← Chapters

အခန်း (၄၅၆-၄၆၀)

Vol. 21 Ch. 456-460

အခန်း (၄၅၆-၄၆၀)

Vol. 21 Ch. 456-460

အခန်း ၄၅၆

ဝမ်ကျူးလျန်

အနာဂတ်သူပုန်တပ်တွင် ရှီစီမင်းသည် အလွန်အမင်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပေလိမ့်မည်။ အန်းယာ့လျိုရှန်း၏ ဘယ်နှင့်ညာလက်အနေဖြင့် သူသည် ပြဿနာများစွာကို ကူညီဖြေရှင်းပေးပေလိမ့်မည်။

သူ မရှိပါက အန်းယာ့လျိုရှန်း၏ ရုတ်တရက် မြင့်တက်မှုသည် ကြီးစွာ နှောင့်နှေးသွားပေလိမ့်မည်။

အန်းယာ့လျိုရှန်းကို သတ်၍မရပေ။ အနည်းဆုံး အခုချိန် ဖြစ်သည်။ အနာဂတ်သူပုန်တပ်၏ ခေါင်းဆောင်အနေဖြင့် အန်းယာ့လျိုရှန်းတွင် ကံကြမ္မာ၏ ကာကွယ်ပေးမှု ရှိသည်။ သူ့ကို ကာကွယ်ပေးနေသည့် လောက၏ ရှင်းပြ၍မရသော ထိုစွမ်းအားသည် ထိုသည်ကို ကြည့်ရန် လုံလောက်ပေသည်။

ထို့အပြင် ကျန်းရှိုးကွေ့သည် ဝမ်ချောင်ကို သေချာပေါက် အောင်မြင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

အာရှီနရှုကန်းသာ ကျန်းရှိုးကွေ့၊ အန်းယာ့လျိုရှန်း သို့မဟုတ် သူ့ဘက်ရှိ လူများသည်ပင် မျှော်လင့်ထားလိမ့်မည် မဟုတ်သည့် ပစ်မှတ်တစ်ခု ဖြစ်နိုင်ပေသည်။

သို့သော် အန်းယာ့လျိုရှန်းနှင့် ကြုံတွေ့ခဲ့ရသည့် အတားအဆီးများကို ရှောင်ရှားရန်အတွက် ဝမ်ချောင်သည် ထိုလုပ်ရပ်ကို လုပ်ရန် လူအိုကြီးလင်းယုန်ငှက်၏ လက်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ရသေးပေသည်။

“သေစမ်းကွာ..”

သူသည် ကျန်းရှိုးကွေ့၏ ဒေါသတကြီး အော်သံကို ကြားလိုက်ရ၏။ ဝမ်ချောင်သည် ကျန်းရှိုးကွေ့တွင် အလွန်အမင်း ဆိုးဝါးသော အမူအရာတစ်ခု ရှိနေမည်ကို သိရှိရန် သူ ခေါင်းလှည့်ဖို့ မလိုခဲ့ပေ။

သို့သော် ဝမ်ချောင် ဂရုမစိုက်ခဲ့ပေ။

တစ်နေ့ ကျန်းရှိုးကွေ့သည် သူက သူ့ကို အရှက်ခွဲနေခြင်း မဟုတ်ဘဲ သူ့အား ကူညီနေခြင်း ဖြစ်ကြောင်း နားလည်လာပေလိမ့်မည်။

“ပြီးသွားပြီ”

ဝမ်ချောင် ခေါင်းမော့လိုက်ကာ အနက်ရောင်တိမ်တိုက်များကို ကြည့်လိုက်၏။ မိုးသည် ကျဆင်းနေဆဲ ဖြစ်သော်လည်း လျှပ်စီးနှင့် တိမ်တိုက်များကြား အတောင်ပံဖြန့်ထားသည့် ဧရာမလင်းယုန်တစ်ကောင်ကို သူ မြင်နိုင်ပေသည်။ စူးရှလှသည့် အော်ကြွေးသံတစ်ခုကို ထုတ်လွှတ်လျက် ၎င်းက ကောင်းကင်တွင် တစ်ပတ်ပြီးတစ်ပတ် ပျံဝဲနေခဲ့သည်။

တောက်ပလှသည့် အနီရောင်ပိုးသားခါးပတ်တစ်ခုက ထိုလင်းယုန်ငှက်၏ ခြေထောက်တစ်ဖက်တွင် ချည်နှောင်ထားခဲ့ပြီး အနက်ရောင်တိမ်တိုက်များကြား အလွန်အမင်း ထင်ရှားနေပေသည်။

ဘုန်း..

ရွှေရောင်ကြယ်တာရာစွမ်းအင်သည် မျက်စိကျိန်းမတတ် လှပစွာ ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့ပြီး လူတိုင်းကို ဖမ်းဆီးနေခဲ့သည်။ အားကောင်းလှသည့် စုပ်ယူသော အင်အားတစ်ခုသည် မရေမတွက်နိုင်သော မမြင်ရသည့် ချည်မျှင်များကဲ့သို့ လူတိုင်းကို တစ်ပြိုင်နက် ရစ်ပတ်သွားခဲ့သည်။

“အား..”

ကျောက်ကျင်းတန်၊ ပိုင်စီလင်း၊ ရှုကန်း၊ ဟွမ်ချန်းအာ၊ ကျိုးယာ့ထုံ၊ လူအိုကြီးလင်းယုန်ငှက်၊ ဝမ်ချောင်၊ အကြီးအကဲရီ၊ အကြီးအကဲကျိုး၊ လီစီးယိနှင့် လူ၂၀၀‌ ကျော်တို့သည် ဤကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် လေထဲသို့ မြောက်တက်ခံလိုက်ရကာ အော်သံများ ထွက်ပေါ်လာခဲ့ကြသည်။ ရုန်းကန်နေခဲ့ကြပြီး ခွန်အားကင်းမဲ့ကာ သူတို့အားလုံးသည် ကျန်းရှိုးကွေ့ထံသို့ တစ်ရွတ်တိုက် ဆွဲခေါ်ခံလိုက်ရသည်။

ကျန်းရှိုးကွေ့ ဒေါသထွက်သွားခဲ့၏။ အာရှီနရှုကန်း၏ သေဆုံးမှုသည် ဤတော်ဝင်ကာကွယ်ရေးစစ်သူကြီး၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို အလုံးစုံ နိုးဆွသွားခဲ့သည်။ ဤအခိုက်တွင် လူတိုင်းက သူတို့၏နှလုံးသားများထဲမှ အကြောက်တရားတစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။

ဤသည်က ကျန်းရှိုးကွေ့၏ အစစ်အမှန် ခွန်အားဖြစ်၏။ သူ ဒေါသထွက်သွားသည့်အခါ လီစီးယိ၊ အကြီးအကဲရီ၊ အကြီးအကဲကျိုး သို့မဟုတ် အတူတကွ စုစည်းနေသည့် လူတိုင်းတို့သည်ပင် မည်သည့်အရာတစ်ခုကိုမျှ မပြုလုပ်နိုင်ခဲ့ကြပေ။

“အတင့်ရဲလိုက်တဲ့ကောင်တွေ မင်းတို့ တအားလွန်သွားပြီ။ မင်းတို့အားလုံးက သေချင်နေမှတော့ ငါ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ကျန်းရှိုးကွေ့၏ အေးစက်စက် အသံက ကောင်းကင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

သူသည် ဂုဏ်သိက္ခာ သို့မဟုတ် တော်ဝင်စိစစ်သူများကို ဂရုမစိုက်နိုင်တော့ပေ။ အာရှီနရှုကန်း သူ့ရှေ့၌ သေဆုံးသွားချိန်တွင် ကျန်းရှိုးကွေ့သည် သူ့စိတ်ထဲ အမည်တပ်၍ မရသော ဒေါသတစ်ခု လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရသည်။

တော်ဝင်စိစစ်သူများ၏ ပြစ်တင်မှုသည် လျစ်လျူရှု၍ မရသော်လည်း ထိုသို့ဆိုလျှင်ပင် လူတစ်ယောက်၏နှလုံးသားအတွင်းမှ ဒေါသကို ဖောက်ထုတ်ရန် လိုပေသည်။

ဤလူများ အသက်ရှင်စရာ မလိုတော့ပေ။

ဝူး..

ရွှေရောင်အလင်းတစ်ခု တောက်ပသွားခဲ့ပြီး ၎င်း၏ ကြောက်မက်ဖွယ် အလင်းရောင်က မိုးကုပ်စက်ဝိုင်းသို့တိုင် ဆန့်ထွက်သွားလျက် လောကတစ်ခုလုံးကို ရွှေရောင် ပြောင်းသွားစေခဲ့သည်။ ဤပြင်းထန်သော ဒေါသမုန်တိုင်းရှေ့တွင် တခြားသူတို့မှာ ဖုန်မှုန့်များသာ ဖြစ်ကြသည်။

“လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီး။ ကျေးဇူးပြုပြီး စိတ်ထိန်းပါအုံး”

ကျန်းရှိုးကွေ့က သူတို့အားလုံးကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်ချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုသည် မြားတစ်စင်းကဲ့သို့ ရွှေရောင်အလင်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်လာခဲ့သည်။

ဘန်း ဘန်း..

ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအနက်ရောင်အရိပ်သည် ၎င်းဝင်ရောက်လာသကဲ့သို့ လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုဖျက်ဆီးတတ်သော ရွှေရောင်အလင်းသည်လည်း မှေးမှိန်သွားခဲ့၏။

ဘုန်း ဘုန်း ဘုန်း..

ထိုရွှေရောင်အလင်းဖြင့် လေထဲသို့ ဆွဲတင်ခံထားရသည့် လူများသည် မိုးရေထဲသို့ ပြန်လည် ပြုတ်ကျသွားခဲ့ကြသည်။

လူတိုင်းသည် အလောင်းကောင်တစ်ကောင်အလား တိတ်ဆိတ်နေကြပြီး စကားမပြောနိုင်ကြပေ။

“မင်းလား..”

ထိုပုဂ္ဂိုလ်က မည်သူမှန်း မြင်လိုက်သည်နှင့် ကျန်းရှိုးကွေ့ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။

“လူကြီးမင်းကျန်း မတွေ့တာ ကြာပြီ”

အိမ်တော်ထိန်းအိုကြီး၏ လက်များသည် ၎င်း၏ လက်မောင်းအိုးများထဲတွင် ထည့်ထားပြီး သူ၏မုတ်ဆိတ်က လှုပ်ခါနေသည်။ သူ၏ အသက်ရှုသံသည် ကသောင်းကနင်း ဖြစ်နေပုံရသော်လည်း သူ့ခြေထောက်နှစ်ချောင်းသည် မြေပေါ်တွင် မြဲမြံစွာ ရပ်နေသည်။

ခြံဝန်းသည် အပ်တစ်ချောင်း ကျသွားလျှင်ပင် ကြားရနိုင်သည်အထိ အလွန်တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းသည် ဤမြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ကြပေသည်။

ကျန်းရှိုးကွေ့သည် လီစီးယိ၊ အကြီးအကဲရီ၊ အကြီးအကဲကျိုး၊ ကျန်းကလန်အကြီးအကဲများနှင့် ဟွမ်ကလန်ခေါင်းဆောင်တို့အားလုံး အတူတကွ ပူးပေါင်းမှုထက်ပင် သန်မာသည့် တော်ဝင်ကာကွယ်ရေးစစ်သူကြီးတစ်ဦး ဖြစ်သည်။

သို့သော် အိမ်တော်ထိန်းအိုကြီးသည် ထိုရွှေရောင်အလင်းထဲသို့ တိုးဝင်လာပြီး ကျန်းရှိုးကွေ့ကို အတင်းအကျပ် ရပ်တန့်သွားစေခဲ့သည်။ မည်သူမျှ ဤအရာကို မမျှော်လင့်ထားခဲ့ပေ။ ဝမ်ချောင်သည်ပင် အနည်းငယ် မှိန်းမောသွားခဲ့၏။

သူသည် အိမ်တော်ထိန်းအိုကြီး၏ ခွန်အားကို ယခင်က မြင်တွေ့ခဲ့ဖူးပြီး သူသည် သူနှင့် အကြိမ်များစွာ အလုပ်လုပ်ဖူးသော်လည်း သူသည်ပင် ထိုအိမ်တော်ထိန်းအိုကြီးက ကျန်းရှိုးကွေ့နှင့် ယှဉ်ပြိုင်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဝမ်ချောင်သည် အနီးအနားတွင် ရပ်နေသည့် ခန့်မှန်း၍ မရသော အိမ်တော်ထိန်းအိုကြီးကို ကြည့်လိုက်ကာ သူ့မျက်လုံးများက မရေမတွက်နိုင်သော ခံစားချက်များဖြင့် ပြောင်းလဲနေခဲ့သည်။

အိမ်တော်ထိန်းအိုကြီးသည် အလွန်သန်မာလှ၏။

ဝမ်ချောင်သည် ဤအချက်ကို အချိန်ကြာကြီးကတည်းက သိရှိထားပေသည်။ သူသည် ခေါင်းမာပြီး အသုံးမကျသော လူတစ်ယောက် ဖြစ်နေချိန်ကပင် ဝမ်ချောင်တွင် စုန့်ဘုရင်နှင့် နီးကပ်သည့် ဤအိမ်တော်ထိန်းအိုကြီးအတွက် ထင်မြင်ချက်တစ်ခု ရှိခဲ့ပြီးဖြစ်သည်။ သို့သော် ဝမ်ချောင်သည် အိမ်တော်ထိန်းအိုကြီး၏ အခြေခံအုတ်မြစ်များက မည်မျှ နက်ရှိုင်းသည်ကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။

သူသည် အလွန်သန်မာပုံရသော်လည်း သူ့ပါရမီများကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ပေ။ သူ နောက်ဆုံး လှုပ်ရှားခဲ့သည့် အချိန်က ထွက်ပြေးနေသည့် ရှိုရှုဘုရင်ကို သတ်ဖြတ်ရန်သာ ဖြစ်ခဲ့ပြီး ကြည့်ရသည်မှာ သူသည် သူ့ခွန်အားအပြည့် အသုံးမပြုခဲ့ပုံရသည်။

ထို့ကြောင့် သူ မည်မျှ အားကောင်းသည်ကို ဆုံးဖြတ်၍ မရပေ။

သို့သော် ဝမ်ချောင်သည် အိမ်တော်ထိန်းအိုကြီးက ကျန်းရှိုးကွေ့နှင့် အကွက်များ ဖလှယ်နိုင်သည်အထိ အလွန်သန်မာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤသည်က သန်မာရုံမျှ မဟုတ်တော့ပေ။ ဤသည်က ပိုးစိုးပက်စက် သန်မာခြင်း ဖြစ်သည်။

ဝမ်ချောင်သည် မိန်းမောနေရာမှ လျင်မြန်စွာ သတိပြန်လည်လာခဲ့၏။ လက်ရှိရှိနေသည့်သူအားလုံးတို့တွင် သူသည် အိမ်တော်ထိန်းအိုကြီးပေါ်လာမှုကြောင့် အံ့ဩသွားမှု အနည်းဆုံး လူတစ်ယောက် ဖြစ်နိုင်သည်။

လက်တစ်ချက် ခါရမ်းလိုက်ကာ ဝမ်ချောင်သည် သူ့တပ်သားများဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

အိမ်တော်ထိန်းအိုကြီး ပေါ်လာခဲ့ပြီ ဖြစ်၍ တိုက်ပွဲထပ်မရှိတော့ပေ။ အရာရာတိုင်း ပြီးဆုံးသွားပြီဖြစ်၏။

“ခင်ဗျား ဘယ်လိုနေလဲ”

ဝမ်ချောင် ရွံ့များနှင့် မိုးရေများထဲ မလှုပ်မယှက် လဲလျောင်းနေသည့် လူအိုကြီးလင်းယုန်ငှက်ဆီသို့‌ လျှောက်သွားလိုက်သည်။ ဝမ်ချောင်၏အသံကို ကြားလိုက်သည်နှင့် သူသည် 'ခရပ်'ဟူသောအသံဖြင့် သူ့ခေါင်းဆောင်းကို ဖွင့်လိုက်ပြီး သွေးများစွန်းထင်းနေသည့် ဖြူရော်ရော် မျက်နှာတစ်ခုကို လှပ်ပြလိုက်သည်။

“ငါ အဆင်ပြေပါသေးတယ်။ ဒီချပ်ဝတ်က တကယ့်ကို အားသိပ်ကောင်းတာပဲ။ တကယ်လို့ မင်းသာ ရှောင်ဖို့ ငါကို ကြိုမပြောထားခဲ့ရင် ငါ သေဆုံးသွားပြီ ဖြစ်လိမ့်မယ်”

လူအိုကြီးလင်းယုန်ငှက် လက်တစ်ဖက် ထောက်လိုက်ကာ အမောတကော အသက်ရှုလိုက်ပြီး ပြောလိုက်သည်။

ဥက္ကာခဲသတ္ထုသည် အလွန်အမင်း မာကြောလှပြီး ၎င်းကို ထုလုပ်ရန်လည်း အလွန်အမင်း ခက်ခဲလှသည်။ ဤအကြောင်းများကြောင့် ဝမ်ချောင်သည် ချပ်ဝတ်တန်ဆာ အနည်းငယ်ကိုသာ ထုလုပ်နိုင်ခဲ့၏။ တစ်ခုသည် လီစီးယိအတွက် ဖြစ်ပြီး တစ်ခုသည် လူအိုကြီးလင်းယုန်ငှက်အတွက် ဖြစ်ကာ တစ်ခုသည် သူကိုယ်တိုင်အတွက် ဖြစ်သည်။

ဝမ်ချောင်သည် အချိန်အကြာကြီးကတည်းက လီစီးယိအတွက် ချပ်ဝတ်တန်ဆာတစ်စုံ ထုလုပ်ရန် စီစဉ်ထားခဲ့သည်။ သူ့စွမ်းအားသည် ဝမ်ချောင်အတွက် အရေးကြီးလှ၏။ လူအိုကြီးလင်းယုန်ငှက်အနေဖြင့်.. သူသည် သတင်းအချက်အလက် လမ်းကြောင်းများအားလုံးကို ထိန်းချုပ်ထားပြီး မြန်ဆန်လှသည့် ပြောဆိုဆက်သွယ်မှုများနှင့် သတင်းပေးပို့မှုများအတွက် အလွန်အရေးကြီးလှသည်။ သူ့တာဝန်သည် အခြေခံအားဖြင့် ပင်မသတင်းအချက်အလက်နေရာဖြစ်၏။

လူအိုကြီးလင်းယုန်ငှက်ကို လုံးဝ သေဆုံးခွင့် မပြုနိုင်ပေ။ ထို့ကြောင့် ဥက္ကာခဲသတ္ထုချပ်ဝတ်တန်ဆာ ဒုတိယအစုံသည် သူ့ဆီသို့ ရောက်သွားခဲ့သည်။

ဤချပ်ဝတ်ကြောင့်သာ ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်ကို အာရှီနရှုကန်းအား လုပ်ကြံသည့် တာဝန်ကို ပေးရဲခဲ့ပေသည်။ ရံဖန်ရံခါ ဆံချည်တစ်မျှင်စာ ကွာဟမှုသည် လီတစ်ထောင် ကွာဟမှုကို ဖြစ်စေပေလိမ့်မည်။

ကျန်းရှိုးကွေ့သည်ပင် လူအိုကြီးလင်းယုန်ငှက်က ဥက္ကာခဲသတ္ထုမှ ပြုလုပ်ထားသည့် မယုံနိုင်စရာကောင်းအောင် ခိုင်ခံ့လှသော ချပ်ဝတ်တန်ဆာတစ်စုံ ဝတ်ဆင်ထားမည်ဟု တွေးမိခဲ့မည် မဟုတ်ပေ။

“မင်းက ဒဏ်ရာအပြင်းအထန် မရသရွေ့ အဆင်ပြေပါတယ်။ ဒီဆေးလုံးကို မျိုချလိုက်ပါ။ အဲဒါက မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးလိမ့်မယ်”

လူအိုကြီးလင်းယုန်ငှက်က အဆင်ပြေနေသည်ကို တွေ့လိုက်ရသည်နှင့် ဝမ်ချောင် စိတ်သက်သာရာရသွားခဲ့သည်။ သူ့လက်နှစ်ဖက်ကို နောက်သို့ ပို့လျက် သူသည် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။

တစ်ဖက်တွင်မူ လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်ကို စိုးရိမ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သို့သော် သူသည် ဘာမှမပြောခဲ့ဘဲ အိမ်တော်ထိန်းအိုကြီးကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် အိမ်တော်ထိန်းအိုကြီးနှင့် ကျန်းရှိုးကွေ့ကြားရှိ စကားဝိုင်းသည် အရေးကြီးအခြေအနေသို့ ရောက်ရှိနေခဲ့၏။

