← Chapters

အခန်း (၄၆၆-၄၇၀)

Vol. 21 Ch. 466-470

အခန်း (၄၆၆-၄၇၀)

Vol. 21 Ch. 466-470

အခန်း ၄၆၆

ရူးသွပ်နေသော ဝမ်ကလန်။

“နောက်ပြီး ငါ့မှာ မင်းအတွက် အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်”

ဝမ်ချောင် ဂရုမစိုက်စွာ ပြောလိုက်သော်လည်း သူ့အမူအရာက ပို၍ပင် လေးနက်လာသည်။

“အခုချက်ချင်း ငါတို့မှာ ရှိတဲ့ ကြွယ်ဝမှုတွေ အားလုံးကို စုစည်းလိုက်ပြီး အဲဒါတွေ အားလုံးကို ကျန်းကလန်ကို ပို့လိုက်ပါ။ နောက်ပြီး ကျန်းကလန်ရဲ့ ခေါင်းဆောင်ကို သူတို့က ကျောက်စိမ်းရိုင်းသံမဏိနဲ့ ဥက္ကာခဲသတ္ထုတွေနဲ့ထုတ်လုပ်မှု စတင်နိုင်ပြီလို့ ပြောလိုက်ပါ”

ဖလပ် ဖလပ်..

ဝမ်ချောင်၏ စကားများနှင့်အတူ သူ့လက်ညှိုးသည် နှစ်ကြိမ် လှုပ်ရှားသွားကာ မြေပေါ်မှ သူ့အနီးအနားရှိ စာရွက်နှစ်ရွက်ကို ပျံဝဲစေလျက် လူအိုကြီးလင်းယုန်ငှက်လက်ထဲသို့ ရောက်ရှိသွားစေခဲ့သည်။

“ငါ့ရဲ့လက်ရေးအမိန့်မပါဘဲ သူတို့က စတင်မှာ မဟုတ်ဘူး”

ဝမ်ချောင် ပြောလိုက်သည်။

“ဒါပေမဲ့ သခင်လေး… တခြားလူတွေရဲ့ လိုချင်တပ်မက်မှုနဲ့ ဒုက္ခတွေ ရောက်လာတာကို ရှောင်ရှားဖို့အတွက် ဥက္ကာခဲသတ္ထုက လျှို့ဝှက်ထားရမှာ ဖြစ်ပြီး ဘယ်အရေးကြီးကိစ္စအတွက် မဆို အသုံးမပြုရဘူးလို့ အမိန့်ပေးခဲ့တယ် မဟုတ်လား”

“ငါ အဲအကြောင်းကို မစိုးရိမ်နိုင်တော့ဘူး။ ငါတို့ ဥက္ကာခဲသတ္ထုကို အခု မသုံးရင် ငါတို့မှာ နောက်ထပ် အခွင့်အရေး မရှိတော့မှာကို စိုးရိမ်မိတယ်”

ဝမ်ချောင် သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလိုက်သည်။

လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင့်ကို ကြောင်တက်တက် စိုက်ကြည့်လိုက်မိ၏။ သူသည် ဝမ်ချောင် ပြောလိုက်သည့် စကားတစ်လုံးချင်းစီကို နားလည်လိုက်သော်လည်း အတူတကွ စုစည်းလိုက်သောအခါ သူတို့ကို နားမလည်နိုင် ဖြစ်လာသည်။

သို့သော် လူအိုကြီးလင်းယုန်ငှက် အာမခံနိုင်သည့် အရာတစ်ခု ရှိပေသည်။ ဝမ်ချောင်သည် ဤဆုံးဖြတ်ချက်များ မချမီ အချိန်အကြာကြီး ခက်ခက်ခဲခဲ တွေးထားခဲ့ပေသည်။ သူသည် ၎င်းတို့ကို တစ်စုံတစ်ယောက်ကြောင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ မည်သည့်အရာကမှ သူ့စိတ်ကို ပြောင်းလဲအောင် မလုပ်နိုင်ပေ။

“ဟုတ်ကဲ့ပါ သခင်လေး”

လူအိုကြီးလင်းယုန်ငှက် သူ့ဒူးကို အနည်းငယ် ညွှတ်လိုက်ကာ ခေါင်းငုံ့လိုက်သည်။ သူ့သံသယများနှင့် ဝမ်ချောင် ကြားတွင် လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင့်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ဆဲ ဖြစ်သည်။

… သူ ယခင်က ပြုလုပ်ခဲ့သကဲ့သို့ပင်။

“နောက်ပြီး ကျောက်ကျင်းတန်နဲ့ တခြားသူတွေကို စုစည်းလိုက်ပြီး သူ့ကို ဒါပေးလိုက်ပါ”

ဝမ်ချောင် နောက်ထပ် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။

“ဟုတ်ကဲ့ပါ သခင်လေး”

လူအိုကြီးလင်းယုန်ငှက် မေးခွန်းများ ထပ်မမေးတော့ပေ။

ဝမ်ချောင် သူ့ကို ပေးလိုက်သည့် စာရွက်များနှင့်အတူ လူအိုကြီးလင်းယုန်ငှက် ထောင်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားလိုက်သည်။

အေးစက်သည့် အကျဉ်းထောင်သည် တိတ်ဆိတ်နေခဲ့၏။ ယခုအခါ လူအိုကြီးလင်းယုန်ငှက် ထွက်ခွာသွားခဲ့ပြီး ဝမ်ချောင် သူ့ခေါင်းကို နောက်တစ်ကြိမ် ငုံ့လိုက်ကာ သူ့မျက်လုံးများက မြေပြင်ပေါ် စူးစိုက်နေခဲ့ကြသည်။ အကယ်၍ တစ်ယောက်ယောက်သာ ဂရုတစိုက် ကြည့်ရှုလိုက်ပါက ဝမ်ချောင်ပတ်ပတ်လည်တွင် မရေမတွက်နိုင်အောင် သေးငယ်သည့် ကန့်လန့်ဖြတ်မျဉ်းများ ရှိနေသည်ကို တွေ့ရှိပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မတ်တပ်ရပ်လိုက်ပြီး အပေါ်ဘက်မှ ကြည့်လိုက်ပါက ဤသေးငယ်သည့် အမှတ်အသားများက မြေပုံတစ်ခု ဖြစ်ပြီး ရှုပ်ထွေးကာ စိတ်မကူးနိုင်လောက်အောင် အသေးစိတ်ကျသည့် မဟာထန် အနောက်တောင်ဘက် နယ်စပ်၏ မြေပုံဖြစ်သည်ကို နားလည်နိုင်ပေလိမ့်မည်။

မရေမတွက်နိုင်သော စာရွက်များသည် မြေပေါ် ပြန့်ကျဲနေခဲ့ကြပြီး အနောက်တောင်ဘက်ကို ၎င်းတို့အားလုံး နီးပါးပေါ်တွင် ရေးဆွဲထားခဲ့သည်။

“မလုံလောက်ဘူး… မလုံလောက်သေးဘူး ဒီအရာတွေပေါ် မှီခိုနေတာက မလုံလောက်သေးဘူး။ ငါ ဘာတွေ လွဲနေတာလဲ”

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။ သူကလွဲ၍ သူ ပြောနေသည့်အရာကို မည်သူမျှ မသိပေ။

အနောက်တောင်ဘက် နယ်စပ်သည် ကြီးမားသော ဒုက္ခရောက်နေပြီဖြစ်သည်။ အင်အား သုံးသိန်းရှိသော မုန့်ရှီကျောက်စစ်တပ်၊ အင်အားနှစ်သိန်းရှိသော ဝူရှန်းစစ်တပ်.. စစ်ပွဲ စတင်ချိန်တွင် မဟာထန်၏ အနောက်တောင်ဘက် နယ်စပ်သည် အံဝင်ခွင်ကျဖြစ်စွာ ပေါ်လာလိမ့်မည် ဖြစ်သော်လည်း ထိုအားကောင်းသော စစ်တပ်နှစ်ခုက တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ကျားများကဲ့သို့ ဖြစ်ပေလိမ့်မည်။

ခေါင်းပေါ်ချိန်ရွယ်‌နေသည့် ဓားတစ်ချောင်းသည် တစ်နေ့ ကျဆင်းလာပေမည်။

စစ်သူကြီးတစ်ယောက်အနေဖြင့် ဝမ်ချောင်သည် မဟာထန်နှင့် လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့အတွက် အသက်ရှင်သန်မည့် လမ်းကြောင်းတစ်ခုကို ရှာဖွေရန် လိုအပ်ပေသည်။

***

ဘုန်း..

ကျောက်တုံးတစ်တုံးက ရေထဲ ပြုတ်ကျသွားသကဲ့သို့ ဝမ်ချောင် ဝိညာဉ်သွေးကြောကို ရောင်းချမည့် သတင်းနှင့်အတူ ထောင်ထဲမှ လူအိုကြီးလင်းယုန်ငှက် ထွက်ခွာလာခြင်းက မြို့တော်၏ မဟာကလန်များနှင့် မြင့်မြတ်သော အိမ်တော်များအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

“ဘာ.. ဝမ်ချောင်က ဝိညာဉ်သွေးကြောကို ရောင်းချင်နေတာလား။ သူ ရူးသွားတာလား”

သတင်းကို ကြားလိုက်ရသောအခါ ဟွမ်ကလန်ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။ သူ့ ပထမဆုံး တုံ့ပြန်မှုမှာ ဝမ်ချောင်က ရူးသွားသည်လော သို့မဟုတ် သတင်းက မှားယွင်းနေသည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်သည်။

ဝမ်ကလန်၏ ပိုင်ဆိုင်မှုအားလုံးတို့တွင် တန်ဖိုးအရှိဆုံးမှာ သံသယရှိရန် မလိုအောင် ဝမ်ချောင်၏ပိုင်ဆိုင်မှု ဖြစ်သည့် ဝိညာဉ်သွေးကြော ဖြစ်သည်။ ဝမ်ချောင်သည် ၎င်းကို မည်သို့ ရောင်းချနိုင်ရသနည်း။

“ဟား ဟား ဟား.. ဝမ်ကလန်က သူတို့ရဲ့ ဝိညာဉ်သွေးကြောကို တကယ်ပဲ ရောင်းချင်နေခဲ့တယ်။ ဝယ်.. ဝယ်.. ဝယ်.. အရူးအမူးဝယ်.. ဝိညာဉ်သွေးကြော မရှိရင် ဝမ်ကလန်က ဘယ်လို မောက်မာနိုင်အုံးမလဲဆိုတာ ကြည့်မယ်”

မြို့စားကြီးစု အိမ်တော်တွင် စုဘိုင်သည် ထိုင်ဖုံတစ်ခုပေါ် မှီနေခဲ့ပြီး လက်ထဲရှိ စာကို ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။

နောက်ဆုံးအကြိမ်က ဝမ်ချောင်သည် သူ့သိက္ခာများအားလုံးကို ဆုံးရှုံးစေခဲ့သည်။ သို့သော်လည်း ဝမ်ချောင့်တွင် အလွန်များပြားသော အရှိန်အဟုန်တစ်ခု ရှိခဲ့သောကြောင့် စုဘိုင်သည် သူ့ဒေါသကို မျိုချရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် သူသည် ဘယ်တုန်းကမှ လက်မလျော့ခဲ့ဘဲ ဝမ်ချောင့်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့၏။

ဝမ်ကလန်သည် မြို့တော်အပြင်ဘက်ရှိ ဝိညာဉ်သွေးကြောကို စွန့်လွှတ်ရန် အမှန်တကယ် ဆန္ဒရှိနေခြင်းက အလွန်အမင်း ရှားပါးလှသော အခွင့်အရေး တစ်ခု ဖြစ်သွားခဲ့သည်။ ဤအကြိမ်စုဘိုင်သည် ဝမ်ချောင်၏ ဝိညာဉ်သွေးကြောကို ဖြစ်နိုင်သမျှ များများ ဝယ်ယူရန် သူ့ဖခင်ကို စည်းရုံးရန် သူ့စွမ်းရည်ကို လုံးဝ ယုံကြည်မှု ရှိပေသည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ တကယ်လို့ ဝမ်ကလန်က ဝိညာဉ်သွေးကြောကို ရောင်းချချင်နေရင် ငါတို့က ဘာလို့ မဝယ်ရမှာလဲ။ ငါ့အမိန့်ကို အကောင်အထည်ဖော်လိုက်.. ငွေတိုးချေးတဲ့လူတွေဆီက ငါတို့ ချေးငှားရမယ်ဆိုရင်တောင် ငါတို့လက်ထဲက ငါတို့ချန်းကလန်ရဲ့ ပိုက်ဆံတွေ အားလုံးကို စုစည်းလိုက်”

မြို့တော်၏ ဓားထုလုပ်သည့် မဟာကလန်ကြီးလေးခုမှ တစ်ခုဖြစ်သည့် ချန်းကလန်၏ ခြံဝန်းထဲတွင် ချန်းကလန်၏ ခေါင်းဆောင်သည်လည်း လက်ထဲရှိ စာကို ကြည့်နေပြီး သူ့မျက်ခုံးများက ပျော်ရွှင်စွာ မြင့်တက်နေခဲ့ကြသည်။

“ဒါပေမဲ့အဖေ.. နောက်ဆုံးအကြိမ်က ကျွန်တော်တို့ ဝမ်ချောင့်ကို အပြစ်ပြုမိခဲ့တာ မဟုတ်ဘူးလား.. သူက…”

ဘေးတွင် ချန်းကလန်၏ သခင်လေး တစ်ဦးတည်းသောသား ချန်းရှောင်းချန်က မနေနိုင်ဘဲ သူ့အမြင်ကို ထုတ်ပြောလိုက်သည်။ သူသည် ချန်းကလန်က သလင်းပြာစံအိမ်တွင် ကျောက်စိမ်းရိုင်းသံမဏိရောင်းချနေချိန် ဝမ်ချောင့်ကို ကြီးစွာ အပြစ်ပြုမိခဲ့သည်ကို ကောင်းကောင်း မှတ်မိပေသည်။

ဖတ်..

သူ့စကားမဆုံးမီ သူ့ခေါင်းမှနေ၍ အဘုတစ်ခု ပေါ်လာခဲ့၏။

“အဲဒါက ကိစ္စတစ်ခု ဒါက တခြားတစ်ခု.. စီးပွားရေးနဲ့ပတ်သတ်ပြီး မင်းလို့ ကလေကချေကောင်က ဘာသိမှာလဲ။ ဝမ်ကလန်က အဲကောင်လေးက ဆန္ဒမရှိနေရင် သူက အဲဒါကို ရောင်းချဖို့ ဘာလို့ ထုတ်ယူလာမှာလဲ”

အလားတူ ဖြစ်ရပ်များ တခြားနေရာများတွင် ဖြစ်ပျက်နေခဲ့ကြသည်။

“အဖေ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

စစ်သူကြီးတစ်ယောက်၏ အိမ်တော် အဓိကခန်းမတွင် အားပုတန်သည် လက်ထဲရှိ စာရွက်ကို ချလိုက်ပြီး သူ့ဖခင် မဟာစစ်သူကြီးအားပုစီထံသို့ လှည့်လိုက်သည်။ အားပုစီသည် အစစ်အမှန်အာဏာရှိသည့် စစ်သူကြီးတစ်ယောက် မဟုတ်ပေ။ ကျန်းရှို့ကွေ့၊ ဖုမင်လင်းချာ၊ ဂိုဆွန်းကျီတို့နှင့်မတူဘဲ သူသည် ထောင်သောင်းချီသော တပ်သားများကို အမိန့်မပေးခဲ့ရသလို သူ့ကို မည်သည့်ဒေသအပေါ်မဆို လုံးဝအကြွင်းမဲ့အာဏာ ပေးအပ်မခံထားရပေ။

သို့သော် အားပုစီ၏ ကွပ်ကဲမှုအောက်ရှိ ထန်းလျိုလက်ရွေးစင်မြင်းတပ်သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးအဖြစ် ချီးကျူးခံထားရပြီး တိုင်းပြည်တွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အားပုစီသည် သူ့သား၏ စကားများကို တိတ်ဆိတ်စွာ တွေးတောလိုက်သည်။

ထုံလျိုတို့သည် မဟာထန်ကို အညံ့ခံခဲ့ကတည်းက ရာစုနှစ်အတော်များများ ရှိသွားခဲ့ပြီဖြစ်ပြီး ပို၍ တိကျစွာ ပြောရပါက ဟိုးယခင် ဧကရာဇ်ထိုက်ကျုံး၏ စိုးစံမှုကတည်းက ဖြစ်သည်။ ဧကရာဇ် သူတို့ကို ပြသခဲ့သည့် မျက်နှာသာပေးမှုသည် အချိန်အကြာကြီးကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အားပုစီသည် နှစ်ရာချီကြာပြီးနောက် ထန်းလျိုကို အထွတ်အထိပ်သို့ ဦးဆောင်နိုင်ခဲ့ပြီး သူ၏ တော်ဝင်မိသားစုထံသို့ သစ္စာရှိမှုနှင့် သူ၏အလွန်အမင်း သတ္တိရှိမှုတို့မှတစ်ဆင့် တခြားတပ်များနှင့် ဟူများကို ပြင်းထန်စွာ ဖိနှိပ်ခဲ့သည်။

သို့သော် ထန်းလျိုသည်လည်း အလွန်အမင်း မာနကြီးသောလူများ ဖြစ်ကြသည်။ အကယ်၍ သူတို့၏မာနကြောင့် မဟုတ်ခဲ့ပါက ထန်းလျိုမြင်းတပ်သည် တစ်လောကလုံးရှိ အသန်မာဆုံးမြင်းစီးသူများအဖြစ် ကျော်ကြားလာမည် မဟုတ်ပေ။ ဒေသဆိုင်ရာတပ်မှုးများဖြစ်ရပ်တွင် ဝမ်ချောင် တင်ပြခဲ့သည့် စာလွှာသည် မဟာစစ်သူကြီး အားပုစီကို ကြီးစွာ ဝမ်းနည်းစေခဲ့သည်။

ရုံးတော်၏ အရပ်ဘက်နှင့်စစ်ဘက် အရာရှိများရှေ့တွင် အားပုစီသည် ဒူးထောက်ရန် ဖိအားပေးခံခဲ့ရသေး၏။ အားပုစီသည် အကယ်၍ ၎င်းက ဝမ်ကလန်၏ သခင်ကြီးဖြစ်ခဲ့ပါက ဤရလဒ်ကို လက်ခံခဲ့နိုင်ကောင်း လက်ခံခဲ့နိုင်ပေလိမ့်မည်။

သို့သော် ဝမ်ချောင်သည် အတွေ့အကြုံမရှိသေးသည့် ဆယ်ကျော်သက်တစ်ယောက်မျှသာ ဖြစ်သည်။ အားပုစီ မည်သို့ ကျေနပ်နိုင်မည်နည်း။ သူ မည်သို့ မေ့ပျောက်နိုင်မည်နည်း။

“ငါ့အမိန့်ကို အကောင်အထည်ဖော်လိုက်.. ငါတို့ ထန်းလျိုမျိုးနွယ်စုရဲ့ ရတနာတွေ အားလုံးကို စုစည်းပြီး ရွှေတွေနဲ့ လဲလှယ်လိုက်။ ငါတို့ ရနိုင်သလောက် ဝိညာဉ်သွေးကြောကို အများကြီး ဝယ်ယူရမယ်”

အားပုစီ လေးနက်စွာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ အဖေ..”

