← Chapters

အခန်း (၄၃၁-၄၃၅)

Vol. 20 Ch. 431-435

အခန်း (၄၃၁-၄၃၅)

Vol. 20 Ch. 431-435

အခန်း(၄၃၁)

နောက်ဆုံးကြိုးပမ်းမှု “ဟား ဟား ဟား ငါကပုန်ကန်ချင်နေတယ်လို့ မင်းထင်နေတာလား”

ဝမ်ချောင် မအောင့်နိုင်ဘဲ လီစီးရီကို ရယ်မောလိုက်၏။

“အဲ့လိုမဟုတ်ဘူးလား” လီစီးရီ လေးနက်စွာ မေးလိုက်၏။ သူ၏လေးနက်သော မျက်နှာပေါ်တွင် နောက်နေသည့် အမူအရာမရှိပေ။ သူစတင်ချိန်တွင် သူသည် မြို့တော်အကြောင်း ဘာမှမသိခဲ့ပေ။ သူသည် ဝမ်ချောင်က မည်သူဖြစ်သည်ဆိုသည်ကိုပင် မသိရှိခဲ့ပေ။

သူသည် မြို့တော်ရှိ မြင့်မြတ်သော ကလန်အချို့မှ ဆိုးသွမ်းသော သခင်လေးအချို့သည် သူ့ကိုအမိန့်ပေးရန်နှင့် သူ့ကိုသူတို့၏ အစေခံပြုလုပ်ရန် သူတို့ဘက်သို့ ဆွဲခေါ်ရန် သူ့အားလွှဲပြောင်းချင်နေသည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် မြို့တော်နှင့် မရင်းနှီးသည့် လီစီးရီပင်လျှင် သူ၏ကုန်ဆုံးသွားသော လအတန်ကြာက အရေးကြီးအချက်များကို ဆုပ်ကိုင်ရန် သူ့အတွက် လုံလောက်ပေသည်။

ဝမ်ချောင်ဆီတက်လာသော ဝမ်ကလန်သည် မဟာထန်၏ အားကောင်းသော ကလန်များထဲမှ တစ်ခုဖြစ်သည်။

ဆင့်တူမှ ဝမ်ချောင် ယူဆောင်လာခဲ့သော ဟိုက်ဒြွာဘက် သတ္တူရိုင်းသည် တန်ဖိုးဖြတ်မရဖြစ်ပြီး ထိုသတ္တူမှထုလုပ်ထားသော ကျောက်စိမ်းသံမဏိ လက်နက်များသည် သတ္တူများကို ပိုင်းဖြတ်နိုင်ကာ မယုံနိုင်စရာကောင်းလောက်အောင် ခိုင်ခံလှသည်။ မြို့တော်တွင် ဈေးအပေါဆုံး ကျောက်စိမ်းသံမဏိ လက်နက်တစ်ခုသည် ရွှေပြားခုနှစ်သောင်းမှ ရှစ်သောင်းကုန်ကျပြီး လီစီးရီ ဘယ်တော့မှ မတက်နိုင်သည့် ပမာဏတစ်ခုဖြစ်သည်။

သို့သော် ဤသည်မှာ အရေးကြီးအချက် မဟုတ်ပေ။ ပို၍အရေးကြီးသည့် အရာမှာ ထိုလက်နက်များ၏ ထက်မြမှုဖြစ်သည်။

နဂါးဓားပြများနှင့် ရင်ဆိုင်ချိန်တွင် လီစီးရီသည် ပထမဆုံးအကြိမ်အနေဖြင့် ကျောက်စိမ်းသံမဏိ လက်နက်တစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသော ထုထောက်များကို တွေ့ကြုံခဲ့ရသည်။ ထိုသည်မှာသူသည် ထောင်ချီသော နဂါးဓားပြများကို တစ်ယောက်ထဲ ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ သူ၏ ခွန်အားကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း တစ်ခြားအရေးကြီးသည့် အကြောင်းပြချက်မှာ ဝမ်ချောင်သူ့အတွက် ထုလုပ်ပေးခဲ့သော ကျောက်စိမ်းသံမဏိကြောင့် ဖြစ်သည်ကို လီစီးရီကောင်းစွာ သိပေသည်။

နဂါးဓားပြများ တစ်ယောက်မှသူ့ကို မရင်ဆိုင်နိုင်ခဲ့ပေ။ ဤမှော်ဆန်သော ကျောက်စိမ်းသံမဏိလက်နက်သည် လူနှင့်မြင်းများကို သူတို့က စာရွက်များကဲ့သို့ ပိုင်းဖြတ်ခဲ့သည်။

နဂါးဓားပြများ၏ခေါင်းဆောင် နဂါးနဲ့ကြိုးသည်ပင် သူ့ခုတ်ချက်ကို ပိတ်ဆို့ရန် လုံးဝကျရှုံးခဲ့ပေသည်။

ထို့ပြင် ယခုတွင် ဝမ်ချောင်သည် ဟိုက်ဒြွာဘက်သတ္တူရိုင်း ကြယ်တစ်ထောင်ကို ရရှိထားခဲ့သည်။ ထိုကဲ့သို့ ကြီးမားသော သတ္တူရိုင်းပမာဏသည် လူတစ်ထောင်ပါရှိသော တပ်ဖွဲ့တစ်ဖွဲ့ကို စီရင်ရန် လုံလောက်ပေသည်။

ကျောက်စိမ်းသံမဏိ လက်နက်များ၏ ကြောက်စရာကောင်းသော ထက်မြမှုအရ စစ်မြေပြင်တွင် ဤစစ်တပ်က မည်သို့အကျိုးသက်ရောက်မှု ရှိမည်ကို သူ့ထက်ပို၍ မည်သူမျှ နားမလည်နိုင်ပေ။

ထို့ပြင် ဤသည်မှာ ဝမ်ချောင် တစ်နေရာရာမှာ ရှာတွေ့နိုင်ခဲ့သော ဥက္ကာခဲ့သတ္ထု သို့မဟုတ် ထိုသိုင်းပညာရပ် ကျမ်းဂန်များကို ထည့်မပြောခဲ့သေးပေ။

ဤကစ္စည်းသုံးမျိုးမှ မည်သည့်တစ်ခုမဆို သာမာန်ကလန်များ ရရှိနိုင်သည့် အရာမဟုတ်သော်လည်း ဝမ်ကလန်သည် သုံးခုစလုံး ရရှိထားခဲ့သည်။

မြို့တော်တွင် ဤသို့သောခွန်အားသည် တောင်တန်းများကို ရွေ့လျားနိုင်ပေသည်။

အကယ်၍ ဝမ်ကလန်သည် ပုန်ကန်ရန်အတွေးများရှိပါက မြို့တော်တွင် ဤသို့လျို့ဝှက်ထားသော ခွန်အားသည် မြို့တော်ကို ထိန်းချုပ်ရန်နှင့် ပုန်ကန်ရန် လုံလောက်ပေသည်။

လီစီးရီသည် အနောက်တိုင်းဒေသများသို့ သွားရောက်လိုပြီး သူကိုယ်တိုင်အတွက် နာမည်တစ်လုံး တည်ဆောက်လိုသော်လည်း သူ့မျက်စိအောက်၌ပင် ဤစွမ်းအား ပို၍ကြီးမားလာသည်ကို ထိုင်ကြည့်မနေနိုင်ပေ။

ထို့ပြင် ဝမ်ချောင်သည် တပ်သားများကို စုဆောင်းနေခဲ့ပြီးဖြစ်သည်။ အနည်းဆုံး ဤသည်မှာ သူ၏ဓားသွားဖယ်ရှားခြင်းအိမ်တော် ဖြစ်ပေသည်။

လီစီးရီ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ချောင်သည်လည်း နောက်ဆုံးတွင် လေးနက်သွားခဲ့သည်။ လီစီးရီသည် အကြံသမား စစ်သူကြီးမဟုတ်ပေ။ သူသည် သူ၏အံ့မခန်းခွန်အားနှင့် ရဲစွမ်းသတ္တိ ထို့အတူ တိုင်းပြည်အပေါ် သူ၏ရိုးသားသော မြုပ်နှံမှုမှလာသော သြဇာတိက္ကမကြောင့် ကျော်ကြားလာခဲ့ပေသည်။ အမှန်တရားက မည်သို့ဖြစ်ပါစေ သူ့ရှေ့ရှိ လီစီးရီသည် သူ့ကိုသံသယ ဝင်နေခဲ့ပြီဖြစ်သည်မှာ ထင်ရှားလှသည်။

“မဟုတ်ဘူး ငါမဟုတ်ဘူး”

ဝမ်ချောင် လီစီးရီ၏အကြည့်ကို တွေ့ဆုံလိုက်ပြီး နောက်ဆုံးတွင် ခိုင်မာစွာ ငြင်းပယ်လိုက်သည်။

“ဝမ်ကလန်က လုပ်မှာမဟုတ်ဘူး။ ဒါ့အပြင် အဲ့လိုအစီအစဉ်တစ်ခုက လိုလည်းမလိုဘူး။ ဒါ့အပြင် တကယ်လို့ ဝမ်ကလန်က တကယ်ပဲအဲ့လို အကြံအစည်တွေ ရှိခဲ့ရင် ငါတို့က မင်းလိုအပြင်လူတစ်ယောက်ကို ဒီလိုအရေးကြီးတဲ့ ကိစ္စကို သိခွင့်ပေးလိမ့်မယ်လို့ မင်းထင်နေတာလား”

“ဒါ့အပြင် ဟိုက်ဒြွာဘက် သတ္ထုရိုင်းကိစ္စက မြို့တော်မှာ လျို့ဝှက်ချက် မဟုတ်တော့ဘူး။ မင်းဒီကိစ္စကို သိသလို ဟွမ်ကလန်ကလည်းသိတယ်။ ဒါကြောင့် ပညာရှင်ဧကရာဇ်က မသိဘူးလို့ မင်းထင်နေတာလား။ တကယ်လို့ ဝမ်ကလန်ကတကယ်ပဲ သစ္စာမရှိနေဘူးဆိုရင် ပညာရှင်ဧကရာဇ်က ငါတို့ကို အခုအချိန်ထိ ဆက်လုပ်ခွင့် ပေးထားလိမ့်မယ်လို့ မင်းထင်နေတာလား”

“ဟိုက်ဒြွာဘက် သတ္ထုရိုင်းဖြစ်စေ မင်းယူလာခဲ့တဲ့ အဲ့ဒီဥက္ကာခဲတွေဖြစ်စေ ဒါတွေအကုန်လုံးက ထိပ်တန်းဗျူဟာ အရင်းအမြစ်တွေပဲ။ တကယ်လို့ ဝမ်ကလန်က သစ္စာမရှိတာ မဟုတ်ဘူးဆိုရင် မင်းကဘာလို့ ဗျူဟာအရင်းအမြစ်တွေ အများကြီး ဝယ်ယူနေတာလဲ။ ဒါက သာမာန်ကလန်တစ်ခု စစ်ဆင်ရေးတွေနဲ့ ခံစစ်အတွက် လိုအပ်တာထက် အများကြီးပိုနေပြီ”

လီစီးရီ ကြမ်းကြုတ်စွာ ပြန်ပြောလိုက်၏။ သူ၏ကြမ်းကြုတ်သော အကြည့်သည် ဝမ်ချောင်၏ စိတ်နှလုံးနှင့် သူ့ဝိညာဉ်၏ အနက်ရှိုင်းဆုံးသော အပိုင်းသို့ ထိုးဖောက်နေပုံရသည်။

အခန်းသည် အသက်ရှုရကြပ်သည့် အခြေအနေသို့ ကျရောက်သွားခဲ့၏။

ဝမ်ချောင် တိတ်ဆိတ်နေခဲ့သည်။ လီစီးရီသည် သူတွေးထားသည်ထက် အများကြီး ဉာဏ်ကောင်းနေသည်မှာ ရှင်းလင်းလှသည်။ ဟိုက်ဒြွာဘက်သတ္ထုရိုင်း၊ ဥက္ကာခဲသတ္ထု၊ ဓားသွားဖယ်ရှားခြင်းအိမ်တော် ဝိညာဉ်သွေးကြော... သူသည် သူ၏ပြန်လည်မွေးဖွားလာကတည်းက အများကြီး ပြီးမြောက်ခဲ့သည်။

ဤသည်မှာ သူပြန်လည်မွေးဖွားလာကတည်းက သူအစီအစဉ်များကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်နားလည်မိသည့်အကြောင်း သူကြားရသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ လူတစ်ယောက်သည် သူနှင့် ရင်းနှီးမှု နက်ရှိုင်းလာလေလေ သူတို့သည် ပို၍နားလည်လာပြီး ပို၍ခံစားမိလာလေလေ ဖြစ်ပေလိမ့်မည်။

ဝမ်ချောင်သည် လီစီးရီက သူပြောသမျှ အရာအားလုံးကို အရူးတစ်ယောက်ကဲ့သို့ ယုံကြည်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဝမ်ချောင်သည် သူက လီစီးရီကို ပြောသင့်သလား မပြောသင့်သလားဆိုသည်ကို စဉ်းစားနေခြင်းသာ ဖြစ်ပေသည်။

“လီစီးရီ မင်းအန်းချိကို သွားမှရမယ်ဆိုတာ ဘာကြောင့်လည်းဆိုတာ ငါ့ကိုပြောလို့ရမလား” ဝမ်ချောင် ရုတ်တရက် မေးလိုက်၏။

လီစီးရီသူ့ကို တွေဝေစွာကြည့်လိုက်သည်။ သူသည်ဝမ်ချောင် စကားပြောသည့်ပုံစံနှင့် သူ့အသံထဲရှိ လေသံက ခုနကနှင့် လုံးဝခြားနားသွားသည်ကို ရှင်းလင်းစွာ ပြောနိုင်ပေသည်။ ထိုသည်မှာသူသည် အခြားတစ်ယောက် ဖြစ်သွားသကဲ့သို့ဖြစ်သည်။

၎င်းမှာအလွန် ထူးဆန်းသည့် ခံစားချက်တစ်ခုဖြစ်၏။

သို့သော် ဝမ်ချောင်၏ မျက်လုံးထဲရှိ ရိုးသားမှုကို သူမြင်နိုင်ခဲ့ပြီး ဤသဘောထားက လီစီးရီကို မသိမသာ သက်ရောက်သွားခဲ့သည်။

“ပြောစရာလိုသေးလို့လား။ ရဲရင့်တဲ့လူတစ်ယောက်က အဝေးကိုခရီးသွားပြီး သူတို့ကိုယ်တိုင်အတွက် နာမည်တစ်လုံး တည်ဆောက်သင့်တယ်။ အန်းချိမှာ တပ်ဆွဲနေတာကြောင့် ငါပြီးမြောက်နိုင်မှာမဟုတ်တဲ့ အရာရှိလို့လား”

လီစီးရီ တစ်ချက်ပင် မတွေးဘဲ ပြန်ဖြေလိုက်သည်။

ဝမ်ချောင်၏ သဘောထားက တော်တော်လေး ထူးဆန်းသည်ကို သူတွေးလိုက်ရသော်လည်း သူသည် ဤအဖြေကို အချိန်အကြာကြီး တွေးတောထားခဲ့ပေသည်။ ထို့ကြောင့် ထိုအကြောင်းကို ထပ်တွေးစရာ မလိုတော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကိုမေးမြန်းလာခဲ့ပါက သူသည် ညီညီညာညာနှင့် ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေနိုင်ပေသည်။ ရဲရင့်သော လူတစ်ယောက်သည် အဝေးသို့ ခရီးသွားပြီး သူတို့ကိုယ်တိုင်အတွက် နာမည်တစ်လုံး တည်ဆောက်ခြင်းမှာ လက်ခံ၍ရပေသည်။ ၎င်းမှာ ပြောစရာပင် မလိုခဲ့ပေ။

“အာ ဒါကတကယ့် အကြောင်းပြချက် မဖြစ်နိုင်ဘူး။ တကယ်လို့ မင်းကိုယ်တိုင်အတွက် နာမည်တစ်လုံး တည်ဆောက်ချင်တယ်ဆိုရင် ပိုင်ထင်ပိုင်နက်ကလည်း အဆင်ပြေလိမ့်မယ်။ ဘာလို့မင်းက အန်းချိကိုသွားဖို့ ရွေးချယ်ခဲ့ရတာလဲ။ တကယ်လို့မင်းက တိုက်ခိုက်ချင်တယ်ဆိုရင် အန်းတုံပိုင်နက်ကလည်း အဆင်ပြေတယ်မဟုတ်လား”

ဝမ်ချောင် ခေါင်းခါလိုက်၏။

“သေချာပေါက် မဟုတ်ဘူး”

လီစီးရီချက်ချင်း ဖြတ်ပြောလိုက်၏။

“တကယ်လို့ငါက ငါကိုယ်တိုင်အတွက် နာမည်တစ်လုံး တည်ဆောက်ချင်တယ်ဆိုရင် အန်းချိပိုင်နက်ထက် ပိုကောင်းတဲ့နေရာ မရှိတော့ဘူး။ ဒါ့အပြင် အန်းတုံပိုင်နက် အန်းချိကို မယှဉ်နိုင်ဘူး။ ရဲရင့်တဲ့လူတစ်ယောက်က အန္တရာယ်အများဆုံးနေရာကို သွားသင့်တယ်။ အဲ့နည်းလမ်းကသာ သူတို့ကိုယ်သူတို့ သက်သေပြနိုင်တယ်”

“ဆိုတော့ အနောက်တိုင်းဒေသတွေကို မင်းသွားချင်နေတာက အဲ့မှာအန္တရာယ်တွေ အများကြီးပိုပြီးရှိလို့ပေါ့” ဝမ်ချောင် မေးလိုက်၏။

“ဟုတ်တယ်”

လီစီးရီ မငြင်းပယ်ခဲ့ပေ။

“ဒါဆို အဲ့နေရာက ဘာလို့အန္တရာယ်များသလဲဆိုတာ မင်းစဉ်းစားခဲ့လား”

“...”

