← Chapters

အခန်း (၄၇၁-၄၇၅)

Vol. 22 Ch. 471-475

အခန်း (၄၇၁-၄၇၅)

Vol. 22 Ch. 471-475

အခန်း(၄၇၁)

တိုက်ပွဲစတင်ခြင်း

အနောက်တောင်ဘက်ရှိ ဖြစ်ရပ်သည် တိုင်းပြည်တစ်ခုလုံးကို ဖမ်းစားသွားခဲ့သည်။ ထောင်ထဲရှိ ဝမ်ချောင်သည်ပင် လေထဲရှိ ပြောင်းလဲမှုများကို ခံစားနိုင်ခဲ့သည်။

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းတို့မှ လူများသည် မူလက သူ့ဆီနေ့တိုင်း အလည်လာခဲ့ကြသော်လည်း ယခုအခါသူတို့သည် ရှားရှားပါးပါးသာ ပေါ်လာခဲ့ကြသည်။ ရံဖန်ရံခါ အစားအစာ လာပို့ခဲ့ကြသည့် ထောင်စောင့်များသည်လည်း စိတ်ပျံ့လွှင့်နေပုံရသည်။

အုံ့မှိုင်းသော လေထုသည် မြို့တော်ကို လွှမ်းခြုံထားပုံရ၏။

'ကြည့်ရတာ ဆုံးဖြတ်ချက်က ချတော့မဲ့ပုံပဲ။'

ဝမ်ချောင် တိတ်ဆိတ်စွာ သူ့ကိုယ်သူ ပြောလိုက်သည်။ သူသည် စိုးရိမ်နေခဲ့သော်လည်း တိတ်ဆိတ်စွာ စောင့်နေရုံကလွဲ၍ ဝမ်ချောင်ဘာမှ မတက်နိုင်ချေ။

“ချောင်အာ”

ဆယ်ရက်ကြာပြီးနောက် သူသည် ဝမ်ကန်းကို နောက်တစ်ကြိမ် တွေ့လိုက်ရသည်။ သူ့ဦးကြီးသည် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူ့မျက်နှာက မာကြောကာ လေးနက်နေခဲ့သည်။

သူ့ဦးကြီးကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်သည် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခု သူ့နှလုံးသားမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်ကို ခံစားလိုက်ရပြီး သူ့မျက်လုံးများက တွန့်ချိုးသွားခဲ့သည်။

“တော်ဝင်ရုံးတော်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ။ ချန်ယုချောင်ထုံးက အန်းနန်ပိုင်နက်ရဲ့ လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဦးဆောင်ပြီး မဟာထန်ကို အပြစ်ပြုခဲ့တဲ့ ဂဲလျိုဖန်းကို အပြစ်ပေးဖို့ မုန့်ရှီကျောက်ကို ချက်ချင်းတိုက်ခိုက်ဖို့ အမိန့်ပေးခံခဲ့ရတယ်”

“ဘာ”

ဝမ်ချောင်၏နှလုံးသား ဤသတင်းကြောင့် အေးစက်သွားခဲ့ကာ သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်သွားခဲ့သည်။ ရုတ်တရက်ပင် တစ်စုံတစ်ခုကို တွေးတောလိုက်မိကာ သူသံတိုင်သို့ ဆက်ကနဲ တိုးသွားလိုက်ပြီး မေးလိုက်သည်။

“ဦးကြီး ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခင်ဗျား၊ စုန့်ဘုရင်နဲ့ ကြင်ယာတော်ထိုက်ကျန်း အားလုံးတို့က ဆန့်ကျင်ခဲ့ကြတာမဟုတ်ဘူးလား။ ခင်ဗျားတို့သုံးယောက်က မလုံလောက်ခဲ့ကြဘူးလား”

စုန့်ဘုရင်၊ ဝမ်ကလန်နှင့် ယန်ကျိုး၏နောက်ခံ ကြင်ယာတော် ထိုက်ကျန်းတို့သည် မဟာထန် ရုံးတော်၏ အားကောင်းလှသော အင်အားစုသုံးခု ဖြစ်ကြပြီး ပြယုဒ်သုံးခု ဖြစ်ကြသည်။ ဤသုံးခု၏ ပူးပေါင်းခွန်အားသည် ရုံးတော်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် လုံလောက်သည့် သြဇာရှိခဲ့သင့်ပေသည်။

ဝမ်ကန်း သက်ပြင်းချလိုက်ကာ အသေးစိတ်ကျသည့် အချက်အလက်များကို ပြန်ပြောပြလိုက်သည်။

ဝမ်ချောင်နှင့် တွေ့ဆုံပြီးနောက် ဝမ်ကန်းသည် ချက်ချင်းနီးပါး စုန့်ဘုရင်ကို သွားတွေ့ခဲ့သည်။ ဝမ်ချောင်၏ သွေးသောက်ညီအစ်ကို ယန်ကျိုးနှင့်အတူ သူတို့သုံးယောက်သည် ရုံးတော်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိခဲ့ကြပေသည်။

သို့သော် ဝမ်ကန်းနှင့် ဝမ်ချောင်တို့သည် တစ်စုံတစ်ယောက်ကို လျော့တွက်ခဲ့မိကြသည်။

ဝမ်ချောင်၏ မျက်လုံးများ အေးစက်သည့် အလင်းရောင်များဖြင့် လင်းလက်သွားခဲ့ကာ သူရုတ်တရက် မေးလိုက်သည်။

“ယောင်ကလန်လား”

“ဒါက ယောင်ကလန်နဲ့ ချီဘုရင်တို့ပဲဆိုရင် အဆင်ပြေခဲ့လိမ့်မယ်”

ဝမ်ကန်း ခေါင်းခါလိုက်ကာ ပြောလိုက်၏။ ထိုနေရာတွင် ရှိနေကြသူများသာ ရုံးတော်ဆွေးနွေးမှု၏ ပြင်းထန်မှုကို နားလည်ပေလိမ့်မည်။ ထာဝရသိန်းငှက်များ ဖြစ်ခဲ့ကြသည့် ဝမ်ကန်းနှင့် စုန့်ဘုရင်တို့က ရုတ်တရက် မုန့်ရှီကျောက်နှင့် စစ်ပွဲကို ဆန့်ကျင်လိုက်သောအခါ ရုံးတော်တစ်ခုလုံး ကြက်သေ သေသွားခဲ့ကြသည်။

ခန်းမသည် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး မည်သူမျှ စကားမပြောနိုင်ခဲ့ပေ။ သို့သော် ယောင်ကလန်နှင့် ချီဘုရင်တို့သည် ပို၍ပင် အံ့အားသင့်ဖွယ် ကောင်းခဲ့ကြသည်။

ဤနှစ်ယောက်သည် ဝမ်ကလန်နှင့် စုန့်ဘုရင်တို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြပုံရသည်။ သို့သော်လည်း ထိုနှစ်ယောက်က စစ်ပွဲကို ဆန့်ကျင်လိုက်ချိန်တွင် စစ်ပွဲကိုအမြဲ မလိုလားခဲ့ကြသည့် ချီဘုရင်နှင့် ယောင်ကလန်တို့သည် ရုတ်တရက် ဆန့်ကျင်ဘက် ရပ်တည်မှုကို ရွေးချယ်လိုက်ကြပြီး စုန့်ဘုရင်နှင့် ဝမ်ကလန်တို့ကို ကျယ်လောင်စွာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။

သူတို့သည် ဤနှစ်ယောက်က ဂဲလျိုဖန်းနှင့် ပူးပေါင်းကြံစည်နေခဲ့ကြပြီး သူက လဒ်ထိုးထားသည်ဟု ပြောခဲ့ကြကာ သူတို့သည်လည်း မုန့်ရှီကျောက်နှင့် စစ်ပွဲကို စိတ်အားထက်သန်စွာ တိုက်တွန်းခဲ့ကြသည်။ သို့သော် အကယ်၍ ထိုသည်က အားလုံးဖြစ်ခဲ့ပါက အရာရာတိုင်းသည် အဆင်ပြေခဲ့ပေလိမ့်မည်။

အားလုံးပြီးနောက် ယောင်ကလန်နှင့် ချီဘုရင်တို့သည် ဝမ်ကလန်၊ စုန့်ဘုရင်နှင့် ကြင်ယာတော် ထိုက်ကျန်းတို့၏ ပူးပေါင်းအင်အားထက် နိမ့်ကျနေဆဲဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လုံးဝ မမျှော်လင့်ထားခဲ့သော တစ်စုံတစ်ယောက်၊ အထင်ရှားဆုံးဖြစ်သော်လည်း အသိုသိပ်ဆုံးလည်းဖြစ်သည့် လူတစ်ယောက်သည် ရုတ်တရက် ရှေ့ထွက်လာခဲ့ပြီး ရုံးတော်ဆွေးနွေးမှု၏ ရလဒ်ကို လုံးဝ ပြောင်းလဲပစ်ခဲ့သည်။

“ဘယ်သူလဲ”

ဝမ်ချောင်၏နှလုံးသား တင်းကြပ်သွားခဲ့၏။

ဝမ်ကန်း အဖြေမပေးမီ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ဝန်ကြီးချုပ်”

တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့၏။ ဝမ်ချောင် ပင့်သက်ရှိုက်လိုက်ကာ သူ့နားထင်များက တင်းကြပ်သွားခဲ့သည်။ သူသည် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

“လီကောနျူ...”

ဤနာမည်သည် မိုးကြိုးကဲ့သို့ ဖြစ်သည်။ ၎င်းက ဝမ်ချောင်၏စိတ်ကို လောင်ကျွမ်းသွားခဲ့သည်နှင့် မရေမတွက်နိုင်သော မှတ်ဉာဏ်များ ပြသလာခဲ့၏။

ထိုအခိုက်တွင် ထောင်ချီသော အတွေးများသည် လျှပ်စီးကဲ့သို့ သူ့စိတ်ထဲ ဝင်ရောက်လာခဲ့ကြသည်။

မဟာထန်မင်းဆက်တွင် ဝန်ကြီးချုပ်ရာထူးထက် ပိုမြင့်သောရာထူး မရှိပေ။ သူသည် အမှန်ပင် လူတစ်ယောက်အောက်သာ နိမ့်ကျပြီး ကျန်လူများအထက်တွင် ဖြစ်သည်။

ဝမ်ကလန်နှင့် ယောင်ကလန် နှစ်ခုစလုံးတို့သည် ဤရာထူးနှင့် နီးကပ်စွာ ဆက်စပ်နေခဲ့ကြသည်။ ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်တစ်ခုအဖြစ် ဝမ်ကလန်၏ ဂုဏ်သတင်းအတွက် ၎င်းက အဓိကအကြောင်းအရင်း ဖြစ်ခဲ့သည်။

သို့သော်လည်း ဝမ်ကလန်၏ သခင်ကြီး မြို့စားကြီးကျူးနှင့် ယောင်ကလန်၏ သခင်ကြီး ယောင်ချောင် နှစ်ယောက်စလုံးတို့သည် ဝန်ကြီးချုပ်ရာထူးမှ အနားယူသွားခဲ့ကြပြီးဖြစ်သည်။

ယခုအခါ အသစ်တစ်ယောက်သည် ဝန်ကြီးချုပ်ရာထူးကို ရယူထားခဲ့ပေ၏။

လီကောနျူသည် အမှန်ပင် ထိုလူ၏ လောကဝတ်နာမည်ဖြစ်ပေသည်။

မဟာထန် တော်ဝင်ရုံးတော်တွင် ဤပုဂ္ဂိုလ်သည် ပုံမှန်မဟုတ်စွာ ခပ်လျိုလျို နေခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ဤသို့ ထင်ရှားကျော်ကြားသော ရာထူးတစ်ခုကို ကိုင်စွဲထားသူသည် ယခင်က ဘယ်တုန်းကမှ ခပ်လျိုလျို မဖြစ်ခဲ့ဖူးပေ။ လူများစွာတို့သည် သူမည်သူဖြစ်သည်ဆိုသည်ကိုပင် မေ့ပျောက်နေခဲ့ကြသည်။

သို့သော်လည်း ဝမ်ချောင်သည် သူ့ကို ဘယ်တုန်းကမှ လျော့မတွက်ရဲခဲ့ပေ။

“ငါ တကယ်တော့ သူဖြစ်မယ်လို့ မထင်ထားခဲ့ဘူး...”

ထက်ရှသည် အလင်းရောင်တစ်ခုက ဝမ်ချောင်၏ မျက်လုံးထဲတွင် တောက်ပသွားခဲ့၏။

မဟာထန်မင်းဆက် အားလုံးတို့တွင် ဝမ်ချောင် အကြောက်ဆုံးလူမှာ ယောင်ကလန် သို့မဟုတ် ချီဘုရင် မဟုတ်ခဲ့ကြပေ။ သို့သော် သူ၏ရာထူးက ဂုဏ်သရေရှိသော်လည်း မကြာခဏ မေ့ပျောက်ခံထားရသည့် ဤဝန်ကြီးချုပ် ဖြစ်ပေသည်။

မဟာထန်တိုင်းပြည် တစ်ခုလုံးတွင် သူ့ဦးကြီးသည်ပင် ပုံမှန်အားဖြင့် ဖော်ရွေသော ဤဝန်ကြီးက မည်မျှကြောက်ဖို့ကောင်းသည်ကို သိနိုင်မည်မဟုတ်ပေ။

လူတိုင်းသည် လေးစားရသော ဝန်ကြီးချုပ်ကို နက်ရှိုင်းစွာ လျော့တွက်နေခဲ့ကြပေသည်။

ဝမ်ချောင်သည် ဝန်ကြီးချုပ်က ထုံးတမ်းကို ချိုးဖောက်ပြီး အနောက်တောင်ဘက်ရှိ စစ်ပွဲကို ထောက်ခံမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ယောင်ကလန်၊ ချီဘုရင်နှင့် ဝန်ကြီးချုပ်တို့၏ ပူးပေါင်းအင်အားသည် ဝမ်ကလန်၊ စုန့်ဘုရင်နှင့် ကြင်ယာတော်ထိုက်ကျန်းတို့၏ အင်အားကို ညီမျှရန် လုံလောက်ပေသည်။

“... နောက်ပြီး နောက်ထပ် ကိစ္စတစ်ခုရှိခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ ကျန့်ချိုးကျင်းချုံးက ချီဘုရင်၊ ယောင်ကလန်တို့နဲ့ ရပ်တည်ခဲ့တယ်”

“အာ”

