← Chapters

အခန်း (၄၂၁-၄၂၅)

Vol. 19 Ch. 421-425

အခန်း (၄၂၁-၄၂၅)

Vol. 19 Ch. 421-425

အခန်း(၄၂၁)

စည်းရုံးခြင်း ၁

ဝမ်ချောင်သည် ဤသို့သော အရာများကို ပြောဆိုရဲသည့် ပထမဆုံး လူဖြစ်၏။

အမှန်တွင် ကြင်ယာတော်ထိုက်ကျန်း၏ အခြေအနေသည် အလွန်သနားစရာ ကောင်းလှသည်။

ကြင်ယာတော်ထိုက်ကျန်း ဖြစ်ရပ်နှင့် ပညာရှင်ဧကရာဇ်၏ မျက်နှာသာပေးမှုတို့ နှစ်ခုစလုံးတို့သည် ကြင်ယာတော်ထိုက်ကျန်းကို အတော်မသတ်နိုင်သော တောက်ပမှုဖြင့် တောက်ပစေခဲ့သော်လည်း အမှန်တကယ်တွင် သူမသည် ရုံးတော်တွင်ဖြစ်စေ နန်းတော်တွင်ဖြစ်စေ ကြင်ယာတော်ထိုက်ကျန်းသည် အလွန်ကြီးမားသော ဖိအားတစ်ခုအောက်တွင် ဖြစ်သည်။

တော်ဝင်ရုံးတော်တွင် မနည်းလှသော ဝန်ကြီးများသည် သူမကို ကန့်ကွက်နေကြဆဲဖြစ်၏။ လူများစွာတို့သည် ပေါ်တင်မကန့်ကွက်ခဲ့ကြသော်လည်း သူတို့သည် သိုသိုသိပ်သိပ် ကန့်ကွက်ကြဆဲဖြစ်သည်။ ထို့ကြောင့် ကြင်ယာတော်ထိုက်ကျန်းသည် ထိုဝန်ကြီးများ၏ မကျေနပ်မှုများကို ရှောင်ရှားရန်အတွက် ရုံးတော် နိုင်ငံရေးများမှ သူမကိုယ်သူမ အမြဲရုန်းထွက်ခဲ့သည်။

နန်းတော်တွင် ကြင်ယာတော်ထိုက်ကျန်းသည် ရုတ်တရက် ရာထူးတိုးခံခဲ့ရပြီး ယခုအခါ ပညာရှင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို လုံးဝနီးပါး လက်ဝါးကြီးအုပ်လုနီးပါး ဖြစ်သည်။ ပညာရှင်ဧကရာဇ်သည် သူမအတွက် သူ့ဝန်ကြီး အားလုံးကို ဆန့်ကျင်ရန်ပင် ဆန္ဒရှိခဲ့သည်။

ကိုယ်လုပ်တော်များနှင့် ကြင်ယာတော်များသည် ၎င်းတို့၏ ပေါက်ကွဲမှုအမှတ်သို့ ရောက်ရှိခဲ့ကြပြီဖြစ်သည်။

ပညာရှင်ဧကရာဇ်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပါက နန်းတော်သုံးခုနှင့် ရုံးတော်ခြောက်ခုမှ ကြင်ယာတော်များနှင့် ကိုယ်လုပ်တော်များသည် အချိန်အကြာကြီးကတည်းက သူမကိုလုပ်ကြံရန် လက်တွဲခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။

ကြင်ယာတော်ထိုက်ကျန်း ဤအရာကို သိသောကြောင့် တော်ဝင်နန်းတော်၏ ကျယ်ပြောလှသော နေရာများတွင် သူမသည် သူမ၏အချိန်ကို ယုကျန်းနန်းတော်၊ တော်ဝင်ဥယျာဉ်များနှင့် သူမတစ်ခါတစ်ရံ သွားလေ့ရှိသော အခြားနေရာ အနည်းငယ်တို့တွင်သာ ကုန်ဆုံးခဲ့သည်။ ထိုသို့မဟုတ်ပါက သူမသည် အခြားကြင်ယာတော်များနှင့် ကိုယ်လုပ်တော်များ အားလုံးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေခဲ့သည်။

ခင်မင်ရင်းနှီးမှု သို့မဟုတ် ဆက်သွယ်မှု မရှိခဲ့ပေ။

နန်းတော်ရှိ ငြင်းပယ်မှုနှင့် ရန်လိုမှုတို့သည် မမြင်ကြရသော်လည်း ကြင်ယာတော်ထိုက်ကျန်းသည် နန်းတော်များနှင့် ရုံးတော်များမှလာသော ရန်လိုမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ ဤအကြောင်းအရာသည် သူမ၏ တားမြစ်ချက်များထဲမှ တစ်ခုဖြစ်သည်။

သူမရှေ့တွင် ဤသို့သော အရာများကို မည်သူမျှ မပြောဆိုရဲခဲ့ပေ။ ယန်ကျိုးသည်ပင် မပြောဆိုရဲခဲ့ပေ။ သို့သော် ယခုတွင် ဝမ်ချောင်သည် ဤကိစ္စကို ပေါ်တင်ကြီး ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဝမ်ချောင် နင်အရမ်း လွန်သွားခဲ့ပြီ”

ဝမ်ချောင်၏ ဤအနာကို နိုးဆွခြင်းသည် ကြင်ယာတော်ထိုက်ကျန်း၏ အမူအရာကို အေးစက်သွားစေခဲ့သည်။ ယန်ကျိုး၏ အမူအရာသည်ပင် ပြောင်းလဲသွားခဲ့ပြီး သူသည် ဝမ်ချောင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

'ဒီမိမစစ်ဖမစစ် အယုတ်တမာကောင်လေး သူဒီနေ့ ရူးနေတာလား။'

ကြင်ယာတော်ထိုက်ကျန်းသည် သူ့ဝမ်းကွဲ ညီမသာမက နန်းတော်၏ ကြင်ယာတော်တစ်ပါးလည်း ဖြစ်သောကြောင့် သူသည်ပင် ဤအကြောင်းအရာကို မပြောဆိုရဲခဲ့ပေ။

ဝမ်ချောင်၏သတ္တိသည် အလွန်ကြီးမားလှသည်။

“ဟား ဟား ဟား ကြည့်ရတာ ကျွန်တော်က အများကြီးတွေးနေတဲ့ပုံပဲ။ ကျွန်တော်က ဒီနေရာကို ပဉ္စမမင်းသားအတွက် လာခဲ့ပေမဲ့ သခင်မအတွက် ထည့်သွင်းစဉ်းစားမှုကြောင့်လည်း ပါပါတယ်။ ဒီနိမ့်ကျတဲ့လူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ သခင်မက ယုံကြည်နေတာကြောင့် ဝမ်ချောင်ဘာမှ ထပ်မပြောတော့ပါဘူး။ ကျွန်တော်သခင်မကို ဒုက္ခပေးမိပါပြီ။ ဝမ်ချောင် နှုတ်ဆက်ပါတယ်”

အံ့အားသင့်စရာ ကောင်းစွာဖြင့် ကြင်ယာတော်ထိုက်ကျန်း၏ ဒေါသကို ဝမ်ချောင် ပြုံးလိုက်သည်။ သူ့အမူအရာသည် သာမာန်ဖြစ်ပြီး သူ သူ့လက်ကို ဆုပ်လိုက်ကာ ခန်းမထဲမှ စတင်ထွက်ခွာလိုက်သည်။

ဝမ်ချောင်ထွက်ခွာတော့မည့် အချိန်တွင် အသံတစ်ခုသည် ထိုခန်းမ၏ အထက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့ကာ ဝမ်ချောင်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

“နေပါအုံး၊ ဒီကြင်ယာတော်အတွက် ရပ်ပါအုံး”

နန်းတော်၏ အထက်ပိုင်းတွင် ကြင်ယာတော်ထိုက်ကျန်း၏ မျက်လုံးများသည် ပြောင်းလဲနေခဲ့ကြ၏။ သူမ၏ အမူအရာသည် အေးစက်နေသေးသော်လည်း သူမ၏ စိတ်သဘောထားသည် ယခုအခါလုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

“ဝမ်ချောင် နင်ကနင့်ရဲ့ အတွေးတွေထဲမှာ ဒီကြင်ယာတော်အတွက်လည်း ထည့်သွင်းစဉ်းစားနေခဲ့တယ်လို့ ပြောခဲ့တာကြောင့် ငါနင့်ကို အခွင့်အရေးတစ်ခု ပေးမယ်။ ပြော နင်ငါ့အတွက် ဘယ်လိုစဉ်းစားထားတာလဲ။ တကယ်လို့နင်က နင့်ရဲ့အကြောင်းပြချက်တွေ မပေးနိုင်ရင် ဒီကြင်ယာတော်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

ဤစကားလုံးများသည် လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ယန်ကျိုး ကြင်ယာတော်ထိုက်ကျန်းကို လှည့်ကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

သို့သော် ကြင်ယာတော်ထိုက်ကျန်းကို ကျောပေးထားသည့် ဝမ်ချောင်သည်တော့ ယဲ့ယဲ့လေးပြုံးလိုက်ကာ သူ့မျက်လုံးများသည် လုံးဝမအံ့သြသည့်ပုံဖြစ်သည်။ ကြင်ယာတော်ထိုက်ကျန်းတွင် အလေးစားခံရဆုံးသော အဆင့်အတန်းတစ်ခုရှိပြီး ကြင်ယာတော် တစ်ပါးအနေဖြင့် သူမသည် ကြီးမားသော သြဇာအာဏာကို ကိုင်စွဲထားခဲ့သည်။

သို့သော် အဆုံးသတ်တွင် သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲပင်။

သူမသည် ပဉ္စမမင်းသား၏ အရေးကိစ္စများကို စိတ်မဝင်စားနိုင်ကောင်း စိတ်မဝင်စားသော်လည်း သူမသည် သေချာပေါက် သူမ၏ အရေးကိစ္စများကို စိတ်ဝင်စားပေသည်။

“ဟား ဟား ဟား သခင်မ”

ဝမ်ချောင် လှည့်လိုက်ကာ ကြင်ယာတော်ထိုက်ကျန်းကို မျက်နှာချင်းဆိုင်လိုက်သည်နှင့် သူ့မျက်လုံးထဲရှိ ခံစားချက်များ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြ၏။

“သခင်မ သင့်ရဲ့လက်ရှိ အခြေအနေက ပဉ္စမမင်းသားနဲ့ အရမ်းဆင်တူတယ်လို့ မထင်ဘူးလား။ ပဉ္စမမင်းသားက ရုတ်တရက် ကျင့်ကြံနိုင်တဲ့ စွမ်းရည်ကို ပြန်လည်ရရှိလာပြီး သခင်မက ကြင်ယာတော်အဖြစ် ရာထူးတိုးခံခဲ့ရတယ်။ သင်တို့နှစ်ယောက်စလုံးက မထင်မရှား နေရာတွေကနေ ရုတ်တရက် မြင့်တက်လာခဲ့ပြီး နှစ်ယောက်စလုံးက တစ်ခြားလူတွေကို ခြိမ်းခြောက်မှုတစ်ခု ခံစားရစေပြီး နှစ်ယောက်စလုံးက တစ်ခြားလူတွေရဲ့ ပစ်ပယ်ထားတာကို ခံခဲ့ရတယ်...”

ဝမ်ချောင် မဟာထန်၏ ထိပ်သီးမိန်းမလှကို ကြည့်လိုက်ကာ သူ့မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်သော အမူအရာတစ်ခု ရှိနေခဲ့သည်။

“ဟမ် ဒါတွေက ဒီကြင်ယာတော်အတွက် နင့်ရဲ့ 'ထည့်သွင်းစဉ်းစားမှုတွေ' လား။ နင့်ရဲ့စကားလုံးတွေက ယုံချင်စရာ မကောင်းဘူး။ ဒီကြင်ယာတော်က ကိုယ့်ကိုယ်ကို ဒီလိုစွန့်စားမှုထဲ ဆွဲထည့်ပြီး ပဉ္စမမင်းသားကို ကူညီဖို့ အကြောင်းပြချက်ကို မမြင်မိဘူး”

ကြင်ယာတော်ထိုက်ကျန်း ပြတ်သားစွာ ပြောလိုက်သည်။

မင်းသားများကြား တိုက်ပွဲသို့ သူမ၏ရပ်တည်ချက်သည် မပြောင်းလဲခဲ့ပေ။ သူမသည် မင်းသားများကြား တိုက်ပွဲကို အတက်နိုင်ဆုံး ရှောင်ရှားပေလိမ့်မည်။ ဝမ်ချောင်၏ ဆွေးနွေးမှုများသည် ပဉ္စမမင်းသား၌ ကြီးစွာ ရင်းနှီးမြုပ်နှံရန် သူမအတွက် မလုံလောက်ခဲ့ကြပေ။

ထို့အပြင် ၎င်းမှာသူမသည် ပဉ္စမမင်းသားနှင့် ခင်မင်းရင်းနှီးမှုမျိုးလည်း မဟုတ်ခဲ့ပေ။

“ဟီး ဟီး ဟီး ဒါပေါ့ အဲ့ဒါကအခု မထိုက်တန်သေးဘူး။ ဒါပေမဲ့ နှစ်တစ်ရာ ကြာတဲ့အခါ ဧကရာဇ်အသစ်က နန်းတက်လာတဲ့အခါ သခင်မက ဘယ်သွားမှာလဲ”

ဘုန်း

ကောင်းကင်ပေါ်မှနေ၍ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဝမ်ချောင်၏ ရိုးရှင်းသောမေးခွန်းက ကြင်ယာတော်ထိုက်ကျန်းနှင့် ယန်ကျိုးတို့ကို တစ်ချိန်ထဲတွင် ဖြူလျော်သွားစေခဲ့သည်။

ဤသည်မှာ ဤတွေ့ဆုံမှုတွင် ဝမ်ချောင်ပြောဆိုလိုက်သည့် သက်ရောက်မှုအရှိဆုံး စကားလုံးများ ဖြစ်ခဲ့ကြသည်။

“ဝမ်ချောင် မင်းကအရမ်း သတ္တိရှိတာပဲ”

ကြင်ယာတော်ထိုက်ကျန်းနှင့် ယန်ကျိုးတို့သည် တစ်ချိန်ထဲတွင် အပြစ်တင်လိုက်ကြသည်။ ကြင်ယာတော်ထိုက်ကျန်း၏ ဘယ်နှင့်ညာတွင် ရပ်နေခဲ့ကြသည့် အေးစက်စက် မျက်နှာပေးနှင့် မိန်းမလှနှစ်ယောက်သည်ပင် မတက်နိုင်ဘဲ ဤလူငယ်ကို ကြည့်လိုက်မိကြသည်။

ဘုရင်မင်းမြတ်နှင့် နှစ်တစ်ရာ... သာမာန် အခြေအနေများတွင် တစ်ယောက်သည် ဤသို့သော စကားလုံးများကို ပြောဆိုရန် မဆိုထားနှင့် တွေးပင်တွေးမည် မဟုတ်ပေ။ ဝမ်ချောင်၏မေးခွန်းသည် တိုင်းပြည်သစ္စာဖောက်မှုနှင့် ညီမျှပေသည်။

“အယုတ်တမာကောင် နင်ကဘုရင်မင်းမြတ်ကို ကျိန်ဆဲနေတာလား”

ကြင်ယာတော်ထိုက်ကျန်း၏ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က သူမ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ အေးစက်စက် အလင်းရောင်တစ်ခုက ကြင်ယာတော်ထိုက်ကျန်း၏ မျက်လုံးများတွင် တောက်ပလာခဲ့သည်။

“ဝမ်ချောင်မှာ ဒီရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ နှစ်တစ်ထောင်အုပ်ချုပ်တဲ့ ဧကရာဇ်တစ်ပါး မဆိုထားနဲ့ နှစ်တစ်ရာ အုပ်ချုပ်တဲ့ အုပ်ချုပ်သူ ဒီကမ္ဘာပေါ်မှာ မရှိပါဘူး။ ရှေးအချိန်တွေကတည်းက ချွင်းချက်မရှိခဲ့ဘူး။ ကောင်းကျူးနဲ့ ထိုက်ကျုံးတို့ကလည်း ချွင်းချက်မဟုတ်ခဲ့ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ ဧကရာဇ်အသစ်က သေချာပေါက် နန်းတက်လာလိမ့်မယ်။ အဲ့အချိန်ကျရင် သင်ကသင့်ရဲ့ လက်ရှိအဆင့်အတန်းကို ထိန်းနိုင်အုံးမယ်လို့ သခင်မက ယုံကြည်နေတာလား။ ပညာရှင်ဧကရာဇ်က ဒီမှာရှိနေတာကြောင့် နန်းတော်သုံးခု ဒါမှမဟုတ် ရုံးတော်ခြောက်ခုတို့က အရမ်းကာရော မပြုမူရဲခဲ့ကြပေမဲ့ ဧကရာဇ်အသစ်က နန်းတက်လာတဲ့အခါ နန်းတော်သုံးခုနဲ့ ရုံးတော်ခြောက်ခုတို့ရဲ့ ကြင်ယာတော်တွေနဲ့ ကိုယ်လုပ်တော်တွေက ဘာလုပ်လိမ့်မယ်လို့ သခင်မယုံကြည်ထားလဲ”

“ဝမ်ချောင် မလေးမစား ပြောတာမဟုတ်ပါဘူး။ သခင်မကို ကျေးဇူးပြုပြီး ပြန်စဉ်းစားဖို့ တောင်းဆိုတာပါ”

ဝမ်ချောင် စိတ်ရောကိုယ်ပါ ပြောလိုက်၏။

ဤစကားလုံးများသည် ကြင်ယာတော်ထိုက်ကျန်းနှင့် ယန်ကျိုး နှစ်ယောက်လုံးကို စိုးရိမ်သွားစေခဲ့သည်။ ဝမ်ချောင်၏ စကားလုံးများသည် မည်မျှတိုင်းပြည် သစ္စာဖောက်မှုများ ဖြစ်ကြပါစေ သူမှန်သည့်အရာတစ်ခု ရှိပေသည်။