“ဟမ်း.. အိမ်တော်ထိန်းအိုကြီး မင်းကပါ ငါ့ကို ဆန့်ကျင်နေတာလား”

ကျန်းရှိုးကွေ့တွင် သူ့မျက်နှာပေါ်၌ အေးစက်သည့် အမူအရာတစ်ခု ရှိပေသည်။

အိမ်တော်ထိန်းအိုကြီး ယဲ့ယဲ့လေး ပြုံးလိုက်ပြီး အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“ဟ လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးက ဒီလို အားကောင်းလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးနဲ့ အဆင့်တူ ပြောဆိုခံရတဲ့ ဒီလူအိုကြီးက ဘယ်သူများလဲ။ ဒီလူအိုကြီးက ပွဲတော်တစ်ခုအတွက် စုန့်ဘုရင်အိမ်တော်ကို လေးစားရတဲ့ကာကွယ်ရေးစစ်သူကြီးကို ဖိတ်ကြားဖို့အတွက် မင်းသားကြီး စုန့်ဘုရင်ရဲ့ အမိန့်ပေးတာကိုပဲ ခံခဲ့ရတာပါ”

ကျန်းရှိုးကွေ့ အိမ်တော်ထိန်းအိုကြီးကို စိုက်ကြည့်လိုက်ပြီး သူ့ အမူအရာက ပြောင်းလဲသွားခဲ့၏။

ဤအိမ်တော်ထိန်းအိုကြီးသည် စုန့်ဘုရင်၏ မျိုးဆက်နှစ်ဆက်ကို အမှုထမ်းခဲ့ပြီး ကျန်းရှိုးကွေ့သည် စုန့်ဘုရင်ဟောင်းသက်ရှိထင်ရှား ရှိသေးစဉ်က သူ့ကို တွေ့ခဲ့ဖူးသည်။ ဆယ်စုနှစ်အတော်ကြာပြီးနောက် သူသည် ပို၍ သန်မာလာသည်မှာ ထင်ရှားလှပေသည်။

“အိမ်တော်ထိန်းကြီး စုန့်ဘုရင်က ဒီဂျူနီယာတွေဟာ တကယ်ပဲ ထိုက်တန်တယ်လို့ ထင်သလား”

ကျန်းရှိုးကွေ့ မေးလိုက်ကာ အိမ်တော်ထိန်းအိုကြီးကို စိုက်ကြည့်နေခဲ့၏။

ကျန်းရှိုးကွေ့သည် စုန့်ဘုရင်၏ ဖိတ်ကြားချက်ကိုပို့ဆောင်ခြင်းက ဆင်ခြေတစ်ခုမျှသာ ဖြစ်ကြောင်း သိပေသည်။ သူသည် တကယ့်ကို ဤလူများအတွက်သာ ရောက်လာခြင်း ဖြစ်ပေ၏။

“ဟား ဟား.. လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးက အဲဒါကို ကိုယ်တိုင်ပြောလိုက်တာပဲ။ ဒီလူတွေက ဂျူနီယာလေးတွေပါပဲ။ လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးက တိုင်းပြည်ရဲ့အုတ်မြစ်ဖြစ်တယ်။ ဒီလိုလေးစားခံရတဲ့ အဆင့်အတန်းတစ်ခုနဲ့ ဒီဂျူနီယာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အနှောက်အယှက်ဖြစ်ခံဖို့ လိုလို့လား”

အိမ်တော်ထိန်းအိုကြီး၏ နှုတ်ခမ်းပါးသည် ကွေးတက်သွားခဲ့ပြီး ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

“ဒါ့အပြင် နောက်ဆုံးမှာ သေသွားတာက ဟူအနည်းငယ်လေးပဲလေ။ ဟူအနည်းငယ်အတွက် ဒီလို မုန်တိုင်းတစ်ခုကို ဖြစ်စေတာက လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးအတွက် တကယ်ပဲ ထိုက်တန်လို့လား”

အိမ်တော်ထိန်းအိုကြီး မြေပေါ်ရှိ အလောင်းများကို ကြည့်လိုက်သည်။

ကျန်းရှိုးကွေ့သည် အနည်းငယ် မှင်တက်သွားပုံရပြီး လူ့မျက်လုံးများထဲရှိ ဒေါသသည် မှေးမှိန်သွားသည်မှာ သိသာလှသည်။ အိမ်တော်ထိန်းအိုကြီးတွင် မည်သို့သော ရည်ရွယ်ချက် ရှိပါစေ သူ မှန်ကန်သည့် အရာတစ်ခု ရှိပေသည်။

သူ၏ သေဆုံးသွားသော လက်အောက်ငယ်သားများအားလုံးသည် အရေးမပါလှသည့် ဟူများသာ ဖြစ်ကြသည်။ ယိုကျိုးသည် ဟူကလွဲ၍ အရာရာတိုင်း ချို့တဲ့နေခဲ့၏။ ထို့အပြင် အန်းဒုန်ကို အုပ်ချုပ်နေစဉ် သူသည် ဟူများကို တောင်ပုံရာပုံ သတ်ဖြတ်ခဲ့သည်။

ကြီးမားလှသော တိုက်ပွဲအချို့သည် ဟူများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်ချည်း ဖြစ်သည်။

ထို့ကြောင့် ကျန်းရှိုးကွေ့သည် ဟူများကို အများဆုံးနှင့် အနည်းဆုံး နှစ်ခုစလုံး ဂရုစိုက်ပေသည်။ သူသည် ၎င်းတို့၏ တစ်ဦးချင်း စွမ်းရည်များကို ဂရုစိုက်ခဲ့သော်လည်း ၎င်းတို့၏ သေဆုံးမှုကို ဂရုမစိုက်ပေ။

အာရှီနရှုကန်းအတွက်မူ…

အနာဂတ်သမိုင်းတွင် ရှီစီးမင်၏ နာမည်သည် ကောင်းကင်ကို တုန်လှုပ်ပြီး အရေးအကြီးဆုံး အဆင့်အတန်းတစ်ခုကို သိမ်းပိုက်ပေလိမ့်မည်။

သို့သော် ယခုအခါ ထိုနာမည်သည် ကျန်းရှိုးကွေ့အတွက် လုံးဝ အဓိပ္ပာယ်မရှိပေ။

ကျန်းရှိုးကွေ့သည် လူများစွာကို သတ်ဖြတ်ခဲ့ပြီး သူသည် သဘာဝအားဖြင့် ဟူတစ်ယောက်ကို ဂရုစိုက်မည် မဟုတ်ပေ။

အံ့ဩစရာကောင်းစွာဖြင့် ကျန်းရှိုးကွေ့ တင်းမာစွာ ရယ်မောလိုက်၏။

“ဟမ်း.. ငါက မဟုတ်ဘူးလို့ ပြောရင်ရော..”

စုန့်ဘုရင်သည် အစစ်အမှန် သွေးသားတော်စပ်သည့် တော်ဝင်မင်းသားတစ်ပါး ဖြစ်ပြီး သူသည်လည်း စစ်တပ်ထဲတွင် အလွန်မြင့်မားသည့် အဆင့်အတန်းတစ်ခု ရှိပေသည်။ ကျန်းရှိုးကွေ့သည် သူ့ကို လေးစားမှုအချို့ ပေးရမည် ဖြစ်သော်လည်း သူသည် ဤသို့ အညံ့ခံလိုက်လျှင် အလွန်ပျော့ညံ့ပုံ ပေါ်ပေလိမ့်မည်။

ကျန်းရှိုးကွေ့၏ လက်ရှိအဆင့်အတန်းသည် ရေငုံနှုတ်ပိတ်နေရသည်ထက် ကျော်လွန်သွားပြီဖြစ်သည်။ သူသည် စုန့်ဘုရင်ထက် နိမ့်ကျဆဲ ဖြစ်သော်လည်း အများကြီး မဟုတ်ပေ။

ရုတ်တရက်ပင် နူးညံ့ပြီး ပြင်းထန်ကာ ဂုဏ်သိက္ခာရှိရှိပြီး ပညာရှင်ဆန်သည့် အကြီးအကဲအသံတစ်ခုက လူတိုင်း၏စိတ်ထဲတွင် ပေါ်လာခံ့သည်။

“ကျန်းယွမ်ပေါင်က အဲကိစ္စအပေါ် အမုန်းတရားတစ်ခုကို ဆုပ်ကိုင်နေတုန်းလား”

ဤအသံသည် အလွန်အမင်း ကျယ်လောင်ခြင်း သို့မဟုတ် အလွန်အမင်း သိမ့်မွေ့ခြင်း မရှိပေ။ ဤအသံသည် လူတိုင်း၏ နံဘေးတွင် ပြောလိုက်သည့်နှယ်။ သို့သော် ကျန်းရှိုးကွေ့က ဤအသံကို ကြားလိုက်သည်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သူ့အမူအရာက ဖြူရော်သွားခဲ့သည်။

ယွမ်ပေါင်သည် သူ၏ လောကဝတ်နာမည် ဖြစ်သည်။ လူများက သူ့အား 'ကာကွယ်ရေးစစ်သူကြီး၊ သခင်ကြီးနှင့် ခေါင်းဆောင်' အဖြစ် ခေါ်ဝေါ်နေကြသည့် ဤမျိုးဆက်တွင် လူအနည်းငယ်ကသာ သူ၏ လောကဝတ်နာမည်ကို သိကြပေသည်။

ထို့အပြင် သူ့အား ကျန်းယွမ်ပေါင်ဟု ခေါ်ဆိုခွင့်ရှိသူ အခြေခံအားဖြင့် တစ်ယောက်မျှ မရှိပေ။

လောကဝတ်နာမည်ကို ပေါ့ပေါ့တန်တန် ခေါ်ဆို၍ မရပေ။ စီနီယာများက ၎င်းတို့၏ ဂျူနီယာများကို စကားပြောသည့် အခါမှသာ အသုံးပြုပေသည်။ သို့သော် ကျန်းရှိုးကွေ့သည် ဤှနှစ်တွင် အသက်၅၀ကျော်ပြီဖြစ်ပြီး အံ့မခန်းအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ကျန်းယွမ်ပေါင်သည် ပေါ့ပေါ့တန်တန် ပြော၍ရသည့်အရာ မဟုတ်ပေ။

သို့သော် ကျန်းရှိုးကွေ့သည် သူ့အား ဤသို့ ပြောဆိုနိုင်သည့်သူ မြို့တော်တွင် တစ်ယောက် ရှိမှန်း သိပေသည်။

ဝမ်ကျူးလျန်...။

လောကရှိ လူအားလုံးတို့၏ လေးစားကြည်ညိုမှုကို ခံထားရသည့် မဟာထန်၏ အနားယူသွားပြီဖြစ်သော မွန်မြတ်သည့် ဝန်ကြီး။

လွန်ခဲ့သည့် အနှစ်၂၀က အတိအကျပင် ဤဝန်ကြီး၏ စကားလုံးများက ရုံးတော်သို့ ဝင်ရောက်မည့် သူ့မျှော်လင့်ချက်များကို ဖျက်ဆီးပစ်ခဲ့သည်။ ဤဝန်ကြီးကြောင့် သူသည် အန်းဒုန်ကာကွယ်ရေးစစ်သူကြီးအဖြစ် အရှေ့မြောက်ဘက်ရှိ ယိုကျိုးသို့ ပို့ဆောင်ခံခဲ့ရပြီး အနှစ်၂၀ကြာ ဆင်းဆင်းရဲရဲ နေခဲ့ရပေသည်။

*****************************

အခန်း ၄၅၇

နောက်ဆုံးအကြံပေးစကား

လက်ရှိ ကျန်းရှိုးကွေ့သည် ယခင်ကနှင့် အလွန်ကွာခြားပြီး ဝမ်ကျူးလျန်သည် နှစ်ပေါင်းများစွာ ကတည်းက ဝန်ကြီးချုပ်ရာထူးမှ အနားယူသွားခဲ့သည်။ ရုံးတော်မှ ထွက်ခွာပြီးနောက် သူသည် လူတစ်ဦးအောက်သာ နိမ့်ကျပြီး လူပေါင်းများစွာကို လွှမ်းမိုးထားသည့် မဟာထန်၏ ဝန်ကြီးချုပ်အဖြစ်မှ ရပ်နားခဲ့သည်။

ဩဇာလွှမ်းမိုးမှုနှင့် အဆင့်အတန်းအရ ကျန်းရှိုးကွေ့သည် ဝမ်ကျူးလျန်၏ ဂျူနီယာ မဟုတ်တော့သည်မှာ အချိန်ကြာသွားခဲ့ပြီဖြစ်သည်။ အနည်းဆုံး သူသည် သူ့အမိန့်များကို အရေးစိုက်စရာ မလိုတော့ပေ။

သို့သော် ထိုသို့ဆိုလျှင်ပင် ကျန်းရှိုးကွေ့သည် ဂရုမစိုက် မလုပ်ရဲခဲ့ပေ။

“ဟမ်း.. ဝမ်ကျူးလန် ငါက မင်းရဲ့မြေးကို ဒုက္ခရောက်အောင် လုပ်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ဝမ်ကလန်က ကြင်နာမှုကို ရန်လိုမှုနဲ့ တုံ့ပြန်နေတာပဲ။ ငါ့ကို ရန်သူဖြစ်အောင် လုပ်နေတယ်”

ကျန်းရှိုးကွေ့ အေးစက်စွာ ပြောလိုက်၏။

“သူ လုပ်ခဲ့တဲ့အရာကို ခင်ဗျားကိုယ်တိုင် ကြည့်လိုက်ပါ။ ခင်ဗျားရဲ့ ဒီမြေးချောလေးက ငါ မရှိတာကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ငယ်သားတွေကို တိုက်ခိုက်ခဲ့တယ်။ မင်းကလည်း စစ်သားတစ်ယောက် ဖြစ်တာကြောင့် အမိန့်မပါဘဲ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကို တိုက်ခိုက်တဲ့သူက ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာ သိရမယ် ဟုတ်တယ်မလား”

သူ့တွင် အေးစက်သည့် အမူအရာတစ်ခု ရှိသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။ ဤသဘောထားသည် အိမ်တော်ထိန်းအိုကြီးကို သူ ဆက်ဆံခဲ့သည့် ပုံစံနှင့် လုံးဝ ကွဲပြားပေသည်။

ဤသည်မှာ ပညာရှင်ဧကရာဇ်က ဝမ်ကျူးလျန်ကို သူ အနားယူပြီးနောက် လေးပြည်နယ်သံရုံးတွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဝမ်ကျူးလျန်က ရုံးတော် အပြင်နှင့် အတွင်းတွင် ကြီးမားသော ဩဇာလွှမ်းမိုးမှုကို ဆုပ်ကိုင်ထားဆဲ ဖြစ်သောကြောင့်သာ မဟုတ်ခဲ့ပေ။ ထိုသည်မှာ ဝမ်ကျူးလျန်သည် ပညာရှင်လမ်းစဉ်ပေါ်တွင် အလွန့်အလွန် အောင်မြင်ပေါက်မြောက်ခဲ့သောကြောင့်လည်း ဖြစ်၏။

ဝမ်ကျူးလျန်သည် ပညာရပ်များကို လိုက်စားခြင်းဖြင့် လောကတွင် သူ့နာမည်ကို တည်ဆောက်ခဲ့ခြင်း မဟုတ်သော်လည်း ထိုလမ်းစဉ်ပေါ်ရှိ သူ၏ ကျင့်ကြံမှုသည် ဆယ်စုနှစ်များစွာ ကတည်းက စာပေအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

အကယ်၍ ဝမ်ကျူးလျန်၏ စိတ်ဆန္ဒများက ထိုလမ်းစဉ်ပေါ်တွင် မရှိခဲ့သည့် အချက်ကြောင့် မဟုတ်ခဲ့ပါက သူသည် ပညာရှင်များ၏ ခေါင်းဆောင် ဖြစ်လာနိုင်သည်။

ဝမ်ကျူးလျန်၏ ကြီးရင့်လာလေသော အသက်အရွယ်နှင့် စစ်မြေပြင်များတွင် သူ၏အစောပိုင်း နေ့ရက်များမှ သူ ရရှိခဲ့သည့် ဒဏ်ရာများက သိုင်းလမ်းစဉ်ပေါ်ရှိ သူ၏ကျင့်ကြံမှုကို တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာစေခဲ့သည်။ သူ့ရွှေခေတ်၏ ကြောက်မက်ဖွယ်ကောင်းမှုသည် ပျောက်ကွယ်သွားခဲ့သည်မှာ အချိန်ကြာသွားခဲ့ပြီဖြစ်သည်။

သို့သော် ပညာရှိလမ်းစဉ်ပေါ်ရှိ သူ၏ ကျင့်ကြံမှုသည် ဤအရာများဖြင့် မသက်ရောက်ခဲ့ကြပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူအသက်ကြီးလာသည်နှင့်အမျှ သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များသည် ပို၍သာ ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး ပညာရှိလမ်းစဉ်ပေါ်ရှိ သူ၏အောင်မြင်မှုများသည် သိုင်းလမ်းစဉ်ပေါ်ရှိ သူ၏အောင်မြင်မှုများထက် များစွာ ကျော်လွန်သွားခဲ့သည်။

သူက ရုံးတော်ကို ကြီးကြပ်ရသည့် မဟာထန်၏ အမြော်အမြင်ရှိသော ဝန်ကြီးချုပ် ဖြစ်နေဆဲ အချိန်တွင် ဝမ်ကျူးလျန်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များသည် ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

ထို့နောက် နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျန်းရှိုးကွေ့သည်ပင် ထိုလမ်းစဉ်ပေါ်၌ သူ မည်မျှ ရောက်ရှိသွားသည်ကို မသိတော့ပေ။

ပညာရှိလမ်းစဉ်ကို လျှောက်လှမ်းသည့် သူများသည် ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်နိုင်ပြီး စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများတွင် ကျွမ်းကျင်ကြသည်။ ၎င်းသည် သိုင်းလမ်းစဉ်နှင့် လုံးဝ ခြားနားပေ၏။ ပညာရှိလမ်းစဉ်၏ ခေါင်းဆောင်ရှေ့တွင် အသန်မာဆုံး သိုင်းပညာရှင်သည်ပင် ဂရုတစိုက် နင်းလျှောက်ရပေမည်။

ဝမ်ကျူးလျန်၏ ခန္ဓာကိုယ်သည် လေးပြည်နယ်သံရုံးတွင် ရှိနေဆဲ ဖြစ်သော်လည်း ဤသို့သော အကွာအဝေး၌ပင် သူသည် ဖြစ်ပျက်နေသည့်အရာကို အာရုံခံနိုင်ဆဲ ဖြစ်ပြီး သူ့အတွေးများကို လူတိုင်း၏စိတ်ထဲသို့ တိုက်ရိုက်ကူးပြောင်းနိုင်နေဆဲ ဖြစ်သည်။

တစ်ယောက်သည် ဤအရာမှနေ၍ သူ မည်မျှ အားကောင်းသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

“ဘာဖြစ်နေလဲဆိုတာကို ငါ အတိအကျ မသိပေမဲ့ သိပ်မကြာခင်မှာ ငါမင်းကို ရှင်းပြချက် တစ်ခု ပေးမှာပါ”

ဤအကြီးအကဲအသံက လူတိုင်း၏စိတ်ထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားကာ မသဲမကွဲနှင့် နူးညံ့သိမ်မွေ့လှသည်။

“အဘိုး”

ဝမ်ချောင်သည် မြေပေါ်တွင် ထိုင်နေဆဲ ဖြစ်ပြီး သူ့မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားသော်လည်း နောက်တစ်ခဏတွင် ပြူးကျယ်သွားခဲ့သည်။ အကယ်၍ သူသည် ပထမအကြိမ်က အထင်မှားမှုတစ်ခုဟု တွေးတောခဲ့ပါက သူသည် ယခုအခါ ဤအသံက သူ့အဘိုးအသံ ဖြစ်ကြောင်းကို သေချာပေသည်။

'အဘိုးကတောင် ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။'

ဝမ်ချောင်၏စိတ်သည် ကသောင်းကနင်း ဖြစ်နေသာ်လည်း သူက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။

သူ၏ ဤဆောင်ရွက်မှုသည် ကြီးမားခဲ့ပြီး မြို့တော်ရှိ ဝမ်ကလန်အစောင့်အားလုံး၊ ဝမ်ကလန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော အင်အားစုများအားလုံး တို့ကို စုစည်းခဲ့ပြီး မြို့စားကြီးရီနှင့် အကြီးအကဲကျိုးတို့သည်ပင် ပေါ်လာခဲ့ကြသည်။ အကယ်၍ သူ့အဘိုးမသိခဲ့ပါက ထူးဆန်းပေလိမ့်မည်။

