မကြည့်လျှင်ပင်ကျန်ခွက်သည်ဗလာဖြစ်နေရမည်ကို သူမသိပေသည်။ ဤကစားပွဲတွင်ဝမ်ချောင်၏ အကွက်များသည်သာမန်ဖြစ်ပြီး တစ်သမတ်တည်းဖြစ်ကြသော်လည်း အကြောင်းပြချက်တချို့ကြောင့် ၎င်းသည်တမူထူးခြားစွာအားကောင်းနေခဲ့ကာ ဖိအားများလှသည်။

ကစားပွဲတစ်လျှောက်လုံးတွင် သူမသည်အမှန်ပင် သူ့ကျောက်တုံးများ၏လက်တစ်ဆုပ်စာမျှထက်ပို၍ မစားနိုင်ခဲ့ပေ။

ကျားခုံကို နောက်တစ်ကြိမ်ကြည့်လိုက်ကာ ခါးသီးသည့်ခံစားချက်တစ်ခုက သူမ၏စိတ်နှလုံးသားထဲထွက်ပေါ်လာခဲ့၏။

ကျားခုံ၏နေရာအများအပြားကို ဝမ်ချောင်၏အဖြူရောင်ကျောက်တုံးများက ကျူးကျော်ထားခဲ့ကြပြီး ထောင့်များရှိပြန့်ကျဲနေသောနေရာအနည်းငယ်ကိုသာ သူမ၏အနက်ရောင်ကျောက်တုံးများက ပိုင်ဆိုင်ထားခဲ့ကြသည်။ ၎င်းသည်လုံးလုံးလျားလျားရှုံးနိမ့်မှုဖြစ်၏။ ထိုခဏတွင်ရှုချီချင်းတစ်ခုခုကိုသတိထားမိလိုက်ပုံရသည်။

ဟူးလားလား

အများကြီးပြောမနေဘဲ ဝမ်ချောင်သူစားခဲ့သည့် အနက်ရောင်ကျောက်တုံးများထည့်ထားသောခွက်ကို ယူလိုက်ပြီးရှုချီချင်းရှေ့တွင်သွန်ချလိုက်သည်။

(PS/ ကစားသမားတစ်ယောက်စီမှာ ခွက်နှစ်ခွက်စီရှိကြပါတယ်၊ တစ်ခုကသူတို့ရဲ့ကျောက်တုံးတွေထည့်ထားတဲ့ ခွက်ဖြစ်ပြီးကျန်တစ်ခုကသူတို့ရဲ့ပြိုင်ဘက်ကနေ သူတို့စားထားတဲ့ကျောက်တုံးတွေ ထည့်ထားတဲ့ခွက်ပါ။)

"မင်းကိုယ်တိုင်တစ်ချက်ကြည့်လိုက်၊ အဲမှာအနည်းဆုံးကျောက်တုံးတစ်ရာရှိတယ်။ ဒါကမင်းဖက်ကလုံးဝရှုံးနိမ့်မှုဖြစ်တယ်။ အမှန်တော့ဒီမှာ မင်းထက်တော်တော်လေးကောင်းတဲ့ဖြေဆိုသူအများအပြားရှိကြတယ်။ စစ်တုရင်ခန်းမမှာ သူ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတာကြောင့်... မင်းစာမေးပွဲကျတယ်။"

ဝမ်ချောင် မထုံတတ်သေးပြောလိုက်၏။

ရှုချီချင်း၏နီမြန်းနေသည့်မျက်နှာက ကြောက်စရာကောင်းလောက်အောင်ဖြူလျော်သွားခဲ့သည်။ ဤနောက်ဆုံးအခိုက်အတန့်မှပင် အရာအားလုံးကသူမကို တစ်ချိန်တည်းရိုက်ခတ်သွားခဲ့ကြခြင်းဖြစ်သည်။ သူမရှုံးနိမ့်သွားခဲ့ပြီး ၎င်းကယခင်အကြိမ်ကထက်ပို၍ပင် ဆိုးရွားသောရှုံးနိမ့်မှုတစ်ခုဖြစ်သည်။

သူမ၏ နှုတ်ခမ်းပါးများကထိန်းမနိုင်စွာ တုန်ခါနေခဲ့ကြပြီး ဤရလဒ်ကိုလက်မခံနိုင်ဖြစ်နေသည်။

လက်နောက်ပစ်ထားလျက် ဝမ်ချောင်တည်ငြိမ်စွာပြောလိုက်၏။

"ကြိုးစား၊မင်းရဲ့ပါရမီနဲ့လူတစ်ယောက်က ငါတို့ရဲ့စစ်တုရင်ခန်းမအတွက်မသင့်လျော်ဘူးလို့ ငါထင်နေသေးပေမယ့်လည်းပေါ့။"

ထိုစကားလုံးများက ချက်ချင်းရှုချီချင်း၏စိတ်ကိုဒေါသများဖြင့်ဖုံးလွှမ်းသွားစေခဲ့သည်။

ဘုန်းးး

နားအူမတတ်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီး စစ်တုရင်ခန်းမတစ်ခုလုံးကတခဏမျှတုန်ခါသွားခဲ့ပုံရသည်။ ဝမ်ချောင်၏မျက်စိရှေ့၌ပင် ရှုချီချင်းသည်သူမ၏လက်သီးကိုမြှောက်လိုက်ပြီး ကျားခုံကိုသူ့အောက်ရှိစားပွဲနှင့်အတူ အစိတ်စိတ်အမွှာမွှာကွဲကြေသွားစေခဲ့သည်။

သစ်သားစများကအခန်းအနှံ့လွင့်ပျံသွားခဲ့ကြ၏။

ထိုစားပွဲကို အံ့မခမ်းမာကြောသောဖိုပဲကျန်းနန်ဖြင့်ထုလုပ်ထားခဲ့သော်လည်း ရှုချီချင်း၏ခွန်အားရှေ့တွင် စာရွက်ပျော့ကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားခဲ့ပြီး သစ်သားအမျှင်များသည်ပင် ထိုသက်ရောက်မှုအောက်တွင်ထွက်ပေါ်လာခဲ့ကြသည်။

ထို့အပြင်စားပွဲ၏ အပေါ်ပိုင်းကအစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီးနောက်တွင်ပင် စားပွဲခြေထောက်လေးခုတို့သည် ထောင်ကျန်နေခဲ့ကြသေးပြီးကြမ်းပြင်ထဲသို့ နက်ရှိုင်းစွာနစ်ဝင်သွားခဲ့ကြသည်။

"ခွေးကောင်"

ရှုချီချင်းအော်ဟစ်လိုက်ကာ သူမ၏ဒေါသတကြီးအော်သံက စစ်တုရင်ခန်းမတစ်လျှောက်ရှင်းလင်းစွာထွက်ပေါ်လာခဲ့သည်။ သူမနည်းနည်းလေးမျှဂရုမစိုက်နိုင်တော့ပေ။ သူမ၏အထောက်အထားက ထုတ်ဖော်ခံလိုက်ရမည်ဆိုလျှင်ပင် သူမဝမ်ချောင်ကို ယနေ့သင်ခန်းစာတစ်ခုပေးရပေမည်။

"ဝမ်ချောင်မင်းကိစ္စတွေကို တမင်သက်သက်ခက်ခဲအောင်လုပ်နေတာမဟုတ်လား။ မင်းငါ့ကိုအရှက်ခွဲချင်နေရုံမဟုတ်လား။"

***********************************

မှတ်ချက်- တိုက်ပွဲဆင်တာနဲ့နည်းဗျူဟာကအတူတူပါပဲ။ ဒါပေမယ့်မူရင်းပြန်သူက စကားလုံးအမျိုးမျိုးနဲ့ရေးနေတာမို့ ပုံစံအမျိုးမျိုးပြန်လိုက်တာပါ။

အပိုင်း ၃၉၄

ရန်စခြင်း

ရှုချီချင်း၏နှစ်လိုဖွယ်ကောင်းသောမျက်နှာသည် လူသေတစ်ကောင်ကဲ့သို့ ဖြူလျော်သွားခဲ့ပြီး သူမ၏အဆုပ်များက ဒေါသများဖြင့်ပေါက်ကွဲနေကြသကဲ့သို့ ခံစားနေရသည်။ သူမသည်ကြီးကျယ်ခမ်းနားသော လုံဝေလေ့ကျင့်ရေးစခန်းမှမာနကြီးသော ကောင်းကင်သမီးတော်တစ်ယောက်ဖြစ်သည်။ သူမကိုမြင်သည်နှင့် မျိုးရိုးမြင့် ကလန်များ၏မျိုးဆက်များစွာတို့သည် သူတို့၏ခေါင်းများကိုငုံ့ထားကြလိမ့်မည်ဖြစ်ပြီး သူမကို "မိန်းကလေးချင်း" ဟု တလေးတစားခေါ်ဆိုကြပေလိမ့်မည်ဖြစ်သည်။ သို့သော်သူမသည် သူတို့ကိုငြင်းပယ်ရန်ပင် စိတ်အနှောက်အယှက်အဖြစ်ခံမနေခဲ့ပေ။

ဤရွံရှာဖွယ်ကောင်းသောယောက်ျားသားတို့သည်သာမ ညောင်းညပါရမီများဖြင့် အပျော်အပါးမက်ကြသူများဖြစ်ကြသည်။ သူတို့သည် ရှုချီချင်းဆီမှအကြည့်တစ်ချက်ပင် မထိုက်တန်ကြပေ။