အားပုတန် ပျော်ရွှင်သွားခဲ့၏။ သူသည် သူ့ဖခင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။ သူသည် အတောင်များ ရှိသကဲ့သို့ ပြေးထွက်လိုက်၏။ ဝိညာဉ်သွေးကြောသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်ပြီး ဝမ်ကလန်သည် ဤအရာကို တစ်နေ့ နောင်တရပေလိမ့်မည်။

သူ့ဖခင်သည် ၎င်း၏ အစိတ်အပိုင်းကို ဝယ်ယူရန် သဘောတူခဲ့ခြင်းမှာ ဝမ်ချောင့်ကို ကန့်ကွက်ပြီး သူ့ကို သင်ခန်းစာတစ်ခု ပေးချင်သောကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။

ချမ်းသာကြွယ်ဝမှုနှင့် ပတ်သတ်၍ ထန်းလျိုတို့သည် ရွှေနှင့်ငွေများကို ဘယ်တုန်းကမှ များစွာ ဂရုမစိုက်ခဲ့ကြပေ။

“ဝမ်ချောင် ဝမ်ချောင် အနာဂတ်မှာ မင်းဒါကို နောင်တရလိမ့်မယ်”

အားပုတန် ပြေးထွက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ယောင်ကလန်နှင့် ချီဘုရင်အိမ်တော်တို့သည်လည်း အလားတူ ရှုပ်ထွေးနေခဲ့ကြသည်။

“အဖေ အဲကောင်လေးက ဘာကြံစည်နေတာလဲ”

ယောင်ကလန်အိမ်တော်တွင် ယောင်ဖန်း မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်နှာပေါ်တွင် သံသယများ ရှိနေခဲ့သည်။ သူသည် ဝမ်ချောင်၏ တစ်ကြိမ်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ဖြစ်သော်လည်း ယောင်ဖန်းသည် အရူးမဟုတ်ပေ။ ဝမ်ကလန်၏ ဤအကွက်သည် အလွန်သံသယဖြစ်ဖွယ် ကောင်းလှသည်။

“သူတို့တွေးနေတဲ့အရာကို ငါတို့ သိချင်ရင် ငါတို့ သူတို့လိုချင်တဲ့အရာကို သိရမယ်။ ဝမ်ကလန်က ဝိညာဉ်သွေးကြောကို ပိုက်ဆံအတွက် လဲလှယ်ချင်နေတာ မေးခွန်းထုတ်စရာ မလိုဘူး။ အရမ်းကို ကြီးမားတဲ့ ပိုက်ဆံပမာဏတစ်ခု..”

ယောင်ကွမ်းရီ သူ့ခေါင်းကို ငုံ့လိုက်ကာ သူ့မျက်လုံးများက အတွေးများဖြင့် တောက်ပနေခဲ့သည်။

“ဒါပေမဲ့ ဝမ်ကလန်က ဒီပိုက်ဆံတွေအားလုံးကို ဘာအတွက် လိုအပ်တာလဲ။ အဲကောင်လေးက ဘုရင်တစ်ယောက်လို ချမ်းသာနေပြီ မဟုတ်လား။ သူ ဒီပိုက်ဆံအကုန်လုံးကို ဘယ်နေရာမှာ သုံးနိုင်မှာလဲ”

ယောင်ဖန်းမေးလိုက်၏။

ခိုင်မာသော အဆင့်တစ်ခုတွင် ချမ်းသာကြွယ်ဝမှုသည် အယူအဆတစ်ခု၊ နံပါတစ်ခု ဖြစ်လာပေသည်။ ယောင်ဖန်းသည် မဟာထန်၏ လက်ရွေးစင်ကလန်များတစ်ခုမှ ဆင်းသက်လာခဲ့သောကြောင့် သူသည် ဤအကြောင်းအရာနှင့် ပတ်သတ်၍ ပို၍ရှင်းလင်းပေသည်။ လူတစ်ယောက်သည် လုံလောက်သော ကြီးမားသည့် ပမာဏကို စုဆောင်းမိသောအခါ ၎င်းသည် ထိုများပြားလှသော ပိုက်ဆံကို သုံးစွဲရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထိုအထဲသို့ ပို၍ ထပ်ထည့်ခြင်းက နံပါတ်တစ်ခု ထပ်ထည့်ခြင်းသာ ဖြစ်မည် ဖြစ်သော်လည်း ၎င်းက လူတစ်ယောက်၏ဘဝကို မည်သည့်ပြောင်းလဲမှုကိုမျှ ယူဆောင်လာပေးလိမ့်မည် မဟုတ်ပေ။

“ဟမ်း.. ငါတို့က သေချာပေါက် အဲလောက် အများကြီးကို သုံးနိုင်မှာ မဟုတ်သလို အဲကောင်လေးကလည်း သုံးနိုင်မှာ မဟုတ်ဘူး”

ယောင်ကွမ်းရီ သူ့ခေါင်းကို မော့လိုက်ပြီး လှောင်ပြောင်လိုက်သည်။

ယောင်ကွမ်းရီသည် အရူးမဟုတ်ပေ။ ဝမ်ကလန်သည် ကြီးမားလှသော ငွေပမာဏကို စုဆောင်းရန် ကျောက်စိမ်းရိပ်သံမဏိအပေါ် မှီခိုခဲ့သော်လည်း ဤငွေပမာဏ၏ အစိတ်အပိုင်းသည် နားမလည်နိုင်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။

ယောင်ကွမ်းရီသည် ဘာဖြစ်နေသည်ကို အခုထိ ရှာမတွေ့ခဲ့သေးသော်လည်း ယောင်ကလန်သည် မကြာမီ သဲလွန်စအချို့ကို ရှာဖွေနိုင်ပေလိမ့်မည်။

ဝမ်ချောင်၏အတွေးများသည် အလွန်နက်နဲသိမ်မွေ့ပြီး ခန့်မှန်းမရ ဖြစ်နေကြရုံပင်။ သူတို့က ဖော်ထုတ်ခဲ့သော်လည်း ယောင်ကွမ်းရီ နားမလည်နိုင်ကြသည့် အရာများ ရှိကြပေသည်။

အနည်းဆုံး ယောင်ကွမ်းရိသည် ဤအကွက်များထဲရှိ အဓိပ္ပာယ်ကို မမြင်နိုင်ခဲ့ပေ။

“အဖေ အဲလိုဆိုရင် ကျွန်တော်တို့ သူတို့ကို အောင်မြင်ခွင့် ပေးလို့ မရဘူး”

ကြမ်းကြုတ်သည့် အကြည့်တစ်ခုက ယောင်ဖန်း၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့ကာ သူ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဟမ်း.. မှားတယ်”

ယောင်ကွမ်းရီ အေးစက်စွာ ရယ်မောလိုက်၏။ သူသည် စာကို ချလိုက်ပြီး သူ့မျက်လုံးများက လေးနက်ကာ ထက်ရှသွားခဲ့သည်။

“အဲကောင်လေးက အဲပိုက်ဆံတွေ အကုန်လုံးနဲ့ ဘာလုပ်ချင်နေပါစေ။ ငါတို့က ငါတို့ လုပ်ရမဲ့အရာကို လုပ်ရမှာပဲ။ သူက မနက်ဖြန် ပုန်ကန်မှုတစ်ခု စတင်ဖို့ အဲပိုက်ဆံတွေကို သုံးချင်တယ် ဆိုရင်တောင် ဝိညာဉ်သွေးကြောကို ငါတို့ ရနိုင်သမျှ များများ ဝယ်ယူရအုံးမှာပဲ။ ငါတို့ ယောင်ကလန်ကို အကျိုးရှိစေမဲ့အရာကို ငါတို့က ဘာလို့ မလုပ်ရမှာလဲ”

ယောင်ကွမ်းရီ လက်တစ်ချောင်း ထောင်လိုက်ကာ ဆုံးမလိုက်သည်။

“ဖန်းအာ ဒါကို မှတ်ထား.. မင်းရဲ့ခံစားချက်တွေကို မင်းလုပ်နေတဲ့ ကိစ္စတွေအပေါ် ဘယ်တော့မှ မသက်ရောက်စေနဲ့”

ယောင်ဖန်း ကြက်သေသေသွားကာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။

တစ်ချိန်တည်း နီးပါးမှာပင် ချီဘုရင်နှင့် တခြားမဟာကလန် များစွာတို့သည် တူညီသည့် ဆုံးဖြတ်ချက်ကို ချလိုက်ကြသည်။

ထိုသို့ပင် မြို့တော်တွင် လူမသိ သူမသိ ပြင်းထန်သော ပဋိပက္ခတစ်ခုက စတင်သွားခဲ့သည်။ ယောင်ကလန်ဖြစ်စေ၊ ချီဘုရင်ဖြစ်စေ၊ တခြားကလန်များဖြစ်စေ အချိန်အကြာကြီး ကြာပြီးနောက်မှသာလျှင် သူတို့သည် သူတို့ လုပ်ခဲ့သည့်အရာအတိအကျကို နားလည်သွားခဲ့ကြသည်။

***

လူအိုကြီးလင်းယုန်ငှက်သည် လေလံပွဲအတွက် ပြင်ဆင်မှုများကို လူအများ တွေးထင်ထားသည်ထက် မြန်ဆန်စွာ အဆုံးသတ်ခဲ့၏။ သတင်းပျံ့သွားသည့် တစ်ညတည်းတွင် လူအိုကြီးလင်းယုန်ငှက်သည် လေလံပွဲကို စတင်ခဲ့သည်။

“အခု ဝိညာဉ်သွေးကြောပေါ်က ပထမမြေကွက်ကို လေလံဆွဲမယ်။ အချင်းဝက် ကျန့်နှစ်ကျန့် ရှိတဲ့ နေရာတစ်ခု.. အဲဒါက လူငါးယောက်အတွက် ကျင့်ကြံဖို့ လုံလောက်တဲ့ နေရာလပ်ရှိတယ်။ ကြမ်းခင်းဈေးက ရွှေပြား သုံးသောင်း..”

“ခြောက်သောင်း..”

“ခုနှစ်သောင်း..”

“တစ်သိန်းတစ်သောင်း..”

“တစ်သိန်းရှစ်သောင်း..”

“နှစ်သိန်းသုံးသောင်း..”

***

မြို့တော်ရှိ ဝေးလံခေါင်သီလှသော ခြံဝန်းတစ်ခုတွင် လူများ သိပ်သည်းစွာ ပြည့်ကျပ်နေခဲ့သည်။ မြို့တော်၏ မဟာကလန် အားလုံးနီးပါး ရောက်ရှိလာခဲ့၏။ လူအိုကြီးလင်းယုန်ငှက်၏အသံသည် ကျဆင်းလာသည့် ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြီးကို ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ကမ်းလှမ်းမှုများ အော်ဟစ်လိုက်ကြကာ လူတိုင်းသည် ရူးသွပ်သွားပုံရသည်။ တစ်ခဏအတွင်းမှာပင် အချင်းဝက်နှစ်ကျန့်သာ ရှိသည့် ဝိညာဉ်သွေးကြော၏ အစိတ်အပိုင်းသည် ရွှေပြား ခြောက်သောင်းမှနေ၍ နှစ်သိန်းသုံးသောင်းသို့ မြင့်တက်သွားခဲ့သည်။

ဤအခိုက်တွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည့် လူအိုကြီး လင်းယုန်ငှက်သည်ပင် လူအုပ်ကြီး၏ စိတ်အားထက်သန်မှုကို အံ့ဩသွားခဲ့သည်။

****************

အခန်း(၄၆၇)

ဒေါသထွက်နေသည့်မြို့တော်

ခလပ်

လှေကားပေါ်ရှိ ခြေသံများသည် မှောင်မည်းနေသည့် အကျဉ်းထောင်မှနေ၍ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။ လူအိုကြီးလင်းယုန်ငှက်က ဝိညာဉ်သွေးကြောကို လေလံတင်နေပြီး ကြီးမားလှသော ဂယက်ရိုက်မှုကို ဖြစ်နေစေချိန်တွင် ဝမ်ချောင်သည် ဧည့်သည်တစ်ယောက်ကို ကြိုဆိုနေခဲ့သည်။

၎င်းသည် အမှန်တကယ်တွင် မြင်းဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အေးစက်သည့် အမူအရာတစ်ခုရှိပြီး မှီခိုသူများ၏ဘုရင့်အမှုထမ်း သင်္ကေတပါရှိသည့် အသိအကျွမ်းဟောင်း တစ်ဦးဖြစ်သည်။

“ဝမ်ချောင် မင်းဘာကြံစည်နေတာလဲ”

ကျန်းချန်ကျိုး သံတိုင်များဆီသို့ ဖြေးညှင်းစွာ လျှောက်လာခဲ့ကာ တင်ပြင်ခွေထိုင်နေသည့် ဝမ်ချောင်ကို ကြည့်လိုက်သည်။

“လူကြီးမင်းကျန်းက ဟန်တွေကိုဖိနှိပ်ဖို့ ဟူတွေကို ကူညီနေတာ မဟုတ်ဘူးလား”

ဝမ်ချောင် လေးတွဲစွာ ပြောလိုက်ကာ သူ့ခေါင်းကိုပင် မမော့ခဲ့ပေ။

ဒေါသထွက်နေသည့် အလင်းရောင်တစ်ခုသည် ဝမ်ချောင်၏ အထင်သေးသည့် လေသံကြောင့် ကျန်းချန်ကျိုး၏ မျက်နှာတွင် ပေါ်လာခဲ့သည်။

“ဝမ်ချောင် ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့။ မင်းထွက်သွားနိုင်မယ်လို့ ထင်နေသေးတာလား။ ဝမ်ကလန်က သြဇာကြီးမားပေမဲ့ မှီခိုသူတွေရဲ့ဘုရင့်အမှုထမ်းကို မထိနိုင်ဘူး”

“ဝမ်ကလန်က ဒီနေရာကို ဝင်စွက်ဖက်နေတဲ့အကြောင်း ငါဘာမှ မပြောခဲ့ဘူး။ အဲ့ဒါ မင်းမဟုတ်ဘူးလား”

ဝမ်ချောင် စိတ်မဝင်စားစွာ ပြောလိုက်သည်။

“မင်း”

ကျန်းချန်ကျိုး ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့လက်မောင်းအိုးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

“ဝမ်ချောင် ဒါကမင်းငါတို့ကို ပေးလိုက်တဲ့ အခွင့်အရေးတစ်ခုပဲ။ မင်းက နေ့ခင်းကြောင်တောင်မှာ လူတစ်ယောက်ကို တကယ်ပဲ သတ်ဖြတ်ရဲခဲ့တယ်။ မင်းရဲ့ဝမ်ကလန်မှာ ဥပဒေတွေကို လေးစားသမှုရော ရှိသေးရဲ့လား”

ဝမ်ချောင်၏မျက်လုံးများ တစ်စက္ကန့်မျှ လင်းလက်သွားခဲ့ကာ ပထမဆုံး အကြိမ်အနေဖြင့် သူသည် ချက်ချင်း မတုန့်ပြန်ခဲ့ပေ။

“... လုပ်ကိုလုပ်ရမဲ့ အရာတစ်ချို့ရှိကြတယ်။ မင်းနားမလည်ပါဘူး။ အဲ့အတွက်လည်း ငါမင်းကို အပြစ်မတင်ပါဘူး။ အနာဂတ်မှာ ငါပြောနေတဲ့ အကြောင်းအရာကို မင်းနားလည်လာလိမ့်မယ်”

“ဟမ် တစ်ခြားလူကို သတ်ဖြတ်တဲ့လူက အသက်တစ်ခုနဲ့ ပေးဆပ်ရမယ်။ တိုင်းပြည်တစ်ပြည်မှာ သူ့ရဲ့ ဥပဒေတွေရှိပြီး ကလန်တွေတိုင်းမှာ သူ့ရဲ့စည်းမျဉ်းတွေ ရှိကြတယ်။ ကောင်းကင်သားတော်ကတောင် ပြစ်မှုတစ်ခုကို ကျူးလွန်တဲ့အခါ ပြည်သူတွေရဲ့ တရားစီရင်တာကို ခံရလိမ့်မယ်။ ငါမင်းကိုပြောပါရစေ.. ဝမ်ချောင် မင်းရဲ့ဝမ်ကလန်က ဘယ်လောက်ပဲ အားကောင်းပါစေ ငါ ဒီထောင်ကို မင်းရဲ့အိမ်လုပ်ပစ်မယ်”

ကျန်းချန်ကျိုး ကြမ်းကြုတ်စွာ ပြောလိုက်သည်။

မြို့တော်တစ်ခုလုံးတွင် ဝမ်ချောင်သည် မှီခိုသူများဘုရင့်အမှုထမ်း၏ နာမည်ပျက်စာရင်းတွင် ထိပ်ဆုံးဖြစ်သည်။ အကယ်၍ တစ်ယောက်သည် မြို့ထဲရှိ မှီခိုသူများ၏ဘုရင့်အမှုထမ်း ၎င်းတို့၏ အရိုးထဲအထိ မုန်းတီးဆုံးလူတစ်ယောက်ကို လက်ညိုးထိုးပြရမည် ဆိုပါက ဤလူသည် သေချာပေါက် ဝမ်ချောင်ဖြစ်ပေလိမ့်မည်။

သို့သော် ဝမ်ချောင်သည် သာမာန်သခင်လေးတစ်ယောက် မဟုတ်ခဲ့ဘဲ သူသည်လည်း ထိုမျှကမူးရှုးထိုး မလုပ်ခဲ့သောကြောင့် မှီခိုသူများ၏ဘုရင့်အမှုထမ်းသည် အချိန်အကြာကြီးသူ့ကို မကိုင်တွယ်နိုင်ခဲ့ပေ။

