အခန်း (၄၇၆-၄၈၀)
Vol. 22 Ch. 476-480
အခန်း(၄၇၆)
မြို့တော်ကို တုန်လှုပ်စေခြင်း (၂)
ဖလပ် ဖလပ်
စာပို့ခိုများ တစ်ကောင်ပြီးတစ်ကောင် မြို့တော်ရှိ အမျိုးမျိုးသော နေရာများသို့ ပျံသန်းသွားခဲ့ကြသည်။ မြို့တော်ရှိ ဆယ်စုနှစ်များစွာ တည်ရှိခဲ့သော မဟာကလန်များ၊ မြင့်မြတ်သော အိမ်တော်များနှင့် ချမ်းသာသော ကုန်သည်မိသားစုများ အားလုံးတို့သည် သူတို့က ဝမ်ချောင် သို့မဟုတ် ဝမ်ကလန်ကိုပင် သိခဲ့သည်ဖြစ်စေ မသိခဲ့သည်ဖြစ်စေ ဝမ်ချောင်၏စာကို လက်ခံရရှိခဲ့ကြသည်။
“အဖေ ဝမ်ကလန်က ဘာလုပ်ဖို့ ကြံစည်နေတယ်လို့ ထင်လဲ”
ချောင်ကျလှသော မြို့စားလီ ခြံဝင်းတွင် လီပင်သည် သူ့လက်ထဲ၌ ရှုပ်ပွစွာ ရေးသားထားသောစာကို ကိုင်ထားခဲ့ပြီး သူ့မျက်ခုံးများက အလွန်ထိစပ်နေခဲ့ကြသည်။
“တကယ်လို့ တစ်ခြားတစ်ယောက်ယောက် ဖြစ်ခဲ့ရင် အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အရင်က သူနဲ့ပဋိပက္ခ ဖြစ်ခဲ့ဖူးတယ်။ စုဟန်ရှန်းကြောင့်... သူက ဘာတွေးနေတာလဲ”
မြို့စားလီမျိုးရိုးသည် ယခင်ကတည်းက တော်ဝင်ရုံးတော်မှ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး မည်သည့် သြဇာကိုမျှ မပိုင်ဆိုင်ထားခဲ့ဘဲ မြို့စားအဆင့်အတန်းကို ခံစားရုံသာ ခံစားနေခဲ့သည်ဟု ပြောနိုင်ပေသည်။ ၎င်းသည် ဝမ်ကလန်၏ အကြိုက်များကိုပင် မယှဉ်နိုင်ခဲ့ပေ။
လူတစ်ယောက်သည် မြို့စားလီမျိုးရိုးက ဝမ်ကလန်ကို ကူညီရန် တက်နိုင်သည့်အရာ ဘာမှမရှိဟုပင် ပြောနိုင်ပြီး ထို့ပြင် ထိုနှစ်ခုသည် စုဟန်ရှန်းကြောင့် ပဋိပက္ခ ဖြစ်ခဲ့ဖူးသည်။
နှစ်ဖက်စလုံးသည် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့သော်လည်း ဤသို့သော ကိစ္စတစ်ခုသည် ဘေးဖယ်ထား၍မရပေ။
ခန်းမသည် တိတ်ဆိတ်နေခဲ့၏။ မြို့စားလီသည် တိတ်ဆိတ်နေခဲ့ပြီး သူ့မျက်ခုံးများက လီပင်ထက်ပင် တင်းကြပ်စွာ ထိစပ်နေခဲ့သည်။
အကယ်၍ လီကလန်နှင့် ဝမ်ကလန်တို့သည် အလွန်အမင်း ရင်းနှီးခဲ့ကြပါက သူတို့သည် မည်သို့ဖြစ်ပါစေ ဝမ်ချောင်၏ တောင်းဆိုချက်ကို သဘောတူရပေလိမ့်မည်။
သို့သော် အမှန်တွင် ဝမ်ချောင်၏ ကျွမ်းကျင်သူများကို ရုတ်တရက် တောင်းဆိုမှုသည် မြို့စားလီနှင့် သူ့သားလီပင် နှစ်ယောက်စလုံးတို့အတွက် အလွန် ရုတ်တရက် ဆန်ခဲ့သည်။
“ပင်အာ ဝမ်ကလန်က သာမာန်ကလန် မဟုတ်ဘူး။ ဝမ်ချောင်က ရွှေငါးတစ်ကောင် ဖြစ်တယ်။ သူက ဘာလုပ်ဖို့ ကြံစည်နေပါစေ ငါတို့က သူ့စာကို ရရှိခဲ့တာကြောင့် သူလိုချင်တဲ့အရာကို သွားကြည့်ဖို့ လူအနည်းငယ် စေလွှတ်လိုက်ပါ။ နောက်ပြီးဒါက ဝမ်ကလန်နဲ့ ဆက်ဆံရေးတစ်ခုကို ထူထောင်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။ မှတ်ထားပါ အဲ့ဒီစုဟန်ရှန်း... သူ့ကို ဆုံတွေ့ခြင်းကနေ ရှောင်ရှားဖို့ အကောင်းဆုံးကြိုးစားပါ”
“ဟုတ်ကဲ့ပါ သင့်ရဲ့ကလေး နားလည်ပါပြီ။ ဒါကိုအခု လုပ်လိုက်ပါ့မယ်”
လီပင် ခေါင်းငုံ့လိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