ဤမေးခွန်းက ချက်ချင်း လီစီးရီကို တွေဝေသွားစေခဲ့သည်။

သူသည် တိုက်ပွဲအများကြီးရှိသည့် အနောက်တိုင်း ဒေသများရှိ အန္တရာယ်အများဆုံးနေရာ အန်းချိပိုင်နက်သို့ သွားရန်အကြောင်းသာ စဉ်းစားခဲ့သော်လည်း သူသည် အခြားအရာများကို အများကြီး မစဉ်းစားခဲ့ပေ။

“တကယ်လို့ မဟာထန်က ငြိမ်းချမ်းပြီး လောကကြီးက ငြိမ်းချမ်းနေရင် မင်းအဲ့မှာရှိဖို့ လိုသေးလို့လား” ဝမ်ချောင် ဆက်မေးလိုက်၏။

“မင်းဘာပြောချင်နေတာလဲ”

“ငါမင်းကိုဒါပဲ ပြောချင်တယ်။ ဒီလောကကြီးမှာ ဒီစစ်ပွဲအတွက် ပြင်ဆင်နေတဲ့လူက မင်းတစ်ယောက်ထဲ မဟုတ်ဘူး” ဝမ်ချောင် ကရုမစိုက်စွာ ပြောလိုက်၏။

သူ့အသံက ပျောက်ကွယ်သွားသောအခါ အခန်းသည် အပ်တစ်ချောင်းကျသွားလျှင်ပင် ကြားရနိုင်သည်အထိ အလွန်တိတ်ဆိတ်သွားခဲ့သည်။

လီစီးရီ ဝမ်ချောင်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသကဲ့သို့ သူ့မျက်နှာပေါ်တွင် သံသယဖြစ်နေသည့် အကြည့်တစ်ခုဖြင့် ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။

သူမြို့တော်သို့ ပထမဆုံး ရောက်ရှိလာသောအခါ လီစီးရီ၏ ဝမ်ချောင်ဆီသို့ ထင်မြင်ချက်သည် ပျက်စီးနေသော ချမ်းသာပြီး ခေါင်းမာသည့် သခင်လေးတစ်ယောက် ဖြစ်ခဲ့သည်။

ဤအတောအတွင်းတွင် လီစီးရီ၏ ဝမ်ချောင်ဆီသို့ အမြင်သည် ပြောင်းလဲသွားခဲ့ကာ သူ့အား ဝမ်ချောင်ကို ကွဲပြားစွာ ရှု့မြင်စေခဲ့ပြီး သူ၏အံ့မခန်းမှုကို မြင်နိုင်စေခဲ့သည်။ သို့တိုင် ဤအခိုက်တွင် ဝမ်ချောင်၏ စကားလုံးများသည် လီစီးရီကို မိန်းမောသွားစေခဲ့သည်။ သူသည် ဤသခင်လေးကို အများကြီး လျော့တွက်ထားခဲ့မိပုံရသည်။

အကယ်၍ သူသည် လီစီးရီ စိတ်ကူးထားသည့်လူ ဖြစ်ခဲ့ပါက အကယ်၍ သူပြောသည့်အရာသည် အမှန်ဖြစ်ခဲ့ပါက ဤလူငယ်လေးသည် လူတိုင်း၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။

သူသည် ဤကောင်လေးဆီသို့ သူ၏ဆုံးဖြတ်ချက်တွင် အမှားကြီးတစ်ခု လုပ်မိခဲ့ပုံရသည်။

အခန်းသည် တိတ်ဆိတ်နေခဲ့ကာ နှစ်ယောက်သား တ်ိတ်ဆိတ်စွာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြသည်။

“ဝမ်ချောင် မင်းအခုလေးတင် ပြောလိုက်တဲ့ စကားလုံးတွေက ရိုးသားမှုရှိရဲ့လား” လီစီးရီ လေးနက်စွာ ပြောလိုက်၏။

“နတ်ဘုရားတွေကို တိုင်တည်ပြီး ကောင်းကင်နဲ့ ကမာ္ဘမြေကြီးကို သစ္စာဆိုတယ်” ဝမ်ချောင် လေးနက်စွာ ပြန်ဖြေလိုက်သည်။

လီစီးရီ၏ နှုတ်ခမ်းပါးများ တုန်ခါသွားခဲ့သော်လည်း သူစကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

“လီစီးရီ”

ဤသည်မှာ လီစီးရီကို စည်းရုံးရန် သူ၏နောက်ဆုံး အခွင့်အရေးဖြစ်သည်ကို ဝမ်ချောင် သိပေသည်။ သူ့အစီအစဉ်များသည် အားကောင်းသော ပုဂ္ဂိုလ်တစ်ဦး လိုအပ်နေဆဲဖြစ်ပြီး သူတို့ကို သူတစ်ဦးတည်း ခွန်အားအပေါ်သာ မှီခို၍မရပေ။

အကယ်၍သူသည် သူ့ကိုကူညီပေးနေသည့် လီစီးရီကဲ့သို့ မဟာစစ်သူကြီးတစ်ယောက် ရှိခဲ့ပါက သူ့အစီအစဉ်များ၏ သက်ရောက်မှုသည် နှစ်ဆဖြစ်သွားလိမ့်မည်ဖြစ်ပြီး လုပ်ဆောင်ရန် လိုအပ်သောအလုပ်သည် ထက်ဝက်လျော့သွားပေလိမ့်မည်။

အနာဂတ်တွင် အန္တရာယ်များသော အခိုက်အတန့်များတွင် သူတစ်ဦးတည်း ခွန်အားသည် လုံလောက်လိမ့်မည်မဟုတ်ဘဲ သူသည် ကိစ္စများစွာ လုပ်ဆောင်ရပေလိမ့်မည်။ သူသည် သူ့စစ်တပ်အတွက် ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ပေးမည့်၊ သူ့အတွက် ရပ်တည်ပေးမည့် အားကောင်းသော ပုဂ္ဂိုလ်တစ်ဦး လိုအပ်ပေသည်။

သူ့အတွက်မူ...

ဝမ်ချောင်သည် သူ၏အကြီးမားဆုံး အားသာချက်က သူ့သိုင်းပညာရပ်များ မဟုတ်သော်လည်း နိုင်ငံရေး အခြေအနေကို ဆုပ်ကိုင်မှုနှင့် နည်းဗျူဟာများကို နားလည်ခြင်းဖြစ်ကြောင်း အမြဲသိရှိထားခဲ့ပေသည်။ ထို့ပြင် ဤကိစ္စများသည် သန်မာသောခွန်အား မလိုအပ်ခဲ့ပေ။

“ဘာပဲဖြစ်ဖြစ် ငါကြိုးစားရမယ်”

ဝမ်ချောင် သူ့စိတ်ထဲတွင် ပြင်းထန်သော ဆန္ဒတစ်ခု အမြစ်တွယ်နေကာ လီစီးရီကို ကြည့်လိုက်သည်။

“... လီစီးရီ အနောက်တိုင်း ဒေသတွေက ပိုအန္တရာယ်များကြပြီး အဲ့မှာတိုက်ခိုက်ဖို့ တိုက်ပွဲအများကြီးရှိပေမဲ့ ဒါကမင်းမြင်နိုင်တဲ့ အပေါ်ယံသာသာပဲ။ လက်ရှိတိုင်းပြည်က အတိတ်ကတိုင်းပြည် မဟုတ်တော့သလို တိုင်းတစ်ပါး တိုင်းပြည်တွေကလည်း အတိတ်ကတိုင်းပြည် မဟုတ်တော့ဘူး။ သူတို့က သူတို့ကိုယ်သူတို့ သန်မာလာအောင် ပြုလုပ်ဖို့ မဟာထန်ဆီက အာဟာရတွေကို ဆုပ်ယူထားခဲ့တယ်”

“ဂိုဂူလျောတိုင်းပြည် အရှေ့နဲ့အနောက် တာကီကားကနိုက် ဝူရှန်းတိုင်းပြည် မုချီကျောက် အနောက်တိုင်း ဒေသတွေရဲ့ အမျိုးမျိုးသော တိုင်းပြည်တွေနဲ့ ဝေးကွာလှတဲ့ အနောက်အရပ်ရဲ့ အာဗက်စစ်ဆော်ဘွားနဲ့ ခဲရက်စ်စပါစီနူ ဒါတွေအားလုံးက တိုင်းပြည်အတွက် ခြိမ်းခြောက်မှုတွေဖြစ်တယ်။ သူတို့ထဲမှာ အနောက်တိုင်း ဒေသတွေက တိုင်းပြည်အမျိုးမျိုးရှိပြီး ဝူရှန်းနဲ့ အာဗက်စစ်ဆော်ဘွားနဲ့ ခဲရက်စ်စပါစီနူတို့က အတိတ်မှာ ငါတို့တစ်ခါမှ မဆက်ဆံခဲ့ဖူးဘူး။ အခြေအနေက ရှုပ်ထွေးပေမဲ့ တော်ဝင်ရုံးတော်က အဲ့နေရာတွေမှာ တပ်ဆွဲထားတဲ့ တပ်သားအများကြီး မရှိတဲ့အပြင် ထောက်ပံ့ရေး လမ်းကြောင်းကလည်း အရမ်းရှည်လျားတယ်။ ဒါက အနောက်တိုင်းဒေသတွေမှာ တိုက်ပွဲတွေ အဆက်မပြတ်ရှိပြီး အဲ့ဒါက အခြားဒေသတွေထက် ပိုပြီးအန္တရာယ်များနေရတဲ့ အကြောင်းအရင်းပဲ”

“ဒါပေမဲ့ လီစီးရီ အနာဂတ်မှာ တိုင်းပြည်က ရင်ဆိုင်နေရမဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုက အနောက်တိုင်းဒေသတွေ မဟုတ်ဘူးဆိုတာ မင်းမသိဘူး”

“ဒါဆိုဘယ်မှာလဲ” လီစီးရီ၏စိတ် တုန်ခါသွားခဲ့ပြီး သူသည် ဤစကားလုံးများကို အမှတ်တမဲ့ ပြောလိုက်မိသည်။

ရှုး

ဝမ်ချောင်ရုတ်တရက် သူ့လက်ချောင်းကို လှုပ်လိုက်ပြီး ထက်မြသော ဓားရှည်က လေထဲမှာ ဖြတ်သန်းသွားခဲ့သည်။ ထိုဓားရှည်သည် နံရံမှာ ချိတ်ဆွဲနေသော စာလိပ်ကို ဖြတ်မသွားခဲ့သော်လည်း ၎င်းကို ချည်နှောင်ထားသည့် အနီရောင်ကြိုးကို တိကျစွာ ပိုင်းဖြတ်သွားခဲ့သည်။

ဤကဲ့သို့ ကောင်းမွန်ပြီး သိမ်မွေ့သော ထိန်းချုပ်မှုက လီစီးရီကိုပင် အံ့သြသွားစေခဲ့သည်။

ဖလူး

ထိုစာလိပ်သည် လီစီးရီ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ပြေကျသွားခဲ့သည်။ မဟာထန်၏ ဧရာမကြီးမားသော မြေမျက်နှာသွင်ပြင် မြေပုံတစ်ခုက သူ့နောက်နံရံပေါ်တွင် ပြေကျသွားခဲ့သည်။

ရှုး

ဝမ်ချောင် ဒုတိယဓားရှည်ကို ပစ်လွှတ်လိုက်ပြီး ၎င်းက ဝူရှန်းနှင့် မုချီကျောက်တို့ တွေ့ဆုံရာ နယ်စပ်ဒေသရှိသည့် မြေပုံ၏ အနောက်တောင်ဘက်ထောင့်သို့ တိကျစွာ ထိမှန်သွားခဲ့သည်။

“... ဒီနေရာမှာပဲ” ဝမ်ချောင် သူ့လက်ကို ဖြေးညှင်းစွာ ပြန်ရုတ်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

____

အခန်း(၄၃၂)

လီစီးရီကို ဖြောင့်ဖျခြင်း

သူပြန်လည် မွေးဖွားလာကတည်းက တစ်နှစ်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဤနှစ်အတွင်း ဝမ်ချောင်သည် ကိစ္စများစွာကို ပြောင်းလဲခဲ့သည်။

ဝမ်ကလန်သည် မကျဆင်းတော့ဘဲ စုန်းဘုရင်သည် ရာထူးမကျတော့ဘဲ သူသည် ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်တွင် ပါဝင်ခဲ့ပြီး ၎င်းကို သူနောက်ဆုံးဘဝရှိ ဖြစ်ခဲ့သည့်အရာနှင့် လုံးဝခြားနားသွားစေခဲ့သည်။

ထို့ပြင် သူ့ကိုယ်ပိုင်အင်အားနှင့် ပတ်သတ်၍ ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ချောမွေ့စွာ တည်ထောင်ခဲ့ပြီး သူ့ဘက်သို့လူများကို စတင်စုဆောင်းခဲ့သည်။ သူသည် လက်နက်များကို ပြုလုပ်ရန် အသုံးပြုနိုင်သည့် ဟိုက်ဒြွာဘက် သတ္တုရိုင်းနှင့် ဥက္ခာခဲကဲ့သို့သော ဗျူဟာများ အရင်းအမြစ်များကိုလည်း ရရှိထားခဲ့သည်။

အရာအားလုံးသည် လမ်းမှန်ပေါ် ရောက်နေခြင်းနှင့်အတူ ဝမ်ချောင်၏ စိုးရိမ်ပူပန်မှုများသည် ယခုအခါ အနောက်တောင်ဘက်တွင် စူးစိုက်နေခဲ့ပေသည်။

ကျန်းချိုးချင်ချိုး၏ မြို့တော်သို့ ပြောင်းရွေ့ခြင်းသည် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ကျင်းဂီကို ထိန်းချုပ်ထားခဲ့ပြီဖြစ်ပြီး အပ်နှံ ကာကွယ်ရေးအိမ်တော်ကို တက်ရောက်ခွင့် လွှဲပြောင်းရယူခဲ့ပြီးဖြစ်သည်။

တိုင်းပြည်၏ အနောက်တောင်ပိုင်းဒေသ၏ ဖွဲ့စည်းပုံသည် ဝမ်ချောင် သူ့နောက်ဆုံးဘဝမှ မှတ်မိသည့်အတိုင်း အတိအကျဖြစ်သည်။

ဝမ်ချောင်သည် သူ့ဖခင်နှင့် သူ့အစ်ကိုတို့၏ စစ်တပ်များကို အနောက်တောင်ပိုင်း နယ်စပ်ဒေသသို့ လွှဲပြောင်းရန် ပြောင်းရွှေ့ရန် စုန်းဘုရင်၏အာဏာကို ငှားရမ်းခဲ့ပြီးဖြစ်သော်လည်း ကျင်းနမ်သို့ အချိန်မရွေး ဝင်ရောက်ရန် အဆင့်သင့် ဖြစ်နေခဲ့ပြီဖြစ်သော်လည်း ထိုသည်မှာ သူတက်နိုင်သမျှ ဖြစ်ပေသည်။

လက်ရှိတိုင်းပြည်တွင် ကျန်းရှိုးကွေ့ဖြစ်စေ ကျန်းချိုးချင်ချိုးဖြစ်စေ ကော်ရှု့ဟန်ဖြစ်စေ ဖုမင်လင်းချာဖြစ်စေ ဂိုစုန့်ကျီဖြစ်စေ တစ်ခြားသူဖြစ်စေ သူတို့အားလုံးသည် အလွန်အမင်း ပိုင်စိုးပိုင်နင်းလှသည်။

အကယ်၍ သူသည် သူ့ဖခင်နှင့် သူ့အစ်ကိုကြီးတို့ကို ကျင်းဂီသို့ အတင်းအကြပ် ပြောင်းရွေ့ခဲ့ပါက သူသည် အနောက်တောင်ဘက်ရှိ ချန်ရူချထုံးနှင့် မြို့တော်ရှိ ကျန်းချိုးချင်ချိုးတို့၏ သံသယများကို ဆွဲဆောင်ပေလိမ့်မည်။ သူတို့သည် ဝမ်ကလန်က အနောက်တောင်ဘက်တွင် ပါဝင်ပတ်သတ်ပြီး သူတို့၏အာဏာကို လုယူကာ သူတို့အင်အားကို အားနည်းသွားအောင် ပြုလုပ်ချင်နေမည်လားဆိုသည်ကို စတင် တွေးတောလာပေလိမ့်မည်။

ထိုသည်မှာ သူလိုချင်သည့်အရာနှင့် လုံးဝဆန့်ကျင်ဘက်သာ ဖြစ်ပေလိမ့်မည်။

ဝမ်ကလန်၏ အင်အားသည် အနောက်တောင်ဘက်သို့ မရောက်ရှိပေ။ ထိုသည်မှာ ကျန်းချိုးချင်ချိုးနှင့် ချန်းရူချထုံးတို့၏ ကိစ္စဖြစ်ပြီး ထိုဒေသသည် ဝမ်ချောင်၏အမိန့်များကို အာရုံစိုက်လိုက်မည်မဟုတ်ပေ။ ထို့ပြင် ဝမ်ကလန်သည် တိုင်းပြည်၏ ပိုင်နက်များထဲမှတစ်ခုကို ထိန်းချုပ်နိုင်သည်အထိ ထိုမျှမကြီးမားပေ။