အကယ်၍ သူတို့သည် ဤအခွင့်အရေးကို အသုံးမချခဲ့ပါက သူတို့သည် အနာဂတ်တွင် သူ့ကိုဂရုစိုက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ဝမ်ချောင် တိတ်ဆိတ်နေခဲ့၏။ ရှားရှားပါးပါး မြင်ကွင်းတစ်ခုပင်။ သူသည် ပြန်မဖြေခဲ့ပေ။

“ငါတကယ်တော့ မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ အားလားလား မင်းကငါ့ကို ထောင်ထဲမှာ ထိန်းထားနိုင်မှာမဟုတ်ဘူး”

ဝမ်ချောင် နောက်ဆုံးတွင် ပြောလိုက်ကာ သူ၏ဂရုမစိုက်သော အသံထဲတွင် သနားနေသည့် အရိပ်အယောင်တစ်ခု ပါရှိနေခဲ့သည်။

“အဟက် ဝမ်ချောင် အပြင်မှာမင်းလုပ်နေတဲ့ အရာကို ငါတို့မသိဘူးလို့ မင်းမထင်လိုက်နဲ့။ ငါမင်းကို အခုပြောလိုက်မယ်။ မင်းက မင်းရဲ့ဝမ်ကလန်ရဲ့ ဝိညာဉ်သွေးကြောကို ရောင်းချပြီး အဲ့ပိုက်ဆံ အကုန်လုံးကို ယူလာခဲ့ရင်တောင် အဲ့ဒါက အသုံးဝင်အုံးမှာ မဟုတ်ဘူး”

ကျန်းချန်ကျိုး သရော်လိုက်၏။

“ဆိုတော့ ဒါတွေအကုန်လုံးက ဒီကိစ္စအတွက်ကြောင့်ပေါ့”

ဝမ်ချောင် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သရော်လိုက်ကာ သူ့မျက်လုံးများက မီးတောက်များကဲ့သို့ တောက်ပနေခဲ့သည်။

ကျန်းချန်ကျိုးသည် သူ့ကိုယ်ထဲရှိလေများ စုပ်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တခဏမျှ သူစကားမပြောနိုင်ခဲ့ပေ။

“ဟမ် မင်းပြောနေတာကို ငါမသိဘူး”

ကျန်းချန်ကျိုး အေးစက်စွာ ပြောလိုက်သော်လည်း သူ့မျက်လုံးများသည် အလိုလိုဘေးသို့ ကြည့်လိုက်ကာ ဝမ်ချောင်၏အကြည့်ကို ဆုံရန် ကြောက်ရွံ့နေခဲ့သည်။

“အဟက် မှီခိုသူတွေရဲ့ဘုရင့်အမှုထမ်းက မြို့တော်မှာ ဝယ်ရောင်းလုပ်နေတဲ့ အရာကို ဘယ်အချိန်တုန်းက အဲ့လောက်အများကြီး ဂရုစိုက်သွားရတာလဲ။ ဟမ် ကြည့်ရတာ လူအိုကြီး လင်းယုန်ငှက်က ဝိညာဉ်သွေးကြောကို တော်တော်လေး မြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းချနေပုံပဲ မဟုတ်ဘူးလား။ မှီခိုသူတွေရဲ့ဘုရင့်အမှုထမ်းကတောင် ငြိမ်ငြိမ်ထိုင်မနေနိုင်ဘဲ ငါ့ကိုအစ်အောက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တယ်လား”

ဝမ်ချောင် စပ်ဖြဲဖြဲလုပ်လိုက်၏။

သူသည် ဟန်လုပ်၍ပြုံးနေသော်လည်း ဝမ်ချောင်၏အကြည့်သည် ထက်ရှပြီး နက်နဲသိမ်မွေ့လှကာ ၎င်းက လူတစ်ဦး၏ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းများကို ဖောက်မြင်နိုင်သကဲ့သို့ ဖြစ်သည်။ ကျန်းချန်ကျိုးသည် ဝမ်ချောင်ထက် အသက်အများကြီး ကြီးသော်လည်း ဤဆယ်ကျော်သက်၏ အကြည့်ရှေ့တွင် သူသည်ပင် သူက ကိုယ်တုံးလုံးဖြစ်ပြီး သူ့လျို့ဝှက်ချက်များအားလုံး ထုတ်ဖော်ခံထားရသကဲ့သို့ ရှက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။

လူအိုကြီးလင်းယုန်ငှက်၏ ဝိညာဉ်သွေးကြောကို လေလံတင်ခြင်းသည် သဘာဝအားဖြင့် မှီခိုသူများ၏ဘုရင့်အမှုထမ်းဆီမှ ဖုံးကွယ်ထား၍မရပေ။ ထို့အပြင် မှီခိုသူများ၏ဘုရင့်အမှုထမ်းအတွက် ဝမ်ချောင် ပေးခဲ့သော ခြိမ်းခြောက်မှုနှင့် ဒုက္ခများအရ ၎င်းသည်သဘာဝအားဖြင့် အတင်းကြပ်ဆုံး ကာကွယ်မှုများနှင့် သူ့ကိုအနီးကပ် ကြည့်ရှု့နေပေလိမ့်မည်။

လူတစ်ယောက်သည် ဝမ်ချောင်ပြုလုပ်လိုက်သည့် ထူးဆန်းသော လှုပ်ရှားမှုတိုင်းက မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှနေ၍ ဖုံးကွယ်ထား၍ မရနိုင်ဟု ပြောနိုင်ပေသည်။

မှီခိုသူများဘုရင့်အမှုထမ်း၏ အဆင့်အတန်းနှင့် သြဇာအာဏာအရ ဆယ်ကျော်သက်လေးတစ်ယောက် အနားတွင် အလွန်ဂရုစိုက်စွာ ပြုမူနေခြင်းမှာ အခြေခံအားဖြင့် မကြုံစဖူးပင်။

သို့သော် ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်၊ ဝူရှန်းပထမမင်းသားဖြစ်ရပ်၊ လက်ရှိဖြစ်ရပ်ကဲ့သို့ မှီခိုသူများ၏ ဘုရင့်အမှုထမ်းအတွက် ဝမ်ချောင်ပြုလုပ်လိုက်သော ပြဿနာများ အားလုံးအကြောင်း တွေးတောလိုက်သောအခါ...

ကျန်းချန်ကျိုး အပါအဝင် အထက်မှအောက်အထိ မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ အဖွဲ့ဝင်တိုင်းသည် ဤသည်က လွန်ကဲစွာ တုန့်ပြန်မှုတစ်ခု မဟုတ်ဟု ခံစားကြရပေသည်။ အကယ်၍ ဆယ်ကျော်သက်တစ်ယောက်သည် ပြဿနာများစွာကို ဖြစ်စေနိုင်ခဲ့ပါက သူအသက်ကြီးလာချိန်တွင် သူတို့ ဘာဖြစ်လိမ့်မည်နည်း။

အကယ်၍ သူတို့သည် ဝမ်ချောင်ကို အခုမကိုင်တွယ်ခဲ့ဘဲ ပြဿနာများကို ဖြေရှင်းရန် သူ့ကိုအကျဉ်း မချခဲ့ပါက သူတို့သည် သူနောက်ထပ် မည်သို့သောပျားအုံကို သွားထိုးလိုက်မည်ကိုပင် စိတ်မကူးကြည့်နိုင်ပေ။

“ဟမ် ဝမ်ချောင် ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနဲ့ မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းတို့က ညှိနှိုင်းဆွေးနွေးမှု ပြီးလုပြီ။ အဲ့အချိန်ရောက်လာတဲ့အခါ ဒီနေရာကနေ မင်းဘယ်လို ရယ်မောနိုင်အုံးမလဲဆိုတာ ငါကြည့်မယ်”

သူ့လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကျန်းချန်ကျိုး ဒေါသတကြီး ထွက်သွားခဲ့သည်။

“မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းနဲ့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံး...”

ဝမ်ချောင်သည် ကျန်းချန်ကျိုး၏ ပြန်သွားသည့်ပုံရိပ်ကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ အချိန်တစ်ခုကြာပြီးနောက် သူသက်ပြင်းချလိုက်၏။

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းတို့က သူ့ကို မည်သို့ကိုင်တွယ်မည်မှာ အရေးမကြီးလှပေ။ အကြောင်းမှာ ကြီးမားလှသော မုန်တိုင်းတစ်ခုသည် တိုင်းပြည်ကို လွှမ်းခြုံတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။

ဘုန်း

အနောက်တောင်ဘက်မှ သတင်းသည် ဝမ်ချောင် စိတ်ကူးထားသည်ထက် မြန်မြန်ဆန်ဆန် ရောက်လာခဲ့သည်။ ကျန်းချန်ကျိုး ထောင်ထဲရောက်လာခဲ့ပြီး နောက်တစ်နေ့တွင် သတင်းသည် တိုင်းပြည်တစ်ခုလုံးကို ကြက်သေ သေသွားစေခဲ့သည်။

အနောက်တောင်ဘက်ရှိ မုန့်ရှီကျောက်၏ ဘုရင် ဂဲလျိုဖန်းသည် နယ်စပ်ရှိ ကျင်းကော်မြို့ကို တိုက်ခိုက်ခဲ့သည်။ ကျင်းကော်၏ ဘုရင်ခံကျန်းချန်ထိုသည် မြို့တော်တစ်ခုလုံးက ပျက်စီးသွားချိန်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ထို့အပြင် ဤသည်က လွန်ခဲ့သည့် လဝက်ကျော်က ဖြစ်သွားခဲ့၏။ ဂဲလျိုဖန်းသည် ဤသတင်းကို ချိတ်ပိတ်ထားခဲ့သောကြောင့် အနီးအနားရှိ အန်းတုံပိုင်နက်သည်ပင် မသိခဲ့ပေ။

မုန့်ရှီကျောက်၏ စစ်တပ်က လုံးဝဆုတ်ခွာသွားပြီးနောက်မှသာ ထိုမြို့သို့သွားသော ကုန်သည်အဖွဲ့သားများသည် ထိုအော့နှလုံးနာဖွယ် မြင်ကွင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဤသတင်း ပျံ့နှံ့လာမှုသည် တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။ တော်ဝင်ရုံးတော်၏ အဖွဲ့ဝင်များ အားလုံးတို့သည် စကားမပြောနိုင်သည်အထိ အလွန် ကြက်သေ သေသွားခဲ့ကြသည်။

ဘန်း

လက်တစ်ဖက်သည် စားပွဲတစ်လုံးကို ရိုက်နှက်သွားခဲ့ပြီး အလွန်ပြင်းထန်စွာ ထိခတ်သွားခဲ့ကာ လက်ဝါးသည် နီရဲသွားခဲ့ပြီး စားပွဲသည် ပျက်စီးလုနီးပါး ဖြစ်သွားသည်အထိပင်။

“ခွေးကောင် ဂဲလျိုဖန်းက ရူးသွားတာလား။ သူလုပ်ရဲတယ်.. သူက မဟာထန်ရဲ့ မြို့တစ်မြို့ကို တိုက်ခိုက်ရဲခဲ့တယ်”

ဤစကားများကို ပြောလိုက်သည့်လူမှာ စစ်မှုထမ်းငှာနမှ လူတစ်ယောက် မဟုတ်ခဲ့သော်လည်း ရုံးတော်၏ တော်ဝင်စိစစ်သူတစ်ယောက် ဖြစ်သည်။ သူ့မုတ်ဆိတ်များသည် ဒေါသကြောင့် တုန်ရီနေခဲ့ကာ သူ၏လုံးဝ ဒေါသထွက်သွားသည့် ပုံစံတစ်ခုပင်။

“ရယ်စရာပဲ အန်းနန်ကာကွယ်ရေးတပ်က ဘာလုပ်နေတာလဲ”

“တော်ဝင်ရုံးတော်က သူတို့ကို ရပ်တည်နိုင်စေဖို့ နှစ်ပေါင်းများစွာ လုံလောက်တဲ့ ဆန်စပါးတွေနဲ့ ငွေတွေကို ထောက်ပံ့ပေးခဲ့တယ်။ သူတို့ကဒါကို ဖြစ်စေခဲ့တာလား။ ဒါက ဒီလောက် နီးနီးလေးမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပေမဲ့ သူတို့က အဲ့မြို့အတိုက်ခိုက်ခံခဲ့ရတာကိုတောင် မသိခဲ့ကြဘူး”

“ဂဲလျိုဖန်းက ပုန်ကန်ချင်နေတာပဲ။ မဟာထန်ကသူ့ကို ကြင်နာခဲ့ပေမဲ့ သူကရန်လိုမှုနဲ့ ပြန်ဆပ်ရဲခဲ့ပြီး အဲ့မြို့ကိုတိုက်ခိုက်ရဲခဲ့တယ်”

“ချက်ချင်း စစ်တပ်ကိုစေလွှတ်ပြီး ဂဲလျိုဖန်းကို သုတ်သင်လိုက်”

“မုန့်ရှီကျောက်က အထိန်းအကွပ်မဲ့ ပြုမူနေတာပဲ”

***

စစ်ဘက်နှင့် အရပ်ဘက် အရာရှိများအားလုံး ပုံမှန်အားဖြင့် စစ်ရေးတွင် ဝင်မပါခဲ့ကြသည့် အစိုးရ အရာရှိများဖြစ်သည့် အမှုထမ်းဌာနနှင့် ဘဏ္ဍာရေးဌာနမှ အရာရှိများသည်ပင် ဂဲလျိုဖန်း၏ လုပ်ရပ်များကြောင့် ဒေါသထွက်သွားခဲ့ကြသည်။

စစ်မှုထမ်းဌာနမှ အရာရှိအချို့တို့သည် တော်ဝင်ရုံးတော်သို့ အသနားခံစာများကိုပင် တင်သွင်းခဲ့ကြ၏။

အရှုံးနှင့်အနိုင်သည် စစ်သည်တစ်ယောက်အတွက် သာမာန်ဖြစ်သည်။ မဟာထန်သည် နှစ်သုံးရာနီးပါး တည်ထောင်ထားခဲ့ပြီး ကြီးမားလှသော အင်အားစုများဖြင့် ဝန်းရံခံထားရသည်။ ဤသို့သော စစ်ပွဲများသည် အဆက်မပြတ် ဖြစ်ခဲ့ဖူးပြီး ရှားပါးလှသော ဖြစ်ရပ်မဟုတ်ပေ။

အန်းတုံ(ဒုန်)ပိုင်နက်၊ အန်းချီပိုင်နက်၊ လုံ့ရှီနှင့် ပိုင်ထင်... ဤသည်က ဤနေရာများအားလုံးတွင် ဖြစ်ပျက်ခဲ့ဖူးသည်။ သို့သော် ဤဖြစ်ရပ်၏ သဘောသဘာဝသည် လုံးဝခြားနားပေ၏။

ဤသို့သော အရာများသည် ယခင်ကဖြစ်ခဲ့ဖူးကြသော်လည်း သူတို့သည် ဤအတိုင်းအတာသို့ ဘယ်တုန်းကမှ မရောက်ရှိခဲ့ဖူးကြပေ။ ထို့ပြင် ယခင်က လုံးဝမဖြစ်ခဲ့ဖူးသည့် အရာမှာ ဂဲလျိုဖန်းကဲ့သို့သော လူတစ်ယောက်သည် နယ်စပ်ကို တိုက်ခိုက်ရန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လာခဲ့သည်။

အနောက်တောင်ဘက် နယ်စပ်သည် မဟာထန်နှင့် မုန့်ရှီကျောက်တို့ လုံးဝသဟဇာတဖြစ်စွာ နေထိုင်ခြင်းဖြင့် ဆယ်စုနှစ်များစွာ ငြိမ်းချမ်းခဲ့သည်။ ထို့အပြင် အခြား၎င်းကို ဝန်းရံနေသည့် အင်အားစုများနှင့်မတူဘဲ မဟာထန်သည် မုန့်ရှီကျောက်ကို ကြီးမားလှသော အကူအညီများ ပေးခဲ့သည်။

တိုင်းပြည်နှစ်ပြည်၏ အရေးအသား၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် လမ်းကြောင်းများသည် ထပ်တူညီကြသည်။

အကယ်၍ မဟာထန်သည် ဆရာဖြစ်ခဲ့ပါက မုန့်ရှီကျောက်သည် ကျောင်းသားဖြစ်ပေသည်။ သို့သော် ဤတစ်ကြိမ် ကျောင်းသားသည် ဆရာကို မနာခံခဲ့ဘဲ မဟာထန်၏ မြို့တစ်မြို့ကို ဖျက်ဆီးပစ်ခဲ့ကာ မဟာထန်ဘုရင်ခံတစ်ယောက်၏ သေဆုံးမှုကိုပင် ဖြစ်စေခဲ့သည်။

လူတိုင်းသည် သစ္စာဖောက်ခံရခြင်းကို ခံစားလိုက်ရ၏။

*******************

အခန်း(၄၆၈)

ရုံးတော်ဆွေးနွေးငြင်းခုန်မှုများ

ထိုဖြစ်ရပ်၏ အစစ်အမှန် သက်ရောက်မှုကို သာမာန်ပြည်သူများကြားတွင် အများဆုံး ခံစားခဲ့ရသည်။ အနောက်တောင်ဘက်သည် မုန့်ရှီကျောက်နှင့် ဝူရှန်းတို့ကို ထိစပ်နေခဲ့ပြီး လက်ဖက်မြင်းလမ်းမက ကြီးမားသော အကျိုးအမြတ် ရရှိစေခဲ့သည့် နေရာဖြစ်သည်။ မြို့တော်ရှိ ကုန်သည်များစွာတို့သည် ထိုနေရာတွင် စီးပွားရေးလုပ်ခဲ့ကြသည်။

အနောက်ဘက်မှသတင်း မြို့တော်သို့ ရောက်ရှိလာချိန်တွင် အော့နှလုံးနာဖွယ် သွေးပင်လယ်များနှင့် တောင်ပုံရာပုံ အလောင်းများက တော်ဝင်ရုံးတော်မှ ထုတ်ပြန်လိုက်သည့် စာရွက်များ ပြည့်စုံစွာ ဖော်ပြနိုင်သည့်အရာ မဟုတ်ခဲ့ကြပေ။

ဂဲလျိုဖန်းသည် ဒေါသထွက်သွားခဲ့ပြီး ထို့ကြောင့် အနည်းငယ်မျှသော သနားဂရုဏာကို မပြသခဲ့ကြပေ။ ဤအချက်မှနေ၍ လူတစ်ယောက်သည် ထိုမြို့အတွင်းရှိ ပျက်စီးမှုကို စိတ်ကူးကြည့်နိုင်ပေသည်။

“စစ်ပွဲ စစ်ပွဲ စစ်တပ်ကိုစုရုံးပြီး မုန့်ရှီကျောက်ကို သုတ်သင်လိုက်”