ဝမ်ချောင် လုံးဝအံ့သြသွားခဲ့၏။

ကျန့်ချိုးကျင်းချုံးသည် ကြင်ယာတော်ထိုက်ကျန်း အုပ်စု၏ အစိတ်အပိုင်းဖြစ်ပြီး သူတို့တွင် အလွန်နီးကပ်သည့် ဆက်ဆံရေးတစ်ခု ရှိခဲ့သည်။ အမှန်တွင် ယန်ကျိုးကို မြို့တော်သို့ ရောက်ရှိရန် ကူညီခဲ့သည့်လူမှာ ကျန့်ချိုးကျင်းချုံး ဖြစ်ပေသည်။

ကြင်ယာတော်ထိုက်ကျန်းနှင့် ယန်ကျိုးတို့သည် ဤစစ်ပွဲကို ဆန့်ကျင်ခဲ့ကြသည့်တိုင် ကျန့်ချိုးကျင်းချုံး တိုက်ပွဲဝင်ကြီးသည် ချီဘုရင်နှင့် ရပ်တည်ခဲ့သည်။ မည်သူမျှ ဤအရာကို မျှော်လင့်ထားမိနိုင်မည် မဟုတ်ပေ။

ဝန်ကြီးချုပ် တစ်ယောက်ထဲက ရင်ဆိုင်ရန် လုံလောက်ခဲ့သေးသော်လည်း တိုက်ပွဲဝင်ကြီး ကျန့်ချိုးကျင်ချုံးကြောင့် ... ရုံးတော်ဆွေးနွေးမှုသည် အဖြေထွက်သွားခဲ့သည်။

ဝမ်ချောင် တိတ်ဆိတ်နေခဲ့၏။

“အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာမှလုပ်လို့မရခဲ့ဘူး။ တိုက်ပွဲဝန်ကြီးအနေနဲ့ သူ့ရာထူးက မတည်ငြိမ်သေးဘူး။ သူကလည်း အန်းနန်ပိုင်နက်က ဖြစ်တယ်။ သူ့ကိုယ်ပိုင်နယ်မြေမှာ ပြဿနာတစ်ခု ရှိနေတာကြောင့် ကျန့်ချိုးကျင်ချုံးက ဖိအားဘယ်လောက်များများအောက် ရောက်နေမလဲဆိုတာ အလွယ်တကူ စိတ်ကူးကြည့်လို့ရတယ်။ သူ့ကွပ်ကဲမှု အောက်မှာရှိတဲ့ စစ်မှုထမ်းဌာနရဲ့ စစ်သူကြီးတွေ အကုန်လုံးနီးပါးက မုန့်ရှီကျောက်နဲ့ စစ်ပွဲကို ထောက်ခံခဲ့ကြတယ်။ တကယ်လို့ ကျန့်ချိုးကျင်းချုံးက ဒီနေရာမှာ တွန့်ဆုတ်နေခဲ့ရင် သူက အနာဂတ်မှာ တိုက်ပွဲဝန်ကြီးအနေနဲ့ အတိုက်အခံ အများအပြားကို ရင်ဆိုင်ရလိမ့်မယ်”

ဝမ်ကန်း ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

ကျန့်ချိုးကျင်းချုံးသည် အာဏာကို အလွန်ဆိုးရွားစွာ တပ်မက်ခဲ့သည်။ ဆယ်စုနှစ်ချီ နယ်စပ်ကို အုပ်ချုပ်နေပြီးနောက် သူသည် အခြားလူများထက် လုပ်ပိုင်ခွင့်အာဏာနှင့် အဆင့်အတန်းကို ပိုလိုချင်ခဲ့ပေသည်။

ဝမ်ကန်းသည် သူက ဤရုံးတော် ဆွေးနွေးမှုကို ရက်(၂၀)ကြာ အချိန်ဆွဲထားနိုင်မည်ဟု မူလက တွေးထားခဲ့သော်လည်း တိုက်ပွဲဝင်ကြီးကြောင့် အခြေအနေသည် သူ့ထိန်းချုပ်မှုတွင် မရှိတော့ပေ။

ထို့ပြင် ထိုသည်နှင့်ပတ်သတ်၍ ဝမ်ကန်း တက်နိုင်သည့်အရာ ဘာမှမရှိခဲ့ပေ။

မှောင်မည်းသော အကျဉ်းထောင်သည် တိတ်ဆိတ်နေခဲ့၏။ ဝမ်ချောင်နှင့် ဝမ်ကန်း နှစ်ယောက်စလုံး တိတ်ဆိတ်နေခဲ့ကြသည်။ တစ်ခုတည်းသော အသံမှာ နံရံပေါ်ရှိ မီးတုတ်များ၏ လောင်ကျွမ်းနေသော အသံဖြစ်သည်။

“ချောင်အာ မင်းနောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ဝမ်ကန်း သူ့တူလေးကို မေးလိုက်၏။

ဝမ်ချောင်သည် အစီအစဉ် အားလုံး၏နောက်တွင် ရှိနေခဲ့ပြီး ဝမ်ကန်းသည် ရုံးတော်တွင် ဖြစ်ခဲ့သည့်အရာကို သူ့အား ပြောပြခဲ့သည်။ နောက်ထပ် ဘာဆက်လုပ်မည်ကို ဝမ်ချောင် ဆုံးဖြတ်ပေလိမ့်မည်။

“အဲ့ဒါက ရှောင်လွဲဖို့ ဖြစ်နိုင်အုံးမှာ မဟုတ်ဘူးလို့ ငါမထင်ထားခဲ့ဘူး...”

ဝမ်ချောင် ရှည်လျားပြီး ခါးသီးသော သက်ပြင်းတစ်ခုကို ချလိုက်သည်။

ဂဲလျိုဖန်းသည် မဟာထန်ကို တိုက်ခိုက်ခဲ့ပြီး တော်ဝင်ရုံးတော်သည် ချန်ယုချောင်ထုံးကို အနောက်တောင်ဘက် တိုက်ခိုက်မှုတွင် မဟာထန်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဦးဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ထိုတပ်သားများကို ဦးဆောင်နေသူမှာ ကျန့်ချိုးကျင်းချုံး ဖြစ်ခဲ့ပါက အကယ်၍ ကျန့်ချိုးကျင်းချုံးသည် အနောက်တောင်ဘက်တွင် ရှိနေဆဲဖြစ်ပါက နောက်ဆုံး ရလဒ်သည် ပိုကောင်းသွားနိုင်ပေသည်။

သို့သော် ကျန့်ချိုးကျင်းချုံးသည် အာဏာဖြင့် ညို့ယူခံထားခဲ့ရပြီဖြစ်ပြီး တိုက်ပွဲဝန်ကြီး ရာထူးသည် ယခုအခါ သူ့လည်တိုင်တစ်ဝိုက်ရှိ သံကွင်းများ ဖြစ်လာခဲ့ကြသည်။ အနောက်တောင်ဘက်ကို စွန့်ခွာခြင်းက လွယ်ကူခဲ့သော်လည်း ပြန်သွားခြင်းက ထိုသို့မဟုတ်ခဲ့ပေ။

တိုက်ပွဲဝန်ကြီးသည် မြို့တော်ကို စွန့်ခွာပြီး နယ်စပ် ကာကွယ်ရေးတပ်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဦးဆောင်၍မရပေ။ မဟာထန်၏ သမိုင်းတွင် ဤသို့သော အရာတစ်ခုအတွက် သာဓကမရှိခဲ့ပေ။

လူတစ်ယောက်၏ အကြံအစည်များသည် ကောင်းကင်ဘုံ၏ အကြံအစည်များကို မယှဉ်နိုင်ခဲ့ကြပေ။ ဝမ်ချောင်သည် ဤစစ်ပွဲကို ရှောင်ရှားရန် အားလုံးလုပ်ခဲ့သော်လည်း သူသည် နောက်ဆုံးတွင် ကျရှုံးခဲ့ရသည်။

ဤအချိန် ဝမ်ချောင်၏ စိတ်ထဲရှိ နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်သည် ပျောက်ကွယ်သွားခဲ့၏။

၎င်းသည် ရှောင်လွဲ၍ မဖြစ်နိုင်တော့သောကြောင့် သူသည် ထိပ်တိုက် ရင်ဆိုင်ရပေမည်။

“ဦးကြီး ချန်ယုချောင်ထုံးက ဘယ်အချိန် ထွက်ခွာခဲ့တာလဲ”

ဝမ်ချောင် ခေါင်းမော့လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

“လွန်ခဲ့တဲ့ လေးရက်က။ သတင်းကို နန်းတော်ရဲ့ အမြန်ဆုံး ရွှေရောင်သိန်းငှက်နဲ့ ပို့ဆောင်ခဲ့တာ။ အဲ့ဒါက ရောက်ရှိဖို့ နှစ်ရက်ပဲ လိုခဲ့လောက်တယ်။ နောက်ပြီး ချန်ယုချောင်ထုံးရဲ့ တုန့်ပြန်မှု အမြန်နှုန်းနဲ့ သူ့စစ်တပ်ကို စစ်စည်းရုံးပြီး မုန့်ရှီကျောက်ကို တိုက်ခိုက်ဖို့ နောက်ထပ် နှစ်ရက်ပဲ ကြာလောက်တယ်”

ဝမ်ကန်း ပြောလိုက်သည်။

“... နောက်ကျသွားခဲ့ပြီ”

ဝမ်ချောင် သက်ပြင်းရှည်ကြီး ချလိုက်၏။ အမြန်ဆုံးငှက်သည်ပင် မြို့တော်နှင့် အန်းနန်ပိုင်နက်ကြား ကျယ်ပြောသည့် အကွာအဝေးအတွက် ခြောက်ရက် လိုအပ်ပေလိမ့်မည်။

ထိုအချိန်ရောက်ပါက ဖုန်မှုန့်များသည် အနည်ထိုင်ပြီး ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် တစ်ခုခုပြောရန် အလွန်နောက်ကျသွားပြီ ဖြစ်ပေလိမ့်မည်။

“ဦးကြီး ကျွန်တော်ကို ဒီနေရာကနေ ထုတ်ပေး...”

ဝမ်ချောင် ရုတ်တရက် တောင်းဆိုလိုက်၏။

***

ဘုန်း ဘုန်း ဘုန်း

မရေမတွက်နိုင်သော တောင်တန်းများနှင့် မြစ်ပြင်များအလွန် အနောက်တောင်ဘက်၏ ဝေးကွာလှသော နယ်မြေများတွင် အနက်ရောင် တိမ်တိုက်များသည် စုဝေးနေခဲ့ကြပြီး ဗုံများ၏ တီးခတ်သံက ကောင်းကင်ကို တုန်လှုပ်သွားစေခဲ့သည်။ ဤဗုံများ၏ တီးခတ်သံသည် ကမ္ဘာမြေကြီးကို နှိုးကြားသွားစေခဲ့ပြီး အနောက်တောင်ဘက်ကို ထိတ်လန့်သွားစေခဲ့သည်။

အနောက်တောင်ဘက်သည် နှစ်ပေါင်းများစွာကြာ ဗုံများ၏ တီးခတ်သံကို မကြားခဲ့ရပေ။ ထို့ပြင် ဤကျယ်လောင်လှသော အသံများဖြင့် ပဲ့တင်ထပ်ခဲ့သည့် နောက်ဆုံးအကြိမ်မှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်သည်။

“တော်ဝင်ရုံးတော်ရဲ့ အမိန့်တွေအရ ငါတို့ဟာ မုန့်ရှီကျောက်ကို အပြစ်ပေးပြီး မဟာထန်ရဲ့ ကောင်းကင်တမျှ ခွန်အားကို ဖြန့်ကျက်ရမယ်”

ကြီးမားလှသည့် အန်းနန်ကာကွယ်ရေး ဌာနချုပ်၏ အဓိက ခန်းမရှေ့တွင် ခက်ထန်ပြီး တည်ကြည်ကာ အလွန်အမင်းလည်း ခမ်းနားထည်ဝါလှသည့် အသံသည် ကောင်းကင်သို့တိုင် ပဲ့တင်ထပ်သွားခဲ့သည်။

ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ထားသော အသစ်ခန့်အပ်ထားသည့် အန်းနန်ကာကွယ်ရေး စစ်သူကြီး ချန်ယုချောင်ထုံးသည် ခမ်းနားထည်ဝါသော စစ်မြင်းပေါ်တွင် ရပ်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးက အေးစက်သည့် ခွန်အား၏ အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေခဲ့သည်။

စင်မြင့်အထက်တွင် အလံများသည် လေထဲတွင် လွင့်နေခဲ့ကြပြီး သူတို့အားလုံး ကောင်းကင်ကို ကန်ကျောက်ပေးနေသည့် တိုင်လုံးများကဲ့သို့ ကောင်းကင်သို့တိုင် ထိုးထွက်နေခဲ့ကြသည်။

ထို့ပြင် စင်မြင့်အောက်တွင် အန်းနန်ကာကွယ်ရေးတပ်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့သည် မတ်တပ်ရပ်နေခဲ့ကြပြီး သူတို့အားလုံး လက်နက်များ ကိုင်ဆောင်ထားခဲ့ကြကာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားခဲ့ကြသည်။ သူတို့သည် စီစီရီရီ ရပ်နေခဲ့ကြပြီး သူတို့သည် အန်းနန်ကာကွယ်ရေးတပ် ဌာနချုပ်ရှေ့တွင် အနက်ရောင် တိမ်တိုက်များကဲ့သို့ စုဝေးနေခဲ့ကြသည်။

“တိုက် တိုက် တိုက်”

မဟာထန် လက်ရွေးစင်များသည် သူတို့၏ လှံများကို ဝှေ့ယမ်းလိုက်ကြပြီး ဟစ်ကြွေးလိုက်ကြသည်။ သေစေနိုင်သော စွမ်းအင်သည် သူတို့၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာခဲ့ပြီး သက်တံ့များကဲ့သို့ အနက်ရောင် တိမ်တိုက်များထဲသို့ ထိုးတက်သွားခဲ့ကြသည်။ ဗုံများ၏ ကျယ်လောင်သောအသံသည် ကမ္ဘာမြေကြီးကို လှုပ်ခါသွားစေပြီး တောင်တန်းများကို ခိုက်ခိုက်တုန်သွားစေခဲ့ကာ အုံ့မှိုင်းသော လေထုက လောကထဲ ပြည့်နှက်သွားခဲ့သည်။

“ထွက်ခွာကြမယ်”

နောက်ထပ် မည်သည့်စကားမျှ မဆိုဘဲ ချန်ယုချောင်ထုံးသည် အမိန့်ပေးလိုက်သည်။ စစ်မြင်းများသည် မြည်ဟီးလိုက်ကြကာ မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့သည် အနက်ရောင်တိမ်တိုက် မုန်တိုင်းတစ်ခုကဲ့သို့ ထွက်ခွာလိုက်ကြပြီး အော်ဟစ်ကာ မုန့်ရှီကျောက်ဆီသို့ အပြေးအလွှားသွားနေခဲ့ကြသည်။

