အခန်း (၄၄၆-၄၅၀)
Vol. 20 Ch. 446-450
အခန်း(၄၄၆)
လောကကြီး၏ဝင်ရောက်စွက်ဖက်မှု
လေးသခင်တစ်ယောက်သာ လေးသခင်တစ်ယောက်ကို နားလည်နိုင်ပေသည်။
လေးသခင်တစ်ယောက်သာ လေးကြိုး၏ တုန်ခါသံမှနေ၍ လေးသခင်တစ်ယောက်၏ အရပ်မျက်နှာ၊ အကွာအဝေးနှင့် တည်နေရာတို့ကို ခန့်မှန်းနိုင်ပေသည်။ အဆင့်အမြင့်ဆုံးအဆင့် လေးသခင်များသည် လေးကြိုးတုန်ခါသံကို ကြားရန်ပင် မလိုအပ်ခဲ့ကြပေ။
လေးပစ်ခြင်း လမ်းကြောင်းပေါ်တွင် နစ်မြုပ်ထားသည့် နှစ်ပေါင်းများစွာ ကုန်ဆုံးထားခဲ့သော ထိပ်သီး ကျွမ်းကျင်သူများသည် သူတို့ပစ်မှတ်ထားခံလိုက်ရသည့် အချိန်ကို အလွန်အမင်း ခံစားသိရှိနိုင်ကြသည်။ သူတို့က လေးနှင့်မြားတို့ဖြင့် ပစ်မှတ်ထားခံလိုက်ရသောအခါ ၎င်းကမည်မျှ ဝေးကွာပါစေ သူတို့သည်ချက်ချင်း တုန့်ပြန်ကြပေလိမ့်မည်။
ဤသည်မှာ ပြောဆိုနေကြသည့် လေးသည်တော်တစ်ယောက်၏ အလိုလိုသိစိတ် ဖြစ်ပေသည်။
လျိုတုံးသည် လှည့်ပင်မကြည့်ဘဲ မိုးရေထဲတွင် သူမြားကို ရှောင်ရှားနိုင်သည်အထိ အလွန်ကြောက်မက်ဖွယ်ကောင်းသော လေးသည်တော်တစ်ယောက်ကို ကြုံခဲ့ရကတည်းက အချိန်အလွန် ကြာသွားခဲ့ပြီဖြစ်သည်။
ဖလပ်
မိုးရေများ ကျဆင်းနေခဲ့ပြီး နေမင်းကြီးကို ပိတ်ဆို့နေကာ ခေါင်မိုးနှင့်ကျောက်ခင်းလမ်းအပေါ် ကျဆင်းနေခဲ့ပြီး ချပ်ဝတ်တန်ဆာနှင့် လက်နက်များကို သတ္တုဘောလုံလေးများကဲ့သို့ ရိုက်ခတ်နေခဲ့သည်။
ဝမ်ချောင်သည် လျိုတုံးကို စိုးရိမ်ရန် အချိန်မရှိခဲ့ပေ။
တစ်ခြားလူများသည် လျိုတုံး လွဲချော်သွားခဲ့သောကြောင့် အံ့သြသွားခဲ့ကောင်း အံ့သြသွားနိုင်သော်လည်း ဝမ်ချောင်သည် မအံ့သြခဲ့ပေ။ အန်းယာ့လျိုရှန်းသည် ဟန်နှင့်ဟူ နှစ်ခုစလုံးတို့၏ ကျွမ်းကျင်မှုများကို ကျွမ်းကျင်သည့် ကျွမ်းကျင်သူတစ်ယောက် အမြဲဖြစ်ခဲ့သည်။ သူသည် မြင်းစီးနေစဉ် လေးတစ်လက်ကို ကိုင်ဆောင်ထားပြီး ပစ်လွှတ်နိုင်သည့် လေးပစ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။
လေးအတတ်ရှိ သူ့ပါရမီသည် တစ်ခြားလူများမဆိုထားနှင့် တာ့ခ်ဂီနှင့် ဟူ လေးသခင်များကိုပင် မနာလိုဖြစ်စေခဲ့သည်။
သို့သော်လည်း သူသည် လေးတွင်မည်မျှ ကျွမ်းကျင်ထားပါစေ သူသည်ယနေ့ သေရပေမည်။
ဘုန်း
နောက်ထပ်လျှပ်စီးကြောင်းသည် ကောင်းကင်ကို လောင်ကျွမ်းသွားခဲ့ကာ လောကကြီးကို လင်းလက်သွားစေခဲ့ပြီး ဝမ်ချောင်သည် ကောင်းကင်ထက်တွင် ရှိနေခဲ့သည်။
ဝူး
အဖြူရောင်ရေလှိုင်းတစ်ခုက ဝမ်ချောင်သူ့ဓားကို မြှောက်လိုက်သည်နှင့် သူ့ဓားနောက်သို့ လိုက်ပါသွားခဲ့ပြီး ထို့နောက် သူ့ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များက ဝမ်ချောင်နားတွင် ဧရာမ ဝဲဂယက်ကြီးတစ်ခုကို စတင်ဖြစ်ပေါ်စေခဲ့သည်။
ဝမ်ချောင်သည် သူ့ဓားနှင့်တစ်ထပ်တည်း ကျလာခဲ့ပြီး ခေါင်းမှခြေဖျားအထိ ခမ်းနားထည်ဝါသော ဝိညာဉ်စွမ်းအင်တွင် သူ့ကိုယ်သူ ရစ်ပတ်နေစေခဲ့သည်။ ထို့နောက် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ သူသည် ကောင်းကင်ထက်မှနေ၍ ထိုးဆင်းသွားခဲ့၏။
ပျံလွှားနေသော နဂါးပညာရပ်သည် ကောင်းကင်ထက်သို့ ခုန်တက်ရန် နှေးကွေးသော်လည်း ၎င်းသည် မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် ဆင်းသက်သွားစေခဲ့သည်။
ဘုန်း
ဝိုးတဝါးဖြစ်သော အနက်ရောင် မျဉ်းကြောင်းတစ်ခုသည် မိုးသက်မုန်တိုင်းကိုဖြတ်၍ ကျဆင်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း အဝေးရှိ အန်းယာ့လျိုရှန်းကို လိုက်မှီသွားခဲ့သည်။
ဘုန်း
အမှောင်ထဲတွင် တစ်ခုခုကိုမြင်ရန် မဖြစ်နိုင်သော်လည်း သည်းထန်စွာ ရွာသွန်းနေသည့် မိုးသည်ပင် မရေမတွက်နိုင်သော နဂါးအော်သံများကို မဖုံးကွယ်နိုင်ခဲ့ပေ။ အစစ်အမှန် သိုင်းနယ်ပယ် အဆင့်သုံးတွင်သာရှိသည့် ဝမ်ချောင်သည် အစစ်အမှန် သိုင်းအဆင့်ငါး အထွတ်အထိပ်တွင်ရှိသည့် လူတစ်ယောက်၏ခွန်အားဖြင့် တိုက်ခိုက်ရန် ပျံလွှားနေသော နဂါးပညာရပ်ကို အသုံးပြုလိုက်သည်။ သူ၏ကြံ့ခိုင်လှသော ကျောက်စိမ်းရိုင်းသံမဏိဓားနှင့် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ တို့ဖြင့် ဝမ်ချောင်သည် အစစ်အမှန်သိုင်းအဆင့်ခြောက်နှင့် အဆင့်ခုနှစ်တို့ရှိ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ထို့ပြင် လူအိုကြီးလင်းယုန်ငှက်နှင့် လျိုတုံးတို့၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ရှောင်ရှားရန် နည်းစနစ်များကို အသုံးပြုနေသည့် သည်းသည်းမည်းမည်းလည်း ထွက်ပြေးနေခဲ့သည့် အန်းယာ့လျိုရှန်းသည် သူ့ချပ်ဝတ်တန်ဆာတွင် အက်ကြောင်းတစ်ခုကို မတက်နိုင်ဘဲ ပြသလိုက်ရသည်။
ဝမ်ချောင်သည် သူ့ကျောက်စိမ်းရိုင်းသံမဏိဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သည်။
“အန်းယာ့လျိုရှန်း ငါ့အတွက် ရပ်လိုက်စမ်း”
လက်ရှိ အန်းယာ့လျိုရှန်းသည် သူ့အတိတ်ဘဝကထက် များစွာအားနည်းပေသည်။ ဝမ်ချောင်သည် အရက်မူးနေသော စာကလေးစားသောက်ဆိုင်တွင် သူ့ကိုမြင်လိုက်ရကတည်းက သူ့လက်ရှိခွန်အားသည် အစစ်အမှန် သိုင်းအဆင့်ခုနှစ်ထက် မပိုခဲ့ဘဲ သူခြိမ်းခြောက်နိုင်သည့် အကန့်အသတ်အတွင်း ရှိသည်ကို ချက်ချင် သတိပြုမိခဲ့သည်။
ဝမ်ချောင်သည် သူ့ကိုသတ်ဖြတ်ရန်ပင် မလိုအပ်ခဲ့ပေ။ သူ့ကိုအောင်မြင်စွာ ကျန့်ကြာစေရန်သာ လိုအပ်ခဲ့သည်။ ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ ဝိညာဉ်သွေးကြော တောင်ပေါ်နှင့် အမျိုးမျိုးသော ဂိုဏ်းများမှ သူခေါ်ဆောင်လာခဲ့သော ကျွမ်းကျင်သူများသည် ထိုအချိန်တွင် သူ့ကိုဝန်းရံနိုင်ပေသည်။
အန်းယာ့လျိုရှန်းသည် မည်မျှပါရမီရှိပါစေ သူသည် အတောင်ပေါက်လာခဲ့လျှင်ပင် ထွက်ပြေးနိုင်မည် မဟုတ်ပေ။
ဘုန်း
ထို့နောက် မမျှော်လင့်ထားသော တိုက်ခိုက်မှုသည် နောက်တစ်ကြိမ် ဖြစ်ပွားလာခဲ့၏။ ဝမ်ချောင်က ရှေ့သို့ ပြေးထွက်နေစဉ် သူက အန်းယာ့လျိုရှန်းနှင့် သုံးပေအကွာအဝေးသာ လိုတော့သည့်အချ်ိန်တွင် ထူးဆန်းသည့် တစ်စုံတစ်ခုသည် ဖြစ်ပျက်သွားခဲ့သည်။ လဟာပြင်သည် တုန်ခါသွားခဲ့ပြီး လောကကြီး၏စွမ်းအားဖြင့် ပြည့်နှက်နေသည့် ခမ်းနားထည်ဝါသော စွမ်းအင်တစ်ခုက ရုတ်တရက် အချိန်နှင့်အာကာသ အနက်ပိုင်းမှနေ၍ ထွက်ပေါ်လာခဲ့ပြီး ၎င်းကို၎င်း ဝမ်ချောင်နှင့် အန်းယာ့လျိုရှန်းကြား ဖြတ်ဝင်စေခဲ့သည်။
ဘန်း
သူက မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဝမ်ချောင်၏ မိုးကြိုးကဲ့သို့သော တိုက်ခိုက်မှုသည် ထိုစွမ်းအင် အတားအဆီးဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။
ထို့အပြင် ထိုကြမ်းကြုတ်သော လောက၏စွမ်းအင်သည် ဝမ်ချောင်ကို မုန်တိုင်းတစ်ခု၏ စွမ်းအားဖြင့် လွင့်ထွက်သွားစေခဲ့သည်။
ဘန်း
သူက လွင့်ပျံသွားနေစဉ် ဝမ်ချောင်သည်လုံးဝ ကြက်သေ သေသွားခဲ့သည်။
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏စိတ်သည် လုံးဝ ကသောင်းကနင်း ဖြစ်သွားခဲ့၏။ ဤအခိုက်တွင် သူသည် အန်းယာ့လျိုရှန်းက လှည့်ကြည့်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့ပြီး သူ့မျက်လုံးများက သူကဲ့သို့ ထိတ်လန့်နေခဲ့ကာ တော်တော်လေးလည်း စိတ်ရှုပ်ထွေးနေခဲ့သည်။
ဘန်း
သူ့ခန္ဓာကိုယ်သည် မြေကြီးတစ်လျှောက် လိမ့်သွားခဲ့ပြီး သူ့ချပ်ဝတ်တန်ဆာက သတ္တုသံများ ထွက်ပေါ်နေခဲ့သည်။ ဝမ်ချောင်သည် မြေကြီးထက်မှနေ၍ မတ်တပ်ရပ်လိုက်ပြီး ထို့နောက်သူသည် ထိုနေရာတွင် ရပ်နေခဲ့ကာ သူ့စိတ်က ထိုဧရာမ တုန်လှုပ်ဖွယ်ရာကြောင့် မှင်သက်နေဆဲဖြစ်သည်။
ဝမ်ချောင်သည် ထိုဧရာမစွမ်းအင်က သူ့ကိုရပ်တန့်ရန် အချိန်နှင့်အာကာသမှနေ၍ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့ပေသည်။
ထိုစွမ်းအင်သည် လောကကြီးကိုယ်တိုင်ကဲ့သို့ ကျယ်ပြောပြီး အဆုံးအစမဲ့လှကာ အစစ်အမှန် သိုင်းနယ်ပယ်ထက် များစွာသာလွန်လှသည်။ ဤသည်မှာ အန်းယာ့လျိုရှန်း ထုတ်ဖော်နိုင်သည့် စွမ်းအားမဟုတ်ပေ။
ထိုသည်မှာ အားကောင်းပြီး မမြင်ရသော တည်ရှိမှုအချို့က သူ့ကိုရပ်တန့်ရန် ရုတ်ချည်း ပြုမူလိုက်သကဲ့သို့ ဖြစ်သည်။
“သေစမ်းကွာ”
လျှပ်စီးတစ်ချက် သူ့စိတ်ထဲတွင် လက်သွားခဲ့၏။ ဝမ်ချောင်သည် သူမတိုက်ခိုက်မှီ သူ့စိတ်ထဲ၌ သတိပေးချက်တစ်ခု ပေါ်လာခဲ့သည်ကို ရုတ်တရက် သတိရသွားခဲ့သည်။
[အသုံးပြုသူ၏ အပြုအမူများကြောင့် 'ကြိုတင်စီစဉ်ထားပေးသော ရန်သူ' သည် မကြာမီ လောကကြီး၏ ကာကွယ်မှုကို လက်ခံရရှိပေလိမ့်မည်။ 'ကြိုတင်လျာထားပေးသော ရန်သူ' သည် အသက်ရှင်ရန် အခွင့်အလမ်း တိုးလာလိမ့်မည်ဖြစ်ပြီး အသုံးပြုသူသည် ကျရှုံးရန်အခွင့်အလမ်း တိုးလာပေလိမ့်မည်။ အနာဂတ်တွင် အသုံးပြုသူက ပစ်မှတ်နှင့် တွေ့ဆုံချိန်တိုင်း ပစ်မှတ်သည် လောက၏ နောက်ထပ်တစ်ကြိမ် ကောင်းချီးပေးခြင်းကို ခံရပေလိမ့်မည်။]
'မင်းပြောနေတာက... အန်းယာ့လျိုရှန်းကိုသတ်ဖို့ ငါ့အတွက် မဖြစ်နိုင်ဘူး လို့လား'
စက္ကန့်ပိုင်းအတွင်းမှာပင် မရေမတွက်နိုင်သော အတွေးများသည် ဝမ်ချောင်၏စိတ်ထဲ ပေါ်လာခဲ့ကြသည်။
ပြန်လည်မွေးဖားလာသူ တစ်ယောက်အနေဖြင့် ဝမ်ချောင်၏လမ်းကြောင်းသည် ဤလောက လက်မခံနိုင်သည့် တစ်စုံတစ်ရာဖြစ်ပြီး ဤလောကနှင့်လုံးဝ သဟဇာတ မဖြစ်ပေ။
သူပြန်လည်မွေးဖွားလာခဲ့ကတည်းက ဝမ်ချောင်သည် လောကကြီး၏ ချုပ်ချယ်သည့် စွမ်းအားကို ခံစားခဲ့ရပြီးဖြစ်သည်။ သို့သော် ဝမ်ချောင်သည် ဤကန့်သတ်သည့် စွမ်းအားက ဤမျှသန်မာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းသည်သူ့ကို မောင်းထုတ်နိုင်ခဲ့သည်သာမက အရေးကြီးသည့် ပစ်မှတ်အချို့ကိုလည်း သန်မာစေခဲ့ပြီး သူ့ကိုရပ်တန့်ခဲ့သည်။
ကံကြမ္မာကို ပြောင်းလဲခြင်းက လွယ်ကူသည့်အလုပ် မဟုတ်ပေ။
အန်းယာ့လျိုရှန်းသည် ဤလောက၏ကံကြမ္မာတွင် အလွန်အမင်း အရေးကြီးသော နေရာကို ရယူထားခဲ့သည်။ ဖြစ်နိုင်သည်မှာ အရေးအကြီးဆုံးနေရာပင် ဖြစ်နိုင်၏။
အကယ်၍ သူသည် သူက မထင်မရှားဖြစ်နေသေးပြီး အောင်မြင်စွာ မပုန်ကန်နိုင်မှီ သူ့ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါက လောက၏ကံကြမ္မာနှင့် သမိုင်းသည် သံသယရှိစရာမလိုဘဲ ပြောင်းလဲပေလိမ့်မည်။
အကယ်၍ အန်းယာ့လျိုရှန်း သေဆုံးခဲ့ပါက ယိုကျိုးတွင် မည်သူကမျှ ပုန်ကန်မှုတစ်ခုကို စတင်နိုင်မည်မဟုတ်ဘဲ မဟာထန်သည် အတွင်းမှနေ၍ လဲပြိုလိမ့်မည် မဟုတ်ပေ။ အကယ်၍ အန်းယာ့လျိုရှန်း မရှိခဲ့ပါက တိုင်းတစ်ပါး ကျူးကျော်သူ စစ်တပ်များကို ဆင့်ခေါ်ရန် မည်သူမျှ ရှိလိမ့်မည်မဟုတ်ဘဲ အလယ်ပိုင်းလွင်ပြင်ဒေသသည် ဖျက်ဆီးခံရလိမ့်မည် မဟုတ်ပေ။
ဤသည်မှာ မတူညီသောလောကနှစ်ခုကို ဖြစ်စေပေလိမ့်မည်။
ဝမ်ချောင်သည် သမိုင်းသို့မဟုတ် ကံကြမ္မာကို ယခင်က လုံးဝမပြောင်းလဲခဲ့ဖူးခြင်းမျိုး မဟုတ်ခဲ့ပေ။ သူသည် သူ့ကလန်နှင့် စုန့်ဘုရင်တို့၏ ကံကြမ္မာကို ပြောင်းလဲခဲ့သည်။
သို့သော်လည်း ထိုပြောင်းလဲမှုများ တစ်ခုကမှ သူ့ရှေ့ရှိတစ်ခုကို မနှိုင်းယှဉ်နိုင်ကြပေ။ ဤသည်မှာ သူကံကြမ္မာကို ပြောင်းလဲပေးခဲ့သည့် တော်ဝင်မင်းသားအချို့နှင့် ကလန်တစ်ချို့ မဟုတ်ခဲ့ပေ။ သို့သော် ဤလောကတွင် နေထိုင်နေသည့် သန်းချီသောလူများ ဖြစ်ကြပြီး မရေမတွက်နိုင်သော တိုင်းပြည်များ၏ ကံကြမ္မာဖြစ်သည်။
ဤပြောင်းလဲမှုက အလွန်ကြီးမားလှကာ ပထမဆုံးအကြိမ်အနေဖြင့် ဝမ်ချောင်သည် လောကကြီးဆီမှ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုကို ကြုံတွေ့လိုက်ရသည်။ မဟုတ်ပေ။ ၎င်းသည် ဝင်ရောက်စွက်ဖက်ရုံ မဟုတ်ခဲ့ပေ။ လောကကြီးသည် အန်းယာ့လျိုရှန်းကိုပင် သန်မာစေခဲ့သည်။