ဤသည်မှာ ဝမ်ချောင်စိုးရိမ်နေရသည့် အကြောင်းအရင်း ဖြစ်ပေသည်။

သူသည် အနာဂတ် ဘေးအန္တရာယ်များကို သိရှိထားခဲ့ပြီးဖြစ်သော်လည်း မရွေးချယ်နိုင်သည့် နည်းလမ်းများ အနည်းငယ်သာ ရှိကြပေသည်။ အကယ်၍သူသည် လွန်လွန်ကျူးကျူး ပြုမူခဲ့ပါက သူသည် ကျန်းချိုးချင်ချိုးနှင့် ချန်းရူချထုံးတို့၏ ရန်လိုမှုကို ခံစားရပေလိမ့်မည်။ ထိုသည်မှာ သူ့ရည်ရွယ်ချက်ကို နှေးကွေးစွာရောက်ရှိရန် မြန်မြန်ဆန်ဆန် လျှောက်လှမ်းခြင်းသာဖြစ်ပြီး မလိုချင်သော ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။

သို့တိုင် သူသည်လည်း အနောက်တောင်ဘက်၏ ကံကြမ္မာသည် တိုင်းပြည်အပေါ် သက်ရောက်လိမ့်မည် ဖြစ်သောကြောင့် ထိုကြီးမားသော ရိုက်ခတ်မှုနှင့် ဒဏ်ရာဒဏ်ချက်ကို လျစ်လျူမရှု့နိုင်ပေ။

ဤသည်မှာ ဝမ်ချောင် ရင်ဆိုင်နေရသည့် အကြပ်အတည်း ဖြစ်ပေသည်။

ဉာဏ်အကောင်းဆုံး အိမ်ရှင်မသည်ပင် ဆန်မရှိဘဲ မချက်ပြုတ်နိုင်ပေ။ ဘဝနှစ်ခုစာပါ မှတ်ဉာဏ်ဖြင့်ပင် သူမပြောင်းလဲနိုင်သည့် ကိစ္စများ ရှိကြသေးသည်။

ဝမ်ချောင်သည် ဖြစ်လာနိုင်သည့် ကပ်ဘေးများကို ပြောင်းလဲရန် သူ၏သနားစရာကောင်းသော ခွန်အားကို အပြည့်အဝ အသုံးချနိုင်ရန် နည်းလမ်းတစ်ခုကိုသာ စဉ်းစားနိုင်သည်။

ထို့ပြင် အနောက်တောင်ဘက်သည် အရာအားလုံး၏ အစဖြစ်ပေသည်။

အခန်းထဲတွင် လီစီးရီသည် ဝမ်ချောင်၏ စကားလုံးများကြောင့် ကြက်သေ သေနေခဲ့သည်။

တိုင်းပြည်ဆီသို့ ခြိမ်းခြောက်မှုများသည် အနောက်မြောက်ဘက်တွင် မဟုတ်ကြသော်လည်း အနောက်တောင်ဘက်တွင် ဖြစ်သည်လော။ သူသည် ဤပြောဆိုချက်မျိုး ယခင်က မကြားခဲ့ဖူးပေ။ အနောက်တောင်ဘက်သည် တိုင်းပြည်၏ နယ်နိမိတ်တွင် ပဋိပက္ခ ဖြစ်နိုင်ချေ အနည်းဆုံးနေရာဖြစ်သည်ကို လူအများ သိကြပေသည်။

ထိုဒေသသည် ငြိမ်းချမ်းနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ပဋိပက္ခအဆင့်နှင့် တိုက်ပွဲအရေအတွက်အရ ၎င်းသည် အနောက်ပိုင်း ဒေသများ မဆိုထားနှင့် လုံးချည်သို့မဟုတ် အမ်းတုံကိုပင် မယှဉ်နိုင်ပေ။

သို့သော် ဝမ်ချောင်သည် တိုင်းပြည်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ အနောက်တောင်ဘက်မှ လာသည်ဟု အခိုင်အမာ ပြောကြားနေခဲ့သည်။

အကယ်၍ ဤသည်မှာ တစ်ခြားတစ်ဦးဖြစ်ခဲ့လျှင် လီစီးရီသည် ထိုအယူအဆကို စဉ်းပင်စဉ်းစားလိမ့်မည် မဟုတ်ပေ။ သူသည် နှာခေါင်းရှုံ့ပြီး သူတို့ကို အရူးဟု ခေါ်ဆိုပေလိမ့်မည်။

သို့သော် ဝမ်ချောင်နှင့် လက်တွဲပြီးသည်မှစ၍ လီစီးရီသည် သူ့ရှေ့ရှိ ဤလူငယ်က လျော့တွက်၍မရကြောင်း ကောင်းကောင်း သိရှိခဲ့သည်။

“မင်းဘယ်လိုလုပ် သိသလဲ” လီစီးရီ သံသယမျက်လုံးများဖြင့် မေးလိုက်သည်။ အကယ်၍ ဝမ်ချောင်သည် အမ်းတုံသို့မဟုတ် လုံးချည်က ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောဆိုခဲ့ပါက သူသည် အံ့သြသွားခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော် အနောက်တောင်ဘက်မှာ...

အနောက်တောင်ဘက်သည် တိုက်ပွဲဖြစ်နိုင်ချေအနည်းဆုံး တိုင်းပြည်၏ နယ်နိမိတ်တွင်ရှိသော နေရာတစ်ခုဖြစ်သည်။

“ဟာ လီစီးရီ မင်းနားမလည်သေးဘူးလား။ မင်းဒီမေးခွန်းကိုမေးတဲ့ အကြောင်းပြချက် အတိအကျ အကြောင်းပြချက်ပဲလေ။ တိုက်ပွဲတစ်ခုက အဲ့မှာ ဖြစ်နိုင်ချေမရှိလေလေ တိုက်ပွဲတစ်ခုက ဖြစ်နိုင်ချေ ရှိလေလေပဲ”

“တိုင်းပြည်ရဲ့ အနောက်တောင်ဘက်က အချိန်အကြာကြီး ငြိမ်းချမ်းနေခဲ့တယ်။ ပြည်သူတွေက ပျင်းရိနေပြီး စစ်သားတွေကလည်း ပျင်းရိနေခဲ့ကြတယ်။ မင်းကတောင် တိုက်ပွဲတစ်ခုက အဲ့မှာမဖြစ်နိုင်ဘူးလို့ တွေးနေတာကြောင့် တစ်ခြားလူတွေကလည်း ဘာလို့မတွေးရမှာလဲ။ နောက်ပြီး မပြင်ဆင်ထားတဲ့ စစ်တပ်တစ်ခုက ဝူရှန်းနဲ့ မုန့်ချီကျောက်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ဆန့်ကျင်နိုင်မယ်လို့ မင်းထင်နေတာလား” ဝမ်ချောင်ပြောလိုက်သည်။

“ဒါပေမဲ့ ဒါအတွက် အကြောင်းပြချက် မရှိဘူးလေ။ သူတို့ကဘာလို့ ဒီလိုကိစ္စတစ်ခုကို လုပ်ရမှာလဲ” လီစီးရီ ပြောလိုက်သည်။

“မုန့်ချီကျောက်နဲ့ တိုင်းပြည်ကအမြဲ ငြိမ်းချမ်းနေခဲ့ပြီး ဝူရှန်းက အလယ်ပိုင်း လွင်ပြင်ဒေသထဲကို တစ်ခါမှ မထိုးဖောက်ခဲ့ဖူးဘူး။ ကျန်းချိုးနဲ့ သူ့ရဲ့လက်ရွေးစင်စစ်သည် တစ်သိန်းရှစ်သောင်းနဲ့အတူ ဝူရှန်းက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး”

လီစီးရီ၏ စကားလုံးများကို ကြားသည်နှင့် ဝမ်ချောင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ တိုင်းပြည်၏ အခြေအနေများနှင့် ပတ်သတ်၍ လီစီးရီသည် မသိနားမလည်ခြင်းမျှ မဟုတ်တော့သော်လည်း လုံးဝဘာမှ မသိခြင်းဖြစ်ပေသည်။

“လီစီးရီ မင်းမသိဘူးလား။ ကျန်းချိုးချင်ချိုးက မြို့တော်ကို ပြောင်းလာခဲ့ပြီးပြီ။ လက်ရှိအပ်နှံ ကာကွယ်ရေး စစ်သူကြီးက ချန်းယူချထုံဖြစ်တယ်။ ဒါ့အပြင် မုန့်ချီကျောက်ရဲ့ဘုရင် ကဲလျိုဖန်းက လက်ရှိမှာ ဝူရှန်းနဲ့ ဆက်သွယ်နေပြီး မဟာထန်ကို ပူးပေါင်းတိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်။ ဝူရှန်းက မလယ်ပိုင်း လွင်ပြင်ဒေသကို နားမလည်ကောင်း နားမလည်နိုင်ပေမဲ့ မုန့်ချီကျောက်ကရော”

“တကယ်လို့ မုန့်ချီကျောက်နဲ့ ဝူရှန်းက အချင်းချင်း မဟာမိတ်ပြုခဲ့ရင် အပ်နှံကာကွယ်ရေး အိမ်တော်ရဲ့ လက်ရွေးစင် တစ်သိန်းရှစ်သောင်းက သူတို့ကို ရင်ဆိုင်နိုင်မယ်လို့ မင်းထင်နေတာလား”

ဝမ်ချောင် သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်၏။

“လီစီးရီ တကယ်လို့ မုန့်ချီကျောက်နဲ့ ဝူရှန်းက အချင်းချင်း မဟာမိတ်ပြုပြီး အပ်နှံပိုင်နက်ကို အတူတကွ တိုက်ခိုက်ခဲ့ရင် နုံးချီမှာရှိတဲ့ ကော်ရှု့ဟန်ရဲ့ ကြယ်ခုနှစ်ပွင့်စစ်တပ်ကို ဖိနှိပ်လ်ိမ့်မယ်... တကယ်လို့ ဒီအခြေအနေက ဖြစ်လာခဲ့ရင် အဲ့ဒါက တိုင်းပြည်အတွက် ဘာကိုဆိုလိုတယ်လို့ မင်းထင်သလဲ”

လီစီးရီ၏စိတ်သည် ချာချာလည်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲ့သွားခဲ့သည်။ လီစီးရီသည် နည်းဗျူဟာအကြောင်း နားမလည်သော်လည်း အကယ်၍ ဝမ်ချောင်၏ ခန့်မှန်းချက်က အမှန်တကယ် ဖြစ်လာခဲ့ပါက ၎င်းသည် အနောက်တောင်ဘက်နှင့် တိုင်းပြည်နှစ်ခုစလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်ကို သူသိပေသည်။

တိုင်းပြည်၏ တပ်သားများကို နေရာချထားခြင်းသည် အလွန်မရှုပ်ထွေးပေ။ ရည်မှန်းချက် အနည်းငယ်ရှိသော စစ်တပ်ထဲရှိ မည်သူမဆို တိုင်းပြည်က အနောက်တောင်ဘက်သို့ ထိုနေရာတွင် ပဋိပက္ခများ မရှိသောကြောင့် စစ်သည်များစွာ မချထားခဲ့သည်ကို သိကြပေသည်။

အပ်နှံပိုင်နက်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းသည် အနောက်တောင်ဘက်၏ တစ်ခုတည်းသော အတားအဆီး ဖြစ်ပေသည်။

အကယ်၍ အပ်နှံပိုင်နက်သည် တိုက်ခိုက်ခံခဲ့ရပါက လုံးချည်၏ ကြယ်ခုနှစ်ပွင့် စစ်တပ်သည် အနီးကပ်ဆုံးနှင့် အကူအညီ လာပေးနိုင်သည့် တစ်ခုတည်းသော စစ်တပ်ဖြစ်သည်။

သို့သော် အကယ်၍ လုံးချည်၏ ကော်ရှု့ဟန်က ဟန့်တားခြင်း ခံခဲ့ရပါက အကယ်၍ ဝမ်ချောင် ပြောသကဲ့သို့ ဝူရှန်းသည် သူတို့၏ တပ်သားများကို အမှန်တကယ် စေလွှတ်ခဲ့ပါက အနောက်တောင်ဘက်၏ အပ်နှံပိုင်နက်နှင့် တိုင်းပြည်တစ်ခုလုံးသည် လုံးဝ ဘေးဒုက္ခတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။

“မင်းပြောတဲ့အရာက အမှန်ပဲလား။ ကျန်းချိုးချင်ချိုးက မြို့တော်ကို ပြောင်းရွေ့ခံခဲ့ရတာလား” လီစီးရီမေးလိုက်ကာ ကြက်သေ သေနေသည့် အကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သည်။

ဝမ်ချောင် လီစီးရီ၏အကြည့်ကို ရင်ဆိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက စုံစမ်းဖို့ ဘာမှမခက်ဘူး။ လူကြီးမင်းကျန်ချိုးက အနောက်တောင်ဘက်မှာ ဆယ်စုနှစ်ချီ အုပ်ချုပ်နေခဲ့တယ်။ သူက မြ်ို့တော်ကို ဝင်ရောက်ဖို့ သူ့စိတ်ကို ပြင်ဆင်ထားခဲ့ပြီဖြစ်တာကြောင့် ဘယ်သူကမှ သူ့ကိုတားဖို့ မစဉ်းစားသင့်ဘူး”

“မုန့်ချီကျောက်က ဝူရှန်းနဲ့ မဟာမိတ်ဖွဲ့ဖို့ စီစဉ်နေတာလား”

“အင်း လူအများကြီးက ဒီအကြောင်းကို မသိကြပေမဲ့ မုန့်ချီကျောက်က ဝူရှန်းက အဆင့်မြင့်အဆင့် သံတမန်နှစ်ယောက် စေလွှတ်ခဲ့တယ်ဆိုတာ ငါအနည်းဆုံး အာမခံနိုင်တယ်။ သူတို့ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေက ဘယ်လို တိုးတက်သွားခဲ့သလဲ ဆိုတာကိုတော့ ငါတို့အခု မသိသေးဘူး” ဝမ်ချောင် ပြောလိုက်သည်။

လီစီးရီ ဘာမှမပြောခဲ့ပေ။ စကားလုံးများက သူ့နှုတ်ခမ်းမှ ထွက်ကျမလာခဲ့သော်လည်း သူ၏တင်းကြပ်စွာ ထိစပ်နေသော မျက်ခုံးများမှနေ၍ ကြီးမားသော လွန်ဆွဲမှုတစ်ခုက သူ့စိတ်ထဲတွင် ဖြစ်ပျက်နေကြောင်း မြင်နိုင်ပေသည်။

ပထမဆုံး အကြိမ်အနေဖြင့် လီစီးရီသည် သူက တိုင်းပြည်၏ အခြေအနေကြောင့် လုံးဝဘာမှ မသိသည်ကို နားလည်သွားခဲ့သည်။

လီစီးရီသည် နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

“မင်းရဲ့ဝမ်ကလန်က ဒီကိစ္စတွေကို သိနေတာကြောင့် ဘာလို့ ဘုရင်မင်းမြတ်ကို မပြောခဲ့တာလဲ။ တကယ်လို့ ဘုရင်မင်းမြတ်က ပါဝင်ပတ်သတ်ခဲ့ရင် ဒီကိစ္စက အပင်ပေါက်ဘဝကတည်းက ဖြေရှင်းလိုက်နိုင်တယ်” သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။

“လီစီးရီ ငါတို့ကတောင် ဒီကိစ္စကိုသိတာကြောင့် ဘုရင်မင်းမြတ်က မသိဘူးလို့ မင်းထင်နေတာလား။ စစ်ရေးကိစ္စတွေက မင်းတွေးနိုင်တာထက် ပိုရှုပ်ထွေးတယ်။ တစ်ခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်အုံး။ စစ်တပ်တစ်ခုက သူ့ရဲ့အစာအိမ်နဲ့ ချီတက်ကြတယ်။ တကယ်လို့ အနောက်တောင်ဘက်မှာရှိတဲ့ မြို့စောင့်တပ်က တိုးလာခဲ့ရင် ထောက်ပံ့ရေးကိစ္စကို ငါတို့ဘယ်လို ဖြေရှင်းကြမလဲ။ တကယ်လို့ စစ်သည်တစ်သိန်းက သုံးလကြာ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရင် လူတစ်သိန်းအတွက် လုံလောက်တဲ့ အထောက်အပံ့တွေကို ပြင်ဆင်ထားရလိမ့်မယ်။ ဒါက စစ်မှုထမ်းဌာနက သူ့သဘောအတိုင်း ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး။ တော်ဝင်ရုံးတော်ရဲ့ အဖွဲ့တွေ အကုန်လုံးက ဒီကိစ္စမှာ ပါဝင်ရလိမ့်မယ်။ ဒါက အသေးအမွှား ကိစ္စတွေလို့ မင်းထင်နေတာလား။”

“ဒါ့အပြင် တော်ဝင်ရုံးတော်က လက်ရှိမှာ ဘက်ပေါင်းစုံမှာ ရန်သူတွေရှိပြီး ငါတို့မှာ လုံလောက်တဲ့ တပ်သားတွေ တကယ်ပဲမရှိဘူး။ တကယ်လို့ ငါတို့က တပ်သားတွေကို ပြန်လည်နေရာ ချထားရင် ငါတို့ကသူ့ကို ဘယ်ကနေ သွားယူကြမလဲ။ အမ်းပိုင် ပိုင်နက်ကလား။ အမ်းတုံ ပိုင်နက်ကလား။ အမ်းချီပိုင်နက် ဒါမှမဟုတ် လုံးချည်ကလား။ တပ်သားတွေက ဒီနေရာတွေ အကုန်လုံးမှာ အသေအလဲ လိုနေကြတာ။ သူတို့က တပ်သားတွေပိုပြီး မတောင်းဆိုလာတာက တော်တော်လေး လုံလောက်နေပြီဖြစ်တယ်။ ဒါကြောင့် ငါတို့က သူတို့ဆီကနေ တပ်သားတွေ ဘယ်လိုလုပ် ချေးယူနိုင်မှာလဲ။ တော်ဝင်ရုံးတော်က တပ်သားတွေ လိုချင်တယ်ဆိုရင်တောင် မရနိုင်ဘူး။ ကွက်လပ်ကိုဖြည့်ဖို့ အရန်တပ်ဖွဲ့တွေကို ဆင့်ခေါ်ရမှာလား”

