← Chapters

အခန်း (၄၃၆-၄၄၀)

Vol. 20 Ch. 436-440

အခန်း (၄၃၆-၄၄၀)

Vol. 20 Ch. 436-440

အခန်း(၄၃၆)

ဝမ်ချောင်၏ စစ်တုရင်ပုံစံကိုဖိနှိပ်ခြင်း(၂)

ဝမ်ချောင်သည် ရှုချီချင်းကို သုံးကြိမ်တိုင်တိုင် အရှက်ခွဲခဲ့ပြီး သူမသည် ဤသုံးကြိမ်စလုံးကို ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် နောက်ဆုံးအကြိမ်တွင် သူသည် သူမကို လုံ့ဝေ့ လေ့ကျင့်ရေးစခန်း၏ အစ်မကြီးတစ်ယောက်အနေဖြင့် ယခင်က တစ်ခါမှ မခံစားခဲ့ဖူးသော သူမကို အရှက်ရသွားစေခဲ့သည့် ထိုးနှက်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။

ဝမ်ချောင်သည် အစဉ်အလာကို ချိုးဖောက်ခဲ့ပေ၏။

သူမ၏ အရှက်ရမှုကို ဆေးကြောရန်ဖြစ်စေ ရှုကလန်၏ သမီးပျိုတစ်ယောက်အနေဖြင့် သူမ၏ မာနနှင့် ဂုဏ်သိက္ခာအတွက်ဖြစ်စေ ရှုချီချင်းသည် ဝမ်ချောင်ကို နောက်တစ်ကြိမ် ထပ်ရှုံး၍မရပေ။

ဝမ်ချောင်၏ နောက်ဆုံးစကားလုံးများသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူမ၏စိတ်ထဲတွင် နာကျင်မှုအဖြစ် ကိုက်ခဲနေခဲ့သည်။ ထို့အပြင် သူမက၎င်းတို့ထံမှ ရုန်းထွက်ရန် သူမမည်သို့ အားထုတ်ခဲ့ရသည်ကို မည်သူမှ မသိနိုင်ပေ။

ဤအတောအတွင်း သူမသည် လူအုပ်ကြီး၏ အရှက်ခွဲမှုကို တိတ်ဆိတ်စွာ သည်းခံခဲ့သည်။ အကယ်၍ စစ်တုရင်ခန်းမတွင် စာမေးပွဲတစ်ခု ကျင်းပခဲ့ပါက သူမသည် ကြည့်ရှု့သူတစ်ယောက် အမြဲဖြစ်နေပေလိမ့်မည်။

သူမသည် ဝမ်ချောင်၏ အဆင့်သိုင်းနှင့် အကွက်တိုင်းကို ဂရုတစိုက် ကြည့်ရှု့နေခဲ့ပြီး ၎င်းတို့ကို သူမ၏စိတ်ထဲတွင် ရိုက်နှိပ်ထားခဲ့သည်။ သူမပြန်ရောက်သောအခါ သူမအိပ်ယာဝင်သောအခါ သူမသည် သူတို့ကို တစိမ့်စိမ့် တွေးတောနေလိမ့်မည်ဖြစ်ပြီး အကွက်တိုင်းတွင် ဖြစ်ပွားသွားခဲ့သည့် သိမ်မွေ့သော ပြောင်းလဲမှုများကို စဉ်းစားနေပေလိမ့်မည်။

သို့သော် ထိုသည်မှာ အကုန်လုံးမဟုတ်ပေ။ ရှုချီချင်းသည် နန်းတော်၏ မင်းသမီးကိုပင် မျက်နှာအများကြီးမပေးဘဲ သူမကိုယ်သူမ အလွန်မြင့်မားစွာ အမြဲသဘောထားခဲ့သည်။

ထို့အပြင် စစ်တုရင်ကစားပွဲတွင် သူမသည် သူမက ဝမ်ချောင်ကို ရှုံးနိမ့်လိမ့်မည်ဟု ဘယ်တော့မှ မယုံကြည်ထားခဲ့ပေ။

သို့သော် ဤတစ်ကြိမ်တွင် ဝမ်ချောင်နှင့် ရင်ဆိုင်ရန် ဤအရှက်ရမှုကို ဆေးကြောရန် သူမသည် သူမ၏မာနနှင့် ဂုဏ်သိက္ခာအားလုံးကို ချထားခဲ့ပြီး စစ်တုရင်တွင် ဝမ်ချောင်ရေးသားထားခဲ့သည့် စာအုပ်များကို လေ့လာခဲ့သည်။

အနိမ့်ဆုံး မိတ်ဆက်စာအုပ်များမှနေ၍ အမြင့်ဆုံးအဆင့် စစ်တုရင် ကျမ်းဂန်များအထိ သူမသည် သူတို့အားလုံးကို နှံ့နှံ့စပ်စပ် ဖတ်ရှု့ခဲ့သည်။ ဆောင်းရာသီ၌ပင် သူမသည် ကျောင်းသားများအတွက် ဝမ်ချောင် ရေးသားထားခဲ့သော စစ်တုရင်စာအုပ်များကို လေ့လာနေခဲ့ပေသည်။

လပေါင်းများစွာ ခံစားခဲ့ရသော စိတ်ရှည်မှု အားလုံးတို့သည် လက်တုန့်ပြန်ရန်အတွက် ဖြစ်ပေသည်။

သူမ၏ပါရမီ၊ ဝမ်ချောင် ရေးသားထားခဲ့သော စာအုပ်များနှင့် ဝမ်ချောင်၏ ကစားပွဲတိုင်းမှ သူမ၏ လေ့လာကြည့်ရှု့မှုတို့က... နောက်ဆုံးတွင် ဝမ်ချောင်၏ ပုံစံ၌ ပြောင်းလဲမှုများနှင့် အတွေးများကို သူမအား လုံးဝဖမ်းဆုပ်နားလည်သွားစေခဲ့ပြီး ၎င်းကိုဖိနှိပ်ရန် နည်းလမ်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိစေခဲ့သည်။

လက်ရှိဝမ်ချောင်သည် သူမ၏ မျက်လုံးများတွင် ဘာမျှလျို့ဝှက်ဆန်းကြယ် မနေတော့ပေ။

သူမသည် သူ့ကို အလွန်ကိုးကွယ်နေကြသည့် စစ်တုရင်ခန်းမ၏ ဤကျောင်းသားများ အားလုံးရှေ့တွင် ဝမ်ချောင်ကို မြေကြီးပေါ်သို့ ရိုက်ချချင်ခဲ့ပေသည်။

“ဝမ်ချောင် မင်းအလှည့်ပဲ”

ရှုချီချင်း မျက်လုံးလှန်လိုက်ကာ သူမ၏ပုံစံက ရန်လိုလှသည်။

“သခင်မလေး အရမ်းကောင်းတယ်”

ရှုကလန်မှ အစေခံမလေးသည် သူမကိုယ်သူမ ပုန်းကွယ်နေခဲ့၏။ သူမကြည့်နေသောအခါ သူမ၏မျက်လုံးများက တောက်ပနေခဲ့ပြီး သူမ၏လက်များက ဆုပ်ထားခဲ့ကာ သူမ၏ အမူအရာက စိတ်လှုပ်ရှားနေခဲ့သည်။

ဝမ်ချောင်တစ်ယောက်သာ တည်ငြိမ်နေခဲ့၏။ သူ၏သိမ်မွေ့သော အပြုံးနှင့်အတူ နောက်ထပ် အဖြူရောင်ကျောက်တုံးသည် စစ်တုရင်ခုံပေါ်ရှိ မမျှော်လင့်ထားသော နေရာတစ်ခုပေါ်သို့ ကျဆင်းသွားခဲ့သည်။ ၎င်းသည် ရှု့ချီချင်း၏ တိုက်ခိုက်မှုကို ချိုးဖျက်လိုက်သည်သာမက ၎င်းသည် အခြေအနေကိုလည်း ပြောင်းပြန်လှန်ပစ်ပြီး စတင် တန်ပြန်လိုက်သည်။

“အရမ်းကောင်းတဲ့အကွက်ပဲ”

လူအုပ်ကြီး၏ မျက်လုံးများ တောက်ပသွားခဲ့ကြ၏။ ဤသည်မှာ သူတို့သခင်လေးကို မျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်ပေသည်။ ရှုချီချင်းသည် သူတို့၏ သခင်လေးကို အနိုင်ယူချင်ခဲ့သော်လည်း ဤသည်မှာ အသေးအမွှား ကိစ္စမဟုတ်ပေ။

“ဟမ် အဲ့ဒီမောက်မာတဲ့အကြည့်ကို မင်းဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်”

လူအုပ်ကြီး၏ သြဘာပေးသံများကို စောင့်ဆိုင်းနေခြင်းမရှိဘဲ ရှုချီချင်းသည် သေးသွယ်သော လက်နှစ်ချောင်းကို သူမ၏ သေတ္တာထဲသို့ နှိုက်လိုက်ပြီး ပဉ္စမမြောက် အနက်ရောင်ကျောက်တုံးကို ထုတ်ယူလိုက်သည်။

ဤတစ်ကြိမ် သူမ၏ အကွက်သည် အခြေအနေကို ပြောင်းပြန်လှန်ရန် ဝမ်ချောင် အသုံးပြုခဲ့သည့် စတုတ္ထမြောက် ကျောက်တုံးကို ပစ်မှတ်ထားခဲ့သည်။ သူမသည် ဝမ်ချောင်၏ ကျောက်တုံးများကို တားဆီးလိုက်သည်သာမက စစ်တုရင်ခုံပေါ်ရှိ ဝမ်ချောင်၏ အားထုတ်မှုများကို မီးခိုးများအဖြစ်သို့ ပျောက်ကွယ်သွားစေခဲ့ပြီး သူမသည် ဝမ်ချောင်ကို အရေးမသာသည့် အခြေအနေသို့ နောက်တစ်ကြိမ် ကျရောက်သွားစေခဲ့သည်။

စစ်တုရင်ခန်းမသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့၏။

ရှုချီချင်း၏ ပြင်းထန်ပြီး လျှင်မြန်သော တိုက်ခိုက်မှုများသည် မမြင်ရသောလက်က သူတို့၏ လည်‌ချောင်းများကို ညစ်ထားသကဲ့သို့ဖြစ်သည်။ လေထုသည် ရပ်တန့်သွားခဲ့၏။

လူအုပ်ထဲရှိ အတုံးဆုံးလူများသည်ပင် ရှုချီချင်းက ယခုအခါ လုံးဝခြားနားသည့်လူတစ်ယောက် ဖြစ်သည်ကို နားလည်သွားခဲ့ကြသည်။ သူမသည် သူတို့ပထမဆုံး တွေးထင်ထားကြသကဲ့သို့ သြဇာပေးရန် မလွယ်ကူတော့ပေ။

တိုတောင်းသည့် စစ်တုရင်ကစားပွဲ၏ မျှော်လင့်ချက်များသည် ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ချောင်၏ လွယ်ကူသော အနိုင်ရရှိမှု အခွင့်အရေးသည်လည်း သေးငယ်သွားခဲ့သည်။

သူမ၏ ဆဌမမြောက်ကျောက်တုံးတွင် ရှုချီချင်းသည် အလယ်သို့ သွားခဲ့သည်။

သူမ၏ သတ္တမမြောက် ကျောက်တုံးအတွက် ရှုချီချင်းသည် သူမ၏ အနက်ရောင်ကျောက်တုံးကို ဝမ်ချောင်၏ အပေါ် ဘယ်ဘက်ထောင့်တွင် ထားလိုက်သည်။

နောက် သူမ၏ အဌမမြောက် ကျောက်တုံးအတွက်မူ ရှုချီချင်းသည် ၎င်းကို ဝမ်ချောင် ကျောက်တုံးများ၏ အလယ်တည့်တည့်တွင် ထားခဲ့သည်။

***

သူမ၏ ကစားသည့်ပုံစံသည် ပို၍ပို၍ အစွန်းရောက်လာခဲ့ပြီး မြန်ဆန်လာခဲ့ကာ ဤအကွက်များ အားလုံးတို့သည် အလွန် ပစ်မှတ်ထားခဲ့ကြသည်။ ဇဝေဇဝါနှင့် အစွမ်းအစမရှိဆုံး စစ်တုရင် ကစားသမားများသည်ပင် ယခုအခါ ရှုချီချင်းက သူမ၏ စစ်တုရင်ကစားသည့် နည်းလမ်းကို အထူးလေ့လာထားခဲ့ကြောင်း ပြောနိုင်ပေသည်။

သူမ၏ ကစားသည့် ပုံစံသည် ဝမ်ချောင်၏ ရက်စက်ကြမ်းကြုတ်မှုကို တားဆီးထားခဲ့ပြီး ဝမ်ချောင်၏ ကိုယ်ပိုင် ကစားသည့်ပုံစံကိုလည်း ကြမ်းကြုတ်စွာ တားဆီးပိတ်ပင်နေခဲ့သည်။

ရှင်းရှင်းပြောရပါက သူမ၏ စစ်တုရင် ကစားသည့်ပုံစံသည် ဝမ်ချောင်ကို ဖိနှိပ်ရန် အထူးတည်ဆောက်ထားခဲ့သော ပုံစံဖြစ်သည်ကို လူတိုင်း ပြောနိုင်ပေသည်။

“ကိစ္စတွေက ခက်ခဲလာနေခဲ့ပြီ”

လူအုပ်ကြီးထဲတွင် ဝေအန်းဖန်နှင့် လူအိုကြီး လင်းယုန်ငှက်တို့ မျက်မှောင်ကြုတ်လိုက်ကြကာ ကျန်လူအုပ်ကြီးက ရှုချီချင်းကို ခြားနားစွာ အကဲခတ်လိုက်ကြသည်။

လူအုပ်ကြီးသည် ဝမ်ချောင်နှင့် ပတ်သတ်၍ တူညီစွာ ခံစားနေခဲ့ရသေးသော်လည်း ရှုချီချင်းသည် ပို၍ သန်မာလာခဲ့ပုံရသည်။

ဤသည်မှာ သူတို့ဝမ်ချောင်ကို သိရှိကတည်းက သူတို့သည် ဝမ်ချောင်နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ့ထက် အနည်းငယ်ပင် ပိုသာနိုင်၏။

စစ်တုရင်ခုံသည် နှစ်ပိုင်းကွဲနေဆဲဖြစ်သည်။ ရှုချီချင်း၏ တိုက်ခိုက်မှုများသည် ကြမ်းကြုတ်ကြသော်လည်း ဝမ်ချောင်၏ တန်ပြန်တိုက်ခိုက်မှုများက အလားတူ ကြောက်မက်ဖွယ် ကောင်းပေသည်။

သူ၏ ဆဌမမြောက်ကျောက်တုံးသည် ရှုချီချင်း၏ တိုက်ခိုက်မှုကို ဖြတ်တောက်ပစ်ခဲ့သည်။

သူ၏ သတ္တမမြောက်ကျောက်တုံးသည် ရှုချီချင်း၏ ကျောက်တုံးများအကြား ဆက်သွယ်မှုကို ဖျက်ဆီးခဲ့သည်။

သူ၏ အဌမမြောက်ကျောက်တုံးသည် ရှုချီချင်းစစ်တပ်၏ အလယ်သို့ နောက်တစ်ကြိမ် ထိုးဖောက်သွားခဲ့သည်။

***

ဤသည်မှာ လူအုပ်ကြီး၏ ဤအဆင့် ကစားပွဲကို မြင်တွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဝမ်ချောင်နှင့် ရှုချီချင်း နှစ်ယောက်စလုံးသည် အထက်ရှဆုံး ဓားများကဲ့သို့ ၎င်းတို့၏ ရန်သူများ၏ အသေစေနိုင်ဆုံးသော နေရာများကို ခုတ်နေခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံးသည် ခံစစ်ကို လုံးဝဂရုမစိုက်ဘဲ လုံးဝရန်လိုသည့် ပုံစံများကို ရွေးချယ်နေခဲ့ကြသည်။

ဟူး

မသိလိုက်ဘဲ လူတိုင်းသည် အသက်ရှုခြင်းကို ရပ်တန့်လိုက်ကြပြီး သူတို့၏အာရုံ အားလုံးကို ဤပြင်းထန်သော တိုက်ပွဲကဲ့သို့ စစ်တုရင်ကစားပွဲတွင် မြုပ်နှံထားလိုက်ကြသည်။ စစ်တုရင်သည် နည်းဗျူဟာတစ်ခု၏ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပြီး အကယ်၍ ဤသို့သော နည်းဗျူဟာသည် လုံလောက်စွာ သန်မာသော ပြိုင်ဘက်မရှိသည့် စစ်မြေပြင်တွင် ထုတ်သုံးခဲ့ပါက ရလဒ်သည် တစ်ဖက်သတ် လွှမ်းမိုးမှု ဖြစ်သွားပေလိမ့်မည်။

ထိုသို့သော တိုက်ပွဲမျိုးကို 'ပိတ်ဆို့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း' ဟု ခေါ်ဆိုပြီး တကယ့်ကို တိုက်ပွဲတစ်ခုဟု ခေါ်ဆို၍မရပေ။

သို့သော် အကယ်၍ ပြိုင်ဘက်နှစ်ဦးသည် လက်ရည်တူနေခဲ့ပြီး စွမ်းရည်မြင့်မားနေခဲ့ပါက လုံးဝ ခြားနားသွားမည် ဖြစ်သော်လည်း ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုက ပေါ်လာပေလိမ့်မည်။ ထိုတိုက်ပွဲကို တိုက်ပွဲတစ်ခုဟု ခေါ်ဆို၍ မရတော့ပေ။ အလွန်အံ့သြဖွယ်ကောင်းသောကြောင့် ၎င်းသည် အနုပညာတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး 'တိုက်ပွဲအနုပညာ' ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ ဝမ်ချောင်နှင့် ရှုချီချင်းတို့က လူအုပ်ကြီးကို ပြသနေခဲ့သည့် အနုပညာ ဖြစ်ပေသည်။

ထိုပြင်းထန်သော တိုက်ခိုက်မှုသည် သူတို့ကို လုံးဝ အားရကျေနပ်သွားစေခဲ့၏။ ဝိညာဉ်သွေးကြောတွင် ကျင့်ကြံနိုင်ရန်အတွက်သာ စစ်တုရင်နှင့် နည်းဗျူဟာကို လေ့လာထားခဲ့ကြသည့် ကျောင်းသားများစွာတို့သည့် ယခုအခါ ဤသည်က စစ်တုရင်ကို ကစားနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်ကို နားလည်လာခဲ့ကြသည်။

တူညီသည့် စစ်တုရင်ခုံနှင့် တူညီသည့် ကျားစေ့များကို အသုံးပြုကာ သူတို့သည်လည်း နေ့တိုင်း စစ်တုရင် ကစားနေခဲ့ကြသော်လည်း ဝမ်ချောင်နှင့် ရှုချီချင်းတို့သည် လုံးဝမတူညီသော စစ်တုရင်ကို ကစားနေပုံရသည်။

သူတို့သည် ဝမ်ချောင်နှင့် ရှု့ချီချင်းတို့မှ ပြသနေခဲ့သော စစ်တုရင်အနုပညာကြောင့် ညို့ယူခံခဲ့ရသည်။

ဝီး

လူတိုင်းက ဝမ်ချောင်နှင့် ရှု့ချီချင်းကြား တိုက်ပွဲကြောင့် ညို့ယူခံနေရချိန်တွင် ၎င်း၏ပထမဆုံး အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိသွားခဲ့သည်။

“ဝမ်ချောင် မင်းရှုံးပြီ”

ရွှမ်းကနဲ အသံနှင့်အတူ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်တစ်ဖက်သည် ဆန့်ထုတ်လာခဲ့ပြီး စစ်တုရင်ခုံပေါ်ရှိ အဖြူရောင်ကျောက်တုံး သုံးတုံးကို ယူဆောင်သွားခဲ့ကာ သူမ၏ သေတ္တာထဲသို့ ပထမဆုံး အဖြူရောင်ကျောက်တုံး များစွာကို ယူဆောင်သွားခဲ့သည်။

