အခန်း (၄၆၁-၄၆၅)
Vol. 21 Ch. 461-465
အခန်း ၄၆၁
ပိုင်စီလင်း၊ ကျိုးယာ့ထုံနှင့် ရှုကန်းတို့ လျင်မြန်စွာ ထွက်ခွာသွားကြကာ ရှုစီချင်းနှင့် ဝမ်ရှန်းအာတို့ ပျောက်ကွယ်သွားခဲ့ကြပြီး ဝေ့အန်းဖန်နှင့် တခြားသူများသည်လည်း ဓားသွားဖယ်ရှားခြင်းအိမ်တော်မှ ထွက်ခွာသွားကြသည်။
ဤညတွင် လူများစွာတို့သည် တောင်အောက်သို့ ဆင်းသွားကြ၏။
ဝမ်ချောင်ကဲ့သို့ပင် သူတို့အားလုံးသည် ရှင်းပြချက်တစ်ခုအတွက် ပြန်သွားရန် လိုအပ်ပေသည်။ သူတို့၏ကလန်များကို ရှင်းပြချက်တစ်ခုပေးရန် လိုအပ်သည့်အရာများစွာ ဖြစ်ပျက်သွားခဲ့ပေသည်။
တစ်ခါက လူပြည့်နေခဲ့သည့် ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ အထီးကျန်ဆန်သည့် မီးအိမ်များသာ ကျန်ရစ်နေခဲ့ကြပြီး အေးစက်သည့် လေများကြား ယိမ်းထိုးနေခဲ့ကြသည်။
ဂူး ဂူး..
ညသိမ်းငှက်တစ်ကောင်၏ အသံသည် အပေါ်ဖက်မှ ထွက်ပေါ်လာကာ ၎င်းက တောင်ဆီသို့ ပျံသန်းလာခဲ့သည်။
“ဘယ်လောက်လောက် ကြာလဲ”
“ဘယ်လောက်ကြာလဲ”
အမှောင်ထဲတွင် ဝမ်ချောင်သည် လက်နောက်ပစ်ထားကာ တောင်ထိပ်၏အစွန်းတွင် ရပ်နေခဲ့ပြီး မည်းမှောင်နေသည့် တောင်တန်းများကို ကြည့်ရှုနေခဲ့သည်။ တိုက်ခတ်နေသည့် လေများသည် သူ့ဝတ်ရုံကို တလူလူ လွင့်နေစေခဲ့ကာ လေထုကို ပို၍ပင် အေးစက်သွားစေပုံရသည့် တရွှီရွှီ အသံကို ဖြစ်ပေါ်နေစေခဲ့သည်။
“တော်ဝင်စစ်တပ်က စတင်လှုပ်ရှားသွားပြီးတော့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးကတောင် တပ်သားတွေကို ဒီနေရာကို စေလွှတ်လိုက်တယ်။ ကျွန်တော် နန်းတော်ထဲမှာ လှုပ်ရှားမှု ရှိတယ်လို့တောင် ကြားခဲ့ရတယ်”
…
လူအိုကြီးလင်းယုန်ငှက်၏ စိုးရိမ်တကြီး အသံတစ်ခုက အမှောင်ထဲမှနေ၍ ထွက်ပေါ်လာခဲ့သည်။
သူသည် ဝမ်ချောင်အနီးတွင် ရပ်နေကာ ထိုညသိမ်းငှက်သည် သူ့ပခုံးပေါ် ယခုလေးတင် ဆင်းသက်လာခဲ့သည်။ သူ ယခုလေးတင် ဖတ်ပြီးသွားသော အဖြူရောင်စာရွက်ကို လေထဲသို့ ပစ်လွှတ်လိုက်ကာ ထိုနေရာတွင် ၎င်းသည် အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ပြီး လေနှင့်အတူ လွှင့်ပါသွားခဲ့သည်။
စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုတို့တွင် ပေးရမည့် တန်ဖိုးတစ်ခု ရှိပေသည်။ သိသာသော အရေအတွက်ရှိသည့် ဟူများသည် အရက်မူးနေသော စာကလေး စားသောက်ဆိုင်တွင် သေဆုံးသွားခဲ့ကြပြီး မနည်းလှသော ရိုကျိုးတပ်သားများသည် မြို့တော်၏ အစွန်ရှိ ထိုခြံဝန်းထဲတွင် သေဆုံးခဲ့ကြသည်။ ဤသည်က တိုင်းပြည်၏မြို့တော် ကောင်းကင်သားတော်၏ ခြေရင်း၌ ဖြစ်သွားခဲ့သည့် ကြီးမားလှသော ဖြစ်ရပ်တစ်ခု လက်နက်ကိုင် စစ်ဆေးတိုက်ပွဲတစ်ခု ဖြစ်ပေသည်။ ၎င်းသည် နယ်စပ်၏ အဓိက စစ်သူကြီးကျန်းချိုးကွေ့ပင် ပါဝင်နေခဲ့ပေသည်။ တော်ဝင်စစ်တပ်နှင့် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးတို့သည် သူတို့က ကန်းနေကြသကဲ့သို့ မပြုမူနိုင်ပေ။
တိုက်ပွဲမတိုင်မီ လူတစ်ဦးသည် ဤအင်အားစုများက အငိုက်မိသွားခဲ့ကြသည်ကို ပြောနိုင်ပေသည်။ သို့သော် ယခုအခါ ဖုန်မှုန့်များက အနည်ထိုင်သွားခဲ့ပြီဖြစ်၏။ ဤလူများသည် ဝမ်ချောင့်ကို ဖမ်းဆီးရန် လာနေကြသည်မှာ သံသယရှိရန် မလိုပေ။
“နောက်ပြီး မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းကလည်း လူတွေကို လွှတ်လိုက်တယ်။ သူတို့က တခြားလူတွေထက် ပိုပြီး မြန်မြန်တောင် ရောက်လာနိုင်တယ်”
ဤနောက်ဆုံးစကားလုံးများဖြင့် လူအိုကြီးလင်းယုန်ငှက်၏မျက်နှာ မည်းမှောင်သွားကြ၏။ ဤသည်ကား မှီခိုသူများ၏ ဘုရင့်အမှုထမ်းနှင့် ဝမ်ချောင်၏ ပထမဆုံးအကြိမ် ပြဿနာတက်ခြင်း မဟုတ်ပေ။ ဤဖြစ်ရပ်သည် မူလက မှီခိုသူများ၏ ဘုရင့်အမှုထမ်းနှင့် ဘာမှမဆိုင်ခဲ့ပေ။
ဟူပမာဏ အများအပြားသည် ဒဏ်ရာရသူရ အသတ်ခံရသူ အသတ်ခံခဲ့ရပြီဲး မြို့တော်ရှိ အားကောင်းသော ဟူကုန်သည်အချို့သည်လည်း သူတို့ထဲတွင် ပါဝင်ခဲ့ကြသည်။ ဤသည်ကပင် မှီခိုသူများ ဘုရင့်အမှုထမ်း၏ ပိုက်နက်ထဲသို့ ရောက်ရှိသွားစေခဲ့၏။
မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် တစ်မူထူးခြားသော အဆင့်အတန်းရှိပြီး ကြီးမားလှသော ဩဇာအာဏာရှိသည်။ ထို့အပြင် ၎င်းသည် ဝမ်ချောင်နှင့် တစ်ခဏတာ ရင်ဆိုင်လိုခြင်းမျိုး မဟုတ်ပေ။ သို့သော်လည်း အတိတ်တွင် ဝမ်ကလန်၏ ဩဇာလွှမ်းမိုးမှုနှင့် ဝမ်ချောင်၏ အတိုင်းအဆတို့က သူတို့အား မည်သည့်အခွင့်အရေးကိုမျှ မရရှိစေခဲ့ပေ။ သူ့ကို ရင်ဆိုင်ရာတွင် သူတို့အား အကူအညီမဲ့ စေခဲ့သည်။
သို့သော် ဤတစ်ကြိမ်…
ဝမ်ချောင်သည် သူ့ကိုယ်သူ သူတို့ထံသို့ ပို့လိုက်ပေ၏။
ဝမ်ချောင်၏အမူအရာသည် တည်ငြိမ်နေပြီး များစွာ မအံ့ဩခဲ့ပေ။
အရာရာတိုင်းတွင် တန်ဖိုးတစ်ခု ရှိပေသည်။ ဤစစ်ဆင်ရေး မစတင်မီ သူသည် အကျိုးဆက်များကား မည်သည့်အရာ ဖြစ်မည်ကို သိရှိထားပြီးဖြစ်သည်။ အကျဉ်းကျခြင်းသည် သူ့ ပထမဆုံးအကြိမ် မဟုတ်ပေ။
သို့သော် ဝမ်ချောင် မကြောက်ပေ။
အကယ်၍ ဝမ်ချောင်သည် ချမ်းသာကြွယ်ဝမှုနှင့် ရာထူးအဆင့်ကို တပ်မက်ခဲ့ပါက သူ ကြောက်နိုင်ပေသည်။ အကယ်၍ ဝမ်ချောင်သည် ဘဝကို တပ်မက်ပြီး သေခြင်းတရားကို ကြောက်ရွံ့ပါက သူ ကြောက်ပေလိမ့်မည်။ သို့သော် ဘဝနှစ်ခု ရှင်သန်ခဲ့သူအနေဖြင့် ဝမ်ချောင်သည် ဤအရာအားလုံးကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။
သူသည် ဤနေရာကို ပန်းတိုင်တစ်ခုအတွက် အကြောင်းပြချက်တစ်ခုအတွက် ပေါ်လာခဲ့ပေ၏။
တိုင်းပြည်ကောင်းကျိုးအတွက် ငါ့အသက်ကို ပေးဖို့ ငါ ဆန္ဒရှိတယ်။ ဒါမှမဟုတ် လူတစ်ယောက်က ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးပြီး ကောင်းချီးတွေနဲ့ ကြုံဆုံရတဲ့အခါ ချဉ်းကပ်သင့်လား။ ဤသည်မှာ ဝမ်ချောင်လာခဲ့သည့် အခြားလောကမှ ဆိုရိုးတစ်ခု ဖြစ်ပြီး ဝမ်ချောင် သူ့ကိုယ်သူ နှစ်သိမ့်ရန် အသုံးပြုခဲ့သည့် ဆိုရိုးလည်း ဖြစ်သည်။
ထို့ကြောင့် ဝမ်ချောင်သည် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံး ဖြစ်စေ။ မှီခိုသူများ၏ ဘုရင့်အမှုထမ်း ဖြစ်စေ မည်သူ လာသည်ဖြစ်စေ ဂရုမစိုက်ပေ။ သူ၏ တကယ့်စင်စစ် စိုးရိမ်မှုများသည် ဘယ်တုန်းကမှ ဤအရာများအပေါ် မရှိခဲ့ပေ။ ဝမ်ချောင် လက်ဝှေ့ယမ်းလိုက်ကာ အေးအေးလူလူ ပြောလိုက်၏။
“ငါ နားလည်ပြီ ခဏနေ ပေါ်လာတာက တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးပဲ ဖြစ်ဖြစ် မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းပဲ ဖြစ်ဖြစ် သူတို့ကို မတားနဲ့.. သူတို့ကို ဝင်လာခွင့် ပြုလိုက်ပါ”
“ဒါက… ဟုတ်ကဲ့ပါ သခင်လေး”
လူအိုကြီး လင်းယုန်ငှက် အံကြိတ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းငုံ့လိုက်၏။ ဝမ်ချောင် ဘာမှ ထပ်မပြောခဲ့ပေ။ လေတိုက်ခတ်သံများကို အမှောင်ထဲတွင် ကြားရနိုင်ပေသည်။ ဤလေသည် ကြယ်များကို ဝမ်းနည်းစေပုံရပြီး ဝမ်ချောင်၏စိတ်ကိုလည်း ဝမ်းနည်းစေပုံရသည်။
တောင်၏နောက်တွင် ဝမ်ချောင်က ဖြည်းညင်းစွာ ဦးတည်ရာမဲ့ လျှောက်လှမ်း ဆင်းလာနေသည်။ အန်းယာ့လျူရှန်းကို သတ်ဖြတ်မည့် စစ်ဆင်ရေးသည် ကျရှုံးသွားခဲ့၏။ ယနေ့ပြီးပါက သူသည် သူ့အတွေးများကို ဂရုတစိုက် စုစည်းရမည် ဖြစ်ပြီး အနာဂတ်တွင် သူ လုပ်သင့်သည့်အရာကို တွေးတောရပေမည်။
အကယ်၍ သူသည် ကိစ္စများကို မရှင်းလင်းနိုင်ခဲ့ပါက ဝမ်ချောင်သည် သူ့နှလုံးသားကို ဘယ်တော့မှ ငြိမ်းအေးစေနိုင်မည် မဟုတ်ပေ။
…
အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွား၏။ ဝမ်ချောင်သည် တောင်တန်းများတစ်လျှောက် တစ်ယောက်တည်း လျှောက်လှမ်းလာပြီး သူ့နောက်သို့ လူတစ်ယောက်ကိုမျှ မလိုက်လာစေခဲ့ချေ။
သူ မသိလိုက်ဘဲ အရှေ့ဘက်ကောင်းကင်ယံက တဖြည်းဖြည်း လင်းထိန်လာခဲ့၏။ ဝမ်ချောင်သည် သူက တောင်ခြေသို့ ရောက်သည်အထိ ဤပုံစံအတိုင်း ဆက်ထိန်းထားနိုင်မည်ဟု တွေးထင်ထားခဲ့သော်လည်း အဖြစ်အပျက်များသည် လုံးဝ ခြားနားသွားခဲ့ပြီး မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခုက ဖြစ်လာခဲ့သည်။
ဂူး ဂူး..
