← Chapters

အခန်း (၄၀၆-၄၁၀)

Vol. 18 Ch. 406-410

အခန်း (၄၀၆-၄၁၀)

Vol. 18 Ch. 406-410

အပိုင်း ၄၀၆

နဂါးနက်ကျိုး၏ ရတနာမြေပုံ

ရက်အတော်ကြာပြီးနောက် လင်းယုန်များ တစ်ကောင်ပြီးတစ်ကောင်၊ သိမ်းငှက်များ တစ်ကောင်ပြီးတစ်ကောင်တို့သည် လေထဲမှ ပျံသန်းသွားခဲ့ကြပြီး ညကောင်းကင်ယံ၌ ခြေရာစွပ်ကြောင်းများ ချန်ထားခဲ့ကြကာ မြို့တော်သို့ ပျံသန်းသွားခဲ့ကြသည်။

"ဘယ်လို၊ လီစီယိ အောင်မြင်သွားခဲ့ပြီလား။ သူ နဂါးဓားပြတွေကို သတ်ဖြတ်ဖို့နဲ့ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ပြန်သိမ်းယူဖို့ သူ့ခွန်အားတစ်ခုတည်းကို အားကိုးခဲ့တာလား။"

သိမ်းငှက်မှတဆင့် လူအိုကြီးလင်းယုန်ငှက် ပို့လာခဲ့သော သတင်းများကို လက်ခံရရှိပြီးနောက် ဝမ်ချောင် သူ့မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် အလွန်အံ့အားသင့်သွားခဲ့သည်။

လီစီယိတွင် အောင်မြင်သွားရန် အခွင့်အရေးတစ်ခုရှိသည်ကို သူ သိထားသော်လည်း အသုံးပြုလိုက်သည့် နည်းလမ်းကို သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ လုံရှီ၊ ချီရှီနှင့် ပိုင်ထင်တို့မှ စစ်တပ်များ လမ်းတစ်ဝက်တွင် ရှိနေခဲ့ကြသေးသော်လည်း စုန့်ဘုရင်အိမ်တော်မှ ကျွမ်းကျင်သူများနှင့် လူအိုကြီးလင်းယုန်ငှက်တို့ လိုက်မမီကြသေးမီ လီစီယိသည် နဂါးဓားပြများအားလုံးကို အနိုင်ယူနိုင်ရန်နှင့် ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ပြန်လည်သိမ်းယူရန် သူ့ကိုယ်ပိုင် ခွန်အားကိုသာ အားကိုးခဲ့သည်။

ဝမ်ချောင်သည် ဒုက္ခများစွာ ခံခဲ့ရပေ၏။ ဝမ်ကလန်၏ အင်အားကို စုစည်းရန် ဦးကြီးကို ရှာဖွေခြင်းနှင့် ထို့နောက် စစ်မှုထမ်းဌာနကို အသုံးချရန် စုန့်ဘုရင်နှင့် ယန်ကျိုးတို့ကို ဆက်သွယ်ခဲ့ရသော်လည်း ဤအရာအားလုံးတို့သည် အသုံးမဝင်ဖြစ်သွားခဲ့ရသည်။

လီစီယိတစ်ယောက်တည်းက နဂါးဓားပြများကို အဆုံးသတ်ခဲ့ပေ၏။

"ဒီလူက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။"

ဝမ်ချောင် ဝိဉာဉ်သွေးကြောတောင်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး သူ့လက်က လူအိုကြီးလင်းယုန်ငှက်၏ စာလွှာကို ဆုပ်ကိုင်ထားခဲ့သည်။ သူ့စိတ်သည် ဗလာကျင်းနေခဲ့ပြီး သူသည် စကားပြောရုံမျှ ပြောနိုင်လောက်အောင်အထိ အလွန်အံ့ဩနေခဲ့သည်။

ထိုသည်မှာ နဂါးဓားပြထောင်ချီဖြစ်၏။ အနောက်ပိုင်းလမ်းမများ၏ အသန်မာဆုံး ဓားပြအားလုံးတို့သည် အခြေခံအားဖြင့် နဂါးနက်ကျိုး၏ လက်အောက်တွင် စုဝေးနေခဲ့ကြသည်။

စစ်တပ်ဝေါဟာရအရ နဂါးနက်ကျိုး၏ နဂါးဓားပြများသည် စစ်သည်အရေအတွက် ၄၀၀၀ မှ ၆၀၀၀ အထိပါဝင်သော စစ်တပ်တစ်တပ်နှင့် ညီမျှပေသည်။

လီစီယိသည် နက်နဲသိမ်မွေ့သော သိုင်းအဆင့် ၇ နဂါးနက်ကျိုးနှင့် ထို့အတူ နဂါးဓားပြထောင်ချီကို အနိုင်ယူရန် သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးခဲ့ပေသည်။

ဝမ်ချောင် ၎င်းကို မယုံကြည်နိုင်ရုံပင်။

ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ဖြစ်သည်။ အားလုံးပြီးနောက် လီစီယိသည် သူ့နောက်ဆုံးဘဝမှ ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးအဆင့်သို့ရောက်ရန် အဝေးကြီးလိုနေသေးသည်။

ဝမ်ချောင် လူအိုကြီးလင်းယုန်ငှက်ဆီသို့ စာလွှာအတော်များများ ရေးခဲ့သော်လည်း ပိုများသော အချက်များကပင် လမ်းတစ်ဝက်တွင် ရှိနေသေးသည်။

ရက်အနည်းငယ်ကြာပြီးနောက် လူအိုကြီးလင်းယုန်ငှက် ဝိဉာဉ်သွေးကြော တောင်တန်းသို့ ရောက်လာခဲ့သည်။ ထိုအဖြစ်အပျက်ပြီးကတည်းက တစ်ပတ်ရှိသွားခဲ့ပြီဖြစ်သော်လည်း အလွန်အမင်းအံ့အားသင့်မှုကို သူ့မျက်နှာပေါ်တွင် ထင်ထင်ရှားရှား မြင်နိုင်သေးသည်။

"ဘယ်လိုတွေ ဖြစ်သွားခဲ့တာလဲ။"

ဝမ်ချောင် မေးလိုက်၏။

"နဂါးနက်ကျိုးက သေသွားခဲ့ပြီး နဂါးဓားပြတွေက ပျက်စီးသွားခဲ့ကြပြီ။ မစ်ရှင်က လုံးဝ အောင်မြင်သွားခဲ့ပြီ..."

လူအိုကြီးလင်းယုန်ငှက် သက်ပြင်းရှိုက်လိုက်ပြီး သူ့မျက်နှာက အလွန်အံ့အားသင့်နေခဲ့သေးသည်။

သတင်းကို လက်ခံရရှိလိုက်သည့် အခိုက်တွင် သူသည် မြို့တော်သို့ နေ့နေ့ညညခရီးနှင်ခဲ့ကာ အမြန်ဆုံးပြန်ရောက်လာနိုင်ရန် မြင်းများကို ဆက်တိုက် ပြောင်းလဲခဲ့သည်။

လူအိုကြီးလင်းယုန်ငှက်သည် သတင်းကို လက်ခံရရှိသည့် ပထမဆုံးလူဖြစ်ခဲ့ပြီး ထိုနေရာတွင် ဆက်လက်စောင့်ကြည့်ရန် ငှက်အနည်းငယ်ကိုပင် ချန်ထားခဲ့ပေသည်။ ဤကိစ္စသည် လူအိုကြီးလင်းယုန်ငှက်ကို ဝမ်ချောင်ထက်မနည်းသည် အံ့အားသင့်မှုမျိုးဖြင့် အံ့အားသင့်သွားစေခဲ့ပေသည်။

"စစ်မှုထမ်းဌာနက စစ်တပ်တွေ ရောက်လာတဲ့အခါ နေရာတစ်ခုလုံးက အလောင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ သူတို့က နေရာတိုင်းမှာဖြစ်ပြီး သူတို့အားလုံး နှစ်ပိုင်းဖြတ်ခံထားခဲ့ရတယ်။ ကန္တာရထဲမှာရှိတဲ့ သဲတွေကတောင် အနီရောင်ဖြစ်သွားခဲ့တယ်။ မြေပြင်က အက်ကြောင်းတွေ၊ ကျောက်တုံးကြီးတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ အဲဒါက မယုံနိုင်စရာကောင်းလောက်အောင် အော့နှလုံးနာစရာမြင်ကွင်းတစ်ခုပဲ..."

လူအိုကြီးလင်းယုန်ငှက်တွင်လည်း လုံရှီ၊ ပိုင်ထင်နှင့် ချီရှီတို့မှ တပ်ဖွဲ့များတွင် မျက်စိနှင့် နားများ ရှိပေသည်။ ဤအရာများကို ဝမ်ချောင်က စီစဉ်ထားခဲ့ပြီး သူတို့အားလုံး လူအိုကြီးလင်းယုန်ငှက်ကို နာခံကြကာ သူ့အား အချက်အလက်များကို အလွယ်တကူ ရရှိစေသည်။

လက်ရှိတွင် လူအိုကြီးလင်းယုန်ငှက်သည် သူသိသမျှ အချက်အလက်အားလုံးကို ပြည့်ပြည့်စုံစုံ ပြန်၍ ဖောက်သယ်ချနေခဲ့သည်။

ဝမ်ချောင် ဘာမှ မပြောခဲ့ဘဲ လူအိုကြီးလင်းယုန်ငှက် ဖောက်သယ်ချသည်ကို အံ့အားသင့်စွာ နားထောင်နေခဲ့သည်။ သူကြားလိုက်ရသည်မှာ ထိုတိုက်ပွဲတွင် တိုက်ခိုက်သည့် ဗျူဟာပင်ဖြစ်သည်။ လီစီယိသည် စစ်တပ်တွင် အရာရှိငယ်လေးမျှသာဖြစ်ပြီး မည်သည့်အရေးကြီးတိုက်ပွဲတွင်မျှ မပါဝင်ခဲ့ရသေးပေ။ သို့သော် တစ်ယောက်သည် ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီး၏ စတိုင်ကို မြင်နိုင်နေပြီဖြစ်သည်။

လူအိုကြီးလင်းယုန်ငှက် ယခုလေးတင် ဖော်ပြလိုက်သော မြင်ကွင်းများသည် ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးအဖြစ် လီစီယိဦးဆောင်မည့် စစ်တပ်နှင့် လိုက်လျောညီထွေဖြစ်ကြောင်း ဝမ်ချောင် သူ့စိတ်ထဲတွင် သိပေသည်။

သူတို့၏ တိုက်ခိုက်မှုသည် အတိုက်အခံများကြားမှ တိုးဝင်ဖြတ်ကျော်ပြီး အားသွန်ခွန်စိုက် တိုက်ခိုက်ကာ ၎င်းတို့၏ ပြိုင်ဘက်များ မည်မျှပင် များပြားပါစေ ဆုတ်ခွာသွားခြင်း မရှိခြင်းတို့အပေါ် အဓိက အားကိုးသည်။

လီစီယိသည် ဤတိုက်ပွဲတွင် အတိအကျပင် ဤသို့သော တိုက်ခိုက်မှုပုံစံကို ထုတ်ဖော်ပြသခဲ့ပေသည်။

"ဒါက ကံကြမ္မာပဲ"

ဝမ်ချောင် သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။ လီစီယိသည် သူ့နောက်ဆုံးဘဝမှ ဖြတ်ကျော်၍မရနိုင်သော မဟာစစ်သူကြီး ဖြစ်မလာခဲ့သေးသော်လည်း သူသည် သူ၏ ပြောင်မြောက်သော အမူအကျင့်များကို စတင်ပြသနေခဲ့ပြီဖြစ်သည်။

"... နောက်ပြီး ကျွန်တော် လီစီယိဆီက သတင်းရခဲ့တယ်။ သူပြောတာက သူဟာ နဂါးဓားပြကနေ ဆယ်ယောက်ကျော်တဲ့ လက်ရွေးစင်တွေကို လမ်းဟောင်းကို စွန့်လွှတ်ပြီး သူနဲ့ပူးပေါင်းဖို့ စည်းရုံးခဲ့တယ်တဲ့။ လက်ရှိမှာ သူ သူတို့ကို မြို့တော်ဆီ ဦးဆောင်ခေါ်ပြန်လာနေတယ်။"

လူအိုကြီး လင်းယုန်ငှက် ထပ်ပြောလိုက်၏။

"အာ"

ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ ဤသတင်းသည် အမှန်ပင် သူ့မျှော်မှန်းချက်များထက် ကျော်လွန်နေခဲ့ပေ၏။

"ဒါက တကယ့်ကို သူ့စတိုင်ပဲ"

စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ဝမ်ချောင်၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာတစ်ခုရှိနေခဲ့သည်။

ဝမ်ချောင်၏ အမြင်တွင် လီစီယိ၏ 'ညို့ယူနိုင်စွမ်း' သည် သဘာဝလက်ဆောင်တစ်ခုဖြစ်သည်။ တပ်သားသိန်းချီပါဝင်နေသော ခါးသီးသည့် တိုက်ပွဲများတွင် ရန်သူက မည်မျှ ကြောက်မက်ဖွယ်ကောင်းနေပါစေ လီစီယိ၏ စစ်သည်များသည် ဘယ်တော့မှ နောက်မဆုတ်ခဲ့ကြပေ။

လီစီယိသည် အလွန်အားကောင်းသောကြောင့် သူကိုယ်တိုင် နောက်မဆုတ်ခဲ့ပါက အဆင်ပြေပေသည်။ သို့သော် ကြောက်ရွံ့ခြင်းမရှိဘဲ သူ့နောက် ခိုင်မာပြတ်သားစွာ ဆက်တိုက်လိုက်ပါနေခဲ့ကြသည့် စစ်သည်များမှာ သူ၏ ကိုယ်ပိုင်ဆွဲမှုကလွဲ၍ ဘာဖြစ်နိုင်ဦးမည်နည်း။

သူသည် ခုထိ ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီး ဖြစ်မလာခဲ့သေးသော်လည်း လီစီယိ၏ စွမ်းရည်များသည် ထင်ရှားနေခဲ့ကြပြီးဖြစ်သည်။

"ကံဆိုးတာပဲ။ မင်း အဲလိုလူတစ်ယောက်ကို တစ်ကယ်ပဲ လွှတ်ပေးလိုက်တော့မှာလား။"

မျက်နှာပေါ်တွင် နောင်တဖြင့် လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကို ကြည့်လိုက်သည်။

ဓားသွားဖယ်ရှားခြင်းအိမ်တော်ရှေ့တွင် ရန်ပွဲဖြစ်စေခဲ့သော ပိုင်ထင်မှနေ၍ ဝမ်ချောင် ပြောင်းရွှေ့ခေါ်ယူလိုက်သော လူ့ဘီလူးကြီးသည် ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်မည် ဟု သူ မသိထားခဲ့ပေ။

ဤသို့သော ရဲရင့်သည့် လူတစ်ယောက်... နဂါးနက်ကျိုးသည်ပင် အသတ်ခံခဲ့ရသည်။ ဤသို့သော လူတစ်ယောက်ကို လက်လွှတ်ရန်မှာ နှမြောစရာကောင်းလှသည်။

"အဲဒါနဲ့ ပတ်သက်ပြီး ငါ ဘာမှမတတ်နိုင်ဘူး။ မရိုးဖြောင့်တဲ့လူတစ်ယောက်က မအောင်မြင်နိုင်ဘူး။ ငါ ဒါကို သူ့ကို ကတိပေးထားခဲ့ပြီမို့ ငါ ကတိတည်ရမယ်။"

လူအိုကြီးလင်းယုန်ငှက် တွေးနေသည့်အရာကို ဝမ်ချောင် သိထားပြီး ထိုသို့သော အယူအဆများကို သူ ပယ်ချရမည်ဖြစ်ကြောင်း လက်ဝေ့ယမ်းပြလိုက်သည်။

လီစီယိ၏ နောက်ခံ သို့မဟုတ် ဂုဏ်သတင်းကို လူအိုကြီးလင်းယုန်ငှက် မသိထားခဲ့သောကြောင့် သူ့စွမ်းဆောင်ချက်များတွင် လူအိုကြီးလင်းယုန်ငှက် အံ့ဩမသွားရန်မှာ ခဲယဉ်းပေသည်။

သို့သော် ဤသို့သော ကိစ္စရပ်များသည် ဝမ်ချောင်အတွက် လျှို့ဝှက်ချက် မဟုတ်ခဲ့ကြပေ။

အချိန်တစ်ခုအထိ သူ့လက်အောက်တွင် အနာဂတ်ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးကို တာဝန်ထမ်းဆောင်စေရန်မှာ တော်တော်လေး ခက်ခဲနေခဲ့ပြီဖြစ်သည်။ ၎င်းမှာ ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေခဲ့ပြီဖြစ်၏။

"အဆုံးမှာ ဒီလိုအားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ထိန်းထားဖို့က မဖြစ်နိုင်ဘူး။"

ဝမ်ချောင် သူ့ဘာသာ တိတ်တဆိတ်ရေရွတ်လိုက်သည်။

အနာဂတ်တော်ဝင်မဟာစစ်သူကြီးများသည် ထိန်းထားရန် မလွယ်ကူကြပေ။ ဝမ်ချောင် ဤရလဒ်ကို တည်ငြိမ်စွာ လက်ခံရုံသာ တတ်နိုင်‌ပေသည်။

တစ်ယောက်သည် ကံကြမ္မာက ထိုမျှ အလွယ်တကူပြောင်းလဲ၍မရကြောင်းသာ ပြောနိုင်ပေသည်။

ဝမ်ချောင်အတွက် ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်ကို ပြန်လည်ရယူခြင်းက အံ့ဖွယ်ရတ်သိမ်းမှုဖြစ်နေခဲ့ပြီဖြစ်သည်။

ဤပြဿနာပြေလည်သွားပြီဖြစ်သောကြောင့် ဝမ်ချောင် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။

လူအိုကြီးလင်းယုန်ငှက်ကို ပြန်လွှတ်ပြီးနောက် ပျံလွှားနေသော နဂါးပညာရပ်ကို ဆက်လက်ကျင့်ကြံရန် ဝမ်ချောင် ဝိဉာဉ်သွေးကြော အနက်ပိုင်းသို့ ပြန်သွားခဲ့သည်။

ဆယ်ရက်ကျော်ကြာပြီးနောက် လီစီယိ မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။ သူနှင့်အတူ အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၇၊ ၈၊ ၉ တို့တွင် ရှိကြသည့် ဆယ်ယောက်ကျော်သော နဂါးဓားပြလက်ရွေးစင်များဖြစ်ကြသည်။

လီစီယိ သူနှင့်အတူ စင်ဒူဘုန်းကြီး အတော်များများကိုလည်း ခေါ်ပြန်လာခဲ့ပေ၏။

****

"ဒီဘုန်းကြီးတွေကို မင်းရဲ့အိမ်ကို ပို့လိုက်ပြီဖြစ်တာကြောင့် ငါ မင်းကို ကူညီပြီးသွားခဲ့ပြီ။ သူတို့အားလုံး ဒဏ်ရာရထားကြတယ်။ သူတို့ထဲက နှစ်ပါးက အားလော်ကျားနဲ့ အားလိုနိုတန်လို့ အမည်ရတယ်။ ကြည့်ရတာ သူတို့က မင်းကို သိကြပုံပဲ။"