နောက်ဆုံးတွင် ရှုချီချင်းသည် ကစားပွဲစကတည်းက ပထမဆုံး အကြိမ်အနေဖြင့် ဝမ်ချောင်၏ ကျောက်တုံးကို စတင်ယူဆောင်သွားခဲ့သည်။

ဤအချက် တစ်ခုထဲမှနေ၍ ရှုချီချင်း၏ စစ်တုရင်ရှိ ကျွမ်းကျင်မှုများသည် ဝမ်ချောင်မှလွဲ၍ စစ်တုရင်ခန်းမရှိ လူတိုင်းထက် သာလွန်သွားခဲ့ပြီဖြစ်သည်။

မည်သူကမျှ ဤသို့သောအရာကို မပြုလုပ်နိုင်ခဲ့ပေ။

“နောက်ဆုံးရယ်နိုင်တဲ့လူက အကောင်းဆုံးပဲ။ ရှုချောင် အရှုံးနဲ့ အနိုင်အကြောင်း ပြောဖို့က နည်းနည်း စောနေတယ်မဟုတ်လား”

ဝမ်ချောင် စိတ်ကြီးဝင်နေသည့် ရှုချီချင်းကို ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်၏။ ရှုချီချင်းက စစ်နတ်ဘုရား စုကျန်းချန်ကလွဲ၍ သူကြုံတွေ့ခဲ့ရသမျှ အသန်မာဆုံး စစ်တုရင်ပြိုင်ဘက်တစ်ယောက် ဖြစ်သည်ကို ဝမ်ချောင် ဝန်ခံရပေမည်။

ဝမ်ချောင်အတွက်ပင်လျှင် သူမသည် တော်တော်လေး ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်သည်။ နယ်စားငယ်ရီသည်ပင် သူမရှေ့တွင် အနည်းငယ် လိုအပ်နေပေလိမ့်မည်။

သူသည် စစ်တုရင်ခန်းမတွင် စစ်တုရင်ကျမ်းဂန်များစွာနှင့် နည်းဗျူဟာ စာအုပ်များစွာကို ထားရှိခဲ့သော်လည်း သူတို့ကို အစကတည်းက ထားရှိခဲ့ခြင်းမျိုး မဟုတ်ပေ။

ရှုချီချင်းအတွက် သူ့ဆီမှ သင်ယူခြင်းကြောင့် ဤသို့သော မြင့်မားသောအဆင့်သို့ သူမကိုယ်သူမ မြင့်တင်နိုင်ခြင်းမှာ အမှန်ပင်အလွန် အံ့သြဖွယ်ရာကောင်းလှသည်။

“ငါကမင်းရဲ့ကျောက်တုံး သုံးတုံးကို စားနိုင်ရင် ငါကကျောက်တုံး သုံးဆယ်ကိုလည်း စားနိုင်တယ်။ ဖြစ်နိုင်တာက ပိုပြီးတော့တောင် စားနိုင်တယ်။ ဒီပွဲမှာ မင်းရဲ့အရှုံးက သေချာနေပြီ။ လူတိုင်းရဲ့ရှေ့မှာ မင်းက ဘယ်လိုဝန်ခံမလဲဆိုတာ တွေးထားတာ မင်းအတွက် ပိုကောင်းလိမ့်မယ်။ ငါမင်းဆီက မင်းရဲ့ကျွမ်းကျင်မှုတွေက ငါ့ကိုမယှဉ်နိုင်ဘူးဆိုတာ ဝန်ခံနေတဲ့ စကားလုံးတွေကို ကြားရဖို့ စိတ်မရှည်တော့ဘူး”

ရှုချီချင်း မောက်မာစွာ ပြောလိုက်၏။ သူမသည် ရှုချောင်အဖြစ် ဟန်ဆောင်နေဆဲ ဖြစ်သော်လည်း သူမသည် ဝမ်ချောင်ရှုံးသောအခါ ဖြစ်သွားမည့် ဝမ်ချောင်၏မျက်နှာကို မြင်ရရန် စိတ်မရှည်တော့ပေ။

“မင်းက ကြီးကြီးမားမား တိုးတက်လာတယ်ဆိုတာ ငါဝန်ခံရမယ်ဆိုပေမဲ့ မင်းက ငါ့ကိုယှဉ်နိုင်ဖို့ အလှမ်းဝေးနေတုန်းပဲ။ ဒါကမင်းမှာရှိတာ အကုန်ဆိုရင် ဒီလိုစွမ်းဆောင်ချက်တစ်ခုက မင်းအတွက် အရမ်းခက်ခဲလိမ့်မယ်။ တကယ်လို့ မင်းရှုံးရင် မင်းကငါ့ရဲ့ အခြေအနေတစ်ခုကို သဘောတူရမယ်ဆိုတာ မမေ့နဲ့”

ဝမ်ချောင် ပြုံးရယ်လိုက်ကာ သူ့အမူအရာ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ဖြင့်ဖြစ်သည်။

“နင်က ခေါင်းမာနေတုန်းပဲ”

ရှုချီချင်း စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ စစ်တုရင်ခုံပေါ်သို့ ကြည့်လိုက်သောအခါ သူမသည် ဝမ်ချောင်က ရှုံးနိမ့်မနေသည့်နေရာကို သူမမတွေ့ရပေ။ ဝမ်ချောင်သည် ဤသို့ ဆိုးရွားသော အခြေအနေ တစ်ခုနှင့် လူများစွာရှေ့တွင် ဖြစ်သော်လည်း သူမ ကြားချင်သည့်အရာကို ပြောဆိုရန် ခေါင်းမာစွာ ငြင်းပယ်နေဆဲဖြစ်သည်။ ရှုချီချင်းသည်ပင် သူ့ကိုချီးကျူးရပေမည်။

သို့သော် ဝမ်ချောင်က ဤပုံစံအတိုင်း ပြုမူလေလေ ရှုချီချင်း ပို၍မသက်မသာ ဖြစ်လေလေ သူမပို၍ အနိုင်ရချင်လေလေဖြစ်သည်။ သူမသည် စစ်တုရင်ခန်းမတွင် အကြိမ်များစွာ ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။

သူမ၏ ပြင်းထန်သော ဂုဏ်သိက္ခာသိစိတ်သည် ဝမ်ချောင်ကို ရင်ဆိုင်သည့် တရားမျှတသော တိုက်ပွဲတစ်ခုတွင် အနည်းဆုံးတစ်ကြိမ် သူမကို အနိုင်ရစေချင်ခဲ့သည်။

“ဟမ် စိတ်မပူပါနဲ့ မင်းက ရှုံးချင်ရင် အဲ့လောက်လွယ်မှာ မဟုတ်ဘူး။ ငါသေချာပေါက် မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

အေးစက်နေသည့် အမူအရာဖြင့် ရှုချီချင်း အနက်ရောင် ကျောက်တုံးတစ်တုံးကို ယူလိုက်ပြီး ချက်ချင်း ဝမ်ချောင် ကျောက်တုံးများကြားတွင် ၎င်းကိုထားလိုက်သည်။

အကြိမ် ၃၀၊ ၃၁၊ ၃၂...

စစ်တုရင်ခုံပေါ်ရှိ ဝမ်ချောင်၏ အခြေအနေသည် ပို၍ပို၍ ဆိုးရွားလာခဲ့သော်လည်း ရှုချီချင်း၏ ထိုးစစ်မှာ ပို၍သန်မာလာခဲ့သည်။ အနက်ရောင်နှင့် အဖြူရောင် ကျောက်တုံးတို့သည် စစ်တုရင်ခုံပေါ်တွင် ရေနဂါးနှစ်ကောင်ကဲ့သို့ ကန့်လန့်ဖြတ်နေခဲ့ကြပြီး အချင်းချင်း ကုပ်ဖဲ့နေကာ ကိုက်ခဲနေခဲ့ကြသည်။

အကြည့်တစ်ချက်မျှဖြင့် တစ်ယောက်သည် စစ်တုရင်ခုံပေါ်မှ ထွက်ပေါ်နေသည့် ပြင်းထန်ပြီး အန္တရာယ်များသော အရှိန်အဝါတစ်ခုကို ခံစားရပေလိမ့်မည်။

ယခင်က မစိုးရိမ်ခဲ့သော လူအိုကြီးလင်းယုန်ငှက်သည်ပင် ဤစစ်တုရင်ပွဲကြောင့် ညို့ယူခံလိုက်ရသည်။

၃၈ ကြိမ်မြောက်တွင် ဝမ်ချောင်သည် နောက်ဆုံးတွင် ရှုချီချင်းကျားစေ့ သုံးစေ့ကို စားနိုင်ခဲ့သော်လည်း ရှုချီချင်းက ပို၍များပြားစွာပင် စားခဲ့သည်။

သို့သော် သူမည်မျှ ရှုံးနိမ်ထားပါစေ ဝမ်ချောင်သည် တည်ငြိမ်နေခဲ့ပြီး အနည်းငယ်မျှပင် သွေးပျက်မနေခဲ့ပေ။ မောက်မာသော ရှုချီချင်းပင်လျှင် ဤအရာကို ချီးကျူးရပေမည်။

အကြိမ်၄၀မြောက်တွင် ကျောက်တုံးတစ်တုံးသည် ဝမ်ချောင်ကို မျက်နှာချင်းဆိုင်နေသည့် စစ်တုရင်ခုံ၏ ဘေးဘက်တွင် ထားလိုက်ကာ အရေးမကြီးသည့် နေရာတစ်ခု ဖြစ်ပုံရသည်။

သို့သော် ဤသာမာန်သာဖြစ်ပုံရသော အကွက်သည် ဂျင်တစ်သောင်း အလေးချိန်ရှိပုံရပြီး စစ်တုရင်ခုံပေါ်ရှိ မတိုးသာမဆုတ်သာ အခြေအနေကို ချက်ချင်း ပြောင်းသွားစေခဲ့သည်။

ပေါ့ပေါ့ပါးပါးနှင့် ဂရုမစိုက်သော ဝမ်ချောင်သည် ကျော့စိမ့်သွားခဲ့ပြီး သူ့အမူအရာကချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ရွှမ်း

မသိစိတ်ဖြင့် ဝမ်ချောင်သည် ရှုချီချင်းကိုကြည့်ရန် သူ့ခေါင်းကို ပြင်းထန်စွာ မော့လိုက်သည်။ ဤအကွက်သည် သူ့ပုံစံထဲမှတစ်ခုမဟုတ်ပေ။ သို့မဟုတ် ၎င်းသည် သူတစ်ခါက အသုံးပြုခဲ့ဖူးသည့် အကွက်မဟုတ်ပေ။ ဤအကွက်သည် လုံးဝခြားနားသော ကစားသည့် ပုံစံတစ်ခုဖြစ်သည်။

ဝမ်ချောင် စစ်တုရင်ခုံကို နောက်တစ်ကြိမ် ကြည့်လိုက်၏။

ကြီးမားသော စစ်တုရင်ခုံပေါ်တွင် သေးငယ်သော အနက်ရောင်ကျောက်တုံးလိုင်းသည် ခမ်းနားထည်ဝါသော အဖြူရောင် နဂါးနှစ်ကောင်ကြား ပေါင်းကူးနေခဲ့သည်။ အနက်ရောင် ကျောက်တုံးများသည် သေးငယ်ကြသော်လည်း သူတို့သည် မြင့်မားလှသော တောင်တန်းများကဲ့သို့ ဖြစ်ကြပြီး ဝမ်ချောင်၏ ဘယ်နှင့်ညာ နဂါးများကို အတူတကွ လုပ်ဆောင်ခြင်းမှ ခိုင်မာစွာ တားဆီးနေခဲ့ကြသည်။

“အရမ်းကောင်းတဲ့အကွက်ပဲ”

သူသည် သူ့နောက်ဆုံးဘဝတွင် တိုက်ပွဲသူတော်စင်ဟု ခေါ်ဝေါ်ခံခဲ့ရသော်လည်း ဝမ်ချောင်သည် ရှု့ချီချင်း၏ ဤအကွက်က ထိပ်တန်းဖြစ်ပြီး အံ့သြဖွယ်ကောင်းသော ဉာဏ်ကြီးရှင် အကွက်တစ်ခုဖြစ်သည်ကို ဝန်ခံရပေမည်။

“နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ”

ဝမ်ချောင်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ကာ သူသည် သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရှုကလန်၏ သမီးပျိုကို လုံးဝခြားနားသည့် အကြည့်ဖြင့် စတင်ကြည့်လိုက်သည်။

*****************

အခန်း(၄၃၇)

ရှုချီချင်း အောင်နိုင်ခြင်း

ဝမ်ချောင်၏အဆင့်တွင် စစ်တုရင် အကွက်အနည်းငယ်ကသာ သူ့အကြည့်နှင့် ထိုက်တန်ပေသည်။ သို့သော် ရှု့ချီချင်း၏ အကွက်သည် ဤအဆင့်သို့ လုံးဝရောက်ရှိနေပေသည်။

ထို့ပြင် ရှုချီချင်း၏ အကွက်သည် ဝမ်ချောင်ယခင်က မမြင်ခဲ့ဖူးသည့် အကွက်ဖြစ်သော်လည်း လုံးဝ မရင်းနှီးခြင်းလည်း မဟုတ်ပေ။

'ငါ့ရဲ့စစ်တုရင်စာအုပ်တွေ ဖတ်ရှု့ခြင်းကနေ သူမက ထောက်ပို့မှာရှိတဲ့ သူမရဲ့ ကျွမ်းကျင်မှုတွေကို သူမရဲ့ စစ်တုရင်ပုံစံနဲ့ ဒီလောက်မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်လ်ိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။'

ဝမ်ချောင် စိတ်ထဲတွင် တွေးလိုက်၏။

ကုန်သွယ်မှုသည် စစ်တုရင်ကဲ့သို့ တိုက်ပွဲအနုပညာနှင့် ဆက်စပ်နေပေသည်။ စစ်ရေးနည်းဗျူဟာသည် အရာအားလုံးနီးပါးနှင့် ဆက်နွယ်နေခဲ့သည်။ 'တစ်ခုကို လုံးစေ့ပတ်စေ့ လေ့လာခြင်းဖြင့် တစ်ယောက်သည် အရာအားလုံးကို လေ့လာနိုင်ခြင်း' မှာ အဓိပ္ပာယ်မရှိသည့် စာကြောင်းမဟုတ်ပေ။

တစ်ယောက်သည် အထွတ်အထိပ်သို့ ရောက်သောအခါ တစ်ယောက်၏အမြင်သည် ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး ကိစ္စများစွာတို့သည် စတင်ဆက်စပ်လာကြပေလိမ့်မည်။

သူ့ယခင်ဘဝတွင် ရှုချီချင်းသည် ထောက်ပို့ရှိ သူမ၏ ကျွမ်းကျင်မှုများကြောင့် ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားခဲ့ပေသည်။ မြင်းတပ်ဖြစ်စေ၊ ခြေလျင်တပ်ဖြစ်စေ၊ လေးသည်တော်များဖြစ်စေ ရှု့ချီချင်းသည် သူတို့ဆီသို့ လက်နက်များ၊ ချပ်ဝတ်တန်ဆာများနှင့် စားနပ်ရိက္ခာများကို မဆိုင်းမတွ အမြဲပို့ဆောင်နိုင်ခဲ့သည်။

အကယ်၍ တစ်ယောက်သည် ကျားခုံအလယ်ရှိ ကျားစေ့များကို ပုံမှန်စစ်တပ်တစ်ခုနှင့် ကျားခုံ၏အစွန်းရှိ ကျားစေ့များကို ထောက်ပံ့ရေး ရထားများအဖြစ် သဘောထားခဲ့ပါက ရှုချီချင်း၏ အနက်ရောင်ကျောက်တုံးသည် ဝမ်ချောင်စစ်တပ်၏ သူ၏စားနပ်ရိက္ခာများမှ ဖြတ်တောက်သွားခဲ့သည့် ဓားတစ်လက်ဖြစ်သည်။

ဝမ်ချောင်၏ အထွတ်အထိပ်တွင် သူ့ကို တိုက်ပွဲသူတော်စင် တစ်ယောက်အဖြစ် သတ်မှတ်ခံရသည့် အချိန်တွင် သူသည် စစ်သူကြီးများနှင့် မဟာဗျူဟာ ပညာရှင်များ အားလုံးတို့ကို အမိန့်ပေးခဲ့ပြီး ထောင်ချီသော လက်ရွေးစင် စစ်တပ်တစ်ခုကို ဦးဆောင်ခဲ့သော်လည်း သူ့တွင် ထောက်ပို့များကို စီမံနိုင်သည့် လူတစ်ယောက် မရှိခဲ့သောကြောင့် သူ၏ခမ်းနားထည်ဝါသော စစ်တပ်သည် နောက်ဆုံးတွင် သူ၏အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် သူ့တွင် ဤနယ်ပယ်အတွက် အလွန်အမင်း နက်ရှိုင်းသော တန်ဖိုးထားမှုတစ်ခု ရှိပေသည်။

လက်ရှိ ရှုချီချင်းသည် သူ့ယခင်ဘဝမှ ကျော်ကြားခဲ့သည့် အဆင့်သို့ မရောက်ရှိခဲ့သေးသော်လည်း သူမသည် သူမ၏ရှု့ကလန်၏ ထောက်ပို့ကျွမ်းကျင်မှုများကို နားလည်စ ပြုလာခဲ့ပြီးဖြစ်သည်။ ၎င်းကို စစ်ရေးနည်းဗျူဟာဖြင့် ပေါင်းစပ်ခြင်းဖြင့် သူမသည် ထောက်ပို့ဘုရင်၏ လက်က္ခဏာများကို တဖြည်းဖြည်း စတင်ပြသလာနေခဲ့သည်။

ဤသို့သော ထက်မြက်မှုနှင့် ပါရမီတို့သည် အလွန်အမင်း အံ့အားသင့်ဖွယ်ရာ ဖြစ်ကြပေသည်။ တစ်ခါက တိုက်ပွဲသူတော်စင်အဖြစ် ချီးကျူးခံခဲ့ရသည့် ဝမ်ချောင်သည်ပင် စစ်တုရင်ရှိ ရှုချီချင်း၏ ကျွမ်းကျင်မှုက တော်တော်လေး ခေါင်းကိုက်စရာဖြစ်သည်ကို ဝန်ခံရပေမည်။

“ဘယ်လိုလဲ မင်းဘာလို့ ဘာမှမပြောတာလဲ။ မင်းကတကယ်ပဲ တော်တယ်မဟုတ်လား”

ရှုချီချင်း သရော်လိုက်ကာ ဝမ်ချောင်ကို လှောင်ပြောင်ရန် ဤအခွင့်အရေးကို လုံးဝဆုပ်ကိုင်လိုက်သည်။

အကယ်၍ ဝမ်ချောင်သည် ဤတစ်ချိန်လုံး သူ့ကိုယ်သူ အားကြိုးမာန်တက် ခုခံနေသည်ဟု ပြောခဲ့ပါက သူတို့ကြားရှိ အကွာအဝေးကို နီးကပ်လာနေစေခဲ့သည်ဟု ဆိုခဲ့ပါက ယခုအခါ ဤတစ်ကွက်သည် အကွာအဝေးကို ချက်ချင်း ကျယ်ပြန့်သွားစေခဲ့ပြီး ၎င်းကိုအလွန်အမင်း ထင်ရှားပေါ်လွင်စေခဲ့သည်။

“ငါ့မှာဘာမှ ပြောစရာမရှိပါဘူး။ ဒီအကွက်က တကယ်ပဲ ကြောက်ဖို့ကောင်းပါတယ်”

အပြုံးယဲ့ယဲ့လေး တစ်ခုဖြင့် ဝမ်ချောင် ပြောလိုက်သည်။ တစ်စုံတစ်ခုက ရှိန်ဖို့ကောင်းသည့်အခါ သူသည်ဘယ်တော့မှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