“တော်ဝင်ရုံးတော်က ဘာလုပ်နေတာလဲ မုန့်ရှီကျောက်ကတောင် ငါတို့မဟာထန်ကို တိုက်ခိုက်နေပြီ။ ဘာလို့တော်ဝင်ရုံးတော်က ဘာမှမလုပ်သေးတာလဲ”

“သူတို့ကို ဖျက်ဆီးလိုက်။ သူတို့ကို ပြင်းထန်တဲ့ သင်ခန်းစာပေးလိုက်”

“သွေးကြွေးအတွက် သွေးကြွေး။ သေသွားတဲ့ ဟန်တွေရဲ့ဘဝတွေအတွက် ဂလဲ့စားပြန်ချေရမယ်”

***

လူတိုင်းသည် ဒေါသထွက်နေခဲ့ကြ၏။ မဟာထန်သည် ဆယ်စုနှစ်များစွာ ငြိမ်းချမ်းနေခဲ့သည်။ ၎င်း၏ ထောင်သောင်းချီသော စစ်သည်များအပေါ် မှီခို၍ ၎င်းသည် အရှေ့နှင့်အနောက် တာ့ဂီကာကနိတ်၊ ဂိုဂူလျော၊ ဝူရှန်းနှင့် မုန့်ရှီကျောက်တို့ကို ဖိနှိပ်ခဲ့သည်။ ဝေးကွာလှသော အနောက်ဘက်ရှိ အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူတို့သည်ပင် မဟာထန်၏ ဤကြီးမားလှသော ခွန်အားကြောင့် ဝပ်တွားခဲ့ရသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဤစွမ်းအားသည် မဟာထန်ပြည်သူများအတွက် အကြီးမားဆုံးသော ဂုဏ်ကျက်သရေ ဖြစ်လာခဲ့သည်။ ထို့အပြင် အနောက်တောင်ဘက်ရှိ ထိုဖြစ်ရပ်သည် ဤလူများကို ပြင်းထန်သော စော်ကားမှုနှင့် အရှက်ရမှုကို ခံစားစေခဲ့သည်။

ဤအရှက်ရမှုနှင့် စော်ကားမှုတို့က ဒေါသအဖြစ်သို့ ပြောင်းလဲသွားသောအခါ သူတို့၏ဒေါသကို ပထမဆုံး ခံစားရသည့်လူမှာ အနောက်တောင်ဘက်၏ အန်းနန်ကာကွယ်ရေးစစ်တပ် ဖြစ်သည်။

ထို့အပြင် ယခင်အန်းနန်ကာကွယ်ရေး စစ်သူကြီးအနေဖြင့် ကျန့်ချိုးကျင်းချုံသည် ပို၍ပင် ကြီးမားသော ဖိအားတစ်ခုကို ခံစားခဲ့ရသည်။

“ဆိုးရွားတဲ့အရာပဲ။ ချန်ယုချောင်ထုံးက ဘာတွေသောက်ကျိုးနည်း လုပ်နေတာလဲ။ ငါသူ့ကို အန်းနန်အိမ်တော်ကို ပေးခဲ့တယ်။ သူက ဒီလိုကြီးမားတဲ့ အမှားတစ်ခုကို ဖြစ်စေခဲ့တယ်”

စစ်မှုထမ်းဌာနတွင် ကျန့်ချိုးကျင်းချုံးသည် စားပွဲတစ်လုံးကို ရိုက်လိုက်ပြီး သူ့မျက်နှာက ဒေါသကြောင့် နီရဲနေခဲ့သည်။

အနောက်တောင်ဘက်သည် သူ့နယ်မြေဖြစ်ပြီး ဆယ်စုနှစ်များစွာ သူစောင့်ကြပ်ခဲ့သည့် နေရာဖြစ်ကာ သူ့သက်တမ်းအတွင်း ကြီးကြီးသေးသေး ဘာမှမမှားယွင်းခဲ့ဖူးပေ။ မုန့်ရှီကျောက်နှင့် ဝူရှန်းတို့သည် မဆင်မခြင် မပြုလုပ်ရဲခဲ့ကြပေ။ သူသည် 'တိုင်းပြည်၏ ကျား' အဖြစ် အလကား ကျော်ကြားခဲ့ခြင်း မဟုတ်ပေ။

သို့သော် ကျန့်ချိုးကျင်းချုံးသည် သူက သူ၏ ကာလကြာရှည် တောင့်တခဲ့ရသည့် တိုက်ပွဲဝန်ကြီး ရာထူးကို ရရှိပြီးနောက်တွင် သူကသူ့ထိုင်ခုံကို အသားမကျမှီ၌ပင် သို့မဟုတ် သူက ဌာန၏ အတွင်းပိုင်း လုပ်ငန်းဆောင်တာများနှင့် မရင်းနှီးမှီ၌ပင် ဤသို့သော ဖြစ်ရပ်တစ်ခုက သူ့နယ်မြေ၌ပင် ဖြစ်ပွားလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် ကျန့်ချိုးကျင်းချုံး ပို၍ပင်လက်ခံရန် ခက်ခဲသည့်အရာမှာ ချန်ယုချောင်ထုံးသည် သူကအလွန် နီးကပ်နေခဲ့သော်လည်း ဂဲလျိုဖန်း၏ တိုက်ခိုက်မှုအကြောင်းကို ဘာမှမသိခဲ့ခြင်းဖြစ်သည်။

ဂဲလျိုဖန်းက ဆုတ်ခွာသွားပြီးနောက်မှသာ ချန်ယုချောင်ထုံးသည် သတင်းပို့လာခဲ့ပြီး သူ့ကို ဘာလုပ်ရမည်အား မေးမြန်းခဲ့သည်။

လက်ရှိတွင် မြို့တော်ရှိလူတိုင်းသည် တော်ဝင်ရုံးတော်ကို ဝေဖန်နေခဲ့ကြပြီး တော်ဝင်ရုံးတော်က ဤဖိအားကို သူ့ဆီသို့ ရွှေ့ပြောင်းနေခဲ့သည်။ ကျန့်ချိုးကျင်းချုံးသည် လက်ရှိတွင် သူ့နောက်ကျော၌ ဓားမြှောင်တစ်ချောင်း ရှိနေသကဲ့သို့ သူက အပ်အတိပြီးသည့် အိပ်ရာတစ်ခုပေါ်တွင် ထိုင်နေသကဲ့သို့ ခံစားခဲ့ရသည်။

ဤအတောအတွင်း အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် သူ့ဆီသို့ လာရောက်လည်ပတ်ခဲ့ကြပြီး သူ့တံခါးခုံကို ပျက်စီးစေလုနီးပါးပင်။ သူတို့တစ်ယောက်မှ တိုက်ရိုက် မပြောခဲ့ကြသော်လည်း သူတို့သည် ယခင် အန်းနန်ကာကွယ်ရေး စစ်သူကြီးကို ဝေဖန်နေခဲ့ကြကြောင်း အရိပ်အမြွတ် ပြောဆိုနေခဲ့ကြသည်။

ရုံးတော်မှ တော်ဝင်စိစစ်သူ အနည်းငယ်ပင် လာရောက်လည်ပတ်ခဲ့ပြီး သူ့ကိုတိုက်ရိုက် ဝေဖန်ခဲ့ကာ ကျန့်ချိုးကျင်းချုံးအား ကြီးမားသော ဖိအားအောက်တွင် ရောက်စေခဲ့သည်။

သူသည် အခြားအရာရှိများကို လျစ်လျူရှု့နိုင်သော်လည်း မည်သူမျှ တော်ဝင်စိစစ်သူများကို မရပ်တန့်နိုင်ပေ။ မဟာထန်၏ မှတ်တမ်းများတွင် ရုံးတော်ရှိ အရေးပါသော ဝန်ကြီးများသည် တော်ဝင်စိစစ်သူများ၏ စွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရသည်။

အကယ်၍သူသည် ထိုကိစ္စကို ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့ပါက သူကထိုင်ခုံကို နွေးအောင်ပင် မလုပ်နိုင်မီ တိုက်ပွဲဝင်ကြီးရာထူးကို နှုတ်ဆက်စကား ပြောသွားရနိုင်သည်။

သို့သော်သူသည် ဒေါသထွက်နေခဲ့သော်လည်း ကျန့်ချိုးကျင်းချုံး၏ စိတ်နှလုံးသားထဲတွင် ရှုပ်ထွေးမှု အလွှာတစ်ခုလည်း ရှိနေခဲ့သည်။

“ဂဲလျိုဖန်း.. ဂဲလျိုဖန်း.. မင်းဘာတွေးနေတာလဲ။ မင်းမဟာထန်ကို တိုက်ခိုက်ခဲ့ရင် ဘာဖြစ်မလဲဆိုတာ သိသင့်တယ်။ ဒါကရိုးရှင်းတဲ့ သဘောထားကွဲလွဲမှု မဟုတ်ဘူး။ အနောက်တောင်ဘက်မှာ ငါမသိလိုက်တဲ့ အရာတစ်ခုခု ဖြစ်သွားခဲ့တာလား”

ကျန့်ချိုးကျင်းချုံ သူ့ဘာသာ ရေရွတ်လိုက်ကာ သူ့စိတ်က ပြောင်းလဲသွားခဲ့သည်။

မဟာစစ်သူကြီးတစ်ဦး၏ အခြေခံအကျဆုံး အရည်အချင်းမှာ တည်ငြိမ်မှုကို ထိန်းထားရန်ဖြစ်သည်။ ကျန့်ချိုးကျင်းချုံးသည် ဒေါသထွက်နေခဲ့သော်လည်း သူသည် သူ့ဒေါသကို သူ့အား ဘယ်တော့မှ ထိန်းချုပ်စေလိမ့်မည် မဟုတ်ပေ။

အနောက်တောင်ဘက်ကို ကြီးကြပ်နေသည့် နှစ်များအားလုံးတို့သည် ကျန့်ချိုးကျင်းချုံးအား ထိုနေရာရှိ သစ်ပင်တိုင်းနှင့် ခြုံတိုင်းကို နားလည်မှုတစ်ခု ရရှိစေခဲ့သည်။ ဂဲလျိုဖန်းသည် ချောင်းမြောင်းနေသည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သော်လည်း တိုက်ခိုက်ရန်အမြဲ စောင့်ဆိုင်းနေခဲ့သော်လည်း သူသည် ဘယ်တော့မှ စိတ်လိုက်မာန်ပါနှင့် ကမူးရှုးထိုး မလုပ်ခဲ့ပေ။

ကျန့်ချိုးကျင်းချုံးသည် ဂဲလျိုဖန်းက မြို့တစ်မြို့ကို ဖျက်ဆီးရန် ထိုမျှကြီးမားလှသော စစ်တပ်တစ်ခုကို ဦးဆောင်လာပြီးနောက် အခြားမည်သည့် အကျိုးအမြတ်မျှ မရှိဘဲ ဆုတ်ခွာသွားမည်ဟု ဘယ်တော့မှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

ဤသည်က ဂဲလျိုဖန်း၏ စရိုက်မဟုတ်ပေ။

ကျန့်ချိုးကျင်းချုံးသည် သူမသိလိုက်သည့် အရာတစ်ခုခု ဖြစ်သွားခဲ့ရမည်ကို သေချာပေသည်။ သို့သော် အနောက်တောင်ဘက်သည် မြို့တော်မှ အလွန်ဝေးကွာလှ၏။ အသွားအပြန် ခရီးတစ်ခုက ဆယ်ရက်ကျော်အတွင်း ပြီးမြောက်နိုင်သည့် အရာမဟုတ်ပေ။

သို့သော်သူသည် ထိုမျှအကြာကြီးပင် မစောင့်ဆိုင်းနိုင်တော့ပေ။

***

“တကယ့်ကို ချောင်အာပြောခဲ့တဲ့အတိုင်းပဲ”

သူ၏ကြီးမားလှသော ခြံဝင်းတွင် ဝမ်ကန်းသည် လက်ကိုင်ပါသော ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေခဲ့ကာ သူ့လက်က စာရွက်တစ်ရွက်ကို ဆုပ်ကိုင်နေခဲ့ပြီး သူ့မျက်လုံးများက စိုးရိမ်မှုဖြင့် တွန့်ချိုးနေခဲ့သည်။

သူသည် အနောက်တောင်ဘက်ရှိ ထိုဖြစ်ရပ်အကြောင်း အခြားလူများထက် စောစီးစွာ သိရှိခဲ့နိုင်ပေသည်။ သို့သော် ဝမ်ကန်းသည် ၎င်းကို မယုံကြည်နိုင်ခဲ့ပေ။

သူသည် ဝမ်ချောင်ကို မယုံကြည်ခဲ့ခြင်း မဟုတ်သော်လည်း တိုင်းပြည်များကြား စစ်ပွဲတစ်ခုကို အပြင်လူတစ်ယောက် သို့မဟုတ် ထောက်လှမ်းသူတစ်ယောက်ဖြင့် ဆုံးဖြတ်၍မရပေ။

တိုင်းပြည်ကို ထိုမျှမဆင်ခြင်စွာ ကိုင်တွယ်၍မရပေ။

အစေခံတစ်ယောက်သည် ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး လေးစားစွာ သူ့ကိုသတိပေးလိုက်သည်။

“သခင် မနက်ခင်းညီလာခံအတွက် အချိန်ရောက်ပါပြီ”

“ငါသိတယ်”

ဝမ်ကန်း ခေါင်းညိမ့်လိုက်၏။ ဘွတ်ဖိနပ်တစ်စုံကို စီးလိုက်ကာ သူ သူ့အိမ်တော်မှ ထွက်သွားခဲ့သည်။

ဤသည်က အနောက်တောင်ဘက်၏သတင်း ရောက်ရှိလာခဲ့ကတည်းက ပထမဆုံး မနက်ခင်းညီလာခံ ဖြစ်၏။ ဝမ်ကန်း ထိုက်ကျိနန်းတော်သို့ ဝင်လာသည့်အခိုက်တွင် သူအေးခဲသွားခဲ့သည်။

ခန်းမကြီးသည် လူများပြည့်နှက်နေခဲ့၏။ အတိတ်တွင် ဝမ်ကန်း ဤခန်းမသို့ ရောက်ရှိလာခဲ့ချိန်တွင် လူအနည်းငယ်သာ ရှိပေလိမ့်မည်။ တစ်ခါတစ်ရံတွင် လူများစွာ ရှိလိမ့်မည်ဖြစ်သော်လည်း ဤမျှမများခဲ့ပေ။

သို့သော် ဤအချိန်လူတိုင်းသည် သာမာန်ထက် စောစီးစွာ ရောက်လာခဲ့ပုံရသည်။ သူတို့သည် အချင်းချင်း တီးတိုးပြောနေခဲ့ကြပြီး ဝမ်ကန်းမသိနိုင်သော ကိစ္စတစ်ခုအကြောင်း စိုးရိမ်စွာ ဆွေးနွေးနေခဲ့ကြသည်။

လေထုသည် အလွန်အမင်း ပုံမှန်မဟုတ်ခဲ့ပေ။

“ဘုရင်မင်းမြတ် ကြွချီလာပါပြီ”

တခဏကြာပြီးနောက် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အရာရှိများ သူတို့ကိုယ်သူတို့ စီစီရီရီ လုပ်လိုက်ကြသည်။ ခမ်းနားထည်ဝါသော ဧကရာဇ် ရောက်ရှိလာခဲ့ကာ ပုတီးစေ့ လိုက်ကာတစ်ခု ကျဆင်းသွားခဲ့သည်။ ယနေ့၏ မနက်ခင်းညီလာခံသည် နောက်ဆုံးတွင် စတင်လိုက်၏။

မြင့်မြတ်သော လှေကားထစ်များရှေ့တွင် မီးခိုးရောင်ဆံပင်ရှိသည့် ငယ်ရွယ်ပုံရသော မိန်းမစိုးတစ်ယောက်သည် ရှေ့သို့ခြေနှစ်လှမ်း လှမ်းလိုက်ပြီး စူးရှသောအသံဖြင့် ကြေညာလိုက်သည်။

“ပညာရှင်ဧကရာဇ်က တင်ပြလွှာရှိတဲ့ လူတွေကို သူတို့ကို တင်ပြပြီး တင်ပြလွှာမရှိတဲ့ လူတွေက ထွက်သွားရမယ်လို့ ကြေညာလိုက်ပါတယ်”

အသက်ငါးဆယ်ကျော် အရပ်ဘက် အရာရှိဟောင်းတစ်ဦးသည် ချက်ချင်း ရှေ့ထွက်လာခဲ့၏။

“ဘုရင်မင်းမြတ် ဒီဝန်ကြီးမှာ တင်ပြလွှာ တစ်ခုရှိပါတယ်...”