ဤတောင်တန်းများရှိ အခြားမည်သည့်အသံနှင့်မျှ မတူသော ထူးဆန်းသည့် ငှက်အော်သံတစ်ခုက တောင်တန်းများ၏ တိတ်ဆိတ်နေမှုကို နှောင့်ယှက်သွားခဲ့ပြီး ဝမ်ချောင်၏အတွေးများကို ပျက်စီးသွားစေခဲ့သည်။
ဝမ်ချောင် မျက်မှောင်ကြုတ်မိပြီး အလိုလို မော့ကြည့်လိုက်၏။ မှောင်မည်းနေသည့် ကောင်းကင်ယံတွင် ဝမ်ချောင်က အနောက်တောင်ဘက်သို့ ကြည့်လိုက်မိပြီး ထိုနေရာတွင် ငှက်ကြီးတစ်ကောင်က လျှပ်စီးတစ်ခုကဲ့သို့ သူ့ဆီသို့ ပျံသန်းလာနေခဲ့သည်။
ဤငှက်ကြီးသည် သိမ်းငှက်နှင့် စာကလေးကဲ့သို့ အရောအနှော ဖြစ်ပုံရ၏။ ၎င်းသည် ရွှေရောင် အမွေးအတောင်များဖြင့် ဖုံးလွှမ်းထားခဲ့ပြီး အနည်းဆုံး သာမန်သိမ်းငှက်တစ်ကောင်ထက် နှစ်ဆရှိသည်။
၎င်း၏ အထင်ရှားဆုံး အပိုင်းမှာ ၎င်း၏ ခြေထောက်များရှိ နီရဲသောအနီရောင် ကွင်းနှစ်ကွင်း ဖြစ်၏။
ဘုန်း…
ထိုအနီရောင်ကွင်းများ၏ မြင်ကွင်းသည် ဝမ်ချောင်၏ ဝေဝါးဝါး မျက်လုံးများကို ရုတ်တရက် တောက်ပသွားစေခဲ့ကာ သူ့အား အသိစိတ် ဝင်လာစေခဲ့သည်။
အလွန်အမင်း ဆိုးရွားသော ခံစားချက်က သူ့စိတ်နှလုံးသားထဲ ပေါ်လာခဲ့၏။ ဝမ်ချောင်၏တစ်ကိုယ်လုံးသည် တုန်ခါလာပြီး အိပ်ချင်မူးတူး ဖြစ်မှုများအားလုံး ပျောက်ကွယ်သွားသည်။
ဝမ်ချောင် ထိုငှက်ကို မှတ်မိလိုက်သည်။
၎င်းသည် အနောက်တိုင်းဒေသများရှိ ဂိုပိုင်းသဲကန္တာရမှ မြစ်ဖျားခံလာခဲ့သော လင်းယုန်ငှက်တစ်ကောင်နှင့် ငှက်ကျားတစ်ကောင်တို့၏ မျိုးစပ်ဖြစ်သည်။ ၎င်းတွင် ခက်ထန်သော ဗီဇရှိပြီး အလွန်မြန်ဆန်သော အမြန်နှုန်းတစ်ခု ရှိသည်။ ၎င်းသည် မျိုးဝင် လင်းယုန်ငှက်များ မြင့်မားလှသော ကောင်းကင်ယံကို အုပ်စိုးသည့် ငှက်များကို အမဲလိုက်နိုင်စွမ်း ရှိသည်။
ဝမ်ချောင်သည် ၎င်းကို လူအိုကြီးလင်းယုန်ငှက်နှင့်အတူ ယခင်က တွေ့ခဲ့ဖူးသည်။ သို့သော် ထိုအရာများတစ်ခုမှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ လူအိုကြီးလင်းယုန်ငှက် နာရီများစွာ လေ့ကျင့်ပေးခဲ့ရသည့် ဤလင်းယုန်ငှက်ဘုရင်သည် လွန်ခဲ့သည့် နှစ်ဝက်က ဝမ်ချောင်မှနေ၍ တိုင်းပြည်၏ အနောက်တောင်ဘက် တစ်ကိုယ်တော်ဝံပုလွေဆီသို့ ပို့လွှတ်ခဲ့ပေသည်။
ဤလင်းယုန်ငှက်ဘုရင်သည် အလွန်အမင်း ခက်ထန်ပြီး အားကောင်းလှသောကြောင့် ၎င်းသည် မျိုးဝင် လင်းယုန်ငှက်များ၏ ဝေဟင်ပိုင်စိုးမှုကို ချိုးဖျက်နိုင်သည်။ ရလဒ်အနေဖြင့် ဝမ်ချောင်က ၎င်းကို တစ်ကိုယ်တော်ဝံပုလွေထံသို့ ပို့သောအခါ သူ့အမိန့်များသည် အန္တရာယ်မှ လွတ်ကင်းခဲ့ကြသည်။
ထိုလင်းယုန်ငှက်ဘုရင်သည် လုံးဝအရေးကြီးသော အချက်အလက်များ မရှိပါက အခြေအနေသည် အလွန်အမင်း အန္တရာယ်မများခဲ့ပါက ပို့လာ၍ မရပေ။
ရလဒ်အနေဖြင့် တစ်ကိုယ်တော်ဝံပုလွေသည် လင်းယုန်ငှက်ဘုရင်က သူနှင့်အတူ တစ်ချိန်လုံး ရှိနေခဲ့သော်လည်း သူသည် ၎င်းကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ပေ။ သာမန်အချက်အလက်များကို သာမန်လမ်းကြောင်းများမှ ပို့လာပေသည်။
ဤလင်းယုန်ငှက်ဘုရင် ဤနေရာတွင် ပေါ်လာခြင်းက တစ်ခုတည်းသာ ဖြစ်ပေသည်။ အနောက်တောင်ဘက်သည် ကြီးမားလှသော အုံကြွမှုတစ်ခုကို ကြုံတွေ့ခဲ့ရပေသည်။
“ဒါက.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ငါ့အမိန့်တွေက ရှင်းလင်းပါတယ်။ ဒါကြောင့် သူက ဒီငှက်ကို ဘာလို့ အသုံးပြုခဲ့တာလဲ”
ဝမ်ချောင်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ပြီး သူ့စိတ်က လေးလံသွားသည်။
ဟှမ်း..
ဝမ်ချောင် အတွေးထဲ နှစ်မြောနေစဉ် လေများ တိုက်ခတ်သွား၏။ ထက်ရှပြီး တောက်ပသည့် မျက်လုံးများနှင့် လင်းယုန်ငှက်ဘုရင်သည် ၎င်း၏ ကြီးမားလှသော ရွှေရောင်တောင်ပံများကို ခတ်လိုက်ပြီး သူ့ကိုယ်သူ နှေးကွေးစေလိုက်ကာ ဝမ်ချောင့်ထံသို့ ဆင်းသက်လာခဲ့သည်။
ဝမ်ချောင်သည် အလိုလို သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်မိ၏။
ဘုန်း..
လောကကြီး တုန်ခါသွားကာ အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသောအသံ ဝမ်ချောင်၏စိတ်ထဲ ပေါ်လာခဲ့သည်။
“အသုံးပြုသူသည် တစ်နှစ်တာ ရှင်သန်ခဲ့ပြီး ကံကြမ္မာမှတ် ၄၀၀ ကျော်ကို စုဆောင်းခဲ့သည်။ မစ်ရှင်ကံကြမ္မာစမ်းသပ်မှုကို တရားဝင် စတင်လိုက်သည်။ မစ်ရှင်ကို ပြီးမြောက်သည်နှင့် အသုံးပြုသူသည် ဂုဏ်ပုဒ်အသစ် ကံကြမ္မာထိန်းချုပ်သူကို ရရှိပေလိမ့်မည်။ ထို့အပြင် အသုံးပြုသူ၏ ရှင်သန်နိုင်စွမ်း လောကအချုပ်အနှောင်ကို ခုခံနိုင်စွမ်းနှင့် ကံကြမ္မာကို စိုးမိုးနိုင်စွမ်းတို့သည် ကြီးစွာ တိုးတက်သွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ဆုလာဘ်အသစ်များ ပွင့်သွားပေမည်။
“မစ်ရှင် ကျရှုံးပါက သေဆုံးသွားမည် ဖြစ်ပြီး အသုံးပြုသူအသစ်ကို ရှာဖွေပေလိမ့်မည်။”
ဘုန်း..
ဤသတိပေးအသံသည် ဝမ်ချောင်၏စိတ်ကို တုန်ခါသွားစေခဲ့သော်လည်း သူ တွေးပင် မတွေးလိုက်နိုင်မီ..။
ခရပ်..
မရေမတွက်နိုင်သော သွေးစွန်းနေသည့် အလင်းရောင်များသည် သူ့မြင်ကွင်းထဲသို့ တိုးဝင်လာခဲ့ကြသည်။
ဝမ်ချောင် မျက်စိရှေ့ရှိ လောကကြီးတစ်ခုလုံးသည် သွေးလိုက်ကာတစ်ခုဖြင့် ဖုံးလွှမ်းခံလိုက်ရသည့်အလား အရာရာတိုင်း နီရဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ပုံရိပ်များက သူ့ဆီသို့ လှိုင်းများနှယ် တိုးဝင်လာခဲ့၏။
အခန်း ၄၆၂
အုံကြွမှုနှင့် ကံကြမ္မာစမ်းသပ်မှု၊ မစ်ရှင်အကြောင်းအရာများ။
“ကျွမ်းကျူက ဘုရင်ယောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အခါ ကြယ်တံခွန်တစ်ခုက လကို ဖြတ်သန်းသွားတယ်။ နယ်ကြမ်းက ဟန်ဟွေးကို လုပ်ကြံခဲ့တဲ့အခါ အဖြူရောင်အလင်းတန်းတစ်ခုက နေမင်းဆီကို ပြေးထွက်သွားခဲ့တယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ပြိုကွဲမှုက တစ်ရက်တည်းမှာ မဖြစ်ပွားဘူး။ သူ့အဆုံးသတ် လက္ခဏာတွေက မြင်တွေ့နိုင်တယ်”
ဘုန်း..
တဒင်္ဂအတွင်းမှာပင် သွေးများ ဖုံးလွှမ်းနေသည့် မြင်ကွင်းတစ်ခုသည် ဝမ်ချောင်ရှေ့တွင် ပေါ်လာကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များက သူ့ကို ထိုးနှက်နေခဲ့ကြသည်။ ဝုန်းခနဲအသံနှင့်အတူ ကြီးမားလှသော နယ်မြေတစ်ခုသည် ဝမ်ချောင်ရှေ့တွင် ဆန့်ထွက်သွားခဲ့သည်။
အလယ်ပိုင်းလွင်ပြင်ဒေသ..
ဤသည်ကား အားလုံးကို တစ်ခါတည်းတွင် မြင်တွေ့ရသည့် သူ၏ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဝမ်ချောင်သည် လုံးဝ ယုံကြည်မှုရှိခဲ့သည်။
သို့သော် ပြီးနောက် ဝုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကောင်းကင်သည် အရှေ့တောင်ဘက်အပေါ် ပြိုကျသွားကာ အနောက်မြောက်ဘက်ရှိ ကမ္ဘာမြေကြီးသည် နှစ်မြှုပ်သွားခဲ့ပြီး ဝမ်ချောင် မျက်စိရှေ့၌ပင် အနောက်တောင်ဘက်သည် တုန်ခါသွားကာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ပြီး သွေးအလင်းရောင်တစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။ လျှပ်တပြတ်အတွင်း ၎င်းသည် အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံးကို ဝါးမျိုရန် အနောက်တောင်ဘက်မှ စတင်လာသည့် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စက္ကန့်အနည်းငယ်အတွင်း ဤကြီးမားလှသော နယ်မြေအားလုံးသည် တောက်လောင်နေသည့် မီးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“အား..”
ကမ္ဘာမြေကြီး ပျက်စီးသွားသည်နှင့် ဝမ်ချောင်သည် သူ့နားထဲတွင် သနားစရာ အော်သံတစ်ခုကို ကြားလိုက်ရကာ နားစည်များ ကွဲအက်လုနီးပါးဖြစ်သည်။ အော်သံများသည် တစ်ခုမှ ဆယ်ခု ဖြစ်လာပြီး ထို့နောက် ရာချီ ထောင်ချီ မရေမတွက်နိုင်အောင် ဖြစ်လာခဲ့သည်။
ခရပ်..
ဘုန်း..
မီးနှင့် မီးခိုးများ နယ်မြေများကို လောင်ကျွမ်းသွားကာ မရေမတွက်နိုင်သော အဆောက်အဦးများ ပြိုကျသွားသည်။ မရေမတွက်နိုင်သော အလောင်းများ၊ လူကြီး၊ လူငယ်၊ ကလေးသူငယ်များ ယောက်ျား၊ မိန်းမ.. ထောင်သောင်းချီသော အလောင်းများသည် မီးခိုးနှင့် မီးများထဲတွင် ပုံနေခဲ့ကြသည်။ အလောင်းတောင်တန်းများသည် သူ မြင်နိုင်သလောက် ပြန့်ကျဲနေခဲ့ကြပြီး ကမ္ဘာမြေကြီးကို ဖုံးလွှမ်းနေခဲ့ကြသည်။
သွေးများသည် ဤအလောင်းတောင်တန်းများအကြား စိမ့်ထွက်လာခဲ့ကြပြီး အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံးကို ဖုံးလွှမ်းရန် မြစ်များကဲ့သို့ စီးထွက်လာနေကြသည်။
ဝမ်ချောင်သည် မရေမတွက်နိုင်သော သတ္ထုထိခိုက်သံများကို ကြားလိုက်ရကာ အဆုံးမဲ့သော တိုင်းတစ်ပါးမြင်းတပ်တစ်ခုနှင့် စစ်အလံများက အလယ်ပိုင်း လွင်ပြင်ဒေသအပေါ် လွတ်လပ်စွာ မင်းမူနေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ကြီးသည် နီရဲနေပြီး ကမ္ဘာမြေကြီးက ဒုက္ခရောက်နေခဲ့သည်။ နောက်ဆုံးမြင်ကွင်းတွင် ဝမ်ချောင်သည် မရေမတွက်နိုင်သော အဖြူရောင်အရိုးများက သွေးပင်လယ်ထဲ မျောပါနေခဲ့ကာ နဂါးအလံများက မီးနှင့် မီးခိုးများထဲတွင် ပျက်စီးနေသည်ကို တွေ့မြင်လိုက်ရသည်။
ဤအားကောင်းလှသော နှစ်၃၀၀နီးပါး ထွန်းကားခဲ့သော အားကောင်းလှသော တိုင်းပြည်၊ နှစ်ပေါင်း ၃၀၀၀ကျော် ထွန်းကားခဲ့သော အလယ်ပိုင်းလွင်ပြင်ဒေသ၏ ယဉ်ကျေးမှု အားလုံးတို့သည် ပြာမှုန့်များ ဖြစ်လာခဲ့ကြသည်။
ဝူး..