ဆယ်နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အနေဖြင့် အန်းနန်ကာကွယ်ရေးတပ်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့သည် သူတို့၏ ခံတပ်မြို့ကို စွန့်ခွာနေခဲ့ကြပြီး တိုင်းတစ်ပါး တိုင်းပြည်တစ်ခုကို ရင်ဆိုင်သည့် စစ်ပွဲတစ်ခုကို ဆင်နွဲနေခဲ့ကြသည်။

ထို့ပြင် ဝေးကွာလှသည့် မြို့တော်ရှိ ဆယ်ကျော်သက်တစ်ယောက်ကသာ ဤစစ်ပွဲက အမှန်တကယ် ဘာကိုဆိုလိုသည်ကို တိတိကျကျ နားလည်ခဲ့ပေသည်။

ဤစစ်ပွဲတွင် ပါဝင်သူများသည်ပင် နားမလည်ခဲ့ပေ။

ဝူး

ချန်ယုချောင်ထုံး သူ့စစ်တပ်ကို ထွက်ခွာရန် အမိန့်ပေးလိုက်သည့်အချိန်တွင် စာပို့ခိုများသည် မြို့တံတိုင်းမှနေ၍ ပျံထွက်သွားခဲ့ကြသည်။

ဤစာပို့ခိုများထဲမှ တစ်ကောင်မှ မဟာထန်၏ မြို့တော်ဆီသို့ ဦးမတည်ခဲ့ကြပေ။ ထိုအစား သူတို့သည် မဟာထန်၏ နယ်စပ်များကို ဖြတ်ကျော်နေခဲ့ကြပြီး အရှေ့မြောက်ဘက်၊ အနောက်မြောက်ဘက်၊ မြောက်ဘက်၊ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်သို့ ဦးတည်နေခဲ့ကြသည်။

ဂိုဂူလျော၊ တာ့ကီကာကနိတ်၊ ဝူရှန်း၊ အာဘတ်စစ်စော်ဘွား၊ ခဲရပ်စပါစီနူ... အင်အားစုများစွာတို့သည် မဟာထန်နှင့် မုန့်ရှီကျောက်တို့ကြား ဤစစ်ပွဲကို နီးနီးကပ်ကပ် အာရုံစိုက်နေခဲ့ကြသည်။

အနောက်တောင်ဘက်သည် အမြဲငြိမ်းချမ်းနေခဲ့၏။

ဤသည်က မဟာထန်၏ ပထမဆုံး ကြီးမားလှသည့်ပမာဏ စစ်စုရုံးခြင်းဖြစ်ပြီး လုံ့ရှီ၊ အရှေ့မြောက်ဘက်၊ အနောက်မြောက်ဘက်တွင် ပြုလုပ်ခဲ့သည့် မည့်သည့် စစ်စုရုံးခြင်းထက်မဆို ကျော်လွန်ခဲ့ပေသည်။

ထို့ပြင် အမျိုးမျိုးသော တိုင်းပြည်များသည် ယခင်က မဟာထန်နှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ဤသည်က မုန့်ရှီကျောက်၏ ပထမဆုံးအကြိမ် ဖြစ်၏။

*************************

အခန်း(၄၇၂)

အနောက်တောင်ဘက်မှ သတင်းဆိုး

ကျယ်ပြောလှသော နယ်မြေများအလွန်၊ အနောက်တောင်ဘက်ရှိ အားဟိုင်နှင့် ကျယ်ပြောပြီး ထူထပ်သော သစ်တောအလွန် ချန်ယုချောင်ထုံးက သူ့လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဦးဆောင်ပြီးနောက် သိပ်မကြာမီ ...

“လှုပ်ရှားကြမယ်”

အော်သံကြီးတစ်ခုသည် ကောင်းကင်ကို ဖြိုခွဲသွားခဲ့၏။ ခွန်အားနှင့် ဉာဏ်ပညာ နှစ်ခုစလုံး ပြည့်စုံပုံရသည့် အနက်ရောင်မှုတ်ဆိတ်ဖြင့် သက်လတ်ပိုင်းအရွယ် အားကိုးထိုက်သော လူတစ်ယောက်သည် အနောက်တောင်ဘက်၏ မြေပြင်ပေါ်တွင် ရပ်နေခဲ့သည်။ သူသည် ခေါင်းပြား သရဖူတစ်ခုကို ဆောင်းထားခဲ့ပြီး ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ သူ့လက်က ရွှေရောင်ဓားတစ်လက်ကို ကိုင်ဆောင်ထားခဲ့သည်။ ထိုအတောအတွင်း တောင်တန်းများကဲ့သို့ ခိုင်ခံ့ပြီး ပင်လယ်သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော အရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ်မှနေ၍ စီးထွက်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။

ဝုန်း

ကမ္ဘာမြေကြီးသည် ရှည်လျားလှသော အိပ်ပျော်မှုမှနေ၍ နိုးထသွားပုံရသည်။ ၎င်းသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး လှုပ်ရမ်းသွားခဲ့၏။

“သတ်”

“သတ်”

“သတ်”

***

အကောင်အထည် ပေါ်တော့မည့်ပုံရသည့် အလွန်ခမ်းနားထည်ဝါသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် ကောင်းကင်ထံသို့ ထိုးတက်သွားခဲ့ပြီး တိမ်များကို လှိုင်းတစ်ခုကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။ မဟာကမ္ဘာမြေကြီးသည် မုန့်ရှီကျောက်၏ လက်ရွေးစင် စစ်သည်များဖြင့် ဖုံးလွှမ်းထားခဲ့ပြီး သူတို့အားလုံးသည် တိုက်ပွဲအတွက် လက်နက်များ ကိုင်ဆောင်ထားကြကာ အဖြူ သို့မဟုတ် အနက်ရောင် တိုက်ပွဲချီစက်ကွင်းဖြင့် လွှမ်းခြုံထားခဲ့သည်။ ဤအားကောင်းလှသော လူများသည် ဝေးကွာလှသည့် မဟာထန်အန်းနန် ပိုင်နက်သို့ အဆက်မပြတ် ချီတက်နေခဲ့ကြသည်။

ဗုံများ၏ ကျယ်လောင်လှသော တီးခတ်သံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကောင်းကင်ထက်တွင် အနက်ရောင် တိမ်တိုက်များသည် ကသောင်းကနင်း ဖြစ်နေခဲ့ကြ၏။ ဆယ်နှစ်ကျော် ငြိမ်းချမ်းနေပြီးနောက် တိုက်ပွဲသည် အနောက်တောင်ဘက်တွင် ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

***

ကလန်း

ကြီးမားသော တူကြီးတစ်လက်သည် တောက်ပြောင်နီရဲနေသော သံမဏိပေါ် ထုချလိုက်သည်။ မီးပွားစများသည် ပေါက်ကွဲသွားခဲ့သည်နှင့် စူးရှသောအသံသည် နားစည်ကွဲထွက်မလုမတက် ထွက်ပေါ်လာခဲ့သည်။

ဒန်း ဒန်း ဒန်း

ထိုတူကြီးသည် တစ်ချက်၊ နှစ်ချက်၊ သုံးချက်... အကြိမ်ပေါင်းထောင်ချီ ဆက်လက် ထုချသွားခဲ့သည်။ ထို့ပြင် တူများသည်လည်း တစ်ခုမှနေ၍ ထောင်ချီအထိ ရှိနေခဲ့ကြ၏။

မြင့်မားလှသော တိဗက်ကုန်းပြင်မြင့်တွင် မီးများလောင်ကျွမ်းနေခဲ့ပြီး မီးခိုးများ လှိုက်တက်နေခဲ့သည်။ ထောင်နှင့်ချီသော အရပ်ပုပြီး အားကောင်းလှသည့် ဝူရှန်း ပန်းပဲဆရာများသည် ၎င်းတို့၏တူများကို လွှဲယမ်းနေခဲ့ကြသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ကီလိုမီတာ လေးထောင်ကျော် ဤကုန်းပြင်မြင့်တွင် သူတို့သည် ချပ်ဝတ်တန်ဆာများ၊ ဆေဘာဓားများ၊ ဓားများ၊ ယူပုံသဏ္ဍန်မြင်းခွာများ၊ မြှားခေါင်းများနှင့် အခြားလက်နက် အမျိုးအစားအားလုံးတို့ကို ထုလုပ်ရန် အိမ်အပြင်ဘက်တွင် နေ့နေ့ညည အလုပ်လုပ်နေခဲ့ကြသည်။

ဤဝူရှန်း ပန်းပဲဆရာများသည် မရေမတွက်နိုင်သော လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ထုတ်လုပ်ခဲ့သောကြောင့် ချွေးများတဒီးဒီး ကျနေခဲ့ကြသည်။

ဝူရှန်းတွင် အလယ်ပိုင်းလွင်ပြင်ဒေသကဲ့သို့ ဖွံ့ဖြိုးတိုးတက်သော လက်နက်လုပ်ငန်း မရှိခဲ့ပေ သို့မဟုတ် ၎င်းက သက်ရောက်မှုမရှိခဲ့ပေ။ သို့သော် မည်သူမျှ ဤကုန်းပြင်မြင့်တွင် ထုတ်လုပ်လိုက်သည့် လက်နက်များကို အထင်သေးမှုဖြင့် ရှု့မြင်ရဲကြလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤနေရာရှိ ပန်းပဲဆရာများသည် ရှေးအဆန်ဆုံးနှင့် အရိုးရှင်းဆုံးသော နည်းလမ်းကို အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။ အကြိမ်တစ်ထောင် ထုနှက်ခြင်းနှင့် အကြိမ်တစ်ရာ မီးဆေးခြင်း။

ဝူရှန်း၏ ချပ်ဝတ်တန်ဆာနှင့် ပတ်သတ်၍ စိတ်ကိုကြည်နူးစေသည့် အလှအပ မပါရှိခဲ့ပေ။ ၎င်း၏ ဖန်တီးမှုတွင် ကျွမ်းကျင်မှုများစွာ သေချာပေါက် မထည့်သွင်းခဲ့ရပေ။ သို့သော် ဤချပ်ဝတ်တန်ဆာများသည် အမှန်ပင် ကမ္ဘာပေါ်တွင် အခိုင်မာဆုံးဖြစ်ပြီး အထူထည်းဆုံးနှင့် တာရှည်အခံဆုံးလည်း ဖြစ်သည်။

ဝူရှန်း မြင်းစစ်သည်တစ်ဦး၏ ချပ်ဝတ်တန်ဆာသည် မဟာထန်ဖ အရှေ့နှင့်အနောက်တာ့ခ်၊ ဂိုဂူလျောနှင့် အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူတို့၏ မြင်းတပ်သားများ၏ ချပ်ဝတ်တန်ဆာများထက် များစွာ အလေးသာပေသည်။

ဤသည်ကလည်း ၎င်းကို သာမာန်လက်နက်များနှင့် သာမာန် တိုက်ခိုက်မှုများက ဝူရှန်းမြင်းတပ်ကို ထိခိုက်ရန် အလွန်အမင်း ခက်ခဲစေခဲ့သည်။

ဝူရှန်းချပ်ဝတ်တန်ဆာသည် ထုလုပ်ရန် အချိန်နှင့်စွမ်းအင် အမြောက်အများ လိုအပ်ခဲ့သည်။ သို့သော် ၎င်းကလည်း သာမာန် ချပ်ဝတ်တန်ဆာများ အားလုံးထဲတွင် ဝူရှန်း ချပ်ဝတ်တန်ဆာများက တာရှည်အခံဆုံး ဖြစ်သည်ဟု ဆိုလိုပေသည်။

ဤရှည်လျားလှသော ချပ်ဝတ်တန်ဆာ ထုလုပ်ခြင်း လုပ်ငန်းစဉ်ကို အချိန်အကြာကြီးကတည်းက စတင်ခဲ့သည်။ ဤအချိန်တွင် လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ၏ တောင်တန်းများသည် ဤကျယ်ပြောလှသော ကုန်းပြင်မြင့်တွင် ပုံအောနေခဲ့ကြကာ အခမ်းနားဆုံး မြင်ကွင်းတစ်ခုကို ဖန်တီးနေခဲ့သည်။

ဖလပ် ဖလပ်

ကောင်းကင်ထက်မှနေ၍ တောင်ပံရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့ကာ ဆွပ်ဆွပ်ဖြူနေသော စာပို့ခိုတစ်ကောင်သည် မီးခိုးနှင့် မီးပွားစများကြားမှနေ၍ ပျံသန်းလာခဲ့သည်။ အဖြူရောင် ဝတ်ရုံနှင့် ရှေးခေတ်ပုံစံရှိသည့် သတ်လတ်ပိုင်းအရွယ် ကွန်ဖြူရှပ်ပညာရှင်သည် သူ့ခေါင်းကိုမော့လိုက်ပြီး ထိုစာပို့ခိုကို သူ့လက်ပေါ်သို့ ဆင်းသက်စေလိုက်သည်။

“ဟား ဟား ဟား ဟော့ရှု နောက်ဆုံးတော့ စတင်ဖို့ အချိန်ကျပြီ”

တာ့လန်ရောကျန် ယဲ့ယဲ့လေးပြုံးလိုက်ပြီး သူ့လက်ညိုးကို ဆက်ကနဲ လုပ်လိုက်ခြင်းဖြင့် စာကို ပျံသန်းသွားစေခဲ့သည်။ သူ့လက်ထဲရှိ ပါးလွှာသော စာမျက်နှာသည် ဓားတစ်ချောင်းကဲ့သို့ လျှပ်စီးတစ်ခုကဲ့သို့ ရှေ့သို့ပြေးထွက်သွားခဲ့၏။

အနီးအနားရှိ ဝူရှန်းတိုင်းပြည်၏ နာ့ယိတော်ဝင်မျိုးဆက်၏ မဟာစစ်သူကြီး ဟော့ရှုဟွိုင်ချန်သည် တိဗက်လက်နက် တောင်ကုန်းလေးတစ်ခုရှေ့တွင် ရပ်နေခဲ့သည်။ ထိုစာကိုမြင်သည်နှင့် သူသည် သူ့လက်ထဲရှိ လက်နက်ကို အဝေးသို့ လွင့်ပစ်လိုက်ပြီး ကျွမ်းကျင်စွာ စာကိုဖမ်းယူလိုက်သည်။

“ဂဲလျိုဖန်းက တပ်သားတွေကို နောက်တစ်ကြိမ် ထပ်တောင်းနေပြန်ပြီ...”