ဝိဉာဉ်သွေးကြော တောင်တန်းပေါ်တွင် လီစီယိ၏ ရှည်လျားသော ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ ပုံပေါ်သည်။

ထိုခါးသီးသော တိုက်ပွဲသည် သူ့ကို စိတ်ပျက်စေရန် သို့မဟုတ် ပင်ပန်းစေရန် မဖြစ်စေခဲ့သည်သာမက သူ့ကို ပို၍ပင် တက်ကြွသွားအောင် အမှန်တကယ် ဖြစ်စေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အသုံးမပြုလိုက်ရသော အင်အားတစ်ချို့ပင် ကျန်ရှိပုံရ၏။

"ကျေးဇူးတင်ပါတယ်"

ဝမ်ချောင် ရိုးသားစွာ ပြောလိုက်သည်။ သူ ဤသတင်းကို လူအိုကြီးလင်းယုန်ငှက်၏ စာပို့ခိုဆီမှ သိထားခဲ့ပြီးဖြစ်သော်လည်း သူ သူ့ကျေးဇူးတင်မှုကို ဖော်ပြခဲ့သေးသည်။

"... ငါ အဲဒီသတ္တုရိုင်းတွေကိုလည်း မင်းရဲ့အိမ်ကို ပို့စေလိုက်တယ်။"

လီစီယိပြောလိုက်၏။

"မင်းရဲ့ အမိန့်အတိုင်း ငါ အဲဒီမှာ စောင့်ရှောက်ဖို့ လူအနည်းငယ် ချန်ထားခဲ့တယ်။"

"အင်း"

ဝမ်ချောင် ခေါင်းညိတ်လိုက်ကာ ဆေးလုံးအရွယ်အစားရှိသည့် အရာတစ်ခုကို သာမန် ပစ်ပေးလိုက်သည်။

"ဒါက မင်းအတွက်ပဲ"

"ဒါက ဘာလဲ"

ထိုပစ္စည်းကို အလိုလိုဖမ်းလိုက်ကာ လီစီယိ၏ မျက်လုံးများ အံ့အားသင့်စွာဖြင့် တောက်ပသွားခဲ့သည်။

"ဆေး"

ဝမ်ချောင် ပြောလိုက်၏။

"ဒီတစ်ကြိမ် မင်း တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့မှာပဲ။ အဲဒါကို မြိုလိုက်။ အဲဒါက ပုန်းကွယ်နေတဲ့ ဘယ်လို ဒဏ်ရာတွေကိုမဆို ဖြေရှင်းပေးနိုင်ယယ်။"

"ဟားဟား အဲဒါက သေးငယ်တဲ့ကိစ္စပါပဲ။"

လီစီယိ ရယ်မောလိုက်ပြီး အမှုမထားသလို လက်ဝေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်သည် အခြားသူများ၏ ခန္ဓာကိုယ်များထက် များစွာပို၍ အားကောင်းပြီး ရက်များစွာ ကြာပြီးနောက် သူသည် အခြေခံအားဖြင့် ပြန်ကောင်းလာခဲ့ပြီဖြစ်သည်။ ထိုသို့သော စိုးရိမ်မှုမျိုးသည် မလိုအပ်ပေ။

"ဂရုမစိုက်မလုပ်နဲ့။ ပုရွက်ဆိတ်ပေါက်လေးတစ်ခုက လီတစ်ထောင်နက်တဲ့ ကျွင်းတစ်ခုကို တူးနိုင်တယ်။ သေးငယ်တဲ့ဒဏ်ရာလေးတွေ စုလာတာက နောက်ဆုံးမှာ မင်းရဲ့ အသက်တောင် ပါသွားနိုင်တယ်။"

ဝမ်ချောင် သာမန်မျှ ပြောလိုက်သည်။

လီစီယိသည် အမှန်ပင် အားကောင်းသော်လည်း အားအကောင်းဆုံး လူများသည်ပင် ဒဏ်ရာရပေလိမ့်ဦးမည်။ သူ့နောက်ဆုံးဘဝတွင် အတိအကျပင် လီစီယိသည် သူ့ခံစစ်ပိုင်းကို လျစ်လျူရှုကာ ပုံမှန်ဂရုမစိုက်မှုနှင့်အတူ ပြင်းထန်စွာတိုက်ခိုက်သောကြောင့် ဒဏ်ရာမျိုးစုံနှင့် ဖုံးကွယ်ထားသောရောဂါများ စုဆောင်းမိသွားခဲ့သည်။ နောက်ဆုံးတွင် အရေးအကြီဆုံး အခိုက်အတန့်၌ တိုက်ပွဲမျှော်လင့်ချက်ဖြင့် သူ စိတ်လှုပ်ရှားနေခဲ့ချိန်တွင် သူ၏ စုဆောင်းမိထားခဲ့သော ဒဏ်ရာများအားလုံးတို့သည် တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာခဲ့ကြပြီး သူ့ကို သေခြင်းတရားဆီသို့ ဦးတည်သွားစေခဲ့သည်။

ဤဘဝတွင် လီစီယိကို သူ တွေ့ဆုံခဲ့ပြီဖြစ်သောကြောင့် သူတတ်နိုင်သည့် အရာကို ကြိုးစားပြောင်းလဲပေးနိုင်သည်။ လီစီယိအသက်ရှည်ကျန်းမာလေလေ တိုင်းပြည်ကြီး တည်တံ့လေလေပင်။

ဝမ်ချောင်သည် သူ့နောက်ဆုံးဘဝတွင် တစ်ယောက်တည်း တိုက်ပွဲဝင်ရသည့် ခံစားချက်ကို လုံလောက်နေပြီဖြစ်သည်။

"...ငါ့ဆီမှာ ဆေးလုံးတစ်အိတ်လည်း ရှိသေးတယ်။ အနာဂတ်မှာ တိုက်ပွဲငယ်တွေပြီးတဲ့အခါ ဆေးလုံးလေးကို သောက်ပါ။ အဓိက တိုက်ပွဲတွေပြီးတဲ့အခါ ဆေးလုံးကြီးကို သောက်ပါ။ အဲမှာ ဆေးလုံးကြီး သုံးလုံးရှိတယ်။ မင်းက မင်းကိုယ်မင်း ပုံမှန်ဂရုစိုက်သွားရင် နောက်ဆုံးမှာ အကျိုးအမြတ်ကို မင်း တွေ့ရလိမ့်မယ်။"

ဝမ်ချောင် ဆေးအိတ်ကို သူ့ဆီ ပစ်ပေးလိုက်သည်။

လီစီယိ တခဏမျှ အေးခဲသွားခဲ့သော်လည်း ဆေးအိတ်ကို လက်ခံရန် ရွေးချယ်ခဲ့သေး၏။

"ဟ မင်းက ငါ့ကို ဒီဆေးတွေ လာပေးနေတယ်၊ ဒါပေမယ့် ငါ့မှာလည်း မင်းအတွက် တစ်စုံတစ်ခုပေးဖို့ရှိတယ်။"

"အိုး"

ဝမ်ချောင် အံ့ဩသွားခဲ့၏။

"ငါ ဒါကို နဂါးနက်ကျိုးရဲ့ ကိုယ်ပေါ်က တွေ့ခဲ့တာ။ ဒါက သူ့ကိုယ်ပေါ်မှာ သိမ်းထားတဲ့ ကျောက်စိမ်းသတ္တာလေးထဲကပဲ။ ဒါက ရတနာမြေပုံဖြစ်ပုံရပေမယ့် ငါ ဒီလိုအရာတွေကို စိတ်မဝင်စားဘူး။ တကယ်လို့ မင်းစိတ်ဝင်စားရင် ကြည့်ကြည့်လို့ မမှားပါဘူး။ ဒါပေမယ့် မင်းရဲ့မျှော်လင့်ချက်တွေ ပုံအောမထားနဲ့။ ငါ့အမြင်အရ နဂါးနက်ကျိုးလည်း အများကြီး မတိုးတက်ခဲ့ဘူးလို့ ထင်တယ်။"

သူစကားပြောလိုက်သောအခါ လီစီယိ အိတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်ချောင်ဆီ ဖိနပ်စုတ်ကဲ့သို့ ပစ်ပေးလိုက်သည်။

"ရတနာမြေပုံလား"

ဝမ်ချောင် မျက်တောင်ခတ်လိုက်ကာ သူ့အံ့အားသင့်မှုက နက်ရှိုင်းလာခဲ့၏။ လီစီယိသည် ဤရတနာမြေပုံကို စိတ်မဝင်စားခဲ့ပါက သူက ဘာလို့ စိတ်ဝင်စားရမည်နည်း။

ချမ်းသာကြွယ်ဝမှုတွင် ဝမ်ချောင်သည် လက်ရှိတွင် ဘုရင်တစ်ပါးထက်(စုန့်ဘုရင်လို ဘုရင်) ချမ်းသာပေသည်။ အကယ်၍ ဝှက်ထားသော ရတနာအချို့ အမှန်ပင် ရှိခဲ့ပါက ၎င်းသည် ဝမ်ချောင်၏ လက်ရှိ ကြွယ်ဝမှုကို ယှဉ်နိုင်လောက်မည်မဟုတ်ပေ။

ထို့အပြင် ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်ကပင် အံ့မခမ်းပမာဏတစ်ခုဖြစ်ပြီး ကလန်ကြီးများစွာ နှစ်တစ်ရာ အလုပ်လုပ်ခဲ့လျှင်ပင် မရောက်နိုင်သည့် ပမာဏဖြစ်သည်။

သို့သော် နဂါးနက်ကျိုး လက်ထဲ အနီးကပ်သိမ်းဆည်းထားသည့် အရာတစ်ခုသည် ဝှက်ထားသော ရတနာတစ်ခုမျှ ရိုးရှင်းနိုင်မည်မဟုတ်ပေ။

"ဒါက ဘာလဲ"

စိတ်ဝင်စားသွားခဲ့ကာ ဝမ်ချောင် လီစီယိပစ်ပေးလိုက်သည့် အိတ်ကို ဖွင့်လိုက်သည်။ အထဲတွင် ရှိနေသည့်အရာကို မြင်လိုက်ရသောအခါ သူ အလွန်အံ့ဩသွားခဲ့၏။

အိတ်အတွင်းတွင် အမှန်တကယ်တော့ ဝမ်ချောင် မမြင်ဖူးသော တိရစ္ဆာန်အရေခွံအပိုင်းအစ၊ အတိုင်းအတာအရွယ်အစားအမျိုးမျိုးဖြင့် ဖုံးအုပ်ထားသော ရှေးသားရဲအချို့၏ အရေခွံဖြစ်သည်။

ဤတိရစ္ဆာန်အရေခွံအပိုင်းအစမှနေ၍ ပြင်းထန်သော စွမ်းအင်လှိုင်းများကို ဝမ်ချောင် ခံစားလိုက်ရသည်။ ထို့အပြင် တခဏမျှ ဝမ်ချောင်၏ စိတ်ဝိဉာဉ်သည် မယုံနိုင်စရာကောင်းသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရပေသည်။

"ဒါက ဘာလဲ"

ဝမ်ချောင် လက်ဆန့်ထုတ်လိုက်ပြီး မသိစိတ်ဖြင့် ထိုအနက်ရောင်တိရစ္ဆာန်အရေခွံကို ဆုပ်ကိုင်လိုက်မိသည်။

***********************************

အပိုင်း ၄၀၇

အထွတ်အထိပ်နှင့် ထာဝရ မူလအင်မော်တယ်ပညာရပ်

"ဒါက ချီလင်သားရေပဲ"

အမွှေးနံ့သာရနံ့သည် ဝိဉာဉ်သွေးကြောတောင်ပေါ်တွင် လွှင့်ပျံနေခဲ့သည်။ ခန်းမအလယ်တွင် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် စားပွဲပေါ်ရှိ အနက်ရောင်သားရေကို ကြည့်နေခဲ့ပြီး ဝမ်ချောင်ပင် မမျှော်လင့်ထားခဲ့သည့် အကဲဖြတ်ချက်တစ်ခုကို ပေးလိုက်သည်။

"ချီလင်သားရေလား၊ ငါကြည့်ကြည့်မယ်။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို စကားပြောလိုက်သည့်အခိုက်တွင် နူးညံ့သည့် လက်လေးတစ်ဖက်က စားပွဲဘေးမှနေ၍ ပြေးထွက်လာခဲ့ပြီး အနက်ရောင်သားရေဆီသို့ ဦးတည်သွားခဲ့သည်။

"မလုပ်နဲ့"

"သတိထား"

***

ဝမ်ချောင်နှင့် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုတို့၏ မျက်နှာများ လက်သွားခဲ့ကြသော်လည်း တစ်ခုခုပြုလုပ်ရန် သူတို့ အလွန်နောက်ကျသွားခဲ့ကြသည်။ ဝမ်ကလန်၏ မိန်းမငယ်လေးသည် အမြဲတမ်း စိတ်လိုက်မာန်ပါလုပ်သည့်လူဖြစ်ပြီး အမြဲတမ်း အနည်းငယ်မျှ သတိပေးခြင်း မရှိခဲ့ပေ။

ဝေါင်းးး

ခန်းမထဲရှိ စွမ်းအင်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဝမ်ချောင် အစောပိုင်းက ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းက ပြန်ပေါ်လာခဲ့သည်။ ဝမ်ရှောင်းယောင် သားရေကို ဆုပ်ကိုင်လိုက်သည့် တစ်ချိန်တည်းနီးပါးတွင် သားရဲတစ်ကောင်၏ ရက်စက်မှု၊ သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေသော အော်သံတစ်ခုက ခန်းမအတွင်း ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

မမြင်ရသည့် အကြင်နာတရားကင်းမဲ့သော စွမ်းအင်တစ်ခုက ပြင်းထန်သည့် လေပြင်းတစ်ခုကဲ့သို့ ခန်းမကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီး အတွင်းရှိ လူသုံးယောက်ကိုလည်း ရိုက်ခတ်သွားခဲ့သည်။

ပလုတ်

ဝမ်ရှောင်းယောင် သူမ၏ ဆုပ်ကိုင်ထားခြင်းကို ဖြေလျှော့လိုက်မိကာ ထိုသားရေက မြေပေါ်ကို ပြုတ်ကျသွားခဲ့၏။ သူမ၏ မျက်နှာသည် ကြောက်လန့်စွာ ဖြူလျော်နေခဲ့သည်။

"အဲဒါကို ပေါ့ပေါ့တန်တန်မထိဖို့ ငါ မင်းကို ပြောခဲ့တယ်။"

ဝမ်ချောင် ခါးသီးစွာပြုံးလိုက်၏။ သူ့ညီမငယ်လေးတွင် ထိုသို့ ကမူးရှူးထိုးပြုလုပ်တတ်သည့် သဘာဝရှိပေသည်။ ဤသားရေသည် တော်တော်လေး ဆိုးယုတ်လှ၏။ ဘေးတွင် ထိုင်နေရုံမျှဖြင့် သူနှင့် သူ့ဆရာတို့သည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခံစားခဲ့ကြရသည်။ ၎င်းကို တိုက်ရိုက်ကိုင်တွယ်ခြင်းဖြင့် သူ့ညီမငယ်သည် မည်သို့သော ရိုက်ခတ်မှုမျိုးကို ရရှိခဲ့သည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

"ကလေးဆိုးလေး မင်း ဒီလိုဆက်တဇွတ်ထိုးဆန်ပြီး စကားနားမထောင်ရင် အနာဂတ်မှာ မင်းရဲ့ဆရာကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို ဝမ်ကလန်၏ မိန်းမငယ်လေးကို ကြည့်လိုက်ကာ သူ့မျက်နှာပေါ်တွင် ခက်ထန်သည့် အမူအရာရှိနေသည်။

ဝမ်ရှောင်းယောင်သည် ဤအချိန်တွင် ပို၍ နာခံနေခဲ့ကာ စကားပင် မပြောရဲခဲ့ပေ။

သူမတွင် ဝမ်ချောင်ပင် မကိုင်တွယ်နိုင်လောက်အောင် ကလန်ကဆန်ပြုသည့် စရိုက်ရှိသော်လည်း သူမ မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုကို အလွန်အမင်းကြောက်ပေသည်။ ထို့အပြင် ဤအချိန် ချီလင်သားရေမှ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် သူမကို အမှန်ပင် ရိုက်ခတ်သွားခဲ့ပြီး သူမ ပြန်ကောင်းမလာခဲ့သေးပေ။ ထို့ကြောင့် သူမ စကားတစ်လုံးပင် မပြောဝံ့ခဲ့ပေ။

"ဆရာ ချီလင်က ကောင်းခြင်းနိမိတ်တွေရဲ့ သားရဲဖြစ်တယ်၊ ဒါကြောင့် ဒီသားရေက ဘာလို့ အရမ်းဆိုးယုတ်နေရတာလဲ။ နောက်ပြီး ဒီလောကမှာ ချီလင်လိုအရာတွေက တကယ်ပဲ တည်ရှိတာလား။"

ဝမ်ချောင် မေးလိုက်၏။

နဂါးများ၊ ချီလင်များနှင့် သူတို့ကဲ့သို့သော အရာအားလုံးတို့သည် ဒဏ္ဍာရီများဖြစ်ကြသည်။ ဤဘဝ သို့မဟုတ် နောက်ဆုံးဘဝတွင် ဝမ်ချောင် တစ်ကောင်မှ မမြင်ခဲ့ဖူးပေ။ သို့သော် ငှက်များ၊ သားရဲများ၊ ပိုးကောင်များနှင့် ငါးကဲ့သို့သော အရာအားလုံးကို သူ မြင်ခဲ့ဖူးပေသည်။

မိကျောင်းများ၊ ခြင်္သေ့များ၊ ကျားများ၊ ဆင်များ၊ လူဝံများ... ထိုသားရေမှ အော်သံသည် ဤသားရဲများမဟုတ်ကြသည်ကို ဝမ်ချောင် သေချာပေသည်။

၎င်းသည် သာမန်သားရဲတစ်ကောင် ပြုလုပ်နိုင်စွမ်းရှိသည့် အသံပင် မဟုတ်ခဲ့ပေ။

"ဟီးဟီး ချောင်အာ၊ ငါတို့ မမြင်ဖူးရုံနဲ့ အဲဒါက မတည်ရှိဘူးလို့ မဆိုလိုဘူး။ ငါတို့ စစ်သည်တွေက ကျင့်ကြံခြင်းကနေ ဆန်းကြယ်တဲ့ ခွန်အားတွေ ရနိုင်တာကြောင့် ချီလင်လို အရာတွေ ပေါ်လာတာက ဘာလို့ ထူးဆန်းမှာလဲ။ ငါ ငယ်ရွယ်စဉ်အခါက မြေကမ္ဘာ စပါးအုံကို တစ်ကြိမ် မြင်တွေ့ခဲ့ဖူးတယ်။ သူ့အမြီးက တောင်ရဲ့ တစ်ဖက်စွန်းမှာရှိပြီး သူ့ခေါင်းက အခြားတစ်ဖက်မှာ ရှိတယ်။"

"ရှားပါးပေမယ့် ဒီလိုဒဏ္ဍာရီလာသတ္တဝါတွေက တည်ရှိကြတယ်။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် ဤအံ့အားသင့်ဖွယ်ရှင်းပြချက်ကို ပေးလိုက်ကာ သူ့မုတ်ဆိတ်ကို ဆော့ကစားလိုက်ပြီး ပြုံးလိုက်သည်။ သို့သော် ထိုအကြောင်းကို တွေးတောပြီးနောက် ဝမ်ချောင် မငြင်းဆန်နိုင်သည်ကို တွေ့လိုက်ရသည်။

