အခန်း (၄၄၁-၄၄၅)
Vol. 20 Ch. 441-445
အခန်း(၄၄၁)
မုန်တိုင်း
ဝိညာဉ်သွေးကြောတောင်ပေါ်တွင် အရာအားလုံး တိတ်ဆိတ်နေခဲ့၏။
ခမ်းနားထည်ဝါသော ခန်းမတစ်ခုသည် တောင်ထိပ်ရှိ ရစ်ပတ်နေသော အဖြူရောင် မြူများကြားတွင် ဝိုးတဝါး ရှိနေခဲ့သည်။ ဤခန်းမအတွင်းရှိ စာကြည့်ခန်းတစ်ခုတွင် ကောင်းမွန်သည့် သံမဏိမှ ပြုလုပ်ထားခဲ့ပြီး ငှက်များ၊ ပန်းများ၊ အင်းဆက်များနှင့် ငါးတို့၏ ပန်းပုများဖြင့် အလှဆင်ထားသည့် ကောင်းမွန်သော စားပွဲတစ်ခု ရှိနေခဲ့သည်။
ဤစားပွဲနောက်တွင် ဝမ်ချောင်သည် အလုပ်လုပ်နေစဉ် ကျင့်ကြံနေခဲ့၏။
စစ်တုရင်ကစားပွဲတွင် ရှုချီချင်းကို သူအနိုင်ယူခဲ့ကတည်းက လဝက်ကျော် ကြာသွားခဲ့ပြီဖြစ်သည်။ သူတို့၏ သဘောတူညီချက်အရ ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ရှုချီချင်း ပေါ်လာသည့်အချိန်တွင် ဝမ်ချောင်သည် ထိုနေရာရှိ သူ့ကိစ္စများကို ဘေးဖယ်ထားလိုက်ပြီး သူ့အလုပ်ကို ဝိညာဉ်သွေးကြောသို့ ပြန်ရွေ့သွားခဲ့သည်။
ဤအခိုက်တွင် ဝမ်ချောင်၏ အာရုံအားလုံးသည် အနောက်တောင်ပိုင်းတွင်ဖြစ်၏။ ထိုကိစ္စသည် တပ်သား တစ်သိန်းရှစ်သောင်းနှင့် မုန့်ချီကျောက်၊ ဝူရှန်းနှင့် မဟာတန်တို့လည်း ပါဝင်နေခဲ့ကြသည်။ သူကိုင်တွယ်ရန် လိုအပ်သည့် မရေမတွက်နိုင်သော ကိစ္စများရှိကြပြီး ဤသည်က ဖြေရှင်းရန် တစ်ခဏသာလိုအပ်သည့် ပြဿနာမဟုတ်ပေ။
ဝမ်ချောင်သည် နည်းနည်းချင်းစီသာ ဂရုစိုက်နိုင်ပေသည်။
“လူအိုကြီးလင်းယုန်ငှက် အန်းနန်ကာကွယ်ရေး စစ်သူကြီး ရှန်းယုချောင်ထုံကို ပို့မဲ့စာက အဆင်သင့်ဖြစ်ပြီလား”
“အဆင်သင့်ဖြစ်ပါပြီ။ နောက်ပြီး ဒီငယ်သားက အန်းနန်ပိုင်နက်ကို ပို့လိုက်ပြီဖြစ်တဲ့ လက်ဆောင်တစ်ခုလည်း ပြင်ဆင်ခဲ့ပါတယ်”
“အင်း ငါတို့က ရှန်းယုချောင်ထုံနဲ့ ဆက်ဆံရေးကို တိုးမြှင့်ရမယ်။ အနာဂတ်မှာ ငါတို့က သူနဲ့ဆက်ပြီး ပြောဆိုဆက်သွယ်ဖို့လိုအပ်တဲ့ ကိစ္စအများကြီး ရှိလာလိမ့်အုံးမယ်”
“သင့်ရဲ့ငယ်သားက နားလည်ပါပြီ”
“နောက်ပြီး ရွှေပြားတစ်သန်းပြင်ဆင်ပြီး အဲ့ဒါကို အနောက်တောင်ပိုင်းကို ဖြစ်နိုင်သမျှ မြန်မြန်ပို့လိုက်ပါ။ အဲ့ဒါကို ကျန်းရှို့ကျီဆီ ပေးလိုက်ပါ”
“ဒါက... သခင်လေး ကျွန်တော်တို့က ရွှေပြားနှစ်သန်းကနေ သုံးသန်းအထိ ပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့က မူလကစီစဉ်ထားတဲ့ ပမာဏထက် အများကြီး ကျော်လွန်သွားခဲ့ပါပြီ။ အဲ့မြို့က အောက်ခြေမရှိတဲ့ အပေါက်တစ်ခုဖြစ်တယ်”
“ငါလုပ်တဲ့ အရာရာတိုင်းနဲ့ ငါ့မှာအဓိပ္ပာယ်တစ်ခုရှိတယ်။ ငါပြောတဲ့အတိုင်း အကုန်လုံး လုပ်လိုက်ပါ။ နောက်ပြီး စစ်မှုထမ်းဌာနရဲ့ လူကြီးမင်းကျန်းနဲ့ ငါ့ကိုတွေ့ဆုံပေးဖို့ စီစဉ်လိုက်ပါ”
“ဟုတ်ကဲ့ပါ သခင်လေး။ သင့်ရဲ့ငယ်သားက နားလည်ပါပြီ"
***
ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်မှတစ်ဆင့် အမိန့်တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။
“သခင်လေး သခင်လေး မကောင်းတော့ဘူး”
ဤအခိုက်တွင် အော်သံတစ်သုတ်က ငြိမ်သက်နေသည့်တောင်ကို နှောက်ယှက်သွားခဲ့သည်။
ဘန်း
ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့ မတုန့်ပြန်နိုင်မှီ ခန်းမ၏တံခါးသည် တွန်းဖွင့်ခံလိုက်ရသည်။ ယူနီဖောင်း ဝတ်ဆင်ထားသော ဝမ်ကလန်၏ အစောင့်တစ်ယောက်သည် အထဲသို့ သဲကြီးမဲကြီး ဝင်လာခဲ့၏။ ဤအစောင့်ကိုမြင်သည်နှင့် ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့ တစ်ပြိုင်နက် မျက်မှောင်ကြုတ်လိုက်ကြသည်။
“မင်းဒီလောက်ထိ သွေးပျက်နေရအောင် ဘာတွေဖြစ်နေလို့လဲ”
ဝမ်ချောင် မပျော်ရွှင်စွာ မေးလိုက်၏။
ဤယူနီဖောင်းဝတ်ဆင်ထားသော အစောင့်သည် ဝိညာဉ်သွေးကြော၏ အစောင့်များထဲမှ တစ်ယောက်မဟုတ်သည်မှာ ထင်ရှားလှသည်။ ဝမ်ချောင်သည် ကလန်အစောင့်များကို သူတို့အား ဝိညာဉ်သွေးကြောသို့ ဝင်ရောက်ခြင်းမှာ တားဆီးထားခဲ့သည်ကို မှတ်မိပေသည်။
ထို့ပြင် ဝမ်ချောင်သည် ဤသွေးပျက်နေသည့် ပုံစံကို အားမပေးပေ။
သို့သော် ကြမ်းပြင်ပေါ် ဒူးထောက်နေသည့် အစောင့်က ဝမ်ချောင်၏ အမူအရာကို သတိထားမိပုံမရပေ။
“သခင်လေး မကောင်းတော့ဘူး။ တစ်ယောက်ယောက်က သခင်လေးလျန်ကို ရိုက်နှက်လိုက်ပါတယ်”
ယူနီဖောင်းဝတ်ဆင်ထားသည့် အစောင့်က ချွေးထွက်နေခဲ့ပြီး သူပြန်ပြောလိုက်သည့် စကားလုံးများက ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့၏ အမူအရာများကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ သို့သော် ထိုအစောင့်ဆီမှလာသော နောက်ထပ်စကားလုံးများက ဝမ်ချောင်၏ နှလုံးသားကို ချောက်ထဲသို့ ပြုတ်ကျသွားစေခဲ့၏။
“... သခင်လေးက အခုအချိန်မှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး သူအဲ့ဒါကို ကျော်လွှားနိုင်မလားဆိုတာ မသိရပါဘူး။ သူ့ဘက်မှာ လိုက်ပါသွားကြတဲ့လူတွေ အကုန်လုံးကလည်း ဒဏ်ရာရသွားခဲ့ကြပါတယ်။ သူတို့က သခင်လေးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုကို မရှာနိုင်ခဲ့ကြတာကြောင့် သူတို့က ကျွန်တော့်ကို သခင်လေးကို လာတင်ပြခိုင်းခဲ့တာပါ”
ဤသတင်းစကားကို အဆုံးသတ်လိုက်ပြီးနောက် အစောင့်သည် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ မလှုပ်တော့ပေ။
“ဘာကွ”
ဝမ်ချောင် ချက်ချင်းမတ်တပ်ရပ်လိုက်ကာ စားပွဲကိုရိုက်လိုက်သည်။
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြို့တော်က ကောင်းကင်သားတော်ရဲ့ ခြေဖဝါးအောက်မှာရှိတဲ့ အရေးကြီးနေရာတစ်ခုဖြစ်တယ်။ ဘယ်သူကများသူ့ကို အဲ့နေရာမှာ အပြင်းအထန် ဒဏ်ရာရအောင် လုပ်ရဲမှာလဲ။ ဒါ့အပြင် သူ့ဘက်မှာ လူအများကြီးရှိတယ်။ သူကဘယ်လိုလုပ် ဒဏ်ရာရသွားခဲ့တာလဲ”
ဝမ်ချောင်သည် မယုံကြည်နိုင်စွာ ကြက်သေသေသွားခဲ့သည်။ သူ့ဝမ်းကွဲအစ်ကိုကြီး ဝမ်လျန်သည် သူ့အစီအစဉ်များအတွက် အလွန်အမင်းအရေးကြီးပြီး သူမရှိပါက သူတို့ကို ဆက်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ပို၍အရေးကြီးသည်မှာ ဝမ်လျန်သည် ဝမ်ချောင်လုံးဝယုံကြည်ထားပြီး အစားထိုးရန် အလွန်ခက်ခဲသည့် သူ့ဆွေမျိုးဖြစ်ပေသည်။
သို့သော် ဝမ်လျန် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည့်အချက်က ဝမ်ချောင်ကို ပို၍ထိတ်လန့်သွားစေခဲ့ဆဲဖြစ်သည်။ ဝမ်ချောင်သည် ဝမ်လျန်၏ဘက်တွင် မနည်းလှသော အစောင့်ပမာဏကို ထားရှိခဲ့ပြီး ဝမ်လျန်ကိုယ်တိုင်က သူ့ရေကြောင်းခရီးတွင် များစွာသော ကျွမ်းကျင်သူများ၏ သစ္စာခံမှုကို ရရှိထားခဲ့သည်။
သာမာန်လူတစ်ယောက်သည် သူ့ကိုဒဏ်ရာ အပြင်းအထန်ရစေရန် မဆိုထားနှင့် သူ့အနားသို့ပင် ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်ပေ။
“ဒီလူက ဘယ်လိုလူများလဲ”
ဝမ်ချောင်၏စိတ်သည် ကသောင်းကနင်း ဖြစ်နေခဲ့၏။
မြို့တော်တွင် ဝမ်ကလန်၏လူများသည် တော်တော်လေး နှိမ်ချသည်ဟု ယူဆ၍ရသည်။ သို့သော် ဝမ်ကလန်သည် ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး သူတို့က သာမာန်ပြည်သူများကို အနိုင်မကျင့်ခြင်းက တော်တော်လေး ကောင်းမွန်နေခဲ့ပြီဖြစ်သည်။ သို့တိုင် ယခုအခါ ဝမ်ကလန်ကို အနိုင်ကျင့်ပြီး အရှက်ခွဲဝံ့သည့်လူများ ရှိခဲ့ကြပြီး ကောင်းကင်သားတော်၏ ရှေ့၌ပင်ဖြစ်သည်။
ဤအခိုက်တွင် ဝမ်ချောင်၏ နှလုံးသားသည် ဒေါသဖြင့် ပြည့်နှက်နေခဲ့၏။
“ဒီငယ်သားက မသိပါဘူး။ ကျွန်တော်က ရိုက်နှက်ခဲ့တဲ့လူတွေက ဟူတစ်သိုက် ဖြစ်ကြပြီး ဦးဆောင်နေခဲ့ကြတဲ့လူတွေက အန်းညီအစ်ကို လေးယောက်ဖြစ်တယ်ဆိုတာကိုပဲ သိပါတယ်”
ဒူးထောက်နေသည့်အစောင့်က ပြောလိုက်၏။ သို့သော် သူထပ်မပြောနိုင်မှီ သူသည် လူအိုကြီး လင်းယုန်ငှက်၏ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။
“မင်းပြောတာ အန်းညီအစ်ကိုလေးယောက်လား”
“မင်းသူတို့ကို သိတာလား”
ဝမ်ချောင် သူ့ခေါင်းကို လူအိုကြီး လင်းယုန်ငှက်ဘက်သို့ လှည့်လိုက်၏။
“ဟုတ်ကဲ့ သူတို့က ပြီးခဲ့တဲ့လက မြို့တော်မှာ စတင်ကျော်ကြားလာခဲ့တဲ့ အသစ်စက်စက် ဟူမျိုးရိုးမြင့်တွေပါ။ အန်းညီအစ်ကို လေးယောက်ဟာ မြို့တော်ကိုလာတဲ့ သူတို့ရဲ့ခရီးလမ်းမှာ တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ကြတဲ့ ဟူလေးယောက်ဖြစ်ကြပါတယ်။ သူတို့အားလုံးမှာ မျိုးရိုးနာမည် 'အန်း'ရှိခဲ့တာကြောင့် သူတို့အားလုံး သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာခဲ့ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ကလန်မှာ နယ်စပ်မှာ အရေးကြီးတဲ့ တာဝန်တွေကို ချုပ်ကိုင်ထားတဲ့ ဟူစစ်သူကြီးတွေ ရှိတာကြောင့် သူတို့ကမြို့တော်မှာ များပြားတဲ့ သြဇာလွှမ်းမိုးမှုကို ချုပ်ကိုင်ထားပြီး ဟူတွေအပေါ်မှာတောင် ကြီးကြီးမားမား သြဇာလွှမ်းမိုးပါတယ်”
“ကျွန်တော်တို့ရဲ့ စည်းဝိုင်းက ဟူတွေနဲ့ မထိတွေ့ခဲ့တာကြောင့်နဲ့ သခင်လေးက အနောက်တောင်ပိုင်း၊ အနောက်မြောက်ပိုင်း၊ ယောင်ကလန်၊ ချီဘုရင်၊ ဓားသွားဖယ်ရှားခြင်းအိမ်တော်နဲ့ ဝိညာဉ်သွေးကြောတွေကိုပဲ ကျွန်တော်ကို စောင့်ကြပ်ဖို့ အမြဲတောင်းဆိုခဲ့တာကြောင့် ကျွန်တော်က ကျွန်တော့်သဘောနဲ့ ဒီစောင့်ကြည့်မှုကို ဆက်လုပ်ခဲ့ပြီး အခုထိ သခင်လေးကို မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း...”
လူအိုကြီးလင်းယုန်ငှက်သည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်၏။
“မျိုးရိုးနာမည်အန်းနဲ့ ဒီဟူလေးယောက်ကို အန်းဝိန်ကျန့်၊ အန်းရှောင်ကျဲ၊ အန်းယာ့လျိုရှန်းနဲ့ ကျန်တဲ့တစ်ယောက်က ကျွန်တော်စောင့်ကြည့်မှု မပြီးသေးဘူးဆိုပေမဲ့ သူက လန်ကျိုးအတွက် အုပ်ချုပ်ရေးဆိုင်ရာ လက်ထောက်နဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော်ကြားပါတယ်...”
ဘုန်း
လူအိုကြီးလင်းယုန်ငှက် စကားမဆုံးမှီ သူသည် ဝမ်ချောင် အေးခဲသွားခဲ့ပြီး သူ့မျက်နှာက လုံးဝကြက်သေ သေသွားခဲ့သည်ကို တွေ့လိုက်ရသည်။ ထိုသည်မှာ သူသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်၏။
လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်နောက် အချိန်အကြာကြီး လိုက်ပါခဲ့သည့်တိုင် သူသည် ဝမ်ချောင်ကို ဤအခြေအနေတွင် ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ဖူးပေသည်။ သူ့မျက်လုံးများသည် ဒေါသတကြီး ပြူးကျယ်နေခဲ့ကြပြီး သူ့ခန္ဓာကိုယ်ရှိ သွေးများအားလုံးတို့သည် သူ့မျက်နှာသို့ စီးဆင်းလာခဲ့ကြပုံရကာ သူ့နဖူးပေါ်ရှိ သွေးကြောများက ထောင်ထနေခဲ့ကြ၏။ ထိုသည်မှာ ထိတ်လန့်ကြောက်ရွံ့ရမည့် မျက်နှာတစ်ခုဖြစ်သည်။
“လူအိုကြီးလင်းယုန်ငှက် ဒီလူတွေရဲ့နာမည်ကို မင်းဘာပြောလိုက်တာလဲ”
ဝမ်ချောင်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အခြေအနေတစ်ခုတွင် ဖြစ်ပုံပေါ်သော်လည်း သူ့အသံက သာမာန်မဟုတ်စွာ အေးစက်ပြီး တည်ငြိမ်လှကာ အလွန်အေးစက်သောကြောင့် အပူများ ကင်းမဲ့နေပုံရသည်။
အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အခြေအနေနှင့် သူ့အသံ၏ အလွန်အမင်း အေးစက်မှုတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ကြသည်။ ဝမ်ကလန်၏ အစောင့်သည်ပင် ဝမ်ချောင်နှင့် ထူးဆန်းသည့် တစ်စုံတစ်ရာ ဖြစ်နေသည်ကို သတိပြုမိသွားခဲ့ပြီး အံ့သြတကြီး မော့ကြည့်လာခဲ့သည်။
"အန်းဝိန်ကျန့်၊ အန်းရှောင်ကျဲ၊ အန်းယာ့လျိုရှန်း...”