“ဒါ့အပြင် ငါတို့က တပ်သားတွေ ရနိုင်တယ်ဆိုရင်တောင် မုန့်ချီကျောက်နဲ့ ဝူရှန်းတို့ရဲ့ ပူးပေါင်းအင်အားထက်ပိုပြီး ငါတို့က စုစည်းနိုင်မှာလား။ ဒါ့အပြင် မုန့်ချီကျောက်နဲ့ ဝူရှန်းကြား မဟာမိတ် ဖွဲ့နေတယ်ဆိုတာ ခိုင်မာတဲ့ သက်သေတွေမရှိဘူး။ သူတို့က သူတို့ရဲ့တပ်တွေကို မဆင့်ခေါ်ဘဲ ဆက်ပြီးနှောင့်နှေးနေရင် ဘာဆက်ဖြစ်မလဲ။ ငါတို့ကအမြဲ စောင့်ကြပ်နေရမှာလား။ ဒီတစ်ဝက်တစ်ပြတ် စစ်ပွဲအခြေအနေက တုန်လှုပ်ဖွယ်ကောင်းတဲ့ ကုန်ကျစရိတ်တွေနဲ့ အတူလာတာ။ နောက်ဆုံးမှာ တကယ်လို့ တော်ဝင်ရုံးတော်က ငါတို့ရဲ့ အခြေအမြစ်မရှိတဲ့ ထင်မြင်ယူဆချက်တွေကြောင့်နဲ့ ကြီးမားတဲ့ စုရုံးမှုတစ်ခုကို ပြုလုပ်ခဲ့ရင် အနာဂတ်မှာ ငါတို့က တပ်သားတွေကို ဘယ်လိုလုပ် စုစည်းတော့မှာလဲ” ဝမ်ချောင် ပြောလိုက်သည်။

လီစီးရီ နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့၏။ သူသည် အနာဂတ် ကျော်လွှား၍မရသော မဟာစစ်သူကြီးအဖြစ်မှ ဝေးကွာနေသေးသည်။ သူသည် ဝမ်ချောင် ပြောလိုက်သည့် အရာများစွာကို တစ်ခါမှ မတွေးခဲ့ဖူးပေ။

တပ်သားများကို ပြန်လည်နေရာ ချထားခြင်းသည် ရိုးရှင်းပုံရသော်လည်း ထိုသို့သော ကိစ္စတစ်ခုကို အမှန်တကယ် အကောင်အထည်ဖော်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်း အားလုံးကို လီစီးရီလုံးဝ မတွေးခဲ့ဖူးပေ။

လီစီးရီ အတွေးနက်သွားခဲ့၏။

“တော်ဝင်ရုံးတော်က အရမ်းကြီးတယ်။ ဘယ်လိုအကောင်ကြီး အတွက်မဆို သူတို့ရဲ့ခန္ဓာကိုယ်ကို ရွေ့ဖို့တောင် ခက်ခဲတယ်။ ဒါပေမဲ့ လူတစ်ယောက်က မတူဘူး။ ဟိုက်ဒြွာဘက် သတ္တုရိုင်းနဲ့ ဥက္ခာခဲသတ္တုကို စုစည်းတာမှာ ငါ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေမရှိဘူး။ ငါလုပ်ချင်သမျှက တော်ဝင်ရုံးတော်ကို အကောင်းဆုံး ကူညီဖို့ပဲ။ လီစီးရီ ငါ့ကိုယုံစမ်းပါ။ ဒီတစ်ကြိမ် အနောက်တောင်ဘက်က အနောက်မြောက်ဘက်ထက် မင်းရဲ့အကူအညီကို ပိုပြီးလိုအပ်တယ်”

“အနောက်မြောက်ဘက်မှာ ဂိုစုန့်ကျီနဲ့ ဖုမင်လင်းချာတို့က စောင့်ကြပ်နေပြီး တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် သူတို့ရဲ့နောက်က ချီချီ ပိုင်နက်နဲ့ သူတို့ရဲ့မြောက်ဘက်က အမ်းပိုင်း ပိုင်နက်တို့က သူတို့ကို လာကူနိုင်တယ်။ မင်းမရှိရင်တောင် အနောက်မြောက်ဘက်က ဆုံးရှုံးမှုအများကြီးကို ခံစားရမှာ မဟုတ်ပေမဲ့ အနောက်တောင်ဘက်ကတော့ မတူဘူး။ အမ်းနှံကာကွယ်ရေးအိမ်တော်ရဲ့ အတားအဆီးမရှိဘဲ အဲ့နေရာက လုံးဝအကာအကွယ်မဲ့တယ်။ သာမာန်ပြည်သူ သန်းပေါင်းများစွာက တိုက်ပွဲထဲမှာ ပိတ်မိလိမ့်မယ်ဖြစ်ပြီး တိုင်းပြည်ရဲ့ အနောက်တောင်ဘက်က မီးတောက်တွေနဲ့ ပျက်စီးမှုတွေရဲ့ မီးစတစ်ခု ဖြစ်လာလိမ့်မယ်”

ဝမ်ချောင် လီစီးရီကိုကြည့်လိုက်ကာ သူ့မျက်လုံးများက နီရဲနေသည်။ ဤသည်မှာ ခန့်မှန်းပြောဆိုနေခြင်း မဟုတ်သော်လည်း ဝမ်ချောင်၏ နောက်ဆုံးဘဝရှိ စစ်မှန်သော အမှန်တရားဖြစ်သည်။

အတိအကျပင်သူသည် ပြင်းထန်သော ရလဒ်ကို သိထားသောကြောင့် ဝမ်ချောင်သည် ၎င်းကိုရပ်တန့်ရန် သူတက်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေခြင်းဖြစ်သည်။

“တိုင်းပြည်ရဲ့ သာယာဝပြောမှုအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ လီစီးရီ မင်းက ချမ်းသာကြွယ်ဝမှုကို ဖမ်းဆုပ်ဖို့ မျှော်လင့်နေတာဖြစ်စေ၊ မင်းရဲ့အင်အားကို တိုင်းပြည်ကို ပေးလှူဖို့ အားထားနေတာဖြစ်စေ။ မင်းကိုယ်တိုင်အတွက် နာမည်တစ်လုံး တည်ဆောက်ဖို့ လုပ်နေတာဖြစ်စေ မင်းနေနိုင်မယ်လို့ ငါမျှော်လင့်တယ်။ နားထောင်ပါ အနာဂတ်မှာငါတို့ အနောက်မြောက်ဘက်ကို အတူသွားကြမယ်။ ဒါပေါ့ တကယ်လို့မင်းမှာ အထူးအကြောင်းပြချက်တွေရှိရင် ငါမင်းကို ရပ်တန့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကငါ့စကားတွေကို အလေးအနက်ထားပြီး စဉ်းစားနိုင်မယ်လို့ ငါမျှော်လင့်နေသေးတယ်”

“အနောက်ပိုင်း ဒေသတွေ အနေနဲ့တော့... တကယ်လို့ အနောက်တောင်ပိုင်းက ငြိမ်းချမ်းသွားခဲ့ရင် အနောက်ပိုင်းဒေသတွေကို မင်းနဲ့အတူ ငါလိုက်ခဲ့မယ်။ ဘာကြောင့်လည်းဆိုတော့ အဲ့နေရာက ငါ့ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်နေလို့ပဲ”

လီစီးရီ ဘာမှမပြောခဲ့ပေ။ သူ့မျက်လုံးများသည် ပထမဆုံးအကြိမ်အနေဖြင့် လွန်ဆွဲမှု အရိပ်အယောင်များကို ပြသနေခဲ့သည်။ သူသည် သူ့စစ်တပ်ထဲသို့ ဝင်ရောက်သောအခါ အနောက်ပိုင်း ဒေသများသို့ သွားရောက်မည်ဟု အချိန်အကြာကြီးကတည်းက ဆုံးဖြတ်ထားခဲ့သည်။

သို့သော် ယခုအခါ အနောက်တောင်ဘက်တွင် ပြဿနာဖြစ်နေသည်။ သူမသိခဲ့လျှင် အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း ယခုအခါ သူထိုအကြောင်းကို သိရှိသွားခဲ့ပြီ ဖြစ်သောကြောင့် သူသည် ဤအတိုင်း မထားလိုက်နိုင်ပေ။

“ဒါတွေက မင်းရဲ့မှန်းဆချက်တွေ သပ်သပ်သာဖြစ်တယ်။ ဒါပေမဲ့ တကယ်လို့ ဝူရှန်းနဲ့ မုန့်ချီကျောက်တို့က ဘယ်တော့မှ မတိုက်ခိုက်ခဲ့ရင် ငါကအမြဲ စောင့်နေရမှာလား” လီစီးရီ ပြောလိုက်၏။

“ဟား ဟား ဟား ဟား”

ဝမ်ချောင် ရုတ်တရက် ရယ်မောလိုက်၏။ “မင်းအချိန်အကြာကြီး မစောင့်ရပါဘူး။ ငါမင်းကို အာမခံနိုင်တယ်။ တစ်နှစ်အတွင်းမှာ တိုက်ပွဲတစ်ခုက အနောက်တောင်ဘက်မှာ စတင်လိမ့်မယ်။ အဲ့အချိန်အထိ အနောက်တောင်ဘက်မှာ တိုက်ပွဲမရှိခဲ့ရင် ငါ့ရဲ့ဆုံးဖြတ်ချက်က လုံးဝမှားသွားပြီဆိုတာ သက်သေပြသွားလိမ့်မယ်။ အဲ့အချိန် ရောက်လာတဲ့အခါ မင်းရဲ့ဆုံးရှုံးမှုတွေကို ဖြေဖျောက်ဖို့ ဟိုက်ဒြွာဘက် သတ္တုရိုင်းနဲ့ ဥက္ကာခဲ သတ္တုတွေ အကုန်လုံးကို တော်ဝင်ရုံးတော်ကို ငါလက်လွှဲပေးဖို့ ဆန္ဒရှိတယ်”

“မင်းပြောတာ အမှန်ပဲလား”

လီစီးရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ဟိုက်ဒြွာဘက် သတ္တုရိုင်း ကျင်တစ်ထောင်သည် သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။ ၎င်းမှာ ကြွေပြားသန်းတစ်ရာ တန်ကြေးရှိပြီး ဥက္ကာခဲသတ္တုက ထိုတန်ဖိုးကို ပို၍တိုးမြှင့်သွားစေခဲ့သည်။

အကယ်၍ ဝမ်ချောင်သည် ဤအရာများကို အလကား လွှဲပြောင်းပေးရန် ဆန္ဒရှိပါက ထိုသည်မှာ ပူးပေါင်းကြံစည်မှုနှင့် ပုန်ကန်မှုတို့၏ သံသယများကို သဘာဝအတိုင်း ပျောက်ကွယ်သွားစေနိုင်သည်။ ထိုသို့ကြီးမားသော ကြွယ်ဝမှုတစ်ခုသည် တော်ဝင်ရုံးတော်၏ ဘဏ္ဍာရေးအတွက်လည်း ကြီးမားသော အကျိုးအမြတ် တစ်ခုဖြစ်သည်။

“ဒါပေါ့ အဲ့ဒါအမှန်ပဲ” ဝမ်ချောင် ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။

အခန်း(၄၃၃)

အနောက်တောင်ပိုင်းအတွက် အစီအစဉ်များ

နောက်နေ့သည် တိုင်းပြည်အတွက် ပြင်းထန်သော အစီအစဉ်များနှင့် ဖြစ်ပေမည်။ ဝမ်ချောင်၏ ခန့်မှန်းချက်များက မှန်ကန်ခဲ့ပါက အလွန်ဆုံး တစ်နှစ်ခွဲအတွင်း တိုင်းပြည်၏ အနောက်တောင်ဘက် နယ်နိမိတ်အတွင်း မကြံစဖူးသော ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားလ်ိမ့်မည်ဖြစ်သည်။ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပေလိမ့်မည်။

ထို့ပြင် ဤပြောင်းလဲမှုများက တိုင်းပြည်ကို ဝန်းရံထားသည့် စွမ်းအားစုများ၏ မတော်လောဘကို လှုံ့ဆော်ပေးပေလိမ့်မည်။ အရှေ့နှင့်အနောက် တာကီကာကနိတ် ဂိုဂူလျော အနောက်တိုင်း ဒေသများ၏ တိုင်းပြည်များနှင့် အလှမ်းဝေးကွာသော အာဘက်စစ်ဆော်ဘွားနှင့် ခဲရက်စပါစီနီတို့သည်ပင် ရည်မှန်းချက်များ ရှိလာကြပေလိမ့်မည်။

မိုးသည်းထန်သောညတွင် ခေါင်မိုး ယိုပေလိမ့်မည်။ ခေါင်းစီးများ အတွဲလိုက်မလာသော်လည်း ကံဆိုးခြင်းသည် တစ်ယောက်ထဲ ရောက်မလာပေ။ တိုင်းပြည်များကြား ဆက်ဆံရေးနှင့် ပတ်သတ်၍ ဤသဘောတရားသည် ပို၍ပင် သက်ဆိုင်ကြပေသည်။

အပေါက်တစ်ခု ပေါ်လာသည့်ခဏတွင် ဝံပုလွေတစ်အုပ်သည် ဝင်ရောက်လာပြီး သားကောင်ကို ဖမ်းယူပေလိမ့်မည်။

ဝမ်ချောင်သည် လီစီးရီကို တစ်နှစ်လောက်စောင့်ရန် ပြောဆိုခဲ့သော်လည်း ဝမ်ချောင်သည် ဤမျှအချိန်အကြာကြီး လိုလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မဟာထန်သည် တစ်နှစ်ပတ်လုံး ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ခဲ့ပါက သူ့မှတ်ဉာဏ်များထဲမှ ကပ်ဆိုးကြီး ဖြစ်လာလိမ့်မည် မဟုတ်ပေ။

အကယ်၍ ထိုသို့အမှန်တကယ် ဖြစ်ခဲ့ပါက ဝမ်ချောင်သည် လီစီးရီကို ဝမ်းသာအားရ သွားခွင့်ပေးပေလိမ့်မည်။

အကယ်၍သူသည် ထိုအနာဂတ်ဘေးဆိုးကြီကို ရင်ဆိုင်ရန် မလိုအပ်ပါက အကယ်၍သူသည် တိုင်းပြည်၏ ဘေးဆိုးများနှင့် အလယ်ပိုင်း လွင်ပြင်ဒေသများ ရင်ဆိုင်ရမည့် အန္တရာယ်များကို တုန့်ပြန်ရန် မလိုအပ်ပါက ဟိုက်ဒြွာဘက်သတ္တုရိုင်းနှင့် ဥက္ကာခဲသတ္တုကို ရရှိရန် အဘယ်ကြောင့် သူ့ဦးနှောက်ကို နှိပ်စက်ပြီး စွမ်းအားများစွာ သုံးစွဲရန် လိုအပ်လိမ့်မည်နည်း။

အကယ်၍ တိုင်းပြည်သည် ပြဿနာမရှိဘဲ ထိုဘေးဆိုးများကို အမှန်တကယ် ခံနိုင်ရည်ရှိမည်ဆိုပါက ဝမ်ချောင်သည် ထိုအရာအားလုံးကို စွန့်လွှတ်လိုက်လျှင် မည်သို့သော ထိခိုက်နစ်နာမှုများ ရှိလာနိုင်မည်နည်း။

ဝမ်ချောင်၏ ပြတ်သားမှုသည် လီစီးရီကို အံ့အားသင့်စေခဲ့သည်မှာ ထင်ရှားလှသည်။ ဝမ်ချောင်သည် အမှန်ပင် ရွှေပြားသန်းတစ်ရာကို စွန့်လွှတ်ရန် ဆန္ဒရှိနေပေမည်။ ဤသည်မှာ သာမာန်လူတစ်ယောက် ပြုလုပ်နိုင်သည့် အရာမဟုတ်ပေ။

“အရမ်းကောင်းတယ် သခင်လေးဝမ်”

လီစီးရီသည် ဝမ်ချောင်၏ မျက်လုံးများကိုကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူ့အား လေးလေးစားစား ခေါ်ဆိုလိုက်သည်။ ဝမ်ချောင်၏ စကားများသည် သူ့စိတ်ထဲရှိ သူရဲကောင်းဆန်သော စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးခဲ့သည်။

“မင်းရဲ့ဝမ်ကလန်က ရွှေပြားသန်းတစ်ရာတန်တဲ့ ဟိုက်ဒြွာဘက်သတ္တုရိုင်းနဲ့ ဥက္ကာခဲသတ္တုတွေကို တကယ်ပဲ စွန့်လွှတ်နိုင်ပြီး တော်ဝင်ရုံးတော်ကို ပေးလှူနိုင်ရန် မင်းရဲ့ဝမ်ကလန်အတွက် မင်းအနည်းငယ်ကြာအောင် အလုပ်လုပ်နေတဲ့ လီစီးရီမှာ ဘာနစ်နာမှုတွေ ရှိလာမှာလဲ။ အနည်းဆုံးတော့ မင်းပြောသလိုပဲ အနောက်တောင် နယ်စပ်မှာ တိုက်ပွဲတွေ တကယ်ဖြစ်လာရင် ငါလီစီးရီက အဲ့နေရာကို ဝမ်းမြောက်ဝမ်းသာသွားဖို့ မင်းရဲ့အမိန့်ကိုတောင် မလိုအပ်ဘူး”