ဟော့ရှုဟွိုင်ချန် စာကိုဖတ်ပြီးသည်နှင့် အံ့အားသင့်စွာ ပြောလိုက်သည်။

“ဟား ဟား ဟား ဒါက တတိယမြောက်စာပဲ”

တာ့လန်ရောကျန် လှောင်ပြုံးဖြင့် ပြောလိုက်သည်။ မုန့်ရှီကျောက် နောက်ပြန်ဆုတ်သွားခဲ့ကတည်းက ဂဲလျိုဖန်းသည် တပ်သားများ စေလွှတ်ရန်နှင့် တိုင်းပြည်နှစ်ခု မဟာမိတ်များ ဖြစ်လာရန်အတွက် ဝူရှန်းကိုတောင်းဆိုသည့် စာများ တစ်စောင်ပြီးတစ်စောင် ပို့လာနေခဲ့သည်။ သို့သော်လည်း ဤကြိုးပမ်းမှုများ အားလုံးကို တာ့လန်ရောကျန်က ရပ်တန့်ခဲ့၏။

ဟော့ရှုဟွိုင်ချန် ခေါင်းလှည့်လိုက်ပြီး ခံစားချက်မဲ့စွာ မေးလိုက်၏။

“ခင်ဗျား ပြန်ဖြေချင်လား"

“မလိုဘူး”

တာ့လန်ရောကျန် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သရော်လိုက်သည်။

“ပြောဖို့လိုတာတွေ အကုန်လုံးကို ပြောခဲ့ပြီးပြီ။ တကယ်လို့ မုန့်ရှီကျောက်က ဝူရှန်းရဲ့ ပံ့ပိုးမှုကို လိုချင်ရင် သက်သေပြဖို့ လိုတယ်”

“လောကကြီးက ဆယ်စုနှစ်များစွာ ငြိမ်းချမ်းနေခဲ့တယ်။ မဟာထန်က တစ်ခါကလို အားကောင်းနေသေးလားဆိုတာ ... မုန့်ရှီကျောက်က အကောင်းဆုံး စမ်းသပ်မှုပဲ။ တကယ်လို့ မဟာထန်က နိုင်ပြီး မုန့်ရှီကျောက်ကို လွယ်လွယ်ကူကူ ချေမှုန်းခဲ့ရင် အချိန်က မရင့်မှည့်သေးဘူးလို့ ဆိုလိုပြီး ငါတို့က ငါတို့ရဲ့ အစီအစဉ်တွေကို ရွှေ့ဆိုင်းထားဖို့ လိုအပ်တယ်”

“ဒါပေမဲ့ မဟာထန်က ရှုံးနိမ့်ရင်...”

“ဒါဆို... ဒါက ဝူရှန်းရဲ့ခေတ်လို့ ဆိုလိုတယ်”

ဤနောက်ဆုံးစကားများဖြင့် တာ့လန်ရောကျန် သူ့ခေါင်းကို ဖြေးညှင်းစွာမော့လိုက်ပြီး သူ့အကြည့်က တောင်တန်းများနှင့် မြစ်ပြင်များကို ဖြတ်သန်းသွားခဲ့ကာ အဝေးရှိ မဟာထန်၏ အနောက်တောင်ဘက် ဒေသပေါ်သို့ ရောက်ရှိသွားခဲ့သည်။

မြင့်မားလှသော တိဗက်ကုန်းပြင်မြင့်မှနေ၍ လူတစ်ယောက်သည် ဖုန်မှုန့်လုံးနှစ်ခုကို ယဲ့ယဲ့လေးမြင်နိုင်ပြီး စစ်တပ်နှစ်ခုက တစ်ခုနှင့်တစ်ခုဆီသို့ ချီတက်နေခဲ့ကြသည်။

'အခုက ငါတို့ဝူရှန်းရဲ့ခေတ် ဖြစ်ရမယ်။'

ဤအတွေးက သူ့စိတ်ထဲ ဖြတ်သန်းသွားသည်နှင့် တာ့လန်ရောကျန်၏အကြည့် အေးစက်သွားခဲ့သည်။

မုန့်ရှီကျောက်ဖြစ်စေ၊ ဝူရှန်းဖြစ်စေ သူတို့အားလုံးတို့သည် နောက်ဆုံးတွင် ဝူရှန်း၏ ပြိုင်ဘက်များ ဖြစ်ပေလိမ့်မည်။ ဤအနောက်ပိုင်း စစ်ပွဲတွင် ဝူရှန်းတိုင်းပြည်သည် နောက်ဆုံး အောင်နိုင်သူ ဖြစ်ပေလိမ့်မည်။

***

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ကာ ဝမ်ချောင် သူ့အချိန်ကို အနောက်တောင်ဘက်ရှိ စစ်ပွဲ အခြေအနေကို တွက်ချက်ခြင်းဖြင့် ကုန်ဆုံးနေခဲ့သည်။ သူ့ယခင်ဘဝတွင် ဝမ်ချောင်သည် တိုက်ပွဲတွင် မပါဝင်ခဲ့ရသော်လည်း သူသည် မျက်မြင်တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် ဖြစ်ပျက်သွားသည့် အရာရာတိုင်းကို မှတ်မိပေသည်။

“အနာဂတ်က ပြောင်းလဲသွားခဲ့ပြီ။ မဟာထန်နဲ့ မုန့်ရှီကျောက်တို့ကြား စစ်ပွဲက နှစ်ဝက်စောပြီး ရှေ့ကိုရောက်သွားခဲ့ပြီးပြီ။ ဒီစစ်ပွဲရဲ့ တိုးတက်မှုတွေကလည်း ပြောင်းလဲသွားမယ်လို့ပဲ ငါမျှော်လင့်နိုင်တယ်”

ဝမ်ချောင် သူ့ကိုယ်သူ တိတ်ဆိတ်စွာ ပြောလိုက်ကာ သူ့နှလုံးသားက စိုးရိမ်မှုဖြင့် လေးလံနေခဲ့သည်။

အကျဉ်းထောင်သည် သူ့အား လောကကြီးနှင့် အပြင်ဘက် သတင်းများမှနေ၍ ဖြတ်တောက်ထားခဲ့သော်လည်း ဝမ်ချောင်သည် လေထုထဲမှနေ၍ အနောက်တောင်ဘက်ရှိ ဤစစ်ပွဲက မဟာထန် တစ်ခုလုံးကို ကြက်သေ သေသွားစေခဲ့ကြောင်း ခံစားနိုင်ပေသည်။

လေထုသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေခဲ့၏။

ထို့ပြင် ဝမ်ချောင်ထက် မည်သူမျှ ပိုမစိုးရိမ်ခဲ့ပေ။ သို့သော်လည်း ဝမ်ချောင်သည် မထွက်ခွာနိုင်ခဲ့သေးပေ။ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းတို့မှ ဖိအားသည် သူထင်ထားသည်ထက် ပို၍သန်မာပုံရသည်။

ရက်အတော်များများ ကြာပြီးနောက် ဝမ်ချောင်က ပေါက်ကွဲမှတ်သို့ ရောက်တော့မည့်အချိန်တွင် လူတစ်ယောက်သည် အကျဉ်းထောင်ထဲ ပေါ်လာခဲ့သည်။ ၎င်းသည် သူ့ဦးကြီးမဟုတ်ခဲ့သော်လည်း မဟာထန်၏ စုန့်ဘုရင်ဖြစ်၏။

“မင်းသားကြီး”

ဝမ်ချောင် ထိတ်လန့်သွားခဲ့ကာ ချက်ချင်း အလွန်ဆိုးရွားသော ခံစားချက်တစ်ခုကို ရလိုက်သည်။

“ဝမ်ချောင် ငါ့မှာမင်းကိုပြောဖို့ အရမ်းဆိုးရွားတဲ့ သတင်းရှိတယ်”

သံတိုင်များမှတဆင့် ဝမ်ချောင်သည် စုန့်ဘုရင်တွင် အလွန်ဆိုးရွားသော အမူအရာတစ်ခုရှိသည်ကို မြင်နိုင်ပေသည်။

“မဟာထန် ရှုံးသွားခဲ့ပြီ။ ချန်ယုချောင်ထုံး ရှုံးသွားခဲ့ပြီ...”

“ဘာ...”

ဝမ်ချောင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မြေပေါ်မှနေ၍ မတ်တပ်ထရပ်လိုက်မိသည်။ သူ့ပါးစပ်သည် ပွင့်အာနေခဲ့ပြီး သူ့တစ်ကိုယ်လုံးက ထုံထိုင်းသွားခဲ့သည်။

'ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

ဝမ်ချောင်၏ အတွေးများသည် ကသောင်းကနင်း ဖြစ်သွားခဲ့ကြပြီး လှိုင်းလုံးကြီးများက သူ့စိတ်ထဲတွင် လှိုင်းထန်သွားခဲ့သည်။

*******************

အခန်း(၄၇၃)

ဝမ်ချောင် ထောင်ထဲမှထွက်ခွာခြင်း

အနောက်တောင်ဘက်ရှိ တိုက်ပွဲသည် မြို့တော်တစ်ခုလုံးကို ကြက်သေ သေသွားစေခဲ့သည့် မိုးကြိုးတစ်ခုကဲ့သို့ ဖြစ်သည်။

လူတိုင်းက အသစ်ခန့်အပ်ခံထားရသော မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဦးဆောင်နေသည့် အန်းနန်ကာကွယ်ရေး စစ်သူကြီး ချန်ယုချောင်ထုံးက တစ်ချက်အတွင်း မုန့်ချီကျောက်ကို လှဲသိပ်ပြီး ဂဲလျိုဖန်းအား အပြစ်ပေးမည်ကို မြင်ရန်မျှော်လင့်နေချိန်တွင် အနောက်တောင်ဘက်ရှိ တိုက်ပွဲသည် သူတို့အားလုံးကို ကြီးမားသော ထိုးနှက်မှုတစ်ခု ပေးခဲ့သည်။

မုန့်ရှီကျောက်၏ဘုရင် ဂဲလျိုဖန်းသည် စစ်သည်သုံးသိန်းလေးသောင်း ပါဝင်သည့် သူ့စစ်တပ် တစ်ခုလုံးကို စုရုံးခဲ့ပြီး အနောက်ဘက် အားဟိုင်ကမ်းစပ်တွင် အန်းနန်ကာကွယ်ရေး၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းနှင့် အဆုံးအဖြတ် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့သည်။

အရေအတွက်တွင် ခြားနားမှုသပ်သပ်က အန်းနန်ကာကွယ်ရေးတပ်ကို ရှုံးနိမ့်သွားစေခဲ့၏။ ကျယ်ပြောလှသော အကွာအဝေးသည် နောက်ဆုံးရသတင်းများကို မရရှိစေခဲ့ပေ။

သို့သော် ဤစဦးရလဒ်များသည် အလွန်အမင်း စိုးရိမ်ဖွယ် ကောင်းနေခဲ့ပြီဖြစ်သည်။

အရှေ့မြောက်ဘက်၏ ရိုကျိုး၊ အန်းရှီ၏ ရှုယိ၊ လုံ့ရှီ၏ ဂျိချီနှင့် မြောက်ဘက်၏ ယင်တောင်တန်း... မဟာထန်သည် အနည်းဆုံး ကဏ္ဍတစ်ခုတွင် အမြဲအသာစီးရထားခဲ့သည်။ သို့သော် အနောက်တောင်ဘက်တွင် မဟာထန်သည် စစ်သည်တစ်သိန်းရှစ်သောင်းလောက် ကြီးမားသော စစ်စုရုံးမှုတွင် ရှားရှားပါးပါးသာ ပါဝင်ခဲ့ဖူးသည်။

ထို့ပြင် ဤသို့ကြီးမားလှသော ရှုံးနိမ့်မှုသည် ပို၍ပင် ရှားပါးခဲ့သည်။

ဤသတင်းကို လက်ခံရရှိလိုက်သည်နှင့် တော်ဝင်ရုံးတော်သည် အနောက်တောင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာကို အဖြေရှာရန် ၎င်း၏အတွေ့အကြုံ အရှိဆုံး ကင်းထောက်တစ်ရာကို ချက်ချင်း စေလွှတ်ခဲ့သည်။

ထို့ပြင် တော်ဝင်ရုံးတော်သည် စစ်ကူပြဿနာကို စတင်ဆွေးနွေးခဲ့သည်။

အန်းရှီဖြစ်စေ၊ အန်းတုံဖြစ်စေ၊ အန်းပိုင်ဖြစ်စေ၊ လုံ့ရှီဖြစ်စေ မဟာထန်သည် ဘက်ပေါင်းစုံတွင် အားကောင်းသော တိုင်းပြည်တစ်ခုကို ရင်ဆိုင်နေရသည်။ စစ်ကူအဖြစ် ထမ်းဆောင်ရန် တပ်သားများကို ခေါ်ထုတ်ရန် လွယ်ကူသည့်နည်းလမ်း မရှိခဲ့ပေ။

မဆင်မခြင် လုပ်ရပ်တစ်ခုသည် အားနည်းချက်တစ်ခုကို ဖြစ်စေနိုင်ပြီး ပို၍ပင်ကြီးမားသော အန္တရာယ် တစ်ခုဆီသို့ ဦးတည်သွားစေနိုင်သည်။ ရလဒ်အနေဖြင့် တပ်သားများကို ကုန်းတွင်းပိုင်းမှနေ၍ ဆွဲထုတ်ရပေလိမ့်မည်။

“တော်ဝင်ရုံးတော်ရဲ့ ဒုတိယအသုတ် စစ်ကူတွေက လွန်ခဲ့တဲ့နှစ်ရက်က ပို့လွှတ်ခဲ့တယ်။ အဲ့တပ်ဖွဲ့ကို စစ်တပ်ရဲ့ လူငယ်တက်သစ်စ ကြယ်ပွင့်က ဦးဆောင်နေခဲ့တယ်။ အဲ့တပ်ဖွဲ့မှာ တပ်သားခြောက်သောင်း ပါဝင်ပြီး ဒူးလေးတွေ၊ ပဲ့ထိန်း ဒူးလေးကြီးတွေ၊ လက်နက် တန်ဆာပလာတွေနဲ့ ရိက္ခာအများအပြားနဲ့ အနောက်တောင်ဘက်ကို ဦးတည်နေတယ်”

“မင်းကလီကျန်းရီ ဘယ်သူလဲဆိုတာ မသိလောက်ဘူး။ သူက စစ်တပ်ထဲမှာရှိတဲ့ လူငယ်မျိုးဆက် အရာရှိတွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေနဲ့ ကြီးမားတဲ့ တိုက်ပွဲများစွာမှာ ပါဝင်ခဲ့ဖူးတယ်။ ဒါ့အပြင်သူက ဟိုးကတည်းက နာမည်တစ်ခု ရခဲ့တယ်။ စစ်တပ်ထဲမှာရှိတဲ့ သူ့ရဲ့ဂုဏ်သတင်းက မင်းရဲ့အစ်ကိုကြီး ဝမ်ဖုထက် သာလွန်နိုင်တယ်”