လေတိုက်သံသည် ဝမ်ချောင့်ကို မျက်လုံးများ ပွင့်သွားစေခဲ့သည်။ ကောင်းကင်ယံတွင် ထိုကြီးမားလှသော ထိုလင်းယုန်ငှက်ဘုရင်သည် ယခုလေးတင် သူ့လက်မောင်းပေါ် ဆင်းသက်လာခဲ့သည်။
“ဘယ်အဖြစ်အပျက်ရဲ့ တိုးတက်မှုမဆို ရှာဖွေလို့ရတဲ့ သဲလွန်စတွေ ရှိကြတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု။ မွေးဖွားခြင်းနဲ့ ပျက်စီးခြင်း။ ဘယ်တိုင်းပြည်ရဲ့ အစားထိုးမှု။ ဘယ်ယဉ်ကျေးမှုရဲ့ ရှင်သန်မှုနဲ့ သေဆုံးမှုတို့က ပုန်းကွယ်နေတဲ့ အခြေအနေတစ်ခု ရှိကြတယ်”
“အနောက်တောင်ဘက်က ပြိုလဲတဲ့အခါ ကမ္ဘာမြေတစ်ခုလုံးက အဲဒါနဲ့အတူ လဲကျပြီး နှစ်၃၀၀ကျော် တည်တံ့ခဲ့တဲ့ တိုင်းပြည်တစ်ခုဟာ သူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုလိုက်တယ်။ ဝင်နေတဲ့နေရဲ့ အလင်းရောင်အောက်မှာ အဲဒါက မြေကြီးပေါ်ကို ပြိုကျသွားခဲ့တယ်။ ချင်က ဒရယ်တွေကို ဆုံးရှုံးသွားခဲ့ပြီး လောကတစ်ခုလုံးက အဲဒါနောက်ကို လိုက်ပါသွားခဲ့ကြတယ်။ သေမင်းနတ်ဘုရားက ကမ္ဘာမြေကို လျှောက်လှမ်းလာခဲ့ပြီး ခရာတွေက ခရာသံတွေ ထွက်နေခဲ့ကြတယ်။ သားရဲကြီးတစ်ကောင်က မြေပေါ်လဲကျတဲ့အခါ အဲဒါက ဆာလောင်နေတဲ့ သားရဲအုပ်စုကို ဆွဲဆောင်တယ်”
“ဒါက နောက်ဆုံး အခွင့်အရေးပဲ။ ဒီစစ်ပွဲကို ကယ်တင်တာ ဖြစ်စေ၊ သေခြင်းချောက်နက်ထဲကို ဆင်းသက်တာ ဖြစ်စေ မင်းရဲ့ပျက်စီးမှုကို ရင်ဆိုင်လိုက်ပါ”
“ကံကြမ္မာစမ်းသပ်မှု ဧကရာဇ်၏ လွမ်းခြင်း စတင်လိုက်သည်။”
…
ထိုရွှေရောင်လင်းယုန်ငှက်ဘုရင် ၎င်း၏ တောင်ပံများကို ရုတ်သိမ်းလိုက်ပြီး ဝမ်ချောင်၏လက်မောင်းပေါ်တွင် ရပ်နေချိန်တွင် ကံကြမ္မာကျောက်စာ၏ ထိုအသံများသည် နောက်ဆုံးတွင် ဝမ်ချောင်၏စိတ်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လင်းယုန်ငှက်ဘုရင်ကို သူ ကြည့်လိုက်သောအခါ ဝမ်ချောင်သည် သူ့ကို ထိုးနှက်နေသည့် အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး မကြုံစဖူးသော အေးစက်သည့်လက်က သူ့နှလုံးသားကို ဆုပ်ကိုင်နေသည်ကို ခံစားလိုက်ရသည်။
နန်ကျိုးတိုက်ပွဲ။
ဝမ်ချောင်၏စိတ်ထဲရှိ ထိုခမ်းနားထည်ဝါလှသော သတိပေးသံသည် ဝမ်ချောင်ကို ကိစ္စတစ်ခုတည်းကိုသာ တွေးတောစေခဲ့သည်။
အနောက်တောင်ဘက်ရှိ နန်ကျိုးတိုက်ပွဲသာ ကံကြမ္မာကျောက်စာမှာ ထိုသတိပေးချက်များနှင့် ကိုက်ညီနိုင်ပေသည်။ သို့သော် ထိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ နန်ကျိုးတိုက်ပွဲသည် နှစ်ဝက်လိုသေးသည် မဟုတ်လော။
၎င်းသည် ဘာကြောင့် ယခု ဖြစ်နေရသနည်း။ သူသည် ၎င်းက လက်ခံရန် မဖြစ်နိုင်သည်ကို တွေ့လိုက်ရသည်။
“မဟုတ်ဘူး မဟုတ်ဘူး ဒါက မဖြစ်နိုင်ဘူး”
ဤနောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်ဖြင့် ဝမ်ချောင်သည် လင်းယုန်ငှက်ဘုရင်၏ ခြေထောက်တွင် ချည်နှောင်ထားသော သတ္ထုကျည်တောက်ကို ဖွင့်လိုက်သည်။ သတ္ထုကျည်တောက်သည် တွန့်ကျေနေသော စာတစ်စောင် ပါဝင်ပြီး စကားလုံးများကို အစောတလျင် ရေးသားထားသည်။ ထိုစာသည် အလွန်တင်းကျပ်သော အခြေအနေများအောက်တွင် ရေးသားထားသည်မှာ ထင်ရှားလှသည်။
သွေးကွက်အချို့ပင် ရှိနေခဲ့ကြ၏။
သို့သော် ဝမ်ချောင်သည် ဤစာ၏ ရေးသားသူကို အကြည့်တစ်ချက်မျှပင် မှတ်မိနိုင်သည်။ ဤက တစ်ကိုယ်တော်ဝံပုလွေ၏ လက်ရေးမူ ဖြစ်၏။ သူသည် လူအိုကြီးလင်းယုန်ငှက်၏ တင်ပြချက်များမှ နေ၍ အရေးအသား အမြောက်အများကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။
“သခင်လေးချောင်အတွက်.. တစ်ကိုယ်တော်ဝံပုလွေမှ ပို့လိုက်သည်”
“သခင်လေးရဲ့အမိန့်အတိုင်း အနောက်တောင်ဘက်ကို ဝင်ရောက်ပြီးနောက်မှာ သင့်ငယ်သားက ကျင်းကော်ရဲ့ဘုရင်ခံ ကျန်းချန်ထိုနဲ့ အကြိမ်များစွာ ထိတွေ့ဆက်ဆံခဲ့တယ်… အခြေအနေတွေက ပြောင်းလဲသွားပြီ။ အနောက်တောင်ဘက်မှာ အန္တရာယ်ကျရောက်နေပြီ...”
ဤနေရာရှိ စာသည် မီးသွေးအနှစ်များစွာဖြင့် ညစ်ပတ်နေခဲ့သည်။ ထိုသည်မှာ ဤစာသည် သာမန်ပြည်သူတစ်ယောက်အိမ်၏ မီးဖိုဘေးတွင် ရေးသားထားသကဲ့သို့ဖြစ်သည်။
“မုန့်ကျီကျောင်းဘုရင် ကဲလျိုဖန်းရဲ့ ဇနီးနဲ့ သမီးတို့က ကျင်းကော်ကို ဝင်ရောက်လာတယ်။ သခင်လေးရဲ့အမိန့်အတိုင်း ကျွန်တော်က ကျန်းချိန်ထိုရဲ့သားကို အနီးကပ်စောင့်ကြည့်ခဲ့ပေမဲ့ ကျန်းချန်ထိုရဲ့သားနဲ့ ပတ်သတ်ပြီး သံသယဖြစ်စရာ ဘာမှမရှိခဲ့ဘူး”
“ကဲလျိုဖန်းရဲ့ ဇနီးနဲ့သမီးက ၁၅ရက်ကြာ နေခဲ့တယ်”
“အရာရာတိုင်းက ပုံမှန်ပါပဲ။ သင့်ငယ်သားက တစ်ခုခု ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
“၁၅ရက်ကြာပြီးနောက်မှာ သင့်ငယ်သားက ကျန်းချန်ထိုဆီ အလည်သွားဖို့ ဘုရင်ခံရဲ့အိမ်တော်ထဲကို ဝင်ရောက်သွားတယ်။ ကျန်းက အဲမှာ မရှိဘူး… အစေခံတွေက သေနေကြပြီ။ ကျန်းချန်ထိုရဲ့သားက အသတ်ခံထားရတယ်။ အလောင်းတွေက အိမ်တော်အနှံ့မှာ လဲကျနေတယ်။ ကဲလျိုဖန်းရဲ့ဇနီးနဲ့ သမီးတို့က အသတ်ခံထားရပြီး သူတို့အစောင့်တွေရဲ့ လည်ချောင်းတွေက ကွဲအက်နေခဲ့ကြတယ်။ အဲဒါက အရမ်းရုတ်တရက်ဆန်တယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဘုရင်ခံရဲ့အိမ်တော်က မီးလောင်ကျွမ်းနေတယ်။ ဘုရင်ခံရဲ့ အိမ်တော်ကို စွန့်ခွာပြီး သင့်ငယ်သားက အနက်ရောင်ဝတ်လူစိမ်းတွေ လှည့်လည်သွားလာနေတာကို ရှာဖွေတွေ့ခဲ့တယ်။ သူတို့က အရမ်း အားကောင်းကြတယ်။ သင့်ငယ်သားက သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး”
“မုန့်ကျီကျောင်းက တံတိုင်းတွေကို ဖျက်ပြီး မြို့ကို တိုက်ခိုက်ခဲ့တယ်။ သခင်လေးရဲ့အမိန့်တွေကို လိုက်နာပြီး သင့်ငယ်သားက ချက်ချင်းနီးပါး ဘုရင်ခံရဲ့အိမ်တော်ကို ပြန်သွားခဲ့တယ်။ ကျန်းချန်ထိုက အိမ်တော်ကို ပြန်ရောက်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ပြင်ဆင်နေခဲ့တယ်။ သင့်ငယ်သားက ကျန်းချန်ထိုကို ကယ်တင်လိုက်ပေမဲ့ အနက်ရောင်ဝတ်လူပမာဏ အများအပြားရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ သင့်ငယ်သားက အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်”
စာသည် အရေးအသားသည် ဝမ်ချောင် ပို၍ ဖတ်လေလေ၊ ဝေဝေဝါးဝါး ဖြစ်လာလေလေ ဖြစ်ပြီး စကားလုံး များစွာတို့သည် ခွဲခြားရခက်သော အညစ်အကြေးများ စွန်းထင်းနေခဲ့သည်။ ကြည့်ရသည်မှာ သူ့ဒဏ်ရာများ၏ သက်ရောက်မှုကြောင့် တစ်ကိုယ်တော်ဝံပုလွေသည် သူ့စိတ်ထဲ ရောက်လာသည့် အရာရာတိုင်းကို ရေးသားနေပုံရသည်။
“ဒါက တစ်ကိုယ်တော်ဝံပုလွေရဲ့ သွေးတွေပဲ”
ဝမ်ချောင်သည် စာရွက်ပေါ်၏ သွေးစသွေးနများက တစ်ကိုယ်တော်ဝံပုလွေ၏ သွေးများ ဖြစ်ကြောင်း ရုတ်ချည်း နားလည်သွားသည်။ ဝမ်ချောင်သည် ဤတစ်ချိန်လုံး အနောက်တောင်ဘက်ရှိ ကိစ္စရပ်များကို အနီးကပ် အာရုံစိုက်နေခဲ့သောကြောင့် တစ်ကိုယ်တော်ဝံပုလွေ မထွက်ခွာမီ သူသည် ကျန်းချန်ထိုနှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များအားလုံးကို တင်ပြရန် တစ်ကိုယ်တော်ဝံပုလွေကို အမိန့်ပေးခဲ့သည်။
တစ်ကိုယ်တော်ဝံပုလွေသည် ဒဏ်ရာရထားခဲ့ပြီး အဖြစ်အပျက်များက အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့၍ အရာရာတိုင်းကို ချရေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် သူ့စိတ်ထဲ ရလာသည့် အရာရာကိုသာ ချရေးနိုင်ခဲ့သည်။
“… မဟာထန်နဲ့ မုန့်ကျီကျောင်းက လွဲရင် မြို့ထဲမှာ တတိယအင်အားစုတစ်ခု ရှိသေးတယ်။ သင့်ငယ်သားက သူတို့ဟာ မုန့်ကျီကျောင်းမြင်းတပ်ကို သတ်ဖြတ်နေတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့တယ်။ မြို့က လောင်ကျွမ်းနေပြီး အလောင်းတွေက နေရာတိုင်းမှာ ရှိနေကြတယ်”
“အနက်ရောင်ဝတ်လူတွေက ကျန်းချန်ထိုကို နေရာအနှံ့ ရှာဖွေနေကြတယ်။ သူတို့က စကားတစ်ခွန်းမှ မပြောခဲ့ကြဘူး။ သူတို့က ကျွန်တော့်ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး သူတို့ရဲ့တိုက်ခိုက်မှုတွေအားလုံးက ကျန်းချန်ထိုကို ပစ်မှတ်ထားခဲ့ကြတယ်။ အဲဒါက သူတို့ဟာ ကျန်းချန်ထိုရဲ့အလောင်းနဲ့ ထွက်ခွာနိုင်မှ ကျေနပ်မဲ့ပုံပဲ… သင့်ငယ်သားက နားမလည်ဘူး။ တကယ်လို့ သူတို့ကကျန်းချန်ထိုကို သတ်ချင်ခဲ့ရင် သူတို့မှာ ဘုရင်ခံရဲ့အိမ်တော်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ပြင်ဆင်ချိန်က အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ သူတို့က အဲတုန်းက ဘာလို့ မတိုက်ခိုက်ခဲ့တာလဲ”