ဤသည်မှာ ကောင်းချီးပေးခြင်းဖြစ်၏။
'... အရမ်းစောလွန်းလို့များလား။ အန်းယာ့လျိုရှန်းက သူ့ရဲ့မစ်ရှင်ကို မပြီးမြောက်သေးတာကြောင့် ဒီသဘာဝလွန် ဖြစ်ရပ်က ပေါ်လာခဲ့တာလား။'
ဝမ်ချောင်သည် ရုတ်တရက် ကောင်းကောင်းကြီး နားလည်သွားခဲ့၏။
တစ်ချိန်က ဤလောကတွင် တစ်ခါသေသွားခဲ့ပြီး ပြန်လည်မွေးဖွားလာသည့် တစ်စုံတစ်ယောက်အနေဖြင့် မတည်ရှိနေသင့်တော့သည့် စိတ်ဝိညာဉ်တစ်ခုအနေဖြင့် ဝမ်ချောင်သည် ဤသို့သောအရာများကို ကြုံတွေ့လိုက်ရသည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်သည်။ သို့တိုင် ဝမ်ချောင်၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် မပျောက်ကွယ်သွားသည့်အပြင် ၎င်းသည် ပိုသာသော ကြမ်းကြုတ်မှုများနှင့် ပြတ်သားမှုများဖြင့်ပင် လောင်ကျွမ်းသွားခဲ့သည်။
“ဆိုတော့ လောကကြီးက ဝင်စွက်ဖက်တော့ရော ဘာဖြစ်လဲ။ လောကကြီးတစ်ခုလုံးက မင်းကို ကာကွယ်နေခဲ့တယ်ဆိုရင်တောင် ငါမင်းကို သေခိုင်းအုံးမယ်”
ဝမ်ချောင်သည် သူ့လက်သီးများကိုဆုပ်လိုက်ပြီး အံကြ်ိတ်လိုက်သည်။ သူက သူ့ခေါင်းကို နောက်တစ်ကြိမ် မြှောက်လိုက်သောအခါ သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အလင်းရောင်တစ်ခုဖြင့် နောက်တစ်ကြိမ် ကျွမ်းလောင်နေခဲ့သည်။
“မကောင်းတော့ဘူး သူကလွတ်မြောက်တော့မယ်”
“သူ့ကိုရပ်”
ဟီး
“သူ့မှာ တစ်ခြားအစီအစဉ်တွေ ရှိတယ်”
“အဲ့ဒါက အံ့ဖွယ်ကောင်းတဲ့ ဖာဂါနာမြင်းပဲ”
****
မိုးများသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး လူတိုင်းကို ရွှဲစိုနေစေခဲ့သည်။ အရက်မူးနေသော စာကလေး စားသောက်ဆိုင်သည် လုံးဝကသောင်းကနင်း ဖြစ်နေခဲ့သော်လည်း လျှပ်စီးလက်သွားသောအခါ လူတိုင်းသည် အံ့ဖွယ်ကောင်းသော နဂါးပေါက်လေး တစ်ကောင်ကဲ့သို့ ထိုမြင့်မားသောမြင်းက မြည်ဟီးပြီး အဝေးသို့ ပြေးထွက်သွားခဲ့သည်ကို လူတိုင်းမြင်နိုင်ခဲ့သည်။
အန်းယာ့လျိုရှန်းသည် ခုန်လိုက်ပြီး ထိုအံ့ဖွယ်ကောင်းသော ဖာဂါနာမြင်းကို စီးနင်းလိုက်ကာ ထို့နောက် အဝေးသို့ ဒုန်းဆိုင်းလိုက်ပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“လူတိုင်း ငါ့နောက်လိုက်ခဲ့ကြ”
အန်းယာ့လျိုရှန်း သူ့မြင်းကို စီးလိုက်သည့်အခိုက်တွင် ကျောက်တုံးကို နင်းနေသည့် ခွာသံများသည် သူ့နောက် လိုက်ပါသွားခဲ့ကြသည်။
ခွာဖြူအရိပ်ကို စီးနင်းနေသည့် ဝမ်ချောင်သည် မိုးရေထဲသို့ ပြေးထွက်သွားခဲ့ပြီး သူ့ကို မလွတ်မြောက်စေချင်ခဲ့ပေ။
ဝမ်ချောင်၏ ခွာဖြူအရိပ်သာ အန်းယာ့လျိုရှန်း၏ ဖာဂါနာမြင်းကို အမှီလိုက်နိုင်ပေသည်။
ဘုန်း
သတ္တုသံ ထွက်ပေါ်လာခဲ့၏။ လိုက်ဖမ်းနေစဉ် ဝမ်ချောင်သည် လုံးဝတုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းကို ထုတ်လွှတ်ရန် ရွေးချယ်ခဲ့သည်။
ချီစက်ကွင်းများသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး မိုးရေများကို လွင့်စင်သွားစေခဲ့သည်။ ဤချီစက်ကွင်းများသည် ဝမ်ချောင်၏ ခြေထောက်များကို ဖုံးလွှမ်းသွားသည်သာမက အရက်မူးနေသော စာကလေးစားသောက်ဆိုင် ပတ်ပတ်လည်ရှိ သူ့တပ်ဖွဲ့များ အားလုံးတို့၏ ခြေထောက်များကိုလည်း ဖုံးလွှမ်းသွားခဲ့သည်။
ဤအခိုက်တွင် ဤလူများအားလုံးတို့သည် ယခုအခါ ပိုသန်မာသွားခဲ့ပြီး ပိုမြန်ဆန်သွားခဲ့ကာ ပို၍သွက်လက်ကျွမ်းကျင်သွားခဲ့ကြသည်။
“သခင်လေးနောက် အမှီလိုက်”
အမှောင်ထုထဲတွင် လူအိုကြီးလင်းယုန်ငှက်သည် အော်ဟစ်လိုက်ပြီး မြင်းပေါ်သို့တက်လိုက်သည့် ပထမဆုံးလူဖြစ်ကာ သူ့နောက်ဒုန်းဆိုင်း လိုက်ပါသွားခဲ့သည်။ သူ့နောက်တွင် လီစီးယိ၊ ကျောက်ကျင်းတန်၊ ဝေအန်းဖန်၊ နယ်စားငယ်ရီနှင့် တစ်ခြားလူများဖြစ်ကြ၏။
မည်သူကမျှ ဝမ်ချောင်က ဟူများကိုဖမ်းဆီးရန် ဘာကြောင့်တစ်ပြားသားမျှ မလျော့ခဲ့သည်ကို မသိခဲ့ကြသော်လည်း ဤအချိန်တွင် ဝမ်ချောင်၏ဆန္ဒသည် မေးခွန်းထုတ်စရာမလိုဘဲ သူတို့အားလုံး၏ ဆန္ဒဖြစ်သည်။
သူက ဘာလုပ်ချင်ခဲ့ပါစေ လူတိုင်းသည် ချက်ချင်း လိုက်နာပေလိမ့်မည်။
ဘုန်း
မိုးခြိမ်းသံများနှင့် မိုးသံများအပြင် ခွာသံများကြောင့် မြေကြီးတုန်ခါသွားခဲ့သည်။
လျှပ်စီးလက်သွားခဲ့ပြီး မရေမတွက်နိုင်သော ချပ်ဝတ်တန်ဆာဝတ် မြင်းစစ်သည်များက အမှောင်ထုထဲတွင် ပြေးလွှားနေသည်ကို လှစ်ပြလိုက်သည်။
***
မိုးသည်ပို၍ပို၍ သည်းထန်လာခဲ့၏။
လျှပ်စီးများ တစ်ချက်ပြီးတစ်ချက် လင်းလက်သွားခဲ့ကာ လောကကြီးကို ပိုင်းဖြတ်ရန် ဆန္ဒရှိနေပုံရသည်။ ထိုသည်မှာ ညမရောက်သေးသော်လည်း ကောင်းကင်ထက်ရှိ သိပ်သည်းပြီး မည်းမှောင်သောတိမ်များသည် အမှောင်ထုဖြင့် လောကကြီးကို လွှမ်းခြုံထားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော လေထုတစ်ခုက လောကအနှံ့ ပြန့်နှံ့နေခဲ့၏။
အသေးဆုံးသော လှုပ်ရှားမှု လက္ခဏာကိုပင် ရူးသွပ်စွာဟောင်လေ့ရှိသည့် ထိုခွေးများသည် တစ်စုံတစ်ခုကို အာရုံခံမိကြပုံရသည်။ သူတို့သည် ညဉ်းတွားနေကြသော်လည်း မဟောင်ခဲ့ကြပေ။
ဘုန်း
နောက်ထပ် လျှပ်စီးတစ်ချက် ကျဆင်းသွားခဲ့ကာ ၎င်း၏လောင်ကျွမ်းနေသော အလင်းသည် ကောင်းကင်ထက်တွင် ချိတ်ဆွဲနေသော မြစ်တစ်စင်းကဲ့သို့ ဖြစ်သည်။ ဤမျက်စိကျိန်းမတက် တောက်ပသောမြစ်သည် တုန်ခါနေသော လောကကြီးကို တောက်ပသွားစေခဲ့ပြီး ခေါင်မိုးများကို တုန်ခါသွားစေသည်။ ၎င်းသည် ကျောက်ခင်းလမ်းကိုလည်း တောက်ပသွားစေခဲ့ပြီး ဖာဂါနာမြင်းက သူတို့အပေါ် ဒုန်းဆိုင်းနေခဲ့ကာ ထိုဝပုံရသော်လည်း အမှန်တွင် တုတ်ခိုင်သန်မာသည့်ဟူက ၎င်းအပေါ် ရှိနေခဲ့သည်။
ဤသည်မှာ အသက်(၂၈)နှစ် သို့မဟုတ် (၂၉)နှစ်အရွယ်ရှိသည့် ဟူတစ်ယောက်ဖြစ်သည်။ သူ့တွင် ချွန်ထက်သောနှာခေါင်းနှင့် ဟောက်ပက်ဖြစ်နေသော မျက်လုံးများရှိသည်။ သူ့မျက်နှာသည် လေးထောင့်ကျပြီး ပါးသိုင်းမွှေးဖြင့် ဖုံးလွှမ်းထားခဲ့၏။ ဤသို့သော ပုံစံမျိုးသည် နယ်စပ်တွင် နေထိုင်နေကြသည့် ဟူများကြား တွေ့ရများသည်။
ဤပုဂ္ဂိုလ်သည် ဝမ်ချောင်လိုက်ဖမ်းနေသည့် လူဖြစ်ပြီး သူဖုန်မှုန့်ဖြစ်သွားသည်အထိ သတ်ပစ်ချင်သည့် လူဖြစ်ကာ သူဘယ်တော့မှ မေ့ပျောက်နိုင်မည်မဟုတ်သည့် လူဖြစ်သည်။
အန်းယာ့လျိုရှန်း...။
**************
အခန်း(၄၄၇)
ယိုကျိုး၏ သူပုန်စစ်သည်များ
“လောကကြီးမှာ ဘာတွေဖြစ်နေတာလဲ”
အန်းယာ့လျိုရှန်းသည် မိုးရေထဲမှ ဒုန်းဆိုင်းလိုက်ကာ အဆုံးမဲ့သော မိုးရေများသည် သူ့မျက်နှာကို ပုလဲလုံးကဲ့သို့ ရိုက်ခတ်နေခဲ့ပြီး သူ့နောက်တွင် အဖြူရောင် ရေတန်းရှည်ကြီးကို ချန်ရစ်ထားခဲ့သည်။
သူသည် သူ့နောက်ရှိ မြင်းများ၏ ဒုန်းဆိုင်းသံများကို ကြားနိုင်ပြီး အသံတစ်ခုချင်းစီက အန်းယာ့လျိုရှန်း စိတ်နှလုံးသား၏ အောက်ခြေတွင် တဒုန်းဒုန်း မြည်နေခဲ့သည်။ သူသည် အမဲလိုက်ခံရသည့် အတွေ့အကြုံကို ကြုံတွေ့ခဲ့ရကတည်းက အချိန်အကြာကြီး ရှိသွားခဲ့ပြီဖြစ်သည်။
ဤလူများသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် သူ့ဆီသို့ ပြေးလွှားလာနေခဲ့ကြ၏။ အန်းယာ့လျိုရှန်းသည် အကယ်၍သူသည် လိုက်မှီသွားခဲ့ပါက သို့မဟုတ် အနည်းငယ် နှေးကွေးသွားခဲ့ပါက သူ့ကိုစောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာမှာ သေခြင်းတရား ဖြစ်လိမ့်မည်ကို သိရှိထားသည်။
ဤကြီးမားလှသော အန္တရာယ်က အန်းယာ့လျိုရှန်း၏ ခေါင်းကိုကိုက်စေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲတော့မည်ကဲ့သို့ ခံစားနေရသည်။ သူသည် ယိုကျိုးမှ သူဝယ်ယူလာခဲ့သော ဤဖာဂါနာမြင်းကို အကန့်အသတ်ထိ ဖိအားပေးထားခဲ့ပြီဖြစ်သော်လည်း သူသည် အကွာအဝေးကို ချဲ့ထွင်နေသည်ဟု မခံစားခဲ့ရပေ။
သူ့နောက် လိုက်ဖမ်းနေသူများ၏ မြင်းများသည် သူ့မြင်းထက် တစ်ကွက်မျှ မလျော့သည်မှာ သံသယရှိစရာ မလိုပေ။
ဤသည်က အန်းယာ့လျိုရှန်းကို ပို၍ပင် မသက်မသာ ဖြစ်သွားစေခဲ့၏။
သို့သော် ဤအန္တရာယ် တစ်ခုကမှ အန်းယာ့လျိုရှန်း၏ စိတ်ထဲရှိ အတွေးတစ်ခုကို မကျော်လွှားနိုင်ခဲ့ကြပေ။
‘ဒါတွေအားလုံး ဘာလို့ဖြစ်နေကြတာလဲ။’
အရက်မူးနေသော စာကလေး စားသောက်ဆိုင်ထဲတွင် လူများစွာရှိခဲ့သောကြောင့် ထိုဟန်လူငယ်လေးက ဘာကြောင့်သူ့ကို ပစ်မှတ်ထားနေခဲ့သနည်း။ သူသည် အန်းညီအစ်ကို လေးယောက်တွင် ကျော်ကြားမှုအနည်းဆုံး တစ်ယောက်လည်းဖြစ်ပြီး ထို့ကြောင့် အာရုံစိုက်မှုအားလုံးတို့သည် မထင်ရှားသောသူအပေါ် ဘာကြောင့် ရောက်နေခဲ့ကြသနည်း။
ထို့အပြင် အန်းယာ့လျိုရှန်း နားမလည်နိုင်သည့် ပို၍ပင်အရေးကြီးသော နောက်ထပ် ကိစ္စတစ်ခုရှိသေးသည်။ ယိုကျိုးမှနေ၍ ဤနေရာသို့ သူရောက်ချလာခဲ့ကတည်းက သူသည် အလွန်သိုသိပ်ခဲ့ပြီး ရိုကျိုးခဲ့ကာ ခြေထောက်များကြား အမြှီးရောက်နေသည့် ခွေးတစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်။ သူသည် ဥပဒေကို မလေးစားသည့် မည်သည့်အရာကိုမျှ မပြုလုပ်ခဲ့ပေ။
ထို့ကြောင့် ထိုလူငယ်သည် ဘာကြောင့် တစ်ခြားလူများကို ဂရုမစိုက်ပုံရပြီး သူ့နောက် အတင်းအကြပ် လိုက်နေခဲ့သနည်း။
အန်းယာ့လျိုရှန်းသည် သူ့စိတ်ထဲတွင် ရှာဖွေလိုက်ပြီး သူက ထိုကောင်လေးနှင့် တစ်ခါမျှ မဆုံခဲ့ဖူးသည်ကို အတည်ပြုလိုက်ကာ ထို့ကြောင့် ပဋိပက္ခများပေါ်ပေါက်ရန် သဘာဝအားဖြင့် အခွင့်အရေးမရှိပေ။ သို့သော် ထိုရွှံ့ရှာမုန်းတီးမှု ထိုနီရဲနေသော မျက်လုံးများက လိမ်ညာနေမည် မဟုတ်ပေ။
အန်းယာ့လျိုရှန်းသည် သူကတကယ့်ကို ကြောက်ရွံ့သွားခဲ့သည့် အခိုက်အတန့်ရှိသည်ကို ဝန်ခံရပေမည်။ ထိုသည်မှာ သာမာန်မုန်းတီးမှု သို့မဟုတ် ရွှံ့ရှာခြင်းမျှလောက် ရိုးရှင်းသည့်အရာ မဟုတ်တော့ပေ။ သို့သော် သွေးပင်လယ်ထဲတွင် ဖြစ်ပေါ်လာခဲ့သော နက်ရှိုင်းသည့် မုန်းတီးမှုတစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် အန်းယာ့လျိုရှန်းသည် သူ့သွေးသောက်ညီအစ်ကို အန်းဝိန်ကျန့်က ခုတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ သူသည်ချက်ချင်း ထွက်ပြေးခဲ့သည်။ သူသည် သူ့တွင်အကယ်၍ သူကအနည်းငယ် နှေးကွေးသွားခဲ့ပါက သူသည် ဘယ်တော့မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ဟူသော ဆိုးရွားသည့်ခံစားချက်တစ်ခု ရှိပေသည်။
‘ဒီကောင်လေးက ဘယ်သူများလဲ။ ငါသူနဲ့ ဘယ်နေရာမှာ စကားများ ရန်ဖြစ်ခဲ့ဖူးတာလဲ။ ယိုကျိုးလား မဖြစ်နိုင်တာ။ မြို့တော်ရဲ့ လူငယ်တွေ အကုန်လုံးက နူးညံ့သိမ်မွေ့ကြတယ်။ သူတို့တစ်ယောက်ကမှ ဒီလောက် ဝေးလံခေါင်သီတဲ့ နေရာတစ်ခုကို သွားကြမှာမဟုတ်ဘူး။ နောက်ပြီး သူတို့ရဲ့ အဆင့်အတန်းနဲ့ ဘယ်သူကများ သူတို့ကို ဆန့်ကျင်ဖို့ ကြိုးစားရဲမှာလဲ။’
‘မြို့တော်ဖြစ်နိုင်လား။ မဖြစ်နိုင်တာ ဒါကမြို့တော်ကို ငါပထမဆုံး ရောက်တာပဲ။ တကယ်လို့ ငါသူ့ကိုအရင်က ဆုံတွေ့ခဲ့ဖူးရင် ငါသိမှာဖြစ်ပြီး ဒီလိုမျိုး နားလည်ရခက်လောက်အောင် လိုက်ဖမ်းခံနေရမှာ မဟုတ်ဘူး။’
အန်းယာ့လျိုရှန်း သူ့မြင်းနောက်ကျောကို ကပ်တွယ်လိုက်ပြီး မရေမတွက်နိုင်သော အတွေးများက သူ့စိတ်ထဲတွင် ပေါ်လာခဲ့ကာ ဟောဟဲဆိုက်နေခဲ့သည်။ သူသည် အကြိမ်များစွာ ထွက်ပြေးခဲ့သောကြောင့် ဖြစ်နိုင်သည်။ သူသည် ထိုပုဂ္ဂိုလ်၏ လိုက်ဖမ်းခြင်းကို အကြိမ်များစွာ ခံခဲ့ရသောကြောင့် ဖြစ်နိုင်သည်။
အကြောက်တရားဖြင့် အချိန်အကြာကြီး နေထိုင်ခဲ့ပြီးနောက် အန်းယာ့လျိုရှန်းသည် သူက အလွန်သနားစရာကောင်းသော အခြေအနေများတွင် ထွက်ပြေးခြင်း၌ အလွန်အမင်း ကျွမ်းကျင်မှုရှိသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။