စုန့်ဘုရင် ပြောလိုက်၏။

စုန့်ဘုရင်၏ အမူအရာသည် ဤတစ်ချိန်လုံး အလွန်အမင်း တင်းမာနေခဲ့ပြီး အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှုအကြောင်း သူပြောလိုက်သောအခါ ၎င်းသည် ပို၍ပင် ခက်ထန်တင်းမာသွားခဲ့သည်။ သို့သော်လည်း လီကျန်းရီအကြောင်း ပြောလိုက်ချိန်တွင် စုန့်ဘုရင်သည် ပို၍သက်တောင့်သက်သာ ဖြစ်လာခဲ့သည်မှာ ရှင်းလင်းလှသည်။ သူသည် လီကျန်းရီကို အလွန်မြင့်မားစွာ သဘောထားနေခဲ့သည်မှာ ထင်ရှားလှသည်။

ဝမ်ချောင်၏ မျက်နှာမှာ ဆိုးရွားစွာ တွန့်ချိုးသွားခဲ့၏။

'သမိုင်းက သူ့ဟာသူ ပြန်လည်ပတ်နေခဲ့ပြီ။'

ဝမ်ချောင် တွေးလိုက်ကာ သူ့နှလုံးသားသည် ဖော်ပြ၍မရသော နာကျင်မှုတစ်ခုဖြင့် ခံစားလိုက်ရသည်။

သူသည် လီကျန်းရီ မည်သူဖြစ်သည်ဆိုသည်ကို မည်သို့ မသိဘဲနေမည်နည်း။

လီကျန်းရီသည် အမှန်ပင် သူ့အစ်ကိုကြီး ဝမ်ဖုထက် စောစီးစွာ စစ်တပ်ထဲတွင် နာမည်တစ်လုံး ရခဲ့သည်။ ထို့ပြင် သူသည် ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီများရှိကြောင်း လူသိရှင်ကြား အသိအမှတ် ပြုခံခဲ့ရသည်။

သူ၏အစောဆုံး ရာထူးမှာ အန်းရှီပိုင်နက်၏ ဝေးကွာလှသော ရှုယိတွင် လက်ထောက်တစ်ယောက် ဖြစ်ခဲ့သည်။ ထိုနေရာရှိ သူ၏စွမ်းဆောင်ချက်သည် အလွန်ဆွဲဆောင်မှု ရှိခဲ့ပြီး ဂိုစုန့်ကျိသည်ပင် သူ့ကိုလွန်ကျူးစွာ ချီးကျူးခဲ့သည်။

နောက်ပိုင်းတွင်သူသည် ပိုင်ထင်သို့ ပြောင်းရွှေ့ခံခဲ့ရပြီး ထိုနေရာတွင်သူသည် တာ့ခ်များကို အကြိမ်များစွာ နှိမ်နှင်းခဲ့သည်။ သူ၏စွမ်းဆောင်ချက်သည် အလွန်ပြောင်မြောက်လှကာ သူသည် စစ်တပ်ထဲရှိ စစ်သူကြီးအချို့ထက်ပင် သာလွန်ခဲ့သည်။

လီကျန်းရီသည် စစ်တပ်ထဲတွင် အနာဂတ် မဟာစစ်သူကြီးအဖြစ် အသိအမှတ်ပြု ခံထားရပြီးဖြစ်သည်။ သူ့ကို ဝမ်ကျုံးစီနှင့် ကျန်းရှို့ကွေ့တို့ကို အစားထိုးမည့် တိုင်းပြည်၏ အနာဂတ် ထောက်တိုင်တစ်ခု၊ လူငယ်မျိုးဆက်၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည်။

သို့သော် တော်ဝင်ရုံးတော်သည် မည်မျှကြောက်မက်ဖွယ် ကောင်းပါစေ၊ လီကျန်းရီသည် မည်မျှ ပါရမီရှိခဲ့ပါစေ သူတို့သည် ၎င်းတို့၏ အစစ်အမှန် ပြိုင်ဘက်များက မုန့်ရှီကျောက်မှ လူများမဟုတ်ခဲ့ကြသလို ဂဲလျိုဖန်းနှင့် ဖုန်းကျားရီတို့လည်း မဟုတ်ခဲ့ကြဘဲ ဝူရှန်းတိုင်းပြည်၏ ဟော့ရှုဟွိုင်ချန်နှင့် တာ့လန်ရောကျန်တို့ ဖြစ်ကြသည်ကို မျှော်လင့်ထားခဲ့လိမ့်မည် မဟုတ်ပေ။

ဟော့ရှုဟွိုင်ချန်သည် ဝူရှန်း နာ့ယိ တော်ဝင်မျိုးရိုး၏ နံပါတ်တစ် စစ်သူကြီးဖြစ်သည်။ သူသည် ရန်လိုပြီး ရဲရင့်ကာ တစ်ခါက ဝူရှန်း၏ 'ကျော်လွှား၍မရသော မဟာစစ်သူကြီးဘွဲ့' ကို အပ်နှင်းခံခဲ့ရပြီး လီစီးယိကဲ့သို့ ထိပ်တန်းမဟာစစ်သူကြီးများထက်သာ နိမ့်ကျခဲ့သည်။

တာ့လန်ရောကျန်သည် အချိန်မှန်တွင် အခွင့်အရေးကို ဖမ်းဆုပ်ခြင်းအတွက် မယုံနိုင်စရာကောင်းသော စူးရှသည့်အာရုံဖြင့် ဝူရှန်း၏ ကျော်ကြားပြီး အမျှော်အမြင်ရှိသော စစ်သူကြီးဖြစ်သည်။

ထိုနှစ်ယောက် အတူတကွ အလုပ်လုပ်ကြသောအခါ ကျန့်ချိုးကျင်းချုံသည်ပင် သူက လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဦးဆောင်နေခဲ့လျှင်ပင် အန္တရာယ်ကြီးမားဆဲ ဖြစ်ပေလိမ့်မည်။

အန်းနန်ကာကွယ်ရေးတပ်တွင် သူ၏ ဆယ်စုနှစ်များစွာ အမှုထမ်းခဲ့ချိန်တွင် ကျန့်ချိုးကျင်းချုံးသည် တိဗက်ကုန်းပြင်မြင့်ကို တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ သူ၏စိုးရိမ်မှုသည် မုန့်ရှီကျောက်မှ သစ္စာဖောက်မှု မဟုတ်ခဲ့ပေ။ သူသည် သူက တောင်ဘက်ကို ထွက်ခွာလိုက်သည်နှင့် ဟော့ရှုဟွိုင်ချန်နှင့် တာ့လန်ရောကျန်တို့ကို ယှဉ်နိုင်မည်ဟု ယုံကြည်ချက် မရှိခဲ့ပေ။

လီကျန်းရီသည် သန်မာနိုင်ပြီး ပါရမီရှိနိုင်သော်လည်း သူသည် ဟော့ရှုဟွိုင်ချန်နှင့် တာ့လန်ရောကျန်ကဲ့သို့ လူများအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပေ။

ထို့ပြင် ကုန်းတွင်းဘက်မှ ဆင့်ခေါ်ထားခဲ့သော တပ်သားများသည် ဝူရှန်း၏ လက်ရွေးစင် မြင်းတပ်နှင့် ရင်ဆိုင်နိုင်စွမ်း လုံးဝမရှိခဲ့ပေ။ သူတို့၏ခွန်အားသည် တိုက်ရိုက်ထိပ်တိုက် ရင်ဆိုင်မှုတွင် မလုံမလောက် ဖြစ်ခဲ့ကြပြီဖြစ်ပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ကင်းမဲ့ခြင်းနှင့် တွဲလိုက်သောအခါ လီကျန်းရီ၏ ကံကြမ္မာကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။

ဝမ်ချောင်သည် သူ့နောက်ဆုံးဘဝမှ ကံဆိုးမိုးမှောင် ကျမှုသည် နောက်တစ်ကြိမ် ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မင်းသားကြီး...”

ဝမ်ချောင် သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ့စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“လောကကြီး ပြောင်းလဲမှုများ၊ အဓိကဖြစ်ရပ် - ဝူရှန်းသည် မဟာထန်နှင့် မုန့်ရှီကျောက်တို့၏ စစ်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။ မဟာထန်သည် ရှုံးနိမ့်ခဲ့ပြီး စစ်သည်ရှစ်သောင်းသာ ကျန်ရစ်ခဲ့သည်။ ယခုမှစ၍ အသုံးပြုသူအား ဝူရှန်းနှင့်ပတ်သတ်သည့် မည်သည့်အချက်အလက်ကိုမဆို ထုတ်ဖော် ပြောဆိုခြင်းမှ တားမြစ်သည်”

“ယခုမှစ၍ နှစ်လအတွင်း အကယ်၍ အန်းနန်ကာကွယ်ရေး စစ်တပ်ရှိ စစ်သည်အရေအတွက်သည် တစ်သောင်းအောက်သို့ လျော့သွားခဲ့ပါက အသုံးပြုသူသည် မစ်ရှင်ကျရှုံးလိမ့်မည်ဖြစ်ပြီး အသတ်ခံရပေလိမ့်မည်။ အကယ်၍ အန်းနန်ကာကွယ်ရေးတပ်သည် လုံးဝချေမှုန်းခံလိုက်ရပါက အသုံးပြုသူသည် မစ်ရှင်ကျရှုံးပြီး အသတ်ခံရပေလိမ့်မည်”

“အသုံးပြုသူသည် ဤလောကကြီးထဲ၌ သဲလွန်စ တစ်ခုမျှပင် ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ။ တစ်ခြားလူများ၏ မှတ်ဉာဏ်ထဲ၌ပင် သဲလွန်စတစ်ခုမျှ ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ”

“အချိန်ကာလကို ယခုစတင်လိုက်သည်”

***

ဘုန်း

လျှပ်စီးကြောင်းတစ်ခုသည် သူ့ခြေဖဝါးအောက်မှနေ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွားခဲ့ကာ ဝမ်ချောင်ကို ခိုက်ခိုက်တုန်သွားစေခဲ့သည်။ ထုံကျင်သွားခဲ့ကာ သူသည် သူပြောရန် ပြင်ဆင်ထားခဲ့သည့် အရာအကြောင်းကို စကားတစ်လုံးမျှ မပြောနိုင်ခဲ့ပေ။

“ဝမ်ချောင် ဘာဖြစ်လို့လဲ”

စုန့်ဘုရင် စိုးရိမ်တကြီး ပြောလိုက်၏။ ဝမ်ချောင်တွင် လက်ရှိ၌ တော်တော်လေး ဆိုးရွားသော အမူအရာရှိနေပေသည်။

“ဘာမှမဟုတ်ပါဘူး”

ဖြူလျော်နေသည့် မျက်နှာဖြင့် ဝမ်ချောင်သည် ခေါင်းခါလိုက်သော်လည်း သူ့စိတ်ကလုံးဝ ကသောင်းကနင်း ဖြစ်နေခဲ့သည်။

ချန်ယုချောင်ထုံး ရှုံးနိမ့်သွားခဲ့ပြီး ၎င်းသည် ရိုးရှင်းသော ရှုံးနိမ့်မှုတစ်ခု မဟုတ်ခဲ့သော်လည်း လုံးဝ ခွက်ခွက်လန်အောင် ရှုံးနိမ့်မှုဖြစ်သည်။ ဝူရှန်းသည် သူ့ခန့်မှန်းထားသည်ထက် အလွန်စောစီးစွာ ဤစစ်ပွဲထဲတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။

မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းသည် စစ်သည်သုံးသိန်းလေးသောင်း ပါဝင်သော မုန့်ရှီကျောက် စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်နေခဲ့ရပြီဖြစ်ပြီး ယခုအခါ သူတို့သည် စစ်သည် နှစ်သိန်းကျော် ပါဝင်သော နာ့ယိတော်ဝင်မျိုးရိုး၏ ချပ်ဝတ်တန်ဆာပြည့် ဝတ်ဆင်ထားသည့် မြင်းတပ်ကို ရင်ဆိုင်ရမည်ဖြစ်ကာ ချန်ယုချောင်ထုံးနှင့် သူ့စစ်တပ်၏ ကံကြမ္မာကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။

'ငါကအရမ်းနောက်ကျနေခဲ့အုံးမယ်လို့ မထင်ထားခဲ့ဘူး...'

ဝမ်ချောင်၏နှလုံးသား တင်းကြပ်သွားခဲ့၏။ လက်ရွေးစင် တစ်သိန်းရှစ်သောင်းတွင် ရှစ်သောင်းသာ ကျန်ရစ်ခဲ့ကာ တစ်သိန်းသည် တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်ဟု ဆိုလိုပေသည်။

အန်းနန်ကာကွယ်ရေးတပ်သည် ၎င်းစတင်ထူထောင်ခဲ့ကတည်းက ၎င်း၏ အဆိုးရွားဆုံး ဒဏ်ရာဒဏ်ချက်ကို ခံစားခဲ့ရသည်။

အကယ်၍ ကိစ္စများသည် ဤအတိုင်း ဆက်ဖြစ်ခဲ့ပါက မဟာထန်၏ ပထမဆုံး ကာကွယ်ရေးတပ်သည် တိုင်းတစ်ပါး အင်အားစု၏ တိုက်ခိုက်မှုကြောင့် ပျောက်ကွယ်သွားပေလိမ့်မည်။

“ဝမ်ချောင် မင်းရဲ့ဦးကြီးက မင်းဟာ ဒါတွေအကုန်လုံးကို ခန့်မှန်းထားခဲ့ပြီးပြီလို့ ငါ့ကိုပြောခဲ့တယ်။ ဒါကြောင့်ငါက ဝေဖန်မှုတွေ အကုန်လုံးကို လျစ်လျူရှု့ပြီး မင်းကိုဒီထောင်ထဲကနေ လွှတ်ခိုင်းခဲ့တယ်။ မင်းအခု ထွက်သွားလို့ရပြီ။ နောက်ပြီး အနောက်တောင်ဘက်အပေါ် မင်းရဲ့အမြင်တွေကို ကြားရဖို့ ငါမျှော်လင့်တယ်”

“တစ်ယောက်ယောက် လာပြီး ဒီထောင်ကို ဖွင့်ပေးစမ်း”

***

ဘုန်း

ထောင်၏ လေးလံလှသော အဓိကတံခါးသည် ဘုန်းကနဲအသံဖြင့် ပွင့်သွားခဲ့သည်။ ဝမ်ချောင်အပြင်သို့ ထွက်လိုက်သည်နှင့် လဝက်အတွင်း သူ၏ပထမဆုံး နေရောင်ခြည် အလင်းတန်းသည် ဖြာကျလာခဲ့သည်။

**********************

အခန်း(၄၇၄)