“ဟမ် နောက်ဆုံးတော့ အသိတရား ရပြီပေါ့”

ရှုချီချင်း သူမ၏ခေါင်းကို မော့လိုက်ကာ ဂုဏ်ယူနေသည့် အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းပါးထက်တွင် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဤပွဲတွင် ဝမ်ချောင်သူမကို ချီးကျူးခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်ပေသည်။

“ဒါပေမဲ့လည်း ဒီတစ်ခုထဲက ငါ့ကိုရင်ဆိုင်ဖို့ လုံလောက်မှာမဟုတ်ဘူး”

ဝမ်ချောင်၏ ထပ်ဖြည့်ပြောစကားက ရှုချီချင်းကို ပေါက်ကွဲလုနီးပါး ဖြစ်သွားစေခဲ့၏။

“ခွေးကောင် မင်းစောင့်ကြည့်လိုက်စမ်းပါ”

ရှုချီချင်း ဒေါသတကြီး ပြောလိုက်၏။ သူမသည် ယောက်ျားတစ်ယောက်အဖြစ် ဝတ်ဆင်ထားဆဲဖြစ်သော်လည်း သူမသည် မရည်ရွယ်ဘဲ လူအုပ်ကြီးရှေ့တွင် အနည်းငယ် မိန်းမဆန်သည့် ပုံစံကို ရွေးချယ်နေခဲ့မိသည်ကို သူမကိုယ်တိုင်ပင် သတိမပြုမိခဲ့ပေ။

စစ်တုရင်ခန်းမရှိ လူတိုင်းတို့တွင် အလွန်ထူးဆန်းသည့် အမူအရာများ ရှိနေခဲ့ကြသော်လည်း လူအုပ်ကြီးသည် ၎င်းကိုမြန်မြန်ဆန်ဆန် ဘေးဖယ်လိုက်ကြသည်။ အားလုံးပြီးနောက် ရှုချီချင်းသည် နောက်ထပ် အနက်ရောင်ကျောက်တုံးကို ယူလိုက်ပြီး စစ်တုရင်ခုံပေါ်တွင် ၎င်းကိုချလိုက်သည် မဟုတ်လော။

တပည့်များက မည်မျှသန်မာပါစေ သူတို့သည် ဆရာထက် ဘယ်တော့မှ သန်မာနိုင်လိမ့်မည် မဟုတ်ပေ။

ရှုချီချင်းသည် သူ၏နည်းဗျူဟာနှင့် စစ်တုရင်စာအုပ်များကို လေ့လာရုံမျှဖြင့် စစ်တုရင်တွင် ဝမ်ချောင်ကို သူမဘယ်တော့မှ အနိုင်ယူနိုင်မည် မဟုတ်သည်ကို အချိန်အကြာကြီးကတည်းက သိထားခဲ့ပေသည်။ သူ့ကိုအနိုင်ယူရန် သူမသည် နောက်ထပ်နည်းလမ်း လိုအပ်ပေသည်။

ထို့ကြောင့် ဝမ်ချောင်၏ စစ်တုရင်စာအုပ်များကို လေ့လာခြင်းတွင် ရှုချီချင်း၏ ပန်းတိုင်သည် အလွန်ရိုးရှင်းပေသည်။ သူ့နည်းဗျူဟာနှင့် စစ်တုရင်ပုံစံကို နားလည်ပြီး သူတို့ကိုဖိနှိပ်ရန် နည်းလမ်းတစ်ခု ရှာဖွေခြင်းပင်။

ဝမ်ချောင်၏ ခန့်မှန်းမှုများ မှန်ကန်ခဲ့ကြ၏။ ဤထောက်ပို့နှင့် နည်းဗျူဟာကို ပေါင်းစပ်ခြင်းသည် ဝမ်ချောင်ကိုရင်ဆိုင်ရန် ရှုချီချင်း တီထွင်ခဲ့သော နည်းလမ်းဖြစ်ပေသည်။

ထို့ပြင် ၎င်းကို ရှုချီချင်း၏ အစစ်အမှန် စစ်တုရင်ပုံစံဟု ယူဆ၍ရသည်။

ကစားပွဲသည် ဆက်သွားနေခဲ့ပြီး အနက်နှင့် အဖြူရောင်တို့က အချင်းချင်း လိုက်နေခဲ့ကြကာ သူတို့သည် စစ်တုရင်ခုံပေါ်တွင် ဆက်လက် နေရာယူနေခဲ့ကြသည်။ ဝမ်ချောင်သည် အခြေအနေကို ပြောင်းလဲရန် သူ၏အစွမ်းကုန် တိုက်ခိုက်မှုကို ထုတ်ဖော်နေခဲ့သော်လည်း ရှုချီချင်း၏ မျက်လုံးများတွင် သူသည် သူ့နောက်ကျောနှင့် နံရံကို တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။

အကယ်၍ ဝမ်ချောင်သည် သူမ၏ရည်ရွယ်ချက်များကို အစကတည်းက မြင်နိုင်ခဲ့ပါက သူ့တွင် အခွင့်အရေး ရှိနိုင်သေးသော်လည်း ယခုအခါ သူတို့သည် အကွက်လေးဆယ် ငါးဆယ်သို့ ရောက်နေခဲ့ကြပြီဖြစ်ပြီး သူမ၏ အံ့အားသင့်ဖွယ်ရာ အကွက်က ဝမ်ချောင်၏ တိုက်ခိုက်မှုကို ပျက်စီးသွားစေခဲ့သည်။ သူ၏ အရေးမသာသော အခြေအနေသည် ယခုအခါ ထင်ရှားလာခဲ့ပြီး အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။

'နင့်ရဲ့ ခေါင်းမာတဲ့ပါးစပ်က ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါကြည့်မယ်။'

ရှုချီချင်း စိတ်ထဲတွင် သရော်လိုက်၏။

သူမသည် ဝမ်ချောင်၏ ကျားစေ့အတော်များများကို စားခဲ့ပြီးဖြစ်သော်လည်း ဝမ်ချောင်သည် သူမ၏ ကျားစေ့ရှစ်စေ့လောက်ကိုသာ စားခဲ့သေးသည်။ စစ်တုရင်ခုံပေါ်ရှိ အခြေအနေအရ ဝမ်ချောင်၏ အနိုင်ရရှိရန် အခွင့်အရေးသည် နည်းပါးလှသည်။

ခလပ်

၅၈ကြိမ်မြောက်တွင် ရှုချီချင်းသည် နောက်ထပ် အနက်ရောင်ကျောက်တုံးကို ချလိုက်ကာ မျက်လှည့်ဆန်စွာဖြင့် ဝမ်ချောင်၏ အပေါ်ညာဘက်ထောင့်ရှိ နဂါးလေးကို သူ၏နဂါးကြီးမှ ဖြတ်ပစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။

၇၂ကွက်မြောက်တွင် ရှုချီချင်း၏ ထောက်ပို့နှင့် နည်းဗျူဟာတို့ ပေါင်းစပ်ထားသော အသစ်စက်စက် နည်းဗျူဟာသည် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ နောက်ထပ် အပိုင်းတစ်ခုသည် လျို့ဝှက်ဆန်းကြယ်စွာဖြင့် ဝမ်ချောင်၏ နဂါးများထဲမှ တစ်ခုကို ချိုးဖျက်သွားခဲ့သည်။

၈၅ကွက်မြောက်တွင် ရှုချီချင်း၏အကွက်သည် ၄ကြိမ်မြောက်ကို ပြသသွားခဲ့ပြီး ဝမ်ချောင်၏ အခြေအနေသည် ဆိုးရွားသွားခဲ့ကာ ကွာဟမှုသည် ကြီးမားလာနေခဲ့သည်။

၉၆ကြိမ်မြောက်တွင် ရှုချီချင်း၏ ထောက်ပို့ကျွမ်းကျင်မှုများသည် အလုပ်ဖြစ်သွားခဲ့ပြီး ဝမ်ချောင်၏ နဂါးငယ်များထဲမှ တစ်ကောင်ကို ဝါးမြိုသွားခဲ့သည်။

၁၀၈ကြိမ်မြောက်...

၁၂၃ကြိမ်မြောက်...

၁၅၁ကြိမ်မြောက်...

***

ရှုချီချင်းသည် ထောက်ပို့ပညာရပ်နှင့် ပို၍ပို၍ ရင်းနှီးကျွမ်းဝင်လာနေခဲ့ပြီး ပို၍ပို၍ ပျော်ရွှင်လာခဲ့သည်။ သူမ မသိလိုက်ဘဲ သူမ၏ ဝမ်ချောင်ကို ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခြင်းမှ သူမဆုံးရှုံးသွားသော ယုံကြည်မှုများအားလုံး ပြန်လည်ရရှိလာခဲ့သည်။

သူမသည် လူတိုင်းက ချစ်ကြောက်ရိုသေသည် လုံ့ဝေလေ့ကျင့်ရေးစခန်း၏ အစ်မကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရှုချီချင်းသည် မြန်မြန်ဆန်ဆန် စတင်ကစားလာခဲ့ပြီး ကစားပွဲကို ကြီးကြီးမားမား ခံစားလာခဲ့ရကာ အကွက်တိုင်းကို ချက်ချင်းနှင့် သဘာဝကျလုနီးပါး ကစားလာခဲ့သည်။ ဤသည်မှာ ရှုချီချင်း ကစားပွဲတွင် အကြီးကျယ်ဆုံး နားလည်သဘောပေါက် ဆုပ်ကိုင်မှုဖြစ်နိုင်ပြီး သူမပြသခဲ့ဖူးသမျှ စစ်တုရင်အဆင့် အမြင့်ဆုံးလည်း ဖြစ်နိုင်သည်။

ရှုချီချင်းသည် သူမက စစ်တုရင်တွင် ပြိုင်ဘက်ကင်းဟု ခံစားလာခဲ့ရ၏။ ဝမ်ချောင်အပါအဝင် မည်သူမျှ သူမကို အနိုင်မယူနိုင်ပေ။

သူမအမြဲ လေးစားခဲ့ရသည့် စစ်နတ်ဘုရား စုကျန်းချန်သည်ပင် သူမ၏ပြိုင်ဘက် မဟုတ်ပေ။

ဤပွဲပြီးသောအခါ သူမသည် စီနီယာ စုကျန်းချန်ကို ရှာဖွေရမည်ဖြစ်ပြီး သူမနှင့် သူ့ကို တစ်ပွဲကစားစေမည်ဖြစ်သည်။ ဤသည်မှာ လေးစားအပ်သည့် အကြီးအကဲကို မလေးမစားလုပ်ခြင်း မဟုတ်ပေ။ သူမသည် သူမ၏ ကျွမ်းကျင်မှုများကို စမ်းသပ်ချင်ရုံပင်။

သူမ၏စိတ်ထဲရှိ မမြင်ရသော အတားအဆီးတစ်ချို့က ပွင့်သွားသကဲ့သို့ ဝမ်ချောင်နှင့် ဤကစားပွဲသည် သူမ၏အတွေးများကို ပွင့်သွားစေခဲ့သည်ဟု ရှုချီချင်း ခံစားလိုက်ရကာ ရှုကလန်၏ ထောက်ပို့ကျွမ်းကျင်မှုများ၊ စစ်ရေးပညာရပ်များနှင့် သူမ၏ စစ်တုရင်ပုံစံတို့၏ ပေါင်းစပ်မှုကို ပို၍ဟန်ချက်ညီလာခဲ့သည်။ ဖြေးညင်းစွာဖြင့် ရှုချီချင်းသည် သူမ၏ကိုယ်ပိုင်ပုံစံကို စတင်ဖြစ်ပေါ်လာစေ၏။

ထောက်ပို့နှင့် စစ်တုရင်တို့နှင့် ဤတိုးလာနေသော ရင်းနှီးကျွမ်းဝင်မှုသည် ဝမ်ချောင် တပ်ဖွဲ့များ၏ ဆိုးရွားနေသော အခြေအနေရှိသည့် စစ်တုရင်ခုံပေါ်တွင် ထင်ဟပ်ပြသသွားခဲ့သည်။ ရိက္ခာများနှင့် စစ်ကူများမှ အဖြတ်ခံလိုက်ရသည့် မဟာစစ်တပ်ကြီး တစ်ခုကဲ့သို့ ဝမ်ချောင်သည် တဖြည်းဖြည်းနှင့် သေခြင်းအဆုံးသတ်တစ်ခုသို့ တွန်းပို့ခံလိုက်ရသည်။

အရင်းအမြစ် တစ်ခုမရှိသည့်ရေသည် ခြောက်သွေ့သွားလိမ့်မည်ဖြစ်ပြီး အကြီးမားဆုံး စစ်တပ်သည်ပင် အထောက်အပံ့များ မရှိပါက ရှုံးနိမ့်သွားပေလိမ့်မည်။ ဤသည်မှာ ဝမ်ချောင် ရင်ဆိုင်နေရသည့် အခြေအနေဖြစ်ပေ၏။

တောက်

နောက်ဆုံးကျောက်တုံးသည် သံတစ်ချောင်းကို ရိုက်နှက်နေသည့် တူတစ်လက်ကဲ့သို့ စစ်တုရင်ခုံပေါ်သို့ ကျရောက်သွားခဲ့သည်။ ရှုချီချင်း သူမ၏ထိုင်ခုံမှ ချက်ချင်း မတ်တပ်ရပ်လိုက်ကာ သူမ၏ မောက်မာသော မျက်နှာက ဤပွဲ၏ရလဒ်ကို ကြေညာနေခဲ့သည်။

“ဝမ်ချောင် မင်းရှုံးပြီ။ ဒီကစားပွဲက ငါ့အောင်ပွဲပဲ”

ရှုချီချင်း သူ့ကိုငုံ့ကြည့်လိုက်ကာ သူမ၏မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေခဲ့သည်။ ပြီးခဲ့သည့် ဤလအနည်းငယ်အတွင်း ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် သူမခံစားခဲ့ရသည့် မမျှတမှုများအားလုံးပြီးနောက် သူမသည် နောက်ဆုံးတွင် သူမ၏ပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။

သူမသည် ဝမ်ကလန်၏ ချီလင်းသားဟု ဆိုကြသော သားကို ရှုံးနိမ့်စေခဲ့သည်။

ယခုမှစ၍ ရှုကလန်၏ ရှုချီချင်းသည် စစ်တုရင်၏ အစစ်အမှန် ပါရမီရှင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး စစ်တုရင်ကစားသမား ဖြစ်ပေသည်။ ဤနာမည်ဖြင့် သူမသည် စစ်နတ်ဘုရား စုကျန်းချန်ကို ပေါ်တင်စိန်ခေါ်၍ရနိုင်၏။

အမျိုးသမီးများက အမျိုးသားများထက် နိမ့်ကျသည်ဟု မည်သူပြောသနည်း။ ရှုချီချင်းသည် မည်သည့် ယောက်ျားသားထက်မဆို ပိုတော်ပေသည်။

သိုင်းစွမ်းရည်အရ လုံ့ဝေလေ့ကျင့်ရေးစခန်းရှိ လူတိုင်းသည် သူမကို သူတို့၏ အစ်မကြီးအဖြစ် လေးစားကြရသည်။ နောက် စစ်တုရင် ကစားနည်းအရ အားလုံး၏အချစ်ကို ရရှိထားသည့် လတ်တလောမှာ ကျော်ကြားလာခဲ့သော ဝမ်ကလန်၏ ချီလင်းသားသည်ပင် သူမ၏လက်ထဲ၌ ကျရှုံးခဲ့ရသည် မဟုတ်လော။

အရပ်ဘက်နှင့် သိုင်းပညာ နှစ်မျိုးစလုံးတွင် သူမ ရှုချီချင်းသည် ထိုရွံ့စရာကောင်းသော မည်သည့် ယောက်ျားသားထက်မဆို သာလွန်ပေသည်။

စစ်တုရင်ခန်းမသည် တိတ်ဆိတ်သွားခဲ့၏။ လူတိုင်းသည် ဤရလဒ်ကြောင့် ကြက်သေ သေသွားခဲ့ကြသည်။ စစ်တုရင်နတ်ဘုရား ဝမ်ချောင်ကို ရှုရှောင်က ရှုံးနိမ့်စေခဲ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူအိုကြီး လင်းယုန်ငှက်နှင့် ဝေ့အန်းဖန်တို့သည်လည်း ကြက်သေ သေသွားခဲ့ကြ၏။ သို့သော် စစ်တုရင်ခုံသည် လိမ်မနေခဲ့ပေ သို့မဟုတ် စစ်တုရင်ခုံပေါ်ရှိ ရှည်လျားရှုပ်ထွေးသော အဖြူရောင်နှင့် အနက်ရောင် ကျောက်တုံးတို့သည် လိမ်ညာမနေခဲ့ကြပေ။

ဝမ်ချောင်အမှန်တကယ် ရှုံးနိမ့်သွားခဲ့၏။

ဖော်ပြ၍မရသော တိတ်ဆိတ်မှုတစ်ခုသည် စစ်တုရင်ခန်းမကို ပြည့်နှက်သွားစေခဲ့ပြီး လေထုကို မွန်းကြပ်လုနီးပါး ဖြစ်သွားစေခဲ့သည်။

လူတိုင်းသည် ဝမ်ချောင်ကို ကြည့်နေခဲ့ကြ၏။ အကယ်၍ ဝမ်ချောင်သည် စစ်တုရင်တွင် သူက ထိပ်သီးဖြစ်သည်ကို သက်သေမပြနိုင်ခဲ့ပါက သူသည် စစ်တုရင်ခန်းမ၏ အခြားကျောင်းသားများကို စမ်းသပ်ရန် သို့မဟုတ် သင်ကြားရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

ဓားသွားဖယ်ရှာခြင်း အိမ်တော်ရှိ ဝမ်ချောင်၏ အဆင့်အတန်းသည်လည်း လှုပ်ခါသွားပေလိမ့်မည်။

၎င်းသည် စစ်တုရင် ဖြစ်လိမ့်မည်ဖြစ်ပြီး ထို့နောက် သိုင်းပညာရပ်များ ဖြစ်လိမ့်မည်ဖြစ်ကာ ထို့နောက် ကျန်သည့်အရာများ ဖြစ်ပေလိမ့်မည်။ ဤဖြစ်ရပ်သည် ချိတ်ဆက်နေသော တုန့်ပြန်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။

ထို့ပြင် ဝမ်ချောင်၏ လွှမ်းမိုးမှုအောက်တွင် စစ်တုရင်ခန်းမသည် ဓားသွားဖယ်ရှားခြင်း အိမ်တော်အတွက် ပို၍အရေးကြီးလာနေခဲ့သည်။ ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ဝင်ရောက်ပြီးနောက် လူတိုင်းလုပ်ရသည့် ပထမဆုံးအရာမှာ စစ်တုရင်ခန်းမရှိ စာမေးပွဲကို ဖြေဆိုခြင်းဖြစ်သည်။ စစ်တုရင်ခန်းမ စမ်းသပ်မှုသည် ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ဝင်ခွင့်စာမေးပွဲ ဖြစ်ပေသည်။

အကယ်၍ ဝမ်ချောင်သည် သူ၏ တရားဝင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်ကို သက်သေမပြနိုင်ခဲ့ပါက ဤအရာအားလုံးတို့သည် ပျောက်ကွယ်သွားပေလိမ့်မည်။ အနည်းဆုံး ရှုချီချင်းသည် စစ်တုရင်ခန်းမကို ဦးဆောင်ရန် ပို၍အရည်အချင်း ပြည့်မှီသွားပေလိမ့်မည်။

“အမှန်ပဲ...”