လူအိုကြီးလင်းယုန်ငှက် ပြောနေစဉ် သူသည် သတ္တုသံတစ်ခုကို ကြားလိုက်ရသည်။ အခန်းထဲရှိ ထိုသံမဏိစားပွဲသည် အားကောင်းသော စွမ်းအင်တစ်ချို့ကြောင့် ဘေးသို့ချက်ချင်း တွန်းထုတ်ခံလိုက်ရသည်။ လူအိုကြီးလင်းယုန်ငှက်သည် ဝေဝါးသည့် အနက်ရောင်အရိပ်က သူ့မျက်လုံးကို ဖြတ်သွားခဲ့သည်ကို မြင်လိုက်ရပြီး ဝမ်ချောင် မရှိတော့ပေ။
“ငါ့အမိန့်တွေကို လုပ်ဆောင်လိုက်။ ဝမ်ကလန်ရဲ့ အစောင့်တွေ အကုန်လုံးကို စုစည်းလိုက်ပါ။ သူတို့အကုန်လုံးကို လှုပ်ရှားဖို့ပြောလိုက်။ လှုပ်ရှားဖို့ ပြင်ဆင်ဖို့ လီစီယိ၊ မီယာဆာမီးအရာကာနဲ့ ဝေအန်းဖန်တို့ကိုခေါ်ဖို့ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို သတင်းစကား ပါးလိုက်ပါ။ နောက်ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်ရဲ့ အစောင့်တွေ အကုန်လုံးကိုလည်း စုစည်းလိုက်ပါ”
“သံမဏိလက်ကို ဆင့်ခေါ်လိုက်။ သူ့ရဲ့လက်ရှိမစ်ရှင်ကို ဘေးဖယ်ထားပြီး ချက်ချင်းပြန်လာဖို့ အမိန့်ပေးလိုက်ပါ”
“လျိုထုံးနဲ့ တွေ့ဆုံးပြီး စုန့်ဘုရင်ကို သတိပေးလိုက်ပါ။ သူတို့ပေးစွမ်းနိုင်သမျှ အကူအညီတွေကို ငါလိုအပ်တယ်”
“ကျောက်ကျင်းတန်၊ စွန်းကျိမင်၊ ကျွမ်းကျန့်ဖျင်နဲ့ ချီဝေ့စီတို့ကို စုစည်းပြီး သူတို့ကိုလှုပ်ရှားဖို့ ပြင်ဆင်ထားဖို့ ပြောလိုက်ပါ။ ဟွမ်ကလန်ဆီကို တစ်ယောက်ယောက် စေလွှတ်လိုက်ပြီး ဟွမ်ချန်အာကို ချက်ချင်းပြန်လာဖို့ ပြောလိုက်ပါ”
“မြို့တော်မှာရှိတဲ့ မဟာကလန်အကုန်လုံးကို သူတို့ရဲ့ကျွမ်းကျင်သူတွေကို စေလွှတ်ခြင်းနဲ့ ငါတို့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာမယ်လို့ ပြောလိုက်ပါ။ ဝမ်ကလန်ကသူတို့ကို ကျေးဇူးကြွေးတစ်ခု တင်လိမ့်မယ်လို့ သူတို့ကို ပြောလိုက်ပါ”
“ငါတို့စုစည်းနိုင်သမျှ ခွန်အားအကုန်လုံးကို စုစည်းလိုက်”
“မြန်မြန်”
***
ဤနောက်ဆုံးစကားလုံးဖြင့် ဝမ်ချောင်သည် တောင်အောက်သို့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး လေထဲမှတဆင့် ခွာသံများကိုသာ ချန်ရစ်ထားခဲ့သည်။
ခန်းမထဲတွင် လူအိုကြီးလင်းယုန်ငှက်နှင့် အစောင့်တို့သည် ကြက်သေ သေသွားခဲ့ကြ၏။
ဘုန်း
ဝမ်ချောင်ထွက်ခွာသွားပြီး ချက်ချင်းနီးပါးပင် မျက်စ်ိကြိမ်းမတက် တောက်ပလှသော ဧရာမ လျှပ်စီးတစ်ခုက ဝိညာဉ်သွေးကြောကို ကျွမ်းလောင်သွားခဲ့သည်။ အနက်ရောင် တိမ်တိုက်များက စတင်စုစည်းလာခဲ့ပြီး ပြင်းထန်သည့်လေများက စတင်တိုက်ခိုက်လာခဲ့၏။
ဝမ်ချောင်၏ နောက်ဆုံးအမိန့်နှင့်အတူ မြို့တော်တစ်ခုလုံး စတင်တုန်ခါလာခဲ့သည်။ ကြိုးတပ်တူရိယာ အချို့ကဲ့သို့ပင် ဝမ်ကလန်သည် အလုပ်လုပ်လိုက်ကြသည်။
ဝမ်ကလန်အိမ်တော်၊ ဝိညာဉ်သွေးကြောတောင်ပေါ်၊ ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ ကျန်းကလန်၊ ဝမ်ကလန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် အခြားမဟာကလန်များမှနေ၍ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ စတင်ထွက်ပေါ်လာခဲ့ကြသည်။
ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် အစောင့်များနှင့် ကျွမ်းကျင်သူများ လုံးဝဗလာကျင်းသွားခဲ့၏။
ဝိညာဉ်သွေးကြောတောင်ပေါ်တွင် ကျင့်ကြံခြင်း၌ နစ်မြုပ်နေခဲ့ကြပြီး ဝိညာဉ်စွမ်းအင်များ စုပ်ယူနေခဲ့ကြသည့် ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီနှင့် အခြားသူများသည် ဝမ်ချောင်၏ အမိန့်ကို ရရှိလိုက်သည်နှင့် အလျှင်အမြန် ထွက်ခွာလိုက်ကြသည်။
တစ်ချိန်ထဲမှာပင် ဝမ်ချောင် စုစည်းထားခဲ့သော တော်ဝင်စစ်တပ်နည်းပြ အားလုံးတို့သည်လည်း ထွက်ခွာသွားခဲ့ကြ၏။
ဝမ်ကလန်မိသားစုနှင့် သူ့ဦးကြီး ဝမ်ကန်းတို့၏ အိမ်များသည်ပင် လျှင်မြန်စွာ ဗလာကျင်းသွားခဲ့ပြီး ယခုအခါ ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်သွားခဲ့ကြသည်။
ပထမဆုံး အကြ်ိိမ်အနေဖြင့် နဂါးကန်များနှင့် ကျားဂူများကဲ့သို့ ထင်ရပုံပေါ်သော အစောင့်အလွန် ထူထပ်လေ့ရှိသည့် နေရာလေးခုသည် လုံးဝအစောင့်ကင်းမဲ့သွားခဲ့ကြသည်။
ဤအခြေအနေသည် မြို့တော်၏ အခြားမဟာကလန်များစွာကို သက်ရောက်သွားခဲ့ကြကာ ဤကလန်များသည် ဝမ်ချောင်၏ တောင်းဆိုမှုများကို လက်ခံရရှိလိုက်ကြပြီး သူတို့၏ ကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။
ဘာဖြစ်နေသည်ကို မည်သူမျှ မသိခဲ့ကြသော်လည်း ဤရုတ်ချည်း စုရုံးမှုမှ မသက်မသာဖြစ်မှုကို လူတိုင်း ခံစားလိုက်ရသည်။ ထိုသည်မှာ မုန်တိုင်းတစ်ခုက လာနေသကဲ့သို့ဖြစ်၏။
မြို့တော်၏ မဟာကလန်များသည် ဝမ်ကလန် နှိမ့်နှိမ့်ချချနှင့် အလျော့ပေးခဲ့ခြင်းကို အသားကျခဲ့ကြပေသည်။ ဤကြီးမားသည့်ပမာဏ စုစည်းမှုက မကြုံစဖူးပင်။
“ရာသီဥတုက ပြောင်းလဲတော့မယ်”
မဟာကလန်တစ်ခု၏ တံတိုင်းဝန်းထဲတွင် ဤကလန်၏ အကြီးအကဲတစ်ယောက်က သူ့ခေါင်းကို ကောင်းကင်ရှိ သိပ်သည်းသော တိမ်များကို မော့ကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်နေသည့် အကြည့်တစ်ခု ရှိနေခဲ့သည်။
သားကောင်အားလုံးတို့သည် ကျားတစ်ကောင်၏ ဟိန်းသံကို ကြားနိုင်ပြီး မြွေများနှင့် အင်းဆက်များသည်ပင် ချီတက်လာနေသော ဆင်များရှေ့တွင် အလျော့ပေးရပေမည်။
ဝမ်ကလန်သည် လူများစွာတို့က သူတို့ကို တစ်ခါတစ်ရံ မေ့ပျောက်သွားပြီး သူတို့က တိုင်းပြည်၏ ထိပ်သီးလက်ရွေးစင်ကလန်များထဲမှ တစ်ခုဖြစ်သည်ကို မေ့သွားသည်အထိ အလွန်သိုသိပ်ခဲ့သည်။
သို့သော် ဝမ်ကလန်သည် တိုင်းပြည်အနှံ့ ဝန်ကြီးများနှင့် စစ်သူကြီးတို့၏ ကလန်တစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြု ခံထားရသည်။ ဝမ်ချောင်၏အမိန့်သည် ရှေ့ပြေးတစ်ခုကဲ့သို့ ဝမ်ကလန်က ၎င်းကို၎င်း လောကကြီးကိုချပြရန် ရေထဲမှ ဖြေးညှင်းစွာမြင့်တက်လာနေသည့် ဧရာမ သတ္တဝါတစ်ကောင်ကဲ့သို့ ဖြစ်သည်။
***
“ဒါက နိမိတ်ဆိုးရဲ့ကြယ်ပဲ”
ဝမ်ချောင် ဝိညာဉ်သွေးကြောမှ ထွက်ခွာသွားသည်နှင့် တော်ဝင်နန်းတော်အတွင်း မည်သူမျှမသိသည့် အနက်ပိုင်းတွင် လေပြင်းတစ်ခုသည် ထိုက်ကျိနန်းတော် မြောက်ဘက်မှနေ၍ ခရမ်းရောင်နှင့် စက်ဝိုင်းပလက်ဖောင်း တစ်ခုပေါ်သို့ ရုတ်တရက် တိုက်ဝင်လာခဲ့သည်။
ဤသည်မှာ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားခဲ့သော ပလက်ဖောင်းဖြစ်ပြီး ၎င်း၏မျက်နှာပြင်က ထူးဆန်းသော စာလုံး စက်ဝိုင်း တစ်ခုပြီးတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့ကာ သူတို့အားလုံးသည် ထူးခြားသော စွမ်းအင်တစ်ချို့ကို ပိုင်ဆိုင်ထားကြပုံရသည်။
အကယ်၍ တစ်ယောက်သည် ကောင်းကင်ထက်မှနေ၍ ငုံ့ကြည့်လိုက်ပါက တစ်ယောက်သည် ဤခရမ်းရောင် ပလက်ဖောင်းက ကြီးမားလှသည့် သံလိုက်အိမ်မြှောင် တစ်ခုကဲ့သို့ ပုံပေါ်ပြီး ဤသံလိုက်အိမ်မြှောင်က လျို့ဝှက်ဆန်းကြယ်သော အက္ခရာများဖြင့် စက်ဝိုင်းတစ်ခုပြီးတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့သည်ကို မြင်နိုင်ပေမည်။
ဤသည်မှာ တော်ဝင်နန်းတော် တစ်ခုလုံးရှိ သက်တမ်းအရင့်ဆုံး အဆောက်အဦး ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်း ဖြစ်ပေ၏။
ဤအခိုက်တွင် ကြယ်ပျံတစ်စင်းက အနောက်တောင်ဘက်သို့ ဖြတ်သန်းသွားခဲ့ကာ ကြီးမြတ်လှသော ကိုယ်ကျင့်သီလနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားပုံပေါ်သည့် အဖြူရောင် ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်သည် ကောင်းကင်သို့ အံ့အားသင့် ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
******************
အခန်း(၄၄၂)
အန်းယာ့လျိုရှန်း
ဗေဒင်နက္ခတ်သည် မင်းဆက်တိုင်းတွင် အလွန်အမင်း အရေးကြီးသည့် အခန်းကဏ္ဍကို ရယူထားခဲ့သည်။
ဗေဒင်နက္ခတ် ပြသရာနေရာအနေဖြင့် ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းသည် သာလွန်သည့် အဆင့်အတန်းတစ်ခုရှိပြီး အုပ်ချုပ်သူတိုင်းက မြင့်မားစွာ အလေးထားခဲ့ကြသည်။ မင်းသားများနှင့် မင်းသမီးများမဆိုထားနှင့် မောင်းမဆောင်၏ ကြင်ယာတော်များနှင့် ကိုယ်လုပ်တော်များသည်ပင် ဤနေရာကို ချဉ်းကပ်၍မရပေ။
တော်ဝင်နန်းတော် တစ်ခုလုံးတွင် ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းသည် ဧကရာဇ်၏ နေထိုင်ရာ နန်းဆောင်များ၏မြောက်ဘက်တွင် ခွင့်ပြုထားခဲ့သည့် တစ်ခုတည်းသော နေရာဖြစ်သည်။
ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန် မလွယ်ကူလှပေ။ ၎င်းသည် မှန်ကန်သည့်အချိန်၊ မြေမျက်နှာသွင်ပြင်နှင့် ပြည်သူတို့၏ စည်းလုံးညီညွှတ်မှုတို့ လိုအပ်ကြပေသည်။
လောကကြီး၏ ဥပဒေသများကို ခံစား၍ရသည့် လူသားနှင့် ကောင်းကင်ဘုံတို့ အပြန်အလှန် အကျိုးသက်ရောက်သည့် နေရာများကသာ ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းတစ်ခုအတွက် သင့်လျော်ကြပေသည်။ ဗေဒင်နက္ခတ် ပညာရှင်များကသာ ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်နိုင်ကြပေ၏။ ထို့အပြင် လောက၏ စွမ်းအင်များသည် လုပ်ငန်းဆောင်တာများ အကောင်အထည်ဖော်ရန်အတွက် အသင့်လျော်ဆုံး ဖြစ်ကြသည့် နှစ်အတွင်းသာ ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းကို တည်ဆောက်နိုင်ပေမည်။
ထို့အပြင် တစ်ချိန်ထဲတွင် အခြေအနေ သုံးခုစလုံး ပြည့်စုံရန် အခွင့်အရေးသည် အကြိမ်တစ်သောင်းလျှင် တစ်ကြိမ်ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်တစ်ထောင်က အလယ်ပိုင်းလွင်ပြင်ဒေသရှိ ဧကရာဇ် ဓလေ့ထုံးတမ်းကို စတင်ခဲ့သည့် ထိပ်သီးအုပ်ချုပ်သူအဖြစ် သိထားကြသော ရှီဟွမ်တိသည်ပင် သူ့တိုင်းပြည်နှင့် စစ်တပ်တို့သည် မကြံစဖူး အားကောင်းခဲ့ကြသော်လည်း ဗေဒင်နက္ခတ် ပညာရှင်တစ်ရာတို့သည် သူတို့က ဆယ်စုနှစ်အတော်များများ အသုံးပြုခဲ့ကြသော်လည်း ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန် ကျရှုံးခဲ့ကြဆဲဖြစ်သည်။
မဟာဟန်သည် ချင်မှတည်ထောင်ထားခဲ့သော အခြေခံအုတ်မြစ်ကို အသုံးပြုခြင်းဖြင့်သာ ၎င်းတို့၏ ကိုယ်ပိုင် ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပေသည်။
မဟာထန်က ချူး၏မြို့တော်ကို သိမ်းပိုက်နေချိန်တွင် သူတို့သိမ်းပိုက်ပြီး သူတို့၏ ကာကွယ်မှုအောက်သို့ ကျရောက်စေသည့် ပထမဆုံးနေရာမှာ ဤကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းဖြစ်သည်။
ကောင်းကင်ဘုံ၏ ဆန္ဒသည် ကျယ်ပြောပြီး ခန့်မှန်းရန်ခက်ခဲလှ၏။
သို့သော် တစ်ယောက်သည် ကောင်းကင်ဆိုင်ရာ ဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နိုင်ပေသည်။ လူတစ်ယောက်သည် ဝါးကျည်တောက်တစ်ခုမှတစ်ဆင့် ၎င်း၏တည်နေရာကို မြင်တွေ့ခြင်းမှ ကျားသစ်တစ်ကောင်ကို သိရှိနိုင်ပြီး သစ်ရွက်လေးတစ်ရွက်က ဆောင်းလာနေပြီဆိုသည်ကို သိရှိရန် လုံလောက်ပေသည်။
ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းကို အသုံးပြုနေသည့် အစစ်အမှန် ဗေဒင်နက္ခတ် ပညာရှင်များသည် ကောင်းကင်ဘုံတစ်ခုလုံး၏ဆန္ဒကို မမြင်နိုင်ကောင်း မမြင်နိုင်ကြသော်လည်း သူတို့သည့် ကံကြမ္မာ၏ တစ်စွန်းတစ်စကို သိမြင်နိုင်ကြပေသည်။
“ကြယ်တစ်စင်းက အနောက်ဘက်ကို ကျဆင်းနေတယ်။ မယုံနိုင်စရာကောင်းလောက်အောင် ဆိုးရွားတဲ့ နိမိတ်တစ်ခုပဲ။ ကောင်းကင်ဘုံက မဟာထန်အပေါ်မှာ ပြောင်းလဲနေကြတယ်”
လေများတိုက်ခိုက်သွားသည်နှင့် ခေါင်းဖြူအကြီးအကဲသည် ကြယ်လေ့လာစောင့်ကြည့်ရေး ပလက်ဖောင်းတွင် ထိုင်ချလိုက်ကာ သူ့ရင်ဘက်တွင် ကြီးကြီးမားမား စိုးရိမ်နေခဲ့သည်။
နန်းတော်ဗေဒင်နက္ခတ်ပညာရှင်များ၏ ခေါင်းဆောင်အနေဖြင့် သူသည် ဆိုးရွားလှသော နိမိတ်များအားလုံးကို မြင်တွေ့ခဲ့ဖူးသော်လည်း သူသည် အနောက်ဘက်သို့ ကြယ်တစ်စင်း ကျဆင်းနေသည်အထိ အလွန်ဆိုးရွားလှသည့် တစ်ခုကို လုံးဝမမြင်ခဲ့ဖူးပေ။
တော်ဝင်ဗေဒင်နက္ခတ် ပညာရှင်များကြားတွင် လူတစ်ယောက်သည် အလားတူမှတ်တမ်းများအတွက် အနည်းဆုံး အနှစ်သုံးရာကို ပြန်ကြည့်ရပေမည်။ ချူးက ၎င်း၏နောက်ဆုံး နေ့ရက်များသို့ ရောက်နေချိန်ဖြစ်၏။
အကြီးအကဲသည် အလျှင်အမြန် မတ်တပ်ရပ်လိုက်ကာ သူ့စိုးရိမ်မှုက မြင့်တက်လာနေခဲ့သည်။ နောက်ဆုံးတွင်သူသည် တော်ဝင်နန်းတော်၏ အနက်ပိုင်းသို့ ပြေးထွက်သွားခဲ့၏။
ဤကိစ္စသည် လျော့တွက်၍မရပေ။ ၎င်းသည် တိုင်းပြည်၏ကံကြမ္မာ ပါဝင်နေခဲ့သောကြောင့် သူသည်၎င်းကို ပညာရှင်ဧကရာဇ်ထံသို့ ဖြစ်နိုင်သမျှမြန်မြန် တင်ပြရပေမည်။
****
မြို့တော်၊ ဟွမ်ကလန်...