နှင်းပွင့်ကဲ့သို့ စာလွှာများ၏ နှင်းမုန်တိုင်း

အစိုးရရုံး အပြင်ဘက်တွင် လုံးဝ ဗရမ်းဗတာ ဖြစ်နေခဲ့သည်။ အပြင်ဘက်သို့ ထွက်လာပြီးနောက်မှသာ ဝမ်ချောင်သည် မြို့တော်က မည်မျှကမောက်ကမ ဖြစ်လာခဲ့သည်ကို နားလည်ခဲ့ပေသည်။

ဆူညံပြီး စည်ကားသော မြို့တော်သည် ယခုအခါ များစွာတိတ်ဆိတ်လာခဲ့သည်။ ၎င်းတို့၏ ကုန်ပစ္စည်းများ ရောင်းချနေသည့် ဈေးသည်အနည်းငယ်သာ ရှိခဲ့ပြီး လမ်းသွားလမ်းလာများ ပုံမှန်ထက် မြန်မြန်ဆန်ဆန် လျှောက်လှမ်းနေခဲ့ကြသည်။ ၎င်းတို့ စကားဝိုင်းများ၏ အကြောင်းအရာများသည် ရောင်းဝယ်ခြင်းအကြောင်း မဟုတ်တော့ပေ။ သို့သော် နှစ်များစွာ ကြားရရန် ဖြစ်နိုင်မည်မဟုတ်သည့် ချန်ယုချောင်ထုံး၊ အန်းနန်ကာကွယ်ရေးတပ်၊ ဝူရှန်း၊ ဂဲလျိုဖန်းနှင့် အခြားနာမည်များ ဖြစ်ခဲ့ကြသည်။

လေထုသည် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေ၏။

မဟာထန်သည် ဤသို့သော ရှုံးနိမ့်မှုမျိုး ခံစားခဲ့ရကတည်းက အလွန်ကြာသွားခဲ့ပြီဖြစ်သည်။ လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့၏ ရှုံးနိမ့်မှုသည် တိုင်းပြည်တစ်ခုလုံးကို သက်ရောက်ရန် လုံလောက်ခဲ့သည်။

ဤအခိုက်တွင် မြို့တော်၏ သာမာန်ပြည်သူများသာ မဟုတ်တော့ပေ။ စစ်တပ်ရှိ စစ်သူကြီးများ၊ ရုံးတော်ရှိ ဝန်ကြီးများနှင့် နယ်စပ်များရှိ သြဇာညောင်းသူများတို့သည်ပင် ဤစစ်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။

ဤအရာအားလုံးတို့သည် ဝမ်ချောင်ကို အလွန်ရင်းနှီးသည့် ခံစားချက်တစ်ခုကို ရရှိစေခဲ့၏။

“သခင်လေး”

သူသည် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ လူအိုကြီး လင်းယုန်ငှက်သည် ရုံးအပြင်ဘက် လမ်းမပေါ်တွင် ရပ်နေခဲ့ကာ သူ့နဘေးတွင် မြင်းလေးကောင်ဆွဲ ရထားလုံးတစ်ခု ရှိနေခဲ့သည်။ သူသည် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည်မှာ ထင်ရှားလှ၏။

သို့သော် ဝမ်ချောင်သည် ရထားလုံးထဲသို့ ချက်ချင်း မဝင်ရောက်ခဲ့ပေ။

“ငါ့အမိန့်သုံးခုကို ဆောင်ရွက်ပါ”

ဝမ်ချောင် လက်သုံးချောင်းထောင်လိုက်ကာ သူ့မျက်လုံးများက အလွန်လေးနက်သည့် အကြည့်ဖြင့် ရှေ့သို့ကြည့်နေခဲ့ပြီး သူက အချိန်အာကာသ အနက်ပိုင်းသို့ ထိုးဖောက်နေသကဲ့သို့ဖြစ်သည်။

“ပထမ.. ကလန်ရဲ့ အစောင့်တွေကို မြို့တော်ရဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အကုန်လုံးကို ချက်ချင်းစေလွှတ်လိုက်။ အစစ်အမှန် သိုင်းနယ်ပယ်နဲ့ အထက်ရှိတဲ့ ကျွမ်းကျင်သူ အကုန်လုံးကို ငှားရမ်းလိုက်။ မြင့်မြတ်သူဖြစ်စေ၊ နိမ့်ကျသူဖြစ်စေ၊ အားကောင်းတဲ့လူဖြစ်စေ၊ အားနည်းတဲ့လူဖြစ်စေ၊ ဈေးကြီးတာဖြစ်စေ၊ ဈေးပေါတာဖြစ်စေ သူတို့အကုန်လုံးကို ငှားရမ်းလိုက်ပါ”

ဝမ်ချောင် ပြောလိုက်သည်။ လူအိုကြီးလင်းယုန်ငှက် ပြန်မဖြေမီ တစ်စက္ကန့်မျှ အေးခဲသွားခဲ့၏။

“ဟုတ်ကဲ့ပါ သခင်လေး”

စိတ်ထဲတွင် သူပျော်ရွှင်သွားခဲ့၏။

လဝက်ကျော်ကြာ အကျဉ်းကျခြင်းသည် ဝမ်ချောင်၏ စိတ်ဓာတ်ကို မဆုံးရှုံးစေခဲ့ပေ။ သူ့ရှေ့ရှိ လူငယ်လေးသည် သူ့မှတ်ဉာဏ်ထဲရှိ ဉာဏ်အမျှော်အမြင်ရှိပြီး တည်ငြိမ်သော သခင်လေး ဖြစ်နေဆဲဖြစ်သည်။

ထို့ပြင် သူ့အမိန့်များ ထုတ်ပြန်လိုက်သည့် အချိန်တိုင်း ကြီးမားသည့် တစ်ခုခုက ဖြစ်တော့မည်ဟု ဆိုလိုပေသည်။ သူ့သခင်လေးသည် စစ်ဆင်ရေးတစ်ခုကို စတင်တော့မည်မှာ ထင်ရှားလှ၏။

“သခင်လေး အဲ့ဒါက အနောက်တောင်ဘက်မှာရှိတဲ့ တိုက်ပွဲနဲ့ သက်ဆိုင်နေလား”

လူအိုကြီးလင်းယုန်ငှက် မေးမြန်းလိုက်သည်။

တိုင်းပြည်တစ်ခုလုံးသည် အနောက်တောင်ဘက်ရှိ တိုက်ပွဲနှင့်ပတ်သတ်၍ နလပိန်းတုံးများ ဖြစ်နေကြသေးသော်လည်း ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့ သိထားခဲ့ကြပြီဖြစ်သည်။ တိုင်းပြည်သည် ဘာလုပ်မည်ကို ဆွေးနွေးနေသေးချိန် ဝမ်ချောင်သည် ပြင်ဆင်မှုများကို စတင်နေခဲ့ပြီဖြစ်သည်။

ဝမ်ချောင်သည် သူကဘာကြောင့် ဝိညာဉ်သွေးကြောကို ရောင်းချရသလဲဆိုသည်ကို မပြောသော်လည်း လူအိုကြီးလင်းယုန်ငှက်သည် ခန့်မှန်းနိုင်ခဲ့ပြီးဖြစ်သည်။

ဝမ်ချောင်သည် ခေါင်းမညိမ့်ခဲ့သော်လည်း သူသည် ခေါင်းလည်းမခါခဲ့ပေ။

သူ့ရပ်တည်ချက်သည် မသဲမကွဲ ဖြစ်ပုံရသော်လည်း သူ့ဘေးတွင် တစ်ချိန်လုံး အမှုထမ်းနေခဲ့ပြီး သူ့အတွေးများနှင့် အလွန်ရင်းနှီးသည့် လူအိုကြီးလင်းယုန်ငှက်သည် သူတွေးနေသည့်အရာကို ပြောနိုင်ခဲ့ပြီဖြစ်သည်။

အနောက်တောင်ဘက်ရှိ စစ်ပွဲသည် တိုင်းပြည်ကို ကြက်သေ သေသွားစေခဲ့ပြီး လူတိုင်းကို ကြောက်မက်ဖွယ်ကောင်းသော စိုးရိမ်မှုဖြင့် ချုပ်နှောင်စေခဲ့သည်။

ချန်ယုချောင်ထုံး၏ ပြတ်ပြတ်သားသား ရှုံးနိမ့်မှုသည် မဟာထန်၏ ရပ်တန့်၍မရသော ခွန်အားကို ခိုင်မာစွာ အမြဲယုံကြည်ထားခဲ့သည့် ဟန်များကို ကြီးမားသော ထိုးနှက်မှုတစ်ခု ရရှိစေခဲ့သည်။

ဆယ်ကျော်သက်တစ်ယောက် မဆိုထားနှင့် လူတစ်ယောက်သည် စစ်ပွဲတစ်ခုတွင် သူတို့ လုပ်ဆောင်နိုင်သည့် အရာ၌ အကန့်အသတ် ရှိခဲ့သော်လည်း လူအိုကြီးလင်းယုန်ငှက်သည် သူ့သခင်လေးက တစ်ခုခု လုပ်နိုင်မည်ဟု အမြဲခိုင်မာစွာ ယုံကြည်ထားခဲ့သည်။

အခြားလူများသည် မတက်နိုင်ကောင်း မတက်နိုင်သော်လည်း သူ့သခင်လေးသည် တက်နိုင်သည်။

ဤသို့သော အရာများသည် အတိတ်တွင် အကြိမ်များစွာ ဖြစ်ခဲ့ဖူး၏။

“ဒုတိယ.. မြို့တော်မှာရှိတဲ့ မဟာဓားထုလုပ်တဲ့ ကလန်လေးခု၊ ဓားရောင်းချတဲ့ ဈေးဆိုင်တွေ အကုန်လုံးနဲ့ ဓားသခင်တွေနဲ့ မှော်စာလုံးသခင်တွေ အကုန်လုံးကို ဆင့်ခေါ်လိုက်။ သူတို့ကို ဝမ်ကလန်က သူတို့မှာရှိတဲ့ လက်နက်တွေ အကုန်လုံးနဲ့ သုံးလတာ သူတို့ရဲ့ ထုတ်လုပ်မှု အကုန်လုံးကို ဝယ်ယူချင်တယ်လို့ ပြောလိုက်”

လူအိုကြီးလင်းယုန်ငှက် သူ့ခေါင်းကို ရုတ်တရက် မော့လိုက်ကာ ဝမ်ချောင်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ မြို့တော်တွင် တစ်ထောင်ကျော်သော ဓားဈေးဆိုင်များရှိပြီး ဓားထုလုပ်သည့် မဟာကလန် လေးခုနှင့် ပေါင်းလိုက်သောအခါ ၎င်းတို့၏ သုံးလတာ စုစုပေါင်း ထုတ်လုပ်မှုကို ဝယ်ယူခြင်းက အံ့မခန်း ငွေပမာဏတစ်ခု လိုအပ်စေပေလိမ့်မည်။

“ဟုတ်ကဲ့ပါ သခင်လေး”

သူသည် အံ့အားသင့်သွားခဲ့သော်လည်း လူအိုကြီးလင်းယုန်ငှက်သည် ချက်ချင်း သဘောတူလိုက်ဆဲဖြစ်သည်။

“တတိယ... ကျောက်ကျင်းတန်၊ ဝေအန်းဖန်၊ ရှုချီချင်းနဲ့ ဟွမ်ချန်းအာတို့ကို ဆင့်ခေါ်လိုက်ပါ။ သူတို့ကို ဝမ်ကလန် အိမ်တော်မှာ ဒီညငါ့ကိုလာတွေ့ဖို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါသခင်လေး”

လူအိုကြီးလင်းယုန်ငှက် ချက်ချင်း ပြန်ဖြေလိုက်၏။

ဤအချိန်တွင် လူအိုကြီးလင်းယုန်ငှက်သည် သံသယလုံးဝ မရှိတော့ပေ။ ဤအမိန့် သုံးခုဖြင့် ဝမ်ချောင်သည် သူ့စိတ်ထဲရှိ အလွန်အမင်း ပြတ်သားသော လူငယ်လေးနှင့် လုံးဝထပ်တူကျသွားပေသည်။

၎င်းတို့၏ အသက်များဖြင့် ဆုံးဖြတ်၍မရသော လူအချို့ရှိကြပြီး ဤလူများသည် ၎င်းတို့၏ စိတ်ဆန္ဒကို အားနည်းစေရန် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေကို ဘယ်တော့မှ ခွင့်ပြုကြလိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်သည် ဤသို့သော လူစားမျိုးဖြစ်သည်မှာ ထင်ရှားလှ၏။

“မှင်နဲ့စာရွက်တွေ ပြင်ဆင်ထားပြီးပြီလား”

ဝမ်ချောင် မေးမြန်းလိုက်ကာ လူအိုကြီးလင်းယုန်ငှက်၏ အမူအရာထဲရှိ ပြောင်းလဲမှုကို သတိမပြုမိပုံရသည်။

“သူတို့ အဆင်သင့်ဖြစ်ပါပြီ သခင်လေး ရထားလုံးထဲမှာပါ”

လူအိုကြီးလင်းယုန်ငှက် လေးစားစွာ ပြန်ဖြေလိုက်သည်။

ဝမ်ချောင် ခေါင်းညိမ့်လိုက်၏။

“မင်းသားကြီး ကျေးဇူးပြုပြီ”

ဝမ်ချောင် လှည့်လိုက်ကာ သူ့နောက်တွင် ရပ်နေခဲ့သည့် စုန့်ဘုရင်ဆီသို့ သူ့ညာဘက်ဖဝါး ဆန့်ထုတ်လိုက်သည်။ စုန့်ဘုရင်၏ ရထားလုံးသည် အနီးအနားတွင် ရပ်တန့်ထားခဲ့၏။ ဝမ်ချောင်၏ ဖိတ်ခေါ်မှုကို လက်ခံရရှိသည်နှင့် စုန့်ဘုရင်သည် လိုက်မှီရန် အနည်းငယ် နှေးကွေးခဲ့ပုံရကာ သူ့မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

“ကောင်းပါပြီ”

အံ့အားသင့်မှုသည် လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး စုန့်ဘုရင်အတွက် သူ့တည်ငြိမ်မှုကို ပြန်လည်ရရှိရန် တခဏတာ ကြာမြင့်ခဲ့သည်။ သူခေါင်းညိမ့်လိုက်ပြီး သူ့ဝတ်ရုံ၏ အနားစကို မြှောက်လိုက်ကာ ရထားလုံးထဲသို့ တက်လိုက်သည်။

ဝမ်ချောင် အထဲသို့ မဝင်ရောက်မီ ရထားလုံး ပြတင်းပေါက်၏ လိုက်ကာကိုချလိုက်သည်။

“သွားကြစို့”

