အခန်း (၄၂၆-၄၃၀)
Vol. 19 Ch. 426-430
အခန်း(၄၂၆)
အသစ်စက်စက်ဆုလဒ်
“သခင်လေး အဲ့ဒါက ကျွန်တော်ဆိုလိုတဲ့အရာ မဟုတ်ပါဘူး”
လူအိုကြီးလင်းယုန်ငှက် ချက်ချင်း ဆက်ပြောလိုက်သည်။ “သခင်လေးက သူ့ကို ဂူထဲမှာရှိတဲ့ ကျမ်းဂန်တွေအကုန်လုံး ဖတ်ခွင့်ပြုထားခဲ့ပြီး သူကလည်း ဟိုက်ဒွာဘက် သတ္တူရိုင်းတွေကို မင်းကိုကူညီပြီး ပြန်ယူပေးခဲ့ပေမဲ့ သူ့ကို ဒီကျမ်းဂန်တွေ ဖတ်ခွင့်ပေးတာက လုံလောက်တဲ့ဆုလဒ် ဖြစ်နေပါပြီ။ လျို့ဝှက်ချက်တစ်ချို့ကို ဆက်ထိန်းထားတာက ပိုမကောင်းဘူးလား”
“သခင်လေးကသူ့ကို နက်ရှိုင်းစွာ လေးစားတာကို ကျွန်တော်သိပေမဲ့ သူကနောက်ဆုံးမှာ ထွက်သွားအုံးမှာပဲ။ သူက ကျွန်တော်တို့လို တူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းမှာမဟုတ်ဘူး”
လူအိုကြီး လင်းယုန်ငှက်သည် သူ့သခင်လေးကို ထက်မြက်သော လူတစ်ယောက်အဖြစ် အမြဲယုံကြည်ထားခဲ့သောကြောင့် သူက လီစီးရီအပေါ် ဘာကြောင့် ရူးသွပ်စွာ ဆက်ဆံနေခဲ့ရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်ပေသည်။
“ဟား ဟား ဟား...”
လူအိုကြီး လင်းယုန်ငှက်က အမှန်တကယ် စိုးရိမ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ချောင် မတက်နိုင်ဘဲ ရယ်မောလိုက်မိသည်။ သူသည် ယခင်က သတိမပြုမိခဲ့သော်လည်း လူအိုကြီး လင်းယုန်ငှက်သည် တော်တော်လေး ချစ်ဖို့ကောင်းခဲ့သည့် အချိန်များစွာ ရှိပေသည်။
လူအိုကြီး လင်းယုန်ငှက်က သူ့အတွက်သာ စိုးရိမ်နေခဲ့သည်ကို ဝမ်ချောင်သိပြီး အကယ်၍ သူ့ပန်းတိုင်သည် လောကကို လွှမ်းမိုးရန် သို့မဟုတ် ရုံးတော်မှတစ်ဆင့် အဆက်မပြတ် မြင့်တက်ရန် ဖြစ်ခဲ့ပါက လူအိုကြီး လင်းယုန်ငှက်၏ အကြံပြုချက်သည် လုံးဝမှန်ကန်ပေလိမ့်မည်။
သို့သော် ဤတစ်ကြိမ် လူအိုကြီးလင်းယုန်ငှက် အမှန်ပင် မှားယွင်းသွားခဲ့ပေသည်။
ထိုကျော်လွှား၍မရသော မဟာစစ်သူကြီး လီစီးရီ စာအုပ်များစွာ ဖတ်လေလေ သူပို၍များများ လေ့လာလေလေ သူသည် အနာဂတ်တိုင်းပြည်နှင့် သူ့အတွက် အားသာချက် ပိုပေးစွမ်းလေလေ ဖြစ်ပေလိမ့်မည်။
ဝမ်ချောင်သည် သူကအများကြီး ဖတ်လိုက်မည်ကို မစိုးရိမ်သော်လည်း နည်းနည်းလေး ဖတ်မည်ကို စိုးရိမ်ပေသည်။ သူသည် တောက်ပသောဘီးကျမ်းဂန်ကိုပင် ထည့်သွင်းခဲ့သည်။ စိတ်နှလုံးသား နတ်ဆိုးများနှင့်စိတ်ကို တည်ငြိမ်စေနိုင်သည့် ဤအဆင့်မြင့် နည်းစနစ် တောက်ပသောဘီး ကျမ်းဂန်ကိုပင် ထည့်သွင်းခဲ့ခြင်းမှာ အတိအကျပင် သူသည် ဤဖတ်ရှု့မှုအားလုံးတွင် လီစီးရီက သူဝနိုင်သည်ထက် ပိုဝမိပြီး ကျင့်ကြံခြင်း ဖောက်ပြန်မှုကို ခံစားရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ လီစီးရီ၏ အကျင့်စရိုက်အရ သူသည် သေချာပေါက် ဤစာအုပ်အား ဖတ်လိမ့်မည်ကို ဝမ်ချောင် ယုံကြည်မှု ရှိပေသည်။
“လူအိုကြီး လင်းယုန်ငှက် စိတ်လျော့ထားပါ။ ကျွန်တော်မှာ လီစီးရီအတွက် အစီအစဉ်တွေ ရှိပါတယ်။ သူတို့က ငါတို့အတွက် ဘယ်လိုဆုံးရှုံးမှုကိုမှ ဖြစ်စေမှာ မဟုတ်ဘူး။ သူ့ကိုသူလုပ်ချင်တာ လုပ်ပါစေ”
ဝမ်ချောင် လက်ဝှေ့ယမ်းလိုက်ကာ ပြောလိုက်၏။
အနည်းငယ် တုန့်ဆိုင်းနေခဲ့သေးကာ လူအိုကြီးလင်းယုန်ငှက်သည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ သူသည် အနည်းငယ် စိတ်မသက်မသာ ခံစားနေခဲ့ရသေးသော်လည်း ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သေးသည်။
စားပွဲပေါ်မှနေ၍ ဝမ်ချောင်ကူးရေးထားသည့် ကျမ်းဂန်များကို ယူလိုက်ပြီးနောက် သူသည် သူတို့ကို သူ့ရင်ဘက်ထဲတွင် ထည့့်လိုက်ကာ ဝမ်ချောင်ကို နှုတ်ဆက်လိုက်ပြီး မြေအောက်ကျမ်းဂန်ဂူဆီသို့ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
လူအိုကြီး လင်းယုန်ငှက် ထွက်ခွာပြီးနောက် ဝမ်ချောင် ပြန်လည်တည်ငြိမ်သွားခဲ့၏။
“အချ်ိန်ကျပြီ”
ဝမ်ချောင် တခဏမျှ တိတ်ဆိတ်နေခဲ့ပြီး ထို့နောက် စုတ်တံကို သူ့နေရာသူ ပြန်ထားလိုက်သည်။ တော်တော်လေး များပြားသော ကျမ်းဂန်များကို ကျမ်းဂန်ဂူတွင် ယခုထည့်သွင်းလိုက်ပြီဖြစ်ပြီး ၎င်းသည် ပုံပေါ်လာနေခဲ့ပြီဖြစ်သည်။
အခုပို၍အရေးကြီးသည်မှာ သူ့ကိုယ်ပိုင်ခွန်အား ပြဿနာဖြစ်ပေသည်။
“ငါကအခု ကံကြမ္မာမှတ် ၁၀၉မှတ်ကို စုဆောင်းခဲ့ပြီဖြစ်တာကြောင့် မူလစွမ်းအင် ဆုလဒ်တွေကို လဲလှယ်နိုင်ပြီ” ဝမ်ချောင် သူ့ဘာသာပြောလိုက်ကာ ကံကြမ္မာ ကျောက်စာအကြောင်း တွေးတောလိုက်သည်။ အတိတ်တွင် ဝမ်ချောင်သည် ခန္ဓာကိုယ် ပစ္စည်းများကို အမြဲလဲလှယ်ခဲ့သော်လည်း ယခုအခါသူသည် ပို၍မြင့်မားသောအဆင့် ဆုလဒ်များကို လဲလှယ်နိုင်ပြီဖြစ်သည်။
အခန်းသည် တစ်ခြားလူများမရှိဘဲ တိတ်ဆိတ်နေခဲ့ပြီး သာမာန်လူတစ်ယောက်သည် ဤအခန်းထဲသို့ ပေါ့ပေါ့တန်တန် ဝင်လာရဲမည်မဟုတ်ပေ။
ဝမ်ချောင်၏ အတွေးများသည် ချက်ချင်း သူ့စိတ်ထဲရှိ ကံကြမ္မာကျောက်စာသို့ ရောက်ရှိသွားခဲ့၏။ နောက်တခဏတွင် အလင်းရောင် မျက်နှာပြင်တစ်ခုသည် ဝမ်ချောင်ရှေ့တွင် ပေါ်လာခဲ့ပြီး ၎င်းအပေါ်တွင်လုံးဝ ပစ္စည်းအသစ်များဖြင့် မျက်နှာပြင်တစ်ခုဖြစ်သည်။
မူလစွမ်းအင်ဆေးလုံး ကုန်ကျစရန် ဆယ်မှတ်။ စစ်သည်တစ်ယောက်၏ မူလစွမ်းအင်ကို တိုးစေနိုင်သည်။ မူလစွမ်းအင် နယ်ပယ်ရှိ စစ်သည်များအတွက်သာ အသုံးဝင်သည်။ အများဆုံး စစ်သညတစ်ယောက်ကို မူလစွမ်းအင် အဆင့်ကိုးသို့ ရောက်ရှိစေနိုင်သည်။ တစ်ချိန်ထဲတွင် ၎င်းသည် စစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်မှ မူလစွမ်းအင် လှည့်ပတ်မှုရှိ အမြန်နှုန်းကို အားနည်းသော မြင့်တင်မှုတစ်ခု ထာဝရပေးစွမ်းပေလိမ့်မည်။ ၎င်းသည် သဘာဝ မူလစွမ်းအင်များကို စွမ်းဆောင် လက်ခံရန် စစ်သည်များ၏ စွမ်းရည်ကိုလည်း တိုးတက်စေပေလိမ့်မည်။
မှတ်ချက် မူလစွမ်းအင် ဆေးလုံးသည် တစ်ကြိမ်စီသောက်တ်ိုင်း သက်ရောက်မှု နည်းလာပေလိမ့်မည်။
...
ဤသည်မှာ မူလစွမ်းအင် အမျိုးအစားရှိ လဲလှယ်မှုအတွက် ရနိုင်သည့် ဆုလဒ်များကို ဝမ်ချောင်ပထမဆုံး မြင်တွေ့ရခြင်းဖြစ်သည်။ သူမြင်လိုက်ရသည့် ပထမဆုံးအရာမှာ အလွန်နည်းပါးသော ဈေးနှုန်းဖြင့် အဆင့်နိမ့် ဆေးလုံးတစ်ခုဖြစ်သည်။
၎င်းသည် မူလစွမ်းအင်နယ်ပယ် စစ်သည်များအပေါ်သာ အသုံးဝင်ပြီး ထို့ကြောင့် လက်ရှိဝမ်ချောင်အတွက် လုံးဝအသုံးမဝင်သည့် အလွန်တင်းကြပ်သော ကန့်သတ်ချက်တစ်ခု ရှိသော်လည်း ၎င်း၏အသုံးဝင်မှုသည် အလွန်သိသာလှဆဲဖြစ်သည်။
စစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်မှ မူလစွမ်းအင် လှည့်ပတ်မှုများရှိ အမြန်နှုန်းကို အားနည်းသော မြင့်တင်မှုတစ်ခု ထာဝရပေးစွမ်းခြင်းနှင့် သဘာဝ မူလစွမ်းအင်ကို လက်ခံစွမ်းဆောင်ရန် စစ်သည်များ၏ စွမ်းရည်ကိုလည်း တိုးမြင့်စေခြင်း။ ဤအချက်နှစ်ခုသည် ဤဆေးလုံး၏တန်ဖိုးကို အဆပေါင်းများစွာ တိုးမြင့်စေခဲ့ပါသည်။
မူလစွမ်းအင် လှည့်ပတ်မှုများရှိ အမြန်နှုန်းကို အနည်းငယ် မြင့်တင်ပေးခြင်းမှာ တစ်ယောက်သည် မြန်မြန် တိုက်ခိုက်ရန် ၎င်းတို့၏စွမ်းအင်ကို မြန်မြန်ဆန်ဆန် အသုံးပြုရန်နှင့် တိုက်ပွဲများ ကြာရှည်လာသည်နှင့်အမျှ တစ်ယောက်သည် ကြီးမားသော အားသာချက်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ဆိုလိုပေသည်။
ထို့ပြင် သဘာဝမူလစွမ်းအင်ကို လက်ခံစွမ်းဆောင်ရန် စွမ်းအင်ကို တိုးမြင့်စေသည် ဟူသည်မှာ ကျင့်ကြံသည့်အခါ တစ်ယောက်သည် မြန်ဆန်သော အမြန်နှုန်းဖြင့် သန်မာလာပေလိမ့်မည်ဟု ဆိုလိုပေသည်။
ဤအချက် နှစ်ခုစလုံးကို အားနည်းသော မြင့်တင်မှုတစ်ခုအဖြစ် ဖော်ပြထားခဲ့သော်လည်း ဤသက်ရောက်မှု နှစ်ခုသည် အစစ်အမှန် သိုင်းပညာနယ်ပယ်နှင့် အထက်ရှိ လူများအတွက် အသုံးမဝင်လျှင်ပင် ထိုမူလစွမ်းအင် ဆေးလုံးကို အလွန်အမင်း တန်ဖိုးရှိပေသည်။
“ငါဒီဆေးလုံးကို ငါလိုအပ်တဲ့အခါ လဲလှယ်လို့ရပြီး ကျကျင်းဟန်နဲ့ တစ်ခြားလူတွေကို ဆုချဖို့နဲ့ သူတို့ရဲ့ခွန်အားကို တိုးမြင့်စေဖို့အတွက် အသုံးပြုလို့ရတယယ်”
ဝမ်ချောင် သူ့စိတ်ထဲရှိ မျက်နှာပြင်ကို တွေးတောလိုက်သည်။
ဆံချည်တစ်မျှင်စာမျှ အမှားတစ်ခုသည် လူတစ်ယောက်ကို လီတစ်ထောင် သွေဖယ်မှု တစ်ခုဆီသို့ ဦးတည်သွားစေနိုင်သည်။ ၎င်းသည် သေးငယ်သော ခြားနားမှုတစ်ခုမျှသာ ဖြစ်သော်လည်း ကျင့်ကြံသူ အားလုံးတို့သည် တူညီသော ပိတ်ဆို့မှုများကို ရင်ဆိုင်ရသောကြောင့် ဤသေးငယ်သော ကွဲပြားမှုများက မကြာခဏ အရေးပါလေ့ရှိကြသည်။
စစ်သည်များနှင့်စစ်သည် စစ်သူကြီးများနှင့် စစ်သူကြီးတို့၏ ပြင်းထန်သော တိုက်ပွဲများတွင် မူလစွမ်းအင် စီးဆင်းမှုအမြန်နှုန်း လည်ပတ်ခြင်းတွင် ခြားနားမှုတစ်ခုသည် သေခြင်း၊ ရှင်ခြင်းကြားရှိ ကွဲပြားမှု ဖြစ်လေ့ရှိသည်။
အတိအကျပင် ဤအချက်က ဝမ်ချောင်အား သူကိုယ်ပိုင် အခြေအနေကို မသက်ရောက်သ၍ သူသည် ဤမူလစွမ်းအင် ဆေးလုံးတစ်လုံးစီကို ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ အဓိကအဖွဲ့ဝင် အားလုံးကို ပေးလိမ့်မည်ဟု ဆုံးဖြတ်ခဲ့စေသည်။
ဝမ်ချောင်ဆီမှာ အတွေးတစ်ခုဖြင့် မျက်နှာပြင်ပေါ်ရှိ အချက်အလက်များသည် ပြောင်းလဲသွားခဲ့ကာ အခြားပစ္စည်းတစ်ခုကို ပြသလိုက်သည်။ ဤတစ်ခုသည် ကြယ်တာရာ စွမ်းအင်နှင့် ဆက်စပ်နေပေ၏။
ကြယ်တာရာစွမ်းအင် တွေးသူ ကြယ်တာရာစွမ်းအင်၏ သဘောသဘာဝကို ပြောင်းလဲစေပြီး ကြယ်တာရာ စွမ်းအင်၏ ထက်မြမှုကို တိုးမြင့်ပေးသည်။ လဲလှယ်မှု သုံးခုစီတိုင်းတွင် ထက်ရှသော အဆင့်တစ် ချည်စက်ကွင်းတစ်ခုကို ပေးစွမ်းပေလိမ့်မည်။ အသုံးပြုရန် ပြသမှုများ မရှိပေ။
ကုန်ကျစရိတ် (၁၅)မှတ်
...