သူ့နောက်ရှိ ဒုန်းစိုင်းပြေးလွှားနေသည့် အသံများ၊ သည်းသည်းမည်းမည်း ရွာနေသည့်မိုး၊ ရေလွင့်စင်သံများနှင့် သူ့စိတ်ဝိညာဉ်ကို ယူချင်ပုံရသည့် ထိုသတ္တုမြည်သံများ အားလုံးတို့က အန်းယာ့လျိုရှန်း၏ စိတ်နှလုံးသားကို ကြောက်ရွံ့စွာ ခုန်စေခဲ့သည်။
အန်းယာ့လျိုရှန်းသည် ထိုလူငယ်၏ ခန့်ညားသောမျက်နှာ သူ၏အေးစက်ပြီး နီရဲနေသော မျက်လုံးများကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။ သူသည် သူ့အသက်ရှုသံကိုပင် ကြားနိုင်ပြီး အနံ့ခံနိုင်ပေသည်။
သူတို့သည် အလွန်အမင်း နီးကပ်နေခဲ့ကြပြီးဖြစ်၏။
သို့သော် အန်းယာ့လျိုရှန်းသည် သူ့ခေါင်းကို မလှည့်ရဲခဲ့ပေ။
ဤကျိုးကြောင်းမဆီလျော်သော လိုက်လံဖမ်းဆီးမှု၊ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများနှင့် အမုန်းတရားဖြင့် ပြည့်နှက်နေသည့် ထိုနီရဲနေသော မျက်လုံးတစ်စုံ… အန်းယာ့လျိုရှန်းသည် သူက ထိုပုဂ္ဂိုလ်လောက် သူ့ကိုသွေးပျက်စေမည့် တစ်စုံတစ်ယောက်ကို တွေ့ဆုံရလိမ့်မည်ဟု လုံးဝစိတ်မကူးထားခဲ့ပေ။
ပို၍အရေးကြီးသည်မှာ အန်းယာ့လျိုရှန်းသည် ဤအရာအားလုံးက ဘာကြောင့်ဖြစ်ပျက်နေသည်ကို မသိခဲ့သေးပေ။
‘အဲကောင်ကြောင့်ဖြစ်နိုင်လား’
အတွေးတစ်ခုက သူ့ဆီရောက်လာခဲ့၏။ သူတွေးတောနေစဉ် အန်းယာ့လျိုရှန်းသည် အရက်မူးနေသော စာကလေးစားသောက်ဆိုင်မှ သူတို့မောင်းထုတ်လိုက်သည့် ထိုဟန်အုပ်စုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
ထိုလူစုထဲတွင် လူမျိုးစုံပါဝင်ခဲ့ကြပြီး သူတို့ထဲမှ အတော်များများက သင်္ဘောသားများ ဖြစ်ကြသည်။ သူတို့က ၎င်းတို့ကို မောင်းထုတ်နေကြသောအချိန်တွင် ထိုလူအုပ်ကြီးသည် ၎င်းတို့၏ခေါင်းဆောင်က မြို့တော်ဝမ်ကလန်မှ လူငယ်လေးတစ်ယောက် ဖြစ်သည်ဟု အော်ဟစ်ခဲ့ကြသည်။
ထိုအချိန်က အန်းဝိန်ကျန့်သည် ဤအကွက်ကို အလွယ်တကူ လျစ်လျူရှု့ခဲ့သည်။ အန်းဝိန်ကျန့်သည် မြို့တော်ဝမ်ကလန်က လက်ရွေးစင် ကလန်တစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အကယ်၍သူတို့သည် ပါတီတစ်ခုကို ကျင်းပခဲ့ပါက သူတို့သည် စားသောက်ဆိုင်တစ်ခုလုံးကို မငှားရမ်းဘဲ မည်သို့နေမည်နည်း။ ထို့ပြင် သူတို့သည် ဤနေ့တိုင်း လမ်းသလားနေသူများနှင့် ဘယ်လိုလုပ် ပတ်သတ်နိုင်မည်နည်း။ သူတို့သည် လိမ်ညာနေခြင်း ဖြစ်ရပေမည်။
ထို့နောက်သူတို့သည် ၎င်းတို့၏အရိုးများကို ချိုးပစ်ခဲ့ကြသည်။
ထိုလူများသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ကြပြီး သူတို့က သေချာပေါက် ဤအရာအတွက် နောင်တရလိမ့်မည်ဟု ပြောဆိုခဲ့ကြသည်။
အချိန်အကြာကြီး တွေးတောနေပြီးနောက် အန်းယာ့လျိုရှန်းသည် ဤဖြစ်ရပ်ကိုသာ စဉ်းစားနိုင်ခဲ့သည်။
သို့သော် ဤသို့ဆိုလျှင်ပင် သူသည် ဤဖြစ်ရပ်နှင့် ဘာမှမဆိုင်ခဲ့ပေ။ အန်းဝိန်ကျန့်သည် တရားခံဖြစ်၏။ သူသည် ရိုက်နှက်ခြင်း၌ပင် မပါဝင်ခဲ့ပေ။
အကယ်၍ ထိုကောင်လေးသည် တစ်စုံတစ်ယောက်ကို ရှာဖွေချင်ခဲ့ပါက သူသည် အန်းဝိန်ကျန့်နှင့် တစ်ခြားလူများနောက် လိုက်သွားသင့်ပေသည်။ ထိုအစားဘာကြောင့် သူဖြစ်ရသနည်း။
‘ငါအနောက်ပိုင်း မြို့ဆင်ခြေဖုံးမှာရှိတဲ့ သတင်းတစ်ဆင့်ပို့တဲ့ဌာနကို အရင်သွားရမယ်။ အဲ့ဒီနေရာကပဲ ငါ့ကိုလုံးဝ လုံခြုံစေလိမ့်မယ်။’
အန်းယာ့လျိုရှန်းသည် သူ့မြင်းကို လောဆော်လိုက်ကာ ဤအတွေးများက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
***
မိုးများသည်းသည်းမည်းမည်း ရွာသွန်းလာသည်နှင့် လျှပ်စီးလက်ခြင်းက ရှေ့တစ်ယောက် နောက်တစ်ယောက် မြင်းနှင့်လူတို့၏ အစုနှစ်ခုကို တခဏတာ ရိပ်ကနဲ မြင်တွေ့သွားစေခဲ့သည်။
ဝမ်ချောင်သည် သူ့မြင်းနောက်ကျောကို ကပ်တွယ်ထားခဲ့ပြီး သူ့ပါးစပ်က တင်းတင်းစေ့နေခဲ့သည်။ သူ့နောက်တွင် မြင်းများ၏ ဒုန်းဆိုင်းပြေးသံများဖြစ်သော်လည်း မည်သူကမျှ ဘာမျှပြောမနေခဲ့ပေ။
လက်ရှိတိတ်ဆိတ်မှုသည် အသံများ ရှိနေခြင်းထက် ပို၍ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
‘မင်းဘယ်ကိုပဲ သွားပါစေ မင်းမြို့တော်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။’
ဝမ်ချောင် သူ့ရှေ့သို့ စိုက်ကြည့်လိုက်၏။
မြို့တော်သည် တံတိုင်းကာရံထားသော မြို့တစ်မြို့ဖြစ်ပြီး သူသည် မြို့ဂိတ်တံခါးမှ လာခဲ့ပေသည်။ မြို့ဂိတ်တံခါးသည် သူ့နောက်တွင်ဖြစ်ပြီး အန်းယာ့လျိုရှန်းက မြို့တံခါးမှနေ၍ မလွတ်မြောက်ခဲ့သရွေ့ သူတစ်ခြားမည်သည့်နေရာသို့ သွားခဲ့ပါစေ သူသည် သူ့လက်ထဲမှ ဘယ်တော့မှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ အန်းယာ့လျိုရှန်းသည် မြို့ဂိတ်တံခါးမှနေ၍ လွတ်မြောက်ခဲ့လျှင်ပင် သူသည် လွတ်မြောက်နိုင်လိမ့်အုံးမည် မဟုတ်ပေ။
သူ့နောက်ဆုံးဘဝတွင် သူသည် (၃၅)နှစ် အသုံးပြုခဲ့သော်လည်း အလယ်ပိုင်းလွင်ပြင်ဒေသကို ၎င်း၏ပျက်စီးခြင်းကံကြမ္မာမှ ကယ်တင်ရန် ကျရှုံးခဲ့ဆဲဖြစ်သည်။ ဤဘဝတွင် ဝမ်ချောင်သည် အလယ်ပိုင်းလွင်ပြင်ဒေသအတွက် လုံလောက်သည့် ပြင်ဆင်မှုများကိုပြုလုပ်ရန် ကြီးမားသော အားထုတ်မှုများနှင့် အချိန်အမြောက်အများကို မြုပ်နှံထားခဲ့ပြီးဖြစ်သည်။ သို့သော် ဝမ်ချောင်သည် ကောင်းကင်ဘုံက သူ့အားဤကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးတစ်ခုကို ပေးလာလိမ့်မည်ဟု စိတ်မကူးထားခဲ့ပေ။ အန်းယာ့လျိုရှန်းသည် ဝေးကွာလှသည့် ယိုကျိုးမှနေ၍ မြို့တော်သူ့ဆီသို့ တစ်ယောက်ထဲ လာခဲ့ပေသည်။
ဝမ်ချောင်သည် အောင်မြင်ရန်ဤမျှ နီးကပ်သည်ကို တစ်ခါမျှ မခံစားခဲ့ဖူးဘဲ သူ့မစ်ရှင်များ အောင်မြင်ရန် အလွန်နီးကပ်လှသည်။ ထိုသည်မှာ သူ့မျက်စိရှေ့၌ ရှိနေခြင်းလောက် မရိုးရှင်းခဲ့ပေ။ သူသည်၎င်းကို ထိနိုင်ခြင်းလောက်နီးပါး ဖြစ်ပေသည်။
သူသည်အန်းယာ့လျိုရှန်းကို သတ်ဖြတ်နိုင်သရွေ့ ကံကြမ္မာသည် မယုံနိုင်စရာကောင်းသော ပြောင်းပြန်လှန်မှုတစ်ခုကို ကြုံတွေ့ရပေလိမ့်မည်။ ကံကြမ္မာရှိ မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ အားလုံးထဲတွင် ဤတစ်ခုသည် သံသယရှိစရာမလိုဘဲ အလွယ်ကူဆုံးဖြစ်ပြီး အနည်းဆုံးတန်ဖိုးဖြင့် ရောက်လာခဲ့ပေသည်။
လက်ရှိအန်းယာ့လျိုရှန်းသည် အလွန်အားနည်းလှ၏။ သူသည် သူ့နောက်ဆုံးဘဝမှ ထိုရည်မှန်းချက်ကြီးမားပြီး အကြင်နာတရားကင်းမဲ့ကာ ပြိုင်ဘက်ကင်းလှသည့် ဗီလိန်ကိုပင် မယှဉ်နိုင်ခဲ့ပေ။
ဝမ်ချောင်သည် အကယ်၍ သူဤအခွင့်အရေးကို လွဲချော်သွားခဲ့ပါက သူသည်၎င်းကိုသေချာပေါက် နောင်တရလိမ့်မည်ကို ကောင်းကောင်းကြီး သိထားသည်။
အကြောင်းမှာ အဘယ့်ကြောင့်ဆိုသော် နောက်တစ်ကြိမ် ဤသို့သောအခွင့်အရေးများ ကြုံတွေ့လာရသည့်အခါ သူဤမျှလောက် လွယ်ကူလိမ့်မည်မဟုတ်ဘဲ ဤသို့သော ထင်ရှားသည့် အားသာချက်ကို ဆုပ်ကိုင်ထားလိမ့်မည် မဟုတ်ပေ။
ဝုန်း
စစ်မြင်းများ၏ ဒုန်းဆိုင်းသံများသည် ဝမ်ချောင်ကို လှည့်မကြည့်ဘဲ ပို၍ပို၍များပြားသော လူများက သူနှင့်အတူ လိုက်ပါလာနေခဲ့ကြသည်ကို ခံစားမိစေခဲ့သည်။ မြို့တော်တွင် ဝမ်ကလန် ကိုင်ဆွဲထားသော ကြီးမားလှသည့် သြဇာလွှမ်းမိုးမှုက အလုပ်ဖြစ်ခဲ့သည်။
ဝမ်ချောင်သည် ဤလူများက ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ ဝိညာဉ်သွေးကြောတောင်ပေါ်နှင့် ဝမ်ကလန်မှပင် မဟုတ်ခဲ့ကြသည်ကို ကောင်းကောင်း သိရှိထားသည်။ ဝမ်ကလန်သည် ယောင်ကလန်နှင့် အဆင့်တူဖြစ်သည့် ဂုဏ်သရေရှိ ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်တစ်ခုဖြစ်ပြီး ချီဘုရင်သည်ပင် အလေးအနက်ထားရသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ချီလင်သားဖြစ်သည့် ဝမ်ချောင်မှတဆင့် ၎င်းသည် အလုပ်လုပ်ရန် ၎င်း၏ကြီးမားသော သြဇာနှင့်အာဏာကို အလုပ်လုပ်စေခဲ့သည်။
ဝမ်ကလန်သည် ရေအောက်ထဲရှိ ပုန်းကွယ်နေသော ကြီးမားသည့် သားရဲတစ်ကောင်ကဲ့သို့ဖြစ်ပြီး အကန့်အသတ်မရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ဝမ်ကလန်၏ အနွံ့တာခံမှု၊ နှိမ့်ချမှုနှင့် မထင်ရှားသည့် ပုံရိပ်တို့သည် ဤစွမ်းအားကို ကန့်သတ်ထားခဲ့သည်။
ဤကန့်သတ်မှုသည် ဝမ်ချောင်၏ဖခင် ဝမ်ယန်မှ လာခဲ့ခြင်းမဟုတ်ပေ။ သို့မဟုတ် ဝမ်ချောင်၏ ဦးကြီး ဝမ်ကန်းမှလာခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား ၎င်းသည် တစ်လောကလုံး၏ လေးစားအထင်ကြီးမှုကို ရရှိထားသော ဝမ်ချောင်၏အဘိုး မြို့စားကြီးကျူး ဝမ်ကျူးလျန်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
မြို့စားကြီးကျူးသည် ချိုးခြံခြွေတာပြီး စည်းစနစ်ကျသော လူဖြစ်ကာ သူသည် သူ့ကလေးများကို အလားတူ ဖြစ်စေချင်ခဲ့ပြီး ဝမ်ကလန်တစ်ခုလုံးကို ထိုကဲ့သို့ကျင့်ကြံရန် ဦးဆောင်ခဲ့သည်။
ဤသည်မှာ ဝမ်ကလန်ကို ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော ဂုဏ်သတင်းတစ်ခုကို ရရှိစေခဲ့သော်လည်း ၎င်းသည် ၎င်း၏စွမ်းအားကိုလည်း ကန့်သတ်သွားစေခဲ့သည်။
ထို့ကြောင့် ရှောင်ဟယ်ကြောင့် မြင့်တက်လာသောသူသည် ရှောင်ဟယ်ကြောင့် နိမ့်ချခြင်းခံရသည်ဟု ဆိုကြပေသည်။
ဝမ်ချောင်၏အဘိုးသည် သူက နောက်ဆုံးတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်အထိ ရုံးတော်တွင် အရာရှိတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့သည်။ ရုံးတော်၏ လျှင်မြန်စွာ ပြောင်းလဲနေသော နိုင်ငံရေး အခင်းအကျင်းတွင်သူသည် ဒီရေများကို ပြောင်းပြန်လှန်ရန်နှင့် အခြေအနေများကို ပြောင်းလဲရန် ရဲရင့်စွာ အလုပ်လုပ်ခဲ့သည်။ တစ်ခါက တာ့ခ်များနှင့် ခယ်ထန်တို့သည် မြောက်ဘက်မှ ကျူးကျော်ဝင်ရောက်လာသောအခါ သူသည် မဟာထန်၏ လက်ရှိရွှေခေတ်ကို ဖန်တီးရန် ဧကရာဇ်နှင့် အခြားဝန်ကြီးများနှင့်အတူ အလုပ်လုပ်ခဲ့သည်။ ဤသည်မှာ ဝမ်ကလန်၏ စွမ်းအားအရင်းအမြစ် ဖြစ်ပေ၏။
သို့သော် အလားတူပင် ဝမ်ချောင်၏အဘိုးသည် ဝမ်ကလန်၏စွမ်းအားကို ကန့်သတ်သွားစေသည့် မွန်မြန်လှသော ကိုယ့်ကျင့်သီလရှိသည်။
သို့တိုင် ဝမ်ချောင်၏ အဘိုးသည်ပင် ဝမ်ကလန်၌ ဝမ်ချောင်ကဲ့သို့သော လူတစ်ယောက် လုံးဝပေါ်ပေါက်လာလိမ့်မည်ဟု စိတ်ကူးထားလောက်မည် မဟုတ်ပေ။
သူပေါ်ပေါက်လာခြင်းသည် ဝမ်ကလန်မှ ချမှတ်ထားသော စည်းမျဉ်းများကို လုံးဝပြိုကွဲသွားစေခဲ့သည်။
ပို၍အရေးကြီးသည်မှာ သူပြသခဲ့သော ပါရမီကလည်း ဝမ်ကလန်၏ သခင်အိုကြီး၏ သဘောကျခြင်းကို ရရှိနိုင်ခဲ့သည်။
ကျွီ
လိုက်လံဖမ်းဆီးခြင်းအလယ်တွင် စူးရှလှသော လေချွန်သံတစ်ခုသည် သူတို့ရှေ့မှနေ၍ ထွက်ပေါ်လာခဲ့သည်။ မိုးရွာသွန်းနေသည့် အလယ်တွင် အန်းယာ့လျိုရှန်းသည် သူ့မြင်းကို ထောင့်တစ်ခုဆီသို့ ရုတ်တရက် ဦးတည်သွား စေပြီးနောက် ခြံဝင်းတစ်ခုသို့ ဝင်ရောက်သွားပုံရကာ မြင်ကွင်းမှနေ၍ ပျောက်ကွယ်သွားခဲ့သည်။
ဤအရာကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်သည် သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ့မြင်းကို နှေးကွေးစေလိုက်သည်။ သို့သော်သူသည် အချိန်အကြာကြီး တုန့်ဆိုင်းမသွားခဲ့ပေ။ သူ့မြင်းနှင့်အတူ သူသည် ထိုခြံဝင်း၏ဂိတ်တံခါးကို ဖြတ်ကျော်မသွားခဲ့သော်လည်း ထိုအစား နံရံကိုဖောက်ရန် ရွေးချယ်ခဲ့သည်။
ဘုန်း
မိုးများစိုရွှဲနေသည့် မရေမတွက်နိုင်သော အုတ်ခဲများသည် အတွင်းထဲသို့ ပေါက်ကွဲသွားခဲ့ကာ မြင့်မားလှသော ခြံဝင်းနံရံက ပြိုကျသွားခဲ့ပြီး ဝမ်ချောင်သည် သူ့ခွာဖြူအရိပ်ကို အတွင်းထဲသို့ မောင်းနှင်လိုက်သည်။