“တကယ်လို့ သူရဲကောင်းတစ်ယောက်က သူကိုယ်တိုင်အတွက် နာမည်တစ်လုံး မတည်ဆောက်နိုင်ရင် သမိုင်း နှစ်ပတ်လည်တွေမှာ ပြောင်မြောက်တဲ့ မှတ်တမ်းတွေကို မချန်ထားနိုင်ရင် တိုင်းပြည်နဲ့ သာမာန်ပြည်သူတွေအတွက် အကျိုးပြုမှုတစ်ခုကို မပြုလုပ်နိုင်ခဲ့ရင် အကျိုးအမြတ်တွေကို ရှာဖွေနေတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ အကျိုးပြုမှုတစ်ခု အမှန်တကယ် ပြုလုပ်နိုင်ရင် အဲ့အတွက် သေပေးရပြီး ခေါင်းဖြတ်ခံရလည်း ဘာအရေးလဲ”

ဝမ်ချောင်ကဲ့သို့ ဆယ်ကျော်သက် တစ်ဦးပင်လျှင် ဤစံနှုန်းကို လက်ကိုင်ထားနိုင်ခဲ့သည်။ သူ့ကိုယ်သူ လူကောင်းတစ်ယောက်အဖြစ် ယုံကြည်ထားပြီး အရပ်ရှည်ကာ သန်မာသည့် ခန္ဓာကိုယ်နှင့် လူတစ်ယောက်အနေဖြင့် လီစီးရီသည် ကလေးတစ်ဦးအား ရှုံးနိမ့်မှုကို ဝန်ခံနိုင်မည် မဟုတ်ပေ။

“ကောင်းပြီလေ”

ဝမ်ချောင် ဝမ်းသာသွားခဲ့၏။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် သူသည် အချိန်အကြာကြီး မျှော်လင့်နေသော စကားလုံးများကို ကြားလိုက်ရသည်။ ထိုစကားလုံးများသည် သူ့နားထဲတွင် ချိုမြိန်သော ဝတ်ရည်များကဲ့သို့ ဖြစ်ကြသည်။

“လီစီးရီ လူကြီးလူကောင်းတစ်ယောက် စကားပြောတဲ့အခါ... ”

“မြင်းအဖွဲ့ တစ်ဖွဲ့ကတောင် လိုက်မှီနိုင်မှာ မဟုတ်ဘူး”

လီစီးရီသည် တုန့်ဆိုင်းမနေဘဲ သူ့စကားလုံးများက ပြတ်သားလှသည်။

ဤအချိန်၌ သူ့မျက်လုံးများက ခိုင်မာပြီး တောက်ပနေခဲ့သည်။

လီစီးရီကို ပိုင်ထင်ပိုင်နက်မှ ခေါ်ယူလာပြီး နှစ်လကျော်အကြာတွင် ဝမ်ချောင်သည် ကျော်လွှား၍မရသော မဟာစစ်သူကြီး၏ သစ္စာစောင့်သိမှုကို ရယူနိုင်ခဲ့သည်။

...

ဆောင်းကုန်ပြီး နွေဦးရောက်လာခဲ့၏။ ရေခဲများ အရည်ပျော်လာပြီး စတင်ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကို ရောက်လာခဲ့ပေသည်။

ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် အဆောက်အဦးများ တစ်တန်းပြီးတစ်တန်း တည်ဆောက်ထားခဲ့ပြီး ၎င်းတို့၏ မိုးထိုးနေသော တံစက်မြိတ်များနှင့် လေးကွေးပုံသဏ္ဍန် ခုံးများက ခမ်းနားထည်ဝါပြီး လှပလှသည်။

အခန်း(၄၃၄)

ရှုချီချင်း၏ နောက်ဆုံးစိန်ခေါ်မှု

ရွှေရောင်သိမ်းငှက်နှစ်ကောင် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ကာ ဝမ်ချောင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် ယခုအခါ စုန်းဘုရင်ဘက်ကိုသာ ကိုင်တွယ်ရပေမည်။ အနောက်တောင်ပိုင်း ပြဿနာကို ဖြေရှင်းရန်အတွက် သူသည် သူ့ဖခင်နှင့် အစ်ကိုကြီးတို့ကိုသာ အားကိုး၍မရပေ။

မဟာထန်သည် စစ်တပ်တစ်ခုတွင် စစ်သည်အင်အား နှစ်သောင်းမှ အများဆုံး လေးသောင်းအထိ ရှိနိုင်ရန် ပြုလုပ်ထားခဲ့သည်။ သူ့ဖခင်နှင့် သူ့အစ်ကိုကြီးတို့ အမိန့်ပေးရသည့် တပ်သားများသည် ထောင်သောင်းချီ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းက မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ ပူးပေါင်းတပ်သားများကို ရင်ဆိုင်ရန် လုံလောက်မည်မဟုတ်ပေ။

အနောက်တောင်ပိုင်း ပြဿနာကို ကိုင်တွယ်ရန်အတွက် ဝမ်ချောင်သည် စစ်မှုထမ်းဌာနနှင့် လက်တွဲရန် လိုအပ်ပေသည်။ သို့သော် ဤကိစ္စတွင် လူအိုကြီး လင်းယုန်ငှက်သည် သူ့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အစီအစဉ်တစ်ခု ချမှတ်ရန် စုန်းဘုရင်ဆီသို့ ကိုယ်တိုင် သွားရောက်လည်ပတ်ရပေမည်။ တစ်ချိန်ထဲတွင် သူသည် ယွမ်ကလန်နှင့် ရှီဘုရင်ဘက်မှ မည်သည့် ကန့်ကွက်ချက်မျှ ဖြစ်မလာစေရန် ကရုစိုက်ရပေလိမ့်မည်။

“ကောင်းပြီ သွားကြစို့”

ဝမ်ချောင် လက်ဆန့်ထုတ်လိုက်ကာ သူ့ဝတ်ရုံကို စုစည်းလိုက်ပြီး ထို့နောက် ရွှေရောင်ခေါင်မိုး ကြွတ်ပြားတစ်ချောင်း စတင်ဆောင်သွားလိုက်သည်။ သူ့ခြေထောက်အောက်ရှိ ကြွတ်ပြားများသည် လေများက သူတို့အပေါ် ဖြတ်သန်းသွားသကဲ့သို့ လှုပ်ရှားသွားပုံမရပေ။

ဝေါ

သူ့ပတ်ပတ်လည်မှနေ၍ ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး ခေါင်မိုးအစွန်အဖျားတွင် ဝမ်ချောင် ပေါ်လာသည်ကို လူများမြင်လိုက်သောအခါ သူတို့သည် စတင် အော်ဟစ်လိုက်ကြသည်။

“သခင်လေး”

“သခင်လေး”

“သခင်လေး”

“... ”

ရွှေရောင်ခေါင်မိုး အစွန်အဖျားတွင် သူမတ်တပ်ရပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်နှင့် သူသည် ဓားသွားဖယ်ရှားခြင်း အိမ်တော်က လူများဖြင့် စည်ကားနေကြောင်း တွေ့လိုက်ရသည်။ လူများသည် မြင်းများစီးနင်းနေကြသည့် လူများ၊ မြှားပစ်နေသည့်လူများ၊ စစ်တုရင်ကစားနေသည့် လူများ၊ ဝိုင်သောက်နေသည့်လူများ၊ လက်ဖက်ရည် သောက်နေသည့်လူများ၊ ကခုန်နေသည့်လူများ၊ ယှဉ်ပြိုင်နေသည့်လူများ လူများစွာ ရှိနေကြပေသည်။

ဆောင်းဥတု ကုန်ဆုံးသွားခြင်းနှင့်အတူ ဝမ်ချောင်၏ ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် ပြန်လည် အသက်ဝင်လာခဲ့သည်။ လေ့ကျင့်ရေးစခန်းများ ပြန်ဖွင့်သည့်အခိုက်တွင် ဤလူများသည် ဓားသွယ်ဖယ်ရှားခြင်း အိမ်တော်သို့ ချက်ချင်းနီးပါး ရောက်လာခဲ့ကြလေသည်။

ထို့အပြင် သူဓားသွားဖယ်ရှားခြင်းအိမ်တော်ကို စူးစမ်းကြည့်လိုက်သည်နှင့် သူသည် ကျောင်းသားများမှ ယူဆောင်လာခဲ့သော အမျိုးမျိုးသော ရိက္ခာများကို တွေ့ခဲ့ရပေသည်။ နဂိုကတည်းက ပေါကြွယ်ဝနေပြီဖြစ်သော ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် ယခုအခါ ပို၍ပင် ပေါကြွယ်ဝလာခဲ့သည်။

ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ လူအရေအတွက်သည် လေ့ကျင့်ရေးစခန်း သုံးခုကို မယှဉ်နိုင်သော်လည်း ဤနေရာသည် အလွန်အမင်း တက်ကြွနေသေးသည်။ ဝမ်ချောင် ရွေးချယ်ခဲ့သော ကျောင်းသားများသည် အခြေခံအားဖြင့် အထူးစွမ်းရည် သို့မဟုတ် ပါရမီအချို့ ရှိကြပေသည်။

ရှု့ထောင့်တစ်ခုမှနေ၍ ဤနေရာကို ပါရမီရှင်များ၏ စခန်းတစ်ခုဟု ခေါ်ဆို၍ရပြီး ဤနေရာကို ပို၍ပင်ကျော်ကြားကာ ဆွဲဆောင်မှုရှိစေသည်။

“ဝမ်ချောင်”

ဝမ်ချောင် ပတ်ပတ်လည်ကို ကြည့်နေသည့်အချိန်တွင် အေးစက်ပြီး ရှင်းလင်းသော အသံတစ်ခုက ဓားသွားဖယ်ရှားခြင်း အိမ်တော်မှနေ၍ ထွက်ပေါ်လာခဲ့သည်။

ဆူညံနေသော ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် လူတိုင်းသည် ဝမ်ချောင်ကို သခင်လေး သို့မဟုတ် သခင်လေးဝမ်ဟုသာ ခေါ်ဝေါ်ခဲ့ကြသည်။ လူအနည်းငယ်သာ သူ့ကို ဝမ်ချောင်အဖြစ် တိုက်ရိုက် ခေါ်ဆိုရဲသည်အထိ အလွန်ရိုင်းစိုင်းကြပေသည်။

ခေါင်မိုးပေါ်တွင် ရပ်နေကာ ဝမ်ချောင် လှည့်ကြည့်လိုက်၏။ စစ်တုရင်ခန်းမ ရှိနေသည့်အရပ်တွင် သူသည် အနီရောင်နှုတ်ခမ်းပါးများနှင့် အဖြူရောင်သွားများဖြင့် အပြာရောင် ဝတ်ဆင်ထားသော လူအုပ်ကြီးထဲတွင် ရပ်နေသည့် သာမာန်မဟုတ်သော ခန့်ညားသည့် လူငယ်လေးတစ်ယောက်ကို ချက်ချင်း သတိပြုမိလိုက်သည်။ သူသည် ဝမ်ချောင်ကို စိန်ခေါ်နေသည့် အကြည့်တစ်ခုဖြင့် ကြည့်နေခဲ့သည်။

“သူပဲ”

လူအိုကြီး လင်းယုန်ငှက်၏ မျက်လုံးများသည် ဤလူငယ်လေးကို ချက်ချင်း မှတ်မိသွားခဲ့ကာ ပြူးကျယ်သွားခဲ့သည်။ ဤလူငယ်လေးသည် မကြာသေးခင်ကမှ ဓားသွယ်ဖယ်ရှားခြင်း အိမ်တော်တွင် အလွန်အမင်း ကျော်ကြားလာခဲ့ပြီး မုန်တိုင်းကြီးတစ်ခုကို ဖြစ်စေခဲ့သည်။

“ရှု့ရှောင် မင်းဘာလိုချင်လို့လဲ”

ဝမ်ချောင် လက်နောက်ပစ်ထားကာ ယဲ့ယဲ့လေး ပြုံးလိုက်၏။

ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် သူ့ကိုဤကဲ့သို့ ပြောဆိုရဲသည့် လူအနည်းငယ် ရှိပေသည်။ နောက် စစ်တုရင်ခန်းမတွင် ရှု့ရှောင်သာ သို့မဟုတ် သူမကို ရှု့ကလန်၏ ရှု့ရှင်ရှင်းဟု ခေါ်ဆိုရဲသည့် ရှု့ရှောင်သာ ဤသို့သော အရာတစ်ခုကို ပြုလုပ်ရဲပေသည်။

ရှု့ရှောင် သို့မဟုတ် ရှု့ရှင်ရှင်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏ခေါင်းကို မော့ထားခဲ့ပြီး ဝမ်ချောင်ကို စိန်ခေါ်ခဲ့သည်။

“ဝမ်ချောင် မင်းငါနဲ့ တစ်ပွဲလောက် နွဲရဲလား”

ဓားတစ်ချောင်းကိုသွင်းရန် ဆယ်နှစ်အချိန်ယူရပေသည်။ ရှု့ရှင်ရှင်းသည် လက်ရှိတွင် ယုံကြည်မှုဖြင့် ပြည့်လျံနေခဲ့သည်။ ဝမ်ချောင်သည် သူမဆီမှနေ၍ ဓားတစ်စင်း၏ ထက်မြက်သော အရှိန်အဝါကို ခံစားနိုင်သည်။

“ဟမ် ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်သလဲ။ သခင်လေး အဲ့မိန်းမကို လျစ်လျူရှု့လိုက်ပါ”

အသံတစ်ခုက ဝမ်ချောင်၏ ခြေထောက်အောက်ရှိ ကြွတ်ပြားများကြားမှနေ၍ ထွက်ပေါ်လာခဲ့သည်။ မီယာစမီအာရကာ၏ အသံဖြစ်ပေ၏။ ရှု့ရှင်ရှင်း၏ ဖုံးကွယ်မှုသည် တစ်ခြားလူများကို အရူးလုပ်နိုင်သော်လည်း မီယာစမီအာရကာကို အရူးမလုပ်နိုင်ပေ။

လုပ်ကြံသူ တစ်ယောက်အနေဖြင့် မီယာစမီအာရကာသည် လူအများစုထက်ပို၍ သိမြင်ခံစားနိုင်ပေသည်။

သူမဝမ်ကလန်မှ ထွက်ခွာလာခဲ့ပြီး ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ဝင်ရောက်လာခဲ့သော အချိန်တွင် သူမသည် ရှု့ရှင်ရှင်းက မိန်းကလေးတစ်ယောက် ဖြစ်သည်ကို ချက်ချင်းနီးပါး မှတ်မိခဲ့သည်။

“သခင်လေး ဒီမိန်းမက ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးပြီး သူမက သခင်လေးအပေါ် အရမ်းရိုင်းတယ်။ ကျွန်မက သူမကို သင်ခန်းစာတစ်ခု ဘာလို့မပေးရမှာလဲ ဒါမှမဟုတ် ဘာလို့သူမကို ပျောက်ကွယ်သွားအောင် မလုပ်ရမှာလဲ”

မြို့သူအချင်းချင်း တွန်းကန်ကြသကဲ့သို့ မောက်မာသော အမျိုးသမီးများသည် မောက်မာသော အမျိုးသမီးများကို လုံးဝသဘောမကျကြပေ။ ရှု့ရှင်ရှင်းကို သူမပထမဆုံး မြင်လိုက်သည့် အချိန်မှစ၍ မီယာစမီအာရကာသည် သူမကို အကောင်းမမြင်ခဲ့ပေ။

“ဟေ့ အာရကာ မင်းကသူမကို အရမ်းအထင်သေးနေတာပဲ။ တကယ်လို့ မင်းတို့နှစ်ယောက်က တကယ်ပဲ တိုက်ခိုက်ကြရင် မင်းကသူမကို ယှဉ်နိုင်မှာမဟုတ်ဘူး”

ဝမ်ချောင် ပြုံးလိုက်၏။

“ဟမ် သခင်လေးက ကျွန်မကို အထင်သေးနေတာလား”

ခေါင်မိုးကြွတ်ပြားများအောက် ဖုံးကွယ်နေသော မီယာစမီအာရကာသည် ချက်ချင်း ပြန်ဖြေလိုက်ကာ နောက်ဆုတ်ရန် ငြင်းပယ်လိုက်သည်။

ဝမ်ချောင် မထိန်းနိုင်ဘဲ ရယ်မောလိုက်၏။ သူသည် မီယာစမီအာရကာကို အထင်သေးနေခြင်း မဟုတ်ပေ။ သူမသည် ရှု့ရှင်ရှင်းအကြောင်း သူမက ယောက်ျားတစ်ယောက်အဖြစ် ဟန်ဆောင်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်ဟုသာ သိထားခြင်းဖြစ်သည်။ မီယာစမီအာရကာသည် ရှု့ရှင်ရှင်းက အမှန်တကယ်တွင် အလွန်အမင်း သန်မာပြီး နယ်စားငယ်ရီနှင့် ယှဉ်နိုင်သည်ကို မသိခဲ့ပေ။

သို့သော်လည်း ယောက်ျားတစ်ယောက်အဖြစ် ဟန်ဆောင်ရန်အတွက် သူမသည် သူမ၏ အရှိန်အဝါနှင့် ကျင့်ကြံခြင်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ရသည်။