ဤရိုးရှင်းသော စကားလုံးများသည် ဝမ်ချောင်၏ မျက်ခုံးများကို မြင့်တက်သွားစေခဲ့သည်။ မူလစွမ်းအင် ဆေးလုံး၏ သက်ရောက်မှုများသည် တုန်လှုပ်ရန် လုံလုံလောက်လောက် တုန်လှုပ်စေခဲ့သော်လည်း ဤပစ္စည်း၏ သက်ရောက်မှုများသည် ပို၍ပင် အံ့သြစရာ ကောင်းကြပေသည်။
“အဲ့ဒါက ကြယ်တာရာစွမ်းအင်ရဲ့ သဘောသဘာဝကို ပြောင်းလဲနိုင်တယ်။ မယုံနိုင်စရာပဲ”
ဝမ်ချောင်သည် ကြမ်းပြင်ပေါ် တင်ပြင်ခွေ ထိုင်နေခဲ့ကာ သူ့စ်ိတ်က ကသောင်းကနင်း ဖြစ်စေခဲ့သည်။ ကြယ်တာရာစွမ်းအင်ကို တိုးမြင့်ပေးနိုင်သည့် ဆေးလုံးတစ်လုံးကို ရရှိခြင်းက အဆင်ပြေလိမ့်မည်ဟု သူခံစားခဲ့ရသည်။ သူသည် ကံကြမ္မာကျောက်စာက ကြယ်တာရာ စွမ်းအင်၏ သဘောသဘာဝကို တိုက်ရိုက် ပြောင်းလဲစေနိုင်သည့် ပစ္စည်းတစ်ခု ရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ ဝမ်ချောင် မျှော်လင့်ထားသည်ထက် များစွာပိုနေခဲ့ပေသည်။
“... သုံးကြိမ် လဲလှယ်ခြင်းက အဆင့်တစ် ချည်စက်ကွင်းရဲ့ သက်ရောက်မှုကိုတောင် ရရှိစေလိမ့်မယ်။ အဲ့ဒါက အခြေခံအားဖြင့် ချည်စက်ကွင်းတစ်ခုကို ရရှိတာပဲ။ ဒါကမယုံနိုင်စရာပဲ”
ဝမ်ချောင်သည် ကံကြမ္မာကျောက်စာမှ ကမ်းလှမ်းလာသည့် မူလစွမ်းအင် ပစ္စည်းများကြောင့် အမှန်ပင် မှင်သက်နေခဲ့သည်။
အဆင့်တစ် ချည်စက်ကွင်းသည် အနိမ့်ဆုံးအဆင့်ဖြစ်ပြီး များစွာပြောင်းလဲနိုင်မည် မဟုတ်သော်လည်း ဝမ်ချောင်သည်ချက်ချင်း ၎င်း၏ဖုံးကွယ်ထားသော တန်ဖိုးကို သတိပြုမိလိုက်သည်။ ဤစွမ်းရည်သည် ကန့်သတ်မထားခဲ့ပေ။
ဤသည်က တစ်ယောက်သည် လုံလောက်သော ကံကြမ္မာမှတ်ရှိသ၍ တစ်ယောက်သည် အစစ်အမှန် သိုင်းပညာနယ်ပယ်၏ အမြင့်ဆုံးအဆင့်များသာ ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည့် အဆင့်မြင့်အဆင့် ချည်စက်ကွင်းတစ်ခုကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုလိုပေသည်။
တစ်ခုတည်းသော ပြဿနာမှာ ဤဆုလဒ်သည် အလွန်ရက်ရောပုံရသော်လည်း ၎င်းတွင် တုန်လှုပ်ဖွယ်ရာ ဆေးလုံးတစ်ခုရှိပေသည်။
ဤအဆင့်တစ် ချည်စက်ကွင်းကို ရရှိရန်အတွက် တစ်ယောက်သည် ကံကြမ္မာမှတ် (၄၅)မှတ် ပေးရန်လိုအပ်ပေသည်။
ဤသည်မှာ ဝမ်ချောင်တက်နိုင်သည့် သေးငယ်သော ပမာဏမဟုတ်ပေ။
ထို့ပြင် ချည်စက်ကွင်းများ၏ မတူညီသော အဆင့်များသည် တစ်ယောက်အား ချည်စက်ကွင်များ၏ မတူညီသော ပမာဏများကို စုဆောင်းရန် လိုအပ်ပေသည်။
အဆင့်တစ် ချည်စက်ကွင်းမှ အဆင့်နှစ် ချည်စက်ကွင်းသို့ မြင့်တင်ချိန်တွင် တစ်ယောက်သည် အဆင့်တစ် ချည်စက်ကွင်းတစ်ခုကိုသာ စုဆောင်းရန် လိုအပ်နိုင်သော်လည်း အဆင့်နှစ်မှ အဆင့်သုံးသို့ သွားသောအခါ ထိုမျှမရိုးရှင်းပေ။
ထို့ပြင် တစ်ယောက်သည် အဆင့်သုံးမှ အဆင့်လေး အဆင့်လေးမှ အဆင့်ငါးသို့ သွားသောအခါ ပို၍များပြားစွာပင် လိုအပ်ပေမည်။
“ဒါပေမဲ့ အခြေခံအားဖြင့် အဆင့်တစ် ချည်စက်ကွင်းတစ်ခုကို လဲလှယ်နိုင်တာက တော်တော်လေး ကျေနပ်စရာ ကောင်းနေပါပြီ” ဝမ်ချောင် သူ့ဘာသာ ပြောလိုက်၏။ သူသည် ဤကြယ်တာရာစွမ်းအင် သွေးတူ၏ လက်တွေ့အသုံးဝင်မှုများကို လျှင်မြန်စွာ သိရှိသွားခဲ့သည်။ မူလစွမ်းအင် ဆေးလုံးကဲ့သို့ပင် ကြယ်တာရာ စွမ်းအင် သွေးတူ၏ သက်ရောက်မှုများသည် တူညီသောအဆင့်တွင် စစ်သည်များကို လူများအား တိုက်ခိုက်ခြင်းတွင်သာ ကူညီနိုင်ပြီး သူတို့အား သေးငယ်သော အားသာချက်ကို ရရှိစေသည်။
ဤရှု့ထောင့်တွင် ဝမ်ချောင်သည် ထက်ရှသော အဆင့်တစ် ချည်စက်ကွင်းကို လဲလှယ်စရာ မလိုအပ်ခဲ့ပေ။ အမှန်တကယ် အမျှော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်သော ဆုံးဖြတ်ချက်မှာ ချည်စက်ကွင်း၏ သုံးပုံတစ်ပုံကို လဲလှယ်ခြင်းသာဖြစ်သည်။
သူသည် သူ့စိတ်ကို လျှင်မြန်စွာ ပြင်ဆင်လိုက်ပြီး ဆက်ဖတ်လိုက်သောအခါ ဝမ်ချောင်၏အကြည့်သည် စူးစိုက်နေခဲ့သည်။
ယခုသူ့ရှေ့တွင် ပေါ်လာခဲ့သော ပစ္စည်းမှာ ပထမနှစ်ခုက လုံးဝခြားနားပေသည်။
ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ စစ်သည်များ၏ ကြယ်တာရာ စွမ်းအင်၏ သဘောသဘာဝကို ပြောင်းလဲပေးပြီး ၎င်း၏ထိုးဖောက်မှု သဘောသဘာဝကို တိုးတက်စေသည်။ စစ်သည်ကို ရန်သူ၏ခုခံမှု ကြယ်တာရာစွမ်းအင် အကာအကွယ်များကို ထိုးဖောက်ခြင်းနှင့် ရန်သူ၏ အတွင်းအင်္ဂါများကို ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ စစ်သည်၏ ကြယ်တာရာစွမ်းအင်၏ သဘောသဘာဝကို ပြောင်းလဲစေပြီး ၎င်း၏ထိုးဖောက်မှု သဘောသဘာဝကို တိုးတက်စေသည်။ စစ်သည်ကို ရန်သူ၏ ခံစစ်ကို လျစ်လျူရှု့ရန် သေးငယ်သော အခွင့်အရေးတစ်ခုကို ရစေပြီး ကြယ်တာရာစွမ်းအင် အကာအကွယ်များကို ထိုးဖောက်ကာ ရန်သူ၏ အတွင်းအင်္ဂါများကို တိုက်ခိုက်နိုင်စေသည်။ အများဆုံး အဆင့်သုံးဆင့်မြင့်သော ရန်သူများအပေါ် သက်ရောက်ပေသည်။ (အဆင့်မြင့်ရန် အခြေအနေ လေ့ကျင့်ရေး စိန်ခေါ်မှုများကို ပြီးမြောက်ပါ)
ကုန်ကျစရိတ် (၄၅)မှတ်
မှတ်ချက် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူသည် အကန့်အသတ်မရှိဘဲ လဲလှယ်နိုင်သည်။ အဆင့်မြင့်လာသည်နှင့် ရန်သူခံစစ်ကို ထိုးဖောက်ခြင်း အခွင့်အလမ်းသည် တိုးမြင့်လာပြီး အများဆုံးအဆင့် ကွာဟမှုသည်လည်း တိုးလာပေလိမ့်မည်။ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူသည် အဆင့်တစ်ခုသို့ ရောက်သောအခါ ၎င်းသည် ရန်သူ၏ခံစစ်ကို အမြဲလျစ်လျူရှု့နိုင်ပြီး ကြယ်တာရာစွမ်းအင်ကို လုံးဝအောင်မြင်မှုဖြင့် ထိုးဖောက်စေနိုင်သည်။
...
မျက်နှာပြင်ပေါ်ရှိ တောက်ပသော စကားလုံးများက ဝမ်ချောင်၏မျက်လုံးများကို နောက်ဆုံးတွင် တောက်ပသွားစေခဲ့သည်။ ဤသည်မှာ ကံကြမ္မာကျောက်စာမှ ကမ်းလှမ်းလာခဲ့သည့် သူမြင်ဖူးသမျှထဲတွင် ဆွဲဆောင်မှုအရှိဆုံး စွမ်းရည်ဖြစ်ပေသည်။
ကံကြမ္မာကျောက်စာသည် ဤစွမ်းရည်က စစ်သည်တစ်ယောက်ကို သန်မာစေသည်ဟု ပြောမထားသော်လည်း သူကဲ့သို့ ထက်မြက်သော လူတစ်ယောက်သည် ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်နိုင်သည့် စွမ်းရည်က သူယခင်က တွေ့မြင်ခဲ့သော အခြားပစ္စည်းများထက်ပို၍ အားကောင်းသည်ကို နားလည်ပေသည်။ သူသည် သူ့ခွန်အားကို တိုးမြင့်ရန် နည်းလမ်းများအကြောင်း တွေးတောနိုင်သော်လည်း ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်သည့် စွမ်းရည်ရရှိရန် သူ့အတွက် မဖြစ်နိုင်ပေ။
ဝမ်ချောင်၏စိတ်သည် နည်းစနစ်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း သူသည် ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်နိုင်သည့် နည်းစနစ်တစ်ခုကို ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။
ဤစွမ်းရည်သည် သံသယရှိစရာမလိုဘဲ ပို၍အားကောင်းသည့် ရန်သူတစ်ယောက်ကို အနိုင်ယူရန် အကန့်အသတ်မရှိသော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပေသည်။
သို့သော် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူအတွက် လဲလှယ်မှု ကုန်ကျစရိတ်သည် အလွန်မြင့်မားလှပေသည်။ ကံကြမ္မာမှတ် (၄၅)မှတ်ဖြစ်၏။ ၎င်းသည် သွေးပြန်လည်ပြုပြင်ခြင်းထက် ပို၍ပင် အကုန်အကျ များပေသည်။ သို့သော် ထိုပြိုင်ဘက်ကင်းလှသော ထိုးဖောက်မှု စွမ်းရည်အကြောင်း သူတွေးလိုက်သောအခါ ဤဆေးလုံးသည် ထိုက်တန်ပေသည်။
“ရွေးချယ်စရာ မလိုတော့ဘူး။ ဒီတစ်ခုပဲ”
အတွေးတစ်ခုဖြင့် ဝမ်ချောင်သည် မျက်နှာပြင်ပေါ်ရှိ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကို ချက်ချင်း လဲလှယ်လိုက်သည်။
ခလွပ်
ကံကြမ္မာကျောက်စာမှနေ၍ ထူးခြားဆန်းကြယ်သည့် စွမ်းအင်တစ်ဆူ စီးထွက်လာခဲ့ပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ နောက်တခဏတွင် အဆောက်အဦးထဲ၌ မိုးခြိမ်းသံများ ပေါ်လာခဲ့ပုံရပြီး သူ့နားနံဘေးတွင် ပေါက်ကွဲနေသကဲ့သို့ အသံထွက်လာခဲ့သည်။ လျှပ်စီးစွမ်းအားများဖြင့် ပြည့်နှက်နေသည့် ကြမ်းတမ်းသော စွမ်းအင်တစ်ခုက ဝမ်ချောင်ကိုယ်ထဲရှိ ကြယ်တာရာ စွမ်းအင်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ရေများက ဆီထဲသို့ စီးဝင်သွားသကဲ့သို့ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်သည် ချက်ချင်း စတင်ဆူပွက်လာခဲ့သည်။ မကြုံစဖူး ကြယ်တာရာစွမ်းအင် လက္ခဏာအသစ်တစ်ခု ဝမ်ချောင်အား ရရှိစေခဲ့သည်။
စက္ကန့်ပိုင်းအတွင်းတွင် ဝမ်ချောင်ခန္ဓာကိုယ်အတွင်းရှိ ခံစားချက်သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
အကယ်၍ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်သည် တည်ငြိမ်ပြီး နက်ရှိုင်းသော စမ်းချောင်းလေးတစ်ခု ဖြစ်ခဲ့ပါက ၎င်းသည်ယခုအခါ လှိုင်းထန်နေသော မြစ်တစ်စင်းဖြစ်ပေသည်။
သို့သော် မျက်နှာပြင်ပေါ်တွင် ၎င်းသည် အလွန်ငြိမ်သက်နေသေးပုံရ၏။
_____
အခန်း(၄၂၇)
နှင်းမုန်တိုင်းထဲမှ သတင်းကောင်း
“ဒီကြယ်တာရာစွမ်းအင်က”
ဝမ်ချောင် သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို တိတ်ဆိတ်စွာ ချိန်ဆနေခဲ့သည်။
ဘန်း
နောက်တစ်ခဏတွင် မည်သည့်သတိပေးချက်မျှ မရှိဘဲ ဝမ်ချောင်စားပွဲကို ရိုက်လိုက်သည်။ စားပွဲသည် မျှော်လင့်ထားသကဲ့သို့ အပိုင်းအစများအဖြစ်သို့ ရုတ်တရက် ပိုင်းပြတ်မသွားခဲ့ပေ။ ဝမ်ချောင် သူ့လက်ကိုမြှောက်လိုက်ပြီး မာကြောသော စန္နကူးစားပွဲ၏အလယ်တွင် လက်မအရွယ်လောက်ရှိသော အပေါက်တစ်ခု ဖြစ်သည်။
ထို့အပြင် အကယ်၍တစ်ယောက်သည် အပေါက်ကို သေသေချာချာ ကြည့်ရှု့ပါက တစ်ယောက်သည် စွမ်းအင်က ကြမ်းပြင်ကိုဖြတ်သန်းပြီး အောက်ရှိအခန်းထဲသို့ ဝင်ရောက်သွားသည်ကို သတိပြုမိပေလိမ့်မည်။
“ဆိုတော့ဒါက ကြယ်တာရာစွမ်းအင် ထိုးဖောက်သူပေါ့”
ဝမ်ချောင်သည် စားပွဲရှိအပေါက်ကို လေးနက်စွာကြည့်လိုက်သည်။ သူသည် ရိုက်ချလိုက်သောအခါ သူ့လက်ဝါးရှိ ကြယ်တာရာစွမ်းအင်တစ်စုက ရုတ်တရက် ဝဲကယက်တစ်ခုအဖြစ်သို့ သိပ်သည်းသွားသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိခဲ့ပြီး ၎င်း၏ထိုးဖောက်မှုခွန်အားနှင့် ထက်မြက်မှုက ရုတ်တရက် တိုးသွားသည်ကို ခံစားခဲ့ရသည်။ ဤအရာမှနေ၍ ၎င်းသည်မာကြောသော စန္နကူးသားကို ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထက်မြမှုသပ်သပ်တွင် ဤစွမ်းအင်သည် ဝမ်ချောင်၏ဓားရှည်ကို ယှဉ်နိုင်သော်လည်း ၎င်း၏ထိုးဖောက်မှုစွမ်းအားသည် ပို၍ပင် ကြီးမားပေသည်။
“ဒီစွမ်းရည်က တကယ်တော့ ဓားရှည်နဲ့ အရမ်းဆင်တူပေမဲ့ အဲ့ဒါက ဖျက်ဆီးမှုစွမ်းအားမှာ ပြတ်လပ်နေတုန်းပဲ။ အဲ့ဒါက ထပ်သီးကျွမ်းကျင်သူတွေကို ရင်ဆိုင်ဖို့ အသုံးပြုရာမှာ အရမ်းအကန့်အသတ် ရှိသေးတယ်။ တကယ်လို့ငါက ဒီစွမ်းရည်ကို ဓားရှည်နဲ့ ပေါင်းစည်းလိုက်ရင် ကြယ်တာရာစွမ်းအင်အစား ဓားရှည်ကို အသုံးပြုလိုက်ရင် စွမ်းအားကသေချာပေါက် တိုးသွားလိမ့်မယ်”
ဝမ်ချောင်၏ ဓားအသိစိတ်သည် သူ့အား ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ၏ ပုန်းကွယ်နေသော စွမ်းရည်များကို လျှင်မြန်စွာ အာရုံခံစားနိုင်စေခဲ့သည်။
ဝူး
နောက်တစ်ခဏတွင် ဝမ်ချောင်၏လက်ချောင်းက မြင့်တက်သွားခဲ့ပြီး အကွာအဝေးရှိ နံရံကို ညွှန်ပြလိုက်သည်။ သို့သော်လည်း ကို့ယို့ကားယားဖြင့် ဝမ်ချောင်သည် မျှော်လင့်ထားသည့်ရလဒ်ကို မတွေ့ခဲ့ရပေ။
ဝမ်ချောင်၏လက်ညိုးမှာ ဘာမှထွက်မလာခဲ့ပေ။
“အိုး ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကို စတင်ဖို့ အခွင့်အရေးတစ်ခုပဲ ရှိတယ်ဆိုတာ ငါမေ့သွားတယ်”
ဝမ်ချောင်ရှက်ရွံ့စွာ သတိရသွားခဲ့ကာ တွေဝေစွာ ထိုင်နေခဲ့သည်။ သူ၏တစ်ခဏတာ ပျော်ရွှင်မှုသည် သူကကြယ်တာရာစွမ်းအင် ထိုးဖောက်သူအပေါ် မထိန်းချုပ်နိုင်သေးခြင်းကို မေ့လျော့သွားစေခဲ့သည်။