မိန်းမများက ယောက်ျားသားများထက်နိမ့်ကျသည်ဟု မည်သူပြောသနည်း။ သူမရှုချီချင်းသည် ကမ္ဘာပေါ်ရှိယောက်ျားသားများအားလုံးကို နင်းချေပစ်ချင်ပေသည်။

သူမသည်မောက်မာရသည်ကိုအသားကျနေခဲ့ပြီဖြစ်ပြီး ထိုယောက်ျားသားများအား အထင်သေးစွာရှုမြင်ရသည်ကို အသားကျနေခဲ့ပြီဖြစ်သည်။ ဤသေးနုတ်သော ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် သူမသည်ဝမ်ချောင်၏အရှက်ခွဲခြင်းကို ခံရလိမ့်မည်ဟု သူမလုံးဝစိတ်မကူးထားခဲ့ပေ။

"နင်ဘာလုပ်နေတာလဲ။"

အလင်းရောင်တစ်ချက်လက်သွားခဲ့ကာ ကျောတွင်ငွေရောင်ဓားကြီးကို သယ်ဆောင်ထားသောဟွမ်ချန်အာသည် ဝမ်ချောင်နှင့်ရှုချီချင်းတို့ကြားထဲကို ချက်ချင်းဝင်ရောက်လာခဲ့သည်။ သူမသည်ဘယ်တော့မှ အရည်ပျော်မည်မဟုတ်သော ရေခဲတောင်တစ်တောင်ကဲ့သို့ ပုံပေါ်ကာရှုချီချင်းကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

သူမသည် ရှုချီချင်းကယောက်ျားတစ်ယောက် အဖြစ်ဟန်ဆောင်နေသောမိန်းမတစ်ယောက်ဖြစ်သည်ကို လုံးဝမမြင်နိုင်ခဲ့ပေ။ ဤရှုထောင့်တွင် အမျိုးသမီးများသည် ထိုသို့သောကွဲပြားမှုကို ထူးထူးခြားခြားပြုလုပ်နိုင်စွမ်းမရှိကြပုံရသည်။ ဤအချိန်၌ ဟွမ်ချန်အာသိသည့် တစ်ခုတည်းသောအရာမှာ အကယ်၍တစ်ယောက်ယောက်က ဝမ်ချောင်ကိုခြိမ်းခြောက်ရဲခဲ့ပါက သူမထိုလူကိုပြတင်းပေါက်အပြင်ဘက်သို့ ကန်ထုတ်လိမ့်မည်ဟူ၍။

သူမမျက်နှာချင်းဆိုင်ရှိ ထိုခန့်ညားသောလူငယ်လေးသည် တော်တော်လေးသန်မာပုံရသော်လည်း သူသည်သူမအတွက် လုံးဝယှဉ်ပြိုင်ဘက်မဟုတ်ပေ။

ရှုချီချင်းသည် ဟွမ်ချန်အာကိုပင်မမြင်ခဲ့ပေ။ သူမ၏မျက်လုံးများသည် နီရဲနေခဲ့ကြပြီး သူမ၏တစ်ကိုယ်လုံးသည် ဒေါသကြောင့်ပေါက်ကွဲထွက်မတတ်ပင်။

"ဝမ်ချောင် မင်းရဲ့ဗိုလ်ကျမှုကအရမ်းများသွားပြီ။"

ရှုချီချင်း၏ရင်ဘတ်သည် အဆက်မပြတ်နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့၏။ သူမအရင်ကမတရားမခံခဲ့ရဖူးပေ။ အကယ်၍ဝမ်ချောင်က သူမကိုရှင်းပြချက်တစ်ခုမပေးခဲ့ပါက သူ့ကိုဝက်ခေါင်းကြီးဖြစ်အောင်ရိုက်နှက်ပြီး အလှံတိုင်ပေါ်ချိတ်ဆွဲထားခြင်းအတွက် သူမကိုအပြစ်တင်၍မရပေ။

ရှုချီချင်း၏ ဒေါသထွက်နေသောပုံစံက ဝမ်ချောင်၏နှုတ်ခမ်းပါးများကို ယဲ့ယဲ့လေးကော့တက်သွားစေခဲ့၏။ သူမမှန်ပေသည်။

သူအမှန်ပင် သူမကို တမင်သက်သက်ကျရှုံးစေခဲ့သည်။

ထို့အပြင်ဝမ်ချောင် သူမကိုလုံးဝဖုံးကွယ်ထားသည့် အရာတစ်ခုရှိသေး၏။ ဝမ်ချောင်သည် သူမအား ဒေါသအကြီးအကျယ်ထွက်သွားစေရန် တမင်သက်သက်ရန်စခဲ့ကာ သူမအားကြမ်းကြုတ်စေခဲ့သည်။

မဟာထန်တစ်ခုလုံးတွင် ပါရမီအရှိဆုံးလူများထဲမှ တစ်ယောက်ဖြစ်ပြီး ထောက်ပို့နယ်ပယ်တွင် ကြောက်မက်ဖွယ်အကောင်းဆုံး 'မောက်မာသောကောင်းကင်သမီးတော်တစ်ယောက်' အနေဖြင့် ရှုချီချင်းသည် အခြားသူများထက် လုံးဝသာလွန်သော အဆင့်တစ်ခုမှဖြစ်သည်။

မဟာထန်တွင် သူမကိုယှဉ်နိုင်သော သင့်တော်သူမည်သူမျှမရှိနိုင်တော့ပေ။

ရှုချီချင်းနှင့်ရှုကလန်၏ အကူအညီကိုရယူနိုင်သော မည်သူမဆို ကျားကိုတောင်ပံတပ်ပေးလိုက်သကဲ့သို့ဖြစ်ပေလိမ့်မည်။ အနည်းဆုံးထောက်ပို့နယ်ပယ်တွင် သူတို့သည် စိတ်ပူစရာလိုတော့မည်မဟုတ်ပေ။

'တပ်သားတွေနဲ့မြင်းတွေမစုရုံးနိုင်ခင်မှာ ရိက္ခာတွေနဲ့မြင်းစာတွေက ပြင်ဆင်ထားပြီးဖြစ်ရမယ်။'

နှစ်လကြာမြင့်သည့် တိုက်ပွဲတစ်ခုသည် ထောက်ပို့နှင့်ရိက္ခာများအတွက် နှစ်နှစ်ကြာကြိုတင်ပြင်ဆင်မှုများစတင်ရန် လိုအပ်ပေလိမ့်မည်။

ထောက်ပံ့ပို့ဆောင်ရေး၏ အရေးပါပုံကိုစိတ်ကူးကြည့်နိုင်ပေသည်။

ဝမ်ချောင်လာခဲ့သည့် အခြားလောကတွင် 'နပိုလီယန်' ဟုအမည်ရသောပုဂ္ဂိုလ်သည် သူ၏စုတ်ပဲ့သောထောက်ပို့ကြောင့် နိုင်ခါနီးဆဲဆဲတွင် လုံးလုံးလျားလျားရှုံ့နိမ့်သွားခဲ့ရသည်။ သူသည်နောက်ဆုံးတွင် သူ့အသက်ကိုဆုံးရှုံးသွားခဲ့ပြီး ဆယ်စုနှစ်ချီကြိုးစားခဲ့သမျှကို ပျက်စီးသွားစေခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေးသည် အလွန်ငြီးငွေ့ဖွယ်ကောင်းသော နယ်ပယ်ဖြစ်ပြီး အခြားနယ်ပယ်တိုင်းနှင့် ထိတွေ့နေခဲ့သည်။ ၎င်းသည်ဦးနှောက်လိုအပ်သော်လည်း ထိုသည်မျှမကပေ။ ဤရှုထောင့်တွင်တစ်ယောက်သည် ကောင်းကင်ဘုံထက်သန်မာနိုင်သော်လည်း သူတို့သည် အသုံးမဝင်ဖြစ်နေပေလိမ့်ဦးမည်။

ဤနယ်ပယ်တွင် သူပါရမီမရှိသည်ကို ဝမ်ချောင်သိပေ၏။ သူ့အရင်ဘဝတွင် သူ့ရှုံးနိမ့်မှုနောက်ဆုံးအဆင့်၌ သူသည်ပင်ကိုအားဖြင့် စားနပ်ရိက္ခာများ သို့မဟုတ်ထောက်ပို့များမပါရှိဘဲရုန်းကန်ခဲ့ရသည်။

ရှုချီချင်းကဲ့သို့သောကြောက်မက်ဖွယ်ကောင်းသည့် ထောက်ပို့ကျွမ်းကျင်သူတစ်ယောက်ကို သူအမှန်ပင်လိုအပ်ခဲ့သည်။ သူမကဲ့သို့ လူတစ်ယောက်နှင့်အတူဆိုပါက သူသည် အလွန်လျင်မြန်စွာရှုံးနိမ့်ခဲ့ရလိမ့်မည် မဟုတ်ပေ။

ထိုသို့သောအခွင့်အရေးသည် ရောက်လာရန်ခက်ခဲ၏။ ရှုကလန်၏ပါရမီရှိသော သမီးရှုချီချင်းသည် သူမကိုယ်သူမ လူငယ်လေးရှုချောင်အဖြစ်ဟန်ဆောင် ဖုံးကွယ်ထားကာ သူ့အားစိန်ခေါ်ရန် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ သူမဘာသာရောက်လာခဲ့သည်။

အကယ်၍ဝမ်ချောင်သည် သူ့လက်ထဲရောက်လာသော ဤအခွင့်အရေးကိုလက်လွှတ်လိုက်ပါက သူသည်ဝမ်ချောင် ဘယ်ဟုတ်တော့မည်နည်း။

"ရှုချောင် မင်းကတော်တော်လေး လက်သင့်မခံပုံရတယ်။"