ရှုချီချင်း ဝမ်ချောင်ကို နူးညံ့သည့် အပြုံးတစ်ခု ပြုံးပြလိုက်ကာ ဖော်ပြ၍မရသော အပြုံးတစ်ခုကို ပြသလိုက်သည်။ ထို့နောက် ရွှမ်းကနဲ အသံနှင့်အတူ သူမသည် သူမ၏ဆံထုံးကိုဖြေလိုက်ပြီး သူမ၏ခေါင်းကို ခါလိုက်ကာ ရေတံခွန်တစ်ခုကဲ့သို့ အနက်ရောင် ဆံကေသာများက ပြေကျသွားခဲ့သည်။

တစ်ချိန်ထဲတွင် ရှုချီချင်းသည် သူမ၏ရင်ဘက်တစ်လျှောက် သူမ၏ ညာဘက်မှ လက်ချောင်းကို လှုပ်လိုက်သည်။ ဆေဘာဓားတစ်လက်ကဲ့သို့ ထက်ရှသော ပါးလျသည့် လက်သည်းသည် ရှုချီချင်း၏ အပြာရောင် အပြင်အဝတ်အစားကို ချက်ချင်း ဖြတ်တောက်သွားခဲ့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် မျက်လှည့်တစ်ချို့ ပြလိုက်သကဲ့သို့ နူးညံ့ကာ ရှည်လျားပြီး ဆင်စွယ်ရောင်ရှိသည့် ဝတ်ရုံက လူအုပ်ကြီးရှေ့တွင် ပေါ်လာခဲ့သည်။

အားမာန်ပြည့်ဝသော ရှုချောင်သည် မရှိတော့ပေ။ သူ့နေရာတွင် ဖြူလျော်သည့် အသားအရည်ရှိပြီး ကျက်သရေရှိသော ထိပ်သီးအလှပိုင်ရှင် အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။

“ဝိုး”

ဤရုတ်ချည်း ပြောင်းလဲမှုက လူအုပ်ကြီးကို အံ့ဩသွားစေခဲ့၏။

“ဘုရားရေ ရှုချောင် ရှုချောင်က မိန်းကလေးတစ်ယောက်ပဲ”

“အရမ်းလှတာပဲ”

“မဖြစ်နိုင်ဘူး။ သူမက အရမ်းလှတယ်။ ငါတို့က သူမနဲ့ အချိန်အကြာကြီး အတူရှိနေခဲ့ကြပြီး သတိတောင် မပြုမိခဲ့ကြဘူး”

***

လူတိုင်းသည် ရှုချောင်၏ ပြောင်းလဲမှုကြောင့် ကြက်သေသေသွားခဲ့ကြသည်။ သူယောက်ျားတစ်ယောက် ဖြစ်နေသည့်အချိန်က ရှုချောင်သည် အလွန်ခန့်ညားခဲ့ပြီး အမျိုးသမီးများပင် နှိုင်းယှဉ်ပါက မှေးမှိန်သွားပုံရသည်။

ယခုအခါ ထိုရှုချောင်သည် အမျိုးသမီးတစ်ယောက် ပြန်ဖြစ်သွားခဲ့ကာ သူမ၏ အလှတရားသည် မြို့တော်ရှိ မိန်းမလှများနှင့် နတ်မိမယ်များစွာတို့ကို နောက်တွင် အရောင်လွင့်သွားစေခဲ့ပုံရသည်။

ပို၍အရေးကြီးသည်မှာ ရှုရှောင်သည် အခြားမိန်းကလေးများကဲ့သို့ နူးညံ့ပြီး အားမနည်းပေ။ သို့မဟုတ် သူမတွင် လှပသော မျက်နှာသာ ရှိခြင်းမဟုတ်ပေ။ သူမတွင် မဟာကလန်တစ်ခု၏ ကျက်သရေရှိပြီး ခမ်းနားထည်ဝါမှုတို့ရှိသည့် မိန်းကလေးများစွာတို့တွင်မရှိသည့် အံ့မခန်း ပါရမီတို့လည်းရှိသည်။

ဤသည်က သူမ၏ အလှတရားကို ပို၍ပင် လှသွားစေခဲ့၏။

စစ်တုရင်ခန်းမတွင် ရှုချောင်၏ အစစ်အမှန် ပုံသဏ္ဍာန်ကို မြင်သွားရသည့်လူတိုင်း မထိန်းနိုင်ဘဲ ပီတိဖြစ်သွားရပြီး သူမအပေါ် အကောင်းမြင်စိတ်တစ်ခု အလိုအလျောက် ဖြစ်လာခဲ့ကြသည်။

ဤသို့သော ညို့ဓာတ်ပါသည့် ဆွဲဆောင်မှုတစ်ခုသည် ရပ်တန့်မရပေ။

'ဘယ်လောက်တောင် လှလိုက်သလဲ။'

ဤအတွေးက လူအုပ်ကြီး၏ အတွေးများမှ တစ်ချိန်ထဲတွင် ထွက်ပေါ်လာခဲ့ကြသည်။

ဝမ်ချောင်သည်ပင် မတက်နိုင်ဘဲ မျက်လုံးပြူးသွားခဲ့၏။

ဤသည်မှာ ရှုချီချင်း၏ အစစ်အမှန် ပုံသဏ္ဍာန်ကို မြင်တွေ့ရသည့် ဝမ်ချောင်၏ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ဝမ်ချောင်သည် ဤမိန်းကလေး၏ အလှတရားက အလှတရား၏ သာမာန် အဓိပ္ပာယ် ဖွင့်ဆိုမှုများထက် သာလွန်နေကာ စိတ်ဝိညာဉ်ကို လှုံ့ဆော်စေသည်ကို ဝန်ခံရပေမည်။

ဤသို့သော အလှတရားမျိုးသည် အခြားလူတစ်ယောက်ချင်းစီကို သူမဆီသို့ အနီးကပ် လာစေချင်ပြီး သူမကို အညံ့ခံလာအောင် ပြုလုပ်ပေလိမ့်မည်။

'...ရှုကလန်ရဲ့ သမီးပျိုမှာ ပြိုင်ဘက်ကင်း အလှတရားတစ်ခု ရှိတယ်လို့ လူတိုင်းက ပြောကြတယ်။ ကြည့်ရတာ အဲ့ဒါက အလိမ်အညာ ဟုတ်ပုံမရဘူး။'

ဤအတွေးက ဝမ်ချောင်၏ စိတ်ထဲတွင်ပေါ်လာခဲ့ကာ ဝမ်ချောင် ခိုင်မာစွာ သဘောတူလိုက်သည်။

******************

အခန်း(၄၃၈)

နောက်ဆုံးအဖြူရောင် ကျောက်တုံးက အောင်ပွဲကို ပြောင်းပြန်လှန်စေခြင်း

ဝမ်ချောင်သည် ရှု့ချီချင်း၏ အစစ်အမှန် အထောက်အထားကို သိရှိထားခဲ့ပြီး သူမက အမျိုးသမီးတစ်ယောက် ဖြစ်သည်ဆိုသည်ကိုလည်း သိရှိထားခဲ့သည်။ သို့သော်လည်း ရှု့ချီချင်း၏ အစစ်အမှန် အလှတရားသည် အမှန်ပင် သူ့မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့ပေသည်။

“...ငါနင့်ကို ပြောဖို့မေ့နေတယ်။ ငါက ရှု့ရှောင် မဟုတ်ဘူး။ ငါ့နာမည်က ရှု့ချီချင်းပဲ။ ရှု့ကလန်ရဲ့ အကြီးဆုံးသမီးဖြစ်တယ်။ ခဏနေ နင်ကငါ့ထက် နိမ့်ကျကြောင်း လူတိုင်းကို ကြေညာတဲ့အခါ ဒီအချက်ကို မမေ့နဲ့”

ရှု့ချီချင်းသည် ဝမ်ချောင် တွေးနေသည့်အရာကို မသိပေ။ ဂုဏ်ယူနေသည့် အမူအရာတစ်ခုက သူမမျက်နှာပေါ်တွင် ရှိနေခဲ့ပြီး သူမသည် သူမနောက်ရှိ အနက်ရောင်ဆံကေသာကို အနည်းငယ် ခါလိုက်ကာ ၎င်းတို့ကို စည်းနှောင်ရန် အဖြူရောင်ဆံထိုးတစ်ခုကို သာမာန်သာ အသုံးပြုလိုက်သည်။

လက်ကွက်များ အနည်းငယ် ရှိခဲ့သော်လည်း ဝမ်ချောင်သည် သူမကို ရှုံးနိမ့်သွားခဲ့ဆဲဖြစ်သည်။

“သခင်မလေး ဝိုး သခင်မလေး တကယ် နိုင်သွားခဲ့ပြီ”

ရှု့ချီချင်း၏ နုနယ်ပြီး နူးညံ့သော အစေခံမလေးသည် ပြေးထွက်လာခဲ့ကာ လူအုပ်ထဲမှနေ၍ စူးရှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမသည် ခုန်ပေါက်နေခဲ့ပြီး အော်ဟစ်နေခဲ့ကာ သူမ၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ဖုံးလွှမ်းနေခဲ့၏။

“သခင်မလေး နိုင်သွားပြီ သခင်မလေး တကယ်နိုင်သွားခဲ့ပြီ”

ထိုအစေခံမလေးသည် အလွန် စိတ်လှုပ်ရှားနေခဲ့ကာ သူမက အနိုင်ရရှိသွားသူ ဖြစ်သကဲ့သို့ဖြစ်သည်။

“ကလေးမ နင်အရမ်း ဆူညံတာပဲ”

ရှု့ချီချင်း စိတ်မရှည်စွာ ထိုအစေခံမလေး၏ ခေါင်းနောက်ကို ဖွဖွလေး တစ်ချက်ရိုက်လိုက်သည်။

“ဝမ်ချောင် နင်ဘာလုပ်နေတာလဲ မြန်မြန် ကြေညာလိုက်စမ်း”

အောင်နိုင်သူတစ်ယောက်၏ အမူအရာဖြင့် ရှု့ချီချင်း ဝမ်ချောင်ကို လှည့်ကြည့်လိုက်သည်။ သူမသည် သူမ၏လက်ဖြင့် အမူအရာတစ်ခုကို ပြုလုပ်ထားခဲ့ကာ ဝမ်ချောင်က ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ သွားရောက်ပြီး လူတိုင်းကို သူမ၏အောင်ပွဲကို လူတိုင်းအား ကြေညာသင့်ကြောင်း ညွှန်ပြနေခဲ့သည်။

“ဟား ဟား မင်းနိုင်သွားတာလား။ ဒါဆို ငါကဘာလို့အဲ့ဒါကို မတွေ့ရတာလဲ”

ယဲ့ယဲ့လေး အပြုံးတစ်ခုဖြင့် ရှု့ချီချင်းကို ကြည့်နေခဲ့ကာ ဝမ်ချောင်သည် သူ့နေရာတွင် မရွှေ့လျားသော တောင်တစ်လုံးကဲ့သို့ ထိုင်နေခဲ့သည်။

“ဝမ်ချောင် ရလဒ်က ထွက်လာခဲ့ပြီးပြီ။ လူအများကြီး ကြည့်နေတာကြောင့် နင်က နင့်ရဲ့စကားတွေကို ပြန်ရုတ်သိမ်းဖို့အကြောင်း စဉ်းစားနေသေးတာလား”

ရှု့ချီချင်း၏ နားထင်များ တင်းကြပ်သွားခဲ့ပြီး သူမ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

“ဝမ်ကလန်က ဝန်ကြီးချုပ်တွေနဲ့ စစ်သူကြီးတွေရဲ့ ကလန်တစ်ခု ဖြစ်နေတုန်းပဲ။ နင်က အကျင့်စာရိတ္တမှာ အရမ်းကြီး ပျက်လက်မနေလောက်ပါဘူးနော်”

အစေခံမလေးသည် ချက်ချင်း သူမ၏သခင်မလေးအတွက် ရပ်တည်လိုက်သည်။ “အမှန်ပဲ ဝမ်ချောင် နင်ကယောက်ျားတစ်ယောက် ဟုတ်လား မဟုတ်ဘူးလား။ ငါ့ကလန်ရဲ့ သခင်မလေးနဲ့ စစ်တုရင် ကစားပြီးနောက်မှာ နင်က နင့်ရဲ့စကားတွေကို ပြန်ရိုတ်သိမ်းချင်နေတာလား”

စစ်တုရင်ခန်းမရှိ လေထုသည်လည်း အနည်းငယ် ထူးဆန်းလာခဲ့၏။

ရှု့ချီချင်း၏ အောင်ပွဲသည် အမှန်ပင် အံ့အားသင့်ဖွယ်ရာ ဖြစ်ခဲ့သော်လည်း ဝမ်ချောင်၏ တုန့်ပြန်မှုက ပို၍အံ့အားသင့်ဖွယ်ရာ ဖြစ်ခဲ့သည်။ ဓားသွားဖယ်ရှားခြင်း အိမ်တော်ကို နှစ်ဝက်ကျော် တည်ထောင်ထားခဲ့ပြီး ဝမ်ချောင်သည် ၎င်း၏ကျောင်းသားများအပေါ် အလွန်ကောင်းမွန်သော အမည်တစ်ခုကို ချန်ရစ်ထားခဲ့သည်။

ဝမ်ချောင်က ကတိတစ်ခုကို ထိုမျှလွယ်ကူစွာ ဖောက်ဖျက်မည့် လူတစ်ယောက်ဖြစ်သည်ဟု မည်သူမျှ မယုံကြည်ထားခဲ့ပေ။ သို့သော် ဖြစ်ပျက်နေသည့် မြင်ကွင်းက လူများစွာကို ရှုပ်ထွေးသွားစေခဲ့သည်။

“ဟေ့ ဟေ့ ငါ့ရဲ့စကားတွေကို ပြန်ရုတ်သိမ်းမဲ့အကြောင်း ငါဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ ရှု့ချီချင်း ဒီကစားပွဲရဲ့ရလဒ်က ငါ့ရဲ့နောက်ဆုံး ကျားစေ့ကို ကစားပြီးတော့မှသာ ထွက်လာမယ်ဆိုတာ မင်းမသိဘူးလား။ မင်းက ဒီကစားပွဲမှာ အရင်ဆုံး သွားခဲ့တဲ့လူဆိုတာ မေ့နေတာတော့ မဟုတ်ပါဘူးနော်”

သူစကားပြောလိုက်သောအခါ ဝမ်ချောင်သည် ဘူးထဲမှနေ၍ သူနောက်ဆုံး အဖြူရောင်ကျောက်တုံးကို ယူလိုက်သည်။

ဘုန်း

ဤအဖြူရောင်ကျောက်တုံး ပေါ်လာခြင်းက စစ်တုရင်ခန်းမကို ချက်ချင်း ပြောင်းလဲသွားစေခဲ့၏။ ရှု့ချီချင်းသည် တစ်စုံတစ်ယောက်က သူမကို ရိုက်လိုက်သကဲ့သို့ ပြုမူလိုက်ကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီနေခဲ့သည်။

တစ်ခဏချင်းမှာပင် မေ့ပျောက်နေခဲ့သော ကိစ္စအချို့က ဤအဖြူရောင်ကျောက်တုံး ပေါ်လာခြင်းနှင့်အတူ သူမ၏စိတ်ထဲတွင် အလျှင်အမြန် ပေါ်လာခဲ့သည်။

အမှန်ပင် သူမသည် ဤကစားပွဲတွင် အရင်သွားခဲ့သည့်လူ ဖြစ်ခဲ့သည်။

စစ်တုရင်ကစားပွဲတွင် ပထမဆုံးသွားသည့်လူနှင့် ဒုတိယသွားသည့်လူဟူ၍ ရှိပေ၏။ သူမသည် သူမ၏နောက်ဆုံး ကျောက်တုံးကို ချလိုက်ပြီဖြစ်သော်လည်း ဤကစားပွဲသည် ဝမ်ချောင် သူ့နောက်ဆုံးကျောက်တုံးကို ချလိုက်ချိန်မှသာ အမှန်တကယ် ပြီးဆုံးနိုင်သည်။

ဝမ်ချောင်သည် အောင်ပွဲက မဆုံးဖြတ်ရသေးဟု ပြောလိုက်သောအခါ လုံးဝမှန်ကန်ပေသည်။

ဘုန်း

သူမ၏စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရှု့ချီချင်း ရုတ်တရက် ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူမမျက်နှာပေါ်ရှိ အပြုံးသည် အလျှင်အမြန် ပျောက်ကွယ်သွားခဲ့၏။

ရှု့ချီချင်းသည် ဝမ်ချောင်ကို ဘယ်သောအခါမှ အထင်မသေးရဲခဲ့ဘဲ ယခုလည်း အတူတူပင်ဖြစ်သည်။

သို့သော်လည်း ရှု့ချီချင်းသည် အလျှင်အမြန် ပြန်လည်တည်ငြိမ်သွားခဲ့၏။

“ဟမ် ဝမ်ချောင် ငါ့ကိုကလိနေတာ ရပ်လိုက်တော့ စစ်တုရင်ခုံက ဒီအခြေအနေနဲ့ နင့်ရဲ့နောက်ဆုံး ကျောက်တုံးက နင့်ကိုအောင်ပွဲ ယူလာပေးနိုင်လိမ့်မယ်လို့ ငါမယုံဘူး” ရှု့ချီချင်း အေးစက်စွာ ပြောလိုက်၏။

ရွှေချထားသည့် စစ်တုရင်ခုံကို ကြည့်လိုက်ပါက တစ်ယောက်သည် ပြန့်ကျဲနေသော တောင်ကုန်းမြေပုံတစ်ခုကဲ့သို့ အဖြူနှင့်အနက် ရောယှက်နေသည်ကိုသာ တွေ့ရပေသည်။

ဝမ်ချောင်၏ စစ်တပ်က ပြန့်ကျဲနေခဲ့ပြီး ဖြိုခွင်းခံထားရကာ သူမအား ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိသည်ကို ရှု့ချီချင်း အာမခံနိုင်ပေသည်။

“ဟား ဟား ဟား ရှု့ချီချင်း ဒီစကားတွေကို သတိရပါ။ နောက်ဆုံးရယ်နိုင်တဲ့လူက အောင်နိုင်သူပဲ”

လူတိုင်း၏ မျက်စိရှေ့၌ပင် ဝမ်ချောင်သည် နောက်ဆုံး အဖြူရောင်ကျောက်တုံးကို ချလိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

အချိန်သည် ရပ်တန့်သွားပုံရ၏။ ဝမ်ချောင်၏လက်ထဲရှိ အဖြူရောင်ကျောက်တုံးသည် ကျင်တစ်ထောင် အလေးချိန်ရှိပုံရကာ လူတိုင်း၏အာရုံကို ဆွဲယူသွားခဲ့သည်။

ရှု့ချီချင်းသည်ပင် မတက်နိုင်ဘဲ စစ်တုရင်ခုံပေါ်သို့ ဖြေးညှင်းစွာ ကျဆင်းနေသည့် အဖြူရောင်ကျောက်တုံးကို ကြည့်နေခဲ့သည်။

ဤအဖြူရောင်ကျောက်တုံးက သူမကို ခြိမ်းခြောက်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ရန် မဖြစ်နိုင်သည်ကို ရှု့ချီချင်း တွေ့လိုက်ရသော်လည်း ဝမ်ချောင်သည် အလွန်တည်ငြိမ်ပြီး အလွန်ပူပင်ကြောင့်ကြ မဲ့လှသည်။ ဤသည်က သူမကို မသက်မသာ ခံစားရစေ၏။

တစ်စက္ကန့်သာကြာသော်လည်း လူအုပ်ကြီးအတွက် မရေမတွက်နိုင်သော ကမာ္ဘများကဲ့သို့ ခံစားရစေသည်။ နောက်ဆုံးတွင်

ဘန်း

ဤအသံနှင့်အတူ ဝမ်ချောင်၏ နောက်ဆုံးကျောက်တုံးသည် ရှု့ချီချင်း၏ သူမတစ်ခါမှ အာရုံမစိုက်ခဲ့သော အောက်ဘယ်ဘက် ထောင့်နေရာသို့ ကျဆင်းသွားခဲ့သည်။