ရထားလုံးသည် လျှင်မြန်စွာ ထွက်ခွာသွားခဲ့၏။ မည်သူမျှ အထဲတွင် စုန့်ဘုရင်နှင့် ဝမ်ချောင်တို့ ပြောနေကြသည့် အရာကို မသိခဲ့ကြပေ။ အားကောင်းလှသည့် စွမ်းအင်သည် အထဲမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး လူအိုကြီး လင်းယုန်ငှက်၏ ကြားသိမှုကိုပင် ချက်ချင်း ဖြတ်တောက်သွားခဲ့သည်။

လူအိုကြီး လင်းယုန်ငှက်သည် စုန့်ဘုရင်က ခရီးတစ်ဝက်တွင် ရထားလုံးထဲမှ ထွက်လာချိန် သူ့တွင် အလွန်ဆိုးရွားသည့် အမူအရာတစ်ခု ရှိသည်ကိုသာ သိရှိခဲ့သည်။

စုန့်ဘုရင် ထွက်ခွာပြီးနောက် ရထားလုံးသည် နောက်တစ်ကြိမ် တိတ်ဆိတ်လာခဲ့၏။

“လဝက်.. အများဆုံး လဝက်ပဲ ရှိတော့တယ်။ ငါအောင်မြင်နိုင်မလားဆိုတာ ဒီလဝက်အပေါ် မူတည်လိမ့်မယ်”

ရထားလုံး အခန်းထဲတွင် ဝမ်ချောင်သည် စာရွက်တစ်ရွက်ကို လျှင်မြန်စွာ ဖြန့်ထုတ်လိုက်ကာ သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုစာရွက်ကို စက္ကူဖိဖြင့် ဖိချထားလိုက်ကာ သူသည် သူ့ညာဘက်ရှိ စုတ်တံကို မှင်ထဲသို့နှစ်လိုက်ပြီး စတင်ရေးသားလိုက်သည်။

သူ့ပထမဆုံး စာလွှာသည် သူ့ဖခင် ဝမ်ယန်နှင့် သူ့အစ်ကိုကြီး ဝမ်ဖုဆီသို့ဖြစ်သည်။ ချန်ယုချောင်ထုံးသည် ခံစစ်သက်သက် စစ်သူကြီးတစ်ဦးဖြစ်ပြီး သူသည် လိုက်ရောညီထွေ မရှိသည့် တစ်ခုခုကို စွဲမြဲယုံကြည်သည့် လူများထဲမှ တစ်ဦးဖြစ်သည်။ သူသည် မြို့တစ်မြို့ကို ကာကွယ်ခြင်းတွင်သာ ထူးချွန်ပေ၏။

ထို့ပြင် သူ့ပါရမီများသည် ဟော့ရှုဟွိုင်ချန်၊ တာ့လန်ရောကျန်၊ ဂဲလျိုဖန်း သို့မဟုတ် သွမ့်ကောချန်ကဲ့သို့ ရန်သူများကို ဆန့်ကျင်ရန် မဆိုထားနှင့် စစ်သည်တစ်သိန်းရှစ်သောင်းကို ကွပ်ကဲခြင်းတွင် သေချာပေါက် မရှိခဲ့ပေ။

သူ့နောက်ဆုံးဘဝတွင် ချန်ယုချောင်ထုံးသည် အတိအကျပင် ဤလူများကို ရှုံးနိမ့်သွားခဲ့သည်။ ထိုစစ်သည် တစ်သိန်းရှစ်သောင်းတို့၏ အသေခံ ရုန်းကန်မှုများသည် ချန်ယုချောင်ထုံး၏ အသက်ကိုသာ ကာကွယ်နိုင်ခဲ့သည်။

ကျန်ရှိနေသည့် စစ်သည် ရှစ်သောင်းကို ကယ်တင်ရန်နှင့် မဟာထန်၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းရန် ဝမ်ချောင်သည် သူ့ဖခင်နှင့် အစ်ကိုကြီးတို့အပေါ်သာ မှီခိုနိုင်ပေသည်။

“အဖေနှင့်အစ်ကိုကြီးဆီသို့ ဝမ်ချောင်မှ”

ဝမ်ချောင် ခေါင်းငုံ့လိုက်ကာ သူ့စုပ်တံ စာရွက်အနှံ့ ပျံဝဲသွားသည်နှင့် သူ့စိတ်သည် ပြင်းထန်လာနေခဲ့ပြီး လေးလံလှသည့် စကားလုံးများ တစ်ကြောင်းပြီးတစ်ကြောင်း ရေးသားနေခဲ့သည်။

ဝမ်ချောင်ကလွဲ၍ အနောက်တောင်ဘက်ရှိ အခြေအနေ အရပ်ရပ်ကို မည်သူမျှ မသိကြပေ။ အသက်ရှင် ကျန်ရစ်သည့် စစ်သည်ရှစ်သောင်းတို့၏ ဘဝသည် ဤစာရွက်ရှိ စကားလုံးများအပေါ် လုံးဝမူတည်သည်။

ဖလပ် ဖလပ်

ပထမဆုံးစာလွှာ ပြီးဆုံးသွားချိန်တွင် စာပို့ခိုတစ်ကောင်သည် ကောင်းကင်ထက်သို့ ပျံဝဲသွားခဲ့ပြီး အနောက်တောင်ဘက်သို့ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ပထမဆုံးစာလွှာ ရေးသားပြီးနောက် ဝမ်ချောင်သည် ဒုတိယမြောက် စာလွှာကို ချက်ချင်းစတင်လိုက်ကာ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်...

ဤစာလွှာများထဲမှ အချို့သည် အနောက်တောင်ဘက်သို့ ဖြစ်ပြီး တစ်ခြားတို့မှာ အရှေ့မြောက်ဘက်သို့ ဖြစ်သည်။ အချို့တို့သည် မြို့တော်အတွင်း နေရာများသို့ သွားနေခဲ့ကြ၏။ လင်းယုန်ငှက်များနှင့် စာပို့ခိုများသည် လူအိုကြီးလင်းယုန်ငှက်၏ ဆင့်ခေါ်မှုများကို ရရှိလိုက်ကြကာ ကောင်းကင်ထက်မှနေ၍ ရထားလုံး၏ အမိုးပေါ်သို့ ပျံဆင်းလာခဲ့ကြသည်။ သူတို့သည် ထို့နောက် နှင်းပွင့်ကဲ့သို့ စာလွှာများကို သယ်ဆောင်လိုက်ကြပြီး ပျံထွက်သွားခဲ့ကြသည်။

အနီးအနားရှိ လူအိုကြီးလင်းယုန်ငှက်သည်ပင် ဤစာများထဲရှိ အကြောင်းအရာကို မသိခဲ့ပေ။

“သခင်လေး...”

ဝမ်ချောင်၏ လေးနက်ပြီး အာရုံစူးစိုက်သော အမူအရာကိုကြည့်ကာ လူအိုကြီးလင်းယုန်ငှက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ့နှလုံးသားသည် နာကျင်နေခဲ့သော်လည်း သူသည် သူ့ကို အနှောက်အယှက် မပြုခြင်းက အမျှော်အမြင်ရှိရာကျကြောင်း သိပေသည်။

ဝမ်ချောင်သည် ဆယ်ကျော်သက်တစ်ယောက်သာ ဖြစ်သော်လည်း လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်က ဤဖြစ်ရပ်၏ ဝန်ထုတ်ဝန်ပိုးကို တစ်ကိုယ်တည်း တောင့်ခံရမည်ဟု ထူးထူးခြားခြား ခံစားလိုက်ရသည်။

**********************

အခန်း(၄၇၅)

မြို့တော်ကို တုန်လှုပ်စေခြင်း ၁

မြို့တော်သည် ယနေ့ ကဏှာမငြိမ်ဖြစ်ရန် ကြိုတင်သတ်မှတ်ခံထားရ၏။

ဖလပ် ဖလပ်

စာပို့ခို တစ်ကောင်ပြီးတစ်ကောင် မြို့တော်အနှံ့ ပျံသန်းသွားခဲ့ကြသည်။

မြို့တော်မှ လီတစ်ဆယ်ကျော် ဝေးကွာသည့် တောင်တစ်လုံးတွင် အနည်းငယ်ဝသော လူငယ်လေး တစ်ယောက်သည် လက်ရှိတွင် ကျင့်ကြံခြင်းအလယ်သို့ ရောက်ရှိနေခဲ့သည်။ အားမာန်ပြည့်ဝသော ကြယ်တာရာစွမ်းအင်သည် သူ့ခန္ဓာကိုယ်မှနေ၍ စိမ့်ထွက်လာခဲ့ပြီး ထူထည်းကာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။ ၎င်းသည် သူ့အနားတွင် စပါးအုံမြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်နေခဲ့ပြီး ထိုလူငယ်ကို တုနှိုင်းမဲ့ ရဲစွမ်းသတ္တိ အရှိန်အဝါတစ်ခု ထုတ်ဖော်နေစေခဲ့သည်။

“အမ်”

ထိုစာပို့ခိုကို လက်ခံရရှိလိုက်သည်နှင့် ဝေ့ဟိုသည် စာကိုဖွင့်လိုက်ကာ သူ့မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် ပုံစံတစ်ခု ပေါ်လာခဲ့သည်။

“ဟား ဟား ဟား ဝမ်ချောင်.. မင်း ခွေးကောင် မင်းနောက်ဆုံးတော့ ငါ့ကိုလာရှာပြီးပေါ့...”

ဘန်း

ဝေ့ဟိုသည် သူ့လက်ညိုးများကို ဆုပ်လိုက်ပြီး လက်ထဲရှိစာကို တွန့်ကြေသွားစေကာ ထို့နောက် သူသည် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

ဝမ်ချောင်သည် စာထဲတွင် အများကြီး ရေးမထားခဲ့ပေ။ ရိုးရှင်းသော စာတစ်ကြောင်းသာ ရေးထားခဲ့သည်။

'ငါအစောင့် အယောက်နှစ်ဆယ်ကို ငှားချင်တယ်။'

သူတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသောကြောင့် အစောင့်နှစ်ဆယ်သည် ဘာမှမဟုတ်ပေ။ ဝေ့အိမ်တော်သည် တင်းကြပ်သော စည်းမျဉ်းများ ရှိခဲ့လျှင်ပင် သူသည် သူ့ဖခင်၏ အပြစ်တင်မှုကို ခံခဲ့ရလျှင်ပင် လူငယ်လေးဝေ့သည် သေချာပေါက် ဝမ်ချောင်ကို ကူညီပေးပေလိမ့်မည်။

ဘာအယောက်နှစ်ဆယ်နည်း။ သူသည် အယောက်နှစ်ရာကိုပင် ငှားပေးရန် ဆန္ဒရှိပေလိမ့်မည်။

ဘုန်း

လေထုသည် သတ္တုသံဖြင့် တုန်ရီသွားခဲ့သည်။ လူငယ်လေးဝေ့၏ ခန္ဓာကိုယ်အောက်တွင် တောက်ပြောင်သော အနက်ရောင် ဆူးချွန်ချီစက်ကွင်းတစ်ခု ပြန့်ကားထွက်လာခဲ့၏။

၎င်းနောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္တမြောက်တို့ လိုက်ပါလာခဲ့ကြသည်။

ဤအချိန်တိုအတွင်းတွင် လူငယ်လေးဝေ့သည် မူလစွမ်းအင်အဆင့်မှနေ၍ အစစ်အမှန် သိုင်းနယ်ပယ်သို့ တက်လှမ်းသွားခဲ့ကာ အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးသို့ တက်လှမ်းသွားခဲ့ပေသည်။ သူသည် အဆင့်ငါးသို့ ချိုးဖောက်တော့မည့် လက္ခဏာများပင် ရှိနေကြသည်။

ဤအချိန်တွင် လူငယ်လေးဝေ့သည် အဆုံးမဲ့စွမ်းအင်ဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့ခွန်အားသည် ဝမ်ချောင်ထက်ပင် သာလွန်သွားခဲ့သည်။

ဤသည်က တောင်တက်ခြင်း ပညာရပ်၏ စွမ်းအားဖြစ်၏။

ဝမ်ချောင်သည် လူငယ်လေးဝေ့ကို ဤနည်းစနစ် လက်ဆောင်ပေးခဲ့သည်။ ၎င်းကို ထိပ်တန်း နည်းစနစ်တစ်ခုဟု သတ်မှတ်ထားခဲ့သော်လည်း အလွန်အမင်း ခက်ခဲပြီး လူတစ်ဦး၏ ခန္ဓာကိုယ်အပေါ် အလွန်တောင်းဆိုချက် များပြားလှသော နည်းစနစ်တစ်ခုလည်း ဖြစ်သည်။

၎င်းသည် အထူးသဖြင့် မူလစွမ်းအင် နယ်ပယ်တွင် ခက်ခဲပေ၏။ သို့သော် အစစ်အမှန် သိုင်းနယ်ပယ်သို့ ချိုးဖောက်ပြီးနောက် လူတစ်ယောက်သည် မယုံနိုင်စရာ ကောင်းလောက်အောင် သန်မာလာပေလိမ့်မည်။

လူငယ်လေးဝေ့သည် ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်လာခဲ့ကတည်းက ဝမ်ချောင်သည် သူ့ကို ရှားရှားပါးပါးသာ လှမ်းခေါ်ခဲ့သည်။ သူသည် ဂိုဂူလျော လုပ်ကြံသူများနှင့် ရင်ဆိုင်ခြင်းဖြစ်စေ၊ အန်းယာ့လျိုရှန်းနှင့် ရင်ဆိုင်ခြင်းဖြစ်စေ ဝမ်ချောင်သည် သူ့အကူအညီကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့သောကြောင့် အတိအကျပင်သူသည် သူ့အာရုံအားလုံးကို ကျင့်ကြံခြင်းအပေါ်တွင် မြုပ်နှံနိုင်ခဲ့သည်။

သူ့ငယ်သူငယ်ချင်းဆီသို့ ဝမ်ချောင်၏ သဘောထားသည် အရိုးသားဆုံးသော ပံ့ပိုးကူညီမှုဖြစ်သည်။

ထိုဂိုဂူလျောများမှ သူရရှိလာခဲ့သော ရွှေရောင်ဂျင်ဆင်းများ အားလုံးတို့သည် နှစ်တစ်ရာကျော် သက်တမ်းရှိကြပေသည်။ ဝမ်ချောင် အစစ်အမှန် သိုင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ကတည်းက ထိုဂျင်ဆင်းသည် သူ့အတွက် အသုံးမဝင်ဖြစ်လာခဲ့သည်။ သို့သော် လူငယ်လေးဝေ့က ၎င်းကို အသုံးပြုနိုင်သောကြောင့် ဝမ်ချောင်သည် အကန့်အသတ်မရှိ ပေးကမ်းခဲ့သည်။