ဤအကြောင်းပြချက်ကြောင့် ဝမ်ချောင်သည် သူမနှင့် သိုင်းပညာရပ် သို့မဟုတ် ဤကဲ့သို့သော နယ်ပယ်တွင် ဘယ်တော့မှ မယှဉ်ပြိုင်ခဲ့ပေ။ သူသည်သူမကို မယှဉ်နိုင်ပေ။

“မလိုဘူး။ ဒီကိစ္စကို ငါ့ဆီထားလိုက်။ ရှီဘုရင်ဘက်ကို ငါ့အတွက် ဆက်ပြီးစောင့်ကြည့်ထားပေးပါ”

ဝမ်ချောင် ကရုမစိုက်စွာ ပြောလိုက်၏။

မီယာစမီအာရကာသည် ရှု့ရှင်ရှင်းထက် အားနည်းသော်လည်း ဝမ်ချောင်သည် တိုက်ပွဲတစ်ခုကို မစွန့်စားရဲခဲ့သေးပေ။ သူ့အစီအစဉ်များတွင် ရှု့ရှင်ရှင်းသည် ဝမ်ချောင်အဖွဲ့၏ အရေးကြီး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပေသည်။

ဤအမျိုးသမီး၏ ထောက်ပို့နယ်ပယ်ရှိ ကျွမ်းကျင်မှုများသည် အလွန်အမင်း ကောင်းမွန်ပြီး သူမသည် အမျိုးသမီးတစ်ယောက်လည်း ဖြစ်သေးကာ ၎င်းကသူမသည် ပို၍အနုစိတ်သည်ဟု ဆိုလိုပေသည်။

သူနောက်ဆုံးဘဝရှိ တိုက်ပွဲများတွင် ရှု့ရှင်ရှင်း၏ ထောက်ပို့ကျွမ်းကျင်မှုသည် သူမကို လောကကကြီးတစ်ခုလုံးအား အထင်တသေးဖြင့် ကြည့်ရှု့ရန် လုံလောက်စေခဲ့သည်။ ရှီဘုရင်ကဲ့သို့ သူတစ်ပါးကို သံသယလွန်ကဲသည့် လူတစ်ယောက်သည်ပင် သူမကို ကြီးကြီးမားမား ယုံကြည်ခဲ့ပြီး သူ့ကိစ္စတစ်ခုလုံး၏ ထောက်ပို့များကို သူမလက်ထဲတွင် ထည့်ထားခဲ့သည်။

အကယ်၍သူ့တွင် သူ့ကိုကူညီနေသည့် ဤသို့သော ပါရမီရှင်တစ်ယောက် ရှိခဲ့ပါက ဝမ်ချောင်သည် ထောင်သောင်းချီသော စစ်တပ်တစ်ခုကို ဗိုက်ဗလာဖြင့် ဦးဆောင်ပြီး လုံးဝသေဆုံးခြင်းနိဂုံးသို့ ရောက်လာခဲ့လိမ့်မည်မဟုတ်ပေ။

ယခုအခါသူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး ရှု့ရှင်ရှင်းသည် သူ့နောက်ဆုံးဘဝမှ သူမကျော်ကြားခဲ့သည့် အဆင့်အထိ သူမကိုယ်သူမ နာမည်တစ်လုံး မတည်ဆောက်ခဲ့ရသေးပေ။ သူကလွဲ၍ အခြားမည်သူမျှ ရှု့ကလန်၏ ဤသမီး၏ အံ့သြဖွယ်ရာကောင်းသော ပါရမီများကို မဖော်ထုတ်ခဲ့ကြသေးပေ။

ဝမ်ချောင်သည် သူ့အမှုကိစ္စများတွင် ပါဝင်ရန် သူမကို စည်းရုံးရန် စွမ်းအင်နှင့် စိတ်ရှည်မှု ကြီးကြီးမားမားနှင့် အချိန်များစွာကို သုံးစွဲခဲ့ပေသည်။

ဝူး

ဝမ်ချောင်၏ဝတ်ရုံသည် သူခေါင်မိုးထက်မှ ရုတ်တရက် ခုန်ဆင်းလိုက်သောအခါ ပျံဝဲသွားခဲ့သည်။ သရဲခြေလှမ်းများကို အသုံးပြု၍ သူသည် စစ်တုရင် ခန်းမဘေးတွင် ချက်ချင်း ပေါ်လာခဲ့သည်။

ဝုန်း

“ကြည့်ရတာ ပျော်စရာကောင်းတဲ့ တစ်စုံတစ်ခုက ဖြစ်လာတော့မဲ့ပုံပဲ”

“တစ်စုံတစ်ယောက်က တကယ်ပဲ သခင်လေးကို စိန်ခေါ်နေတယ်။ မြန်မြန်သွားကြည့်ကြစို့”

“...”

လူများစွာတို့သည် စိတ်လှုပ်ရှားစွာ စတင်စုစည်းလာခဲ့ကာ ဝမ်ချောင်၏ လှုပ်ရှားမှုက ဓားသွားဖယ်ရှားခြင်း အ်ိမ်တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ဓားသွားဖယ်ရှားခြင်း အိမ်တော်ရှိ အလွန်နည်းပါးသော လူများသာ ဝမ်ချောင်ကို စိန်ခေါ်ခဲ့ကြသည်။

ထိုသည်မှာ ဝမ်ချောင်၏ နောက်ခံကြောင့်သာ မဟုတ်ပေ။ သူ၏စွမ်းဆောင်ရည်များကြောင့်လည်း ဖြစ်ပေသည်။ ထို့အပြင် ဤသည်မှာ တစ်စုံတစ်ယောက်က ဝမ်ချောင်ကို လူမြင်ကွင်းတွင် စိန်ခေါ်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ဘေးမှရပ်ကြည့်နေသူများက အဖြစ်အပျက်တစ်ခုသည် မည်မျှကြီးမားသည်ကို ကရုမစိုက်သည့် နိယာမအရ လူအုပ်ကြီးသည် ရှေ့အလျှင်အမြန် စစ်တုရင်ခန်းမသို့ စုစည်းလာခဲ့သည်။

လူအုပ်ကြီး၏ မျက်နှာများက မျှော်လင့်ချက်ကြောင့် နီရဲလာချိန်တွင် ဝမ်ချောင် အံ့အားသင့်ဖွယ်ကောင်းသော အဖြေတစ်ခုကို ပေးလိုက်သည်။

“ဟား ဟား ရှု့ရှောင် ငါ့ကိုမင်းအလိုရှိတဲ့ အချိန်တိုင်း စိန်ခေါ်လို့ရတယ်လို့ မင်းတွေးထင်နေတာလား။ ငါသဘောတူဖို့ အကြောင်းပြချက်တစ်ခုကို မတွေ့ဘူး။ ငါမင်းကို နောက်ဆုံးပြောခဲ့တာကို မှတ်မိသေးတယ်။ မင်းက စစ်တုရင်ခန်းမအတွက် မသင့်လျော်ဘူး”

ဝမ်ချောင် လက်နောက်ပစ်ထားလျှက် အေးအေးလူလူ ပြောလိုက်၏။

ဝမ်ချောင်၏ ပေါ့ပေါ့ပါးပါး တုန့်ပြန်မှုက မောက်မာသော ရှု့ရှင်ရှင်း၏ ဖြူလျော်သော အသားအရည်ကို နီရဲသွားစေခဲ့ပြီး ထို့နောက် စိမ်းပြာသွားစေခဲ့သည်။

“ခွေးကောင်”

ရှု့ရှင်ရှင်း၏ မျက်နှာသည် ဒေါသဖြင့် နီရဲသွားခဲ့သည်။ သူမသည် ဒေါသထွက်လွယ်သူတစ်ယောက် မဟုတ်သော်လည်း ဝမ်ချောင်ရှေ့တွင် သူမသည် ပေါက်ကွဲတော့မည်အထိ အလွန်ဒေါသထွက်နေခဲ့သည်။

“ဝမ်ချောင် မင်းကြောက်နေတာလား”

“ကြောက်ရမယ်လား ဟမ် ဒါက ကြောက်စရာကိစ္စတောင် မဟုတ်ဘူး။ မင်းမှာ ငါ့ကိုစိန်ခေါ်ဖို့ အခွင့်အရေး မရှိရုံပဲ။ ငါမှတ်မိတာ မမှားရင် မင်းငါ့ကို သုံးကြိမ်တိတိ ရှုံးနိမ့်သွားခဲ့ပြီ မဟုတ်လား”

ဝမ်ချောင် ပြုံးရယ်လိုက်၏။

“မင်း” ရှု့ရှင်ရှင်း ဒေါသတကြီး အော်ဟစ်လိုက်ကာ သူမ၏မျက်နှာက ဒေါသကြောင့် မုန်လာဥနီ ဖြစ်သွားခဲ့သည်။ သူမသည် အမြဲတမ်း မောက်မာခဲ့ပြီး သူမသည် ခွန်းဝူလေ့ကျင့်ရေးစခန်းဘေးရှိ စုတ်ပဲ့သော ဤဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ထိုမျှ ဒေါသမထွက်ခဲ့ဖူးပေ။

“ငါကတစ်ခြားလူတွေနဲ့ ပေါ့ပေါ့တန်တန် ယှဉ်ပြိုင်တဲ့လူ မဟုတ်ဘူး။ မင်းကငါ့ကို သုံးကြိမ်ရှုံးနိမ့်သွားခဲ့ပြီး နောက်တစ်ခါ ယှဉ်ပြိုင်ဖို့ မင်းရဲ့အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ပြီ။ စည်းမျဉ်းတွေမရှိဘဲ ဘာကမှ မပြီးမြောက်နိုင်ဘူး။ တကယ်လို့ လူတိုင်းက မင်းလိုဆိုရင် ကိစ္စတွေက ရှုပ်ထွေးသွားမှာ မဟုတ်လား။ ဒါကြောင့် ပြန်လိုက်ပါတော့”

ဤစကားများကို ပြောပြီးနောက် ဝမ်ချောင်သည် သူ့ညာလက်ကို မြှောက်လိုက်ကာ လက်ဖျောက်တီးလိုက်သည်။ သူထို့နောက် လှည့်လိုက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

“ခဏစောင့်အုံး”

ရှု့ရှင်ရှင်း ဒေါသထွက်သွားခဲ့ကာ သူမ၏ မောက်မာသော ပင်ကိုယ်စရိုက်က ဤမကြုံစဖူး အရှက်ရမှုကြောင့် ထိခိုက်သွားခဲ့သည်။ ဝမ်ချောင်က သူမကို တိုက်ခိုက်ရန် မလိုချင်လေလေ သူမက ပို၍တိုက်ခိုက်ချင်လေလေ ဖြစ်သည်။

“ကောင်းပြီလေ မင်းက စစ်တုရင်မှာ တစ်ခြားလူတွေနဲ့ ပေါ့ပေါ့တန်တန် ယှဉ်ပြိုင်တဲ့လူတစ်ယောက် မဟုတ်ဘူးမလား။ ဒါဆို တကယ်လို့မင်းက ငါ့ကို နောက်တစ်ပွဲနိုင်ရင် ငါမင်းကို ကတိပေးတယ်။ ငါချက်ချင်း ဓားသွားဖယ်ရှားခြင်းအိမ်တော်က ထွက်ခွာပြီး ဘယ်တော့မှမင်းကို နောက်တစ်ခါ မနှောက်ယှက်တော့ဘူး”

ဤစကားလုံးများက ရှု့ရှင်ရှင်းအတွက် ကြီးမားသော လိုက်လျောမှုတစ်ခု ဖြစ်နေခဲ့သည်။ သူမ၏ အကျင့်စရိုက်သည် ဤသို့သော အားနည်းချက်ကို ပြသရန် သူမကို အလွန်အမင်း ခက်ခဲစေသည်။

“ဟေး ဘယ်သူကမင်းကို ထွက်သွားစေချင်လို့လဲ။ ဒီလိုအခြေအနေမျိုးက တကယ်ပဲ ရိုးသားမှု ကင်းမဲ့တယ်။ ဒီလိုလုပ်ကြရအောင် တကယ်လို့ မင်းနိုင်ရင် ငါမင်းကို ဓားသွားဖယ်ရှားခြင်း အိမ်တော်ထဲ ဝင်ခွင့်ပေးမယ်လို့ ကတိပေးတယ်။ ငါကလူတိုင်းကို ငါ့ရဲ့စွမ်းရည်က မင်းကိုမယှဉ်နိုင်ဘူးလို့တောင် လိုက်ပြောနိုင်တယ်။ တကယ်လို့ ငါနိုင်ရင်... မင်းက ငါ့ရဲ့အခြေအနေတစ်ခုကို လိုက်လျောဖို့ ကတိပေးရမယ်”

ဝမ်ချောင် ရှု့ရှင်ရှင်းကို ကျောပေးထားခဲ့ကာ သူ့လက်များထဲမှ တစ်ခုက လက်ချောင်းတစ်ချောင်းကို ထောင်ပြနေခဲ့သည်။

“ကောင်းပြီလေ”

ရှု့ရှင်ရှင်း၏ မျက်လုံးများ နီရဲနေခဲ့ကြပြီး သူမမတွေးဘဲ သဘောတူလိုက်ကာ သူမ၏အသံက ခိုင်မာပြီး ပြတ်သားလှသည်။

အောင်မြင်တယ်။

သူမ၏အဖြေကို ကြားလိုက်ရသည်နှင့် ဝမ်ချောင် ကျေနပ်နေသည့် အပြုံးတစ်ခု ပြုံးလိုက်ကာ စဉ်းလဲသည့် အကြည့်တစ်ခုက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ ရှု့ရှင်ရှင်းကဲ့သို့သော ထက်မြက်သည့် အမျိုးသမီးတစ်ယောက်ကို လှည့်ဖျားရန် သေချာပေါက် မလွယ်ကူခဲ့ပေ။

အချိန်များစွာ သုံးစွဲပြီးနောက် သူသည် ရှု့ရှင်ရှင်းကို သူ့အခြေအနေအား သဘောတူရန် ပြုလုပ်နိုင်ခဲ့သည်။ ကျန်နေသည့်အရာမှာ ရှု့ရှင်ရှင်းကို အနိုင်ယူပြီး သူမကို သူ့ဘက်သို့ ဝင်ရောက်စေရန် ဖြစ်ပေသည်။

ဤသည်မှာ ရှု့ရှင်ရှင်း သူ့ရှေ့တွင် ပေါ်လာကတည်းက သူကြုံတွေ့ခဲ့ရသည့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်ဟု ပြော၍ရသည်။

သို့သော် ဝမ်ချောင် စိတ်လှုပ်ရှားနေသည့် အချိန်တွင် အသံတစ်ခုက ရုတ်တရက် သူ့နားထဲတွင် ပေါ်လာခဲ့၏။

“ဟမ် ဝမ်ချောင် မင်းက မင်းသေချာပေါက် နိုင်မယ်လို့ တွေးနေတာမဟုတ်လား။ အခုကတည်းက အရမ်းပျော်မနေနဲ့အုံး။ သုံးရက်တာ ခွဲခွာခြင်းက လူတစ်ယောက်က တစ်ခြားတစ်ယောက်ကို လုံးဝကွဲပြားတဲ့အမြင်နဲ့ကြည့်ဖို့ လိုအပ်တယ်။ အောင်နိုင်သူက အခုထိ မဆုံးဖြတ်ရသေးဘူး”

ရှု့ရှင်ရှင်း ရုတ်တရက် တည်ငြိမ်သွားခဲ့ပြီး ယခုအခါ ဝမ်ချောင်ကို အေးစက်စွာ ပြုံးပြနေခဲ့သည်။

သူမဝမ်ချောင်တွေးနေသည့်အရာကို သိသော်လည်း အကယ်၍သူသည် သူ့အောင်ပွဲက သေချာသည်ဟု တွေးထင်နေခဲ့ပါက သူသည် အမှားကြီးတစ်ခုကို ပြုလုပ်နေခြင်းဖြစ်ပေသည်။ သူမသည် အရူးမဟုတ်ပေ။ အကယ်၍ သူမတွင် ယုံကြည်မှုမရှိပါက သူမသည် ဝမ်ချောင်ကို စိန်ခေါ်ရန် ထိုမျှအလျင်စလို လာခဲ့လိမ့်မည် မဟုတ်ပေ။

အကယ်၍ ဝမ်ချောင်သည် သူက ယခင်ကကဲ့သို့ အလွယ်တကူ အနိုင်ရနိုင်လိမ့်မည်ဟု တွေးထင်နေခဲ့သေးပါက သူမသည်သူ့ကို အံ့သြစရာတစ်ခု ပေးပေလိမ့်မည်။

“ဟား ဟား ဟား အဲ့လိုလား ဒါဆိုမင်းရဲ့စွမ်းရည်တွေကို ငါစောင့်ကြည့်မယ်”

ဝမ်ချောင် ကရုမစိုက်သည့် အမူအရာဖြင့် ပြုံးပြလိုက်၏။

ရုတ်တရက်ပင် စိတ်မရှည်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ “လုံလောက်ပြီ ကောင်လေး တကယ်လို့မင်း ဒီကောင်စုတ်ကို အနိုင်ယူနိုင်ရင် ဒီမင်းသမီးက သေချာပေါက်မင်းကို ဆုလဒ်ကြီးတစ်ခုပေးမယ်”