ဝမ်ချောင် လုံးဝမရွေ့ဘဲ မေးလိုက်၏။

"လက်သင့်ခံရမယ်၊ဘာကိုလက်သင့်ခံရမှာလဲ။ ဒီနေမှာငါ့ကိုယှဉ်နိုင်တဲ့သူတစ်ယောက်မှမရှိဘူး။ ငါဒီမှာရှိတဲ့လူတိုင်းကို အနိုင်ယူခဲ့တယ်။ မင်းအပြင်ဒီနေရာက တခြားဘယ်သူကများငါ့ထက်ပိုသာနေလို့လဲ။ သူလား၊သူလား၊သူလား၊... သူလား။"

ရှုချီချင်းပတ်ပတ်လည်ရှိဖြေဆိုသူများကို လက်ညိုးထိုးလိုက်ကာ သူမ၏တစ်ကိုယ်လုံးက ဒေါသကြောင့်တုန်ရီနေခဲ့သည်။

ထိုအားနည်းသူများသည် ပို၍သန်မာသော သူရှုံးနိမ့်သွားချိန်တွင် အောင်မြင်သွားခဲ့ကြသည်။ ဤသို့သောတွေးခေါ်မျှော်မြင်မှုမျိုး ကမ္ဘာပေါ်တွင်အဘယ်မှာရှိသနည်း။ ဝမ်ချောင်က သူမအတွက် ကိစ္စများကို ခက်ခဲအောင် တမင်သက်သက်ပြုလုပ်နေသည်ကို သူမ ယခုခံစားလိုက်ရပြီဖြစ်သည်။

သူမသည် သူမကိုယ်သူမဖော်ပြရမည်ဆိုလျှင်ပင် သူမဤအယုတ်တမာကောင်ကိုပြင်းထန်သော သင်ခန်းစာတစ်ခုပေးရပေမည်။

"ဟားဟား သူတို့ကအားနည်းတယ်လို့ မင်းထင်လား။ ဒါမှမဟုတ်မင်းက အရမ်းသန်မာတယ်လို့မင်းထင်လား။"

လူတိုင်းကိုဒေါသထွက်သွားအောင်ပြုလုပ်နိုင်သော အပြုံးမျိုးဖြင့်ဝမ်ချောင်ရှုချီချင်းကိုကြည့်လိုက်သည်။

"အဲလိုမဟုတ်လို့လား။"

ရှုချီချင်းပြန်ပက်လိုက်၏။ သူမသည်သုံးနှစ်ကလေးမဟုတ်ပေ။ ဝမ်ချောင်၏ဆင်ခြေသည် သူမကိုအရူးလုပ်၍မရပေ။

"ဟားဟား ငါမင်းကိုမေးပါရစေ၊ မင်း ကျားကစားခဲ့တာဘယ်လောက်ကြာပြီလဲ။ ပြီးတော့သူတို့ကျားကစားခဲ့တာကရော ဘယ်လောက်ကြာပြီလဲ။"

ဝမ်ချောင်ပေါ့ပေါ့ပါးပါးပုံစံဖြင့်ပြောလိုက်၏။ သူသည်ရှုချီချင်း၏မျက်နှာပေါ်ရှိဒေါသကို သတိထားမိပုံမရပေ။

"မင်းဘာပြောဖို့ကြိုးစားနေတာလဲ။"

ဝမ်ချောင်ထံမှ ဤဗြုန်းစားမေးခွန်းက ရှုချီချင်း၏စိတ်ကို ချက်ချင်းအေးစက်သွားစေခဲ့သည်။

"ငါခန့်မှန်းတာမမှားရင် ရှုချောင် မင်းစစ်တုရင်ကစားနည်းနဲ့ထိတွေ့ခဲ့တာက ကလေးဘဝကတည်းကဖြစ်ရမယ်။ အခုဆိုဆယ်နှစ်ကျော်လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့်ဒီလူတွေကတော့..."

ဝမ်ချောင်သူ့ကိုယ်ကိုလှည့်လိုက်ကာ သူ့အကြည့်ကကျောင်းသားများကိုဖြတ်သန်းသွားခဲ့သည်။

"အချိန်အကြာဆုံးသူတွေက တစ်နှစ်နှစ်နှစ်လောက်ရှိပြီး အချိန်အနည်းဆုံးသူတွေက တစ်လနှစ်လလောက်ပဲရှိဦးမယ်။ သူတို့ရဲ့ကျားကစားခြင်းစွမ်းရည်တွေက လက်ရှိမှာ အရမ်းချို့တဲ့နေပေမယ့် သူတို့မှာကြီးမားတဲ့အလားအလာရှိတယ်။"

"အလားအလာလား။ မင်းဘာကိုဆိုလိုတာလဲ။"

ရှုချီချင်းမေးလိုက်၏။

ဟွမ်ချန်အာပင်လျှင် ယခုအချိန်၌အာရုံစိုက်နေပြီဖြစ်သည်။ သူမသည်ဤစာမေးပွဲတွင်မပါဝင်ခဲ့သော်လည်း စစ်တုရင်ခန်းမ၏ဝင်ပေါက်တွင် မတ်တပ်ရပ်နေခဲ့သောကြောင့် အထဲတွင်ဖြစ်နေသည့်အရာအားလုံးကို ရှင်းလင်းစွာသူမမြင်လိုက်ရသည်။

ဝမ်ချောင်သည် "ရှုချောင်" ဟုခေါ်သော ဤလူကို အမှန်ပင်တော်တော်ကလေးပစ်မှတ်ထားနေခဲ့သည်။ သူမပင်လျှင်ဤအရာကိုမြင်နိုင်ပေ၏။ သို့သော်ဤလူသည်အမှန်ပင်အထက်စီးဆန်လွန်းလှသည်။

ဟွမ်ချန်အာသည် မူလကဝမ်ချောင်သည် သူ့ကိုကိုင်တွယ်ရန်ကျပန်းအကြောင်းပြချက်တစ်ခုရှာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့မဟုတ် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ပိုင်ရှင်အနေဖြင့် သူ့ဂုဏ်ပုဒ်ကိုအသုံးပြုကာ သူ့အားမောင်းထုတ်လိမ့်မည်ဟုပင် တွေးထင်ခဲ့သည်။

သို့သော်ခုကြည့်ရသည်မှာ ဝမ်ချောင်သည်ဗရုတ်ကျနေခြင်းဟုတ်ပုံမရပေ။

"အဲဒါကအရမ်းရိုးရှင်းပါတယ်။ အဲအကြောင်းကိုစဉ်းစားကြည့်ပါ။ တစ်ယောက်ကအရွယ်ရောက်ပြီးသား ချုံပုတ်ဖြစ်နေချိန်မှာ ကျန်တစ်ယောက်ကဖိုပဲ ကျန်းနန်သစ်ပင်ရဲ့သစ်စေ့ဖြစ်တယ်။ တကယ်လို့မင်းကအိမ်တစ်လုံးဆောက်ချင်တယ်ဆိုရင် မင်းချုံပုတ်တစ်ခုကိုလိုချင်မလား ဒါမှမဟုတ် ဖိုပဲကျန်းနန်သစ်ပင်ရဲ့သစ်စေ့ကိုလိုချင်မလား။"

ဝမ်ချောင်ရှုချီချင်းကိုစိုက်ကြည့်လျက်မေးလိုက်၏။

"မင်းဘာပြောနေတာလဲ။ ငါကချုံပုတ်ပါလို့မင်းပြောနေတာလား။"

မီးတောက်များကရှုချီချင်း၏မျက်လုံးများထဲ နောက်တစ်ကြိမ်စတင်လောင်ကျွမ်းလာခဲ့ကြသည်။

"ဟားဟား အဲဒါကတင်စားရုံသာဆိုပေမယ့် အခြေခံအားဖြင့်ငါဆိုလိုတဲ့အရာပါပဲ။ ငါရွေးချယ်ထားတဲ့ကျောင်းသားတွေက စစ်တုရင်ကစားနည်းစွမ်းရည်တွေမှာ ချို့တဲ့နေနိုင်ပေမယ့် သူတို့အားလုံးကဖိုပဲကျန်းနန်သစ်စေ့တွေပဲ။ ငါသူတို့ကိုကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်သရွေ့ သူတို့တွေမှာအကန့်အသတ်မဲ့တဲ့ဖြစ်နိုင်ချေတွေရှိလာလိမ့်မယ်။ မင်းအနေနဲ့ကတော့... မင်းက စစ်တုရင်မှာအရမ်းကောင်းပေမယ့် ပင်ကိုအားဖြင့် မင်းကမင်းရဲ့အကန့်အသတ်ကိုရောက်နေခဲ့ပြီ။ မင်းရဲ့အလားအလာတွေအားလုံးက တူးဖော်ပြီးသွားခဲ့ပြီ။ မင်းအတွက် နောက်ထပ်တိုးတက်ဖို့အလားအလာမရှိတော့ဘူး။ ဒါကမင်းဖယ်ရှားခံခဲ့ရခြင်းရဲ့အကြောင်းအရင်းပဲ။"

ဝမ်ချောင်တည်ငြိမ်စွာပြောလိုက်၏။

"ခွေးကောင်"

ရှုချီချင်းနောက်ဆုံးတွင်ပေါက်ကွဲသွားခဲ့၏။ ဝမ်ချောင်အများကြီးပြောသွားခဲ့သော်လည်း သူဆိုလိုသည့်အရာမှာ တစ်ခုတည်းသာဖြစ်သည်။