“ဟမ့် ဒါဆိုလည်း မင်းရဲ့ရှင်းပြချက်ကို ငါ စောင့်မယ် ဝမ်ကျူးလျန်”

တစ်ချိန်တည်းမှာပင် ကျန်းရှိုးကွေ့သည် အများကြီးတွေးမနေတော့ပေ။ ဝမ်ကျူးလျန်နှင့် စုန့်ဘုရင်တို့ နှစ်ဦးစလုံးက သူတို့၏ရပ်တည်ချက်ကို ပေးလာခြင်းကြောင့် ကျန်းရှိုးကွေ့ကဲ့သို့ အဆင့်အတန်းရှိသော တစ်စုံတစ်ယောက်သည်ပင် မည်သို့မျှ မတတ်နိုင်တော့ပေ။

“ငါတို့ ထွက်ခွာကြမယ်”

အေးစက်စက် မျက်နှာဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကျန်းရှိုးကွေ့ လှည့်ထွက်သွား၏။

ထို့နောက် ယိုကျိုးစစ်သည်များသည် ဆန္ဒမရှိခဲ့ကြသော်လည်း သူတို့က လိုက်ပါရန် ရွေးချယ်ခဲ့ကြဆဲ ဖြစ်သည်။

“ခဏစောင့်အုံး”

ကျန်းရှိုးကွေ့က ထွက်သွားတော့မည့် အချိန်တွင် အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။ ဤအသံသည် ကျန်းရှိုးကွေ့ကို အံ့အားသင့်သွားစေရုံသာမက ပိုင်စီလင်း၊ ကျိုးယာ့ထုံ၊ ရှုကန်း၊ နယ်စားငယ်ရီနှင့် ဟွမ်ချန်းအာ တို့ကိုလည်း အံ့ဩသွားစေခဲ့သည်။

အကြောင်းမှာ ဝမ်ချောင် စကားပြောသည်ကို လူတိုင်း ကြားလိုက်ရ၍ ဖြစ်သည်။

“သူ ဘာလုပ်ချင်နေတာလဲ”

လူအုပ်ကြီး တွေဝေသွား၏။ မည်သူမျှ ဝမ်ချောင်တွေးနေသည့်အရာကို မခန့်မှန်းနိုင်ပေ။ ဤစစ်ဆင်ရေးတစ်ခုလုံးတွင် ဝမ်ချောင်သည် ရှင်းပြချက်တစ်ခုကိုပင် တစ်ကြိမ်တောင် မပေးခဲ့ပေ။

ဝမ်ချောင်သည် စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပေ။ အချိန်အများစုတွင် ဝမ်ချောင်သည် တခြားသူများနှင့် ဆက်ဆံချိန်၌ အစဉ်အမြဲ ကျိုးကြောင်းဆီလျော်ခဲ့သည်။

ထို့ကြောင့် သူက ပို၍ စိတ်လိုက်မာန်ပါ လုပ်လေလေ သူက တခြားသူများကို ပို၍ စိတ်ရှုပ်ထွေးစေလေလေ ဖြစ်သည်။

“လူကြီးမင်းကျန်း ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

ဝမ်ချောင် မတ်တပ်ရပ်လိုက်ကာ ကျန်းရှိုးကွေ့ဆီသို့ လျှောက်သွားလိုက်၏။

မိုးက တဖြည်းဖြည်း စဲလာပြီဖြစ်သည်။ ၎င်းက သည်းသည်းမည်းမည်း မရွာတော့သော်လည်း မိုးရေစက်များက ပုလဲလုံးလောက် ရှိနေကြဆဲ ဖြစ်သည်။

“ကောင်လေး.. မင်း ဘာလုပ်ချင်နေတာလဲ”

ကျန်းရှိုးကွေ့ လှည့်လိုက်ပြီး ဝမ်ချောင့်ကို စိုက်ကြည့်လိုက်ကာ သူ့မျက်လုံးက မည်းမှောင်ပြီး အကြင်နာတရား ကင်းမဲ့နေသည်။

ခြံဝန်းသည် တိတ်ဆိတ်သွားပြီး လေထုက တင်းမာသွားသည်။ ဝမ်ချောင် နောက်ထပ် လုပ်မည့်အရာကို မည်သူမျှ မသိခဲ့ပေ။ ဤသည်က အလွန်ဆတ်ဆတ် ထိမခံသည့် အချိန်ဖြစ်၏။

ဝမ်ချောင်သည် ကျန်းရှိုးကွေ့နှင့် ကျန့်အတော်ဝေးဝေးတွင် တိတ်ဆိတ်စွာ ရပ်လိုက်ပြီး ခါးကိုင်းလိုက်ကာ လေးစားစွာ ဦးညွှတ်လိုက်သည်။

“ဝမ်ချောင် ပြောဖို့ အခွင့်အရေးမရခဲ့တဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ဝမ်ချောင် အကျဉ်းကျနေချိန် ဒေသဆိုင်ရာတပ်မှုးများဖြစ်ရပ်မှာ လူကြီးမင်းရဲ့ကူညီမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီး”

ဤစကားများသည် တိတ်ဆိတ်နေသည့် ခြံဝန်းကို ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းရှိုးကွေ့၏ မျက်လုံးများသည် ဝမ်ချောင်ကို စိုက်ကြည့်လိုက်ကာ မရေမတွက်နိုင်သော ခံစားချက်များ ယှက်သန်းသွားသော်လည်း နောက်ဆုံးတွင် အေးစက်သည့် လှောင်ပြောင်မှုတစ်ခုဖြင့် အနည်ထိုင်သွားခဲ့သည်။

“ဟမ်း.. ဆိုတော့ မင်း မမေ့ဘူးပေါ့”

ကျန်းရှိုးကွေ့ အေးစက်စွာ ပြောလိုက်ကာ သူ့အသံသည် အထင်သေးမှုဖြင့် ပြည့်နှက်နေသည်။

သူသည် ဝမ်ချောင် ပြောနေသည့် အကြောင်းအရာကို သဘာဝအားဖြင့် သိပေသည်။ ဖုမင်လင်းချာ၊ ဂိုစုန့်ကျီနှင့် ကော်ရှု့ဟန်တို့က ဝမ်ချောင်ကို ကွပ်မျက်ရန် အသနားခံနေခဲ့ကြချိန်တွင် ဝမ်ချောင်၏ ထောက်ခံမှု၌ သူတို့၏နာမည်များကို ကမ်းလှမ်းခဲ့ကြသူများမှာ သူနှင့် ကျန့်ချိုးကျင်းချုံတို့ ဖြစ်ကြပေသည်။

ကျန်းရှိုးကွေ့သည် ခမ်းနားထည်ဝါသော အန်းဒုန်ကာကွယ်ရေးစစ်သူကြီးဖြစ်၏။ ဝါစဉ်နှင့် အဆင့်အတန်း နှစ်ခုလုံးတွင် သူက ဝမ်ချောင့်အထက်တွင် ဖြစ်ပေသည်။ သူ့သဘောဆန္ဒအလျောက် ဤကိစ္စကို ထုတ်ပြောရန်မှာ သူ့အတွက် သဘာဝအားဖြင့် သင့်လျော်မည် မဟုတ်ပေ။

အကယ်၍ ဝမ်ချောင်သည် ၎င်းကို ထုတ်မပြောခဲ့ပါက သူသည် သူ့လက်ကျန်ဘဝတစ်လျှောက်လုံး ၎င်းကို ထုတ်ပြောမည် မဟုတ်ပေ။

သို့သော် အတိအကျပင် သူသည် ဝမ်ချောင့်ကို ကူညီခဲ့သောကြောင့် သူသည် ဤတိုက်ခိုက်မှုကို အလွန်ဒေါသထွက်ခဲ့ရခြင်း ဖြစ်ပေသည်။

သူက ဝမ်ကလန်သည် ကြင်နာမှုကို ရန်လိုမှုဖြင့် တုံ့ပြန်သည်ဟု ပြောခဲ့ခြင်းက မဆင်မခြင် ပြောဆိုခဲ့ခြင်း မဟုတ်ပေ။

“လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးမှာ ဘယ်လို အကြောင်းပြချက် ရှိနေပါစေ၊ လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးက ကျွန်တော်ကို ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေခဲ့ပါစေ ကြင်နာမှုက ကြင်နာမှုပါပဲ။ လူကြီးမင်းဆီမှာ ကျွန်တော် ပြန်ဆပ်မယ့် ကျေးဇူးကြွေးတစ်ခုရှိပါတယ်။ ဒါပေမဲ့လည်း ဒါက လူကြီးမင်းကို ရပ်တန့်ဖို့ ကျွန်တော်တောင်းဆိုခဲ့တဲ့ တကယ့် အကြောင်းပြချက် မဟုတ်ပါဘူး”

ဝမ်ချောင် စကားပြောလိုက်သောအခါ ကိုယ်ကို ဖြည်းညင်းစွာ မတ်လိုက်ပြီး သူ့အမူအရာက နှိမ့်ချခြင်း သို့မဟုတ် မောက်မာခြင်း မရှိခဲ့ကြပေ။ ထိုတိုက်ပွဲ ပြီးဆုံးပြီးနောက်တွင်ပင် အရာအားလုံးကို သူ ကြုံတွေ့ရပြီးနောက်တွင်ပင် ကျန်းရှိုးကွေ့၏ သတ်ဖြတ်မှုကို ခံရလုဆဲဆဲ ဖြစ်ပြီးနောက်တွင်ပင် ဝမ်ချောင်သည် သူ့အလေ့အထ ဖြစ်သော တည်ငြိမ်သည့် အမူအရာကို ထိန်းထားခဲ့ပေသည်။ အန်းဒုန်ကာကွယ်ရေးစစ်သူကြီး ကျန်းရှိုးကွေ့သည်ပင် သူ့အား အကြောက်တရားကို မပြသစေနိုင်ခဲ့ပေ။

ကျန်းရှိုးကွေ့၏ ထက်ရှသော အကြည့်က ဝမ်ချောင့်ကို အကဲခတ်လိုက်သောအခါ သေးငယ်သည့် ပြောင်းလဲမှုတစ်ခုကို ပြသသွားသည်။

“မင်းပြောချင်နေတာက ဘာများလဲ”

ကျန်းရှိုးကွေ့ လေးနက်စွာ မေးလိုက်၏။ ယိုကျိုးရှိ သူ၏ဌာနချုပ်တွင် သူသည် ဤလူငယ်နှင့် ပတ်သတ်သည့် ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုကို သုံးသပ်ခဲ့သည်။ သူသည် ဝမ်ချောင်နှင့် ပဋိပက္ခဖြစ်ခဲ့ပြီး သူ့လုပ်ရပ်များကို ကြီးစွာ ဒေါသထွက်သွားခဲ့သော်လည်း ကျန်းရှိုးကွေ့သည် သူ့ကို လွန်လွန်ကဲကဲ အထင်သေးလိမ့်မည် မဟုတ်ပေ။

“အမြော်အမြင်ရှိတဲ့ ဧကရာဇ်မှာ စူးရှတဲ့ ထိုးထွင်းသိမြင်မှုတစ်ခု ရှိတယ်လို့ပဲ ကျွန်တော် ပြောချင်တယ်။ မြို့တော်က အလှမ်းဝေးပေမဲ့ တောက်ပတဲ့ မှန်ချပ်တွေက နေရာတိုင်းမှာ ရှိကြတယ်။ လေးစားရတဲ့ ကာကွယ်ရေးစစ်သူကြီးက ယိုကျိုးမှာ နေထိုင်ပေမဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ သင့်မှာ ရိုသေတတ်တဲ့ နှလုံးသားတစ်ခု ရှိသင့်တုန်းပဲ”

ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။

ဘုန်း..

ကျန်းရှိုးကွေ့၏ ခန္ဓာကိုယ်သည် တုန်ခါသွားပုံရပြီး သူ့အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ အာရှီနရှုကန်း၏ သေဆုံးမှုသည်ပင် သူ့ဆီတွင် ဤသို့သော တုံ့ပြန်မှုကို မဖြစ်စေခဲ့ပေ။

“နောက်ပြီး လူကြီးမင်းက သင့်ဘေးကလူတွေကို ပိုပြီးတော့ အာရုံစိုက်နိုင်ဖို့ ကျွန်တော်မျှော်လင့်တယ်။ တစ်ခါတရံမှ သင့်ရဲ့တကယ့်ရန်သူတွေက သင့်ရဲ့မျက်နှာချင်းဆိုင်မှာ ရပ်နေကြတာ မဟုတ်ဘဲ သင့်ဘေးမှာပဲ ရှိနေတတ်တယ်”

ဝမ်ချောင် ပြောလိုက်၏။ သူဤအရာကို ပြောလိုက်ချိန်တွင် သူသည် အန်းယာ့လျိုရှန်းကို ကြည့်လိုက်သည်။

ကျန်းရှိုးကွေ့ ဝမ်ချောင့်ကို ထူးဆန်းစွာ ကြည့်လိုက်သော်လည်း သူသည် သူ့တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည် ရရှိသွားခဲ့သည်။

“ဟမ့် ဒါကို မင်း ပြောစရာ မလိုဘူး။ တကယ်လို့ မင်းရဲ့အဘိုးက ဒါကို ပြောခဲ့တယ် ဆိုရင် ကွာခြားကောင်း ကွာခြားလိမ့်မယ်”

ကျန်းရှိုးကွေ့ အေးစက်စွာ ရယ်မောလိုက်၏။

ဝမ်ချောင်သည် ယဲ့ယဲ့လေး ပြုံးလျက် မှတ်ချက် မပေးခဲ့ပေ။ ကျန်းရှိုးကွေ့က သူ၏ယိုကျိုးတပ်သားများကို ခြံဝန်း၏ တံတိုင်းအကျိုးအပဲ့များမှနေ၍ ဦးဆောင်သွားသည်ကို သူ ကြည့်လိုက်သောအခါ ဝမ်ချောင်၏မျက်နှာသည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ။

ကျန်းရှိုးကွေ့က နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူသည် သူ တတ်နိုင်သမျှ အားလုံးကို လုပ်ခဲ့ပြီးဖြစ်သည်။

ကျန်းရှိုးကွေ့သည် လူဆိုးတစ်ယောက် မဟုတ်ပေ။

သူသည် ကျန်းချိုးကွေ့နှင့် ပဋိပက္ခဖြစ်ခဲ့ပြီး သူ၏သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်သွားခဲ့သော်လည်း ဝမ်ချောင်သည် ဤစကားများကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

သို့သော် သူ့တွင် သူ့ပင်ကိုစရိုက်၌ အားနည်းချက်ကြီးတစ်ခု ရှိပေ၏။

သူသည် အလွန်မောက်မာပြီး အလွန်ဘဝင်မြင့်လှသည်။

သူ၏ ဆယ်စုနှစ်များစွာနှင့် အနှစ်၆၀ နီးပါး စစ်တပ်ထဲတွင် သူနားထဲသို့ ဆိုးရွားသော စကားတစ်ခွန်းမျှ မကြားခဲ့ရချေ။ နောင်တွင် ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည် ဖြစ်သည့် ယုံကြည်မှုတို့ဖြင့် တွဲဖက်လိုက်သောအခါ ကျန်းရှိုးကွေ့သည် အလွန်အမင်း ဘဝင်မြင့်သွားခဲ့သည်။

သူသည် မည်သည့်အကြံဉာဏ်ကိုမျှ နားထောင်လိမ့်မည် မဟုတ်ဘဲ ပညာရှင်ဧကရာဇ်ကလွဲ၍ ဥပဒေများကို အရေးစိုက်မည် မဟုတ်သည်အထိ အလွန်ဘဝင်မြင့်သွားခဲ့သည်။

မဟုတ်သေးချေ။ ဧကရာဇ်ကိုပင် နားမထောင်ခဲ့ချေ။ အမှန်တွင် ကျန်းရှိုးကွေ့သည် သူက ပညာရှင်ဧကရာဇ်ထံမှ ဖုံးကွယ်နိုင်မည်ဟု တွေးထင်ပြီး ယိုကျိုးတွင် ကိစ္စရပ်အချို့ ရှိခဲ့သည်အထိ အလွန်ဘဝင်မြင့်သွားခဲ့သည်။

အနာဂတ်တွင် သူက အန်းယာ့လျိုရှန်း၏ အမှုဆင်ခြင်းကို ခံရပြီး ကာကွယ်ရေးစစ်သူကြီးအဖြစ် သူ့ရာထူးကို ဆုံးရှုံးချိန်တွင် ၎င်း၏ တစ်စိတ်တစ်ပိုင်းမှာ သူက ဂရုမစိုက်ခဲ့ခြင်းနှင့် ဤဖြစ်နိုင်ခြေကို သတိမရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် တခြားတစ်စိတ်တစ်ပိုင်းမှာ သူ၏ ပင်ကိုစရိုက်ဖြစ်၏။

အကယ်၍ သူသည် အလွန်ဘဝင်မြင့်ပြီး မမောက်မာခဲ့ပါက အန်းယာ့လျိုရှန်းသည် သူ့ကို အမှုဆင်ချင်ခဲ့လျှင်ပင် သူသည် အောင်မြင်ရန် အာမခံချက်ရှိနိုင်မည် မဟုတ်ပေ။

အန်းယာ့လျိုရှန်းက အနာဂတ်တွင် ကျန်းရှိုးကွေ့ကို အလွန်လျင်မြန်စွာ အမှုဆင်နိုင်ခဲ့ခြင်းအတွက်မူ ဝမ်ချောင်သည်ပင် ထိုနေရာတွင် အမှန်တကယ် ဖြစ်ပျက်သွားသည့်အရာကို မသိခဲ့ပေ။

ထိုဖြစ်ရပ်များနှင့် ပတ်သတ်၍ ပဟေဌိများနှင့် မေးခွန်းများစွာ ရှိခဲ့ပြီး ဝမ်ချောင်သည်ပင် မဖြေရှင်းနိုင်ခဲ့ပေ။

အန်းယာ့လျိုရှန်းသည် ကျန်းရှိုးကွေ့၏ မွေးစားသား ဖြစ်လာနိုင်ခဲ့သော်လည်း မွေးစားသားဟူသည့် အဆင့်အတန်းက တော်တော်လေး အနှစ်သာရ ကင်းမဲ့ပြီး အန်းဒုန်စစ်တပ်ရှိ အန်းယာ့လျိုရှန်း၏ အဆင့်အတန်းက ထိုမျှ မြင့်မားမည် မဟုတ်သည်ကို ဝမ်ချောင် ယုံကြည်မှု ရှိပေသည်။ သူ့အတွက် နှစ်နှစ်အတွင်း ကျန်းရှိုးကွေ့နေရာတွင် အစားထိုးရန်နှင့် ယိုကျိုးစစ်တပ်ကို ထိန်းချုပ်နိုင်ရန်မှာ သူ့နောက်ဆုံးဘဝမှ သူ၏စီနီယာများသည်ပင် သဘောမပေါက်နိုင်သည့် အရာဖြစ်သည်။

ထို့အပြင် ကျန်းရှိုးကွေ့သည် စစ်တပ်တွင် ကြီးမားလှသည့် ဩဇာအာဏာကို ကိုင်စွဲထားခဲ့သော တိုင်းပြည်၏ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ နောက် သူ့ခွန်အားကို ယနေ့ဖြစ်ရပ်များမှနေ၍ နားလည်နိုင်ပေသည်။ သူ့ခွန်အားတစ်စွန်းတစ်စမျှဖြင့် သူတို့အားလုံးကို ဖိနှိပ်ရန် လုံလောက်ခဲ့သည်။

သို့သော် ပညာရှင်ဧကရာဇ်က သူ့အား သူ၏ စစ်အာဏာကို ဖယ်ရှားပြီးနောက် တစ်နှစ်အကြာတွင် ကျန်းရှိုးကွေ့သည် စိတ်ဓာတ်ကျပြီး သေဆုံးပေလိမ့်မည်။

စိတ်ဓာတ်ကျပြီး သေဆုံးခြင်းလော။ ထိုသည်က မည်သည်ကို ဆိုလိုသနည်း။ လက်ဖျောက်တစ်ချက် တီးရုံမျှဖြင့် ကမ္ဘာမြေကြီးကို ကွဲကြေစေနိုင်သည့် ဤသို့သော ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်က စိတ်ဓာတ်ကျပြီး သေဆုံးနိုင်သည်လော။ ထိုသည်မှာ လုံးဝ ဟာသတစ်ခု ဖြစ်သည်။

အနည်းဆုံး ဝမ်ချောင်၏အမြင်တွင် ဤစီရင်ချက်သည် လက်မခံနိုင်ဖွယ် ဖြစ်ပြီး ရယ်ဖွယ်အတိပြီးသည့် အဓိပ္ပာယ်မဲ့မှု ဖြစ်သည်။

သို့သော် ကျန်းရှိုးကွေ့၏ သေဆုံးမှုသည် သူ အာမခံနိုင်သည့်အရာ ဖြစ်သည်။

ထိုကပ်ဘေးပတ်ပတ်လည်တွင် စိတ်ရှုပ်ထွေးစေသည့် ကိစ္စများစွာ ရှိခဲ့ကြသည်။

ဤအရာများထဲမှ တချို့သည် လူ့စွမ်းအားဖြင့် ပြောင်းလဲနိုင်သော်လည်း တခြားအရာများမှာ.. ပြောင်းလဲ၍ မရပေ။

လူတစ်ယောက်သည် ကျန်းရှိုးကွေ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် လူတိုင်း လက်ခံရမည့် ကိစ္စတစ်ခု ရှိပေသည်။ ကျန်းရှိုးကွေ့၏ သေဆုံးမှုသည် တိုင်းပြည်အတွက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။ အတိအကျပင် သူ၏ သေဆုံးမှုကြောင့် ယိုကျိုးသူပုန်စစ်တပ်သည် ထိန်းချုပ်ရန် လုံးဝ မဖြစ်နိုင် ဖြစ်လာခဲ့သည်။

ဝူး..