ဘုရင်မင်းမြတ်သည် မငယ်ရွယ်တော့ဘဲ အကြီးဆုံး ပထမမင်းသားသည် အသက်သုံးဆယ်ကျော် ရှိပြီဖြစ်သည်။ ဆက်ခံခြင်းမေးခွန်းသည် ဖြစ်အံ့ဆဲဆဲဖြစ်ပြီး စီစဉ်ထားပြီးဖြစ်သည့် ကိစ္စတစ်ခုဖြစ်သည်။

ထို့ပြင် ထိုသည်မှာ သူတို့ရင်ဆိုင်ရမည်ဖြစ်သည့် မေးခွန်းတစ်ခုဖြစ်ပေသည်။ ပညာရှင်ဧကရာဇ် ရှိနေစဉ်တွင် တစ်ခြားသူများသည် လက်လွတ်စပယ် ပြုမူရဲမည် မဟုတ်သော်လည်း ဧကရာဇ်အသစ် နန်းတက်လာသောအခါ အရာအားလုံး ခြားနားသွားပေလိမ့်မည်။ ယန်ကျိုးသည် သူ့လက်ရှိ စည်းစိမ်ဥစ္စာနှင့် အဆင့်အတန်းကို ထိန်းထားနိုင်မည်လားဆိုတာ မသေချာပေ။

ထိုသည်မှာ ပညာရှင်ဧကရာဇ်က သူမကို ကာကွယ်နိုင်မည်လားဆိုသည်ကို အာမမခံနိုင်သကဲ့သို့ဖြစ်သည်။

ကြင်ယာတော်ထိုက်ကျန်းတွင် နောက်ထပ် စိုးရိမ်စရာ တစ်ခုရှိ၏။ ရှေးအချိန်ကတည်းက အကြီးဆုံးအတွက် ဆက်ဆံသည်မှာ ဓလေ့တစ်ခု အမြဲတမ်းဖြစ်ခဲ့ပြီး အငယ်ဆုံး မဟုတ်ခဲ့ပေ။ ထို့ပြင် ၎င်းမှာ ပထမဇနီး၏သားကို လွှဲပြောင်းပေးခြင်းသည် တိုင်းပြည်အတွက် ဓလေ့ထုံးတမ်းဖြစ်သည်။ သူမသည် နဂါးမျိုးစေ့ဖြင့် ကိုယ်ဝန်ရလာခဲ့လျှင်ပင် ဝန်ကြီးများသည် သူမ၏သားကို သရဖူဆောင်းမင်းသား ဘယ်တော့မှ ဖြစ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ဤသည်မှာ ကြင်ယာတော်ထိုက်ကျန်း၏ အကြောက်တရား အမြဲဖြစ်ခဲ့ပြီး သူမ တွေးပင် မတွေးရဲသည့် ကိစ္စတစ်ခုဖြစ်ခဲ့သည်။

သူတို့နှစ်ယောက်သည် ဝမ်ချောင်၏ စကားလုံးများက သူတို့၏ အားအနည်းဆုံးနှင့် အနာကျင်ရဆုံးသော နေရာကို ရိုက်ခတ်သွားခဲ့သည်ကို ဝန်ခံရပေမည်။

“ဝမ်ချောင် ငါသာဆန္ဒရှိရင် ငါနင့်ကို ခုချက်ချင်း တော်ဝင်အကျဉ်းထောင်ထဲ ပို့လိုက်လို့ရတယ်ဆိုတာ နင်သိလား”

ကြင်ယာတော်ထိုက်ကျန်း ဖြေးညှင်းစွာ ခေါင်းမော့လိုက်ကာ ဝမ်ချောင်ကို ကြည့်လိုက်သည်။

ဤသည်မှာ သူမ၏ဝမ်ချောင်ကို ပထမဆုံး တွေ့ဆုံးခြင်းဖြစ်သော်လည်း ဤတွေ့ဆုံးမှုတစ်ခုမျှတွင် ဝမ်ချောင်သည် သူမကို အကြိမ်များစွာ ဒေါသထွက်စေခဲ့ပြီးဖြစ်သည်။ ထို့ပြင် သူပြောလိုက်သည့် အရာအားလုံးမှာ သူမ၏ အကြီးမားဆုံးသော တားမြစ်ချက်များဖြစ်သည်။ သာမာန် အခြေအနေများတွင် သူမသည် သူမရှေ့တွင် ၎င်းတို့ကို ထုတ်ဖော်ပြောဆိုရန် မည်သူ့ကိုမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“ဟား ဟား သခင်မ တစ်ချို့သောအရာတွေက ဝမ်ချောင်သူတို့ကို ထုတ်မပြောတာနဲ့ သူတို့က မဖြစ်လာတော့ဘူးလား”

ဝမ်ချောင် မေးလိုက်၏။

ကြင်ယာတော်ထိုက်ကျန်း မှင်သက်သွားပုံရသည်။ ဝမ်ချောင်၏ စကားလုံးများသည် မငြင်းဆန်နိုင်ပုံရ၏။ သူမသည် ဒေါသထွက်ချင်သော်လည်း သူမဒေါသ မထွက်နိုင်ခဲ့ပေ။

အကြောင်းမှာ ဝမ်ချောင်၏ စကားလုံးများသည် တိုင်းပြည်သစ္စာဖောက်မှုများ ဖြစ်ကြသော်လည်း သူတို့အားလုံးသည် အမှန်ဖြစ်ကြကာ ဖြစ်လာနိုင်သည့် သူမစိုးရိမ်သော အရာများဖြစ်ကြသည်ကို ကြင်ယာတော်ထိုက်ကျန်း သိသောကြောင့်ဖြစ်သည်။

ကြင်ယာတော်ထိုက်ကျန်းသည် သူမက သူမ၏ အနက်ရှိုင်းဆုံးသော စိုးရိမ်မှုများကို ပြောဆိုရန် ဝမ်ချောင်၏ပါးစပ်ကို ငှားယမ်းနေခဲ့သည်ဟုပင် ခံစားလိုက်ရသည်။

***********************************

အခန်း(၄၂၂)

စည်းရုံးခြင်း(၂)

ချန်ကျိုးသည်လည်း တော်တော်လေး မှင်သက်သွားခဲ့၏။

သူသည်လည်း အာဏာကို ငမ်းငမ်းတက် လိုချင်နေခဲ့ပေသည်။ သို့မဟုတ်ပါက သူသည် မြို့တော်ကို လာခဲ့လိမ့်မည် မဟုတ်ပေ။ အမှန်တကယ်တွင်သူသည် မင်းသားများကြား တိုက်ပွဲတွင် ပါဝင်ပတ်သတ်ရန် စိတ်မရှိခဲ့သော်လည်း ကြင်ယာတော်ထိုက်ကျန်းက သူမရှေ့တွင် တော်ဝင်နန်းတော်၏ ကိစ္စရပ်များကို ပြောဆိုခြင်းအား မနှစ်သက်သောကြောင့် သူသည် ထိုကိစ္စကို လုံးဝထုတ်မပြောခဲ့ချေ။

အချိန်ကြာလာသည်နှင့်အမျှ သူသည်လည်း ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။

မကြာသေးမှီက ရရှိလာသော အောင်မြင်မှု လှိုင်းလုံးများနှင့် အဘက်ဘက်မှလာသော ဝေဖန်မှုများက ထိုကိစ္စရပ်များကို သူ့အားပို၍ မေ့ပျောက်သွားစေခဲ့သော်လည်း ဝမ်ချောင်၏ စကားလုံးများက ရုတ်တရက်သူ့ကို ပြန်လည် အမှတ်ရသွားစေခဲ့သည်။

အကယ်၍ တစ်ယောက်သည် ၎င်းတို့နှင့် မပတ်သတ်ခဲ့လျှင်ပင် နောက်ဆုံးတွင် ဖြစ်လာလိမ့်မည်ဖြစ်သော ကိစ္စတစ်ချို့ ရှိကြပေသည်။

အကယ်၍ ၎င်းသည် သာမာန်ကိစ္စရပ်များ ဖြစ်ခဲ့ပါက အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း မင်းသားများကြား တိုက်ပွဲသည် ကြင်ယာတော်ထိုက်ကျန်းကို ဆွဲထည့်လာခဲ့ပါက ဤသည်မှာ သူ့အနာဂတ် ရည်မှန်းချက်များကို သက်ရောက်လာပေလိမ့်မည်။

ချန်ကျိုးသည် ရုတ်တရက် လှည့်လိုက်ပြီး သူ့ဝမ်းကွဲကို ပြောလိုက်သည်။

“ညီမ ငါလည်းပဲ မင်းသားတွေကြား တိုက်ပွဲက ငါတို့ပေါ့ပေါ့တန်တန် စွက်ဖက်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်ပေမဲ့ ငါရဲ့သွေးသောက် ညီငယ်ပြောတဲ့ စကားလုံးတွေက လုံးဝအကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး။ လုံးဝမပတ်သတ်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကိစ္စကို သေချာစဉ်းစားပြီး ဒီဆွေးနွေးမှုပြီးရင် ဘာလုပ်ရမယ်ဆိုတာ ငါတို့ဆုံးဖြတ်သင့်တယ်”

ကြင်ယာတော်ထိုက်ကျန်း မဆိုထားနှင့် ဝမ်ချောင်သည်ပင် ဤစကားလုံးများကြောင့် အံ့သြသွားခဲ့သည်။ ချန်ကျိုး၏ စကားလုံးများသည် သူ့စကားလုံးထက်ပို၍ သက်ရောက်မှု ရှိပေသည်။ အားလုံးပြီးနောက် ဤနှစ်ယောက်သည် ဝမ်းကွဲများ ဖြစ်ကြပြီး ပို၍ရင်းနှီးသော ဆက်ဆံရေး ရှိပေသည်။

ကြင်ယာတော်ထိုက်ကျန်းကို စည်းရုံးရန် မူလက ရည်ရွယ်ထားခဲ့သည်။ ဤစကားလုံးသည် ချန်ကျိုးကို စိတ်လှုပ်ရှားစေခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ တော်တော်လေး မမျှော်လင့်ထားခဲ့သော ရဲတင်းမှုတစ်ခုပင်။

မျှော်လင့်ထားသကဲ့သို့ပင် ချန်ကျိုး၏ စကားလုံးများက ကြင်ယာတော်ထိုက်ကျန်း၏ မျက်လုံးများရှိ အကြည့်ကို ပြောင်းလဲသွားစေခဲ့သည်။ မြို့တော်တွင် ဤဝမ်းကွဲအစ်ကိုကြီးသည် သူမအယုံကြည်ရဆုံးနှင့် အားအထားရဆုံး လူဖြစ်ပေသည်။

“အစ်ကို နန်းတော်ရဲ့ ကိစ္စရပ်တွေက ဖော်ပြဖို့ ခက်ခဲပြီး နားလည်ဖို့ ခက်ခဲတယ်။ သူတို့က ငါတို့နားလည်နိုင်တဲ့ ကိစ္စတွေ မဟုတ်ကြဘူး” ကြင်ယာတော်ထိုက်ကျန်း ပြောလိုက်၏။ သူမ၏ ရပ်တည်ချက်သည် နူးညံ့လာခဲ့သည်မှာ ထင်ရှားလှသည်။

“ဒါ့အပြင် မောင်းမဆောင်က နိုင်ငံရေးကိစ္စတွေမှာ ပတ်သတ်လို့မရဘူး။ ဒါက ဓလေ့ထုံးတမ်းပဲ။ ဘုရင်မင်းမြတ်ကလည်း မောင်းမဆောင်ရဲ့ အမျိုးသမီးတွေက ကိစ္စများစွာမှာ ဝင်ပါနေတာကို သဘောကျမှာ မဟုတ်ဘူး။ ငါက အများကြီး စွက်ဖက်မိရင် ဘုရင်မင်းမြတ်က မပျော်မရွှင် ဖြစ်သွားနိုင်တယ်။ ဒါ့အပြင် ပဉ္စမမင်းသားကို ကူညီတာက ငါ့ရဲ့အခြေအနေကို ဘယ်လိုတိုးတက်စေမလဲဆိုတာ ငါတကယ်ကို မမြင်နိုင်ဘူး”

သူမ၏ ပထမဆုံး စာကြောင်းအနည်းငယ်သည် ချန်ကျိုးကို ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးစာကြောင်းမှာ ဝမ်ချောင်ကို ရည်ရွယ်ပေသည်။

“ဟား ဟား ဟား ဟား”

ဤမေးခွန်းကို ဝမ်ချောင် ရယ်မောလိုက်၏။

“သခင်မ ဒီအဲရာကို မမြင်သေးဘူးလား။ မင်းသားတွေနဲ့ မောင်းမဆောင်ထဲမှာ ပဉ္စမမင်းသားနဲ့ သခင်မတို့ကပဲ ဘာနောက်ခံမှ မရှိကြတာ။ နန်းတော်ထဲမှ တစ်ယောက်ကမှ သူ့ကိုကူညီမှာ မဟုတ်ဘူး။ နန်းတော်သုံးခုနဲ့ ရုံးတော်ခြောက်ခုတို့က ကြင်ယာတော်တွေနဲ့ ကိုယ်လုပ်တော်တွေ တစ်ယောက်မှသူ့ကို နောက်ခံပြုကြမှာ မဟုတ်ဘူး”

“မောင်းမဆောင်နဲ့ မင်းသားတွေထဲမှာ သခင်မက ပဉ္စမမင်းသားကိုပဲ အမှန်တကယ် ဆွဲထားနိုင်တယ်။ သခင်မက ပဉ္စမမင်းသားကို ကောင်းကောင်းဆက်ဆံသ၍ ပဉ္စမမင်းသားက ကျောထောက်နောက်ခံ မရှိတဲ့လူအနေနဲ့ သေချာပေါက် သခင်မအပေါ် ကြီးကြီးမားမား မှီခိုလိမ့်မယ်ဖြစ်ပြီး သင့်ကို ဆွေးနွေးဖို့အကြောင်း သေချာပေါက် တွေးမှာမဟုတ်ဘူး။ ဒါ့အပြင် သခင်မက နန်းတော်ထဲမှာ အားနည်းတယ်။ လက်တစ်ဖက်ထဲနဲ့ လက်ခုပ်တီးဖို့က ခက်ခဲတယ်။ တကယ်လို့ သခင်မမှာ ပဉ္စမမင်းသားရဲ့ အကူအညီရှိရင် သင်တို့နှစ်ယောက်က တစ်ခြားကြင်ယာတော်တွေနဲ့ မင်းသားတွေအတွက် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်စေပြီး သူတို့ကို ရူးရူးမိုက်မိုက် ပြုမူတာကနေ ကာကွယ်နိုင်လိမ့်မယ်”

“ပိုပြီးအရေးကြီးတာက တကယ်လို့ အနာဂတ်မှာ ပဉ္စမမင်းသားက နန်းတက်လာခဲ့ရင် သူက သံသယရှိစရာမလိုဘဲ သခင်မကို အလွန်အမင်း ကျေးဇူးတင်လိမ့်မယ်။ အနာဂတ်မှာ သခင်မရဲ့ အဆင့်အတန်းက ဧကရီထက် နိမ့်ကျခဲ့ရင်တောင် အများကြီး နိမ့်ကျလိမ့်မှာ မဟုတ်ဘူး။ ဒါပေါ့ တကယ်လို့ သခင်မမှာ တစ်ခြားအစီအစဉ်ရှိရင် နဂါးရဲ့မျိုးစေ့ကို လွယ်ဖို့ ပြင်ဆင်ထားခဲ့ပြီး တစ်နေ့မှာ နန်းတက်လိမ့်မယ်ဖြစ်တဲ့ နဂါးတစ်ကောင်ကို မွေးဖွားပေးဖို့ စီစဉ်ထားခဲ့ရင် အဲ့ဒါက တစ်ခြားကိစ္စတစ်ခု ဖြစ်တယ်။ ဒီစကားလုံးတွေကို ဝမ်ချောင်က ဘယ်တုန်းကမှ မပြောခဲ့သလိုမျိုး သဘောထားပေးပါ”

ခေါင်းငုံ့ထားလျှက် ဝမ်ချောင် သူ့စကားကို အဆုံးသတ်လိုက်သည်။

ကြင်ယာတော်ထိုက်ကျန်းသည် အစပိုင်းတွင် စိတ်အားထက်သန်စွာ နားထောင်နေခဲ့သော်လည်း အဆုံးသတ်တွင် သူမသည် မတက်နိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိသည်။

“ကောင်စုတ်လေး ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ငါက ဘုရင်မင်းမြတ်ရဲ့ နဂါးမျိုးစေ့နဲ့ ကိုယ်ဝန်ရှိလာခဲ့ရင်တောင် သူကြီးပြင်းတဲ့အထိ (၁၈)နှစ်ကြာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းသားတွေကြား တိုက်ပွဲက ပြီးသွားခဲ့ပြီး ဖြစ်လိမ့်မယ်။ ဒီအစီအစဉ်က ဘယ်ကနေ ရောက်လာမှာလဲ”

ကြင်ယာတော်ထိုက်ကျန်းထံမှ ဤရယ်မောမှုနှင့်အတူ ထိုထက်မြက်ပြီး အားကောင်းသော အရှိန်အဝါသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုဆွဲဆောင်မှုရှိသော အပြုံးသည် ပန်းထောင်ပေါင်းများစွာက ပွင့်ဖူးလာသကဲ့သို့ အလွန်လှပပြီး ဝမ်ချောင်ပင် တစ်ခဏမျှ မိန်းမောသွားခဲ့သည်။