ကံကြမ္မာကျောက်စာသည် သူ့ကြယ်တာရာစွမ်းအင်၏ သဘောသဘာဝကို ပြောင်းလဲသွားခဲ့သော်လည်း သူသည်၎င်းနှင့် ဝဲကယက်တစ်ခုကို ဖြစ်စေနိုင်ရန် ၎င်း၏ပုံစံကို ပြောင်းလဲခြင်းက ရိုးရှင်းသောအရာ မဟုတ်ပေ။
ဝမ်ချောင် ဆက်ထိုက်နေခဲ့ပြီး သူ့လက်ညိုးကို အဆက်မပြတ် ထိုးနေခဲ့သည်။ သူ၏(၁၆)ကြိမ်မြောက် ကြိုးစားမှုတွင် ပူလောင်သော ကြယ်တာရာစွမ်းအင် အလင်းတန်းသည် နောက်ဆုံးတွင် သူ့လက်ညိုးမှနေ၍ ပြေးထွက်လာခဲ့ပြီး နံရံတွင် ပေါက်ကွဲသွားခဲ့ကာ အပေါက်ကြီးတစ်ခုကို ကျန်ရစ်စေခဲ့သည်။
ဧရာမပေါက်ကွဲသံက ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အခြားကျောင်းသားများကို ဆွဲဆောင်သွားခဲ့သည်။ အပြင်ဘက်မှ ဆူညံသံများကို ကြားရနိုင်ပေ၏။ သို့သော်လည်း လူအိုကြီးလင်းယုန်ငှက်သည် လျှင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်သာ ထိုမျှကျယ်လောင်သော ဆူညံမှုကို ပြုလုပ်နိုင်သည်။
ဘာတွေဖြစ်ခဲ့ပါစေ ထိုအခိုက်အတန့်တွင် ဘာမှမဖြစ်နိုင်ပေ။
အပြင်ဘက်မှ ဆူညံသံများ ငြိမ်ကျသွားသည်ကို ဝမ်ချောင် နားထောင်နေခဲ့ကာ အပြုံးယောင်လေးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့သော်လည်း အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“ဒီအဖျက်စွမ်းအားက ... အစစ်အမှန် သိုင်းပညာ အစစ်အမှန် သိုင်းအဆင့်ငါး ကျွမ်းကျင်သူ တစ်ယောက်ကတောင် သေစေနိုင်လောက်တဲ့ ရိုက်ချက်ကို ခံစားရနိုင်တယ်”
နရံပေါ်ရှိအပေါက်ကို ကျေနပ်နေသည့် အကြည့်ဖြင့် ကြည့်နေခဲ့ကာ ဝမ်ချောင်ခေါင်းညိတ်လိုက်သည်။
သူသည် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ၏ ဝဲကယက်စွမ်းအင်ဖြင့် အကောင်းဆုံး လုပ်ဆောင်ခြင်းဖြင့် စွမ်းအင်တစ်သုတ်ကိုသာ ထုတ်လွှတ်ခဲ့သော်လည်း သူသည် ၎င်း၏ဖျက်ဆီးမှုစွမ်းအားကို ဆယ်ဆတိုးမြင့်စေနိုင်ခဲ့သည်။
တစ်နည်းဆိုရသော် ချီတက်နေသော စစ်မြင်း၏စွမ်းအားကို မဌားယူခဲ့လျှင်ပင် ဝမ်ချောင်သည် အစစ်အမှန် သိုင်းအဆင့်ငါး ကျွမ်းကျင်သူတစ်ယောက်ကို ထိခိုက်ရန် သူ့ကိုယ်ပိုင် ကြယ်တာရာစွမ်းအင်ပေါ် မှီခိုနိုင်သေးသည်။
ထို့အပြင် ဝမ်ချောင်သည် နောက်ထပ် ရှာဖွေမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။
“ကံကြမ္မာကျောက်စာက ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကို ထုတ်ဖော်ဖို့ တိကျတဲ့ ဖြစ်နိုင်ချေအတိအကျကို မပေးထားဘဲ အဲ့ဒါကအရမ်း သေးငယ်တယ်လို့ပဲ ပြောထားခဲ့ပေမဲ့ ငါ့ရဲ့စမ်းသပ်မှုကနေ အဲ့ဒါက အခြေခံအားဖြင့် (၁၆)ကြိမ် ကြိုးစားမှုတိုင်းမှာ တစ်ခါဖြစ်တယ်။ ဆိုလိုတာက အဲ့ဒါကိုထုတ်ဖော်ဖို့ ဖြစ်နိုင်ချေက အခြေခံအားဖြင့် ငါးရာခိုင်နှုန်းဖြစ်တယ်”
ဝမ်ချောင် ကြမ်းပြင်ပေါ် ထိုင်နေခဲ့ကာ သူ့မျက်လုံးများက ထက်မြက်သော အလင်းရောင်တစ်ခုဖြင့် တောက်ပနေခဲ့သည်။
ကိစ္စများစွာတို့သည် ရှင်းပြစရာ မလိုအပ်ခဲ့ပေ။ တစ်ယောက်သည် လုံလောက်သော ထက်မြက်မှုရှိသ၍ တစ်ယောက်သည် စမ်းသပ်မှု ပြုလုပ်နိုင်သည်။ ငါးရာခိုင်နှုန်းသည် အလွန်နည်းပါးသော အခွင့်အလမ်းတစ်ခုဟု ထင်ရပြီး ကြိုးစားမှုများသည် အများအားဖြင့် ကျရှုံးခြင်းနှင့် ကြုံတွေ့ရလေ့ရှိသည်။
သို့သော် အကယ်၍ တိုက်ပွဲတစ်ခုသည် လုံလောက်စွာပြင်းထန်ပြီး တစ်ယောက်သည် လုံလောက်စွာ တိုက်ခိုက်ခဲ့ပါက အဆင့်တစ်ခုတွင် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူသည် လုံလောက်စွာတည်ငြိမ်သော နှုန်းတစ်ခုဖြင့် ပေါ်လာပေလိမ့်မည်။
ထို့ပြင် သူသည် ရေတွက်ရာတွင် လုံလောက်စွာ ကျွမ်းကျင်ခဲ့လျှင် ဝမ်ချောင်သည် ၎င်းကိုလိုအပ်ချိန်တွင် ကြယ်တာရာစွမ်းအင်ကို လုံးဝပေါ်လာနိုင်စွမ်း ရှိပေလိမ့်မည်။
ဝူး
အတွေးတစ်ခုဖြင့် ဝမ်ချောင် သူ့လက်ညိုးကို နောက်တစ်ကြိမ် ထိုးလိုက်၏။
ဝမ်ချောင် ဆက်လက်စမ်းသပ်နေခဲ့ပြီး နောက်ဆုံးတွင် သူ၏ယူဆချက်များကို အတည်ပြုလိုက်သည်။ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကို ထုတ်ဖော်ခြင်း အခွင့်အလမ်းသည် ငါးရာခိုင်နှုန်းလောက်ဖြစ်သည်။
ကောင်းမွန်စွာ အသုံးချခြင်းဖြင့် ဤနည်းစနစ်သည် အလွန်သက်ရောက်မှု ရှိပေလိမ့်မည်။
“ဝါး”
သူသည် ကျင့်ကြံနေစဉ်တွင် ဝမ်ချောင်သည် အပြင်ဘက်မှနေ၍ ကြွေးကြော်သံများကို ရုတ်တရက် ကြားလိုက်ရကာ သူ၏အာရုံများကို ဖမ်းစားသွားခဲ့သည်။
ဝမ်ချောင်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ နောက်တစ်ခဏတွင် ဝမ်ချောင်သည် ငြိမ်သက်သွားခဲ့ပြီး တံခါးဝတွင် ရပ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
တံခါးအပြင်ဘက်တွင် နှင်းများသည် မည်းမှောင်သော ကောင်းကင်ထက်မှနေ၍ ကျဆင်းနေခဲ့ကြသည်။
“နှင်းကျနေတာပဲ”
ဝမ်ချောင် လက်ညိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ကျဆင်းနေသော နှင်းပွင့်တစ်ပွင့်ကို ဖမ်းယူလိုက်သည်။ သူ့တွင် မျက်နှာပေါ်၌ မိန်းမောနေသော အကြည့်တစ်ခု ရှိပေ၏။ သူသည် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေချိန်တွင် တဖြည်းဖြည်း ဆောင်းရာသီသို့ ရောက်လာခဲ့ပေသည်။
သူသတိမပြုမိလိုက်ဘဲ ဤလောကတွင် သူ၏ပြန်လည်မွေးဖွားလာသော ဘဝသည် တစ်နှစ်ကျော်သွားခဲ့ပြီဖြစ်သည်။
“တစ်နှစ်...”
ဝမ်ချောင် သူ့ဘာသာ ရေရွတ်လိုက်ပြီး သက်ပြင်းချလိုက်ကာ သူ၏အေးစက်သော အသက်ရှုထုတ်ခြင်းက အေးခဲမှုအဖြစ်သို့ သိပ်သည်းသွားခဲ့သည်။ တစ်နေ့တာ ကုန်ဆုံးသွားခဲ့သေးသော်လည်း ဝမ်ချောင်၏အမြင်တွင် ၎င်းသည် ဤတစ်ချိန်လုံး ဆောင်းရာသီတစ်နှစ် ဖြစ်ခဲ့ပေသည်။
“ဟား ဟား ဟား နှင်းကျနေတယ် နှင်းကျနေတယ်...”
ဆူညံသံများက ဓားသွားဖယ်ရှားခြင်း အိမ်တော်မှနေ၍ ထွက်ပေါ်လာခဲ့ပြီး ခွန်းဝူလေ့ကျင့်ရေး စခန်းပင်လျှင် ကြွေးကြော်သံများဖြင့် ပြည့်နှက်နေခဲ့သည်။ လူများသည် အမျိုးမျိုးသော တောင်တန်းများပေါ်တွင် စတင်စုစည်းလာခဲ့သည်။
သူတို့သည် မြင်းစီးနေသည်ဖြစ်စေ တိုင်များပေါ်သို့ တက်နေသည်ဖြစ်စေ လေ့ကျင့်ရေးပွဲများ တိုက်ခိုက်နေသည်ဖြစ်စေ သို့မဟုတ် မျှားပစ်နေသည်ဖြစ်စေ လူတိုင်းတို့သည် နှင်းကျလာသောအခါ စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်ကြသည်။
နှင်းသည်လျှင်မြန်စွာ ကျဆင်းလာခဲ့ပြီး ထူထည်းလာခဲ့၏။ တစ်ခဏချင်းမှာပင် လောကတစ်ခုလုံးကို နှင်းထုဖုံးလွှမ်းသွားခဲ့သည်။ တောင်တန်းများပေါ်တွင် သစ်ပင်များသည် နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ငွေရောင်မိန်းမပျိုများက အဖြူရောင် ပိုးသားထည်များ ဝတ်ဆင်ထားပုံရသည်။ အကွာအဝေး တစ်ခုမှနေ၍ သူတို့သည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှသည်။
ကလပ်
စစ်မြင်းတစ်ကောင်သည် နှင်းမုန်တိုင်းထဲမှနေ၍ ရုတ်တရက် မြည်ကျွေးလိုက်ကာ ၎င်း၏မြင်းခွာသံက နှင်းမုန်တိုင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ မြင်းပေါ်တွင် စီးနင်းလိုက်ပါလာသူမှာ ဝမ်ကလန်၏ အစောင့်တစ်ယောက်ဖြစ်သည်။ သူသည် ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ဝင်လာခဲ့ပြီး ဝမ်ချောင်၏ အဆောက်အဦးရှေ့တွင် မြင်းပေါ်မှ ဆင်းလိုက်သည်။
ဤထူးဆန်းသော အိမ်တော်ရှိ တစ်ခြားကျောင်းသားများ အားလုံး၏အာရုံနှင့်အတူ ဝမ်ချောင်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ယူနီဖောင်းဝတ်ဆင်ထားသော အစောင့်သည် သူ့လက်သီးများကို ဆုပ်ထားခဲ့ပြီး မြေပေါ်တွင် ဒူးတစ်ဖက်ထောက်နေခဲ့သည်။ အသက်ခဏရှုပြီးနောက်မှသာ သူသည်နောက်ဆုံးတွင် စကားပြောလာခဲ့သည်။
“သခင်လေး သခင်လျာက ပြန်ရောက်လာခဲ့ပါပြီ...”
“ဘယ်လို”
ဝမ်ချောင်သည် သာမာန်အကြည့်တစ်ချက်သာပေးရန် စီစဉ်ထားခဲ့သော်လည်း ဤစကားလုံးများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူ့မျက်နှာပေါ်တွင် သံသယဖြစ်နေသော အမူအရာတစ်ခု ရှိနေခဲ့ပြီး ထိုသည်မှာသူသည် မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သည်။
“မင်းဘာပြောလိုက်တာလဲ။ ပြန်ပြောစမ်း”
“သခင်လေး သခင်လျံက သမုဒ္ဒရာထဲကနေ ပြန်ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့က သူ့ရဲ့စာကို လက်ခံရရှိခဲ့ပါတယ်။ သူပြောတာက သူက ရက်အနည်းငယ်အတွင်း မြို့တော်ကို ပြန်ရောက်လာမယ်တဲ့”
ဘုန်း
ကျောက်တုံးတစ်တုံးသည် ထောင်ချီသော လှိုင်းများစွာကို ဖြစ်စေနိုင်ပေသည်။ ဝမ်ချောင်၏လက်များသည် သူ့အင်္ကျီလက်စများတွင် ဖုံးကွယ်နေခဲ့ပြီး သူတို့သည် တင်းကြပ်စွာ ဆုပ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်အနှံ့ တုန်ရီသွားခဲ့သည်။
ဝမ်ကလန်တစ်ခုလုံးတွင် သခင်လျံအဖြစ် ခေါ်ဆိုခံရသည့် ပုဂ္ဂိုလ်တစ်ယောက်သာ ရှိပေသည်။ သမုဒ္ဒရာသို့ ဝမ်ချောင်စေလွှတ်ခဲ့ပြီး နှစ်ဝက်ကျော် ဘာသတင်းမှ မကြားခံရသည့် ဝမ်းကွဲဝမ်းလျံ ဖြစ်ပေသည်။
ဝမ်းလျံ ပြန်ရောက်လာခဲ့လေ၏။
သူသည် နောက်ဆုံးတွင် သူ၏ပင်လယ်ရေကြောင်း ခရီးမှနေ၍ ပြန်ရောက်လာခဲ့လေသည်။
ဤသည်မှာ ယနေ့ဝမ်ချောင် ကြားလိုက်ရသည့် အကောင်းဆုံးသတင်းဟု ယူဆ၍ရသည်။
“မယုံနိုင်စရာပဲ”
ဝမ်ချောင်၏မျက်နှာသည် နီရဲနေခဲ့ပြီး သူသည်အလွန် စိတ်လှုပ်ရှားနေခဲ့ကာ ကြမ်းပြင်ပေါ်မှ ထကလုနီးပါးပင်။
“စာရော ငါ့ကိုပြပါအုံး”
ပင်လယ်ရေဖြင့် စွန်းထင်းနေသည့် စာတစ်စောင်က ဝမ်ချောင်၏လက်ထဲ လျှင်မြန်စွာ ရရှိလာခဲ့သည်။ စိုစွတ်သော ရာသီဥတုနှင့် ပင်လယ်ရေများက စာကိုတွန့်ကျိုးပြီး ညစ်ပေစေခဲ့သည်။
ဝမ်ချောင်သည်၎င်းကို အလွန်ကရုစိုက်စွာ မဖတ်ခဲ့သော်လည်း နောက်ဆုံးစာမျက်နှာသို့ တိုက်ရိုက် လှန်လောလိုက်သည်။ ထို့နောက် သူသည် ညာဘက်အပေါ်ထောင့်တွင် သူအလွန် စိုးရိမ်နေခဲ့သည့်မှင်ဖြင့် ဆွဲထားသော မီးတောက်တစ်ခုကို မြင်လိုက်ရသောအခါ တဆတ်ဆတ် တုန်ရီသွားခဲ့သည်။
“အောင်မြင်တယ်။ သူတကယ့်ကို ဥက္ကာခဲတွေကို ရှာဖွေနိုင်ခဲ့တယ်”
သူနှလုံးသားထဲမှနေ၍ စွမ်းအင်တစ်ခုက ကြမ်းတမ်းစွာ စီးထွက်လာခဲ့သည်။ ဤတစ်ခဏတွင် ဝမ်ချောင်၏ ခန္ဓာက်ိုယ်တစ်ခုလုံးသည် တင်းမာသွားခဲ့၏။ သူ့ဝမ်းကွဲဝမ်းလျံ ထွက်ခွာချိန်တွင် ဝမ်ချောင်သည်သူနှင့် စီစဉ်မှုတစ်ချို့ ပြုလုပ်ခဲ့ပေသည်။ အကယ်၍ ဤပင်လယ် ရေကြောင်းခရီသည် အလဟာသ ဖြစ်သွားခဲ့ပါကသူသည် အောက်ဆုံးဘယ်ဘက် ထောင့်နားတွင် ကျောက်တုုံးတစ်တုံးပေါ်ကို ရေးဆွဲပေလိမ့်မည်။ အကယ်၍သူသည် ဥက္ကာခဲများကို ရှာဖွေခြင်းတွင် အောင်မြင်ခဲ့ပါက သူသည် နောက်ဆုံးစာမျက်နှာ၏ ညာဘက်အပေါ်ထောင့်တွင် အနက်ရောင် မီးတောက်တစ်ခုကို ရေးဆွဲပေလိမ့်မည်။
သူ့ဝမ်းကွဲသည် ၎င်းတို့ကို တွေ့ရှိခဲ့ပေ၏။ သူသည် ဤအချက်များကို အမှန်ပင်လိုက်နာခဲ့ပြီး အမည်မသိ ဥက္ကာခဲသတ္ထူကို ထိုကျွန်းများပေါ်တွင် တွေ့ရှိခဲ့သည်။
အခြားအချိန်နှင့် အာကာသတွင် ဤဥက္ကာခဲသတ္ထုသည် မလေးရှားတို့၏ ခရစ်သားများကြောင့် နောက်ဆုံးတွင် ကျော်ကြားလာလိမ့်မည် ဖြစ်သော်လည်း ဤလောကတွင်မည်သူမျှ သူတို့ကို စိတ်မဝင်စားခဲ့ကြပေ။
ဤလောကတွင် မည်သူဆီမှာမှ အခြားအချိန်နှင့် အာကာသတွင် ဤဥက္ကာခဲသတ္ထုသည် မလေးရှားတို့၏ ခရစ်သားများကြောင့် နောက်ဆုံးတွင် ကျော်ကြားလာလိမ့်မည်ဖြစ်သော်လည်း ဤလောကတွင် မည်သူမျှသူတို့ကို စိတ်မဝင်စားခဲ့ပေ။
မည်သူ့တွင်မျှ ၎င်းတို့ကို စိတ်ဝင်စားမှု မရှိခဲ့ပေ။
သူတို့သည် သူသာသဘောပေါက်နိုင်သည့် ရတနာတစ်ခု ဖြစ်ကြပေသည်။
တစ်နှစ်ကျော်ကြာပြီးနောက် သူသည် သူ့အား ဤမျိုးဆက်တွင် ခြေကုပ်ယူနိုင်စေပြီး ဤကိုပြောင်းလဲစေနိုင်သည့် ခွန်အားတစ်ခုကို ရရှိခဲ့သည်။
ဝူး
သူ့ခေါင်းကိုလှည့်လိုက်ကာ ဝမ်ချောင် တောင်တန်းများကို ကြည့်လိုက်သည်။ လေများသည် တိုက်ခိုက်နေခဲ့ပြီး နှင်းများက ပို၍မြန်ဆန်စွာ ကျဆင်းနေခဲ့သည်။
...