တခဏချင်းမှာပင် ဝမ်ချောင် ရပ်တန့်သွားခဲ့၏။
ဝမ်ချောင်ရှေ့ရှိ ကျန့်လေးဆယ်ကျော် အကွာအဝေးတွင် မြင့်မားလှသော ခြံဝင်းအဆောက်အဦး တစ်ခုဖြစ်ပြီး ဤခြံဝင်းရှေ့တွင် စစ်မြင်းများ စီးနင်းနေသည့် တုတ်ခိုင်သန်မာသော လူခြောက်ဆယ် ခုနှစ်ဆယ်ဖြစ်သည်။ လက်နက်များ ကိုင်ဆောင်ထားပြီး ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြကာ သူတို့သည် ထိုခြံဝင်းရှေ့တွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေခဲ့ကြသည်။ ဤအုပ်စုတွင် ဟူနှင့်ဟန်တို့ ပါရှိပြီး ခယ်ထန်နှင့် တိဗက်များသည်ပင် ပါဝင်နေကြသည်။ မိုးရေများ စိုရွှဲနေခဲ့သော်လည်း သူတို့တစ်ယောက်မျှ မလှုပ်ရှားခဲ့ကြပေ။ မိုးရေသည် သူတို့မျက်လုံးထဲသို့ စိမ့်ဝင်သွားခဲ့သော်လည်း သူတို့တစ်ယောက်မျှ မျက်တောင်မခတ်ခဲ့ကြပေ။
ခရွှပ်
တောက်ပသော လျှပ်စီးတစ်ချက် ခြံဝင်းထက်တွင် လက်သွားခဲ့ပြီး ၎င်း၏အလင်းက လောကတစ်ခုလုံးကို လင်းလက်သွားစေခဲ့ကာ ခြံဝင်းထဲရှိ ဉာဏ်နီဉာဏ်နက်များသော အကြည့်များကို တောက်ပသွားစေခဲ့သည်။
သစ္စာရှိလှသော ဤလူများသည် တိုက်ပွဲအတွက် ဝတ်ဆင်ထားခဲ့ကြပြီး ၎င်းတို့၏ ချပ်ဝတ်တန်ဆာများပေါ်တွင် ထင်ရှားလှသော အန်းဒုန်ပိုင်နက်၏ သင်္ကေတ အစိမ်းရောင်မီးတောက်နှင့် လှံရှည်ဖြစ်သည်။
“ယိုကျိုးရဲ့ သူပုန်စစ်သည်တွေ”
ဝမ်ချောင် ချက်ချင်း တည်ငြိမ်သွားခဲ့၏။
ခြံဝင်းထဲရှိ လူများအားလုံးတို့သည် အားကောင်းလှသော လူများဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီသည် အနည်းဆုံး အစစ်အမှန် သိုင်းနယ်ပယ်သို့ ရောက်ရှိကြပြီး သူတို့ထဲမှ အချို့တို့သည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်၏ အော်ရာတစ်ခုကိုပင် ပြသနေခဲ့ကြသည်။
ဤသည်မှာ သာမာန်လက်ရွေးစင် အဖွဲ့တစ်ခု ရောက်ရှိနိုင်သည့် အဆင့်မဟုတ်ပေ။
ဤအခိုက်တွင် ဝမ်ချောင်သည် သူမှားသွားသည်ကို သိလိုက်သည်။ အန်းယာ့လျိုရှန်းသည် တစ်ယောက်ထဲ လာခဲ့ခြင်းမဟုတ်ပေ။ သူသည် အန်းဒုန်ပိုင်နက်ရှိ ယိုကျိုးမှ လက်ရွေးစင်တပ်သားများကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။
“ဟမ် ကြည့်ရတာ မဟာထန်ရဲ့ သစ္စာဖောက်တွေ အကုန်လုံးနဲ့ ဗီလိန်တွေအကုန်လုံးက ဒီမှာရောက်နေကြပုံပဲ”
ဝမ်ချောင် ကြမ်းကြုတ်စွာ လက်သီးဆုပ်လိုက်ကာ သူ့မျက်လုံးများက ပို၍နီရဲသွားခဲ့ကြသည်။
ခြောက်ဆယ်၊ ခုနှစ်ဆယ် အားကောင်းသော စစ်သားများ၏ ရုတ်တရက် ပေါ်လာခြင်းသည် သူ၏သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို မပျောက်ကွယ်သွားစေသည်သာမက ၎င်းသည် သူ၏သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိသွားစေခဲ့သည်။
ယိုကျိုးသည် ဟန်နှင့် တိုင်းတစ်ပါးသားများ အတူတကွ နေထိုင်ရာ နေရာတစ်ခုဖြစ်၏။ ၎င်းသည် အရဲရင့်ဆုံး စစ်သည်များကို မွေးဖွားပေးခဲ့ပြီး သစ္စာဖောက်များနှင့် ဗီလိန်အရေအတွက် အများဆုံးကိုလည်း မွေးဖွားပေးခဲ့ပေသည်။
မဟာထန်သည် နှစ်နှစ်ရာကျော် တည်ရှိခဲ့သော ဧရာမသတ္တဝါကြီးဖြစ်သည်။ ၎င်းသည် အန်းယာ့လျိုရှန်း တစ်ယောက်ထဲ လှုပ်ခါနိုင်သည့် အရာမဟုတ်ပေ။ သူသည် သူ့ဘက်တွင် သစ္စာဖောက်များစွာ ရှိခဲ့ပေ၏။ ထို့ပြင် ဤသစ္စာဖောက်များက ယခုအခါ သူ့ရှေ့တွင် ရပ်နေခဲ့ကြသည်မှာ သံသယရှိစရာ မလိုပေ။ အန်းယာ့လျိုရှန်းသည် ဤနေရာကို ပြေးလာခြင်းခဲ့ခြင်းမှာ အတိအကျပင် ဤလူအုပ်စုသည် သူ့ကို ကာကွယ်နိုင်သောကြောင့် ဖြစ်ပေသည်။
“ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ငါ့ရဲ့ရန်သူတွေ အကုန်လုံးကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ အန်းယာ့လျိုရှန်း မင်းဒီနေ့ အတောင်ပေါက်လာခဲ့ရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ဝမ်ချောင်၏ လက်သီးများသည် သူ့လက်သည်းများက သူ့အသားစများထဲသို့ နစ်ဝင်သွားသည်အထိ အလွန်တင်းကြပ်စွာ ဆုပ်သွားခဲ့သော်လည်း သူသတိမပြုမိခဲ့ပေ။
သူအရွံ့ရှာဆုံးနှင့် အသတ်ချင်ဆုံး လူအားလုံးတို့ ရောက်လာခဲ့ကြပြီး သူတို့အားလုံးသည် သူ့ရှေ့၌ ရပ်နေခဲ့ကြသည်။
‘ကောင်းကင်ဘုံက ဒီနေရာမှာ အလုပ်လုပ်နေတာလား။ သူတို့က ငါ့ရဲ့မစ်ရှင်ကို ပြီးမြောက်ဖို့ ငါ့ကိုအခွင့်အရေးတစ်ခု ပေးချင်နေတာလား။’
***************
အခန်း(၄၄၈)
ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေ
ဘုန်း
ဝမ်ချောင်နောက် လိုက်ပါလာသည့် မြင်းကြီးတစ်ကောင်ကို စီးနင်းထားသော ဧရာမလူတစ်ယောက် တိုးဝင်လာခဲ့ကာ နံရံပေါက်ကွဲသွားခဲ့သည်။
“ဒီလူတွေလား”
လီစီယိ ဝမ်ချောင်နံဘေးတွင် မတ်တပ်ရပ်လိုက်ပြီး သူ၏ကြီးမားလှသော ကျောက်စိမ်းရိုင်းသံမဏိ ဆေဘာဓားက သူ့နောက်ကျောပေါ်တွင် လွယ်ထားခဲ့ကာ သူ၏နှစ်မီတာကျော်မြင့်သော ခန္ဓာကိုယ်က ဒဏ္ဍာရီထဲမှ အင်အားကြီးလှသော အံ့ဖွယ်နတ်ဘုရား တစ်ပါးကဲ့သို့ဖြစ်သည်။
ဝမ်ချောင်၏ ခွာဖြူအရိပ်နှင့် အန်းယာ့လျိုရှန်း၏ ဖာဂါနာမြင်းတို့သည် လေကဲ့သို့ မြန်မြန်ဆန်ဆန် ပြေးလွှားနိုင်သည့် ထိပ်တန်းမျိုးစိပ်များ ဖြစ်ကြသည်။ သာမာန်လူတစ်ယောက်က သူတို့ကို အမှီလိုက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ကြီးမားလှသော ခွန်အားနှင့် အဆင့်မြင့်အဆင့် အမြန်နှုန်း ချီစက်ကွင်းတို့ဖြင့် လီစီယိသာ အနောက်မှ နီးကပ်စွာ လိုက်ပါလာနိုင်ပေသည်။
သူ၏ကြီးမားလှသော ခန္ဓာကိုယ်ဖွဲ့စည်းမှု၊ ရဲရင့်သော အော်ရာနှင့် အဆင့်မြင့်အဆင့် နက်နဲသိမ်မွေ့သော သိုင်းကျင့်ကြံမှုတို့သည် ယိုကျိုး၏ သူပုန်တပ်သားများအတွက် ကြီးမားသော တုန်လှုပ်မှုတစ်ခု ဖြစ်ခဲ့သည်။
ဝမ်ချောင်သည် တစ်ယောက်ထဲ ဝင်လာခဲ့သော်လည်း သူနှင့်မျက်နှာချင်းဆိုင်နေသည့် ယိုကျိုးသူပုန်တပ်သားများသည် အရမ်းကာရော မပြုမူရဲခဲ့ကြပေ။
“မင်းတို့က ဘယ်သူတွေလဲ မင်းတို့ကဘာလို့ လျိုရှန်းကို လိုက်ဖမ်းနေကြတာလဲ”
အဖြေတစ်ခုကို စောင့်ဆိုင်းမနေဘဲ စစ်မြင်းတစ်ကောင်သည် မိုးရေထဲမှ ထွက်လာခဲ့ပြီး အန်းယာ့လျိုရှန်းနံဘေးတွင် ရပ်လိုက်သည်။
ဝမ်ချောင်သည် လျှပ်စီးလက်သွားခြင်းမှ ဤသည်က နှာခေါင်းချွန်ချွန်နှင့် မျက်တွင်းဟောက်ပက်ဖြင့် ဟူတစ်ယောက်ဖြစ်သည်ကို ရှင်းလင်းစွာ ပြောနိုင်ပေသည်။ သူသည် ဟူတစ်ယောက်ဖြစ်သော်လည်း သူသည် တစ်ခြားလူများနှင့် လုံးဝခြားနားပေသည်။
သူ့မျက်နှာသည် ပါးလျပြီးသေးသွယ်ကာ သူ့မျက်နှာသည် ဖြူဖွေးပြီး သန့်ရှင်းကာ သူ၏ကောက်ကွေးနေသော ဆံပင်များက ဟူများအကြားတွင် အလွန်အမင်း ရှားပါးလှသည်။ သူသည် သူ့အနားတွင် တော်တော်လေး ပညာရှိဆန်သော ဟန်ပန်တစ်ခုရှိပြီး သူ၏သေးသွယ်သော မျက်လုံးများကို ဖွင့်လိုက်သောအခါ သူသည် မဟာဗျူဟာ ပညာရှင်တစ်ယောက်၏ အော်ရာကို ပေးစွမ်းနေခဲ့သည်။
အန်းယာ့လျိုရှန်းနှင့် ဘေးချင်းယှဉ်ရပ်နေလျှက် သူသည်သူ့ကို အားဖြည့်ပေနေပုံရသည်။ ထိုနှစ်ယောက်သည် အသက်အရွယ်အားဖြင့်လည်း အလွန်တူညီကြပုံရသောကြောင့် သူသည် စစ်ရေးအကြံပေးတစ်ယောက်၏ ခံစားချက်တစ်ခုကို ချက်ချင်း ပေးစွမ်းနေခဲ့သည်။
“အာရှီနရှုကန်း”
ဝမ်ချောင်၏ မျက်လုံးများသည် အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပသွားခဲ့ကာ သိပ်သည်းသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုက ၎င်းတို့ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူသည် ဤဟူကို မှတ်မိပေ၏။ ဤမျှတပြီး သန့်ရှင်းပုံရသောဟူသည် ဤလောကတွင် မထင်ရှားသေးသော်လည်း ဤသည်မှာ သူ သူ့ကို ဆုံတွေ့သည့် ပထမဆုံးအကြိမ် မဟုတ်ပေ။
ထိုတစ်ခြားလောကတွင် သူသည်သူ့ကို အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးသည်။
သူ့ကို ယခုအခါ အာရှီနရှုကန်းဟု ခေါ်ဆိုခဲ့သော်လည်း အနာဂတ်တွင်သူသည် အလယ်ပိုင်း လွင်ပြင်ဒေသတစ်ခုလုံး သိကြလိမ့်မည်ဖြစ်သည့် ဆိုးရွားလှသော ဟန်နာမည်တစ်ခု ရှိလာပေလိမ့်မည်။ ရှီစီးမင် ပင်။
ဤပုဂ္ဂိုလ်သည် တိုင်းပြည်ကို ဆန့်ကျင်သည့် ထိုပုန်ကန်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အကယ်၍ အန်းယာ့လျိုရှန်းသည် ရှေ့မျက်နှာစာရှိ ပုန်ကန်မှု၏ ခေါင်းဆောင်ကြီး ဖြစ်ခဲ့ပါက ရှီစီးမင်သည် လိုက်ကာနောက်ကွယ်မှ ပုန်ကန်မှု၏ ခေါင်းဆောင်ကြီး ဖြစ်ပေသည်။
ထိုသည်မှာ အပူနှင့်အအေးကြား၊ မြောက်နှင့်တောင်ကြား ဆယ်စုနှစ်များစွာသူ့ကို ထောက်ပံ့ပေးနေသည့် သူ၏ညာနှင့် ဘယ်လက်ကဲ့သို့ ဆောင်ရွက်နေခဲ့သော ထိုအချိန်က ကျောက်ကျင်းတန် သူ့ကိုကူညီခဲ့သကဲ့သို့ ဖြစ်သည်။
အန်းယာ့လျိုရှန်းအတွက် အာရှီနရှုကန်းသည် သူ့ညာနှင့် ဘယ်လက်များကဲ့သို့ သူ၏ကျောက်ကျင်းတန် ဖြစ်သည်။
ဤလူနှစ်ယောက်သည် အနောက်မြောက်ဘက်၏ သူပုန်စစ်တပ် သုံးခုအတွက် အကြီးမားဆုံး နဖူးစည်းစာနှစ်ခု ဖြစ်ကြ၏။
အရက်မူးနေသော စာကလေးစားသောက်ဆိုင်တွင် အန်းယာ့လျိုရှန်းကို ကြုံဆုံခဲ့သည်သာမက ဝမ်ချောင်သည် အာရှီနရှုကန်းကိုလည်း ဤနေရာတွင် မြင်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏နောက်ဆုံးဘဝမှ အကြီးမားဆုံး ရန်သူနှစ်ယောက်တို့သည် သူ့ရှေ့တွင် ရပ်နေခဲ့ကြသည်။
“သွားစမ်းပါကွာ”
ဝမ်ချောင်အေးစက်စွာ ပြောလိုက်၏။
“အခုမင်းက ငါ့ရှေ့မှာ စကားပြောဖို့ အခွင့်အရေး မရှိဘူး”
“မင်း”
အာရှီနရှုကန်း ချက်ချင်း ဒေါသထွက်သွားခဲ့၏။ သူသည် ဆဲဆိုချင်ခဲ့သော်လည်း သူ့မျက်လုံးများက လီစီယိဆီသို့ ရောက်ရှိသွားခဲ့ပြီး သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများသည် ပို၍ပင် အေးစက်သွားခဲ့၏။
“ဝမ်ချောင် တော်ဝင်စစ်တပ်က ဘယ်အချိန်မှာမဆို ရောက်လာနိုင်တယ်။ သူတို့က လွတ်မြောက်သွားမှာကို ဂရုစိုက်ပါ”
လီစီယိ ဝမ်ချောင်ဆီသို့ ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။ ထိုဟူသည် အရက်မူးနေသော စာကလေးစားသောက်ဆိုင်မှ လွတ်မြောက်ခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေတွင် အကယ်၍ ကိစ္စများသည် ဆိုးရွားသွားခဲ့ပါက သူသည် နောက်တစ်ကြိမ် လွတ်မြောက်သွားနိုင်သည်။
ထို့ပြင် မြို့တော်တွင် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းသည် အသေးအဖွဲကိစ္စ မဟုတ်ပေ။ ဤရုတ်ချည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းက ဝမ်ချောင်အတွက် ကြီးမားသော အားသာချက်တစ်ခု ဖြစ်ခဲ့သော်လည်း တော်ဝင်စစ်တပ်သည် သေလူများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း မဟုတ်ပေ။ သူတို့ ရောက်လာခဲ့ပါက ဤချေမှုန်းမှုသည် လုံးဝရပ်တန့်သွားပေလိမ့်မည်။
“တော်ဝင်စစ်တပ်ကို စိတ်ပူစရာ မလိုဘူး”
ဝမ်ချောင်၏အသံသည် ပုံမှန်မဟုတ်စွာ တည်ငြိမ်နေခဲ့၏။ အန်းယာ့လျိုရှန်းကို သတ်ဖြတ်ရန်အလို့ငှာ သူသည် ဝမ်ကလန်၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး သူရနိုင်သမျှ အင်အားအားလုံးကို စုရုံးခဲ့သည်။
ဤသို့သော ကြီးမားသည့် ဆောင်ရွက်မှုတစ်ခုအတွက် သူသည် မည်သည့် အနှောက်အယှက်ကိုမျှ ခွင့်ပြုနိုင်မည် မဟုတ်ပေ။
သူသည် တော်ဝင်စစ်တပ်ကို သတင်းပို့ထားခဲ့ပြီးဖြစ်သည်။ တော်ဝင်စစ်တပ်သို့ ကျောက်စိမ်းရိုင်းသံမဏိလက်နက်များ ရောင်းချခြင်းမှတဆင့် သူတည်ဆောက်ထားခဲ့သည့် အဆက်အသွယ်များနှင့် သူ့ဦးလေး လီလင်းတို့သည် ဝမ်ချောင်က တော်ဝင်စစ်တပ်ကို မထိန်းချုပ်နိုင်သော်လည်း သူသည် တော်ဝင်စစ်တပ်ကို တစ်နေရာမှ တစ်ခြားနေရာသို့ ပို့ရန် ဤသည်းထန်သော မိုး၏အားသာချက်ကို ရယူနိုင်စေခဲ့သည်။ ထိုသည်မှာ အချိန်နှစ်နာရီခွဲ ယူရန်အတွက် သူ့နည်းလမ်းများအတွင်း လုံးဝဖြစ်ပေ၏။