“ငါဝပြီ နင်တို့ကျန်တဲ့လူတွေ ဆက်စားကြပါ”
ကျောပေါ်တွင် ကြီးမားသည့် ငွေရောင်ဓားတစ်လက်ဖြင့် ဟွမ်ချန်းအာသည် စားပွဲတစ်လုံးတွင် ထိုင်နေခဲ့၏။ သူမဝမ်ချောင်၏သတင်းကို လက်ခံရရှိသည့်အခိုက်တွင် သူမသည် စားပွဲမှ မတ်တပ်ရပ်လိုက်ပြီး ဟွမ်ကလန်ရှိ ကျန်သည့်လူများ၏ ရှုပ်ထွေးနေသည့် အကြည့်များအောက်တွင် အဓိကဂိတ်တံခါးမှ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ဘာဖြစ်သွားသည်ကို မည်သူမျှ မသိကြသော်လည်း ဟွမ်ချန်းအာသည် သူမ ထွက်ခွာမလာမီ ဝမ်ချောင်နှင့် သူမတို့ ပြုလုပ်ခဲ့ကြသည့် သဘောတူညီချက်ကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။ သူမကို ဟွမ်ကလန်သို့ တစ်လတာပြန်ရန် ခွင့်ပြုထားခဲ့ပြီး ထိုအတောအတွင်း ဝမ်ချောင်သည်သူမကို ကြိုတင်၍ ဆင့်ခေါ်လိမ့်မည်မဟုတ်ပေ။
ဟွမ်ချန်းအာသည် ဘာဖြစ်နေသည်ကို မသိသော်လည်း သူမသည် ဝမ်ချောင်ထံ တစ်ခုခုဖြစ်သွားခဲ့ရမည်ကို သိပေသည်။
ကလုတ်
စစ်မြင်းတစ်ကောင်ကို စီးနင်းလျှက် ဟွမ်ချန်းအာသည် ဟွမ်ကလန်၏မြင်ကွင်းမှ ပျောက်ကွယ်ရန် တစ်ခဏသာ လိုအပ်ခဲ့သည်။
ဤအခိုက်တွင် မြို့တော်မှ အလွန်အမင်း ဝေးကွာလှသည့် နေရာတစ်ခုတွင် စာပို့ခိုတစ်ကောင်သည် ကောင်းကင်ကို ဖြတ်ပျံသွားခဲ့၏။ အဓိကလမ်းမပေါ်တွင် မြင်းတစ်ကောင် စီးနင်းနေသည့် လက်တစ်ဖက်သာရှိသော ကျွမ်းကျင်သူတစ်ယောက်သည် စာပို့ခိုကို လက်ခံရန် သူ့လက်ကို မြှောက်လိုက်သည်။
“ဒါက... မြို့တော်မှာ ဘာတွေသောက်ကျိုးနည်း ဖြစ်သွားခဲ့တာလဲ”
သံမဏိလက်သည် သူ့လက်ထဲရှိ အရေးတကြီး သဝန်လွှာကိုကြည့်ကာ သူ့မျက်နှာသည် အံ့အားသင့်နေခဲ့သည်။
ဝမ်ချောင်၏လျို့ဝှက်မစ်ရှင်ကို အကောင်အထည်ဖော်ရန် မြို့တော်မှ သူထွက်ခွာလာခဲ့သည်မှာ အချိန်အလွန် ကြာသွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်သည် သူ့တွင် အချိန်ပိုမရှိသည်ကို သိလောက်ပေမည်။
ထို့အပြင် ဤအမိန့်သည် နဂါးဓားပြများကို နှိမ်နှင်းနေစဉ် ပို့လာခဲ့သည့်တစ်ခုနှင့် မတူပေ။ ထိုအချိန်ကအမိန့်သည် အကယ်၍ သူကူညီနိုင်ပါက ကူညီ၍ရသော်လည်း အကယ်၍ သူမကူညီနိုင်ပါက အဆင်ပြေသည်ဟု ပြောထားခဲ့သည်။
သို့သော် ဤတစ်ကြိမ် သံမဏိလက်သည် ဤစကားလုံးများရှိ ပြတ်သားမှုကို ခံစားနိုင်ပေသည်။ သံမဏိလက်သည် ချက်ချင်းနီးပါး စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။
ဤသည်က သာမာန်ဆော်သြမှုမဟုတ်ပေ။ သူ့သခင်လေးသည် သူ့မစ်ရှင်ကို သိထားပေသည်။ ထူးခြားသည့်အခြေအနေများ မရှိခဲ့ပါက သူသည် သူ့ကိုမြို့တော်သို့ ပြန်လာရန် ဘယ်တော့မှ တောင်းဆိုလိမ့်မည် မဟုတ်ပေ။
သူ့မျက်လုံးများသည် ပြောင်းလဲနေခဲ့ကာ သံမဏိလက်သည် သူ့မြင်းကိုလှည့်ပြီး မြို့တော်ဆီသို့ မောင်းနှင်မသွားမှီ တစ်ခဏမျှ တွေးတောလိုက်သည်။
"ယာ့"
အခြေအနေက မည်သို့ရှိပါစေ သူ့သခင်လေး၏အမိန့်များသည် လွန်ဆန်၍မရပေ။
မီယာဆာမီးအာရာကာ၊ ဝေအန်းဖန်၊ လူအိုကြီးလင်းယုန်ငှက်၊ ကျောက်ကျင်းတန်၊ စွန်းကျိမင်.. ဝမ်ချောင်၏ဘက်မှ ဤလူများအားလုံးတို့သည် အလားတူ တွေးတောနေခဲ့ကြသည်။
ဤသို့သော ကြီးမားသည့်ပမာဏ လှုံ့ဆော်စည်းရုံးမှုသည် ယခင်က လုံးဝမဖြစ်ခဲ့ဖူးဘဲ ဝမ်ချောင်သည် ဤသို့သော အမိန့်တစ်ခုကို လုံးဝမထုတ်ပြန်ခဲ့ဖူးပေ။ လူတိုင်းတွင် သူတို့၏သံသယများ ရှိနေခဲ့ကြသော်လည်း သူတို့သည် ဝမ်ချောင်၏အမိန့်ကို လိုက်နာရန် ရွေးချယ်ခဲ့ကြသည်။
မရေမတွက်နိုင်သော လူများနှင့် မြင်းများသည် ဝမ်ချောင်၏အမိန့်အရ စတင်လှုပ်ရှားလိုက်ကြကာ မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော မဟာကလန်များကို ကြက်သေ သေသွားစေခဲ့သည်။
***
ဘုန်း
နောက်ထပ်ဧရာမ လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်သွားခဲ့ကာ ၎င်း၏ပေါက်ကွဲသံက ခေါင်းကိုပွတ်တိုက်သွားနေသည့် ဧရာမ ပုဆိန်ကြီးတစ်လက်ကဲ့သို့ဖြစ်သည်။ လေများတိုက်ခိုက်သွားခဲ့ပြီး သစ်ပင်များက အားကောင်းသည့် လှိုင်းလုံးတစ်ခုက သူတို့ကို တိုးဝှေ့နေသကဲ့သို့ ယိမ်းထိုးသွားခဲ့ကြသည်။ ထို့နောက် မိုးသည် အနက်ရောင် ကောင်းကင်ထက်မှနေ၍ စတင်ရွာဆင်းလာခဲ့၏။
မိုးသည် မိုးဖွဲလေးအဖြစ် စတင်ခဲ့သော်လည်း မိုးပေါက်များက လျှင်မြန်စွာ မျဉ်းကြောင်းများနှင့် ကြိုးများအဖြစ် ဆက်သွယ်သွားခဲ့ကြသည်။ သူတို့သည် သစ်ရွက်များ၊ မြက်ပင်များ၊ တောင်ကုန်းများနှင့် လမ်းမများကို ရိုက်ခတ်သွားခဲ့ကာ ကြည်နူးစရာကောင်းသော တဖျောက်ဖျောက် မြည်သံများကို ထွက်ပေါ်နေစေခဲ့သည်။
လောကကြီးသည် တိမ်များဖြင့်လျှင်မြန်စွာ ဖုံးလွှမ်းသွားခဲ့၏။
လျှပ်စီးများအောက် ရှည်လျားသော ကုန်းဇောင်းတစ်ခုပေါ်တွင် ဝမ်ချောင်သည် မိုးရေကိုဖြတ်၍ ဒုန်းဆိုင်းနေခဲ့သည်။
မြို့တော်တစ်ခုလုံးသည် သူ့အမိန့်ကြောင့် ထိတ်လန့်သွားခဲ့ပြီး သူ့အပြုအမူများကြောင့် ခေါင်းရှုပ်သွားခဲ့ကြသည်။ ဝမ်ချောင်တစ်ဦးတည်းသာ ဇာတ်ကြောင်းတစ်ခုလုံးကိုသိပေသည်။
ဝမ်ချောင်သည် သူက သူ့အတိတ်ဘဝမှ သူ့ရန်သူဟောင်း ဤပုဂ္ဂိုလ်၏သတင်းကို ဤနည်းလမ်းဖြင့် ရရှိလိမ့်မည်ဟု လုံးဝစိတ်ကူးမထားခဲ့ပေ။
အန်းယာ့လျိုရှန်း..။
လူအိုကြီးလင်းယုန်ငှက်သည် သူ ဤနာမည်ကို ပြောလိုက်သည့်အချိန်က ဝမ်ချောင်မည်မျှ ကြက်သေ သေသွားခဲ့သည်ကို ဘယ်တော့မှ သိလိမ့်မည်မဟုတ်ပေ။
သူသည် ဤနာမည်က အလယ်ပိုင်းလွင်ပြင်ဒေသနှင့် လောကကြီး တစ်ခုလုံးအတွက် ဘာကိုဆိုလိုသည်ကိုလည်း ဘယ်တော့မှ သိလိမ့်မည်မဟုတ်ပေ။
သူသည် ဤလောကတွင် မထင်ရှားသေးသော်လည်း အခြားလောကတွင် သူ့နာမည်ကို မသိသူမရှိခဲ့ပေ။
အကြောင်းမှာ ဤလူသည် မဟာထန်အပေါ် ကပ်ဘေးကို ယူဆောင်လာခဲ့ကာ ဧရာမ တိုင်းပြည်ကြီးကို အပိုင်းပိုင်းကွဲထွက်သွားစေခဲ့ပြီး ၎င်း၏မျိုးဆက်ကို ပျက်သုန်းသွားစေခဲ့သောကြောင့် ဖြစ်သည်။
ထို့ပြင် ထိုကပ်ဘေးကိုဖြစ်စေပြီး လောကတစ်ခုလုံးကို ဖျက်ဆီးပစ်သည့် တိုင်းတစ်ပါး ကျူးကျော်သူများကို ခေါ်ဆောင်လာခဲ့သူမှာ သူဖြစ်သောကြောင့်ဖြစ်သည်။
ဤသည်မှာ မဟာထန်၏ ရန်သူစစ်စစ်ဖြစ်ပြီး လောက၏လူထု ရန်သူလည်းဖြစ်၏။
မွေးကင်းစကျားပေါက်လေးတစ်ကောင်သည် အော်ရုံမျှအော်နိုင်ပြီး လင်းယုန်ငှက် အကောင်ပေါက်လေးသည် ၎င်း၏အတောင်ပံများကို ခတ်နိုင်အုံးမည် မဟုတ်ပေ။
ဓားသွားဖယ်ရှားခြင်း အိမ်တော်ဖြစ်စေ၊ ဝိညာဉ်သွေးကြောဖြစ်စေ ဤအရာများသည် ဖွံ့ဖြိုးတိုးတက်စေရန် ဝမ်ချောင် အချိန်နှင့်စွမ်းအား အမြောက်အများ သုံးစွဲခဲ့ရသည့်အရာများ ဖြစ်ကြသည်။ သူ့အဖွဲ့၏ ဤစွမ်းအားစုများ၊ ဤအဖွဲ့ဝင်များသည် ရလာရန် မလွယ်ကူခဲ့ကြပေသည်။
သူသည် သူတို့က အမှန်တကယ် မကြီးပြင်းမီ သူတို့ကို ဘယ်တော့မှ အသုံးပြုလိမ့်မည် မဟုတ်ပေ။
သို့သော် အကယ်၍သူသည် ထိုပုဂ္ဂိုလ်ကို ဖျက်ဆီးနိုင်ပါက ဝမ်ချောင်သည် အရာအားလုံး ပေးဆပ်ရန် ဆန္ဒရှိပေသည်။
ဝမ်ချောင်သည် ထိုတိုင်းတစ်ပါး ကျူးကျော်သူများက မည်သည့်နေရာမှ လာခဲ့သည်ကို ဘယ်တော့မှ မသိခဲ့သော်လည်း သူသိခဲ့သည့် အရာတစ်ခုရှိသည်။ အကယ်၍သူသည် ထိုပုဂ္ဂိုလ်ကို ဖျက်ဆီးနိုင်ခဲ့ပါက အရာအားလုံးသည် ကြီးမားသည့် ပြောင်းလဲမှုကို ကြုံတွေ့ကြရပေလိမ့်မည်။
မဟာထန်၏ ဤသစ္စာဖောက်မရှိပါက ထိုအနာဂတ်တစ်ခုမျှ ဖြစ်လာလောက်မည် မဟုတ်ပေ။
“အန်းယာ့လျိုရှန်း ငါမင်းကိုသေချာပေါက် သတ်ပစ်မယ်”
ဝမ်ချောင်၏ မျက်လုံးများသည် နီရဲနေခဲ့ကြပြီး သူ့လက်များက လက်သီးများအဖြစ် ဆုပ်ထားခဲ့ကြသည်။ သိပ်သည်းသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ခန္ဓာကိုယ်မှနေ၍ ကောင်းကင်သို့တိုင် လောင်ကျွမ်းသွားခဲ့သည်။
“ယာ့”
ဝမ်ချောင်ရှေ့သို့ ချီတက်လိုက်သည်နှင့် မြင်းခွာများသည် ရွှံ့များတစ်လှိုင်းပြီးတစ်လှိုင်းကို ကန်ထုတ်သွားခဲ့ကြသည်။
**************
အခန်း(၄၄၃)
သတ်ဖြတ်ရန်စိတ်ဆန္ဒတစ်ခု
ဝူး
လျှပ်စီးများ လင်းလက်သွားခဲ့ကာ လေများတိုက်ခတ်နေခဲ့သည်။ မိုးဖွဲလေးသည် ယခုအခါ သည်းသည်းမည်းမည်း ရွာသွန်းနေခဲ့၏။
“သခင်လေး သင့်ရဲ့ချပ်ဝတ်တန်ဆာ”
ဝမ်ကလန် အစောင့်နှစ်ယောက်တို့သည် မြေပေါ်တွင် ဒူးထောက်လိုက်ကြကာ ဝမ်ချောင်၏ ပင်လယ်နက် ရွှမ်သတ္ထုမှပြုလုပ်ထားသော ချပ်ဝတ်တန်ဆာကို ကိုင်ဆောင်ထားခဲ့သည်။
သူတို့နောက်တွင် ဓားသွားဖယ်ရှားခြင်းအိမ်တော် အစောင့်များ စီတန်းရပ်နေကြ၏။ ကျွမ်းကလန်၏ မြင်းတပ်၊ ချီကလန်၏ သံမဏိအစောင့်များ၊ ဝမ်ကလန်၏ ကျွမ်းကျင်သူများနှင့် အနားယူပြီးသည့် တော်ဝင်စစ်တပ်နည်းပြများ ... ကျောင်းသားများ အားလုံးနှင့်အတူ ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ အစောင့်များအားလုံး ရောက်ရှိလာခဲ့ကြသည်။
လေထုသည် အေးစက်ပြီး မှုန်မှိုင်းလှ၏။ မိုးစက်များက သူတို့၏ခန္ဓာကိုယ်များနှင့် မျက်နှာများကို ရိုက်ခတ်နေခဲ့ကြသော်လည်း သူတို့သည် သံမဏိနှင့် ငွေများမှ ထုလုပ်ထားပုံပေါ်ပြီး လုံးဝမဖြုံကြပေ။
“ဝမ်ချောင် ဒီမှာဘာဖြစ်နေတာလဲ”
ပြောလိုက်သည့်လူမှာ အနီရောင်မြင်းတစ်ကောင်ပေါ် စီးနင်းနေသည့် လူအုပ်ကြီးထဲမှ ထွက်လာသော နောက်ကျောတွင် အနီရောင်ပန်းဖွားလှံတစ်ခုကို သယ်ဆောင်ထားသည့် နယ်စားငယ်ရီဖြစ်သည်။ သူမသည် အနီရောင်ငှက် တောင်ထွတ်ပေါ်တွင် သတင်းကိုရရှိခဲ့ပြီး သူမ၏ကိုယ်ပိုင်အဖွဲ့ကို ဦးဆောင်လာခဲ့ပေသည်။
သူမသည် ဝမ်ချောင်၏ ဒုတိယအစ်မနှင့် သူငယ်ချင်းကောင်းများ ဖြစ်ကြပြီး ဝမ်ချောင်ကို ကြီးကြီးမားမား နားလည်ထားသည်။ ယနေ့ ဆော်သြမှုနှင့်ပတ်သတ်၍ လုံးဝသာမာန်မဟုတ်ပေ။
“နယ်စားငယ်ရီ မင်းငါ့ကိုယုံလား”
ဝမ်ချောင်မေးလိုက်ကာ မေးခွန်းကိုတိုက်ရိုက် မဖြေခဲ့ပေ။
“အဓိပ္ပာယ်မရှိတာ ငါနင့်ကိုမယုံခဲ့ရင် ငါဒီကိုရောက်နေလိမ့်မယ်လို့ နင်ထင်နေတာလား”
နယ်စားငယ်ရီ ဒေါသတကြီး ပြန်ပြောလိုက်၏။
ဝမ်ချောင် သူ့ခေါင်းကိုလှည့်လိုက်ပြီး မေးလိုက်သည်။
“နောက်ပြီးငါက လူတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် မင်းငါ့ကိုလုံးဝ ယုံကြည်အုံးမှာလား”
နယ်စားငယ်ရီ ငုတ်တုတ်မေ့သွားခဲ့၏။ ဝမ်ချောင်၏ အမူအရာသည် အေးစက်ကာ စိတ်ခံစားချက်လုံးဝ ပျောက်ဆုံးနေသည်။ သူ့အသံသည် တည်ငြိမ်သော်လည်း မျက်နှာပြင်အောက် ပုန်းကွယ်နေသည့် ထိုအေးစက်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် နယ်စားငယ်ရီကိုပင် တုန်လှုပ်သွားစေခဲ့သည်။
နယ်စားငယ်ရီသည် ဝမ်ချောင်ကို အချိန်အကြာကြီး သိရှိထားခဲ့သော်လည်း သူမသည်သူ့ကို ဤကဲ့သို့ လုံးဝမမြင်ခဲ့ဖူးပေ။
“ငါနင့်ကိုယုံတယ်”
နယ်စားငယ်ရီ ရုတ်တရက် ပြုံးလိုက်သော်လည်း သူမ၏အသံသည် သာမာန်မဟုတ်စွာ ခိုင်မာလှသည်။
သူမသည် ဝမ်ချောင်က ဓားသွားဖယ်ရှားခြင်းအိမ်တော်ရှိ လူတိုင်းကို ဘာကြောင့် စုရုံးချင်ခဲ့သည် သို့မဟုတ် ဝမ်ချောင်ကမည်သူ့ကို သတ်ချင်ခဲ့သည် ဆိုသည်ကို မသိခဲ့သော်လည်း နယ်စားငယ်ရီသည် ဝမ်ချောင်က အပြစ်မဲ့သူများကို အရမ်းကာရော ဘယ်တော့မှ သတ်ဖြတ်လိမ့်မည်မဟုတ်ဟု ယုံကြည်မှုရှိသည်။