"ဒါကမင်းရဲ့အင်အားအကုန်ပဲ၊ ဒါကမင်းဘယ်လောက်ရောက်နိုင်မလဲဆိုတာပဲ၊ မင်းအတွက်တိုးတက်နိုင်ဖို့အလားအလာမရှိတော့ဘူး။"

ရှုချီချင်း၏ မောက်မာသောပင်ကိုယ်စရိုက်က ဤအရာကိုမည်သို့သည်းခံနိုင်မည်နည်း။

"ငါမင်းကိုသတ်မယ်"

ရှုချီချင်းဒေါသထွက်နေရာမှရူးသွပ်သွားခဲ့၏။ စဉ်းပင်စဉ်းစားမနေတော့ဘဲ သူမဝမ်ချောင်ကိုလှမ်းဖမ်းလိုက်ကာ ကြယ်တာရာစွမ်းအင်က သူမ၏ခန္ဓာကိုယ်မှနေ၍ထွက်ပေါ်လာခဲ့သည်။ ဤရိုးရှင်းသည့်ဖမ်းယူခြင်းက အမှန်တွင်အလွန်ကျယ်လောင်သောပေါက်ကွဲသံတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။ ဝမ်ချောင်ပင်လျှင်သူ့မျက်ခုံးများမြင့်တက်သွားကြခြင်းမှ မရပ်တန့်နိုင်ခဲ့ပေ။

ဘုန်းးး

သို့သော်နောက်တခဏတွင် နောက်ထပ်ဧရာမပေါက်ကွဲသံနှင့်အတူ ကြည်လင်သောကျောက်စိမ်းကဲ့သို့ သေးသွယ်သည့်လက်တစ်ဖက်သည် ဖြတ်ဝင်လာခဲ့ပြီး ရှုချီချင်း၏လက်ကိုတိကျစွာထိမှန်သွားခဲ့သည်။ စွမ်းအင်လှိုင်းလုံးများထွက်ပေါ်လာခဲ့ကာ လေထုသည်တုန်ခါသွားခဲ့၏။ ရှုချီချင်း၏ပြင်းထန်သောတိုက်ခိုက်မှုသည် ဟွမ်ချန်အာ၏ အလွန်သိမ်မွေ့သောပုံစံတစ်ခုတွင် လုံးဝပိတ်ဆို့ခြင်းကိုအမှန်ပင်ခံလိုက်ရသည်။

"သခင်လေး ကိုယ့်သိက္ခာကိုယ်ထိန်းဖို့တိုက်တွန်းချင်ပါတယ်။"

ဟွမ်ချန်အာ အေးစက်စွာအပြစ်တင်လိုက်ကာ သူမ၏မျက်လုံးများက အန္တရာယ်များဖြင့်ပြည့်နှက်နေသည်။ ခုချိန်အထိပင်သူမရင်ဆိုင်နေရသည့် ပုဂ္ဂိုလ်က သူမကဲ့သို့မိန်းကလေးတစ်ယောက်သာဖြစ်သည်ကို သူမမသိသေးပေ။

တစ်စုံတစ်ယောက်က သူမအပေါ်ရေအေးအေးလောင်းချလိုက်သကဲ့သို့ ရှုချီချင်းရုတ်တရက်ငြိမ်သက်သွားခဲ့၏။

"မင်းကဘယ်သူလဲ...

ဟမ် ငါကဘယ်သူများလဲလို့၊ ဒါပေမယ့် တကယ်ကမင်းဖြစ်နေတာကိုး နူးညံ့တဲ့လက်တို့ရဲ့နတ်သမီး။ မင်းဘယ်အချိန်က တစ်စုံတစ်ယောက်ရဲ့လက်ပါးစေဖြစ်လာဖို့ ဆုံးဖြတ်လိုက်တာလဲ။"

ရှုချီချင်းအစပိုင်းတွင် သူမကိုမမှတ်မိခဲ့ပေ။ ဝမ်ချောင်နံဘေးရှိအေးစက်စက်အလှပိုင်ရှင်က မြို့တော်တွင်ကျော်ကြားသည့်နူးညံ့သော လက်များ၏နတ်သမီးဖြစ်သည်ဆိုသည်ကို သူမနောက်ဆုံးတွင်နားလည်လိုက်သောအခါ သူမ၏အမူအရာတစ်ခုလုံးကပြောင်းလဲသွားခဲ့၏။

မိန်းမလှအားလုံးတို့က အဆင်ပြေပြေရှိကြသည်ဟု လူများစွာတို့ကယုံကြည်ထားကြသော်လည်း အမှန်တရားမှာ အမှန်ပင်လုံးဝဆန့်ကျင်နေခဲ့သည်။ လှပသည့်မိန်းမများအမုန်းဆုံးအရာမှာ အခြားမိန်းမများဖြစ်ကြပြီး အထူးသဖြင့်သူတို့ကဲ့သို့လှပကြသောမိန်းမများကိုဖြစ်ကြသည်။

"နင်ဘယ်သူလဲ။ ငါ့ကိုမှတ်မိတယ်လား။ ဟမ် နင်ဘယ်သူလဲဆိုတာငါဂရုမစိုက်ဘူး။ တကယ်လို့နင်သူ့ကိုတိုက်ခိုက်ရဲရင် ငါ့ကိုရိုင်းပျတယ်လို့အပြစ်မတင်နဲ့... အင်း ငါလည်းပဲသူ့ကိုသဘောမကျပေမယ့်ပေါ့။"

ဟွမ်ချန်အာအေးစက်စွာပြန်ပြောလိုက်၏။

"...."

သူမနောက်ရှိဝမ်ချောင်မှာ မျက်လုံးလေးကလည်ကလည်ဖြင့်ပြောစရာစကားမဲ့သွားခဲ့ရသည်။

'သူမက နောက်ဆုံးအပိုင်းကိုဘာလို့ထည့်ပြောလိုက်တာလဲ။ သူမထည့်မပြောလိုက်ရင်မြွေကိုက်သွားမှာစိုးလို့လား။'

သူတကယ့်ကို ဤမိန်းမများအားနားမလည်နိုင်ပေ။

"ရှုချောင်အဲဒါကအသုံးမဝင်ဘူး။ မင်းငါ့ကိုဒီမှာထိလို့မရဘူး။ ပြီးတော့ အဲဒါအပြင်ငါမင်းကိုပြောခဲ့သလိုပဲ မင်းရဲ့အလားအလာက အကန့်အသတ်ရောက်နေခဲ့ပြီ။ မင်းလက်မခံနိုင်ရင် အခုထွက်သွားလို့ရတယ်။"

ဝမ်ချောင် မီးတောက်ကိုဓာတ်ဆီလောင်းရန်အချိန်မဖြုန်းခဲ့ပေ။

"မင်း...ခွေးကောင် မင်းငါ့ကိုထွက်သွားစေချင်တာကြောင့် ငါထွက်သွားမှာမဟုတ်ဘူး။"

ဝမ်ချောင်ဘာမှမပြောခဲ့ပါက အဆင်ပြေလိမ့်မည်ဖြစ်သော်လည်း အခုသူပြောလိုက်ပြီဖြစ်သောကြောင့် ရှုချီချင်းမထွက်သွားချင်တော့ပေ။ သူမ၏ပင်ကိုယ်စရိုက်က ဝမ်ချောင်မှဦးဆောင်ခြင်းအား သူမကိုယ်သူမလုံးဝခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ဟွမ်ချန်အာဤနေရာတွင်ရှိသောကြောင့် သူမမည်သည့်ပြဿနာမျှရှာနိုင်မည်မဟုတ်သည်ကို ရှုချီချင်းသိပေသည်။ အကယ်၍တစ်ယောက်သည် မြို့တော်၏မြင့်မြတ်သောကလန်များ၏ မိန်းကလေးမျိုးဆက်များကို အဆင့်သတ်မှတ်လိုက်မည်ဆိုပါက ဟွမ်ချန်အာသည် တတိယနေရာတွင်ရှိပေလိမ့်မည်။

ရှုချီချင်းသည် မကျေနပ်သေးသော်လည်း ဟွမ်ချန်အာကသူမထက်သန်မာသည်ကိုဝန်ခံရပေမည်။ သူတို့တိုက်ခိုက်ရမည်ဆိုပါက သူမသည်မည်သည့်အသာစီးရမှုကိုမျှ ရရှိလိမ့်မည်မဟုတ်ပေ။

"ဟမ် ကိုယ့်ကိုယ်ကိုအရမ်းအားရမနေနဲ့။ ငါ့မှာဒီစွမ်းရည်တွေပဲရှိပြီး မင်းကိုအနိုင်မယူနိုင်ဘူးလို့ မင်းပြောချင်နေတာမလား။ စောင့်ကြည့်လိုက်ပါ၊ ငါမင်းကိုသေချာပေါက် ငါ့ခြေထောက်အောက်မှာ နင်းချေပြီးဒီနေ့ရဲ့အရှက်ရမှုကိုအဆတစ်ရာပြန်ပေးဆပ်စေမယ်။"

ဤသည်ကို ပြောဆိုပြီးနောက်ရှုချီချင်းချက်ချင်းလှည့်ထွက်သွားခဲ့သည်။

ဝေ့အန်းဖန်ဘေးမှနေ၍ ရုတ်တရက်လျှောက်လာခဲ့ပြီး ဝမ်ချောင်ဆီတီးတိုးပြောလိုက်သည်။

"သခင်လေး ကျွန်တော်တို့သူ့ကိုမောင်းထုတ်ပစ်သင့်တယ်။ ဒီလိုလူတစ်ယောက်ကိုဒီမှာထားစရာလိုလို့လား။"