“... ထွက်ပြေးဖို့အတွက်ကတော့ ဟမ် စိတ်ချထားပါ။ သူတို့က ထွက်ပြေးနိုင်မှာမဟုတ်ဘူး”
ဝမ်ချောင်သည် သူ့ခေါင်းကို ဖြေးညှင်းစွာမော့လိုက်ကာ သူ့အကြည့်က ခြောက်ဆယ်မှ ခုနှစ်ဆယ်ရှိသော ယိုကျိုးစစ်သည်များကို ထိုးဖောက်သွားခဲ့ပြီး ခြံဝင်းအဆောက်အဦး အစီအတန်းကို ထိုးဖောက်သွားခဲ့ကာ နောက်ဆုံးတွင် အနီးအနားရှိ မြင့်မားလှသော အနက်ရောင်ပုံရိပ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
အမှောင်ထုထဲတွင် မဟာထန်မြို့တော်၏ မြင့်မားလှသော တံတိုင်းများသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်ပေးနေသည့် ခမ်းနားထည်ဝါလှသော တောင်တန်းများကဲ့သို့ ဖြစ်ကြသည်။
မြို့တော်ကို ကာကွယ်နေသည့် ဤခံတပ်သည် အန်းယာ့လျိုရှန်းနှင့် သူ့အုပ်စုကို နောက်ဆုတ်ခြင်းမှ တားဆီးနေသည့် အတားအဆီးတစ်ခုလည်းဖြစ်၏။ ဤသည်မှာ သူတို့နောက်ဆုတ်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်ပေသည်။
သူသည် ပိုများသောမြင်းများ ဒုန်းဆိုင်းလာနေသည့်အသံကို ကြားရနိုင်ပေ၏။
ဝုန်း
သူစကားပြောနေစဉ် ခြံဝင်းတံတိုင်းများသည် သူ့တပ်ဖွဲ့များက လိုက်မှီလာခဲ့သောကြောင့် ပြိုကျသွားခဲ့ကြသည်။
သူတို့သည် အနည်းငယ် နှေးကွေးခဲ့ကြသော်လည်း သူ့ငယ်သားများသည် နောက်ဆုံးတွင် ရောက်လာခဲ့ကြသည်။
“သခင်လေး”
လင်းယုန်ငှက်တစ်ကောင်၏ ထင်ရှားလှသော အော်မြည်သံတစ်ခုဖြင့် လူအိုကြီးလင်းယုန်ငှက်သည် လီစီယိနောက်တွင် ပေါ်လာခဲ့ပြီး သူ့မြင်းကို ဝမ်ချောင်၏ဘေးသို့ မောင်းနှင်သွားခဲ့ကာ ဝမ်ချောင်ကို သူတို့နှစ်ယောက်ကြား ရှိစေလိုက်သည်။
သူ့နောက်တွင် ဓားပြများ၏ အရှိန်အဝါကို ပေးစွမ်းနေကြသော ဆယ်ယောက်ကျော်သော တုတ်ခိုင်သန်မာသည့် အနက်ရောင်ဝတ်ဆင်ထားသည့် လူများဖြစ်ကြသည်။ ဤလူများသည် ချီရှီသဲကန္တာရတွင် လက်အောက်ငယ်သားများအဖြစ် လီစီယိ ခေါ်ဆောင်လာခဲ့သော နဂါးဓားပြ လက်ရွေးစင်များ ဖြစ်ကြသည်။
လက်ရွေးစင်များအနေဖြင့် သူတို့သည် သန်မာကြပြီး သာမာန်နဂါးဓားပြများထက် မြင့်မားသော အဆင့်အတန်းများ ရှိကြသည်။ ထို့ကြောင့် သူတို့၏ မြင်းများသည်လည်း မြင့်မားသော အရည်အသွေး ရှိကြပေ၏။
“သခင်”
ဤဆယ်ယောက်ကျော်သော အနက်ရောင်ဝတ်ဆင်ထားသည့် ဓားပြများက နံရံကို ဖောက်ဝင်လာခဲ့သောအခါ သူတို့သည်ချက်ချင်း လီစီယိနံဘေးသို့ ဝန်းရံသွားခဲ့ကြသည်။ နဂါးနက်ကျိုးနှင့် သူ၏နဂါးဓားပြများသည် ပိုးထည်လမ်းမတစ်လျှောက် ကျူးကျော်နေထိုင်ခဲ့ကြသည်။ သူ့လက်အောက်ရှိ ဓားပြခေါင်းဆောင်များသည် အနောက်မြောက်ပိုင်း၏ လက်ရွေးစင်များ ဖြစ်ကြပြီး သူတို့တစ်ယောက်ချင်းစီက အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်ကြ၏။
ဝမ်ချောင်ဘက်တွင် ဤလူများဖြင့် သူတပ်ဖွဲ့အင်အားသည် တိုးသွားခဲ့သည်။
သူတို့၏တပ်ဖွဲ့များက အင်အားတိုးလာသည်နှင့် တစ်ခြားတစ်ဖက်သည် အားနည်းသွားပုံရ၏။ အန်းယာ့လျိုရှန်းနှင့် သူ၏သူပုန်တပ်သား အုပ်စုသည် ချက်ချင်း အမူအရာများ ဆိုးရွားသွားခဲ့ကြသည်။ လီစီယိတစ်ယောက်ထဲက ရင်ဆိုင်ရန် လုံလောက်စွာ ခက်ခဲနေခဲ့ပြီဖြစ်ပြီး ယခုအခါသူတို့သည် ဤဆယ်ယောက်ကျော်သော ထိပ်တန်းကျွမ်းကျင်သူများကို ရင်ဆိုင်ရပေမည်။
“ယာ့လျိုရှန်း ဒီကိစ္စကို ဖြေရှင်းဖို့ ခက်ခဲသွားမှာကို ငါစိုးရိမ်မိတယ်။ ဒီကောင်လေးက ငါတို့ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပြီ”
အာရှီနရှုကန်း ရုတ်တရက် ဟူးဘာသာစကားဖြင့် တီးတိုးပြောလိုက်ပြီး သူ့မျက်နှာသည် ရက်စက်သည့် အမူအရာ ရှိနေခဲ့သည်။
“မုန်းလို့မရတဲ့လူက လူကြီးလူကောင်းတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ နောက်ပြီး သူတို့လက်တွေ မညစ်ပတ်ချင်တဲ့လူတွေက ယောက်ျားတစ်ယောက် မဖြစ်နိုင်ဘူး။ ငါတို့အရင် တိုက်ခိုက်ရမယ်။ ငါတို့ နှောင့်နှေးနေခဲ့ရင် ငါတို့က နောက်ထပ် အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး”
သူတို့၏ရန်သူများသည် အလွန်မြန်ဆန်စွာ လှုပ်ရှားခဲ့ကြသည်။ သူတို့၏ တုန့်ပြန်မှုများသည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူကြောင့် နှေးကွေးခဲ့ပြီး ယခုအခါ ပို၍ပင် များပြားသော စစ်ကူများ ရောက်ရှိလာခဲ့ပေသည်။
အကယ်၍သူတို့သည် ဆက်၍ ကျန့်ကြာနေခဲ့ပါက သူတို့သည် ဤနေရာတွင် သေဆုံးသွားနိုင်သည်။
“ဒါပေမဲ့ ငါတို့ဒါကို လုပ်လိုက်ရင် ငါတို့ကလည်း အသေအပျောက် ကြီးကြီးမားမား ခံစားရလိမ့်မယ်”
အန်းယာ့လျိုရှန်း တုန့်ဆိုင်းစွာ ပြောလိုက်၏။ ထိုကောင်လေးသည် သေချာပေါက် ရင်ဆိုင်ရ မလွယ်ကူပေ။ ထို့အပြင် သူ့ဘေးရှိ ထိုလူကောင်ကြီးသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။
အကယ်၍ သူတို့သည် ရင်ဆိုင်ရ လွယ်ကူခဲ့ပါက သူသည် အာရှီန၏ ထောက်ပံ့မှုကို လိုအပ်ခဲ့လိမ့်မည် မဟုတ်ပေ။
“အသေအပျောက်တွေကို ရှောင်လွဲဖို့က ခက်ခဲနေခဲ့ပြီးပြီ။ တကယ်လို့ငါတို့က ဆက်ပြီးတုန့်ဆိုင်းနေခဲ့ရင် ငါတို့အားလုံး ဒီမှာသေသွားရလိမ့်မယ်။ ဒါ့အပြင် သူတို့အကုန်လုံးကို သတ်စရာမလိုဘူး”
အာရှီနရှုကန်း ဝမ်ချောင်ကို စိုက်ကြည့်လိုက်ကာ ကြမ်းကြုတ်စွာ ပြောလိုက်သည်။
“လူတစ်ယောက်ကို ပစ်ခတ်ဖို့က ပထမဆုံး မြင်းကိုပစ်ခတ်ဖို့လိုတယ်။ နောက်လိုက်တွေကို ဖမ်းဆီးဖို့က ပထမဆုံး သူတို့ရဲ့ဘုရင်ကို ဖမ်းဆီးဖို့လိုတယ်။ အဲ့ကောင်လေးက သူ့ဘက်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိနိုင်ပေမဲ့ သူကိုယ်တိုင်က သိပ်မသန်မာဘူး။ ငါတို့ကသူ့ကို အရင်ဖမ်းဆီးသရွေ့ ကျန်တဲ့လူတွေက ခေါင်းမပါတဲ့ နဂါးအုပ်စုတစ်ခုလို ဖြစ်လိမ့်မယ်..."
သို့တိုင် အာရှီနရှုကန်း သို့မဟုတ် ရှီစီးမင် စကားမဆုံးမီ သူသည် မြင်းများ၏ ဒုန်းဆိုင်းသံကို နောက်တစ်ကြိမ် ထပ်ကြားလိုက်ရသည်။
ဤတုန်ခါနေသည့်အသံသည် ကမ္ဘာမြေကြီးကို ကွဲကြေသွားစေပြီး တောင်များကို ဖြိုဖျက်နိုင်သည်။ တစ်ချိန်ထဲမှာပင် ရှည်လျားပြီးရှင်းလင်းသော ကြွေးကြော်သံတစ်ခုက အထက်မှနေ၍ ထွက်ပေါ်လာခဲ့၏။ တိမ်များထဲတွင် ကြီးမားသော အနက်ရောင် သိမ်းငှက်တစ်ကောင်က မုန်တိုင်းကိုဖြတ်ကျော်ကာ အော်ဟစ်လိုက်ပြီး ခြံဝင်းကိုလှည့်ပတ်နေခဲ့ကာ ၎င်း၏တောင်ပံများကို ဖြန့်ထားခဲ့သည်။
တခဏချင်းမှာပင် အန်းယာ့လျိုရှန်း အပါအဝင် ယိုကျိုးစစ်သည်များ အားလုံးတို့သည် ဖြူလျော်သွားခဲ့ကြသည်။
အန်းယာ့လျိုရှန်းနှင့် အာရှီနရှုကန်း နှစ်ယောက်စလုံး သူတို့ကို သတ်ဖြတ်ရန် ဝမ်ချောင်၏ ပြတ်သားမှုနှင့် သူ့လှုပ်ရှားမှု အမြန်နှုန်းကို အလွန်အမင်း လျော့တွက်ထားခဲ့မိကြသည်။
ဤသည်မှာ ဝမ်ကလန်၏ သခင်အိုကြီး၏ သဘောတူညီမှုကို သူရရှိခဲ့ကတည်းက ဓားသွားဖယ်ရှားခြင်း အိမ်တော်ကို သူတည်ထောင်ခဲ့ကတည်းက ဝမ်ချောင်၏ပထမဆုံး တာဝန်ယူဆောင်ရွက်ခြင်းဖြစ်၏။ ထိုသည်မှာ ဝမ်ချောင်သည် အပြည့်အဝ ဆင့်ခေါ်မှုတွင် ပါဝင်ခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ဤတာဝန်ယူ ဆောင်ရွက်မှုတွင် လူတိုင်းသည် ဝမ်ချောင်၏ ပြင်းပြသောစိတ်ဆန္ဒနှင့် ပြတ်သားမှုတို့ကို ရှင်းလင်းစွာ ခံစားနိုင်သည်။ ဤစိတ်ဆန္ဒနှင့် ပြတ်သားမှုတို့သည် သူတို့အားလုံးကို လောဆော်ခဲ့ပြီး ဝမ်ချောင်၏ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းဆီမှ ပံ့ပိုးမှုဖြင့် သူတို့သည် အန်းယာ့လျိုရှန်း တန်ပြန်အစီအမံများကိုပင် မဆွေးနွေးနိုင်မီ ရောက်ရှိလာခဲ့ကြသည်။
ဘန်း ဘန်း ဘန်း
ပုံရိပ်များ တစ်ခုပြီးတစ်ခု နံရံကို တိုးဝင်လာခဲ့ကြပြီး ဝမ်ချောင်ကို လိုက်မှီလာရန် မိုးရေများကို ဖြတ်သန်းလာခဲ့ကြသည်။
“ဝမ်ချောင် ငါတို့မင်းကို ကူညီဖို့ ရောက်လာပြီ"
နယ်စားငယ်ရီ၊ ပိုင်စီလင်း၊ ကျောက်ကျင်းတန်၊ ရှုကန်း၊ ဟန်ရွှမ်းလီနှင့် တစ်ခြားလူအားလုံးတို့ ရောက်ရှိလာခဲ့ကြသည်။ စိတ်မပါသည့် ရှုချီချင်းသည်ပင် ဤနေရာတွင် ရှိနေခဲ့၏။
ဓားသွားဖယ်ရှားခြင်း အိမ်တော်ရှိ သူမ၏ ပုံသဏ္ဍာန်နှင့် မတူသည်မှာ လက်ရှိ ရှုချီချင်းသည် ယခုအခါ မိန်းကလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားခဲ့သည်။ သူမ၏ အနက်ရောင် ဆံကေသာများသည် သူမ၏ ခေါင်းထက်တွင် စည်းနှောင်ထားပြီး ဆံထိုးတစ်ခုက အတွင်းထဲတွင် ထိုးစိုက်ထားခဲ့သည်။ ဤရင်သပ်ရှု့မောဖွယ်ကောင်းသော မြင်ကွင်းသည်လည်း သွက်လပ်ပြီး စိတ်အားထက်သန်သော အော်ရာတစ်ခု ပါဝင်နေခဲ့၏။
သို့သော် သူတို့အားလုံးထဲတွင် ပို၍ပင် အံ့သြဖွယ်ရာကောင်းသည်မှာ စုဟန်ရှန်းဖြစ်သည်။
သူ့မျက်နှာသည် ယခင်ကကဲ့သို့ အေးစက်ပြီး ခန့်ညားနေခဲ့သော်လည်း သူ့အော်ရာသည် ပို၍ပင် သန်မာလာခဲ့ကာ ဝမ်ချောင်ထက်ပင် သာလွန်နေခဲ့သည်။ လေ့ကျင့်ရေးစခန်းတွင် စုဟန်ရှန်းသည် ဝမ်ချောင်နှင့် ထိတွေ့ဆက်ဆံမှု နည်းပါးခဲ့၏။
သို့သော် ဤတစ်ကြိမ် ဝမ်ချောင်က သူ့ဆင့်ခေါ်ချက်များကို ပို့လွှတ်လိုက်သောအခါ စုဟန်ရှန်းသည် ချက်ချင်း ရောက်လာခဲ့သည်။
“ငါမင်းကို အကြွေးတင်နေတဲ့အရာကို ငါသေချာပေါက် ပြန်ပေးဆပ်မယ်”
စုဟန်ရှန်း ဝမ်ချောင်ဘေးမှ ဖြတ်တိုက်သွားခဲ့ပြီး သူ၏စကားများကို ပြောလိုက်သောအခါ သူ့ခေါင်းကို မလှည့်တော့ပေ။ ထို့နောက် သူ့ရှေ့တွင် ရပ်နေခဲ့၏။
**********************
အခန်း(၄၄၉)
ကံကြမ္မာ
'ကျေးဇူးတင်ပါတယ်။'
ဝမ်ချောင်၏ နှုတ်ခမ်းပါးများသည် လှုပ်ရှားသွားခဲ့သော်လည်း ဤစကားလုံးများက ထွက်မလာခဲ့ကြပေ။ လူတိုင်းနားလည်ပြီးသား ဖြစ်သောကြောင့် ပြောစရာမလိုသည့် ကိစ္စတစ်ချို့ ရှိကြပေသည်။
ဗွမ်း
ပို၍ပို၍များပြားသောမြင်းများ ရောက်လာခဲ့ကြ၏။ လူငါးဆယ်မှ ခြောက်ဆယ်အထိ ဝမ်ချောင်၏ဘေးနားတွင် စုရုံးလာရန် အချိန်တခဏသာ ကြာမြင့်ခဲ့ပြီး ပို၍များပြားသော လူများသည် ဝင်ရောက်လာနေခဲ့ကြဆဲဖြစ်သည်။
လီစီယိ၊ စုဟန်ရှန်း၊ ဝမ်ချောင်၊ စွန်းကျိမင်၊ ချန်ပုယွမ်၊ အန်းယာ့လျိုရှန်း၊ အာရှီနရှုကန်း... လျှပ်စီးလက်ပြီး မိုးခြိမ်းနေသော ဤလောကတွင် မဟာထန်၏အနာဂတ်ကို သြဇာလွှမ်းမိုးလိမ့်မည်ဖြစ်သည့် ဤလူအားလုံးတို့သည် ဤနေရာတွင် စုရုံးနေခဲ့ကြသည်ကို မည်သူမျှ မသိခဲ့ကြပေ။
“သူတို့ ရောက်လာကြပြီ”
သူ့နောက်လိုက်ပါလာခဲ့သော တပ်ဖွဲ့များသည် မိုးရေထဲတွင် လျှင်မြန်စွာ ရောက်ရှိလာခဲ့ကြကာ ဝမ်ချောင်၏ နှလုံးသားထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို တိုးသွားစေခဲ့သည်။ သူသည် ဤတစ်ချိန်လုံး ဤအခိုက်အတန့်အတွက် စောင့်ဆိုင်းနေခဲ့ပေ၏။
အချိန်ကျပြီဖြစ်သည်။
“တိုက် သူတို့အားလုံးကိုသတ်”
ချွမ်ကနဲအသံနှင့်အတူ ဝမ်ချောင်သည် သူ့ကျောက်စိမ်းရိုင်းသံမဏိဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
ဒုန်း
ဧရာမ လျှပ်စီးတစ်ချက် ကောင်းကင်ထက် လက်သွားခဲ့ကာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေသော အုပ်စုနှစ်ခုတို့သည် နောက်ဆုံးတွင် စတင်လှုပ်ရှားလိုက်ကြသည်။
ဘုန်း
အေးစက်သည့် အလင်းရောင်တစ်ချက် လက်သွားခြင်းနှင့်အတူ အားကောင်းသော ဆေဘာဓား ဆန္ဒတစ်ခုသည် ကောင်းကင်ထဲသို့ ရေတံခွန်တစ်ခုကဲ့သို့ လိမ့်တက်သွားခဲ့ပြီး တိမ်များနှင့် ကောင်းကင်ယံကို ဖြတ်တောက်သွားခဲ့သည်။