မှန်ပေ၏။ စစ်သည်များက တန်ခိုးရှင်ကဲ့သို့သော တည်ရှိမှုများ ဖြစ်လာရန် သေမျိုးအဆင့်ကို ကျော်လွန်နိုင်သောကြောင့် ချီလင်ကဲ့သို့သောအရာ တည်ရှိခဲ့ပါက ဘာကြောင့် ထူးဆန်းမည်နည်း။

ထို့အပြင် နောင်တွင် အလယ်ပိုင်းလွင်ပြင်သို့ ဆင်းသက်လာမည့် တိုင်းတစ်ပါးကျူးကျော်သူများသည် ပို၍ထူးဆန်းသည်မဟုတ်လော။

"... ငါ ချီလင်ကို မတွေ့ခဲ့ဖူးပေမယ့် မင်းက ကဗျာစာပေတွေ ဖတ်ခဲ့ဖူးတယ်။ ရှေးဟောင်းစာအုပ်တွေမှာ ရှေးဟောင်းမှတ်တမ်းတွေက ချီလင်အကြောင်း ဆိုထားတာကို မင်း သိထားလောက်တယ်။ လောကမှာ အနက်ရောင်ရှိရင် အဖြူရောင်လည်းရှိတယ်၊ ကောင်းတဲ့အရာတွေရှိရင် ဆိုးယုတ်တဲ့အရာတွေလည်းရှိတယ်။ ကောင်းတဲ့နိမိတ်တွေကို ကိုယ်စားပြုတဲ့ ချီလင်တွေရှိရင် သဘာဝအားဖြင့် ဆိုးယုတ်မှုနဲ့ အမှောင်ထုကို ကိုယ်စားပြုတဲ့ ချီလင်းတွေလည်း ရှိကြတယ်။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို အလွန်တည်ငြိမ်စွာ ပြောလိုက်၏။

ဝမ်ချောင် ဘာမှ ပြောစရာမရှိခဲ့ပေ။ ရှေးဟောင်းစာအုပ်များက ချီလင်အား မှတ်တမ်းတင်ထားခဲ့ကြသည်ကို ဝမ်ချောင် သိပေသည်။ နွေဦးနှင့် ဆောင်းဦးကာလအတွင်း ပညာရှိတစ်ယောက် ပေါ်ထွက်လာခဲ့ပါက ချီလင်တစ်ကောင် လိုက်ပါလိမ့်မည်ဟူသော ဆိုရိုးစကားရှိခဲ့သည်။

ဤမှတ်တမ်းများကို သမိုင်းစာအုပ်များထဲ၌ပင် ရှာတွေ့ခဲ့သည်။

သို့သော် ထိုမှတ်တမ်းများသည် အလွန်မယုံကြည်စရာကောင်းပြီး ဝမ်ချောင်က ၎င်းတို့ကို ဒဏ္ဍာရီများအဖြစ် အမြဲမှတ်ယူထားခဲ့သည်။ ဤသားရေကို သူ ကြုံတွေ့ခဲ့သည့်အချိန်အထိပင်။

"ဒါပေမယ့် တကယ်တော့ ဒါက ချီလင်သားရေ ဟုတ်မဟုတ်ဆိုတာကို ငါ ဂရုမစိုက်ဘူး။ ငါဂရုစိုက်တာက ဒါပဲ။"

သူ စကားပြောလိုက်သောအခါ မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် အနက်ရောင်ချီလင်သားရေကို စားပွဲပေါ်သို့ ကောက်တင်ရန် သူ့အင်္ကျီလက်ကြားရှိ လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သို့သော်လည်း ဝမ်ရှောင်း‌ယောင်နှင့်မတူဘဲ မကောင်းဆိုးဝါးအဘိုးအို ၎င်းကို ဆုပ်ကိုင်လိုက်သောအခါ ဘာမှမဖြစ်ခဲ့ပေ။ ၎င်းမှာ သာမန်သားရေကဲ့သို့ပင်။

"ငါဂရုစိုက်တာက ဒီသားရေပေါ်မှာ ရေးဆွဲထားတဲ့ ရတနာမြေပုံပဲ။"

မကောင်းဆိုးဝါးအဘိုးအို ထိုအနက်ရောင်သားရေကို လှန်လိုက်ကာ လုံးဝကွဲပြားသည့် ရတနာမြေပုံကို လှပ်ပြလိုက်သည်။ ထိုနေရာတွင် ရှုပ်ထွေးပွေလီလှသော မျဉ်းကြောင်းများရေးဆွဲထားပြီး တောင်တန်းများနှင့် မြစ်ချောင်းများကို ၎င်းအပေါ် ရေးဆွဲထားခဲ့ကာ ရှုပ်ထွေးလှသော အမှတ်အသားအနည်းငယ်ကို ပြုလုပ်ထားခဲ့သည်။ ၎င်းသည် လုံးဝနားမလည်နိုင်ဖြစ်ပြီး ဝင်္ကဘာတစ်ခုနှင့် အလွန်ဆင်တူပေသည်။

"...သိုင်းလောကမှာ 'အထွတ်အထိပ်နဲ့ ထာဝရ မူလအင်မော်တယ်ပညာရပ်' လို့အမည်ရတဲ့ အကြီးမြတ်ဆုံးနဲ့ ပြိုင်ဘက်ကင်းတဲ့ နည်းစနစ်တစ်ခုနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခုရှိခဲ့တယ်။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို ပြောလိုက်၏။

ဤနည်းစနစ်၏ နာမည်က သူ့ညီမငယ်ကို အူတူတူအတတပုံစံ ဖြစ်သွားစေသည်။ သို့သော် ဝမ်ချောင်၏ နှလုံးသားသည်တော့ ပြင်းထန်စွာ ခုန်သွားခဲ့၏။ လီစီယိ ဤ'မြေပုံ' ကို သူ့အားပေးသောအခါ ဝမ်ချောင် ဘာကိုမှ အများကြီး မခံစားခဲ့ရပေ။

သို့သော် ယခုတွင် ဤနည်းစနစ်၏နာမည်ကို သူ ကြားလိုက်ရသောအခါ ဝမ်ချောင် လုံးဝကွဲပြားစွာ ခံစားလိုက်ရသည်။

အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဒဏ္ဍာရီလာ ထိပ်သီးပညာရပ် ဆယ်ခုရှိခဲ့ကြသည်။ 'နတ်ဘုရားနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်'၊ 'မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်'၊ 'အနန္တဝိဉာဉ်ပင်လယ်ပညာရပ်'... 'အထွတ်အထိပ်နှင့် ထာဝရ မူလအင်မော်တယ်ပညာရပ်' သည် ဤဆယ်ခုထဲမှ တစ်ခုဖြစ်သည်။

ထို့အပြင် ဤပညာရပ်သည် ဤနည်းစနစ်ဆယ်ခုထဲတွင် ထိပ်ဆုံးသုံးခုအတွင်း ပါဝင်ပေသည်။

သို့သော် ဤနည်းစနစ်သည် မဟာရွှီးမင်းဆက်ခေတ်တွင် နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့သည်ကို ဝမ်ချောင် ရှာဖွေတွေ့ရှိခဲ့သည်။

အကယ်၍ သူ ဤနည်းစနစ်ကို လိုချင်ခဲ့ပါက ဘယ်ကစရမလဲပင် သူ မသိခဲ့ပေ။ ထို့ကြောင့် ဝမ်ချောင်သည် ထိုအကြောင်းကို တွေးပင်မတွေးခဲ့ဘဲ သို့မဟုတ် သူ ရှာဖွေရမည့် ပစ္စည်းများထဲမှ တစ်ခုအဖြစ်ပင် စာရင်းမသွင်းခဲ့ပေ။

"...အခု ငါ အဲအကြောင်းပြောနေပြီ၊ ဒီနည်းစနစ်က တကယ်တော့ ငါတို့ရဲ့ဘိုးဘေးတွေနဲ့ အနီးကပ်ဆက်နွယ်နေခဲ့တယ်။ ငါ မင်းကို အရင်ကပြောခဲ့တဲ့အရာကို မှတ်မိသေးလား။ ယင်ယန်ငယ်ပညာရပ်နဲ့ မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်တွေမှာ တိုးတက်ဖို့ အရမ်းလွယ်ကူတယ်၊ ဘာကြောင့်လဲဆိုတော့ ငါတို့က သူတို့ကို ကျင်ကြံဖို့တောင် မလိုဘူးလေ။ ငါတို့က တခြားသူတွေ ဆယ်နှစ်လောက်ကျင့်ကြံရမယ့် ကျင့်ကြံခြင်းကို အချိန်တိုအတွင်း ပိုင်ဆိုင်ဖို့ တခြားသူတွေဆီကနေ စွမ်းအင်တွေ အဆက်မပြတ်စုပ်ယူဖို့ပဲလိုအပ်တာ။"

"ဒီနည်းစနစ်အပေါ် မှီခိုပြီး ငါဟာ လောကကို အထင်တသေးနဲ့ ကြည့်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်အဖြစ် သိုင်းလောကကို စိုးမိုးချယ်လှယ်နိုင်ခဲ့တယ်။ ဒါပေမယ့် အကျိုးကျေးဇူးတွေရှိကြသလို သေချာပေါက် ဘေးထွက်ဆိုးကျိုးတွေလည်းရှိကြတယ်။ မင်းရဲ့ ကျင့်ကြံမှု မြင့်မားလာလေလေ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကြယ်တာရာစွမ်းအင်တွေဟာ ပဋိပက္ခဖြစ်လာလေလေဖြစ်ပြီး ကျင့်ကြံမှု ဖောက်ပြန်ခြင်းကို ခံစားရဖို့ အခွင့်အရေးများလာလေလေပဲ။ ငါ့ကိုယ်ထဲမှာရှိတဲ့ မတူညီနဲ့ ကြယ်တာရာစွမ်းအင်တွေကို တစ်ခုတည်းအဖြစ် ပြန်လည်သန့်စင်ဖို့ ကြိုးစားရာမှာ ဆယ့်ခြောက်နှစ်နီးပါး ငါ ကုန်ဆုံးခဲ့ရပေမယ့် ငါ လုံးဝကျရှုံးသွားခဲ့တယ်။"

"နောက်ဆုံးမှာ ဒါက ဉာဏ်နီဉာဏ်နက်များလှတဲ့ သစ္စာဖောက်တပည့်တွေက ငါ့ကိုလှည့်စားနိုင်ခဲ့တဲ့ အကြောင်းအရင်းပဲ။"

ဤအရာကို ပြောနေစဉ် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် ဝမ်ချောင်ကို စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့သည်။

"ချောင်အာ မင်းက မင်းရဲ့ ယင်ယန်ငယ်ပညာရပ်မှာ တိုးတက်မှု အရမ်းမြန်ဆန်တယ်။ ငါတို့ ဂိုဏ်းသားတွေနဲ့မတူဘဲ စစ်တပ်မှာ မင်းက လူတွေကို သတ်ဖြတ်ဖို့ အကြောင်းပြချက်မလိုဘူး၊ ဒါပေမယ့် ဒါက ကောင်းတဲ့အရာမဟုတ်ဘူး။"

"တစ်ယောက်ဟာ ဘိုးဘေးတွေရဲ့အမှားတွေကနေ လေ့လာသင်ယူသင့်တယ်။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် ဤအရာများကို ကြုံတွေ့ခဲ့ရပြီး သူတို့ကြောင့် သေဆုံးလုနီးပါးဖြစ်ခဲ့ရကာ ဤနည်းစနစ်များကို လုံးဝစွန့်လွှတ်ရန် သူ့အားဖြစ်စေခဲ့ပြီး အနန္တဝိဉာဉ်ပင်လယ်ပညာရပ်ကို ပြောင်းလဲကျင့်ကြံစေခဲ့သည်။

သို့သော် မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်၏ စွမ်းအားကို သံသယရှိစရာမလိုပေ။ တစ်ယောက်သည် လုံလောက်သည့် ရန်သူအရေအတွက်ကို သတ်ဖြတ်နိုင်ပြီး သူတို့၏ ကျင့်ကြံခြင်းကို ကိုယ်ပိုင်အဖြစ် ယူနိုင်သရွေ့ ထိပ်သီးကျွမ်းကျင်သူတစ်ယောက် လျင်မြန်စွာ ဖြစ်လာနိုင်ပေမည်။

အနန္တဝိဉာဉ်ပင်လယ်ပညာရပ်သည် ဤရှုထောင့်တွင် မယှဉ်နိုင်ခဲ့ပေ။ အနန္တဝိဉာဉ်ပင်လယ်ပညာရပ်ကို ကျင့်ကြံရသည့် ခက်ခဲမှုသည် မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်ကို ကျင့်ကြံရသည့် ခက်ခဲမှုထက် အဆများစွာ မြင့်မားပေသည်။

သို့ဆိုလျှင်ပင် နှစ်ခုစလုံးတွင် အထွတ်အထိပ်ရောက်ဖူးသည့် မည်သူမဆို လောကကြီးကို တုန်လှုပ်စေဆဲပင်။

"ဆရာ စိတ်ချပါ။ ကျွန်တော် လုပ်နေတဲ့အရာကို ကျွန်တော်သိပါတယ်။"

ဝမ်ချောင် ယဉ်ကျေးစွာ ပြောလိုက်၏။

"မင်းနားလည်နေရင် အဆင်ပြေပါတယ်။ မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်ရဲ့ ဧရာမအားနည်းချက်က ဖြည့်ဆည်းဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ မင်းက အထွတ်အထိပ်နဲ့ထာဝရ မူလအင်မော်တယ်ပညာရပ်ကို ရနိုင်ခဲ့ရင် နည်းစနစ်နှစ်ခုက အချင်းချင်း ဖြည့်စွက်ပြီး မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်ရဲ့ အားနည်းချက်က ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ ဒါကို မလုပ်နိုင်ခဲ့ကြဘူး။"

"အထွတ်အထိပ်နဲ့ထာဝရ မူလအင်မော်တယ်ပညာရပ်ရဲ့ ဇစ်မြစ်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။ မဟာရွှီးမင်းဆက်မှာ အဲဒါက တကယ့်ကို ကျော်ကြားတယ်၊ ဒါကြောင့် ငါ မင်းကို အရင်က လုံးဝမပြောပြခဲ့ဖူးဘူး။ ဒါက ဒီရာစုနှစ်အတွင်း အဲနည်းစနစ်ကို ရှာဖွေဖို့ တစ်ခုတည်းသော သဲလွန်စဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို စားပွဲပေါ်ရှိ ရတနာမြေပုံကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ဤသည်မှာ ကံကြမ္မာ၏ ရက်စက်သော ကျီစယ်မှုတစ်ခုဖြစ်၏။

ဟိုးကတည်းက ဤနည်းစနစ်ကို သူ ရရှိနိုင်ခဲ့ပါက သူ ဤကဲ့သို့ အဆုံးသတ်ခဲ့လိမ့်မည်မဟုတ်ပေ။ သို့သော် ယခုတွင် လောကကြီးသည် အမှန်ပင် သူ့ကို စနောက်နေခဲ့သည်။ သူ့မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်သည် ဖျက်ဆီးခံခဲ့ရပြီဖြစ်ပြီး သူ့တန်ဒျန်းပင်လျှင် ပျက်စီးသွားခဲ့ပြီဖြစ်ကာ သူ့အား ဤနည်းစနစ်ကို ကျင့်ကြံရန် မဖြစ်နိုင်ဖြစ်စေသည်။

"ဒါပေမယ့် ဒီလိုအရေးကြီးတဲ့ ပစ္စည်းတစ်ခုက နဂါးနက်ကျိုးရဲ့ လက်ထဲမှာ ဘယ်လို အဆုံးသတ်သွားခဲ့တာလဲ။ နောက်ပြီး ဒီမြေပုံကရော ဘာလဲ။"

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်၏။

"ရွှီးရဲ့ နောင်းပိုင်းကာလမှာ လောကကြီးတစ်ခုလုံးက ကသောင်းကနင်းဖြစ်နေခဲ့ပြီး စစ်ဘုရင်တွေက အထွတ်အထိပ်အတွက် အချင်းချင်း ယှဉ်ပြိုင်နေခဲ့ကြတယ်။ အထွတ်အထိပ်နဲ့ထာဝရ မူလအင်မော်တယ်ပညာရပ်က အဲအချိန်မှာ သာမန်ပြည်သူတွေအကြား ပျောက်ဆုံးသွားခဲ့လိမ့်မယ်။ ဝမ်းစာအတွက် ဓားပြတိုက်နေတဲ့ အနောက်ပိုင်းရဲ့ အတားအဆီးတစ်ခုဖြစ်တဲ့ နဂါးနက်ကျိုးက ဒီနည်းစနစ်ရဲ့ မြေပုံကို မတော်တဆရရှိခဲ့တာ ဖြစ်လိမ့်မယ်။"

"ဒီမြေပုံအနေနဲ့ကတော့ သိုင်းလောကမှာ ရှိနေတုန်းက အဲအကြောင်း ကောလဟာလအချို့ကို ငါကြားခဲ့ရတယ်။ အထွတ်အထိပ်နဲ့ထာဝရ မူလအင်မော်တယ်ပညာရပ်ကို ကျင့်ကြံထားတဲ့ စီနီယာတစ်ယောက်က ငါတို့မှာရှိတဲ့ မြေပုံနဲ့ လုံးဝကွဲပြားတဲ့ ရှေးဟောင်းမြေပုံတစ်ခုပေါ်မှာ သူ့ထွတ်အထိပ်နည်းစနစ်ကို ရေးဆွဲခဲ့တယ် လို့ ငါ ကြားသိခဲ့တယ်။ အဲဒီရှေးဟောင်းမြေပုံက ဒီနည်းစနစ်ရဲ့ ဇစ်မြစ်နဲ့ ဆက်ခံမှုတို့ရဲ့ သင်္ကေတဖြစ်ပြီး နည်းစနစ်ကို ဆက်ခံမယ့် တစ်ယောက်က လိုက်နာရမယ့် အစဉ်အလာတစ်ခုလည်းဖြစ်တယ်။ ဒဏ္ဍာရီများစွာ ရှိပေမယ့် နည်းနည်းပဲယုံကြည်ပါ၊ ဒါကြောင့် ဒီသဏ္ဍာရီက တကယ်ဖြစ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို သက်ပြင်းချလိုက်၏။

ဝမ်ချောင်၏ နဖူးကြော တွန့်သွားခဲ့သည်။ ဤသည်မှာ ဤသို့သောအရာကို သူ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ စုကျန်းချန်၏ နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်၊ မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို၏ မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်ကလွဲ၍ အလယ်ပိုင်းလွင်ပြင်ဒေသ၏ ထိပ်သီးနည်းစနစ်ဆယ်ခုတို့ကို သူသည် အခြေခံအားဖြင့် ကံကောင်းထောက်မ၍သာလျှင် ကြုံဆုံနိုင်ပေသည်။

အထွတ်အထိပ်နှင့်ထာဝရ မူလအင်မော်တယ်ပညာရပ်အတွက် ရှေးခေတ်က ပထဝီဝင်အနေအထားကို မြေပုံပေါ်တွင် သဲလွန်စများအဖြစ် အသုံးပြုခြင်းသည် အမှန်တွင် ထူးဆန်းသည်တော့မဟုတ်ပေ။

သို့သော် အချိန်သည် ပင်လယ်ကြီးကို ပိုးစာပင်လယ်ကွင်းအဖြစ် ပြောင်းလဲပေးနိုင်ပြီး ကမ္ဘာမြေကြီးက အမြဲပြောင်းလဲ‌နေပေသည်။ ရှေးခေတ် ပထဝီဝင်အနေအထားသည် မဟာထန်နှင့် လုံးဝကွဲပြားပေ၏။ အထွတ်အထိပ်နှင့် ထာဝရ မူလအင်‌မော်တယ်ပညာရပ်အား မြှုပ်နှံထားသည့်နေရာကို ရှာဖွေရန် ဤမြေပုံရှိ ပထဝီဝင်အင်္ဂါရပ်များကို အားကိုးရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

သူ မှန်းဆခြင်းကိုသာ အားကိုးနိုင်ပေ၏။

************************************

ဘာသာပြန်သူမှတ်ချက်- ချီလင်ဆိုတာ Unicorn ပါ။ ခုချိန်ထိ COC ဆော့တဲ့သူဆို သိပါလိမ့်မယ်။

အပိုင်း ၄၀၈

တောင်အောက်သို့ ဆင်းခြင်း

နတ်ဆိုးဧကရာဇ်အဘိုးအို သူ့လက်ကို ဝေ့ယမ်းပြီး ပြောလိုက်၏။

"မင်း ဒါနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။ အထွတ်အထိပ်နဲ့ ထာဝရ မူလအင်မော်တယ်ပညာရပ်ကိစ္စကို ငါ တာဝန်ယူလိုက်မယ်။ မင်းလက်အောက်က သိမ်းငှက်ထိန်းကျောင်းသူကိုပဲ ငါနဲ့အတူ အလုပ်လုပ်စေလိုက်ပါ။"

"ဒါပေမယ့် ဆရာ၊ ခင်ဗျား..."