ဝမ်ချောင်ပြုံးလိုက်မိ၏။ ဝေ့အန်းဖန်သည် အမှန်ပင်လှပတင့်တယ်မှုကိုဘာမှမသိသော လူအတစ်ယောက်ဖြစ်သည်။ ရှုချီချင်းကဲ့သို့အလှပိုင်ရှင်ကိုသူဘာကြောင့် မောင်းထုတ်ပစ်ရမည်နည်း။

သူ သူမကို တားဆီးရန်အချိန်ပင်မရှိခဲ့ပေ။

"သူ့ကိုစိုးရိမ်စရာမလိုဘူး။ တစ်ယောက်ယောက်လာပြီး ဒီနေရာကိုရှင်းလင်းလိုက်။ ပြီးတော့ခုလေးတင်အောင်မြင်သွားကြတဲ့ကျောင်းသားတွေကို ဝိဉာဉ်သွေးကြောဆီပို့ဆောင်ဖို့ တစ်ယောက်ယောက်ကိုစီစဉ်လိုက်။"

"ဟုတ်ကဲ့ပါသခင်လေး"

ဝေ့အန်းဖန်ခေါင်းညိတ်လိုက်ကာ သူ့အမိန့်များကိုခံယူလိုက်သည်။

စစ်တုရင်ခန်းမမှထွက်ခွာပြီးသည်နှင့် ဝမ်ချောင်လေ့ကျင့်ရေးစခန်းဆီပြေးသွားလိုက်၏။ အချိန်အတော်ကြာပြီးနောက် သူ့အတွက်သူ့နည်းပြဆရာကျောက်ရှန်းကျူးကို တွေ့ဆုံရန်အချိန်ကျပြီဖြစ်သည်။

***

ခွန်းဝူလေ့ကျင့်ရေးစခန်း၏ အများစုကိုဖြတ်ကျော်ပြီးနောက် ဝမ်ချောင်ကျောက်ရှန်းကျူးကို အဓိကတောင်ထွတ်တွင်တွေ့လိုက်ရသည်။

"ဟားဟား မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့။"

အပြင်ဘက်မှနေ၍ဝမ်ချောင်ဝင်လာသည်ကိုမြင်သည်နှင့် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ကျောက်ရှန်းကျူသည် ချက်ချင်းမတ်တပ်ရပ်လိုက်ကာ သူ့မျက်လုံးများကတောက်ပနေခဲ့ကြပြီး ဝမ်ချောင်ဆီသွားလိုက်သည်။

ကျောက်ရှန်းကျူကိုမြင်လိုက်ရသောအခါ ဝမ်ချောင်အလွန်စိတ်လှုပ်ရှားနေခဲ့၏။

သိပ်မကြာသေးမီက ဝမ်ချောင်သည် သူ့ယခင်ဘဝမှကျောက်ရှန်းကျူပိုင်ဆိုင်ထားသော ကျော်ကြားမှုနှင့်ဆည်းဆာရောင်မြင်းလားချီစက်ကွင်းတို့အပေါ်အခြေခံ၍သာ ကျောက်ရှန်းကျူဆီပြေးကပ်ခဲ့သည်။ သို့သော်လည်းမသိလိုက်ဘဲသူတို့နှစ်ဦးသည် အလွန်နက်ရှိုင်းသောဆက်နွယ်မှုကိုတည်ဆောက်ခဲ့ကြသည်။

ဤတစ်ကြိမ် ကျောက်ရှန်းကျူ၏ 'လီထောင်ချီသင်းရနံ့' ကြောင့် မဟုတ်ခဲ့ပါက သူသည်ထိုတောထဲတွင် အမှန်တကယ်သေဆုံးသွားခဲ့ပြီးဖြစ်နိုင်သည်။

"ဟမ်"

သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ကျောက်ရှန်းကျူသူ့ဆီရောက်တော့မည့်အခိုက်တွင် ဝမ်ချောင်သူ့ဒူးတစ်ဖက်ကိုကြမ်းပြင်ပေါ်ထောက်လိုက်ကာ သူ့ခါးကို ကိုင်းထားလိုက်ပြီးကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ အလွန်ရိုသေမှုဖြင့်သူကြမ်းပြင်ပေါ် ဒူးထောက်နေခဲ့ပြီး စစ်ဖက်ဆိုင်ရာ အလေးနက်ဆုံးကျင့်ဝတ်ထုံးတမ်းကို အသုံးပြုကာ ကျောက်ရှန်းကျူကိုအရိုအသေပေးလိုက်သည်။

"ဆရာကျေးဇူးတင်ပါတယ်"

ဝမ်ချောင်၏အသံက ခန်းမအနှံ့ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့၏။

ဤအခိုက်အတန့်တွင် စိတ်ရောကိုယ်ပါနှစ်ခုစလုံးနှင့် ဝမ်ချောင်သည်ကျောက်ရှန်းကျူကို သူ့တစ်ဘဝလုံးစာအတွက် သူ့ဆရာအဖြစ်အမှန်ပင်မှတ်ယူထားခဲ့ပြီဖြစ်သည်။

ကျောက်ရှန်းကျူ၏ စစ်ရေးဗျူဟာကျွမ်းကျင်မှုအချို့နှင့် သူ့အနာဂတ်အောင်မြင်မှုတို့သည် သူ့ယခင်ဘဝမှအရာများကိုမယှဉ်နိုင်သော်လည်း ထိုအရာများသည် ဝမ်ချောင်အတွက်အရေးမပါတော့ပေ။

မှတ်ချက်- ဒီအပိုင်းမှာ ဝမ်ချောင်ကကျောက်ရှန်းကျူကို instructor အစားတလေးတစားနဲ့ teacher လို့ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ တော်သေးတာက ကျွန်တော်ကလည်း instructor ကို ဆရာအစားနည်းပြဆရာလို့ အစကတည်းက ပြန်ထားခဲ့တာပါပဲ။

အပိုင်း ၃၉၅

သံသယများ

"ဝမ်ချောင် မင်းဘာလုပ်နေတာလဲ"

ကျောက်ရှန်းကျူခြေလှမ်းအတော်များများတွင် ရပ်တန့်သွားခဲ့ကာ အလွန်အံ့အားသင့်သွားခဲ့၏။ သူတို့အရင်က တွေ့ဆုံကြသောအခါ ဝမ်ချောင်သည်ဘယ်တုန်းကမှ အရမ်းတလေးတစားမရှိခဲ့ဖူးပေ။

"ဆရာ့ကိုကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ့ကြောင့်မဟုတ်ရင် ဝမ်ချောင်မြို့တော်ကိုပြန်လာတဲ့ သူ့ခရီးလမ်းမှာ သေဆုံးသွားခဲ့နိုင်ပါတယ်။"

ဝမ်ချောင်လေးနက်စွာပြောလိုက်သည်။

"ဟားဟား ငါကဘာများလဲလို့။ ထထ..။ မင်းကငါဂုဏ်အယူရဆုံးကျောင်းသားတစ်ယောက်ပဲ။ ဒီလေ့ကျင့်ရေးစခန်းမစ်ရှင်မှာ ငါလုံးဝမပြင်ဆင်ထားခဲ့ဘူးလို့ မင်းတကယ်ကြီးထင်နေတာလား။"

ကျောက်ရှန်းကျူစိတ်ပါလက်ပါရယ်မောလိုက်ကာ ဝမ်ချောင်၏စကားကို အရမ်းအလေးအနက်မထားခဲ့ပေ။

ဝမ်ချောင်စကားထပ်မပြောတော့ဘဲ ဤအခွင့်အရေးကိုအသုံးချကာမတ်တပ်ရပ်လိုက်သည်။ သူ့နှလုံးသားထဲရှိအတွေးများနှင့် စိတ်သဘောထားအပြောင်းအလဲတို့သည် ကျောက်ရှန်းကျူထင်မှတ်နေသည့်အရာနှင့် သေချာပေါက်ကွဲပြားပေသည်။

သို့သော် ဤအရာများကိုထုတ်ပြောစရာမလိုပေ။

"လာလာလာ၊မြန်မြန်ထိုင်လိုက်။ မင်းဘယ်လိုနေသေးလဲ။ မင်းရဲ့အခြေအနေကပြန်ကောင်းလာပြီလား။"

ကျောက်ရှန်းကျူမေးလိုက်၏။

ဝမ်ချောင်ကိုတောထဲမှကယ်တင်လာပြီး ဝမ်ကလန်ဆီပြန်ပို့ပြီးနောက် ကျောက်ရှန်းကျူ သူ့ဆီအလည်မသွားခဲ့ပေ။ သူ့ကဲ့သို့လေ့ကျင့်ရေးစခန်းနည်းပြဆရာတစ်ယောက်အတွက် ရှီဘုရင်၏ ယောင်ကလန်နှင့်စုန့်ဘုရင်၏ ဝမ်ကလန်တို့အကြားရှိ ပဋိပက္ခထဲကိုဝင်ပါရန်မှာ မသင့်တော်ပေ။

စစ်သားများသည် စစ်သားများဖြစ်ကြပြီး နိုင်ငံရေးကိစ္စရပ်များတွင် ဝင်မပါခြင်းက သူတို့အတွက်အကောင်းဆုံးဖြစ်ပေသည်။ ဤသည်က စစ်တပ်ထဲတွင်ရေးမထားသောစည်းမျဉ်းတစ်ခုလည်းဖြစ်၏။ တကယ့်စစ်သားစစ်စစ်များသည် နိုင်ငံရေးအရှုပ်အထွေးများမှဖြစ်နိုင်သမျှ ဝေးဝေးနေကြသည်။