“… ကျန်းချန်ထိုးက သတိလစ်နေသေးပြီး သခင်လေးပေးထားတဲ့ ဆေးတွေကို သောက်ထားပြီးပြီ။ ခေါင်းရှုပ်စရာ ကိစ္စတွေ အများကြီးရှိတယ်။ ဒီမနက် ပို့လွှတ်လိုက်တဲ့ စာပို့ခိုတွေက အဖမ်းခံလိုက်ရတယ်။ အနက်ရောင်ဝတ်လူတွေကြောင့် ဘယ်သတင်းမှ မြို့တော်ကနေ အပြင်မရောက်နိုင်ဘူး”
“အခြေအနေတွေက အစောတလျင် ဖြစ်တယ်။ မုန့်ကျီကျောင်းမြင်းတပ်က မြို့တော်အနှံ့မှာ သွားလာနေကြတယ်။ ကံကောင်းထောက်မစွာနဲ့ သခင်လေးရဲ့အမိန့်ကို လိုက်နာပြီး သင့်ငယ်သားက လျှို့ဝှက်ထွက်ပေါက်တစ်ခုကို ပြင်ဆင်ထားတယ်”
“ဒီလူတွေက သူတို့ရဲ့ လိုက်လံဖမ်းဆီးမှုကို လက်မလျော့ခဲ့ကြဘူး။ ဘယ်အချိန်မှာမဆို ရှာဖွေတွေ့သွားနိုင်တဲ့ အန္တရာယ်က ရှိနေသေးတယ်။ သတင်းတွေ ပို့ဖို့ အခွင့်အရေး မရှိဘူး…”
“မနက်ဖြန်က နောက်ဆုံးကြိုးစားမှု ဖြစ်လိမ့်မယ်။ သခင်လေး စိတ်ချထားပါ။ သင့်ငယ်သားက သူ့မစ်ရှင်ကို ကျရှုံးမှာ မဟုတ်ဘူး။ ဘုရင်ခံကျန်းကို ပို့လိုက်မယ်”
…
စာသည် ဤနေရာတွင် ဆုံးသွားခဲ့၏။ အရာရာတိုင်းသည် မယုံနိုင်ဖွယ် ဖြစ်သည်။
နန်ကျိုးစစ်ပွဲ။
ထိုသည်မှာ အမှန်ပင် နန်ကျိုးစစ်ပွဲ ဖြစ်သည်။
ဝမ်ချောင်၏ နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်သည် ပျက်စီးသွားပြီး သူ့နှလုံသားက အေးစက်သွားသည်။ ထို့အပြင် ဤအေးစက်မှု နောက်ကွယ်တွင် မကြုံစဖူးသော သွေးပျက်မှု စိတ်မရှည်မှုတို့နှင့် စိုးရိမ်ပူပန်မှုတို့ ဖြစ်ကြသည်။
ဝမ်ချောင်၏ရှေ့တွင် ဘာမှမရှိခဲ့သည့်တိုင် သူ့နားထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများက ဆူညံနေခဲ့ကြသည်။ ဝမ်ချောင်သည် သူက တိုင်းပြည်၏ အနောက်တောင်ဒေသက ကမ္ဘာမြေကြီးထဲ နှစ်မြှုပ်နေပြီး ပြိုလဲနေကာ မီးတောက်များက ကောင်းကင်ထက်သို့ ထိုးတက်နေသည်ကို မြင်တွေ့ရသည့်နှယ် ခံစားလိုက်ရသည်။ ပြင်းထန်သော အန္တရာယ်ခံစားချက်တစ်ခုက သူ့ကို ထိုးနှက်နေကာ သူ့အား အသက်ရှုကြပ်သွားစေသည်။
“ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဘာလို့လဲ ဘာလို့လဲ…”
ဝမ်ချောင် သူ့ကိုယ်သူ ပြောလိုက်ကာ သူ့စိတ်သည် လုံးဝ ပြိုကွဲသွားသည်။
နေအလင်းရောင် တဖြည်းဖြည်း တောက်ပလာသည်နှင့် ဝမ်ချောင်သည် သူက အဝေးရှိ မြို့တော်ဂိတ်တံခါး တဖြည်းဖြည်း ဖွင့်လာသည့်အသံကို ကြားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။ ငြိမ်းချမ်းမှုသည် မြို့တော်အတွင်း သီဆိုမှုနှင့် ကခုန်မှုတို့ဖြင့် အောင်ပွဲခံနေကြသေးပြီး ဤအခိုက်တွင် သူကလွဲ၍ တိုင်းပြည်ရင်ဆိုင်နေရသည့်အရာကို မည်သူမျှ သဘောမပေါက်ခဲ့ပေ။
အန်းယာ့လျူရှန်း၏ လုပ်ကြံမှုသည် ကျရှုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဝမ်ချောင်သည် နန်ကျိုးစစ်ပွဲက ချက်ချင်းနီးပါး စတင်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အခန်း ၄၆၃
မုန်တိုင်းမလာမီ ငြိမ်သက်မှု။
မုန့်ကျီကျောင်းနှင့် ဝူရှန်းတို့၏ ပူးပေါင်းစစ်တပ်သည် အန်းတုံပိုင်နက်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ချေမှုန်းလမ့်မည်ဖြစ်ပြီး တောင်ဘက်တံခါးကို ပွင့်သွားစေမည် ဖြစ်ကာ သာမန်ပြည်သူများကို ဒုက္ခရောက်သွားစေမည် ဖြစ်သည်။
သို့သော် ဤသည်က အပြင်းထန်ဆုံးသော နောက်ဆက်တွဲပင် မဟုတ်ခဲ့ပေ။ ကျားတစ်ကောင် အိုမင်းလာသောအခါ မျောက်များသည်ပင် သူ့ကျောပေါ် တက်စီးရဲပေလိမ့်မည်။
ပန်ဒိုရာ၏ သေတ္တာသည် ပွင့်သွားခဲ့ပြီး ဤတိုင်းပြည်ကို စောင့်ဆိုင်းနေသည့်အရာမှာ မကြုံစဖူးသော ကပ်ဆိုးတစ်ခု ဖြစ်သည်။ တစ်စက္ကန့်အတွင်း အတွေးများစွာက ဝမ်ချောင့်စိတ်ထဲ ဖြတ်ပြေးသွား၏။ သူ့တစ်ကိုယ်လုံး တုန်ခါသွားကာ သူ့ကျောရိုးက ချမ်းစိမ့်စိမ့် ဖြစ်သွားခဲ့သည်။
“မဟုတ်ဘူး.. ဒါတွေတစ်ခုမှ အခုထိ ဖြစ်မလာသေးဘူး။ တော်ဝင်ရုံးတော်က အခုထိ ဆုံးဖြတ်ချက်တစ်ခုကို မလုပ်ရသေးဘူး။ လက်ရွေးစင်တစ်သိန်းရှစ်သောင်းရဲ့ စုစည်းမှုကို ရှောင်ရှားနိုင်သရွေ့ အခွင့်အရေးတစ်ခု ရှိသေးတယ်”
ဝမ်ချောင်၏စိတ်သည် လျင်မြန်စွာ ပြောင်းလဲသွား၏။ သူနောက်ဆုံးဘဝတွင် ဝမ်ကလန်သည် ဂုဏ်ကျက်သရေရှိသည်မှ ကျရှုံးသွားခဲ့ပြီဖြစ်ပြီး သူသည် ကျရှုံးကလန်တစ်ခု၏ အရေးမပါလှသော သခင်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ ဤသို့ ကြီးမားလှသော စစ်ပွဲတစ်ခုတွင် ပါဝင်ရန် သူ့အတွက် မဖြစ်နိုင်ခဲ့ပေ။
သို့သော် ယခုအခါ ကွဲပြားပေ၏။ ဝမ်ကလန်သည် မပျက်စီးခဲ့ဘဲ စုန့်ဘုရင်နှင့် ၎င်း၏ မဟာမိတ်သည် ကျောက်တုံးကဲ့သို့ ခိုင်မာနေဆဲ ဖြစ်သည်။ သူသည် သူ့ဦးကြီးနှင့် စုန့်ဘုရင်တို့ကို ဖြောင့်ဖျနိုင်သရွေ့ အခွင့်အရေးတစ်ခု ရှိသေးသည်။
“မဟုတ်ဘူး.. ဦးကြီးနဲ့ စုန့်ဘုရင်ကို အခုပဲ သွားတွေ့ရမယ်”
ဝမ်ချောင် တောင်အောက်သို့ ဆင်းရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်း လှည့်လိုက်သည်။ သူ့ဦးကြီးနှင့် စုန့်ဘုရင်တို့သည် စစ်မှုထမ်းဌာနတွင် ကြီးမားလှသော ဩဇာလွှမ်းမိုးမှုကို ကိုင်စွဲထားကြသည်။ သူသည် တပ်သားများကို () ရုံးရှေ့မှ တော်ဝင်ရုံးတော်အား တားဆီးရန် သူတို့၏အကူအညီများကို ချေးငှားနိုင်ခဲ့သရွေ့ သူ့တွင် အခြေအနေကို ကယ်ဆယ်ရန် အချိန်ရှိသေးသည်။
နန်ကျိုးတိုက်ပွဲသည် စတင်စရာ မလိုခဲ့ပေ။
အနည်းဆုံး လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့သည် လုံးဝ ချေမှုန်းမခံရသရွေ့ အရာရာတိုင်း ခြားနားပေလိမ့်မည်။
“ဝမ်ချောင် မင်း ဘယ်ကို သွားဖို့ စဉ်းစားနေတာလဲ”
ဝမ်ချောင် လှည့်လိုက်ချိန်တွင် အလင်းရောင်တစ်ချက် လက်သွားခဲ့ပြီး ကျယ်လောင်သည့်အော်သံတစ်ခုက ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်တစ်ခုသည် ငှက်ကြီးတစ်ကောင်ကဲ့သို့ တောင်ပတ်ပတ်လည်ရှိ စိမ်းစိုသော သစ်တောများမှ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။ ဘုန်းခနဲ အသံနှင့်အတူ ၎င်းသည် ဝမ်ချောင်ရှေ့တွင် ဆင်းသက်သွားခဲ့၏။
“မှီခိုသူတွေရဲ့ ဘုရင်အမှုထမ်းက အမှုတစ်ခုကို ကိုင်တွယ်နေတယ်။ ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပါ”
ဤပုဂ္ဂိုလ်တွင် ကြမ်းကြုတ်သော အမူအရာတစ်ခု ရှိပြီး သူ့အဖြူရောင်ဝတ်ရုံသည် လေထဲတွင် လွင့်မျောနေခဲ့ကာ သူ့ခန္ဓာကိုယ်သည် သိပ်သည်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။
ထိုလူ၏ ဝတ်ရုံပေါ်ရှိ မှီခိုသူများ၏ ဘုရင်အမှုထမ်းအမှတ်အသားကို မြင်လိုက်ရသည်နှင့် ဝမ်ချောင် ချက်ချင်း ဖြူရော်သွား၏။
တွေးပင်တွေးတောမနေဘဲ ဝမ်ချောင်သည် လှည့်လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်လိုက်ပြီး စတင်ပြေးလွှားလိုက်သည်။ သူသည် မှီခိုသူများ၏ ဘုရင်အမှုထမ်းကို မကြောက်ရွံ့ပေ။ ထောင်ကျမည်ကို မကြောက်ရွံ့ခဲ့ပေ။ သို့သော် ဤအချိန် မဟုတ်သေးပေ။ ယခု မဟုတ်သေးချေ။
ဘုန်း..
သို့သော် ဝမ်ချောင် ပြေးရန် ကြိုးစားလိုက်သည်နှင့် နောက်ထပ် ဘုန်းခနဲ အသံ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ထက်မှ ကျဆင်းလာသည့် သစ်သားတိုင်လုံးတစ်ခုကဲ့သို့ နောက်ထပ်ပုံရိပ်သည် သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဤပုဂ္ဂိုလ်သည် အေးစက်စက် အမူအရာတစ်ခု ရှိပြီး သူ့ရင်ဘတ်ပေါ်တွင် ထင်ရှားလှသော မှီခိုသူများဘုရင်အမှုထမ်း၏ တင်္ကေသ ရှိသည်။
“သခင်လေးဝမ် ကျေးဇူးပြုပြီး..”
“မင်း မလွှတ်မြောက်နိုင်ဘူး”
“တိုင်းပြည်တွေမှာ သူတို့ရဲ့ဥပဒေတွေ ရှိပြီး ကလန်တွေမှ သူတို့ရဲ့စည်းမျဉ်းတွေ ရှိကြတယ်။ ကောင်းကင်သားတော်ကတောင် ပြစ်မှုတစ်ခုကို ကျူးလွန်တဲ့အခါ ပြည်သူတွေရဲ့ တရားစီရင်မှုကို ခံရလိမ့်မယ်။ မင်း ပြေးချင်သေးလား”
အေးစက်သည့်အသံတစ်ခုပြီးတစ်ခု ကောင်းကင်ထက်မှနေ၍ ခေါင်းလောင်သံများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဤအသံများနှင့်အတူ ဘုန်းခနဲ အသံများ ထွက်ပေါ်လာခဲ့ကာ ပုံရိပ်များ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။
တစ်.. နှစ်.. သုံး..