ထို့အပြင် ဤအပြုံးနှင့်အတူ ခန်းမထဲရှိ လေထုသည်လည်း နွေးထွေးသွားခဲ့၏။

ကြင်ယာတော်ထိုက်ကျန်း၏ ရယ်မောမှုသည် ကြည်လင်ရွှင်ပြသော်လည်း ဝမ်ချောင် နောင်တရမှု အရိပ်အယောင်ကို ကြားနိုင်ခဲ့သေးသည်။ အကယ်၍ တစ်ယောက်သည် အလင်းနှင့် အမှောင်ထဲတွင် တိုက်ခိုက်လိုပြီး နန်းတော်ထဲတွင် အုတ်မြစ်များ တည်ဆောက်လိုပါက် အကောင်းဆုံး နည်းလမ်းမှာ နဂါးသားတော်တစ်ပါးကို ကိုယ်ဝန်လွယ်ခြင်းဖြစ်သည်။

သို့သော် ကြင်ယာတော်ထိုက်ကျန်းသည် မောင်းမဆောင်သို့ မကြာသေးမီကမှ ဝင်ရောက်ထားခဲ့သည်။ ပညာရှင်ဧကရာဇ်၏ မင်းသားများသည် အရွယ်ရောက်သွားခဲ့ကြပြီးဖြစ်သည်။ သူမတွင် ထိုကဲ့သို့ စိတ်ကူးများ ရှိခဲ့လျှင်ပင် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။

မည်သည့်အရာကမှ ဤအရာကို မပြောင်းလဲနိုင်ပေ။ ကြင်ယာတော် ထိုက်ကျန်းအတွက် ၎င်းမှာအမှန်ပင် နောင်တရမှု တစ်ခုဖြစ်သည်။

ဝမ်ချောင်သည် သဘာဝအတိုင်း ဤအရာကို နားလည်သောကြောင့် သူသည် အမျှော်အမြင်ရှိစွာဖြင့် ဤအကြောင်းအရာကို ဆက်မပြောရန် ရွေးချယ်လိုက်သည်။

“ဝမ်ချောင် ပဉ္စမမင်းသားကို နင်ဘာလို့ ဒီလောက်အထိ တန်ဖိုးထားနေရသလဲဆိုတာ ငါ့ကိုပြောပြလို့ ရမလား”

ကြင်ယာတော်ထိုက်ကျန်းသည် သာမာန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ကာ သူမ၏အပြုံး ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ တောက်ပပြီး လှပသော ဖီးနစ်မျက်လုံးများသည် ဝမ်ချောင်ကို စူးစိုက်ကြည့်နေခဲ့ပြီး နည်းနည်းသော အဓိပ္ပာယ်တစ်ချို့ကို စောင်းပါးရိပ်ချေ ပြောနေကြသည်။

“နင့်ရဲ့ဦးကြီးက ပထမမင်းသားကို ထောက်ခံတယ်။ ရုံးတော်မှာရှိတဲ့ လူတိုင်းက ဒါကိုသိကြတယ်။ ဒါကြောင့် နင်လည်းသိတယ်။ ဒါပေမဲ့ ငါကပဉ္စမမင်းသားကို ထောက်ခံသင့်တယ်လို့ နင်ကတိုက်တွန်းနေခဲ့တယ်။ နင့်ရဲ့ဝမ်ကလန်မှာ ဘာတွေဖြစ်နေတာလဲ။ ဒါမှမဟုတ် နင်ကနင့်ရဲ့ဦးကြီးနဲ့ ရန်သူဖြစ်လာချင်တာလား”

“နောက်ပြီး မကြာသေးမှီကမှ ပဉ္စမမင်းသားက သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးဖို့ ကူညီပေးခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတစ်ချို့ကို တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကောလဟာလတစ်ခုကို ငါကြားသိခဲ့ရပြီး သူ့ကိုကျင့်ကြံနိုင်စေခဲ့ကာ လက်တွေ့အားဖြင့် မဖြစ်နိုင်တဲ့အရာကို ဖြစ်စေခဲ့တယ်။ ငါခန့်မှန်းတာမှန်ရင် ပဉ္စမမင်းသားရဲ့ နောက်ကွယ်က အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူက နင်နဲ့အနီးကပ် ဆက်နွယ်နေလိမ့်မယ်။ ဟုတ်တယ်မလား”

သူမ၏ ဖီးနစ်မျက်လုံးများသည် တဖြတ်ဖြတ် ခတ်သွားခဲ့ကာ ထက်မြက်မှုက ၎င်းတို့အတွင်း တောက်ပနေခဲ့ပြီး သူတို့သည် ဝမ်ချောင် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးသို့ ထိုးဖောက်ရန် ကြိုးစားနေခဲ့ကြသည်။

သူခေါင်းကို လျှင်မြန်စွာ မော့လိုက်ကာ ဝမ်ချောင်၏စိတ် တုန်ခါသွားခဲ့သည်။

ဤအချိန်တွင် တော်ဝင်နန်းတော်၏ လူအများစုနှင့် မင်းသားများ ကြင်ယာတော်များနှင့် ကိုယ်လုပ်တော်များ အားလုံးတို့သည် ပဉ္စမမင်းသားက သူ့ခန္ဓာကိုယ်ကို မည်သို့ ရုတ်တရက် ပြန်လည်ပြုပြင်ခဲ့ပြီး ကျင့်ကြံနိုင်စွမ်း မည်သို့ ပြန်လည်ရရှိခဲ့သည်ကို ဖော်ထုတ်ရန် ကြိုးစားနေခဲ့ကြသည်။ သူတို့သည် သူတို့နောက်ကွယ်ရှိ လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကိုလည်း စုံစမ်းနေခဲ့ကြသည်။

အကယ်၍ မင်းသားနောက်ကွယ်တွင် လက်ကွက်များ ကစားနေခဲ့သူမှာ သူဖြစ်သည်ကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ပါက ဝမ်ကလန်တစ်ခုလုံးသည် နန်းတော်၏ မင်းသားများ ကြင်ယာတော်များနှင့် ကိုယ်လုပ်တော်များ အားလုံးတို့၏ ရန်သူဖြစ်လာနိုင်သည်။

ထို့ကြောင့် သူသည် တစ်ခြားသူများ ရှာဖွေတွေ့ရှိခြင်းကို တားဆီးရန်အတွက် လူမြင်ကွင်းတွင် ပဉ္စမမင်းသားကို တွေ့ဆုံခြင်းအား အတက်နိုင်ဆုံး ရှောင်ရှားခဲ့သည်။ ကြင်ယာတော်ထိုက်ကျန်းနှင့် တွေ့ဆုံနေစဉ်တွင် သူသည် သူနှင့်ပဉ္စမမင်းသားကြား ဆက်ဆံရေးကို ဆွေးနွေးခြင်းအား အတက်နိုင်ဆုံး ရှောင်ရှားခဲ့သည်။ သို့သော်လည်း ကြင်ယာတော်ထိုက်ကျန်းသည် အပြင်လောကကလူများ သူမကို တွေးထင်ထားသကဲ့သို့ မရိုးရှင်းသည်မှာ ထင်ရှားလှသည်။ သူမကို ထိုမျှလွယ်ကူစွာ လှည့်စား၍မရပေ။

ဝမ်ချောင်သည် ဤအကြောင်းအရာကို ပြောပင်မပြောခဲ့သော်လည်း ကြင်ယာတော်ထိုက်ကျန်းသည် အမှန်တရားကို ခန့်မှန်းနိုင်ခဲ့ပြီးဖြစ်သည်။

“ဟုတ်ကဲ့”

ဝမ်ချောင် တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလိုက်၏။

တစ်ယောက်သည် အခြားတစ်ယောက်ကို အလွန်အမင်း အထင်ကြီး၍ မရသော်လည်း အလွန်အမင်း လျော့တွက်၍လည်း မရပေ။ အပြင်ဘက်လောကရှိ လူများစွာတို့သည် ကြင်ယာတော်ထိုက်ကျန်းက သူမ၏ လက်ရှိနေရာသို့ သူမ၏ ရုပ်ရည်သပ်သပ်ကို အားကိုးခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ဝမ်ချောင်သည် ဤအရာက အမှန်မဟုတ်သည်ကို သိပေသည်။

သာမာန် အမျိုးသမီး တစ်ယောက်သည် သူမကဲ့သို့ ဝေဖန်သံများစွာကို အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။ သာမာန် အမျိုးသမီးတစ်ယောက်သည် နန်းတော်တွင် ဤမျှအားကောင်းသော ယှဉ်ပြိုင်မှုကို တောင့်ခံနိုင်မည် မဟုတ်ဘဲ ရှင်သန်နိုင်မည် မဟုတ်ပေ။

လူများစွာတို့သည် ကြင်ယာတော်ထိုက်ကျန်းကို တွေ့သောအခါ သူမဘေးရှိ ချန်းကျိုးကို အာရုံစိုက်လေ့ ရှိကြပြီး သူမက ချန်ကျိုးအပေါ် အရာအားလုံးအတွက် မှီခိုထားခဲ့သည်ဟု ယုံကြည်ထားလေ့ ရှိခဲ့ကြသည်။

သို့သော် ဝမ်ချောင်သည် ထိုသို့တွေးတောပါက အမှားကြီး မှားလိမ့်မည်ဖြစ်သည်ကို သိထားသည်။

ချန်ကျိုးမြို့တော်သို့ မရောက်ရှိမီ ကြင်ယာတော်ထိုက်ကျန်းသည် နန်းတော်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး အုတ်မြစ်များကိုပင် အောင်မြင်စွာ ချထားခဲ့ပြီဖြစ်သည်။ ချန်ကျိုး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူမသည် သာမာန်လူများ တွေးထင်ထားသကဲ့သို့ ထိုမျှ နူးညံ့ပြီး မညံ့ဖျင်းပေ။

ကိုယ်လုပ်တော်တစ်ယောက်၏ အပြုံးကြောင့် ဖုန်မှုန့်စစ်ကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး မည်သူမျှ လှိုင်းကြီးများ လာနေသည်ကို မသိခဲ့ကြပေ။ ကြင်ယာတော်ထိုက်ကျန်းကို လူများ တွေးထင်ထားသကဲ့သို့ လွယ်ကူစွာ လှည့်စားရန် သို့မဟုတ် အနိုင်ကျင့်ရန် မဖြစ်နိုင်ပေ။

မဟာထန်၏ ထိပ်သီးမိန်းမလှကို အခွံသာရှိပြီး အဆံမရှိသော လူအဖြစ် အထင်သေးရဲသည့် မည်သူမဆို အမှားကြီးတစ်ခုကို ကျူးလွန်မိပေလိမ့်မည်။

_____

အခန်း(၄၂၃)

စည်းရုံးမှုအောင်မြင်ခြင်း

အမျိုးသမီးများသည် လျော့တွက်ရန် အလွယ်ကူဆုံးသောလူများ အမြဲဖြစ်ကြပေသည်။

အတိအကျပင် သူသည် ဤသဘောတရားကို နားလည်သောကြောင့် အနည်းငယ်မျှသော တုန့်ဆိုင်းမှုကိုပင် ပြသခြင်းမရှိဘဲ ဝမ်ချောင် ငြင်းပယ်ရန် မကြိုးစားခဲ့ပေ။ သူသည် အလွန်ထက်မြက်သည်ဟု ယုံကြည်ထားသောကြောင့် သူပြုလုပ်လိုက်သော အပြုအမူတိုင်းသည် သူကိုယ်တိုင်အတွက် အလွန်ထက်မြက်ခြင်းဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

“အဲ့ဒါတကယ်ပဲ မင်းလား”

ယန်ကျိုးနှင့် ကြင်ယာတော်ထိုက်ကျန်း နှစ်ယောက်စလုံးသည် ဝမ်ချောင်၏ တုန့်ပြန်မှုကြောင့် အံ့သြသွားခဲ့ကြသည်။ ကြင်ယာတော် ထိုက်ကျန်းပင်လျှင် ဝမ်ချောင်က ထိုမျှလွယ်ကူစွာ ဝန်ခံမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“အဲ့ဒါကျွန်တော်ပါပဲ”

ဝမ်ချောင် နောက်တစ်ကြိမ် အတည်ပြုလိုက်၏။

“ဘာလို့လဲ”

ကြင်ယာတော်ထိုက်ကျန်း အလွန်စိတ်ဝင်စား သွားခဲ့၏။ ဝမ်ကလန်သည် ပထမမင်းသား အုပ်စုကို ဝင်ရောက်ထားခဲ့ပြီဖြစ်ပြီး အကယ်၍ သာမာန်မဟုတ်သည့်အရာ မဖြစ်ပွားခဲ့ပါက ပထမမင်းသားသည် အနာဂတ် ဆက်ခံသူ ဖြစ်ပေလိမ့်မည်။

ရှေးအချိန်များကတည်းက အကြီးဆုံးသည် အငယ်ဆုံးထက် မျက်နှာသာ ပေးခံခဲ့ရပြီး ပထမဇနီး၏သားသည် ကိုယ်လုပ်တော်များ၏ သားများထက် မျက်နှာသာ ပေးခံခဲ့ရသည်။ ဤသည်မှာ အခြေအမြစ်မရှိသော ဆိုးရိုးမဟုတ်ပေ။

မင်းသားများကြားတွင် ပထမမင်းသားသည် တိုင်းပြည်ကို ဆက်ခံရန် အခွင့်အရေး အမြင့်ဆုံးဖြစ်သည်။ ကြင်ယာတော်ထိုက်ကျန်းသည် ဝမ်ချောင်က ဘာကြောင့် ဤသို့သော စွန့်စားမှုကြီးကို ပြုလုပ်ခဲ့ရသလဲ ဆိုသည်ကို နားမလည်ခဲ့ပေ။ သူသည် အားနည်းသော ပဉ္စမမင်းသားကို ကူညီရန် သူ့ဦးကြီးနှင့် သဘောထား ကွဲလွဲမှုကိုပင် စိတ်ရှိပုံမရပေ။

'ဝမ်ကလန်ရဲ့ ဒီချီလင်သားက ဘာတွေးနေတာလဲ။'

ကြင်ယာတော် ထိုက်ကျန်း၏ မျက်လုံးများ ဝမ်ချောင်၏ ခန္ဓာကိုယ်ကို အကဲခတ်လိုက်ကာ ပြင်းထန်သော စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခုက ၎င်းတို့ထဲ ရုတ်တရက် ပေါ်လာခဲ့သည်။ သူမသည် သာမာန်လူတစ်ယောက်ကို ဘေးဖယ်ထားနိုင်သော်လည်း သူမရှေ့ရှိလူမှာ ဝမ်ချောင်ဖြစ်ပေသည်။

စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသံစဉ်၊ သူမကို ထောက်ခံရန် စုန့်ဘုရင်၏စိတ်ကို ပြောင်းလဲရာတွင် သူ၏ အံ့မခန်း အောင်မြင်မှု၊ ရုံးတော်မှတစ်ဆင့် သူဖြစ်စေခဲ့သော တုန်လှုပ်ဖွယ်ရာများနှင့် ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်ရှိ လောကတို့တွင် တင့်တယ်ပြီး ထက်မြက်သော ပါရမီကို ပြသခဲ့ပေသည်။

နတ်ဘုရားတစ်ပါးကဲ့သို့ သူမ ချစ်ကြောက်ရိုသေရသော ဧကရာဇ်သည်ပင် ဤလူငယ်ကို ချီးကျူးခဲ့ပေသည်။

မည်သည့် ရှု့ထောင့်တွင်မဆို သူမရှေ့ရှိ ဤလူငယ်သည် သာမာန်အသိကို အသုံးပြု၍ အကဲခတ်လို့ရသည့် သာမာန်လူတစ်ယောက် မဟုတ်ပေ။

ကြင်ယာတော်ထိုက်ကျန်းသည် သူ့ကလန်၏ ရပ်တည်ချက်ကို ဘေးဖယ်ထားရန်၊ ကောင်းမွန်သော ပထမမင်းသားကို ဘေးဖယ်ထားရန်နှင့် မထင်ရှားသော ပဉ္စမမင်းသားကို အကြံပြုရန် သူမ၏ ယုကျန်းနန်းတော်သို့ အပြေးအလွှားလာစေရန် ဤအံ့ဖွယ်လူလေးကို မည်သည့်အရာက နိုးဆွခဲ့သလဲဆိုသည်ကို ရုတ်တရက် သိချင်လာခဲ့သည်။

'သူက ဒီလိုစိတ်ကူးမျိုးကို ဘယ်လိုလုပ် ရလာခဲ့တာလဲ။'

“ဒါက...”