“ပဲ့ထိန်း တပ်မကို ဘယ်ဘက်ကိုဆိုက်ကပ်။ မြစ်မျက်နှာပြင်က အေးခဲနေခဲ့တယ်။ ရေခဲတွေကို ကရုစိုက်”
“လုပ်သားမြန်မြန် သင်္ဘောရွက် နှစ်ခုကိုလှည့်လိုက်။ ငါတို့က အခုလေးတင် လေတွေနဲ့ ခရီးသွားနေခဲ့တာကြောင့် ငါတို့အဲ့လောက် ရွက်အများကြီးမလိုဘူး”
“သင်္ဘောသားတွေအားလုံးပဲ ငါအမိန့်ကိုလိုက်နာပြီး ဘယ်အချိန်မှာမဆို ကျောက်ချဖို့ အသင့်ပြင်ထားကြပါ”
“ကျန်တဲ့လူတွေ နေရာယူထားကြ။ ထမင်းချက် မီးတွေကို ငြိမ်းသက်ဖို့ ပြင်ဆင်ထား။ ဒီနေ့ ငါတို့ကမ်းခြေမှာ တစ်ညကုန်ဆုံးကြမယ်။ ဒီနေ့ငါတို့ ကောင်းကောင်း စားသောက်ကြမယ်”
...
ဆယ်ရက်ကျော် ကြာပြီးနောက် အမိန့်ပေးမှု တစ်စီတစ်တန်းနှင့် ရေခဲများ အက်ကွဲနေသံနှင့်အတူ ဧရာမသင်္ဘောကြီးသည် အတားအဆီးအမျိုးမျိုးကို ဧရာမ ဓားကြီးတစ်ချောင်းကဲ့သို့ ဖြတ်ကျော်လာခဲ့ပြီး ကမ်းခြေကို ချဉ်းကပ်လာခဲ့သည်။
ခလွပ် ခလွပ်
ဂျေခြောက်ရာမှ ခုနှစ်ရာလေးသော ကျောက်ကြီးနှစ်ခုသည် သင်္ဘော၏ ဘယ်နှင့်ညာမှနေ၍ ကျဆင်းသွားခဲ့သည်။ ကျောက်များသည် ရေခဲအလွှာကို ကွဲကြေသွားစေခဲ့ပြီး ရေထဲသို့ ကျဆင်းသွားခဲ့၏။
သင်္ဘောတစ်စင်း၊ သင်္ဘောနှစ်စင်း၊ သင်္ဘောသုံးစင်း... ပထမသင်္ဘော ကမ်းခြေသို့ ရောက်လာပြီးသည်နှင့် အခြားသင်္ဘောများသည်လည်း စတင်ရောက်ရှိလာခဲ့သည်။
သူတို့ကမ်းခြေကို ချဉ်းကပ်လာသည်နှင့် သင်္ဘောအုပ်စု တစ်ခုလုံးသည် ကြွေးကြော်သံများဖြင့် ပေါက်ကွဲသွားခဲ့သည်။
“ငါတို့ပြန်ရောက်လာခဲ့ပြီ ငါတို့နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ”
“ဟား ဟား ဒီလူအိုကြီးက နောက်ဆုံးတော့ မြေစာတွေ စားစရာမလိုတော့ဘူး”
“ဝိုင်အမိုက်စားနဲ့ မိန်းမလှလေးတွေ ဒီတစ်ခါငါ့ရဲ့ ပျော်ရွှင်မှုတွေ ပြည့်တော့မယ်”
“ဒီညငါမမူးမချင်း အိမ်မပြန်ဘူး”
“...”
သင်္ဘောအုပ်စု တစ်ခုလုံးသည် ကြွေးကြော်နေခဲ့ကြ၏။ ရွှမ်းကနဲ အသံတစ်ခုနှင့်အတူ လှေကားရှည်များနှင့် ဒေသလှေကားများသည် သင်္ဘောများ၏ ဘေးမှနေ၍ ကျဆင်းလာခဲ့သည်။ ၎င်းတို့၏မျက်နှာသည် နီးမြန်းနေပြီး ကွဲအက်နေသော နှုတ်ခမ်းများဖြင့် ကြမ်းတမ်းသော အသားအရည်ရှိသည့် သင်္ဘောသားများသည် တစ်ယောက်ပြီးတစ်ယောက် သင်္ဘောများမှနေ၍ ဆင်းလာခဲ့ကြသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသော သင်္ဘောသားများသည် တိုက်ရိုက် ခုန်ဆင်းသွားခဲ့ကြသည်။
တစ်ခဏချင်းမှာပင် လူပြတ်လပ်နေပြီး နှင်းများဖုံးလွမ်းနေသော ကမ်းခြေသည် လူများဖြင့် ပြည့်နှက်သွားခဲ့သည်။
---
အခန်း(၄၂၈)
ဝမ်းကွဲအစ်ကိုကြီး၊ ဝမ်းကွဲညီလေး
၎င်းတို့၏ မျက်နှာများသည် အအေးဒဏ်ကြောင့် နီရဲနေခဲ့ကြသော်လည်း ၎င်းတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့ကြသည်။
ထမင်းချက်များ၊ သင်္ဘောသားများ၊ အလုပ်သမားများ၊ ပဲ့ထိန်းများ၊ အစောင့်များ လေးသမားများ တစ်ယောက်ပြီးတစ်ယောက်တို့သည် သင်္ဘောပေါ်မှ ဆင်းလာခဲ့ကြသည်။ လူတိုင်းထွက်သွားပြီးနောက် လေနှင့်အအေးဒဏ်ကို ခံစားခဲ့ရသည့် မျက်နှာနှင့် လူငယ်လေးတစ်ယောက်သည် ပထမဆုံး သင်္ဘောပေါ်တွင် ပေါ်လာခဲ့သည်။
ဤလူငယ်လေးသည် အလွန်အသက်ကြီးပုံ မပေါ်သော်လည်း သူ့မျက်လုံးများက တည်ငြိမ်ပြီး အချိန်၏တိုက်စားမှုကို ခံထားရပုံရသည့် ဝါရင့်စစ်မှုထမ်းတစ်ဦးပုံရသည်။ သူတို့သည် လူငယ်လေးတစ်ယောက်တွင် ရှိသင့်သည့် မျက်လုံးများမဟုတ်ကြဘဲ ပြောပြရန် ဇာတ်လမ်းတစ်ပုဒ်ရှိကြသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးနှင့်ပို၍ သင့်လျော်ပေသည်။
“ငါနောက်ဆုံးတော့ ပြန်ရောက်လာပြီ”
ဝမ်လျန် အေးစက်စက် လေအေးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ သင်္ဘောသားများ၏ သိပ်သည်းပြီး အသက်ဝင်လှကာ ဖော်ရွေသော လူအုပ်ကြီးနှင့် ထို့အတူ ရင်းနှီးသော်လည်း အဖြူရောင် ဖုံးလွှမ်းနေသည့် ဘာမှမရှိသော ကမ်းခြေကိုကြည့်ကာ သူစိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူသည် နှစ်တစ်ဝက်သာ ဤနေရာမှ ထွက်ခွာခဲ့သော်လည်း ထိုသည်မှာ အခြားဘဝတစ်ခုကဲ့သို့ အလွန်ရှည်ကြာပုံရသည်။
သူသည် ဤစွန့်စားမှုတွင် အရာများစွာကို မြင်ခဲ့ရပြီး အရာများစွာကို ကြုံတွေ့ခဲ့ရသည်။
အေးစက်စက်လေများကို တစ်ဝကြီး ရှုရှိုက်လိုက်ကာ ဝမ်လျန်သူ့ဝတ်ရုံကိုမလိုက်ပြီး သစ်သားသင်္ဘော လှေကားများမှ စတင်ဆင်းသက်လိုက်သည်။ သူဆင်းလာသည်နှင့် လှေကားထစ်များသည် တကျွီကျွီ မြည်နေခဲ့ပြီး မြည်သံတစ်ခုစီက သင်္ဘောသားများ၏ နားများထဲတွင် ပဲ့တင်ထပ် နေခဲ့ကြသည်။
“ကပ္ပတိန်”
“ကပ္ပတိန်”
“ကပ္ပတိန်”
***
ဝမ်လျန်ဆင်းလာသည်ကိုကြည့်ကာ ဆ်ိပ်ကမ်းရှိလူတိုင်းသည် သင်္ဘောသားများ၊ အလုပ်သမားများ၊ အစောင့်များ၊ ထမင်းချက်များ၊ ရေကြောင်းထိန်းများ၊ မြှားသမားများ၊ လေးသမားများနှင့် ကင်းသမားတို့သည် စတင်ကြွေးကြော်လိုက်ကြသည်။
မျက်လုံးတစ်စုံစီသည် ယုံကြည်ကိုးကွယ်မှုဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုသည်မှာ ဤဆင်းလာသော လူငယ်လေးသည် ကျော်ကြားပြီး သြဇာလွှမ်းမိုးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ပင်။
ကြွေးကြော်သံများ တစ်လိုင်းပြီးတစ်လိုင်း လူအုပ်ကြီးထံမှ ထွက်ပေါ်လာခဲ့ပြီး နှင်းမုန်တိုင်း သို့မဟုတ် အရိုးခိုက်မတက် အေးစက်မှုသည်ပင် ၎င်းတို့ကို မရပ်တန့်နိုင်ခဲ့ပေ။ ဝမ်ကလန်၏ အစောင့်များသည်ပင် ဝမ်လျန်မည်သူဆိုသည်ကို တစ်ခဏတာ မေ့လျော့သွားခဲ့ပြီး တစ်ခြားသူများကဲ့သို့ပင် ၎င်းတို့၏ အရေးအကြီးဆုံး ကပ္ပတိန်အဖြစ် သူ့ကိုသြဘာပေးလိုက်ကြသည်။
၎င်းတို့၏နှလုံးသားများသည် ကပ္ပတိန်အနေဖြင့် သူ၏အထောက်အထားသည် သခင်လေးလျန်အနေဖြင့် သူ၏အထောက်အထားထက် ပို၍မြင့်မားပြီး လေးစားရန် ထိုက်တန်ပေသည်။
သူသည်နောက်ဆုံးတွင် သင်္ဘောပေါ်မှ ဆင်းလာခဲ့ပြီး သူ့ခြေဖဝါးများက မာကြောသော မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ မရေမတွက်နိုင်သော မျက်လုံးများကို သူတွေ့ဆုံလိုက်သောအခါ ဝမ်လျန်သည် ပင်မကုန်းမြင့်ပေါ်သို့ ခြေချပြီးနောက် သူပထမဆုံး စကားလုံးကို ပြောလိုက်သည်။
“ငါတို့ပြန်ရောက်လာခဲ့ကြပြီ။ ငါမင်းတို့အားလုံးကို ကတိပေးထားသလိုပဲ မင်းတို့အားလုံး လိုချင်တာ ရလိမ့်မယ်။ အဲ့ဒါက ကြွယ်ဝမှုပဲ”
“ကပ္ပတိန်”
“ကပ္ပတိန်”
****
စိတ်လှုပ်ရှားနေခဲ့ပြီဖြစ်သော လူအုပ်ကြီးသည် ချက်ချင်းပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ထိုတောက်ပနေသော မျက်လုံးများက ၎င်းတို့ထဲတွင် အကြွင်းမဲ့ ယုံကြည်မှုဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့တစ်ယောက်ချင်းစီသည် ဝမ်လန်၏ သစ္စာအရှိဆုံး နောက်လိုက်နှင့်အစောင့်များ ဖြစ်ကြသည်။
တစ်ယောက်ယောက်... အကယ်၍ တစ်ယောက်ယောက်သည် ဝမ်လျန်ကို အန္တရာယ်ပြုလိုပါက သူတို့သည် ထိုလူကို အပိုင်းအစများအဖြစ် ဆွဲဖြဲပေလိမ့်မည်။
လူအုပ်ကြီးက စိတ်လှုပ်ရှားဆုံးအချိန်သို့ ရောက်နေချိန်တွင် အဝေးမှနေ၍ မြင်းခွာသံများ ထွက်ပေါ်လာခဲ့ကာ ၎င်းတို့၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဤမြင်းခွာသံများသည် အစပိုင်းတွင် ဝေဝါးနေခဲ့သော်လည်း အလျှင်အမြန် ကျယ်လောင်လာခဲ့ကာ မြင်းအုပ်လိုက်ကြီးက ကမ်းခြေဆီသို့ ဦးတည်လာခဲ့သည်။
“အဲ့ကိုကြည့်လိုက်”
တစ်စုံတစ်ယောက်က အဝေးသို့ ညွှန်ပြလိုက်ပြီး အော်ဟစ်လိုက်သည်။ တစ်ခဏချင်းမှာပင် လူတိုင်းသည် ထိုအရပ်သို့ ကြည့်လိုက်ကြပြီး အနက်ရောင်နှင့် ခမ်းနားထည်ဝါသော ဒီရေက ကမ်းခြေဆီသို့ လှိုင်းတက်လာနေသည်ကို သူတို့တွေ့လိုက်ရသည်။
“ဂီး”
ရှေ့ဆုံးတွင် ရွှေရောင်လင်းယုန်တစ်ကောင်သည် အော်ဟစ်လိုက်ကာ ၎င်း၏တောင်ပံများက သတ္ထုကဲ့သို့ နှင်းများကို ဖြတ်ခုတ်နေခဲ့သည်။
ထိုရွှေရောင်လင်းယုန်ငှက်၏ အောက်တည့်တည့်တွင် အုပ်စုတစ်ခုကို ဦးဆောင်နေသည့် သူ့မျက်ခုံးများက ဖြောင့်မတ်ပြီး မျက်လုံးများက တောက်ပကာ ပိုးသားအင်္ကျီကို ဝတ်ဆင်ထားသည့် (၁၆)နှစ် သို့မဟုတ် (၁၇)နှစ်အရွယ် လူငယ်လေးဖြစ်သည်။ သူသည် ငယ်ရွယ်သော်လည်း ဤလူငယ်၏ အပြုအမူတိုင်းသည် အခြားလူများကို သူ့အားယုံကြည်စေသည့် ခမ်းနားထည်ဝါမှုတစ်ခုကို သယ်ဆောင်ထားပုံရသည်။
“သခင်လေး အဲ့ဒါသခင်လေးချောင်ပဲ”
ဝမ်ကလန်၏အစောင့်များသည် လူအုပ်ထဲတွင် သူ့ကိုမှတ်မိသည့် ပထမဆုံးလူများ ဖြစ်ခဲ့ကြသည်။ တစ်ခြားလူများသည်လည်း မကြာမီ မှတ်မိသွားခဲ့ကြ၏။ မြို့တော်တွင် ဝမ်ကလန်၏ ချီလင်သားကို မသိသည့်သူ အနည်းငယ်သာ ရှိပေသည်။
ရေကြောင်းသင်္ဘောအုပ်စု၏ အဖွဲ့ဝင် တော်တော်များများသည် ဝမ်ကလန်၏ ဤအငယ်ဆုံး သခင်လေးကြောင့် လိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။ အတိအကျပင် သူတို့ထဲမှ အနည်းငယ်သည် သူ၏ဂုဏ်သတင်းကြောင့် ဖြစ်သော်လည်း ပို၍များပြားသော လူများမှာ ဒဏ္ဍာရီလာ ကျောက်စိမ်းရိုင်းသံမဏိ လက်နက်များကြောင့်ဖြစ်ပြီး အခြားသူများမှာ သူ၏အံ့မခန်း ကြွယ်ဝချမ်းသာမှုကြောင့် ဖြစ်ပေသည်။
“ဝမ်းကွဲအစ်ကိုကြီး မင်းနောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ"
ဝမ်ချောင် နှင်းများကိုဖြတ်၍ သူ့မြင်းကို မောင်းသွားလိုက်၏။ ကမ်းခြေ၏ အေးခဲနေသော မြေပြင်နှင့် အေးခဲနေသည့် ရေများဆီသို့ သူချဉ်းကပ်သွားသောအခါ သူသည် လူအုပ်ကြီး၏ နောက်ဆုံးတွင် ရှိနေသည့် ဝမ်လျန်ကို အကြည့်တစ်ချက်မျှဖြင့် ချက်ချင်း မှတ်မိလိုက်နိုင်သည်။
သူသည် လူအုပ်ကြီးကို ဖြတ်သန်းသွားခဲ့ပြီး မြင်းပေါ်မှဆင်းလိုက်ကာ ရှေ့သို့တစ်လှမ်း တိုးလိုက်ပြီးနောက် သူ့ဝမ်းကွဲကို ဖက်လိုက်သည်။
“ဟား ဟား ငါပြန်လာပြီ ငါပြန်ရောက်လာပြီ...”