တစ်ခဏအတွင်းမှာပင် ရက်စက်သော လူခြောက်ဦးသည် ကောင်းကင်ထက်မှနေ၍ တစ်ချိန်တည်းတွင် ကျဆင်းလာခဲ့သည်။ အားကောင်းလှသော နတ်ဘုရားများကဲ့သို့ သူတို့သည် ဝမ်ချောင့်ကို ဝိုင်းထားလိုက်ကာ သူ့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
ဤလူများအားလုံးတို့သည် အနည်းဆုံး နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြ၏။
လေညင်းလေးတစ်ချက် တိုက်ခတ်သွားသည်နှင့် တောတောင်များသည် ရုတ်တရက် လူပြည့်သွားတော့သည်။ နီးနီးဝေးဝေး ဝမ်ချောင်သည် တော်ဝင်စစ်တပ် တရားစီရင်းဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံး၏ ထောင်စောင့်များနှင့် တော်ဝင်ကလန် ရုံးတော်၏ ကျွမ်းကျင်သူများကို မနက်အလင်းရောင်ထဲတွင် မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးတို့သည် ဤနေရာကို ပိတ်ဆို့ထားလိုက်ကြ၏။ ကြည့်ရသည်မှာ သူတို့သည် ယခုလေးတင် တောင်ပေါ်မှ ရောက်လာခဲ့ကြပုံရသည်။
တစ်ညတာ ကုန်ဆုံးပြီးနောက် သူတို့သည် ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ရောက်လာခဲ့ကြသည်။
ဝမ်ချောင်၏ နှလုံးသား အေးစက်သွားကာ သူသည် ချက်ချင်း ရပ်တန့်သွားသည်။
…
ဘုန်း..
ဝမ်ချောင် အဖမ်းခံလိုက်ရသောအခါ မြို့တော်တစ်ခုလုံး တုန်လှုပ်သွားကြ၏။
မြို့တော်တွင် ရပ်တည်ချက် အချို့ရှိသည့် မည်သူမဆို ပြီးခဲ့သည့်ည၏ ကသောင်းကနင်း ဖြစ်မှုကို သိရှိကြပြီး လူတိုင်းသည် ထိုကိစ္စမည်သို့ ဖြစ်သွားမည်ကို စောင့်ကြည့်နေခဲ့ကြသည်။
ထို့အပြင် တော်ဝင်ရုံးတော်တွင် ဤဖြစ်ရပ်က အဓိက ဖြစ်လာသည်။ ဤကောင်းမွန်လှသော အခွင့်အရေးကို ဆုပ်ကိုင်ကာ ယောင်ကလန်နှင့် ချီဘုရင်တို့သည် မီးကို လောင်စာထပ်ထည့်ခဲ့ကြကာ ကိစ္စကို ချဲ့ကားရန် အစွမ်းကုန် လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အားလုံးထဲတွင် အံ့အားသင့်ဖွယ် အကောင်းဆုံးမှာ တော်ဝင်စစ်တပ်၊ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းတို့သည် ဝမ်ချောင့်ကို ဖမ်းဆီးရန် အတူလာခဲ့ခြင်း ဖြစ်သည်။
ဤသို့သော အရာတစ်ခုသည် ယခင် ဘယ်တုန်းကမှ ဖြစ်ခဲ့ဖူးပေ။
ဤကိစ္စပြန့်နှံ့လာသောအခါ မြို့တော်၏ သာမန်ပြည်သူများသည်ပင် ထိုအကြောင်း ဆွေးနွေးလာခဲ့ပြီး ပိုများသော အချက်အလက်များ ရုံးတော်မှ တစိမ့်စိမ့် ထွက်ပေါ်လာသောအခါ မြို့တော်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။
တော်ဝင်မြို့တော်တွင် ကောင်းကင်သားတော်၏ ခြေဖဝါးအောက်တွင် ဝမ်ချောင်သည် နေ့ခင်းကြောင်တောင်၌ အရက်မူးနေသော စာကလေး စားသောက်ဆိုင်သို့ ရာချီသော ကျွမ်းကျင်သူများကို ဦးဆောင်သွားခဲ့ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ စတင်သတ်ဖြတ်ခဲ့သည်။ အကယ်၍ လူတစ်ယောက်သည် လွန်ခဲ့သည့် အနှစ်သုံးရာကို ပြန်သွားခဲ့လျှင်ပင် ဤသို့သောအရာမျိုးသည် တော်ဝင်မျိုးနွယ်တွင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။
ထို့အပြင် ဤကိစ္စသည် မဟာကလန်များစွာနှင့် မှူးမတ်အိမ်တော်များစွာတို့လည်း ပါဝင်ခဲ့ကြပြီး ထို့အတူ ခုံးဝူလေ့ကျင့်ရေးစခန်း၊ လုံဝေ လေ့ကျင့်ရေးစခန်းနှင့် ချန်းဝေ လေ့ကျင့်ရေးစခန်း၏ ကျောင်းသားများလည်း ပါဝင်ခဲ့ကာ မြို့တော်၏ သာမန်ပြည်သူများကို မျှော်လင့်ချက်ဖြင့် နီရဲသွားစေခဲ့သည်။
ဤဖြစ်ရပ်သည် ပဟေဌိများဖြင့် ပြည့်နှက်နေခဲ့၏။
အကယ်၍ လူတစ်ယောက်သည် ဝမ်ချောင်က အရက်မူးနေသော စာကလေးစားသောက်ဆိုင်ကို တိုက်ခိုက်ခဲ့ခြင်းမှာ သူ့ဝမ်းကွဲ အစ်ကိုကြီးအတွက် ဖြစ်သည်ဟု ဆိုခဲ့ပါက နားလည်နိုင်သော်လည်း စားသောက်ဆိုင်ထဲရှိ လူအားလုံးကို လျစ်လျူရှုရန်နှင့် ကျန်းချိုးကွေ့လက်အောက်ရှိ ထိုဟူစစ်သည်လေးကို လိုက်လံဖမ်းဆီးရန်မှာ ရယ်ဖွယ်ကောင်းသော အချိုးအကွေ့တစ်ခု ဖြစ်ပေသည်။
ဝမ်ချောင်တွင် ကျန်းချိုးကွေ့ရှေ့၌ သတ်ဖြတ်ခဲ့သည့် အခြားဟူများပင် ရှိခဲ့ပြီး ဤသည်က ဝမ်ချောင်ယခင် ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးသော ဟူတစ်ယောက် ဖြစ်သည်။
မေးခွန်းများစွာ ရှိနေခဲ့ကြ၏။
ဝမ်ချောင်သည် ဘာကြောင့် ဤအရာကို ပြုလုပ်ခဲ့သနည်း။ ဝမ်လျန်အတွက် လက်တုံ့ပြန်ခြင်းက ဤသို့ ကြီးမားလှသည့် အရှုပ်အထွေးတစ်ခုနှင့် ထိုက်တန်သည်လော။ ထို့အပြင် ဝမ်ချောင်သည် သူတို့က ယခင် ဘယ်တုန်းကမှ မတွေ့ဆုံဖူးသော ထိုဟူကို ဘာကြောင့် ထိုမျှ မုန်းတီးနေခဲ့သနည်း။
ဝမ်ချောင် အကျဉ်းကျသည့် ဒုတိယနေ့တွင် ပိုများသော တိုးတက်မှုများသည် နောက်ထပ် အကောင်ကြီးတစ်ကောင်ကို ဆွဲထည့်လာခဲ့သည်။ မြို့တော်၏ သာမန်ပြည်သူများမဆိုထားနှင့် ယောင်ကလန်နှင့် ချီဘုရင်တို့သည်ပင် ပါးစပ်များ အဟောင်းသား ဖြစ်သွားကြသည်။
အန်းညီအစ်ကို လေးယောက်ထဲမှ သုံးယောက်တို့သည် အန်းယာ့လျူရှန်း၊ အန်းဝေကျန့်နှင့် အန်းချောင်ကျဲတို့ ဖြစ်ကြသော်လည်း သူတို့၏ လေးယောက်မြောက် သွေးသောက်ညီအစ်ကိုမှာ ပိုင်ထင်ပိုင်နက်၏ ဒုတိယကာကွယ်ရေးစစ်သူကြီး အန်းစစ်ဟွမ် ဖြစ်သည်။
ဘုန်း..
ဤသတင်းကား ပြန့်နှံ့သွားသောအခါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည့် ဝမ်ကလန်သည်ပင် ကြက်သေသေသွားခဲ့သည်။ ဝမ်ချောင်၏ စစ်ဆင်ရေးသည် အန်းတုံကာကွယ်ရေးစစ်သူကြီး ကျန်းချိုးကွေ့ကို စော်ကားခဲ့သည်သာမက ၎င်းသည် ပိုင်ထင်ဒုတိယကာကွယ်ရေးစစ်သူကြီး အန်းစစ်ဟွမ်ကိုလည်း စော်ကားခဲ့သည်။
မဟာထန်တိုင်းပြည်တွင် အန်းစစ်ဟွမ်၏ အဆင့်အတန်းသည် ဟန်၊ ကျန်းချိုးကွေ့နှင့် ဝမ်ကျုံးစီတို့ထက် နိမ့်ကျပြီး ဖုမင်လင်းချာကဲ့သို့သော အလွန်အမင်း စီနီယာကျသည့် ဟူကို မယှဉ်နိုင်သော်လည်း အရှေ့နှင့်အနောက် တာကီကာဂနိုင်ကို ရင်ဆိုင်ခဲ့ရသည့် လူအနေဖြင့် အန်းစစ်ဟွမ်၏ အဆင့်အတန်းသည် ကော်ကျူးဟန်ထက် တစ်ကွက်မျှ မနိမ့်ကျပေ။ ထို့အပြင် အချို့သော ရှုထောင့်များတွင် သူသည် သူ့ထက်ပင် သာလွန်ခဲ့၏။
လူအများစု တွေးထင်ထားသည်နှင့် မတူဘဲ အန်းစစ်ဟွမ်သည် ပိုင်ထင်ဒုတိယကာကွယ်ရေးစစ်သူကြီး၏ လေးစားခံ အဆင့်အတန်းရှိသော်လည်း သူသည် အလွန်အမင်း ငယ်ရွယ်နေသေးသည်။
တိုင်းပြည်၏ ပိုင်နက်၆ခုတွင် သူသည် သံသယရှိဖွယ် မလိုဘဲ အမြန်ဆန်ဆုံး ရာထူးတိုးခံရပြီး အငယ်ရွယ်ဆုံး ဒုတိယကာကွယ်ရေးစစ်သူကြီး ဖြစ်ပေသည်။ သူ့အနာဂတ်တက်လမ်းသည် အဆုံးမဲ့ဖြစ်၏။
ဝမ်ချောင်အတွက် ကျန်းချိုးကွေ့ကို စော်ကားသည်နှင့် မလုံလောက်ခဲ့ပေ။ သူသည် ပိုင်ထင်၏ အန်းစစ်ဟွမ်ကိုပင် ထိပါးခဲ့သည်။ မည်သူမျှ ဤအရာကို မမျှော်လင့်ထားခဲ့ကြပေ။
တော်ဝင်ရုံးတော်သည် ပြင်းထန်သော အငြင်းအခုံထဲ ပါဝင်နေခဲ့ပြီ ဖြစ်ပြီး ယခုအခါ ၎င်းက ကောင်းကင်ဘုံကို မှောက်လှန်ပစ်ရန် ခြိမ်းခြောက်နေခဲ့၏။
သို့သော် အငြင်းအခုံက မည်မျှ ပြင်းထန်လာခဲ့ပါစေ ဝမ်ကလန်သည် တစ်နည်းနည်းဖြင့် တစ်လျှောက်လုံး အလွန်အမင်း ချုပ်တည်းထားခဲ့သည်။
အခန်း ၄၆၄
မုန်တိုင်းမလာမီ ငြိမ်သက်မှု (၂)
၆ရက်ကြာပြီးနောက် လူအိုကြီး လင်းယုန်ငှက်သည် ဝမ်ချောင်နှင့် တွေ့ဆုံမှုတစ်ခုကို ရရှိနိုင်ခဲ့သည်။
ဤဖြစ်ရပ်သည် မြို့တော်ထဲတွင် မုန်တိုင်းတစ်ခုကို ဖြစ်နေစေချိန် ဝမ်ချောင်၏အုပ်စုသာ အလွန်အမင်း တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။ ဝမ်ချောင်က သူတို့ကို တစ်ခုခု ပြောထားခဲ့ခြင်းကြောင့် မဟုတ်သော်လည်း သူတို့သည် သူ့ကို အလွန်အမင်း ယုံကြည်ကြဆဲ ဖြစ်၍ ဖြစ်သည်။
ဤသည်က အားကောင်းလှသော စည်းလုံးညီညွှတ်မှု အရင်းအမြစ်တစ်ခု ဖြစ်၏။
“ဝင်..”