ဝမ်ချောင် ထိုင်နေသည့် သူ့ဆရာကို ကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် စိုးရိမ်သည့် အရိပ်အယောင်ပေါ်လာခဲ့သည်။ သူ့ဆရာ၏ ဆံပင်သည် အဖြူရောင်မှ အနက်ရောင်သို့ ပြောင်းသွားခဲ့ပြီဖြစ်ပြီး တော်တော်လေး နုပျိုပုံပေါ်သော်လည်း သူ့အသက်ဓာတ်က မြင်ရသလောက် မကောင်းသည်ကို ဝမ်ချောင် ခံစားနိုင်ခဲ့သေးသည်။

ထို့အပြင် သူ အာရုံစိုက်ကြည့်လိုက်ပါက ထိုလူအိုကြီးတွင် ပရမ်းပတာဖြစ်နေသည့် စွမ်းအင် အမျှင်ကိုပင် သူ ခံစားနိုင်ပေသည်။ ဤသည်မှာ လုပ်ကြံတိုက်ခိုက်ခံခဲ့ရခြင်းနှင့် သူ့တန်ဒျန်ကွဲကြေသွားခဲ့ခြင်းမှ ကြွင်းကျန်ရစ်သည့် ဆိုးကျိုးဖြစ်၏။

အနန္တဝိဉာဉ်ပင်လယ်ပညာရပ်သည် စစ်သည်များအတွက် ၎င်းတို့၏ ကျင့်ကြံခြင်းကို ဖျက်ဆီးရန် လိုအပ်သည်။ တစ်ယောက်၏ အဓိက တန်ဒျန်ကို ဖျက်ဆီးခြင်းကသာ မရေမတွက်နိုင်သော သွေးကြောဆုံမှတ်များကို အနန္တဝိဉာဉ်ပင်လယ်အဖြစ် ပြောင်းလဲနိုင်ပေမည်။

သို့သော် အနန္တဝိဉာဉ်ပင်လယ်ပညာရပ်လိုအပ်သည့် ကျင့်ကြံမှုကို ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ခြင်းသည် နတ်ဆိုးဧကရာဇ်လူအိုကြီးကြုံတွေ့ခဲ့ရသည့် လုပ်ကြံခံရပြီး တန်ဒျန်ဖျက်ဆီးခံရခြင်းမှ လုံးဝကွဲပြားပေသည်။

နတ်ဆိုးဧကရာဇ်လူအိုကြီးသည် အနန္တဝိဉာဉ်ပင်လယ်ပညာရပ်တွင် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး သာမန်ပုဂ္ဂိုလ်တစ်ယောက် ရင်မဆိုင်နိုင်သည့် အမျိုးမျိုးသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ပြီဖြစ်သော်လည်း ထိုလုပ်ကြံမှုတွင် သူ့တန်ဒျန်ရရှိခဲ့သည့် ပြင်းထန်သောဒဏ်ရာက သူ့ကို ရှည်ကြာသည့် တိုက်ပွဲများကို တောင့်မခံနိုင်စေတော့ပေ။

တိုက်ပွဲ ရှည်ကြာသွားခဲ့ပါက သူသည် ကျင့်ကြံမှုချို့ယွင်းချက်မှ သက်ရောက်မှုကို ချက်ချင်းခံစားရမည်ဖြစ်ပြီး သေဆုံးပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်သည် ဟိုက်ဒရာဘတ်သတ္တုရိုင်းဂျင်တစ်ထောင် အလုခံလိုက်ရသောအခါ သူ့ဆရာကို စေလွှတ်ရန် လုံးဝမတွေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သူ့တည်နေရာကို ဖော်ထုတ်ခံလိုက်ရပါက သူ့ဆရာကို လုပ်ကြံခဲ့သည့်လူများ၊ သိုင်းလောက၏ ဆရာသခင်များနှင့် ဩဇာရှိပုဂ္ဂိုလ်များ၊ ထို့အတူ ထို 'သစ္စာဖောက်တပည့်များ' သည်လည်း သတိပြုမိသွားနိုင်သည်။ သူတို့သည် သူ့တည်နေရာသို့ စုရုံးလာကြလိမ့်မည်ဖြစ်ပြီး ဝမ်ကလန်၏ ခွန်အားပင်လျှင် သူ့ဆရာကို ကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့အပြင် ဝမ်ကလန်သည် အင်အားကြီးပုဂ္ဂိုလ်များကြား တိုက်ပွဲထဲသို့ ပါဝင်ပတ်သတ်မိခြင်းဖြင့်ပင် အဆုံးသတ်သွားနိုင်သည်။

ထို့ကြောင့် ဝမ်ချောင်သည် သူ့ဆရာ၏ စွမ်းအားကို ပေါ့ပျက်ပျက်အသုံးမချရဲခဲ့ပေ။

သူ့ဆရာ နတ်ဆိုးဧကရာဇ်လူအိုကြီးရှိနေသည့်နေရာကို ဝမ်ချောင်သည် တားမြစ်နယ်မြေအဖြစ် ကြေညာထားခဲ့ပြီး ကျောက်ကျင်းတန်ကဲ့သို့ ယုံကြည်ရသည့် လူများသည်ပင် အလွယ်တကူ မချဉ်းကပ်နိုင်ခဲ့ပေ။

ဤလျှို့ဝှက်ချက်ကို ထာဝရထိန်းထားနိုင်မည်မဟုတ်ကြောင်း ဝမ်ချောင် သိထားခဲ့သော်လည်း သူသည် တတ်နိုင်သမျှ အချိန်ဆွဲချင်ပေသည်။

ခန်းမကြီး တိတ်ဆိတ်သွားခဲ့၏။

"ချောင်အာ မင်းရဲ့ဆရာက မင်းရဲ့ ဝတ္တရားကျေပွန်မှုကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ မင်းရဲ့ဆရာက ငါ့တစ်ဘဝလုံး လောကကြီးကို လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်။ ငါ ဘာကိုမှ မကြောက်ခဲ့ဖူးဘူး။ ငါက မင်းမျှော်လင့်သလိုလုပ်ပြီး ငါ့လက်ကျန်ဘဝကို လိပ်တစ်ကောင်လို ဒီမှာပဲ နေထိုင်သွားလိမ့်မယ်လို့ မင်းထင်သလား။"

နတ်ဆိုးဧကရာဇ်အဘိုးအို ပြောလိုက်၏။

"ဆရာ ကျေးဇူးပြုပြီး အေးအေးချမ်းချမ်းနေပါ။ ဆရာ့ရဲ့တပည့်က ဆရာ့ရဲ့ တန်ဒျန်ကို အပြည့်အဝပြင်ဆင်ဖို့ နည်းလမ်းတစ်ခုကို သေချာပေါက် ရှာဖွေမှာပါ။"

ဝမ်ချောင် လေးနက်တည်ကြည်စွာ ပြောလိုက်ကာ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။

"ဟားဟား ငါ့အတွက် တွေးပေးရင်ကိုပဲ လုံလောက်ပါတယ်။ ဆရာက သူဘာလုပ်ရမလဲဆိုတာ သိပါတယ်။"

နတ်ဆိုးဧကရာဇ်လူအိုကြီး ဝမ်ချောင်ကို ပုတ်လိုက်ကာ သူ့မျက်လုံးထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်တစ်ခုပေါ်လာခဲ့သည်။ သူသည် သိုင်းလောကကို အုပ်စိုးခဲ့ပြီး သူ့နာမည်ကို ခေါ်လိုက်ခြင်းကပင် နှလုံးသားများကို ကြောက်ရွံ့သွားစေခဲ့သော်လည်း သူ့နောင်းပိုင်းကာလတွင် သူဂုဏ်အယူရဆုံးသော အောင်မြင်မှုမှာ သိုင်းလောက၏ လမ်းမှန်ကျွမ်းကျင်သူများကို သတ်ဖြတ်ခြင်းနှင့် ဆိုးယုတ်လှသော ကျွမ်းကျင်သူများကို သတ်ဖြတ်ခြင်း သို့မဟုတ် လူသားများ၏ နှလုံးသားများကို အကြောက်တရား ရိုက်ခတ်သွားစေသည့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စေ့ဆော်နိုင်မှု တို့မဟုတ်ဘဲ သူ့ဘဝနေဝင်ချိန်၌ သူ ကောက်ယူလိုက်သည့် ဤတပည့်ငယ်လေးဖြစ်ကြောင်းကို နတ်ဆိုးဧကရာဇ်လူအိုကြီး နားလည်သွားခဲ့သည်။

လူတစ်ယောက်က ရိုးရိုးသားသားပြောနေခြင်းဟုတ်မဟုတ်ဆိုသည်မှာ သူခံစားနိုင်သည့်အရာဖြစ်သည်။

ထို့အပြင် သူသည် ဝမ်ချောင်၌ အလွန်ရိုးသားသည့် စိတ်ရင်းနှင့် သူ့ကို ကူညီချင်သည့် အစစ်အမှန်စိတ်ဆန္ဒတို့ကို ခံစားနိုင်ပေသည်။

သိုင်းလောက၏ အတောမသတ်နိုင်သော နောက်ကျောဓားထိုးခြင်းကို အသားကျခဲ့ပြီးနောက် နတ်ဆိုးဧကရာဇ်အဖိုးအိုသည် ဤရိုးသားမှုမျိုးကို မြတ်နိုးတန်ဖိုးထားလာခဲ့သည်။

"မင်းရဲ့ဆရာက မင်းထက် အသက်အများကြီးကြီးတယ်၊ ငါက အရာများစွာကို မြင်တွေ့ခဲ့ဖူးပြီး အတွေ့အကြုံအများကြီးရှိတယ်။ ဘာကို လုပ်ရမယ်၊ ဘာကို မလုပ်ရဘူးလဲဆိုတာ ငါ သိတယ်။ အထွတ်အထိပ်နဲ့ ထာဝရ မူလအင်မော်တယ်ပညာရပ်က ငါတို့ဇစ်မြစ်ရဲ့ မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်နဲ့ အနီးကပ် ဆက်နွယ်နေခဲ့တယ်။ ငယ်ရွယ်စဉ်အခါက ငါ အဲဒါကို ရှာဖွေဖို့ တစ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ အားလားလား ငါ့ရဲ့ အားထုတ်မှုတွေက မအောင်မြင်ခဲ့ကြဘူး။ ငါတို့က တိကျသေချာတဲ့ သဲလွန်စတစ်ခုရလာပြီဆိုရင် ဘာပဲဖြစ်ဖြစ် ငါတို့ လက်လွှတ်လို့မရဘူး။"

"တကယ်လို့ ငါတို့က လမ်းမှန်လမ်းစဉ်ရဲ့ အဲဒီဒဏ္ဍာရီလာ ထိပ်သီးနည်းစနစ်ကို ရနိုင်ခဲ့ရင် ငါတို့ရဲ့ မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်က ငါတို့ဂိုဏ်းရဲ့ စီနီယာတွေ ဘယ်တော့မှ မစွမ်းဆောင်နိုင်ခဲ့တဲ့အရာကို ပြီးမြောက်စေနိုင်လောက်တယ်။ ငါတို့က ပြောင်မြောက်တဲ့ ပြီးပြည့်စုံခြင်းရဲ့ အထွတ်အထိပ်နယ်ပယ်ကို ဖြတ်ကျော်နိုင်ပြီး ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုကိုတောင် ရောက်နိုင်တယ်။"

နတ်ဆိုးဧကရာဇ်အဘိုးအို ကြိမ်းဝါးလိုက်သည်။

သူစကားပြောလိုက်သောအခါ သူ့အသံက ရူးသွပ်မှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ပဲ့တင်ထပ်နေခဲ့၏။ မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်ရှိ အားနည်းချက်များကို ပြုပြင်ခြင်းက သူ့တစ်ဘဝလုံးစာအိပ်မက်ဖြစ်ကာ သူ့ဘဝတစ်ဝက်နီးပါး မြှုပ်နှံထားခဲ့ရသော အားထုတ်မှုတစ်ခုဖြစ်သည်။

ယခု သူ့မျှော်လင့်ချက်က နီးကပ်လာခဲ့ပြီဖြစ်ပြီး မည်သူကမျှ သူ့ကို မရပ်တန့်နိုင်တော့ပေ။ သူ့တန်ဒျန်အကျိုးအပျက်နှင့် သူ ကျင့်ကြံနိုင်ပါဦးမည်လောဆိုသည်မှာ... ဤသည်မှာ သူ့စိုးရိမ်မှုများထဲမှ တစ်ခုမဟုတ်တော့ပေ။

"တပည့် နားလည်ပါပြီ"

ဝမ်ချောင် သူ့ဆရာ၏ စိတ်အားထက်သန်မှုကို ခံစားလိုက်ရပြီး ထပ်မပြောတော့ပေ။ ရိုသေစွာ ဦးသုံးကြိမ်ချပြီးနောက် သူ ထွက်လာခဲ့၏။

****

သူ့ဆရာကို ကူညီရန် လူအိုကြီးလင်းယုန်ငှက်အား စီစဉ်ပေးပြီးနောက် ဝမ်ချောင် အထွတ်အထိပ်နှင့် ထာဝရ မူလအင်မော်တယ်ပညာရပ်ကို ရှာဖွေခြင်းဖြင့် သူ့ကိုယ်သူ ပူပန်မနေစေတော့ပေ။

သူ ကျင့်ကြံခြင်းတွင် သူ့စိတ်အားလုံးကို နစ်မြုပ်ထားလိုက်၏။

အချိန် တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ဝမ်ချောင် နေ့တိုင်း ကြီးစွာ တိုးတက်လာခဲ့သည်။ သူသည် ပိုမိုသန်မာလာခဲ့ပြီး သူစတင်ခဲ့သည့်နေရာနှင့် ဝေးကွာသွားခဲ့ကာ အစစ်အမှန်သိုင်းနယ်ပယ်၏ ဒုတိယအဆင့်သို့ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်တွင် မှန်မှန်လျှောက်လှမ်းနေခဲ့သည်။

"ဝူးးးး"

နဂါး သို့မဟုတ် ဖီးနစ်ကဲ့သို့ ရှည်လျားရှင်းလင်းလှသော အော်ဟစ်သံက ကောင်းကင်ကို တုန်လှုပ်သွားစေခဲ့သည်။ ဤအခိုက်မှာပင် ဝမ်ချောင်၏ ခန္ဓာကိုယ်သည် သက်တံတစ်စင်းကဲ့သို့ ကျန့်တစ်ဆယ်ကွာဝေးသော ဘာမှမရှိသည့် လေထုထဲသို့ ခုန်လှမ်းသွားခဲ့သည်။

ဟမ်

သူ့ခြေဖဝါးအောက်တွင် ပတ်ပတ်လည်ရှိ ဝိဉာဉ်စွမ်းအင်များက စတင်စုဝေးလာခဲ့ပြီး အဖြူရောင် နူးညံ့သည့် ဝိဉာဉ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။ ဝမ်ချောင် ၎င်းအပေါ် ခြေချလိုက်ပြီး လှည့်လိုက်ကာ ပို၍ပင်မြင့်မားသော လဟာပြင်ဆီသို့ ခုန်လိုက်သည်။

ဘန်းး

ဒုတိယမြောက် ခြေလှမ်းတွင် ဝမ်ချောင်၏ စွမ်းအင်သည် ကုန်ခမ်းသွားခဲ့၏။ သူသည် အမြီးကို လှုပ်ယမ်းနေသော နဂါးတစ်ကောင်ဖြစ်လာခဲ့ပြီးနောက် ရုတ်တရက် ကြွေကျနေသော ကြယ်တစ်စင်းဖြစ်လာခဲ့ကာ ကျန့်ငါးဆယ်ကျော်အကွာအဝေးရှိ ကျောက်တုံးကြီးတစ်တုံးဆီသို့ ဦးတည်သွားခဲ့သည်။

ဘုန်းးး

ဂျင်တစ်သောင်းနီးပါး အလေးချိန်ရှိသော ကျောက်တုံးကြီးသည် ကြံ့ခိုင်သောမြေသားနှင့်အတူ အမှုန့်အဖြစ်သို့ ပေါက်ကွဲသွားခဲ့ကာ ကမ္ဘာကြီးကို တုန်ခါသွားစေခဲ့သည်။ လေထုထဲတွင် ဖုန်မှုန့်များသည် ကျန့်ဒါဇင်များစွာသော အမြင့်သို့ ရောက်ရှိနေခဲ့ကြ၏။

အချိန်တစ်ခုကြာပြီးနောက် ပြင်းထန်ပြီး တက်ကြွသော ခြေလှမ်းသည် ဖုန်မှုန့်လုံးထဲမှ ထွက်လာခဲ့သည်။ လက်ထဲတွင် ငွေရောင်လှံတစ်စင်းဖြင့် ဝမ်ချောင်သည် ဖုန်မှုန့်များကြားမှ ထွက်လာခဲ့၏။

သူ့ကိုယ်ဟန်အနေအထားသည် တည့်မတ်နေခဲ့ကာ သူ့အကြည့်သည် မထီမဲ့မြင်မှုဖြင့် သူသည် မမြင်ရသော ဩဇာအရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။

ဝှီးး

လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ကာ သူ့နောက်ကွယ်ရှိ ဖုန်မှုန့်များကို လှည်းကျင်းသွားခဲ့သည်။ ဝမ်ချောင် နောက်တွင် ကျန့်ဆယ်မီတာခန့် နက်သော တွင်းကြီးတစ်ခု ပေါ်လာခဲ့၏။

"ပျံလွှားနေတဲ့နဂါးလှံပညာရပ်က ဒုတိယအလွှာကိုပဲ ရစ်ပတ်နိုင်တယ်။ ငါ့ခွန်အားက မလုံလောက်သေးဘူး..."