မြင်းများ မိုးရေထဲ ဒုန်းဆိုင်းသွားခဲ့ကြ၏။ ဤဆူညံသံက ဝမ်ချောင်၏ပခုံးများကို ယိမ်းထိုးသွားစေပြီး သူ့မျက်လုံးများကို ကြည်လင်သွားစေခဲ့သည်။

ဤသည်က တော်ဝင်စစ်တပ်၏အသံများဖြစ်၏။

မြို့တော်တွင် နေထိုင်ကြသည့် လူငယ်သခင်လေးများအားလုံး ဤအသံများကို ရင်းနှီးကြပေသည်။

ဤတိုက်ပွဲသည် အဆုံးသတ်တစ်ခုသို့ ရောက်သွားသည်မှာ လုံးဝ သံသယရှိစရာ မလိုပေ။ သူ့အဒေါ်၏ ယောက်ျား လီလင်းသည် စစ်သည်များကို ဤနေရာသို့ ဦးဆောင်လာနေခဲ့ပြီဖြစ်သည်။ တော်ဝင်စစ်တပ်သည် မြို့တော်ကို စောင့်ကြပ်ရန်အတွက် တာဝန်ရှိပြီး လီလင်းသည်ပင် သူတို့အား သူတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမှ မရပ်တန့်နိုင်ခဲ့ပေ။

“သွားကြစို့..”

ဝမ်ချောင် ကြေညာလိုက်၏။ သူ့တပ်ဖွဲ့များသည် ခြံဝန်းမှ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ပြီး တော်ဝင်စစ်တပ်မရောက်လာမီ သဲလွန်စတစ်ခုမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။

***********************

အခန်း ၄၅၈

စိတ်အချဉ်ပေါက်ခြင်း။

ဝမ်ချောင်၏ တပ်ဖွဲ့များ နောက်ဆုတ်လိုက်သည်နှင့် ဤဝမ်ကလန်စစ်ဆင်ရေးသည် ပြီးဆုံးသွားခဲ့သည်။ သို့သော် ဤဖြစ်ရပ်၏ သက်ရောက်မှုများသည် စတင်နေရုံမျှသာ ဖြစ်၏။

“ခင်ဗျား ဘာလို့ သူ့ကို မသတ်ခဲ့တာလဲ”

မိုးများရွာကျနေကာ ဒေါသတကြီးအသံတစ်ခုသည် တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ ညအမှောင်ထဲတွင် ချီတက်နေသည့် စစ်သည်များသည် ရုတ်တရက် လုံးဝ ရပ်တန့်သွားခဲ့၏။

အားလုံးတို့သည် အမှောင်ထုထဲတွင် တိတ်ဆိတ်သွားပြီး ဆူညံများအားလုံး ပျောက်ကွယ်သွားသည်။ မိုးသံသည်ပင် နောက်သို့ ဆုတ်သွားခဲ့ပုံရ၏။ စိုးရိမ်ပူပန်သည့်လှိုင်းတစ်ခုက စတင်ပျံ့နှံ့သွားသည်။ တစ်စုံတစ်ခုကို မျှော်လင့်နေသကဲ့သို့ လူတိုင်းသည် စကားပြောရန် အလွန်အမင်း ကြောက်ရွံ့လာကာ သူတို့၏နှလုံးသားများသည် အကြောက်တရားဖြင့် ပြည့်နှက်သွားရသည်။

“မင်း ဘာပြောလိုက်တာလဲ”

အရမ်းကြာသည်ဟု ထင်ရသော်လည်း တစ်ခဏမျှ ကြာပြီးနောက် စစ်သည်များသည် ရင်းနှီးနေသည့် အရိုးခိုက်မတတ် အေးစက်သောအသံတစ်ခုကို နောက်ဆုံးတွင် ကြားလိုက်ရသည်။

“ခင်ဗျား ဘာလို့ အဲကောင်လေးကို မသတ်ခဲ့တာလဲ”

အန်းယာ့လျူရှန်းသည် သတိမပြုမိပုံရသည်။ သူ့မျက်လုံးများသည် နီရဲနေပြီး ရှေ့ဆုံးတွင် ရပ်နေသည့် ထိုပုဂ္ဂိုလ် စူးစိုက်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယီနေလေသည်။

“ယာ့လျူရှန်း မင်း ရူးသွားပြီ။ မင်း ဘယ်လိုလုပ် ကွပ်ကဲသူကို ဒီပုံစံနဲ့ စကားပြောရတာလဲ”

“မြန်မြန် မင်းပါးစပ်ကို ပိတ်လိုက်ပြီး ကွပ်ကဲသူကို တောင်းပန်လိုက်”

…

ချူးရှန်ရုံနှင့် ချန်ရှန်းကျန့်တို့သည် လျင်မြန်စွာ ပြောလိုက်ကြကာ ဖြူရော်သွားခဲ့သည်။ တခြားရိုကျိုးစစ်သည်များသည်လည်း ကြက်သေသေသွားခဲ့ကြ၏။ မည်သူမျှ သူတို့၏ကွပ်ကဲသူကို ဤပုံစံဖြင့် မပြောခဲ့ကြပေ။

မည်သူမျှ..

ရိုကျိုးတွင် ကွပ်ကဲသူကို ဆန့်ကျင်ရဲသည်အထိ လုံလုံလောက်လောက် ရဲသတ္တိရှိခဲ့ကြသည့် မည်သူမဆို ခြောက်ပေအောက်သို့ ရောက်သွားပြီဖြစ်သည်။ ထိုအန်းယာ့လျူရှန်းသည် ကွပ်ကဲသူကို ဤသို့သော အရာတစ်ခုကို ရုတ်တရက် ပြောဆိုရဲခဲ့သည်မှာ သူက ရူးသွပ်သွားပြီဟု ဆိုလိုပေသည်။

ဖတ်..

စစ်သားများက မတုံ့ပြန်နိုင်မီ အားကောင်းသည့် လက်ဝါးတစ်ခုသည် အန်းယာ့လျူရှန်း၏ မျက်နှာကို ရိုက်နှက်သွားခဲ့သည်။

အန်းယာ့လျူရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤရိုက်ချက်ကြောင့် လွှင့်ထွက်သွားခဲ့၏။ လေထဲတွင် လွှင့်ထွက်သွားကာ သူသည် ခုနှစ်ကျန့် ရှစ်ကျန့် အဝေးရှိ လမ်းနံရံကို ဝင်တိုက်သွားခဲ့သည်။ ဤမာကျောလှသော မြေနီများ ဖုံးလွှမ်းနေသည့် နံရံသည် အပိုင်းအစများအဖြစ် ကျိုးပျက်သွားခဲ့ပြီး အကျိုးအပျက်များကို နေရာတိုင်းသို့ လွှင့်ထွက်သွားစေခဲ့သည်။

အန်းယာ့လျူရှန်း၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

သူ ထထိုင်လိုက်သောအခါ သူသည် သွေးများအန်ထုတ်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံးက စက္ကူတစ်စနှယ် ဖြူရော်နေခဲ့သည်။

သူ့ရဲဘော်ရဲဘက်များသည် အားလုံး ခေါင်းငုံ့လိုက်ကြပြီး ကြောက်ရွံ့မှုက သူတို့၏အသံများကို တိတ်ဆိတ်နေစေခဲ့ကာ သူတို့အား ကျယ်လောင်စွာ အသက်ရှုတာကိုပင် တားဆီးနေခဲ့သည်။ အန်းယာ့လျူရှန်းသည် အလွန်ရိုင်းစိုင်းစွာ ပြုမူခဲ့၏။

မည်သူမျှ အကျိုးဆက်များကို မအံ့ဩကြပေ။

ကျန်းချိုးကွေ့သည် သူ့လက်ကို နောက်သို့ ပို့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်းငါ့ကို ပြောနေတာ သေချာရဲ့လား”

သူ့မျက်နှာသည် ခံစားချက် ကင်းမဲ့သော်လည်း သူ့တစ်ကိုယ်လုံးသည် အန္တရာယ်များသည့် အငွေ့အသက်တစ်ခုကို ထုတ်ဖော်လိုက်ပြီး စိတ်ဝိညာဉ်ထဲမှာပင် ခံစားရနိုင်သည်။

ရိုကျိုးစစ်သည်များသည် ဤအရှိန်အဝါကို အလွန်ရင်းနှီးကြပေသည်။ သူတို့ကွပ်ကဲသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဤအရှိန်အဝါ ပေါ်လာသည့် အချိန်တိုင်း နောက်ထပ် အလောင်းအချို့သည် အန်းတုံကာကွယ်ရေးဌာနချုပ်၏ မြေအောက်သို့ ရောက်သွားပေမည်။

“မင်းရဲ့အဆင့်အတန်းကို မမေ့နဲ့။ မင်းနဲ့ အားရှီနရှုကန်းတို့က အရေးမပါနဲ့ အရာရှိနှစ်ယောက် သာသာပဲ။ မင်းလို အရာရှိတွေကို လွင်ပြင်ဒေသတစ်ခုလုံးမှာ တွေ့နိုင်တယ်။ ငါမင်းကို မြင့်တင်နိုင်သလို မင်းကို အသက်ရှင်ခွင့် ပေးနိုင်ပေမဲ့ မင်းကို သေစေနိုင်ပြီး မင်းကို ဖျက်စီးဖို့လည်း ငါ လုပ်နိုင်တယ်။ ဂရုတစိုက် တွေးပြီးမှ ငါ့ကို စကားပြောပါ”

အားလုံး တိတ်ဆိတ်နေခဲ့၏။ ချူးရှန်ရုံနှင့် ချန်းရှန်ကျန့်တို့သည်ပင် သူတို့၏ခေါင်းများကို ငုံ့လိုက်ကြပြီး ကျယ်လောင်စွာ အသက်မရှုရဲခဲ့ကြဘဲ မော့ပင် မကြည့်ရဲခဲ့ကြပေ။

မြို့တော်သည် အလှမ်းဝေးပြီး ကွပ်ကဲသူသည် အလွန်နီးကပ်၏။ ရိုကျိုးနယ်မြေတွင် ကွပ်ကဲသူ၏ အမိန့်များသည် ပညာရှင်ဧကရာဇ်ထက် ပို၍ သက်ရောက်မှု ရှိပေသည်။ ထိုနေရာတွင် သူသည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထား၏။

“ဟုတ်ကဲ့ ယာ့လျူရှန်း မှားသွားပါတယ်။ ကျွန်တော် ကွပ်ကဲသူရဲ့ ခွင့်လွတ်မှုကို တောင်းခံပါတယ်”

အချိန်တစ်ခု ကြာပြီးနောက် စစ်သားများသည် မိုးရေထဲမှ လွှင့်ပျံ့လာသည့် အန်းယာ့လျူရှန်း၏အသံကို ကြားလိုက်ရသည်။

သူသည် သူ့ခေါင်းကို ငုံ့ထားပြီး ဆံပင်များက သူ့မျက်နှာပေါ် တွဲလျောင်းကျနေခဲ့ကြသည်။

ချူးရှန်ရုံနှင့် တခြားသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ သူတို့သည် သူ၏ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုများက သူတို့၏ကွပ်ကဲသူနှင့် ပဋိပက္ခဖြစ်စေလိမ့်မည်ကို အမှန်ပင် စိုးရိမ်နေခဲ့ကြပေသည်။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် အန်းယာ့လျူရှန်း အသိစိတ်ဝင်လာခဲ့၏။

“ဟမ်း.. ငါ ဒီဖြစ်ရပ်ကို ခဏတာ စိတ်ရှုပ်ထွေးမှုတစ်ခုအဖြစ် သဘောထားပေးပြီး မင်းကို ခွင့်လွတ်လိုက်မယ်၊ ဒါပေမဲ့ နောက်တစ်ကြိမ်.. ရလဒ်က ဘာဖြစ်မလဲဆိုတာ မင်းသိပါတယ်”

ကျန်းချိုးကွေ့ အေးစက်စွာ ပြောလိုက်၏။

ဤစကားများဖြင့် သူ လှည့်ထွက်သွားခဲ့သည်။

စစ်သည်များသည် သူ့နောက် လိုက်ပါသွားကြပြီး မနှေးကွေးရဲကြပေ။

လေများတိုက်ခတ်သွားပြီး မိုးသည် မျက်နှာများကို ရိုက်ခတ်သွားသည်။ ကျန်းချိုးကွေ့ ထွက်ခွာပြီး အန်းယာ့လျူရှန်း သူ့ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်နှင့် သူ့ဆံပင်များသည် တွဲလျောင်းကျသွားကာ သူ့မျက်လုံးများက လူတိုင်းမျှော်လင့်ထားလိမ့်မည် ဖြစ်သည့် ရိုကျိုးမှုနှင့် အကြောက်တရားတို့ မရှိနေခဲ့ကြသည်ကို မည်သူမျှ မမြင်နိုင်ခဲ့ပေ။ သူတို့သည် နီရဲနေပြီး ခါးသီးသော ခံစားချက်များ ပြည့်နေခဲ့သည်။

“တစ်နေ့.. ငါ မင်းကို ပြန်ပေးဆပ်စေရမယ်”

ဤအသံသည် သူ့နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် အန်းယာ့လျူရှန်း ယိမ်းထိုးသွားကာ မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ စတင်လျှောက်လှမ်းလိုက်သည်။

…

ကျန်းချိုးကွေ့နှင့် ရိုကျိုးစစ်သည်များကို ဘေးဖယ်ထားလိုက်ပြီး ထိုခြံဝန်းရှိ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် သတင်းသည် အတောင်ပေါက်လာပုံရပြီး မြို့တော်၏ ထောင့်တိုင်းသို့ ပျံသန်းသွားပုံရကာ အမျိုးမျိုးသော မဟာကလန်များရှိ ခေါင်းဆောင်များ၏ လက်ထဲသို့ ရောက်ရှိသွားသည်။

ကောင်းကင်သည် မှောင်မည်းနေသော်လည်း ထူထပ်သည့်တိမ်များကြောင့် မဟုတ်ခဲ့ပေ။ ညရောက်သွားပြီဖြစ်၏။ သို့တိုင် မြို့တော်ရှိ လူအတော်များများသည် အနည်းငယ်မျှသော ငိုက်မျည်းမှုကို မခံစားကြရပေ။

ဝမ်ချောင် သူ့အမိန့်ကို ထုတ်ပြန်ခဲ့ကတည်းက မရေမတွက်နိုင်သော မဟာကလန်များသည် သူ့ကို စောင့်ကြည့်နေကြသည်။

“အဲကောင်က ဘာလုပ်နေတာလဲ”

ယောင်ကွမ်းရီ မီးရောင်အောက်တွင် စာတစ်စောင်ကို ဖတ်လိုက်ပြီး သူ့မျက်ခုံးများက တွန့်ချိုးနေသည်။ သူနှင့် ဝမ်ချောင်သည် အမှောင်နှင့်အရိပ် နှစ်ခုလုံးတွင် အပြန်အလှန် ထိုးနှက်ခဲ့ကြသည်။ သူသည် ဝန်မခံချင်သော်လည်း ယောင်ကွမ်းရီသည် ဝမ်ကလန်၏ ဤအငယ်ဆုံးသားက တဖြည်းဖြည်း သူ့အတွက် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်လာသည်ကို ဝန်ခံရပေမည်။

သို့သော် ယောင်ကွမ်းရီကဲ့သို့ ထက်မြက်သည့် လူတစ်ယောက်သည်ပင် ဤဝမ်ကလန်လူငယ်က ဤသို့သောအရာတစ်ခုကို ဘာကြောင့် ပြုလုပ်ခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

သူ သတင်းကို လက်ခံရရှိခဲ့ကတည်းက နာရီများစွာ ကုန်ဆုံးသွားခဲ့သော်လည်း ယောင်ကွမ်းရီသည် ဝမ်ချောင်၏ လုပ်ရပ်များကို နားမလည်နိုင်ခဲ့သေးပေ။

ယခင်က ယောင်ကွမ်းရီသည် အနည်းဆုံး ဝမ်ချောင်၏ ရည်ရွယ်ချက်များကို ဖောက်မြင်နိုင်ခဲ့ပြီး သူ့ပန်းတိုင်ကို နှောင့်ယှက်နိုင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ် အမှန်မပင် ရှုပ်ထွေးသွားခဲ့၏။

သူက အရေးမပါတဲ့ မပြောပလောက်တဲ့ တာ့ကီ ဟူတစ်ယောက်ကို သတ်ဖြတ်ဖို့ အင်အားစုများစွာကို တကယ်ပဲ စုစည်းခဲ့တာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ယောင်ကွမ်းရီ သူ့နာမည်ကိုပင် မမှတ်မိခဲ့ပေ။

အကယ်၍ ဝမ်ကလန်သည် သူက ထိုသည်ကို ယုံလိမ့်မည်ဟု တွေးထားခဲ့ပါက သူ့ဉာဏ်ရည်ကို စော်ကားနေခြင်း ဖြစ်ပေသည်။

“ဒါက မဖြစ်သင့်ဘူး”

ယောင်ကွမ်းရီ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ကာ သူ့မျက်ခုံးများ မြင့်တက်သွားသည်။ သူ့ပြိုင်ဘက်ကို နားလည်ရန် မတတ်နိုင်ခြင်းက သူ့အတွက် ခံပြင်းဖွယ် ခံစားချက် ဖြစ်ပေသည်။

ထို့အပြင် ရှုံးနိမ့်သည့် ခံစားချက်တစ်ခုလည်း ရှိ၏။

“အဖေ ဝမ်ချောင်ရဲ့စွမ်းရည်တွေက အဲအဆင့်ကို ရောက်ဖို့ အလှမ်းဝေးနေသေးတယ်။ ဒါက ဝမ်ကလန်ရဲ့အထက်မှာ ရပ်နေတဲ့ အဲပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက် ဖြစ်နိုင်လား။ ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းရိုးရှင်းပြီး အရမ်းကလေးကလားဆန်တယ် မဟုတ်ဘူးလား။ သင့်သားက ဒီအကြောင်းကို ထပ်ခါထပ်ခါ တွေးတောခဲ့ပြီး ဒါက ယုတ္တိမရှိဘူးလို့ ထင်နေတုန်းပဲ။ အဖေ့ကို သင်ကြားပြသပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”

ယောင်ကွမ်းရီ သက်ပြင်းချလိုက်ပြီးနောက် သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။ အခန်းထဲရှိ တိတ်ဆိတ်စွာ ထိုင်နေသည့် သူ့ဖခင်ကို ကြည့်လိုက်ကာ သူသည် လေးစားစွာ ဦးညွှတ်လိုက်သည်။

သူ့ဖခင်သည် ပုံမှန်အားဖြင့် လေးပြည်နယ်သံရုံးတွင် နေထိုင်ခဲ့ပြီး ပုံမှန်အားဖြင့် သူသည် ယောင်ကလန်တွင် ဆွေးနွေးစရာ အလွန်အမင်း ကိစ္စတစ်ခု မရှိပါက လေးပြည်နယ်သံရုံးတွင် သူ့ကို လာရှာရန် တားမြစ်ထားသည့် အမိန့်ကို ထုတ်ပြန်ထားသည်။

ထို့အပြင် သူ့ဖခင်အသက်ကြီးလာသည်နှင့်အမျှ သူသည် လျှို့ဝှက်လာသည်။ ယောင်ကွမ်းရီသည် သူတို့၏သားအဖဆက်ဆံရေးကို အသုံးပြုကာ တွေ့ဆုံမှုအနည်းငယ် ရရှိနိုင်ခဲ့သော်လည်း ယောင်ကလန်၏ တခြားအဖွဲ့ဝင်များမှာမူ… ယခင်က သူတို့သည် တစ်နှစ်တွင် သုံးလေးကြိမ် တွေ့ဆုံနိုင်ခဲ့ကြသော်လည်း ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တွေ့ဆုံမှုတစ်ကြိမ်သည်ပင် ရှားပါးလာသည်။ ယောင်ကွမ်းရီအတွက်ပင် ယောင်သခင်ကြီးသည် သူက အနာဂတ်တွင် လေးပြည်နယ်သံရုံးသို့ လာရောက်မှုနည်းပါးသွားသင့်သည်ဟု ရှင်းလင်းစွာ ညွှန်ကြားခဲ့သည်။

ဩဇာအာဏာသည် ၎င်းကို ပို၍ အသုံးပြုလေလေ သက်ရောက်မှု နည်းလာလေသည့် အရာဖြစ်ပြီး ၎င်းကို နည်းနည်းသာ အသုံးပြုပါက ပို၍ လေးစားခံရလေလေ ဖြစ်သည်။

ပို၍ လျှို့ဝှက်ဆန်းကျယ်သည့် အရာများသည် ပို၍ လေးစားခံရပေသည်။

ယောင်ကွမ်းရီသည် ဤသည်က သခင်ကြီး၏ ဘဝလမ်းညွှန်ချက် ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ သို့သော်လည်း ဤဖြစ်ရပ်သည် အလွန်ထူးခြားသောကြောင့် သူက လာခဲ့ခြင်း ဖြစ်သည်။

အခန်းက တိတ်ဆိတ်နေသည်။

ယောင်သခင်ကြီး၏ လက်များသည် ငါးပေမြင့်သော ကြိမ်တုတ်တစ်ခုပေါ် တင်ထားသော်လည်း သူ့ခန္ဓာကိုယ်ကမူ အရိပ်ထဲတွင် ပုန်းကွယ်နေသည်။ လှုပ်ခါနေသည့် ဖယောင်းတိုင်မီးမှ ဖြစ်စေသော အရိပ်များက သူ့မျက်နှာတစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပြီး သူ၏ အစစ်အမှန် ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားသည်။

သို့သော် လှုပ်ခါနေသည့် ဖယောင်းတိုင်မီးများက သူဝတ်ဆင်ထားသည့် ဝတ်ရုံပေါ်တွင် တောက်ပနေပုံရသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ယောင်သခင်ကြီးသည် စကားပြောလိုက်ကာ သူ့အသံသည် လျှို့ဝှက်ဆန်းကျယ်သည့် ရသအနည်းငယ်ဖြင့် ပြည့်နှက်သွားပေသည်။

“ဝမ်ပေါ်ဝူက ဒီလို လူမျိုးမဟုတ်ဘူး..”