အကယ်၍ဝမ်ချောင်သည် လူတစ်ယောက်ကို သတ်ချင်ခဲ့ပါက ထိုလူ့တွင် အသတ်ခံရရန် သေချာပေါက် အကြောင်းပြချက်တစ်ချို့ ရှိရပေမည်။ နယ်စားငယ်ရီသည် သူ့ကိုယုံကြည်ရန် ရွေးချယ်ခဲ့ပြီး သူ့ကိုသံသယမဝင်ခဲ့ပေ။
“... ပြော နင်သတ်ချင်တဲ့လူက ဘယ်သူလဲ။ နင့်ကိုဒီလိုမုန်းတီးမှု ဖြစ်စေတဲ့ တစ်စုံတစ်ယောက်က သာမာန်လူတစ်ယောက် မဟုတ်နိုင်ဘူး။ ပြော နင့်ရဲ့အစ်မကြီးက သူ့ကိုကူသတ်ပေးမယ်”
နယ်စားငယ်ရီ သူမ၏လှံကို ဝှေ့ယမ်းလိုက်ကာ သူမ၏အမူအရာက ယုံကြည်မှုရှိပြီး ပူပင်ကြောင့်ကြမဲ့လှသည်။
မိုးစက်များသည် သူမ၏ ချပ်ဝတ်တန်ဆာကို ရိုက်ခတ်နေခဲ့ကြ၏။ ဝမ်ချောင်က နယ်စားငယ်ရီကို ကြည့်လိုက်သောအခါ သူရုတ်တရက် ပြုံးလိုက်သည်။
ဤနှစ်အတွင်း သူ၏အားထုတ်မှုများသည် ၎င်းတို့၏ရလဒ်များကို ပြသလာနေခဲ့ကြသည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အဖွဲ့ဝင်တိုင်းသည် သူ့အမိန့်ကို လိုက်နာခဲ့ပြီး ရောက်လာခဲ့ကြသည်။
မည်သူကမှ သူတို့ဘာလုပ်နေသည် သို့မဟုတ် အကြောင်းပြချက်တစ်ခုကို မမေးမြန်းခဲ့ကြပေ။ သူ့ဆီမှ အမိန့်တစ်ခုကပင် လုံလောက်ခဲ့၏။
နယ်စားငယ်ရီကဲ့သို့ပင် သူတို့သည်သူ့ကို လုံးဝယုံကြည်ထားခဲ့ကြသည်။
ဤအခိုက်တွင် ဝမ်ချောင်သည် တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့ပြီး ဂုဏ်ယူမဆုံး ဖြစ်သွားခဲ့၏။
“လှုပ်ရှားကြမယ်”
ဝမ်ချောင် ပင်လယ်နက်ရွှမ်သတ္ထု ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး သူ့ဦးထုတ်ကို ဆောင်းလိုက်သည်။ ဝမ်ချောင်ရှေ့သို့ ဒုန်းဆိုင်းလိုက်ပြီး သူ့တပ်ဖွဲ့များကို ဦးဆောင်လိုက်သည်နှင့် သူ၏အနက်ရောင် အပေါ်ဝတ်ရုံသည် ဆေဘာဓားတစ်ချောင်းကဲ့သို့ မိုးရေကို ဖြတ်သန်းသွားခဲ့သည်။
လီသုံးလီအကွာအဝေးသို့ ရောက်ပြီးနောက် နောက်ထပ် သံမဏိသံ တစ်ပြုံတစ်မသည် မိုးရေထဲတွင် ချဉ်းကပ်လာခဲ့သည်။ ကျောက်ကျင်းတန်၊ စွန်းကျိမင်၊ ချန်ပုယွမ်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီနှင့် ဝိညာဉ်သွေးကြောမှ အနားယူပြီးသော နည်းပြများအားလုံးတို့သည်လည်း ရှိနေခဲ့ကြသည်။ သူတို့အားလုံးတို့သည် မိုးရေကို ဖြတ်သန်းလာခဲ့ကြပြီး ဝမ်ချောင်၏တပ်ဖွဲ့များကို လိုက်မှီလာခဲ့ကြသည်။
ကျောက်ကျင်းထန် သူ့မြင်းကို ဝမ်ချောင်ဆီသို့ မောင်းနှင်လာခဲ့၏။
“သခင်လေး ကျွန်တော်တို့ဘယ်ကို သွားနေကြတာလဲ”
ကျောက်ကျင်းထန်တွင် တည်ငြိမ်သည့် မျက်နှာတစ်ခုရှိပြီး သူသည် သူတို့နောက်ဆုံး တွေ့ဆုံကစဉ်ထက် ပို၍ပင် အားကောင်းလာခဲ့ကာ အစစ်အမှန်သိုင်းပညာနယ်ပယ် တံခါးဝကို အချိန်အကြာကြီးကတည်းက ဖြတ်ကျော်ခဲ့သည်။
အနက်ရောင်ဆူးချွန် ချီစက်ကွင်းတစ်ခုက သူ၏တုတ်ခိုင်သန်မာသော စစ်မြင်း၏ခွာများအောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်နေခဲ့ကြပြီး လေထဲမှတစ်ဆင့် တုန်ခါသံများကို ထုတ်လွှတ်နေခဲ့ကာ သတ္ထုသံကို ပေးစွမ်းနေသည်။
“လူအိုကြီးလင်းယုန်ငှက် ခင်ဗျားနေရာကိုသိလား”
ဝမ်ချောင် ပြန်မဖြေခဲ့သော်လည်း လူအိုကြီးလင်းယုန်ငှက်ဆီသို့ လှည့်လိုက်ကာ သူ့မျက်နှာက အေးစက်ပြီး မှိုင်းညို့နေခဲ့သည်။
“ကျွန်တော် စုံစမ်းစစ်ဆေးလို့ပြီးပါပြီ။ အဲ့ဒါက ချောင်လန်လမ်းမပေါ်က အရက်မူးနေတဲ့ စာကလေးစားသောက်ဆိုင်မှာပါ”
လူအိုကြီးလင်းယုန်ငှက် လေးနက်စွာ ပြောလိုက်၏။
ဤအတောအတွင်းသူသည် မရေမတွက်နိုင်သော စာကလေးများနှင့် လင်းယုန်ငှက်များကို စေလွှတ်ခဲ့ကာ မြို့တော်တစ်ခုလုံးကို သူ့မျက်စိများနှင့် နားများအတွင်း ဖုံးလွှမ်းစေခဲ့သည်။ ကုန်ဆုံးသွားသည့်အချိန်က ဖြစ်ရပ်၏တည်နေရာကို စုံစမ်းရန် သူ့အတွက် လုံလောက်ခဲ့ပေသည်။
“သွား အဲ့နေရာကိုဝန်းရံလိုက်။ လူတစ်ယောက်ကိုမှ ငါမလွတ်မြောက်စေချင်ဘူး”
“ဟုတ်ကဲ့ပါသခင်လေး”
***
မြို့ဂိတ်တံခါးတွင် အင်အားစုသုံးစုတို့သည် နောက်ဆုံးတွင် တစ်စုတစ်စည်းထဲအဖြစ် ပေါ်လာခဲ့ကြသည်။ ဝမ်ကလန်၏အစောင့်များ၊ ဝမ်ကန်းအိမ်တော်မှအစောင့်များ၊ အမျိုးမျိုးသော မဟာကလန်များမှ စေလွှတ်လိုက်သော ကျွမ်းကျင်သူများ သူတို့အားလုံးတို့သည် အစဉ်လိုက် ရပ်နေခဲ့ကြပြီး သူရောက်လာသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
လူအုပ်ထဲ၌ စုန့်ဘုရင်အိမ်တော်မှ လေးသခင်လျိုတုံး၏ ထင်ရှားသောပုံရိပ် ရှိနေခဲ့သည်။
ဤသည်မှာ လျိုတုံးနှင့် အလုပ်လုပ်သည့် ဝမ်ချောင်၏ ပထမဆုံးအကြိမ် မဟုတ်ပေ။ ဤချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားပြီး တုတ်ခိုင်သန်မာသော စုန့်ဘုရင်အိမ်တော်မှ လေးသခင်တွင် အံ့ဖွယ်လေးပစ်စွမ်းရည်များ ရှိကြသည်။ သူ့ယခင်ဘဝမှ ဝမ်ချောင်၏အတွေ့အကြုံများဖြင့်ပင် လျိုတုံးသည် လေးသခင်များကြား ထိပ်သီးထဲတွင် ပါဝင်ပေသည်။
ဝမ်ချောင်ဘာမှမပြောခဲ့ပေ။ သူတို့နားမှဖြတ်သွားပြီး မြို့ထဲသို့မဝင်ရောက်မီ ခေါင်းသာညိမ့်ပြလိုက်သည်။
မိုးသည် ပို၍ပို၍သည်းလာခဲ့ပြီး ကောင်းကင်က ဆက်၍မည်းမှောင်လာခဲ့၏။ တောက်ပသည့် လျှပ်စီးကြောင်းများက ဧရာမပုဆိန်များကဲ့သို့ ခုတ်ချလာခဲ့ပြီး ကောင်းကင်ကို အက်ကြောင်းထသွားစေခဲ့သည်။
လျှပ်စီးတစ်ချက် လက်သွားသောအခါ လောကကြီးတစ်ခုလုံးသည် နေ့ဘက်ကဲ့သို့ တောက်ပသွားခဲ့သည်။
မိုးရေများ၊ ချပ်ဝတ်တန်ဆာများ၊ ခေါင်မိုးကြွပ်ပြားများ... အရာအားလုံးတို့သည် ရောင်ပြန်ဟပ်သွားခဲ့ကြသည်။ လေတိုက်သံများ၊ မိုးကြိုးပစ်ချသံများနှင့် မိုးရေသံများ အားလုံးတို့သည် တစ်ခုထဲအဖြစ်သို့ ရောနှောသွားခဲ့ကြသည်။
လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ အနည်းငယ်သာရှိကြပြီး အဆောက်အဦးထဲနှင့် ခေါင်မိုးများပေါ်တွင် လူရိပ်အနည်းငယ် သွားလာနေကြသည်။ ဤလူများသည် မြို့တော်အတွင်းရှိ အမျိုးမျိုးသော ကလန်များမှ စေလွှတ်လိုက်သော ကင်းထောက်များဖြစ်ကြ၏။
သို့သော် ဝမ်ချောင်သည် သူတို့ကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။
သူတို့မြို့ထဲသို့ ပို၍ဝင်ရောက်လာသည်နှင့် သူတို့ချောင်လန်လမ်းမနှင့် ပို၍နီးကပ်လာသည်နှင့် ဝမ်ချောင်၏ လက်သီးသည် ပို၍တင်းကြပ်လာခဲ့ပြီး သူ့မျက်လုံးများက ပို၍နီရဲလာခဲ့သည်။
အဆုံးမရှိသော သွေးစီးကြောင်းများနှင့်အတူ မရေမတွက်နိုင်သော ပုံရိပ်များက သူ့စိတ်ထဲတွင် ပေါ်လာခဲ့ကာ အော်ဟစ်နေသည့်အသံများ၊ တိုက်ခိုက်နေသည့်အသံများ၊ ဆေဘာများနှင့် ဓားများ တိုက်ခိုက်နေသည့်အသံများသည် သူ့နားထဲတွင် ပြန်ပေါ်လာခဲ့ကြသည်။
သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များသည် ထိန်းမနိုင်သိမ်းမရနှင့် သူ့စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာခဲ့ကြ၏။
အရက်မူးနေသော စာကလေးစားသောက်ဆိုင်ထဲရှိ ထိုလူ၏နာမည်က ဘာကိုဆိုလိုသည်ကို သူ့ထက်ပို၍ မည်သူမျှ နားမလည်နိုင်ပေ။
၎င်းသည် အလယ်ပိုင်လွင်ပြင်ဒေသ တစ်ခုလုံး၏ ကပ်ဘေးဖြစ်၏။
ထိုလူက အရှေ့မြောက်ဘက်ရှိ ယိုကျိုးမှ မွှေနှောက်လိုက်ချိန်တွင် အလယ်ပိုင်လွင်ပြင်ဒေသသည် အလောင်းကောင်များဖြင့် စွန်းထင်းနေသည့် သွေးပင်လယ်ကြီးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး နောက်ဆုံး အရာအားလုံးက ဘာမှမရှိခြင်း ဖြစ်လာသည်အထိဖြစ်သည်။
သူ့မိဘများ၊ သူ့ဝမ်းကွဲ၊ သူ့အဒေါ်၊ သူနှင့်အတူ လိုက်ပါတိုက်ခိုက်ခဲ့ကြသည့် ကျောက်ကျင်းတန်နှင့် မရေမတွက်နိုင်သော ရဲဘော်ရဲဘက်များ၊ သူ့အား အလယ်ပိုင်းလွင်ပြင်ဒေသကို အပ်နှင်းထားခဲ့သည့် စီနီယာများနှင့် မရေမတွက်နိုင်သော သာမာန်ပြည်သူများ အားလုံးတို့သည် ဤပုဂ္ဂိုလ်ကြောင့် သေဆုံးကြပေလိမ့်မည်။
သူနောက်ဆုံးဘဝတွင် ဤအရာများအားလုံး ဖြစ်ပွားလာချိန်တွင် ဝမ်ကလန်သည် ကျဆင်းသွားခဲ့ပြီး ဝမ်ချောင်သည် နေရာတိုင်းကို လှည့်လည်သွားလာနေဆဲဖြစ်သည်။ စစ်ဒေသသုံးခု၏ ကြီးမြတ်လှသော ကွန်မန်တာရာထူးကို ရရှိထားသည့် ထိုလူနှင့်နှိုင်းယှဉ်ပါက သူသည် ပျက်စီးသွားသည့် ကလန်တစ်ခု၏ အရေးမပါသော သားတစ်ယောက်မျှသာ ဖြစ်သည်။
ဝမ်ချောင်သည် သူ့ဆွေမျိုးများ သေဆုံးသွားသည်ကိုကြည့်လျှက် သူခံစားခဲ့ရသည့် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ဘယ်တော့မှ မေ့ပျောက်လိမ့်မည် မဟုတ်ပေ။
သူ့နောက်ဆုံးဘဝတွင် သူမပြုလုပ်ခဲ့သည့်အရာကို သူသည် ဤဘဝတွင် သေချာပေါက် ပြုလုပ်ပေလိမ့်မည်။
“အန်းယာ့လျိုရှန်း ငါမင်းကို ငါ့အတွက် သေခိုင်းမယ်”
သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုသည် သူ့ခန္ဓာကိုယ်မှနေ၍ ပြေးထွက်သွားခဲ့ပြီး လဟာပြင်ကိုပင် တွန့်လိမ်သွားစေခဲ့သည်။
ဘုန်း
နောက်တစ်ခဏတွင် ဝမ်ချောင်ဦးဆောင်လာခဲ့သော တပ်ဖွဲ့များသည် သူ့နောက် လိုက်ပါသွားခဲ့ကြသည်။
ချောင်လန်လမ်းမသည် ငြိမ်သက်လှသည့် ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်လှ၏။ ခေါင်းမိုးမှ တွဲကျနေသော လှုပ်ယမ်းနေသည့် မီးအိမ်များနှင့် သူတို့ကို ရိုက်နေသည့် မိုးရေစက်များတို့သည် လှုပ်ရှားနေသည့် တစ်ခုတည်းသော အရာများဖြစ်ကြသည်။
“ဒီနေရာကို ဝန်းရံလိုက်။ လူတစ်ယောက်ကိုမှ မလွတ်စေနဲ့”
တစ်ခဏချင်းမှာပင် ဤတည်ငြိမ်မှုသည် လုံးဝပျက်စီးသွားခဲ့၏။
မရေမတွက်နိုင်သော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် မြင်းတပ်သားများသည် မိုးရေကိုဖြတ်၍ ချီတက်သွားခဲ့ကြပြီး အရက်မူးနေသော စာကလေးစားသောက်ဆိုင်ကို တင်းကြပ်စွာ ဝန်းရံထားလိုက်ကြသည်။
ဖလပ် ဖလပ် ဖလပ်
လူရိပ်များသည် မြေပေါ်သို့ ခုန်ဆင်းလိုက်ကြပြီး ပတ်ပတ်လည်ရှိ အဆောက်အဦးများပေါ်သို့ ခုန်တက်လိုက်ကြသည်။ ကျွီကနဲမြည်သံတစ်ခုဖြင့် လေးကြိုးများဆွဲလိုက်ကြပြီး အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသည့် ချွန်ထက်သောမြှားခေါင်းများသည် အလယ်ဗဟိုရှိ တန်ဖိုးကြီးလှသော စားသောက်ဆိုင်ကို ပတ်ပတ်လည်မှ ချိန်ရွယ်လိုက်ကြသည်။
နယ်စားငယ်ရီ၊ ကျောက်ကျင်းတန်၊ ဝေအန်းဖန်၊ စွန်းကျိမင်၊ ချန်ပုယွမ်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ... လူအားလုံးတို့သည် အလယ်ဗဟိုရှိ အရက်မူးနေသော စာကလေးစားသောက်ဆိုင်ကို စိုက်ကြည့်နေခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လေထဲတွင် ပြည့်နှက်သွားခဲ့၏။
ဤအခိုက်တွင် ဝမ်ချောင်ကို ဤသို့သောမုန်းတီးမှု ဖြစ်စေခဲ့ကာ သူကပျော်ရွှင်ကျေနပ်ရန် သတ်ဖြတ်ရမည့် ဤပုဂ္ဂိုလ်က ဤစားသောက်ဆိုင်ထဲ ရှိနေသည်ကို လူတိုင်းသိကြပေသည်။
အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုက သူတို့၏ နှလုံးသားများထဲတွင် ပေါ်ထွက်လာခဲ့ကြသည်။
သူတို့သည် ဝမ်ချောင်ကို အချိန်အကြာကြီး သိရှိခဲ့ကြပြီး သူကအပြစ်မဲ့သူများကို အရမ်းကာရော ဘယ်တော့မှ မသတ်ဖြတ်ခဲ့ဖူးသည်ကို သူတို့သိရှိကြပြီး သူသည်လူတစ်ယောက်ကို ထိုမျှနက်ရှိုင်းစွာ ရွှံ့ရှာခြင်းက ရှားပါးလွန်းလှသည်။