လူအိုကြီးလင်းယုန်ငှက် နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံး၏ ကျွမ်းကျင်သူတစ်ယောက်သည် ခြေတစ်လှမ်းအကွာမှနေ၍ သူ့ကို အေးစက်စွာ ငုံ့ကြည့်နေကာ နောက်ဆုံးတော့ သူ့ကို ဖြတ်ကျော်ခွင့် ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
လူအိုကြီးလင်းယုန်ငှက် သက်ပြင်းချလိုက်ကာ သူ့လက်ကို ကျေးဇူးတင်သည့် အမူအရာ ပြသလိုက်ပြီး အဆောက်အဦးထဲသို့ ဝင်လိုက်သည်။ လူအိုကြီးလင်းယုန်ငှက် စစ်မှုထမ်းဌာနမှ တံဆိပ်ကို လွဲပြောင်းပေးခဲ့ကတည်းက ၄နာရီတိုင်ပြီ ဖြစ်သည်။
အထဲသို့ မဝင်မီ လူအိုကြီးလင်းယုန်ငှက်သည် နေရာကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။ ဤသည်က ရှေးဟောင်းပုံစံဖြင့် တည်ဆောက်ထားသော အစိုးရရုံးတစ်ခု ဖြစ်သည်။ ၎င်းတွင် စိမ်းပြာရောင်အုတ်ကြွပ်များဖြင့် မိုးထားသော အမိုးရှိပြီး နေရာကား အသက်ဝင်ကာ မြင့်မားလှသော သစ်ပင်များဖြင့် စိမ်းစိုနေပေသည်။ အချုပ်အားဖြင့် ဆိုရသော် ၎င်းက အလွန်အမင်း တိတ်ဆိတ်ပြီး ချောင်ကျသော နေရာတစ်ခု ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် ဤသည်မှာ အကျဉ်းထောင်တစ်ခု ဖြစ်ပေသည်။
ဤသည်က တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး မဟုတ်သလို မှီခိုသူများ၏ ဘုရင့်အမှုထမ်း လည်း မဟုတ်ခဲ့ပေ။ ၎င်းက သေချာပေါက် တော်ဝင်စစ်တပ်၏ နယ်မြေလည်း မဟုတ်ခဲ့ပေ။ ဝမ်ချောင် အကျဉ်းကျနေသည့် နေရာသည် စစ်မှုထမ်းဌာန၏ တံဆိပ်ရှိသည့် လူအိုကြီးလင်းယုန်ငှက်သည်ပင် ပေါ့ပေါ့တန်တန် ချဉ်းကပ်၍ မရသည့် နေရာတစ်ခု ဖြစ်သည်။
ဤအချိန်တွင် ဝမ်ချောင်ဖြစ်စေခဲ့သော ဖြစ်ရပ်ထက် ပို၍ မြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်စေသည့် ကိစ္စ မရှိတော့ပေ။ တစ်ယောက်သည် ကာကွယ်ရေးစစ်သူကြီး ဖြစ်ပြီး နောက်တစ်ယောက်သည် ဒုတိယကာကွယ်ရေး စစ်သူကြီးဖြစ်ကာ တစ်ခုသည် ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်တစ်ခု ဖြစ်ပြီး ယောင်ကလန်နှင့် မင်းသားကြီးနှစ်ပါး… မည်သည့်ကိစ္စမျှ ဤကိစ္စထက် ပို၍ မလှုပ်ခါစေနိုင်တော့ပေ။
အလယ်ပိုင်းလွင်ပြင်ဒေသတွင် လူတစ်ယောက်သည် မြင့်မားသော လောင်းကြေးများဖြင့် ကစားပွဲတစ်ခုကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
အင်အားစုအားလုံးတို့သည် နောက်ခံတွင် တိုက်ခိုက်နေခဲ့ကြပြီး တော်ဝင်စစ်တပ် တရားစီရင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းအားလုံးတို့သည် ဝမ်ချောင့်ဖြစ်ရပ်ကို တာဝန်ယူရန် တိုက်ခိုက်နေခဲ့ကြသည်။
သို့သော် ထိုအင်အားစု သုံးခုတို့သည် တစ်ယောက်မျှ ကျေနပ်မှုဖြင့် အဆုံးမသတ်ခဲ့ကြပေ။ နောက်ဆုံးတွင် အင်အားစုသုံးခုမှ စီမံခဲ့သော ယာယီအကျဉ်းထောင်တစ်ခုကို ဝမ်ချောင်၏ အကျဉ်းထောင်အဖြစ် ဆောင်ရွက်ရန် မြို့တော်၏ အနောက်မြောက်ဘက်ဒေသတွင် ဆောက်လုပ်ခဲ့သည်။
ဤအစိုးရရုံးကို တော်ဝင်စစ်သည်များမှ ဝိုင်းရံထားခဲ့ပြီး တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးနှင့် မှီခိုသူများ၏ ဘုရင်အမှုထမ်းမှ ကျွမ်းကျင်သူများပါ ပါဝင်နေသည်။ သူတို့သည် အချင်းချင်း စောင့်ကြည့်နေကြပြီးတင်းကြပ်စွာလည်း စောင့်ကြပ်နေခဲ့ကြသည်။ အပြင်လူများသည် ချဉ်းကပ်လာရန် ဖြစ်နိုင်မည် မဟုတ်ပေ။
“သခင်လေး…”
လူအိုကြီးလင်းယုန်ငှက် စိုးရိမ်နေသည့် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ သူသည် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး ကျွမ်းကျင်သူများ၏ ဤအစိုးရရုံးသို့ လမ်းပြပေးခြင်း ခံခဲ့ရသည်။ ရုံးထဲတွင် မည်းမှောင်ပြီး တိတ်ဆိတ်နေခဲ့ကာ မှိန်ဖျော့သည့် အလင်းရောင်အနည်းငယ်သာ လင်းနေသည်။ ကြမ်းပြင်သည် မီးခိုးရောင်ကျောက်တုံးများဖြင့် ခင်းထားခဲ့ကာ အေးစက်သည့် လေထုက ၎င်းတို့မှ နေ၍ ထွက်ပေါ်နေခဲ့သည်။
ရှည်လျားသော လျှောက်လမ်းသည် ခြေလှမ်းအနည်းငယ်တိုင်းတွင် အစောင့်အကြပ်များ ချထားခဲ့ပြီး တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင်အမှုထမ်းမှ ကျွမ်းကျင်သူများက သတိကြီးစွာ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့ တစ်ယောက်မျှ လူအိုကြီးလင်းယုန်ငှက်ကို ကြင်နာစွာ မကြည့်ခဲ့ကြပေ။
လက်ရှိ တော်ဝင်ရုံးတော်တွင် ဝမ်ချောင့်ကို အပြစ်အပေးချင်ဆုံးသူများမှာ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင်အမှုထမ်းတို့ ဖြစ်ကြသည်။ လူအိုကြီးလင်းယုန်ငှက်၏ အဆင့်အတန်းသည် သူတို့၏ မျက်လုံးများထဲတွင် လျှို့ဝှက်ချက် မဟုတ်ခဲ့ပေ။
သို့သော်လည်း သူတို့နှစ်ခုစလုံးသည် ဝမ်ချောင့်ကို ပြင်းထန်စွာ အပြစ်ပေးချင်ခဲ့ကြသော်လည်း တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးနှင့် မှီခိုသူများ၏ ဘုရင်အမှုထမ်းတို့သည်လည်း ဝမ်ချောင်၏အမှုကို ကိုင်တွယ်ရန် အခွင့်အရေးအပေါ် အချင်းချင်း တိုက်ခိုက်နေခဲ့ကြသေးသည်။
ဤသည်က ဝမ်ချောင်၏ လုပ်ရပ်နှင့် အနည်းငယ်သာ သက်ဆိုင်ပြီး တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင်အမှုထမ်းတို့၏ ဂုဏ်သတင်းနှင့် ပို၍ သက်ဆိုင်ပေသည်။
ဤသည်ကား ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့ကို အခွင့်အရေးတစ်ခု ရစေခဲ့၏။ လူအိုကြီးလင်းယုန်ငှက်သည် ထိုကြမ်းကြုတ်သော အကြည့်များကို လျစ်လျူရှုကာ ခေါင်းငုံ့လျက် ရှေ့ဆက်လာလိုက်သည်။ ဤအစိုးရရုံးအောက် အနက်ပိုင်းတွင် သူက နောက်ဆုံးတော့ ဝမ်ချောင်ကို တွေ့လိုက်ရသည်။
“သခင်လေး..”
ဝမ်ချောင့်ကို တွေ့လိုက်သည့် အခိုက်တွင် လူအိုကြီးလင်းယုန်ငှက်၏ မျက်လုံးများ နာကျင်သွားခဲ့သည်။ သံတိုင်နောက်တွင် ဝမ်ချောင်သည် မြေပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကာ သူ၏ရှည်လျားလှသော ဆံပင်များက သူ့မျက်နှာကို ဖုံးအုပ်နေခဲ့သည်။ သူသည် သစ်သားရုပ်တစ်ရုပ်နှယ် ပုံပေါ်၏။
၆ရက်လုံးလုံးက ဝမ်ချောင်၏ အသားအရေကို ကြောက်မက်ဖွယ် ဖြူရော်သွားစေပြီး သူက အလွန်ပိန်ပါးသွားကာ သူ့အရိုးများပင် မြင်နေရသည်။ သူသည် လုံးဝ ခြားနားလူတစ်ယောက် ဖြစ်သွားပေသည်။
လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်နှင့် အချိန်အကြာကြီး ရှိခဲ့ပြီး ဝမ်ချောင်နှင့် ပတ်သတ်၍ သူ့ထင်မြင်ချက်သည် တက်ကြွသောလူတစ်ယောက် အမြဲ ဖြစ်ခဲ့သည်။ ဤသည်က ဝမ်ချောင် ထိုမျှ ချောင်ကျသွားသည်ကို မြင်တွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
“လူအိုကြီးလင်းယုန်ငှက် မင်းရောက်လာပြီ”
ဝမ်ချောင်၏ ခန္ဓာကိုယ်သည် လူအိုကြီးလင်းယုန်ငှက်၏အသံကြောင့် တုန်ခါသွားကာ သူ့ခေါင်းကို ဖြည်းညင်းစွာ လှည့်လာသည်။ သူ့မျက်နှာက ချောင်ကျနေပြီး သူ့မျက်လုံးများက သူသည် အချိန်တချို့တွင် မအိပ်ခဲ့ရသည့်နှယ် အနက်ရောင်စက်ဝိုင်းများ ဝန်းရံနေသည်။ သူ့ကို စာရွက်များစွာက ဝန်းရံထားခဲ့ပြီး သူတို့အားလုံး အရေးအသားများဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းထားခဲ့သည်။ ကြည့်ရသည်မှာ ဝမ်ချောင်သည် ထောင်ထဲရှိ သူ့အချိန်အားလုံးကို ဤအရာများအပေါ် သုံးစွဲနေပုံရ၏။
“သခင်လေး စိတ်အေးအေး ထားပါ။ မင်းကို ဒီနေရာကနေ ခေါ်ထုတ်ဖို့ နည်းလမ်းတစ်ခုကို ငါ သေချာပေါက် စဉ်းစားမယ်”
လူအိုကြီးလင်းယုန်ငှက် ရှေ့သို့ ပြေးထွက်သွားကာ သံတိုင်များကို ဆုပ်ကိုင်လိုက်သည်။
“ငါ့ကို လွှတ်မှာလား.. ဟား ဟား အဲဒါက ငါစိုးရိမ်နေတဲ့အရာလို့ မင်းထင်နေတာလား”
ဝမ်ချောင် ပြုံးလိုက်ကာ ခေါင်းခါလိုက်ပြီး သူ့ဆံပင်များက လှိုင်းများကဲ့သို့ ယိမ်းနွဲ့သွားကြသည်။ သူသည် အလွန်အမင်း ချောင်ကျသွားပြီး ပင်ပန်းနေပုံရသော်လည်း ဝမ်ချောင်သည် အင်အားပြည့်နေခဲ့သည်။ သူ့မျက်လုံးများသည် တောက်ပနေပြီး သူသည် သာမန်လူများထက်ပင် ပို၍ တက်ကြွနေပုံရသည်။
သို့တိုင် ဝမ်ချောင်က ဤပုံစံဖြစ်လေလေ လူအိုကြီးလင်းယုန်ငှက် ပိုစိုးရိမ်လေလေ ဖြစ်သည်။
“လူအိုကြီးလင်းယုန်ငှက် ဒီအကြောင်းကို မပြောကြရအောင် ငါ မင်းကို မေးပါရစေ။ တစ်ကိုယ်တော်ဝံပုလွေဆီက သတင်းတွေ ရောက်လာသေးလား”
ဝမ်ချောင်မေးလိုက်၏။
“ဟင့်အင်း..”