ဝမ်ချောင် ကြင်ယာတော်ထိုက်ကျန်း၏ ဘယ်နှင့်ညာတွင် ရပ်နေသည့် လျို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ် မိန်းမလှများကို ကြည့်လိုက်သည်။ ကြင်ယာတော်ထိုက်ကျန်း နားလည်လိုက်ကာ သူမ၏ လက်ကောက်ဝတ်ကို အနည်းငယ်မျှ လှုပ်ယမ်းလိုက်ပြီး ထိုနှစ်ယောက် ချက်ချင်း ရိုသေစွာ ထွက်ခွာသွားကြသည်။

အခန်းထဲတွင် ကြင်ယာတော်ထိုက်ကျန်း၊ ယန်ကျိုးနှင့် ဝမ်ချောင်တို့သာ ကျန်ရစ်ခဲ့ကြသည်။

“အဲ့ဒါက အရမ်းရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွေးတွေက ကျွန်တော့်ဦးကြီးနဲ့ မတူလို့ဘဲ။ အနာဂတ် ဆက်ခံသူက ပထမမင်းသား မဟုတ်ဘဲ ပဉ္စမမင်းသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တာကြောင့်ပဲ”

ထိုမိန်းမလှနှစ်ယောက် ထွက်ခွာသွားသည်နှင့် ဝမ်ချောင်ချက်ချင်း သူ့အတွေးများကို ထုတ်ပြလိုက်သည်။ ဝမ်ချောင်သည် ပဉ္စမမင်းသား၏ ခန္ဓာကိုယ်တွင် သူရှာဖွေ တွေ့ရှိခဲ့သည့် လျို့ဝှက်ချက်ကိုလည်း ဖုံးကွယ်မထားခဲ့ပေ။

ကြင်ယာတော် ထိုက်ကျန်းနှင့် ယန်ကျိုးတို့သည် ဝမ်ချောင်က ပဉ္စမမင်းသားသည် အနာဂတ် ဆက်ခံသူ ဖြစ်လိမ့်မည်ဟု ပြောဆိုသည်ကို ကြားလိုက်ရသောအခါ ကြက်သေ သေနေခဲ့ကြပြီ ဖြစ်သော်လည်း လီဟန်သည် ထင်ရှားသော ခြေသည်းငါးချောင်း အစစ်အမှန် နဂါးတစ်ကောင်၏ ပုံရိပ် ထိပ်တန်းနည်းစနစ်ကို သင်ကြားခံထားရသည်ဟု ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်သည် စကားမပြောနိုင်သည်အထိ အလွန် တုန်လှုပ်သွားခဲ့ကြသည်။

နန်းတော်အတွင်း ယှဉ်ပြိုင်မှုများအကြောင်း လုံးဝမသိသည့် ယန်ကျိုးသည်ပင် ခြေသည်းငါးချောင်း အစစ်အမှန်နဂါးက ဘာကိုကိုယ်စားပြုသည်ကို သိပေသည်။ အကယ်၍ ဝမ်ချောင် ဖော်ပြခဲ့သည့် လျို့ဝှက်ချက်သည် ပျံ့နှံ့သွားခဲ့ပါက ၎င်းသည် နန်းတော်ကို ကျွမ်းလှန်ပစ်မည်ဖြစ်ပြီး နိုင်ငံရေး မြင်ကွင်းကို ပြန်လည် ပုံဖော်ပေလိမ့်မည်။

မင်းသားများသည် လီဟန်က ရုတ်တရက် ကျင့်ကြံလာနိုင်သည်ကို ဖော်ထုတ်တွေ့ရှိရသောအခါ သူ့အား သတ်ချင်နေခဲ့ကြပြီ ဖြစ်သည်။ အကယ်၍ သူတို့သည် ပညာရှင် ဧကရာဇ်က သူ့အား ထင်ရှားသော ခြေသည်းငါးချောင်း နဂါးထိပ်သီး နည်းစနစ်ကို လက်ဆင့်ကမ်းခဲ့သည်ကို သိရှိခဲ့ပါက သူတို့သည် သူ့ကိုသတ်ဖြတ်ရန် ပညာရှင် ဧကရာဇ်ဆီမှ ပြစ်ဒဏ်ကိုပင် စွန့်စားပေလိမ့်မည်။

တစ်ခဏမျှ ထိုဝမ်းကွဲတို့သည် ခန်းမထဲရှိ လူငယ်ကို သရဲတစ်ကောင် တွေ့လိုက်ရသကဲ့သို့ ကြည့်လိုက်မိကြသည်။ ဤသည်မှာ သာမာန် သတင်းမဟုတ်ပေ။ အမှန်တွင် ဤသည်မှာ မင်းသားများကြား တိုက်ပွဲကို လုံးဝ ပြောင်းလဲသွားစေနိုင်သော ကြီးမားသည့် လျို့ဝှက်ချက်တစ်ခုဖြစ်သည်။

ငယ်ရွယ်သေးသော်လည်း ဝမ်ချောင်သည် ဤသို့သော အံ့မခန်း အမှန်တရားတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။ ဤသို့သော စွမ်းဆောင်ချက် တစ်ခုသည် ကြောက်စရာအကောင်းဆုံး သူလျှိုများကိုပင် အံ့သြတုန်လှုပ်သွားစေပေလိမ့်မည်။

ခန်းမကြီးသည် အပ်တစ်ချောင်း ကျသွားလျှင်ပင် ကြားရနိုင်သည်အထိ အလွန် တိတ်ဆိတ်သွားခဲ့၏။

ဝမ်ချောင်ဘာမှ မပြောခဲ့သော်လည်း သူ့စိတ်သည် ကသောင်းကနင်း ဖြစ်နေခဲ့သည်။ 'တစ်ယောက်သည် ကျားဂူထဲမဝင်ဘဲ ကျားကို ဖမ်းနိုင်မည် မဟုတ်ပေ။' သာမာန် အခြေအနေများတွင် သူသည် ပဉ္စမမင်းသား၏ လျို့ဝှက်ချက်အကြောင်း မည်သူကိုမျှ ပြောပြလိမ့်မည် မဟုတ်ပေ။ သို့သော် အကယ်၍ ပဉ္စမမင်းသားသည် သူ၏လက်ရှိ အခက်အခဲကို ဖြတ်ကျော်လိုပါက သူသည် ကြင်ယာတော်ထိုက်ကျန်း၏ အကူအညီကို လိုအပ်ပေသည်။ သူမ၏ အကူအညီကို အမှန်တကယ် ရရှိရန်အတွက် လျို့ဝှက်ချက်အချို့ကို ပြောပြရပေမည်။

ဤနည်းကသာ တစ်ယောက်သည် သူမ၏ ယုံကြည်မှုကို ရနိုင်ပေမည်။

ဝမ်ချောင်၏ စွန့်စားမှုက အလဟာသ ဖြစ်မသွားခဲ့သည်ကို ဖြစ်ရပ်များက သက်သေပြသွားခဲ့ကြသည်။ ကြင်ယာတော်ထိုက်ကျန်းနှင့် ယန်ကျိုးတို့၏ မျက်နှာများပေါ်ရှိ တုန်လှုပ်မှုသည် သူ့စကားလုံးများက သက်ရောက်မှု တစ်ခုရှိကြောင်း ပြသရန် လုံလောက်ခဲ့ပြီဖြစ်သည်။

အကယ်၍ တစ်ယောက်သည် ပဉ္စမမင်းသားက အစပိုင်းတွင် စွမ်းရည်မရှိသော မင်းသားတစ်ယောက်မျှသာ ဖြစ်သည်ဟု ပြောခဲ့ပါက သူသည် ယခုအခါ ကြင်ယာတော်ထိုက်ကျန်းနှင့် ယန်ကျိုးတို့၏ စိတ်ထဲတွင် သံသယရှိစရာ မလိုဘဲ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

“သခင်မ မင်းသားတွေကြား တိုက်ပွဲက အသေးအမွှားကိစ္စ မဟုတ်ပါဘူး။ သခင်မအတွက် ချက်ချင်း မဆုံးဖြတ်နိုင်တာက မထူးဆန်းပါဘူး။ ဒီကိစ္စက အရမ်းအလျင်လိုစရာ မလိုပါဘူး။ သခင်မမှာ စဉ်းစားဖို့ အချိန်ရှိပါသေးတယ်။ ဒါပေမဲ့ ဝမ်ချောင်မှာ သခင်မကို ပြောဖို့ တစ်ခုရှိပါသေးတယ်။ သခင်မက ဒါကို ဝမ်ချောင် ထွက်ခွာသွားပြီးမှ ဖွင့်ဖတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဝမ်ချောင် စကားပြောလိုက်သောအခါ သူသည် သူ့လက်မောင်းအိုးမှနေ၍ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ သူ့စကားလုံးများက ကြင်ယာတော် ထိုက်ကျန်းအပေါ် သက်ရောက်မှုတစ်ခု ရှိနေသေးစဉ် ပဉ္စမမင်းသားက ကောင်းမွန်စွာ ရှု့မြင်ခံနေသေးသည့် အချိန်တွင် ဝမ်ချောင်သည် သူ့နောက်ဆုံး ဖဲချပ်ကို ထုတ်ယူလိုက်ပြီး သံပူနေချိန်တွင် ထုရိုက်ရန် ပြုလုပ်လိုက်သည်။

သူ့စကားလုံးများက ကြင်ယာတော် ထိုက်ကျန်းအပေါ် သက်ရောက်ပြီး သူမကို ပဉ္စမမင်းသားဘက်သို့ လုံးဝစည်းရုံးနိုင်မည်လားဆိုသည်မှာ ဤနောက်ဆုံး စာရွက်အပေါ် လုံးဝမူတည်ပေလိမ့်မည်။

“ဝမ်ချောင် ငါ့ရှေ့မှာ နင်ပြောလို့မရတဲ့အရာက ဘာများလဲ။ အဲ့ဒါကို စာရွက်အပေါ် ချရေးမှရမှာလား”

ဝမ်ချောင်က သူ့လက်မောင်းအိုးမှနေ၍ ထိုစာလွှာကို ထုတ်ယူလာသည်ကို ကြည့်လိုက်ကာ ကြင်ယာတော် ထိုက်ကျန်းတွင် အလွန်ထူးဆန်းသော အကြည့်တစ်ခုရှိသည်။ သူသည် သူမရှေ့တွင် သူပြောချင်သည့်အရာ ပြောနိုင်သော်လည်း သူသည် စာအိတ်တစ်ခုကို ထုတ်ယူရန် ရွေးချယ်ခဲ့ပေသည်။ မည်သူမဆို ၎င်းက အလွန်ထူးဆန်းသည်ကို တွေ့ရပေလိမ့်မည်။

“ကျွန်တော်ပြောလို့ မရပါဘူး။ သခင်မ ဒါကိုဖတ်ပြီးတဲ့အခါ နားလည်ပါလိမ့်မယ်”

ဝမ်ချောင် လက်နှစ်ဖက်ဖြင့် စာကိုကိုင်ထားပြီး ခေါင်းခါလိုက်သည်။ သူသည် ဤတစ်ကြိမ် သာမာန်မဟုတ်ဘဲ ခေါင်းမာနေခဲ့၏။ တွေးသာတွေးနိုင်ပြီး ပြုလုပ်၍မရသော အရာတစ်ချို့ရှိကြပြီး ဖတ်သာဖတ်နိုင်ပြီး ပြော၍မရသော စကားလုံးအချို့ ရှိကြပေသည်။

“ငါနားလည်ပြီ အဲ့ဒါကို ယူလာလိုက်”

“ဒါဆို ဝမ်ချောင် နှုတ်ဆက်ပါတော့မယ်”

စာကိုပို့လိုက်ပြီးနောက် ဝမ်ချောင် လျှင်မြန်စွာ ထွက်ခွာသွားခဲ့ကာ ညရောက်လာသောကြောင့် နန်းတော်တံခါးများ လုံးဝ ပိတ်မသွားမီ ယုကျန်းနန်းတော်မှ ထွက်လာလိုက်သည်။ ဝမ်ချောင် လှည့်ထွက်သွားချိန်တွင် ကြင်ယာတော် ထိုက်ကျန်းသည် တစ်ခဏမျှ တုန့်ဆိုင်နေခဲ့၏။ နောက်ဆုံးတွင် သူမသည် သူမ၏ စိတ်ဝင်စားမှုကို မချုပ်တည်းနိုင်တော့ဘဲ စာကိုဖွင့်ဖတ်လိုက်ကာ ပဲပင်ပေါက် လက်ရေးဖြင့် ဖုံးလွှမ်းနေသည့် စာရွက်တစ်ရွက်ကို အထဲမှနေ၍ ထုတ်ယူလိုက်သည်။

အကြည့်တစ်ချက်မျှဖြင့် ကြင်ယာတော် ထိုက်ကျန်း၏စိတ်သည် ရှုပ်ထွေးမှု အခြေအနေ တစ်ခုသို့ ရုတ်တရက် ကျရောက်သွားခဲ့ပြီး သူမ၏ ဖီနစ်မျက်လုံးများတွင် သွေးပျက်နေသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် ၎င်းမှာ တစ်ခဏမျှသာဖြစ်ပြီး သူမလျှင်မြန်စွာ ဤခံစားချက်များကို ဖုံးကွယ်လိုက်သည်။ အနီးရှိ ယန်ကျိုးသည်ပင် သတိမပြုမိခဲ့ပေ။

“ညီမ အဲ့ကလေကချေကောင်က ဘာရေးထားတာလဲ”

ယန်ကျိုး လျှောက်လာခဲ့ပြီး စိတ်ဝင်စားစွာ မေးလိုက်ကာ စာကိုကြည့်လိုက်သည်။ ဝမ်ချောင်သည် ကျယ်လောင်စွာ ပြောရမည့်အစား စာထဲတွင် ရေးသားရန် ရွေးချယ်ခဲ့သည်အရာမှာ ဘာလဲဆိုသည်ကို သူအမှန်တကယ် စိတ်ဝင်စားပေသည်။

“ဘာမှမဟုတ်ပါဘူး”

ယန်ကျိုးကို အံ့အားသင့်သွားစေသည်မှာ သူ့ကိုလုံးဝ ယုံကြည်ထားပြီး သူနှင့် မည်သည့် လျို့ဝှက်ချက်ကိုမဆို ဝေမျှလေ့ရှိသည့် ကြင်ယာတော်ထိုက်ကျန်းသည် ဤတစ်ကြိမ်တွင် သူမ၏ လက်များကို ဆန့်ထုတ်ပြီး သူမလက်ထဲရှိစာနှင့် စာအိတ်ကို ဖျက်ဆီးရန် ရွေးချယ်ခဲ့သည်။

ယန်ကျိုး စာတစ်လုံးပင် မမြင်နိုင်မီ ဤစာရွက်သည် ဘာမှမရှိခြင်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ယန်ကျိုး ကြက်သေ သေသွားခဲ့၏။ ဤသို့သော အရာမျိုးသည် တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။ သူ့တစ်ကိုယ်လုံးသည် အေးခဲသွားခဲ့ကာ သူအလွန် အံ့သြသွားခဲ့သည်။

“ဝမ်းကွဲ ငါ့ရဲ့အမိန့်ကို လိုက်နာပါ။ ငါ့ကျောက်စိမ်း တံဆိပ်တွေထဲက တစ်ခုကိုယူပြီး ပဉ္စမမင်းသား လီဟန်ကို ပေးလိုက်ပါ။ ပညာရှင်ဧကရာဇ်ရဲ့ရှေ့မှာ သူတင်ဆက် ပြသခဲ့တဲ့ ဓားအကအလှနဲ့ သူဖော်ပြခဲ့တဲ့ ဝတ္တရား ကျေပွန်မှုက ငါ့ကိုအရမ်း ချီးကျူးစေတယ်လို့ပြောပြီး ငါကသူ့ကို ဒီလက်ဆောင် ပေးလိုက်တယ်လို့ ပြောလိုက်ပါ”

ဤအမိန့်ကို ပေးလိုက်ပြီးနောက် ကြင်ယာတော်ထိုက်ကျန်းသည် အတွင်းဆောင်သို့ လှည့်ထွက်သွားခဲ့သည်။

သူမနောက်တွင် ယန်ကျိုးသည် ကြက်သေ သေနေခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက်သည် သူ့ကိုသေသည်အထိ ရိုက်နှက်လျှင်ပင် သူသည် ကြင်ယာတော်ထိုက်ကျန်းကို အလွန် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည့် ဝမ်ချောင်၏ စာထဲတွင် ကြင်ယာတော်ထိုက်ကျန်း မြင်ခဲ့ရသည့် အရာကို နားလည်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ထို့ပြင် ကြင်ယာတော် ထိုက်ကျန်းသည် လွန်ခဲ့သည့် တစ်ခဏက မဆုံးဖြတ်နိုင် ဖြစ်နေသည်မှာ ထင်ရှားလှသည်။

ဝမ်ချောင်၏စာကို မြင်သည်နှင့် သူမသည် သူမ၏စိတ်ကို ချက်ချင်း ပြောင်းလဲပြီး လီဟန်အား ကျောက်စိမ်း တံဆိပ်တစ်ခု ဘာကြောင်း ပေးချင်ရသနည်း။ ထို့ပြင် သူမသည် သူ့ကို အမိန့်အား ပို့စေချင်ခဲ့သည်။ ဤသည်မှာ သူမသည် အနာဂတ်တွင် မင်းသားလီဟန်ကို ကာကွယ်လိမ့်မည်ဟု နန်းတော်တစ်ခုလုံးအား ကြေညာနေခြင်း မဟုတ်လော။

ဤသည်မှာ မင်းသားများကြား တိုက်ပွဲတွင် ပါဝင်မည် မဟုတ်သည့် သူ့ဝမ်းကွဲ၏ အစပိုင်း စိတ်ဆန္ဒနှင့် လုံးဝဆန့်ကျင်နေပေသည်။

“ဟုတ်ကဲ့ ဒီနိမ့်ကျတဲ့ အစေခံက အမိန့်ကို အကောင်အထည် ဖော်လိုက်ပါ့မယ်”

ယန်ကျိုး သက်ပြင်းချလိုက်ပြီး လေးစားစွာ ဦးညွှတ်လိုက်ကာ ထို့နောက် ခန်းမမှ လှည့်ထွက်သွားခဲ့သည်။ သူ့ဝမ်းကွဲက ဘာပဲဆုံးဖြတ်ပါစေ သူသည် အကောင်းဆုံး အကောင်အထည် ဖော်ရပေလိမ့်မည်။

သို့သော် သူနားမလည်သည့်အရာ တစ်ခုရှိပေသည်။ စာတစ်စောင်က သူမ၏ ရပ်တည်ချက်တွင် ဤသို့ ကြီးမားသော အပြောင်းအလဲကို ဖြစ်စေခဲ့သည့် ကြင်ယာတော် ထိုက်ကျန်းအပေါ် သူ့သွေးသောက် ညီအစ်ကိုသည် မည်သို့သော ညို့ဆေးကို အသုံးပြုခဲ့သနည်း။

“ငါ့ရဲ့ဒီသွေးသောက် ညီအစ်ကိုက... သူက သာမာန်လူတစ်ယောက် ခန့်မှန်းလို့ရတဲ့ လူမဟုတ်ဘူး”