ထို့အပြင်ဝမ်ချောင်ကို ဝမ်ကလန်ဆီပြန်ပို့ခြင်းကြောင့် သူအလည်သွားစရာမလိုဘဲ ကောင်းစွာဂရုစိုက်ခံရပေလိမ့်ဦးမည်။ ဤသည်က ကျောက်ရှန်းကျူစိတ်ပူမနေခဲ့ဘဲ ဝမ်ချောင်၏အခြေအနေကို မေးမြန်းရန်မသွားခဲ့ခြင်း၏ အကြောင်းအရင်းလည်းဖြစ်၏။

ဝမ်ကလန်ကဲ့သို့ ဝန်ကြီးများနှင့်စစ်သူကြီးတို့၏ အထက်တန်းကလန်တစ်ခုတွင် သူ့ကဲ့သို့စစ်ဖက်ဆိုင်ရာ နည်းပြဆရာတစ်ယောက်ထက် ပိုများသော အရင်းအမြစ်များ သေချာပေါက်ရှိပေမည်။

ဝမ်ချောင် ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီးပြန်ဖြေလိုက်၏။

"ကျွန်တော်အဆင်ပြေပါတယ်။ အခြေခံအားဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေမရှိဘဲ ကျွန်တော်အပြည့်အဝပြန်ကောင်းလာပါပြီ။"

ဝမ်ချောင်၏ဒဏ်ရာများသည် အဓိကအားဖြင့် ထိုမြှားဆီမှလာခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်တွဲပါလာသော ဖျက်ဆီးခြင်းစွမ်းအင်က သူ့ကိုဆိုးဆိုးဝါးဝါးထိခိုက်ခံစားစေခဲ့၏။

သာမန်လူတစ်ယောက်သည် နှစ်လ၊သုံးလအတွင်းပြန်ကောင်းလာနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ဝမ်ချောင်သည် ရွှေကိုယ်တွင်းအင်္ဂါများကိုဝယ်ယူခဲ့သောကြောင့် သူ့အရေးကြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည် သာမန်လူများထက် များစွာသန်မာကြသည်။

ထို့ကြောင့် မည်သည့်အခက်အခဲမျှမရှိဘဲ သူကိုယ်တိုင်ထလာရန် ဝမ်ချောင်အတွက် တစ်လပင်မကြာခဲ့ပေ။

"ဒါဆိုလည်းကောင်းတာပေါ့။ ငါတစ်ချိန်လုံးစိတ်ပူနေခဲ့တာ။ ဒါကြောင့်ဒီထက်ဝမ်းသာစရာမရှိတော့ဘူး။"

စကားပြောနေစဉ် ကျောက်ရှန်းကျူသူ့ကုလာထိုင်ဆီပြန်လာခဲ့သည်။ သူ၏ကြီးမားသောအင်္ကျီလက်ကို တစ်ချက်လှုပ်လိုက်ခြင်းနှင့် အတူမြှားတစ်စင်းကဲ့သို့ အရိပ်တစ်ခုက ဝမ်ချောင်ဆီပျံသန်းလာခဲ့သည်။

ဝမ်ချောင်၏လက်က ၎င်းကိုအလိုလိုဖမ်းယူလိုက်မိ၏။ သူငုံ့ကြည့်လိုက်သည်နှင့် ၎င်းကကျည်တောက်ထဲ လိပ်ထည့်ထားသော စာအုပ်တစ်အုပ်ဖြစ်သည်ကိုတွေ့လိုက်ရသည်။

ထိုစာအုပ်သည် ဖွင့်မထားသော်လည်း ဝမ်ချောင်အရှေ့ဖက်ရှိ "ဆည်းဆာရောင်မြင်းလား" ဟူသော စကားလုံးများကိုမြင်နိုင်သေး၏။ သူချက်ချင်းတောင့်တင်းသွားခဲ့သည်။ မျှော်လင့်ထားသကဲ့သို့ပင် ကျောက်ရှန်းကျူ၏အသံကသူ့နားထဲ ထွက်ပေါ်လာခဲ့၏။

"လေ့ကျင့်ရေးစခန်းမစ်ရှင်။ မင်းဒီမှာမရှိခဲ့ပေမယ့် ငါတို့တွေစည်းကမ်းချက်တွေကို သဘောတူညီခဲ့ကြတယ်။ ဒါကမင်းလိုချင်နေတဲ့ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းပဲ။ အဲဒါကိုယူလိုက်ပြီး ကောင်းကောင်းလေ့လာပါ။ မင်းနားမလည်တဲ့အရာရှိရင် ငါ့ကိုလာမေးလို့ရတယ်ဆိုပေမယ့် အများကြီးမမျှော်လင့်ထားနဲ့ပေါ့။ ဒီနည်းစနစ်ကကျင့်ကြံဖို့တအားခက်တယ်လို့ ဆိုထားတယ်။ ငါလည်းပဲအဲဒါကိုအရင်က မကျင့်ခဲ့ဖူးတာကြောင့် ငါမင်းကိုအများကြီးညွှန်ပြနိုင်မှာမဟုတ်ဘူး။"

"ကျေးဇူးအများကြီးတင်ပါတယ်ဆရာ"

ဝမ်ချောင်အူမြူးနေပေ၏။ တခဏချင်းမှာပင် သူ့လက်ထဲ၌အလေးချိန်ကြီးတစ်ခုရှိနေသကဲ့သို့ သူခံစားလိုက်ရသည်။ သူသည်စွန့်စားမှုကြီးတစ်ခုကို လက်ခံခဲ့ပြီး တောထဲတွင်သေလုနီးပါးဖြစ်ခဲ့ရသော်လည်း နောက်ဆုံးတွင် တန်ဖိုးအကြီးဆုံးနှင့်တစ်ချိန်တည်းမှာပင် လေ့ကျင့်ရေးစခန်းတစ်ခုလုံး၌ အလျှော့တွက်ခံထားရဆုံးနည်းစနစ်ကိုသူရရှိနိုင်ခဲ့သည်။

သူ့ယခင်ဘဝတွင် ဆည်းဆာရောင်မြင်းလားချီစက်ကွင်းသည် လေ့ကျင့်ရေးစခန်းတွင်လျစ်လျူရှုထားခံခဲ့ရပြီး စင်စစ်အားဖြင့်မည်သူမျှမလေ့လာခဲ့ကြပေ။ သို့သော် သူ့ယခင်ဘဝ၌မည်သူမျှမလုပ်နိုင်ခဲ့သော အရာတစ်ခုကိုနောက်ဆုံးတွင် သူလုပ်နိုင်ခဲ့သည်။

ဆည်းဆာရောင်မြင်းလားချီစက်ကွင်းသည် နောက်ဆုံးတွင်သူ့ဆီရောက်လာခဲ့ပြီဖြစ်သည်။

ဤခဏတွင် သူ့နှလုံးသားကပျော်ရွှင်စွာခုန်ပေါက်နေစဉ် ဝမ်ချောင်သူ့လက်ထဲရှိစာအုပ်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။

သူဆည်းဆာရောင်မြင်းလားချီစက်ကွင်းကို သိမ်းလိုက်ပြီးနောက် ရုတ်တရက်မေးလိုက်၏။

"ဟုတ်သားပဲဆရာ၊ အဲဒီအချိန်က ဆရာရောက်လာတော့ လူအုပ်စုတွေကိုတွေ့လိုက်သေးလား။"

"ဘာမှားလို့လဲ။"

ကျောက်ရှန်းကျူ၏နဖူးမြင့်တက်သွားခဲ့ကာ ဤမေးခွန်းကိုမေးလိုက်သည်။ ဝမ်ချောင်၏မေးခွန်းကတစ်ခုခုကို သွယ်ဝိုက်၍ပြောနေပုံရ၏။ သူတစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်းအာရုံခံမိပေသည်။

ဝမ်ချောင်ဘာကိုမှဖုံးကွယ်မထားခဲ့ဘဲ သူမြေအောက်၌ပုန်းအောင်းနေခဲ့စဉ် သူခံစားခဲ့ရသည့်အရာများကိုရှင်းပြလိုက်သည်။ ထိုနေ့ကသူ့နောက်လိုက်နေခဲ့ကြသည်မှာ လူတစ်စုဖြစ်သော်လည်း ထို့နောက်တွင်ဖြစ်ပျက်သွားသည့်အရာက အခြားအုပ်စုများရှိခဲ့ကြောင်း ထင်ရှားနေခဲ့သည်။

ဤလူအားလုံးတို့သည် သူ့ကိုပစ်မှတ်ထားနေခဲ့ကြသော်လည်း အုပ်စုတစ်စုစီတွင် သူ့ကိုယ်ပိုင်နည်းလမ်းများရှိခဲ့ကြပြီး သူတို့ကအတူတကွမဟုတ်ကြသည်မှာ ရှင်းလင်းနေပေသည်။ ထို့အပြင်လူအရေအတွက်က အုပ်စုနှစ်စု သာမက ကြောင်းဖော်ပြနေခဲ့သည်။

ရှီဘုရင်နှင့်ယောင်ကလန်တို့အား ထည့်တွက်လိုက်သောအခါ၌ပင် ဤအုပ်စုများက ဘယ်ကလာခဲ့သလဲဆိုသည်ကို ဝမ်ချောင်သဘော မပေါက်နိုင်ခဲ့ပေ။

'ရှီဘုရင်နဲ့ယောင်ကလန်တို့က တစ်ဖွဲ့တည်းဖြစ်ကြတာရှင်းလင်းနေတယ်မဟုတ်လား။ သူတို့က ဘာလို့အုပ်စုနှစ်ခုခွဲဖို့လိုအပ်ခဲ့တာလဲ။'

ပြန်ရောက်လာပြီးနောက် ဝမ်ချောင်ထိုနေ့ကကိစ္စများကို လေးလေးနက်နက်စတင်တွေးတောခဲ့ပြီး သူပိုတွေးလေလေပို၍ထူးဆန်းလာလေလေပင်။ ထိုအချိန်ကသူ့ခန္ဓာကိုယ်အခြေအနေက သူ့အားလေ့လာနိုင်စွမ်းမရှိဖြစ်စေခဲ့သည်မှာ နှမြောစရာကောင်းလှသည်။

"ဒါက..."