***
“ဝမ်ကလန်ရဲ့ အဲ့ဒီချီလင်သားက ဘာလိုချင်နေတာလဲ”
အကယ်၍ မြို့စားလီကို အံ့အားသင့်သွားခဲ့သည်ဟု ပြောခဲ့ပါက လူတစ်ယောက်သည် မြို့စားစုက သူသည် ဝမ်ချောင်ဆီမှစာကို ဘာကြောင့် ယခုကိုင်ဆောင်ထားရသည်ကို နားလည်ရန် တော်တော်လေး ခက်ခဲနေသည်ဟု ပြောနိုင်ပေသည်။
“ငါမှတ်မိတာ မမှားရင် မင်းသားကြီးစုန့်ဘုရင်က ဝမ်ချောင်ကို လွှတ်ပေးဖို့ မကြာသေးမီကမှ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးနဲ့ မှီခိုသူတွေရဲ့ဘုရင့်အမှုထမ်းကို ဖိနှိပ်ခဲ့တယ် မဟုတ်လား။ ဒီတစ်ကြိမ်သူက ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ ငါ့ဆီကနေ အစောင့်တွေငှားဖို့ တောင်းဆိုနေတယ်လား”
မြို့စားစုသည် အသက်လေးဆယ်ကျော် လူတစ်ယောက်ဖြစ်ပြီး သူ၏ မုတ်ဆိတ်မွှေးဖြင့် မျက်နှာက တော်တော်လေး ဂုဏ်သိက္ခာရှိသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေခဲ့သည်။
မြို့စားစုက ဆက်မပြောနိုင်မီ စုပိုင်သည် ချက်ချင်း အော်ဟစ်လိုက်သည်။
“အဖေ သူ့ကိုလျစ်လျူရှု့လိုက်။ အဲ့ဒီဝမ်ချောင်က ဘာမှကောင်းတဲ့ကောင် မဟုတ်ဘူး။ နောက်ဆုံးအကြိမ်က သူကကျွန်တော်တို့အပေါ် ပြင်းပြင်းထန်ထန် အရှက်ခွဲခဲ့ပြီး အခုသူက အစောင့်တွေငှားရမ်းဖို့ တောင်းဆိုနေတယ်လား။ သူ့ကိုလျစ်လျူရှု့လိုက်။ ခွေးကောင်။ သူကသေချာပေါက် ကောင်းတာကို ကြံစည်နေတာ မဟုတ်ဘူး”
“နောက်ပြီး အဖေမေ့သွားခဲ့ပြီလား။ ကျွန်တော်ကသူ့ကြောင့် ထောင်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့တယ်”
မြို့စားစု ရုတ်တရက် လှည့်လာပြီး သူ့သားကို ဆူပူလိုက်သည်။
“ခွေးကောင်။ ငါမင်းကို အခုထိတောင် မပြောခဲ့ရဘူး။ ပြောစမ်း။ မင်းငါ့အတွက် နောက်တစ်ကြိမ် ဒုက္ခတွေ ဖန်တီးထားခဲ့ပြန်ပြီလား”
“အဖေ ကျွန်တော်က အပြစ်ကင်းပါတယ်။ ကျွန်တော်ဘာမှ မလုပ်ခဲ့ပါဘူး”
စုပိုင်၏ အပြစ်ကင်းကြောင်း ထွက်ဆိုချက်သည် အမှန်ဖြစ်သည်။ သူသည် သူ့ဖခင်၏ အစောင့်များက သူ့ကိုဖမ်းချုပ်ပြီး ပြန်ခေါ်လာခဲ့ချိန်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ ကမျင်းနေခဲ့ပေသည်။
အမှန်တွင် စုပိုင်သည် ဝမ်ချောင်က မြို့စားစုအိမ်တော်သို့ စာတစ်စောင် ပေးပို့ခဲ့သည့်အချက်ကြောင့် တစ်ဝက်ကြောက်ရွံ့နေခဲ့ပြီး သူ့ဖခင်ထက်ပင် ပို၍တုန်လှုပ်နေခဲ့ပေသည်။
“မင်းကဘာမှ မလုပ်ခဲ့ဘူးလား။ ဒါဆို သူက ဘာလို့ငါတို့မြို့စားစု အိမ်တော်ကို စာတစ်စောင် ပို့လာခဲ့တာလဲ။ သားဆိုးသားမိုက် ငါ့အတွက် ဒါကိုမှတ်ထားပေ။ ငါတို့က မြို့တော်မှာရှိတဲ့ အခြားလူတွေကို လျစ်လျူရှု့နိုင်ပေမဲ့ ဝမ်ချောင်အတွက် မင်းမှာ အရင်ကသူနဲ့ ဘယ်လိုအမုန်းတရားပဲ ရှိထားပါစေ မင်းက ဝေးနိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပဲ”
မြို့စားစု ခက်ထန်စွာ ကြိမ်းမောင်းလိုက်သည်။