ဝမ်ချောင်သည် ငွေရောင်လှံကို တစ်စစီဖြုတ်ပြီး အပိုင်းအစများကို သားရေအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ပျံလွှားနေသော နဂါးလှံပညာရပ်သည် အလွန်အမင်းအစွမ်းထက်လှ၏။ လေထဲသို့ ခုန်လိုက်တိုင်း တစ်ယောက်သည် ကမ္ဘာမြေကြီးရှိ မူလစွမ်းအင်ကို ဆွဲငင်နိုင်မည်ဖြစ်သည်။ ၎င်း၏အကောင်းဆုံးအခြေအနေတွင် တစ်ယောက်သည် လေထဲသို့ ကိုးကြိမ်ခုန်နိုင်ပေ၏။

ကိုးလွှာတွင် လုပ်ဆောင်မှုတိုင်းနှင့် လှုပ်ရှားမှုတိုင်းတို့သည် နဂါးပုံသဏ္ဍာန်ကို ပေါ်လာစေနိုင်ခြင်းနှင့်အတူ ထိုတိုက်ခိုက်မှု၏ စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်အောင်ဖြစ်သည်။

ဤစွမ်းအားသည် အစစ်အမှန်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများကို ကျော်လွန်ကာ နက်နဲသိမ်မွေ့သောသိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများကိုပင် အနိုင်ယူနိုင်သည်။

ဤအထွတ်အထိပ်နည်းစနစ်သည် ခန္ဓာကိုယ်၏ကိုယ်ပိုင်စွမ်းအားကို အားမကိုးဘဲ ခုန်လိုက်တိုင်း အချိန်နှင့်အာကာသအနက်ပိုင်းမှ ဆွဲယူရရှိသော မူလစွမ်းအင်ကို အားကိုးသည်။ ၎င်းသည် ပြိုင်ဘက်များကို အနိုင်ယူရန် လောကကြီး၏ စွမ်းအင်ကို ငှားယူထားခဲ့သည်။

ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်လုနီးပါးရှိနေပြီဖြစ်သောကြောင့် သူသည် လေထဲသို့ ခြေလှမ်းနှစ်လှမ်းခုန်နိုင်ခဲ့သည်။ အစစ်အမှန်သိုင်းအဆင့် ၄ ရှိ စစ်သည်များအတွက် သူ့တိုက်ခိုက်မှုမှ ရိုက်ခတ်မှုတစ်ခုမျှသည် ဒဏ်ရာကို ဖြစ်ပေါ်စေပြီး တိုက်ရိုက်တိုက်ခိုက်မှုသည် သေချာသော သေဆုံးခြင်းဆီသို့ ဦးတည်သွားစေပေလိမ့်မည်ဖြစ်သည်။ ပိတ်ဆို့ကာကွယ်ခြင်းအတွက်မူ ထိုသည်မှာ စကားထဲထည့်ပြောစရာပင် မလိုပေ။

"သံမဏိဝတ်ရုံကြယ်တာရာစွမ်းအင်နဲ့တွဲဖက်ထားတဲ့ ပျံလွှားနေတဲ့နဂါးလှံပညာရပ်ဟာ အစစ်အမှန်သိုင်းပညာနယ်ပယ်မှာ ငါ့ကို ကြီးမားတဲ့ အကာအကွယ်တစ်ခုပေးစွမ်းလိမ့်မယ်။ ငါ သူတို့ ပြီးပြည့်စုံတဲ့အထိ စောင့်ရုံပဲ။"

ဝမ်ချောင် သူ့ကိုယ်သူ ပြောလိုက်၏။

သူပြောလိုက်သောအခါ သူသည် သူ့ညာလက်ကိုဖွင့်လိုက်သည်။

ဝှီးးး

ဝမ်ချောင်၏ ခန္ဓာကိုယ်မှ အနက်ရောင် အရိပ်တစ်ခု မြင့်တက်လာခဲ့ပြီးနောက် မက်မွန်သီး အရွယ်အထိ ကျုံ့သွားခဲ့ကာ သူ့လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ၎င်းသည် ကြယ်တာရာစွမ်းအင်ဖြင့်ဖွဲ့စည်းထားသော အသေးစား သံမဏိဝတ်ရုံ ဖြစ်သည်။

ဤသီးသန့်ကျင့်ကြံမှုကာလတွင် ပျံလွှားနေသော နဂါးလှံပညာရပ်တွင် သူ့တိုးတက်မှုအပြင် ဝမ်ချောင်၏အကြီးကျယ်ဆုံးရိတ်သိမ်းမှုမှာ သံမဏိဝတ်ရုံလီ၏ ကြယ်တာရာစွမ်းအင် သံမဏိဝတ်ရုံကို ကျင့်ကြံရာတွင် သူ့ အောင်မြင်မှုဖြစ်သည်။

သူ့ကျင့်ကြံခြင်းသည် သံမဏိဝတ်ရုံလီထက် နိမ့်ကျသော်လည်း ဝမ်ချောင်တွင် ကြယ်တာရာစွမ်းအင်အပေါ် ပို၍ ကြီးမားပြီး ပိုမို အနုစိပ်ကျသည့် အာရုံနှင့် ထိန်းချုပ်နိုင်စွမ်းရှိသည်။

သံမဏိဝတ်ရုံလီ၏ ကြယ်တာရာစွမ်းအင် သံမဏိဝတ်ရုံသည် တိုက်ခိုက်ခုခံကာကွယ်နိုင်သည်။ ဤအထွတ်အထိပ်နည်းစနစ်နှစ်ခုဖြင့် ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်တွင် အခြေခံအားဖြင့် အားနည်းချက်ကင်းပေ၏။

ဝှစ်

သံမဏိဝတ်ရုံသည် သူ့လက်ထဲမှ လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားခဲ့ပြီး ကျန့်တစ်ဆယ်ကျော် အကွာအဝေးရှိ ကျောက်တုံးတစ်တုံးကို ဖုံးအုပ်သွားခဲ့သည်။ သံမဏိဝတ်ရုံ ကျုံ့သွားသည်နှင့်အမျှ ကျောက်တုံးကြီးပေါ်မှ ကွဲအက်သံများ ထွက်ပေါ်လာခဲ့ကြပြီး ၎င်းမှာ ကွဲကြေသွားခဲ့၏။

ဝမ်ချောင်သည် အဝေးမှ ထိုသံမဏိဝတ်ရုံကို ညင်သာစွာ လှုပ်ယမ်းလိုက်ရာ မရေမတွက်နိုင်သော ကျောက်တုံးသေးသေးလေးများကို အစုလိုက်အပြုံလိုက် ပြိုကျသွားစေခဲ့သည်။

"ဘယ်လိုတောင် နားလည်ရခက်လိုက်သလဲ။ နောက်ဆုံးမှာ သံမဏိဝတ်ရုံလီက ပထမဆုံးထင်မြင်ချက်တွေကို ဦးစားပေးခဲ့ပြီး သူရဲ့အတွေးတွေက ရိုးရှင်းလွန်းကြတယ်။ ကြယ်တာရာစွမ်းအင် သံမဏိဝတ်ရုံက စွမ်းအင်အတားအဆီးတစ်ခုမျှလောက် ရိုးရှင်းတဲ့အရာတစ်ခုမဟုတ်ဘူး။"

ဝမ်ချောင်သည် တောက်ပသော အပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် စတင်လမ်းလျှောက်လိုက်သည်။ သူလမ်းလျှောက်လိုက်သောအခါ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းက သံမဏိဝတ်ရုံကို သူ့ခန္ဓာကိုယ်ဆီ ပြန်လာစေခဲ့သည်။

ရွှီးးး

ဝမ်ချောင် သူ့လက်ညိုးနှင့် လက်မကို ပါးစပ်ထဲသို့ ထည့်လိုက်ကာ ရှင်းလင်းပြီး စူးရှသည့် လေချွန်သံကို ပြုလိုက်သည်။ မကြာမီ တောင်ခြေမှနေ၍ ဖုန်မှုန့်စွပ်ကြောင်းတစ်ခု သူ့ဆီ ဦးတည်လာခဲ့ကာ သူသည် ဒုန်းဆိုင်းပြေးလွှားနေသည့် ခွာသံများကို ကြားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မဲနက်နေသော ခွာဖြူအရိပ်၏ ပုံရိပ်က ဝမ်ချောင်ရှေ့တွင် ပေါ်လာခဲ့ပြီး သူ့မျက်နှာကို ချစ်ခင်စွာ လျက်လိုက်သည်။

"သွားဖို့အချိန်ကျပြီလား။"

ကြည်လင်အေးစက်သော အသံတစ်ခုက မြူခိုးမှ ထွက်လာခဲ့၏။ မသိရသောအချိန်တစ်ခုအကြာတွင် မြင်းနှင့်အတူ သူမ၏ နှင်းဖြူဂါဝန်ကိုဝတ်ဆင်ထားသည့် ဟွမ်ချန်အာသည် ဝမ်ချောင် နောက်တွင် ပေါ်လာခဲ့သည်။

ဤလအနည်းငယ်အတွင်းတွင် ဟွမ်ချန်အာ၏လူတစ်ကိုယ်လုံးသည် သိသာထင်ရှားသောပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သူမသည် ပို၍သန်မာလာခဲ့သော်လည်း ပို၍လည်းအေးစက်လာခဲ့ပြီး ပို၍လည်း သီးသန့်ဆန်လာခဲ့သည်။ သူမသည် ဤကမ္ဘာမြေမှမဟုတ်ဘဲ သေမျိုးအစားအစာများကို မစားသော နတ်သမီးတစ်ပါးဖြစ်ပုံရသည်။

ဟွမ်ချန်အာသည်လည်း ဤလများအတွင်း ဝိညာဉ်သွေးကြောတွင် ထင်ရှားသော အကျိုးအမြတ်များရရှိခဲ့သည်။ သူမသည် သိသိသာသာ သန်မာလာခဲ့၏။

နူးညံ့သော လက်များ၏ မိုးခြိမ်းသံကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဟွမ်ချန်အာသည် ပိုမိုအားကောင်းလာသည်နှင့်အမျှ ပို၍ တစ်သီးတစ်ခြားဖြစ်လာကာ တည်ငြိမ်အေးစက်လာခဲ့သည်ကို ဝမ်ချောင် ခံစားလိုက်ရသည်။

တခြားလူများက ဟွမ်ချန်အာရှေ့တွင် ရှက်ရွှံ့နေနိုင်သော်လည်း ဝမ်ချောင်သည်တော့ ရှက်ရွံ့မနေခဲ့ပေ။

"သွားကြရအောင်။ ဘာပဲဖြစ်ဖြစ် သွားဖို့ အချိန်တန်ပြီ"

ဝမ်ချောင်သည် မြင်းပေါ်တက်လိုက်ပြီး မကြာမီ တောင်ပေါ်မှ ဒုန်းဆိုင်းဆင်းလာခဲ့သည်။ ဟွမ်ချန်အာ အနီးကပ်လိုက်ပါလာခဲ့ပြီး နှစ်ယောက်သား ဝိညာဉ်သွေးကြောမှ လျင်မြန်စွာ ထွက်ခွာလိုက်ကြသည်။

ဝိညာဉ်သွေးကြောမှထွက်လာပြီး တစ်ရက်ခွဲခန့်အကြာတွင် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ ပိုင်နက်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် ဝမ်ချောင်သည် သူလုပ်နေကျအတိုင်း ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဦးမတည်ခဲ့ဘဲ အနီးနားရှိ တောင်စောင်းတစ်ခုတွင် ရပ်ရန် ရွေးချယ်ခဲ့သည်။

"ဝမ်ချောင် နောက်ဆုံးတော့ မင်းရောက်လာပြီ"

ဝမ်ချောင်၏မြင်း ရပ်သွားသည့်အခိုက်အတန့်တွင် လူနှစ်ယောက်သည် တောင်စောင်းနောက်ကွယ်ရှိ စိမ်းလန်းစိုပြေသောသစ်တောထဲမှ ရုတ်တရက်ထွက်လာခဲ့ကြသည်။ သူတို့တွင် ဝမ်းမြောက်ပျော်ရွှင်သည့် အမူအရာများရှိကြကာ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြပုံရသည်။

**************************************

မှတ်ချက်- မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုကို အခုကစပြီး နတ်ဆိုးဧကရာဇ်အဘိုးအို လို့ ပြောင်းလဲ ဘာသာပြန်သွားပါမယ်။ အကြောင်းပြချက်ကတော့ မကောင်းဆိုးဝါးက ရေးရတာ ရှည်လို့။ 😝

အပိုင်း ၄၀၉

အကူအညီအတွက် လီဟန်၏ မေတ္တာရပ်ခံချက်

"ဟွမ်ချန်အာ ရပ်လိုက်"

ထိုလူနှစ်ယောက် ချဉ်းကပ်မလာနိုင်မီ လှံရှည်ကြီးတစ်စင်းက သူတို့၏ လည်တိုင်ရှေ့သို့ ပြေးထွက်သွားခဲ့ကာ သူတို့အား ထိတ်လန့်သွားစေခဲ့သည်။ ဝမ်ချောင် ဟွမ်ချန်အာကို ရပ်တန့်ရန် ကမန်းကတန်း အမိန့်ပေးလိုက်သည်။

"နင်ပြောနေတာက ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို နင်လာခဲ့တာက သူတို့ကို တွေ့ဆုံဖို့သက်သက် လို့လား။"

ဟွမ်ချန်အာ ထိုသုံးယောက်သားကို အကဲခတ်လိုက်ကာ သူမ၏ မျက်လုံးထဲ သံသယဖြစ်နေသော အကြည့်တစ်ခု ပေါ်လာခဲ့၏။ သူမသည် ဝမ်ချောင်၏ နံဘေးတွင် အချိန်အကြာကြီး ရှိခဲ့ပြီးဖြစ်သော်လည်း ဟွမ်ချန်အာ မသိသေးသည့် အရာအချို့ ရှိကြသေးသည်။

ဥပမာအားဖြင့် စာပို့ခိုမှတဆင့် ဝမ်ချောင် ပို့လိုက်သော စာများဖြစ်ကြ၏။

"ဟုတ်တယ်"

ဝမ်ချောင် ပြုံးလိုက်၏။ သူသည် သဘာဝအားဖြင့် လုံလုံလောက်လောက်သန်မာပြီဖြစ်သောကြောင့် ဝိဉာဉ်သွေးကြောမှ စွန့်ခွာခဲ့မည်မဟုတ်ပေ။ ထိုသည်မှာ သူသည် ပဉ္စမမင်းသား လီဟန်ဆီမှ အကူအညီတောင်းခံစာကို လက်ခံရရှိခဲ့သောကြောင့်ဖြစ်သည်။

"ဟွမ်ချန်အာ ခနလောက် ရှောင်ပေးလို့ရမလား။"

ဝမ်ချောင် တောင်းဆိုလိုက်သည်။

"ဟမ် ငါဂရုစိုက်တယ်လို့ နင်ထင်လား။"

ဟွမ်ချန်အာ ခေါင်းမော့လိုက်ပြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ လှည့်ထွက်သွားခဲ့သည်။ ဝမ်ချောင်က ဤနှစ်ယောက်နှင့် ဘာကြောင့် တိတ်ဆိတ်စွာ တွေ့ဆုံနေခဲ့သလဲဆိုသည်ကို သူမ အလွန်စိတ်ဝင်စားသော်လည်း သူမ၏ မာနက ခွင့်မပြုခဲ့ပေ။

သူမသည် မြင်းနှင့်အတူ ထွက်သွားခဲ့သော်လည်း အဝေးကြီးမသွားခဲ့ပေ။ ကျန့်ငါးဆယ်ကျော်အကွာအဝေးတွင်သာ စောင့်နေခဲ့၏။

"အဲမိန်းမက ဘယ်သူလဲ။"

လီဟန် ကျန့်ငါးဆယ်ကျော်အကွာအဝေးရှိ ဟွမ်ချန်အာကို ကြည့်လိုက်ကာ သူ့မျက်လုံးထဲ ထူးဆန်းသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။ ခုနက သူ အမှန်ပင် ကြောက်ရွံ့သွားခဲ့ပေသည်။

သူသည် လီကျင်းကျုံး၏ မကြာခဏဆူငေါက်ခြင်းကို ခံခဲ့ရပြီး တစ်ခါတစ်ရံတွင် အရိုက်အနှက်ပင် ခံခဲ့ရသော်လည်း ထိုသည်မှာ လီကျင်းကျုံးတွင် အထူးအဆင့်အတန်းရှိသောကြောင့်ဖြစ်သည်။ လီကျင်းကျုံးသည် သူ့ကို ကလေးဘဝကတည်းက ထိန်းကျောင်းလာခဲ့ပေ၏။

ဤသည်မှာ တော်ဝင်နန်းတော်အပြင်ဘက်တွင် တစ်ယောက်ယောက်က သူ့လည်တိုင်ပေါ်၌ လက်နက်ဖြင့် ချိန်ရွယ်ခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်သည်။

"ကျွန်တော့်ရဲ့ သက်တော်စောင့်ပါ။"

ဝမ်ချောင် ရိုးရှင်းသည့် ရှင်းပြချက်တစ်ခု ပေးလိုက်၏။ ဟွမ်ချန်အာသည် ဟွမ်ကလန်၏ သမီးတစ်ယောက်ဖြစ်ပြီး တော်ဝင်မိသားစုမှ တော်တော်လေး အလှမ်းဝေးကာ ထို့ကြောင့် လီဟန်အတွက် သူမကို မသိသည်မှာ သာမန်သာဖြစ်သည်။

လီဟန်နှင့် လီကျင်းကျုံး နှစ်ယောက်စလုံးတို့သည် ဝမ်ချောင်၏ အဖြေကို တော်တော်လေး ခန့်မှန်းရခက်သည့် အမူအရာများ ပြသလိုက်ကြသည်။

သူတို့၏ အတွေးများက လွဲချော်သွားကြသည်ကို ဝမ်ချောင် သိသော်လည်း သူ ပြုံးသာ ပြုံးလိုက်ပြီး နောက်ထပ်ရှင်းပြမနေတော့ပေ။

"မင်းသား ဘာဖြစ်လို့လဲ၊ ဘာကများ မင်းသားကို ဒီလို စိုးရိမ်ပူပန်ပြီး စိတ်အနှောက်အယှက်ဖြစ်စေခဲ့တာလဲ။"

ဝမ်ချောင် မေးလိုက်၏။

စာပို့ခိုမှ လီဟန်၏ စာသည် အလောတကြီး ရောက်လာခဲ့ပေသည်။ ထို့အတွက်ကြောင့်မဟုတ်ပါက ဝမ်ချောင်သည် ဝိဉာဉ်သွေးကြောကို အလွန်လျင်မြန်စွာ စွန့်ခွာခဲ့လိမ့်မည်မဟုတ်ပေ။

"ဝမ်ချောင် ဒီကိစ္စမှာ မင်း ငါ့ကို ကူညီဖို့ နည်းလမ်းတစ်ချို့ စဉ်းစားပေးရမယ်။"

အဓိကအကြောင်းအရာကို ပြောဆိုလိုက်ကာ လီဟန်၏ မျက်နှာသည် စိုးရိမ်မှုဖြင့် ချက်ချင်း ဗျာများလာခဲ့သည်။

"... အခု ငါ မင်းကိုပဲ စဉ်းစားနိုင်တယ်။"

"ဟုတ်တယ် သခင်လေး၊ ခင်ဗျား မင်းသားကိုကူညီဖို့ နည်းလမ်းတစ်ခုစဉ်းစားပေးရမယ်။ ဒီလိုမှမဟုတ်ရင် မင်းသားက သေချာပေါက် ကံကြမ္မာဆိုးနဲ့ ကြုံရလိမ့်မယ်။"

လီကျင်းကျုံး ဘေးမှနေ၍ ဝင်ပြောလိုက်ကာ သူ့စိုးရိမ်ပူပန်မှုသည် လီဟန်အောက် မလျော့ခဲ့ပေ။

"ဘာတွေဖြစ်နေလို့လဲ"

ဝမ်ချောင် မေးလိုက်သည်။

"ဧကရာဇ်ဖခမည်းတော်က ငါကို နန်းတော်ဆီ ဆင့်ခေါ်လိုက်တယ်။"

လီဟန် တိုတိုတုတ်တုတ်ပြောလိုက်၏။

"အရှင်မင်းမြတ်က မင်းကို နန်းတော်ဆီ ဆင့်ခေါ်လိုက်တယ်..."