ဤသည်မှာ ရုံးတော်၏ လုပ်ရိုးလုပ်စဉ်ဖြစ်၏။ အစားအသောက်နှင့် အခွန်အခ၊ လယ်ကွင်းများနှင့် ဆည်မြောင်း၊ သာမာန်ပြည်သူများ၏ ဘဝများ... ရုံးတော်၏ ညီလာခံ တစ်ခုချင်းစီသည် ဆွေးနွေးစရာ ကိစ္စများစွာ ရှိခဲ့ကြသည်။

အလုပ်အကိုင်ဌာန၊ ဓလေ့ထုံးတမ်းဆိုင်ရာဌာန၊ ဘဏ္ဍာရေးဌာန၊ အမှုထမ်းဌာန... တစ်ယောက်ပြီးတစ်ယောက် သူတို့သည် ရှေ့ထွက်လာခဲ့ကြသည်။ ဝမ်ကန်း မျက်လုံးမှိတ်ထားခဲ့၏။ သူသည် ဤလုပ်ငန်းဆောင်တာနှင့် အလွန်ရင်းနှီးပေသည်။

မသိလိုက်ဘဲ နောက်ဆုံးတွင် စစ်မှုထမ်းဌာန၏ အလှည့်သို့ ရောက်လာခဲ့သည်။ ကျန့်ချိုးကျင်းချုံး ဘာမှမပြောနိုင်မီ ပဉ္စမမြောက်အဆင့်ရှိ စစ်သူကြီးတစ်ယောက် ရုတ်တရက် ရှေ့ထွက်လာခဲ့ကာ ဦးညွှတ်လိုက်ပြီး သူ၏တင်ပြလွှာကို ကြေညာလိုက်သည်။

“ဘုရင်မင်းမြတ် ဒီဝန်ကြီးမှာ တင်ပြလွှာတစ်ခုရှိပါတယ်။ အနောက်တောင်ဘက်မှာ မုန့်ရှီကျောက်ရဲ့ဘုရင် ဂဲလျိုဖန်းက မဟာထန်ကို အပြစ်ပြုခဲ့ပြီး စစ်တပ်တစ်တပ်ကို ဦးဆောင်ကာ မြို့တစ်မြို့ကို ပျက်စီးစေခဲ့ပြီး အလောင်းတောင်ပုံရာပုံနဲ့ သွေးပင်လယ်တွေကို ကျန်ရစ်စေခဲ့တယ်။ ပြည်သူတွေက ဒုက္ခတွင်းထဲ ကျန်ရစ်နေခဲ့ကြတယ်။ ဘုရင်မင်းမြတ်ကို ဆုံးဖြတ်ချက်တစ်ခုချဖို့ ကျွန်တော်မျိုး တောင်းပန်အပ်ပါတယ်”

ဘုန်း

ကျန့်ချိုးကျင်းချုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ကာ စကားပြောလိုက်သူကို သူကြည့်လိုက်သည်နှင့် သူ့မျက်နှာက အစိမ်းရောင်များ သမ်းလာသည်အထိ ဖောင်းကြွသွားခဲ့သည်။ ခန်းမထဲရှိ ပျင်းစရာကောင်းသော လေထုသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ကာ မယုံနိုင်စရာ ကောင်းလောက်အောင် နှေးကွေးသွားခဲ့သည်။

“ရောက်လာပြီ”

တစ်ချိန်ထဲမှာပင် ဝမ်ကန်း မျက်လုံးဖွင့်လိုက်၏။ ယခင်က ဆွေးနွေးမှုများသည် ရှေ့ပြေးများသာ ဖြစ်ခဲ့ကြသည်။ အရေးကြီးဆုံးမှာ အနောက်တောင်ဘက်ရှိ စစ်ပွဲကိစ္စဖြစ်၏။

“ဘုရင်မင်းမြတ် ဂဲလျိုဖန်းက မဟာထန်ကို ကြီးစွာအပြစ်ပြုခဲ့တယ်။ သူ့ကိုဒီလိုမျိုး လွှတ်ပေးလိုက်လို့ မရဘူး။ ဒီလို ကျေးဇူးမသိတတ်မှုကို ပြသဖို့အထိက သူတို့ကို သင်ခန်းစာတစ်ခု ပေးရမယ်။ ဒီနိမ့်ကျတဲ့ဝန်ကြီးက ကျွန်တော်တို့ မုန့်ရှီကျောက်ကို ချက်ချင်းတိုက်ခိုက်ပြီး သူတို့ကို တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းရမယ်လို့ တိုက်တွန်းပါတယ်”

နောက်ထပ် စစ်သူကြီးတစ်ယောက် သဘောတူသည့် အသံဖြင့် ပြောလိုက်သည်။

ဝမ်ကန်း သူ့ကို စစ်မှုထမ်းဌာန၏ ဝူကျန်းဖန်အဖြစ် မှတ်မိလိုက်သည်။ သူသည် စတုတ္ထမြောက်အဆင့် စစ်သူကြီးတစ်ဦးဖြစ်ပြီး မည်သည့်သီးခြား အဖွဲ့အစည်းကိုမျှ မဝင်ရောက်ထားခဲ့သည့် စစ်မှုထမ်းဌာန၏ လူဟောင်းဖြစ်သည်။

စုန့်ဘုရင်နှင့် ချီဘုရင် နှစ်ယောက်စလုံးတို့သည် သူ့ကို သူတို့ဘက်သို့ ဆွဲခေါ်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့ ကျရှုံးခဲ့ကြသည်။ သို့သော်လည်းသူသည် အားကိုးထိုက်သည့် စစ်သိန်းငှက်တစ်ကောင် ဖြစ်၏။

အမှန်တကယ်တွင် စစ်မှုထမ်းဌာန၌ တော်ဝင်ကလန်ကို သစ္စာရှိပြီး မည်သည့် နိုင်ငံရေး အဖွဲ့အစည်းတွင်မျှ မဝင်ရောက်ထားခဲ့ကြသည့် ဝူကျန်းဖန်ကဲ့သို့လူများ များစွာရှိကြပေသည်။

“ဘုရင်မင်းမြတ် ဒီဝန်ကြီးက တင်ပြချက်ကို ထောက်ခံပါတယ်။ ပညာရှင်ဧကရာဇ်က မုန့်ရှီကျောက်ကို အပြစ်ပေးဖို့ တပ်သားတွေကို စေလွှတ်ဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ဂဲလျိုဖန်းကို လက်အောက်ခံ ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ပါစေ”

“ဒီဝန်ကြီးက သဘောတူပါတယ်”

“ဒီဝန်ကြီးက ထောက်ခံပါတယ်”

“ဒီဝန်ကြီးက သဘောတူပါတယ်”

***

ခန်းမထဲတွင် ရန်လိုသော ဝန်ကြီးများအားလုံး သူတို့၏ သဘောတူညီမှုများကို ထုတ်ပြောလိုက်ကြသည်။

“ဒီဝန်ကြီးက ကန့်ကွက်ပါတယ်”

လူအုပ်ကြီးက ၎င်းတို့၏ ဒေါသအထွက်ဆုံး အချိန်သို့ ရောက်သွားချိန်တွင် ထင်ရှားသော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ပြောလိုက်သူမှာ ပညာရှင်ဆန်သော ဟန်ပန်တစ်ခုဖြင့် အရပ်ဘက် အရာရှိတစ်ဦးဖြစ်ပြီး တက်ကြွသည့် ကိုယ်ဟန်အနေအထားရှိကာ သူ့ဆံပင်နှင့် မုတ်ဆိတ်များက အားလုံးဖြူဖွေးနေခဲ့ကြပြီး လူအုပ်ကြီး၏ ဒေါသထွက်နေသော အကြည့်ကို ရင်ဆိုင်လိုက်သည်။

“ကိစ္စကို မစုံစမ်းခင်အထိ စစ်ပွဲတစ်ခုက စတင်လို့မရဘူး။ မုန့်ရှီကျောက်နဲ့ မဟာထန်က အမြဲငြိမ်းချမ်းနေခဲ့ကြတယ်။ ဂဲလျိုဖန်းအတွက် ရုတ်တရက် တိုက်ခိုက်ဖို့က အကြောင်းပြချက်တစ်ခု ရှိရမယ်”

“လူကြီးမင်းဖုန်းရဲ့ ဆိုလိုချက်က အနောက်တောင် နယ်စပ်မှာရှိတဲ့ အဲ့ဒီဖြစ်ရပ်က အလိမ်အညာတစ်ခုလို့လား၊ ဒီသာမာန်ပြည်သူတွေ အကုန်လုံးနဲ့ ဘုရင်ခံ ကျန်းချန်ထုံက အလကား သေဆုံးသွားကြတာလား”

စစ်သူကြီးတစ်ဦး ချက်ချင်း ပြန်ဖြေလိုက်ကာ သူ့မျက်လုံးများက ဒေါသဖြင့် တောက်ပနေခဲ့သည်။

နောက်ထပ် ဝန်ကြီးတစ်ဦး ရှေ့ထွက်လာခဲ့ပြီး နောက်ပြန်ကြည့်လိုက်ကာ

“လူကြီးမင်းဖုန်းက ဒီလိုမျိုး မပြောခဲ့ဘူး။ မင်းတို့အကုန်လုံးက စစ်ပွဲအကြောင်း အဆုံးမရှိ ပြောနေကြပေမဲ့ စစ်ပွဲတစ်ခုမှာ လူဘယ်လောက်များများ သေကြမလဲဆိုတာ မင်းတို့သိကြလား။ လူအများကြီးက သေခဲ့ကြပြီးပြီ။ အဲအရေအတွက်ကို မင်းတို့က ထပ်တိုးချင်တာလား။ တိုင်းပြည်နဲ့ဆိုင်တဲ့ ဒီလိုအရေးကြီး ကိစ္စတစ်ခုကို ဒီလိုမဆင်မခြင်နဲ့ လုပ်လို့မရဘူး”

သိန်းငှက်များနှင့်အတူ ချိုးငှက်များလည်း ရှိခဲ့ကြသည်။ ထို့ကြောင့် ၎င်းသည် ခေတ်အဆက်ဆက် မင်းဆက်အားလုံးတွင် ရှိခဲ့ပြီး ဤမင်းဆက်သည် ချို့ယွင်းချက် မဟုတ်ခဲ့ပေ။

“မဆင်မခြင်လား။ မင်းတို့အရပ်ဘက် အရာရှိတွေက ဒါကိုမဆင်မခြင်ကို ခေါ်ရဲတယ်လား။ မုန့်ရှီကျောက်ကို သင်ခန်းစာ မပေးခဲ့ရင် သူတို့တွေက ပိုပြီးတော့တောင် ရက်စက်လာလိမ့်မယ်။ သူတို့က ပိုပြီးတော့ အတင့်ရဲလာပြီး ပိုပြီးများပြားတဲ့ လူတွေကို သတ်ဖြတ်ခဲ့ရင် မင်းတို့အားလုံးက တာဝန်ယူမှာလား”

အပြစ်တင်ခံခဲ့ရသည့် ရန်လိုသော စစ်သူကြီးများ ဒေါသကြောင့် နီရဲသွားခဲ့ကာ သွေးများသည် သူတို့၏ ခေါင်းများထဲသို့ စီးဆင်းနေခဲ့ကြသည်။ ခန်းမထဲရှိ လေထုကို ရန်လိုခြင်းအဖြစ် ပြောင်းလဲသွားစေရန် တခဏတာ ကြာမြင့်ခဲ့၏။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကြား၊ သိန်းငှက်နှင့် ချိုးငှက်များကြား အမြဲပဋိပက္ခများ ရှိခဲ့ကြသော်လည်း ဤတစ်ခု၏ သဘောသဘာဝသည် ခြားနားပေသည်။

ဆွေးနွေးမှုသည် လျှင်မြန်စွာ ငြင်းခုံမှုဖြစ်သွားခဲ့ပြီး ငြင်းခုံမှုသည် စကားများခြင်းအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် လူတိုင်းသည် ပါဝင်လာခဲ့ကြပြီး ရုံးတော်တစ်ခုလုံး ဗရမ်းဗတာ ဖြစ်သွားခဲ့သည်။

“လူကြီးမင်းဝမ်”

“လူကြီးမင်းဝမ်”

ဝမ်ကန်း အတွေးထဲနစ်မြောနေစဉ် သူသည် အသံတစ်ခုကို ကြားလိုက်ရပြီး အသံများစွာတို့က လိုက်ပါလာခဲ့ကြသည်။

“အာ”

အသိစိတ် ဝင်လာခဲ့ကာ ဝမ်ကန်း၏ အမူအရာ အေးခဲသွားခဲ့၏။ ယခုမှသာ ဝမ်ကန်းသည် ခန်းမထဲရှိ ဆွေးနွေးငြင်းခုံမှုများက ရပ်တန့်သွားခဲ့သည်ကို နားလည်လိုက်သည်။ လူတိုင်းသည်သူ့ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်ရှု့နေခဲ့ကြ၏။

“လူကြီးမင်းဝမ် ... မဟာထန်အပေါ် မုန့်ရှီကျောက်ရဲ့ တိုက်ခိုက်မှုကို ခင်ဗျား ဘယ်လိုထင်လဲ”

တစ်စုံတစ်ယောက် မေးလိုက်ကာ သူ့အမူအရာသည် ထူးဆန်းနေခဲ့သည်။

လူတိုင်းကဘာကြောင့် သူ့ကိုကြည့်နေသည်ကို နောက်ဆုံးတွင် နားမလည်သွားမီ ဝမ်ကန်းတွင် တွေဝေသည့် ပုံစံတစ်ခု ရှိနေသည်။ ဝမ်ကလန်သည် စုန့်ဘုရင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သောကြောင့် ဝမ်ကလန်သည် သဘာဝအားဖြင့် သိန်းငှက်များနှင့် ရပ်တည်ခဲ့သည်။

သိန်းငှက်များနှင့် ချိုးငှက်များသည် မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားခဲ့သောကြောင့် သိန်းငှက်များသည် သူတို့၏ အရှိန်အဟုန်ကို အားကောင်းစေရန် သူ့ကိုအသုံးပြုရန် စီစဉ်နေခဲ့ကြပေသည်။

*******************

အခန်း(၄၆၉)

ဝမ်ချောင်၏ တောင်းဆိုမှု

အတိတ်တွင် ဝမ်ကန်းသည် သေချာပေါက် သူ့အမြင်ကို ထုတ်ပြောပေလိမ့်မည်။ မဟာတန်သည် မုန့်ရှီကျောက်ဖြစ်စေ၊ ဝူရှန်းဖြစ်စေ၊ အရှေ့နှင့်အနောက် တာ့ဂီကာကနိုက်ဖြစ်စေ၊ ဂိုဂူလျောဖြစ်စေ၊ အာဘတ်စစ်စော်ဘွားဖြစ်စေ မည်သည့်အင်အားစုနှင့်မဆို ရင်ဆိုင်ရန် လုံလောက်သည့် ခွန်အားရှိပေသည်။

အကယ်၍ ၎င်းတွင် ဤအင်အားမရှိခဲ့ပါက မဟာထန်သည် ၎င်း၏လက်ရှိ စည်ပင်ဝပြောမှုတို့ ရောက်လာလိမ့်မည် မဟုတ်ပေ။

မဟာတန်၏ လူတိုင်းတို့သည် ဤအချက်ကို ခိုင်မာစွာ ယုံကြည်ထားခဲ့ကြသည်။

သို့သော် ဤတစ်ကြိမ် ဝမ်ကန်း တိတ်ဆိတ်နေ၏။ အကြောင်းပြချက် အချို့ကြောင့် ဝမ်ကန်းသည် လူအိုကြီးလင်းယုန်ငှက် သူ့ကိုပြန်ပြောခဲ့သော ဝမ်ချောင်ဆီမှ သတင်းစကားကို ကြားလိုက်သည်။

“ဘာပဲဖြစ်လာဖြစ်လာ ကျေးဇူးပြုပြီး ဦးကြီးကို ဘာထင်မြင်ချက်မှ ထုတ်မပြောဖို့ ပြောပေးပါ”

ဤသည်က လွန်ခဲ့သည့် ရက်အတော်များများမှ သတင်းစကားဖြစ်သည်။ ကြည့်ရသည်မှာ ဝမ်ချောင်သည် ဤအရာဖြစ်လာမည်ကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်ပုံရသည်။

'ချောင်အာ မင်းဘာမြင်ခဲ့တာလဲ။ ဘာအကြောင်းပြချက်က ရုံးတော်မတိုင်မီ ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုအဲ့လောက် ပူပန်စေခဲ့တာလဲ။'

ဝမ်ကန်း၏ မျက်လုံးများသည် မှိန်တွေနေခဲ့ပြီး သူ့စိတ်က ကသောင်းကနင်း ဖြစ်နေခဲ့သည်။

ဝမ်ချောင်သည် နောက်ကျသွားသကဲ့သို့ အလွန်ထူးဆန်းစွာ ပြုမူနေခဲ့သော်လည်း မည်သူမျှ သူရူးသွားပြီဟု မပြောရဲခဲ့ကြပေ။ အနည်းဆုံးသူသည် အချိန်အကြာကြီးကတည်းက အနောက်တောင်ဘက်တွင် ဖြစ်ပျက်ခဲ့သည့်အရာကို သိရှိခဲ့ပြီး တော်ဝင်ရုံးတော်ထက် များစွာစောပေသည်။

သူ့တူလေးသည် ဤအရာအားလုံးကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်မလားဆိုသည်မှာ ပြောရန်ခက်ခဲပေသည်။

သူကြုံတွေ့ရခဲ့သမျှ အားလုံးပြီးနောက် ဝမ်ကန်းသည် သူ့တူလေး၏အကြံကို လျစ်လျူရှု့ရန် ပို၍ပို၍ ဆန္ဒမရှိလာခဲ့ပေ။

“လူကြီးမင်းဝမ် လူကြီးမင်းဝမ်...”

စုဝေးနေသည့် ဝန်ကြီးများက ဝမ်ကန်းကို စိတ်ဝင်စားစွာ ကြည့်နေခဲ့ကြကာ တီးတိုးသံများကို ကြားနိုင်ပေသည်။ အတိတ်တွင် လူကြီးမင်းဝမ်သည် အမြဲအမျှော်အမြင်ရှိခဲ့ပြီး သွက်လက်ခဲ့ကာ ရဲရင့်ပြီး ပြတ်သားခဲ့သည်။ သို့သော်ယနေ့သူသည် နှစ်ကြိမ်တိတိ စိတ်လွတ်နေခဲ့ပြီး တုန့်ပြန်ရန် နှေးကွေးနေခဲ့သည်။

ရန်လိုသော အရာရှိများသည် ၎င်းကို ပို၍ပင် ထူးဆန်းကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဝမ်ကန်းနှင့် စုန့်ဘုရင်တို့သည် အားကိုးရသည့် သိမ်းငှက်များဖြစ်ကြသည်။ ပို၍တိတိကျကျဆိုရပါက သူတို့သည် သူတို့အောက်တွင် သိမ်းငှက်များ စုဝေးနေခဲ့ကြသည့် အောင်လံတံခွန်များ ဖြစ်ကြပေသည်။ ဝမ်ကန်းကိုယ်တိုင်က အရပ်ဖက် အရာရှိဖြစ်သော်လည်း ဝမ်ကလန်သည် ရုံးတော်တွင် ကြီးမားသော သြဇာအာဏာကို ကိုင်စွဲထားသည့် ဝန်ကြီးများနှင့် စစ်သူကြီးတို့၏ ကလန်စစ်စစ်ဖြစ်သည်။

ဝမ်ကန်းအတွက် ဤကိစ္စတွင် တုန့်ဆိုင်းနေစရာ အကြောင်းမရှိပေ။

“ဒီကိစ္စမှာ..."

“ညီလာခံပြီးပြီ”

ဝမ်ကန်းသည် အထက်မှနေ၍ ထက်ရှသောအသံတစ်ခုဖြင့် နှောက်ယှက်ခံလိုက်ရသည်။

ဝူး

ကြီးမားလှသော ဖိအားတစ်ခုသည် အရာရှိများပေါ်သို့ ဆင်းသက်လာခဲ့ပြီး သူတို့အားလုံးကို ထိတ်လန့်စွာ ခေါင်းများငုံ့သွားစေခဲ့သည်။

သို့သော်သူတို့ မတုန့်ပြန်နိုင်မီ ဤကြီးမားလှသော ဖိအားသည် ဒီရေကဲ့သို့ နောက်ဆုတ်သွားခဲ့၏။

သူတို့ခေါင်း ပြန်မော့လိုက်သောအခါ သူတို့သည် ပုတီးလိုက်ကာက မြောက်တက်နေခဲ့ပြီး ထိုခမ်းနားထည်ဝါသော ပုဂ္ဂိုလ်က ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။

“ဒါက...”