ဝမ်လျန်သည်လည်း ရယ်မောလိုက်ပြီး ဝမ်ချောင်ကို ပြန်ဖက်လိုက်၏။
ဤသမုဒ္ဒရာ စွန့်စားမှုသည် အမှန်ပင် ကြမ်းတမ်းခဲ့ပြီး ၎င်းတို့ထဲမှတစ်ခုတွင်သူသည် သူ့အသက်နှင့် လွတ်မြောက်ရုံလေး လွတ်မြောက်ခဲ့ကာ ပင်လယ်ထဲတွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ သို့တိုင် ယခုအခါသူသည် အိမ်သို့ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝမ်လျန် ကျေးဇူးအတင်ဆုံးလူမှာ ဝမ်ချောင်ဖြစ်ပေသည်။
အကယ်၍ ဝမ်ချောင်ကြောင့် မဟုတ်ပါကသူသည် မြို့တော်၏ တံတိုင်းများကို ဘယ်တော့မှ စွန့်ခွာလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာသူသည် ဈေးထဲတွင် ရှိနေသေးပြီး သူ၏ပျံသန်းနိုင်သည့် ငှက်များကို ပြုလုပ်ကာ သူ၏အရုပ်များကို ရောင်းချနေပေလိမ့်အုံးမည်။
ဝမ်ချောင်ကြောင့် မဟုတ်ပါက သူသည် သူ့အိမ်အပြင်ဘက်တွင် တည်ရှိနေသည့် အံ့သြစရာ လောကအကြောင်း ဘယ်တော့မှ သိနိုင်လိမ့်မည် မဟုတ်ပေ။ သို့မဟုတ် ပင်လယ်သမုဒ္ဒရာ၏ ကျယ်ပြောမှုကို ဘယ်တော့မှ သိနိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ချောင်ကြောင့်မဟုတ်ပါက သူသည် သူ့နှလုံးသား၏ အနက်ပိုင်းရှိ သူအမြဲလိုချင်နေသည့်အရာကို ဘယ်တော့မှ တွေ့ခဲ့လိမ့်မည်မဟုတ်ပေ။
လက်ရှိသူသည် အမှန်ပင် အစစ်အမှန် သူဖြစ်ပေသည်။
သူသည် ပျင်းစရာကောင်းသောဘဝကို မလိုချင်ခဲ့ပေ။ သာလွန်သော သိုင်းပညာရပ်မရှိလျှင်ပင် သူ့ကလန်၏ နောက်ခံမရှိလျှင်ပင် သူသည် အခြားလူများ၏ သစ္စာရှိမှု၊ ကာကွယ်ပေးမှုနှင့် လေးစားမှုများကို ရရှိရန် သူ၏ကိုယ်ပိုင် အသိပညာများနှင့်စွမ်းရည်ကို မှီခိုနိုင်ဆဲဖြစ်သည်။
“ဝမ်းကွဲညီလေး ငါမင်းကို စိတ်မပျက်စေခဲ့ဘူး။ ငါမင်းလိုချင်တဲ့အရာကို ယူလာခဲ့တယ်”
ဝမ်လျန်လွှတ်လိုက်ပြီး သူ့နောက်ရှိ ကမ်းခြေတွင်မျောနေသော သင်္ဘောကြီးများကို ညွှန်ပြလိုက်သည်။ လူများစွာတို့သည် ဤပင်လယ်ရေကြောင်းခရီးတွင် သေဆုံးခဲ့ရပြီး သူတို့သည် မနည်းလှသော မိုးကြိုးမုန်တိုင်းများနှင့် ဟာရီကိန်းများကို ခံစားခဲ့ရသည်။ ၎င်းတို့၏ အကြီးမားဆုံး ရိတ်သိမ်းမှုသည် သူ့နောက်ရှိ သင်္ဘောကြီးများတွင် သိုလှောင်ထားခဲ့ပေသည်။
ဤအရာများက ကောင်းကင်အလွန်မှ ဥက္ကာခဲများ ဖြစ်ကြသည်ဟု ဝမ်ချောင်က သူ့ကိုပြောခဲ့သော်လည်း သူတို့တစ်ယောက်မှ မစမ်းကြည့်ခဲ့ကြပေ။ ထိုသေဆုံးမှုများနှင့် ဆင်းရဲဒုက္ခများ အားလုံးတို့ တန်မည်လားဆိုသည်မှာ ဝမ်ချောင်၏ အတည်ပြုချက်အပေါ် လုံးဝမူတည်နေပေသည်။
ဝမ်လျန်၏ စကားလုံးများကို ကြားသည်နှင့် ဝမ်ချောင်သည်လည်း ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်ချောင် ကြည့်လိုက်သည့်အရာမှာ သင်္ဘောများ၏ ကုန်းပတ်များကို မဟုတ်သော်လည်း သာမာန်သင်္ဘောများထက် ရေနှင့်များစွာ နီးကပ်နေသည့့် ကုန်းပတ်များကိုဖြစ်သည်။
“ဝမ်းကွဲအစ်ကိုကြီး ကျွန်တော်ခင်ဗျားကို ဒုက္ခပေးမိပါပြီ။ ဒီကိစ္စကို တစ်ခြားလူတွေဆီ လွှဲထားကြရအောင်။ ငါတို့အရင်ဆုံး ပြန်ကြမယ်။ မင်းကအချိန်အကြာကြီး ထွက်ခွာခဲ့ပြီး မင်းရဲ့ပင်လယ်ရေကြောင်း ခရီးအကြောင်း ငါအရမ်းကြားချင်နေပြီ”
ဝမ်ချောင်ပြောလိုက်၏။
သူ့ရှေ့ရှိ ဝမ်လျန်သည် ပထမဆုံး ထွက်ခွာသွားခဲ့သည့်လူနှင့် လုံးဝခြားနားပေသည်။ သူ့မျက်နှာ လည်တိုင်နှင့် လက်များအားလုံးတို့သည် သမုဒ္ဒရာရှိ ပူပြင်းလှသော နေရောင်ကြောင့် ညိုမည်းနေခဲ့ပြီး ကြမ်းတမ်းပြီး ရာသီဥတုဒဏ် ခံထားရသော အသားအရည်က မဟာကလန်ကြီး၏ မျိုးဆက်တစ်ယောက်နှင့် လုံးဝခြားနားနေပေသည်။
ဝမ်ချောင်သည် ဤကဲ့သို့တည်ငြိမ်ပြီး ကျက်သရေရှိသော လူတစ်ယောက်ကို မြင်တွေ့ရန် လုံးဝမမျှော်လင့်ထားခဲ့ပေ။
ဝမ်လျန်သည် ၎င်းကိုမပြောခဲ့လျှင်ပင် ဝမ်လျန်တွင် ဤခရီးမှ ဇာတ်လမ်းများစွာရှိမည်ကို ဝမ်ချောင် ခံစားနိုင်ပေသည်။
“ခဏစောင့်အုံး”
ဝမ်လျန် ဝမ်ချောင်ကို ရပ်တန့်လိုက်၏။ ဝမ်ချောင်၏ အံ့သြနေသောအကြည့်ကို ရင်ဆိုင်လိုက်ရသည်နှင့် ဝမ်လျန်တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ထို့နောက် သူ့ရှေ့ရှိ သင်္ဘောအုပ်စု၏ အဖွဲ့ဝင်များကို ညွှန်ပြလိုက်သည်။
“ဒီရေကြောင်းခရီးမှာ ငါနဲ့အတူ ထွက်ခွာခဲ့တဲ့ ဒီလူတွေက သူတို့အသက်ကို ဆုံးရှုံးရလုနီးပါးပဲ ငါသူတို့ကို ငါတို့ပြန်ရောက်လာတဲ့အခါ သူတိို့ကို ကြီးမားတဲ့ ကြွယ်ဝမှုတစ်ခု ရစေရမယ်လို့ ကတိပေးထားတယ်”
“ဟား ဟား ဟား အဲ့ဒါကြောင့်လား၊ စိတ်ချထားပါ။ ငါပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မင်းအဲ့မှာ ဘာမြင်လဲ”
ဝမ်ချောင်သူ့နောက်သို့ ညွှန်ပြလိုက်၏။ ဝမ်ချောင်၏ လက်ချောင်းနောက်လိုက်ကာ ဝမ်လျန် ကြေးနီမှပြုလုပ်ထားသော လေးလံသည့် သေတ္တာများကို သယ်ဆောင်ထားသည့် မြင်းများနှင့် အဖွဲ့များစွာကို မြင်လိုက်ရသည်။
ဝမ်လျံ့စတင် ရေတွက်လိုက်၏။ တစ်၊ နှစ်၊ သုံး... ဤသေတ္တာများ ဆယ်လုံးကျော်ရှိပေသည်။
ဝမ်ချောင် လက်ဖျောက်တီးလိုက်၏။ မြင်းသမားတစ်ယောက်သည် ဆေဘာဓားကို ဆွဲထုတ်လိုက်ပြီး ခလွမ်းကနဲ အသံနှင့်အတူ သေတ္တာများထဲမှ တစ်ခုပေါ်ရှိ သော့ကိုခုတ်ဖျက်လိုက်သည်။ လက်တစ်ဖက်ဖြင့် သူ သေတ္တာအဖုံးကို မလိုက်၏။ တစ်ခဏချင်းမှာပင် မျက်စိကြိမ်းမတက် ရွှေရောင်အလင်းတန်းများ ယိုဖိတ်လာခဲ့သည်။
ထိုကြေးသေတ္တာများသည် မျက်စိကြိမ်းမတက် ရွှေများဖြင့် ပြည့်နှက်နေခဲ့ပေသည်။
ရွှေဖြင့်ပြည့်နှက်နေသည့် ထိုသေတ္တာများကို မြင်သည်နှင့် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့ထဲမှ စိတ်မရှည်သည့် လူတစ်ချို့သည် စတင်၍ပင် ပြေးလွှားသွားခဲ့ကြသည်။
“သွားကြစို့”
ဝမ်ချောင် ဦးဆောင်လိုက်၏။ ဤတစ်ကြိမ်တွင် ဝမ်လျန်သည် မငြင်းဆန်တော့ဘဲ မြင်းပေါ်သို့ တက်လိုက်သည်။ သူ့နောက်တွင် ဝမ်ချောင် လက်ဖြောက်တီးလိုက်ပြီး ထိုအချိန်တွင် ကလန်အစောင့်များ၊ သူ့ဦးကြီး စေလွှတ်ခဲ့သော အစောင့်များနှင့် အကြီးအကဲဟူ အကြီးအကဲရီတို့မှ ပို့လွှတ်ခဲ့သော ကျွမ်းကျင်သူများ အားလုံးတို့သည် ကမ်းခြေရှိ သင်္ဘောကြီးများဆီသို့ ပြေးသွားခဲ့ကြသည်။
***
ဝမ်ချောင်သည် ဝမ်လျန်ကို ကြိုဆိုရန် သူ့ကိုယ်ပိုင် စားသောက်ဆိုင်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
စားသောက်ဆိုင် တစ်ခုလုံးသည် လူသူကင်းမဲ့နေခဲ့ပြီး စားပွဲများသည် အစားအသောက် ကောင်းများနှင့် ဝိုင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပြတင်းများနှင့် တံခါးများကိုပိတ်လိုက်ပြီး မီးသွေးမီးဖိုတစ်ချို့ကို ဖို့လိုက်ပြီးနောက် အခန်းထဲရှိလေထုသည် လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
အခန်းအပြင်ဘက်တွင် ဆောင်းလေပြင်းများ တိုက်ခတ်နေပြီး နှင်းများ ကျဆင်းနေခဲ့သော်လည်း အခန်းသည် နွေးထွေးနေခဲ့သည်။
ဝမ်ချောင်နှင့်ဝမ်လျန်၊ ဤဝမ်းကွဲနှစ်ယောက်တို့သည် စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။ လူအိုကြီး လင်းယုန်ငှက်သည် ဘေးတွင်ထိုင်နေခဲ့ပြီး လင်းယုန်ငှက်တစ်ကောင်က သူ့ပုခုံးပေါ်တွင် နားနေခဲ့သည်။
ဝမ်လျန်သည် မီးဖိုမှနေ၍ နွေးထွေးသော ဝိုင်တစ်အိုးကို ယူလိုက်သည်။ သူသည် ပထမဆုံး သူ့အတွက် တစ်ခွက်ငှဲ့လိုက်ပြီး ထို့နောက် ဝမ်ချောင်အတွက် တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက်သူသည် ဟင်းအိုးမှနေ၍ အငွေ့တစ်ထောင်းထောင်းထနေသည့် နူးညံ့သော အမဲသားတစ်ပိုင်းကို ယူလိုက်ကာ အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်သည်။
“ကောင်းတယ် အရသာရှိတယ်”
ဝမ်လျန် ချီးကျူးလိုက်ပြီး စတင်စားသောက်လိုက်ကာ မကြာခဏ ဝိုင်သောက်နေခဲ့သည်။
“မင်း အရက်မသောက်တတ်ပါဘူး”
ဝမ်ချောင် ဝမ်လျန်ကိုကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်၏။
အတိတ်ရှိဝမ်လျန်သည် ဤသို့သောအရာကို ဘယ်တော့မှ မလုပ်ခဲ့သော်လည်း ယခုအခါသူသည် သာမာန်ကဲ့သို့ ပြုလုပ်နေခဲ့သည်။ သူသည် မဟာကလန်ကြီးတစ်ခု၏ မျိုးဆက်တစ်ယောက်နှင့်မတူဘဲ ပင်လယ်ထဲတွင် အချိန်အကြာကြီး ကုန်ဆုံးခဲ့သည့် သင်္ဘောသားတစ်ယောက်နှင့် ပိုတူနေခဲ့သည်။
“ဟား ဟား ငါကြုံခဲ့ရတဲ့အရာကို မင်းကြုံတွေ့ခဲ့ရင် မင်းလည်းဒီလို ဖြစ်နေလိမ့်မယ်”
ဝမ်လျန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူစကားပြောလိုက်သောအခါ သူသည် သူ့အမဲသားကို ဆက်လက် စားသောက်နေခဲ့ပြီး သူ့ဝိုင်ကို ဆက်လက် သောက်သုံးနေခဲ့သည်။
“ဘာတွေဖြစ်ခဲ့လို့လဲ”
ဝမ်ချောင် မေးလိုက်၏။
သူသည် ဤမေးခွန်းကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့ပြီးဖြစ်သည်။
ဝမ်လျန် တုန့်ဆိုင်းမနေဘဲ ချက်ချင်း ပင်လယ်ထဲတွင် သူအတွေ့အကြုံများကို ပြန်ပြောပြလိုက်သည်။ ဝမ်ချောင်သည် ၎င်းကို မျှော်လင့်ထားခဲ့သော်လည်း သူသည်မတက်နိုင်ဘဲ ဝမ်လျန်၏ ဇာတ်လမ်းကြောင့် လှုပ်ရှားသွားခဲ့သေးသည်။
သမုဒ္ဒရာသည် ချောက်နက်ကြီးတစ်ခု ဖြစ်ပေသည်။
ကုန်းမြေနှင့်ဝေးကွာပြီး သူတော်ကောင်းတရားနှင့် ဝေးကွာသော ထိုနေရာတွင် တစ်ယောက်သည် ဆိုးရွားသော ချောက်နက်နှင့် ပိုမိုနီးစပ်ပြီး တစ်ယောက်၏ အကျင့်စရိုက်သည် အဆိုးရွားဆုံး စမ်းသပ်မှုများကို ကြုံတွေ့ရပေလိမ့်မည်။
ထိုနေရာတွင် ဝမ်လျန်သည် အတွင်းရောအပြင်ပါ ပြဿနာမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။
သူမူးလာသောအခါ ဝမ်လျန်သည် သူ့အတွေ့အကြုံများကို ပြောပြခဲ့သော်လည်း ဝမ်လျန်ကိုကာကွယ်ရန် သူစေလွတ်ခဲ့သော ဝမ်ကလန် အစောင့်များက ပုန်ကန်ခဲ့သည်ကို ကြားလိုက်ရသော အခါမှသာ ဝမ်ချောင်သည် ဝမ်လျန်ကြုံတွေ့ခဲ့ရသည့် အခြေအနေက မည်မျှရှုပ်ထွေးကြောင်း နားလည်သွားခဲ့သည်။
သမုဒ္ဒရာသည် လူကောင်းများကို အဆိုးရွားဆုံး ဖြစ်စေခဲ့ပြီး အဆိုးရွားဆုံးလူများကို အကောင်းဆုံးလူ ဖြစ်စေခဲ့ကာ စွမ်းရည်မရှိဆုံးသော လူများကို အကြီးမားဆုံး အလားအလာများ လှုံ့ဆော်ပေးခဲ့သည်။
******************************
အခန်း(၄၂၉)
တတိယမြောက်လောက အချုပ်အနှောင်
ဝမ်လျံသူ၏ ခရီးအကြောင်းကို ပြန်ပြောပြသောအခါ ဝမ်ချောင်သည်ပင် တုန်လှုပ်သွားခဲ့ရသည်။ အဆုံးမရှိသော သမုဒ္ဒရာရှည်တွင် အသန်မာဆုံးသော စစ်သည်တစ်ယောက်၏ ခွန်အားသည် အသေးအမွှား ဖြစ်ပုံရသည်။
ဝမ်လျံ၏ ဇာတ်ကြောင်းသည် သူကသမုဒ္ဒရာ၏ အန္တရာယ်များကို လျော့တွက်ထားမိကြောင်း ဝမ်ချောင်ကို သိရှိသွားစေခဲ့သည်။ ထိုအချိန်က သူ၏အဆိုးရွားဆုံး အခြေအနေသည်ပင် ဝမ်ချောင်သည် သမုဒ္ဒရာသို့ လုံးဝခရီးမသွားခဲ့ဖူးပေ။
အကြီးမားဆုံးသော သင်္ဘောများ၊ ကလန်၏ အသန်မာဆုံးသော အစောင့်များနှင့် ဝမ်ကလန်၏ ကျောထောက်နောက်ခံ... ဝမ်ချောင်သည် ဤအရာများက သူ့အတွက် စိတ်ချရရန် လုံလောက်လိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း ပြန်စဉ်းစားကြည့်သောအခါ သူသည် အလွန်နုံအကြောင်း နားလည်သွားခဲ့သည်။
ကုန်းမြေနှင့်မတူဘဲ ပင်လယ်သမုဒ္ဒရာသည် အချိန်တိုင်း ပြောင်းလဲနေပေသည်။
အကယ်၍ တစ်ယောက်သည် ပင်လယ်ထဲသို့ ကျဆင်းခဲ့ပါက အားအကောင်းဆုံး စစ်သည်သည်ပင် သေဆုံးခြင်းဖြင့် အဆုံးသတ်သွားပေလိမ့်မည်။ ထို့အပြင် တစ်ယောက်သည် သဘာဝတရား၏ ခွန်အားကိုသာ ရင်ဆိုင်ရခြင်း မဟုတ်ပေ။ တစ်ယောက်သည် လူသားများ၏ ရှုပ်ထွေးလှသောစိတ်နှင့် သဘောသဘာဝကိုလည်း ရင်ဆိုင်ရန်လိုအပ်သည်။
အစားအစာ ပြတ်လပ်ခြင်း ဆိုးရွားလှသော အခြေအနေများ နှစ်ဝက်ကျော် ကုန်းမြေကို မတွေ့ရှိရခြင်းနှင့် ကုန်းမြေသို့ ပြန်ရောက်လာရန် အာမခံမှုမရှိခြင်း ဤအခြေအနေများ အားလုံးတို့သည် လူ့နှလုံးသား၏ အဆိုးရွားဆုံးဘက်ခြမ်းကို လုပ်ဆောင်သွားခဲ့ကြသည်။
အန္တရာယ်အများဆုံး အခြေအနေများတွင် ဝမ်လျံသည် သုံးခုထက်ပိုသော ကိန်းများကို တစ်ပြိုင်နက်ရင်ဆိုင်ရန် လိုအပ်ခဲ့ပြီး ဂိုဏ်းတစ်ခုစီသည် သူ့ကိုသတ်ချင်ခဲ့ကြကာ သူ့နေရာကို လိုချင်ခဲ့ကြသည်။
သူသင်္ဘောပေါ်ရှိ ထမင်းချက်များသည်ပင် ထိုသို့သော ရည်မှန်းချက်များကို ပိုင်ဆိုင်ထားခဲ့ကြသည်။
လူတိုင်းသည်သူ့ကို အတွန့်တက်နေခဲ့ကြပြီး အပြစ်တင်နေခဲ့ကြသည်။ လူတိုင်းသည် သူက မှားယွင်းနေသည်ဟု ယုံကြည်ထားခဲ့ပြီး သူ့နေရာကို လိုချင်ခဲ့ကာ ကျန်သည့်ရေယာဉ်များကို အပိုင်စီးချင်ခဲ့သည်။
“... ငါမင်းကို ပြောဖို့လိုအပ်တဲ့ တစ်ခြားအရာ ရှိသေးတယ်။ ဥက္ကာခဲသတ္ထုနဲ့ ပတ်သတ်တဲ့ကိစ္စက ဖော်ထုတ်ခံလိုက်ရပြီးပြီ” ဝမ်လျံရုတ်တရက် ပြောလိုက်၏။
“ဘာ”
ဝမ်ချောင်၏ နထင်များသည် တင်းကြပ်သွားခဲ့ပြီး သူ့တူက လေထဲတွင် ရပ်တန့်သွားခဲ့သည်။ ဥက္ကာခဲသတ္ထုသည် အလွန်အရေးကြီးပြီး အပြင်လူများကို အလွန်ဖော်ပြ၍မရပေ။
ထိုသို့မဟုတ်ပါက ဥက္ကာခဲများကို ရှာဖွေနေသည့် ထိုဂိုဏ်းများသည် မြစ်တစ်ခုမှ ဆင်းလာနေသော ငါးကြင်းအုပ်စု တစ်ခုကဲ့သို့ သမုဒ္ဒရာကို ဖြတ်ကျော်ပေလိမ့်မည်။