အားပုတန်က သူ့ကိုစိန်ခေါ်ခဲ့ပြီး ချန်ပုယွမ်ကို ထိခိုက်ဒဏ်ရာရစေခဲ့သည့် အချိန်ကပင် ဝမ်ချောင်သည်သူ့ကို ပညာသာပေးခဲ့သည်။ သူသည် နောက်ဆုံးတွင် အားပုတန်ကို လွှတ်ပေးခဲ့သေး၏။
အကယ်၍ တစ်စုံတစ်ယောက်သည် ဝမ်ချောင်ကို ဤသို့သော မုန်းတီးမှုနှင့် ရန်လိုမှုတို့ဖြင့် ပြည့်နှက်စေနိုင်ခဲ့ပါက ထိုလူသည် သေရန်ထိုက်တန်ပေသည်။
ဘုန်း
နောက်တစ်ခဏတွင် အရက်မူးနေသော စာကလေးစားသောက်ဆိုင်၏ အဓိကတံခါးများ ကန်ဖွင့်ခံလိုက်ရကာ နားအူမတက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တံခါးကန်ဖွင့်ခံလိုက်ရသည်နှင့် ဝမ်ချောင်သည် သူ့အုပ်စုကို မုန်တိုင်းတစ်ခု၏ အရှိန်အဟုန်ဖြင့် ဦးဆောင်ဝင်ရောက်သွားခဲ့သည်။
***********************
မှတ်ချက်- သမိုင်းအရ ဧကရာဇ်(Xuanzong)ဟာ အန်းလျိုရှန်းကို ဟယ်ဒုံး၊ ဖန်ယန် နဲ့ ပင်းလု စစ်ဒေသသုံးခုတို့ရဲ့ ဒေသဆိုင်ရာတပ်မှူးဖြစ်စေခဲ့ပါတယ်။ ယိုကျိုးက ဖန်ယန်စစ်ဒေသရဲ့ ဌာနချုပ်ပါ။
အခန်း(၄၄၄)
တစ်သက်တာ ရန်သူတစ်ယောက်
ဘုန်း
အရက်မူးနေသော စာကလေးစားသောက်ဆိုင်သည် မရေမတွက်နိုင်သော ဟူ များဖြင့် ပြည့်နှက်နေခဲ့ကာ သူတို့အားလုံးတို့သည် သောက်စားပျော်ပါးနေခဲ့ကြသည်။ တံခါးများက ကန်ဖွင့်ခံလိုက်ရသောအခါ သူတို့သည် ကြက်သေ သေသွားခဲ့ကြပြီးနောက် ဒေါသထွက်သွားခဲ့ကြသည်။
“ခွေးကောင် အဲ့ဒါကဘယ်သူလဲ”
“ငါတို့က ဒီနေရာတစ်ခုလုံးကို ဌားရမ်းထားတယ်ဆိုတာ သူတို့က မသိကြဘူးလား။ သူတို့က သေချင်နေကြတာလား”
“ဒီနေရာက ထွက်သွားစမ်း။ ဒီလိုမှမဟုတ်ရင် ငါတို့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့”
***
ဒေါသထွက်နေသည့် ခြင်္သေ့များကဲ့သို့ မရေမတွက်နိုင်သော ဟူတို့သည် စတင်ကျိန်ဆဲလိုက်ကြသည်။ သူတို့သည် ဘယ်တော့မှ စိတ်မရှည်ခဲ့ကြပေ။ ဟူများစွာက သူတို့၏ဆေဘာများနှင့် ဓားများကို ဆွဲထုတ်လိုက်ကြပြီး ဝမ်ချောင်၏ အုပ်စုကိုရင်ဆိုင်ရန် ကြမ်းကြုတ်စွာ သွားလိုက်ကြသောအခါ ဓားဆွဲထုတ်သံများ ထွက်ပေါ်လာခဲ့သည်။
သို့သော် နောက်တခဏတွင် သူတို့အားလုံး ရုတ်တရက် ရပ်တန့်သွားခဲ့ကြ၏။
အကြောင်းမှာသူတို့သည် ဝင်လာသည့်လူများက သူတို့ထက် လူအရေအတွက် ပိုများနေကြောင်း တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။
“သူတို့အားလုံးကို သတ်လိုက်ကြ”
ဝမ်ချောင် မိုးရေထဲမှနေ၍ ဆိုင်ထဲသို့ ဝင်လာခဲ့ကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အသံသည် အေးစက်ပြီး တင်းမာမှုဖြင့် ပြည့်နှက်နေခဲ့၏။
မိုးရေများသည် သူ့ချပ်ဝတ်တန်ဆာရှိ ချောင်ကျိုချောင်ကြားများမှနေ၍ စီးထွက်လာခဲ့ပြီး သူ့ပုခုံးများ၊ လက်မောင်းများနှင့် ရင်ဘက်များသို့ စီးကျသွားခဲ့ကာ နောက်ဆုံးတွင် သူ့စစ်ဖိနပ်အောက်ရှိ ရေစီးကြောင်းတစ်ခုထဲသို့ စီးဆင်းသွားခဲ့ကြသည်။
ဤအချိန်ရှိ ဝမ်ချောင်သည် အလွန်အမင်း အကြင်နာတရား ကင်းမဲ့လှ၏။
မည်သူကမျှ သူ့ဆီမှ ဤသို့သော အော်ရာတစ်ခုကို ယခင်က မမြင်တွေ့ဖူးခဲ့ကြပေ။
“သခင်လေး”
ရှေ့ဆုံးတွင် ဝမ်ချောင်ထက် အရင်ဝင်သွားခဲ့ကြသော ဝေ့အန်းဖန်နှင့် အခြားလူများသည် သူတို့၏ခေါင်းများကို လှည့်ကြည့်လာခဲ့ကြသည်။ မြို့တော်သည် အရေးကြီးနေရာတစ်ခုဖြစ်ပြီး လူများစွာ သတ်ဖြတ်ခြင်းက ပြင်းထန်သော နောက်ဆက်တွဲများကို ယူဆောင်လာပေလိမ့်မည်။
သို့သော် ဝမ်ချောင်၏ မျက်နှာပေါ်တွင် ခံစားချက်အနည်းငယ်မျှ မရှိခဲ့ပေ။
“တိုက်”
သူပြောလိုက်သည့်အခိုက်တွင် ချီကလန်၏ သံမဏိအစောင့်များနှင့် ဝမ်ကလန်၏ အစောင့်များသည် ဝံပုလွေတစ်သုတ်ကို ချိန်ရွယ်နေသည့် ကျားများကဲ့သို့ ပြေးဝင်သွားခဲ့ကြသည်။
သံမဏိအစောင့်များနှင့် ဝမ်ကလန်၏ အစောင့်များအားလုံးတို့ကို တိုက်ပွဲများမှနေ၍ စုဆောင်းထားခဲ့ကြသည်။ စစ်သားများသည် အမိန့်များကိုလိုက်နာရန်မှာ သူတို့၏ မွေးရာပါတာဝန်ဖြစ်သည်ဟု ယူဆထားခဲ့ကြပြီး အမိန့်များကို ထမ်းဆောင်ခြင်းက ရှောင်လွဲ၍မရဟု ယူဆထားခဲ့ကြသည်။
အမ်ိန့်တစ်ခုရှိနေသရွေ့ သူတို့သည် ဓားတောင်နှင့် မီးပင်လယ်ကို ရင်ဆိုင်ခဲ့ရလျှင်ပင် သူတို့သည် ပြတ်သားစွာ ချီတက်ကြပေလိမ့်မည်။ ဤရှု့ထောင့်တွင် သူတို့သည် လက်များသွေးမစွန်းခဲ့ကြသေးသည့် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ ကျောင်းသားများနှင့် လုံးဝခြားနားကြပေသည်။
ဘုန်း
ချီကလန်၏ သံမဏိအစောင့်များ၊ ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အစောင့်များနှင့် ဝမ်ကလန်၏ ကျွမ်းကျင်သူများ အားလုံးတို့သည် ပြင်ဆင်လာခဲ့ကြသည်။ သူတို့တစ်ယောက်ချင်းစီသည် ချပ်ဝတ်တန်ဆာတစ်စုံကို ဝတ်ဆင်ထားခဲ့ကြပြီး ပုဆိန်တစ်လက် သို့မဟုတ် ဆေဘာဓားတစ်ချောင်းကို ကိုင်စွဲထားခဲ့ကြသည်။ သူတို့သည် အရက်မူးနေသော စာကလေး စားသောက်ဆိုင်ထဲသို့ ချီတက်သွားခဲ့ကြ၏။ လေထဲရှိ အေးစက်သော အလင်းရောင်တစ်ခုဖြင့် သူတို့သည် လူအုပ်ထဲသို့ ကြမ်းကြုတ်စွာ ခုတ်ဖြတ်သွားခဲ့ကြသည်။
“အား”
သွေးများဖြာထွက်သွားခဲ့ပြီး အော်သံများ ထွက်ပေါ်လာခဲ့၏။ တိုက်ပွဲတစ်ခုမျှဖြင့်ပင် ဆယ်ယောက်ကျော်သော ဟူတို့သည် လွင့်ပျံသွားခဲ့ကြသည်။
“သူတို့ကိုသတ်။ သူတို့ကငါတို့ကို တိုက်ရဲတယ်”
မရေမတွက်နိုင်သော ဟူတို့သည် စတင်အော်ဟစ်လိုက်ကြ၏။
ဝမ်လျန်၏အဖွဲ့တွင် သူ့ဘက်၌ တော်တော်များသောအစောင့်များ ရှိခဲ့ပြီး သင်္ဘောသားများကို ထည့်ပေါင်းလိုက်သောအခါ သူ့အဖွဲ့သည် ကြီးမားခဲ့သည်။ ဤသို့သော အခြေအနေမျိုးတွင် မည်သူကမျှ သူတို့ကို အနိုင်ကျင့်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
ဝမ်ချောင်သည် အစပိုင်းတွင် ၎င်းကအလွန် ထူးဆန်းသည်ကို တွေ့ရှိခဲ့သည်။ ဝမ်လျန်က မည်သို့ဒဏ်ရာ ရသွားခဲ့သနည်း။ သို့သော် သူသည် အရက်မူးနေသော စာကလေး စားသောက်ဆိုင်ထဲရှိ အခြေအနေကို မြင်လိုက်ရသောအခါ သူသည် သိရှိသွားခဲ့သည်။
အရက်မူးနေသော စာကလေးသည် မြို့တော်ရှိ အကြီးဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး ဤနေရာတွင် စုစည်းနေသည့် ဟူအရေအတွက်သည် တစ်ရာထက်ပိုပေသည်။
ထို့ပြင် သူတို့တစ်ယောက်ချင်းစီသည် ထွားကြိုင်းသန်မာပြီး လက်နက်များ ကိုင်ဆွဲထားခဲ့ကြ၏။ သူတို့တစ်ယောက်မှ အားမနည်းနေခဲ့ကြပေ။ ဝမ်လျန်ဘေးရှိလူများဖြင့် သူတို့ကို ကိုင်တွယ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သူတို့အတွက် ကံမကောင်းစွာဖြင့် ဝမ်ချောင်သည် ပြင်ဆင်လာခဲ့၏။
“သူတို့ကိုသတ် လူတစ်ယောက်ကိုမှ အသက်မရှင်စေနဲ့”
ဝမ်ချောင်၏အသံသည် အကြင်နာတရား ကင်းမဲ့ပြီး ခက်ထန်လှသည်။ ဖြောင့်မတ်မှုသည် ချမ်းသာကြွယ်ဝမှုကို မဆုပ်ကိုင်ခဲ့ဘဲ အကြင်နာတရားသည် စစ်သားများကို အမိန့်မပေးခဲ့ပေ။ လက်ရှိသူသည် အစစ်အမှန် သူဖြစ်သည်။
'ပညာရှင်ဧကရာဇ်ရဲ့ နန်းစံနှစ်က (၃၉)နှစ်ရှိပြီဖြစ်တာကြောင့် ဒါကမြို့တော်ကို ဝင်ရောက်လာတဲ့ မင်းရဲ့ပထမဆုံးအကြိမ် ဖြစ်ရမယ်...ဒါပေမဲ့ မင်းကအဲ့တုန်းက တပ်သားတွေကို စတင်စုစည်းနေခဲ့ပြီးပြီ။'
ဝမ်ချောင်၏အကြည့်သည် စားသောက်ဆိုင်ကို ဝေ့ဝဲသွားခဲ့ကာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ဖြစ်ပြီး သူ့စိတ်သည်လုံးဝ တည်ငြိမ်နေခဲ့သည်။
အရက်မူးနေသော စာကလေးထဲရှိ ဟူတို့သည် အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားခဲ့ကြပြီး လူမျိုးပေါင်းစုံမှ ဆင်းသက်လာခဲ့ကြသည်။ ဝမ်ချောင်သည် ရွှေသွားကြီးကိုကြည့်ရန် သူသွားခဲ့သောအခါ သူတို့ထဲမှအချို့ကိုပင် တွေ့ဆုံခဲ့သည်။ ဝမ်ချောင်သည် ဤ ဟူ တစ်ယောက်ကမှ နယ်စပ်ဒေသများမှ ဟူများမဟုတ်ခဲ့ကြဘဲ ဟူကုန်သည်များနှင့် မြို့တော်၏အစောင့်များ ဖြစ်ကြသည်ကို ကောင်းကောင်းသိထားပေသည်။
မဟာထန်၏ အတွင်းပိုင်းတွင် ဟူများအတွက် ဟူတို့နှင့် အတူရှိနေခြင်းမှာ သဘာဝသာဖြစ်သည်။ အထူးသဖြင့် ထိုလူသည် မိတ်ဆွေဖွဲ့ရန်နှင့် ပါရမီရှင်များကို ဆွဲဆောင်ရန် ငွေကြေးနှင့်အာဏာကို အသုံးချသည့် သူ့စွမ်းရည်သည် ပြိုင်ဘက်ကင်းလှသည်။
ပုန်ကန်မှု၏အစတွင် အရှေ့မြောက်ဘက်ရှိ ယိုကျိုးမှ ထိုကပ်ဆိုးကြီး ကျရောက်လာသောအခါ ဟူများမဆိုထားနှင့် ဟန်များသည်ပင် ဆွဲဆောင်ခံခဲ့ရသည်။
အကယ်၍ သူခန့်မှန်းမှုသည် မှန်ကန်ခဲ့ပါက သူသည် ဤလူများအားလုံးကို ဤနေရာသို့ စုစည်းခဲ့သည့် လူဖြစ်ပေသည်။
ထို့အပြင် အနာဂတ်တွင် ဤလူများသည် ထိုလောက ကပ်ဘေးကြီး၏ အရင်းအမြစ်များ ဖြစ်ပေလိမ့်မည်။ ဝမ်လျန်သည် သူတို့၏ အတူတကွ စုစည်းရန်နှင့် အချင်းချင်း ထောက်ပံ့ရန် ကြိုးပမ်းမှုများကို မရည်ရွယ်ဘဲ ကြုံကြိုက်ခဲ့ခြင်းသာဖြစ်သည်။
မည်သို့ဖြစ်ပါစေ ဤလူများတစ်ယောက်ကိုမျှ ထွက်သွားခွင့် မပေးနိုင်ပေ။
“တစ်ခြားလူတွေ ငါနဲ့လိုက်ခဲ့ကြ”
ပထမထပ်ရှိ ဟူစစ်သည်တော်များကို ရင်ဆိုင်ရန် လုံလောက်သည့်လူများကို ချန်ထားပြီးနောက် အေးစက်သည့် မျက်နှာထားဖြင့် ဝမ်ချောင်သည် သူ့တပ်သားများကို ဒုတိယထပ်သို့ စတင်ဦးဆောင်လိုက်သည်။
ဝမ်ချောင်သည် ကြွေကျနေသည့် ကြယ်တစ်စင်းကဲ့သို့ ရောက်ရှိလာခဲ့ပြီး အနားများ မယူခဲ့သော်လည်း ယခုအခါသူသည် အရက်မူးနေသော စာကလေး စားသောက်ဆိုင်ထဲတွင် ရောက်နေပြီဖြစ်သောကြောင့် သူနီးကပ်လာလေလေ သူ့ခြေလှမ်းများက နှေးကွေးလာလေလေဖြစ်ပြီး သူ့အမူအရာက အေးစက်လာလေလေဖြစ်သည်။
ကျားတစ်ကောင်သည် ၎င်း၏သားကောင်ကို မခုန်အုပ်မှီ ၎င်း၏ခြေလှမ်းများသည် နူးညံ့လာပြီး ၎င်း၏လှုပ်ရှားမှုများသည် တိတ်ဆိတ်လာပေလိမ့်မည်။ မိကျောင်းတစ်ကောင် မတိုက်ခိုက်မှီ ရေသည် တည်ငြိမ်လာလိမ့်မည်ဖြစ်ပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လာပေလိမ့်မည်။
စစ်ပွဲတွင် ဘဝတစ်ဝက်လောက် ကုန်ဆုံးသွားပြီးနောက် ဝမ်ချောင်သည် အရေးကြီးသည့် အခိုက်အတန့်များတွင် သူ့ကိုယ်သူ တည်ငြိမ်စေရန် အလေ့အကျင့်တစ်ခုကို ပြုလုပ်ထားခဲ့သည်။ စိတ်က တည်ငြိမ်နေသည့် ရေကန်တစ်ခုကဲ့သို့ ဖြစ်သောအခါမှသာ သူသည် သူ့တည်ငြိမ်မှုကို ထိန်းနိုင်ပြီး သူ့တည်ငြိမ်မှုကို ထိန်းနိုင်ခြင်းဖြင့်သာ သူသည် မှန်မှန်ကန်ကန် တိုက်ခိုက်ပေလိမ့်မည်။
ဘုန်း
ပထမထပ်ရှိ လှုပ်ရှားမှုများက ဒုတိယထပ်ကို နိုးကြားသွားစေခဲ့ပြီးဖြစ်သည်။ ဝမ်ချောင်က ဒုတိယထပ်သို့ တက်လာနေသည့်အချိန်တွင် ၎င်းသည်လုံးဝ အုပ်အော်သောင်းနင်း ဖြစ်နေခဲ့သည်။
မရေမတွက်နိုင်သော ဆေဘာများနှင့် ဓားများသည် ဆွဲထုတ်ခံလိုက်ရပြီး နားထဲတွင် သတ္ထုသံများက အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ ထိုနေရာတွင် ပျဉ်ပြားချပ်များမှ စိမ့်ထွက်လာနေသည့် ကြမ်းတမ်းသော စွမ်းအင်တစ်ခု၊ သွေးနှင့်တိုက်ပွဲတို့၏ အငွေ့အသက်များလည်းရှိသည်။
ဝမ်ချောင်သည် ဤစွမ်းအင်ကို မစိမ်းသက်ပေ။
ဤသည်မှာ စစ်သည်များ၏ အငွေ့အသက်ဖြစ်ပြီး တိုက်ပွဲတွင် အချိန်အကြာကြီး ကုန်ဆုံးထားခဲ့ပြီး သွေးကိုမြင်တွေ့ခဲ့ဖူးသည့် ထိပ်သီးတပ်သားများဖြစ်ကြသည်။