“ဘုရင်မင်းမြတ်က ဘာဖြစ်သွားတာလဲ”

***

အရာရှိများအားလုံး လမ်းပျောက်သွားခဲ့ကြ၏။ ကြုံတောင့်ကြုံခဲ ပညာရှင်ဧကရာဇ်သည် ဝန်ကြီးများ ဆွေးနွေးငြင်းခုံမှု မပြီးမီ ထွက်ခွာသွားခဲ့သည်။ တခဏမျှ မည်သူမျှ ပညာရှင်ဧကရာဇ်၏ ဆန္ဒကို နားမလည်နိုင်ခဲ့ဘဲ အားလုံးနောက်ထပ် ဘာလုပ်ရမည်ကို တွေဝေသွားခဲ့ကြသည်။

'အဲ့ဒါကောင်းတယ်။ ငါဒီပြဿနာကို ရှောင်ရှားလိုက်နိုင်ပြီ။'

တစ်ဖက်တွင်မူ ဝမ်ကန်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ ဧကရာဇ်၏ ရပ်တည်မှုသည် ခန့်မှန်း၍မရသော်လည်း အနည်းဆုံးသူသည် သူ့ကိုယ်ပိုင်ရပ်တည်ချက်ကို ထုတ်ပြောစရာ မလိုတော့ပေ။

'ငါချောင်းအာကို သွားတွေ့ရမယ်။'

ရန်လိုသော ဝန်ကြီးအနည်းငယ်တို့၏ ကျုံ့နေသော မျက်ခုံးများကိုကြည့်ကာ သူသွားရမည့်နေရာကို တွေးတောပြီးနောက် ဝမ်ကန်းချက်ချင်း ခန်းမထဲမှ ထွက်ခွာသွားသည်။

ဤညီလာခံသည် အလွန်သက်တောင့်သက်သာ မရှိခဲ့ပေ။ သူသည် ဝမ်ချောင်ကသူ့အား ဘာကြောင့် ရပ်တည်ချက်တစ်ခု ထုတ်မပြစေချင်ခဲ့သလဲဆိုသည်ကို ဖြစ်နိုင်သမျှမြန်မြန် အဖြေထုတ်ရပေမည်။

***

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းတို့မှ ထုတ်ဖော်ထားသော ဖိအားသည် မယုံနိုင်စရာ ကောင်းလှသည်။ ဝမ်ချောင်သည် သူ့ဦးကြီးအတွက် ဝင်လာရန် လွယ်ကူလိမ့်မည် မဟုတ်ဟု သိထားခဲ့သော်လည်း ဝမ်ချောင်သူ့ကို အမှန်တကယ် တွေ့ဆုံနိုင်သည်အထိ ရက်အနည်းငယ် ကြာခဲ့သည်။

ဖယောင်းတိုင်မီးများသည် မှောင်မည်းသော ထောင်ထဲတွင် ထွန်းညှိထားခဲ့၏။ ဝမ်ကန်းသည် အနက်ရောင် သာမာန်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး တည်ငြိမ်ပုံရသော်လည်း သူ့မျက်နှာပေါ်ရှိ စိုးရိမ်မှုက ဖုံးကွယ်ရန်မဖြစ်နိုင်ပေ။

“ဦးကြီး”

ဝမ်ချောင်၏မျက်လုံးများ သူ့ဦးကြီးကိုမြင်လိုက်သည်နှင့် တောက်ပသွားခဲ့ပြီး သူကမန်းကတန်း မတ်တပ်ရပ်လိုက်သည်။ ဤသည်က ရက်များစွာအတွင်း သူ့ဦးကြီးနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။

“ချောင်အာ”

ဝမ်ကန်းခေါင်းညိမ့်လိုက်ကာ သူ့အကြည့်က ဝမ်ချောင်၏ ပိန်လှီသောပုံစံကို ကြည့်လိုက်ပြီး ရင်နာနေသည့် အရိပ်အယောင်က သူ့နဖူးပေါ်တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။

ဝမ်ကလန်၏ မြေးများထဲတွင် ဝမ်ကန်း တန်ဖိုးအထားရဆုံးလူမှာ သူ့သား သို့မဟုတ် ဝမ်ချောင်၏ အစ်ကိုကြီးများ မဟုတ်ခဲ့ကြပေ။ သို့သော် တစ်ခါက သူ့အမြင်များတွင် အနိမ့်ဆုံးဖြစ်ခဲ့သည့် သူ၏ ဤတူလေး ဝမ်ချောင်ဖြစ်သည်။

ဝမ်ကန်းသည် ဤချောင်ကျနေသော ပုံစံကို တောင့်ခံရန် အမှန်ပင် ခက်ခဲခဲ့သည်။ သို့သော် သူ အံ့ကြိတ်လိုက်ပြီး သူ့နှလုံးသားကို မာကြောစေခြင်းဖြင့် ဝမ်ကန်းသည် လျှင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

ဝမ်ချောင်သည် အရက်မူးနေသော စာကလေးစားသောက်ဆိုင်တွင် ဟူအများကြီးကို သတ်ဖြတ်ခဲ့ပြီး ရို(ယို)ကျိုး၏စစ်သည်များကို တိုက်ခိုက်ခဲ့ကာ ကျန်းရှို့ကွေ့၏ ငယ်သားများကို သူ့မျက်နှာရှေ့တွင် သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ အလွန်ပြင်းထန်သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ပိုင်ထင်၏ ဒုတိယကာကွယ်ရေး စစ်သူကြီး အန်းစီဟန်ကိုပင် ဆွဲထည့်ခဲ့ပေသည်။

အန်းစီဟန်သည် ဒုတိယကာကွယ်ရေး စစ်သူကြီးသာဖြစ်သော်လည်း ပိုင်ထင်ကာကွယ်ရေး စစ်သူကြီးသည် ၎င်းကိုအဝေးမှ ထိန်းချုပ်ခြင်းက တော်ဝင်ကလန်များ၏ အဖွဲ့ဝင်များအတွက် သာမာန် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သောကြောင့် အမြဲလစ်လပ်နေသော နေရာဖြစ်သည်။ တစ်နည်းဆိုရပါက အန်းစီဟန်သည် အမှန်တကယ်တွင် ပိုင်ထင်ပိုင်နက်ရှိ သြဇာလွှမ်းမိုးမှု အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။

ဝမ်ချောင်သည် အတိတ်တွင်သူနှင့် ပဋိပက္ခများ ရှိခဲ့ဖူးသော်လည်း သူတို့တစ်ခုမျှ မကြီးမားခဲ့ကြပေ။

သခင်ကြီးသည် မည်သူ့ကိုမျှ ဤကိစ္စတွင် ဝင်မပါရန် အမိန့်တစ်ခုကို ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။ ဝမ်ချောင်သည် သူ့အမှားများအတွက် ပြစ်ဒဏ်များကို ခံရပေမည်။

ဤသို့မဟုတ်ပါက တော်ဝင်စစ်တပ်၊ မှီခိုသူများ၏ဘုရင့်အမှုထမ်းထ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးတို့မှ စီမံခဲ့သော ဤထောင်ထဲတွင် ဝမ်ချောင်ကို ချုပ်ထားရန်အတွက် ဖြစ်နိုင်ခဲ့မည်မဟုတ်ပေ။

“စိတ်ချ.. အချိန်တစ်ခုကြာပြီးနောက်မှာ ကိစ္စတွေက အနည်ထိုင်သွားတဲ့အခါ သခင်ကြီးက ဘာပဲပြောပါစေ ငါမင်းကို ဒီနေရာကနေထုတ်ပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးမယ်။ ငါ့ရဲ့စကားတွေကလည်း မင်းအဘိုးကို ဆန့်ကျင်ရာမှာ အသုံးမဝင်ကြပေမဲ့ သူကတောင် စုန့်ဘုရင်ရဲ့ စကားတွေကို နားထောင်ရတယ်”

အဆုံးတွင် ဝမ်ကန်းသည် သူ့တူလေး၏ အခြေအနေများကို လက်ခံရန် အနည်းငယ် ခက်ခဲခဲ့သေးသည်။

“ဦးကြီး ခင်ဗျားကကျွန်တော်ကို ကူညီချင်နေတာ ကျွန်တော်သိပေမဲ့ ဒီအရာတွေကို ကျွန်တော်ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဘူး”

ဤစကားများသည် သူ့ကို နွေးထွေးသွားစေခဲ့သော်လည်း ဝမ်ချောင်သည် သူ့ခေါင်းကို ခါလိုက်ဆဲဖြစ်သည်။ အရာရာတိုင်းတွင် တန်ဖိုးများရှိကြပြီး သူက အန်းယာ့လျိုရှန်းကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ဝမ်ချောင်သည် သူပေးဆပ်ရမည့် အရာကို သိထားခဲ့ပြီးဖြစ်သည်။

ဝမ်ချောင်သည် သူ့ဆုံးဖြတ်ချက်များကို ဘယ်တုန်းကမှ နောင်တမရခဲ့ဖူးပေ။ သူသည် အခြားအရာတစ်ခုကို ပို၍စိုးရိမ်ပေ၏။

“ဦးကြီး ကျွန်တော့်ကိုပြောပါ။ တော်ဝင်ရုံးတော်ကအခု လုံးဝ ကသောင်းကနင်း ဖြစ်နေပြီမဟုတ်လား။ အဲ့ဒါကို ကျွန်တော်ဆီကနေ ဖုံးကွယ်ထားစရာ မလိုပါဘူး။ ကျွန်တော် ခန့်မှန်းနိုင်ပါတယ်”

ဝမ်ချောင် ပြောလိုက်ကာ သူ့မျက်လုံးများထဲတွင် စိုးရိမ်မှုများ ရှိနေခဲ့သည်။ ဤအချိန်အတောအတွင်း သူအမျှော်လင့်ထားဆုံး အရာမှာ သူ့ဦးကြီးဆီမှ သတင်းဖြစ်သည်။ သူ့နောက်ဆုံးဘဝမှ ကံဆိုးမိုးမှောင် ကျမှုသည် ဤဘဝတွင် နောက်တစ်ကြိမ် ပြသနေခဲ့ပြီဖြစ်သည်။ ဝမ်ချောင်သည် လေထဲရှိ မုန်တိုင်း၏ အငွေ့အသက်ကို ရနေခဲ့ပြီဖြစ်၏။

“အေး”

ဝမ်ကျန်း သက်ပြင်းချလိုက်ကာ ခေါင်းညိမ့်လိုက်သည်။

“ရုံးတော်က လက်ရှိမှာ တိုက်ပွဲကျေးဇူးကြောင့် စုစည်းသွားခဲ့တယ်။ ရုံးတော်နဲ့ ပြည်သူတွေဆီက အသံတွေက ကျယ်လောင်လွန်းလှတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဝန်ကြီးဟောင်း အများစုကတောင် မထိန်းနိုင်ဘဲ သူတို့ရဲ့စိတ်တွေကို ပြောင်းခဲ့ကြတယ်။ ငါလည်း အချိန်အကြာကြီး မတောင့်ခံနိုင်တော့ဘူး။ ချောင်အာ မင်းငါ့ကိုလုပ်စေချင်တဲ့ အရာအတိအကျကို မင်းငါ့ကို ပြောမှရမယ်”

တိုက်ပွဲတိမ်တိုက်များသည် လက်ရှိတွင် မြို့တော်အပေါ် သိပ်သည်းစွာ စုစည်းနေခဲ့၏။ ဝမ်ကန်း ဝမ်ချောင်ဆီသို့ လည်ပတ်ရန် ကြိုးပမ်းနေသည့် နေ့ရက်အနည်းငယ်အတွင်းတွင် အရပ်ဘက်နှင့် စစ်ဘက် နှစ်ခုစလုံးမှ မရေမတွက်နိုင်သော အရာရှိများသည် သူ့ဆီအလည်လာခဲ့ကြသည်။

သူတို့တစ်ယောက်ချင်းစီသည် ဝမ်ကန်းကို သူ့အမြင်အား ပေးရန် တောင်းဆိုခဲ့ကြသည်။ ဝမ်ကန်းသာလျှင် ဤအချိန် သူ့တောင့်ခံထားရသည့် ဖိအားများကို သိပေသည်။

ဝမ်ကန်းသည် သူ၏ဤတူလေးကိုအမြဲ မျက်နှာသာပေးခဲ့သော်လည်း ဤကိစ္စသည် ကစားပွဲမဟုတ်ပေ။

ဘန်း

ဝမ်ကန်း စကားပြောပြီးသည့် အချိန်တွင် သူသည် ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ ဝမ်ကန်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ဝမ်ချောင်သည် ဒူးထောက်လိုက်ပြီး ဦးညွှတ်လိုက်ကာ သူ့မျက်လုံးများက နီရဲနေခဲ့ကြ၏။

“ချောင်အာ မင်းဘာလုပ်နေတာလဲ”

ဝမ်ကန်း၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့ကြပြီး သူ့မျက်နှာက အေးခဲသွားခဲ့သည်။ ဝမ်ချောင်၏ အပြုအမူက သူ့အားလုံးဝ အံ့အားသင့်သွားစေခဲ့သည်မှာ သိသာလှ၏။

“ဦးကြီး ခင်ဗျားမှာ မေးခွန်းအများကြီးရှိပြီး အခက်အခဲအများကြီးကို ရင်ဆိုင်နေရတာ ကျွန်တော်သိပေမဲ့ ခင်ဗျားကပဲ ဒီကိစ္စမှာ ကျွန်တော်ကို ကူညီနိုင်တယ်”

ဝမ်ချောင် ဒူးထောက်လိုက်သောအခါ သူ့တွင် အလွန်လေးနက်တည်ကြည်သည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ သူ့နောက်ဆုံးဘဝမှ မှတ်ဉာဏ်များအရ ဤကိစ္စသည် အရေးကြီးသော လမ်းဆုံသို့ ရောက်နေခဲ့ပြီဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

သူနောက်ဆုံးဘဝတွင် ဝမ်ကလန်သည် ယခင်ကတည်းက ကျဆင်းသွားခဲ့ပြီဖြစ်ပြီး ဤစစ်ပွဲတွင် ဝင်ရောက်စွက်ဖက်သည့် မည်သည့်အခွင့်အရေးကိုမဆို ဆုံးရှုံးသွားခဲ့ပြီဖြစ်သော်လည်း ဤတစ်ကြိမ် ကွာခြားပေသည်။ သူ့နောက်ဆုံးဘဝ၏ ကံဆိုးမိုးမှောင်ကျမှုသည် ရှောင်လွဲနိုင်မည်လော မရှောင်လွဲနိုင်ဘူးလောဆိုသည်က မကြာမီ ဆုံးဖြတ်သွားမည်ဖြစ်ပြီး သူသည် အနည်းငယ်မျှသော အမှားကိုပင် ခွင့်မပြုနိုင်ပေ။

“ချောင်အာ မင်းဘာလုပ်ချင်နေတာလဲ”

ဝမ်ကန်း လေးနက်စွာ ပြောလိုက်ကာ သူ၏ဒူးထောက်နေသော တူလေးကို ငုံ့ကြည့်လိုက်သည်။ ရုံးတော်ရှိ ဆယ်စုနှစ်များစွာမှ သူသန့်စင်ထားသော ပင်ကိုယ်သိစိတ်သည် ဝမ်ချောင်က တစ်ခုခုစီစဉ်နေကြောင်း ဝမ်ကန်းကို ပြောနေခဲ့သည်။

“ဦးကြီး နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အချိန်ရောက်လာခဲ့ရင် ဘာပဲဖြစ်ဖြစ် သင်နဲ့စုန့်ဘုရင်တို့က စစ်ပွဲကိုအတူတူ ဆန့်ကျင်ကြဖို့ ကျွန်တော်တောင်းဆိုတယ်။ မုန့်ရှီကျောက်နဲ့ စစ်ပွဲက ဒီအချိန်မှာ ဖြစ်လို့မရဘူး”

ဝမ်ချောင် လေးနက်စွာ ပြောလိုက်ကာ သူ့ခေါင်းက မြေထဲသို့ပို၍ပင် ငုံ့သွားခဲ့သည်။

“ဘာ”

တုန်လှုပ်မှုသည် ဝမ်ကန်း၏မျက်နှာကို ဖုံးလွှမ်းသွား၏။

“ချောင်အာ မင်းပြောနေတဲ့အရာကို မင်းသိရဲ့လား။ ကျင်းကော်က ပျက်စီးနေပြီး လူအများကြီးက သေသွားခဲ့ကြပြီ။ ဒါကရိုးရှင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ တကယ်လို့ ဝမ်ကလန်က တိုက်ခိုက်မှုကို ဆန့်ကျင်ခဲ့ရင် တစ်ကမ္ဘာလုံးက အတင်းအဖျင်း ပြောကြလိမ့်မယ်”

ဝမ်ကန်းသည် ဝမ်ချောင်၏ တောင်းဆိုချက်ကြောင့် အမှန်ပင် ကြက်သေ သေသွားခဲ့သည်။ သူသည် ဝမ်ချောင်ကသူ့အား မည်သည့် ထင်မြင်ချက်ကိုမဆို ကြန့်ကြာရန် တောင်းဆိုခဲ့သည်မှာ သူ့တွင် သူ့အားပြောရန် အရေးကြီးသည့်အရာ ရှိမည်ဖြစ်သောကြောင့်ဟု အမြဲယုံကြည်ထားခဲ့ပေသည်။ သို့သော် ဤအရာမဟုတ်ခဲ့ပေ။

မဲမပေးရန်၊ တိတ်တဆိတ်နေရန်နှင့် ရပ်တည်မှုတစ်ခုကို ထုတ်မပြရန်တို့မှာ ကန့်ကွက်ခြင်းမှ လုံးဝခြားနားပေသည်။

“... ဒါ့အပြင် ငါတို့ဝမ်ကလန်နဲ့ စုန့်ဘုရင်တို့က သိမ်းငှက်တွေရဲ့ ခေါင်းဆောင်တွေ အမြဲဖြစ်ခဲ့ကြတယ်။ သူတို့အကုန်လုံးက ငါတို့နောက်ကို မျက်စိစုံမှိတ်ပြီး လိုက်နေခဲ့ကြတာ။ အတိအကျကို ဒါကြောင့်ပဲ ငါတို့က ရုံးတော်ထဲမှာ အဆက်အသွယ် အများကြီးကို တည်ဆောက်နိုင်ခဲ့တာပဲလေ။ ဝမ်ကလန်က တိတ်တဆိတ် နေနိုင်တယ်။ မဲမပေးဘဲ နေနိုင်တယ်။ ဒါပေမဲ့ သေချာပေါက် ဂဲလျိုဖန်းကို ကာကွယ်ပေးလို့မရဘူး။ တိုက်ပွဲကို ကန့်ကွက်လို့မရဘူး။ ငါ မင်းပြောတဲ့အတိုင်းလုပ်ရင် ဆယ်စုနှစ်များစွာအတွင်း ဝမ်ကလန် စုဆောင်းထားခဲ့တဲ့ ဂုဏ်သတင်းက ပျောက်ကွယ်သွားလိမ့်မယ်။ မရဘူး။ ငါမင်းရဲ့တောင်းဆိုချက်ကို သဘောမတူနိုင်ဘူး”