“ဘာလို့လဲ။ အဲ့ကောင်စုတ်က စုန့်ဘုရင်ရဲ့ အကူအညီကို လိုအပ်ခဲ့တယ် မဟုတ်လား။ ဒီလိုမှမဟုတ်ရင် သူ့ပြစ်မှုအရ သူကသေချာပေါက် သေမှာပဲ”
စုပိုင် ဒေါသတကြီး ပြန်ဖြေလိုက်၏။
“ဟမ် သူလုပ်ခဲ့တဲ့ ပြဿနာက သေခြင်းနဲ့ အဆုံးသတ်သွားရမှာကို မင်းလည်းသိတယ်။ ဒါဆိုသူက ဘာလို့မသေခဲ့လဲဆိုတာ မင်းမတွေးမိဘူးလား။ ကျန်းရှို့ကွေ့နဲ့ အန်းစီဟန်တို့က ဘယ်သူတွေလဲ။ တစ်ယောက်က အန်းတုံကာကွယ်ရေး စစ်သူကြီးဖြစ်ပြီး တစ်ခြားတစ်ယောက်က ပိုင်ထင် ဒုတိယ ကာကွယ်ရေး စစ်သူကြီးဖြစ်တယ်။ နှစ်ယောက်စလုံးက တိုင်းပြည်ရဲ့ မဟာစစ်သူကြီးတွေပဲ။ မင်းက သူတို့နှစ်ယောက်စလုံးကို မဆိုထားနဲ့ တစ်ယောက်ကိုတောင် အပြစ်ပြုဖို့ မတက်နိုင်ဘူး”
“တစ်ခြားလူတွေက စုန့်ဘုရင် ဝမ်ချောင်ကို လွှတ်ပေးလိုက်တဲ့အခါ တိတ်ဆိတ်နေကောင်း တိတ်ဆိတ်နေနိုင်ပေမဲ့ ကျန်းရှို့ကွေ့နဲ့ အန်းစီဟန်တို့က ငုံ့ခံနေလိမ့်မယ်လို့ မင်းထင်လား။ တော်ဝင်မဟာ စစ်သူကြီးတစ်ယောက်က အဆင့်အတန်းမှာ မဟာထန်ရဲ့ တော်ဝင်မင်းသား တစ်ပါးထက် နိမ့်ကျကောင်း နိမ့်ကျနိုင်ပေမဲ့ သူတို့ကလည်း အများကြီး ကြောက်စရာမရှိဘူး။ ဒါဆို ဘာလို့သူတို့က ဘာမှမပြောခဲ့တာလဲ”
“သူတို့က...”
စုပိုင်၏ပါးစပ်သည် ပွင့်သွားခဲ့သော်လည်း သူသည် ပြန်မပြောနိုင်ခဲ့ပေ။
မှန်ပေ၏။ တစ်ခြားလူများသည် တိတ်ဆိတ်ကောင်း တိတ်ဆိတ်နေနိုင်သော်လည်း ကျန်းရှို့ကွေ့ သို့မဟုတ် အန်းစီဟန်တို့သည် စုန့်ဘုရင်က ဝမ်ချောင်ကို လွှတ်ပေးခြင်းနှင့် ပတ်သတ်၍ ဘာကြောင့်ဘာမှ မပြောခဲ့သနည်း။
တစ်ခြားလူများသည် စုန့်ဘုရင်ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း သူတို့ကဘာကြောင့် ကြောက်ရွံ့လိမ့်မည်နည်း။
အကယ်၍ သူ့ဖခင်သည် ၎င်းကိုမပြောခဲ့ပါက စုပိုင်သည် ဤမေးခွန်းကို ဘယ်တော့မှ စဉ်းစားမိခဲ့မည် မဟုတ်ပေ။
စုပိုင်သည် သူ့ဖခင်ကိုကြည့်လိုက်ပြီး မသေချာစွာ ပြောလိုက်သည်။
“အဖေ သင်ဆိုလိုတာက...”
“ဟမ် ဒါက ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒမဟုတ်ခဲ့ရင် ကျန်းရှို့ကွေ့နဲ့ အန်းစီဟန်တို့က အဲ့ကိစ္စကို ဒီတိုင်းထားလိမ့်မယ်လို့ မင်းထင်နေတာလား။ ဒေသဆိုင်ရာတပ်မှူးများဖြစ်ရပ်က ဖြစ်စေခဲ့တဲ့ ကြီးမားတဲ့ ရန်ပွဲတွေကတောင် သူ့ကိုဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီတစ်ခါ သူလုပ်ခဲ့တာတွေက ကျန်းရှို့ကွေ့နဲ့ အန်းစီဟန်တို့ရဲ့ လက်အောက်ငယ်သား အနည်းငယ်ကို သတ်ဖြတ်ခဲ့တာပဲ။ သူက တစ်ခုခုဖြစ်လိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား”
“ကျန်းရှို့ကွေ့က ထက်မြတ်တဲ့ လူတစ်ယောက်အဖြစ် အမြဲချီးကျူးခံခဲ့ရတယ်။ တကယ်လို့သူက ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒကို မလေ့လာမိခဲ့ရင် သူက ဒီကိစ္စကို လျစ်လျူရှု့ခဲ့မှာ မဟုတ်ဘူး။ အန်းစီဟန်အနေနဲ့ သူကဟူတစ်ယောက် ဖြစ်နိုင်ပေမဲ့ ဘုရင်မင်းမြတ်ကို သစ္စာရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သူက ပိုင်ထင်ရဲ့ ဒုတိယကာကွယ်ရေး စစ်သူကြီးအဖြစ် အဆုံးသတ်သွားခဲ့တာက ကံကောင်းတာကြောင့်လို့ မင်းထင်နေခဲ့တာလား။ သူက တစ်ခြားလူတွေက ဘာကြံစည်နေသလဲဆိုတာ မသိနိုင်ပေမဲ့ သူက ဘုရင်မင်းမြတ်ရဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်တယ်”