ယန်ကျိုးသည် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု၊ ဒေါသနှင့် အားရကျေနပ်မှုတို့ကြား သက်ပြင်းတစ်ခု ချလိုက်သည်။ ခေါင်းခါလိုက်ကာ သူသည် ယုကျန်းနန်းတော်မှ လျှင်မြန်စွာ ထွက်ခွာသွားခဲ့၏။ သူသည် ဤနန်းတော်၏ အနက်ပိုင်းမှနေ၍ နောက်ထပ် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်လာလိမ့်မည်ဟု စိတ်ကူးကြည့်နိုင်ခဲ့ပြီဖြစ်သည်။

သူ့ဝမ်းကွဲ၏ လက်ရှိ အဆင့်အတန်းဖြင့် သူမသည် နန်းတော်ထဲတွင် နောက်ထပ် မုန်တိုင်းတစ်ခုကို လုံးဝဖြစ်စေနိုင်စွမ်း ရှိပေသည်။

ထို့အပြင် ဤအခိုက်၌ပင် ကြင်ယာတော် ထိုက်ကျန်းသည် အလားတူ တုန်လှုပ်မှုနှင့် စိတ်လွတ်နေသော အခြေအနေဖြင့် ယုကျန်းနန်းတော်၏ အနက်ပိုင်းတွင် လမ်းလျှောက်နေခဲ့သည်။ ဝမ်ချောင်၏ ပဲပင်ပေါက်လက်ရေးကြောင့် ဖြစ်စေခဲ့သော လှိုင်းလုံးများသည် သူမ၏ စိတ်ထဲတွင် လှိုင်းထန်နေခဲ့ကြပေသည်။

သူမသည် ထိုစာကို မီးရှို့ခဲ့သော်လည်း ထိုစကားလုံးများသည် သူမ၏စိတ်ထဲတွင် နက်ရှိုင်းစွာ ကျွမ်းလောင်နေခဲ့ကြသည်။

'ယေဘုယျအနေနဲ့ သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်ကို အားကိုးတဲ့လူတွေဟာ သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့အတူ ချစ်ခင်ကြင်နာမှု လျော့နည်းသွားတာကို တွေ့ရမှာဖြစ်ပြီး ကြင်နာမှုကလည်း ရုပ်ရည်အသွင်အပြင် ယုတ်လျော့လာတာနဲ့အမျှ ကွယ်ပျောက်သွားတာကို တွေ့ရလိမ့်မယ်။'

ဝမ်ချောင်သည် ကြင်ယာတော် ထိုက်ကျန်းဆီသို့ အရင်းအဖျား ရှိပုံမရသော ဤရိုးရှင်းသည့် စကားစုကိုသာ ရေးခဲ့ပေသည်။ သို့သော် ကြင်ယာတော် ထိုက်ကျန်းသည် ဝမ်ချောင် ဆိုလိုသည့်အရာကို နားလည်ခဲ့ပြီးဖြစ်သည်။

ဝမ်ချောင်သည် ဤစကားလုံးများ၏ မူရင်းရေးသားသူ မဟုတ်ခဲ့ပေ။ ထိုအစား သူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်က မဟာချင် တိုင်းပြည်မှ ဆင်းသက်လာခဲ့ပေသည်။ ထိုအချိန်က ခရီးသွားနိုင်ငံရေး အကြံပေးတစ်ယောက်သည် မိန်းမပျိုဟွာယန်းအား ချင်ယိရန်ကို သူမ၏ မွေးစားသားအဖြစ် မွေးစားရန် စည်းရုံးရန် ဤစကားလုံးများကို အသုံးပြုခဲ့ပေသည်။

ထို့ပြင် ချင်ယိရန်သည် နောက်ဆုံးတွင် ချင်တိုင်းပြည်၏ ဆက်ခံသူ ဖြစ်လာလိမ့်မည်ဖြစ်ပြီး အလယ်ပိုင်း လွင်ပြင်ဒေသကို ပထမဆုံး စုစည်းခြင်းအတွက် ထာဝရ ကျော်ကြားလိမ့်မည်ဖြစ်သည့် ဧကရာဇ်တစ်ပါး ယနေ့ခေတ် ပညာရှင် ဧကရာဇ်နှင့် အဆင့်တူသည့် ပုဂ္ဂိုလ်တစ်ယောက် ရှီဟွမ်တိ၊ ယင်ကျန်းကို မွေးဖွားပေးပေလိမ့်မည်။

မိန်းမပျို ဟွာယန်းသည် ယနေ့ခေတ် ကြင်ယာတော် ထိုက်ကျန်းကဲ့သို့ပင် နှစ်သက်စွာ အချစ်ခံခဲ့ရသော်လည်း သား သို့မဟုတ် သမီး မထွန်းကားခဲ့ပေ။

ထို့ပြင် ချင်ယိရန်သည် လက်ရှိ ပဉ္စမမင်းသားကဲ့သို့ မှီခိုအားထားစရာ တစ်ယောက်မျှမရှိသည့် အပြင်လူတစ်ယောက်သာဖြစ်ပြီး မည်သူမျှသူ့ကို အထင်မကြီးခဲ့ကြပေ။ သို့သော် ဤအရာ အားလုံးတို့သည် ထိုရိုးရှင်းသော စကားလုံးများ၏ အပေါ်ယံ ဆိုလိုရင်းရှေ့တွင် မှေးမှိန်သွားခဲ့ပေသည်။

'ယေဘုယျအနေနဲ့ သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်ကို အားကိုးကြတဲ့လူတွေဟာ သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့အတူ ချစ်ခင်ကြင်နာမှု လျော့နည်းသွားတာကို တွေ့ရမှာဖြစ်ပြီး ကြင်နာမှုကလည်း ရုပ်ရည်အသွင်အပြင် လျော့ပါးလာတာနဲ့အမျှ ပျောက်ကွယ်သွားတာကို တွေ့ရလိမ့်မယ်။' ကြင်ယာတော် ထိုက်ကျန်းသည် သူမက သူမ၏လက်ရှိ အဆင့်အတန်းသို့ မည်သို့ရောက်လာခဲ့သည်ကို ကောင်းစွာ သိရှိထားခဲ့ပြီး ၎င်းက သူမ၏ စိတ်ထဲတွင် အနက်ရှိုင်းဆုံးသော စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်ပေသည်။ ဝမ်ချောင်၏ စကားလုံးများသည် ထိုမျှကြီးမားသော ရိုက်ခတ်မှုအား ဖြစ်စေခဲ့သည်မှာ ဤစိုးရိမ်ပူပန်မှုကြောင့် ဖြစ်သည်။

ဝမ်ချောင် ပြောခဲ့သော ထိုစကားလုံးများအားလုံး၊ သူဖော်ပြခဲ့သော လျို့ဝှက်ချက်များ အားလုံးတို့သည် ဤတုန်လှုပ်ဖွယ် စာကြောင်းထက် များစွာနိမ့်ကျကြပေသည်။

အကြောင်းမှာ ဤသည်မှာ သူမမည်သူ့ကိုမျှ မပြောပြခဲ့သည့် သူမ၏ စိတ်အနက်ရှိုင်းဆုံးရှိ အကြီးမားဆုံးသော စိုးရိမ်မှုနှင့် တားမြစ်ချက် ဖြစ်သောကြောင့်ဖြစ်သည်။

“ဝမ်ချောင် ဒီကြင်ယာတော်က ဆုံးဖြတ်ချက်မမှားဖို့ နင် မျှော်လင့်ထားတာ ပိုကောင်းလိမ့်မယ်”

**************************

အပိုင်း (၄၂၄)

ရိတ်သိမ်းမှု

“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ အစစ်အမှန် နဂါးအစီအစဉ် မင်းသားများကြား တိုက်ပွဲတွင် ပါဝင်ခြင်း ပဉ္စမမင်းသား လီဟန်၏ ကံကြမ္မာကို ပြောင်းလဲခြင်းအတွက် ကံကြမ္မာမှတ် (၁၅)မှတ် ချီးမြှင့်ခံရပါသည်”

ဝမ်ချောင် အမှောင်ထုထဲတွင် တော်ဝင်နန်းတော်မှ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ့နောက်ရှိ ဂိတ်တံခါးကြီးက ပိတ်သွားသောအခါ သူသည် သူ့စိတ်ထဲတွင် အသံတစ်ခု ပေါ်ထွက်လာသည်ကို ကြားလိုက်ရသည်။ ဤအသံနှင့်အတူ သူသည် လေပြေလေးတစ်ခု ခံစားလိုက်ရပြီး မမြင်ရသော စွမ်းအင်က အချိန်အာကာသ အနက်ပိုင်းမှနေ၍ ထွက်ပေါ်လာခဲ့ကာ ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့သည်။

ဝမ်ချောင် သူ့ခန္ဓာကိုယ်တွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။

“ငါနောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ”

ဝမ်ချောင်၏ နှုတ်ခမ်းပါးများ အပြုံးတစ်ခုအဖြစ်သို့ ကော့တက်သွားခဲ့ကြ၏။ သူနောက်ဆုံး စာလွှာက သက်ရောက်မှု ရှိသွားခဲ့သည်ကို သူသိလိုက်ပေသည်။

လေ့ကျင့်ရေးကွင်းတွင် တိဗက် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်သောအခါ ဝမ်ချောင်သည် ကံကြမ္မာမှတ် (၁၅)မှတ် ရရှိသွားခဲ့ပြီးဖြစ်သည်။ ယခု ကြင်ယာတော် ထိုက်ကျန်းမှ သူ၏ရိတ်သိမ်းမှုနှင့်အတူ ဝမ်ချောင်သည် တစ်ရက်ထဲ၌ ကံကြမ္မာမှတ် (၃၀)မှတ် ရရှိသွားခဲ့သည်။

လက်ရှိတွင် ဝမ်ချောင်၌ ကံကြမ္မာမှတ် (၁၀၉)မှတ် ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် အကယ်၍ တစ်ယောက်သည် တောင်ခြင်္သေ့အရိုး၊ ရွှေကိုယ်တွင်းအင်္ဂါများနှင့် လီဟန်အတွက် သွေးပြန်လည် ပြုပြင်ပြောင်းလဲခြင်းတို့ကို ဝယ်ယူရန် သူအသုံးပြုခဲ့သော ကံကြမ္မာမှတ်နှင့် လောက အချုပ်အနှောင်မှ အသုံးပြုခဲ့သော ကံကြမ္မာမှတ်ကို ထည့်တွက်လိုက်ပါက ဝမ်ချောင်သည် ကံကြမ္မာမှတ် နှစ်ရာကျော် ရရှိသွားခဲ့ပြီဖြစ်သည်။

ဝမ်ချောင်အတွက် ဤအချိန်တွင် ကံကြမ္မာမှတ် နှစ်ရာမှတ် ရရှိသွားခဲ့ခြင်းမှာ လုံးဝ အဓိပ္ပာယ် အသစ်တစ်ခုဖြစ်သည်။

“ ... နောက်ဆုံးတော့ မူလစွမ်းအင် ပစ္စည်းတွေကို ငါလဲလှယ်နိုင်ပြီ”

ဝမ်ချောင် ကျောက်ခင်းလမ်းကို ဖြတ်လျှောက်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

ကံကြမ္မာ ကျောက်စာမှ ကမ်းလှမ်းခဲ့သော ဆုလာဘ်များကို စိတ်၊ ခန္ဓာကိုယ်၊ စွမ်းအင်၊ နည်းစနစ်များနှင့် စွမ်းအားဟူ၍ ပိုင်းခြားနိုင်သည်။ သို့သော်လည်း သူသည် လုံလောက်သော ကံကြမ္မာမှတ်ကို မစုဆောင်းခဲ့သောကြောင့် ဝမ်ချောင်သည် တောင်ခြင်္သေ့အရိုး၊ ရွှေကိုယ်တွင်း အင်္ဂါများနှင့် သွေးပြန်လည် ပြုပြင်ပြောင်းလဲခြင်းကဲ့သို့သော ခန္ဓာကိုယ် အမျိုးအစားအတွက် ဆုလာဘ်များကိုသာ လဲလှယ်နိုင်ခဲ့သည်။

အကယ်၍သူသည် သူ့မူလစွမ်းအင်ကို တိုးမြှင့်လိုပါက ဝမ်ချောင်သည် တော်ဝင်မိသားစု၏ ဆေးလုံးများကိုသာ ဝယ်ယူနိုင်ပေသည်။ သို့သော် ယခုမှစ၍ သူသည် မူလစွမ်းအင် အမျိုးအစားကို ပွင့်သွားစေခဲ့ပြီ ဖြစ်သောကြောင့် ကိစ္စများသည် ခြားနားသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ချောင်သည် ယခုအခါ သူ့စွမ်းအားကို တိုးမြှင့်စေနိုင်သည့် မူလစွမ်းအင်ပစ္စည်းများကို ဝယ်ယူရန် ကံကြမ္မာမှတ်ကို အသုံးပြုနိုင်ပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်၏ ခွန်အားသည် ပို၍မြန်ဆန်သော အမြန်နှုန်းတစ်ခုဖြင့် တိုးတက်လာပေလိမ့်မည်။

“...သခင်လေး”

အမှောင်ထုထဲမှနေ၍ ခြေသံများ ထွက်ပေါ်လာခဲ့ကာ ဝမ်ချောင်၏ အတွေးများကို ချိုးဖျက်လိုက်သည်။ ပုခုံးပေါ်တွင် ငှက်ကြီးတစ်ကောင်နှင့်အတူ လူအိုကြီး လင်းယုန်ငှက်သည် သူ့ဆီသို့ လျှောက်လာခဲ့သည်။

“အခြေအနေ ဘယ်လိုလဲ”

“အဆင်ပြေပါတယ်”

ဝမ်ချောင် ပြုံးလိုက်ကာ အရာအားလုံး အဆင်ပြေကြောင်း အချက်ပြလိုက်သည်။ ကိစ္စများကို ကြင်ယာတော် ထိုက်ကျန်းဘက်မှ ဂရုစိုက်ခြင်းနှင့်အတူ ပဉ္စမမင်းသားသည် ကောင်းမွန်စွာ အိပ်စက်နိုင်ပေလိမ့်မည်။

သူသည် လုံးဝ ဘေးကင်းပြီဟု ပြော၍မရသော်လည်း ကြင်ယာတော်ထိုက်ကျန်း၏ ကာကွယ်မှုဖြင့် အနည်းဆုံး လူတိုင်းသည် သူတို့ဘာမှ မလုပ်မီ နှစ်ခါစဉ်းစားရပေလိမ့်မည်။ ပထမမင်းသားနှင့် တတိယမင်းသားတို့ပင်လျှင် ဂရုမစိုက် ပြုမူရဲကြမည် မဟုတ်ပေ။

“လာ လေ့ကျင့်ရေးစခန်းကို ပြန်ကြစို့”

လူအိုကြီး လင်းယုန်ငှက်နှင့် လိုက်ပါလာခဲ့သော ဝမ်ကလန်အစောင့်များမှ မြင်းဇက်ကြိုးကို ယူလိုက်ကာ ဝမ်ချောင် မြင်းပေါ်တက်လိုက်သည်။ အရာအားလုံးသည် လမ်းမှန်ပေါ် ရောက်နေခဲ့ပြီး ပဉ္စမမင်းသားသည်လည်း ထီးနန်းအတွက် တိုက်ခိုက်ရန် သူ့ကိုယ်ပိုင် လမ်းကြောင်းပေါ်တွင် ဖြစ်ပေသည်။ ယခုအခါ သူ့ကိုယ်ပိုင် အစီအစဉ်အတွက် အချိန်ဖြစ်ပေ၏။

ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် ၎င်း၏လက်ရှိ တိုးတက်မှု အဆင့်ဖြင့် သူ့အစီအစဉ်၏ နောက်တစ်ပိုင်းကို ဆောင်ရွက်ရန် အချိန်ဖြစ်ပေသည်။

“... ဒါပေမဲ့ တုစုန့်မန့်ဖော်ကျယ်က ဘာဖြစ်နေမလဲဆိုတာ ငါသိချင်တယ်”

မည်းမှောင်သော ကောင်းကင်ယံနှင့် မြို့တော်၏ မရေမတွက်နိုင်သော အလင်းရောင်များကို သူကြည့်လိုက်သောအခါ ဝမ်ချောင်သည် မဟာထန်ဆီသို့ ရုပ်ဖျက်ဝင်ရောက်လာခဲ့သော ဝူရှန်း မဟာစစ်သူကြီးကို သတိရသွားခဲ့ကာ အပြုံးရိပ်တစ်ခုက သူ့နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့သည်။

ဤကျော်ကြားသော ဝူရှန်း မဟာစစ်သူကြီးသည် သံသယရှိစရာ မလိုဘဲ မဟာထန်အတွက် ကြီးမားသော ဆူးကြီးတစ်ချောင်း ဖြစ်ပေသည်။ သူသည် အလွန်အမင်း သန်မာသည်သာမက အလားတူ ဉာဏ်ကောင်းပေသည်။ ထို့ကြောင့် ဝူရှန်းနယ်စပ်ကို စောင့်ကြပ်နေခဲ့သည့် မဟာထန်၏ သူရဲကောင်းများထဲမှ တစ်ယောက်ဖြစ်သည့် ကော်ရှု့ဟန်ကဲ့သို့ တစ်စုံတစ်ယောက်သည်ပင် သူ့ကိုလုံးဝ ဖမ်းဆီးနိုင်စွမ်း မရှိခဲ့ပေ။

သို့သော်လည်း သူ့အထောက်အထား မြို့တော်တွင် ဖော်ထုတ်ခံလိုက်ရခြင်းနှင့်အတူ သူသည် ကံကောင်းရန် အလားအလာ မရှိတော့ပေ။