“မင်းက ဘယ်သူများလဲ”
ဝမ်ချောင်၏အုပ်စု လှေကားများမှ တက်လာသောအခါ သူတို့သည် အေးစက်သည့် အလင်းရောင်များဖြင့် ကြိုဆိုခံလိုက်ရသည်။ တစ်ခဏချင်းမှာပင် သူတို့သည် ဝန်းရံခံလိုက်ရ၏။
ပထမထပ်ရှိ ဟူများနှင့်မတူဘဲ ဤနေရာရှိ ဟူအားလုံးတို့သည် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြပြီး ကောင်းမွန်စွာ လေ့ကျင့်ခံထားရကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပုံရသည်။
ထို့ပြင် ဤလူများ၏နောက်တွင် ချွန်ထက်သည့်နှာခေါင်းနှင့် မျက်ကွင်းဟောက်ပက်ဖြင့် အသက်သုံးဆယ်အရွယ်လောက် လူတစ်ယောက်ရှိသည်။ သူ့တွင် ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်တစ်ခုရှိသော်လည်း ပညာရှိတစ်ယောက်၏ ရှားပါးသော သန့်စင်မှုတစ်ခုလည်းရှိသည်။ ဤသတ်လတ်ပိုင်းအရွယ် ဟူခေါင်းဆောင်သည် ခက်ထန်ပြီး ဖြူလျော်သည့် အမူအရာဖြင့် ဝမ်ချောင်ကို ကြည့်နေခဲ့သည်။
ပထမထပ်ရှိ ဟူများနှင့်မတူဘဲ ဤတစ်ယောက်သည် ဟန်ဘာသာစကားကို ပြောဆိုခဲ့ပြီး သူသည် ၎င်းကို ချောမွေ့စွာ ပြောဆိုခဲ့သည်။ ဝမ်ချောင်သည် ဤအရာကို ဟူမဆိုထားနှင့် ဟန်ကြားတွင်ပင် ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ရဖူးသည်။
ထို့ပြင် ထိုသတ်လတ်ပိုင်းအရွယ်လူ၏ ဘယ်နှင့်ညာတွင် အခြားဟူခေါင်းဆောင် နှစ်ယောက်တို့သည် သူ့ကိုကြည့်နေခဲ့ကြသည်။
ဝမ်ချောင်၏အကြည့်သည် သူတို့ကို ဖြတ်ကျော်သွားခဲ့ပြီး အနည်းငယ်ဝကာ ဟူများနှင့် ယှဉ်ပါက အရပ်ပုသည့် သူတို့ထဲကတစ်ယောက်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
***
ဝမ်ချောင်က သူ့ခေါင်းကို လှည့်လိုက်သည့် အချိန်၌ပင် သူ့စိတ်ထဲရှိ ကံကြမ္မာကျောက်တုံးသည် သတိပေးချက်များဖြင့် ပေါက်ကွဲသွားခဲ့သည်။
သို့သော်သူသည် ၎င်းတို့တစ်ခုကိုမျှ မကြားခဲ့ပေ။
ဤအခိုက်တွင် အချိန်သည် ရပ်တန့်သွားပုံပေါ်၏။ ဝမ်ချောင်၏ မျက်လုံးများသည် နီရဲသွားခဲ့ကြပြီး သူ့အာရုံအားလုံးသည် ဘေးတွင်ရပ်နေသည့် ထိုအနည်းငယ်ဝသော လူဆီသို့ အာရုံစိုက်ထားခဲ့သည်။
ကန်းယာ့လျိုရှန်း...။
သူသည် သူ့ကိုကန်းယာ့လျိုရှန်းဟု ခေါ်သည်ဖြစ်စေ အန်းယာ့လျိုရှန်းဟု ခေါ်သည်ဖြစ်စေ သို့မဟုတ် သူသည် သူ့နာမည်ကို ပြောင်းလဲခဲ့လျှင်ပင် ဤဘဝတွင်ဖြစ်စေ သူ့နောက်ဆုံးဘဝတွင်ဖြစ်စေ သို့မဟုတ် နှစ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာပြီးနောက် ဘဝတစ်ခုတွင်ဖြစ်စေ ဝမ်ချောင်သည် ဤမျက်နှာကို ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။
'နှစ်ပေါင်းဘယ်လောက်တောင်လဲ။'
နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် ဤပုဂ္ဂိုလ်ကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရသည်။ သူသည် ဤပုဂ္ဂိုလ်၏ အရိုးများကို စိစိညက်ညက်ကြေအောင် ချေမွမည့်အကြောင်း အကြိမ်မည်မျှ တွေးတောခဲ့သနည်း။ သူ့ရှေ့ရှိ ကန်းယာ့လျိုရှန်းသည် သူ့နောက်ဆုံးဘဝမှ တစ်ယောက်လောက် မဝခဲ့ဘဲ ဝမ်ချောင်သည်သူ့ကို ဤမျှအသက်အရွယ် အချိန်တွင် လုံးဝမတွေ့ဆုံခဲ့ဖူးပေ။
သို့သော် ဤငယ်ရွယ် နုပျိုသည့် မျက်နှာဖြင့်ပင် ဝမ်ချောင်သည် သူ့ကိုအကြည့်တစ်ချက်ဖြင့် မှတ်မိနိုင်ခဲ့ဆဲဖြစ်သည်။
“... ငါနောက်ဆုံးတော့ မင်းကိုတွေ့ပြီ”
ဝမ်ချောင် သူ့လက်သီးများကို ဆုပ်လိုက်ကာ သူ့မျက်လုံးများက နီရဲနေခဲ့၏။
ကံကြမ္မာတွင် မရေမတွက်နိုင်သော ပြောင်းလဲမှုအမှတ်များရှိသည်။ အကယ်၍ တစ်ယောက်သည် သူတို့ကို ကောင်းမွန်စွာ အသုံးချခဲ့ပါက တစ်ယောက်သည် လူတစ်ယောက်၏ ကိုယ်ပိုင်နှင့် လောကကြီး၏ ကံကြမ္မာကို ကောင်းမွန်စွာ ပြောင်းလဲနိုင်ပေလိမ့်မည်။ ကြိုးကြားပျံဝဲစံအိမ်သည် ဝမ်ကလန်၏ ကံကြမ္မာတွင် ပြောင်းလဲမှတ် ဖြစ်ခဲ့သောကြောင့် ယောင်ဖန်ကို ရန်စခြင်းဖြင့် သူသည် ဝမ်ကလန်၏ ကံကြမမ္မာကို ပြောင်းလဲခဲ့သည်။ ကြင်ယာတော်ထိုက်ကျန်း ဖြစ်ရပ်သည် စုန့်ဘုရင်၏ ကံကြမ္မာတွင် ပြောင်းလဲမှတ် ဖြစ်ခဲ့သည်။ စုန့်ဘုရင်၏ ကြင်ယာတော်ထိုက်ကျန်းဆီသို့ ရပ်တည်မှုကို ပြောင်းလဲခြင်းဖြင့် သူသည် စုန့်ဘုရင်၏ကံကြမ္မာကို သဘာဝအတိုင်း ပြောင်းလဲစေခဲ့သည်။
ထို့ပြင် ကန်းယာ့လျိုရှန်းသည် လောကကြီးတစ်ခုလုံးရှိ သန်းချီသော အသက်များအတွက် သံသယရှိစရာမလိုသည့် ပြောင်းလဲမှတ်ဖြစ်သည်။ သူ့နောက်ဆုံးဘဝတွင် သူသည် ကန်းယာ့လျိုရှန်းကို သတ်ဖြတ်ရန် နှစ်သုံးဆယ်ကျော် အသုံးပြုခဲ့သော်လည်း ၎င်းသည် ထိုအချိန်က အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူ့မျက်စိရှေ့၌ သူ့အကောင်းဆုံး အခွင့်အရေးဖြစ်သည်မှာ ထင်ရှားလှ၏။
ဝမ်ချောင်သည် သူ့ဝမ်းကွဲအစ်ကိုကြီး ဝမ်လျန်၏ ထိခိုက်ဒဏ်ရာ ရရှိခြင်းက သူ့ကို သူ့အကြီးမားဆုံး ရန်သူကြီးဆီသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ အရာရာတိုင်းသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့ပါက ဤသည်မှာ ကန်းယာ့လျိုရှန်း၏ မြို့တော်သို့ ပထမဆုံး အလည်အပတ် ဖြစ်ပေသည်။
လက်ရှိသူသည် သူ့အတိတ်ဘဝမှ တစ်ယောက်ထက် များစွာအားနည်းပြီး သူ့ဘေးတွင် အစောင့်များ အနည်းငယ်သာရှိသည်။ ထို့ပြင်သူသည် တိုင်းတစ်ပါး ကျူးကျော်သူများကို ဆင့်ခေါ်နိုင်စွမ်း သေချာပေါက် မရှိခဲ့သေးပေ။
ဤသည်မှာ သံသယရှိစရာမလိုဘဲ အရေးအကြီးဆုံး ပြောင်းလဲမှုအမှတ် တစ်ခုဖြစ်ပေသည်။
အကယ်၍သူသည် သူ့ကိုသေချာပေါက် သတ်ဖြတ်နိုင်ခဲ့ပါက လောက၏ ကံကြမ္မာသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဖြစ်သည်ကို ဝမ်ချောင် သေချာပေသည်။ သူ့အတိတ်ဘဝနှင့် မတူဘဲ သူသည် သူ့မစ်ရှင်ကို ပြီးမြောက်ရန် နှစ်သုံးဆယ် ဖြုန်းစရာလိုလိမ့်မည်မဟုတ်ပေ။
ဤအတွေးများက ဝမ်ချောင်၏စိတ်ထဲတွင် ပျံသန်းရန် စက္ကန့်ပိုင်းမျှသာ လိုအပ်ပြီး သူသည် သူ့တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့သည်။
“သူ့ကိုသတ်”
ဝမ်ချောင်၏ ညာခြေထောက်သည် ရှေ့သို့လှမ်းလိုက်ကာ သူမျက်လုံးများက တောက်ပသွားခဲ့ကြ၏။ လူတိုင်း၏ အကြည့်အောက်တွင် သူသည် အနည်းငယ်ဝကာ တိတ်ဆိတ်နေပြီး သတ်လတ်ပိုင်းအရွယ် ဟူခေါင်းဆောင်နံဘေးတွင် ရပ်နေသည့် မထင်ရှားသော ပုဂ္ဂိုလ်ဆီသို့ ရုတ်တရက် လက်ညိုးထိုးလိုက်သည်။
“ခဏနေအုံး။ မင်းကဘယ်သူများလဲ”
ယဉ်ကျေးသော သတ်လတ်ပ်ိုင်းအရွယ်လူသည် ဒေါသထွက်သွားခဲ့ကာ ဝမ်ချောင်ကို ရပ်တန့်ရန် အော်ဟစ်လိုက်သည်။
ကိစ္စများသည် ဤအခြေအနေသို့ ရောက်လာခဲ့သော်လည်း သူသည် ဘာတွေဖြစ်နေသည်ကို မသိခဲ့သေးပေ။ ဤဟန်များသည် အထဲဝင်ရောက်လာခဲ့ပြီး ချက်ချင်း စတင်သတ်ဖြတ်နေခဲ့ကြသည်။ သူသည် တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း သူသည် အနည်းဆုံး ဘာကြောင့်ဆိုသည်ကို သိရှိရန် လိုအပ်ပေသည်။
သို့သော် ဝမ်ချောင်သည် သူ့ကိုဂရုမစိုက်ခဲ့ပေ။ ကန်းယာ့လျိုရှန်းသည် ဤနေရာတွင် ပေါ်လာခဲ့ပြီဖြစ်သောကြောင့် အခြားဟူခေါင်းဆောင် နှစ်ယောက်တို့သည် အန်းညီအစ်ကို လေးယောက်၏ တစ်စိတ်တစ်ဒေသ ဖြစ်နိုင်သည်။
သူသည် လေးယောက်ထဲမှ သုံးယောက်သာ ဘာကြောင့်ပေါ်လာခဲ့သည်ကို မသိခဲ့သော်လည်း ဤသည်မှာ ဝမ်ချောင်၏ ကိစ္စမဟုတ်ပေ။
လေ၊ ရေ တိုက်စားခြင်းသည် အဆောက်အဦးကြီးတစ်ခုကို ဖျက်ဆီးရာတွင် တစ်စိတ်တစ်ဒေသ ဖြစ်နိုင်သော်လည်း ၎င်း၏ပျက်စီးခြင်းသည် ၎င်း၏အခြေခံအုတ်မြစ်ကို ပုပ်သိုးဆွေ့မြေ့အောင် ပထမဆုံးပြုလုပ်ရန် သေချာပေါက် လိုအပ်ပေသည်။
ဝူရှန်းသည် သန်မာပြီး အာဘတ်စစ်စော်ဘွားသည် ချမ်းသာသော်လည်း မဟာထန်သည် အားကောင်းသော ရန်သူများဖြင့် ဝန်းရံခံထားခဲ့ရလျှင်ပင် သူတို့တစ်ယောက်မှ အတွင်းပိုင်း လှိုက်စားခြင်းကို မယှဉ်နိုင်ကြပေ။
အနာဂတ်တွင် ကန်းယာ့လျိုရှန်း၏ သူပုန်စစ်တပ်က တောင်ဘက်တွင် ဆူပူသောအခါ အန်းညီအစ်ကို လေးယောက်သည် ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်ပေလိမ့်မည်။
ဘုန်း
မည်သူကမျှ ဝမ်ချောင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေကြသည်ဟူများအကြောင်းဂရုမစိုက်ခဲ့ပေ။ အကယ်၍ သူတို့သည် တစ်ယောက်ကို သတ်ရမည်ဆိုပါက သတ်လိမ့်မည်ဖြစ်ပြီး အကယ်၍ သူတို့သည် လူတစ်ရာကို သတ်ရမည်ဆိုပါက သူတို့သည် သတ်ပေလိမ့်အုံးမည်။ ဝမ်ချောင် အမိန့်ပေးသည့်အခါ သူတို့သည် ၎င်းတို့အားလုံးကို လိုက်နာပေလိမ့်မည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ ဝိညာဉ်သွေးကြောနှင့် ဝမ်ကလန်မှ ကျွမ်းကျင်သူများနှင့် အခြားမဟာကလန်များတို့သည် မည်သူမျှ အထင်သေး၍မရသည့် အင်အားတစ်ခုကို ဖြစ်စေခဲ့သည်။
ဘုန်း
အနီရောင်အလင်းတစ်ချက် လက်သွားခြင်းနှင့်အတူ နီရဲသော တိမ်တိုက်တစ်ခုသည် ဝမ်ချောင်နောက်မှ ထွက်ပေါ်လာခဲ့ပြီး ဟူကျွမ်းကျင်သူများ၏ ထူထပ်သော လူအုပ်ကြီးထဲသို့ ချက်ချင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ကြက်သွေးရောင် မီးတောက်လှံ ကျိုးယာ့ထုံ..။
ဤအခိုက်တွင် ဝမ်ချောင်ကို ပံ့ပိုးလိုက်သည့် ပထမဆုံးလူမှာ သူ့လေ့ကျင့်ရေးမစ်ရှင်တွင် သူတွေ့ဆုံခဲ့သည့် ကျိုးကလန်၏ အကြီးဆုံးသမီး ကျိုးယာ့ထုံဖြစ်သည်။
ဝမ်ချောင်နှင့် သေခြင်း၊ ရှင်ခြင်း အတွေ့အကြုံကို ကြုံတွေ့ခဲ့ရသည့် ရဲဘော်ရဲဘက် တစ်ယောက်အနေဖြင့် ကျိုးယာ့ထုံသည် ဝမ်ချောင်ထိုမျှ ရွံ့ရှာမုန်းတီးသည့် တစ်စုံတစ်ယောက်ကို လုံးဝမတွေ့ခဲ့ဖူးပေ။ သို့သော် အခြားလူများနှင့်မတူဘဲ ကျိုးယာ့ထုံတွင် ရှုပ်ထွေးသည့်အတွေးများ မရှိခဲ့ပေ။
ဝမ်ချောင်သည် ဤလူကို သတ်ချင်သောကြောင့် သူမသည် ဤလူကို ကူသတ်ပေလိမ့်မည်။
ဘာကြောင့်လဲ သို့မဟုတ် နောက်ဘာဆက်ဖြစ်မလဲဆိုသည့်အတွေး မရှိခဲ့ပေ။ လူတစ်ချို့တို့သည် သဘာဝအတိုင်း ရဲဘော်ရဲဘက်များ ဖြစ်ကြပြီး အကြောင်းပြချက်များ တောင်းစရာ မလိုအပ်ခဲ့ပေ။
ယုံကြည်မှုသည် ယုံကြည်မှုဖြစ်၏။ ဝမ်ချောင်သည် ဤလူကို သေစေချင်သောကြောင့် ဤပုဂ္ဂိုလ်သည် သေချာပေါက် သေရပေမည်။
ဘုန်း
ချီစက်ကွင်းများသည် ပဲ့တင်ထပ်သွားခဲ့ပြီး ကြယ်တာရာစွမ်းအင်များ ပေါက်ကွဲသွားခဲ့၏။ ကျိုးယာ့ထုံနောက် လိုက်ပါသည့်တစ်ယောက်မှာ ပိုင်ကလန်၏ ပိုင်စီလင်း မဟုတ်ခဲ့ပေ။ သို့မဟုတ် ရှုကလန်၏ ရှုကန်း သို့မဟုတ် ဖန်ရွှမ်းလင် မဟုတ်ခဲ့ပေ။ ထိုသည်မှာ ဟွမ်ကလန်၏ ဟွမ်ချန်းအာဖြစ်၏။
မြို့တော်၏ ကျော်ကြားလှသော နူးညံ့သောလက်များ၏ နတ်သမီးသည် လုံးဝရွှဲရွှဲစိုနေခဲ့သော်လည်း သူမ၏ မျက်လုံးများသည် ယခင်ကထက် ထက်ရှနေခဲ့ပြီး သူမ၏ အမူအရာက ယခင်ကထက် မော်ကြွားနေခဲ့သည်။ ယောက်ျားသားတစ်ယောက်၏ ကတိသည် ရွှေဂျင်တစ်ထောင် ထိုက်တန်ပြီး အမျိုးသမီးတစ်ယောက်၏ ကတိသည် ယောက်ျားတစ်ယောက်၏ကတိထက် လုံးဝမလျော့နည်းခဲ့ပေ။
ဟွမ်ကလန်က ဝမ်ချောင်ကို အလုပ်အကျွေးပြုပြီး ဝမ်ချောင်နောက် လိုက်မည်ဟု ကတိပေးခဲ့ပြီ ဖြစ်သောကြောင့် ဟွမ်ချန်းအာသည် ဤကတိကို အဆုံးတိုင် ထမ်းဆောင်ပေလိမ့်မည်။