“အန်းစီဟန်က ဘုရင်မင်းမြတ်ဆီက စာတစ်စောင်ကို လက်ခံခဲ့ရတာပဲ ဖြစ်ရမယ်။ ဒါကြောင့် စုန့်ဘုရင်က ဝမ်ချောင်ကို ချောချောမွေ့မွေ့ လွှတ်ပေးနိုင်ခဲ့တာပဲ”
မြို့စားစု သာမာန်မျှသာ ပြောလိုက်သည်။
သူသည် ဝမ်ချောင်ကို ထိုမျှလွယ်ကူစွာ လွှတ်ပေးလိုက်စရာအကြောင်း မရှိသော်လည်း ရုံးတော်၏ ကာလကြာရှည် အမှုထမ်းတစ်ဦးအနေဖြင့် သူသည် နိုင်ငံရေးရေစီးကြောင်းများ မည်သည့်နေရာတွင် စီးဆင်းနေသည်ကို မြင်နိုင်စွမ်း ရရှိခဲ့ပေသည်။
လူတစ်ယောက်သည် နိုင်ငံရေး အသိုင်းအဝိုင်းတွင် ကျန်ရှိရန် ဤသို့သော စူးရှသည် အာရုံရှိရန် လိုအပ်ပေသည်။
“ဒါက ဒါက...”
စုပိုင် ကြက်သေ သေသွားခဲ့ကာ သူ့မျက်လုံးများက ပြူးကျယ်ပြီး ပါးစပ်က ပွင့်အာနေခဲ့သည်။ သူသည် စုန့်ဘုရင်က ဝမ်ချောင်ကို ကယ်တင်ခဲ့သည်ဟုသာ သိထားခဲ့ပြီး လိုက်ကာနောက်ကွယ်တွင် ဖြစ်ပျက်နေသည့် အရာအကြောင်း ဘာမှမသိခဲ့ပေ။
ရုံးတော်၏ အတွင်းပိုင်း နိုင်ငံရေးများသည် သူတွေးထားခဲ့သည်ထက် ပို၍ရှုပ်ထွေးခဲ့ကြသည်။
“အရင်ဆုံး သူလိုချင်တဲ့အရာကို သွားကြည့်ဖို့ လူအနည်းငယ်ကို ခေါ်သွားလိုက်ပါ...”
မြို့စားစု လက်တစ်ဖက် ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။
အလားတူ ဖြစ်ရပ်များသည် မြို့တော်အနှံ့တွင် တစ်ချိန်ထဲ ဖြစ်ပျက်နေခဲ့ကြသည်။ ၎င်းသည် ဝမ်ကလန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော ပိုင်ကလန် သို့မဟုတ် ရှုကလန်ကဲ့သို့ ကလန်များတွင်သာ ဖြစ်နေခဲ့ခြင်း မဟုတ်ပေ။ သို့သော် ဝမ်ကလန်နှင့် အထိအတွေ့ အနည်းငယ်သာ ရှိခဲ့ကြသည့် မြို့စားစု အိမ်တော်ကဲ့သို့သော နေရာများတွင်လည်း ဖြစ်ပျက်နေခဲ့ကြသည်။ ဝမ်ကလန်နှင့် အဆက်အသွယ် မရှိခဲ့ကြသည့် မဟာကလန်များသည်ပင် ဖိတ်ခေါ်ချက်တစ်ခုကို လက်ခံရရှိခဲ့ကြသည်။
ဝမ်ကလန်နှင့် ပြိုင်ဘက်များဖြစ်ကြသည့် ယောင်ကလန်နှင့် ချီဘုရင်တို့ကလွဲ၍ မြို့တော်၏ မဟာကလန်များအားလုံး ဤဖိတ်ခေါ်ချက်ကို လက်ခံရရှိခဲ့ကြသည်။
ဝမ်ချောင်၏စာများသည် မြို့တော်တစ်ခုလုံးကို စတင်လှုပ်ရှားသွားစေ၏။
မည်သူမျှ ဝမ်ချောင်လိုချင်နေသည့် အရာကို မသိခဲ့သော်လည်း သူ့ရထားလုံးပေါ်တွင် ဝမ်ချောင် ရေးခဲ့သည့် စာများသည် မြို့တော်တစ်ခုလုံးကို လှုံဆော်နေခဲ့သည်မှာ သံသယရှိစရာ မလိုပေ။
**************************
အခန်း(၄၇၇)
အနောက်တောင်ဘက်ကို ပုံဖော်ခြင်း
ကျောက်ကျင်းတန်၊ ဝေအန်းဖန်၊ ရှုချီချင်းနှင့် ဟွမ်ချန်းအာတို့သည် အလွန်နောက်ကျမှ ဝမ်ကလန် အိမ်တော်သို့ ရောက်လာခဲ့ကြသည်။ အိမ်တော်သည် ထိန်လင်းနေခဲ့ပြီး ဝမ်ချောင်သည် ဤလူများကို သူ့စာကြည့်ခန်းထဲသို့ ဖိတ်ခေါ်ခဲ့ကာ ထို့နောက် တံခါးကို ပိတ်လိုက်သည်။