လူတစ်ယောက်ကို နားအလည်ဆုံးလူသည် ထိုလူ၏ရန်သူသာ ဖြစ်ပေသည်။

သူသည် ဝမ်ကျူးလျန်နှင့် ဆယ်စုနှစ်များစွာ ယှဉ်ပြိုင်ခဲ့သော်လည်း ယောင်ချောင်သည် သူ၏ အိမ်နီးနားချင်းက အမှန်ပင် လုပ်ဆောင်ချက်နှင့် အသိအပညာ အတွင်းနှင့်အပြင်တို့ကို ပေါင်းစပ်ထားသည့် လူဖြစ်သည်ကို ဝန်ခံရပေမည်။

တခြားသူများသည် ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ရန် ရိုကျိုးပြီး နှိမ့်ချကာ ချွေတာပြီး ချုပ်တည်းကောင်း ချုပ်တည်းနိုင်သော်လည်း ဝမ်ကျူးလျန်သည် တကယ့်ကို ဤသို့သော လူစားမျိုး ဖြစ်ပေသည်။

အကယ်၍ သူ၏ ပြုပြင်ပြောင်းလဲ၍ မရသော အကျင့်စရိုက်ကြောင့် မဟုတ်ခဲ့ပါက လက်ရှိ ဧကရာဇ်ကို ကူညီရာတွင် ဝမ်ကျူးလျန်၏ အောင်မြင်မှုများ၊ ဝန်ကြီးအဖြစ် သူ၏အဆင့်အတန်းနှင့် မဟာထန်၏ ရွှေခေတ်ကို ဖွင့်လှစ်ခဲ့သော သူ၏အခန်းကဏ္ဍတို့ဖြင့် ဝမ်ကလန်သည် ကြွယ်ဝမှုနှင့် ဘုန်းတန်ခိုးတို့ဖြင့် လူးလိမ့်နေပေလိမ့်မည်။ သူ၏ ယောင်ကလန်သည် ၎င်းကို မည်သို့ ဖိနှိပ်နိုင်ခဲ့မည်နည်း။

ဝမ်ကလန်နှင့် ဝမ်ကျူးလျန်တို့သည် ဤကန့်သတ်ချက်များကို သူတို့ကိုယ်တိုင်အပေါ် ထားရှိခဲ့ကြသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် ဤဂုဏ်သတင်းသည် ဝမ်ကျူးလျန်ကို လောက၏ ချစ်ခင်လေးစားမှုကို ရရှိစေခဲ့၏။ ယောင်ချောင်သည် ဤသည်ကို သူ လုပ်ချင်လျှင်ပင် သိရှိနိုင်မည် မဟုတ်ပေ။

“မင်းပြောချင်တာကို ငါ နားလည်တယ်။ ဒါပေမဲ့ ဝမ်ကလန်က သူ့နာမည်ကို သူကိုယ်တိုင် ညစ်ညမ်းစေခြင်းနဲ့ သံသယကို ရှောင်ရှားချင်တယ် ဆိုရင်တောင် ဒီနည်းလမ်းကို အသုံးပြုမှာ မဟုတ်ဘူး။ အနည်းဆုံး ဝမ်ပေါ်ဝူက သူတို့ကို အသုံးပြုမှာ မဟုတ်ဘူး”

ယောင်သခင်ကြီးသည် သူ့ကြိမ်တုတ်ကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ အတွေးနက်သွားပုံရသည်။

“ဘာဖြစ်နေသလဲဆိုတာ ငါ မသိပေမဲ့ အဲကလေးက ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ တကယ်ပဲ ဖြစ်ပြီးတော့ ဝမ်ပေါ်ဝူနဲ့ မသက်ဆိုင်ဖို့ အခွင့်အရေးက ၈၀ကနေ ၉၀ရာခိုင်နှုန်း ရှိတယ်”

သံသယဖြစ်နေသည့် အရိပ်အယောင်တစ်ခုကို သူ့အသံထဲတွင် ကြားနေရ၏။

ယောင်သခင်ကြီး နားမလည်နိုင်ခဲ့သည့် ကိစ္စများစွာ အမှန်ပင် မရှိသော်လည်း ယနေ့ဖြစ်ရပ်တွင် သူနှင့် ယောင်ကွမ်းရီနှစ်ယောက်လုံးကို ပဟေဌိဖြစ်စေခဲ့သည်။

သူသည် ဖြစ်ရပ်၏ တကယ့်အရေးကြီးအချက်ကို နားမလည်နိုင်သော်လည်း ၎င်းက ဝမ်ချောင်၏ အကြံလုံးဝဖြစ်သည်ကို ကောက်ချက်ချနိုင်ဆဲ ဖြစ်သည်။ သို့သော် သူသည် ၎င်းကို ဝမ်ချောင် ဘာလို့ လုပ်ခဲ့မှန်း နားမလည်ခဲ့ပေ။

ထိုဟူသည် ဟူတစ်ယောက်မျှသာ ဖြစ်သည်။ သူနှင့် ပတ်သတ်၍ ဘာမှထူးခြားချက် မရှိပေ။ ဝမ်ချောင်သည် သူ့ကို ယခင်က လုံးဝ မတွေ့ခဲ့ဖူးသည်မှာ ဖြစ်နိုင်သည်။ သို့သော် ထိုသို့ဆိုပါက ဝမ်ချောင်က ဘာကြောင့် ထိုမျှ မိုက်မဲစွာ ပြုမူခဲ့သနည်း။

သူသည် ကျန်းချိုးကွေ့ကို မကျေမနပ်ဖြစ်စေရန်ပင် စိတ်မရှိခဲ့ပေ။

ယောင်သခင်ကြီးသည် သူ့မျက်လုံးများကို မှိတ်လိုက်ပြီး အတွေးနက်သွားခဲ့၏။

“အခုလောလောဆယ်တော့ ငါတို့ရဲ့ယောင်ကလန်က ဒီကိစ္စမှာ ဝင်မပါသေးဘူး။ ငါတို့ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ ဆုံးဖြတ်ချက် မချခင် အရင်ဆုံး လေ့လာသင့်တယ်”

ယောင်သခင်ကြီး နောက်ဆုံးတွင် စကားပြောလိုက်၏။

“ဟုတ်ကဲ့ပါ အဖေ”

အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခုက ယောင်ကွမ်းရီ၏ မျက်လုံးထဲတွင် လင်းလက်သွားခဲ့သော်လည်း သူသည် သူ့ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်ပြီး လေးစားစွာ သဘောတူလိုက်သည်။

“ဒါပေမဲ့အဖေ ဒါက ဒီလောက်ကောင်းတဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့က သူတို့ကို ရိုက်ချဖို့ အခွင့်အရေးကို တကယ်ပဲမယူတော့ဘူးလား”

“ဟင်း.. မင်း လုပ်ချင်တဲ့ဟာက မင်းရဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့လည်း စစ်မှုထမ်းဌာနမှာ မင်းရဲ့ဩဇာအာဏာကို မသုံးနဲ့။ တကယ်လို့ မင်းက တကယ်ပဲ တစ်ခုခု လုပ်ချင်ရင် မင်း တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးကို အကြောင်းကြားရမယ်”

“ဟုတ်ကဲ့..”

ယောင်ကွမ်းရီ ပျော်ရွှင်စွာ ပြောလိုက်၏။

“နောက်ပြီး…”

ယောင်သခင်ကြီးသည် တစ်ခုခုကို တွေးမိပုံရပြီး ထပ်ဖြည့်လိုက်သည်။

“အဲဟူကို စုံစမ်းပါ အနာဂတ်မှာ သူက အသုံးဝင်လာနိုင်တယ်”

“ဟုတ်ကဲ့ပါ”

တုန်လှုပ်သွားသော်လည်း ယောင်ကွမ်းရီ လျင်မြန်စွာ ပြန်ဖြေလိုက်၏။

အခန်း ၄၅၉

ခါးသီးမှု။

အလားတူဖြစ်ရပ်များသည် မြို့တော်အနှံ့အမျိုးမျိုးသော နေရာများတွင် ဖြစ်ပျက်နေခဲ့ကြသည်။ ဤစစ်ဆင်ရေးသည် အခြေခံအားဖြင့် ဆယ်စုနှစ်များအတွင်း မြို့တော်ရှိ ဝမ်ကလန်၏ မကြုံစဖူးဖြစ်သည်။

“ဟား ဟား ဟား.. အံ့ဩစရာပဲ။ ဝမ်ကလန်က သူ့ကိုယ်ပိုင် ပျက်စီးမှုကို ရှာဖွေနေခဲ့တယ်”

ရယ်မောသံတစ်ခုသည် ချီဘုရင်အိမ်တော်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ စွမ်းအားပြည့်ဝပြီး အနက်ရောင်မုတ်ဆိတ်ဖြင့် ရွှေရောင်တော်ဝင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်သည် သူ့အခန်းထဲတွင် ရပ်နေခဲ့သည်။ သူ့လက်မောင်းများသည် ကျယ်ပြန့်စွာ ဖြန့်ထားပြီး သူက အလွန်ပျော်ရွှင်နေကာ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့မျက်နှာက တွန့်ချိုးနေသည်။ ဘေးတွင် မုတ်ဆိတ်နှင့် အကြီးအကဲက ဦးညွှတ်လိုက်ပြီး လေးစားစွာ အကြံပြုလိုက်၏။

“မင်းသားကြီးက ကျန်းချိုးကွေ့နဲ့ ဆက်သွယ်ဖို့ အရင်က ကြိုးစားခဲ့ပေမဲ့ ကျန်းချိုးကွေ့က ဘယ်တုန်းကမှ ပြန်မဖြေလာခဲ့ဘူး။ စာတွေအကုန်လုံးက ပင်လယ်ထဲ ကျသွားတဲ့ ကျောက်တုံးတွေလိုပဲ။ ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်တို့က အရမ်းကို ရှားပါးတဲ့ အခွင့်အရေးတစ်ခုကို ရရှိလာတယ်။ ကျန်းချိုးကွေ့က ဝမ်ကလန်ကို ရန်စဖို့ သွားမှာ မဟုတ်ပေမဲ့ ဝမ်ကလန်က သူ့ကို ဒုက္ခရောက်အောင် လုပ်ဖို့ သွားခဲ့တယ်။ မြို့တော်ရဲ့ မဟာကလန်တွေက အဲဒါကို မြင်တွေ့ခဲ့ကြတယ်။ ကျန်းချိုးကွေ့က ဒါကို သည်းခံနိုင်မှာ မဟုတ်ဘူး။ မင်းသားကြီး ဒါက နောက်ထပ် မဟာမိတ်ပဲ”

“ဟား ဟား ဟား.. မင်းက အမြဲစကားပြော ကောင်းတဲ့လူတစ်ယောက်ပဲ ငါ့ရဲ့တံဆိပ်ကို ယူလာလိုက် ချက်ချင်း ကျန်းချိုးကွေ့ကို ဖိတ်ခေါ် နောက်ပြီး စစ်မှုထမ်းဌာန တရားစီရင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးနဲ့ တော်ဝင်စစ်တပ်ကို ချက်ချင်းအကြောင်းကြားလိုက်။ ဟုတ်သားပဲ.. တော်ဝင်ကလန် ရုံးတော်ကိုလည်း ခေါ်လိုက်ပါ။ ဝမ်ကလန်က အဲကောင်လေး ထောင်ထဲမှာ ထိုင်နေတာကို မြန်နိုင်သမျှ မြန်မြန် ငါလိုချင်တယ်။ ဒီတစ်ခါ တစ်ယောက်ယောက်က သူ့ကို လာကယ်အုံးမလားဆိုတာ ငါ မြင်ချင်တယ်”

စကားအဆုံးတွင် ချီဘုရင်သည် သူ့မျက်လုံးများထဲ၌ ယုတ်မာသည့်အကြည့်တစ်ခု ရှိနေခဲ့သည်။

စုန့်ဘုရင်သည် အမြဲတော်ဝင်ရုံးတော်တွင် သူ၏အကြီးမားဆုံး ပြိုင်ဘက် ဖြစ်ခဲ့သည်။ ထို့အပြင် စုန့်ဘုရင်ကို ပံ့ပိုးပေးနေသည့် ဝမ်ကလန်သည် သူအပိုင်းပိုင်း လုပ်ချင်သည့် သူ့ဘက်မှ ဆူးတစ်ချောင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် စုန့်ဘုရင်နှင့် ဝမ်ကလန်တို့ကို ရင်ဆိုင်မည့် သူ့အကြံအားလုံးတို့သည် နောက်ဆုံးအဆင့်တွင် ကျရှုံးခဲ့ကြပြီး ဝမ်ကလန်ကို ရည်ရွယ်ထားသည့် သူ့အကြံအစည်အားလုံးတို့သည် ဝမ်ချောင်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ချီဘုရင်သည် သူ့စိတ်ထဲတွင် ရက်စက်သည့်အတွေးများ စုပုံလာသည်ကို ခံစားခဲ့ရပြီးဖြစ်သည်။

သို့သော် ဤကိစ္စတွင် ချီဘုရင်၏ အဆင့်အတန်းသည် ဝမ်ချောင်ကို အရမ်းကာရော ကိုင်တွယ်ခြင်းမှ သူ့အား ပိတ်ပင်ထားခဲ့သည်။ မြို့တော်တွင် နားနှင့် မျက်လုံးများ များစွာ ရှိပြီး တော်ဝင်မင်းသားတစ်ပါးသည်ပင် သူ့စိတ်ကြိုက် မပြုလုပ်နိုင်ခဲ့ပေ။

“… ဒါပေမဲ့ ဒီတစ်ခါက မတူဘူး။ မင်းကိုယ်တိုင် ကျော့ကွင်းထဲကို ခုန်ဝင်လာခဲ့တာပဲ”

အမှောင်ထဲတွင် ချီဘုရင်၏ မျက်လုံးများသည် အေးစက်ပြီး ကြမ်းကြုတ်သည့် အလင်းများ တောက်ပသွားသည်။

ဤညသည် မငြိမ်မသက်ဖြစ်ရန် ကြိုတင်သတ်မှတ်ထားသော ညဖြစ်သည်။ ယောင်ကလန်၊ ချီဘုရင်အိမ်တော်၊ မင်းဆွေမင်းမျိုးနှင့် မှုးမတ်အားလုံးတို့၏ နန်းဆောင်များနှင့် မဟာကလန်များ၏ အိမ်တော်များ အားလုံးတို့ရှိ လူတိုင်းတို့သည် ဝမ်ကလန်၏ စိတ်ရှုပ်ထွေးစရာ စစ်ဆင်ရေးနောက်ကွယ်ရှိ အကြောင်းအရင်းများကို ခန့်မှန်း နေခဲ့ကြသည်။

မြို့တော်တွင် ဆယ်စုနှစ်များစွာ ကြံ့ခိုင်စွာ ရပ်တည်နိုင်ခဲ့သည့် အုပ်စုအများစုတို့သည် မုန်တိုင်းကြီးများကို ကြုံတွေ့ဖူးခဲ့ကြပြီး လျှို့ဝှက်အကြံအစည်များနှင့် ပဋိပက္ခများစွာကို မြင်တွေ့ဖူးကြသည်။ ဤလူများသည် တော်ဝင်ရုံးတော်ရှိ နိုင်ငံရေးတိုက်ပွဲများနှင့် အလွန်အမင်း ရင်းနှီးကြပြီး မဟာကလန်များကြားရှိ နောက်ကျောဓားထိုးမှုများကို ကျွမ်းဝင်ကြပေသည်။ သူတို့အတွက် သူတို့မမြင်နိုင်သည့် အရာတစ်ခုကို ကြုံဆုံရန်မှာ မယုံနိုင်ဖွယ် ရှားပါးလှပေသည်။

သို့သော် ယနေ့ည ဖြစ်ရပ်များအားလုံးတို့သည် သူတို့ရှေ့တွင် ထင်ရှားစွာ ဖြစ်ပျက်သွားခဲ့သော်လည်း သူတို့သည် ဤညနေက ဖြစ်ပျက်သွားသည့် အရာကို နားလည်သည်ဟု ဆိုရဲသူ မည်သူမျှ မရှိပေ။

ဤသို့သော အရာတစ်ခုသည် မကြုံစဖူးဖြစ်သည်။

…

“အဘိုး..”