“ပြေး ပြေး မင်းဘယ်လောက် ကံကောင်းသလဲဆိုတာ ငါ့ကိုပြလိုက်စမ်းပါ”

ဝမ်ချောင် ပြုံးလိုက်ကာ ထို့နောက် သူ့မြင်းကို ဓားသွားဖယ်ရှားခြင်း အိမ်တော်ရှိသည့် အရပ်သို့ ဦးတည်လိုက်သည်။

***

မြင်း၏ မာကျောသော ခွာများအောက်တွင် ဖုန်မှုန့်များ လွင့်ပျံသွားခဲ့၏။ ဝမ်ချောင်က ဓားသွားဖယ်ရှားခြင်း အိမ်တော်ဆီသို့ သွားနေစဉ်တွင် မဟာထန် မြို့တော်မှနေ၍ လီခြောက်ဆယ်ကျော်အကွာ အမှောင်ထုထဲတွင် ဝူရှန်း မြင်းတပ်ဖွဲ့သည် တိဗက် ကုန်းပြင်မြင့်ဆီသို့ ခရီးနှင်နေခဲ့ကြသည်။

တုစုန့်မန့်ဖော်ကျယ်၏ အထောက်အထားကို လေ့ကျင့်ရေးကွင်းတွင် ဝမ်ချောင် ဖော်ထုတ်လိုက်ပြီးနောက် ဝူရှန်း ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့၏ တည်းခိုခန်းသို့ပင် ပြန်မသွားခဲ့တော့ပေ။ သူတို့သည် မဟာထန်၏ မြို့တော်မှ ချက်ချင်း ထွက်ခွာသွားခဲ့ပြီး တိဗက် ကုန်ပြင်မြင့်ဆီသို့ ကြယ်စုံသော ညအောက်တွင် ပြန်ပြေးသွားခဲ့ကြသည်။

“မြန်မြန် မဟာထန်က မလုံခြုံတော့ဘူး။ ငါတို့ တိုင်းပြည်ရဲ့ ကုန်းပြေမြင့်ဆီသို့ ပြန်ရောက်တဲ့အခါမှသာ ငါတို့လုံးဝ အန္တရာယ် ကင်းလိမ့်မယ်”

မြင်းပေါ်တွင် တုစုန့်မန့်ဖော်ကျယ်သည် သူ့စစ်သည်များကို အဆက်မပြတ် တိုက်တွန်းနေခဲ့ကာ သူ့အမူအရာက လေးနက်နေခဲ့သည်။

ဝူရှန်း အရာရှိတစ်ယောက်က သူ့ခေါင်းကို မော့လိုက်ပြီး မေးလိုက်၏။

“မဟာစစ်သူကြီး ကျွန်တော်တို့ အတွေးလွန်နေတာ ဖြစ်နိုင်လား။ ဖြစ်နိုင်တာက မဟာထန်က ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိတာ ဖြစ်နိုင်လား။ အားလုံးပြီးနောက်မှာ ကျွန်တော်တို့က မဟာထန် မြို့တော်ကနေ လီခြောက်ဆယ်ကျော် ရောက်လာခဲ့ပြီးပေမဲ့ ဘာမှမဖြစ်ခဲ့ဘူး”

သူ့စကားလုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပါနေခဲ့၏။

လေ့ကျင့်ရေးကွင်းမှ သူတို့ထွက်ခွာ လာခဲ့ကတည်းက မဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်သည် သူတို့ကို လော်ဆော်နေခဲ့သည်။ သူတို့သည် မဟာစစ်သူကြီး၏ ဆုံးဖြတ်ချက်နှင့် ဂုဏ်သတင်းကို သံသယဝင်နေခြင်း မဟုတ်ပေ။ သူတို့သည် သူတို့၏ ခရီးတစ်လျှောက်တွင် ဘာကိုမှ မကြုံခဲ့ရခြင်းသာ ဖြစ်သည်။

သူတို့၏ သံသယများမှလွဲ၍ သူတို့အနားတွင် ရှိသည့်တစ်ခုတည်းသောအရာမှာ တောင်တန်းများဆီမှလာသော လေတိုက်သံများသာ ဖြစ်သည်။

ကြည့်ရသည်မှာ သူတို့သည် ဘာမှမဟုတ်ဘဲ ကြောက်ရွံ့နေပုံရသည်။

“အတိတ်မှာဆိုရင် အဲ့လိုဖြစ်လိမ့်မယ်။ ဒါပေမဲ့ အခုက လုံးဝမတူတော့ဘူး။ ငါက အတွေးလွန်နေတာလို့ပဲ ငါလည်း မျှော်လင့်တာပဲ။ ဒါပေမဲ့ အဲ့ဒါက မဖြစ်နိုင်ဘူး”

တုစုန့်မန့်ဖော်ကျယ် လေးနက်စွာ ပြန်ဖြေလိုက်၏။ မြို့တော်မှ ထွက်ခွာလာခဲ့ကတည်းက တစ်စုံတစ်ယောက်သည် အကွာအဝေး တစ်ခုမှနေ၍ သူ့ကိုပစ်မှတ်ထားနေခဲ့ပြီး အဆက်မပြတ် စောင့်ကြည့်နေကာ သူ့နောက် လိုက်နေခဲ့သည်။

ဤခံစားချက်သည် လွန်ခဲ့သည့် တစ်ခဏက ပျောက်ကွယ်သွားခဲ့သော်လည်း တုစုန့်မန့်ဖော်ကျယ်သည် ဂရုမစိုက် မလုပ်ရဲပေ။

'ကင်းခြေများတစ်ကောင်သည် သေနိုင်သော်လည်း ဘယ်တော့မှ မှောက်လဲမည် မဟုတ်ပေ။' လက်ရှိ မဟာထန်သည် လောကကို ရဲရင့်စွာ အုပ်ချုပ်ခဲ့သော အားကောင်းသည့် ဟာဂျီမွန်ကြီး မဟုတ်တော့ပေ။ သို့တိုင် ဤတိုင်းပြည်၏ လက်ရွေးစင်များနှင့် ရာထူးအဆင့် မြင့်မားသူများသည် လျော့တွက်၍မရသည့် အလွန်အမင်း ကြောက်စရာကောင်းသော ပုဂ္ဂိုလ်များထဲ ပါဝင်နေခဲ့ကြသေးသည်။

ကွင်းထဲရှိ ထိုအလယ်ပိုင်း လွင်ပြင်ဒေသ လူငယ်လေးမှာ အကောင်းဆုံး ဥပမာဖြစ်ပေသည်။

တုစုန့်မန့်ဖော်ကျယ်သည် သူ့ကိုအကြိမ်များစွာ သတ်ချင်ခဲ့သော်လည်း သူသည် ဆန္ဒကို မြိုသိပ်နိုင်ခဲ့သည်။

သူသည် ထိုလူငယ်၏ နောက်ခံ အတိအကျကို မရှင်းလင်းသော်လည်း သာမာန် လူတစ်ယောက် မဟုတ်သည်မှာ သေချာပေသည်။ ထိုလူငယ်သည် သူ့အား တိုက်ခိုက်စေရန် အကြိမ်များစွာ ရည်ရွယ်ချက်ရှိရှိ ရန်စရန် ကြိုးစားခဲ့သည်။ တုစုန့်မန့်ဖော်ကျယ်သည် ထိုလူငယ်၏ ရည်ရွယ်ချက်ကို သဘောပေါက်ပေသည်။ အကယ်၍သူသည် ထိုလူငယ်ကို သတ်ခဲ့ပါက မဟာထန်သည် မြို့တော်တွင် သူ့ကိုတိုက်ခိုက်ရန် အကြောင်းပြချက် ရသွားပေလိမ့်မည်။

အကယ်၍ ဤသို့သော အရာတစ်ခုသည် အမှန်တကယ် ဖြစ်ပျက်လာခဲ့ပါက ထိုလူငယ် ပြောသကဲ့သို့ ဖြစ်လာပေလိမ့်မည်။ သူသည် မြို့တော်မှ အသက်ရှင်လျှက် ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုလူငယ်၏ မှန်းဆချက်များသည် မှန်ပေ၏။

“... မဟာထန်ဆီကို ငါဒီခရီး ထွက်လာခဲ့ချိန်က အလယ်ပိုင်း လွင်ပြင်ဒေသဟာ ယုတ်လျော့နေပြီလို့ ငါယုံကြည်ထားခဲ့တယ်။ နောက်ဆုံးနေ့မှာ ဒီလို မကောင်းဆိုးဝါးဆန်တဲ့ လူငယ်တစ်ယောက်ကို တွေ့ရမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ အလယ်ပိုင်း လွင်ပြင်ဒေသ တစ်ခုလုံးက လုံးဝ ခြေကုန်လက်ပန်း ကျခဲ့သေးတာ မဟုတ်ဘူး”

တုစန့်မန့်ဖော်ကျယ် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

ပထမမင်းသားနှင့် သူ့အောက်ရှိ လက်ရွေးစင် မြင်းစစ်သည်များသည် အကာအကွယ် တစ်ခုအဖြစ် ထမ်းဆောင်ခဲ့ကြပြီး သူ့အား ပညာရှင် ဧကရာဇ်ကို သူ့ကိုယ်ပိုင် မျက်လုံးဖြင့် မြင်နိုင်စေခဲ့သည်။ ဤသည်မှာ သူတို့အုပ်စု အဖွဲ့ဝင်များမှလွဲ၍ မည်သူမှမသိသည့် ထိပ်တန်း လျို့ဝှက်တာဝန်တစ်ခု ဖြစ်သည်။ မဟာထန်၏ ဝန်ကြီးများသည်ပင် ၎င်းကို ဖောက်မမြင်နိုင်ခဲ့ကြပေ။

ပထမမင်းသား၏ လှည့်ကွက် ပြီးဆုံးပြီး တိုင်းပြည်၏ ကုန်းပြင်မြင့်ဆီသို့ သူတို့ပြန်ရောက်ပြီးနောက်တွင်ပင် မည်သူမှ ၎င်းကို ဖောက်မြင်နိုင်မည် မဟုတ်ဟု တုစုန့်မန့်ဖော်ကျယ် မူလက ယုံကြည်ထားခဲ့သည်။ မမျှော်လင့်စွာဖြင့် ထိုလူငယ်သည် ၎င်းကို ဖောက်မြင်ခဲ့ပြီး သူသည် တုန့်ဆိုင်းမနေဘဲ ထိုတိဗက် မြင်းစစ်သည်ကို သတ်ဖြတ်ခဲ့ကာ တိဗက်အဖွဲ့၏ တင်စီးသည့် ပုံစံကို ပျက်စီးစေခဲ့သည်။

အတိအကျပင် ထိုသည်မှာ အကုန်လုံးဖြစ်ပါက အဆင်ပြေပေလိမ့်မည်။ အားလုံးပြီးနောက် ၎င်းမှာ ပထမမင်းသား ကမန်းကတန်း တွေးတောခဲ့သော လှည့်ကွက်လေးတစ်ခု ကစားပွဲလေး တစ်ခုမျှသာဖြစ်သည်။

သို့သော် ထိုလူငယ်သည် သူ့အထောက်အထားကို ဖော်ထုတ်ခဲ့ပေသည်။ ဤသည်မှာ တုစုန့်မန့်ဖော်ကျယ်ကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည့်အရာ ဖြစ်ပေသည်။

အကယ်၍ ဤလူငယ်သည် မဟာထန်၏ ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်ခဲ့ပါက သူသည် ၎င်းကို လက်ခံနိုင်ပေလိမ့်မည်။ သို့သော် ထိုလူငယ်၏ အသက်အရွယ်သည် သူ့ကို မှတ်မိရန် မဆိုထားနှင့် သူ့ကို မြင်ခဲ့ဖူးရန်ပင် ထိုလူငယ်အတွက် မဖြစ်နိုင်ပေ။

ထိုသို့ပင် သုံးလကျော် သူလျို့ဝှက်ထားခဲ့သော သူ့အထောက်အထားသည် ဖော်ထုတ်ခံခဲ့ရကာ တုစုန့်မန့်ဖော်ကျယ်ကို အငိုက်မိသွားစေခဲ့သည်။

“မဟာစစ်သူကြီး ကျွန်တော် တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော်ခင်ဗျားကို နှောင့်နေစေခဲ့တာကြောင့်ပဲ”

ဤအခိုက်တွင် အသံတစ်ခု သူ့ဘေးမှ ထွက်ပေါ်လာခဲ့၏။ တုစုန့်မန့်ဖော်ကျယ် လှည့်လိုက်ပြီး တိဗက် မြင်းစစ်သည်တစ်ယောက် ရှက်ရွံ့နေသည့် အမူအရာတစ်ခုဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ပထမမင်းသား တောင်းပန်စရာ မလိုပါဘူး။ ဒီစွန့်စားမှုမှာ ဆုံးဖြတ်ခဲ့တဲ့လူကငါပဲ။ မဟာထန်ကို လာဖို့က ငါ့ရဲ့နှစ်ပေါင်းများစွာ အိမ်မက်တစ်ခုဖြစ်ပြီး အဲ့ဒါက မင်းနဲ့ဘာမှ မဆိုင်ပါဘူး။ ပထမမင်းသား ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး”

တုစုန့်မန့်ဖော်ကျယ် ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

ဤရှက်ရွံ့နေသော တိဗက် မြင်းစစ်သည်သည် ဝူရှန်း ပထမမင်းသားအစစ် ဖြစ်ပေသည်။ တိဗက်များသည် ခွန်အားကို ကိုးကွယ်ကြသော အကြောက်အရွံ့ မရှိသည့် ရဲရင့်သည့် လူများဖြစ်ကြသည်။

ဝူရှန်း ပထမမင်းသားသည် ဤအရာအတွက် အကောင်းဆုံး ဥပမာတစ်ခုဖြစ်ပြီး သူသည် မောက်မာသည့် အကျင့်စရိုက်ရှိကာ အခြားသူများကို အလွယ်တကူ မတောင်းပန်တတ်ပေ။ သို့သော်လည်း ပထမမင်းသားသည်လည်း အခြေအနေ၏ ကြီးလေးမှုသည် လျော့တွက်၍ မရကြောင်း သိပေသည်။

အကယ်၍ မဟာထန်တိုင်းပြည်၏ မဟာစစ်သူကြီး တစ်ယောက်က ဝူရှန်းကို တစ်ယောက်ထဲ စိမ့်ဝင်လာခဲ့ပါက တိဗက်များသည် သေချာပေါက်သူ့ကို ရပ်တန့်ရန် ၎င်းတို့၏ ခွန်အားအားလုံး စိုက်ထုတ်ပေလိမ့်မည်။

ဤသည်မှာ တုစုန့်မန့်ဖော်ကျယ် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်ပေသည်။

တစ်ခြားလူများသည် သံသယဖြစ်ကြပြီး တစ်စုံတစ်ယောက်က သူတို့နောက် လိုက်နေသည်ဟု မသေချာရဲကြသော်လည်း ဝူရှန်း ပထမမင်းသားသည် မဟာထန်၏ လက်ရွေးစင်များက ဤအခွင့်အရေးကို လွှတ်ပေးလိမ့်မည် မဟုတ်သည်ကို သိပေသည်။

အကယ်၍သူသည် အလွန် မမောက်မာခဲ့ဘဲ ထိုလေ့ကျင့်ရေးကွင်း ဖြစ်ရပ်ကို မဖြစ်စေခဲ့ပါက အခြေအနေသည် ဤအထိ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

တုစုန့်မန့်ဖော်ကျယ်တွင် ဆိုးရွားသော တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပါက ၎င်းတို့မှာ အားလုံး သူ့အမှား ဖြစ်သည်ဟု ပြောနိုင်ပေသည်။ ဝူရှန်းတွင် ရဲရင့်သော စစ်သည် သန်းချီရှိသော်လည်း မဟာစစ်သူကြီး အနည်းငယ်သာ ရှိပေသည်။ အကယ်၍ တုစုန့်မန့်ဖော်ကျယ်သည် မဟာထန်တွင် မှားယွင်းမှု တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက ဤတာဝန်တွင် ကြီးမားသော အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး နောက်ရှန်ပို ဖြစ်လာရန် သူ့အခွင့်အရေးအတွက် ကြီးမားသော ရိုက်ခတ်မှု ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ ပထမမင်းသား စိုးရိမ်နေရခြင်း၏ အကြောင်းအရင်း ဖြစ်ပေသည်။

“ငါပြောရမယ့်အရာကို နားထောင်ကြ။ ငါတို့က မဟာထန် မြို့တော်ရဲ့ နယ်မြေအတွင်းမှာ ရှိနေသေးသရွေ့ မဟာထန်က ငါတို့ကို ထိရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြို့တော်ကနေ ငါတို့က သေချာတဲ့ အကွာအဝေးတစ်ခုကို ရောက်တဲ့အခါ အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်။ တကယ်လို့ ငါတို့မှာ တစ်ခုခု ဖြစ်လာခဲ့ရင် မဟာထန်က တာဝန်ယူမှုကို တစ်ခြားတစ်ယောက်ယောက်ကို အလွယ်တကူ ခေါင်းပုံချလိမ့်မယ်”

“ဒါ့အပြင် ငါ့ကို ကိုင်တွယ်ဖို့ သူတို့က သေချာပေါက် မင်းတို့ကျန်တဲ့ လူတွေကိုလည်း တိုက်ခိုက်လိမ့်မယ်။ ဒီနည်းလမ်းကပဲ ဖြစ်ရပ်က ယုံချင်စရာကောင်းအောင် သူတို့ကို ပြုလုပ်စေနိုင်တယ်။ ဒါက မြို့တော်အပြင်ဘက်ကို ငါမင်းတို့ကို လိုက်ပို့ခဲ့ရတဲ့ အကြောင်းအရင်းပဲ။ ခဏနေ မင်းတို့တစ်ယောက်မှ အဓိကလမ်းမကို အသုံးမပြုသင့်တော့ဘူး။ ငါတို့ ဒီနေရာကနေ ထွက်သွားတာနဲ့ အုပ်စုတွေအဖြစ် ခွဲထွက်ပြီး ထွက်ပြေးဖို့ ဦးတည်ရာတစ်ခုကို ရွေးချယ်ကြပါ။ မင်းတို့ တိဗက် ကုန်းပြင်မြင့်ဆီကို ပြန်မရောက်မချင်း နောက်ကို လှည့်မကြည့်ကြနဲ့”