ဝမ်ကန်း သူ့လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်၏။

သူသည် တွေးစရာပင် မလိုအပ်ခဲ့ပေ။ သူသည် ဝမ်ချောင်၏ တောင်းဆိုချက်က ဤအရာဖြစ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။ အကယ်၍သူသည် ဤအရာကို ပြုလုပ်ခဲ့ပါက ဝမ်ကလန်သည် ၎င်း၏ ခက်ခက်ခဲခဲ ရရှိထားသော ဂုဏ်သတင်းအားလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။ ကြွက်များက နစ်မြုပ်နေသည့် သင်္ဘောတစ်စင်းကို စွန့်ခွာသွားသကဲ့သို့ မည်သူမျှ ဝမ်ကလန်၏အမိန့်ကို အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ သို့မဟုတ် ၎င်း၏ဆုံးဖြတ်ချက်ကို နောက်ထပ် သဘောတူလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူ ဤအရာကို ပြုလုပ်ခဲ့ပါက ဝမ်ကလန်၏ ပျက်စီးမှုသည် ထောင့်နားသို့ ရောက်သွားပေလိမ့်မည်။

ချိုးငှက်များစွာတို့က သူတို့၏ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်မှာ အကြောင်းပြချက် မရှိ၍မဟုတ်ပေ။

“ဦးကြီး တကယ်လို့ ကျွန်တော်တို့ မကန့်ကွက်ခဲ့ရင် တကယ့်ကို ကပ်ဆိုးတစ်ခု ဖြစ်လိမ့်မယ်”

ဝမ်ချောင် မြေကြီးထဲအထိ ခေါင်းငုံ့လိုက်ပြီး သူ့အသံက နာကျင်နေခဲ့သည်။

“မဟာထန်က နှစ်ပေါင်းသုံးရာကျော် တည်ထောင်ထားခဲ့ပေမဲ့ သူ့ရဲ့လဲပြိုမှုက ဒီနေ့ဖြစ်နိုင်တယ်”

ကျယ်ပြောလှသော အလယ်ပိုင်းလွင်ပြင်ဒေသတွင် အထဲတွင် နေထိုင်နေကြသော မရေမတွက်နိုင်သော လူများကြားတွင် ဤအကြပ်အတည်းကို ရင်ဆိုင်ရန် နားလည်မှုနှင့် အမြော်အမြင်ရှိသည့် လူများမှာ သူနှင့်ဝမ်ကလန်တို့သာ ဖြစ်ကြပေသည်။ အကယ်၍ ဝမ်ကလန်ကပင် ကောင်းမွန်သော နည်းလမ်းများကို မရွေးချယ်နိုင်ခဲ့ပါက အလယ်ပိုင်းလွင်ပြင်ဒေသအတွက် မည်သို့သော မျှော်လင့်ချက် ကျန်ရှိလိမ့်မည်နည်း။

အားကောင်းသည့် မဟာထန်မရှိဘဲ ထိုကပ်ဆိုးကျဆင်းလာသောအခါ ဤကျယ်ပြောလှသော လောကတွင် မည်သူက ခုခံနိုင်လိမ့်မည်နည်း။

သူသည် သူ့နောက်ဆုံးဘဝတွင် ကျရှုံးခဲ့ပြီးဖြစ်သည်။ သူသည် ဤဘဝတွင်လည်း ကျရှုံးရန် သတ်မှတ်ထားခဲ့သည်လော။

“ချောင်အာ မင်းဘာပြောနေတာလဲ”

ဝမ်ကန်း မိန်းမောစွာ မတ်တပ်ရပ်နေခဲ့ကာ ဝမ်ချောင်၏ စကားများကြောင့် လုံးဝကြက်သေ သေသွားခဲ့သည်။

သူသည် ဝမ်ချောင်ကြီးပြင်းလာသည်ကို ကြည့်ရှူ့ခဲ့သော်လည်း သူ ဤကဲ့သို့ပုံစံဖြစ်သည်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။

*******************

အခန်း(၄၇၀)

နောက်ဆုံးအကြိမ် ကြိုးပမ်းမှု

“ဦးကြီး တိုက်ပွဲစတင်တဲ့အခါ မဟာတန်က သေချာပေါက် ရှုံးလိမ့်မယ်”

ဝမ်ချောင် မြေပေါ်တွင် ဒူးထောက်နေခဲ့ပြီး ပူးဆွေးသည့်အသံဖြင့် ပြောလိုက်သည်။

“ဒီစစ်ပွဲကို ရပ်တန့်ခြင်းနဲ့ ကျွန်တော် မုန့်ရှီကျောက်ကို ကူညီဖို့ လုံးဝမရည်ရွယ်ပါဘူး။ ကျွန်တော်က မဟာတန်ကိုပဲ စိုးရိမ်တာပါ။ ဒီစစ်ပွဲက မုန့်ရှီကျောက် လက်ရွေးစင်သုံးသိန်းနဲ့ မဟာတန် အန်းနန်စစ်တပ်ရဲ့ စစ်သည် တစ်သိန်းရှစ်သောင်း ပါဝင်တယ်။ တိုက်ပွဲစတင်တဲ့အခါ အဲ့ဒါက မကြုံစဖူးကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်။ ဦးကြီး မဟာတန်ရှုံးတဲ့အခါ ဘာဖြစ်မလဲဆိုတာ တွေးခဲ့ဖူးလား”

ဝမ်ကန်း ကြက်သေ သေသွားခဲ့၏။ သူသည် အရပ်ဘက် အရာရှိတစ်ဦးဖြစ်သောကြောင့် စစ်ရေးနည်းဗျူဟာကို မကျွမ်းကျင်ပေ။ တော်ဝင်ရုံးတော်သည် မုန့်ရှီကျောက်နှင့် ဂဲလျိုဖန်းတို့ကို မည်သို့ အပြစ်ပေးရမည်ဆိုသည့်အကြောင်း ဆွေးနွေးခြင်းတွင် ၎င်း၏အချိန်ကို ကုန်ဆုံးနေခဲ့သည်။

မဟာတန် ရှုံးနိမ့်ခြင်းနှင့် ပတ်သတ်၍ မည်သူမျှ ထိုပြဿနာကို မတွေးတောခဲ့ဖူးသလို မည်သူမျှ ဤရှု့ထောင့်မှနေ၍ ပြဿနာများကို စဉ်းစားလိမ့်မည် မဟုတ်ပေ။

မဟာတန်သည် ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ ဤသည်က လူတိုင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ခံယူချက်တစ်ခုဖြစ်သည်။ သို့သော်လည်း အရှုံးနှင့်အနိုင်သည် စစ်သားတစ်ဦးအတွက် သာမာန်ဖြစ်သည်။ ဝမ်ကန်းသည် တိုက်ပွဲစတင်သည့်အခါ အရှုံးနှင့်အနိုင်က ညီတူညီမျှ ဖြစ်နိုင်ကြသည်ကို ဝန်ခံရပေမည်။ မဟာတန်သည် လုံးဝရှုံးနိမ့်နိုင်စွမ်း ရှိပေ၏။

ဝမ်ကန်းသည် သူ့စိတ်ထဲတွင် မဟာတန် ရှုံးနိမ့်လိမ့်မည်ဟု မယုံကြည်ထားခဲ့သော်လည်း စစ်သူကြီးများနှင့် ဝန်ကြီးများ၏ ကလန်၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူသည် ဤအခြေခံသဘောတရားကို မသိသည်မှာ မဖြစ်နိုင်ပေ။

တခဏမျှ ဝမ်ကန်းသည် ဝမ်ချောင်၏မေးခွန်းကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့၏။

မှောင်မည်းသော အကျဉ်းထောင်သည် အေးစက်နေခဲ့ပြီး မှိန်ဖျော့ဖျော့အလင်းရောင်က ပို၍ပင်အေးစက်သော ကြမ်းပြင်ပေါ်ရှိ အုတ်များပေါ်တွင် တောက်ပနေခဲ့သည်။ ဝမ်ချောင်သည် သူဒူးမှနေ၍ အဆုံးမဲ့အေးစက်မှုများ တက်လာသည်ကို ခံစားခဲ့ရသော်လည်း သူ့နှလုံးသားက ပို၍ပင် အေးစက်နေခဲ့သည်။

အသက်ရှုသံကလွဲ၍ ဝမ်ချောင်အနားတွင် တိတ်ဆိတ်မှုသာ ရှိပေသည်။ သို့သော် ဝမ်ချောင်သည် သူ့နားထဲတွင် ကျယ်လောင်သော ဗုံတီးသံများကို ရှင်းလင်းစွာ ကြားရနိုင်ပေသည်။

ဤသည်က ကံကြမ္မာ၏ သတိပေးသံဖြစ်၏။

သက်ရှိသန်းနှင့်ချီရှိသော ဤလောကသည် ပျက်စီးခြင်းချောက်နက်ဆီသို့ နောက်တစ်ကြိမ် လျှောက်လှမ်းနေခဲ့သည်။ အလင်းတန်းတစ်ခုသည် အာရုံမတက်မီ ပေါ်လာပေလိမ့်မည်။ သစ်ရွက်တစ်ရွက်သည် ဆောင်းဦးမရောက်မီ ကြွေကျပေလိမ့်မည်။

အနောက်တောင်ဘက်ရှိ စစ်ပွဲသည် သာမာန်စစ်ပွဲ မဟုတ်ပေ။

လက်ရွေးစင် တစ်သိန်းရှစ်သောင်း၏ လုံးဝရှုံးနိမ့်မှု၊ သန်းနှင့်ချီသော သက်ရှိများ၏ အရိုးများအဖြစ်သို့ ပြောင်းလဲမှု၊ မဟာတန်၏ အနောက်တောင်ဘက်သည် ပထမဆုံး အကြိမ်အနေဖြင့် တိုင်းတစ်ပါး နိုင်ငံနှစ်ခုဆီသို့ လုံးဝအကာအကွယ်ကင်းမဲ့မှု...

ဤဆိုးရွားလှသော အခြေအနေများသည် တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်စေပေလိမ့်မည်။ သူတို့သည် ကျယ်ပြောလှသော မဟာထန်နယ်စပ်တစ်လျှောက်ရှိ ဟူအားလုံးတို့ကိုလည်း တုန်လှုပ်စေပေလိမ့်မည်။

လက်ရွေးစင် တစ်သိန်းရှစ်သောင်း၏ ရှုံးနိမ့်မှုသည် တိုင်းပြည်အပေါ် မကြုံစဖူးသော ဒဏ်ရာကို ရစေခဲ့ပေလိမ့်မည်။ မဟာထန်စစ်တပ်သည် ၎င်းခွန်အား၏ သုံးပုံတစ်ပုံနီးပါးကို ဆုံးရှုံးပေလိမ့်မည်။

မဟာထန်၏ သမိုင်းထဲတွင် ဤအသေအပျောက် ပမာဏသည် မကြားစဖူးပင်။

ဤသည်က မဟာထန်၏ အစွန်အဖျားရှိ အရှေ့နှင့်အနောက် တာ့ဂီကာကနိတ်၊ ဂိုဂူလျော၊ ဝေးကွာလှသော အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူနှင့် ထိုစစ်ပွဲကို စတင်ခဲ့ကြသော လူများဖြစ်ကြသည့် မုန့်ရှီကျောက်နှင့် ဝူရှန်းတို့ကိုပင် လှုံ့ဆော်ခဲ့သည်။

ပထမဆုံးအကြိမ်အနေဖြင့် မဟာထန်ကို ဝန်းရံနေကြသော ဤအင်အားစုများသည် ၎င်းကသူတို့တွေးထားသလောက် မသန်မာသည်ကို နားလည်သွားခဲ့ကြသည်။ မဟာထန်သည် အားနည်းချက် မရှိဘဲ ကြောက်ဖို့ကောင်းသည့် မဟာထန် မဟုတ်တော့ပေ။

ဤစစ်ပွဲသည် မဟာထန်၏ အားနည်းသည့်ဘက်ခြမ်းကို တိုင်းတစ်ပါး အင်အားစုများ အားလုံးဆီသို့ လှပ်ပြပေလိမ့်မည်။ သူတို့အားလုံးတို့သည် လောဘတကြီး စိုက်ကြည့်လာလိမ့်မည်ဖြစ်ပြီး သူတို့၏ တပ်မက်သောအကြည့်များသည် မဟာထန်ဆီသို့ စူးစိုက်လာခဲ့ပေလိမ့်မည်။

အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်၊ မြောက်ဘက် လုံ့ရှီ... မဟာတန်သည် အဆုံးမဲ့ စစ်ပွဲများတွင် ပါဝင်သွားပေလိမ့်မည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ သမိုင်းအားလုံးထဲတွင် အားအကောင်းဆုံး ယဉ်ကျေးမှုရှိသည့် ကြီးမားလှသော တိုင်းပြည်တစ်ပြည်သည် ၎င်း၏ကျဆင်းမှုကို စတင်လိမ့်မည်ဖြစ်ပြီး ပျက်စီးသွားပေလိမ့်မည်။

ဤသည်က မဟာထန် ပြည်သူများအားလုံးတို့၏ ထာဝရနာကျင်မှုဖြစ်သည်။ အလယ်ပိုင်း လွင်ပြင်ဒေသ၏ နာကျင်မှုဖြစ်သည်။

မည်သို့ဖြစ်ပါစေ ဝမ်ချောင်သည် ဤအရာကို ပြောင်းလဲရပေမည်။

“... ဦးကြီး ဒီကိစ္စက ခင်ဗျားကို ဆိုးရွားတဲ့အခြေအနေထဲ တွန်းပို့လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဦးကြီးကို စဉ်းစားစေချင်တယ်။ သင့်ရဲ့တူလေးက အရင်က ဦးကြီးကို လှည့်ဖျားခဲ့ဖူးလား။ ဒါက ဦးကြီးအတွက် ဒုက္ခဖြစ်စေလိမ့်မယ်ဆိုတာ ကျွန်တော်သိပေမဲ့ သင့်ရဲ့တူလေးက ဦးကြီးဆီကနေ ဘာမှမတောင်းဆိုခဲ့ဖူးဘူး။ ဒါပေမဲ့လည်း ဒီတစ်ကြိမ်လူတွေက သင့်ကိုဘယ်လိုပဲ ဆန့်ကျင်နေကြပါစေ၊ လူတွေကသင့်ကို ဘယ်လိုပဲ သွားပုပ်လေလွင့် ပြောနေကြပါစေ ဦးကြီးက ဒီစစ်ပွဲကို ရပ်မယ်လို့ သင့်ရဲ့တူလေးကို ဦးကြီးကတိပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ဒါက ဝမ်ကလန်တစ်ခုထဲအတွက် မဟုတ်ဘူး။ မဟာတန်အတွက်ပဲ။ အချိန်က နောက်ဆုံးမှာ သင့်ရဲ့တူလေးက မှန်ကန်တယ်ဆိုတာ သက်သေပြသွားပါလိမ့်မယ်”

အဆုံးတွင် ဝမ်ချောင်သည် သူ့လက်သီးကိုဆုပ်လိုက်ပြီး သူ့နဖူးကိုမြေပေါ်သို့ ဖိချလိုက်ကာ သူ့သွေးကြောများက သူ့ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားနေခဲ့ကြသည်။

သူသည် ဂလဲ့စားချေသည့် သူ၏ခရီးတွင် တစ်ကိုယ်တည်းဖြစ်ရန် လျာထားခံခဲ့ရပြီဖြစ်ပြီး ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသည့် လူများသာ တိုင်းပြည်တစ်ပြည်၏ ကံကြမ္မာ၊ ဤလောက၏ ကံကြမ္မာကို ပြောင်းလဲရန် မည်မျှခက်ခဲသည်ဆိုသည်ကို နားလည်နိုင်ပေသည်။

သူတစ်ခြားလူများကို ပြော၍မရသည့် အရာများစွာ သူ့စိတ်ထဲတွင် ရှိကြပေ၏။ အခြားလူများ မဆိုထားနှင့် သူနှင့်အလွန်ရင်းနှီးလှသည့် သူ့ဦးကြီးကဲ့သို့သော တစ်စုံတစ်ယောက်သည်ပင် စည်းရုံးရန် ခက်ခဲလှသည်။

ဝမ်ကန်းသည် ဒူးထောက်နေသော ဝမ်ချောင်ကြောင့် နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားခဲ့၏။ ဝမ်ချောင်သည် အများကြီးမပြောခဲ့သော်လည်း ဝမ်ကန်းသည် သူ့စိတ်က ကျောက်တုံးကဲ့သို့ ခိုင်မာလှပြီး သူ့ဆန္ဒက ပြောင်းလဲ၍မရနိုင်သည်ကို အာရုံခံမိပေသည်။

“ချောင်အာ ငါစဉ်းစားပါရစေ”

ဝမ်ကန်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ တိုင်းပြည်တစ်ပြည်၏ စစ်ရေးကိစ္စများသည် သာမာန်ကိစ္စများ မဟုတ်ကြဘဲ အသေးအမွှားများ မဟုတ်ကြဘဲ သူတို့သည် စိတ်ခံစားချက်ကြောင့် ဆုံးဖြတ်၍မရပေ။ ကိုယ်ရေးကိုယ်တာ ခံစားချက်များအတွက် အများသူငှာ ကောင်းကျိုးထက် အလေးသာနေသည်မှာ သေချာပေါက် စည်းမျဉ်းမှကျွံ့ထွက်နေခဲ့ပြီဖြစ်သည်။ ဤသည်က ရုံးတော်ထဲရှိ သူ နှစ်များစွာတစ်လျှောက် ကိုင်စွဲထားခဲ့သည့် သဘောတရားတစ်ခုဖြစ်သည်။

အကယ်၍ ဤသည်က ဝမ်ကလန်၏ အခြားသာစဉ်မြေးဆက် ဖြစ်ပါက သူ့သား ဝမ်လီဖြစ်နေခဲ့လျှင်ပင် ဝမ်ကန်းသည် ထိုယူဆချက်ကို စဉ်းပင်စဉ်းစားလိမ့်မည် မဟုတ်ပေ။ သို့သော် ဤသည်မှာ ဝမ်ချောင်ဖြစ်နေ၏။