လေးပြည်နယ်သံရုံးတွင် ဝမ်ချောင် အော်ဟစ်လိုက်ပြီး သူ့အဘိုးရှေ့တွင် ဒူးထောက်လိုက်သည်။ အခန်းထဲရှိ လေထုက အုံ့မှိုင်းလှ၏။ တစ်လောကလုံးမှ မြို့စားကြီးကျူးဖြစ် ဂုဏ်ပြုခံထားရသည့် ဝမ်ချောင်၏အဘိုးသည် အလယ်တွင် ထိုင်နေခဲ့သည်။ ဝမ်ချောင်၏ဦးကြီး ဝမ်ကန်းသည် သူ့ညာဘက်တွင် မတ်တပ်ရပ်နေခဲ့ကာ သူ့အဒေါ်‌၏ယောက်ျားလီလင်းသည် ဘယ်ဘက်တွင် မတ်တပ်ရပ်နေသည်။

ဤတွေ့ဆုံမှုအတွက် မြို့စားကြီးယီနှင့် အကြီးအကဲကျိုးတို့ကိုပင် အပြင်ဘက်၌ စောင့်ကြပ်နေစေခဲ့သည်။ ဤအခန်းသည် ဝမ်ကလန်မှလူများသာ ပါဝင်ပေသည်။ လူတိုင်းသည် ဝမ်ချောင်ကို ကြည့်နေခဲ့ကြ၏။

ယနေ့ဖြစ်ရပ်သည် အပြင်လူများမှ အဆုံးမဲ့သော ခန့်မှန်းချက်များကို ဆွဲဆောင်ခဲ့သည်။ သို့သော် သူတို့သာ ဤစစ်ဆင်ရေးက သူတို့နှင့် ဘာမှမဆိုင်သည်ကို ရှင်းလင်းစွာ သိထားကြပေသည်။

အရာရာတိုင်းကို ဝမ်ချောင်က ဆုံးဖြတ်ခဲ့ပေ၏။

သို့သော် နောက်ဆုံးတွင် ဝမ်ကလန်၏ လူများသည်ပင် ဝမ်ချောင်က ဘာကြောင့် ၎င်းကို ပြုလုပ်ခဲ့မှန်း မသိခဲ့သေးပေ။

“ချောင်အာ.. ငါ့အိမ်တော်ရဲ့ အစောင့်တွေကို စုစည်းတာက မင်းအတွက် ပြဿနာမဟုတ်ပါဘူး။ အရက်မူးနေတဲ့ စာကလေး စားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ အရာအပါအဝင် ဒီညဖြစ်ရပ်ကို ငါက ကူညီပြီးတော့တောင် ဂရုစိုက်ပေးနိုင်တယ်။ အားလုံးပြီးတော့ ငါတို့က ကလန်တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲလေ။ ဒါပေမဲ့ ဒါတွေအားလုံး ဘာလို့ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား”

ဝမ်ကန်း၏လက်များသည် သူ့လက်မောင်းအိုးထဲတွင် ထည့်ထားခဲ့ကြပြီး သူ့မျက်နှာက‌ လေးနက်နေခဲ့သည်။

“အမှန်ပဲ ချောင်အာ.. ဒီနေရာမှာ အပြင်လူတွေ မရှိဘူး။ မင်း အဲဒါကို ဘာလို့ လုပ်ခဲ့တာလဲဆိုတာ ငါတို့ကို ပြောပြလို့ ရမလား”

လီလင်း မေးလိုက်၏။

ယနေ့ည ဖိအား ဘယ်လောက်များများကို တောင့်ခံခဲ့ရပြီး သူက ကျေးဇူးကြွေး မည်မျှ တင်ခဲ့သည်ကို သူသာလျှင် သိပေသည်။ ထို့အပြင် တော်ဝင်စစ်တပ်နှင့် ကိစ္စသည် မပြီးပြတ်သေးချေ။

သူသည် အနာဂတ်တွင် သူ ကြုံတွေ့ရနိုင်သည့် ပြဿနာအားလုံးကို စိတ်ကူးကြည့်နိုင်ပေသည်။ သို့သော် လီလင်း ဂရုမစိုက်ခဲ့ပေ။ သူသည် တိကျသည့် အကြောင်းအရင်းကို မသိခဲ့သော်ငြား သူက ဝမ်ချောင်ကို သူ့အမိန့်များအား လုံးဝ မတွေးတောဘဲ လိုက်နာသည်အထိ အကြွင်းမဲ့ယုံကြည်ပေသည်။

သို့သော်လည်း လီလင်းသည် ဤကိစ္စတွင် အန်းတုံကာကွယ်ရေးစစ်သူကြီး ကျန်းချိုးကွေ့ပါဝင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လူတိုင်းက ဝမ်ချောင်၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

ဝမ်ချောင်၏ နှုတ်ခမ်းပါးများ ဖွင့်ဟလာပြီး စကားပြောရန် ပြင်ဆင်လိုက်သောအခါ သူက အေးစက်ပြီး ခံစားချက် မရှိသည့် အသံတစ်ခုကို သူ့နားထဲတွင် ရုတ်တရက် ကြားလိုက်ရသည်။

“သတိပေးချက် - အသုံးပြုသူသည် မဖော်ပြသင့်သော အချက်အလက်များကို ဖော်ပြပါတော့မည်။ ဖော်ပြလိုက်သော အချက်အလက်များသည် အများအားဖြင့် ကံကြမ္မာနှင့် လောက၏လမ်းစဉ်ကို ပြောင်းလဲစေလိမ့်မည် ဖြစ်ပြီး လောက၏ အင်အားမှ တိုက်ခိုက်မှုနှင့် တွန်းထုတ်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။ အသုံးပြုသူ၏ခွန်အားသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မလုံလောက်သေးဘဲ ချက်ချင်း အသတ်ခံရပေလိမ့်မည်။”

“အသုံးပြုသူကို ကာကွယ်ရန်အတွက် ကြီးမားသည့် လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် အသုံးပြုသူ၏ ကြိုးပမ်းမှုများအားလုံးကို တိုက်ဆိုင်သွားစေမည် ဖြစ်သည်။ သုံးကြိမ် ကြိုးစားပြီးနောက် ကံကြမ္မာမှတ်များအားလုံး နှုတ်ယူခံရမည် ဖြစ်ပြီး အသုံးပြုသူ သေဆုံးပေလိမ့်မည်။”

ထိုအခိုက်တွင် ဝမ်ချောင်၏ စကားလုံးများအားလုံးသည် ဘာမှမရှိတော့ပေ။

ငါ ပြောလို့ မရသေးဘူးလား။ ဝမ်ချောင် တိတ်ဆိတ်စွာ သူ့ကိုယ်သူ ပြောလိုက်၏။ သူသည် ဤရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူ့နှလုံးသားထဲတွင် ပြင်းထန်သော ခါးသီးမှုကို ခံစားခဲ့ရဆဲ ဖြစ်သည်။

ယနေ့ ဖြစ်ရပ်သည် လူများစွာတို့၏ မျက်လုံးများတွင် နားမလည်နိုင်လောက်အောင် ရူးသွပ်မှုတစ်ခု အဖြစ် ပုံပေါ်သော်လည်း… သူသည် သူ့အနီးစပ်ဆုံး ဆွေမျိုးများကိုပင် ပြောပြ၍ မရသည်လော။

ဤအခိုက်တွင် ဝမ်ချောင်သည် ဖော်ပြ၍ မရသော အထီးကျန်မှုတစ်ခုကို ခံစားလိုက်ရသည်။

အဆုံးတွင် သူသည် သူ့လမ်းကြောင်း၌ ရဲဘော်ရဲဘက်များ မရှိခဲ့ပေ။ ထို့အပြင် သူ ထမ်းရွက်ထားသည့် မစ်ရှင်သည် တခြားမည်သူမျှ မသိနိုင်သည့် မစ်ရှင်ဖြစ်သည်။

အထီးကျန်သည့် ဤခံစားချက်သည် တောင့်ခံရန် အလွန်ပြင်းထန်လှ၏။ တစ်ခါတရံ ဝမ်ချောင်သည် အမှန်တရားကို အမှန်ပင် ထုတ်ပြောလိုက်ချင်သည်။ အထူးသဖြင့် စစ်ဆင်ရေး ကျရှုံးပြီးနောက်တွင် ဖြစ်၏။ သို့သော် ဝမ်ချောင်က ၎င်းက မဖြစ်နိုင်သည်ကို သိပေသည်။

သူ ပြောလျှင်ပင် သူ့အဘိုး၊ သူ့ဦးကြီးနှင့် ဦးလေးတို့သည် ၎င်းကို ကြားနိုင်မည် မဟုတ်ပေ။

အချိန်အကြာကြီး တွေးတောပြီးနောက် ဝမ်ချောင် ခေါင်းမော့လိုက်ပြီး ခါးသီးစွာ မေးလိုက်၏။

“အဘိုး.. ဦးကြီး၊ ဦးလေး ခင်ဗျားတို့ ကျွန်တော့်ကို ယုံလား”

“ချောင်အာ…”

ဝမ်ကန်းသည် စကားပြောရန် လုပ်လိုက်သော်လည်း ပိန်ပါးပြီး ရှုံ့တွနေသည့် လက်တစ်ဖက်က ရှေ့သို့ ဆန့်ထွက်လာပြီး သူ့ကို ဟန့်တားလိုက်သည်။

“ကလေး.. ပြော.. မင်း ဘာပဲ ပြောပြော အဘိုးမင်းကို ယုံလိမ့်မယ်”

ဝမ်ကျူးလျန်သည် စင်မြင့်ပေါ်တွင် ထိုင်နေကာ လောကရှိ အရာရာတိုင်းကို ဖောက်မြင်နိုင်စွမ်း ရှိသည့် အကြည့်တစ်ခုဖြင့် ဝမ်ချောင့်ကို ငုံ့ကြည့်နေခဲ့သည်။

သူ့မျက်လုံးများသည် စေတနာရှိပြီး ခွင့်လွတ်မှုဖြင့် ပြည့်နှက်နေကြ၏။ ဤဖြစ်ရပ်များ အားလုံးပြီးနောက်တွင်ပင် ဝမ်ချောင်သည် အပြစ်တင်မှု အနည်းငယ်ကိုပင် မမြင်တွေ့ခဲ့ပေ။ ဤခန်းမထဲတွင် ဝမ်ချောင်ရှေ့တွင် ရပ်နေသည်မှာ လေးစားခြင်းခံရသည့် မြို့စားကြီးကျူး မဟုတ်သလို ပညာရှင်ဧကရာဇ်က မျက်နှာသာပေးထားသည့် အရေးကြီးသော ဝန်ကြီး မဟုတ်ခဲ့ပေ။ ၎င်းသည် သာမန်လူအိုကြီးတစ်ယောက်သာ ဖြစ်သည်။ ဤသည်က အဘိုးတစ်ယောက်က သူ့မြေးကို ပြောနေခြင်း ဖြစ်၏။ ဤအခိုက်တွက် ဝမ်ချောင် ရုတ်တရက် ငိုချင်လာတော့သည်။ သူသည် အန်းယာ့လျူရှန်းအကြောင်း ဘာမှမပြောခဲ့သော်လည်း ဝမ်ချောင်သည် သူ့အဘိုးက နားလည်ပြီးသားဟူသည့် ရှင်းပြရခက်သော ခံစားချက်ကို ရရှိခဲ့သည်။

ဤအတွေးများသည် သူ့စိတ်ထဲတွင် တစ်စက္ကန့်မျှသာ ရှိနေခဲ့၏။ ဝမ်ချောင်အတွက် သာမန်ပြန်ဖြစ်လာရန် တစ်ခဏမျှသာ ကြာခဲ့သည်။

“အဘိုး.. ဦးကြီး၊ ဦးလေး.. ဒီနေ့ ဖြစ်ရပ်အတွက် ကျွန်တော် ခင်ဗျားတို့ကို တိကျတဲ့ အကြောင်းအရင်းတွေ ပြောမပြနိုင်ဘူး”

ဝမ်ချောင် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ သူ့မျက်လုံးများ နီရဲသွားသည်။

“ဒါပေမဲ့.. ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော့်ကို ယုံကို ယုံရမဲ့ ကိစ္စတစ်ခု ရှိတယ်။ အန်းယာ့လျူရှန်း အဲဒီဟူက သေကိုသေရမယ်။ ဒီလိုမှမဟုတ်ရင် သူက တိုင်းပြည်အတွက် သေစေနိုင်တဲ့ ထိုးနှက်မှုတစ်ခုကို ဖြစ်စေလိမ့်မယ်”

ဘုန်း..

ဝမ်ချောင်၏စကားလုံးများသည် အခန်းထဲရှိ တခြားသုံးယောက်ကို တုန်လှုပ်သွားစေခဲ့သည်။ ဝမ်ကန်းနှင့် လီလင်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ဝမ်ချောင်၏အဘိုးသည်ပင် အံ့ဩသွားပုံရသည်။

“ချောင်အာ.. မင်း နောက်နေတာလား..”

ဝမ်ကန်း နောက်ဆုံးတွင် မေးလိုက်၏။

ဝမ်ကန်းသည် ဝမ်ချောင်တွင် သူ့လုပ်ရပ်များအတွက် အကြောင်းပြချက်တစ်ခု ရှိရမည်ဟု သိထားခဲ့သော်လည်း ဝမ်ချောင်က ၎င်းသည် တိုင်းပြည်၏ကံကြမ္မာနှင့် ပတ်သတ်နေသည်ဟု ထုတ်ပြောလာမည်မှန်း မမျှော်လင့်ထားခဲ့ပေ။

ထိုသည်မှာ သူသည် သူ့တူကို မယုံကြည်သောကြောင့် မဟုတ်ပေ။ သို့သော် ဤသည်က အလွန်မယုံချင်စရာ ကောင်းလှ၏။ သူသည် ထိုဟူနှင့် ပတ်သတ်သည့် အချက်အလက်များစွာကို စုဆောင်းခဲ့ပြီး သူက ကျန်းချိုးကွေ့ ကွပ်ကဲမှုအောက်ရှိ သာမန်ဟူတစ်ယောက်သာ ဖြစ်သည်ကို ရှာဖွေ တွေ့ရှိခဲ့သည်။

ဤသို့သော ဟူများစွာကို ကျန်းချိုးကွေ့၏ အန်းတုံပိုင်နက် ဌာနချုပ်တွင် တွေ့ရနိုင်သည်။

ဝမ်ကန်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည့် လူများမှာ အန်းညီအစ်ကို လေးယောက်တို့ ဖြစ်ကြသည်။ သို့သော်လည်း အန်းညီအစ်ကို လေးယောက်တို့သည် လတ်တလောမှသာ ပေါ်လာခဲ့ကြပေသည်။ အထူးအဆင့်အတန်းများနှင့် နောက်ခံများရှိသည့်သူများမှာ တခြားညီအစ်ကိုသုံးဦး ဖြစ်ပေသည်။

အန်းယာ့လျိုရှန်းအနေဖြင့် လုံးဝ နာမည်မရှိပေ။ သူ့အတွက် တခြားသုံးယောက်နှင့် ကြုံဆုံပြီး သူတို့ထဲ ဝင်ရောက်ခဲ့သည်မှာ လုံးဝ တိုက်ဆိုင်မှု ဖြစ်ပေသည်။ ထို့အပြင် ဟူများသည် အချင်းချင်း အမြဲခင်မင်ရင်းနှီးခဲ့ကြပေသည်။ သူတို့အတွက် အရက်အလွန်အကျွံသောက်ပြီး အချင်းချင်း သွေးသောက်ညီအစ်ကိုများအဖြစ် အချင်းချင်း ယူဆရန်မှာ ယင်းသည် နာမည်ခံသာ ဖြစ်ပေသည်။

ဟူတို့တွင် သွေးသောက်ညီအစ်ကို ဖွဲ့သည့် ဓလေ့ မရှိပေ။ ၎င်းသည် မူလအားဖြင့် ဟန်ဓလေ့ တစ်ခု ဖြစ်ပေသည်။ ဟူများကြောင့် ၎င်းသည် အတုအယောင်တစ်ခု ဖြစ်လာခဲ့ပြီး သွေးသောက်ညီအစ်ကိုများ၏ ဆက်နွယ်မှုသည် ၎င်း၏ အရေးပါမှုကို များစွာ ဆုံးရှုံးခဲ့ပေသည်။

“ချောင်အာ.. ရိုကျိုးက ကျန်းချိုးကွေ့ရဲ့ နယ်မြေဖြစ်မယ်။ သူ့နည်းလမ်းတွေက ကြမ်းကြုတ်ပြီး သူက ဟူတွေနဲ့ ရင်ဆိုင်တဲ့အခါ ဘယ်တုန်းကမှ မနူးညံ့ခဲ့ဘူး။ ဒါကြောင့် ဟူနဲ့ ဟန်တွေက ရောနှောနေခဲ့ပေမဲ့ စည်းမျဉ်းအပြင်ဘက် ရောက်နေတဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ သူ့လက်အောက်မှာ အမှုထမ်းနေတဲ့ လူတစ်ယောက်က တစ်နေရာရာကို ရောက်နိုင်ဖို့ နည်းလမ်းမရှိဘူး”

“ပြီးတော့ အနည်းဆုံး တကယ်လို့ ကြောက်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်အချို့က တကယ်ပဲ ပေါ်လာခဲ့ရင် သူတို့က အရေးမပါတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်လိမ့်မယ်”

လီလင်း ဘေးမှနေ၍ ထပ်ဖြည့်လိုက်သည်။

“မြို့တော်မှာ သူ့ကို ရင်ဆိုင်နိုင်စွမ်း ရှိတဲ့.. လူအများကြီး ရှိတယ်။ သူက တိုင်းပြည်အတွက် ဘယ်လိုလုပ်ပြီး ဘေးဆိုးတစ်ခု ဖြစ်လာနိုင်မှာလဲ”

သူသည် ၎င်းကို ရှင်းရှင်းလင်းလင်း ထုတ်မပြောခဲ့သော်လည်း သူ့ဆိုလိုရင်းမှာ ရှင်းလင်းကြသည်။ သူသည် ဝမ်ချောင်၏ အကြောင်းပြချက် အများစုကို လက်မခံနိုင်သည်မှာ ထင်ရှားလှပေသည်။ ၎င်းသည် ယုံကြည်လောက်သော စွမ်းအား အလွန်ကင်းမဲ့နေပေသည်။

“ဦးကြီး ဦးလေး.. ခင်ဗျားတို့က ကျွန်တော့်ကို မယုံတာ ကျွန်တော်သိတယ်။ အဲဟူက သေကို သေရမယ်။ ကျွန်တော် နောက်နေတာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့စကားတိုင်းက ရိုးသားကြတယ်”

ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။

မဟာထန်သည် မပျက်စီးခဲ့သေးပေ။ ဝင်နေသည့်နေသည် ၎င်း၏ ရောင်ခြည်များကို ထုတ်လွှတ်နိုင်သေး၏။ ဤတိုင်းပြည်ကြီးသည် ဖောင်းပွပြီး သိပ်သည်းနေခဲ့သော်လည်း ၎င်း နုပျိုစဉ်အချိန်မှာ ၎င်းကို ပုံသဏ္ဌာန်ရှိနေဆဲ ဖြစ်သည်။

၎င်းရွှေခေတ်၏ စက်ယန္တရားသည် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ၎င်းသည် အထွတ်အထိပ် စွမ်းဆောင်ချက်ဖြင့် မလှည်ပတ်နိုင်တော့သော်လည်း ယခင်ခွန်အား၏ ၇၀ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်း ရှိပေသည်။

ကျေနပ်နေသည့် ဘဝတစ်ခုက ဤတိုင်းပြည်၏ တိုက်ခိုက်ချင်စိတ်ကို အားနည်းစေခဲ့သော်လည်း ၎င်း၏ နောက်တန်းကို ပံ့ပိုးနေသေးသည့် ကြီးမားသော စီးပွားရေးတစ်ခုက ၎င်းတွင် ရှိပေသည်။

၎င်းသည် ဆုတ်ယုတ်သည့် လမ်းကြောင်းပေါ် ရောက်နေသော်လည်း ဤတိုင်းပြည်သည် ပြန်လည် မပြင်ဆင်နိုင်သည့် အခြေအနေသို့ မရောက်ခဲ့သေးပေ။ ၎င်းသည် အထွတ်အထိပ်သို့ ရောက်ရှိရန် အခွင့်အရေးတစ်ခု ရှိနေသေး၏။

ထို့အပြင် ၎င်းက ဖျက်ဆီးခံလိုက်ရလျှင်ပင် ပျက်စီးမည့်အချိန်သည် အလွန်ဝေးကွာနေဆဲ ဖြစ်သည်။

အနည်းဆုံး ထိုသည်မှာ လူတိုင်း နက်ရှိုင်းစွာ ယုံကြည်ထားသည့်အရာ ဖြစ်၏။

ဤတိုင်းပြည်သည် လအနည်းငယ်အတွင်း အရှေ့မြောက်ဘက်မှ ထိုဟူဦးဆောင်လာသည့် သူပုန်စစ်တပ်၏ ဖြိုဖျက်ခံလိုက်ရမည်ဟု မည်သူမျှ စိတ်ကူးမိမည် မဟုတ်ပေ။

ထိုပုန်ကန်မှု စတင်ချိန်က လူတိုင်းသည် တိုင်းပြည်က အားကောင်းနေသေးပြီး ပုန်ကန်မှုသည် လျင်မြန်စွာ ဖျက်ဆီးခံရလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။ သို့တိုင် သုံးလမျှ ကြာပြီးနောက် တိုင်းပြည်သည် လုံးဝ မမျှော်လင့်ထားသော နည်းလမ်းတစ်ခုဖြင့် ထိုဟူ၏ ခြေထောက်အောက်သို့ ပြိုကျသွားခဲ့သည်။

ဆယ်စုနှစ်အတော်ကြာခဲ့သင့်သည် ကျဆင်းမှုသည် သုံးလအတွင်း ပြီးဆုံးသွားခဲ့သည်။ လူများသည် ဒုက္ခတွင်းထဲ ကျရောက်သွားခဲ့ပြီး သူတို့၏ စိတ်မချမ်းသာစရာ အော်သံများကို နယ်မြေတစ်လျှောက် ကြားရခဲ့သည်။ တစ်ခါက အားကောင်းခဲ့သော အလယ်ပိုင်းလွင်ပြင်ဒေသသည် တစ်ညအတွင်း သက်ရှိငရဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