တုစုန့်မန့်ဖော်ကျယ် အမိန့်ပေးလိုက်ကာ သူ့အသံသည် နိမိတ်မကောင်းသော လေသံတစ်ခုကို သယ်ဆောင်နေခဲ့သည်။

“စစ်သူကြီး ခင်ဗျားက ကျုပ်တို့နဲ့ အတူပြန်မလိုက်ဘူးလား”

ဝူရှန်းအရာရှိတစ်ယောက်သည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ခေါင်းမော့လိုက်သည်။

“ဒါပေါ့ သူမင်းတို့နဲ့ လိုက်လို့မရဘူး”

၎င်းမှာ တုစုန့်မန့်ဖော်ကျယ် ပြန်ဖြေလိုက်ခြင်း မဟုတ်ပေ။ အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တိဗက်များကို ကြောက်ရွံ့သွားစေလိုက်သည်။

“ဘယ်သူလဲ။ အဲဒါဘယ်သူက ပြောလိုက်တာလဲ”

“အဲ့မှာဘယ်သူ ရှိနေတာလဲ။ ဒီနေရာကို ထွက်ခဲ့စမ်း”

***

၎င်းတို့၏ ရဲဘော်ရဲဘက် အချို့က အော်ဟစ်လိုက်သောအခါ မြင်းစစ်သည် အနည်းငယ်တို့သည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရပြီး ဦးတည်ရာ တစ်ဖက်ထဲဆီသို့ လှည့်လိုက်ကြကာ ၎င်းတို့၏ တောက်ပသော ဓားမောက်များသည် ဓားအိမ်မှ ထွက်လာခဲ့ကြပြီး အသံလာရာဘက်သို့ ချိန်ရွယ်ထားလိုက်ကြသည်။

ဝှီး

လေပြေလေးတစ်ခု တိုက်ခတ်သွားခဲ့၏။ နှင်းကဲ့သို့ ဖြူစွတ်သော ဝတ်ရုံဝတ်ထားသည့် သီးခြားဆန်သော ပုဂ္ဂိုလ်တစ်ယောက် အုပ်စုရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ လေထဲတွင် သူ၏ ပိုးသားခါးပတ်က တွဲလောင်းကျနေပြီး လက်နောက်ပစ်ထားခဲ့ကာ သူသည် တောထဲမှနေ၍ ဖြေးညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။

သူ၏ သေးသွယ်သော ခန္ဓာကိုယ်က တောင်တန်းများနှင့် ပင်လယ်များကဲ့သို့ ကြီးမားသော စွမ်းအင်တစ်ခုကို ထုတ်ဖော်နေခဲ့သည်။

ဘုန်း

ငွေရောင် ဖိနပ်တစ်ခုက မြေပြင်ကို ပေါ့ပါးစွာ ထိတွေ့သွားခဲ့ကာ လောကကြီး တုန်ခါသွားခဲ့၏။ ကျန့်တစ်ထောင်ကျော်အတွင်းရှိ သစ်တော၏ စွမ်းအင်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မြက်ပင်များ၊ သစ်ပင်များ၊ ခြုံပုတ်များနှင့် သစ်ရွက်များ အားလုံးတို့သည် ထက်ရှသော စွမ်းအင်တစ်ခုကို စတင်ထုတ်ဖော်လာခဲ့ပြီး ၎င်းတို့အားလုံးသည် အဓိက လမ်းမပေါ်ရှိ တုစုန့်မန့်ဖော်ကျယ်၏ အဖွဲ့ကို ချိန်ရွယ်ထားလိုက်ကြသည်။

ဟီး

စစ်မြင်းများ မြည်ဟီးလိုက်ကြပြီး တစ်ခဏချင်းမှာပင် တိဗက် ကုန်းပြင်မြင့်ပေါ်တွင့် လေ့ကျင့်ထားခဲ့ကြသော ဤကောင်းမွန်သည့် မြင်းများသည် ရှေ့ခြေထောက်များ မြောက်တက်သွားခဲ့ကာ ၎င်းတို့၏ မျက်လုံးများက ပွင့်သွားခဲ့ပြီး ၎င်းတို့၏ လည်ဆံမွှေးများက ထောင်ထနေခဲ့ကြသည်။ ထိုသည်မှာ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကို ခံစားလိုက်မိသကဲ့သို့ ဖြစ်သည်။

***********************

အခန်း(၄၂၅)

ကျမ်းဂန်ထားရာနေရာ အစီအစဉ်

“အဲ့ဒါမင်းပဲ...”

ငှက်မွှေးယပ်တောင်တစ်ခုဖြင့် ကျော့ရှင်းစွာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်ကို တုစုန့်မန့်ဖော်ကျယ် မြင်လိုက်ရသောအခါ သူ့အမူအရာသည် အေးစက်သွားခဲ့ပြီး အတွေးတစ်ခုသာ သူ့စိတ်ထဲ ကျန်ရစ်နေခဲ့သည်။

တုစုန့်မန့်ဖော်ကျယ် ဤပုဂ္ဂိုလ်ကို သိပေသည်။ မဟာထန်မြို့တော်တွင် ဤပုဂ္ဂိုလ်သည် သံသယရှိစရာမလိုဘဲ ကွန်ဖြူးရှပ်ကျောင်းတော်၏ ခေါင်းဆောင်ဖြစ်ပေသည်။ သူသည် ထိုဂုဏ်ပုဒ်နှင့် လုံးဝထိုက်တန်ပေသည်။ မဟာထန်မြို့တော်ထဲ၌ပင် ဤပုဂ္ဂိုလ်သည် မြင့်မြတ်သော လူတန်းစားများထဲတွင် သြဇာလွှမ်းမိုးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။ သူသည် စစ်တပ်များကို ဦးဆောင်သည့် မဟာစစ်သူကြီးတစ်ယောက် မဟုတ်သော်လည်း သြဇာလွှမ်းမိုးမှုအရ သူသည် ကော်ရှု့ဟန်နှင့် တစ်ခြားအလယ်ပိုင်း လွင်ပြင်ဒေသ၏ မဟာစစ်သူကြီးများနှင့် အဆင့်တူ သို့မဟုတ် ပို၍ပင်မြင့်မားပေသည်။

တုစုန့်မန့်ဖော်ကျယ်သည် သူ့ကိုသတ်ဖြတ်ရန်အတွက် မဟာထန်က ဤပုဂ္ဂိုလ်ကို ဖိတ်ခေါ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဟား ဟား ဟား အဲ့ဒါငါပဲ”

ထိုလူ၏မျက်နှာသည် ကျောက်စိမ်းမှ ထုလုပ်ထားပုံရပြီး သူ့မျက်လုံးအစပ်ရှိ အရေးအကြောင်းများသည် အလွန်နက်ရှိုင်းကာ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ် ရှိပုံပေါ်သော်လည်း သူ့မျက်နှာ ကျန်အစိတ်အပိုင်းများသည် အသက်သုံးဆယ် သို့မဟုတ် အသက်လေးဆယ် ရှိပုံပေါ်သည်။

သူ့ခါးပတ်တွင် ချိတ်ဆွဲနေသည်မှာ ဓားရှည်ကြီးတစ်လက်နှင့် ခေါင်းလောင်းလေးတစ်ခု ဖြစ်၏။ ခေါင်းလောင်းသည် လေထဲတွင် တွဲလောင်းကျနေခဲ့ပြီး ၎င်းက ငွေရောင်ဓားအိမ်နှင့် တိုက်မိသွားသောအခါ ခေါင်းလောင်းသံများ မြည်နေခဲ့သည်။

သူသည် ယဉ်ကျေးသိမ်မွေ့ပြီး အားနည်းသော လူတစ်ယောက်ပုံ ပေါ်သော်လည်း တုစုန့်မန့်ဖော်ကျယ်၏ မျက်လုံးများထဲတွင် သူသည် ရန်သူများထဲမှ အားအကောင်းဆုံး ဖြစ်ပေသည်။

“မဟာထန်ရဲ့ ဧကရာဇ်က ငါ့ကိုအရမ်း အထင်ကြီးထားတာပဲ”

တုစုန့်မန့်ဖော်ကျယ် ဤရောက်လာသူကို ကြည့်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဟား ဟား မဟာစစ်သူကြီးက မြို့တော်ကိုလာရောက်ဖို့ ဝေးကွာလှတဲ့ အကွာအဝေးကို ကရုမစိုက်ဘဲ ဒီလိုကောင်းမွန်တဲ့ စိတ်အားထက်သန်မှုကို ပြသခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကမင်းကို ကောင်းမွန်စွာ ကြိုဆိုရမှာပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း မဟာစစ်သူကြီးက သာမာန် အဝတ်အစားတွေကို ဝတ်ဆင်ပြီး ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာခဲ့တယ်။ ဒီနိမ့်ကျတဲ့လီက အမြန်ဆုံး လာခဲ့ပေမဲ့ မင်းကိုကြိုဆိုဖို့ အချိန်မမှီခဲ့ဘူး။ ဒီတစ်ကြိမ် ငါစစ်သူကြီးနဲ့ စကားစမြည်ပြောပြီး အရက်တစ်ခါလောက် သောက်ရမယ်”

ထိုသက်လတ်ပိုင်းအရွယ်လူ စကားပြောလိုက်သောအခါ သူသည် ဖြေးညှင်းစွာ ရှေ့သို့လျှောက်လာလိုက်ပြီး တင်ယွဲ့များနှင့် မြက်ပင်များ၏ အသွားများမှ ထုတ်လွှတ်လိုက်သော ထက်မြသည့် ဓားစိတ်ဆန္ဒသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

ဤခံစားချက်သည် ဓားမြှောင်တစ်လက်က နောက်ကျောတွင် ရှိနေသကဲ့သို့ဖြစ်ပြီး ပထမမင်းသား အပါအဝင် တိဗက်မြင်းစစ်သည် အားလုံးကို ကြောက်ရွံ့စွာဖြင့် ကျောမတ်သွားစေခဲ့သည်။ တိဗက်များသည် စစ်မြေပြင်ရှိ သွေစွန်းသော တိုက်ခိုက်မှုများကို မကြောက်ရွံ့သော်လည်း သူတို့ရှေ့ရှိ အခြေအနေမှာ တိုက်ပွဲရှိ သာမာန် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထက် ကျော်လွန်နေပေသည်။

“မင်းကငါ့နောက် လိုက်နေခဲ့တာ မဟုတ်လား။ ဒါကြောင့် မင်းသူတို့ကို လွှတ်ပေးလို့ရမလား”

မည်သို့ဖြစ်ပါစေ ယနေ့ အဖြစ်အပျက်များသည် သူ့အတွက် ကောင်းမွန်ရန် ခက်ခဲသည်ကို တုစုန့်မန့်ဖော်ကျယ် သိပေသည်။ သူသည် ဤတစ်ခြားလူများကို လွတ်မြောက်စေရန် သူ့ကိုယ်သူ အနစ်နာခံနိုင်ရန်သာ မျှော်လင့်နိုင်ပေသည်။

“ဟီး ဟီး ငါကိုယ်တိုင်က ကရုမစိုက်ပါဘူး။ ဒါပေမဲ့လည်း သူတို့က သူတို့ရဲ့ အသက်နဲ့အတူ လွတ်မြောက်နိုင်မလားဆိုတာ သူတို့ကိုယ်တိုင်အပေါ် မူတည်နေသေးတယ်။ အားလုံးပြီးနောက်မှာ ငါကတစ်ယောက်ထဲ လာခဲ့တာမဟုတ်ဘူးလေ”

အဖြူရောင် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူ၏ အသံတွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ပါဝင်နေခဲ့သော်လည်း သူ့မျက်လုံးများသည် တုစုန့်မန့်ဖော်ကျယ်နောက်ရှိ ပထမမင်းသားနှင့် အခြားတိဗက်များကို ကြည့်ပင်မကြည့်ခဲ့ပေ။ ထိုသည်မှာ ဤလက်ရွေးစင် တိဗက်မြင်းစစ်သည်များသည် သူ့ပိုက်ကွန်ထဲတွင် မမျှော်လင့်ဘဲ မိလာသော ငါးလေးများကဲ့သို့ ဖြစ်ပေသည်။

တစ်ခဏမျှ တိဗက်မြင်းစစ်သည် အားလုံးတို့သည် အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရသော်လည်း အကြောင်းပြချက် တစ်ချို့ကြောင့် သူတို့သည် စိတ်သက်သာရာ ရသွားခဲ့သည်။

ဤပုဂ္ဂိုလ်သည် အလွန်အားကောင်းသောကြောင့် သူတို့တစ်ယောက်မှ ခုခံရန် အတွေးများကို မစုစည်းနိုင်ခဲ့ကြပေ။ သူတို့ကြားရှိ ကွာဟမှုသည် အလွန်ကြီးမားပေသည်။

“ငါနားလည်ပြီ။ မင်းတို့အားလုံး ဘာလို့အခုထိ မသွားကြသေးတာလဲ”

ဘုန်း

ကျန်ရှိနေသည့် မြင်းစစ်သည်များသည် နားလည်လိုက်ကြပြီး လျှင်မြန်စွာ လူစုကွဲသွားခဲ့သည်။ ပထမမင်းသားသည်ပင် ခြောက်ခြားစွာ ထွက်ပြေးသွားခဲ့၏။ ဆယ်ယောက်ကျော်သော လူများသည် မတူညီသော အရပ်မျက်နှာ ဆယ်ခုကျော်ကို ရွေးချယ်လိုက်ကြပြီး ခွေးလေခွေးလွင့်များကဲ့သို့ ထွက်ပြေးလိုက်ကြသည်။ တခဏချင်းမှာပင် သူတို့သည် တောထဲသို့ ပျောက်ကွယ်သွားခဲ့ကြသည်။

ထို့အပြင် သူနောက်ဆုံးအမိန့်တွင် တုစုန့်မန့်ဖော်ကျယ် ပြောခဲ့သကဲ့သို့ပင် ဤဆယ်ယောက်ကျော်သော လူများတွင် တစ်ယောက်မှ ကျယ်ပြန့်ပြီး ညီညာသော အဓိကလမ်းမကို မရွေးချယ်ခဲ့ကြပေ။

တုစုန့်မန့်ဖော်ကျယ် မလှုပ်ရှားခဲ့ပေ။ ပထမမင်းသားနှင့် တစ်ခြားလူများ ထွက်ခွာပြီး အဝေးသို့ ရောက်သွားတော့မှသာ သူသည် မဟာထန် ကွန်ဖြူးရှပ်ကျောင်းတော်၏ ခေါင်းဆောင်ကို မျက်နှာချင်းဆိုင်ရန် လှည့်လာခဲ့သည်။

“လာ” တုစုန့်မန့်ဖော်ကျယ် အော်ဟစ်လိုက်၏။

သူသည် ဤအရာကို မရှောင်လွဲနိုင်ဘဲ ကိစ္စများက ဤအထိ ရောက်နေခဲ့ပြီဖြစ်သောကြောင့် သူသည်လည်း တိုက်ခိုက်ရပေမည်။

“ဟား ဟား စစ်သူကြီး ဆန္ဒရှိတဲ့အတိုင်းပါပဲ...”

သစ်တောရှေ့တွင် အန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်ဝတ်စုံဝတ်လူသည် ယဲ့ယဲ့လေး ပြုံးလိုက်ကာ ထို့နောက် တုစုန့်မန့်ဖော်ကျယ်၏ အကြည့်အောက်တွင် သူသည် ငွေရောင်ဘိုးဖိနပ် ဝတ်ဆင်ထားသည့် ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။

ဘုန်း

တခဏကြာပြီးနောက် ၎င်းအော်သံများနှင့်အတူ ဧရာမကြီးမားသော အလင်းတိုင်လုံးကြီးက လေထဲသို့ လိမ့်တက်သွားခဲ့ကာ ဧရာမ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မျက်စိကြိမ်းမတတ် အလင်းရောင်သည် ညကိုနေ့အဖြစ် ကူးပြောင်းသွားစေခဲ့သည်။ ထို့ပြင် ဤအလင်းတိုင်လုံးထဲရှိ အဆုံးမရှိသော ဖျက်ဆီးခြင်း စွမ်းအားများကို ထုတ်ဖော်လိုက်သောအခါ လီတစ်ဆယ်ကျော် အတွင်းရှိ သစ်ပင်များအားလုံး ချက်ချင်းပြာများ ဖြစ်သွားခဲ့သည်။

ဤသည်မှာ ကောင်းကင်ကို တုန်လှုပ်စေသည့် တိုက်ပွဲတစ်ခု ဖြစ်ပေသည်။

...