အတိတ်မှ မြင်ကွင်းများသည် သူ့စိတ်ထဲသို့ ပျံသန်းလာခဲ့ကြသည်။ ဝမ်ချောင်သည် ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်နှင့် ကြင်ယာတော်ထိုက်ကျန်း ဖြစ်ရပ်တို့တွင် သူ့ကိုယ်သူ သက်သေပြခဲ့ပြီးဖြစ်သည်။ သူသည် အနောက်တောင်ဘက်ရှိ တိုက်ပွဲအကြောင်း သိရှိခဲ့သည့် ပထမဆုံးလူပင် ဖြစ်ခဲ့၏။

ထို့အပြင် ထိုဖြစ်ရပ်တိုင်းတွင် ဝမ်ချောင်သည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

သူသည် သူ့အား ထောင်ချီသော ဖြစ်နိုင်ချေများထဲမှ မှန်ကန်သောလမ်းကြောင်းကို ရှာဖွေတွေ့နိုင်သည့် အမြော်အမြင်ကို ပိုင်ဆိုင်ထားပုံရသည်။

“ချောင်အာ ငါ့ကိုပြောပါ ဒီနေ့ ငါ့ရဲ့ဆုံးဖြတ်ချက်ကို ငါနောင်တမရဘူးလို့”

ဝမ်ကန်း ရုတ်တရက် ပြောလိုက်၏။

“ဦးကြီး ဒါကိုနောင်တရမှာ မဟုတ်ပါဘူး”

ဝမ်ချောင် ပျော်ရွှင်သွားခဲ့၏။

သူသည် သူ့ဦးကြီးက သဘောတူလိုက်သည်ကို ပြောနိုင်ပေသည်။

ဝမ်ကန်း နောက်ထပ်သက်ပြင်းရှည်ကြီး ချလိုက်၏။

“ချောင်အာ ဒီကိစ္စတစ်ခုမှာ ငါမင်းကိုကူညီဖို့ ကတိပေးနိုင်တယ်။ ဒါက အများသူငှာ ကောင်းကျိုးကိုကျော်လွန်ပြီး ငါ့ရဲ့ကိုယ်ရေးကိုယ်တာ အတွေးတွေကို ဦးစားပေးတဲ့ ငါ့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲတဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။ နောက်ပြီး နောက်ဆုံးအကြိမ်လည်း ဖြစ်တယ်။ မင်းနားလည်ရဲ့လား”

ဝမ်ကန်း မျက်လုံးဖွင့်လိုက်၏။

“သင့်ရဲ့တူလေးက နားလည်ပါတယ်”

ဝမ်ချောင် လေးနက်စွာ ပြန်ဖြေလိုက်သည်။

ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်အတွင်း သူသည် သူ့ဦးကြီး၏ ပင်ကိုယ်စရိုက်ကို သိရှိနေခဲ့သောကြောင့် စုန့်ဘုရင်ကိုသာ နားချရန် ကြိုးစားခဲ့သည်။

“ပြော နောက်ထပ်ငါ ဘာလုပ်ပေးရအုံးမလဲ”

ဝမ်ကန်း မေးလိုက်ကာ သူ့အမူအရာက အမှန်တကယ်တွင် ပို၍သက်တောင့်သက်သာ ရှိလာခဲ့သည်။

“ဟုတ်ကဲ့”

ဝမ်ချောင် ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“ဦးကြီး ခင်ဗျားပြန်သွားတဲ့အခါ ကျေးဇူးပြုပြီး စုန့်ဘုရင်ကို ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင် ရှေ့ထွက်ဖို့ ပြောပေးပါ။ နောက်ပြီး ကျွန်တော့်မှာ စာတစ်စောင်ရှိတယ်။ ဦးကြီး ကျေးဇူးပြုပြီးဒါကို ယန်ကျိုးကိုပေးပေးပါ။ တော်ဝင်ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ဦးကြီး၊ စုန့်ဘုရင်နဲ့ ကြင်ယာတော်ထိုက်ကျန်းတို့ အားလုံးက အတူတူ အလုပ်လုပ်ရလိမ့်မယ်”

“နောက်ပြီး ဦးကြီး ကျေးဇူးပြုပြီး စုန့်ဘုရင်ကို ကျွန်တော်တို့က သေချာပေါက် မုန့်ရှီကျောက်ကို ကူညီဖို့ ကြိုးစားနေတာ မဟုတ်ဘူးလို့ ပြောပေးပါ။ ဂဲလျိုဖန်းရဲ့ ရည်မှန်းချက်တွေက ထင်ရှားပြီး သူ့ကို ပြစ်ဒဏ်ပေးရမှာဖြစ်ပေမဲ့ အခုက အချိန်မကျသေးဘူး။ ကျေးဇူးပြုပြီး သူ့ကို ကြာနိုင်သမျှကြာကြာ အချိန်ဆွဲခိုင်းပါ။ မလှုပ်ရှားမီ ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ ဒါကြောင့် အခုကစပြီး ဦးကြီးနဲ့ စုန့်ဘုရင်တို့က အနောက်တောင်ဘက်ကို တပ်သားတွေရွှေ့ဖို့ စစ်မှုထမ်းငှာနကို စတင်အသုံးပြုရမယ်”

“အနောက်တောင်ဘက်မှာရှိတဲ့ အင်အားတစ်သိန်းရှစ်သောင်း စစ်တပ်က ဂဲလျိုဖန်းကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး။ စစ်သည်သုံးသိန်းနဲ့ အထက်ကသာ လုံလောက်နိုင်တယ်”

ဝမ်ကန်း ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။

“မဖြစ်နိုင်ဘူး။ တပ်သားစုရုံးခြင်းက အသေးအမွှား ကိစ္စမဟုတ်ဘူး။ စုန့်ဘုရင်ကတောင် တပ်သားတစ်သိန်းကို ဖြစ်သလို ရွှေ့လို့မရဘူး။ သူက အခြားဝန်ကြီးတွေဆီက ခွင့်ပြုချက်တွေနဲ့သာ အဲ့လိုလုပ်နိုင်တယ်”

စုန့်ဘုရင်သည် စစ်မှုထမ်းငှာနထဲတွင် ကြီးမားလှသော လုပ်ပိုင်ခွင့်အာဏာကို ကိုင်စွဲထားခဲ့သော်လည်း သူက သူ့လှုပ်ရှားမှုများကို တစ်ခြားလူများဆီမှ သူစိတ်ရှိသလို ဖုံးကွယ်ထားနိုင်သည်အထိ မဟုတ်ခဲ့ပေ။ အနည်းဆုံး စစ်မှုထမ်းငှာနတွင် ချီဘုရင်သည် လုပ်ပိုင်ခွင့်အာဏာ များပေသည်။

ထို့အပြင် မဟာထန်သည် နည်းပါးလှသော အရေအတွက်များဖြင့် စစ်ပွဲများကို အမြဲတိုက်ခိုက်ခဲ့သည်။ မဟာထန်သည် လက်ရွေးစင်တပ်သားများကို အလေးထားပြီး ကောင်းစွာဆင်ယင်ပေးကာ ထောက်ပံ့ပေးထားခဲ့ပြီး စစ်သားများသည် လက်နက်အစုံ တပ်ဆင်ထားခဲ့ကာ မည်သည့် အတိုက်အခံကိုမဆို ချေမှုန်းပစ်နိုင်စွမ်းရှိသည်။

အကယ်၍ သူတို့သည် တပ်သားသုံးသိန်းကျော်ကို အမှန်တကယ် စစ်ရေးစုရုံးခဲ့ပါက မဟာထန်သည် မုန့်ရှီကျောက်ကို လုံးဝချေမှုန်းနိုင်စွမ်း ရှိပေလိမ့်မည်။ ၎င်းသည် သုတ်သင်ရှင်းလင်းရေး စစ်ပွဲတစ်ခုဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း မဟာထန်တွင် ထိုမျှလောက်သော တပ်သားသာ ရှိပေသည်။ အကယ်၍ သူတို့သည် စစ်သည်သုံးသိန်းကို လွှဲပြောင်းခဲ့ပါက ဤသည်က အခြားနေရာများရှိ ကာကွယ်မှုကို အားနည်းသွားစေလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် ပို၍ပင်ကြီးမားသော ပြဿနာများကို ဖန်တီးပေလိမ့်မည်။

“ဒါဆို အရန်တပ်တွေနဲ့ စီရင်စုတပ်တွေကို သုံးပါ။ ဒါက စစ်မှုထမ်းငှာနကိုဖြတ်ကျော်ပြီး အတိုက်အခံတွေ နည်းပါးတဲ့ တပ်သားတွေရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်တယ်”

ဝမ်ချောင်၏အကြည့်သည် ထက်ရှပြီး သူ့အသံက ပြတ်သားလှသည်။ သူ့နောက်ဆုံးဘဝရှိ မဟာထန်၏ တိုက်ပွဲသူတော်စင်အနေဖြင့် အလယ်ပိုင်း လွင်ပြင်ဒေသ၏ နောက်ဆုံး စစ်သေနာပတိချုပ်အနေဖြင့် ဝမ်ချောင်သည် သူ့ဦးကြီးထက် စစ်တပ်ကို လုံးစေ့ပတ်စေ့ ပို၍နားလည်ထားပေသည်။

“စစ်မြေပြင်က အကောင်းဆုံးပန်းပဲဖိုပဲ။ သုံးလက ပုံမှန်အားဖြင့် နှစ်ပေါင်းအတော်များများ အချိန်ယူလိမ့်မှာဖြစ်တဲ့ သာမာန်တပ်တစ်ခုကို လေ့ကျင့်ဖို့ လုံလောက်တဲ့အချိန်ပဲ။ ဒီစီရင်စုတပ်တွေက တပ်သားတွေရှာဖွေဖို့ အကောင်းဆုံး နေရာတွေပဲ”

ပြီးပြည့်စုံသော စစ်တပ်စနစ်တစ်ခုသည် တည်ဆဲစစ်တပ်တစ်ခုနှင့် အရန်တပ်သားများ ရှိကြပေသည်။ ဤသည်က မုန့်ရှီကျောက်၊ ဝူရှန်း၊ ဂိုဂူလျောနှင့် တာ့ဂီကာကနိတ်တို့ နိမ့်ကျသည့် နေရာဖြစ်၏။

မဟာထန်သည် စစ်သည်အများကြီး မရှိခဲ့သော်လည်း ၎င်းတွင် ကြီးမားလှသော အရန်အင်အား တစ်ခုကို အမြဲထိန်းသိမ်းထားခဲ့သည်။ သူတို့၏ အရေအတွက်များသည် ထိုမျှမကြီးမားသော်လည်း အနည်းဆုံး နှစ်သိန်းရှိကြပေသည်။

ထို့ပြင် မဟာထန်သည် အခြားတပ်များထက် သာလွန်သည့် တင်းကြပ်သော လေ့ကျင်မှုရှိပေသည်။ ၎င်းသည် စနစ်ကျပြီး ဤတင်းကြပ်သည့် လေ့ကျင်မှုကို ဖြတ်ကျော်သွားခဲ့ကြသည့် မည်သည့်စစ်သားမဆို စစ်မြေပြင်ထဲသို့ မည်သည့်အချိန်တွင်မဆို သွားနိုင်ကြပေသည်။

ဤသည်က မဟာထန်သည် ခြောက်ယောက်တစ်ယောက် တိုက်ခိုက်နေရပြီး သိသာသော အသေအပျောက်များ ရှိခဲ့သည့် အဆုံးမဲ့ တိုက်ပွဲများတွင် ပါဝင်နေခဲ့သော်လည်း တည်ငြိမ်သော တပ်သားအရေအတွက်ကို ထိန်းသိမ်းထားနိုင်သည့် အကြောင်းအရင်းဖြစ်သည်။

သို့သော် အရန်တပ်သားများသည် အရန်တပ်သားများ ဖြစ်နေကြဆဲဖြစ်ပြီး စစ်မြေပြင် အတွေ့အကြုံတွင် ကြီးစွာပြတ်လပ်နေကြဆဲဖြစ်သည်။ သူတို့ကို စစ်မြေပြင်သို့ ပို့ဆောင်ခြင်းက အရည်အချင်းရှိပြီး အတွေ့အကြုံပြည့်ဝသော တပ်သားများစွာကို လျှင်မြန်စွာ မွေးထုတ်နိုင်သော်လည်း အသေအပျောက် များစွာရှိပေလိမ့်မည်။

ထို့ပြင် ဤအရန်တပ်သားများကို စစ်စည်းရုံခြင်းက မဟာတန်၏ စစ်တပ်ပိရမစ်တွင် အားနည်းချက်တစ်ခု ဖြစ်စေပေလိမ့်မည်။ အရန်တပ်သားများကြား ပြင်းထန်သော လေ့ကျင့်မှု ပြတ်လပ်ခြင်းသည် အနာဂတ်တွင် ကြီးမားသော အကျိုးဆက်များ ရှိပေလိမ့်မည်။

ဝမ်ကန်း ဝမ်ချောင်ကို သူ့မျက်လုံးတွင် ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ဝမ်ချောင်သည် ကိစ္စများစွာတွင် သူ့ထက်ပင် နားလည်ထားခဲ့ပြီး ဝမ်ချောင်သူတို့ကို ပြောနေသည့်ပုံစံက ဆယ်ကျော်သက်တစ်ယောက် ပြောလိမ့်မည်မဟုတ်သည့် ပုံစံဖြစ်ပေသည်။

“စုန့်ဘုရင်ကို စည်းရုံးဖို့ ငါအကောင်းဆုံးလုပ်ပေးမယ်။ တော်ဝင်ရုံးတော်ရဲ့ မုန့်ရှီကျောက်ကို ဆန့်ကျင်တဲ့ တိုက်ပွဲက သေချာပုံရတယ်။ တကယ်လို့ ဒါတွေတစ်ခုမှ ရှောင်လွဲလို့မရရင် မင်းရဲ့နည်းလမ်းက တကယ်ပဲ အကောင်းဆုံးဖြစ်တယ်”

ဝမ်ကန်း သက်ပြင်းချလိုက်၏။

“... ဦးကြီးကို ကျွန်တော်ဒုက္ခပေးဖို့ လိုအပ်တဲ့ တစ်ခြားကိစ္စတစ်ခုလည်း ရှိတယ်”

“ပြောပါ”

ဝမ်ချောင် ၎င်းကိုတိုက်ရိုက် မပြောခဲ့ဘဲ ထိုအစား ရှေ့သို့ကိုင်းလိုက်ပြီး တီးတိုးပြောလိုက်သည်။

“ဝူရှန်း”

ဝမ်ကန်း ချက်ချင်း နားလည်သွားခဲ့ကာ သူ့ခန္ဓာကိုယ် တုန်ရီသွားခဲ့၏။

“ဦးကြီး ဘာပဲဖြစ်ဖြစ် ဒီစကားတွေကို ကျန့်ချိုးကျင်းချုံးဆီ ယူသွားပေးပါ။ အနောက်တောင်ဘက်က ကျွန်တော်တို့ရဲ့ နယ်မြေမဟုတ်ဘူး။ ကျန့်ချိုးကျင်းချုံရဲ့ စကားတွေကသာ ချန်ယုချောင်ထုံကို အမိန့်ပေးနိုင်တယ်”

ဝမ်ချောင် ပြောလိုက်သည်။

မုန့်ရှီကျောက်သည် မဟာထန်အတွက် ဘယ်တုန်းကမှ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။ တကယ့်ပြဿနာမှာ ဝူရှန်းဖြစ်သည်။ မည်သို့ဖြစ်ပါစေ ဝူရှန်း၏ လှုပ်ရှားမှုများသည် တစ်ချိန်လုံး စောင့်ကြည့်ရန် လိုအပ်ပေသည်။

ဤအချက်ကို နားလည်မှု ပြတ်လပ်ခြင်းက သူ့နောက်ဆုံးဘဝမှ ကပ်ဆိုးကြီးကို နောက်ထပ် ဖြစ်စေပေလိမ့်မည်။

“ငါနားလည်ပြီ။ ဒီကိစ္စကို ငါ့ဆီထားလိုက်ပါ”

ဝမ်ကန်း နောက်ဆုံးတွင် ထွက်သွားခဲ့၏။ ဝမ်ကန်း ထွက်ခွာသွားသည့် အခိုက်တွင် မှောင်မည်းသော အကျဉ်းထောင်သည် အလွန်အမင်း တိတ်ဆိတ်လာခဲ့သည်။

“ထွက်လာခဲ့”

ဝမ်ချောင် ရုတ်တရက် ပြောလိုက်ကာ သူ့ခေါင်းကိုပင် မော့မနေခဲ့ပေ။

တခဏကြာပြီးနောက် အမှောင်ထဲမှနေ၍ လူအနည်းငယ် ပေါ်လာခဲ့သည်။ ကျန်းချန်ကျိုးသည် မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ ကျွမ်းကျင်သူများ နောက်မှနေ၍ ထွက်လာခဲ့သည်။

“ဝမ်ချောင် တိုင်းပြည်ရဲ့ ဘယ်လိုကိစ္စကို မင်းကမင်းရဲ့ဦးကြီးနဲ့ ဆွေးနွေးနေကြသလဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်းက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ကျန်းချန်ကျိုး ရိုင်းစိုင်းစွာ ပြောလိုက်၏။

“အဲ့အကြောင်းနဲ့ပတ်သတ်ပြီး ခင်ဗျားစိတ်ပူစရာ မလိုဘူး”

ဝမ်ချောင် ဂရုမစိုက်စွာ ပြောလိုက်သည်။

ကျန်းချန်ကျိုး နှာခေါင်းသာရှုံ့လိုက်ပြီး ပြန်ပြောရန် မကြိုးစားခဲ့ပေ။ သူသည် ထွက်ခွာမသွားမီ လက်အောက်ငယ်သားတစ်ယောက်ကို စကားပြောခဲ့သည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် ဝမ်ချောင်သည် သူ့လက်ချောင်းကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြီး မြေပေါ်တွင် စတင်ရေးဆွဲလိုက်သည်။ သူ့အနားရှိ မဟာထန်၏ ရှုပ်ထွေးလှသော မြေပုံသည် ဤရက်အနည်းငယ်အတွင်း ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

ဤကမ္ဘာပေါ်ရှိ မည်သည့်အရာနှင့်မျှ မတူသော သင်္ကေတများစွာတို့သည် ဤမြေပုံပေါ်တွင် ရှိနေခဲ့ကြသည်။ ဝမ်ချောင်တစ်ယောက်သာ သူတို့ကို နားလည်နိုင်ပေ၏။

******************

All Chapters