၎င်းသည် လုံးဝ သားသတ်ရုံတစ်ခု ဖြစ်ခဲ့၏။

အခန်း ၄၆၀

နောက်ဆက်တွဲများ။

ဝမ်ချောင်သည် ထိုအချိန်မှာ သူ့အတွေ့အကြုံများကြောင့် ထိုသူပုန်များ ဖြတ်သွားသည့် နေရာတိုင်းတွင် ကျန်ရစ်ခဲ့သည့် တောင်ပုံရာပုံ အလောင်းများအကြောင်း မရေမတွက်နိုင်သော ဖြိုဖျက်ခံထားရသည့် အဆောက်အအုံများအကြောင်းနှင့် မျက်စိဖြင့်မြင်နိုင်သလောက် ပျက်စီးယိုယွင်းနေသော နယ်မြေများအကြောင်း တွေးတောလိုက်သောအခါ သူ့နှလုံးသားသည် နာကျင်သွားခဲ့သည်။

ထိုပုန်ကန်မှုကြီးတွင် သာမန်ပြည်သူများမဆိုထားနှင့် မင်းဆွေမင်းမျိုးများသည်ပင် ထွက်ပြေးရန် လုံလောက်အောင် ကံမကောင်းခဲ့ကြပေ။ ဤစစ်ဆင်ရေးသည် အန်းယာ့လျူရှန်းကို သတ်ဖြတ်ရန် အလွန်အမင်း ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ ဝမ်ချောင်သည် ထိုသို့ ပြုလုပ်နိုင်သရွေ့ သူသည် နောက်ဆက်တွဲ ဖြစ်လာမည့် အတွင်းပိုင်း အကြပ်အတည်းများ၏ ဆယ်နှစ်စာကို ရှောင်ရှားနိုင်ပေလိမ့်မည်။ နှမြောဖို့ ကောင်းသည်မှာ သူ ကျရှုံးခဲ့သေး၏။

သူသည် သူ၏တစ်ခုတည်းသော အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ သူ ဤအကြောင်းတွေးလိုက်သောအခါ ဝမ်ချောင်သည် သူ့နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဝမ်ကန်းနှင့် လီလင်းတို့သည် ဝမ်ချောင်၏စကားများကြောင့် စိတ်ထဲတွင် ခေါင်းခါလိုက်မိကြသည်။ သူတို့သည် ဝမ်ချောင်ကို အမြဲတမ်း အတော်လေး ယုံကြည်ထားခဲ့ကြသည်။ ဝမ်ချောင်၏ လုပ်ရပ်များသည်လည်း သူတို့၏ ယုံကြည်မှုဖြင့် ထိုက်တန်ကြောင်း ပြသပြီးဖြစ်လေသည်။ သို့သော် ဤတစ်ကြိမ် ဤရှင်းပြချက်သည် သူတို့အတွက် အမှန်ပင် ယုံကြည်ရခက်ပေသည်။

“အဘိုး မင်းကို ယုံတယ်”

ရုတ်တရက် အသက်ကြီးကြီးနှင့် ဂုဏ်သိက္ခာရှိသော အသံက သူတို့နောက်မှ ထွက်ပေါ်လာခဲ့၏။

“အဖေ..”

ဝမ်ကန်းနှင် လီလင်းတို့ လှည့်လိုက်ကာ သူတို့၏မျက်လုံးများသည် အံ့အားသင့်သွားကြသည်။

“ကလေး အဘိုးမင်းကို ယုံတယ်”

ဝမ်ချောင်၏အဘိုးသည် သူ့စကားကို ပြန်ပြောလိုက်၏။ သူသည် မူလက စင်မြင့်ပေါ်တွင် မလှုပ်မယှက် ထိုင်နေခဲ့သော်လည်း ဤအခိုက်တွင် သူသည် သူ့ကုလားထိုင်မှနေ၍ ဖြည်းညင်းစွာ ထလိုက်သည်။

“မင်းက ဉာဏ်ကောင်းတဲ့ ကလေးပဲ။ မင်းရဲ့အဘိုးက မင်းလုပ်ရပ်တွေအတွက် မင်းမှာ အကြောင်းပြချက်တစ်ခု ရှိရမယ်လို့ ယုံကြည်တယ်”

“အဘိုး..”

ဝမ်ချောင် လက်သီးဆုပ်လိုက်ကာ သူ့မျက်လုံးများ နီရဲလာသည်။ ဤအခိုက်တွင် ဆွေမျိုးတစ်ယောက်၏ ယုံကြည်မှုထက် ဘယ်အရာကမှ ရင်ထဲ မထိနိုင်တော့ပေ။

“ငါ့ကို ပြော.. ဗေဒင်နက္ခပညာရှင်တစ်ယောက်က ပါဝင်နေလား”

ဝမ်ချောင်၏အဘိုးသည် ရှေ့သို့ ကိုင်းလိုက်ကာ သူ့အသံက နူးညံ့လာခဲ့သည်။

အရေးကြီးသော တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းက လမ်းကြောင်းတစ်ရာကို ဖွင့်လှစ်စေနိုင်သည်။ ဤစကားများကို ကြားလိုက်ရသည်နှင့် ဝမ်ကန်းနှင့် လီလင်းတို့ ကြက်သေသေသွားခဲ့ကြသည်။ လွန်ခဲ့သည့်ခဏက သူတို့သည် ဝမ်ချောင်၏စကားများက ယုံကြည်ရန် ခက်ခဲသည်ဟု ခံစားခဲ့ကြရသေးသည်။ သို့သော် သူတို့ဖခင်၏ စကားများက ရုတ်တရက် သူတို့ကို နားလည်သွားစေခဲ့သည်။

“ဝမ်ချောင် အဖေပြောတာ အမှန်ပဲလား”

ဝမ်ကန်း လေးနက်စွာ မေးလိုက်၏။

“မင်း တကယ်ပဲ ဗေဒင်နက္ခပညာရှင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့တာလား”

လီလင်း မေးလိုက်သည်။ ဝမ်ချောင်၏ လုပ်ရပ်များသည် အမှန်ပင် ထူးဆန်းခဲ့ကြသော်လည်း အကယ်၍ သူသည် လျှို့ဝှက်ဆန်းကျယ်သော ဗေဒင်နက္ခပညာရှင်အချို့ကို ကြုံတွေ့ခဲ့ပါက အရာရာတိုင်းသည် ပြေလည်သွားပေလိမ့်မည်။

ဤသည်က ဝမ်ချောင်သည် ထိုဟူကို ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးသော်လည်း အန်းတုံကာကွယ်ရေးစစ်သူကြီး ကျန်းချိုးကွေ့ကို စော်ကားသည်အထိပင် သူ့ကို အလွန်မုန်းတီးနေခြင်းကိုလည်း ရှင်းပြနိုင်ပေမည်။

“ဒါက…”

ဝမ်ချောင်သည်လည်း မှိန်းမောသွားခဲ့၏။ သူ့အဘိုးများ၏ စကားများသည် အမှန်ပင် သူ့မျှော်မှန်းချက်ကို ကျော်လွန်သွားခဲ့သည်။ ဗေဒင်နက္ခပညာရှင်ဟူသော စကားလုံးသည် သူ့ကိုပင် ကြက်သေသေသွားစေခဲ့သည်။ အမှန်မှာ သူသည် မည်သည့်ဗေဒင်နက္ခပညာရှင်ကိုမျှ မတွေ့ဆုံခဲ့သော်လည်း တိကျသည့် ရှုထောင့်တစ်ခုမှနေ၍ သူ့အဘိုး၏ ခန့်မှန်းချက်များက မှားယွင်းသည်ဟု ယူဆ၍ မရပေ။

သူသည် မည်သည့်ဗေဒင်နက္ခပညာရှင်များနှင့် တစ်ကြိမ်မျှ မတွေ့ဆုံခဲ့သော်လည်း သူကိုယ်တိုင်က ကြောက်မက်ဖွယ်အကောင်းဆုံး ဗေဒင်နက္ခပညာရှင် ဖြစ်ပေသည်။ သူသည် ဘဝနှစ်ခု ရှင်သန်ခဲ့သောကြောင့် ဤလောက မည်သို့ တိုးတက်လာမည်ကို သူ့ထက်ပို၍ နားလည်နိုင်ကြမည် မဟုတ်ပေ။

ဤအတွေးမျးသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့ကာ ဝမ်ချောင်သည် သူ့တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။

“ဟုတ်ကဲ့..”

ဝမ်ချောင် ခေါင်းညိတ်လိုက်၏။

“ချောင်အာ.. အဲဒီနက္ခပညာရှင်ရဲ့နာမည်ကို ငါတို့ကို ပြောပြလို့ ရမလား”

ဝမ်ကန်း မေးလာ၏။ ဝမ်ချောင် ခေါင်းခါလိုက်သည်။

“သူက မင်းကို ပြောဖို့ ဆန္ဒမရှိခဲ့တာလား”

ဝမ်ကန်း မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်ကဲ့..”

ဝမ်ချောင် တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အံကြိတ်ကာ ပြန်ဖြေလိုက်သည်။ သူသည် ထိုသို့ မလုပ်ချင်ခဲ့သော်လည်း ယခုအခါ အနာဂတ်ကို သိနေလျှင်ပင် အလွန်ပြင်းထန်သော ကန့်သတ်ချက်များ ရှိသည်မှာ သိသာလှသည်။

သူသည် အမှန်တရားကို မပြောနိုင်သောကြောင့် ဤသည်က အကောင်းဆုံးနှင့် လက်ခံနိုင်စရာ အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်သည်။

ဝမ်ကန်းနှင့် လီလင်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ အကယ်၍ ထိုဗေဒင်နက္ခပညာရှင်သည် မပေါ်လာခဲ့ပါက ထိုကိစ္စ၏ဇစ်မြစ်ကို ရှာဖွေရန်နှင့် ဝမ်ချောင်က သူ့အပေါ် ဘာကြောင့် ထိုမျှ နက်ရှိုင်းသော ယုံကြည်မှု ရှိသည်ကို ဖော်ထုတ်ရန် နည်းလမ်းမရှိပေ။ သို့သော် ဗေဒင်နက္ခပညာရှင်များသည် လူ့အသိုင်းအဝိုင်းတွင် အမြဲ သာလွန်သော အဆင့်အတန်းတစ်ခု ရှိကြသည်။ သာမန်ပြည်သူများနှင့် နန်းတော် နှစ်ခုစလုံးတို့သည် သူတို့ကို လေးစားသမှုဖြင့် ဆက်ဆံကြပေလိမ့်မည်။ သို့တိုင် အတိအကျပင် ဤအကြောင်းကြောင့် ဗေဒင်နက္ခပညာရှင် အများစုတို့တွင် အလွန်ထူးဆန်းသော စရိုက်လက္ခဏာများ ရှိခဲ့ကြပေသည်။ သူတို့သည် အလွန်သိုသိပ်စွာ ပြုမူကြပြီး သူတို့တွင် တစ်မူထူးခြားသော ကိုယ်ကျင့်စရိုက်များ ရှိကြပေသည်။ သူတို့သည် အပြင်လူများနှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒမရှိကြသလို ကျော်ကြားရန် ဆန္ဒမရှိကြပေ။ အချုပ်အားဖြင့် သူတို့သည် ရသေ့ဘဝတွင် နေထိုင်ကြလေ့ ရှိသည်။

ဝမ်ချောင် ပြောလာသည့် ဗေဒင်နက္ခပညာရှင်သည် တခြားသူများနှင့် တွေ့ဆုံရန် ဆန္ဒမရှိနေသော်လည်း ဤသည်က ဗေဒင်နက္ခပညာရှင်အကြား ရှားပါးသော လက္ခဏာတစ်ခု မဟုတ်ပေ။

“ကလေး.. သူက ပေါ်လာဖို့ ဆန္ဒမရှိလည်း အဆင်ပြေပါတယ်။ မင်းအတွက် အဘိုးလုပ်ပေးနိုင်တဲ့ မင်းလိုအပ်တာ တစ်ခုခုများ ရှိသေးလား”

စကားပြောလိုက်သည့်သူမှာ ဝမ်ချောင်အဘိုး ဖြစ်ပေသည်။

“အမှန်ပဲ မင်း ဘာပဲ ဆက်လုပ်ဖို့ စီစဉ်နေပါစေ မင်းရဲ့စွမ်းရည်တွေချည်းပဲဆို လုံလောက်မှာ မဟုတ်ဘူး။ ဒီနေ့ မင်းရဲ့အဘိုး၊ ဦးကြီးနဲ့ ဦးလေးတို့တောင် ဒီနေရာမှာ ရှိနေကြတာ။ ငါတို့ကို မင်းကို ဘယ်လို ကူညီစေချင်လဲ”

ဝမ်ကန်းသည်လည်း ပြောလိုက်ကာသူ့မျက်နှာက တည်ကြည်နေခဲ့သည်။ သူသည် ဝမ်ချောင် ပြောလိုက်သည့် တိုင်းပြည်အတွက် ကပ်ဘေးကို လက်ခံရန် အတော်လေး ခက်ခဲနေသော်လည်း အကယ်၍ ဝမ်ချောင်သည် အရေးမပါလှသော ဟူတစ်ယောက်ကိုသာ သတ်ဖြတ်ချင်ခဲ့ပါက မည်သည့်အကြောင်းပြချက် ဖြစ်နေပါစေ ဝမ်ကန်းသည် သူ့ကို ကူညီရန် စိတ်ရှိနေလိမ့်မည် မဟုတ်ပေ။

လီလင်းကလည်း ခေါင်းညိတ်လိုက်၏။

သွေးများသည် ရေထက်ပျစ်ပြီး သူက မိသားစုတွင် မမွေးဖွားခဲ့သည့်တိုင် သူသည် ကလန်၏သားတစ်ယောက် ဖြစ်သွားခဲ့ပြီးဖြစ်သည်။ အကယ်၍ ဝမ်ချောင်က လူတစ်ယောက်ကို သတ်လိုခဲ့ပါက သူက ချက်ချင်း သူ့ကို လာကူညီပေလိမ့်မည်။

သူအမြဲ လုပ်ခဲ့သကဲ့သိုပင်။

ဝမ်ချောင် ဘာမှ မပြောခဲ့သော်လည်း နွေးထွေးမှုတစ်ခုက သူ့နှလုံးသားထဲ ပြည့်နှက်သွားခဲ့၏။ ဤဘဝတွင် သူတန်ဖိုးအထားရဆုံးနှင့် အမြတ်နိုးဆုံးသောအရာမှာ သူ့မိသားစုဝင်များ ဖြစ်ကြသည်။

“အဘိုး၊ ဦးကြီး၊ ဦးလေး ကျေးဇူးတင်ပါတယ်”

တစ်ခဏမျှ ဝမ်ချောင်သည် ရင်ထဲ နက်ရှိုင်းစွာ ထိသွားခဲ့ပြီး နောက်ထပ် စစ်ဆင်ရေးတစ်ခုကို စတင်ချင်ခဲ့သော်လည်း သူသည် ထိုအကြံကို လျင်မြန်စွာ ဘေးဖယ်လိုက်သည်။

အန်းယာ့လျူရှန်း၏ ခွန်အားသည် ဘယ်တုန်းကမှ အရေးကြီးအချက် မဟုတ်ခဲ့ပေ။ သူသည် သူ့ကို သတ်ဖြတ်နိုင်သည့် သူ့ဘက်တွင် လူများစွာ ရှိခဲ့သည်တိုင် အဆုံးတွင် သူ့ဆောင်ရွက်မှုသည် လုံးဝ ကျရှုံးခဲ့ရသည်။

ပထမဆုံး ကျရှုံးမှုသည် လီစီးရင်၏ တိုက်ခိုက်မှုကပင် မိုးကြိုးအပစ်ခံရခြင်းဖြင့် နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။ ဒုတိယအကြိမ်မှာ ရိုကျိုးလက်ရွေးစင်များ ပေါ်လာခဲ့ပြီး ကျန်းချိုးကွေ့ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကပင် ပေါ်လာခဲ့သည်။

ကံကြမ္မာကျောက်စာက သူ့အားအမြဲ သတိပေးခဲ့သကဲ့သို့ပင်။ ကံကြမ္မာကို ပြောင်းလဲခြင်းက ဘယ်တုန်းကမှ လွယ်ကူသည့်အရာတစ်ခု မဟုတ်ခဲ့ပေ။

အန်းယာ့လျူရှန်း၏ အားအနည်းဆုံး အားအနည်းဆုံး အချိန်၌ပင် သူသည် ကျရှုံးခဲ့ရသေးသည်။ ဝမ်ချောင်သည် အကယ်၍ သူ နောက်တစ်ကြိမ် ကြိုးစားခဲ့ပါက ပို၍ များပြားသော ပုဂ္ဂိုလ်များ ပေါ်လာလိမ့်မည်ကို စိုးရိမ်နေခဲ့ပေသည်။

ထို့အပြင် အန်းယာ့လျူရှန်းသည် ယခုအခါ အလွန်သတိရှိနေခဲ့ပြီဖြစ်သည်။ နောက် သူ့ကို ကာကွယ်ပေးနေသည့် ကျန်းချိုးကွေ့ ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်နှင့် တိုက်ခိုက်ရန် အခြေခံအားဖြင့် အခွင့်အရေး သုည ဖြစ်ပေလိမ့်မည်။

ဝမ်ကလန်သည် ဝန်ကြီးများနှင့် စစ်သူကြီးတို့၏ ကလန်တစ်ခု ဖြစ်သော်လည်း သူတို့သည် ကျန်းချိုးကွေ့ကဲ့သို့သော နယ်စပ်အရှင်သခင်တစ်ပါး၊ တိုင်းပြည်၏အဓိကပုဂ္ဂိုလ်တစ်ယောက်ကို ရင်ဆိုင်ရာတွင် ခွန်အားကင်းမဲ့ကြပေသည်။

“ဒါက.. ကံကြမ္မာပဲ။ ငါက အခု သူ့ကို သတ်ဖို့ မျှော်လင့်ဖို့တောင် သိပ်အားနည်းတယ်။ အနည်းဆုံး ရိုကျိုးစစ်တပ် သူပုန်တွေရှေ့မှာ သူ့ကို ဘယ်သူမှ သတ်နိုင်မှာ မဟုတ်ဘူး။ ငါ စောင့်ရလိမ့်မယ်”

ဝမ်ချောင် တိတ်တဆိတ် သူ့ကိုယ်သူ ပြောလိုက်၏။ ထိုတိုက်ပွဲ ပြီးဆုံးပြီးနောက် သူသည် အရာများစွာကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ အန်းယာ့လျူရှန်းသည် အရေးမပါသည့် ဇာတ်ကောင်တစ်ယောက် မဟုတ်ပေ။ သူသည် ဤလောကတွင် အလွန်အမင်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို သိမ်းပိုက်ထားခဲ့ပေသည်။

သူ၏ရိုကျိုး ပုန်ကန်မှုကို စတင်ခြင်းသည် ဤလောကတိုးတက်မှု၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပေသည်။ အန်းယာ့လျူရှန်းကို သတ်ဖြတ်ခြင်းက လုံးဝ ခြားနားသော လောကတစ်ခုစီသို့ ဦးတည်စေပေလိမ့်မည်။ ထို့ကြောင့် အန်းယာ့လျူရှန်းသည် လုံးဝ သေ၍ မရပေ။ သူသည် ရိုကျိုးပုန်ကန်မှုကို စတင်ပြီး လောကက သူ့အား ပေးအပ်ထားသည့် မစ်ရှင်ကို ပြီးမြောက်ပြီးသည်အထိ သတ်ရ အလွန်အမင်း ခက်ခဲပေလိမ့်မည်။

ရလဒ်အနေဖြင့် ဝမ်ချောင် စုစည်းခဲ့သော ခွန်အားအားလုံးတို့သည် သူ့ကို သတ်ဖြတ်ရန် ကျရှုံးခဲ့ကြသည်။ ရလဒ်အနေဖြင့် ကံကြမ္မာကျောက်စာသည် အန်းယာ့လျူရှန်းနှင့် အလွန်စောစီးစွာ မတွေ့ဆုံရန် သူ့အား သတိပေးခဲ့ရသည်။

မည်သည့်စောစီးစွာ တွေ့ဆုံမှုမဆို အန်းယာ့လျူရှန်းကို သန်မာလာစေလိမ့်မည် ဖြစ်ပြီး သူ့ကို ကာကွယ်ပေးနေသည့် လောက၏ စွမ်းအားသည်လည်း သန်မာလာပေလိမ့်မည်။