ဤကျောက်တုံး ကျဆင်းသွားသည့်အခိုက်တွင် စစ်တုရင် ခန်းမတစ်ခုလုံး တုန်ခါသွားခဲ့၏။ ဝမ်ချောင်၏ ကျောက်တုံးသည် စစ်တုရင်ခုံပေါ် ကျဆင်းသွားခြင်းမဟုတ်ဘဲ ရှိနေသည့် လူတိုင်း၏ နှလုံးများပေါ်သို့ ကျဆင်းသွားသကဲ့သို့ဖြစ်သည်။

“ချက် ဝမ်း ရှု့ချီချင်း မင်းရှုံးပြီ”

ဝမ်ချောင် ရှု့ချီချင်း နားမလည်သည့် စကားစုတစ်စုကို ပြောလိုက်၏။ သို့သော် ရှု့ချီချင်းသည် ဝမ်ချောင် ဆိုလိုသည့်အရာကို နားလည်ရန် ကြိုးပမ်းခြင်းကို အလျှင်အမြန် ဘေးဖယ်ထားလိုက်သည်။ အကြောင်းမှာ ဝမ်ချောင်၏ နောက်ဆုံး အဖြူရောင်ကျောက်တုံးကြောင့် လူတိုင်း၏ အကြည့်များသည် ထိုအရေးမကြီးသော နေရာတွင် စုရုံးနေသောကြောင့်ဖြစ်သည်။

ထို့အပြင် ဖုန်မှုန့်များ အနည်ထိုင်သွားသောအခါ ဤမူလက အရေးမကြီးသောနေရာသည် အလွန်ပင် အရေးကြီးလာခဲ့သည်ကို လူတိုင်း ရုတ်တရက် တွေ့ရှိလာရသည်။

ဝမ်ချောင်၏ ကြိုးပမ်းမှုများသည် ပထမကျောက်တုံးမှနေ၍ စတင်ယက်လုပ်နေခဲ့သည့် ကြီးမားလှသော ပိုက်ကွန်တစ်ခု တည်ဆောက်နေသကဲ့သို့ ဖြစ်ခဲ့သော်လည်း ထိုအရာက ယခုအချိန်မှသာ ပုံပေါ်လာခဲ့ပေသည်။

ဝမ်ချောင်၏ ပြန့်ကျဲကာ ကြိုးပျက်ပြီး ပုံသဏ္ဍာန်မဲ့သော အဖြူရောင်ကျောက်တုံးများသည် ဤအဖြူရောင် ကျောက်တုံးကို လှည့်ပတ်နေပုံရကာ ကြီးမားပြီး သေစေနိုင်သော အခြားတစ်ခုကို ပုံဖော်နေခဲ့သည်။

ထို့ပြင် ရှု့ချီချင်းသည် ဤထောင်ချောက်၏အလယ်တွင် ထိုင်နေခဲ့သည့် သားကောင်ဖြစ်၏။

“ဒါက မဖြစ်နိုင်ဘူး” ရှု့ချီချင်း၏ မျက်လုံးများသည် စစ်တုရင်ခုံပေါ်ရှိ ရုတ်ချည်း ပြောင်းပြန်လှန်သွားသော အခြေအနေကို စိုက်ကြည့်နေခဲ့ကာ ပြူးကျယ်သွားခဲ့ပြီး သူမ၏ရင်ဘက်က နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

“မဖြစ်နိုင်တာ ဘာမှမရှိဘူး။ ရှု့ချီချင်း မင်းရှုံးပြီ”

ကျားစေ့များကို သိမ်းဆည်းရန် သူ့လက်များ ဆန့်ထွက်သွားခဲ့ကာ ဝမ်ချောင် ပြုံးရယ်လိုက်၏။ ရှု့ချီချင်း၏ ကြက်သေ သေနေသော အကြည့်အောက်တွင် သူသည် သူအချိန်အကြာကြီး တည်ဆောက်ထားခဲ့ရသော ပိုက်ကွန်တွင် မိနေသည့် ပထမဆုံးသားကောင်ကို စတင်သိမ်းဆည်းလိုက်သည်။ ရှု့ချီချင်း၏ အနက်ရောင် ကျောက်တုံးများမှ တည်ဆောက်ထားသော ပထမဆုံး နဂါးကြီးဖြစ်၏။

နောက်တစ်ခုမှာ ထောင့်ရှိ နဂါးလေးတစ်ကောင်ဖြစ်ပြီး ထို့နောက် ဒုတိယ တတိယ ...

တစ်ခါက စစ်တုရင်ခုံပေါ်တွင် ပြည့်နှက်နေခဲ့သော အပိုင်းတစ်ခုသည် ရုတ်တရက် ဝမ်ချောင်ကြောင့် ဗလာကျင်းသွားခဲ့ပြီး ထို့နောက် ဒုတိယအပိုင်း တတိယအပိုင်း...

ရှု့ချီချင်း၏ အနက်ရောင် ကျောက်တုံးများသည် ဝမ်ချောင်၏ အဖြူရောင် ကျောက်တုံးများနှင့် ခြားနားကြပေသည်။ သူမသည် သူတို့ကို အကြီးအသေး နဂါးများစွာအဖြစ် တည်ဆောက်ထားခဲ့ပြီး သူတို့အားလုံး အချင်းချင်း ထောက်ပံ့ရန် ချိတ်ဆက်နေခဲ့ကြ၏။

ကြည့်ရသည်မှာ ကျွမ်းကျင်လှသော အပြင်အဆင်တစ်ခု ဖြစ်ပုံရသော်လည်း ဤအခိုက်တွင် ၎င်းကသူမ၏ အကြီးမားဆုံး အမှားတစ်ခု ဖြစ်လာခဲ့၏။

နေရာလွတ်များ ပေါ်လာသည်နှင့် ကျားစေ့များအားလုံး သိမ်းဆည်းခံလိုက်ရသောအခါ အနက်ရောင် ကျောက်တုံးများသည် ပြန့်ကျဲပြီး ကျို့တို့ကျဲတဲ ဖြစ်သွားကြသည်။ ဝမ်ချောင်၏ မူလက ပြန့်ကျဲနေသော အဖြူရောင်ကျောက်တုံး စစ်တပ်သည် ယခုအခါ လုံးဝအသာစီးဖြင့် စုစည်းနေခဲ့သည်။

ရှု့ချီချင်း၏ ထောက်ပို့နှင့် စစ်တုရင်တို့၏ ပေါင်းစပ်မှု၏ အစပိုင်းတွင် ကျို့တို့ကျဲတဲဖြင့် ပြန့်ကျဲနေခဲ့သော ကျောက်တုံးအပြင်အဆင်သည် ရှု့ချီချင်း၏ ထောက်ပို့နှင့် စစ်တုရင်တို့၏ ပေါင်းစပ်မှု၏ရလဒ် ဖြစ်ပုံရသော်လည်း ယခုအခါ ၎င်းသည် ဝမ်ချောင်၏ ကျွမ်းကျင်မှုတစ်ခုကဲ့သို့ ဖြစ်ပုံရသည်။

အကြောင်းမှာ ယခုအခါ စစ်တုရင်ခုံပေါ်မှနေ၍ ဝမ်ချောင်၏ ကျားစေ့များကို သိမ်းဆည်းရန် ရှု့ချီချင်းအတွက် မဖြစ်နိုင်တော့သောကြောင့်ဖြစ်သည်။

ဝမ်ချောင် အနိုင်ရရှိသွားခဲ့၏။

စစ်တုရင်ခုံပေါ်ရှိ အခြေအနေကို အကြည့်တစ်ချက်ဖြင့် မှတ်မိနိုင်သည်။ စစ်တုရင်အကြောင်း နကန်းတစ်လုံးမှမသိသည့် ကစားသမားများသည်ပင် ၎င်းကိုမြင်နိုင်ပေ၏။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်ဘူး”

ရှု့ချီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့၏။ တစ်ကွက်မျှဖြင့် စစ်တုရင်ခုံပေါ်ရှိ အခြေအနေကို လုံးဝ ကွဲပြားသွားစေခဲ့ခြင်းက သူမကို ရိုက်ခတ်မှုကြီးတစ်ခု ရရှိသွားစေခဲ့သည်။ အကယ်၍သင်သည် သူမကို သေသည်အထိ ရိုက်နှက်ခဲ့လျှင်ပင် ရှု့ချီချင်းသည် သူမက ရှုံးနိမ့်သည်ကို ယုံကြည်နိုင်မည် မဟုတ်ပေ။

ထို့ပြင် သူမသည် ကစားပွဲတစ်လျှောက်လုံး ဝမ်ချောင်ကို အသာစီးရထားခဲ့သော်လည်း သူမသည် နောက်ဆုံးအကွက်တွင် ရှုံးနိမ့်သွားခဲ့သည်။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှု့ချီချင်း သူမကိုယ်သူမ ပြောလိုက်ကာ သူမ၏မျက်နှာက ဖြူလျော်ပြီး သူမ၏ခန္ဓာကိုယ်က ယိမ်းထိုးနေခဲ့သည်။

“သခင်မလေး”

နူးညံ့သော အစေခံမလေးသည် ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်ကာ သူမ၏သခင်မလေးကို ကူညီရန် အလျှင်အမြန် သွားလိုက်သည်။

ဤသို့သော ရိုက်ခတ်မှုတစ်ခုကို သူမ၏သခင်မလေး ခံစားခဲ့ရသည်မှာ ဤအယုတ်တမာကောင်၏ အမှားကြောင့် ဖြစ်ပေသည်။ သူသည် ထိန်းထားရခြင်းက ဘာကိုဆိုလိုသည်ကို မသိခြင်းလော။

ထို့ပြင်သူသည် သူမ၏သခင်မလေး၏ အစစ်အမှန် ပုံသဏ္ဍန်ကိုပင် မြင်တွေ့ခဲ့သည်။ သူသည် အမှန်ပင် ကျက်သရေရှိခြင်းက ဘာကိုဆိုလိုသည်ကို ဘာမှမသိပေ။

အစေခံ၏ ကြမ်းကြုတ်သောအကြည့်ကို ဝမ်ချောင် ပြုံးသာပြုံးပြလိုက်သည်။ အကယ်၍ ဤသည်က သာမာန် ကစားပွဲတစ်ခု ဖြစ်ခဲ့ပါက သူသည် နောက်ဆုတ်ပေးရန် စိတ်ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဝမ်ချောင်သည် ဤစစ်တုရင်ခုံကို အနာဂတ် ထောက်ပို့ဘုရင် ရှု့ချီချင်းကို အညံ့ခံစေရန်နှင့် သူ့လက်အောက်သို့ ရောက်စေရန် ပြင်ဆင်ထားခဲ့ပေသည်။ ထို့ကြောင့်သူသည် နောက်ဆုတ်ပေး၍ မရပေ။

“မင်းရဲ့ ရှု့ကလန်ရဲ့ ထောက်ပို့ ကျွမ်းကျင်မှုတွေကို မင်းရဲ့စစ်တုရင်ပုံစံနဲ့ ပေါင်းစပ်နိုင်ဖို့ဆိုတာ ရှု့ချီချင်း မင်းရဲ့ပါရမီက တကယ့်ကိုအံ့မခန်းပဲ”

ဝမ်ချောင်သည် အနက်ရောင်ကျောက်တုံး အမြောက်အများကို ဘူးထဲသို့ ဖြေးညင်းစွာ သိမ်းဆည်းလိုက်ပြီး ထို့နောက် မတ်တပ်ရပ်လိုက်သည်။

“အားလားလား အခြေအနေတစ်ခုလုံးကို ကရုမစိုက်ဘဲ အခြေအနေ တစ်ခုထဲအပေါ် အရမ်းအာရုံစိုက်ထားခဲ့တာ ဆိုးတာပဲ။ အားလုံးပြီးနောက်မှာ စစ်တုရင်က ရိုးရှင်းတယ်။ ထောက်ပို့ယှဉ်ပြိုင်မှု မဟုတ်ဘူးလေ”

ဤနောက်ဆုံး စကားလုံးဖြင့် ဝမ်ချောင်သည် သူ့တွင် အမြဲရှိခဲ့သော စွမ်းအားကြီးသည့် အရှိန်အဝါတစ်ခုကို စတင်ထုတ်ဖော်လိုက်သည်။

သူနောက်ဆုံးဘဝတွင် တိုက်ပွဲသူတော်စင် တစ်ယောက်အနေဖြင့် ဝမ်ချောင်သည် ရှု့ချီချင်းကို ဆရာတစ်ယောက်ကဲ့သို့ ပြောဆိုနေခဲ့သည်။

ရှု့ချီချင်း၏ ပါရမီသည် အမှန်ပင် ကောင်းမွန်သော်လည်း ထိုသည်မှာ ကောင်းမွန်ရုံဖြစ်သည်။ သူမနှင့် ဝမ်ချောင်ကြား ကွာဟမှုကြီးတစ်ခု ရှိနေဆဲဖြစ်သည်။ တစ်ယောက်သည် ဝမ်ချောင်ကို ဤကစားပွဲမှာ မြင်နိုင်ပေ၏။ ရှု့ချီချင်းသည် ကစားပွဲတစ်လျောက်လုံး အသာစီး ရထားခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်ချောင်၏ နောက်ဆုံးအဖြူရောင်ကျောက်တုံးက သူမ၏အားထုတ်မှု အားလုံးကို ပျက်စီးသွားစေခဲ့ပြီး အောင်ပွဲကို အရှုံးအဖြစ် ပြောင်းလဲစေခဲ့သည်။

ရှု့ချီချင်းသည် ဤရလဒ်ကြောင့် အံ့သြသွားကောင်း အံ့သြသွားနိုင်ပြီး လက်ခံရန် ခက်ခဲနိုင်သော်လည်း ဝမ်ချောင်အတွက် ဤသည်မှာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ရှု့ချီချင်းသည် ဝမ်ချောင် ရင်ဆိုင်ခဲ့ရသည့် ပထမဆုံး ပြိုင်ဘက်မဟုတ်ပေ။ သို့မဟုတ်နောက်ဆုံး ပြိုင်ဘက်မဟုတ်ပေ။ သူမသည် သေချာပေါက် ကြောက်စရာအကောင်းဆုံး မဟုတ်ခဲ့ပေ။

ဝမ်ချောင်၏ဘဝတွင် သူသည် အထင်ကြီးစရာကောင်းသော အရည်အချင်းများဖြင့် မရေမတွက်နိုင်သော ပြိုင်ဘက်များကို ရင်ဆိုင်ခဲ့ရသည်။ ဤလူများသည် အန္တရာယ်များသော စစ်မြေပြင်တွင် ရှိခဲ့ကြ၏။ ထို့ပြင် ဤကျော်ကြားသော စစ်သူကြီးများ မဟာစစ်သူကြီးများနှင့် တိုင်းတစ်ပါး ကျူးကျော်သူ အားလုံးသည်ပင် သူ့လက်ထဲ၌ ခါးသီးသော အရှုံးတစ်ခုကို ခံစားခဲ့ကြရသည်။ ထို့ကြောင့် ရှု့ချီချင်းသည် ဘာကြောင့် ချို့ယွင်းချက်တစ်ခု ဖြစ်လိမ့်မည်နည်း။

တိုက်ပွဲသူတော်စင်ဘွဲ့သည် တစ်ယောက်က ကိုယ့်ကိုယ်ကို ပြန်ပေး၍ရသည့် အရာမဟုတ်ပေ။

ဘုန်း

ဝမ်ချောင်သူ့စကားကို အဆုံးသတ်လိုက်သည့်အခိုက်တွင် ဝမ်ချောင်ကို ကိုးကွယ်ပြီး အားပေးထောက်ခံသည့် ကျောင်းသားများသည် ချက်ချင်း သြဘာပေးလိုက်ကြကာ ကျန်ကျောင်းသားများသည်လည်း လိုက်၍ သြဘာပေးလိုက်ကြသည်။

ဝမ်ချောင်နှင့် ရှု့ချီချင်းတို့၏ စစ်တုရင် ကစားပွဲသည် အမှန်ပင် အံ့အားသင့်ဖွယ်ရာ ကောင်းခဲ့ပြီး အထူးသဖြင့် အရှုံးကို အောင်ပွဲသို့ ပြောင်းလဲသွားစေခဲ့ပြီး ရှု့ချီချင်းကို လုံးဝရှုံးနိမ့်သွားစေခဲ့သည့် ဝမ်ချောင်၏ နောက်ဆုံးကျောက်တုံးဖြစ်သည်။

ဤခန့်မှန်း၍မရသော စစ်တုရင်ပုံစံသည် လက်ရှိရှိနေသော လူတိုင်းကို လုံးဝကျော်လွန်သွားခဲ့သည်။

ဤတစ်ချက်ထဲက ဝမ်ချောင်ကို သစ္စာရှိသော ပရိတ်သတ် မြောက်များစွာကို အောင်နိုင်စေခဲ့ပြီး ပို၍များပြားသော လူများသည်ပင် စစ်တုရင်၏ နက်နဲသိမ်မွေ့မှုကြောင့် လုံးဝ ညို့ယူဖမ်းစားခံခဲ့ရပေသည်။

သူတို့တစ်ယောက်မှ စစ်တုရင်နည်းလမ်းသည် အလွန်ထူးဆန်းပြီး အံ့သြဖွယ်ကောင်းမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထိုသည်မှာ လျို့ဝှက်ဆန်းကြယ်သော ကမာ္ဘကြီးတစ်ခုက မရေမတွက်နိုင်သော အလင်းများဖြင့် လောင်ကျွမ်းနေကာ ကြည့်နေသည့် လူအားလုံးကို နှစ်သက်အားရ ဖြစ်စေသည်။

“အရမ်းကောင်းတယ်”

“သခင်လေးက သခင်လေးပါပဲ။ သူ့ရဲ့ကျွမ်းကျင်မှု နယ်ပယ်မှာ ဘယ်သူကမှသူ့ကို ပေါ့ပေါ့တန်တန် စိန်ခေါ်လို့မရဘူး”

...