ဝမ်ချောင်၏ပြန်ပြောပြချက်ကိုကြားပြီးနောက ်ကျောက်ရှန်းကျူ၏နဖူးကြောများ တွန့်သွားခဲ့ပြီးပြောလိုက်သည်။

"ငါတို့လည်း မင်းပုန်းနေတဲ့နေရာကိုစစ်ဆေးခဲ့ကြတယ်။ မြေပေါ်မှာရှိတဲ့ခြေရာတွေက အရမ်းရှုပ်ထွေးနေခဲ့ကြပြီး လူအုပ်စုတစ်စုထက်ပိုနိုင်တယ်။ ဒါ့အပြင် ငါတို့က မင်းတွေးထားတာထက်ပိုစောပြီး လှုပ်ရှားခဲ့ကြတယ်။ အဲဒီအချိန်အတောအတွင်းမှာ ငါတို့တကယ်ပဲတခြားလူတွေကို တွေ့ခဲ့ကြပေမယ့် ငါတို့ကသူတို့နဲ့တော်တော်လေးအလှမ်းဝေးနေခဲ့ကြပြီး အဲဒီလူတွေ ငါတို့ကိုမြင်လိုက်တဲ့ခဏမှာ သူတို့ကသူတို့ရဲ့အကွာအဝေးကို စတင်ထိန်းလိုက်ကြတယ်။ အဲမှာအနီးကပ်ကြည့်ရှုဖို့အခွင့်အရေးမရှိခဲ့ဘူး။"

ကျောက်ရှန်းကျူလေးနက်သောအမူအရာတစ်ခုကို ဖော်ပြလိုက်၏။

ဝမ်ချောင်ကိုချောင်းမြောင်းတိုက်ခိုက်မှုသည် ရိုးရှင်းသောလုပ်ကြံမှုတစ်ခုဖြစ်ပုံပေါ်သော်လည်း ဝမ်ချောင်၏ပြန်ပြောပြချက်က ကိစ္စများကိုပြောင်းလဲသွားစေခဲ့သည်။

သို့သော် ဤကိစ္စကနိုင်ငံရေးအရှုပ်အထွေးများနှင့် ပတ်သက်လာသောအခါ စစ်သားစစ်စစ်တစ်ယောက်ဖြစ်သည့် ကျောက်ရှန်းကျူသည်လည်း ခေါင်းကိုက်သွားခဲ့ရသည်။ သူ့ကျောင်းသားများကိုလေ့ကျင့်ပေးရန် ညလယ်ခေါင်တွင် ကျားများကိုစေလွှတ်ရန်သူကြံဆနိုင်ခဲ့သော်လည်း ဤကဲ့သို့ရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာများသည် သူကူညီချင်ခဲ့သော်လည်း သူ့ကိုမတတ်နိုင်ဖြစ်စေခဲ့သည်။

"ဒါပေမယ့် မင်းပြောခဲ့တဲ့အဲဒီမြှားကိုငါရှာတွေ့ခဲ့တယ်။"

ကျောက်ရှန်းကျူရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ဝမ်ချောင်၏အံ့အားသင့်နေသောအကြည့်အောက်တွင် အခန်း၏နံရံသို့လျှောက်သွားလိုက်ပြီး လျှို့ဝှက်အခန်းလေးကိုဖွင့်လိုက်ကာ တိကျသောပစ္စည်းတစ်ခုကိုနှိုက်ယူလိုက်သည်။

"မြှားခေါင်းတစ်ခုလား"

ဝမ်ချောင် ကျောက်ရှန်းကျူ၏လက်ထဲရှိပစ္စည်းကို သံသဖြင့်ကြည့်လိုက်သည်။ ၎င်းသည်လက်တစ်ဆစ်လောက်ရှည်သော အနက်ရောင်မြှားခေါင်းတစ်ခုဖြစ်သည်။

"ငါတို့ ဒါကိုသူတို့မင်းကိုတိုက်ခိုက်ခဲ့တဲ့နေရာမှာရှာတွေ့ခဲ့တာ။ အဲဒါကမြှားခေါင်းလေးတစ်ခုပဲ။ မြှားရဲ့ကျန်အပိုင်းတွေကို တခြားတစ်ယောက်ယောက်က ယူသွားခဲ့ပြီ။ အဲနေရာကိုခေါက်တုံ့ခေါက်ပြန်ရှာဖွေပြီးနောက်မှသာ ငါတို့ဒီမြှားခေါင်းကိုရလာခဲ့တာ၊ ဒါကမင်းဒဏ်ရာရခဲ့တဲ့နေရာကနေ ကျန့်တစ်ဆယ်အကွာအဝေးမြေစာက နေတူးဖော်ရရှိခဲ့တာပဲ။ မင်းရဲ့နေရာကိုရှာဖွေဖို့အဲနေရာကို ငါတို့မရှာဖွေခဲ့ရင် ငါတို့ဒါကိုလုံးဝရှာတွေ့နိုင်ခဲ့မှာမဟုတ်ဘူး။ ငါတို့ရဲ့မှန်းဆချက်တွေအရ ဒါကမင်းကိုဒဏ်ရာအပြင်းအထန်ရစေခဲ့တဲ့ အဲဒီသံမဏိမြှားရဲ့ကြွင်းကျန်ရစ်တဲ့မြှားခေါင်းဖြစ်ရမယ်။"

ကျောက်ရှန်းကျူလျှောက်လာခဲ့ပြီး ထိုမြှားခေါင်းအား ဝမ်ချောင်ကိုပေးလိုက်သည်။

ဝမ်ချောင်လေးနက်တည်ငြိမ်စွာ ထိုမြှားခေါင်းကိုစစ်ဆေးလိုက်၏။ အခြေခံအားဖြင့်မြှားရိုးတွင်ဘာမှမကျန်တော့ပေ။ သူ့လက်ထဲရှိတစ်ခုတည်းသောအရာမှာ ဗလာကျင်းနေသည့်အနက်ရောင်မြှားခေါင်းသာဖြစ်သည်။

ပထမအကြည့်တစ်ချက်တွင် ဤမြှားသည်အလွန်သာမန်ဆန်ပုံရပြီး အခြားမြှားခေါင်းများနှင့်ဘာမှမကွဲပြားပေ။ သို့သော်ဂရုတစိုက်စစ်ဆေးလိုက်သောအခါ ဝမ်ချောင်ကွဲပြားမှုကိုသတိပြုမိလိုက်သည်။

ထိုမြှားခေါင်း၏မျက်နှာပြင်တွင် သေးငယ်သည့်အရေးအကြောင်းအနည်းငယ်ရှိကာ မှော်စာလုံးများ၏အကြွင်းအကျန်များဖြစ်ကြသည်။ ထိုမြှားခေါင်း၏ နက်မှောင်မှုနှင့်ဤလက္ခဏာများ၏ သေးငယ်မှုတို့ကသူတို့အားသတိပြုမိရန် အလွန်ခက်ခဲစေလေသည်။

ဤသည်က အကုန်မဟုတ်ပေ။ ဝမ်ချောင်၎င်းကိုနောက်တစ်ကြိမ်ဂရုတစိုက်စစ်ဆေးလိုက်ပြီး အခြားမမျှော်လင့်ထားသောရှာဖွေတွေ့ရှိမှု အနည်းငယ်ကိုတွေ့လိုက်ရသည်။ ထိုမြှားခေါင်းကိုအလွန်ကောင်းမွန်သော ပစ္စည်းများမှပြုလုပ်ထားခဲ့၏။ ၎င်းကိုသေချာပေါက်သန့်စင်ထားသော သာမန်သံမဏိမှပြုလုပ်ထားခြင်းမဟုတ်ပေ။ ရွှမ်သတ္တုမှပြုလုပ်ထားခဲ့ခြင်းလည်းမဟုတ်ပေ။ ၎င်းကို ကျောက်စိမ်းရိုင်းသံမဏိကဲ့သို့သော သတ္တုမှပြုလုပ်ထားခဲ့ခြင်းမဟုတ်သည်မှာ သေချာပေ၏။

ဝမ်ချောင်သည် ကျောက်စိမ်းရိုင်းသံမဏိဓားအတော်များများကို ထုလုပ်ခဲ့ဖူးသောကြောင့် ယခုတွင်သတ္တုအလေးချိန်ကို အလွန်အာရုံခံစားနိုင်ပေသည်။

ဤအချိန်တွင် ကျောက်စိမ်းရိုင်းသံမဏိကို သူမှသာရရှိနိုင်ပြီး အခြားသူများရရှိရန်မဖြစ်နိုင်ပေ။ ထို့ကြောင့်ဤသတ္တု၏အရည်အသွေးသည် ကျောက်စိမ်းရိုင်းသံမဏိထက် နိမ့်ကျသည်မှာရှင်းလင်းပေသည်။