တစ်ခြားမည်သူမျှ သူတို့ဆွေးနွေးခဲ့သည့် အရာကို မသိခဲ့ပေ။ ကျောက်ကျင်းတန်၊ ဝေအန်းဖန်၊ ဟွမ်ချန်းအာနှင့် ပုံမှန်အားဖြင့် စိတ်မဝင်စားခဲ့သော ရှုချီချင်းတို့သည် ဝမ်ချောင်၏ စာကြည့်ခန်းထဲမှ ထွက်ခွာလာချိန်တွင် သူတို့အားလုံး၌ အလွန်ဆိုးရွားသော အမူအရာများ ရှိနေခဲ့ကြသည်။
ထိုလေးယောက်တို့သည် လုံးဝသုန်မှုန်နေခဲ့ကြပြီး သူတို့တစ်ယောက်ချင်းစီတိုင်းသည် မိန်းမောနေခဲ့ကာ စိတ်ပြန့်လွင့်နေခဲ့ကြပြီး ဝမ်ကလန်အစောင့်များ၏ ခေါ်သံများကို မတုန့်ပြန်ခဲ့ကြပေ။ သူတို့သည် တစ်ညလုံး မနေခဲ့ဘဲ ဆွေးနွေးမှုပြီးနောက် ချက်ချင်း ထွက်ခွာသွားခဲ့ကြသည်။
သို့သော် ဝမ်ချောင်၏ စာကြည့်ခန်းထဲရှိ မီးအိမ်များသည် မငြိမ်းသက်ခဲ့ကြပေ။
ထိုလေးယောက် ထွက်ခွာသွားပြီးနောက် ပြတင်းပေါက်ရှိ သူ့စားပွဲတွင် ဝမ်ချောင်၏ ပုံသဏ္ဍန်သည် ကျန်ရစ်နေခဲ့ကာ သူ၏စုတ်တံအား ရေးခြစ်နေသံကို ကြားရနိုင်ပေသည်။ သို့သော် တံခါးသည် ပိတ်ထားခဲ့သောကြောင့် အထဲတွင်ဝမ်ချောင် အမှန်တကယ် ပြုလုပ်နေသည့်အရာကို မည်သူမျှ မသိခဲ့ပေ။
“... ခြင်္သေ့မြို့က အချိန်အကြာကြီးကတည်းက ပြီးစီးသွားခဲ့ပြီ။ အစားအသောက် ပမာဏအများကြီးကိုလည်း အထဲမှာ သိုလှောင်ထားခဲ့တယ်။ ဒါက ချန်ယုချောင်ထုံးနဲ့ အန်းနန်ကာကွယ်ရေးတပ်ကို ကယ်တင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်တယ်”
စာကြည့်ခန်းထဲတွင် ဝမ်ချောင်သည် မီးရောင်အောက်တွင် သူ့စားပွဲကို ကြည့်နေခဲ့ကာ အလွန်လေးနက်သော အမူအရာတစ်ခုက သူ့မျက်နှာပေါ် ရှိနေခဲ့သည်။
ဝမ်ချောင်၏စားပွဲပေါ်တွင် အနောက်တောင်ဘက်၏ အသေးစားမြေမျက်နှာသွင်ပြင် ပုံစံငယ်တစ်ခု ရှိနေခဲ့သည်။ ချောက်ကမ်းပါးများ၊ တောင်တန်းများ၊ မြစ်များ၊ လွင်ပြင်များ၊ မြို့များနှင့် သစ်တောများ အားလုံးတို့ကို ဤနေရာတွင် ရင်သပ်ရှု့မောဖွယ် အသေးစိတ် ပြသထားခဲ့သည်။
ဝမ်ချောင်သည် ယခင်ကတည်းက စစ်မှုထမ်းငှာနမှ လိုအပ်သည့် အချက်အလက်များကို ငှားရမ်းခဲ့ပြီးနောက် ဤပုံစံငယ်ကို ပြုလုပ်ရန် လက်မှုပညာသည်များကို ငှားရမ်းခဲ့သည်။ မဟာထန်တွင် မြေပုံအပါအဝင် စစ်ရေးကာကွယ်မှု ပုံစံငယ်များ အပါအဝင် အချက်အလက်များ အားလုံးတို့သည် လျို့ဝှက်ချက်များအဖြစ် သတ်မှတ်ထားခဲ့ကြပြီး သူတို့ကို ကိုယ်တိုင်အတွက် ထိန်းသိမ်းထားခြင်းက ကြီးမားသော ပြစ်မှုတစ်ခုဖြစ်သည်။
သို့သော် ဝမ်ချောင်သည် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သူသည် ဤပုံစံငယ်ကို တစ်ချိန်လုံး သူ့စာကြည့်ခန်းထဲတွင် သိမ်းထားခဲ့ပေသည်။
အနောက်တောင်ဘက်ရှိ အန်းနန်ကာကွယ်ရေးတပ်၏ ရှုံးနိမ့်မှုသည် ခိုင်မာခဲ့ပြီးဖြစ်သည်။ အတိတ်သည် ပြောင်းလဲ၍ မရတော့သော်လည်း ထိုသည်က အရာရာတိုင်းသည် မျှော်လင့်ချက်မဲ့ ဖြစ်သည်ဟု မဆိုလိုခဲ့ပေ။