အကြောင်းမှာ အန်းယာ့လျူရှန်းက မည်မျှ ဆိုးယုတ်ပါစေ သူသည် ဤလောက၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ ထို့အပြင် ဝမ်ချောင်သည် ဤလောက၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ပေ။

လူတစ်ယောက်ကို အနိုင်ယူခြင်းက လွယ်ကူသော်လည်း လောကတစ်ခုကို အနိုင်ယူခြင်းက မလွယ်ကူခဲ့ပေ။

ဝမ်ချောင် ခေါင်းမော့လိုက်ပြီး ရုတ်တရက် တောင်းဆိုလိုက်၏။

“အဘိုး၊ ဦးကြီး၊ ဦးလေး ကျွန်တော် ခင်ဗျားတို့ကို လူတစ်ယောက်ကို ရှာစေချင်တယ်”

…

ဝမ်ချောင်သည် သူ့ဦးကြီးနှင့် သူ့ဦးလေးကဲ့သို့ လေးပြည်နယ်သံရုံးမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ဝမ်ချောင် လေးပြည်နယ်သံရုံးမှ ထွက်ခွာပြီး သိပ်မကြာမီ ခန်းမနောက်ဘက်မှ ကြောင်ကဲ့သို့ ခြေသံများကို ကြားရနိုင်သည်။

လိုက်ကာသည် မြောက်တက်သွားပြီး ငွေရောင်ဆံပင်များနှင့် ကြင်နာသည့် အမူအရာတစ်ခုဖြင့် မိန်းမကြီးတစ်ယောက်သည် လက်ဖက်ရည်လင်ဗန်းတစ်ခုဖြင့် ထွက်လာခဲ့သည်။

လင်ဗန်းပေါ်ရှိ လက်ဖက်ရည်ခွက် လေးခွက်တို့သည် အေးစက်သွားခဲ့သည်မှာ ကြာမြင့်သွားပြီဖြစ်သည်။

“ဒီကလေးက သူ့စိတ်ထဲမှာ ကိစ္စတွေ အများကြီး ရှိနေပုံရတယ်”

ဝမ်ကလန်၏ သခင်မကြီးသည် သူမ၏မျက်လုံးထဲတွင် ကြီးမားသော စိုးရိမ်မှုဖြင့် ဝမ်ချောင် ထွက်သွားသည့်နေရာကို ကြည့်လိုက်သည်။

“တကယ်လို့ သူက ဘာမှမပြောရင် ငါတို့ လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး”

ဝမ်ကလန်၏သခင်ကြီး သက်ပြင်းချလိုက်၏။ အကယ်၍ ဝမ်ကန်းနှင့် လီလင်း ဤနေရာတွင် ရှိနေခဲ့ကြပါက သူတို့က သေချာပေါက် အံ့ဩသွားခဲ့ကြပေလိမ့်မည်။ အကြောင်းမှာ သခင်ကြီး၏သဘောထားသည် ယခင်ကနှင့် လုံးဝ ခြားနားသွားသောကြောင့် ဖြစ်၏။

ဤဗေဒင်နက္ခပညာရှင်ကိစ္စသည် အယောင်ဆောင်ထားခဲ့သည်မှာ သိသာလှသည်။ သို့သော် ဝမ်ကန်း၊ လီလင်းနှင့် ဝမ်ချောင်တို့ အားလုံးမှာ လှည့်စားခံခဲ့ရ၏။

“ဒီကလေးမှာ သူ့ကို ဒီပုံစံဖြစ်အောင် ဖိအားပေးနေတဲ့ ခက်ခဲမှုတချို့ ရှိရမယ်။ ဒီလိုမှမဟုတ်ရင် သူက သူ့မိသားစုဝင်တွေဆီကနေ သေချာပေါက် ဖုံးကွယ်ထားမှာ မဟုတ်ဘူး”

ဝမ်ကလန်၏ သခင်မကြီး သက်ပြင်းချလိုက်သည်။

မုန်တိုင်းများနှင့် ဆင်းရဲဒုက္ခများစွာတို့ကို ဘဝတစ်သက်တာ ဖြတ်သန်းပြီးနောက် ဤနှစ်ယောက်သည် ဝမ်ချောင်စိတ်ထဲတွင် ရှိနေသည့်အရာကို မည်သို့ မမြင်နိုင်ဘဲ ရှိမည်နည်း။ ယနေ့ည၏ဝမ်ချောင်သည် ထူးဆန်းနေခဲ့သည့်တိုင် သူသည် ထိုအရာက ဘာဖြစ်သည်ကို ပြောဆိုခြင်းမှ သူ့အား တားဆီးထားသည့် ခက်ခဲမှုအချို့ကို ထမ်းရွက်ထားပုံရသည်။

သူတို့နှစ်ယောက်သည် အတက်အကျ များစွာကို ကြုံတွေ့ခဲ့ဖူးပြီး ခေတ်အပြောင်းအလဲကို စောင့်ကြည့်နေခဲ့သောကြောင့် သူတို့သည် သူတို့ကလန်၏ ဂျူနီယာများကို ခက်ခဲသည့်နေရာတစ်ခုတွင် ထားရန် ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ဝမ်ကလန်၏သခင်ကြီးသည် ထိုစကားလုံးများကို ပြောဆိုခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်ကလန်၏သခင်ကြီးသည် နောက်ထပ် သက်ပြင်းတစ်ခုကိုသာ ချလိုက်သည်။

…

ဝမ်ချောင်သည် စိတ်ကစဉ့်ကလျားဖြင့် လေးပြည်နယ်သံရုံးမှ လမ်းလျှောက် ထွက်လာခဲ့သည်။ သူ၏ကျန်းချိုးကွေ့နှင့် ပဋိပက္ခသည် အဆုံးသတ်တစ်ခုသို့ ရောက်လာခဲ့သော်လည်း ဝမ်ချောင်သည် ဤကိစ္စက ပြီးဆုံးခြင်းမှ အလှမ်းဝေးနေသေးသည်ကို သိပေသည်။

ရထားလုံးထဲတွင် ထိုင်လိုက်ပြီးနောက် သူ့ဝမ်းကွဲ အစ်ကိုကြီး ဝမ်လျန်၏သတင်းကို ပထမဆုံး ရှာဖွေလိုက်သည်။

ဝေ့အန်းဖန်သည် အရက်မူးနေသော စာကလေးစားသောက်ဆိုင်၏ ဒုတိယအထပ်တွင် သူ့အဖွဲ့ကို တွေ့ရှိခဲ့သည်။ သူတို့၏ ဒဏ်ရာဒဏ်ချက်များသည် ပြင်းထန်ခဲ့သော်လည်း သူတို့က မသေနိုင်ကြပေ။

ဝမ်ချောင်က သူတို့အကြောင်း မေးမြန်းခဲ့ချိန်တွင် ဝမ်လျန်၏ ဒဏ်ရာများက တည်ငြိမ်သွားပြီးသား ဖြစ်ပေသည်။

အထူးကုသမှုဖြင့် သူသည် လုံးဝ ပြန်လည်ကောင်းမွန်လာရန် ကြာမည် မဟုတ်ပေ။

သို့သော်လည်း သူသည် သိုင်းပညာရှင်တစ်ယောက် မဟုတ်ခဲ့သောကြောင့် သူက သတိမေ့မျောနေဆဲ ဖြစ်သည်။ ဝမ်ချောင်သည် အချိန်အကြာကြီး မနေခဲ့ပေ။ သူ့ဝမ်းကွဲက အန္တရာယ်မရှိတော့သည်ကို အတည်ပြုပြီးနောက် သူသည် ထွက်သွားခဲ့ပြီး ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ပြန်သွားခဲ့သည်။

လေများသည် တောင်တန်းများပေါ်တွင် တိုက်ခတ်နေခဲ့ပြီး ညနက်နေပြီဖြစ်သော်လည်း ဓားသွးဖယ်ရှားခြင်းအိမ်တော်သည် လင်းထိန်နေခဲ့သည်။ ပိုင်စီလင်း၊ ကျိုးယာ့ထုံ၊ နယ်စားငယ်ယီ၊ ကျာချင်းထန်၊ ဖန်းရွှမ်းလင်၊ ရှုကန်း၊ ဝေအန်းဖန်၊ ဝမ်ရှန်းအာ၊ ရှုစီချင်း.. လူတိုင်း ဤနေရာတွင် ရှိနေခဲ့ကြသည်။ သူတို့အားလုံးတို့သည် တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့ကြပြီး ဝမ်ချောင့်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။ ထိုသည်မှာ သူတို့သည် အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့ကြပုံရသည်။ ဤစစ်ဆင်ရေးတွင် သူတို့အားလုံးမှာ သိသိသာသာ ဒဏ်ရာများ ရရှိခဲ့ကြသည်။ သို့သော် သူတို့သည် ၎င်းတို့ကို ပတ်တီးများဖြင့်သာ စီးထားကြ၏။ အလွန်နောက်ကျနေပြီဖြစ်သည့်တိုင် သူတို့ တစ်ယောက်မှ အနားယူရန် ပြင်ဆင်ထားပုံမရပေ။

အကြောင်းမှာ သူတို့အားလုံးသည် သူတို့စိတ်ထဲတွင် အတွေးတစ်ခု ရှိနေသေး၍ ဖြစ်သည်။ အကယ်၍ ဤအတွေးကို မဖြေရှင်းခဲ့ပါက သူတို့ တစ်ယောက်မှ အိပ်ပျော်နိုင်မည် မဟုတ်ပေ။

“ဝမ်ချောင်..”

နယ်စားငယ်ယီသည် ပထမဆုံး ရှေ့ထွက်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူ ဖြစ်သည်။ သူမ၏ မျက်နှာသည် တခြားလူတိုင်းကဲ့သို့ တည်ကြည်နေသည်။

ထိုခြံဝန်းရှိ တိုက်ပွဲ ပြီးဆုံးပြီးသည်နှင့် သူတို့အားလုံးက ဝမ်ချောင်၏အမိန့်အတိုင်း ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ပြန်လာခဲ့ကြသည်။ နယ်စားငယ်ယီကဲ့သို့ပင် သူတို့အားလုံးက ရှင်းပြချက်တစ်ခုကို စောင့်ဆိုင်းနေခဲ့ကြသည်။

ယနေ့ စစ်ဆင်ရေးနှင့် ပတ်သတ်သည့် ကိစ္စများစွာတို့သည် လျှို့ဝှက်ဆန်းကျယ်ပြီး အလွန်ရှုပ်ထွေးနေပေသည်။ စစ်ဆင်ရေး၏ ရုတ်တရက်ဆန်သော ရည်ရွယ်ချက်။ ထိုဟူအားလုံးတို့၏ ရုတ်တရက်ဆန်သော ပေါ်လာမှုနှင့် ထိုအရေးမကြီးပုံရသော ဟူကို အဆက်မပြတ် လိုက်လံ ဖမ်းဆီးမှုတို့ ဖြစ်ကြသည်။

သို့သော် နောက်ဆုံးတွင် သူတို့နောက်ကွယ်ရှိ ပုဂ္ဂိုလ်က ကျန်းချိုးကွေ့ ဖြစ်လိမ့်မည်ဟု တစ်ယောက်မျှ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့သည် ဝမ်ချောင့်အတွက် ကိစ္စများကို လုပ်ဆောင်ရန် စိတ်မရှိခဲ့ကြပေ။ အကယ၍ သူတို့အားလုံး သေဆုံးခဲ့ရလျှင်ပင် သူတို့က အတွန့်တက်ရန် အကြောင်းများစွာ ရှိမည် မဟုတ်ပေ။ အားလုံးပြီးနောက် ထိုသည်မှာ သူတို့၏ရွေးချယ်မှု ဖြစ်ပေ၏။

သို့သော် သူတို့က ရှင်းပြချက်တစ်ခု လိုပေသည်။ သူတို့သည် အနည်းဆုံး သူက ဘာကြောင့် ဤအရာကို ပြုလုပ်ခဲ့ကြောင်းသိရှိရန် လိုပေသည်။

တိတ်ဆိတ်နေသည့် အမှောင်ထုထဲတွင် မရေမတွက်နိုင်သော မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် ဝမ်ချောင့်ကို ကြည့်နေကြသည်။ မည်သူမျှ စကားမပြောခဲ့ပေ။ တစ်ခုတည်းသောအသံမှာ လေတိုက်နေသည့်အသံသာ ဖြစ်သည်။

ဝမ်ချောင် သူ့ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး အတွေးများစွာနှင့် စိတ်ကူးစိတ်သန်းများစွာတို့က သူ့ခေါင်းထဲ ပေါ်လာနေကြသည်။

“ငါ မင်းတို့အားလုံးကို အများကြီး မပြောပြနိုင်ဘူး”

ဝမ်ချောင်၏အသံသည် အမှောင်ထုထဲတွင် ပဲ့တင် ထပ်သွားခဲ့၏။ ဤအကြည့်များကို ရင်ဆိုင်ရာတွင် ဝမ်ချောင်၏မျက်လုံးများက တဖြည်းဖြည်း ပြတ်သားလာ၏။

“ဒါပေမဲ့ ငါ မင်းတို့ကို ပြောနိုင်တဲ့အရာတစ်ခု ရှိတယ်။ မင်းတို့ တစ်ယောက်မှ ဒီနေ့ အဖြစ်အပျက်တွေကို နောင်တရမှာ မဟုတ်ဘူး”

ထောင့်တိုင်းက တိတ်ဆိတ်သွားသည်။ လူအုပ်ကြီးသည် ဝမ်ချောင့်ကို ကြည့်လိုက်ပြီး ဝမ်ချောင်ကလည်း ပြန်ကြည့်လိုက်သည်။ မည်သူမျှ စကားမပြောခဲ့ကြပေ။

စိုးရိမ်စရာကောင်းသော လေထုတစ်ခုက တဖြည်းဖြည်း ဝင်လာသည်။ အချိန်သည် တခဏမျှ ရပ်တန့်သွားပုံပေါ်ပြီး စက္ကန့်တစ်ခုချင်းစီက ကမ္ဘာတစ်ခုကဲ့သို့ ကြာရှည်နေပုံရသည်။

“ငါ နင့်ကို ယုံတယ်”

ပိုင်စီလင်း လူအုပ်ထဲမှ ရုတ်တရက် ထွက်လာပြီး တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွင်းလိုက်သည်။

“ဘာကြောင့်လဲ ဆိုတာ ငါ မသိပေမဲ့ နင့်ဆီက ဒီစကားတွေက လုံလောက်တယ်။ ငါ နင့်ကို ယုံတယ်”

“ဟား ဟား ငါ ကလည်း မင်းကို ယုံတယ်။ ငါ အဲလောက် စိတ်မဝင်စားပါဘူး။ လေ့ကျင့်ရေးမစ်ရှင်တုန်းကလိုပဲ ငါ မင်းပြောသမျှကို လုပ်မယ်”

ရှေ့ထွက်လာသည့် ဒုတိယလူမှာ ရှုကန်းဖြစ်၏။ ဝမ်ချောင်နှလုံးသား၏ နူးညံ့သောအပိုင်းသည် ရုတ်တရက် ထိရှသွားပြီး သူ့မျက်လုံးများက ရုတ်တရက် စိုစွတ်လာခဲ့သည်။

“ဟီးဟီး.. ဟီးဟီး.. နင့်ရဲ့ဒီစကားတွေကနေ နင်က ငါ သိတဲ့ လူဖြစ်နေတုန်းဆိုတာ ငါ ပြောနိုင်တယ်။ အနာဂတ်မှာ တကယ်လို့ နင်တစ်ခုခု လိုအပ်လာရင် ငါ့ကိုသာ ခေါ်လိုက်ပါ။ ငါတို့ရဲ့ ကျိုးကလန်က နင့်ကို အစွမ်းကုန် ကူညီလိမ့်မယ်”

ကျိုးယာ့ထုံ အပြုံးတစ်ခုဖြင့် ရှေ့ထွက်လာခဲ့၏။

ဤသည်မှာ သူမသည် ဝမ်ချောင်နှင့်အတူ အလုပ်လုပ်သည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဝမ်ချောင်သည် သူ့စွမ်းရည်များနှင့် အားပေးမှုများကို သက်သေပြခဲ့ပြီးဖြစ်သည်။ သူမသည် ထိုအချိန်က ဝမ်ချောင့်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သောကြောင့် သူမသည် သဘာဝအားဖြင့် ယခု သူ့ကို သံသယ ရှိလိမ့်မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်”

ဝမ်ချောင် ထိရှသွားကာ ပြောလိုက်သည်။

“ဟား ဟား သခင်လေး ကျွန်တော့်ကို ဘာမှရှင်းပြဖို့ မလိုပါဘူး။ မင်းက ဘာပဲ ဆုံးဖြတ်ပါစေ။ မင်းက ဘယ်ကိုပဲ သွားပါစေ။ ငါ မင်းရဲ့ဘေးမှာ အမြဲတမ်း ရပ်နေလိမ့်မယ်”

တစ်ခဏကြာပြီးနောက် ကျာချင်းထန် လူအုပ်ထဲမှ ထွက်လာခဲ့ပြီး ဝမ်ချောင်၏ဘေးတွင် ရပ်လိုက်သည်။ သူသည် အချိန်အကြာကြီး တောင်ပေါ်တွင် စောင့်ဆိုင်းနေခဲ့ရသောကြောင့်သာ သူသည် လူအုပ်ထဲတွင် ရပ်နေခဲ့ခြင်း ဖြစ်ပေသည်။

သူသည် သူ့သခင်လေးကို ဘယ်တုန်းကမျှ တစ်ကြိမ်ပင် သံသယမဝင်ခဲ့ပေ။ အကယ်၍ အထင်လွဲမှုများကို ရှောင်ရှားရန် မဟုတ်ခဲ့ပါက သူက ရှေ့သို့ပင် ထွက်မည် မဟုတ်ဘဲ စကားတစ်ခွန်းပင် ပြောမည် မဟုတ်ပေ။

ပိုင်စီလင်း၊ ကျိုးယာ့ထုံ၊ ရှုကန်းနှင့် ကျာချင်းထန်တို့ ရှေ့ထွက်လာခဲ့ခြင်းဖြင့် ပိုများသော လူများ သူတို့နှင့် လာပူးပေါင်းခဲ့ကြသည်။

“ငါမင်းကို ယုံတယ်”

“ငါမင်းကို ယုံတယ်”

“ငါမင်းကို ယုံတယ်”

“ငါမင်းကို ယုံတယ်”

…

နယ်စားငယ်ယီ၊ ချန်ပုယန်၊ ကျိုးကျီမင်၊ ကျန်ကျွမ်းဖျင်၊ ရှီဝေ့စီ… လူတစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာခဲ့ကြသည်။

သူတို့ တစ်ယောက်ချင်းစီသည် ဝမ်ချောင့်အတွက် သူတို့၏ ထောက်ခံမှုကို ပြသရန် အရိုးသားဆုံး စကားလုံးများနှင့် အရိုးသားဆုံး အပြုအမူများကို အသုံးပြုခဲ့ကြသည်။

တစ်.. နှစ်.. သုံး..

တစ်.. နှစ်.. သုံး.. မရေမတွက်နိုင်အောင်

…

ညသည် အေးစက်နေသည့်တိုင် သူတို့ထဲရှိ ဤရင်းနှီးနေသော အကြည့်များနှင် ခိုင်မာသည့် ယုံကြည်မှုနှင့် ထောက်ခံမှုသည် ဝမ်ချောင့်ကို သူ့နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကိုသာ ခံစားစေခဲ့သည်။

လေနှင့် မုန်တိုင်းများကို ခံနိုင်ရည် မရှိသည့် ထင်းရှူးသားသည် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ထွင်းထုမထားသည့် ကျောက်စိမ်းသည် တန်ဖိုးရှိသော အရာတစ်ခု ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပေ။

ဤစစ်ဆင်ရေးသည် သူတို့ကို ရှုံးနိမ့်သွားသည်ဟု မခံစားစေခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက သူတို့ကို ပိုနီးကပ်သွားစေခဲ့သည်။ မိန်းမောနေစဉ် ဝမ်ချောင်သည် သူက မမြင်ရသော တောင်ပံတစ်စုံက တဖြည်းဖြည်း ဖြန့်ထုတ်ပြန့်ကား လာသည်ကို ခံစားလိုက်ရသည်။

ဤသည်က သူအမှန်တကယ်ပိုင်ဆိုင်သည့် ခွန်အားတစ်ခု၊ သူ၏အနာဂတ်အဖွဲ့ မဟာမိတ်များ လက်ထဲတွင် ရှိသည့် ရဲဘော်ရဲဘက်များ.. ဖြစ်ပေသည်။

All Chapters