ယခုအခါ ဝမ်ချောင်သည် လုပ်ငန်းအကြောင်း ပြောနေပြီဖြစ်သောကြောင့် လူအိုကြီးလင်းယုန်ငှက် ခေါင်းခါလိုက်သည်။
“တစ်ကိုယ်တော်ဝံပုလွေနဲ့ ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေအားလုံး အဖြတ်တောက် ခံလိုက်ရတယ်။ တကယ်လို့ ကျွန်တော်တို့က နောက်ဆုံးရသတင်းတွေကို လိုချင်တယ် ဆိုရင် ကျွန်တော်တို့ အနည်းဆုံး နောက်ထပ် ၆ရက် စောင့်ရလိမ့်မယ်”
စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခုက ဝမ်ချောင်၏ မျက်လုံးထဲ ပေါ်သွားသော်လည်း သူသည် လျင်မြန်စွာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“တစ်ကိုယ်တော်ဝံပုလွေက ခက်ထန်ပြီး ရဲရင့်ပေမဲ့ သူက အရမ်းကို သတိရှိတယ်။ သူက ငါ့အမိန့်တွေကို လိုက်နာပြီး သူ့ကိုယ်သူ ဖုံးကွယ်ဖို့ လျှို့ဝှက် ထွက်ပေါက်တစ်ခုကို ဖောက်လုပ်ခဲ့တာကြောင့် မမျှော်လင့်ထားတဲ့အရာ ဘာတစ်ခုမှ မဖြစ်ခဲ့ရင် သူက သေချာပေါက် ဘေးကင်းစွာနဲ့ ထွက်ခွာနိုင်လိမ့်မယ်”
“သေခြင်းနဲ့ရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်တာပါ။ တစ်ကိုယ်တော် ဝံပုလွေနဲ့ငါ နှစ်ယောက်စလုံးက တစ်ခါ သေခဲ့ဖူးကြပြီးပြီ။ ငါတို့က ဘာကိုပဲ ကြုံတွေ့လာရပါစေ ငါတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်လို့.. သခင်လေးအတွက် စိုးရိမ်စရာ မလိုပါဘူး”
လူအိုကြီးလင်းယုန်ငှက် တည်ငြိမ်စွာ ပြောလိုက်သည်။
တစ်ကိုယ်တော်ဝံပုလွေသည် နှစ်များစွာကတည်းက နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူ့ကို သတ်ဖြတ်ခြင်းက လွယ်ကူသည့်အလုပ် မဟုတ်ပေ။
နှိုင်းယှဉ်ရပါက သူသည် ဝမ်ချောင့်ကို ပို၍ စိုးရိမ်ပေသည်။ သူနှင့်ပတ်သတ်၍ တစ်ခုခု မှားယွင်းနေသည်မှာ ထင်ရှားလှ၏။
ထို့အပြင် လူအိုကြီးလင်းယုန်ငှက်၏ အတွင်းစိတ်ထဲတွင် အလွန်နက်နဲသိမ်မွေ့သည့် ရှုပ်ထွေးမှုတစ်ခု ရှိပေသည်။
အနောက်တောင်ဘက်ရှိ ကျင်းကော်ရှိ ထိုဖြစ်ရပ်က အမှန်ဖြစ်သည်ဖြစ်စေ။ မဖြစ်သည်ဖြစ်စေ။ ၎င်းသည် မြို့တစ်မြို့သာ ဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်များသည် ပိုင်ထင်၊ အန်းတုံ၊ အန်းရှီနှင့် လုံရှီတို့တွင် သာမန်ဖြစ်ကြသည်။
မြို့တစ်မြို့သည် မကြာခဏ အဆက်မပြတ် တိုက်ခိုက်မှုခံရပြီး ဆုံးရှုံးပေမည်။ သိမ်းပိုက်ခံရပေမည်။ နယ်စပ်ဒေသတစ်လျှောက် ဤသို့သောအရာတစ်ခုသည် သာမန်သာ ဖြစ်ပေသည်။
သို့သော် ဝမ်ချောင်သည် ဤဖြစ်ရပ်ကို လုံးဝခြားနားသည့်အရာတစ်ခု အဖြစ် သဘောထားနေပုံရသည်။ ယခုအခါ သူသည် ဂရုတစိုက် တွေးတောလိုက်ကာ ဝမ်ချောင်က မြို့စားကြီးကျူးနှင့် ဝမ်ကန်းတို့ဖြင့် လေးပြည်နယ်သံရုံးတွင် တွေ့ဆုံမှု ပြီးဆုံးပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် သူသည် အမှန်တွင် လုံးဝ ပုံမှန်ဖြစ်ခဲ့သည်။
အရာရာတိုင်းသည် တစ်ကိုယ်တော်ဝံပုလွေ၏စာဖြင့် ပြောင်းလဲသွားခဲ့ကြ၏။ ဝမ်ချောင်ဘာမှ မပြောခဲ့ပေ။ စိတ်ထဲတွင် သူသည် တစ်ကိုယ်တော်ဝံပုလွေ၏ ကျန်းချန်တိုတို့က အဆင်ပြေလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ တစ်ကိုယ်တော်ဝံပုလွေသည် သူနှင့် တိုက်ပွဲအတော်များများတွင် တိုက်ခိုက်ခဲ့ဖူးပြီး ဖြစ်သည်။
သူသည် ငယ်သားတစ်ယောက်မျှသာ မဟုတ်တော့ပေ။ ဝမ်ချောင်၏စိတ်ထဲတွင် သူသည် စိတ်ချင်းဆက်နေသည့် လိပ်ပြာတစ်ကောင်၊ မဟာမိတ်တစ်ယောက် ဖြစ်သည်။ ထို့အပြင် ဝမ်ချောင်၏ဘက်တွင် သူကဲ့သို့ မစ်ရှင်များကို ဆောင်ရွက်နိုင်ပြီး အားကောင်းသည့် ကျွမ်းကျင်သူများ အလွန်နည်းပါးသည်။
ထို့မြို့အပေါ် မုန့်ကျီကျောင်း၏ တိုက်ခိုက်မှုတွင် တစ်ကိုယ်တော်ဝံပုလွေသည် သူ့ကိုယ်သူ လုံလောက်စွာ သက်သေပြသခဲ့သည်။
ကျန်းချန်ထိုသည် ပေါင်းသင်းရခက်သည့် မပြောင်းလဲလွယ်သော အကျင့်စရိုက်တစ်ခု ရှိသော်လည်း သူသည် လုံးဝ သစ္စာရှိသော ဝန်ကြီးတစ်ယောက် ဖြစ်သည်။ သူ့တိုင်းပြည်ဆီသို့ အဆုံးအထိ သစ္စာရှိနိုင်သည့် ဝန်ကြီးတစ်ယောက်ကို ဤသို့သော အဆုံးသတ်တစ်ခု ရရှိရန် ခွင့်မပြုနိုင်ပေ။ သူသည် ဝမ်ချောင်သူ့ဘက်တွင် လိုအပ်သည့်သူမျိုး ဖြစ်သည်။
ထို့အပြင် ဤကိစ္စနှင့် ပတ်သတ်၍ ဝမ်ချောင်တွင် မေးခွန်းများစွာ ရှိပေသည်။ မုန့်ကျီကျောင်း၏ ကျင်းကော်ကို သိမ်းပိုက်မှုသည် သူ့နောက်ဆုံးဘဝတွင် ကြီးမားလှသော ပဟေဋ္ဌိတစ်ခု ဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင် တစ်ကိုယ်တော်ဝံပုလွေနှင့် ကျန်းချန်ထိုတို့က လွဲ၍ ထိုနေရာတွင် အမှန်တကယ် ဖြစ်ပျက်သွားသည့်အရာကို မည်သူမျှ သိနိုင်တော့မည် မဟုတ်ပေ။
ဝမ်ချောင်သည် သူတို့ကို ရှာဖွေရမည် ဖြစ်ပြီး ဖြစ်ပျက်သွားသည့်အရာ အတိအကျကို သူတို့အား မေးမြန်းရပေမည်။
ဤအတွေးများ သူ့စိတ်ထဲ လွင့်ပျံ့လာသည်နှင့် ဝမ်ချောင် သူ့ကိုယ်သူ လျင်မြန်စွာ ပြတ်သားစေလိုက်သည်။ ကျင်းကော်၏ ကိစ္စနှင့် နှိုင်းယှဉ်ရပါက သူ့ရှေ့ရှိ အခြေအနေများသည် ပို၍ အရေးကြီးပေသည်။
အခန်း ၄၆၅
အကျဉ်းသားဝမ်ချောင်။
“လူအိုကြီးလင်းယုန်ငှက် အပြင်ဘက်မှာ အခြေအနေ ဘယ်လိုလဲ”
ဝမ်ချောင်မေးလိုက်ကာ ခေါင်းအနည်းငယ် မော့လိုက်သည်။
“တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးနဲ့ မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက လက်ရှိမှာ နိုးနိုးကြားကြား ရှိနေကြပြီး တော်ဝင်စစ်တပ်ထဲမှာလည်း ကျွန်တော်တို့ကို ဆန့်ကျင်နေတဲ့သူတွေ ရှိကြတယ်”
လူအိုကြီးလင်းယုန်ငှက် ပြန်ဖြေလိုက်၏။
“ဒါပေမဲ့လည်း ကျောက်စိမ်းရိပ်သံမဏိဓားတွေက ကျွန်တော်တို့ကို ဆန့်ကျင်နေတဲ့ ဒီလူတွေကို အသံ တိုးသွားစေခဲ့တယ်။ တော်ဝင်စစ်တပ်ရဲ့ အများစုက ကျွန်တော်တို့ကို ထောက်ခံနေကြတုန်းပဲ။ သူတို့ရဲ့အကူအညီ မပါဘဲ ကျွန်တော်က အထဲကို ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး။ မှီခိုသူတွေရဲ့ဘုရင့်အမှုထမ်းနဲ့ တရားစီရင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးကလည်း သခင်လေးကို သူတို့ရဲ့ကိုယ်ပိုင်အကျဉ်းထောင်တွေထဲ ဆွဲထည့်သွားလိမ့်မယ်”
သူ့အသံသည် မကျေနပ်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
ဝမ်ချောင် ပြောလိုက်၏။ သူသည် ယခင်က တော်ဝင်စစ်တပ်ထဲတွင် ကျောက်စိမ်းရိပ်သံမဏိလက်နက်များ အကန့်အသတ်မရှိ ရောင်းချခြင်းကို စတင်ခဲ့ပြီး ၎င်းသည် ယခုအခါ သူ၏ အကြီးမားဆုံး အားသာချက်များအနက် တစ်ခု ဖြစ်လာသည်။ လူအိုကြီးလင်းယုန်ငှက် ပြောသကဲ့သို့ပင် အကယ်၍ တော်ဝင်စစ်တပ်သည် နှစ်ပိုင်းကွဲသွားခဲ့လျှင်ပင် နှစ်ဖက်စလုံးက သူသေသည်ကို မြင်လိုမည် မဟုတ်ပေ။ သူ့ကိုသာ ကာကွယ်ပေးပေလိမ့်မည်။
အားလုံးပြီးနောက် ကျောက်စိမ်းရိပ်သံမဏိဓား၏ လျှို့ဝှက်ချက်ကို သူတစ်ဦးတည်းသာ သိပေသည်။
“ငါ့ရဲ့ဦးကြီးက ဘယ်လိုနေလဲ”
ဝမ်ချောင်မေးလိုက်သည်။
“မကောင်းဘူး”
လူအိုကြီးလင်းယုန်ငှက် ခေါင်းခါလိုက်ကာ တစ်ခဏမျှ ရှုံ့မဲ့သွားသည်။
“တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံသပ်ရေး တရားရုံးနဲ့ မှီခိုသူတွေရဲ့ ဘုရင်အမှုထမ်းတို့က ဝမ်ကလန်က ဘယ်သူ့ကိုမှ အထဲကို ဝင်ခွင့်ပေးဖို့ ရည်ရွယ်ချက် မရှိကြဘူး။ စုန့်ဘုရင်က ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးပြီးနောက်မှသာ ကျွန်တော်က စစ်မှုထမ်းဌာနကနေ တံဆိပ်တစ်ခုကို ရလာနိုင်ပြီးတော့ အထဲကို ဝင်လာနိုင်ခဲ့တာ။ ဒီလိုဆိုရင်တောင် ကျွန်တော်က အပြင်မှာ အကြာကြီး စောင့်ဆိုင်းနေခဲ့ရသေးတယ်။ လူကြီးမင်းဝမ်က ဒီအတောအတွင်း အထဲကို လာနိုင်မှာ မဟုတ်တာကို ငါ စိုးရိမ်မိတယ်”
“ဘာပဲဖြစ်ဖြစ် ငါ့ကို ဝင်လာပြီးတွေ့ပါလို့ သူ့ကို ပြောလိုက်ပါ”
ဝမ်ချောင်ရုတ်တရက် လေးနက်သွား၏။
“နောက်ပြီး နောက်ထပ် ဘာပဲဖြစ်လာပါစေ။ သူ ဘာပဲ ကြားပါစေ။ ငါနဲ့ မဆုံခင်အထိ သူရော မင်းသားကြီး စုန့်ဘုရင်ပါ ဘာထင်မြင်ချက်တွေကိုမှ မထုတ်ပြန်ရဘူးလို့ ဦးကြီးကို ပြောလိုက်ပါ။ ဒါက သိပ်အရေးကြီးတယ်။ လူအိုကြီးလင်းယုန်ငှက် မင်း အဲဒါကို မှတ်မိနိုင်မလား”
“အာ..”
လူအိုကြီးလင်းယုန်ငှက် အံ့အားသင့်စွာ တိုးတိုးလေး အော်ဟစ်လိုက်သည်။ ဝမ်ချောင်သည် ဤစကားများကို မယုံနိုင်စရာကောင်းသော လေးနက်မှုဖြင့် ပြောဆိုခဲ့ပြီး လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ထံမှ ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ဖူးသည့် သဘောထားတစ်ခု ဖြစ်သည်။
“သခင်လေး အရမ်းကြီးတဲ့တစ်ခုခုက ဖြစ်လာတော့မှာလား”
လူအိုကြီးလင်းယုန်ငှက် မေးလိုက်သည်။ သူသည် ဝမ်ချောင်နှင့် အချိန်အတော်ကြာ ကုန်ဆုံးခဲ့သောကြောင့် ဝမ်ချောင် သူ့မျက်နှာပေါ်တွင် ဤသို့သော ပုံစံ ရှိလာချိန်တိုင်း အရေးကြီးသော ဖြစ်ရပ်အချို့ ဖြစ်လာတော့မည်ကို သူ သိထားပေသည်။
“လူအိုကြီးလင်းယုန်ငှက် ငါ့စကားတွေကို မှတ်ထားပါ။ သူတို့ကို ပြောလိုက်ပါ။ စကားတစ်ခွန်းမှ မကျန်ခဲ့စေနဲ့”
ဝမ်ချောင် ခေါင်းခါလိုက်ကာ သူ့မျက်နှာက မကြုံစဖူး တည်ကြည်နေခဲ့သည်။
“နောက်ပြီး ငါ့မှာ မင်းအတွက် အရေးကြီးတဲ့ မစ်ရှင်တစ်ခု ရှိတယ်။ ငါ မင်းကို ဒါကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးမြောက်စေချင်တယ်”
“သခင်လေး ကျေးဇူးပြုပြီး ပြောပါ သင့်ငယ်သားက အဲဒါကို ပြီးမြောက်ဖို့ အကောင်းဆုံး ကြိုးစားမှာပါ”
လူအိုကြီးလင်းယုန်ငှက် လေးနက်စွာ ပြန်ဖြေလိုက်သည်။
“တော်တယ်..”
ဝမ်ချောင်၏ ညာလက်ညှိုးပြေးထွက်သွားကာ မြေပေါ်ရှိ ပါးလွှာသော စာရွက်တစ်ရွက်ကို ထိမှန်သွားခဲ့သည်။ ဤပေါ့ပေါ့ပါးပါး လှုပ်ရှားမှုက ဤစာရွက်ကို မြားတစ်စင်းကဲ့သို့ ချက်ချင်း လူအိုကြီးလင်းယုန်ငှက်၏ လက်ထဲသို့ ပျံသန်းသွားစေခဲ့သည်။
“ဒါက.. ငါ ဆွဲထားခဲ့တဲ့ မြေပုံတစ်ခုပဲ လူအိုကြီးလင်းယုန်ငှက် ဒီအချိန်အတွင်းမှာ ငါ မင်းကို ဝိညာဉ်သွေးကြောကို ရောင်းစေချင်တယ်”
“…”
လူအိုကြီးလင်းယုန်ငှက်၏ တည်ငြိမ်သော အမူအရာသည် ဤစကားများကြောင့် ချက်ချင်း ပျက်စီးသွားတော့သည်။
“သခင်လေး..”