ဘုန်း
လျှပ်စီးကြောင်းတစ်ခုသည် လေထဲမှတစ်ဆင့် လောင်ကျွမ်းသွားပုံပေါ်၏။ တစ္ဆေတစ်ကောင်ကဲ့သို့ ဟွမ်ချန်းအာသည် ဟူလူအုပ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့ကာ သူမ၏ညာဘက်လက်ချောင်း ငါးချောင်းသည် အဝါရောင်နှင့် ရွှမ်းစိုသော အလင်းရောင်ဖြင့် တလက်လက် လင်းလက်နေခဲ့သည်။ တိုက်ခိုက်မှု တစ်ခုမျှဖြင့် ဟွမ်ချန်းအာသည် အစစ်အမှန် သိုင်းနယ်ပယ် ဟူကျွမ်းကျင်သူအနားရှိ ဆူးချွန် ချီစက်ကွင်းနှင့် အကာအကွယ်ပေးနေသော ကြယ်တာရာစွမ်းအင်ကို ပျက်စီးသွားစေခဲ့သည်။ သူမ၏ နူးညံ့သော လက်ချောင်းများသည် ထိုပုဂ္ဂိုလ်၏ ရင်ဘက်ကို ဖိနှိပ်သွားခဲ့ပြီး သူ၏ချပ်ဝတ်တန်ဆာသည် ပျက်စီးသွားခဲ့ကာ သွေးများဖြာထွက်လာခဲ့၏။ ထိုဟူကျွမ်းကျင်သူသည် ခုခံကာကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူသည် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ ပျံဝဲသွားခဲ့ဆဲဖြစ်သည်။
ထို့ပြင် ဟွမ်ချန်းအာသည် အလွန်အားကောင်းလှကာ သူမသည် အနီးအနားရှိ ဟူစစ်သည်သုံးယောက်ကိုလည်း ပျံဝဲသွားစေခဲ့သည်။ ထိုလူသုံးယောက် လေထဲတွင် ရှိနေသေးစဉ် ဟွမ်ချန်းအာသည် သူတို့၏ အတွင်းအင်္ဂါများကို ဖျက်ဆီးရန် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို သုံးလိုက်သည်။ သူတို့မြေပြင်ပေါ်သို့ ပြန်ရောက်လာသောအချိန်တွင် သူတို့သည် အလောင်းများ ဖြစ်သွားခဲ့ကြပြီးဖြစ်သည်။
“တိုက် သူတို့ကိုသတ်”
အန်းဝိန်ကျန့် ဒေါသထွက်သွားခဲ့၏။ သူသည် သုံးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး ရာထူးအဆင့်အတန်း အမြင့်ဆုံးလူဖြစ်သည်။ သူသည် ဤစုဝေးမှုကို စီစဉ်ခဲ့သည့် လူဖြစ်သော်လည်း သူသည် ဤသို့သော ပြဿနာ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“စိတ်အေးအေးထား။ တစ်ခုခုဖြစ်လာခဲ့ရင် ငါ့ကိုပဲအပြစ်တင်ပါ”
အန်းဝိန်ကျန့်၏ နှလုံးသား တင်းမာသွားခဲ့၏။
သူသည် ဤအရာက ကောင်းကင်သားတော်၏ ခြေဖဝါးအောက် ဖြစ်သည်ကို ဂရုမစိုက်နိုင်တော့ပေ။ ဤလူများသည် သူ့ကို တိုက်ခိုက်ရဲသောကြောင့် သူတို့က မည်သည့်နေရာက လာခဲ့ပါစေ သူတို့အားလုံး သေပေလိမ့်မည်။
သူသည် ယနေ့ သင်ခန်းစာတစ်ခု ပေးခဲ့ပြီဖြစ်သောကြောင့် နောက်ထပ် သတ်ဖြတ်ခြင်းကို ဂရုမစိုက်တော့ပေ။ ဟူအနားတွင် ဟူတို့ကို အနိုင်ကျင့်ရန်အထိ အလွန်ကန်းနေသော မည်သူမဆို သူတို့၏ထက်မြတ်မှုကို အလွန်အမင်း အထင်ကြီးနေခြင်းဖြစ်ပြီး သူတို့၏သေခြင်းတရားကို ရှာဖွေနေကြခြင်းဖြစ်သည်။
သူသည် အခြားဟူများအကြောင်း ဂရုမစိုက်ခဲ့သော်လည်း မြို့တော်တွင် အန်းညီအစ်ကို လေးယောက်တို့သည် ကိစ္စတစ်ခုကို အမြဲတမ်း အဆုံးထိလုပ်သည့် စစ်သူကြီးများ ဖြစ်ကြသည်။
သူ့လက်ထဲတွင် သေဆုံးခြင်းက အလဟသ သေဆုံးခြင်းဖြစ်၏။
*******************
အခန်း(၄၄၅)
ကန်းယာ့လျိုရှန်းကို အမဲလိုက်ခြင်း
အန်းဝိန်ကျန့်သည် သူ့ရက်စက်မှုကို အချိန်အကြာကြီး မထိန်းနိုင်ခဲ့ပေ။ အကြောင်းမှာ သိပ်မကြာမီ သူသည် သူ့နားထဲတွင် လေးညို့သံများကို ကြားလိုက်ရသောကြောင့်ဖြစ်၏။
အပြင်ဘက်ရှိ မုန်တိုင်းသည်ပင် ဤထက်ရှသော လေချွန်သံများကို မတားဆီးနိုင်ခဲ့ပေ။
တွမ် တွမ် တွမ်
ရာချီသော မြှားများသည် တစ်ခုချင်းစီက အားကောင်းသည့်စွမ်းအင်ကို သယ်ဆောင်ထားကြကာ ကျိုင်းကောင် အုပ်စုတစ်စုကဲ့သို့ အဆောက်အဦးအပေါ် စုပြုံလာခဲ့ကြသည်။
ဘုန်း ဘုန်း ဘုန်း
ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ဤမြားများသည် နံရံများကို ဖောက်ထွင်းသွားခဲ့ကြကာ ၎င်းတို့တွင် ပျားလဘို့ကဲ့သို့ အပေါက်များ ဖြစ်သွားစေခဲ့သည်။
“အား”
စိတ်သောကရောက်နေသော အော်ဟစ်သံများ လေထဲတွင် ပြည့်နှက်သွားခဲ့၏။ ဟူတို့သည် သူတို့၏ အာရုံအားလုံးကို ဝမ်ချောင်တို့၏ အုပ်စုအပေါ် ပုံအောထားခဲ့ကြပြီး ဤချောင်းမြောင်း တိုက်ခိုက်မှုကြောင့် လုံးဝ အငိုက်မိသွားခဲ့ကြသည်။
၎င်းတို့က နံရံများမှတစ်ဆင့် ပေါက်ကွဲသွားခဲ့ကြသောကြောင့် ဤမြားများကို ပိတ်ဆို့ရန် မဖြစ်နိုင်ပေ။ တစ်ခဏချင်းမှာပင် ဟူတစ်ဝက်ကျော်သည် ဤမြားများကြောင့် အသတ်ခံလိုက်ရကာ ဒဏ်ရာရသွားခဲ့ကြသည်။
ဝမ်ချောင် ခေါ်ဆောင်လာခဲ့သော လေးပစ်သမားများသည် အခြေခံအားဖြင့် အားလုံးလေးသခင်များ ဖြစ်ကြပြီး သူတို့၏ လေးတစ်ခုချင်းစီက ဖျက်ဆီးတတ်သော ကြယ်တာရာစွမ်းအင်ဖြင့် ဖြည့်သွင်းထားခဲ့ကြသည်။ ထိုအားကောင်းသော စွမ်းအင်က ဟူတို့၏ရင်ဘက်များကို ဖောက်ဝင်သွားသောအခါ ၎င်းသည် သူတို့၏ခန္ဓာကိုယ်များ ကြမ်းပြင်နှင့်မထိမှီ သူတို့ကို လွင့်ထွက်သွားစေခဲ့သည်။
ပို၍အားကောင်းသော ဟူကျွမ်းကျင်သူ အချို့တို့က မြားတစ်ချောင်း သို့မဟုတ် နှစ်ချောင်းကို လွင့်ထွက်သွားစေနိုင်သည့် သူတို့၏ခန္ဓာကိုယ်များကို ကာကွယ်နေသော ကြယ်တာရာစွမ်းအင် ရှိခဲ့ကြသော်လည်း သိပ်သည်းလှသည့် မြားမိုးများက အဆုံးတွင် ဖောက်ထွက်သွားခဲ့ဆဲဖြစ်သည်။ သူတို့သည် သူတို့၏ရင်ဘက်များ ဦးခေါင်းများ အပစ်မခံရမှီ တစ်ခဏမျှတောင့်ခံနိုင်ခဲ့ကြ၏။
သွေးများပန်းထွက်သွားခဲ့ပြီး မြစ်များအဖြစ် စုစည်းသွားခဲ့ကြကာ အောက်ရှိကြမ်းပြင်သို့ စိမ့်ဝင်သွားခဲ့ပြီး ပထမထပ်ရှိ ဟူများကို ကြောက်ရွံ့သွားစေခဲ့သည်။
“သေစမ်း လေးသခင်တွေ သူက လေးသခင်တွေကို တကယ်ပဲ ခေါ်ဆောင်လာခဲ့တယ်။ သွားမြန်မြန်”
အန်းဝိန်ကျန့်၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်သွားခဲ့သည်။
အကယ်၍တစ်ယောက်သည် ဤစုဝေးရာနေရာရှိ လူပမာဏနှင့် ပထမထပ်ရှိ သူတို့ဖိတ်ခေါ်ထားခဲ့သော ဟူကျွမ်းကျင်သူများကို ပေါင်းထည့်လိုက်ပါက သူတို့တွင် လူတစ်ရာကျော်ရှိပြီး သူတို့အားလုံးတို့သည် အစစ်အမှန် သိုင်းနယ်ပယ်နှင့် အထက်များတွင် ဖြစ်ကြသည်။
သူတို့တွင် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် တံခါးဝသို့ ရောက်ရှိနေသည့် ကျွမ်းကျင်သူများစွာပင် ရှိခဲ့ကြ၏။
ဟူတို့သည် ကြမ်းကြုတ်သော စရိုက်များရှိကြပြီး အလွန်အမင်း ရန်လိုကြကာ သူတို့အားလုံးသည် တကယ့်တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသည့် ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။ အန်းဝိန်ကျန့်သည် ဤအင်အားတစ်ခုထဲက မြို့တော်တစ်လျှောက် ရဲရင့်စွာလျှောက်လှမ်းရန် သူတို့အတွက် လုံလောက်လိမ့်မည်ဟု မူလက ယုံကြည်ထားခဲ့သည်။
သူသည် ဤလျို့ဝှက်ဆန်းကြယ်ပြီး ကြမ်းကြုတ်ရက်စက်သော လူငယ်ကို ကြုံကြိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အန်းဝိန်ကျန့်သည် လေးသခင်တစ်ယောက်က သာမာန်လူတစ်ယောက် ကြုံဆုံနိုင်ပြီး မဟာကလန် တစ်ခုသည်ပင် အလွယ်တကူ ရရှိနိုင်မည်မဟုတ်သည့် လူဖြစ်သည်ကို ကောင်းကောင်း သိရှိထားသည်။
သူ့ရှေ့ရှိလူငယ်သည် သံသယရှိစရာမလိုဘဲ သာမာန်လူတစ်ယောက် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ဤလူငယ်သည် သူတို့ထက် လူအရေအတွက် များနေခဲ့၏။
“ဟား ဟား ဟား မင်းထွက်သွားနိုင်မယ်လို့ ထင်နေတာလား”
ထွက်ပြေးရန် သူအမိန့်ပေးပြီးနောက် ပထမမြားမိုးများ ရွာသွန်းပြီးနောက် အရက်မူးနေသော စားသောက်ဆိုင် အပြင်ဘက်ရှိ တစ်စုံတစ်ယောက်သည် ရယ်မောသံဖြင့် အော်ဟစ်လိုက်ကာ ဟူဘာသာစကားဖြင့် လှောင်ရယ်လိုက်သည်။ ဤရယ်မောသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး လေနှင့်မိုးတို့ဖြင့် ရောနှောနေခဲ့၏။ ပြောလိုက်သူသည် ဟူဘာသာစကားဖြင့် ပြောဆိုနေခဲ့သော်လည်း သူတို့ကို ပြစ်ချက်ကင်းစွာ ပြောဆိုခဲ့သည်။ ထိုသည်မှာ ကျော်လွှား၍မရသော မဟာစစ်သူကြီး လီစီးယိဖြစ်၏။
လီစီးယိ၏ ရည်မှန်းချက်များသည် အနောက်တိုင်း ဒေသများတွင်ဖြစ်ကြပြီး ၎င်းအတွက်သူသည် ဟူဘာသာစကားကို လေ့လာထားခဲ့သည်။ ထိုဟူတို့၏ စကားဝိုင်းများသည် သူ့နားထဲတွင် လျို့ဝှက်ချက်များ မဟုတ်ခဲ့ကြပေ။
ဘုန်း
ကောင်းကင်တုန်ခါသွားစေသည့် ပေါက်ကွဲသံတစ်ခုဖြင့် တုတ်ခိုင်သန်မာသောလူသည် အရက်မူးနေသော စာကလေးစားသောက်ဆိုင်၏ နံရံများကို ဖောက်ထွင်းသွားခဲ့ပြီး အရှေ့တောင်ဘက် နံရံတွင် လူတစ်ယောက် ပုံသဏ္ဍန် အပေါက်တစ်ခုကို ချန်ရစ်ထားခဲ့သည်။
သူ့နောက်ကျောပေါ်တွင် ဧရာမ ကျောက်စိမ်းရိုင်းသံမဏိ ဓားတစ်လက်ဖြစ်ပြီး သာမာန်အရွယ်ရောက်ပြီးသား လူတစ်ယောက်ထက်ပင် ရှည်လျားနေခဲ့သည်။
‘ဟမ်' တစ်ချိန်ထဲနီးပါးတွင် လီစီးယိ တိုက်ခိုက်လိုက်၏။
ဘုန်း
တခဏချင်းမှာပင် ကြက်သေ သေစေသော စွမ်းအင်တစ်ခုက လူတိုင်း၏ အမြင်အာရုံတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ကြီးသည် မှုန်ဝါးသွားခဲ့ပြီး စားသောက်ဆိုင် တစ်ခုလုံး အမှောင်ထုထဲ ထိုးဆင်းသွားခဲ့၏။ သိပ်မကြာမီ ကျန့်သုံးဆယ် ရှည်လျားကာ ကျယ်ပြန့်ပြီး နတ်ဘုရားနှင့် နတ်ဆိုးများကဲ့သို့ တောက်ပသော ဧရာမ ဆေဘာစွမ်းအင်တစ်ခုသည် ကောင်းကင်ထက်မှနေ၍ ခုတ်ဆင်းသွားခဲ့သည်။
ကြီးမားလှသော အရက်မူးနေသည့် စာကလေးစားသောက်ဆိုင်သည် စက္ကူမှ ပြုလုပ်ထားပုံရပြီး ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က ၎င်းကိုနှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့သည်။ ဤဆေဘာဓားသည် စားသောက်ဆိုင် တစ်ခုလုံးကိုသာ ဖြတ်သွားခဲ့ခြင်းမဟုတ်ပေ။ ၎င်းသည် ဒုတိယထပ်ရှိ ဟူအားလုံးတို့ကိုလည်း ခုတ်ထစ်သွားခဲ့၏။
အော်ဟစ်သံများနှင့် ပျဉ်ချပ်များ ကုလားထိုင်များနှင့် စားပွဲများ၏ ကျိုးကျေသံများသည် တစ်ခုထဲအဖြစ်သို့ ပေါင်းစည်းသွားခဲ့ကြသည်။
အန်းဝိန်ကျန့်သည် ဤဆေဘာစွမ်းအင် ရှိနေသည့်အရပ်တွင် မတ်တပ်ရပ်နေခဲ့ပြီး သူသည် လွင့်ထွက်သွားခဲ့ကာ သွေးများနေရာတိုင်းတွင် ပြန့်ကျဲသွားခဲ့သည်။
“နက်နဲသိမ်မွေ့တဲ့ သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်”
အန်းဝိန်ကျန့် အော်ဟစ်လိုက်ကာ သူ့စိတ်နှလုံးထဲတွင် ကြောက်ရွံ့သွားခဲ့၏။
အန်းကလန်သည် မူလက ဗဟုသုတကြွယ်ဝသော စစ်သူကြီးများ၏ တာ့ခ်ဂီကလန်တစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့သည် အခြားတာ့ခ်ဂီကလန်များ၏ ရှောင်ဖယ်ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ သူတို့ကို မဟာထန်ထဲသို့ ဝင်ရောက်စေခဲ့သည်။
ဤသို့ဆိုလျှင်ပင် အန်းကလန်သည် ၎င်း၏သိုင်းပညာရပ် အစဉ်အလာကို ဆက်လက်ကျင့်သုံးခဲ့သည်။
ဤအချက်ကို အန်းဝိန်ကျန့်၏ အစစ်အမှန် သိုင်းအဆင့်ကိုး ကျင့်ကြံခြင်းမှနေ၍ မြင်နိုင်ပေ၏။ ဤကျင့်ကြံခြင်းအဆင့်သည် ယနေ့ည သူဦးဆောင်သော စုဝေးမှုတွင် အရေးကြီး အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။
သူ့အကာအကွယ် ကြယ်တာရာစွမ်းအင်ကို ဖျက်ဆီးနိုင်ပြီး ဆေဘာဓားခုတ်ချက် တစ်ချက်ဖြင့် သူ့ကိုအလွယ်တကူ အနိုင်ယူနိုင်သည့် တစ်စုံတစ်ယောက်သည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်နိုင်ပြီး အဆင့်ငါးနှင့်အထက်တွင် ဖြစ်သည်။