“တကယ်လို့ အံ့အားသင့်စရာတွေ မရှိခဲ့ဘဲ အရာရာတိုင်းက အတိတ်ကအတိုင်း ဖြစ်ခဲ့ရင် ချန်ယုချောင်ထုံးနဲ့ ဂဲလျိုဖန်းတို့က ဒီလွင်ပြင်မှာ တိုက်ခိုက်ခဲ့ရမယ်”
ဝမ်ချောင်သည် ပုံစံငယ်ကို စိုက်ကြည့်လိုက်ကာ အတွေးများစွာတို့သည် သူ့ခေါင်းထဲ ပေါ်လာခဲ့သည်။ သူသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော ဆယ်ကျော်သက်တစ်ယောက်နှင့် မတူတော့ပေ။
မသိလိုက်ဘဲ ဝမ်ချောင်သည် အားကောင်းသော စစ်တပ်ကို ဦးဆောင်ပြီး သူ့လက်ညိုးကို အားမာန်ပြည့်ဝစွာ ထိုးခြင်းဖြင့် အရှုံးအနိုင်ကို ဆုံးဖြတ်နိုင်သည့် မဟာထန်၏ အတွေ့အကြုံရှိသော စစ်သေနာပတိချုပ် နောက်တစ်ဖန် ဖြစ်လာခဲ့သည်။
ဝီး
ဝမ်ချောင် အလံငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းကို အားဟိုင်လွင်ပြင်တွင် ထိုးစိုက်လိုက်သည်။ တိုက်ပွဲသူတော်စင်အဖြစ် တစ်ကမ္ဘာလုံး၏ ချီးမွန်းခြင်းကို ခံထားရသည့် လူတစ်ယောက်အနေဖြင့် ဝမ်ချောင်တွင် တိုက်ပွဲထောင်ချီကို ကြုံတွေ့ခဲ့ဖူးပေသည်။ သူသည်ပင် အရေအတွက် အတိအကျကို မမှတ်မိနိုင်ခဲ့ပေ။
လုံးဝတုံးအသော လူပြိန်းတစ်ယောက်သည်ပင် အကယ်၍ သူတို့က ထောင်ချီသော တိုက်ပွဲများကို ဖြတ်ကျော်ရှင်သန်နိုင်ခဲ့ပါက တော်တော်လေး ကောင်းမွန်သော ကွပ်ကဲသူတစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဤသည်က ဝမ်ချောင်ဖြစ်ပေ၏။
ဂဲလျိုဖန်းသည် ဉာဏ်နည်းသူတစ်ယောက် မဟုတ်သရွေ့ သွမ့်ကောချန်သည် ကွပ်ကဲသူတစ်ယောက် ဖြစ်နေသေးသရွေ့ သူတို့သည် သူတို့၏ အဆုံးအဖြတ် တိုက်ပွဲအတွက် အားဟိုင်လွင်ပြင်ကို သေချာပေါက် ရွေးချယ်ခဲ့ပေလိမ့်မည်။
ထို့အပြင် အားဟိုင်လွင်ပြင်ကသာ ထိုမျှများပြားသော စစ်သည်များကို ထိန်းထားနိုင်ပေသည်။
သူ့အတိတ်ဘဝရှိ မဟာထန်နှင့် မုန့်ရှီကျောက်တို့သည် တိုက်ခိုက်ရန် ထိုနေရာကို အကြောင်းပြချက်မရှိသောကြောင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ပေ။ ထို့ပြင် ချန်ယုချောင်ထုံးသည် လုံးဝ အရူးတစ်ယောက် မဟုတ်သရွေ့ သူသည် သာမာန်လူတစ်ယောက် မဖြစ်သေးသရွေ့ ရှုံးနိမ့်ပြီးနောက်သူသည် သေချာပေါက် ထိုနေရာကို မြင်နိုင်ပေလိမ့်မည်။
ဝမ်ချောင် အနီရောင်အလံငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းကို အားဟိုင်လွင်ပြင် အနောက်တွင် တည်ရှိနေသည့် ခြင်္သေ့မြို့ပေါ်သို့ ထားလိုက်သည်။ ဝမ်ချောင်သည် ခြင်္သေ့မြို့ကို မရောက်ခဲ့ဖူးသေးသောကြောင့် သူရွှေပြားပေါင်းသန်းချီ အသုံးပြုခဲ့သည့် ဤမြို့က မည်သို့ပုံစံ ရှိမည်ကိုပင် မသိခဲ့ပေ။
သို့သော် ကျန်းရှို့ကျီ၏ စွမ်းရည်များအရ ဝမ်ချောင်သည် သူဆောက်လုပ်ခဲ့သည့် အားဟိုင်လွင်ပြင် အနီးရှိ ကြီးမားလှသောမြို့သည် အပြောင်မြောက်ဆုံး တည်ရှိမှုတစ်ခု ဖြစ်သည်ကို အာမခံနိုင်ပေသည်။
လီရာအတော်ဝေးဝေးမှပင် လူတစ်ယောက်သည် သေချာပေါက် သံမဏိမှ ထုလုပ်ထားပုံရသော ထိုမြို့ခြင်္သေ့မြို့ကို မြင်နိုင်ပေလိမ့်မည်။