ဝေအန်ဖမ်းနှင့် လူအိုကြီး လင်းယုန်ငှက်တို့သည်လည်း ပြုံးနေခဲ့ကြ၏။ ထိုနှစ်ယောက်သည် ဝမ်ချောင်၏ စွမ်းရည်ကို ဘယ်တော့မှ သံသယမဝင်ခဲ့ကြသော်လည်း ဤကစားပွဲ၏ တောက်ပမှုက သူတို့၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့သည်။

____

အခန်း(၄၃၉)

ဝမ်ချောင်၏ အခြေအနေ

ရှု့ချီချင်း၏ အမူအရာသည် ဆိုးရွားနေခဲ့၏။ ပတ်ပတ်လည်ရှိ သြဘာသံများက မေးခွန်းထုတ်စရာမလိုဘဲ သူမအပေါ် ဖိအားသက်ရောက်နေခဲ့၏။

“ဝမ်ချောင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့။ နင်က ငါ့ကိုကစားပွဲတစ်ခုမှာပဲ အနိုင်ရရှိခဲ့တာပါ။ ငါနင့်ကို အနိုင်ယူနိုင်တဲ့တစ်နေ့ ရှိလာလိမ့်မယ်” ရှု့ချီချင်း အေးစက်စွာ ပြောလိုက်၏။

“ဟား ဟား ဟား အဲ့ဒါက အနာဂတ် ကိစ္စပါ။ ဒါပေမဲ့ အခုလောလောဆယ် ငါတို့မှာ တစ်ခြားကိစ္စရှိတယ်။ ရှု့ချီချင်း ငါတို့ရဲ့ လောင်းကြေးအကြောင်း မင်းမေ့မသွားပါဘူးနော် ဟုတ်တယ်မလား”

မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုဖြင့် ဝမ်ချောင်သည် အဖြူရောင်ကျောက်တုံးတစ်ခုကို ဆော့နေခဲ့၏။

ရှု့ချီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး သူမသည် အသက်ရှုရပ်တန့်သွားပုံရသည်။ သူမသည် ရုတ်တရက် အဆိုးရွားဆုံး ကိစ္စတစ်ခုကို အမှတ်ရလိုက်၏။

ဝမ်ချောင်သည် သူရှုံးနိမ့်သွားခဲ့ပါက သူသည် သူမထက် နိမ့်ကျကြောင်း လူတိုင်းကို ကြေညာမည်ဟု အမှန်ပင် ကတိပေးခဲ့ပေသည်။ သို့သော် အလားတူပင် အကယ်၍ သူမရှုံးနိမ့်သွားခဲ့ပါက သူမသည် သူ့အခြေအနေတစ်ခုကို သဘောတူရပေမည်။

ဆိုးရွားလှသော အခြေအနေတစ်ခုပင်။

ရှု့ချီချင်း၏ အမူအရာကို ကြည့်ရှု့နေခဲ့ကာ ဝမ်ချောင်သည် စိုးရိမ်လာခဲ့ပြီး ချက်ချင်း မေးလိုက်၏။

“ရှု့ချီချင်း မင်း မင်းရဲ့စကားတွေကို ပြန်တော့မရုတ်သိမ်းပါဘူးနော် ဟုတ်တယ်မလား”

မည်သူကများ လူကြီးလူကောင်းများ၏ သဘောတူညီမှုကို ချိုးဖောက်ရဲလိမ့်မည် မဟုတ်သော်လည်း ရှု့ချီချင်းသည် အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။ အကယ်၍သူမသည် သူမက အမျိုးသမီးတစ်ယောက်ဖြစ်ကာ အမျိုးကောင်းသားတစ်ယောက် မဟုတ်ဘဲ ယောက်ျားသားများကြားရှိ သဘောတူညီမှုကို အလေးထားစရာမလိုကြောင်း ပြောဆိုခဲ့ပါက ဝမ်ချောင်သည် ဘာတစ်ခုမျှ တက်နိုင်လိမ့်မည် မဟုတ်ပေ။

“ဟမ် ဝမ်ချောင် နင်ကလည်း တစ်ခြားလူတွေအပေါ် အထင်မသေးသင့်ဘူး။ ရှု့ကလန်က နင့်ရဲ့ဝမ်ကလန်ကို မယှဉ်နိုင်ပါဘူး။ ရှု့ကလန်ရဲ့ သားစဉ်မြေးဆက်တွေက ကတိတွေကို ဖောက်ဖျက်တဲ့ အလေ့အကျင့်တွေ ပြုလုပ်လေ့မရှိဘူး။ ဝမ်ချောင် နင့်ရဲ့အခြေအနေကို ပြော။ ဒါပေမဲ့ ငါနင့်ကို သတိပေးလိုက်မယ်။ အရမ်းကြီးမလွန်နဲ့။ အဆိုးဆုံး ငါတို့အတူတူ သေလိုက်ကြရုံပဲ”

ရှု့ချီချင်း၏ နှလုံးသားသည် နောင်တတရားဖြင့် ပြည့်နှက်နေခဲ့သည်။ အကယ်၍သူမသည် သူမ၏အရှုံးကို သိရှိထားခဲ့ပါက သူမသည် သူမ၏ အထောက်အထားကို ဖော်ပြခဲ့မည်မဟုတ်ပေ။ သို့သော် ယခုအခါ နောက်ကျသွားခဲ့ပြီဖြစ်၏။ လူအုပ်ကြီးသည် သူမက မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း မြင်တွေ့သွားခဲ့ပြီဖြစ်သည်။

သူမသည် ယခုလေးတင် တုန့်ပြန်မှုများကို မြင်တွေ့ခဲ့ရပေ၏။ အကယ်၍ ဝမ်ချောင်သည် သူမကို အသားယူသည့် လွန်ကဲသော တောင်းဆိုချက်ကို ပြုလုပ်ခဲ့ပါက သူမသည် ဘာမျှတက်နိုင်လိမ့်မည် မဟုတ်ပေ။

ရှု့ကလန်သည် ဤသို့သော လူတစ်ယောက်ကို ဖယ်ထား၍မရပေ။

“သေစမ်း”

ရှု့ချီချင်းသည် အမှန်ပင် သူမကိုယ်သူမ နှစ်ချက်လောက် အားရပါးရ ရိုက်လိုက်ချင်ပေသည်။ ယခုအခါ စကားပြောရန် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သော်လည်း သူမသည် သူမကိုယ်သူမ ထိန်းမထားနိုင်ခဲ့သေးပေ။ သူမသည် ဝမ်ချောင်ကို အလွန်အနိုင်ယူချင်ခဲ့၏။

“မင်းဘာတွေ တွေးနေတာလဲ”

ဝမ်ချောင်သည် ရှု့ချီချင်း၏ စိတ်ထိခိုက်နေသော အမူအရာကို ကြည့်လိုက်ကာ ငိုရမလား ရယ်ရမလား မသိတော့ပေ။ အကယ်၍သူသည် လုံးဝ အကျင့်ပျက်နေခဲ့လျှင်ပင် လူအများကြီးရှေ့၌ ထိုသို့သော အခြေအနေတစ်ခုကို တောင်းဆိုနိုင်လိမ့်မည် မဟုတ်ဘူးမဟုတ်လား။

“စိတ်အေးအေးထားပါ ငါက နင်တွေးသလို မညစ်ပတ်ဘူး”

ဝမ်ချောင် လက်တစ်ချောင်း ထောင်ပြလိုက်ကာ ယုံကြည်မှုရှိစွာ ပြောလိုက်၏။

“ငါ့မှာ အခြေအနေ တစ်ခုပဲရှိတယ်။ အရမ်းကို ရိုးရှင်းတဲ့ အခြေအနေတစ်ခုပေါ့။ ငါမင်းရဲ့အချိန် ဆယ်နှစ်ကိုပဲ လိုအပ်တယ်။ ဒီဆယ်နှစ်အတွင်းမှာ မင်းကငါ့အတွက် အလုပ်လုပ်ပြီး ငါ့ရဲ့အမိန့်တွေကို အကောင်အထည် ဖော်ပေးရမယ်။ ဒီဆယ်နှစ်ပြီးတဲ့အခါ မင်းကမင်းရဲ့ လွတ်လပ်မှုကို ပြန်ရလိမ့်မယ်။ ရှု့ချီချင်း မင်းဒါကို လုပ်နိုင်မလား”

ဘုန်း

စစ်တုရင်ခန်းမရှိ လူအုပ်ကြီးသည် ဦးနှောက်ခြောက်သွားခဲ့ကြ၏။ လူအိုကြီးလင်းယုန်ငှက်နှင့် ဝေအန်းဖန်တို့သည်ပင် ကြက်သေ သေသွားခဲ့ကြသည်။ ဝမ်ချောင်က ဤသို့သော တောင်းဆိုမှုမျိုး ပြုလုပ်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

“ဒီမိန်းကလေးမှာ ဘယ်လိုစွမ်းရည်တွေ ရှိနေတာလဲ။ သခင်လေးက တကယ်ပဲ သူမကို ဒီလောက် မြင့်မြင့်မားမား မှတ်ယူထားတာလား” လူအိုကြီးလင်းယုန်ငှက် အနီးအနားရှိ ရှု့ကလန်၏ သမီးပျိုကို တွေဝေစွာ ကြည့်လိုက်သည်။

ရပ်ကြည့်နေသူများသည် မပြောနိုင်ကြသော်လည်း လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်နောက် အချိန်အကြာကြီး လိုက်ခဲ့ပေသည်။ ဝမ်ချောင်သည် သူ့စကားလုံးများ နောက်ကွယ်တွင် ဤမိန်းကလေးကို မြင့်မြင့်မားမား မှတ်ယူထားသည်ကို ဖုံးကွယ်နေသည်မှာ ရှင်းလင်းလှပေသည်။ ဤသို့မဟုတ်ပါက သူသည် ဤအခြေအနေကို ထိုမျှလေးနက်စွာ ပြောခဲ့လိမ့်မည် မဟုတ်ပေ။

ဤသို့သော ဆက်ဆံမှုတစ်ခု ခံခဲ့ရသည့်လူသည် အလွန်အမင်း နည်းပါးလှကာ လူအိုကြီးလင်းယုန်ငှက် သို့မဟုတ် တစ်ကိုယ်တော် ဝံပုလွေတို့သည်ပင် ဤအုပ်စုထဲ မပါဝင်ခဲ့ကြပေ။ လူအိုကြီး လင်းယုန်ငှက်သည် အံ့သြသွားခဲ့၏။

“ခွေးကောင်ဝမ်ချောင် နင်ကငါ့ကို အကွက်ဆင်နေခဲ့တာပဲ” ရှု့ချီချင်း ဒေါသတကြီး အော်ဟစ်လိုက်ကာ လူအုပ်ကြီးကို ထိတ်လန့်သွားစေခဲ့သည်။ ရှု့ချီချင်း၏မျက်နှာသည် နီရဲသွားခဲ့ပြီး သူမ၏မျက်လုံးများက မီးတောက်များ တောက်လောင်နေပုံရသည်။ သူမ တွေဝေသွားစဉ် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ယခုအခါဝမ်ချောင်ကို ကြောက်စရာကောင်းစွာ ကြည့်နေပေသည်။

ဤရုတ်ချည်းတုန့်ပြန်မှုသည် ဝမ်ချောင်ကိုပင် ထိတ်လန့်သွားစေခဲ့၏။

“နင်က ငါဘယ်သူလဲဆိုတာ ဟိုးကတည်းက သိနေခဲ့တယ်မဟုတ်လား။ ခွေးကောင် နင်ကငါ့ကို တမင်သပ်သပ် အကွက်ဆင်နေခဲ့တာပဲ” ရှု့ချီချင်း ဝမ်ချောင်ကို စိုက်ကြည့်လိုက်၏။ သူမ ဝမ်ချောင်၏ အခြေအနေကို ကြားလိုက်သည့်အခိုက်တွင် ရှု့ချီချင်းသည် ကိစ္စများစွာကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဝမ်ချောင်ပြောနေသော အခြေအနေသည် ကြာပန်း ပေါ်လာလိမ့်မည်ဖြစ်သည့် အတွေးတစ်ချို့ မဟုတ်ပေ။ ထိုသည်မှာ အချိန်အကြာကြီး ကြံစည်ထားသည့် ရလဒ်တစ်ခု ဖြစ်ဖို့များ၏။

တစ်နည်းဆိုရပါက ဝမ်ချောင်သည် သူမက သူမ၏ အထောက်အထားကို မကြေညာမီကတည်းက သူမမည်သူဖြစ်သည်ဆိုသည်ကို သိရှိထားခဲ့ပြီးဖြစ်သည်။ ဤအချက်ကိုအသုံးပြုကာ သူသည် သူမကိုသူနှင့် အလောင်းအစားလုပ်ရန် သွေးဆောင်ခဲ့ပေသည်။

ရှု့ချီချင်းသည် ဤအရာကို ဒေါသမထွက်ဘဲ မည်သို့နေမည်နည်း။

အစမှအဆုံးအထိ သူမသည် ဝမ်ချောင်၏ ထောင်ချောက်ထဲတွင် ရှိနေခဲ့ပေသည်။ ရှု့ချီချင်းသည် ဝမ်ချောင်က သူမဤတောင်ပေါ်သို့ ရောက်လာသည့်နေ့ကတည်းက သူမ၏ အထောက်အထားကို ဖောက်မြင်ခဲ့သည်ဟုပင် သံသယဖြစ်နေခဲ့သည်။

ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် သူမဝမ်ချောင်ကို စိန်ခေါ်ခဲ့သည့် နောက်ဆုံးအချိန်တွင် သူမခံစားခဲ့ရသည့် အရှက်ခွဲခံရမှုကို သူမပြန်အမှတ်ရလိုက်သောအခါ ရှု့ချီချင်းသည် ဝမ်ချောင်က ၎င်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း ပို၍ပင် သေချာသွားခဲ့ပြီး ဒေါသက သူမ၏ကိုယ်ထဲ ဆက်၍တိုးလာခဲ့သည်။

“သခင်မလေး ဘာတွေပြောနေတာလဲ”

ရှု့ကလန်မှာ ထိုသာမာန်မဟုတ်သော ထက်မြက်သည့် အစေခံသည် ပထမဆုံး ခေါင်းရှုပ်သွားသူ ဖြစ်ပေသည်။ သူမ၏ သခင်မလေး ပြောနေသည့်အရာပေါ် အခြေခံ၍ ဤဝမ်ချောင်သည် ၎င်းတို့၏ အထောက်အထားကို အစကတည်းက သိထားခဲ့ပေသည်။

သို့သော် ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

သူမ၏ သခင်မလေးသည် သူမ၏ အထောက်အထားကို တစ်ခါမှ မဖော်ပြခဲ့ဘဲ အမျိုးသမီးနှင့် ဟန်ဆောင်ထားသည့် အမျိုးသားကြား ကွာဟမှုသည် မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလှသည်။ သခင်မလေးကို ကောင်းကောင်းသိကြသည့် လုံးဝေလေ့ကျင့်ရေးစခန်းရှိ လူများသည်ပင် သူမကို မှတ်မိနိုင်မည် မဟုတ်ပေ။ သူစိမ်းများဆိုပါက ပြောစရာပင်မလိုချေ။

သို့မဟုတ် ဝမ်ချောင်သည် သူမ၏သခင်မလေး ယောက်ျားတစ်ယောက်အဖြစ် ဝတ်ဆင်သည်ကို ယခင်က မြင်ခဲ့ဖူးခြင်းလော။

သို့သော် ထိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ဤသည်မှာ သခင်မလေး ဤအရာကိုပြုလုပ်သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ရှု့ချီချင်းက သူ့သခင်လေးကို သိက္ခာချနေသည်ကို ကြားလိုက်ရသောအခါ လူအိုကြီးလင်းယုန်ငှက် ပထမဆုံး စကားထပြောလိုက်သည်။

“မိန်းကလေးရှု့ အဓိပ္ပာယ်မရှိတာ မပြောနဲ့။ ငါ့ရဲ့သခင်လေးက မင်းကိုဘယ်လိုလုပ် အကွက်ဆင်မှာလဲ”

“ရှင်” ရှု့ချီချင်း ဒေါပွသွားခဲ့၏။ သူမတွင် သက်သေမရှိသော်လည်း သူမ၏ အလိုလိုသိစိတ်က မှန်ကန်ကြောင်း သူမသေချာပေသည်။

“ရှု့ချီချင်း မင်းကမင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းဖို့ စီစဉ်နေတာတော့ မဟုတ်ဘူးမလား”

ဝမ်ချောင် ပြန်ထိုင်လိုက်ပြီး ဟန်ဆောင်ပြုံး ပြုံးလိုက်ကာ သူခန္ဓာကိုယ်က ယခုအခါ ရှေ့သို့အနည်းငယ် ကိုင်းနေခဲ့သည်။

“ငါကမင်းကို အကွက်ဆင်နေတယ်လို့ မင်းပြောနေတာကြောင့် ငါမင်းကိုမေးမယ်။ ငါတို့ရဲ့ စစ်တုရင်ကစားပွဲမှာ လှည့်ကွက်တွေဘာတွေ ရှိခဲ့လား”

ရှု့ချီချင်း ချက်ချင်း ဆို့နင့်သွားခဲ့၏။ စကားတစ်ခွန်းမျှ သူမ၏နှုတ်ခမ်းမှ ထွက်မလာနိုင်ခဲ့ပေ။

သူမသည် ဒေါသထွက်နေခဲ့သေးသော်လည်း ဝမ်ချောင်က ဤစစ်တုရင် ကစားပွဲတွင် မည်သည့်လှည့်ကွက်ကိုမျှ ဆွဲမထုတ်ခဲ့သည်ကို ရှု့ချီချင်း ဝန်ခံရပေမည်။ စစ်တုရင်ကစားပွဲတွင် သူမသည် အမှန်ပင် ဝမ်ချောင်ထက် လိုနေသေး၏။

ရှု့ချီချင်းသည် တစ်စုံတစ်ယောက်မှ လှည့်စားသည့် ဤခံစားချက်ကို မနှစ်သက်ရုံပင်။

“ပွဲက မျှတတာကြောင့် မင်းရဲ့အရှုံးကို လက်ခံလိုက်ပါ။ ဒါပေါ့ တကယ်လို့မင်းက မင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းမယ်ဆိုရင် ငါတကယ်ပဲ ဘာမှတက်နိုင်မှာ မဟုတ်ဘူး” ဝမ်ချောင် သူ့လက်မောင်းများကို ဖြန့်ထုတ်လိုက်ကာ ပြောလိုက်သည်။

ရှု့ချီချင်းက သူ့မျှော်မှန်းချက်များထက် များစွာသာလွန်ခဲ့သည်ကို သူဝန်ခံရပေမည်။ တကယ့် အခြေအနေသည် သူမခန့်မှန်းသည့်အတိုင်း အတိအကျဖြစ်၏။

သို့သော်လည်း သာမာန်မဟုတ်သော ကိစ္စရပ်များကို သာမာန်မဟုတ်သော နည်းလမ်းများဖြင့် ဖြေရှင်းရပေမည်။

ရှု့ချီချင်းသည် သူ့ထက်များစွာ သန်မာပြီး သူမတွင် အလွန်အမင်း မောက်မာသည့် စရိုက်တစ်ခုရှိကာ နယ်စားငယ်ရီ သို့မဟုတ် မင်းသမီးနီဟွမ်းတို့ထက် တစ်ကွက်မျှပင် မနိမ့်ကျခဲ့ပေ။ သာမာန်အခြေအနေများတွင် သူမကို လက်အောက်ရောက်စေရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

နောက်ဆုံးတွင် ရှု့ချီချင်းသည် ချီဘုရင်၏ အမိန့်ပေးမှုအောက်၌ ထက်မြက်သော စစ်သူကြီးတစ်ယောက် ဖြစ်လာလိမ့်အုံးမည်ဖြစ်ပြီး တိုင်းပြည်နှင့် သူ့အတွက် ဒုက္ခများစွာကို ယူဆောင်လာပေလိမ့်အုံးမည်။

အကယ်၍ ဤသည်က တစ်ခြားတစ်ယောက်ယောက် ဖြစ်ခဲ့ပါက ရှု့ချီချင်း ပြောခဲ့သည့်အတိုင်း ဖြစ်လိမ့်မည်ဖြစ်ပြီး သူတို့သည် ရှု့ချီချင်းက သူတို့နောက်သို့ ပျော်ရွှင်စွာ လိုက်ပါစေရန်အတွက် အချိန်များစွာကို သုံးစွဲပြီး လုံးဝဘွင်းဘွင်းရှင်းရှင်း ပြောဆိုခဲ့ကြပေမည်။

သို့သော် ဝမ်ချောင်သည် အသေးစိတ်များကို ရှေ့တန်းတင်လွန်းသည့်လူ မဟုတ်ခဲ့ပေ။ တိုက်ပွဲသည် သစ္စာဖောက်သော ကစားပွဲတစ်ခုဖြစ်ပြီး သူ့ပန်းတိုင်က မှန်ကန်ပြီး တစ်ကိုယ်ကောင်း မဆန်တတ်သ၍ ဝမ်ချောင်သည် ဤလူများကို လက်အောက်ရောက်စေရန် အစွန်းရောက်သော နည်းလမ်းများကို အသုံးပြုရန် စိတ်ရှိနေမည် မဟုတ်ပေ။

ထို့ပြင် ဤစစ်တုရင် ကစားပွဲများတွင် သူသည် လှည့်ကွက်တစ်ခုမျှကိုပင် အသုံးမပြုခဲ့ပေ။ သူသည် သူမကို အနိုင်ယူရန် သူ့ကိုယ်ပိုင် ခွန်အားကိုသာ မှီခိုခဲ့ပေသည်။ ဤကိစ္စ၏ အလယ်ဗဟို၌ ရှု့ချီချင်းသည် အောင်ပွဲအတွက် အလွန်စိတ်အားထက်သန်နေခဲ့သည့်အချက် ရှိနေခဲ့သည်။