ဝမ်ချောင် သူ့အမိန့်ကို ထုတ်ပြန်လိုက်သည့်အခိုက်တွင် ကျော်လွှား၍မရသော မဟာစစ်သူကြီး လီစီယိသည် သူ့တိုက်ခိုက်မှုကို စတင်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် မြားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး သူ့ခြေဖဝါးအောက်ရှိ ဧရာမ ချီစက်ကွင်းများက တုန်ခါနေခဲ့သည်။ ခဏကြာပြီးနောက် လူတစ်ဦးထက်ပင် ရှည်လျားသော ထိုထူးဆန်းသည့် ဆေဘာဓားသည် ခုတ်လွှဲသွားခဲ့ပြီး အန်းယာ့လျိုရှန်းနှင့် သူ့နောက်ရှိ ယိုကျိုးသူပုန်တပ်သားများကို ခုတ်ဖြတ်ချင်နေသည့် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အနောက်မြောက်ဘက်တွင် လီစီယိသည် တစ်ဦးတည်းစွမ်းအားဖြင့် နဂါးဓားပြ အားလုံးနှင့် သူတို့၏ခေါင်းဆောင် နဂါးနက်ကျိုးတို့ကို အနိုင်ယူခဲ့သည်။
ဤတိုက်ခိုက်မှုဖြင့် သူသည် လူထောင်ချီကို ခုတ်လှဲနိုင်သည့် ကြီးမားသော စွမ်းအားကို ချက်ချင်း ပြသခဲ့သည်။
ဘန်း ဘန်း ဘန်း
လီစီယိ ရှေ့သို့ခုန်လိုက်ပြီးနောက် ချက်ချင်းနီးပါးပင် အန်းယာ့လျိုရှန်း၏ နောက်မှနေ၍ ထွားကြိုင်းသန်မာသော လူနှစ်ယောက်တို့သည် အားကောင်းသော လင်းယုန်ငှက် နှစ်ကောင်ကဲ့သို့ ခုန်ထွက်လာခဲ့ကြသည်။
ဤလူများတွင် ထူထည်းသော မျက်ခုံးများ၊ ကြီးမားသော မျက်လုံးများနှင့် ထွားကြိုင်းသော ခန္ဓာကိုယ်များ ရှိကြပြီး သူတို့နှစ်ယောက်စလုံးသည် လီစီယိနှင့် အသက်အရွယ်အားဖြင့် တူညီကြသည်။ အလားတူ ခမ်းနားထည်ဝါသည့် စွမ်းအားတစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့ကြပြီး ၎င်းက လီစီယိထက် နိမ့်ကျနေသေးသော်လည်း အများကြီး မနိမ့်ကျပေ။
ဘုန်း
ကောင်းကင်ဘုံ တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ပြင်းထန်သည့် ကြယ်တာရာစွမ်းအင် လှိုင်းလုံးများက ထွက်ပေါ်လာခဲ့ကာ မိုးစက်များကို လွင့်ထွက်သွားစေခဲ့သည်။ အဝေးရှိ ခေါင်မိုးကြွပ်ပြားများသည်ပင် ဤပေါက်ကွဲမှုထဲ ပါဝင်ခဲ့ကြ၏။
လေထဲရှိ ရေခိုးရေငွေ့များ ပျောက်ကွယ်သွားသောအခါ လူတိုင်းသည် လီစီယိ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက ထိုစုံတွဲ၏ စုစည်းထားသော အားထုတ်မှုကြောင့် ပိတ်ဆို့ခံလိုက်ရသည်ကို တုန်လှုပ်ဖွယ် တွေ့လိုက်ကြရသည်။
“...”
ဤအရာကို မြင်လိုက်ရသည့် လူတိုင်းသည် ကြက်သေ သေသွားခဲ့ကြ၏။
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒီလူနှစ်ယောက်က ဘယ်သူတွေများလဲ”
ဝမ်ချောင်၏ မျက်လုံးများသည်ပင် အံ့သြသွားသည့် အရိပ်အယောင်များကို ပြသခဲ့ကြ၏။ လီစီယိသည် အဆင့်မြင့်အဆင့် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူမည်မျှ သန်မာသည်မှာ အခြားသူများအတွက် ထင်ရှားလှသည်။
အကယ်၍သူသည် ထိုမျှလွန်လွန်ကဲကဲ မသန်မာခဲ့ပါက ဓားသွားဖယ်ရှားခြင်း အိမ်တော်သည် သူ့ကို သူ့စိတ်တိုင်းကျ အချိန်အကြာကြီးကတည်းက လုပ်ခွင့်ပေးခဲ့မည်မဟုတ်ပေ။ ထို့အပြင် သူသည် တစ်ယောက်ထဲ စွန့်စားပြီး ဝမ်ချောင်၏ ဟိုက်ဒြာဘတ် သတ္တုရိုင်းကို ရယူနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော် အန်းယာ့လျိုရှန်းနောက်ရှိ ထိုနှစ်ယောက်သည် အမှန်ပင် သူ့ကို ပိတ်ဆို့နိုင်ခဲ့ကြသည်။
“ချူးချန်ယုံ”
“ထျန်ချန်ကျန့်”
ဝမ်ချောင်၏ မျက်လုံးများသည် ဤစုံတွဲကို မြင်လိုက်ရသောအခါ မည်းမှောင်သွားခဲ့ကြသည်။ သူသည် သူတို့ကို မှတ်မိပေ၏။
အာရှီနရှုကန်း တစ်ယောက်ထဲက သူ့ကိုအံ့သြသွားစေခဲ့ပြီး ဖြစ်သည်။ ဝမ်ချောင်သည် ဤလူနှစ်ယောက်ကပင် အန်းယာ့လျိုရှန်း၏ဘေးတွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝမ်ချောင် သူ့လက်သီးများကို ဆုပ်လိုက်ကာ သူ့မျက်လုံးထဲရှိ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့၏။
ယခင်က ဝမ်ချောင် ကံကြမ္မာကျောက်စာ၏ သတိပေးချက်ကို ကြားလိုက်ရချိန်က၊ လီစီယိ၏ တိုက်ခိုက်မှုကို မိုးကြိုးက ပိတ်ဆို့လိုက်သည်ကို မြင်တွေ့လိုက်ရပြီး သူ့ကိုယ်ပိုင် တိုက်ခိုက်မှုက လောက၏ မမြင်ရသောစွမ်းအားဖြင့် ပိတ်ဆို့ခံလိုက်ရသည်ကို မြင်လိုက်ရချိန်က သူသည် အန်းယာ့လျိုရှန်းကို သတ်ဖြတ်ခြင်းက လွယ်ကူလိမ့်မည်မဟုတ်ဟု သိရှိသွားခဲ့သည်။
သို့သော် ဝမ်ချောင်သည် ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည်ပင် ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တိုင်းပြည်၏ သမိုင်းထဲတွင် ဤလူနှစ်ယောက်သည် အထူးနေရာ ရှိကြသည်။
သို့တိုင် သူတို့သည် သူပုန်စစ်တပ်၏ အဖွဲ့ဝင်များ ဖြစ်ခဲ့ကြပေ၏။
အန်းယာ့လျိုရှန်းသည် အစစ်အမှန် သိုင်းနယ်ပယ်တွင်သာ ဖြစ်သည်။ ယေဘုယျကျကျ ပြောရပါက သူသည် မည်သူမျှ လုံးဝမဟုတ်သေးပေ။ သို့သော် တစ်ဖက်တွင်မူ ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည် အန်းဒုန်ပိုင်နက်တွင် ကျော်ကြားနေကြပြီဖြစ်သည်။
အနာဂတ်တွင် ဤလူနှစ်ယောက်သည် သူတို့က သူပုန်စစ်တပ်၏ အစိတ်အပိုင်းများ ဖြစ်ခဲ့ကြလျှင်ပင် တိုင်းပြည်၏ နောက်ဆုံးနေ့ရက်များတွင် ကျန်ရှိနေသည့် အနည်းငယ်သော တော်ဝင်မဟာစစ်သူကြီးများထဲမှ အချို့ဖြစ်ကြပေလိမ့်မည်။
ဝမ်ချောင်သည် အန်းယာ့လျိုရှန်း၏ လမ်းကြောင်းက ဤလူနှစ်ယောက်နှင့် ထိုမျှလျှင်မြန်စွာ တွေ့ဆုံခဲ့မည် မဟုတ်ဟု မူလက ယုံကြည်ထားခဲ့သည်။ သို့သော် ယခုအခါသူက အကြီးအကျယ် မှားယွင်းသွားကြောင်း နားလည်သွားခဲ့၏။
အန်းယာ့လျိုရှန်းသည် သူတွေးထားသည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းခဲ့သည်။
ဤသည်က သူ၏မြို့တော်သို့ ပထမဆုံး လည်ပတ်ခြင်းသာ ဖြစ်သော်လည်း ယိုကျိုး၏ သူပုန်စစ်တပ်သည် သူ့အနားတွင် ပုံပေါ်လာနေခဲ့ပြီဖြစ်သည်။
“လူအိုကြီးလင်းယုန်ငှက် မြန်မြန်သွားပြီး လီစီယိကို ကူညီလိုက်”
ဝမ်ချောင် ချက်ချင်း အမိန့်တစ်ခု ထုတ်ပြန်လိုက်ကာ သူ့မျက်လုံးများက ကျဉ်းမြောင်းနေခဲ့ကြသည်။
ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည် အန်းယာ့လျိုရှန်း၏ဘေးတွင် အသန်မာဆုံး မဟာစစ်သူကြီး နှစ်ယောက်အဖြစ် အဆုံးသတ်သွားကြပေလိမ့်မည်။ လူများစွာတို့သည် သူတို့ကို မသိကြဘဲ သူတို့ကို လျော့တွက်သွားနိုင်သည်။
သို့သော် ဝမ်ချောင်သည် သူတို့က အနာဂတ်တွင် မည်မျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်ကို သိရှိထားသည်။
ဤလူနှစ်ယောက်က တစ်ယောက်ထဲ တိုက်ခိုက်သောအချိန်တွင် သူတို့သည် အများဆုံး တပ်မှူးချုပ်များ ဖြစ်ကြပေလိမ့်မည်။ သို့သော် သူတို့အတူတကွ လက်တွဲလိုက်သောအချိန်တွင် လုံ့ရှီကို ကြီးကြပ်ပြီး တိဗက်များကြား၌ပင် လေးစားမှုကို ရရှိခဲ့သည့် ကြယ်ခုနှစ်ပွင့်စစ်တပ် မဟာစစ်သူကြီး ကော်ရှု့ဟန်သည်ပင် ဤအတွဲကို ကြောက်ရွံ့ရပေမည်။
ထို့ပြင် အနာဂတ်တွင် ဖုမင်လင်းချာ၊ ဂိုစုန့်ကျီ၊ ကျန်းရှိုးကွေ့၊ ကျန့်ချိုးကျင်းချုံတို့နှင့် အဆင့်တူသည် ကြယ်ခုနှစ်ပွင့်စစ်တပ် မဟာစစ်သူကြီး ကော်ရှု့ဟန်သည် ဤအတွဲ၏လက်ထဲတွင် သေဆုံးပေလိမ့်မည်။
လီစီယိသည် နတ်ဘုရားကဲ့သို့ ခွန်အားဖြင့် မွေးဖွားလာခဲ့ပြီး အံ့ဖွယ်ကောင်းသော သိုင်းပညာရပ် စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သည်။ အနာဂတ်တွင်သူ့ကို ကျော်လွှား၍မရသော မဟာစစ်သူကြီးဟုပင် ခေါ်တွင်ပေလိမ့်မည်။ သို့သော် သူက ဤလူနှစ်ယောက်ကို ရင်မဆိုင်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
သို့သော်လည်း ဤသို့ပို၍ဖြစ်လေလေ ဝမ်ချောင်၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ပိုတိုးလာလေလေဖြစ်၏။
“လီစီယိ၊ လူအိုကြီးလင်းယုန်ငှက် သူတို့ကိုငါ့အတွက် အချိန်ဆွဲပေးထား။ တစ်ခြားလူတွေ ငါ့အမိန့်ကိုလိုက်နာ သတ်”
ဤစကားလုံးများဖြင့် ဝမ်ချောင်ရှေ့သို့ ချီတက်လိုက်၏။
ထို့နောက် တုန်ခါသံတစ်ခုဖြင့် ကျန်သည့် သူ့တပ်ဖွဲ့များသည် လိုက်ပါလာခဲ့ကြသည်။
“အခင်းအကျင်းကို ထုတ်ဖော်”
စူးရှသော အသံတစ်ခုက မိုးနှင့်မိုးခြိမ်းသံများကို ဖြတ်တောက်သွားခဲ့၏။ မိုးခြိမ်းသံက အထက်ဘက်တွင် ပေါက်ကွဲသွားခဲ့ပြီး အေးစက်သည့် အလင်းများက လင်းလက်သွားသောအခါ ယိုကျိုး သူပုန်စစ်သည်များသည် ထိုးစစ်ကို မရွေးချယ်ခဲ့ကြဘဲ ထို့အစား မဟာခံစစ် အခင်းအကျင်း ငါးခုထဲမှ တစ်ခုကို ရွေးချယ်ခဲ့ကြသည်။ ရွှမ်းဝူ အခင်းအကျင်းပင်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ယိုကျိုးစစ်သည်များသည် လိပ်ပုံသဏ္ဍာန် ရွှမ်းဝူခံစစ် အခင်းအကျင်းထဲသို့ ဆုတ်ခွာလိုက်ကြသည်။
ဤမြင်ကွင်းက တစ်ခြားလူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။ ဝမ်ချောင်၏ မျက်လုံးများသည် လျှပ်စီးများကဲ့သို့ဖြစ်ပြီး အမိန့်ပေးလိုက်သည့် (၂၇) သို့မဟုတ် (၂၈)နှစ်အရွယ် အရာရှိကို သူပုန်တပ်သားများမှ ချက်ချင်း ရှာကြည့်လိုက်သည်။
ဤအရာရှိတွင် မုတ်ဆိတ်၊ ဂုဏ်သရေရှိသော မျက်နှာနှင့် ထက်ရှသော အကြည့်တစ်ခုတို့ ရှိကြသည်။ သူ့အမိန့်အောက်တွင် သူပုန်တပ်သားများသည် လက်ရွေးစင် လေးလံသော ခြေလျင်တပ်ဖွဲ့ တစ်ခုကဲ့သို့ လှုပ်ရှားလိုက်ကြသည်။
သူတို့သည် ဝူရှန်း လေးလံသောချပ်ဝတ်တန်ဆာ မြင်းတပ်ထက်ပင် ပို၍သန်မာပုံရ၏။
“ထျန်းချန်းစီ”
ဝမ်ချောင်၏ အကြည့်သည် ထိုပုဂ္ဂိုလ်၏မျက်နှာကို ကြည့်လိုက်သောအခါ သူ့အမူအရာသည် ဆိုးရွားသွားခဲ့သည်။ ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည် သူ့ကို တုန်လှုပ်စေရန် လုံလောက်ခဲ့ကြပြီ ဖြစ်သည်။
ဝမ်ချောင်သည် ထျန်းချန်းစီသည်ပင် ဤနေရာတွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကြက်သေ သေသွားခဲ့၏။
'သူ့တပ်သားများကို တင်းကြပ်စွာ စီမံနိုင်သည့် လုလုံ၏ ကွင်းဆင်းအရာရှိတစ်ယောက်' ဤအကဲဖြတ်မှုသည် ထျန်းချန်းစီ၏ စွမ်းရည်ကို ဖော်ပြရန် လုံလောက်ခဲ့သည်။ ထျန်းချန်းစီ၏ လက်ထဲတွင် လူသုံးရာသည် လူသုံးထောင်လောက် သက်ရောက်မှု ရှိနိုင်သည်။
လူသုံးထောင်သည် လူသုံးသောင်း၏ စွမ်းအားကို ထုတ်ဖော်နိုင်သည်။
ယိုကျိုးစစ်တပ်တွင် ထျန်းချန်းစီသည် ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့ကဲ့သို့ နည်းဗျူဟာနှင့် အနီးကပ် တိုက်ခိုက်မှု နှစ်ခုစလုံးတို့တွင် နိမ့်ကျခဲ့သော်လည်း နာမည်နှင့် လက်တွေ့ နှစ်ခုစလုံးတို့တွင် နံပါတ်တစ် စီမံသူဖြစ်သည်။
သို့သော် သူသည် စစ်တပ်ကို စီမံရာတွင် ပြိုင်ဘက်ကင်းဖြစ်၏။
ထျန်းချန်းစီ၏ အမိန့်အောက်တွင် စစ်သည်တစ်ယောက်၏ ခွန်အားသည် ထျန်နှင့် ချူးတို့၏ ပူးပေါင်းခွန်အားထက် သာလွန်ပေလိမ့်မည်။
ချူးချန်ယုံတစ်ယောက်နှင့် ထျန်ချန်ကျန့် တစ်ယောက်တို့သည် ကိုင်တွယ်ရန် လုံလုံလောက်လောက် ခက်ခဲခဲ့ကြပြီဖြစ်ပြီး ယခုအခါ သူသည် ထျန်းချန်းစီနှင့် ရင်ဆိုင်ရပေမည်။
“ကျောက်ကျင်းတန်”
ဝမ်ချောင် အော်ဟစ်လိုက်ကာ သူ့မျက်နှာက အေးစက်နေ၏။
ဗွမ်း
တခဏချင်းမှာပင် အခြေအနေသည် ပြောင်းလဲသွားခဲ့သည်။ ဝမ်ချောင်၏ အုပ်စုသည် နှေးမသွားခဲ့သော်လည်း စစ်မြင်းများက သူတို့၏အရှိန်များကို စတင်ထိန်းညှိလာခဲ့ကြသည်။ စစ်မြင်းများသည် လျှင်မြန်စွာ အတူတကွ ဖြစ်သွားခဲ့ကြပြီး အလယ်ဗဟိုတွင် ကျောက်ကျင်းတန်ဖြင့် ချန်ပုယွမ်၊ စွန်းကျိမင်နှင့် အခြားဝိညာဉ်သွေးကြော ကျောင်းသားများသည် အတောင်ပံနှစ်ခုကို ဖြစ်ပေါ်စေခဲ့ကြသည်။ တခဏချင်းမှာပင် သူတို့သည် သူတို့သည် ထိုးစစ်အဆန်ဆုံး မြားပုံစံ အခင်းအကျင်းကို ဖြစ်ပေါ်စေလိုက်၏။
ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ ကျောင်းသားတိုင်းသည် ဝင်ရောက်ရန် စစ်တုရင်စာမေးပွဲတစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ သို့မဟုတ် တစ်ယောက်သည် ၎င်းကို နည်းဗျူဟာ စစ်ဆေးမှုတစ်ခုဟု ခေါ်ဆိုသင့်ပေ၏။ ဤအဆင့်မြင့်အဆင့် စာမေးပွဲကို ဖြတ်ကျော်ခြင်းဖြင့်သာ တစ်ယောက်သည် ဝိညာဉ်သွေးကြောသို့ ကျင့်ကြံရန် ဝင်ရောက်နိုင်ပေသည်။
ကျောင်းသားများတွင် နည်းဗျူဟာနှင့် ကြီးမားသော အတွေ့အကြုံတစ်ခုရှိကြပြီး ကြီးမားသော တန်ဖိုးထားမှု တစ်ခုလည်းရှိကြသည်။
ဝမ်ချောင်သည် ကျောက်ကျင်းတန်အား ဤကျောင်းသားများကို အခြေခံအကျဆုံး အခင်းအကျင်း ပုံစံများသို့ စုစည်းရန် အမိန့်ပေးခဲ့သည်။ သူတို့သည် လူများစွာ မရှိခဲ့သော်လည်း ဤသည်က ယိုကျိုးစစ်သည်များ၏ ရွှမ်းဝူအခင်းအကျင်းကို ခြိမ်းခြောက်ရန် လုံလောက်ပေသည်။
ဘုန်း
စစ်မြင်းများသည်ရှေ့သို့ ဒုန်းဆိုင်းလိုက်ကြပြီး ထျန်းချန်းစီ၏ သောကရောက်နေသော အကြည့်အောက်တွင် ဝမ်ချောင်၏ မြားပုံသဏ္ဍာန် အခင်းအကျင်းသည် ရွှမ်းဝူအခင်းအကျင်းထဲသို့ ထိုးဖောက်သွားခဲ့သည်။ ထိုခဏတွင် ကမ္ဘာမြေကြီးသည် တုန်ခါသွားပုံရပြီး ခြံဝင်းတစ်ခုလုံးက ယိမ်းထိုးသွားပုံရ၏။
“သတ်”
“သတ်”
တခဏကြာပြီးနောက် ဝမ်ချောင်နောက်တွင် ရှိနေသည့် ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ ဝိညာဉ်သွေးကြောနှင့် မဟာကလန်များမှ ကျွမ်းကျင်သူအုပ်စုသည် ယိုကျိုး စစ်သည်များထဲသို့ ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
တိုက်ခိုက်နေသည့် အော်သံများ၊ လက်နက်များ တိုက်ခိုက်နေသည့် အသံများ၊ ချီစက်ကွင်းများ၏ ပဲ့တင်ထပ်နေသည့် အသံများ၊ လေထဲမှတဆင့် သံမဏိမြည်သံများနှင့် တိုက်မိနေသည့် မြည်သံများ အားလုံးတို့သည် မိုးသည်းနေသော အမှောင်ထုထဲတွင် တစ်ခုထဲအဖြစ်သို့ ရောနှောသွားခဲ့ကြသည်။
နှစ်ဖက်ကြားရှိ တိုက်ပွဲသည် စက္ကန့်ပိုင်းအတွင်း ထိန်းမနိုင်သိမ်းမရသည်အထိ ပြင်းထန်သွားခဲ့၏။
“သူတို့အားလုံးကိုသတ်”
ဝမ်ချောင်၏ မျက်လုံးများသည် သွေးဆာနေသည့် အလင်းရောင်တစ်ခုဖြင့် တောက်ပသွားခဲ့သည်။ သူ၏ညာလက်သည် ကျောက်စိမ်းသံမဏိဓားကို ဆုပ်ကိုင်ထားခဲ့ပြီး သူ၏ဘယ်လက်က ယင်ယန်ငယ်ဓားကို ဆုပ်ကိုင်ထားခဲ့ကာ ၎င်းကို ယိုကျိုးစစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ထားခဲ့သည်။ ထို့နောက် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ လတ်ဆတ်သော ကြယ်တာရာစွမ်းအင်များ စီးဝင်သွားခဲ့ကာ ယိုကျိုးစစ်သည် နှစ်ယောက်တို့သည် သူတို့၏ လည်ချောင်းများကို ဆုပ်ကိုင်ထားခဲ့ကြပြီး မြေကြီးပေါ်သို့ ဖြေးညှင်းစွာ လဲကျသွားခဲ့ကြသည်။
၎င်းကိုတစ်နှစ်ကျော် ဖိနှိပ်ပြီးနောက် ဝမ်ချောင်သည် သူ့စိတ်နှလုံးသားထဲရှိ သတ်ဖြတ်ခြင်း စိတ်ဆန္ဒအားလုံးကို လွှတ်ထုတ်လိုက်သည်။ ဤအခိုက်တွင် ဝမ်ချောင်အနားရှိ လဟာပြင်သည် တွန့်လိမ်နေခဲ့ပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ကြမ်းကြုတ်သော သားရဲတစ်ချို့ကဲ့သို့ ပုံသဏ္ဍာန် ပေါ်လာပုံရသည်။
'သတ် သတ် သတ် သူတို့အားလုံးကိုသတ်'
စက်ဝိုင်းတစ်ပတ် လည်ပြီးနောက် ကံကြမ္မာသည် သူ့ရန်သူဟောင်း အားလုံးကို သူ့ရှေ့သို့ နောက်တစ်ကြိမ် ပို့လာခဲ့သည်။ အန်းယာ့လျိုရှန်းဖြစ်စေ၊ အာရှီနရှုးကန်းဖြစ်စေ သို့မဟုတ် ထျန်ချန်ကျန့်ဖြစ်စေ ချူးချန်ယုံဖြစ်စေ ထျန်းချန်းစီဖြစ်စေ ဤလူအားလုံးတို့သည် သေဆုံးရန် လိုအပ်သည်။
သူတို့အားလုံး သေဆုံးသင့်ပေ၏။
***********************
အခန်း(၄၅၀)
အန်းဒုန်ကာကွယ်ရေး စစ်သူကြီး
“တစ်နေရာတည်းကို အဆက်မပြတ် ခုတ်ဖြတ်ခြင်း”
အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ ဝမ်ချောင် သံမဏိဝတ်ရုံ ကြယ်တာရာစွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး မြင်းပေါ်မှနေ၍ ခုန်ကာတိုက်ခိုက်ရန် တစ်နေရာတည်းသို့ အဆက်မပြတ် ခုတ်ဖြတ်ခြင်းကို အသုံးပြုလိုက်သည်။
ဒေါသထွက်နေသော ရေနဂါးနှင့် ပျံလွှားနေသော နဂါးပညာရပ် နှစ်ခုစလုံးတို့သည် ဤအချိန်တွင် ကြယ်တာရာစွမ်းအင် အများအပြားကို သုံးစွဲခဲ့ကြသောကြောင့် တစ်နေရာတည်းသို့ အဆက်မပြတ် ခုတ်ဖြတ်ခြင်းထက် သက်ရောက်မှုနည်းပြီး အသုံးပြုရခက်လှသည်။
ထက်ရှ် ထက်ရှ် ထက်ရှ်
ဝမ်ချောင်၏ ပုံရိပ်သည် တုန်ခါသွားပုံရပြီး သူ့ကျောက်စိမ်းသံမဏိဓားက အေးစက်သည့် အလင်းရောင်ဖြင့် ဝင်းလက်သွားခဲ့ကာ လေထဲတွင် စက်ဝိုင်းပြတ်ပုံ ရေးဆွဲသွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဘုန်းကနဲအသံ အတော်များများ ထွက်ပေါ်လာခဲ့ပြီး ယိုကျိုးစစ်သည် အတော်များများ မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ကြသည်။
ဝမ်ချောင်သည် သိပ်မသန်မာသော်လည်း သူ့အသိဉာဏ်နှင့် အတွေ့အကြုံတို့က သူ့ရန်သူများထက် များစွာသာလွန်လှသည်။ သူ့ထက်သန်မာသူ သို့မဟုတ် သူ့လောက်သန်မာသူများသာ သူ့ကို ခြိမ်းခြောက်နိုင်ပေ၏။
“ကျင်းတန်၊ နယ်စားငယ်ရီ၊ ကျိုးယာ့ထုံ... ငါနဲ့လက်တွဲပါ”
ဝမ်ချောင်၏အသံသည် အမှောင်ထု ကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး မိုးခြိမ်းသံနှင့် မိုးရေများသည်ပင် မတားဆီးနိုင်ခဲ့ကြပေ။
ဝုန်း
စစ်မြင်းများသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားခဲ့ကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော မြင်းစစ်သည်များသည် အလယ်ရှိဝမ်ချောင်ကို ကာကွယ်ရန် စုစည်းသွားခဲ့ကြသည်။ ခဏအကြာတွင် ခွာဖြူအရိပ်သည် ဝမ်ချောင်ကိုဖမ်းရန် ရှေ့သို့ပြေးထွက်သွားခဲ့၏။
ဤအခင်းအကျင်းကို ပြောင်းလဲနိုင်စွမ်းသည် ထျန်းချန်းစီကိုပင် အံ့အားသင့်သွားစေခဲ့သည်။ သို့သော်သူက သူ့ဆုံးဖြတ်ချက်များ မချနိုင်မီ ဝမ်ချောင်၏အုပ်စုသည် အန်းယာ့လျိုရှန်းဆီသို့ ချီတက်နေခဲ့ကြပြီဖြစ်သည်။
နယ်စားငယ်ရီနှင့် ကျိုးယာ့ထုံ နှစ်ယောက်စလုံးတို့သည် လှံထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်ကြပြီး မြင်းတပ်တိုက်ပွဲများတွင် ခံစစ်များကို ထိုးဖောက်ရာ၌ လှံတစ်စင်းထက် မည်သည့်လက်နက်ကမျှ မကောင်းနိုင်တော့ပေ။
ခလွပ်
လူကမြင်းနှင့် တွေ့ဆုံသွားသောအခါ ယိုကျိုးစစ်သည် တစ်ယောက်ပြီးတစ်ယောက် ရွှံ့ထဲသို့ ရိုက်ချခံလိုက်ရသည်။
“သူ့ကိုသတ် အဲ့ကောင်စုတ်ကိုသတ်”
လူအုပ်ထဲမှနေ၍ ဒေါသထွက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ကာ အာရှီနရှုကန်းသည် သူ့ဓားကိုဆွဲထုတ်လိုက်ပြီး ဝမ်ချောင်ကို ချိန်ရွယ်လိုက်၏။
'လူတစ်ယောက်ကို ပစ်ခတ်ရန် ပထမဆုံးမြင်းကို ပစ်ခတ်ရမည်ဖြစ်ပြီး နောက်လိုက်များကို ဖမ်းဆီးရန် ပထမဆုံး သူတို့၏ဘုရင်ကို ဖမ်းဆီးရပေမည်။' ဤနိယာမသည် ဟန်များအကြားတွင်သာ သိထားခဲ့ခြင်း မဟုတ်ပေ။ ဟူများသည်လည်း ၎င်းကို ကောင်းကောင်း သိထားကြပေ၏။
ရွှီ ရွှီ ရွှီ
ရွှီကနဲ သတ္တုမြည်သံများ လေထဲမှနေ၍ ထွက်ပေါ်လာခဲ့၏။ ဟူတို့သည် အလွန်တော်သော လေးသမားများ ဖြစ်ကြသောကြောင့် ပထမဆုံး ရောက်လာသည့်အရာမှာ ခမ်းနားထည်ဝါသည့် ကြယ်တာရာစွမ်းအင် လှိုင်းတစ်ခု မဟုတ်သော်လည်း ထက်ရှသည့် သိပ်သည်းသော မြားမိုးဖြစ်သည်။
ဘုန်း
လေးညို့သံများသည် မိုးခြိမ်းသံများကဲ့သို့။ လျိုတုံးသည် အဝေးတွင်ရပ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်သည် တိုက်ပွဲသို့ ရောက်မလာခဲ့သော်လည်း သူ့မြားများသည် တိုက်ပွဲသို့ ရောက်လာခဲ့ကြပြီဖြစ်သည်။ တစ်ချက်ဆွဲပြီး လွှတ်လိုက်ခြင်းဖြင့် ထိုမြားမိုးတစ်ဝက်သည် ပိတ်ဆို့ခံလိုက်ရသည်။
ကျန်သည့်မြားများအနေဖြင့် သူတို့သည် ဝမ်ချောင်၏ ချပ်ဝတ်တန်ဆာ သို့မဟုတ် သံမဏိဝတ်ရုံ ကြယ်တာရာစွမ်းအင်ဖြင့် ပိတ်ဆို့ခံလိုက်ကြရသည်။
“ပင်လယ်နက် ရွှမ်သတ္ထု ချပ်ဝတ်တန်ဆာ”
လူအုပ်ကြီး၏ နောက်ဆုံးတွင် ရပ်နေခဲ့ကာ အာရှီနရှုကန်းသည် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် ဤချပ်ဝတ်တန်ဆာကို ချက်ချင်း မှတ်မိလိုက်ပေ၏။ ပင်လယ်နက် ရွှမ်သတ္ထု ချပ်ဝတ်တန်ဆာသည် ဗျူဟာမြောက် စစ်ရေး အရင်းအမြစ်တစ်ခုဖြစ်ရန် လုံးဝထိုက်တန်ခဲ့ပြီး လေးသခင်တစ်ယောက်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရန်အတွက် အကောင်းမွန်ဆုံး ပစ္စည်းတစ်ခုဖြစ်သည်။
လေးသခင်တစ်ယောက်သည်ပင် ဤချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဝမ်ချောင်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
“အန်းဒုန်ပိုင်နက်ကို တိုက်ခိုက်ရဲဖို့က ကောင်းကင်ဘုံကို စိန်ခေါ်ဖို့ သတ္တိရှိသလိုပဲ။ ငါနဲ့လိုက်ပြီး အဲ့ကောင်စုတ်ကို သတ်”
အာရှီနရှုကန်း၏ အမူအရာသည် ဖြူလျော်နေခဲ့ကာ သူ့နှလုံးသားသည် ပြတ်သားနေခဲ့သည်။
အရှေ့မြောက်ဘက်ရှိ ယိုကျိုးတွင် လူတစ်ယောက် သူတို့ကို အနိုင်ကျင့်ခြင်းက လုံလောက်နေခဲ့ပြီဖြစ်သည်။ သူတို့သည် ယိုကျိုးမှ ထွက်ခွာလာသောအခါ သူက လူတစ်ယောက်ကိုမှ သူတို့ခေါင်းပေါ် နင်းလျှောက်ခွင့်ပေးမည်မဟုတ်ဟု ကျိန်ဆိုခဲ့သည်။
ဝေါ
အာရှီနရှုကန်း၏ အော်သံနောက် ဆယ်ယောက်ကျော်သော အော်သံများ ချက်ချင်း လိုက်ပါလာခဲ့ကြ၏။ ဤလူများသည် ယိုကျိုးစစ်တပ်၏ လက်ရွေးစင် တပ်သားများ ဖြစ်ကြပြီး အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးနှင့်အထက် စစ်မှုထမ်းများ ဖြစ်ကြသည်။
ဝမ်ချောင် အသုံးပြုရ အလွန်နှစ်သက်သည့် 'ခေါင်းကိုဖြတ်' အစီအစဉ်ကို အာရှီနရှုကန်းနှင့် အန်းယာ့လျိုရှန်းတို့သည်လည်း နှစ်သက်ကြပေ၏။
အန်းဒုန်ပိုင်နက်တွင် ဤအတွဲသည် ဤဗျူဟာကို အလွန်ကျွမ်းကျင်ခဲ့ကြပြီးဖြစ်သည်။ အတိအကျပင် ဤနည်းလမ်းမှတစ်ဆင့် ထိုအတွဲသည် သူတို့၏လက်ရှိ အဆင့်သို့ ဖြေးဖြေးချင်း ရောက်လာခဲ့ကြပေ၏
ဘုန်း
စစ်မြင်းများက သူတို့၏ချီတက်မှုကို စတင်လိုက်သကဲ့သို့ အာရှီနရှုကန်းက သူ့ဓားကို မြှောက်လိုက်သည့်အချိန်တွင် ကမ္ဘာမြေကြီးသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူတို့ဘယ်ဘက်ရှိ တံတိုင်းသည် ရုတ်တရက် ပြိုကျသွားခဲ့ပြီး ချပ်ဝတ်တန်ဆာဝတ် မြင်းတပ်တစ်ခုက ဝင်ရောက်လာခဲ့၏။
“သခင်လေးဝမ် ငါတို့မင်းကို ကူဖို့ရောက်လာပြီ”
ရင်းနှီးနေသည့် အသံတစ်ခုကို ကြားလိုက်ရသောအခါ ဝမ်ချောင်ချက်ချင်း လှည့်ကြည့်လိုက်ပြီး ယိုကျိုးစစ်သည်များကို ရင်ဆိုင်ရန် ကျွမ်းကျင်သူအုပ်စုတစ်စုကို ဦးဆောင်လာနေသည့် အပြာရောင်ဝတ် သေးသွယ်သောလူတစ်ယောက်ကို တွေ့လိုက်သည်။
ကျန်းကလန်၏ ကျန်းကျင်းသည် ကလန်အကြီးအကဲများနှင့် သူတို့၏ ကျွမ်းကျင်သူများကို သူ့ကိုကူညီရန် ခေါ်ဆောင်လာခဲ့ပေသည်။
ဝမ်ချောင် ပျော်ရွှင်သွားခဲ့၏။
တစ်ဖက်တွင်မူ အန်းယာ့လျိုရှန်း၊ ထျန်းချန်းစီနှင့် ယိုကျိုးတပ်သားများသည် ကြက်သေ သေသွားခဲ့ကြသည်။
သို့သော် အန်းယာ့လျိုရှန်းနှင့် တစ်ခြားလူများ မတုန့်ပြန်နိုင်မီ
ခလပ်
သို့တိုင် နောက်ထပ်တံတိုင်း ပြိုကျသွားခဲ့ပြီး ဤတစ်ကြိမ် အနောက်ဘက်မှ ဖြစ်၏။
“သခင်လေးချောင် ငါတို့မင်းကို ကူဖို့ရောက်လာပြီ”
တခဏချင်းမှာပင် ဟွမ်ကလန်၏ အကြီးအကဲသည် ယိုကျိုးတပ်သားများဆီသို့ ချီတက်လာနေသည့် လက်ရွေးစင် အုပ်စုတစ်စုကို ဦးဆောင်လာခဲ့သည်။
သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။
ရုတ်တရက်ပင် အသက်ကြီးကြီးနှင့် ဖြတ်လတ်သော ခြင်္သေ့ကဲ့သို့ အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။
“သခင်လေး စိတ်မပူနဲ့။ ငါတို့မင်းကို ကူဖို့ရောက်လာပြီ”
ခြံဝင်းနောက်မှနေ၍ အသက်ကြီးသော်လည်း ကျန်းမာသည့် အားထားရသော လူတစ်ယောက်သည် တံတိုင်းကိုဖောက်၍ ကျွမ်းကျင်သူ အုပ်စုတစ်စုကို ဦးဆောင်လာခဲ့သည်။