တောင်တက်လှမ်းခြင်း ပညာရပ်သည် အခြားနည်းစနစ်များနှင့် ကွဲပြားသောကြောင့် ဂိုဂူလျော ဂျင်ဆင်းသည် ဝမ်ချောင်အပေါ်ထက် သူ့အပေါ်ပို၍ သက်ရောက်မှု ရှိခဲ့ပေသည်။ ထို့ပြင် တောင်တက်လှမ်းခြင်း ပညာရပ် ကျင့်ကြံသူများသည် မူလစွမ်းအင် သိုင်းနယ်ပယ်ကို ချိုးဖောက်ပြီး အစစ်အမှန် သိုင်းနယ်ပယ်သို့ ဝင်ရောက်ရန် ပို၍များစွာ ခက်ခဲပေသည်။

သို့သော် ဂိုဂူလျောဂျင်ဆင်းသည် ဝန်ထုတ်ကို ပေါ့ပါးစေခဲ့ပြီး အင်အားတွင် ကြီးမားသော တိုးတက်မှုတစ်ခုကို ပေးစွမ်းခဲ့သည်။

ဤအချိန်တွင် လူငယ်လေးဝေ့သည် ဝမ်ချောင် အသုံးပြုခဲ့သည့် ဂျင်ဆင်းပမာဏထက် အဆနှစ်ဆယ် သုံးဆယ်ကို အသုံးပြုခဲ့ပြီးဖြစ်ပေသည်။ ထို့ပြင် ဝမ်ချောင်သည် အခြားလူများကို ဝိညာဉ်သွေးကြော အသုံးပြုခြင်းမှ တားမြစ်ထားခဲ့သော်လည်း လူငယ်လေးဝေ့သည် သူ့စိတ်ကြိုက် ဝင်ရောက်နိုင်ပေသည်။

သို့သော်လည်း အစစ်အမှန် သိုင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တောင်တက်လှမ်းခြင်း ပညာရပ်သည် လောက၏ ရိုးရှင်းသော စွမ်းအင်ကို အသုံးပြု၍ မရတော့ပေ။ ၎င်းသည် တစ်ဆင့်ပို၍မြင့်မားသော စွမ်းအင်ကိုလိုအပ်ပြီး တောင်တန်းများ၏ အနှစ်သာရ စွမ်းအင်ဖြစ်သည်။

ဤသို့သော စွမ်းအင်မျိုးသည် လောက၏ စွမ်းအင်နှင့် မတူပေ။ သာမာန်အခြေအနေများတွင် ပြိုင်ဘက်ကင်းသော တောင်တက်လှမ်းခြင်းပညာရပ်ကလွဲ၍ ဤစွမ်းအင်ကို ကျင့်ကြံရန် အလွန်ခက်ခဲပေသည်။

ထို့ကြောင့် အစစ်အမှန် သိုင်းနယ်ပယ်သို့ ရောက်ရှိသည်နှင့် လူငယ်လေးဝေ့သည် ဝိညာဉ်သွေးကြောကို စွန့်ခွာခဲ့ပြီး တောင်တန်းများထဲသို့ ဝင်ရောက်သွားခဲ့သည်။ ပို၍ရှေ့ကျပြီး တောင်များ များပြားလေလေ၊ လူများ အရောက်နည်းလေလေ တောင်အနှစ်သာရ စွမ်းအင်သည် သိပ်သည်းမှု များလေလေ ဖြစ်ပေလိမ့်မည်။

လူငယ်လေးဝေ့သည် ကျင့်ကြံရန် ရူးသွပ်သည့် သိုင်းပညာရပ် ရူးသွပ်သူတစ်ဦး အမြဲဖြစ်သည်။ သူသည် ညအထိ ကျင့်ကြံခဲ့ပြီး ညမှနေ့အထိ ကျင့်ကြံခဲ့သည်။ ထို့ပြင် ထိုအချက်အရ ဝမ်ချောင်နှင့်မတူဘဲ သူသည် အခြားကိစ္စများဖြင့် နှောက်ယှက်ခြင်း မခံခဲ့ရသောကြောင့် သူသည် တောင်တက်လှမ်းခြင်း ပညာရပ်အတွက် ပြီးပြည့်စုံသော လိုက်ဖက်သူတစ်ယောက် ဖြစ်ခဲ့သည်။

ရလဒ်အနေဖြင့် လူငယ်လေးဝေ့၏ ကျင့်ကြံခြင်းသည် ဝမ်ချောင်ထက် သာလွန်သွားခဲ့၏။

လူငယ်လေးဝေ့သည် သူ့ယခင်ဘဝတွင် ရောက်ရှိရန် မဖြစ်နိုင်ခဲ့သည့် အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့သည်မှာ သံသယရှိရန်မလိုပေ။

“အစောင့်တွေကို ချေးငှားဖို့က ဝမ်ချောင်အတွက် တစ်ခုခုဖြစ်သွားတာပဲ ဖြစ်ရမယ်။ ငါတစ်ချက် သွားကြည့်ရမယ်”

လူငယ်လေးဝေ့၏ မျက်လုံးများ တောက်ပသွားခဲ့ကာ သူချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ရွှီခနဲ အသံနှင့်အတူ သူ့ခန္ဓာကိုယ်သည် လူဝံ့တစ်ကောင်ကဲ့သို့ ရှေ့သို့ခုန်လိုက်ကာ မီတာတစ်ဆယ်ကျော်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် အနည်းငယ် ခုန်လိုက်ပြီးနောက် လူငယ်လေးဝေ့သည် ရုတ်တရက် ကြမ်းကြုတ်သော ကျားတစ်ကောင် သို့မဟုတ် ကြီးမားသော ဆင်တစ်ကောင် ဖြစ်လာကာ တောင်တန်းများကြား လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

**

တစ်ချိန်ထဲမှာပင် မြို့တော်ရှိ တစ်နေရာတွင် အထပ်သုံးထပ်ရှိသော လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိနေခဲ့သည်။ ၎င်းတွင် ပျံဝဲနေသော တံစက်မြိတ်များရှိပြီး ရှေးခေတ်ပုံစံတစ်ခုဖြင့် ဆောက်လုပ်ထားခဲ့ကာ ကျော့ရှင်းပြီး ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေခဲ့သည်။

လှပကျော့ရှင်းသော လူတစ်ယောက်သည် မျက်မှောင်ကျုံ့ထားခဲ့ကာ သေးသွယ်သော လက်များက ငါးလက်မရှည်သည့် ကြွေလက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားသည်။ ဤလူသည် ၎င်း၏ စိတ်ထဲတွင် စိုးရိမ်မှုများစွာ ရှိပုံရ၏။

ဖလပ် ဖလပ်

တောင်ပံခတ်သံများကို ကြားရနိုင်ပေသည်။

“အာ”

အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခုသည် ပိုင်စီလင်း၏ မျက်လုံးများထဲ ဖြတ်ခနဲ ပေါ်သွားခဲ့ကာ သူမသည် မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။ သူမသည် အဖြူရောင် စာပို့ခိုတစ်ကောင်က လက်ဖက်ရည်ဆိုင်၏ ခုံးနေသော တံစက်မြိတ်ပေါ်မှ ပျံသန်းလာခဲ့ကာ ကောင်းကင်မှနေ၍ သူမဆီသို့ ဝေ့ဝိုက်ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။

ပိုင်စီလင်းသည် ထိုငှက်ကို လက်ခံရန် လက်တစ်ဖက်ကို အလိုလို ဆန့်ထုတ်လိုက်မိသည်။

“အဲ့ဒါသူပဲ...”

သူမစာကိုဖွင့်လိုက်ပြီး ရင်းနှီးကာ တွန့်ကွေးနေသည့် လက်ရေးကို မြင်လိုက်သည်နှင့် ပိုင်စီလင်း၏ မူလက ကျုံ့နေသော အနက်ရောင်မျက်ခုံးများသည် ဖြေးညှင်းစွာ ပြေလျော့သွားခဲ့သည်။

သူမကို တစ်နေ့တာ အချိန်အကြာကြီး အနှောက်အယှက်ပေးခဲ့သော စိုးရိမ်မှုများသည် ရေခဲကဲ့သို့ အရေပျော်သွားခဲ့ပြီး သူမ၏ နှုတ်ခမ်းပါးများက အပြုံးရိပ်တစ်ခုအဖြစ်သို့ ကွေးသွားခဲ့သည်။

“အဲ့ဒီသံတိုင်တွေက နင့်ကိုထိန်းမထားနိုင်ဘူးဆိုတာ ငါသိတယ်”

ပိုင်စီလင်း ယုံကြည်မှုရှိသော အပြုံးတစ်ခုပြုံးလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ ချိုမြိန်သော ရနံ့တစ်ခုသည် သူမ၏နှုတ်ခမ်းပါးပေါ်တွင် ကျန်ရစ်နေခဲ့ပြီး အဆုံးမဲ့ညို့ဓာတ်ဖြင့် ပေါင်းစပ်ပါဝင်နေခဲ့သည်။

သူမ၏ စိုးရိမ်မှုများကို နောက်ဆုံးတွင် လွှတ်ချလိုက်နိုင်ကာ ပိုင်စီလင်းသည် များစွာပို၍ သက်တောင့်သက်သာ ရှိလာခဲ့သည်။ ဝမ်ချောင်၏ စာထဲရှိ အကြောင်းအရာများနှင့် ပတ်သတ်၍ သူမသည် အများကြီး ဂရုမစိုက်ခဲ့ပေ။

ခွက်ကိုချလိုက်ကာ ပိုင်စီလင်းသည် တင့်တယ်သော ခြေလှမ်းဖြင့် လျှင်မြန်စွာ ထိုလက်ဖက်ရည်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။

**

“ဟား ဟား ဟား အစစ်အမှန် သိုင်းနယ်ပယ် အယောက်နှစ်ဆယ်... ဝမ်ချောင် မင်းကတကယ့်ကို တိတ်တိတ်လေး မနေနိုင်တဲ့လူပဲ”

ရှုကလန်၏ ခြံဝင်းအတွင်း လေ့ကျင့်ရေးကွင်းတွင် ခိုတစ်ကောင်သည် ရှုကန်း၏ ပုခုံးပေါ်တွင် နားနေခဲ့သည်။ သူ့လက်တစ်ဖက်တွင် အဖြူရောင်ပေါ့ပလာ အသားမှ ပြုလုပ်ထားသော လှံတစ်ချောင်းရှိပြီး အခြားလက်တစ်ဖက်တွင် ဝမ်ချောင်၏စာရှိသည်။

“မင်းက အခုလေးတင် ထောင်ထဲကထွက်လာခဲ့ပြီး စစ်သားတွေကို ငှားရမ်းချင်နေခဲ့ပြီ။ မင်းနောက်ထပ် စစ်ဆင်ရေးတစ်ခုကို စတင်နေတာလား။ အနောက်တောင်ဘက်လား”

ရှုကန်း ခေါင်းအနည်းငယ် မော့လိုက်ကာ သူ၏အမျှော်အမြင်ရှိပြီး လေးနက်သောအကြည့်က အချိန်အာကာသ အနက်ပိုင်းကို ထိုးဖောက်သွားပုံရသည်။

ရှုကန်းတွင် သူ၏ဂျူနီယာ ဝမ်ချောင်အတွက် နက်ရှိုင်းသော လေးစားသမှု အမြဲရှိခဲ့သည်။ သူသည်သူက ဝမ်ချောင်၏ အတွေးများနှင့် လုပ်ဆောင်မှုများ၊ သူ၏ ရဲစွမ်းသတ္တိနှင့် ရည်မှန်းချက်တို့အတွက် ပြိုင်ဘက်မဟုတ်သည်ကို နက်ရှိုင်းစွာ သိထားခဲ့သည်။

ရှုကန်းသည် လေ့ကျင့်ရေးစခန်း မစ်ရှင်တွင် သူနှင့်တွေ့ဆုံခဲ့ရခြင်းက ကောင်းချီးပေးခံခဲ့ရသည်ဟု ခံစားခဲ့ရသည်။

မြင့်မြတ်သော ကလန်များ၏ မျိုးဆက်များ အထူးသဖြင့် ပထမတန်းစား လူများအားလုံးတို့သည် အချင်းချင်း အလွန်မာနကြီးပြီး မောက်မာကြသော်လည်း ရှုကန်းသည် ဝမ်ချောင်ဆီသို့ ထိုပုံစံ ဘယ်တုန်းကမှ မပြုမူခဲ့ပေ။

အကယ်၍ သူ၏ ရိုးသားမှုနှင့် လေးစားမှု တစ်ခုလုံးတို့နှင့် ထိုက်တန်သည့် မြို့တော်တွင် လူတစ်ယောက် ရှိခဲ့ပါက ထိုလူသည် ဝမ်ချောင်သာ ဖြစ်နိုင်သည်။

ဝူးး

သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ခြင်းနှင့်အတူ သူ့လက်ထဲရှိလှံသည် အားကောင်းလှသော ရေနဂါးတစ်ကောင်ကဲ့သို့ ရှေ့သို့ ရွှီးကနဲ ပြေးထွက်သွားခဲ့ကာ ကျန့်ခြောက်ရာ အဝေးရှိ လက်နက်စင်ပေါ်သို့ တိကျစွာ ကျဆင်းသွားခဲ့သည်။

“သွားကြစို့... နောက်ဆုံးအကြိမ် ကျန်းရှို့ကွေ့နဲ့ ပိုင်ထင် ဒုတိယကာကွယ်ရေး စစ်သူကြီး အန်းစီဟန်။ ဒီတစ်ခါ ဘယ်သူဖြစ်မလဲဆိုတာ ငါသိချင်မိတယ်။ သူ့နောက်လိုက်တာက တကယ့်ကို အချိန်ဖြုန်းနေတာ မဟုတ်ဘူး”

ပဝါတစ်ထည်ဖြင့် သူ့လည်တိုင်ကို ချွေးသုတ်လိုက်ပြီးနောက် ရှုကန်းထွက်ခွာသွားခဲ့သည်။

“ဟား ဟား ဟား ငါကျိုးယာ့ထုံ လေးစားအားကျရတဲ့ လူတစ်ယောက်ဆိုတဲ့ အတိုင်းပဲ။ ဘယ်အရာကမှ နင့်ကိုအကြာကြီး ထိန်းမထားနိုင်ဘူး”

ကျိုးကလန်၏ အဓိကခန်းမတွင် ကျိုးယာ့ထုံသည် သူမ၏လက်ထဲရှိစာကို ဖတ်ရှု့လိုက်ပြီး ကျိုးကလန်၏ စံအိမ်မှ တောက်ပနေသော မီးတိမ်တိုက် တစ်ခုကဲ့သို့ ထွက်ခွာသွားခဲ့သည်။

************************

All Chapters