မင်းသမီးနီဟွမ်းသည် လူအုပ်ကြီး၏နောက်တွင် အချိန်အကြာကြီး စောင့်ကြည့်နေခဲ့ပြီး ဤယောက်ျားနှင့် ယောက်ျားကြားရှိ ဇာတ်လမ်းကို စိတ်ဝင်စားမှု ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း အကယ်၍ ဝမ်ချောင်ကို ရိုက်ချနိုင်ပြီး သူ၏ဂုဏ်သိက္ခာကို အားနည်းသွားအောင် ပြုလုပ်နိုင်သည့် တစ်စုံတစ်ယောက် ရှိခဲ့ပါက မင်းသမီးနီဟွမ်းသည် ဤပြိုင်ဘက်ကို ထောက်ခံရန် စိတ်ရှိမည် မဟုတ်ပေ။

ဝေါ

မင်းသမီးနီဝမ်း ရှေ့ထွက်လာသည့်အခါတွင် ပတ်ပတ်လည်ရှိ လူအုပ်ကြီးသည် သူမက မြွေတစ်ကောင်ကဲ့သို့ နောက်ဆုတ်သွားခဲ့ကြသည်။ ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ရန်မစသင့်သည့် လူအနည်းငယ်သာ ရှိကြပြီး မင်းသမီးနီဟွမ်းသည် သူတို့ထဲမှ တစ်ယောက်ဖြစ်ပေသည်။

ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ကျောင်းသားများ သင်ယူခဲ့ရသည့် အကြီးမားဆုံး သင်ခန်းစာမှာ မင်းသမီးနီဟွမ်းနှင့် ဝေးဝေးနေရန် ဖြစ်ပေသည်။

ဝမ်ချောင်သည်ပင် မင်းသမီးနီဟွမ်း ပေါ်လာသည်ကို ခါးသီးစွာသာ ပြုံးလိုက်နိုင်သည်။ တစ်ဖက်တွင်မူ ရှု့ရှင်ရှင်းသည် မျက်လုံးများ တောက်ပသွားခဲ့သည်။

“ကျေးဇူးအများကြီး တင်ပါတယ် မင်းသမီး”

“ဟမ် ငါ့ကိုမျက်နှာလုပ်နေစရာ မလိုဘူး။ ဒီကောင်စုတ်ကို သင်ခန်းစာအကြီးကြီး ပေးလိုက်ပါ။ ငါသူ့ကို အချိန်အကြာကြီး ငြီးငွေ့နေခဲ့ပြီ”

မင်းသမီးနီဟွမ်းကို ဝမ်ချောင်ကို လက်ညိုးထိုးလိုက်ကာ သူမရိုင်းစိုင်းစွာ ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာသည် သုန်မှုန်နေခဲ့သည်။

“မင်းသမီး စိတ်ချပါ။ ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားမှာပါ”

ရှု့ရှင်ရှင်း အနည်းငယ် ဦးညွှတ်လိုက်၏။

သို့သော် မင်းသမီးနီဟွမ်းသည် သိပ်ပျော်ပုံမရပေ။ ဤစကားလုံးများကို ပြောဆိုပြီးနောက် သူမသည် သူမ၏လက်မောင်းများကို ဝှေ့ယမ်းလိုက်ပြီး ရှု့ရှင်ရှင်းကို တစ်ချက်ပင်မကြည့်ဘဲ ထွက်သွားခဲ့သည်။

သူမသည် ယောက်ျားနှစ်ယောက် စစ်တုရင်ကစားသည်ကို ကြည့်ရန် စိတ်မဝင်စားပေ။ သူမသည် သတင်းကောင်းကိုကြားရရန် စောင့်ဆိုင်းပေလိမ့်မည်။

ရှု့ရှင်ရှင်း ခါးသက်စွာ ရယ်မောလိုက်၏။

သူမသည် မင်းသမီးနီဟွမ်းက သူမကို ဘာကြောင့် ဤပုံစံဖြင့် ကြည့်နေရသလဲဆိုသည်ကို အဖြေရှာရန် ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် အချိန်အကြာကြီး သုံးစွဲခဲ့ရသည်။ သို့သော် ဤသည်မှာ မင်းသမီးနီဟွမ်းဘက်မှ အထင်လွဲမှုတစ်ခု ဖြစ်ပေသည်။

သို့သော်လည်း သူမသည် လက်ရှိတွင် ယောက်ျားတစ်ယောက်အဖြစ် ဟန်ဆောင်နေသောကြောင့် သူမရှင်းပြ၍မရပေ။

“ဝမ်ချောင် လာ ဒီတစ်ခါ ငါမင်းကို မင်းရဲ့မောက်မာမှုအတွက် တန်ဖိုးတစ်ခု သေချာပေါက် ပေးစေရမယ်”

အေးစက်သည့် မျက်နှာထားဖြင့် ရှု့ရှင်ရှင်း ဝမ်ချောင်ဘက်သို့ လှည့်လိုက်သည်။

____

အခန်း(၄၃၅)

ဝမ်ချောင်၏ စစ်တုရင်ပုံစံကို ဖိနှိပ်ခြင်း(၁)

လူများသည် စစ်တုရင်ခန်းမထဲတွင် ပြည့်နှက်နေခဲ့ကြ၏။ ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ လူတစ်ဝက်နီးပါးသည် ဤပြိုင်ပွဲကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

ဝမ်ချောင်သည် ပထမထပ်ရှိ ခရမ်းရောင်ပန်းပွင့်ပွင့်သော ပွဲနွယ်သစ်သား ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။

ဤသည်မှာ စစ်တုရင်ခန်းမတွင် တစ်ခြားလူများဖြင့် စစ်တုရင်ကစားသည့် သူ့ပထမဆုံး အကြိမ် မဟုတ်ပေ။ သို့မဟုတ် ရှုချီချင်းနှင့် စစ်တုရင်ကစားသည့် သူပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ယခုအခါ ခံစားချက်သည် လုံးဝခြားနားပေသည်။

“ရှုချောင် မင်းသေချာရဲ့လား နောက်ဆုတ်ဖို့ အရမ်းနောက်မကျသေးဘူးနော်”

ဝမ်ချောင် ရှုချီချင်းကို ပြုံးပြလိုက်၏။

“ဟမ် မင်းမှာဒီလို အားလပ်ချိန်တွေရှိနေရင် မင်းကိုယ်တိုင်အတွက် စိုးရိမ်သင့်တယ်။ တကယ်လို့ မင်းရှုံးရင် မင်းကငါ့ထက် နိမ့်ကျကြောင်း လူတိုင်းကို လိုက်ပြောရမယ်ဆိုတာ မမေ့နဲ့။ နောက်ပြီး စစ်တုရင်ခန်းမရဲ့ သခင်ကလည်း ပြောင်းသွားရနိုင်တယ်”

ရှုချီချင်း ခေါင်းမော့လိုက်ကာ သူမ၏ နှုတ်ခမ်းပေါ်တွင် စဉ်းလဲသည့် အရိပ်အယောင် စွန်းထင်းနေသည့် လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။

သူမသည် ဝမ်ချောင်က မည်သို့သော အခြေအနေကို အဆိုပြုမည်ကို ဂရုမစိုက်ခဲ့ပေ။ သူမဂရုစိုက်သည့် အရာအားလုံးမှာ သူမအနိုင်ရသည့်အခါ ဝမ်ချောင်က သူသည်သူမထက် စစ်တုရင်တွင် နိမ့်ကျကြောင်း ဝန်ခံခြင်းကိုပင် ဖြစ်သည်။

ထိုအချိန်တွင် သူမသည် အိမ်သို့ပျော်ရွှင်စွာ ပြန်နိုင်ပြီး သူမက ရှုကလန်၏ ပါရမီရှိသော သမီးပျိုက မြို့တော်တွင် နံပါတ်တစ် စစ်တုရင် ကစားသူဖြစ်ကြောင်း လူတိုင်းကို ကြေညာနိုင်ပေလိမ့်မည်။

ဝမ်ချောင်သည် မဟာထန်၏ စစ်နတ်ဘုရား စုကျန်းချန်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူမသည် ဝမ်ချောင်ကို အနိုင်ယူနိုင်ခဲ့သည်။

သူမ ရှုချီချင်းသည် မဟာထန်တွင် အကောင်းဆုံး စစ်တုရင်ကစားသူအဖြစ် ကျော်ကြားရန် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

“ဟား ဟား ဟား အဲ့လိုဆိုတော့လည်း ပြဿနာမရှိပါဘူး ဝေ့အန်းဖန်”

“ဟုတ်ကဲ့သခင်လေး”

ဝမ်ချောင် ပြောလိုက်သည့်အခိုက်တွင် ဦးညွှတ်နေသည့် ဝေအန်းဖန်က ပြင်ဆင်ထားသည့် စစ်တုရင်ခုံနှင့် ကျားစေ့များကို ပို့ဆောင်ရန် ရှေ့သို့ထွက်လာခဲ့သည်။ ဖိုပဲကျန်းနမ်သစ်သားဖြင့် ပြုလုပ်ထားပြီး ရွှေဖြင့်စီချယ်ထားသည့် ခရမ်းနုရောင် စစ်တုရင်ခုံက ဝမ်ချောင်နှင့် ရှုချီချင်းကြားတွင် ရောက်ရှိလာခဲ့သည်။ ဝမ်ချောင် အဖြူရောင်ယူလိုက်ပြီး ရှုချီချင်းက အနက်ရောင် ယူလိုက်၏။

ရွှီး

ပြိုင်ပွဲက တရားဝင်စတင်လိုက်သည်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီးသည် လေချွန်သံများဖြင့် ဆူညံသွားခဲ့သည်။ တစ်ခါတစ်ရံတွင် လှောင်ပြောင်နေသည့် အကြည့်များက ရှုချီချင်းဆီသို့ ရောက်သွားပေလိမ့်မည်။

ရှုချီချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ဤသူများ တွေးနေသည့်အရာကို သူ မသိသော်လည်း သူမ ဂရုမစိုက်ခဲ့ပေ။ 'ကြမ်းကြုတ်သည့် နဂါးများသာ မြစ်ကိုဖြတ်သန်းရဲပေလိမ့်မည်။' ဤလူများက သူမသေချာပေါက် ရှုံးလိမ့်မည်ဟု ယုံကြည်ထားသည်ကို သူမသိသော်လည်း သူမသည် ဤလူများက မည်မျှမှားယွင်းကြောင်း ပြသပေလိမ့်မည်။

“ဒီကစားပွဲအတွက် ငါအရင်ရွှေ့မယ်”

ရှုချီချင်း ဖိတ်ခေါ်ချက်မရဘဲ ပြောလိုက်၏။ သူမသည် ကျားစေ့များထည့်ထားသည့် ဘူးကိုဖွင့်လိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ညာလက်က ချောမွေ့သော အနက်ရောင် ကျားစေ့ကိုယူရန် ကျားစေ့များဆီသို့ လက်နှစ်ချောင်းက ဆန့်တန်းသွားခဲ့သည်။

“ကောင်းပြီလေ”

ဝမ်ချောင် ပြောလိုက်ကာ သူ့ညာလက်ကို လူကြီးလူကောင်း တစ်ယောက်၏ ဖိတ်ခေါ်နေသည့် ပုံစံဖြင့် ဆန့်ထုတ်လိုက်သည်။

ဘုန်း

ကြည့်ရှု့နေကြသူများသည် ချက်ချင်း စတင်ဆွေးနွေးလိုက်ကြကာ ရှုချီချင်း၏ အပြုအမူကို အထင်သေးသည့် အပြုအမူများ ဖော်ပြလိုက်ကြသည်။ စစ်တုရင်ကစားသည့် နည်းလမ်းသည့် လူကြီးလူကောင်းတစ်ယောက်၏ နည်းလမ်းဖြစ်ပြီး စစ်တုရင် ကျွမ်းကျင်သူများ အားလုံးတို့သည် ၎င်းတို့၏ပြိုင်ဘက်ကို အရင်ရွှေ့ရန် ဖိတ်ခေါ်ကြပေလိမ့်မည်။

အကယ်၍ ဝမ်ချောင်သည် ရှုချီချင်းကို အရင်ရွှေ့စေပါက ထိုသည်မှာ သူ့ကိုယ်ပိုင်ဆန္ဒ ဖြစ်ပေလိမ့်မည်။ သို့သော် ရှုချီချင်းအတွက် ၎င်းကိုတောင်းဆိုရန်မှာ လွန်သွားခဲ့ပြီဖြစ်သည်။

“မင်းတို့ရဲ့ပါးစပ်ကို ပိတ်ထားလိုက်ကြစမ်း”

ရှုချီချင်း ခက်ထန်စွာ အပြစ်တင်လိုက်ကာ သူမ၏မျက်နှာက အေးစက်နေခဲ့သည်။ ဤအော်သံသည် လူအုပ်ကြီးကို ထိတ်လန့်သွားစေခဲ့သည့်တိုင် ရှုချီချင်းသည် တည်ငြိမ်ပြီး အလျင်စလို မဖြစ်သည့်ပုံရသည်။

ခလပ်

ပထမဆုံး အနက်ရောင်ကျောက်တုံးကို ချလိုက်၏။

သူမသည် လုံလောက်စွာ ယောက်ျားတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့ပြီး သူမသည် ယောက်ျားအဝတ်အစားများကို ဆက်မဝတ်ချင်တော့ပေ။ ဤပွဲပြီးဆုံးသွားသောအခါ သူမသည် ရှုကလန်၏ ကျက်သရေရှိသော သမီးပျိုအဖြစ် ပြန်သွားပေလိမ့်မည်။ ထိုအချိန် ရောက်လာသည့်အခါ သူမသည် တစ်စုံတစ်ယောက်က သူမရှေ့တွင် ပါးစပ်သရမ်းဝံ့သေးလားဆိုသည်ကို ကြည့်ပေလိမ့်မည်။

လုံ့ဝေ လေ့ကျင့်ရေးစခန်းတွင် သူမရှေ့၌ ကျယ်လောင်စွာပင် အသက်ရှုရဲသည့်သူ အနည်းငယ်သာ ရှိကြပေသည်။ အကယ်၍ သူမသည် ဝမ်ချောင်ကို အနိုင်ယူပြီး သူမကိုယ်သူမ သက်သေမပြချင်ခဲ့ပါက သူမသည် ဤသို့သော အရှက်ခွဲမှုကို သည်းခံခဲ့လိမ့်မည်မဟုတ်ပေ။

“ဝမ်ချောင် မင်းအလှည့်ပဲ”

ရှုချီချင်း အေးစက်စွာ ပြောလိုက်၏။ ဝမ်ချောင် သူ့ပြိုင်ဘက်ကိုကြည့်လိုက်ကာ စိတ်ထဲတွင် ပြုံးနေခဲ့သည်။ ရှုချီချင်း၏ စိတ်ထဲတွင်ရှိနေသည့်အရာကို သူသိပေသည်။ စစ်တုရင် နည်းလမ်းသည် လူကြီးလူကောင်းတစ်ယောက်၏ နည်းလမ်းဖြစ်သော်လည်း သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်ကာ အမျိုးသားတစ်ယောက် မဟုတ်ဘဲ သေချာပေါက် လူကြီးလူကောင်းတစ်ယောက် မဟုတ်ပေ။

သူမသည် မိန်းကလေးတစ်ယောက်၏ အထူးအခွင့်အရေးနှင့် စိတ်ဖြင့်ကစားနေပေသည်။

“ကောင်းပြီ”

ဝမ်ချောင် တောက်ပသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပထမဆုံး အဖြူရောင်ကျောက်တုံးကို အပေါ် ဘယ်ဘက်ထောင့်တွင် ထားလိုက်သည်။ ဤကျောက်တုံး ထားလိုက်သည့်အခိုက်တွင် စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့သွားသကဲ့သို့ စစ်တုရင် ခုံတစ်ခုလုံးသည် လက်နက်များ ကျဆင်းလာခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်သွားပုံရသည်။

ခလပ်

စကားတစ်လုံးမျှမဆိုဘဲ ရှုချီချင်းသည် ချက်ချင်း သူမ၏ဒုတိယကျောက်တုံးကို ထားလိုက်သည်။

စစ်တုရင်ခုံသည် တော်တော်လေး လွတ်နေသေး၏။ အဖြူရောင်ကျောက်တုံးနှင့် အနက်ရောင်ကျောက်တုံး နှစ်ခုစလုံးတို့သည် မတိုက်ခိုက်ကြသေးဘဲ စစ်တပ်နှစ်ခုက တိုက်ပွဲမတိုင်မီ ကင်းထောက်နေကြသကဲ့သို့ဖြစ်သည်။

တိုက်ပွဲသည် ဝေးကွာနေဆဲဖြစ်ပြီး ကြည့်ရှု့သူများက ထူးဆန်းသည့်အရာကို မမြင်နိုင်သေးပေ။ သို့သော် ဝေ့အန်းဖန်သည် စိတ်ထဲတွင် ပင့်သက်ရှိုက်လိုက်ကာ သူ့မျက်လုံးများက တွန့်သွားခဲ့သည်။

'ဒီရှုချောင်... မတူဘူး။'

ဝေ့အန်းဖန် ခေါင်းငဲ့လိုက်ကာ ရှုချီချင်းကို ပို၍သေချာစွာ အကဲခတ်လိုက်သည်။

သူသည် ရှုချီချင်း၏ သူ့သခင်လေးဆီသို့ ယခင်စိန်ခေါ်မှုများတွင် ဘေးမှနေ၍ ကြည့်ရှု့နေခဲ့သောကြောင့် သူသည် ရှုချီချင်း၏ စစ်တုရင်ပုံစံကို တော်တော်လေး ရင်းနှီးပေသည်။ သို့သော် ယခုရှုချီချင်း သူ့ကိုပေးစွမ်းနေသည့် ခံစားချက်က လုံးဝခြားနားပေသည်။