ဥက္ကာခဲသတ္ထုသည် ဟိုက်ဒြာဘက် သတ္ထုရိုင်းနှင့် ယှဉ်နိုင်သည့် သတ္ထုရိုင်းဖြစ်သည်။ ထို့အပြင် ဤဥက္ကာခဲသတ္ထု အပိုင်းအစများ တစ်ခုနှင့်တစ်ခု ရှိခြင်းမဟုတ်ပေ။ သို့သော် ပင်လယ်ထဲတွင် ထိုကျွန်းများပေါ်တွင် ပမာဏများစွာ ရှိနေခြင်းဖြစ်သည်။
ဤသို့သော လျို့ဝှက်ချက်မျိုးသည် မဟာကလန်ကြီးများကို ဆွဲဆောင်ရန်နှင့် သမုဒ္ဒရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လှုံ့ဆော်ရန် လုံလောက်ပေသည်။
ဟိုက်ဒြာဘက် သတ္ထုရိုင်း၏ လျို့ဝှက်ချက်သည် ဖော်ထုတ်ခံခဲ့ရပြီး ယွမ်ကလန်နှင့် ချီဘုရင်တို့က ရှာဖွေဖော်ထုတ်ခဲ့သည်။ ယွမ်ကလန်နှင့် ချီဘုရင်တို့က သိရှိခဲ့ကြသည်။ ဥက္ကာခဲသတ္ထုရိုင်းသည်လည်း ၎င်းကိုရှာဖွေတွေ့ရှိပြီး မကြာမီ ဖော်ထုတ်ခံခဲ့ရပါက သူ့လမ်းကြောင်းအတွက် ကြီးမားသော ထိုးနှက်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
“... ဒါပေမဲ့ မင်းစိုးရိမ်စရာ မလိုပါဘူး။ ငါအဲ့ဒါကို ကရုစိုက်ဖို့ မင်းကိုကူညီခဲ့ပြီးပြီ။ ငါကလွဲလို့ ဒီသင်္ဘောအုပ်စုမှာ တစ်ခြားဘယ်သူမှ မသိကြဘူး” ဝမ်လျံ ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဝိုင်တစ်ငုံ့ သောက်လိုက်၏။
“အဲ့ဒါကို ကရုစိုက်ခဲ့ပြီးပြီလား”
ဝမ်ချောင် ကြက်သေ သေသွားခဲ့၏။
“ဟား ဟား ဒီကျွန်းတွေကနေ ပင်မကုန်းမြေဆီကို သွားတဲ့ခရီးက အရမ်းရှည်ကြာလွန်းတယ်” ဝမ်လျံ သာမာန်သာ ပြောလိုက်၏။
ဝမ်ချောင်သည် ဝမ်လျံ၏ အသံထက်ရှိ သိပ်သည်းသော သွေးအနံ့ကို ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူခေါင်းမော့လိုက်ပြီး သူ့ကလန်၏ ဤလူပျင်းကို ကရုတစိုက် အကဲခတ်လိုက်သည်။ ထို့နောက်မှသာ ဝမ်လျံက ရာသီဥတုဒဏ် ခံခဲ့ရသော အသားအရည်သာ ရှိရုံမက သူ့မျက်လုံးများတွင် ဝမ်ချောင်ယခင်က ဘယ်တော့မှ မမြင်ခဲ့ဖူးသည့် ဆုံးဖြတ်ချက် ပြတ်သားမှုတစ်ခုလည်းရှိကြောင်း သူနားလည်သွားခဲ့သည်။
မဟုတ်ပေ။ သူသည်၎င်းကို မြင်ခဲ့ဖူးပေသည်။
၎င်းမှာ ဝမ်ကလန် ပျက်စီးပြီး လူတိုင်းက အိမ်ခြေရာမဲ့ ဖြစ်သွားသောအခါတွင်ဖြစ်သည်။ ၎င်းတို့၏ စိတ်ဓာတ်အကြီးအကျယ် ကျနေသည့်အချိန်တွင် ထိုအမြဲအားနည်းသော ဝမ်းကွဲသည် ရှေ့ထွက်လာခဲ့ပြီး သူ၏အားနည်းသော ခန္ဓာကိုယ်ကို သူ့ကလန်တစ်ခုလုံးအား ကာကွယ်ရန် အသုံးပြုခဲ့သည်။
ထိုဆိုးရွားလှသော အခြေအနေများတွင် သူ့ဝမ်းကွဲ၏မျက်နှာသည် အတိအကျပင် ဤသို့သော အမူအရာ ရှိနေခဲ့သည်။
မဟုတ်ပေ။ ထိုအချိန်က ဝမ်းကွဲသည်ပင် ယခုသူ့ရှေ့ရှိ ထိုင်နေသောတစ်ယောက်ကို မယှဉ်နိုင်ပေ။
ဝမ်ချောင်သည် မည်သို့သော စမ်းသပ်မှုများက သူ့ဝမ်းကွဲကို နေ့ဝက်အတွင်း ဤအခြေအနေသို့ ဖြစ်စေခဲ့သလဲဆိုသည်ကို စိတ်ကူးမကြည့်နိုင်ခဲ့ပေ။
ထို့အပြင်သူသည် ထိုကရုမစိုက်သော မျက်နှာအောက်တွင် ဆက်လက် မည်မျှများများက ပုန်းကွယ်နေသည်ကို မသိခဲ့ပေ။
မယုံနိုင်စရာပင်။
ဝမ်ချောင် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။
သူ့ဝမ်းကွဲသည် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
သူသည် သူ့ကလန်၏လူများကို အမြဲကူညီချင်ခဲ့ပြီး သူတို့အား ရင့်ကျက်ရန်နှင့် အောင်မြင်ရန် ကူညီချင်ခဲ့သည်။ သို့သော် ပထမဆုံး ရင့်ကျက်လာသူမှာ သူ၏ဝမ်းကွဲအစ်ကိုကြီး ဝမ်လျံဖြစ်မည်ဟု သူစိတ်မကူးထားခဲ့မိပေ။
လက်ရှိဝမ်လျံသည် ကျောက်တုံးတစ်တုံးကဲ့သို့ မာကြောပြီး တည်ငြိမ်ကာ ဇွဲ၊လုံ့လရှိပြီး ဆုံးဖြတ်ချက် ပြတ်သားလှသည်။ သူသည် ယုံကြည်ရန်ထိုက်တန်ပြီး မှီခိုအားထားရန် ထိုက်တန်သည့် အရှိန်အဝါတစ်ခုကို ပေးစွမ်းနေခဲ့သည်။
သူသည် သိုင်းပညာရပ်တွင် အားမကောင်းသေးသော်လည်း သူ့ဝမ်းကွဲ၏ ကျွမ်းကျင်မှုက ထိုနယ်ပယ်တွင်မရှိကြောင်း ဝမ်ချောင် ကောင်းကောင်းသိပေသည်။
လက်ရှိဝမ်လျံသည် ဝမ်ချောင် မျှော်မှန်းထားသည့်အဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။
ဖြစ်နိုင်တာက အနာဂတ်မှာ ကလန်ရဲ့ စီးပွားရေးတွေ အကုန်လုံးကို သူ့ကိုကိုင်တွယ်စေလို့ရပြီ။
ဤအတွေးက ဝမ်ချောင်၏စိတ်ထဲတွင် ပေါ်လာခဲ့ပြီး သူ့ကိုမယုံကြည်နိုင်လောက်အောင် စိတ်သက်သာရာ ရသွားစေခဲ့သည်။
သူ့ဝမ်းကွဲသည် မယုံနိုင်စရာကောင်းလောက်အောင် ကြမ်းတမ်းပုံရပြီး ယခင်က သခင်လေးနှင့် လုံးဝမတူတော့သော်လည်း ဤသည်မှာ ရင့်ကျက်ရန်အတွက် ထိုက်တန်ပေသည်။
အနာဂတ်တွင် ပေးရမည့် တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ၎င်းမှာအလွန် သေးငယ်လှပေသည်။
“ငါဒီတစ်ကြိမ် မင်းကိုတကယ်ပဲ ဒုက္ခပေးမိပြီ။ ဒီစားသောက်ဆိုင်က ငါတို့ကလန်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ဒီနေရာမှာ ရေချိုးခန်းတစ်ခန်းရှိတယ်။ မင်းရေချိုးပြီးနောက်မှာ အဝတ်အစားလဲဖို့တစ်စုံ ငါပြင်ဆင်ထားခဲ့ပြီးပြီ။ မင်းစားသောက်ပြီးတဲ့အခါ ရေချိုးပြီး အနားယူလိုက်ပါ။ မင်းရဲ့စိတ် ပြန်လည်အားပြည့်လာတဲ့အခါ မင်းအန်တီနဲ့ ဦးလေးဆီကို သွားလည်သင့်တယ်။ သူတို့ကမင်းကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တာ” ဝမ်ချောင် အကြံပြုလိုက်၏။
“အင်း” ဝမ်လျံ ခေါင်းညိတ်လိုက်၏။
“ငါအချိန်အကြာကြီး ထွက်သွားခဲ့တာကြောင့် ငါတစ်ခါလောက် အနားယူရမယ်။ ဒါ့အပြင် မုတ်သုံလေတွေမရှိဘဲ အဲ့ကိုရောက်ဖို့က အရမ်းခက်ခဲလိမ့်မယ်။ မင်းအနေနဲ့ မင်းရဲ့ပန်းတိုင်က ဒီတစ်ကြိမ်ပိုပြီး ကြီးလာလိမ့်မယ် ဖြစ်တာကြောင့် မင်းက ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ချို့ရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်လိမ့်မယ်။ နောက်ပြီး သင်္ဘောရေယာဉ်စုထဲက မကောင်းတဲ့စိတ်ရှိတဲ့ လူတွေကို ငါရှင်းလင်းတဲ့အခါ သူတို့ကို နောက်ခံပြုထားတဲ့ ကလန်တွေက ဘာရလဒ်မှမရှိဘဲ သေချာပေါက် နောက်ဆုတ်ကြမှာမဟုတ်ဘူး”
“အင်အားစု အမျိုးမျိုးကနေပြီးတော့ အတောမသတ်နိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လာနိုင်တယ်။ ဥက္ကာခဲသတ္ထု လျို့ဝှက်ချက်က ဖော်ထုတ်ခံလိုက်ရတဲ့အခါ လူတွေက ကျိုင်းကောင်အုပ်စုတစ်စုလို အဲ့ဒီကျွန်းတွေဆီ ပြေးသွားကြလိမ့်မယ်။ ဒါကမင်းရဲ့ အဓိက စိုးရိမ်ပူပန်မှု ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
ဝမ်ချောင် တိတ်ဆိတ်စွာ သဘောတူလိုက်၏။ ဤသည်မှာ ရှောင်လွှဲ၍မရသောအရာ ဖြစ်ပေသည်။
ဝမ်ကလန်သည် ဤကဲ့သို့သော ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ခဲ့ရပြီး ရွှေပြားတွေကို အသုံးပြုခဲ့ကာ လူများစွာကို စုစည်းခဲ့ပြီး အချိန်အကြာကြီး ပင်လယ်ပြင်တွင် ခရီးနှင်ရန် ကြီးမားသော သင်္ဘောအုပ်စုကို စီစဉ်ခဲ့သည်။ ဤသည်က မည်သည့်အာရုံ စူးစိုက်မှုကိုမှ မဆွဲဆောင်ခဲ့ပါက ထူးဆန်းပေလိမ့်မည်။
“စိုးရိမ်စရာ မလိုဘူး။ ငါအစီအစဉ် ဆွဲထားပြီးပါပြီ” ဝမ်ချောင် ကရုမစိုက်စွာ ပြောလိုက်၏။
ဝမ်းကလန်ဖြစ်စေ ဝမ်ကလန်ဖြစ်စေ သူ့ဦးကြီးဖြစ်စေ သို့မဟုတ် ကျန်းကလန်ဖြစ်စေ သူတို့အားလုံးတို့သည် အလွန်သိသာလှသည်။ ထို့ကြောင့် ဝမ်ချောင်သည် ဤနေရာများတွင် ဥက္ကာခဲသတ္ထုများကိုထားရန် ဘယ်တော့မှ မစီစဉ်ထားခဲ့ပေ။
ဝမ်ချောင်သည် ညရောက်လာသည့်အခါ သူသည် ထိုဥက္ကာခဲများကို ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ပို့ဆောင်ရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။
လီစီးရီကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူတစ်ဦး စောင့်ကြပ်နေခြင်းနှင့်အတူ ဤဥက္ကာခဲများသည် လတ်တလော လုံခြုံပေလိမ့်မည်။
သင်္ဘောရေယာဉ်စုသည် ယခုလေးတင် ပြန်ရောက်လာခဲ့ပြီး ၎င်းကဖြစ်စေမည့် တုန်လှုပ်မှုသည် အလွန်ကြီးမားပေသည်။ သူသည် လှိုင်းလုံးများ ငြိမ်သက်ရန်နှင့် သားကောင်ချောင်း ချောင်းနေသော မျက်လုံးများ တစ်ခြားနေရာသို့ကြည့်ရန် တစ်ခဏမျှ စောင့်ဆိုင်းရန် လိုအပ်ပေလိမ့်မည်။ ဥက္ကာခဲသတ္ထုနှင့် ပတ်သတ်သည့် ကိစ္စသည် ၎င်းနှင့်အတူ အာရုံစူးစိုက်မှုမှ သဘာဝအတိုင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုအချိန်ကျလာသည့်အခါ သူ့အစီအစဉ်များကို ပြန်စရန် အရမ်းကြီး နောက်ကျလိမ့်မည် မဟုတ်ပေ။
“မင်းမှာ အစီအစဉ်တွေ ရှိနေပြီမို့ ငါစိတ်ချနိုင်ပါပြီ။ ငါသင်္ဘောရေယာဉ်စုရဲ့ အဖွဲ့သားတွေ အနေနဲ့ မင်းစိုးရိမ်စရာ မလိုဘူး။ ပင်လယ်ရေကြောင်းခရီးရဲ့ လမ်းကြောင်းကို လူတိုင်းက သိနေတာမျိုး မဟုတ်ဘူး။ ငါ့ရဲ့လမ်းပြမြေပုံမပါဘဲ သူတို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ရင်တောင် သူတို့က အဲ့ဒီနေရာကို ရှာနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် သူတို့အများစုက ငါတို့က အဲ့ဒီကျွန်းတွေအပေါ်မှာ ဧရာမ ကျောက်တုံးကြီးတွေကို တွေ့ခဲ့တယ်လို့ပဲ သိထားကြတယ်။ ဒါပေမဲ့ သူတို့က အဲ့ဒီကျောက်တုံးတွေက ဘာအတွက်လည်းဆိုတာ မသိကြဘူး။ ငါ့ကွယ်ရာမှာ သွားပြီး အဲ့ဒီကျောက်တုံးတွေကို စုံစမ်းစစ်ဆေးခဲ့တဲ့ လူတစ်ချို့ ရှိခဲ့ရင်တောင် အထဲမှာသတ္ထုရှိတယ်ဆိုတာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ရင်တောင် သူတို့က ဒီသတ္ထုတွေက ဥက္ကာခဲ သတ္ထုဖြစ်တယ်ဆိုတာ ဘယ်တော့မှ သိကြမှာမဟုတ်ဘူး”
“နောက်ပြီး ဒီအတောအတွင်း ငါသူတို့ကို ထိန်းထားလိုက်မယ်”
သူစကားပြောလိုက်သောအခါ ဝမ်လျံတွင် ကျက်သရေရှိသော ဟန်ပန်တစ်ခုရှိသည်။ ဝမ်ချောင် ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ထပ်မပြောတော့ပေ။
သူ့ဝမ်းကွဲ၏ နည်းလမ်းများသည် တော်တော်လေး စေ့စပ်နေခဲ့ပြီဖြစ်သောကြောင့် သူ့ဘက်မှ ထပ်ဖြစ်စရာ မလိုတော့ပေ။ အနာဂတ်တွင်သူသည် စီးပွားရေးအကြောင်း ပြောဆိုဆွေးနွေးရန် ဝမ်ကလန်တွင် အခြားတစ်ယောက် ရှိလာပေလိမ့်မည်။
“ဝမ်းကွဲ”
ဝမ်ချောင် ထွက်သွားရန် အဆင်သင့် ဖြစ်နေချိန်တွင် အသံတစ်ခုက သူ့နောက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ဝမ်လျံသည် သူ့ဝိုင်ခွက်နှင့်တူကို ချလိုက်ပြီး သူ့မျက်လုံးများက ဝမ်ချောင်အပေါ် စူးစိုက်နေခဲ့ကာ ၎င်းတို့ထဲတွင် ထူးဆန်းသည့် အကြည့်တစ်ခုက တောက်ပနေခဲ့သည်။
“အဲ့ဒီဥက္ကာခဲ သတ္ထုတွေက ... မင်းအဲ့ဒါတွေနဲ့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ... နောက်ပြီး မင်းကစီးပွားရေးတစ်ခုကိုစဖို့ စီစဉ်နေတယ်လို့ ငါ့ကိုမပြောနဲ့”
ဝမ်ချောင် တစ်ခဏမျှ အေးခဲသွားခဲ့ပြီး ထို့နောက် သူလှည့်လိုက်သည်။ သူသည် သူ့ဝမ်းကွဲကို ပထမဆုံး တွေ့ဆုံနေသကဲ့သို့ ကြည့်လိုက်သည်။
သူသည် သူပြန်လည် မွေးဖွားလာကတည်းက ကိစ္စများစွာကို ပြုလုပ်ခဲ့သော်လည်း လူတိုင်းသည် သူ့စွမ်းဆောင်ချက်ကြောင့် အံ့သြသွားခဲ့ပေလိမ့်မည်ဖြစ်ပြီး သူ၏ကျွမ်းကျင်လိမ္မာမှုကို ချီးကျူးကြပေလိမ့်မည်။
သူ့ဝမ်းကွဲအစ်ကိုကြီး ဝမ်လျံသည် သူလုပ်ချင်နေသည့်အရာကို ပထမဆုံး မေးမြန်းသူဖြစ်သည်။
ဤပင်လယ်ရေကြောင်းခရီးသည် သံသယရှိစရာမလိုဘဲသူ့ကို ရင့်ကျက်စေခဲ့ပြီး သူ့အား ကိစ္စများစွာကို သိမြင်နိုင်စေခဲ့သည်။
“ဟား ဟား ဟား နောက်ကျရင် မင်းသိလာမှာပါ”
ဝမ်ချောင် ရယ်မောလိုက်ပြီး နောက်ပြန်လှည့်လိုက်၏။ လှေကားမှဆင်းလိုက်ပြီး တံခါးမှထွက်လိုက်ကာ သူသည် ကျယ်ပြောလှသော နှင်းကမာ္ဘထဲတွင် လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်လျံ တွေဝေစွာ ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင် အပြုံးရိပ်လေးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် ချိတ်ဆွဲလာခဲ့သည်။
ရံဖန်ရံခါတွင် ငြင်းပယ်ခြင်းမရှိခြင်းက ဝန်ခံခြင်းဖြစ်ပြီး အဖြေမရှိခြင်းက အဖြေဖြစ်ပေသည်။
ဝမ်လျံသည် ဝမ်ချောင်၏ စကားလုံးများမှ သူ၏မှန်းဆချက်အချို့ကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်သည်။ သူ့ခံစားချက်သည် မှန်ပေ၏။ သူ၏ဝမ်းကွဲညီလေးသည် အမှန်ပင် တစ်စုံတစ်ခုကို ကြံစည်နေပေသည်။
ဟိုက်ဒြာဘက် သတ္ထုရိုင်း၊ ဥက္ကာခဲသတ္ထု
သူသည် ရင့်ကျက်လာခဲ့ပြီး လူ့စိတ်နှင့် သဘောသဘာဝကို ကြီးစွာနားလည်ခဲ့သော်လည်း သူသည် သူ၏ဤဝမ်းကွဲကြောင့် လုံးဝဦးနှောက်ခြောက်နေဆဲဖြစ်သည်။
သူနှင့်ပတ်သတ်၍ ဦးနှောက်ခြောက်စရာ ကိစ္စများစွာ ရှိပေသည်။
သို့သော် သူဘာလုပ်ပါစေ သူဘာလိုချင်ပါစေ သို့မဟုတ် ဘာကြံစည်ပါစေ ဝမ်လျံသေချာသည့် အရာတစ်ခုရှိသည်။ ဝမ်ချောင်သည် သူ့ကလန်ကို အမြဲကာကွယ်ခဲ့ပေသည်။
သူသည် ကလန်အတွက် မကောင်းသောစိတ် မရှိပေ။
ဤသည်မှာ လုံလောက်ပေ၏။
ထို့ကြောင့် သူဘာပဲလုပ်ပါစေ အကယ်၍သူသည် ထီးနန်းလုရန် စီစဉ်နေခဲ့လျှင်ပင် ဝမ်လျံသည်သူ့ကို ရပ်တန့်ရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။
“... နှင်းတွေကတကယ်ပဲ ကျဆင်းနေတာပဲ”
အပြင်ဘက်ရှိ တိုက်ခတ်နေသော လေသံများကို နားထောင်လိုက်ကာ ဝမ်လျံသည် ပြတင်းပေါက်ဆီသို့ ဝိုင်အိုးကို ယူသွားလိုက်သည်။ ပြတင်းကိုဖွင့်လိုက်ကာ မုန်တိုင်းကိုကြည့်လိုက်ပြီး လေများနှင့် နှင်းများကြား တစ်ယောက်ထဲ လျှောက်နေကာ လျှင်မြန်စွာ ပျောက်ကွယ်သွားသည့် သေးသွယ်သောပုံရိပ်ကို သူကြည့်လိုက်သည်။
...
အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
နှင်းများဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခုပေါ်တွင် သေးသွယ်သည့် လူတစ်ယောက် ထိုင်နေခဲ့သည်။ မိုးခြိမ်းသံများ လိမ့်တက်လာခဲ့ပြီး လောကကြီးက တွန့်လိမ်သွားပုံရသည်။ လောကကြီး၏ ဗရမ်းဗတာနှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တို့သည် တောင်ထိပ်ဆီသို့ စီးကျလာခဲ့သည်။
ခလွပ်
စုပြုံနေသော နှင်းများက ဤစွမ်းအင်ကြောင့် တုန်ခါသွားခဲ့ပြီး စတင်ကျဆင်းသွားခဲ့သည်။ ဤအခိုက်၌ပင် ဝမ်ချောင်သည် အချိန်အတော်ကြာ မကြားခဲ့ရသော အသံတစ်ခုကို သူ့နားထဲတွင် ကြားလိုက်ရသည်။
တတိယမြောက် လောကအချုပ်အနှောင်ကို ကျော်ဖြတ်နိုင်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ပြုပါသည်။ သင်သည် ကံကြမ္မာမှတ် (၄၀)မှတ်ကို သုံးစွဲခဲ့သည်။ သင့်တွင် ကံကြမ္မာမှတ် (၂၄)မှတ် ကျန်ရှိပါသည်။
နောက်ထပ် လောကအချုပ်အနှောင် ကိုးလ လိုအပ်သည့် ကံကြမ္မာမှတ် (၆၀)မှတ်။ ထို့အပြင် အောင်မြင်သော ကျော်ဖြတ်မှု တစ်ခုချင်းစီနှင့်အတူ အသုံးပြုသူ၏ရွှေကို ကိုယ်တွင်းအင်္ဂါများနှင့် ရေနဂါးအရိုးတို့သည် သန်မာလာပေလိမ့်မည်။ ခွန်အားသည် အောင်မြင်မှု အရေအတွက်နှင့်အတူ တိုက်ရိုက် တိုးတက်လာပေလိမ့်မည်။
အပိုင်း ၄၃၀
လီစီယိ၏ ပြင်းထန်သောမေးခွန်း
တတိယလောကအချုပ်အနှောင်ကို နောက်ဆုံးတွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ စွမ်းအင်စီးကြောင်းများသည် အချိန်နှင့်အာကာသ၏ အနက်ပိုင်းနေရာမှ ပြေးထွက်လာခဲ့ပြီး ဝမ်ချောင်၏ စိတ်နှင့် ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားခဲ့ကြသည်။ အချိန်တိုလေးအတွင်းမှာပင် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာသည်ကို သူ ခံစားလိုက်ရသည်။
"နောက်ဆုံးတော့ ဒီလောကအချုပ်အနှောင်ကို ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ"
ဝမ်ချောင် သူ့ကိုယ်သူ ပျော်ရွှင်စွာပြောလိုက်၏။
လောကချုပ်နှောင်မှုနှင့် ၎င်း၏ ငြင်းပယ်သော စွမ်းအားတို့သည် ချိန်ကိုက်ဗုံးနှင့်တူပေသည်။ အကယ်၍ တစ်ယောက်သည် အမှားသေးသေးလေးလုပ်မိပါက သေသွားပေလိမ့်မည်။ ယခုမှသာ သူသည် ၎င်းကို နောက်ဆုံးတွင် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
မြေပြင်မှထကာ ဝမ်ချောင် သွေးပူလေ့ကျင့်ခန်းလုပ်လိုက်၏။
ခလွပ်ခလွပ်
ပြင်းထန်သော စွမ်းအင်တစ်ခု ကိုယ်တွင်းမှနေ၍ စတင် ထွက်လာခဲ့ကာ သူ့ခန္ဓာကိုယ်သည် ကျိုးကျိုးကျွပ်ကျွပ်မြည်သွားခဲ့သည်။
ဤစွမ်းအင်သည် မူလစွမ်းအင်နယ်ပယ်ကို ဖြတ်ကျော်သွားကာ အစစ်အမှန်သိုင်းနယ်ပယ်အဆင့် ၁၊ အဆင့် ၂ နှင့် နောက်ဆုံးအဆင့် ၃ သို့ တက်ရောက်သွားခဲ့သည်။
ရက်ပေါင်း နှစ်ဆယ်ကြာ ကျင့်ကြံမှုပြီးနောက်၊ လက်ခြောက်ချောင်းကျန်းမှ ပေးပို့လာသော ဆေးလုံးများနှင့် တတိယလောကအချုပ်အနှောင်ကို ဖြတ်ကျော်ခြင်းအတွက် ပြန်လည်ရရှိခြင်းတို့ဖြင့် နောက်ဆုံးတွင် ဝမ်ချောင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိသွားခဲ့သည်။
“...နောက်ထပ် အဆင့်နှစ်ဆင့်နဲ့ ငါ အစစ်အမှန်သိုင်းအဆင့် ၅ ကို ရောက်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဆည်းဆာရောင်မြင်းလားချီစက်ကွင်းကို ဒုတိယအလွှာကို အဆင့်မြှင့်လို့ရပြီ။”
ဝမ်ချောင် စိတ်ထဲတွင် ပျော်ရွှင်သွားခဲ့ကာ သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ အားအကောင်းဆုံးရှု့ထောင့်မှာ ၎င်းက ပေးစွမ်းသော ခွန်အား မြှင့်တင်မှုတွင် မဟုတ်သော်လည်း စစ်မြေပြင်တွင် ၎င်း၏ ဗျူဟာမြောက် တန်ဖိုးဖြစ်သည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ ဒုတိယအလွှာတွင် စစ်သည်တစ်ဦးသည် ချီစက်ကွင်း သက်ရောက်သော နယ်မြေအတွင်း ရပ်နေသရွေ့ သူတို့သည် သူတို့အား အစစ်အမှန်သိုင်းနယ်ပယ် အဆင့် ၂ သို့ မြှင့်တင်ပေးကာ သူတို့အား ဤအဆင့်ရှိ ခွန်အား၊ အမြန်နှုန်းနှင့် သွက်လက်မှုတို့ကို လက်ခံရရှိစေမည့် တိုးမြှင့်မှုကို ရရှိပေလိမ့်မည်။
ဤသို့သော ပြီးပြည့်စုံသည့် တိုးမြှင့်မှုသည် အဓိပ္ပါယ်မဲ့လုနီးပါးဖြစ်သည်။
သူ့စွမ်းအင်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သောအခါ ဝမ်ချောင် အသက်ရှူထုတ်လိုက်၏။ သူ့အတွေးများသည် သူ့စိတ်ထဲရှိ ကံကြမ္မာကျောက်စာသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ဤလောက၌ ကြာရှည်စွာ နေလေလေ လောကချုပ်နှောင်မှု၏ ကြမ်းတမ်းသော တုံ့ပြန်မှု ပြင်းထန်လာလေလေဖြစ်သည်။ ဝမ်ချောင် ဤအရာကို ကျင့်သားရနေခဲ့ပြီဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင် သူသည် လောကအချုပ်အနှောင် စွမ်းအားကို တွန်းလှန်လိုက်သောအခါ ကံကြမ္မာကျောက်စာသည် အနည်းငယ် ပြောင်းလဲသွားကြောင်း ဝမ်ချောင် သဘောပေါက်လိုက်သည်။
“အချိန်ကာလကို ကိုးလအထိ တိုးမြှင့်ထားပေမယ့် လိုအပ်တဲ့ ကံကြမ္မာမှတ်က အချိုးအစားအတိုင်း မတိုင်းတာဘူး။ ဆိုလိုတာက အနာဂတ်မှာ လောကကြီးရဲ့ ငြင်းပယ်မှုစွမ်းအားက ကွက်တိကွက်ကျားနဲ့ မြန်မြန်ဆန်ဆန် တိုးလာလိမ့်မယ်။ ဒါက ငါ ကံကြမ္မာမှတ် ပိုပိုပြီး လိုအပ်လာလိမ့်မယ် လို့လည်း ဆိုလိုတယ်။”
ဝမ်ချောင်သည် ခေါင်းငုံ့ထားကာ မျက်လုံးများက ခပ်မှိန်မှိန်လင်းလက်နေသည်။ ဝမ်ချောင်သည် လောကချုပ်နှောင်မှုနှင့်အတူ ပြောင်းလဲသွားသည့် အခြားအရာတစ်ခုကို လျင်မြန်စွာ သတိပြုမိလိုက်သည်။
ကံကြမ္မာမှတ် ၆၀ မှတ် သည် များပြားသော်လည်း ကိုးလကြာ တိုးမြင့်မှုသည် လုံလောက်ပေသည်။ ဝမ်ချောင် ပို၍ စိတ်ဝင်စားသည်မှာ နောက်ဆုံးအချက်ဖြစ်ပေ၏။
“လောကချုပ်နှောင်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်လိုက်တိုင်း ငါ့ရဲ့ ရွှေကိုယ်တွင်းအင်္ဂါတွေနဲ့ ရေနဂါးအရိုးတွေ အားကောင်းလာမယ်။ ပြီးတော့ သူတို့က လောကအချုပ်အနှောင်အရေအတွက်အတိုင်း တိုက်ရိုက် အားကောင်းလာလိမ့်မယ်။”
ဤစာသည် ယခင်က တစ်ခါမှ မပေါ်ခဲ့ဖူးပေ။
သူသည် အခြားအရာများကို သိပ်ဂရုမစိုက်သော်လည်း ရွှေကိုယ်တွင်းအင်္ဂါများနှင့် ရေနဂါးအရိုးတို့သည် ဝမ်ချောင်အတွက် အလွန်အရေးကြီးကြပေသည်။ အခြေခံအားဖြင့် ရွှေကိုယ်တွင်းအင်္ဂါများကို အဆင့်မြှင့်ရန် မဖြစ်နိုင်သလို ရေနဂါးအရိုးကို အဆင့်မြှင့်ရန် ခက်ခဲပေသည်။
ရေနဂါးအရိုးသည် အနိမ့်ဆုံးအဆင့်ဖြစ်သော နဂါးအရိုးအမျိုးအစားဖြစ်သည်။
စစ်သည်တော်သည် ဤအဆင့်အထိ ကျင့်ကြံသောအခါ ပါရမီအရှိဆုံးသူပင်လျှင် မယုံနိုင်လောက်အောင် ခက်ခဲလာပေလိမ့်မည်။ တစ်ယောက်တွင် နဂါးအရိုးအဆင့်ရှိ အရိုးတစ်ခုရှိသောအခါ ၎င်းကို အဆင့်မြှင့်တင်ရာတွင် ခက်ခဲမှုသည် အဆပေါင်းများစွာ တိုးလာမည်ဖြစ်ကာ အဆင့်တစ်ခုစီတိုင်းတွင် ဆယ်ဆပင်ခက်ခဲလာပေလိမ့်မည်။
ဘဝနှစ်ခုမှ မှတ်ဉာဏ်များဖြင့် ဝမ်ချောင်ပင်လျှင် ဤအရာကို ပြောင်းလဲရန် ကောင်းမွန်သည့် နည်းလမ်းများ မရှိခဲ့ပေ။ ဤသို့မဟုတ်ခဲ့ပါက နောက်ထပ်တိုးတက်နိုင်စွမ်းမရှိဘဲ သူ့နောက်ဆုံးဘဝ၌ သူတော်စင်သိုင်းနယ်ပယ်တွင် ရပ်တန့်နေခဲ့လိမ့်မည်မဟုတ်ပေ။
အကယ်၍ သူသည် လောက၏ ငြင်းပယ်မှုနှင့် ကန့်သတ်ချက်များကို ဘေးကင်းစွာ ကျော်ဖြတ်ခြင်းဖြင့် သူ့ရေနဂါးအရိုးကို တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ပါက ၎င်းသည် အံ့သြဖွယ်ကောင်းသော ရိတ်သိမ်းမှုတစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။
“...ဖြစ်နိုင်တာက ငါ့ရဲ့နောက်ဆုံးဘဝမှာ ငါမရောက်ဖူးတဲ့အဆင့်ကိုရောက်ဖို့ ဒီဟာကို ငါအသုံးချနိုင်မယ်”
ယခုအချိန်တွင် ဝမ်ချောင်သည် ဆွဲဆောင်ခြင်းကို ခံလိုက်ရကြောင်း ဝန်ခံရမည်ဖြစ်သည်။
စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ဆုလာဘ်များလည်း ရှိခဲ့ကာ စွန့်စားမှု များလေလေ ပြန်လည်ရရှိမှု များလာလေလေ ဖြစ်သည်။ ဤသည်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာကျောက်စာ၏ လျှို့ဝှက်စည်းမျဉ်းတစ်ခု ဖြစ်ပုံရသည်။
အမှန်ပင် သူ မအောင်မြင်ခဲ့ပါက သူ့အတွက် ပြင်းထန်သော ပြစ်ဒဏ်က စောင့်ဆိုင်းနေနိုင်ဖွယ် ရှိပေသည်။
ဝူးး
ခေါင်းပေါ်မှ တောင်ပံခတ်နေသော အသံကြောင့် သူ၏ လေးနက် အတွေးများသည် ရုတ်တရက် နှောက်ယှက်ခံလိုက်ရသည်။ မော့ကြည့်လိုက်သည်နှင့် ဝမ်ချောင် နှင်းမုန်တိုင်းထဲမှ နှင်းဖြူရောင် သိမ်းငှက်တစ်ကောင်ကို တွေ့လိုက်ရပြီး ၎င်း၏အတောင်ပံများက ၎င်းသက်ဆင်းလာသည်နှင့် နှင်းများကို ဆုတ်ဖြဲနေသည်ကို တွေ့လိုက်ရသည်။
"လူအိုကြီးလင်းယုန်ငှက်ပဲ"
ဝမ်ချောင် လက်တစ်ဖက်ကို အမြန်ဆန့်ထုတ်လိုက်၏။
လူအိုကြီးလင်းယုန်ငှက်သည် သူ ဤနေရာတွင် ကျင့်ကြံနေကြောင်း သေချာပေါက် သိထားပြီး အရေးကြီးသောအရာတစ်ခုခုမရှိပါက သူ့အား ဘယ်တော့မှ နှောက်ယှက်မည်မဟုတ်ပေ။
နှင်းဖြူရောင်သိမ်းငှက်ကို ဆင်းသက်စေလိုက်ပြီး ၎င်း၏ခြေထောက်ပေါ်မှ စာကို ဖြည်လိုက်၏။ အကြောင်းအရာကို မြင်လိုက်သည်နှင့် သူ့နှလုံးသား တင်းကြပ်သွားခဲ့သည်။
“သူသွားချင်နေတယ်။ ငါသူ့ကိုမထိန်းနိုင်ဘူး..”
သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ဝမ်ချောင်သည် တောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သရဲခြေလှမ်းများကို အသုံးပြု၍ သူသည် မှုန်ဝါးသွားခဲ့၏။ သူသည် တောင်စောင်းသို့ အပြေးအလွှားဆင်းလာသောအခါ သူဖြတ်သွားသည့်နေရာတွင် ခြေရာရေးရေးလေးကိုသာ ချန်ရစ်ထားခဲ့သည်။
သူ့သိုင်းပညာ တိုးတက်လာသည်နှင့်အမျှ သူ၏ သရဲခြေလှမ်းများသည်လည်း တိုးတက်လာခဲ့သည်။ နှင်းများပေါ်တွင် ခြေရာများ မကျန်နိုင်သည့် အဆင့်ကို သူ မရောက်သေးသော်လည်း သာမန်ကာလျှံကာကြည့်ရှုခြင်းက သူ့ခြေရာများကို ယုန်တစ်ကောင်၏ ခြေရာများကဲ့သို့ ထင်ရစေသည်။
ရှူးး
ကျန့်ဒါဇင်များစွာ သွားပြီးနောက် ဝမ်ချောင်သည် သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။ သစ်ပင်များပေါ်မှ ဆီးနှင်းများ တဖွဲဖွဲကျလာသည်နှင့်အမျှ ဝမ်ချောင်သည် ခုန်ပျံကျော်လွှားပြီး အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တည်ရှိရာ တောင်ပေါ်သို့ ပြန်ရောက်လာသောအခါ ထိုနေရာသည် နှင်းဖွေးဖွေးများဖြင့် ဖုံးလွှမ်းနေပြီး လုံးဝ တိတ်ဆိတ်နေသည်။ အစောင့်အကြပ်နှစ်ဆယ်မှလွဲ၍ ကျောင်းသားဦးရေ အနည်းငယ်သာ ရှိပေသည်။
ဆောင်းရာသီဖြစ်သောကြောင့် ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် ပုံမှန်ထက်ပို၍ လူသူပြတ်လပ်နေပေသည်။
ဝမ်ချောင်သည် အဓိကတံခါးကို ဖြတ်သွားခဲ့ပြီး စန္ဒကူးသား လှေကားများ တဆတ်ဆတ် တုန်ခါသွားခဲ့ကာ သူသည် သူ့ကိုယ်ပိုင် အဆောက်အဦသို့ ပြန်ရောက်လာခဲ့သည်။ အကြည့်တစ်ချက်မျှဖြင့် သူ့တံခါးဘေးတွင် ရပ်နေသည့် နှစ်မီတာရှည်သော အရပ်ရှည်သည့် လူကို သူ သတိထားမိလိုက်နိုင်သည်။ အရပ်ရှည်ပြီး ထွားကြိုင်းသော လူသည် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများစွာဖြင့် အချိန်အကြာကြီး စောင့်ခဲ့ရပုံရသည်။
လီစီယိသာလျှင် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ထိုကဲ့သို့ ရုပ်သွင်ရှိနိုင်သည်။
နှင်းလွှာများက တောင်ကုန်းများကို ဖုံးအုပ်ထားကာ အရာအားလုံးကို အဖြူရောင်ဖြင့် ဖုံးအုပ်ထားသည်။ ဆောင်းရာသီ၏ အရိပ်အယောင်များ ပတ်လည်ဝိုင်းနေသော်လည်း မကြာမီအချိန်အတွင်း နွေဦးပေါက်တော့မည်ကို ဝမ်ချောင် သိပေသည်။
နှင်းများအရည်ပျော်ပြီး သစ်ပင်များ အညွှန့်ထွက်လာသည်နှင့် နှစ်စဉ်တပ်သားခန့်အပ်ခြင်းများ စတင်ပေလိမ့်မည်။ လီစီယိသည် အနောက်တိုင်းဒေသများသို့ သွားပြီး သူ့ကိုယ်သူ နာမည်ရလိုသောကြောင့် ယခုအချိန်သည် အကောင်းဆုံးအချိန်ဖြစ်ပေသည်။
ကြိုတင်ပြင်ဆင်ထားမှသာလျှင် အကောင်းဆုံးအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။
လီစီယိ မစောင့်နိုင်တော့သည်မှာ သိသာလှ၏။ သူ၏ ဟောက်ပက်ဖြစ်နေသောမျက်လုံးများမှ မကြာသေးမီကမှ သူ ကောင်းကောင်းအိပ်မပျော်သည်ကို သိသာစေသည်။
"အထဲဝင်ပါ"
ဝမ်ချောင် တံခါးဖွင့်ပြီး ဝင်လိုက်ကာ ပြောလိုက်သည်။ ကျော်လွှား၍မရသော မဟာစစ်သူကြီးကို သူ့လက်ထဲမှ လွှတ်ချရန် သူ အလွန်တရာ တွန့်ဆုတ်နေသေးသော်လည်း အတွေးထဲတွင် သူ့နှလုံးသားက နာကျင်နေဆဲဖြစ်သော်လည်း ဝမ်ချောင်သည် နောက်ဆုံးတွင် ဤစိတ်မချမ်းသာစရာအမှန်တရားကို လက်ခံလိုက်သည်။
'သွားချင်သည့်လူကို ထိန်းမထားနိုင်သလို နေချင်သည့်လူကို အဝေးသို့တွန်းထုတ်၍မရပေ။'
လီစီယိ၏ အကျင့်စရိုက်သည် သခင်တစ်ဦးကို အလွယ်တကူလက်ခံရန် သို့မဟုတ် သူ့ကိုယ်သူ ထိန်းချုပ်ခံရန် သူ့အတွက် မဖြစ်နိုင်ကြောင်း ရှင်းလင်းလှသည်။
သူသည် ဝန်ကြီးများနှင့် စစ်သူကြီးများ ကလန်၏ သခင်လေးသို့ပင် အညံ့ခံလိုစိတ်မရှိခဲ့ပေ။
ဝမ်ချောင်သည် အခန်းတွင်းရှိ ခေါင်းလောင်းကြိုးကို ပေါ့ပေါ့ပါးပါးဆွဲလိုက်ပြီး အခြားလောကမှ သူသင်ယူခဲ့သည့်အရာဖြစ်သည်။ တစ်စုံတစ်ယောက်သည် လက်ဖက်ရည်ပူပူတစ်အိုးကို ပို့ရန် တံခါးကို အလျင်အမြန်ခေါက်လာခဲ့၏။
ဝမ်ချောင်သည် လီစီယိအတွက် တစ်ခွက်မငှဲ့မီ သူ့ခွက်ကို အရင်ငှဲ့လိုက်သည်။
"ထိုင်"
ဝမ်ချောင် သူ့ဘေးရှိ ထိုင်ခုံကို ညွှန်ပြလိုက်၏။
“အင်း။”
လီစီယိသည် သူ့စိတ်ထဲတွင် ကြီးကြီးမားမား ရှိနေပုံရသည်။ သူသည် လက်ဖက်ရည်သောက်သော်လည်း မထိုင်ခဲ့ပေ။
ဝမ်ချောင်သည်တော့ သိပ်ဂရုမစိုက်ခဲ့ပေ။ ထိုင်ပြီးနောက် စားပွဲအံဆွဲတစ်ခုကိုဖွင့်ကာ သူပြင်ဆင်ထားသည့် စာတစ်စောင်ကို ထုတ်လိုက်သည်။ ထို့နောက် သူက လီစီယိထံ ထိုစာစောင်ကို ပစ်ပေးလိုက်၏။
“ငါ အကုန်ပြင်ဆင်ပြီးပြီ။ ယူလိုက်ပါ!”
"အမ်း၊ ဘာလဲ"
လီစီယိ ခဏလောက် အေးခဲသွားပြီး အိပ်မက်မှ နိုးထလာသကဲ့သို့ သတိပြန်လည်လာပုံရသည်။
"စာ။ အနောက်တိုင်းဒေသတွေကို မင်းက မသွားချင်ဘူးလား။ မင်းအတွက် ကိစ္စတွေကို ငါပြင်ဆင်ထားပြီးသား။ ငါ့ဦးကြီးနဲ့ စုန့်ဘုရင်တို့ရဲ့ တံဆိပ်တွေအပြင် စစ်မှုထမ်းဌာနရဲ့ တရားဝင်တံဆိပ်တုံးလည်း ပါရှိတယ်။ မင်း ဒါကို စစ်မှုထမ်းဌာနကို ယူသွားရင် ပိုင်ထင်ကို ဖြတ်ကျော်ဖို့ မလိုဘဲ မင်းရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အန်းရှီကို တိုက်ရိုက်သွားနိုင်တယ်”
ဝမ်ချောင် ရှင်းပြလိုက်၏။ ဤတစ်ကြိမ် အံ့ဩရသည့်လူမှာ သူဖြစ်သည်။ လီစီယိ၏ တုံ့ပြန်မှုသည် သူ့မျှော်မှန်းချက်နှင့် လုံးဝ ကင်းကွာနေခဲ့၏။
သူတို့ ပထမဆုံတွေ့ချိန်က ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဖြိုဖျက်ပစ်ချင်သည်အထိ လီစီယိ အလွန်ဒေါသထွက်နေခဲ့သည်ကို ဝမ်ချောင် ပြန်တွေးလိုက်သည်။ ယခု သူ့ဆန္ဒကို သူ ဖြည့်ဆည်းပေးလိုက်သောကြောင့် သူ ဝမ်းသာပီတိဖြစ်သင့်သည် မဟုတ်လော။
"ဒီကိစ္စအတွက် မင်းကိုရှာဖို့ ငါလာခဲ့တယ်လို့ မင်းကို ဘယ်သူပြောလဲ"
လီစီယိသည် စားပွဲပေါ်ရှိ စာစောင်ကို ငုံ့ကြည့်လိုက်ကာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခုရှိနေသည်။
"အဲဒါမဟုတ်ဘူးလား"
ဝမ်ချောင် အံ့အားတကြီးမေးလိုက်သည်။
"အဲအကြောင်း ငါ ဘာမှ မပြောခဲ့ပါဘူး။"
လီစီယိသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည်။
"ငါမင်းကိုမေးချင်တာတစ်ခုရှိလို့ မင်းကိုရှာဖို့လာခဲ့တာ"
"ငါ့ကိုမေးချင်တာလား"
ဝမ်ချောင်အံ့အားသင့်စွာဖြင့် ခေါင်းမော့လိုက်သည်။ ဤဝက်ဝံကဲ့သို့ လူကို သူကြည့်လိုက်သည်နှင့် ဝမ်ချောင် သူ့အထင်မှားသွားပုံပေါ်ရသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။
"ဘာမေးချင်တာလဲ"
ဝမ်ချောင် အံ့အားသင့်စွာ မေးလိုက်၏။ သူ တကယ့်ကို ထူးဆန်းနေခဲ့ပေသည်။ လီစီယိအား အန်းရှီပိုင်နက်တွင် ခန့်အပ်ရန် စစ်မှုထမ်းဌာနထံ အကြံပြုစာတစ်စောင်ထက် မည်သည့်မေးခွန်းက ပိုအရေးကြီးနိုင်သနည်း။
ဘယ်အရာက သူ့အား စိုးရိမ်တကြီးနှင့် သူ့တံခါးတွင် စောင့်ဆိုင်းနေစေခဲ့သနည်း။ သူ့အား ပြန်လာရန်အတွက် လူအိုကြီးလင်းယုန်ငှက်ကို နှင်းဖြူရောင်သိမ်းငှက်ကို စေလွှတ်ပေးရန်ပင် သူ့ကို တောင်းဆိုစေခဲ့သည်။
လီစီယိသည် ဝမ်ချောင်ကို ရုတ်တရက် စိုက်ကြည့်လိုက်ကာ
"ငါမေးမယ် မင်းရဲ့ ဝမ်ကလန်က ဘာလုပ်နေတာလဲ"
သူ့အကြည့်များက ဓားသွားကဲ့သို့ ထက်မြပြီး သူသည် ခုနက သူနှင့် လုံးဝ ခြားနားသွားခဲ့သည်။
"'ငါတို့ဘာလုပ်နေကြတာလဲ' ဆိုတာက မင်း ဘာကိုဆိုလိုတာလဲ"
ဝမ်ချောင်၏ မျက်နှာသည် အံ့အားသင့်နေသည့်ပုံဖြစ်သည်။ ဤမေးခွန်းကြောင့် သူသည် လုံး၀ အငိုက်မိသွားခဲ့ပြီး လီစီယိ၏ အတွေးရထားကို လိုက်မီရန် လုံး၀ မစွမ်းဆောင်နိုင်ခဲ့ပေ။
"ဟိုက်ဒရာဘတ်သတ္တုရိုင်းဂျင်တစ်ထောင်နဲ့ ချပ်ဝတ်တန်ဆာ ဝတ်စုံထောင်ပေါင်းများစွာကို ဖန်တီးဖို့ လုံလောက်တဲ့ ဥက္ကာခဲသတ္တုတွေ.. ဒါဟာ သာမန်သတ္တုရိုင်းတွေချည်းပဲလို့ ငါ့ကို မပြောနဲ့၊ မင်းမှာလည်း လျှို့ဝှက်သိုင်းပညာကျမ်းဂန်ထောင်ပေါင်းများစွာရှိပြီး ဒီဓားသွားဖယ်ရှားခြင်းအိမ်တော်လည်း ရှိတယ်။ မင်းရဲ့ ဝမ်ကလန်က ဒီဗျူဟာမြောက်တဲ့ အရင်းအမြစ်တွေအားလုံးနဲ့ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။"
“ရှေးခေတ်ကတည်းက ပုန်ကန်မှုစပြီး ထီးနန်းကို သိမ်းပိုက်ဖို့ ကြိုးစားမှုတွေက ဘယ်တော့မှ ကောင်းကောင်းမွန်မွန် အဆုံးမသတ်ခဲ့ဘူး။ လက်ရှိအချိန်မှာ လောကကြီးဟာ အေးချမ်းသာယာနေပြီး သာမန်ပြည်သူတွေ အေးချမ်းစွာ အနားယူနိုင်ပြီဖြစ်တယ်။ ငါ လီစီယိက ဒီကမ္ဘာမြေကြီးပေါ်မှာ ဂုဏ်ယူစွာရပ်တည်ပြီး သစ္စာဖောက်ခြင်း ဒါမှမဟုတ် လူယုတ်မာဘက်က ဘယ်တော့မှရပ်တည်မှာမဟုတ်ဘူး။ မင်းရဲ့ ဝမ်ကလန်က မကောင်းတဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားပြီး ပုန်ကန်ဖို့ စိတ်ကူးရှိနေရင် လီစီယိက မင်းကို သတ်ပစ်ပြီး ဝမ်ကလန်ကို ဖျက်ဆီးပစ်မယ်”
လီစီယိ၏နဖူးရှိ သွေးပြန်ကြောများသည် ထောင်ထနေပြီး သူ့မျက်လုံးများက ထွက်လာရန် အဆင်သင့်ဖြစ်နေပုံရသည်။ သူ၏ ဒေါသအမျက်ထွက်ပုံသည် ကြောက်မက်ဖွယ်ကောင်းသော မြေအောက်ကမ္ဘာ၏ အစောင့်အရှောက်နှင့်တူသည်။
“...”
ဝမ်ချောင် ဤစကားများကြောင့် ဆွံ့အသွားခဲ့ရ၏။ ဝမ်ချောင် လူအိုကြီးလင်းယုန်ငှက်က သူ့ကို အမြန်ပြန်ခေါ်ပြီး လီစီယိက သူ့ကို တွေ့ချင်သည်ဟု ပြောခဲ့ခြင်းမှာ ဤအရာကြောင့်ဖြစ်မည်ဟု လုံးဝမတွေးမိခဲ့ဖူးပေ။
လီစီယိသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် လအတော်ကြာနေခဲ့ပြီး ဟိုက်ဒရာဘတ်သတ္တုရိုင်း၊ ဥက္ကာခဲသတ္တုနှင့် သူရေးထားသော သိုင်းပညာကျမ်းဂန်များကို မြင်တွေ့ခဲ့ရသည်...
လျှို့ဝှက်ချက်များစွာကို သူသိခဲ့ပြီး ဤလူသည် အမှန်တကယ်ပင် ပုန်ကန်ချင်သည်ဟု ထင်ခဲ့သည်။
မဟာထန်တိုင်းပြည်၏ အနာဂတ်ကျော်လွှား၍ မရနိုင်သော မဟာစစ်သူကြီးသည် သူ့ကို လပေါင်းများစွာ စောင့်ကြည့်နေပြီး ဝမ်ကလန်က ပုန်ကန်လိုနေခဲ့ကာ သူက သစ္စာဖောက်တစ်ယောက်ဟု အမှန်တကယ် ထင်မှတ်နေခဲ့သည်။
ဝမ်ချောင်၏စိတ်သည် မည်မျှပင် ပွင့်ပွင့်လင်းလင်းရှိစေကာမူ ဤအနာဂတ်စစ်သူကြီး၏ စိုးရိမ်ပူပန်မှုသည် ဤအရာဖြစ်သည်ကို သူဘယ်သောအခါမှ စိတ်မကူးမိခဲ့ပေ။
ဝမ်ချောင်သည် အံ့သြနေခဲ့ပြီး ရယ်ရမလား ငိုရမလား မသိတော့ပေ။
*************************