ဝမ်ချောင် ကြက်သေသေသွားခဲ့၏။ ဤသည်မှာ ကောင်းသည့်အရာဖြစ်သင့်သော်လည်း လီဟန်၏ စိုးရိမ်တကြီးမျက်နှာကို ကြည့်ကာ ဝမ်ချောင် လျင်မြန်စွာတုံ့ပြန်လိုက်သည်။

"တစ်ယောက်ယောက်က ဒါကို တမင်တကာ စီစဉ်ခဲ့တာလား။"

"ဟုတ်တယ်၊ တတိယအစ်ကိုက ဒါကို စီစဉ်ခဲ့တယ်။"

ပဉ္စမမင်းသား ပြောလိုက်ကာ သူ့အသံရှိ အကြောက်တရားက ထင်ရှားလှ၏။ တော်ဝင်ကလန်၏ မင်းသားများတွင် တတိယမင်းသားသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သူသည် သူ့ပြိုင်ဘက်များကို လျှို့ဝှက်ကြံစည်ခဲ့ပြီး သူ့နည်းလမ်းနှင့်ပတ်သက်၍ ဘယ်တော့မှ ချေးမများခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူသည် သူ့ကို ဒုက္ခပေးလာနိုင်သည့် မည်သည့်အချက်အလက်ကိုမျှလည်း နောက်တွင် ချန်မထားခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ။ အရှင်မင်းမြတ်က မင်းကို ခွန်းဝူလေ့ကျင့်ရေးစခန်းဆီ ပို့လွှတ်ခဲ့တာမဟုတ်ဘူးလား။ ဘာလို့ သူက ရုတ်တရက် မင်းကို နန်းတော်ဆီ ပြန်ခေါ်ချင်နေရတာလဲ။ လုံလောက်တဲ့အကြောင်းပြချက်တစ်ခုတော့ လိုအပ်တယ်မဟုတ်ဘူးလား။"

ဝမ်ချောင် ကျယ်လောင်စွာ ပြောလိုက်သည်။ ဝမ်ချောင် ဝိဉာဉ်သွေးကြော၌ ရှိနေခဲ့စဉ်တွင် သူ မသိလိုက်သည့် အရာတစ်ခု ဖြစ်ပွားသွားခဲ့ရပေမည်။

"မင်းသားက ကျင့်ကြံနိုင်ပြီ ဆိုတဲ့အချက် ထုတ်ဖော်ခံလိုက်ရလို့ပဲ။"

ဤစကားကိုပြောလိုက်သူမှာ လီကျင်းကျုံးဖြစ်ပေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကိစ္စကို သိတဲ့လူ အနည်းငယ်ပဲ ရှိသင့်တယ်မဟုတ်လား။"

ဝမ်ချောင် အံ့အားသင့်သွားခဲ့၏။

လီဟန်သည် လေ့ကျင့်ရေးစခန်းတွင် အမြဲသိုသိုသိပ်သိပ်နေခဲ့သည်။ ဝမ်ချောင် ကိုယ်တိုင်ပင် လီဟန်ကို မတော်တဆတွေ့ဆုံပြီး သူတို့က လေ့ကျင့်ရေးစခန်းတစ်ခုတည်းတွင် ဖြစ်သည်ကို ရှာဖွေမသိရှိမီ စခန်းတွင် လအတန်ကြာ ကုန်ဆုံးသွားခဲ့သည်။ ထို့အပြင် မင်းသားများကြားတွင် လီဟန်သည် ကျင့်ကြံခြင်းတွင် မျှော်လင့်ချက်မရှိတော့သည်ကို သက်သေပြထားခဲ့ပြီး သူ့အား မင်းသားများ၏ စောင့်ကြည့်မှု အနည်းဆုံး ဖြစ်စေခဲ့သည်။

လီဟန်ကိုယ်တိုင်က သတင်းကို မပေါက်ကြားစေခဲ့ဘဲ လီကျင်းကျုံးက သတင်းကို မပေါက်ကြားစေခဲ့သရွေ့(PS/လီကျင်းကျုံးက ဒါကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး) သူတို့၏ သိုသိုသိပ်သိပ်ပုံရိပ်က သတင်းကို ဆက်လက်ဖုံးကွယ်ထားသင့်ပေသည်။

"ငါ လေ့ကျင့်ရေးစခန်းမှာ နီဟွမ်နဲ့ ပက်ပင်းတိုးသွားခဲ့တယ်..."

လီဟန် တော်တော်လေး ကူကယ်ရာမဲ့စွာ ပြောလိုက်ကာ ထို့နောက် သူ ဇာတ်လမ်းတစ်ပုဒ်လုံးကို ပြောပြလိုက်သည်။

လူအများ ပြောကြသကဲ့သို့ 'ကောင်းချီးမင်္ဂလာက ဘေးဥပါဒ်မဟုတ်သလို ဘေးဥပါဒ်က ရှောင်လွဲ၍မရပေ။' လီဟန်၏ ပုံရိပ်သည် မင်းသားများကြားတွင် အမြဲလိုလို ပေါ်လွင်ထင်ရှားခြင်းမရှိခဲ့ပေ။

သူသည် သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းကို ကြုံတွေ့ခဲ့ရပြီး ကျင့်ကြံလာနိုင်ကတည်းက ပို၍ပင် သိုသိုသိပ်သိပ်ဖြစ်လာခဲ့သည်။ သူသည် အခြေခံအားဖြင့် လေ့ကျင့်ရေးစခန်းအပြင်ဘက်ရှိ တောင်တန်းများတွင် အချိန်ကုန်ဆုံးခဲ့ပေသည်။

ဝမ်ချောင်၏ ဓားသွားဖယ်ရှားခြင်းအိမ်တော်အနေဖြင့် မင်းသမီးနီဟွမ်က ထိုနေရာတွင်ရှိပြီး သူ အစွမ်းကုန်ရှောင်ရှားရမည့် နေရာဖြစ်သည်ကို ဝမ်ချောင် သူ့အား သတိပေးထားခဲ့သည်။ အကယ်၍ မလိုအပ်ပါက သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်မှ ဝေးဝေးနေသင့်ပြီး လိုအပ်လာပါက စာပို့ရန် အစေခံတစ်‌ယောက် စေလွှတ်ရပေမည်။ အကယ်၍ စကားပြောရန် လိုအပ်လာခဲ့ပါက သူသည် မင်းသမီးနီဟွမ်ကို ရှောင်ရှားရန် ညဘက်တွင် လာရပေမည်။

လီဟန် ဤသတိပေးချက်များအားလုံးကို မှတ်သားထားခဲ့သော်လည်း သူ တောထဲမှ ပြန်လာသောအခါ လမ်းလျှောက်ထွက်နေသည့် မင်းသမီးနီဟွမ်ကို ကြုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူတို့နှစ်‌ယောက် အချင်းချင်း ပက်ပင်းတိုးသွားသောအခါ လီဟန် အေးခဲသွားခဲ့သည်။

မင်းသမီးနီဟွမ်သည် သူ့ထက်များစွာ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားပြီး သူမဘေးတွင် နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းအဆင့်ရှိ ခန့်မှန်းရခက်သော အဘွားအိုတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုအဘွားအိုသည် သူမ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သောအခိုက်တွင် လီဟန်၌ ဘာဖြစ်နေသည်ကို သတိပြုမိသွားခဲ့သည်။

လီဟန် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်သွားခဲ့ရပြီး သတိပြန်ဝင်လာရန် အချိန်ကြာကြီး ယူခဲ့ရသည်။

သူသည် ကျင့်ကြံနိုင်ခြင်းမရှိဘဲ အခြားမင်းသားများအတွက် ခြိမ်းခြောက်မှုမရှိသောကြောင့် တိတ်ဆိတ်အေးချမ်းပြီး ပေါ်လွင်ထင်ရှားခြင်းမရှိသော ဘဝတစ်ခုကို အမြဲပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ထို့ကြောင့် သူသည် ရက်စက်ပြီး အကြင်နာတရားကင်းမဲ့သော မင်းသားများတိုက်ပွဲမှ ဝေးဝေးနေခဲ့ပြီး တိုက်ခိုက်မှုအနည်းငယ်သာ ခံစားခဲ့ရသည်။

သို့သော် အကယ်၍ သူက ရုတ်တရက် ကျင့်ကြံလာနိုင်ခဲ့ပါက အရာရာတိုင်း ပြောင်းလဲသွားပေလိမ့်မည်။ သူသည် ပျင်းစရာအလွန်ကောင်းသော စောင့်ကြည်မှု၏ ပစ်မှတ်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သူ မကာကွယ်နိုင်သည့် ပေါ်တင်ကော ပုန်းရှိုးကွယ်ရှိုး တိုက်ခိုက်မှုများဖြင့် ဝန်းရံနေပေလိမ့်မည်။

တော်ဝင်မိသားစုတွင် ညီအစ်ကိုချစ်ကြည်ရေးမျိုး မရှိပေ။ မင်းသားများကြား ပဋိပက္ခများသည် အလွန်တရာ ရက်စက်ကြသည်။ သူတို့သည် ဒဏ်ရာရရုံ သို့မဟုတ် နှုတ်ထွက်ခြင်းမျှဖြင့် အဆုံးသတ်သွားမည့် အရာမဟုတ်ပေ။

အကယ်၍ လီဟန်သည် လုံလောက်သော ခွန်အားကို စုဆောင်းပြီးသည်အထိ လျှို့ဝှက်စွာ ကျင့်ကြံနိုင်ခဲ့ပါက အရာအားလုံး အဆင်ပြေပေလိမ့်မည်။ သို့သော် ယခုတွင် သူသည် အလွန်အားနည်းနေခဲ့သေး၏။

ဤသည်က သူ့အား ပို၍ပင် ပြင်းထန်သည့် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစေလိမ့်မည်ဖြစ်ပြီး ဘက်ပေါင်းစုံမှ တစ်ပြိုင်နက်ပင် ဖြစ်နိုင်သည်။

အကယ်၍ အန္တရာယ်တစ်ခုကို အားနည်းစဉ်အချိန်တွင် ဖယ်ရှားနိုင်ပါက တစ်ယောက်သည် ၎င်းကြီးပြင်းလာသည်ကို ထိုင်ကြည့်နေလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ တော်ဝင်မိသားစုများကြား မပြောဘဲသိထားသော စည်းမျဉ်းတစ်ခုဖြစ်သည်။

ဤအချက်ကို နားလည်ထားသည့် မည်သူမဆို လီဟန်၏ စိုးရိမ်ပူပန်မှုကို နားလည်ပေလိမ့်မည်။

"... ဒါပေမယ့် မင်း ကျင့်ကြံနိုင်တာကို ဖော်ထုတ်ခဲ့သူက မင်းသမီးနီဟွမ်ဆိုရင် ဒီကိစ္စကို အစပျိုးခဲ့သူက ဘာလို့ တတိယမင်းသားလဲ။"

ဝမ်ချောင် မေးလိုက်၏။

"ဒါက နန်းတော်မှာ ငါ မနေချင်ရတဲ့ အကြောင်းအရင်းအတိအကျပဲ။"

လီဟန် သက်ပြင်းချလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းသားတွေက ပဋိပက္ခထဲ အမြဲမပါဝင်ကြလို့ပဲ။"

လီကျင်းကျုံး ပြောလိုက်၏။

"သူတို့က တစ်ခါတစ်ရံမှာ လက်တွဲလုပ်ဆောင်ကြတယ်။ ဒီနေရာမှာ မျက်နှာပြဖို့ ပထမမင်းသားအတွက် မသင့်လျော်ဘူး၊ ဒါကြောင့် တတိယမင်းသားကတစ်ဆင့် အလုပ်လုပ်တာက အကောင်းဆုံးပဲ။ ဒါ့အပြင်... အတိတ်မှာ မင်းသားကို သတ်ဖို့ စေလွှတ်ခဲ့တဲ့ လုပ်ကြံသူတွေက အခြေခံအားဖြင့် တတိယမင်းသားက စေလွှတ်ခဲ့ကြတာပဲ။"

လီကျင်းကျုံးသည် နန်းတော်ထဲတွင် တစ်သက်လုံးနေထိုင်ခဲ့ပြီး နိုင်ငံရေး ရုန်းကန်မှုများ၊ အာဏာရရန် ကြိုးပမ်းမှုများ၊ အတောမသတ်နိုင်သော နောက်ကျောဓားထိုးမှုများနှင့် ပရိယာယ်များကို သိမြင်လာခဲ့သည်။

"ဒါပေမယ့် ဒါက အရေးကြီးတဲ့အချက်မဟုတ်ဘူး။ အရေးကြီးတဲ့အချက်က တတိယမင်းသားက အရှင်မင်းမြတ်ဆီ မင်းသားအကြောင်းတင်ပြတဲ့အခါ သူက မင်းသားကို ချီးကျူးမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး မင်းသားက ဉာဏ်ပညာကြွယ်ဝကာ တိုးတက်မှုမှာ ကြီးစွာ ခုန်ပျံကျော်လွှားတက်ခဲ့ပြီး မူလစွမ်းအင်အဆင့် ၈ ကို ရောက်သွားခဲ့ပြီလို့ ပြောဆိုခဲ့တယ်။ သူက အရှင်မင်းမြတ်ကို ဆုဘာလ်ကြီးတစ်ခု ချီးမြှင့်ဖို့ တောင်းဆိုခဲ့တယ်။"

လီကျင်းကျုံး သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် အရှင်မင်းမြတ်က မင်းသားတွေရဲ့တိုက်ပွဲအကြောင်းကို နည်းနည်းလေးမေးမြန်းပြီး ဂူကောင်ကို ပြုစုပျိုးထောင်တဲ့ နည်းဗျူဟာကို လုံးလုံးအားကိုးနေပေမယ့် အရှင်မင်းမြတ် အမုန်းဆုံးအရာက မင်းသားတွေထဲက တစ်ယောက်ယောက်က သူ့ကိုလှည့်စားနေခြင်းဆိုတာကို တတိယမင်းသား ရှင်းရှင်းလင်းလင်းသိတယ်။ တတိယမင်းသားက ချီးမွမ်းခြင်းတွေပြည့်နှက်နေပေမယ့် မင်းသားကို မီးတွင်းထဲ တွန်းချပစ်ချင်နေတာပဲ။"

"လက်ရှိအခြေအနေမှာ ဧကရာဇ်ဖခမည်းတော်က ငါ့ကို နန်းတော်ဆီ ဆင့်ခေါ်နေခဲ့ပြီ။ တကယ်လို့ ငါက နန်းတော်ထဲဝင်ရောက်ပြီး ငါ့ပါရမီကို အပြည့်အဝ ပြသရင် ငါက တိုင်းပြည်ဦးသျှောင်ကို လှည့်ဖြားခြင်းအတွက် ပြစ်မှုမြောက်မှာဖြစ်ပြီး ငါ့ညီအစ်ကိုတွေရဲ့ မနာလိုမှုနဲ့ အမုန်းတရားတွေကိုလည်း ဆွဲဆောင်လိမ့်မယ်။ တကယ်လို့ ငါက ငါ့ရဲ့ပါရမီကို မပြသခဲ့ရင် ငါက တိုင်းပြည်ဦးသျှောင်ကို လှည့်ဖြားခြင်းအတွက် ပြစ်မှုမြောက်နေဦးမှာဖြစ်ပြီး ငါ့ရဲ့ တခြားညီအစ်ကိုတွေကလည်း ငါ့ကို လွှတ်ပေးကြဦးမှာမဟုတ်ဘူး။ ငါ့ရဲ့ရွေးချယ်မှုတွေအကုန်လုံးက မှားယွင်းတယ်။"

လီဟန်၏ မျက်ခုံးသည် တင်းကြပ်စွာ ကြုတ်သွားခဲ့ပြီး သူ့စကားလုံးများနှင့် မျက်နှာတို့က စိုးရိမ်ပူပန်မှုဖြင့် ဗျာများနေခဲ့သည်။

နန်းတော်ထဲရှိနေချိန် ဩဇာအာဏာ သို့မဟုတ် နောက်ခံမရှိခြင်း၊ မိခင်ကလန်ဘက်မှ ကာကွယ်ပေးမှုမရှိခြင်း၊ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ခွန်အားမရှိခြင်းတို့သည် ဘေးအန္တရာယ်အတွက် ရှေ့တော်ပြေးများဖြစ်ကြသည်။

မင်းသားများ၏ အမုန်းတရားများကို ဆွဲဆောင်နေချိန် သူတို့ကို တွန်းလှန်ရန် ခွန်အားလည်း မရှိခြင်းသည် လီဟန်၏ ကံကြမ္မာမှာ မြင်သာလှသည်။

အမှန်တွင် တန်ပြန်အစီအမံများကို ဆွေးနွေးရန် သူသည် ဝမ်ချောင်ကို ရှာဖွေရန် လုံလောက်သော စိတ်တည်ငြိမ်မှုကို ထိန်းထားနိုင်သည်မှာ အတော်ပင် ကောင်းမွန်နေပြီဖြစ်သည်။

အခြားသူတစ်ဦးသည် သူတို့၏ သတ္တိများ လုံးဝဆုံးရှုံးသွားနိုင်သည်။

ဝမ်ချောင် တိတ်တဆိတ်မျက်မှောင်ကြုတ်လိုက်၏။ သူ့ရှေ့ရှိ အခြေအနေသည် သူ့မျှော်မှန်းချက်များထက် လုံးဝကျော်လွန်နေခဲ့သည်။ သူသည် မင်းသားများ၏ တိုက်ပွဲမှ တတ်နိုင်သမျှ ဝေးဝေးနေချင်ခဲ့သည်။