‘ဒီလူငယ်က ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ။’
သူလွင့်ထွက်သွားစဉ် အန်းဝိန်ကျန့်၏ စိတ်သည် ခြောက်ချားနေခဲ့ပြီး ဤအတွေးသာ ကျန်ရစ်နေခဲ့သည်။
သူသည် အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူ အမြောက်အများကို လျစ်လျူရှု့နိုင်သော်လည်း နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူများသည် အားလုံးဂုဏ်ယူဝင့်ကြွားကြပြီး တစ်ယောက်ချင်းစီက နက်ရှိုင်းသည့် နောက်ခံတစ်ခု ရှိကြကာ တစ်ခြားလူများကို အလွယ်တကူ အလုပ်အကျွေး ပြုလိမ့်မည်မဟုတ်ပေ။
သာမာန်ကလန်က နက်နဲသိမ်မွေ့သောသိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ အလုပ်အကျွေးပြုမှုကို ရနိုင်မည်မဟုတ်ပေ။ သို့မဟုတ် သာမာန်ဂိုဏ်းတစ်ခုက ရနိုင်မည်မဟုတ်ပေ။
သို့သော် ယခုအချိန်ထိပင် အန်းဝိန်ကျန့်သည် သူက ဤပုဂ္ဂိုလ်ကို မည်သည့်အချိန်က စော်ကားခဲ့မိသည်ကို မသိခဲ့ပေ။ အရာရာတိုင်းသည် အိမ်မက်ဆိုးတစ်ခု၊ ကြိုတင်မမျှော်လင့်ထားသော ကပ်ဘေးတစ်ခုကဲ့သို့ ဖြစ်သည်။
ဘုန်း
သူတို့လူစု၏ အသန်မာဆုံးဖြစ်သော အန်းဝိန်ကျန့်က ဤဆေဘာဓားချက် တစ်ချက်ဖြင့် လွင့်ထွက်သွားခြင်းကို ခံရပြီး ဧရာမ စားသောက်ဆိုင်ကြီးက နှစ်ပိုင်းဖြတ်ခံလိုက်ရသည်ကို သူတို့မြင်လိုက်ရသောအခါ ရဲရင့်သည့် ဟူတို့၏ စိတ်ဓာတ်များသည် လျှင်မြန်စွာ ပြိုကျသွားခဲ့ကြသည်။
“ပြေး”
တခဏချင်းမှာပင် အသက်ရှင်နေသေးသည့် ဟူကျွမ်းကျင်သူ အားလုံးတို့သည် စတင်ပြန့်ကျဲသွားခဲ့ပြီး မိုးရေထဲသို့ ထွက်ပြေးလိုက်ကြသည်။
“လူအိုကြီးလင်းယုန်ငှက် သူတို့သတ်”
မုန်တိုင်းသည် အပြင်ဘက်မှနေ၍ ရွာကျလာခဲ့ပြီး မိုးကြိုးက အထက်ဘက်တွင် ပေါက်ကွဲသွားခဲ့သည်။ ဝမ်ချောင်၏ အကြည့်သည် မိုးကြိုးကဲ့သို့ဖြစ်ပြီး တစ်ခြားဟူများကို ကရုစိုက်မနေခဲ့ပေ။ သူ့မျက်လုံးများသည် ကျန့်ဒါဇင် အတော်ဝေးဝေးသို့ ရောက်ရှိနေပြီး အဝေးဆုံး ထွက်ပြေးသွားပြီဖြစ်သည့် အနည်းငယ်ဝသော ပုဂ္ဂိုလ်အပေါ် ရောက်နေခဲ့ကြသည်။
သူ့နောက်ဆုံးဘဝတွင်ဖြစ်စေ ဤဘဝတွင်ဖြစ်စေ၊ သူကသူ၏ အမြင့်မားဆုံးကျော်ကြားမှု အဆင့်တွင်ဖြစ်စေ သို့မဟုတ် လုံးဝမထင်ရှားသေးသည်ဖြစ်စေ ကန်းယာ့လျိုရှန်းသည် အမြဲဉာဏ်နီဉာဏ်နက် များခဲ့ပြီး အခြေအနေအရ ပြုမူခဲ့သည်။ အကယ်၍ ကိစ္စများသည် အခြေအနေ မဟန်တော့ပါက သူသည် ပထမဆုံး ထွက်ပြေးသူ အမြဲဖြစ်လိမ့်မည်ဖြစ်ပြီး အဝေးဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် သူ့အတွက် ကံမကောင်းစွာဖြင့် ဝမ်ချောင်သည် ယနေ့သူ့အတွက် လာခဲ့ပေ၏။ သူကမည်မျှ ကောက်ကျစ်စဉ်းလဲပါစေ သူသည်ယနေ့ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
ကျန့်တစ်ဒါဇင် အတော်ဝေးဝေးတွင် ဝဖြိုးဖြိုးလူသည် ထိုအမိန့်ကို ကြားသွားပုံရသည်။ သူသည် ရုတ်ချည်း ရပ်တန့်သွားခဲ့သော်လည်း ထို့နောက်သူသည် ပို၍ပင် မြန်ဆန်စွာ လှုပ်ရှားလိုက်ကာ မိုးရေထဲမှနေ၍ စစ်မြင်းတစ်ကောင်ဆီသို့ ပြေးထွက်သွားခဲ့သည်။
ထို့ပြင် သူစတင်ပြေးလွှားလိုက်သည့် အခိုက်တွင် မဟာလင်းယုန် တစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခုသည် အနက်ရောင် ကောင်းကင်ထက်မှနေ၍ ခုန်ဆင်းလာခဲ့၏။
ဤသည်မှာ အနီးကပ် လိုက်ဖမ်းနေသည့် လူအိုကြီးလင်းယုန်ငှက် ဖြစ်ပေသည်။
ထို့ပြင် လူအိုကြီးလင်းယုန်ငှက်သည် မြန်ဆန်သော်လည်း နောက်ထပ် လူတစ်ယောက်သည် ပို၍ပင် မြန်ဆန်ခဲ့၏။
ဘုန်း
အလင်းရောင်တစ်ချက် လက်သွားခဲ့ပြီး ထို့နောက် ယခင်ကမြင်ကွင်းသည် ပြန်ဖြစ်လာခဲ့သည်။ ကျယ်ပြန့်ပြီး တောက်ပသော ဆေဘာစွမ်းအင်တစ်ခုသည် ကြမ်းကြုတ်စွာ လဟာပြင်ကို ခုတ်ဖြတ်သွားခဲ့ပြီး အဝေးရှိ ထိုပုပျက်ပျက်ဝဖိုင်းဖိုင်း ပုဂ္ဂိုလ်အပေါ်သို့ ဆင်းသက်သွားခဲ့သည်။
ဤအရေးကြီး အခိုက်အတန့်တွင် လီစီးယိသည် နောက်ဆုံးတွင် တိုက်ခိုက်လိုက်၏။
ဤချေမှုန်းမှုတွင် လီစီးယိသည် ဝမ်ချောင်၏ အားအကောင်းဆုံး မဟာမိတ်ဖြစ်သည်။ သို့သော် လီစီးယိသည် အန်းယာ့လျိုရှန်းကို ယခင်က လုံးဝမမြင်တွေ့ခဲ့ပေ။
သူသည် အခန်းထဲရှိ အားအကောင်းဆုံး ပုဂ္ဂိုလ်က ဝမ်ချောင်၏ ပစ်မှတ်ဖြစ်သည်ဟု မူလက ယုံကြည်ထားခဲ့သော်လည်း ကြည့်ရသည်မှာ သူမှားသွားပုံရသည်။
သို့သော် မှားယွင်းသောပစ်မှတ်ကို တိုက်ခိုက်ခြင်းက လီစီးယိကဲ့သို့ လူတစ်ယောက်အပေါ် မသက်ရောက်ခဲ့ပေ။
ဤဟူအဖွဲ့၏ အသန်မာဆုံး အန်းဝိန်ကျန့်သည်ပင် သူ့အတွက် ယှဉ်ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် အန်းယာ့လျိုရှန်းသည် သူ့ပြိုင်ဘက်မည်သို့ ဖြစ်နိုင်မည်နည်း။
ဘုန်း
ဆေဘာအလင်းသည် အမှောင်ထုကို ခုတ်ဖြတ်သွားခဲ့၏။ သို့သော် ဝမ်ချောင်က စိတ်သက်သာရာရကာ သက်ပြင်းချတော့မည့်အချိန်တွင် လုံးဝအံ့အားသင့်ဖွယ်ရာကောင်းသော တစ်စုံတစ်ခုက ဖြစ်ပွားသွားခဲ့ပေသည်။
ခလွပ်
လောကကြီးသည် ရုတ်တရက် တောက်ပသွားခဲ့ကာ တောက်ပသော မိုးကြိုးတစ်ချက်က အနက်ရောင် ကောင်းကင်ထက်မှနေ၍ ပြေးဆင်းလာခဲ့ပြီး တိကျစွာ လီစီးယိ၏ ဆေဘာဓားအလင်းကို တိုက်ခိုက်သွားခဲ့သည်။
ဤတိုက်ခိုက်မှုသည် လီစီးယိ၏ ဆေဘာအလင်းကို ပြန့်ကျဲသွားစေသည်သာမက ကြမ်းကြုတ်သော ထိုလျှပ်စီးသည် ခုန်လွှားနေသည့် လီစီးယိကိုတိုက်ခိုက်ရန် ဆေဘာဓားအလင်းနောက်သို့ပင် လိုက်လာခဲ့သည်။
“အား”
လီစီးယိ အော်ဟစ်လိုက်ကာ သူနှင့် သူဆေဘာဓား နှစ်ခုစလုံးတို့သည် လွင့်ထွက်သွားခဲ့ကြသည်။
“ဘာ.. ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝမ်ချောင် သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ သူမြင်လိုက်ရသည့်အရာကို မယုံကြည်ရဲခဲ့ပေ။ မိုးကြိုးမုန်တိုင်း တစ်ခုရှိနေခဲ့လျှင်ပင် ဤမိုးကြိုးသည် အလွန်ရုတ်တရက် ကျဆင်းလာခဲ့ပေသည်။
အမှန်တွင် ဝမ်ချောင်တစ်ဦးတည်းသာ မဟုတ်ခဲ့ပေ။ ဟူများအပါအဝင် လူတိုင်းသည် ဤမြင်ကွင်းကြောင့် အံ့သြထိတ်လန့် သွားခဲ့ကြသည်။
နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခုက လူအုပ်ကြီးကို မိန်းမောနေရာမှ နိုးကြားသွားစေခဲ့သည်။ ကျန့်ဒါဇင် အတော်ဝေးဝေး မိုးရေများကြားတွင် လှံတစ်ချောင်းသည် မြေကြီးပေါ် စိုက်ဝင်သွားခဲ့ကာ ၎င်း၏အစွန်းက တုန်ခါနေခဲ့၏။
လီစီးယိ တိုက်ခိုက်ပြီးနောက် လူအိုကြီးလင်းယုန်ငှက် တိုက်ခိုက်ခဲ့ပေသည်။
သို့သော် လူအိုကြီး လင်းယုန်ငှက်၏ တိုက်ခိုက်မှုသည်လည်း လွဲချော်သွားခဲ့၏။ တခဏချင်းမှာပင် အန်းယာ့လျိုရှန်းသည် လူအုပ်ကြီးထဲက လူတစ်ယောက်မှ ယခင်က မမြင်တွေ့ခဲ့ရဖူးသော ထူးဆန်းသည့် နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ကွေးသွားခဲ့ပြီး (M)ပုံသဏ္ဍန် ဖြစ်သွားခဲ့ကာ လူအိုကြီးလင်းယုန်ငှက်၏ ရက်စက်ပြတ်သားသော တိုက်ခိုက်မှုကို ယဲ့ယဲ့လေး ရှောင်ရှားနိုင်ခဲ့သည်။
ဤတိုက်ခိုက်မှု နှစ်ခုစလုံးကို ရှောင်ရှားလိုက်ခြင်းနှင့်အတူ အန်းယာ့လျိုရှန်းသည် နောက်တစ်ကြိမ် ထွက်ပြေးလိုက်၏။ သို့သော် လူအိုကြီး လင်းယုန်ငှက်၏ ဝင်ရောက်စွက်ဖက်မှုဖြင့် အန်းယာ့လျိုရှန်းသည် မလွဲမသွေ အနည်းငယ် နှေးကွေးသွားခဲ့သည်။
“ဟမ်”
အေးစက်သည့် နှာခေါင်းရှုံ့သံတစ်ခုက နောက်မှနေ၍ ထွက်ပေါ်လာခဲ့၏။ အန်းယာ့လျိုရှန်း နှေးကွေးသွားသည့်အခိုက်တွင် ဝမ်ချောင်သည် ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီး ချက်ချင်း ပျံလွှားနေသော နဂါးပညာရပ်ကို အသုံးပြုလိုက်သည်။
ဘုန်း
အမှောင်ထုထဲတွင် ဝမ်ချောင်သည် မမြင်ရသော စွမ်းအားတစ်ချို့၏ ပံ့ပိုးမှုကြောင့် ခုန်ပျံသွားပုံရ၏။ သူသည် သူက ကောင်းကင်ထက် ကျန့်ဒါဇင်အတော်များများ ရောက်သည်အထိ လေထဲတွင် အကြိမ်များစွာ ခုန်လိုက်သည်။
“လျိုတုံး”
ဝမ်ချောင်၏အသံသည် အမှောင်ထုထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
တွမ်
လေးညို့သံက မိုးခြိမ်းသံများကဲ့သို့ ဖြစ်၏။ တခဏချင်းမှာပင် ထက်ရှသောမြား အတော်များများက လျှပ်စီးများကဲ့သို့ ရှေ့သို့ပြေးထွက်သွားခဲ့ကာ လေနှင့်မိုးကို ဖြတ်သန်းသွားခဲ့ပြီး အဝေးရှိ အန်းယာ့လျိုရှန်းဆီသို့ ဦးတည်သွားခဲ့သည်။
လျိုတုံးသည် ထိပ်သီးမြားပစ်စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး သူမြားတစ်ခုမှ ၎င်း၏ပစ်မှတ်ကို မလွဲချော်ခဲ့ဖူးပေ။ ဝမ်ချောင်သည် ဂိုဂူလျော လုပ်ကြံသူများ ဖြစ်ရပ်အတွင်း သူကျွမ်းကျင်မှု၏ သက်သေပြချက်ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။
သူသည် အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ဇီဝိန်ချွေရန် မြားတစ်ချောင်သာ လိုအပ်ပေသည်။ သူ့ပစ်မှတ်များအားလုံးသည် အော်ဟစ်ပြီး လဲကျသွားပေလိမ့်မည်။ လျိုတုံးသည် ဤနီးကပ်လှသော အကွာအဝေးမဆိုထားနှင့် မီတာနှစ်ရာအတွင်း မည်သည့်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်ပေသည်။
ထို့နောက် အံ့အားသင့်ဖွယ်ရာကောင်းသည့် အရာက နောက်တစ်ကြိမ်ဖြစ်ပျက်သွားခဲ့၏။ အန်ယာ့လျိုရှန်း၏ နားများသည် သူကဤအရာကို မျှော်လင့်ထားခဲ့သကဲ့သို့ တုန်ခါသွားခဲ့ကြသည်။ လေးကြိုးက တုန်ခါသွားသောအခါ သူသည် လှည့်ပင်မကြည့်ဘဲ ရုတ်တရက် လိမ့်လိုက်သည်။ ရေများဖုံးလွှမ်းနေသည့် မြေကြီးနှင့် အနီးကပ်ဝပ်လိုက်ကာ သူသည် အကြိမ်များစွာ လိမ့်လိုက်သည်။
မြားခြောက်ချောင်းသည် အန်းယာ့လျိုရှန်း ရွှံ့များဖြင့် ဖုံးလွှမ်းနေစဉ် ရွှံ့များကို တိုက်ခိုက်သွားခဲ့ပြီး သူ နောက်တစ်ကြိမ် စတင်ထွက်ပြေးလိုက်သည်။
သူသည်တော်တော်လေး သနားစရာကောင်းပုံရသော်လည်း သူသည် ဘေးဆိုးမှနောက်တစ်ကြိမ် လွတ်မြောက်သွားခဲ့ပေ၏။
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အဝေးရှိ ခေါင်မိုးတစ်ခုပေါ်တွင် သူ၏အညိုရောင် ချပ်ဝတ်တန်ဆာများပေါ် ကျဆင်းနေသည့် မိုးရေစက်များက လျိုတုံးကို စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရစေသည်။
သို့သော် အတိတ်က စစ်နတ်ဘုရား လျိုတုံးနှင့်မတူဘဲ ဤတစ်ယောက်သည် တည်ငြိမ်ပြီး ယုံကြည်မှုရှိသည့် အမူအရာများ မရှိတော့ပေ။
လျိုတုံးသည် ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်တစ်ယောက်ကို ယခင်က လုံးဝမတွေ့ကြုံခဲ့ဖူးခြင်းမျိုး မဟုတ်ခဲ့ပေ။
လုံလုံလောက်လောက် သန်မာသော တစ်စုံတစ်ယောက်က သူမြားများကို လုံးဝလွင့်ထွက်စေနိုင်စွမ်း ရှိသော်လည်း ဤသို့သော လုပ်ဆောင်မှုမျိုးသည် ဤပုဂ္ဂိုလ် ပြသလိုက်သည့်အရာနှင့် လုံးဝကွားခြားပေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ကျောပေးထားစဉ် သူ့မြားများကို ရှောင်ရှားချင်ခဲ့ပါက လူတစ်မျိုးထဲသာ ဤအရာကို ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ လေးသခင်တစ်ယောက်ပင်။
အနည်းဆုံး သူနှင့်အဆင့်တူသည့် လေးသခင်တစ်ယောက် ဖြစ်ပေသည်။
****************