ရှုချီချင်းသည် ထိုအချိန်က ကြောက်မက်ဖွယ် ကောင်းခဲ့သော်လည်း ဤအဆင့်ထိ မဟုတ်ခဲ့ပေ။ အကယ်၍ တစ်ယောက်သည် နှိုင်းယှဉ်ရပါက သူမသည် ရုတ်တရက် ကြီးပြင်းလာပြီး အတွေ့အကြုံရှိပြီး သန်မာသော လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသည့် ကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။

ရှုချီချင်းသည် နှစ်ကွက်သာ ရွှေ့ခဲ့သေးသော်လည်း သူမ၏ စစ်တုရင်ကစားသည့် ပုံစံသည် တဒင်္ဂဖြစ်ပြီး ပုံမှန်မဟုတ်ပေ။ ထို့ပြင် ကစားနေသည့် အချိန်တွင် သူမ၏ ပထမကျောက်တုံးနှင့် ဒုတိယကျောက်တုံးကြား အကြားအလပ် မရှိလုနီးပါးဖြစ်သည်။

ဤသည်က ဆိုလိုသည်မှာ သူမသည် သူမ၏ အကွက်များကို သေသေချာချာ ပြင်ဆင်ထားခဲ့သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ယခင်ကသူမနှင့် လုံးဝခြားနားပေ၏။

'... အဲ့ဒါက သခင်လေးနဲ့ တော်တော်လေး ဆင်တူတယ်။'

ဝမ်ချောင်ကိုကြည့်လိုက်ကာ ဤအတွေးက ဝေအန်းဖန်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် ရှုချီချင်း၏ ပေါ့ပေါ့ပါးပါးနှင့် ယုံကြည်မှုရှိသည့် ပုံစံက ဝမ်ချောင်နှင့် အလွန်အမင်း ဆင်တူသည်ကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။

'သူက သခင်လေးကို စိန်ခေါ်ရဲတာ အံ့သြစရာမရှိဘူး။ သူကဒီတစ်ကြိမ် တကယ်ပဲ ပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့ပုံရတယ်။'

ဝေအန်းဖန်သည် သူ့သခင်လေး၏ အောင်ပွဲကို အပြည့်အဝ ယုံကြည်မှု ရှိခဲ့သော်လည်း ယခုအခါ ရုတ်တရက် နားလည်သွားခြင်းက သူ့ကိုစတင် စိုးရိမ်လာစေခဲ့သည်။

ရှုချီချင်းသည် ဝမ်ချောင်ကို ပြိုလဲစေသည့် မည်သည့်အရာကိုမျှ မပြသခဲ့သေးသော်လည်း သူမပြသခဲ့ပြီးသည့် ခွန်အားသည် အလွန်မမျှော်လင့်ထားခဲ့ပေ။

ခလပ်

နောက်ထပ် အဖြူရောင်ကျောက်တုံးကို ယူလိုက်ပြီး ၎င်းကိုပထမအကြိမ်ကကဲ့သို့ အေးအေးလူလူ ချလိုက်ကာ ဝမ်ချောင် သူ့ပြိုင်ဘက်ကို ဆက်၍ပြုံးပြလိုက်သည်။

တိုက်ပွဲ မရှိခဲ့သေးပေ။ ဤသည်မှာ ထိတွေ့မှုမရှိသည့် ထောက်လှမ်းနေသော မစ်ရှင်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

“ဟမ်”

နှာခေါင်းတစ်ချက် ရှုံ့လိုက်ခြင်းနှင့်အတူ ရှုချီချင်းသည် သူမ၏ တတိယမြောက်ကျောက်တုံးကို ထားလိုက်သည်။ ဤတစ်ကြိမ် သူမသည် သူမ၏ အလွန်အမင်း တက်ကြွပြီး အန္တရာယ်ရှိသော ရန်လိုမှုတစ်ခုကို နောက်ဆုံးတွင် ပြသလိုက်သည်။

ဘုန်း

ထိုကျောက်တုံးသည် ဝမ်ချောင်စစ်တပ်၏ အလယ်တည့်တည့်တွင် ချလိုက်ခြင်းဖြစ်ပြီး စစ်တုရင်ခုံပေါ်ရှိ တင်းမာမှုကို နှစ်ဆကျော် တိုးသွားစေခဲ့သည်။

“ဒါက သခင်လေးရဲ့ စစ်တုရင် ကစားတဲ့ပုံစံ မဟုတ်ဘူးလား”

ဤမေးခွန်းက ချက်ချင်း လူတိုင်းကို ဂရုတစိုက် ရှိသွားစေခဲ့ပြီး ရှုချီချင်း၏ ပြောင်ပြောင်တင်းတင်း အကွက်များနှင့် စစ်တပ်အလယ်သို့ တိုက်ခိုက်မှုများ အားလုံးတို့သည် ဝမ်ချောင် ယခင်က အသုံးပြုခဲ့သည့် အကွက်များဖြစ်သည်ကို လူများအား စတင်သတိပြုမိသွားစေခဲ့သည်။

လူအုပ်ကြီးသည် ရှုချီချင်းကို ခြားနားစွာ စတင်ကြည့်လိုက်ကြသည်။

ဝမ်ချောင်ကို ရင်ဆိုင်သည့် စစ်တုရင်ကစားပွဲတွင် ဝမ်ချောင်၏ စစ်တုရင်ပုံစံကို အသုံးပြုရန်မှာ သာမာန်လူတစ်ယောက် ပြုလုပ်ဝံ့သည့် အရာမဟုတ်ပေ။ အကြောင်းမှာ မည်သူမျှ ဝမ်ချောင်၏ စစ်တုရင်ပုံစံကို သူကိုယ်တိုင်ထက် ပို၍မရင်းနှီးနိုင်သောကြောင့် ဖြစ်သည်။

ရှုချီချင်းသည် ဤအရာကို ပြုလုပ်ရဲခဲ့သောကြောင့် သူမသည် အရူးတစ်ယောက် သို့မဟုတ် သူမသည် ဝမ်ချောင်၏ စစ်တုရင်ပုံစံကို ဖောက်မြင်ပြီး ၎င်းနှင့် အနိုင်ယူနိုင်သည်အထိ အလွန်အမင်း ယုံကြည်မှုရှိသောကြောင့် ဖြစ်ရပေမည်။

သို့သော် ရှုချီချင်းသည် တစ်ခါက စစ်တုရင် ခန်းမတစ်ခုလုံးကို တစ်ကိုယ်တော် လွှမ်းမိုးခဲ့သောကြောင့် သူမသည် အရူးတစ်ယောက် မဖြစ်နိုင်ပေ။ ထိုသည်က တစ်ခုတည်းကိုသာ ဆိုလိုပေသည်...

လှောင်ပြောင်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ရယ်မောမှုများ ပျောက်ကွယ်သွားခဲ့သည်။ လူအုပ်ကြီးသည် ချက်ချင်း ရှုချီချင်းကို ခြားနားစွာ အကဲခတ်လိုက်ကြသည်။

'သခင်လေးကို စိန်ခေါ်ဖို့ ဒီလူက သူ့မှာ အစီအစဉ်တစ်ချို့ ရှိကိုရှိရမယ်။'

စစ်တုရင်ခန်းမရှိ လေထုသည် ရုတ်တရက် ထူးဆန်းလာခဲ့၏။

'ဒါက အစပဲရှိသေးတယ်။ တစ်ခဏအတွင်းမှာ ဘယ်သူက အကောင်းဆုံး စစ်တုရင်ကစားသမားလဲဆိုတာ နင်တွေ့ရလိမ့်မယ်။'

ရှုချီချင်း စိတ်ထဲတွင် လှောင်ပြောင်လိုက်၏။

လူအုပ်ကြီး တွေးတောနေသည့်အရာကို သူမသိသော်လည်း အကယ်၍ သူတို့သည် သူမက ဝမ်ချောင်ကို မည်သို့ကူးယူရမည်ဆိုသည်ကိုသာ သိသည်ဟု တွေးထင်နေခဲ့ကြပါက သူတို့မှားသွားပြီဖြစ်သည်။

သူမ၏ နောက်ဆုံးခါးသီးသော ရှုံးနိမ့်မှုကတည်းက သူမသည် သူမ၏အချိန်အားလုံးကို စစ်တုရင်ခန်းမတွင် ကုန်ဆုံးခဲ့ပြီး အိမ်သို့ပင် မပြန်ခဲ့ပေ။ ထို့ပြင် ဤကုန်ဆုံးသွားသော လအတော်များများသည် ဖြုန်းတီးမှု မဖြစ်ခဲ့ပေ။

ယခုအခါ လူတိုင်းကို ဝမ်ချောင်အပါအဝင် သူမအား အမြင်သစ်ဖြင့် ကြည့်စေရန် အချိန်ဖြစ်ပေသည်။ သူမတွင် ပို၍ပင်များပြားသော သူတို့ကို စောင့်ဆိုင်းနေသည့် အံ့အားသင့်စရာများ ရှိပေသည်။

ခလပ်

အဖြူရောင်ကျောက်တုံး ကျဆင်းသွားခဲ့ပြီး ဝမ်ချောင်သည် သူ့မျက်နှာပေါ်တွင် သူတွေးနေသည့်အရာကို ပြောရန်မဖြစ်နိုင်ဖြစ်စေသည့် ပေါ့ပါးသော အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။ ရှုချီချင်း၏ အကွက်နှင့် လူအုပ်ကြီးဆီမှ တုန့်ပြန်မှုများသည် သူ့ကိုတုန်လှုပ်စေရန် မစွမ်းနိုင်ဖြစ်ပုံရသည်။

သူမတိတ်တဆိတ် ကျိန်ဆဲလိုက်ကာ ရှု့ချီချင်း ဝမ်ချောင်၏ ပြုံးနေသောမျက်နှာကြောင့် အံ့ကြိတ်လိုက်သည်။

“နင်ဆက်ပြုံးနိုင်အုံးမလားဆိုတာ စောင့်ကြည့်ကြတာပေါ့”

အံ့ကြိတ်နေသည့် ရှု့ချီချင်းသည် သူမ၏ စတုတ္ထမြောက် ကျောက်တုံးကို ချလိုက်သည်။ ဤကျောက်တုံးသည် ပို၍ပင် အစွန်းရောက်ပြီး ရန်လိုလှသည်။

ဘန်း

ချက်ချင်းနီးပါးပင် ဝမ်ချောင်၏ စတုတ္ထမြောက် ကျောက်တုံးက ကျဆင်းသွားခဲ့၏။ သူ၏အခြားကျောက်တုံးများနှင့် မတူဘဲ သူသည် ဤကျောက်တုံးကို ရှု့ချီချင်း၏ အလယ်ဗဟို၊ ဘယ်နှင့် အောက်ဘက်သို့ သွားသည့်လမ်းကြောင်းကို တိုက်ရိုက်ထိန်းချုပ်နေသည့် ညာဘက်အလယ်ဗဟိုတွင် ထားလိုက်သည်။ သူ၏ယခင်ကျောက်တုံး သုံးတုံးနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် ရှုချီချင်း၏ပုံစံကို ဖိနှိပ်ထားပြီး ရှုချီချင်း၏ ယခင်အကွက်များထက် သာလွန်သည့် တိုက်ခိုက်မှုတစ်ခုဆီသို့ ပုံဖော်နေကြသည်။

“အရမ်းကောင်းတဲ့အကွက်ပဲ”

“မျှော်လင့်ထားတဲ့အတိုင်းပဲ သခင်လေးက ကြောက်ဖို့ကောင်းနေတုန်းပဲ”

“ဒီအကွက်က ရှုချောင်ထက်ပိုပြီး အထင်ကြီးဖို့ကောင်းတယ်”

***

ရောက်နေသည့် လူတိုင်းသည် အခြေခံအားဖြင့် စစ်တုရင်ကို တစ်ချို့တစ်လေ နားလည်ထားကြပေသည်။ ဝမ်ချောင်၏ ဤအကွက်သည် သူတို့အားလုံး၏ မျက်လုံးများကို တောက်ပသွားစေခဲ့သည်။

ထိုးစစ်အရ ဝမ်ချောင်၏ အကွက်သည် ရှုချီချင်းလောက် အစွန်းမရောက်သော်လည်း ၎င်းက ပို၍များပြားသော ဖိအားကို ဖန်တီးနေခဲ့သည်။ ဤသည်မှာ တစ်နေရာရှိ တိုက်ခိုက်မှုမဟုတ်ဘဲ တစ်ခုလုံး၏ အရှိန်အဟုန်မျိုးဖြစ်သည်။

အနည်းဆုံး သူ၏အခြေအနေ တစ်ခုလုံး၏ အမြင်တွင် ဝမ်ချောင်သည် ရှုချီချင်းထက်ပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ ဤအရာကို မြင်လိုက်သည့်လူတိုင်း သူ့အား အားရကျေနပ်သွားခဲ့ကြသည်။

ဝမ်ချောင်သည် စစ်တုရင်ခန်းမ၏ သခင်ဖြစ်သောကြောင့် စစ်တုရင်တွင် သူ၏ အောင်မြင်မှုများကို ယှဉ်နိုင်ရန်အမှန်ပင် ခက်ခဲပေသည်။

“ဟမ် နောက်ဆုံးတော့ ရောက်လာပြီပေါ့”

အံ့အားသင့်စရာ ကောင်းစွာဖြင့် ဝမ်ချောင်၏ အံ့သြဖွယ်ကောင်းသော အကွက်ကို ရှုချီချင်း မြင်လိုက်သောအချိန်တွင် သူမသည် ကျေနပ်နေသည့် အပြုံးတစ်ခုကို ပြုံးလိုက်ကာ ကြောင်တစ်ကောင်က ငါးတစ်ကောင်ကို အောင်မြင်စွာ ဖမ်းယူလိုက်နိုင်သကဲ့သို့ဖြစ်သည်။

ခလပ်

လူတိုင်းက ဝမ်ချောင်၏ အံ့ဖွယ်အကွက်ကို ချီးကျူးနေဆဲအချိန်တွင် ရှုချီချင်း ရုတ်တရက် အနက်ရောင် ကျောက်တုံးတစ်တုံးကို ချလိုက်သည်။ ဓားတစ်စင်း၏ ထက်ရှသော အသွားကဲ့သို့ ၎င်းက ဝမ်ချောင်၏စစ်တပ်ကို ထိုးဖောက်သွားခဲ့သည်။

စစ်တုရင်ခုံပေါ်ရှိ လေထုသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဝမ်ချောင်၏ ထိုးစစ်ဆန်သော အရှိန်အဟုန်သည် ရုတ်တရက် အပိုင်းအစများအဖြစ်သို့ ပျက်စီးသွားခဲ့သည်။

သူ၏ ကျားစေ့များမှ ဖန်တီးထားသော ထိုခမ်းနားထည်ဝါပြီး သိမ်မွေ့သည့် ဖိအားသည် ပျောက်ကွယ်သွားခဲ့သည်။

ထို့အပြင် ရှု့ချီချင်း၏ ကာလကြာ စီစဉ်ထားခဲ့သော အကွက်နှင့် စစ်တုရင် ခန်းမထဲရှိ လေထုသည် စုပ်ထုတ်ခံလိုက်ရပုံရသည်။ ချီးကျူးနေသည့် အသံများအားလုံး နင်သွားခဲ့ကြ၏။

ဖြစ်ပျက်သွားသည့်အရာကို နားလည်နိုင်သည့်လူတိုင်း ရှုချီချင်းကြောင့် ကြက်သေ သေသွားခဲ့ကြသည်။ သာမာန် စစ်တုရင်ကစားသူဖြစ်သည့် လူအိုကြီး လင်းယုန်ငှက်သည်ပင် ၎င်းကို မြင်နိုင်ခဲ့၏။

ရှုချီချင်း၏ အကွက်သည် ဝမ်ချောင်ကို ဖိနှိပ်ရန်အတွက် အထူးရည်ရွယ်ထားခဲ့သည်မှာ ထင်ရှားလှသည်။

“ဒီမိန်းမက မရိုးရှင်းဘူး”

ယောက်ျားတစ်ယောက်အဖြစ် ဟန်ဆောင်နေသော ဤအမျိုးသမီးကို သူလျော့တွက်ထားခဲ့မိကြောင်း နားလည်သွားခဲ့ကာ လူအိုကြီး လင်းယုန်ငှက်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

စစ်တုရင်ခန်းမသည် လုံးဝတိတ်ဆိတ်သွားခဲ့၏။

လူတိုင်း၏ မျက်လုံးများသည် ဝမ်ချောင်အပေါ် စူးစိုက်နေခဲ့ကြပြီး ရှုချီချင်း၏ မျက်လုံးများက ဘဝင်ခိုက်နေသော အပြုံးဖြင့် တောက်ပနေခဲ့သည်။

'သုံးရက်ကြာ ခွဲခွာခြင်းက လူတစ်ယောက်က တစ်ခြားတစ်ယောက်ကို လုံးဝခြားနားတဲ့ အမြင်သစ်နဲ့ကြည့်ဖို့ လိုအပ်စေတယ်။ ဝမ်ချောင် တကယ်လို့ငါက နင့်ကိုကူးချနေတယ်လို့ပဲ နင်တွေးနေခဲ့ရင် နင်အရမ်းမှားသွားပြီ။ ပိုပြီးများပြားတဲ့ အံ့အားသင့်စရာတွေက နင့်ကိုစောင့်နေတယ်။'

ရှုချီချင်း သူမ၏မျက်လုံးများက တောက်ပနေကာ ပြောစရာပင်မလိုသော လှောင်ပြောင်မှုနှင့်အတူ သူမ၏ပြိုင်ဘက်ကို ကြည့်လိုက်သည်။

**********************

All Chapters