ဤသည်မှာ သူ့ကျွမ်းကျင်မှု နယ်ပယ်မဟုတ်ပေ။

"ဝမ်ချောင် မင်းကပဲ ဧကရာဇ်ဖခင်နဲ့ တွေ့ဆုံခဲ့ဖူးတယ်၊ တော်ဝင်အကျဉ်းထောင်မှာ အကျဉ်းကျပြီးနောက်မှာတောင် မင်းက ပြန်လွှတ်လာခဲ့တယ်။ ဒီကိစ္စမှာ မင်းက ငါ့ကို ကူညီနိုင်တဲ့ တစ်ဦးတည်းသော လူပဲ။"

ဤစကားလုံးများဖြင့် လီဟန်သည် သူ ဝမ်ချောင်ကို လာရှာခဲ့ရသည့် အကြောင်းပြချက်ကို နောက်ဆုံးတွင် ဖော်ပြလိုက်သည်။

'တိုင်းပြည်ဦးသျှောင်တစ်ပါးသည် သူတို့၏ ကတိစကားကို ပြန်မရုတ်သိမ်းပေ။' ကောင်းကင်သားတော်၏ နှုတ်မှ စကားလုံးများ ထွက်ကျလာသည်နှင့် သူသည် ဘယ်တော့မှ သူတို့အား ပြောင်းလဲမည်မဟုတ်ပေ။ အခြားအရှင်သခင်များသည် နေ့ဘက်တွင် အမိန့်တစ်ခုထုတ်ပြန်ပြီး ညဘက်တွင် စိတ်ပြောင်းနိုင်သော်လည်း ဤဖြစ်ရပ်က ပညာရှင်ဧကရာဇ်တွင် အလွန်တရာမှ ဖြစ်ခဲ၏။

ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် ပညာရှင်ဧကရာဇ်၏ စကားလုံးများသည် လူတစ်ဦး၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ခဲ့သည်။ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက်တွင်ပင် လီဟန်သည် ဟူစစ်သူကြီးအားလုံးတို့၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရကာ မုန်တိုင်းကြီးကို ဖြစ်ပေါ်စေပြီး အကျဉ်းကျခဲ့သည့် ဝမ်ချောင်ကဲ့သို့ လူတစ်ယောက် အသက်ရှင်လျက် ထွက်လာနိုင်သည်ကို အကြိမ်အနည်းငယ်မျှသာ ကြားဖူးခဲ့သည်။

နောက်ပိုင်းတွင် လူတိုင်းသည် ပညာရှင်ဧကရာဇ်က ဝမ်ချောင်ကို ချစ်ခင်မြတ်နိုးကြောင်း တွေ့လိုက်ကြရသည်။ ဤသည်မှာ သံသယရှိစရာမလို‌ပေ။

"သခင်လေးချောင်၊ တိုင်းပြည်ဦးသျှောင်ရဲ့ စိတ်နှလုံးသားက ခန့်မှန်းဖို့ခက်တယ်။ လောကကြီးနဲ့ အရှင်မင်းမြတ်တို့ရဲ့ ဒေါသကိုတောင် ဂရုမစိုက်ဘဲ မင်း အဲဒီသဝဏ်လွှာကို ယုံကြည်မှုရှိရှိ တင်ပြနိုင်ခဲ့တာက အရှင်မင်းမြတ်ရဲ့ အတွေးတွေကို မင်း ခန့်မှန်းနိုင်တာကြောင့် ဖြစ်ရမယ်။ ကျေးဇူးပြုပြီး သခင်လေး ခင်ဗျား သနားငဲ့ညှာမှုကို ပြသပြီး မင်းသားကို ကယ်တင်ရပါမယ်။"

လီကျင်းကျုံး စကားပြောလိုက်သောအခါ မျက်ရည်များက သူ့မျက်လုံးထဲ ရစ်ဝဲလာခဲ့၏။

ဤလူသည် လူကောင်းမဟုတ်ဘဲ ဤမျက်ရည်များသည် အစစ်အမှန်ဖြစ်ကြသည်ဟု အာမခံ၍ မရသော်လည်း ဤကောင်စုတ် လီကျင်းကျုံးသည် လီဟန်ကို ကယ်တင်ရန် သူ့ဆီ အသနားခံရာတွင် စိတ်ရင်းမှန်ဖြစ်ကြောင်း ဝမ်ချောင် ဝန်ခံရပေမည်။

'ဒါက ပြဿနာပဲ...'

ဝမ်ချောင် စိတ်ထဲ ပြောလိုက်ကာ သူ့နဖူးကြောများ ကျုံ့သွားခဲ့ကြသည်။ သူ့ကလန်သည် သူ့ကလန်ဖြစ်သောကြောင့် သူ့ကလန်ကိစ္စများကို သူ သိသော်လည်း ထိုကိစ္စများအပေါ် သူ့ဖမ်းဆုပ်နားလည်သဘောပေါက်မှုက လီဟန်နှင့် လီကျင်းကျုံးတို့ကို သူ့အား အလွန်အမင်း အထင်ကြီးသွားစေခဲ့သည်။

ထို့အပြင် ဒေသဆိုင်ရာတပ်မှူးများဖြစ်ရပ်၏ ရလဒ်မှာ သူသည် အရှင်မင်းမြတ်၏ အတွေးများကို သိနားလည်ထားပြီး သူ အဆင်ပြေလိမ့်မည်ဟု သိထားသောကြောင့် မဟုတ်ခဲ့ပေ။ သူသည် သူ့အသက်ကို ဂရုမစိုက်ခဲ့ရုံပင်။

သို့သော် မည်သူမျှ ထိုအရာကို ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။

ထို့အပြင် သူ့မှတ်ဉာဏ်များတွင် လီဟန်အား လေ့ကျင့်ရေးစခန်းမှ နန်းတော်ထဲဝင်ရောက်ရန် ရုတ်တရက် ဆင့်ခေါ်ခံခဲ့ရခြင်းမျိုး သူ့နောက်ဆုံးဘဝတွင် လုံးဝမဖြစ်ခဲ့ဖူးပေ။ ဤဘေးအန္တရာယ်ကို ဖြစ်စေခဲ့သည်မှာ မေးခွန်းထုတ်စရာမလိုဘဲ သူ့ပါဝင်ပတ်သက်မှုကြောင့် ဖြစ်ပေ၏။

ဤရုတ်တရက်ဆန်ပြီး မမျှော်လင့်ထားသော ဖြစ်ရပ်သည် လုံးဝအသစ်ဖြစ်သည်။ ဝမ်ချောင်၏ မှတ်ဉာဏ်များသည် ဤနေရာတွင် လုံးဝအသုံးမဝင်ကြပေ။

**********************************

အပိုင်း ၄၁၀

တန်ပြန်အစီအမံများ

သစ်တောနှင့် တောင်ကုန်းတို့သည် တိတ်ဆိတ်သွားခဲ့ကြကာ လီဟန်နှင့် လီကျင်းကျုံးတို့သည် ဝမ်ချောင်ကို မျှော်လင့်ချက်ဖြင့် ကြည့်လျက် စကားတစ်ခွန်းမှ မပြောကြတော့ပေ။ အဝေးရှိ ဟွမ်ချန်အာသည်ပင် တစ်ခုခုကို အာရုံခံမိလိုက်ပုံရပြီး သူမသည်လည်း အဝေးမှနေ၍ ဝမ်ချောင်ကို ကြည့်လိုက်သည်။

"မင်း နန်းတော်ကို ဝင်ရောက်ရမယ့် နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။"

"ငါ ဒီညသွားရမှာ။ ငါ့မှာ အများဆုံး နှစ်နာရီပဲကျန်တော့တယ်။"

လီဟန် ပြန်ဖြေလိုက်၏။

အချိန်သည် အလွန်နည်းလှသည်။ မဟုတ်ပါက သူသည် ဝမ်ချောင်ကို ဤမျှအလောတကြီး ရှာဖွေခဲ့မည်မဟုတ်ပေ။

"ကြည့်ရတာ ဒီတစ်ကြိမ် ငါ ဦးကြီးကို အားကိုးလို့ ရတော့မယ့်ပုံမပေါ်ဘူး။"

လီဟန်၏ စကားလုံးများက ဝမ်ချောင်၏ စိတ်နှလုံးသားကို ချက်ချင်း တင်းကြပ်သွားစေခဲ့သည်။ လီဟန်၏ ကိစ္စသတင်းကို သူ သိလိုက်ရသောအခါ သူသည် အလိုအလျောက် ဦးကြီးကို ရှာဖွေရန် တွေးတောထားခဲ့သည်။

ဤကဏ္ဍတွင် သူ့ဦးကြီးသည် အတွေ့အကြုံအများကြီး ရှိထားပေ၏။ ဤသည်က သူသည် ပညာရှင်ဧကရာဇ်၏ စိတ်နှလုံးသားကို နားလည်နိုင်မည်ဟု အာမမခံပေးနိုင်သော်လည်း ဆယ်စုနှစ်များစွာ အခြေခံအုတ်မြစ်က အနည်းဆုံး ဝမ်ချောင်ကို ရှင်းလင်းသည့် အကြံတစ်ချို့ ပေးနိုင်သည်။

သို့သော် လူအိုကြီးလင်းယုန်ငှက်က တော်ဝင်ရုံးတော်တွင် သူ့ဦးကြီးအား ကြန့်ကြာစေသော ဖြစ်ရပ်အချို့ ဖြစ်ပွားသွားခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။ သူသည် လေးနာရီမှ ခြောက်နာရီလောက် အားလပ်မည်မဟုတ်ပေ။

တစ်နည်းဆိုရပါက သူသည် သူ့ဦးကြီးဆီမှ အကူအညီကို မျှော်ကိုးနိုင်မည်မဟုတ်ပေ။

ယခုတွင် ဝမ်ချောင်သည် အမှန်ပင် တစ်ကိုယ်တည်းရုန်းကန်နေခဲ့ရသည်။

'ကြည့်ရတာ ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ့်ပုံပဲ။'

ဝမ်ချောင် စိတ်ထဲမှ သူ့ကိုယ်သူ ပြောလိုက်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်နေသော စွန့်စားမှုကြီးတစ်ခု ရှိပေ၏။ အကယ်၍ သူသာ ကောင်းစွာလုပ်ဆောင်ပြီး ပဉ္စမမင်းသားကို ဤဘေးအန္တရာယ်မှ ရှောင်လွှဲရန် ကူညီနိုင်ခဲ့ပါက လီဟန်သည် သူ့ကို အလွန်အမင်းယုံကြည်သွားပေလိမ့်မည်။ လီဟန်၏ သွေး ပြန်လည်ပြုပြင်ပြောင်းလဲခြင်းကိစ္စနှင့်အတူ ဤအရာက သူ့အား လီဟန်၏ အတွင်းစည်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာစေပေလိမ့်မည်။

ဤအရာက ယခုတွင် အသေးအဖွဲကိစ္စတစ်ခုကဲ့သို့ထင်ရသော်လည်း အနာဂတ်တွင် သူသည် သူ့ကလန်တစ်ခုလုံး၏ ချမ်းသာမှုကို သုံးစွဲခဲ့လျှင်ပင် သူသည် ဤအနာဂတ်ကောင်းကင်သားတော်၏ မျက်နှာသာကို ရရှိပြီး သူ့အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်တော့မည်မဟုတ်ပေ။

ဤအခွင့်အရေးသည် တစ်ကြိမ်သာ လာပေမည်။ အကယ်၍ သူ အောင်မြင်သွားခဲ့ပါက သူသည် လီဟန်၏ အကြွင်းမဲ့ယုံကြည်မှုကို ရရှိပြီး သူ့အဖိုးကဲ့သို့ပင် ဧကရာဇ်တစ်ပါး၏ တန်ဖိုးထားခံရသော အနာဂတ် ဝန်ကြီးတစ်ဦးဖြစ်လာပေလိမ့်မည်။

သို့သော် အလားတူပင် သူ ကျရှုံးသွားခဲ့ပါက ဝမ်ချောင်သည် လုံးဝတန်ဖိုးကြီးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။ လီဟန်၏သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းအပါအဝင် သူကြိုတင်လုပ်ဆောင်ထားခဲ့သော ကြိုးပမ်းမှုအားလုံးတို့သည် တစ်ချက်တည်းဖြင့် ပျက်စီးသွားမည်ဖြစ်ကာ လီဟန်သည် သူ့စွမ်းရည်များကို သံသယပင် ဝင်လာလိမ့်မည်ဖြစ်ပြီး သူ့အား ခပ်ခွာခွာနေသွားပေလိမ့်မည်။

ထို့အပြင် အဆိုးရွားဆုံးရလဒ်မှာ သူ့စွက်ဖက်မှုက မဟာထန်၏ ကံကြမ္မာတွင် အပြောင်းအလဲကြီးတစ်ခုဆီသို့ ဦးတည်သွားစေပေလိမ့်မည်။

ဝမ်ကလန်သည် ပျောက်ကွယ်မသွားခဲ့သကဲ့သို့၊ စုန့်ဘုရင်သည် ရာထူးမှ မဆင်းခဲ့ရသကဲ့သို့၊ ဒေသဆိုင်ရာတပ်မှူးများ စနစ်သည် လုံးဝဖယ်ရှားမခံခဲ့ရသကဲ့သို့၊ သူသည် ယန်ကျိုးနှင့် သွေးသောက်ညီအစ်ကို ဖြစ်လာခဲ့သကဲ့သို့...

ဤအရာများအားလုံးတို့သည် သူ့မှတ်ဉာဏ်များမှ လုံးဝကွဲပြားနေခဲ့ကြသည်။ ဤအရာများအားလုံးကို ကြီးစွာပြောင်းလဲနိုင်ခဲ့ပါက ဤအနာဂတ်အစစ်အမှန်နဂါးနှင့် ကောင်းကင်သားတော် လီဟန်သည် မြုပ်နှံခံရလိမ့်မည်မဟုတ် ဟု မည်သူကများ အားမခံနိုင်မည်နည်း။

ဤအရာအားလုံးတို့သည် ဝမ်ချောင် ထည့်သွင်းစဉ်းစားရမည့် အရာများဖြစ်ကြသည်။

'လူတစ်ယောက်က ကျားဂူထဲ မဝင်ရောက်ဘဲ ကျားပေါက်ကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ငါ ကိစ္စတွေကို စတင်ပြောင်းလဲရမယ်...'

ဝမ်ချောင် သူ့ရှေ့ရှိ လီဟန်၏ မျှော်လင့်နေသော မျက်နှာကို ကြည့်လိုက်ကာ အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာခဲ့၏။ လက်ရှိ လီဟန်သည် ထိုကြီးမားသော ရည်မှန်းချက်များဖြင့် ကျွမ်းကျင်ပြီး ဉာဏ်ရည်ထက်မြက်သော ဧကရာဇ်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

သူ့ဘဝ၏ အစောပိုင်းကာလမှ အတွေ့အကြုံများနှင့် လီကျင်းကျုံ၏ လွှမ်းမိုးမှုတို့သည် သူ့ပင်ကိုယ်စရိုက်တွင် အားနည်းချက်များစွာကို ဖြစ်စေခဲ့သည်။

ဤအခက်အခဲနှင့် ကြုံဆုံလာရသည့်အခါ ဤပျော့ညံ့သော ပင်ကိုယ်စရိုက်ကြောင့်သာ သူသည် သူစိတ်ကို မပြင်ဆင်နိုင်ခဲ့ဘဲ ဝမ်ချောင်ကို လာရှာခဲ့ခြင်းဖြစ်သည်။

သို့သော် အကယ်၍ ဤသည်မှာ ပါရမီနှင့် ဉာဏ်ရည်ထက်မြက်မှုတို့ကြောင့် ကျော်ကြားသော အနာဂတ်ဧကရာဇ်ဖြစ်ခဲ့ပါက သူသည် ဤပုံစံအတိုင်း ဘယ်တော့မှ လုပ်ဆောင်ခဲ့လိမ့်မည်မဟုတ်ပေ။

သုံးပေအထူရှိသော ရေခဲများသည် တစ်ရက်တည်းဖြင့် အေးခဲမည်မဟုတ်ပေ။ အကယ်၍ ဝမ်ချောင်သည် သူ့ပင်ကိုယ်စရိုက်ကို ပြောင်းလဲချင်ပြီး ထိုအားနည်းပြီး မပြတ်သားသော အစိတ်အပိုင်းများကို ဖယ်ရှားကာ သူ့ပင်ကိုယ်စရိုက်ကို ပိုမိုရဲရင့်ပြီး ပြတ်သားကာ ဇွဲနပဲကောင်းစေလိုပါက ဤသည်မှာ သူ့အကောင်းဆုံး အခွင့်အရေးဖြစ်နိုင်သည်။

"မင်းသား ခင်ဗျား ကျုပ်ကို ယုံကြည်လား။"

ဝမ်ချောင် ရုတ်တရက် မေးလိုက်၏။

"ဒါပေါ့"

လီဟန် နှုတ်မှ လွှတ်ခနဲ ပြောမထွက်မီ တခဏမျှ အေးခဲသွားခဲ့၏။ ဝမ်ချောင်သည် အခြေခံအားဖြင့် သူ့အား ဘဝအသစ်တစ်ခုပေးခဲ့ပေသည်။ သူ သူ့ကို မယုံကြည်ခဲ့ပါက သူ ဤနေရာသို့ အပြေးအလွှား လာခဲ့လိမ့်မည်မဟုတ်ပေ။

"ဒါဆို အဆင်ပြေတယ်။ မင်းသား၊ အရှင်မင်းမြတ်က မင်းကို မေးခွန်းတွေ မေးခဲ့ရင် မင်း အကောင်းဆုံး ဖြေရမယ်။ ဘာကိုမှ ဖုံးကွယ်မထားနဲ့ ပြီးတော့ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုကိုမှ မပြနဲ့။"

ဝမ်ချောင် တည်ကြည်စွာ ပြောလိုက်ပြီး သူ့မျက်လုံးက မယုံနိုင်စရာကောင်းသည့် ပြတ်သားမှုဖြင့် တောက်ပနေခဲ့သည်။

ဝမ်ချောင်၏ ပြတ်သားမှုသည် လီဟန်နှင့် လီကျင်းကျုံးတို့ကို ကြက်သေသေသွားစေခဲ့ပြီး အံ့ဩသွားစေခဲ့သည်။

"ဒါပေမယ့် အဲဒါက ငါ့ကို ပစ်မှတ်တစ်ခုဖြစ်လာစေလိမ့်မယ်မဟုတ်ဘူးလား။ ငါ့ရဲ့ညီအစ်ကိုတွေအကုန်လုံးက ငါ့ကို မျက်စိဆံပင်မွေးစူးစရာအဖြစ် သဘောထားစေလိမ့်မယ်မဟုတ်ဘူးလား။"

လီဟန် ထိတ်လန့်တကြားပြောလိုက်သည်။

"ဒါ့အပြင် ငါက ကိစ္စတွေကို သူ့ဆီကနေ တမင်သက်သက်ဖုံးကွယ်ထားခဲ့တယ် လို့ အရှင်မင်းမြတ်က တွေးထင်သွားနိုင်တယ်။"

"ကောင်းချီးတစ်ခုက ဘေးဥပါဒ်မဖြစ်နိုင်သလို ဘေးဥပါဒ်ကိုလည်း ရှောင်လွဲလို့မရဘူး။ မင်းသား ကျင့်ကြံနိုင်တဲ့အချက်က ရုံးတော်အနှံ့ ပျံ့နှံ့နေခဲ့ပြီ။ မင်းသားက ဒါကို ပြောင်းလဲလို့မရဘူး။ ဒီလိုဆိုမှတော့ မင်းသားက ဒါကို ဆက်လက်ဖုံးကွယ်နေတာက ဘာအကျိုးရှိမှာလဲ။"

ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါပေမယ့် ဧကရာဇ်ဖခမည်းတော်ကရော။ ဧကရာဇ်ဖခမည်းတော်က ငါ့ကို ဘယ်လိုထင်သွားမှာလဲ။ သူက ငါ့ကို သူ့ဆီကနေ ကိစ္စတွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်နေတဲ့ အကြံသမားပဲ လို့ ထင်သွားလိမ့်မယ်။ အဲအချိန်ကျရင် သူက သေချာပေါက် ဒေါသထွက်လိမ့်မယ်။ အဋ္ဌမမြောက် ညီလေးမှာ ဖြစ်သွားတဲ့အရာက လုံလောက်တဲ့ ဥပမာပဲ။"

လီဟန် ကြောက်ရွံ့စိုးထိတ်စွာဖြင့် ပြောလိုက်သည်။

အဋ္ဌမမြောက်မင်းသား လီလုံသည် တစ်ချိန်က ပညာရှင်ဧကရာဇ်၏ အချစ်တော်ဖြစ်ခဲ့၏။ သူ့ရာထူးသည် အလွန်နိမ့်သော်လည်း ပထမမင်းသားနှင့် တတိယမင်းသားတို့ကဲ့သို့ ဆက်ဆံခံခဲ့ရသည်။ သို့သော် လီလုံသည် ရုံးတော်တွင် ဝန်ကြီးတစ်ဦးနှင့် ပူးပေါင်းကြံစည်ခဲ့ပြီး ထိုဝန်ကြီးက ဖော်ထုတ်ခံလိုက်ရသောအခါတွင် အဋ္ဌမမြောက်မင်းသား၏ ပါဝင်ပတ်သက်မှုကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အဋ္ဌမမြောက်မင်းသားလေးသည် ဤဝန်ကြီးနှင့် မည်သည့်ဆက်ဆံရေးကိုမဆို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး သူသည် သူနှင့် လုံးဝမပတ်သက်ကြောင်း ပညာရှင်ဧကရာဇ်ရှေ့တွင် ထပ်ခါတလဲလဲ လျှောက်တင်ခဲ့သည်။

နောက်ပိုင်းတွင် ပညာရှင်ဧကရာဇ်သည် ဒေါသအမျက်ထွက်လာခဲ့ပြီး အဋ္ဌမမြောက်မင်းသားကို အအေးနန်းတော်သို့ နှင်ထုတ်ကာ မင်းသားအဖြစ်မှ ရုပ်သိမ်းခဲ့သည်။ အဋ္ဌမမြောက်မင်းသား လီလုံသည် ကြောက်ရွံ့ထိတ်လန့်သွားခဲ့ကာ ဝမ်းနည်းပူဆွေးသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် အအေးနန်းတော်၌ စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့သည်။

ဤအရာက လွန်ခဲ့သော ဆယ်နှစ်က ဖြစ်ပွားသွားခဲ့ပေ၏။

နန်းတော်အတွင်း ဤဖြစ်ရပ်ကို မသိသူမရှိပေ။ ယခုတွင် မင်းသားအားလုံးတို့သည် အရှင်မင်းမြတ်က မင်းသားများကြား ပြိုင်ဆိုင်မှုများကို လျစ်လျူရှူထားနိုင်သော်လည်း၊ မင်းသားများက ဝန်ကြီးများနှင့် ပူးပေါင်းနေသည်ကို စိတ်မရှိသော်လည်း သူသည် မည်သူ့ဆီကမှ လိမ်လည်လှည့်ဖြားခြင်းအား လက်ခံလိမ့်မည်မဟုတ်သည်ကို သိထားကြသည်။

ဧကရာဇ်အား လှည့်စားခြင်းပြစ်မှုထက် ကြီးလေးသောပြစ်ဒဏ်ဖြင့် ပြစ်မှု မရှိတော့ပေ။ အကြောင်းမှာ ယင်းပြစ်မှုသည် သေဒဏ်ဖြစ်သောကြောင့်ဖြစ်သည်။ တစ်ယောက်သည် ဧကရာဇ်ကို လှည့်ဖြားခြင်း ရာဇ၀တ်မှုဖြင့် တံဆိပ်ကပ်ခံရသည်နှင့် တစ်ပြိုင်နက် အခြေခံအားဖြင့် နိုင်ငံရေးတွင် ဘဝတစ်ခုကို နှုတ်ဆက်သွားရနိုင်သည်။

ဝမ်ချောင် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"မင်းသား မင်း မှားနေပြီ။ အရှင်မင်းမြတ်က မင်း သူ့ကို လှည့်စားခဲ့တယ်ဆိုတာကို သေချာနေခဲ့ရင် မင်းကို နန်းတော်ဆီကိုတောင် ဆင့်ခေါ်ခဲ့မှာမဟုတ်သလို မင်းရဲ့ ပြစ်မှုကိုလည်း အရေးယူခဲ့ပြီး ဖြစ်လိမ့်မယ်။ အရှင်မင်းမြတ်ရဲ့ဆင့်ခေါ်မှုက အရှင်မင်းမြတ်ဟာ တတိယမင်းသားကို အပြည့်အဝမယုံကြည်ဘဲ မင်းအပေါ်မှာ မျှော်လင့်ချက်နည်းနည်းရှိသေးတယ်ဆိုတာကို သက်သေပြနေတယ်။ ဒါ့အပြင် နန်းတော်ထဲမှာ ခြေလှမ်းတိုင်းက ကြောက်ဖို့ကောင်းပြီး မင်းသားများကြား တိုက်ပွဲက အရမ်းအန္တရာယ်များတယ်ဆိုတာကို မင်းသား နားမလည်သေးဘူး။ လက်ရှိမှာ မင်းကို ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ငါမဟုတ်သလို တခြားသူတွေလည်းမဟုတ်ကြဘူး၊ အရှင်မင်းမြတ်ပဲ။ အရှင်မင်းမြတ်ကသာ မင်းရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်နိုင်တယ်။"

"ဧကရာဇ်ဖခမည်းတော်က ငါ့ရဲ့အကြီးမားဆုံး ကျောထောက်နောက်ခံလား။"

ဝမ်ချောင်၏ စကားလုံးများက လီဟန်နှင့် လီကျင်းကျုံးတို့ကို ဆွံ့အသွားစေခဲ့သည်။ ဤကဲ့သို့သော အရာများကို တစ်စုံတစ်ယောက်မှ သူတို့အား ပထမဆုံးအကြိမ် ပြောကြားခြင်းဖြစ်သည်မှာ ထင်ရှားပေ၏။

"မင်းသား ခင်ဗျား သဘောမပေါက်သေးဘူးလား။ အရှင်မင်းမြတ်ရဲ့ မျက်နှာသာကို ရယူခြင်းကပဲ မင်းကို အမှန်တကယ် ငြိမ်းချမ်းစေနိုင်တယ်။ ခွန်းဝူလေ့ကျင့်ရေးစခန်းမှာ ပုန်းအောင်းနေတာပဲဖြစ်ဖြစ် သိုသိုသိပ်သိပ်နေဖို့ အကောင်းဆုံးကြိုးစားတာပဲဖြစ်ဖြစ် တခြားဘာပဲဖြစ်ဖြစ် အဖြေတောင် မဟုတ်ကြဘူး။ အရှင်မင်းမြတ်ကပဲ မင်းရဲ့လုံခြုံရေးကို အမှန်တကယ်အာမခံနိုင်တယ်။"

ဝမ်ချောင် သက်ပြင်းချလိုက်၏။

"အမှန်တော့ မင်းက ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချရင် ဒါက မင်းကို ဒုက္ခရောက်စေမှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အရှင်မင်းမြတ်ရဲ့ ရှေ့မှာ မင်းရဲ့ စွမ်းဆောင်ချက်က မျက်နှာသာရဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ။"

ဝမ်ချောင်တွင် နိုင်ငံရေး၌ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အတွေ့အကြုံအများကြီး မရှိသော်လည်း သူသည် သမိုင်းစာအုပ်များစွာကို ဖတ်ထားခဲ့သည်။

သူသည် မင်းသားများကြားတိုက်ပွဲ၏ အနှစ်သာရအကြောင်းကို အခြားလူများကပင် မယှဉ်နိုင်လောက်အောင် ရှင်းရှင်းလင်းလင်းနားလည်ထားဆဲဖြစ်သည်။

အမှန်တွင် မင်းသားများကြားတိုက်ပွဲသည် လူတစ်ဦးအနား၌ တိုက်ခိုက်နေကြသည့် လူတစ်စုမျှသာဖြစ်ပြီး ဤလူမှာ အမြင့်မှ ငုံ့ကြည့်နေသည့် ပညာရှင်ဧကရာဇ် ကောင်းကင်သားတော်ဖြစ်သည်။

မင်းသားများ အားလုံးတို့၏ သေခြင်း၊ ရှင်ခြင်း၊ သူတို့၏ ပျော်ရွှင်မှု၊ ဒေါသ၊ ပူဆွေးမှုနှင့် မကျေနပ်ချက်များ အားလုံးတို့သည် ဤလူ၏ လက်ထဲတွင် ဖြစ်ကြသည်။

အကယ်၍ တစ်ယောက်သည် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်ထားဘဲ ယှဉ်ပြိုင်မှုများတွင် ရှုံးနိမ့်ခဲ့ပါက တစ်ယောက်သည် တိုက်ပွဲကို ရှုံးနိမ့်နေသော်လည်း တိုက်ပွဲကိုအောင်မြင်ခြင်းဖြင့် အဆုံးသတ်သွားနိုင်ပြီး အမှန်တကယ် ရှုံးနိမ့်သွားနိုင်သည်။

လီဟန်နှင့် လီကျင်းကျုံးတို့သည် အချိန်အတော်ကြာကတည်းက ဆွံ့အနေခဲ့ကြသည်။ ဝမ်ချောင် ဆွေးနွေးနေသည့် စိတ်ကူးကို သူတို့နှစ်ယောက် တစ်ခါမှ မစဉ်းစားမိခဲ့သည်မှာ ထင်ရှားလှပေသည်။

"ဒါပေမယ့် ငါ ဒါကို လုပ်ရင် အရှင်မင်းမြတ်က အတိတ်မှာ ငါက သူ့ကို လိမ်လည်ခဲ့တယ် ဒါမှမဟုတ် ငါက အကြံသမား ဒါမှမဟုတ် ငါက ပါးနပ်လွန်းတယ် လို့ ယုံကြည်သွားလိမ့်မယ်..."

လီဟန် စိုးရိမ်တကြီးပြောလိုက်၏။

"မင်း မှားနေပြီ"

ဝမ်ချောင် လေးနက်တည်ကြည်စွာပြောလိုက်သည်။

"အရှင်မင်းမြတ်မှာ ခမ်းနားတဲ့အစီအစဉ်တွေရှိတယ်။ မြောက်ဘက်မှာ သူတို့က ယင်တောင်တန်းအထိ ကျယ်ပြန့်တယ်။ တောင်ဘက်မှာ သူတို့က ကျိုးကျီအထိ ရောက်တယ်။ အရှေ့ဘက်မှာ သူတို့က ဂိုဂူလျောမှာ ရပ်တန့်ပြီး အနောက်ဘက်မှာ သူတို့က ချုံးတောင်တန်းအထိရောက်တယ် နောက်ပြီး အနောက်ပိုင်းဒေသတွေ၊ အာဘတ်စစ်စော်ဘွားနဲ့ ခဲရပ်စပါစီနူတို့အထိ။ မဟာထန်ရဲ့ လက်ရှိ ဩဇာနဲ့ သာယာဝပြောမှုတို့က အရှင်မင်းမြတ်ရဲ့ အုပ်ချုပ်မှုကတဆင့် ဖန်တီးထားခဲ့တာဖြစ်တယ်။ အရှင်မင်းမြတ်က လူတစ်ယောက်ရဲ့ သတ္တိနဲ့ စွမ်းရည်ကို လေးစားတယ်။ တကယ်လို့ မင်းသားက အရှင်မင်းမြတ်ကို မစော်ကားမိစေဖို့ မျှော်လင့်ချက်နဲ့ ဆက်ပြီးကြောက်ရွံ့နေခဲ့ရင် အဲဒါက ရထားလုံးတစ်စင်းကို တောင်ဘက်ကိုရောက်ဖို့ မြောက်ဘက်ကို မောင်း‌နှင်နေသလို၊ ငါးဖမ်းဖို့ သစ်ပင်တက်နေသလို၊ လမ်းပြောင်းပြန်လျှောက်နေသလို ဖြစ်လိမ့်မယ်။ တကယ်လို့ မင်းသားက မင်းသားရဲ့အစစ်အမှန်ခွန်အားကို ပြသနိုင်ပြီး မင်းသားရဲ့ စိတ်ဆန္ဒတွေကိုလည်း တက်ကြွစွာ ဖော်ပြနိုင်ရင်... အရှင်မင်းမြတ်က မင်းကို အပြစ်မတင်ရုံသာမက သူက မင်းကို ကွဲပြားစွာ ရှုမြင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။"

သူ့အတွေးများသည် ပိုမိုရှင်းလင်း ပြတ်သားလာခဲ့သည်။ လက်ရှိ ကောင်းကင်သားတော်သည် ခွန်အားကို တန်ဖိုးထားမြတ်နိုးသည့် သိုင်းအရှင်သခင်တစ်ပါးဖြစ်သည်။ နယ်စပ်တွင် ဟူမဟာစစ်သူကြီးများ များစွာ ရှိနေခြင်းက ဤမြတ်နိုးတန်ဖိုးထားမှုကို ထင်ရှားစေ၏။

တစ်ယောက်သည် တိုင်းပြည်ဦးသျှောင်၏ စိတ်နှလုံးသားကို သိပြီး သူ နှစ်သက်သဘောကျသည့်အတိုင်း ပြုမူနေသမျှ ကာလပတ်လုံး အဆင်ပြေပေလိမ့်မည်။ တိုင်းပြည်ဦးသျှောင်၏ စိတ်နှလုံးသားသည် နားလည်ရခက်သော်လည်း မည်သူမဆို သူ့ဆန္ဒကို မြင်နိုင်ပေသည်။

တစ်စုံတစ်ခုသည် များပြားလှသော အသွင်ကူးပြောင်းမှုကို ကြုံတွေ့ရနိုင်သော်လည်း ၎င်းတို့အနက်မှ မည်သူမျှ မူလနှင့် ဝေးကွာမည်မဟုတ်ပေ။ ထိုသည်မှာ လူတစ်ယောက်၏မျက်စိရှေ့တွင် ထူထပ်သော မြူခိုးများ ရှိနေလျှင်ပင် မည်သည့်အရပ်က မြောက်ဘက်ဖြစ်သည်ကို ဆုံးဖြတ်နိုင်သရွေ့ တစ်ယောက်သည် ဘယ်တော့မှ လမ်းပျောက်သွားလိမ့်မည်မဟုတ်သကဲ့သို့ပင်။

ဤသည်မှာ အလယ်ပိုင်းလွင်ပြင်ဒေသအားလုံးရှိ အန္တရာယ်အရှိဆုံး မင်းသားများကြားတိုက်ပွဲသို့ ဝမ်ချောင်၏ ပထမဆုံးခြေလှမ်းဖြစ်သည်။ ဝမ်ချောင်သည် ဤခြေလှမ်းဖြင့် သူ ဘယ်တော့မှ နောက်ပြန်မလှည့်နိုင်တော့သည်ကို လေးလေးနက်နက် သဘောပေါက်ထားခဲ့သည်။

"...မင်းသား ထီးနန်းရယူဖို့ အရှင်မင်းမြတ်လှမ်းခဲ့တဲ့ လမ်းကြောင်းကိုသာ တွေးကြည့်လိုက်ပါ၊ မင်း သဘောပေါက်လာလိမ့်မယ်။ အရှင်မင်းမြတ်ဟာ ခြေလှမ်းတိုင်းမှာ သွေးတွေကိုဖြတ်ပြီး လျှောက်လှမ်းခဲ့ရတယ်။ တကယ်လို့ သူက ကြီးမားတဲ့ ခွန်အားနဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒတွေကို မပိုင်ဆိုင်ထားခဲ့ရင် သူ့ရဲ့လက်ရှိနေရာကို ရောက်လာနိုင်မှာမဟုတ်ဘူး။ မင်းသားက ရှေ့ဆက်အမြီးကုပ်ပြီး အလျှော့ပေးနေရင် အရှင်မင်းမြတ်က မင်းကို အသုံးကျတဲ့လူအဖြစ် ရှုမြင်လိမ့်မယ်လို့ ထင်လား။"

ဝမ်ချောင်သည် လီဟန်၏ တုံ့ပြန်မှုကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ အစောပိုင်းက သူ့စကားများသည် မလုံလောက်ခဲ့ကြသည်ကို သူ သိ‌သောကြောင့် မီးဖိုပေါ် နောက်ဆုံးမီးစာကို သူ ပစ်ထည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဝမ်ချောင်၏နောက်ဆုံးစကားကို ကြားလိုက်သောအခါ လီဟန်၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ့အမူအရာမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ပညာရှင်ဧကရာဇ်က အရေးမပါသည့် ကစားသမားဖြစ်စဥ်အချိန်အခါက သမိုင်းကြောင်းကာလကို မသိသည့် မင်းသား မရှိပေ။

သူ့နန်းမတက်မီ အာဏာသိမ်းမှုကို ဒဏ္ဍာရီတစ်ခုကဲ့သို့ ပြောဆိုခဲ့ကြသည်။

လီဟန်သည် ငယ်စဉ်ကတည်းက ဤပုံပြင်ကို မကြာခဏကြားခဲ့ရသောကြောင့် အသေးစိတ်အချက်အလက်များကို သဘာဝကျကျ သိနေခဲ့သည်။ လီဟန်၏ နှလုံးသားတွင် သူ့ဧကရာဇ်ဖခမည်းတော်သည် နတ်ဘုရားတစ်ပါးဖြစ်သည်။

ဝမ်ချောင်၏ စကားများက နောက်ဆုံးတွင် အလုပ်ဖြစ်ခဲ့ကြပေ၏။

"မင်းသား မင်းမှာ နောက်ဆုတ်စရာနေရာမရှိတော့ဘူး။ ရှေ့ဆက်တိုးပြီး အကောင်းဆုံးကြိုးစားခြင်းကသာ မင်းအတွက် မျှော်လင့်ချက်တစ်စရှိလာစေလိမ့်မယ်။ ဒါက မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။"

ဝမ်ချောင် ပြောလိုက်သည်။

"ဒါပေမယ့် သူဒီလိုလုပ်ရင် မင်းသားဟာ တကယ်ပဲ လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်။"

လီကျင်းကျုံး ထိတ်လန့်စွာပြောလိုက်သည်။

"မင်းသားဟာ နန်းတော်ထဲမှာ ကျောထောက်နောက်ခံ မရှိတဲ့အတွက် တခြားမင်းသားတွေကို တွန်းလှန်ဖို့ သူ့အတွက် မဖြစ်နိုင်ဘူး။ သူ့ရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းနေရင် တခြားမင်းသားတွေက သူ့ကို ပိုလို့တောင် ဖယ်ထုတ်ချင်ကြလိမ့်မယ်။"

****************************************

All Chapters