ရှု့ချီချင်း၏ မျက်နှာသည် မတူညီသော ခံစားချက်များကြောင့် ချက်ချင်း ပြောင်းလဲနေခဲ့သည်။

စစ်တုရင်ခန်းမသည် တ်ိတ်ဆိတ်နေခဲ့ပြီး ထိုအစေခံသည်ပင် စကားပြောမနေခဲ့ပေ။ ဤစစ်တုရင်ပွဲသည် သာမာန်ပွဲတစ်ခုထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။

ဝမ်ကလန်သည်လည်း သာမာန်ကလန်တစ်ခု မဟုတ်ပေ။ သူမ၏ သခင်မလေး သဘောတူခြင်း မတူခြင်းမှာ အစေခံများ ဝင်ရောက်စွက်ဖက်၍ရသည့် ကိစ္စမဟုတ်ပေ။

“ဝမ်ချောင် တစ်ခြားလူတွေကို အထင်မသေးနဲ့။ ငါတို့ရဲ့ ရှု့ကလန်က မယုံကြည်ရတဲ့ နိမ့်ကျတဲ့လူတွေနဲ့ ဖွဲ့စည်းထားခဲ့တာ မဟုတ်ဘူး။ ငါကနင့်ကို ရှုံးနိမ့်သွားခဲ့တာကြောင့် ငါငါ့ရဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးလိမ့်မယ်။ ဒါပေမဲ့ အရမ်းမမောက်မာနဲ့။ ငါက သဘောတူခဲ့ရင်တောင် အရမ်းလွန်တဲ့ အရာတွေကို ငါကူညီမှာမဟုတ်ဘူး။ တကယ်လို့ ငါတစ်ခုခုနဲ့ နင့်ကိုကူညီဖို့ သဘောမတူရင် နင်ငါ့ကိုဘယ်လောက်ပဲ ခြိမ်းခြောက်နေပါစေ နင်ငါ့ကိုအဲ့ဒါကို လုပ်ခိုင်းလို့မရဘူး”

ရှု့ချီချင်း ကြောက်စရာကောင်းစွာ ပြောလိုက်၏။

လူများစွာအတွက် ရှု့ချီချင်း၏ မာနသည် သူမ၏ ကတိကို ဖျက်လိုက်သကဲ့သို့ တစ်စုံတစ်ရာကို လုပ်ခွင့်မရခဲ့ပုံရသည်။ ရှု့ချီချင်း၏ အတွေးများ လမ်းချော်သွားသည်ကို သိလိုက်သဖြင့် ဝမ်ချောင် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဟား ဟား အဲ့ဒါအတွက် မင်းစိတ်ပူနေစရာ မလိုဘူး။ ငါမင်းကို အရမ်းလွန်ကျူးတဲ့အရာတွေ လုပ်ခိုင်းမှာမဟုတ်ဘူး။ အချိန်ကျလာတဲ့အခါ မင်းသိလာပါလိမ့်မယ်”

ဤအမျိုးသမီးသည် အလွန်မောက်မာကာ သူ့အား ရှုံးနိမ့်ပြီး သူ့ကြောင့် အကြိမ်များစွာ အရှက်ကွဲခံရပြီးနောက် အကယ်၍သူမသည် သူ့ကို အကောင်းမြင်နေခဲ့ပါက ထူးဆန်းပေလိမ့်မည်။

ထိုအရာနှင့်ပတ်သတ်၍ သူတက်နိုင်သည့်အရာ ဘာမှမရှိပေ။ သူသည် အနာဂတ်တွင် သူမ၏ သူ့ဆီသို့ သဘောထားကို ပြောင်းလဲရန် နည်းလမ်းတစ်ခု စဉ်းစားရပေမည်။

“ဝမ်ချောင် နင်ဒါကို နောက်ဆုံးမှ နောင်တရလိမ့်မယ်”

ဤအရာကို ပြောဆိုပြီးနောက် ရှု့ချီချင်းသည် စကားထပ်ပြောရန် စိတ်မဝင်စားတော့ပေ။ သူမ၏လက်မောင်းအိုးကို ဝှေ့လိုက်ခြင်းနှင့်အတူ သူမသည် လူအုပ်ကြီးကို တိုးဝှေ့လိုက်ပြီး ထွက်ခွာသွားခဲ့၏။

သူမကိုယ်သူမ ဆယ်နှစ်တာ ရောင်းချခြင်းဖြင့် ရုတ်တရက် အဆုံးသတ်သွားခဲ့ရသည့် ဤစစ်တုရင်ပွဲသည် ရှု့ချီချင်းကို ကစဉ့်ကလျား အခြေအနေသို့ ကျရောက်သွားစေခဲ့သည်။ သူမသည် တွေးတောရန် အချိန်တစ်ချို့ လိုအပ်ပေ၏။

“သခင်မလေး ကျွန်မကို စောင့်ပါအုံး”

ထိုအစေခံသည် သူမနောက်သို့ အလျှင်အမြန် လိုက်ပါသွားခဲ့၏။

ဘုန်း

ထိုနှစ်ယောက် ထွက်ခွာသွားပြီးနောက် ချက်ချင်းနီးပါးပင် စစ်တုရင်ခန်းမသည် သြဘာသံများဖြင့် ပေါက်ကွဲသွားခဲ့သည်။ ဝမ်ချောင်နှင့် ရှု့ချီချင်းတို့က ဘာကိုလောင်းခဲ့ကြပါစေ ဤသည်က အတောက်ပဆုံးနှင့် စိတ်ကျေနပ်စရာ အကောင်းဆုံး စစ်တုရင်ကစားပွဲတစ်ခု အမှန်ပင် ဖြစ်ခဲ့ပေသည်။

စစ်တုရင်အတွက် သူတို့၏ နှလုံးသားများတွင် မီးတောက်တစ်ခု တောက်လောင်နေခဲ့ပြီးဖြစ်သည့် လူများစွာတို့သည် ယခုအခါ ပြင်းထန်သော စိတ်အားထက်သန်မှုတစ်ခုကို ရလိုက်ကြသည်။

“... သူမက တကယ့်ကို မောက်မာပေမဲ့ သူမကလည်း ငါ့ရဲ့ လေးစားမှုနဲ့ ထိုက်တန်တယ်”

ဝမ်ချောင် ရှု့ချီချင်း ထွက်ခွာသွားသည့်ဘက်သို့ ကြည့်လိုက်ကာ ယဲ့ယဲ့လေး ပြုံးလိုက်သည်။ သူသည် အလျှင်အမြန် တည်ငြိမ်လာခဲ့ပြီး မတ်တပ်ရပ်လိုက်၏။

“လူအိုကြီးလင်းယုန်ငှက် သွားကြစို့”

ဝမ်ချောင် ခေါ်လိုက်၏။

လပေါင်းများစွာကြာပြီးနောက် သူသည် သြဇာကြီးသည့် ထောက်ပို့ဘုရင် ရှု့ချီချင်းကို စည်းရုံးခြင်းတွင် အောင်မြင်သွားခဲ့သည်။ ဝမ်ချောင်၏ စိတ်ထဲရှိ ကြီးမားသော ဝန်ထုတ်တစ်ခုသည် ပြေလျော့သွားခဲ့၏။

ယခုအခါသူသည် တစ်ခြားကိစ္စများကို ဆက်လက် လုပ်ဆောင်နိုင်ပြီဖြစ်သည်။

“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ရှု့ချီချင်းကို လက်အောက်ရောက်စေခြင်းနှင့် ကံကြမ္မာကို ပြောင်းလဲခြင်းအတွက် ကံကြမ္မာမှတ် (၁၅)မှတ် ချီးမြှင့်ခံရပါသည်”

ဝမ်ချောင်က တံခါးခုံကို ဖြတ်လျှောက်တော့မည့်အချိန်တွင် သူသည် အသံတစ်သံကို ကြားလိုက်ရသည်။

ဝမ်ချောင်ပြုံးလိုက်၏။

သူမျှော်လင့်ထားသကဲ့သို့ပင် ရှု့ချီချင်းကဲ့သို့ အနာဂတ် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို လက်အောက်ရောက်စေခြင်းက ကံကြမ္မာမှတ် ဆုလဒ်တစ်ခုနှင့် ရလာခဲ့ပေသည်။

နောက်ဆုံးအကြိမ် ကြယ်တာရာစွမ်းအင် တွေးသူအတွက် လဲလှယ်ခြင်းနှင့် လောကအချုပ်အနှောင်နှင့် ရင်ဆိုင်ခြင်းတို့အတွက် သူ့တွင် ကံကြမ္မာမှတ် (၂၄)မှတ် ကျန်ရစ်ခဲ့သည်။ ဤကံကြမ္မာမှတ် (၁၅)မှတ်နှင့်အတူ သူ့တွင် ယခုအခါ (၃၉)မှတ် ရှိသွားခဲ့ပြီဖြစ်သည်။

ရှု့ချီချင်းကို စည်းရုံးရန် ဤတစ်ချိန်လုံး အသုံးပြုနေခဲ့ရသည်မှာ ထိုက်တန်သွားခဲ့ပေသည်။

“... ဒီကံကြမ္မာမှတ် (၁၅)မှတ်က တော်တော်လေး ကျေနပ်စရာကောင်းတယ်”

အပြုံးယဲ့ယဲ့လေး တစ်ခုဖြင့် ဝမ်ချောင်သည် တံခါးခုံကို ဖြတ်ကျော်လိုက်သည်။

သူသည် ကံကြမ္မာကျောက်စာမှာ ဆုလဒ်များကို ရယူရန် လိုအပ်သည့် လှည့်ကွက်များကို ဆုပ်ကိုင်မိခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

___

အခန်း(၄၄၀)

ရှေ့ပြေးတစ်ခု

ဆောင်းဥတု၏ အအေးဓာတ်သည် လုံးဝမပျောက်ဆုံးသွားခဲ့သေးပေ။ နွေဦးလေသည် အေးစက်နေသေး၏။

မြို့တော်၏ ရှောင်လန်လမ်းမသည် လူများဖြင့် ပြည့်နှက်နေခဲ့သည်။ ရှောင်လန်လမ်းမသည် မြို့တော်ရှိ လူအစည်ကားဆုံး နေရာများထဲမှ တစ်ခုဖြစ်၏။ ခမ်းနားပြီး ထည်ဝါသော စားသောက်ဆိုင်တစ်ခုသည် ၎င်း၏ခေါင်မိုးမှနေ၍ တွဲလောင်းကျနေသည့် ကြီးမားသော အနီရောင်မီးအိမ် အစီအတန်းများဖြင့် ကျန်အဆောက်အဦးများကို ဖုံးအုပ်ထားခဲ့သည်။ ဆူညံသံတစ်ခုကို အတွင်းဘက်တွင် ကြားနိုင်၏။

“ကပ္ပတိန် ကျုပ်ခင်ဗျားအတွက် သောက်မယ်”

“ကပ္ပတိန် ကျွန်တော်ကလည်း ခင်ဗျားအတွက် သောက်မယ်”

“ငါထယ်ကောင်းဆီ တစ်စုံတစ်ယောက်ကို အရမ်းလေးစား အထင်ကြီးတာ ရှားပါးတယ်။ ဒါပေမဲ့အခု ငါကပ္ပတိန်ကို အထင်ကြီးလေးစားတယ်။ ဘယ်လိုတောင် ငယ်ရွယ်တဲ့ သူရဲကောင်းတစ်ယောက်လဲ။ လမ်းကြောင်းရဲ့ ကပ္ပတိန်”

“ဟား ဟား ဟား ထယ်ကောင်း ကပ္ပတိန်က မင်းရဲ့အထင်ကြီး လေးစားမှုကို လိုအပ်လို့လား။ ဒီနေရာမှာ ငါတို့ရဲ့ညီအစ်ကိုတွေ အများကြီးရှိပြီး သူတို့ထဲက ဘယ်တစ်ယောက်ကများ ကပ္ပတိန်ကို အထင်ကြီး မလေးစားလို့လဲ”

“ကပ္ပတိန်က ငါ့ရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ အနာဂတ်မှာ ကပ္ပတိန်ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို ငါ့ရဲ့ရန်သူ ဖြစ်လိမ့်မယ်”

“လာ လာ လာ ဒီအဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာ ရပ်လိုက်တော့။ လူတိုင်း ကပ္ပတိန်အတွက် သောက်ကြပါ။ မင်းတို့ရဲ့ အလေးထားမှုရဲ့ နက်ရှိုင်းမှုကို မင်းတို့ရဲ့ခွက်ထဲမှာ ဘာကျန်ခဲ့သလဲဆိုတဲ့အပေါ် မူတည်လိမ့်မယ်”

“ဟား ဟား ဟား ကျူးစီ စနောက်နေတာ တော်တော့ ကပ္ပတိန်က တစ်ခွက်သောက်ပြီးနောက်မှာ မူးသွားခဲ့တယ်။ ငါ့ကိုဒုက္ခပေးနေတာ ရပ်လိုက်တော့”

...

အရက်မူးနေသော စာကလေး စားတော်ဆက်၏ ဒုတိယထပ်သည် ပါတီကြီးတစ်ခုဖြင့် ပြည့်နှက်နေခဲ့သည်။ နီရဲနေသော မျက်နှာဖြင့် လူအများကြီးသည် သူ့အသက်ထက် ရင့်ကျက်သော လူငယ်လေးတစ်ယောက်ကို ဝန်းရံနေခဲ့ကြကာ သူတို့အားလုံးသည် သူ့ကျန်းမာရေးအတွက် အဆက်မပြတ် အရက်ခွက်ကို ပြိုင်တူမြှောက်ပြီး ဆုတောင်းပေးနေခဲ့ကြသည်။

ထိုလူသည် ငယ်ရွယ်သေးသော်လည်း သူသည် သူ့တွင် ဝါရင့်တစ်ယောက်၏ အသွင်အပြင်ရှိသောကြောင့် သူသည် ဤခွက်များကို မငြင်းပယ်ခဲ့ပေ။ သို့သော်လည်းသူသည် တော်တော်လေး ကိုယ့်ကိုယ်ကို စည်းကမ်းတကျ ရှိပုံရကာ ခွက်တစ်ခုစီကို နည်းနည်းလေးသာ သောက်နေခဲ့သည်။ သူသည် ထိုဝိုင်ခွက်များကို အဝေးသို့မရွှေ့မှီ သူ့နှုတ်ခမ်းစိုရုံလောက်သာ သောက်ပေလိမ့်မည်။

ထို့ကြောင့် ဤတစ်ယောက်နှင့်အများ ရင်ဆိုင်နေရသော်လည်း ထိုလူငယ်လေးသည် မပြိုလဲသွားခဲ့ပေ။ သူသည် သူ့ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းထားနေစဉ်တွင် အရက်အလွန်အကျွံ့ မူးသွားခြင်းမှ ကိုယ့်ကိုယ်ကို ကာကွယ်ထားခဲ့သည်။

ဤသည်က သူတို့ရေကြောင်းခရီးမှ ပြန်လာကတည်းက သူတို့ပထမဆုံး စုဝေးခြင်းဖြစ်ပေသည်။ လူတိုင်းသည် ဤကိစ္စကို အလွန်အမင်း အရေးကြီးမှုဖြင့် သဘောထားခဲ့ကြကာ ထိုရေကြောင်းခရီး၏ အဖွဲ့ဝင်တိုင်းနီးပါး ယနေ့ လာရောက်ခဲ့ကြသည်။

“အမှန်ပဲ ကပ္ပတိန် ကျွန်တော်တို့ရဲ့ နောက်ထပ် ရေကြောင်းခရီးက ဘယ်တော့လဲ”

စားပွဲသည် အသက်ဝင်နေခဲ့သော်လည်း ပထမ ရေကြောင်းခရီးအတွက် ဌားရမ်းထားခဲ့သော ကျွမ်းကျင်သူတစ်ယောက်က သူ့မေးခွန်းကို နောက်ဆုံးတွင် မထိန်းနိုင်တော့ပေ။ ဤမေးခွန်းသည် လူတိုင်းရင်ထဲရှိ မေးခွန်းဖြစ်ပြီး တခဏချင်းမှာပင် လူတိုင်းသည် သူတို့၏ဝိုင်ခွက်များကို ချလိုက်ကာကာ ဝမ်ကလန်ကို ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် လောင်ကျွမ်းနေခဲ့ကြသည်။

မည်သည့်ရေကြောင်းခရီးမဆို စွန့်စားမှုများဖြင့် ကြုံတွေ့ရပေလိမ့်မည်။

မိုးကြိုးမုန်တိုင်းများနှင့် တိုင်းဖွန်း မုန်တိုင်းကဲ့သို့သော အမျိုးမျိုးသော ရာသီဥတု စမ်းသပ်မှုများနှင့် လူနှလုံးသား၏ ဖောက်ပြန်တက်မှုတို့ ဖြစ်ကြသည်။

လျို့ဝှက်ကြံစည်မှုများနှင့် လိမ်လည်လှည့်ဖျားမှုများ ရှိခဲ့ပြီး လူများစွာတို့သည် ခရီးတွင် သေဆုံးခဲ့ကြသော်လည်း ကျန်သည့်လူများက ကြွယ်ဝစွာ ချီးမြှင့်ခံခဲ့ရသည်။

ထို့ကြောင့် ဤအရာအားလုံး ကြား၌ပင် လူတိုင်းသည် သူတို့သည် နောက်ရေကြောင်းခရီးတစ်ခုကို ထွက်ခွာလိမ့်မည်ဟု မျှော်လင့်ထားနေဆဲဖြစ်သည်။

“အခုမင်းက ဒါကိုပြောနေပြီမို့ ဒါကတကယ်တော့ ငါမင်းတို့အားလုံးကို ဒီနေရာမှာ စုစည်းခဲ့တာ။ အခုမင်းကဒါကို ပြောနေပြီမို့ တကယ်တော့ ဒါကြောင့် ငါမင်းတို့အားလုံးကို ဒီနေရာမှာ စုစည်းခဲ့တာပဲ”

သူဤအရာကို ပြောလိုက်သောအခါ ဝမ်ကလန်၏အကြည့်သည် လေးနက်သွားခဲ့ပြီး သူသည် သူ့ခွက်ကို ဖြေးညှင်းစွာ ချလိုက်သည်။

“အချိန်နည်းနည်း ကြာတဲ့အခါ ငါတို့ နောက်ထပ်ရေကြောင်းခရီးတစ်ခုကို ထွက်ခွာမယ်လို့ ငါဆုံးဖြတ်ထားခဲ့တယ်”

သူ့စကားလုံးများက အခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့၏။

လူတိုင်းသည် ကြက်သေ သေသွားခဲ့ကြသည်။ မေးခွန်းကို မေးခဲ့သည့် ဌားရမ်းထားသော ကျွမ်းကျင်သူသည်ပင် စွံ့အသွားခဲ့၏။ လူတိုင်းသည် မှတ်မိနေဆဲဖြစ်သည်။

သူတို့နောက်ဆုံး လမ်းခွဲခဲ့ချိန်တွင် ဝမ်ကလန်သည် လေးလမှ ငါးလလောက် လှုပ်ရှားမှုများ ရှိလိမ့်မည်မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

သူသည် တိကျသည့် အချိန်တစ်ခုကို သိရှိနိုင်ရန်အတွက် ဤမေးခွန်းကို ကျပန်းမျှသာ ပြောခဲ့ခြင်းဖြစ်သည်။ သူသည် ဝမ်ကလန်က နောက်ထပ် ရေကြောင်းခရီးတစ်ခုကို အမှန်တကယ် စတင်ပြင်ဆင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘုန်း

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အခန်းသည် နားအူမတက် ကြွေးကြော်သံများဖြင့် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

“ပျော်စရာပဲ”

“ကပ္ပတိန်က ဒါကိုပြောဖို့ ငါစောင့်နေခဲ့တာ”

“ခင်ဗျား ရွက်လွင့်တဲ့အချိန်တိုင်း ကျွန်တော်ကိုခေါ်ဖို့ သတိရပါ။ ကပ္ပတိန်က ဘယ်ကိုပဲသွားပါစေ ငါအူလှိုက်သဲလှိုက် လိုက်ပါမယ်”

“အမှန်ပဲ အမှန်ပဲ ကပ္ပတိန်က ဘယ်ကိုပဲသွားပါစေ ငါတို့က အစွမ်းကုန် လိုက်ပါကြမယ်”

...