ဤခြင်္သေ့မြို့သည် ဝမ်ချောင်အတွက် ဆောက်လုပ်ထားခဲ့ပြီး မဟာထန်စစ်သည် တစ်သိန်းရှစ်သောင်း အတွက်လည်း ဆောက်လုပ်ထားခဲ့ပေသည်။ ၎င်းသည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်၏။
သူ့နောက်ဆုံးဘဝတွင် ထိုတစ်သိန်းရှစ်သောင်းသော စစ်သည်များသည် အားဟိုင်ရှိ တိုက်ပွဲပြီးနောက် နောက်ဆုတ်ရန် မည်သည့်နေရာမျှ မရှိခဲ့ပေ။ ထို့ပြင် ခြေလျှင်တပ်သည် မြင်းတပ်ထက် မြန်စရာအကြောင်း မရှိခဲ့ပေ။ ရလဒ်အနေဖြင့် ထိုလက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့သည် လုံးဝ ချေမှုန်းခံခဲ့ရသည်။
လွတ်မြောက်နိုင်ရုံ လွတ်မြောက်နိုင်ခဲ့သည့် ချန်ယုချောင်ထုံးမှလွဲ၍ ကျန်လူများသည် လုံးဝ ချေမှုန်းခံခဲ့ရသည်။
သို့သော် ဝမ်ချောင်၏ ခြင်္သေ့မြို့သည် ယခုအခါ ဤလက်ရွေးစင် တစ်သိန်းရှစ်သောင်းအတွက် အသက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ ဝမ်ချောင်သည် ကျန်ရှိနေသည့် မဟာထန်စစ်သည် ရှစ်သောင်းတို့က ခြင်္သေ့မြို့ထဲသို့ ထွက်ပြေးခဲ့သောကြောင့်သာ ရှင်သန်ခဲ့သည်ဟု လုံးဝနီးပါး အာမခံနိုင်ပေသည်။
ထိုသို့မဟုတ်ခဲ့ပါက ထိုစစ်တပ်သည် ချေမှုန်းခံခဲ့ရမည်ဖြစ်ပြီး ကံကြမ္မာကျောက်စာသည် မစ်ရှင် ကျရှုံးသောကြောင့် ဝမ်ချောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ဝမ်ချောင်သည် ခြင်္သေ့မြို့ တစ်ခုတည်းက ထိုစစ်သည် ရှစ်သောင်းတို့၏ ကံကြမ္မာကို ပြောင်းလဲရန် မလုံလောက်ခဲ့သည်ကို ကောင်းကောင်း သိထားပေသည်။
ကမ္ဘာပေါ်တွင် ချိုးဖျက်၍ မရနိုင်သည့် မြို့မရှိခဲ့သလို ခြင်္သေ့မြို့သည် ချွင်းချက်မဟုတ်ခဲ့ပေ။
ဂဲလျိုဖန်း လက်တွေ့အားဖြင့် သူ့တိုင်းပြည်ကို ဗလာကျင်းသွားစေခဲ့သည့် မုန့်ရှီကျောက်စစ်သည် သုံးသိန်းအထက်နှင့် ဝူရှန်း၏ နာ့ယိတော်ဝင်မျိုးရိုး၏ နှစ်သိန်းအထက် စစ်သည်များသည် မည်သည့်မြို့ကိုမဆို ဖြိုဖျက်နိုင်သည့် အင်အားစုတစ်စု ဖြစ်ပေသည်။
ခြင်္သေ့မြို့သည် အကြာကြီး မတောင့်ခံနိုင်ပေ။
ဝမ်ချောင်သည် မဟာထန်စစ်သည် ရှစ်သောင်းကို အသက်ရှုချိန်ရရန်နှင့် သူတို့ကို တခဏတာ စိတ်သက်သာရာ ရစေရန်အတွက်သာ ခြင်္သေ့မြို့အပေါ် အရင်းအမြစ် ပမာဏများစွာ သုံးစွဲထားခဲ့ပေသည်။
သို့သော် ဤစိတ်သက်သာရာ ရမှုသည် အကြာကြီး ခံလိမ့်မည်မဟုတ်ပေ။
ထို့ပြင် ခြင်္သေ့မြို့တော်သည် ချိုးဖောက်၍ မရနိုင်ခဲ့လျှင်ပင် ၎င်းသည်အကြာကြီး တောင့်ခံနိုင်လိမ့်အုံးမည် မဟုတ်ပေ။ အစားအစာသည် လူသားများအတွက် နတ်ဘုရားဖြစ်သည်။ ဝမ်ချောင်သည် ထိုမြို့တွင် ရိက္ခာအများအပြား ပြင်ဆင်ထားခဲ့သော်လည်း ဤပမာဏသည် မည်သည့်အချိန်တွင်မဆို တိုက်ပွဲထဲသို့ ဝင်ရောက်ရန် လိုအပ်သည့် မဟာထန်စစ်သည် ရှစ်သောင်းအတွက် လုံးဝမလုံလောက်ခဲ့ပေ။
တပ်သားများနှင့် မြင်းများကို စစ်မစည်းရုံးနိုင်မီ ရိက္ခာများနှင့် မြင်းစာများကို ပြင်ဆင်ထားရပေမည်။ လုံလောက်သည့် အစားအစာ မရှိဘဲ စစ်တပ်ကြီးတစ်ခုသည် တိုက်ခိုက်စရာပင် မလိုအပ်ဘဲ ပျက်စီးသွားပေလိမ့်မည်။