ဝမ်ချောင်သည် နှစ်ရက်ကြာပြီးနောက်မှသာ ဤသတင်းကို ကြားလိုက်ရသည်။

မဟာထန်မှ ဝူရှန်းဆီသို့ ပြန်လာနေသော ဝူရှန်းသံတမန်အဖွဲ့သည် လုံးချည်ကို ဖြတ်ကျော်ပြီး သူတို့သည် တများ၏ ရုတ်တရက် သတ်ဖြတ်မှုကို ခံလိုက်ရသောအခါ နယ်စပ်ဒေသများကို ဝင်ရောက်လာခဲ့သည်။ ဝူရှန်းပထမမင်းသားနှင့် အလွန်နည်းပါးသော တိဗက်စစ်သည်များကလွဲ၍ တစ်ယောက်မှ မလွတ်မြောက်ခဲ့ကြပေ။

ဤဖြစ်ရပ်အတွက် မဟာထန်တိုင်းပြည်သည် ၎င်း၏နက်ရှိုင်းသော တောင်းပန်မှုများကို ဖော်ပြခဲ့သည်။ ပထမမင်းသားအဖွဲ့သည် မဟာထန်၏ နယ်စပ်ဒေသများတွင် အတိုက်ခိုက် မခံခဲ့ရသော်လည်း အနာဂတ်တွင် မဟာထန်သည် ၎င်း၏နယ်စပ်ဒေသများတွင် လှည့်လည်သွားလာနေသည့် တများကို သတ်ဖြတ်ခြင်းတွင် ၎င်း၏အားထုတ်မှုကို နှစ်ဆမြင့်တင်မည်ဟုပင် ဖော်ပြခဲ့သည်။

ဝမ်ချောင် ကရုစိုက်ဆုံးသော ပုဂ္ဂိုလ် ဝူရှန်းမဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်အနေဖြင့် ရုံးတော်တွင်ဖြစ်စေ သာမာန် ပြည်သူများကြားတွင်ဖြစ်စေ မဟာထန်ရှိ တစ်ယောက်မှ သူ့အကြောင်းကို မဆွေးနွေးခဲ့ချေ။ ထိုသည်မှာ ဤဝူရှန်း မဟာစစ်သူကြီးသည် ဘယ်တော့မှ ပေါ်မလာတော့သကဲသို့ဖြစ်သည်။

ထို့ပြင် ဤသည်မှာလည်း အမှန်တရား ဖြစ်ပုံရ၏။

တုစုန့်မန့်ဖော်ကျယ်၏ နာမည်ကို ဝူရှန်းတိုင်းပြည်မှ သံတမန်အဖွဲ့၏ လူနာမည်စာရင်းတွင် မည်သည့်နေရာမှ မတွေ့ခဲ့ရပေ။ သူ့နေရာတွင် အစားထိုးနေသည်မှာ မထင်ရှားသော တိဗက်စစ်သားတို့ဖြစ်သည်။

သူသည် ဘယ်တော့မှ မလာခဲ့သောကြောင့် ဆွေးနွေးစရာ အကြောင်းမရှိပေ။

လူအိုကြီး လင်းယုန်ငှက်ဆီမှ ဤသတင်းကို ဝမ်ချောင်ကြားလိုက်ရသောအခါ သူသည် အော်ရယ်လိုက်မိသည်။ ဤသို့သော လှည့်ကွက်ကို ကစားရန်မှာ တော်ဝင်ရုံးတော်သည် အလွန်စွမ်းရည်ရှိသော လူအချို့ ရှိသေးပုံရသည်။

ဤသည်မှာ မည်သည့်နေရာတွင်မဆို နိုင်ငံရေးများသည် အမြဲတမ်း အဆိုးရွားဆုံး ကစားပွဲများ ဖြစ်သည်ဟု ပြောခဲ့ရခြင်း၏ အကြောင်းအရင်း ဖြစ်ပေသည်။

သို့သော်လည်း ဝမ်ချောင်သည် နယ်ပယ်များစွာတွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး သူ့ကလန်၏ အရင်းအမြစ်များကို အသုံးပြုလိုက်သောအခါ သူသည် နောက်ဆုံးတွင် တုစုန့်မန့်ဖော်ကျယ်၏ အချက်အလက် အချို့ကို ရရှိခဲ့သည်။

တုစုန့်မန့်ဖော်ကျယ်သည် ဒဏ်ရာအပြင်းအထန်ဖြင့် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။

သူ၏ဒဏ်ရာများအရ ဤအားကောင်းသော မဟာစစ်သူကြီးသည် မဟာထန်နှင့် ဝူရှန်းတို့၏ နယ်စပ်ဒေသများတွင် အချိန်အတော်ကြာ ပေါ်လာတော့မည် မဟုတ်ပေ။

“အားလားလား ဒီလိုဆိုရင်တောင် သူက လွတ်မြောက်နိုင်ခဲ့သေးတယ်”

ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ဝမ်ချောင် ကြမ်းပြင်ပေါ် ထိုင်နေခဲ့ကာ နောင်တရနေသည့် အမူအရာတစ်ခုဖြင့် စားပွဲပေါ်ရှိ စာရွက်ကို ပုတ်နေခဲ့သည်။

သူ၏အထောက်အထားကို ဖော်ထုတ်ခံလိုက်ရပြီးနောက် တုစုန့်မန့်ဖော်ကျယ်သည် ဒဏ်ရာအပြင်းအထန်ဖြင့်သာ ထွက်ပြေးလွတ်မြောက် နိုင်ခဲ့သေးသည်။ ဤသည်မှာ ဝမ်ချောင် မျှော်လင့်ထားသည်နှင့် လုံးဝခြားနားပေသည်။

အကယ်၍ ဤဝူရှန်းမဟာ စစ်သူကြီးသည် မဟာထန်တွင် သေဆုံးခဲ့ပါက သူသည် ကံကြမ္မာကို ပြောင်းလဲခြင်းအတွက် ဆုလဒ်အနေဖြင့် ကံကြမ္မာမှတ်အချို့ကို ရနိုင်ပေလိမ့်မည်။

သို့သော် ဝမ်ချောင်သည် တုစုန့်မန့်ဖော်ကျယ်က ကော်ရှု့ဟန် ဖုမင်လင်းချာ ဂိုစုန့်ကျီနှင့် ကျန်းရှိုးကွေ့တို့ ကဲ့သို့သော အဆင့်မှလူတစ်ယောက် ဖြစ်သည်ကို သိပေသည်။

ဤလူများကို ဒဏ်ရာအပြင်းအထန် ရရှိစေရန်အတွက် မခက်ခဲသော်လည်း သူတို့ကို သတ်ဖြတ်ခြင်းက လုံးဝမတူညီသော ကိစ္စဖြစ်ပေသည်။

အားလုံးပြီးနောက် တော်ဝင်မဟာ စစ်သူကြီးတစ်ယောက်၏ ခွန်အားသည် လျော့တွက်၍မရပေ။ ထို့ပြင် အကယ်၍ သူတို့သည် ထွက်ပြေးခြင်းတွင် အရာအားလုံးကို ထည့်သွင်းထားခဲ့ပါက သူတို့ကို ရပ်တန့်ခြင်းသည် အသေးအမွှား ကိစ္စမဟုတ်ပေ။

သို့သော်လည်း ရလဒ်က မည်သို့ဖြစ်ပါစေ ယခုအခါ ဝူရှန်းသည် ဤအားကောင်းသော လူတစ်ယောက်ကို လစ်လပ်သွားခဲ့ပြီဖြစ်ကာ တိုင်းပြည်၏ အနောက်ပိုင်း နယ်စပ်များသည် ပို၍တည်ငြိမ်သွားပေလိမ့်မည်။

ကော်ရှု့ဟန်အပေါ်ရှိ ဖိအားသည်လည်း ကြီးစွာနည်းပါးသွားပေလိမ့်မည်။

ဤရှု့ထောင့်တွင် သူသည် မရည်ရွယ်ဘဲ ကော်ရှု့ဟန်ကို များစွာကူညီခဲ့ပေသည်။

“အဲ့အကြောင်းကို မေ့လိုက်တော့။ သူ့ကိုဒဏ်ရာ အပြင်းအထန် ရရှိစေတာက တော်တော်လေး ကောင်းမွန်တဲ့ ရလဒ်ဖြစ်နေပြီ။ သူ့ကိုအမှန်တကယ် သတ်ဖြတ်နိုင်ဖို့က တကယ့်တိုက်ပွဲမှာပဲ ပြုလုပ်လို့ရမယ်ထင်တယ်”

သူ့စိတ်ထဲရှိ ဤအတွေးများကို တွေးလိုက်သောအခါ ဝမ်ချောင် လျှင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ သူ့စုတ်တံကို မှင်ထဲတွင် နစ်လိုက်ကာ စားပွဲပေါ်ရှိ စာအုပ်တွင် သူစာဆက်ရေးလိုက်သည်။

“တောက်ပသောဘီးကျမ်းဂန်...

ပထမဆုံး စာမျက်နှာတွင် ဤခေါင်းစဉ်ကို ရေးလိုက်ကာ ဝမ်ချောင် ဤကျမ်းဂန်၏ အသေးစိတ် အချက်အလက်များကို လျှင်မြန်စွာ ပြန်တွေးလိုက်ပြီး သူ့မှတ်ဉာဏ်များသည် စာရွက်ပေါ်ရှိ ကျမ်းဂန်တစ်ခုအဖြစ်သို့ လျှင်မြန်စွာ ဖြစ်လာခဲ့သည်”

သူသည် သူ့မှတ်ဉာဏ်ထဲရှိ နည်းစနစ်များကို ကူးရေးနေပေသည်။

အမှန်တွင် ဓားသွားဖယ်ရှားခြင်း အိမ်တော်၌ ဝမ်ချောင်ရေးသားထားခဲ့သော နည်းစနစ်အချို့ ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဤသည်မှာ မလုံလောက်သေးပေ။ ဝမ်ချောင် လိုချင်သည့်အရာမှာ ဓားသွားဖယ်ရှားခြင်း အိမ်တော်သာ ပိုင်ဆိုင်သော ကျမ်းဂန်ထားရာနေရာ တစ်ခုကို ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ဖန်တီးရန်ဖြစ်သည်။

ဤနည်းဖြင်သာ ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် ပြီးပြည့်စုံလိမ့်မည်ဖြစ်ပြီး သူ့အား အားသာချက် အားလုံးကို ပေးစွမ်းနိုင်ပေလိမ့်မည်။ ထို့ပြင် အနာဂတ်တွင် သူမရှိတော့သောအခါ ၎င်းသည် ပါရမီရှိသော ပုဂ္ဂိုလ်များကို ဆွဲဆောင်နိုင်လိမ့်အုံးမည်ဖြစ်ပြီး တိုင်းပြည်ကို ပါရမီရှင်များ ထောက်ပံ့နိုင်ပေလိမ့်အုံးမည်။

ခွန်းဝူ လေ့ကျင့်ရေးစခန်းမှ ထောက်ပံ့ပေးသော ကျောင်းသားအရေအတွက် များစွာနှင့်အတူ သူက ထောက်ပံ့ပေးနိုင်သော ထိုးထွင်းသိမြင်မှု အတွေ့အကြုံနှင့် တိုက်ခိုက်မှု စွမ်းအားတို့သည် ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ဝင်ရောက်လာသည့် လူများကို နည်းဗျူဟာ လေ့လာခြင်းနှင့် ဝိညာဉ်သွေးကြောတွင် ကျင့်ကြံနိုင်ရုံသာမက သူတို့သည် အပြင်ဘက်တွင် အလွယ်တကူ လေ့လာ၍မရသည့် နည်းစနစ်များ အရေအတွက်များစွာကို လေ့လာနိုင်ပေလိမ့်မည်။

ထို့ပြင် ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် လေ့ကျင့်ရေးစခန်း သုံးခုကို ပေါင်းကူးထားသောကြောင့် ၎င်း၏ ဖြေးညှင်းစွာ တိုးတက်လာသော ကွန်ယက်သည် ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ ပါရမီရှင်များကို သူတို့နှင့် သင့်တော်သည့် အလုပ်များကို လျှင်မြန်စွာ ရနိုင်စေလိမ့်မည်။

အလုပ်တွင် သူ၏ အရင်းအမြစ်များ အားလုံးကို ထည့်သွင်းခြင်းကသာ ဝမ်ချောင်သည် မဟာထန်၏ ဖြေးညှင်းစွာ ကျဆင်းနေပြီး အလယ်ပိုင်း လွင်ပြင်ဒေသ၏ လှုပ်ခါနေသော စနစ်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။

လူတစ်ယောက်ထဲ၏ စွမ်းအားသည် အလွန်အားနည်းပေသည်။ လူများစွာတို့က ၎င်းတို့၏ခွန်အားများကို အသီးသီး စုပေါင်းပါဝင်မှသာ ခေတ်တစ်ခုကို ပြောင်းနိုင်မည်ဖြစ်ပြီး တိုင်းပြည်တစ်ပြည်၏ ကံကြမ္မာကို ပြောင်းနိုင်ပေလိမ့်မည်။

ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် သေးငယ်သော်လည်း ဤသည်မှာ တစ်ခြားလူများ၏ စွမ်းအားများကို စုစည်းရန်နှင့် ဤခေတ်ကို ပြောင်းလဲရန် ဝမ်ချောင်အသုံးပြုလိမ့်မည်ဖြစ်သည့် အက္ခရာနေရာ ဖြစ်ပေသည်။

စိတ်ကို တည်ငြိမ်စေပြီး စိတ်နှလုံးထဲရှိ နတ်ဆိုးများကို သုတ်သင်စေနိုင်သည့် တောက်ပသောဘီး ကျမ်းဂန်ကို ရေးသားပြီးနောက် ဝမ်ချောင်သည် ၎င်းကို ဘေးသို့တွန်းပို့လိုက်ကာ လူအိုကြီး လင်းယုန်ငှက်ကို ခေါ်လိုက်သည်။

“ဒီကျမ်းဂန်တွေကို မြေအောက်ကျမ်းဂန် ဂူထဲကို ယူသွားပါ”

ကျမ်းဂန်ထားရာနေရာသည် ဆောက်လုပ်ဆဲဖြစ်ပြီး ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် ကျမ်းဂန်များကို ကာကွယ်ရန် စွမ်းရည်မရှိသေးသောကြောင့် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်း အိမ်တော်အောက်ရှိ ဂူတစ်ခုတွင် ကျမ်းဂန်များကို ယာယီသိုလှောင်ရန် ရွေးချယ်ခဲ့သည်။

“ဒါပေမဲ့ သခင်လေး...”

အမြဲနာခံခဲ့သော လူအိုကြီး လင်းယုန်ငှက်သည် မမျှော်လင့်စွာ ရပ်နေခဲ့ပြီး ဝမ်ချောင်၏အမိန့်ကို မလုပ်ဆောင်ခဲ့ပေ။

“အဲ့လူက ကျမ်းဂန်ဂူထဲမှာ ရှိနေတယ်။ အဲဒါက နည်းနည်းလေး အဆင်မပြေ မဖြစ်ဘူးလား”

“ဟ ဟ အဲ့ဒါက ပိုပြီးတော့တောင် အဆင်ပြေသေးတယ်။ သူကအဲ့မှာ ရှိတာကြောင့် ကျမ်းဂန်ဂူက ပိုပြီးလုံခြုံလိမ့်မယ်။ အဲ့ဒါက ဘယ်လိုလုပ် ဆိုးနိုင်မှာလဲ”

ဝမ်ချောင် ခေါင်းမော့လိုက်ကာ ပြောလိုက်၏။

လူအိုကြီးလင်းယုန်ငှက် ပြောနေသည့်လူကို ဝမ်ချောင် သိပေသည်။ တစ်ခြားလူများကို ရန်စရန် တစ်ခြားလူများအား အလွန်ကြောက်ရွံ့စေသည့် သူ့အမိန့်ကိုလုံးဝ လျစ်လျူရှု့ထားနိုင်သည့် ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ အတင်းအကြပ် ဝင်ရောက်ရဲသည့် လူတစ်ယောက်သာ ဖြစ်ပေသည်။ အနာဂတ် ကျော်သွား၍မရသော မဟာစစ်သူကြီး လက်ရှိ မထင်ရှားသော လီစီးရီဖြစ်ပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က လီစီးရီ ဝမ်ချောင်ကို လာရှာသောအခါ သူသည် မတော်တဆဂူကို တွေ့ရှိသွားခဲ့သည်။ အစပိုင်းတွင် လီစီးရီသည် ထိုကျမ်းဂန်များကို ကြည့်ရန်ပင် အထင်သေးနေခဲ့သည်။

အတွေ့အကြုံမရှိသော ကောင်စုတ်လေးသည် သူ့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် ရေးသားထားသော ကျမ်းဂန်များသည် မည်ကဲ့သို့ အထင်ကြီးစရာ ကောင်းနိုင်မည်နည်း။ သို့သော် စာအုပ်အနည်းငယ်ကို သူလှန်လော ကြည့်ရှု့ပြီးနောက် လီစီးရီ၏စိတ်သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

လီစီးရီသည် ဂူထဲတွင် သူ့ကိုယ်သူ အကျဉ်းချထားခဲ့ပေသည်။

သူသည် သူ့တိုင်းပြည်အတွက် မြုပ်နှံထားသော ရဲရင့်သည့် လူတစ်ယောက်ဖြစ်သော်လည်း သူသည်လည်း သိုင်းပညာများကို ရူးသွပ်သူတစ်ယောက် ဖြစ်ပေသည်။ ဝမ်ချောင်သည် ဤအရာကိုသိသောကြောင့် သူသည် မတားမြစ်ခဲ့ပေ။ သူသည် လီစီးရီအား ဂူထဲရှိ စာအုပ်အားလုံးကို ဖတ်စေခဲ့သည်သာမက သူ့အတွက် ထမင်းသုံးနပ်ကိုပင် ပြင်ဆင်ပေးခဲ့ပြီး သူ့အား စာအုပ်ထဲတွင် လုံးဝအာရုံစိုက်စေခဲ့ပေသည်။

အမှန်တွင် လီစီးရီသည် ဝမ်ချောင်၏ ကျမ်းဂန်များအတွက် အချိန်ပိုင်း အစောင့်တစ်ယောက်အဖြစ် အလုပ်လုပ်နေပေသည်။

ဤလူရှိသောကြောင့် ဝမ်ချောင်သည် ကျမ်းဂန်ဂူတွင် တစ်ခုခုဖြစ်မည်ကို ယာယီစိုးရိမ်စရာ မလိုတော့ပေ။

____

All Chapters