အခန်းထဲတွင် လူအုပ်ကြီး၏ မျက်နှာများသည် အရက်ကြောင့် နီရဲနေခဲ့ကြသည်။ သူတို့သည် အူမြူးနေသည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့ကြပြီး အစပိုင်းထက်ပင်ပို၍ ပျော်ရွှင်သွားခဲ့ကြသည်။

ဝမ်ကလန်သည် ငယ်ရွယ်သေးသော်လည်း သူသည် မိုးကြိုးမုန်တိုင်းများ၊ ဆိုင်ကလုန်းများ၊ ကြီးမားသည့် လှိုင်းလုံးများ၊ ပုန်းကွယ်နေသည့် ကျောက်တန်းများ၊ ရေနက်ပိုင်များနှင့် ဝန်ထမ်းကြားရှိ အတွင်းပဋိပက္ခများကို ဖြတ်ကျော်ခဲ့ရသည်။ အန္တရာယ်တစ်ခုချင်းစီနှင့် သဘာဝကပ်ဘေး တစ်ခုချင်းစီရှိ သူ့စွမ်းဆောင်ချက်သည် ဤများကို သိမ်းပိုက်သွားခဲ့သည်။ အကြိမ်တိုင်းတွင် သူသည် သူတို့ကို အန္တရာယ်မှ လွတ်မြောက်စေခဲ့သည်။

မဟာသမုဒ္ဒရာကြီးတွင် လူတစ်ယောက်၏ ခွန်အားသည် သေးငယ်လှသည်။ မည်သည့်စစ်သည်တော်မဆို မိခင်သဘာဝ၏ ခွန်အားကို ဆန့်ကျင်အန်တုရန် ခက်ခဲသည်ကို တွေ့ရပေလိမ့်မည်။ ဤအန္တရာယ်များသော အခြေအနေများတွင် လူအုပ်ကြီးကို အန္တရာယ်မှ ခေါ်ထုတ်နိုင်သည့် စွမ်းရည်ရှိသော တစ်စုံတစ်ယောက်သည် အသန်မာဆုံး စစ်သည်တော်ထက် ပို၍အရေးကြီးပေသည်။

ထို့ကြောင့် ဤလူများသည် ဝမ်ကလန်ကို အလွန်မြင့်မားစွာ သဘောထားနေခဲ့ကြခြင်းဖြစ်သည်။

လူများဖြင့် ပြည့်နေသည့် သင်္ဘောတစ်စင်းတွင် သူ့တည်ရှိမှုက အစားထိုး၍မရသော ဝမ်ကလန်ကလွဲ၍ မည်သူကများ လက်မလွှတ်နိုင်သည်အထိ အရေးမကြီးပေ။

သူနှင့်သူဆွဲထားသည့် လမ်းပြမြေပုံမရှိဘဲ ဤလူတစ်ယောက်မျှ ထိုကျွန်းများကို မည်သို့ရှာဖွေရမည်ကိုပင် သိလိမ့်မည်မဟုတ်ပေ။

အဆုံးမရှိသော သမုဒ္ဒရာတွင် လမ်းအမှတ်အသားများ မရှိကြပေ။

ဝမ်ကလန်သည် ဝန်းရံနေသော လူအုပ်ကြီး၏ ချစ်ခင်မှု၊ လေးစားမှုနှင့် အားကိုးမှုတို့ကို တိတ်ဆိတ်စွာ ခံယူလိုက်ပြီး သူ့မျက်လုံးများက ဖြေးညှင်းစွာ အာရုံစူးစိုက်မှု စတင်ပျောက်ဆုံးလာခဲ့သည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ ငါကပင်လယ်ထဲမှာ ရှိနေတုန်းပဲ။ ဝမ်ကလန် သူ့ဘာသာ တိတ်ဆိတ်စွာ တွေးလိုက်၏။

ပင်လယ်မှနေ၍ ပြန်လာပြီးနောက် သူသည် ဝမ်ချောင်အကြံပြုချက်အတိုင်း ပြုလုပ်ရန်နှင့် အိမ်တွင် တစ်ခဏလောက် အနားယူရန် မူလက စီစဉ်ထားခဲ့သည်။ သို့သော် ဆောင်းရာသီကိုအိမ်တွင် ကုန်ဆုံးပြီးနောက် ဝမ်ကလန်သည် သူ့နှလုံးသားက ဗလာကျင်းနေသကဲ့သို့ ခံစားခဲ့ရသည်။

မြို့တော်ရှိဘဝသည် ငြိမ်းချမ်းစွာ လွယ်ကူပြီး သက်တောင့်သက်သာ ဖြစ်သော်လည်း ဝမ်ကလန်သည် သူမူလက တောင့်တခဲ့သည့် သက်တောင့်သက်သာဖြစ်မှုကို မရရှိခဲ့ပေ။ သူသည် သူကတစ်ခုခု ဆုံးရှုံးလိုက်ရသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်မှုကိုသာ ခံစားခဲ့ရသည်။

ထိုကိစ္စအကြောင်း အချိန်အကြာကြီး တွေးတောနေပြီးနောက် ဝမ်ကလန်သည် သူ့စိတ်ဝိညာဉ်တွင် အချိန်အကြာကြီး ပျောက်ဆုံးနေသည့်အရာကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သမုဒ္ဒရာကြီးပင်။

အဆုံးမရှိသော သမုဒ္ဒရာလှေများ၊ ငံကျိကျိရေများ၊ အဆက်မပြတ် မိုးခြိမ်းသံများ၊ မုန်တိုင်းများနှင့် အလုပ်ရှိ လူများ၏အော်သံများ ဖြစ်ကြပေသည်။

ဝါရင့်သင်္ဘောသားများသည် လူများက ပင်လယ်တွင် တစ်လကျော် ကုန်ဆုံးခဲ့ပါက ပင်လယ်ကြီးသည် သူတို့အသက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု တစ်ခါက ပြောဆိုခဲ့ကြဖူးသည်။

အစပိုင်းတွင် ဝမ်ကလန်ကို မယုံကြည်ခဲ့ပေ။

သို့သော် ယခုအခါ ဝမ်ကလန် ယုံကြည်သွားခဲ့၏။

ဤစွန့်စားမှုတစ်ခုက မြို့တော်ရှိ ဤသက်တောင့်သက်သာဖြစ်ပြီး ငြိမ်းချမ်းသော ဘဝသည် သူလိုချင်သည့်အရာ မဟုတ်သည်ကို ဝမ်ကလန်အား ရုတ်တရက် နားလည်သွားစေခဲ့သည်။

သူသည် စိတ်လှုပ်ရှားကာ အန္တရာယ်များပြီး သဘာဝ၏ အဆုံးမဲ့သော ခွန်အားသမုဒ္ဒရာ၏ အဆုံးမဲ့သော မိုးကုတ်စက်ဝိုင်းများနှင့် အသက်အတွက် ရုန်းကန်နေရသည့် ခံစားချက်ကို လိုချင်ခဲ့သည်။

ထို့ပြင် ထိုခဏတွင် ဝမ်ကလန်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့၏။

ဤအချိန်မှစ၍ သူ့ဘဝသည် ငြိမ်းချမ်းသည့်ဘဝ ဟုတ်တော့မည်မဟုတ်ပေ။

“... ဒါကငါလိုချင်နေတဲ့ ဘဝပဲ”

သူ့အနားရှိ သင်္ဘောသားများဆီမှ သြဘာသံများနှင့် အော်သံများကို ဝမ်ကလန် နားထောင်နေခဲ့ကာ သူသည် သူ့ခန္ဓာကိုယ်ရှိ တစ်စုံတစ်ခု ဖြေးညှင်းစွာ နိုးကြားလာနေသည်ကို ခံစားလိုက်ရသည်။ အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်တွင် ဖြေးညှင်းစွာ ချိတ်ဆွဲလာခဲ့၏။

သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများပြေးလွှားနေသည့် ဤခံစားချက်ကို ချစ်ပေသည်။ သူနှင့်အတူ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို ကြုံတွေ့ခဲ့ရသည့် ဤသင်္ဘောသားများနှင့် ရှိနေခြင်းဖြင့်သာ အသက်ရှင်နိုင်ပေသည်။

ဤအတွေးများက တစ်စက္ကန့်လောက်သာ ကျန်ရှိနေခဲ့ကြ၏။ ဝမ်ကလန်သည် သူ့တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့သည်။

“အခုအရမ်း မပျော်နဲ့အုံး”

ဝမ်ကလန် ယဲ့ယဲ့လေးပြုံးလိုက်ကာ ပြောလိုက်၏။

“ပြင်ဆင်မှုတွေ ပြီးမြှောက်ဖို့ အနည်းဆုံးနှစ်လ ကြာလိမ့်မယ်။ သင်္ဘောအုပ်စုတွေက ပြင်ဆင်ထားဖို့ လိုအပ်ပြီး ဝန်ထမ်းတွေကို အစားထိုးထားဖို့ လိုအပ်တယ်။ အဝတ်အစားတွေ၊ အစားအစာတွေ၊ ကြိုးတွေ၊ သင်္ဘောရွက်တွေ၊ ရေတွေ... ဒီအရာတွေအားလုံး ကရုစိုက်ထားဖို့ လိုအပ်တယ်။ ငါတို့ပင်လယ်ထဲမှာ တစ်နှစ်ကျော် အနည်းဆုံး ကုန်ဆုံးရမှာ ဖြစ်တာကြောင့် ဒီဟာတစ်ခုကမှ သေးငယ်တဲ့ပမာဏ ဖြစ်နိုင်တာမဟုတ်ဘူး”

“ပြဿနာမရှိပါဘူး။ ကပ္ပတိန်က ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ”

လူအုပ်ကြီးသည် စိတ်အားထက်သန်စွာ စတင်ပြောလိုက်ကြ၏။ သူတို့ပင်လယ်သို့ သွားနိုင်သ၍ တစ်ခဏစောင့်ဆိုင်းရန် လိုအပ်ခြင်းမှာ ကိစ္စမရှိပေ။

“ဒါကြောင့်လည်း ငါမင်းတို့အားလုံးကို စုစည်းခဲ့တာပဲ။ ငါတို့ရဲ့ နောက်ဆုံးအကြိမ် ပြင်ဆင်မှုတွေက မလုံလောက်ခဲ့ဘူး။ ဒါကြောင့် ဒီတစ်ကြိမ် ဘာပဲဖြစ်ဖြစ် ငါတို့ကိုယ်ငါတို့ ပြင်ဆင်ဖို့ ကရုတစိုက်နဲ့ တွေးတောရမယ်။ ဒါပေမဲ့ ဒီအရာတွေက ငါတစ်ယောက်ထဲ ပြုလုပ်နိုင်တဲ့ အရာမဟုတ်ကြဘူး။ ဒါကြောင့်ငါ လူတိုင်းရဲ့ အကူအညီကို လိုအပ်လိမ့်မယ်”

ဝမ်ကလန် ပြောလိုက်၏။

“ကပ္ပတိန် စ်ိတ်ချထားပါ။ တကယ်လို့ ကျွန်တော်တို့ လုပ်ဖို့လိုအပ်တဲ့အရာ ရှိခဲ့ရင် ကျွန်တော်တို့ကို အမိန့်ပဲပေးလိုက်ပါ”

လူအုပ်ကြီး အော်ဟစ်လိုက်ကြ၏။

ဘုန်း

ပါတီက ၎င်း၏အသက်ဝင်ဆုံး အခိုက်သို့ရောက်နေချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု အောက်ထပ်မှနေ၍ ဝင်လာခဲ့ကာ လူအုပ်ကြီးကို တိတ်ဆိတ်သွားစေခဲ့သည်။

ဝုန်းဒိုင်းကြဲသံတစ်ခု နောက်မှလိုက်လာခဲ့၏။

“ဘာဖြစ်နေတာလဲ”

လူအုပ်ကြီးသည် သူတို့၏ ဝိုင်ခွက်များကို ချလိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။

ဤစားသောက်ဆိုင်သည် ရှောင်လန်လမ်းမတွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ ဤပါတီ၏ အစပိုင်းတွင် စီမံခန့်ခွဲသူသည် သာမာန်မဟုတ်သည့်အရာ မဖြစ်ပွားခဲ့သ၍ သူတို့သည် နှောက်ယှက်ခံရမည်မဟုတ်ဟု သတင်းပို့ထားခဲ့သည်။

ထို့ပြင် ဤအခြေအနေနှင့် ပတ်သတ်၍ သာမာန်မဟုတ်ပေ။

“ဘာဖြစ်နေတာလဲ။ ငါတို့သူတို့ကို ပြောထားခဲ့တယ်မဟုတ်လား။ ငါတို့ကို ကြုံသလို မနှောက်ယှက်ဖို့ ငါတို့ပြောခဲ့တယ်”

“စီမံခန့်ခွဲသူကိုခေါ်ပြီး မေးလိုက်”

သင်္ဘောသားများသည် သူတို့၏ မျက်နှာများပေါ်တွင် မကျေနပ်မှုကို ပြသနေခဲ့ကြသည်။ ၎င်းတို့၏ သီးသန့်ပါတီပွဲကို နှောက်ယှက်ခံရသည့် မည်သူမဆို မကျေမနပ် ဖြစ်သွားပေလိမ့်မည်။ ဝမ်ကလန်သည် တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရ၏။ သို့သော် သူတွေးတောချိန်မရမှီ တစ်စုံတစ်ယောက် လှေကားတက်လာနေသည့်အသံက သူ့အတွေးကို ရှုပ်ပွသွားခဲ့သည်။

“ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တောင်းပန်ပါတယ်”

စားသောက်ဆိုင်၏ စီမံခန့်ခွဲသူသည် တွေးထားသည်ထက် မြန်ဆန်ခဲ့သည်။ အပြာရောင်ဝတ်ဆင်ထားပြီး အသားအရည် ကြမ်းတမ်းသော စီမံခန့်ခွဲသူက လှေကားဝတွင် ပေါ်လာပြီး ပါတီတက်ရောက်သူများရှေ့ မပေါ်လာမီ တစ်ခဏမျှသာ ကြာခဲ့သည်။

သူ့ခေါင်းသည် သူတောင်းပန်သည့်အခါ အလွန်ငုံ့ထားခဲ့ပြီး သူထပ်ဖြည့်ပြောလိုက်၏။

“ချစ်လှစွာသော ဧည့်သည်တော်တို့ ကျွန်တော်တကယ် အရမ်းတောင်းပန်ပါတယ်။ ဒီနေ့ ဒီဆိုင်ငယ်လေးကို တစ်စုံတစ်ယောက်က ငှားရမ်းသွားခဲ့တယ်။ ကျေးဇူးပြုပြီး ဧည့်သည်တော်တို့ ဖြစ်နိုင်သမျှမြန်မြန် ထွက်သွားပေးကြပါ”

စီမံခန့်ခွဲသူ၏ မျက်နှာက လူအုပ်ကြီးကို ချက်ချင်း ချဉ်သွားစေခဲ့သည်။ ရှင်းလင်းစွာပင် တစ်စုံတစ်ယောက်သည် နေရာတစ်ခုလုံးကို ငှားရမ်းသွားခဲ့ပြီး လူတိုင်းကို မောင်းထုတ်နေပေသည်။

“ဒါကဘယ်လို ဟာသလဲ။ လူတွေကိုငါတို့ မောင်းမထုတ်တာက တော်တော်လေး ကောင်းနေပြီ။ အခုတစ်ယောက်ယောက်က ငါတို့ကို မောင်းထုတ်နေတာလား”

“စီမံခန့်ခွဲသူ ငါတို့ဒီကို ဘယ်အချိန် ရောက်လာခဲ့လဲဆိုတာ မင်းမသိဘူးလား”

“မင်းဒီမှာ ဟာသတစ်ခု လာလုပ်နေတာလား။ ငါတို့နဲ့ ဒီနေရာမှာ လူဘယ်လောက်များများ ရှိလဲဆိုတာ မင်းမသိဘူးလား”

...

သူတို့သောက်စားနေစဉ် မောင်းထုတ်ခြင်းမှာ လူအုပ်ကြီးကို ချက်ချင်း ဒေါသထွက်သွားစေခဲ့သော်လည်း ဝမ်ကလန်သည် သူ့ဒေါသကို ထိန်းနိုင်ခဲ့သည်။

သို့သော် ဤသို့သော ရိုင်းစိုင်းသည့် တောင်းဆိုချက်တစ်ခုကို ကြားလိုက်ရခြင်းက ဝမ်ကလန်ကို အနည်းငယ် ဒေါသထွက်သွားစေခဲ့သေးသည်။

ဝမ်ကလန်သည် ဝန်ကြီးများနှင့် စစ်သူကြီးကလန်တစ်ခု ဖြစ်ပြီး သူတို့၏လက်ရှိ အဆင့်အတန်းအရ စားသောက်ဆိုင် တစ်ခုလုံးကို ငှားရမ်းရန်နှင့် အခြားလူတိုင်းကို မောင်းထုတ်ရန် သူတို့အတွက် လွယ်ကူပေသည်။

သို့သော် ဝမ်ကလန်သည် ဤအရာကို မပြုလုပ်ခဲ့ပေ။ ဤသည်မှာ နွေဦးအစကတည်းက သူတို့၏ ပထမဆုံး စုဝေးခြင်းဖြစ်ပြီး ဝမ်ကလန်သည် ဒုတိယထပ်တွင် အပိုင်းတစ်ခုကိုသာ ငှားရမ်းခဲ့သည်။ သူသည် ပထမထပ်နှင့် ဒုတိယထပ်ရှိ စားသောက်ခန်းအနည်းငယ်ကို အခြားလူများအတွက် ချန်ထားခဲ့သည်။

ဝမ်ကလန်သည် အထက်စီးမှ ပြောဆိုဆက်ဆံတတ်သော လူများထဲမှ တစ်ယောက်မဟုတ်ပေ။ သို့တိုင် စီမံခန့်ခွဲသူ၏ သူတို့ကို ထွက်သွားစေသည့် ရုတ်ချည်း တောင်းဆိုမှုက သူ့ဒေါသကို အောင့်သွားစေခဲ့သေးသည်။

“စီမံခန့်ခွဲသူ ဘယ်သူက...”

ဝမ်ကလန် စိတ်ရှည်စွာ စတင်လိုက်သော်လည်း သူ့စကားမဆုံးမှီ ဖြတ်ပြောခံလိုက်ရ၏။

“အဲ့ဒါငါပဲ”

ရိုင်းစိုင်းပြီး အထက်စီးဆန်ကာ ခြိမ်းခြောက်နေသော အသံတစ်ခုက အခန်းထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ကာ ၎င်းနှင့်အတူ ပါလာခဲ့သည်မှာ ထူထပ်သော အေးစက်သည့် အငွေ့အသက်ဖြစ်သည်။ ထိုအသံ ပျောက်ကွယ်သွားသည်နှင့်

ဘုန်း

အညိုရောင် ချပ်ဝန်တန်ဆာ ဖုံးထားသည့် ဘိုးဖိနပ်တစ်ခုက ဒုတိယထပ်သို့ ဘုန်းကနဲ ချနင်းသွားခဲ့သည်။

စားသောက်ဆိုင်တစ်ခုလုံး ဤခြေလှမ်းတွင် တုန်ခါသွားခဲ့၏။

စားသောက်ဆိုင်ထဲရှိလူတိုင်း ချက်ချင်း ဖြူလျော်သွားခဲ့ကြသည်။

___

All Chapters