အလေးချိန်အပေါ်အခြေခံ၍ ဤသတ္တု၏အရည်အသွေးသည် သန့်စင်ထားသောသံမဏိနှင့်ရွှမ်သတ္တုကြားရှိသည်ကို ဝမ်ချောင်ခံစားနိုင်ပေသည်။ ၎င်းသည်ရွှမ်သတ္တုနှင့်အလွန်နီးစပ်သော်လည်း ကွဲပြားမှုတစ်စုံတစ်ရာလည်းရှိသေး၏။ ၎င်းသည်အခြားအရာများပါဝင်နေပုံရသည်။

“မင်းပြန်လည်ကုစားနေတဲ့အချိန်တုန်းက ငါတို့အဲဒါကိုဂရုတစိုက်စစ်ဆေးခဲ့ကြတယ်။ ဒီမြှားကိုသန့်စင်ထားတဲ့သံမဏိ၊ ရွှမ်သတ္တု၊အခြားကောင်းမွန်တဲ့သတ္တုအမှုန်တွေနဲ့ ရောနှောပြီးပြုလုပ်ထားတာပဲ။ ဒီမြှားကိုယ်တိုင်ကလည်း အထူးကောင်းမွန်တဲ့ထုလုပ်ခြင်းလုပ်ငန်းစဉ်ကို ကြုံတွေ့ခဲ့ရပြီးမြှားခေါင်းရဲ့အတွင်းပိုင်းကို တော်တော်လေးချောင်ချိနေစေတယ်။ မင်းလည်းဒါကိုသတိပြုမိမယ်ထင်တယ်။"

ကျောက်ရှန်းကျူ ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။

ဝမ်ချောင်ခေါင်းညိတ်လိုက်၏။ အမှန်ပင်။ ဤမြှားခေါင်းကရွှမ်သတ္တုစစ်စစ်မြှားခေါင်းများထက် အနည်းငယ်ပေါ့ပါးနေသည်ကို သူသတိပြုမိခဲ့ပြီးဖြစ်သည်။

"ဒီနည်းလမ်းကမြှားရဲ့ကြံ့ခိုင်မှုကို သေချာပေါက်လျော့ကျစေလိမ့်မယ်။ ဒါကြောင့်ပဲဒီမြှားကမာကြောတဲ့အရာကို ထိမှန်တဲ့အခါမြှားကကွဲထွက်သွားလိမ့်မယ်။ မြှားခေါင်းကမြှားတံကနေကွဲထွက်သွားလိမ့်မယ်ဖြစ်ပြီး သူတို့ကမတူညီတဲ့နေရာတွေမှာ ရောက်သွားကြလိမ့်မယ်။"

"ဒါကအကုန်မဟုတ်သေးဘူး။ ဒီနည်းကမြှားကိုဖြတ်ပြီး ကြယ်တာရာစွမ်းအင်လှည့်ပတ်မှုတွေရဲ့အရှိန်ကို အကြီးအကျယ်တိုးတက်စေလိမ့်မယ်၊ ဒါကလေးသခင်တွေကို သူတို့ရဲ့ခွန်အားကိုပိုမိုကောင်းမွန်အောင်ထုတ်ဖော်ဖို့နဲ့မြှားရဲ့ထိခိုက်မှုစွမ်းအားကို တိုးလာစေလိမ့်မယ်။ အတိုချုပ်ပြောရရင် ဒါကရန်သူရဲ့အရေးကြီးအစိတ်အပိုင်းတွေကို ထိုးဖောက်ဖို့မြှားရဲ့ထက်မြမှုအပေါ်မူတည်နေတဲ့ သာမန်မြှားတွေနဲ့မတူဘဲ ထိခိုက်ဒဏ်ရာတွေရစေဖို့ လေးသခင်ရဲ့ကြယ်တာရာစွမ်းအင်အပေါ်မူတည်နေတဲ့ ထူးခြားတဲ့မြှားနည်းစနစ်တစ်ခုပဲ။"

"ဒီလိုမြှားမျိုးနဲ့တိုက်ခိုက်ခံခဲ့ရရင် အရေးကြီးအစိတ်အပိုင်းမဟုတ်ခဲ့ရင်တောင် တစ်ယောက်ကတော်တော်လေးပြင်းထန်တဲ့ဒဏ်ရာရသွားဦးမယ်လို့ ငါထင်တယ်။ ပြီးတော့ဒီလိုနည်းစနစ်မျိုးကို ကျွမ်းကျင်တဲ့တစ်ယောက်ယောက်က သာမန်လေးသခင်မဟုတ်ဘူး။ ငါတို့ကငါတို့ရဲ့စစ်ဆေးမှုတွေကို ဒီကနေစလိုက်ရင်ဒီမြှားနဲ့မင်းကိုပစ်ခဲ့တာဘယ်သူလဲဆိုတာ ငါတို့သေချာပေါက်ရှာဖွေဖော်ထုတ်နိုင်တယ်။"

ကျောက်ရှန်းကျူနောက်ဆုံးတွင် သူ့သုံးသပ်ချက်ကိုပေးလိုက်သည်။

ဤအတောအတွင်း သူအေးအေးလူလူထိုင်မနေခဲ့ပေ။ သူဤမြှားခေါင်းမှသဲလွန်စများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဤသဲလွန်စများအပေါ်အခြေခံ၍ ဝမ်ချောင်အားချောင်းမြောင်းတိုက်ခိုက်ခဲ့သောပုဂ္ဂိုလ်ကို အတိအကျရှာဖွေနိုင်ခဲ့သည်။

ဝမ်ချောင်ဖော်ပြခဲ့သော မတူညီသည့်လူအုပ်စုနှစ်စု၊သုံးစုအနေဖြင့်သူအမှန်ပင်ဘာမှမသိပေ။

ဝမ်ချောင်တိတ်ဆိတ်နေ၏။ သူဖြစ်ပျက်နေသည့်အရာကိုသဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ထိုမြှားသည်အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းအပေါ်ချွန်ထက်နေစေသည့် မှော်စာလုံးများရေးထိုးထားခဲ့သော်လည်း တိဗက်မြင်းတပ်၏ နှလုံးခံတပ်မှန်ချပ်ကိုထိမှန်သွားခဲ့သည်။

တိဗက်မြင်းစစ်သည် သုံးရာတို့သည်အားလုံးချပ်ဝတ်တန်ဆာဝတ် မြင်းစစ်သည်များဖြစ်ကြသည်။ ခံစစ်အတွက် သူတို့သည်သူတို့၏ နှလုံးခံတပ်မှန်ချပ်များပေါ်တွင်ကြံ့ခိုင်စေသည့် မှော်စာလုံးများကို တစ်လွှာပြီးတစ်လွှာရေးထိုးထားခဲ့ကြသည်။

ထိုသတ္တုမြှားက သူ့နှလုံးခံတပ်မှန်ချပ်ကိုထိမှန်သွားသောအခါ ၎င်းသည်၎င်း၏ကိုယ်ပိုင်စွမ်းအားအောက်တွင် ကွဲထွက်သွားခဲ့သည်။ ဤအရာကြောင့်သာ ကျောက်ရှန်းကျူသည်မြှားခေါင်းကို ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။

ဤမြှားခေါင်းမှ သဲလွန်စများစွာကိုရှာတွေ့ခြင်းက ဝမ်ချောင်အတွက် မမျှော်လင့်ထားသောရိတ်သိမ်းမှုဖြစ်ခဲ့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်ဆရာ"

သူခွန်းဝူလေ့ကျင့်ရေးစခန်း၏ အဓိကတောင်ထိပ်ပေါ်ရှိထိုခန်းမထဲတွင် ကျောက်ရှန်းကျူနှင့်တခဏမျှစကားစမြည်းပြောပြီး နောက်နှုတ်ဆက်လိုက်ကာထွက်ခွာလိုက်သည်။ သူသည်အစစ်အမှန်သိုင်းပညာနယ်ပယ်အကြိုအဆင့်တွင် သောင်တင်နေခဲ့သည်မှာလုံလောက်အောင်ကြာသွားခဲ့ပြီဖြစ်သည်။ အကယ်၍ အရာအားလုံးအဆင်သင့်ဖြစ်ပါက သူသည်နောက်ဆုံးတွင် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ သူ့ချီတက်မှုကိုစတင်နိုင်ပြီဖြစ်သည်။

အဓိကတောင်ထိပ်မှထွက်ခွာလာပြီးနောက် ဝမ်ချောင်ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ တိုက်ရိုက်ပြန်လာလိုက်သည်။

ဝမ်ချောင်တွင် သူ့ကိုယ်ပိုင်အတွက်လေ့ကျင့်ရေးအခန်းငယ်တစ်ခုရှိ၏။ ထို့အပြင်လေ့ကျင့်ရေးစခန်းနှင့် မတူဘဲဓားသွားဖယ်ရှားခြင်းအိမ်တော်သည် သူ့အပိုင်ဖြစ်သည်။

ဤနေရာတွင် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ တက်ရောက်ခြင်းကပို၍ဘေးကင်းပေ၏။

"ဟွမ်ချန်အာ ငါ့ကိုစောင့်ကြပ်ပေးထား။"

ဤအရာကိုပြောပြီးနောက် ဝမ်ချောင်သူ့လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်လိုက်သည်။

ဝမ်ချောင်၏နှလုံးသားသည် ကျယ်လောင်စွာခုန်နေခဲ့ပြီး မျှော်လင့်ချက်ဖြင့် ပေါက်ကွဲနေခဲ့သည်။

ဆည်းဆာရောင်မြင်းလားချီစက်ကွင်းသည် နောက်ဆုံးတွင် သူ့လက်ထဲရောက်လာခဲ့ပြီဖြစ်သည်။

************************************

All Chapters