လူအိုကြီးလင်းယုန်ငှက် နိုးကြားစွာ တုံ့ဆိုင်သွားကာ ဝမ်ချောင့်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
“သခင်လေးက ဘာလို့ ဝိညာဉ်သွေးကြောကို ရောင်းချင်ရတာလဲ”
ဤသတင်းသည် အလွန်ရုတ်တရက် ဆန်လှကာ လူအိုကြီးလင်းယုန်ငှက်၏ ပထမဆုံး တုံ့ပြန်မှုမှာ သူက နားကြားလွဲသွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ချောင်သည် ကျောက်စိမ်းရိုင်းများကဲ့သို့ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကဲသို့ ကြီးမားသော ငွေကြေးပမာဏကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဤအရာများထဲမှ အရေးအကြီးဆုံးနှင့် တန်ဖိုးအကြီးဆုံးမှာ ကျောက်စိမ်းရိုင်းများ မဟုတ်ခဲ့ဘဲ မြို့တော်မှ လီဒါဇင်အတော်လေး ဝေးကွာသည့် ဝိညာဉ်သွေးကြော ဖြစ်သည်။
ကျောက်စိမ်းရိုင်းသည် နောက်ဆုံးတွင် ကုန်ဆုံးသွားလိမ့်မည် ဖြစ်သော်လည်း ဝိညာဉ်သွေးကြောသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်ပြီး ဝမ်ချောင်နှင့် ဝမ်ကလန်တို့ တစ်ခုလုံးအတွက်ပင် အဆုံးမရှိသော ပါရမီရှင်များကို မွေးထုတ်ပေးနိုင်သည်။
၎င်းတွင် ဝိညာဉ်သွေးကြော ရှိထားသရွေ့ ခေတ်များ မည်မျှ ပြောင်းလဲသွားပါစေ။ မည်သည့်မင်းဆက်က အုပ်ချုပ်ပါစေ ဝမ်ကလန်သည် ၎င်း၏ အဆင့်အတန်းကို အမြဲ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
ဝမ်ကလန်သည် ယခင်က အခြေခံအုတ်မြစ်မရှိခဲ့ကောင်း မရှိခဲ့သော်လည်း ဝမ်ချောင် ဝိညာဉ်သွေးကြောကို ရှာဖွေတွေ့ရှိခဲ့ကတည်းက ဝိညာဉ်သွေးကြောသည် သံသယရှိရန်မလိုအောင် ၎င်း၏ အခြေခံအုတ်မြစ် ဖြစ်လာပေသည်။
အရူးတစ်ယောက်သာ ၎င်းကို ရောင်းချပေလိမ့်မည်။ အကယ်၍ သူသည် ဤအရာကို ပြုလုပ်ရန် စီစဉ်ထားခဲ့ပါက သူသည် ဘာကြောင့် ယခင်က ပထမမင်းသားကို အပြစ်ပြုခဲ့သနည်း။
“လူအိုကြီးလင်းယုန်ငှက် ငါ ပြောတာ နားထောင် ငါ မင်းတွေးနေတာကို သိတယ်။ ငါ ရူးသွားတာ မဟုတ်သလို ဆင်ခြင်တုံတရား မဲ့သွားတာလည်း မဟုတ်ဘူး။ ဝိညာဉ်သွေးကြောနဲ့ ပတ်သတ်ပြီး ငါ့အမိန့်တွေကိုပဲ လိုက်နာပေးပါ။ မင်းဒါကို လုပ်ကို လုပ်ရမယ်”
ဝမ်ချောင် ပြောလိုက်သည်။ သူ့အမူအရာသည် တည်ငြိမ်နေကာ သူ့မျက်လုံးများက တောက်ပနေပြီး သူ့ပုံစံတွင် ရူးသွပ်မှု မရှိပေ။ ထို့အပြင် လူအိုကြီးလင်းယုန်ငှက်တွေးနေသည့်အရာကို သူ မသိစရာအကြောင်း မရှိပေ။ သာမန်အခြေအနေများတွင် သူသည် ဤဆုံးဖြတ်ချက်ကို ဘယ်တော့မှ ချမည်မဟုတ်ပေ။
သို့သော် သူသည် ထောင်ထဲတွင် ၆ရက် ကုန်ဆုံးသွားပြီဖြစ်ပြီး ဝိညာဉ်သွေးကြောကို ရောင်းချခြင်းက အချိန်အကြာကြီး သူ တွေးထားခဲ့သည့် ဆံးဖြတ်ချက်တစ်ခု ဖြစ်သည်။
ဝမ်ကလန်သည် မျိုးဆက်၁၀၀အထိ ဆက်ရှိနေရန် မဖြစ်နိုင်ပေ။ လူအိုကြီးလင်းယုန်ငှက်သည် ပြင်းထန်သော ကပ်ဘေးတစ်ခု ချဉ်းကပ်လာနေသည်ကို ဘယ်တော့မှ သိလိမ့်မည် မဟုတ်ပေ။ အနောက်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများသည် ပြည်တွင်းစစ်ပွဲ မဟုတ်သော်လည်း တစ်လောကလုံးနှင့်ဆိုင်သော ကပ်ဘေးအတွက် ရှေးပြေးနိမိတ်ဖြစ်ပေသည်။
ထို့အပြင် ထိုကပ်ဘေးက ရောက်လာချိန်တွင် မည်သူမျှ တောင့်ခံနိုင်မည် မဟုတ်ပေ။ အကယ်၍ အရာရာတိုင်းသည် သူ မျှော်မှန်းထားသည့်အတိုင်း ဖြစ်သွားခဲ့ပါက ထိုဝိညာဉ်သွေးကြောသည်ပင် ပျက်စီးသွားပေလိမ့်မည်။ ၎င်းကို မျိုးဆက်၁၀၀အထိ မည်သို့ လက်ဆင့်ကမ်းနိုင်မည်နည်း။
လက်ရှိတွင် ဝမ်ချောင်၏ ပူပန်မှုသည် ဝိညာဉ်သွေးကြောက ဝမ်ကလန်ကို ထောက်ပံ့ပေးနိုင်သည့် အကျိုးအမြတ်များ မဟုတ်ခဲ့ပေ။ သို့သော် တိုင်းပြည်တစ်ခုလုံးကို လှုပ်ခါစေတော့မည့် အနောက်တောင်ဘက်ရှိ စစ်ပွဲဖြစ်သည်။
ပြင်ဆင်မှုသည် အောင်မြင်မှုကို အာမခံနိုင်ပြီး ပြင်ဆင်မှုကင်းမဲ့ခြင်းက ကျရှုံးမှုကို အာမခံနိုင်သည်။ သူ့အစီအစဉ်များက သက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ။ သူတို့က ဤစစ်ပွဲကို တားဆီးခြင်းတွင် အောင်မြင်ခဲ့သည်ဖြစ်စေ။ မအောင်မြင်ခဲ့သည် ဖြစ်စေ ဝမ်ချောင်က အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရပေမည်။
တိုင်းပြည်တစ်ခုလုံးသည် မသိခဲ့ကြသေးပေ။ လူများစွာတို့သည် ကဲလျိုဖန်းက မဟာထန်ကို တိုက်ခိုက်ခဲ့ပြီး အနောက်တောင်ဘက်ရှိ မြို့တစ်မြို့ ဆုံးရှုံးခဲ့သည်ကိုပင် မသိခဲ့ကြပေ။
တစ်ကိုယ်တော်ဝံပုလွေ၏ သတင်းအချက်အလက်သည် တော်ဝင်ရုံးတော်၏ သတင်းအချက်အလက်ထက် ပို၍ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့ပေသည်။ ဝမ်ချောင် ယခင်က ချထားခဲ့သော ကျားစေ့သည် နောက်ဆုံးတွင် ၎င်း၏ တန်ဖိုးကို ပြသသွားခဲ့၏။
ဝမ်ချောင်သည် ရုံးတော်၏ ဝန်ကြီးများမတိုင်မီ အနောက်တောင်ဘက်ရှိ ဖြစ်ရပ်များအကြောင်း သတင်းရရှိခဲ့သည်။ ထို့အပြင် သူသည် လာနေသည့်အရာအကြောင်းကို စောစီးစွာ သိရှိထားခဲ့သည်။
သို့သော် ဝမ်ချောင်သည် ထိုဝန်ကြီးများကို သတိပေး၍ မရပေ။
တိုင်းပြည်၏ကိစ္စတစ်ခုသည် တစ်ကိုယ်တော်ဝံပုလွေ၏ စာတစ်စောင်ဖြင့် ဆုံးဖြတ်၍ မရပေ။ မဟာထန်တွင် ၎င်း၏ ကိုယ်ပိုင်သတင်းလမ်းကြောင်းများ ရှိပြီး ဝမ်ချောင်သည် ထိုသတင်းရောက်ရှိလာသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းရန်သာ တတ်နိုင်ပေသည်။
ဆယ်စုနှစ်များစွာ ငြိမ်းချမ်းနေပြီးနောက် မဟာထန်၊ မုန့်ကျီကျောင်းနှင့် ဝူရှန်းတို့သည် အလွန်ကြီးမားသော စစ်ပွဲတစ်ခုတွင် ပါဝင်တော့မည် ဖြစ်သည်။
ဤစစ်ပွဲသည် ရန်သူစစ်သည်ငါးသိန်းကျော်နှင့် မဟာထန်လက်ရွေးစင် တစ်သိန်းရှစ်သောင်း ပါဝင်လိမ့်မည် ဖြစ်ပြီး စုစုပေါင်း တပ်သား၇သိန်းနီးပါး ဖြစ်သည်။
ဤသို့သော တိုက်ပွဲတစ်ခုသည် ရိုကျိုး၊ ပိုင်ထင်၊ အန်းရှီနှင့် လုံရှီတို့တွင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။ အကယ်၍ တစ်ယောက်သည် မဟာထန်၏ သမိုင်းကို ကြည့်ရှုခဲ့လျှင်ပင် စစ်သည်၇သိန်းနီးပါးပါသည့် စစ်ပွဲအရေအတွက်သည် လူတစ်ဦး၏လက်ဖြင့် ရေတွက်၍ ရသည်။ မဟာထန်သည် ချောက်ထဲသို့ လျောကျနေခဲ့ပြီဖြစ်၏။
ဝမ်ချောင် လုပ်ချင်ခဲ့သည့်အရာမှာ ဤစစ်ပွဲကို ဖြစ်နိုင်သမျှ ရှောင်ရှားရန် ဖြစ်သည်။ ဤစစ်ပွဲရှောင်လွဲ၍ မရနိုင် ဖြစ်လာခဲ့ပါက ဝမ်ချောင်သည် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။
စစ်သည် ၇သိန်း ပါဝင်နေသော မကြုံစဖူး အရွယ်အစားရှိသည့် စစ်ပွဲတစ်ခုသည် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။
ဤစစ်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲရန်နှင့် မဟာထန်၏ ကံကြမ္မာကို ပြောင်းလဲရန် သူသည် အရာတစ်ခုကိုသာ လိုအပ်ပေသည်။ ပိုက်ဆံ..။ အလွန်ကြီးမားလှသော ပမာဏရှိသည့် ပိုက်ဆံ။ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေသည့် ပမာဏရှိသော ပိုက်ဆံ ဖြစ်သည်။
စစ်ပွဲသည် ဘယ်တုန်းကမှ လက်နက်တိုက်ပွဲတစ်ခု မဖြစ်ခဲ့ပေ။ ၎င်းသည် စီးပွားရေးတိုက်ပွဲတစ်ခု ဖြစ်၏။ စစ်ပွဲတစ်ခုကို စတင်ရန်အတွက် လူတစ်ဦးတွင် များပြားလှသော ကြွယ်ဝမှုတစ်ခု ရှိရမည် ဖြစ်ပြီး အလွန်ကြီးမားလှသော ရံပုံငွေများ ရှိရပေမည်။ အလားတူပင် စစ်ပွဲတစ်ခုတွင် ဝင်စွက်ဖက်ရန်အတွက် လူတစ်ဦးတွင် လုံလောက်သည့် ကြွယ်ဝမှု ရှိရမည် ဖြစ်ပြီး ခန့်မှန်း၍ မရအောင် ကြီးမားသည့် ကြွယ်ဝမှု ဖြစ်ရပေမည်။
ငွေကြေးပမာဏက ကြီးမားလေလေ စစ်ပွဲကို ဝင်စွက်ဖက်ရန် လူတစ်ဦးကို အခွင့်အရေး ပိုရှိလေလေ ဖြစ်သည်။
သာမန်အခြေအနေများတွင် ဝမ်ချောင်၏ ကြွယ်ဝမှု မဆိုထားနှင့်၊ မြို့တော်ရှိ မည်သည့်ကလန်၏ ကြွယ်ဝမှုမဆို ဤအဆင့်သို့ ရောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဤသည်ကား ကလန်တစ်ခုတည်း၏ ဖမ်းဆုပ်မှုအတွင်း မရှိတော့ဘဲ အနည်းဆုံး မဟာကလန်အတော်များများ၏ ဖမ်းဆုပ်မှုထဲတွင် ဖြစ်သည်။
ဝမ်ချောင့်အတွက် ဝိညာဉ်သွေးကြောကို ရောင်းချခြင်းကသာ သူ့အား လုံလောက်သည့် ကြွယ်ဝမှုကို စုဆောင်းနိုင်စေပေလိမ့်မည်။
လက်ရှိတွင် ကဲလျိုဖန်းက မဟာထန်ကို တိုက်ခိုက်ခဲ့ပြီး မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့သည့် သတင်းသည် လမ်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းသည် မြို့တော်သို့ မရောက်ခဲ့သေးပေ။ သို့သော် ၎င်းက ကြာမည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ချောင့်တွင် အချိန်များစွာ မရှိတော့ပေ။
ထိုသတင်းက မြို့တော်သို့ မရောက်လာမီ ဝမ်ချောင်သည် ဝိညာဉ်သွေးကြောကို အပြီးတိုင် ရောင်းချရပေမည်။ ထိုသို့မဟုတ်ပါက အနောက်တောင်ဘက်ရှိ စစ်ပွဲသတင်းသည် မြို့တော်ရှိ လှုပ်ရှားမှုများ၏ အကျိုးသက်ရောက်မှုကို မှေးမှိန်သွားစေပေလိမ့်မည်။
ထိုအချိန် ရောက်လာခဲ့ပါက ဝမ်ချောင့်တွင် ကြီးမားလှသော ကြွယ်ဝမှုပမာဏ စုဆောင်းရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။