“အကြီးအကဲရီ”
ဝမ်ချောင် နောက်တစ်ကြိမ် ဝမ်းသာသွားခဲ့၏။ အသစ်ရောက်လာသူများမှာ အမှန်တကယ်တွင် အကြီးအကဲရီ၊ အကြီးအကဲကျိုးနှင့် တစ်ခြားလူများ ဖြစ်ကြသည့် သူ့အဘိုး၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြသည်။
သူ့အမိန့်က ဤလူများကိုပင် လှုပ်ရှားစေလိမ့်မည်ဟု ဝမ်ချောင် မမျှော်လင့်ထားခဲ့ပေ။
“သခင်လေး မင်းဘယ်သူ့ကို သတ်ချင်တာလဲ။ ငါမင်းကို ကူညီမယ်”
အကြီးအကဲရီ၏ အသံသည် ပြိုင်ဘက်ကင်းလောက်အောင် အထက်စီးဆန်ပြီး ခေါင်းလောင်းကြီးတစ်ခုတီးခတ်နေကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ခြံဝင်းအလယ်တွင် အန်းယာ့လျိုရှန်း၏ တပ်သားများသည် နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့ကြသည်။ တစ်ခဏချင်းမှာပင် သူတို့၏ ရန်သူများသည် လူများစွာကို နောက်တစ်ကြိမ် စုရုံးခဲ့ကြ၏။
ခေါင်းမွှေးဖြူနေသော ဤအကြီးအကဲ နှစ်ယောက်တို့သည် ကြမ်းကြုတ်ရက်စက်သော စွမ်းအင်တစ်ခုကို ထုတ်ဖော်ထားခဲ့ပြီး ဝါရင့်စစ်မှုထမ်းများ၏ အားကောင်းသော အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။ ဤသည်မှာ တိုက်ပွဲတစ်ရာကို ကြုံတွေ့ခဲ့ဖူးသည့် စစ်သူကြီးဟောင်းများသည်ပင် ရှိနိုင်သည့် အရှိန်အဝါတစ်ခု မဟုတ်ပေ။
“သေစမ်း ဒီပုဂ္ဂိုလ်က ဘယ်သူများလဲ”
ဤအဆက်မပြတ်သော တိုက်ခိုက်မှုများက ဝမ်ချောင်ကို ဖမ်းဆီးရန် ကြိုးစားနေသေးသည့် အာရှီနရှုကန်းကိုပင် ဖြူလျော်သွားစေခဲ့၏။ သူတို့သည် သူတို့၏ အင်အားများက ဝမ်ချောင်၏အင်အားနှင့် အဆင့်တူဖြစ်သည်ဟု မူလက ယုံကြည်ထားခဲ့ကြသည်။
သို့သော် ယခုအခါ အကြီးအကဲရီနှင့် တစ်ခြားလူများသည် ဝင်ရောက်လာခဲ့ကြပြီး ယိုကျိုးစစ်သည်များသည် ယခုအခါ အလွန်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ကြသည်။
“ပြန်ဆုတ်။ ခံစစ်သီးသန့်။ လိပ်ခွံအခင်းအကျင်း။ မြန်မြန်”
သွေးပျက်နေသည့် အသံတစ်ခုက မိုးရေထဲမှနေ၍ ထွက်ပေါ်လာခဲ့ပြီး ဟူနှင့်ဟန်များကြားတွင် နှစ်ကြိမ်အထိပင် ရိုက်ခတ်သွားခဲ့သည်။ လုလုံ၏ ကွင်းဆင်းအရာရှိ ထျန်းချန်းစီသည် ကွင်းဆင်းအရာရှိ မိသားစုတစ်ခုမှဖြစ်သည်။ သူသည် သူ့တပ်သားများကို စီမံရာတွင် အလွန်အမင်း တင်းကြပ်ပြီး ဤကဏ္ဍတွင် ကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်းဖြစ်သည်။ အနာဂတ်တွင်သူသည် သြဇာလွှမ်းမိုးသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဤအချိန်တွင်သူသည် သွေးပျက်နေသည့် အမူအရာတစ်ခု ရှိနေခဲ့၏။
သူတို့ကို ရင်ဆိုင်နေသည့် အင်အားစုများသည် သူတို့ရင်ဆိုင်နိုင်သည့် အရာမဟုတ်တော့ပေ။ သူတို့သည် သူတို့ကို လုံးဝဖျက်ဆီးရန် လုံလောက်ကြပေသည်။
ထို့အပြင် ဤအင်အားစုများသည် အရပ်မျက်နှာ တစ်ခုထဲမှ လာခဲ့ခြင်းမဟုတ်ပေ။ တစ်ချိန်ထဲတွင် အရပ်မျက်နှာ ပေါင်းစုံမှ လာခဲ့ကြပေသည်။
ဤသည်က သူ၏ယိုကျိုး စစ်သည်များသည် မည်မျှအားကောင်းပြီး တော်ကာ ရဲရင့်ကြပါစေ သူတို့သည် အခြားသုံးဖက်မှ တိုက်ခိုက်မှုများကိုလည်း တောင့်ခံရမည်ဟု ဆိုလိုပေသည်။
စစ်မြေပြင်တွင် ဤသို့သော အခြေအနေများသည် လုံးဝ အရှုံးတစ်ခုဖြစ်သည်။
ဝုန်း
ကြီးမားပြီးလှပကာ ရှုပ်ထွေးလှသော မဟာဆူးချွန် ချီစက်ကွင်းသည် အကြီးအကဲရီ၏ ခြေဖဝါးအောက်တွင် တုန်ခါသွားခဲ့သည်။ ဤချီစက်ကွင်းသည် ရွှေရောင်အစင်းကြောင်းများ စွန်းထင်းနေသည့် မရေမတွက်နိုင်သော ဆူးချွန်ချုံများကဲ့သို့ ဖြစ်သည်။ အချုပ်ဆိုရသော် ၎င်းသည် ထိပ်သီးစွမ်းအင် အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။
ဝေါ
ကြီးမားလှသော လက်သီးတစ်လုံးသည် ရှေ့သို့ ပေါက်ကွဲသွားခဲ့ကာ အကြီးအကဲရီ၏ ခန္ဓာကိုယ်မှ လာခဲ့ခြင်းမဟုတ်သော်လည်း လေထဲမှ လာခဲ့ခြင်းဖြစ်သည်။ ဤအခိုက်တွင် ဝမ်ချောင်သည် သူက ကြေးတောင်နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို အကြီးအကဲရီနောက်တွင် မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ အကြီးအကဲရီ၏ တိုက်ခိုက်မှုကို မြင်တွေ့ရသည့် ဝမ်ချောင်၏ ပထမဆုံး အကြိမ်ဖြစ်၏။
ခလပ်
မရေမတွက်နိုင်သော ယိုကျိုးစစ်သည်များသည် လွင့်ထွက်သွားခဲ့ကြ၏။ ထျန်းချန်းစီ၏ လိပ်ခွံအခင်းအကျင်းသည် အကြီးအကဲရီ၏ လက်သီးကို ပိတ်ဆို့နိုင်စွမ်း လုံးဝမရှိခဲ့ပေ။
ထို့အပြင် တစ်ချိန်တည်းမှာပင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော မြင်းစစ်သည်များသည် အခြားအရပ်များမှာများမှနေ၍ ပြေးဝင်လာခဲ့ကြပြီး ယိုကျိုးတပ်သားများဆီသို့ တိုးဝင်သွားခဲ့ကြသည်။
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်တစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၁)မှတ် ချီးမြှင့်ခံရပါသည်"
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်နှစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၂)မှတ် ချီးမြှင့်ခံရပါသည်”
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်သုံးယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၃)မှတ် ချီးမြှင့်ခံရပါသည်”
***
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်ခုနစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၇)မှတ် ချီးမြှင့်ခံရပါသည်”
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်ရှစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၈)မှတ် ချီးမြှင့်ခံရပါသည်”
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်ကိုးယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၉)မှတ် ချီးမြှင့်ခံရပါသည်”
***
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်တစ်ဆယ့်သုံးယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၁၃)မှတ် ချီးမြှင့်ခံရပါသည်”
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်တစ်ဆယ့်လေးယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၁၄)မှတ် ချီးမြှင့်ခံရပါသည်”
“အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ယိုကျိုးသူပုန်တစ်ဆယ့်ငါးယောက်ယောက်ကို သတ်ဖြတ်ခြင်းအတွက် သင်သည် ကံကြမ္မာမှတ် (၁၅)မှတ် ချီးမြှင့်ခံရပါသည်”
***
သတင်းစကားများက ဝမ်ချောင်၏ စိတ်ထဲသို့ ပြေးဝင်လာခဲ့ကြသည်။ အချိန်တိုအတွင်းမှာပင် ယိုကျိုးစစ်သည် တစ်ဆယ့်ခုနစ်ယောက်တို့သည် အသတ်ခံခဲ့ရပြီး ဝမ်ချောင်ကို ကံကြမ္မာမှတ် (၁၇)မှတ် ချက်ချင်း ရရှိနေစေခဲ့ကာ အဆက်မပြတ် တိုးလာနေသည့် ပမာဏတစ်ခု ဖြစ်သည်။
အန်းယာ့လျိုရှန်း၊ အာရှီနရှုကန်းနှင့် ထျန်းချန်းစီတို့၏ မျက်နှာများသည် ဖြူလျော်သွားခဲ့ကြပြီး လီစီယိနှင့် တိုက်ခိုက်နေသေးသည့် ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည်ပင် မြင်နိုင်လောက်အောင် သက်ရောက်မှု ရှိသွားခဲ့ကြသည်။
သူတို့သည် လီစီယိတစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်ရုံ ရင်ဆိုင်နိုင်ခဲ့ကြသော်လည်း ဤလူအားလုံးကို ရင်ဆိုင်ရန်မှာ ... ဤအတွဲသည် အတူတကွ လက်တွဲခဲ့လျှင်ပင် သူတို့သည် ဤနေရာတွင် သေသွားနိုင်သည်။
“ရပ်လိုက် မင်းတို့က ဘယ်သူတွေလဲ”
“ငါတို့က အန်းဒုန်ပိုင်နက်က ယိုကျိုးစစ်တပ်ကပဲ။ မင်းတို့က လူမှားနေတာ မဟုတ်ဘူးလား”
ဤစစ်သည်များကြားရှိ ဟူများသည် တိုက်ခိုက်နေကြဆဲဖြစ်သော်လည်း သူတို့ထဲတွင် ရောနှောနေသည့် ဟန်စစ်သည်များသည် မတက်နိုင်ဘဲ အော်ဟစ်လိုက်ကြသည်။ သို့တိုင် ထိုအော်သံအားလုံးတို့သည် ဤအော်သံတစ်ခုကို မကျော်နိုင်ခဲ့ကြပေ။
“ကွန်မန်ဒါ”
မိုးစက်များကိုပင် အဝေးသို့ ပြန့်ကျဲသွားစေခဲ့သည့် အထက်ဘက်မှ ဧရာမ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြီးမားလှသော ဖိအားတစ်ခုက ကျဆင်းလာခဲ့၏။ လီစီယိနှင့် တိုက်ခိုက်နေသေးသည့် ချူးချန်ယုံသည် မတက်နိုင်ဘဲ အော်ဟစ်လိုက်သည်။
ဤထင်ရှားလှသော အသံက မြို့တော်တစ်ခုလုံး ကြားရနိုင်၏။ ဝမ်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးတောလိုက်ကာ သူ့နှလုံးသားထဲတွင် တုန်ခါသွားခဲ့သည်။
“မြန်မြန် တစ်ခြားလူတွေ အကုန်လုံးကို မေ့လိုက်ကြ။ လီစီယိ၊ အကြီးအကဲရီ၊ အကြီးအကဲကျိုး၊ အကြီးအကဲကျန်း သူ့ကိုကျွန်တော်အတွက် သတ်ပေး”
ဝမ်ချောင် အဝေးရှိ အန်းယာ့လျိုရှန်းကို လက်ညိုးထိုးပြလိုက်သည်။ အန်းယာ့လျိုရှန်းသည် တွေးထားခဲ့သည်ထက် များစွာ စဉ်းလဲခဲ့ပေ၏။ အစပိုင်းတွင်သူသည် ယိုကျိုးတပ်သားများရှေ့တွင် ရပ်နေခဲ့သေးသော်လည်း ကိစ္စများက စတင်မှားယွင်းလာခဲ့ပြီး ဝမ်ချောင်တို့ဘက်က အသာစီး ရလာသောအခါ သူသည် ယိုကျိုးတပ်သားများ၏ ကာကွယ်မှုကို ရထားသည့်နေရာသို့ ချက်ချင်း နောက်ဆုတ်သွားခဲ့သည်။
“သခင်လေး ငါသူ့ကို မင်းအတွက် ဖမ်းပေးမယ်"
အိုမင်းသော်လည်း စွမ်းအားပြည့်ဝနေသေးသည့် အသံက ကောင်းကင်အနှံ့ ထွက်ပေါ်လာခဲ့၏။ စွမ်းအင်များသည် အကြီးအကဲကျိုး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ထွက်ပေါ်လာခဲ့ကာ သူသည် သက်တံ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထက်သို့ ပျံဝဲသွားခဲ့သည်။ တစ်ချိန်ထဲမှာပင် လီစီယိနှင့် ကျန်းကျင်းတို့သည်လည်း အန်းယာ့လျိုရှန်းဆီသို့ ခုန်လိုက်ကြ၏။
“ချူးချန်ယုံ၊ ထျန်ချန်ကျန့် ကျွန်တော်ကိုကယ်ပါ”
တစ်ခဏချင်းမှာပင် အန်းယာ့လျိုရှန်း၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်သွားခဲ့ပြီး သူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် အစစ်အမှန် သိုင်းနယ်ပယ်တွင်သာ ဖြစ်၏။ လီစီယိတစ်ယောက်ထဲက သူ့ကို သွေးပျက်စေရန် လုံလောက်နေခဲ့ပြီဖြစ်ပြီး ယခုအခါသူသည် ဤသို့သော လူသုံးယောက်ကို ရင်ဆိုင်ရပေမည်။
ဤအခိုက်တွင် အန်းယာ့လျိုရှန်းသည် သေခြင်းတရား၏ အားကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး မလိုလားသည့် စိတ်ဆန္ဒတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ဤအရာအားလုံးတို့သည် လုံးဝ ယုတ္တိမရှိခဲ့ကြပေ။ သူသည် ဘာမှကိုပင် မပြုလုပ်ခဲ့ရသောကြောင့် သူသည် ဘာကြောင့် အသတ်ခံရမည်နည်း။
သူသည် အကြောင်းအရင်း တစ်ခုကိုပင် မသိရဘဲ ယနေ့ဤနေရာတွင် သေဆုံးရမည်လော။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”
သူ ၎င်းကို သိပင်မသိလိုက်မီ နက်နဲသိမ်မွေ့သော သိုင်းပညာကျွမ်းကျင်သူ သုံးယောက်ဖြစ်ကြသည့် လီစီယိ၊ အကြီးအကဲကျိုးနှင့် အကြီးအကဲရီတို့သည် လင်းယုန်ငှက်များက သူတို့၏သားကောင်ပေါ်သို့ ဆင်းသက်လာနေသကဲ့သို့ သူ့ဆီ ပြေးဝင်လာနေခဲ့ကြသည်။ ရုတ်တရက်ပင် မြောက်ဘက်မှနေ၍ နေမင်းကြီးကဲ့သို့ အလင်းရောင်တစ်ခု ပေါက်ကွဲလာခဲ့၏။ ၎င်းသည် ခမ်းနားထည်ဝါပြီး အင်အားကြီးမားလှသည်။ ဤအံ့သြဖွယ်ကောင်းသော စွမ်းအင်သည် ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး ချက်ချင်း သူ့တည်ရှိမှုကို သိရှိသွားစေခဲ့သည်။
“ရပ်”
ဤစကားလုံးကို လေးတွဲစွာ ပြောလိုက်သည့်တိုင် ၎င်းက နေနှင့်လကဲ့သို့ ဖိအားတစ်ခုကို သယ်ဆောင်ထားခဲ့သည်။ ၎င်းသည် လူတိုင်းကို သူတို့၏ခေါင်းအား အညံ့ခံပြီး ချစ်ကြောက်ရိုသေမှုဖြင့် အလိုလိုငုံ့သွားစေသည့် ခမ်းနားထည်ဝါသော စွမ်းအင်တစ်ခု ပါဝင်နေခဲ့သည်။
*************************