ကျန်ရှိနေသည့် မဟာထန်စစ်သည် ရှစ်သောင်းကို ကယ်တင်ရန်နှင့် အနောက်တောင်ဘက်ရှိ တိုက်ပွဲ၏လမ်းကြောင်းကို ပြောင်းလဲရန်အတွက် သူသည် ရိက္ခာများလုံးဝ မကုန်ဆုံးသွားမီ ဆောင်ရွက်ရပေမည်။
ဝမ်ချောင်အတွက် အချိန်အများကြီး မကျန်တော့ပေ။
ဝမ်ချောင်၏အကြည့်သည် ပုံစံငယ်အပေါ် ရောက်သွားခဲ့ပြီး အနောက်တောင်ဘက်၏ မြေမျက်နှာသွင်ပြင်ကို သုံးသပ်လိုက်သည်။
မုန့်ရှီကျောက် စစ်သည်သုံးသိန်းနှင့် နာ့ယိ ဝူရှန်းစစ်သည် နှစ်သိန်းတို့သည် စစ်သည်ရှစ်သောင်းမျှက ဆန့်ကျင်တိုက်ခိုက်နိုင်သည့်အရာ မဟုတ်ခဲ့ပေ။
သူ့ဖခင်နှင့် လီကျန်းရီတို့ လက်အောက်ရှိ ထောင်သောင်းချီသော စစ်သည်များဖြင့်ပင် ၎င်းသည် လုံလောက်လိမ့်ဦးမည်မဟုတ်ပေ။
သို့သော် ဝမ်ချောင်တွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထို့ပြင် ခက်ခဲသော်လည်း ၎င်းသည် လူအနည်းငယ်အတွက် အများကြီးကို အနိုင်ယူရန် မဖြစ်နိုင်သည် မဟုတ်ခဲ့ပေ။ အနည်းဆုံး ဝမ်ချောင်အတွက်ဖြစ်၏။
မြေမျက်နှာသွင်ပြင်ကို ကောင်းကောင်းမွန်မွန် အသုံးချခြင်းနှင့် သင့်လျော်သည့် နည်းဗျူဟာများဖြင့် ဤသို့သော အရာတစ်ခုသည် လုံးဝဖြစ်နိုင်ပေသည်။
စစ်ရေးအားလုံးတို့သည် ပရိယာယ်အပေါ် အခြေခံပေသည်။ ဤလောကတွင် မည်သူမျှ ဝမ်ချောင်ထက်ပို၍ ဤစာကြောင်း၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။
ဝမ်ချောင်သည် ကောင်းမွန်သော မြေမျက်နှာသွင်ပြင်ကို ရှာဖွေနေပေ၏။
ရွှစ် ရွှစ် ရွှစ်
အလံငယ် တစ်ခုပြီးတစ်ခု ပုံစံငယ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။ တောင်ကုန်းများ၊ သစ်တောများ၊ ကမ်းပါးများ၊ တောင်တန်းများ... ဝမ်ချောင် အလံများ စိုက်လိုက်သည့် ဤနေရာအားလုံးတို့သည် သူ့စိတ်ထဲ ဝင်ရောက်လာခဲ့ကြသည်။
ပုံစံငယ်သည် ဗလာဖြစ်ပြီး လှုပ်ရှားမှုများ ကင်းမဲ့နေသည်။ သို့သော် ဝမ်ချောင်၏ စိတ်ထဲတွင် စစ်တပ်ကြီးတစ်ခုသည် ၎င်းကိုဖြတ်ကျော် ချီတက်လာနေ၏။
မုန့်ရှီကျောက်စစ်တပ်၊ ဝူရှန်းစစ်တပ်နှင့် မဟာထန် စစ်တပ်တို့သည် ခြင်္သေ့မြို့တော်တွင် စုပြုံနေခဲ့ကြသည်။ ဤစစ်သည်များ အားလုံးတို့သည် သူတို့က အသက်ဝင်လာကြသကဲ့သို့ သူ့စိတ်ထဲတွင် စတင်တိုက်ခိုက်လိုက်ကြသည်။
ဤသည်က အနောက်တောင်ဘက်ရှိ စစ်ပွဲ၏ ပြောင်းလဲမှုများကို ပုံဖော်ရန် သူ့စိတ်စွမ်းအင်ကို အသုံးပြုသည့် ဝမ်ချောင်၏ ပထမဆုံးအကြိမ်ဖြစ်သည်။
စစ်အင်အားသည် ပုံဖော်ခြင်းအပေါ် မှီခိုပေသည်။ ဤသည်က ကွပ်ကဲသူတိုင်း လိုအပ်သည့် စွမ်းရည်တစ်ခုဖြစ်၏။ သို့သော် ကြောက်မက်ဖွယ်အကောင်းဆုံး ကွပ်ကဲသူများသည် ထောင်သောင်းချီသော စစ်သည်များကိုသာ ပုံဖော်နိုင်ကြပေသည်။ မည်သူမျှ သူ့စိတ်ထဲတွင် စစ်သည်ခုနှစ်သိန်း ပါဝင်နေသော စစ်ပွဲတစ်ခုကို ပုံဖော်နေသည့် ဝမ်ချောင်ပြုလုပ်နေသည့် အရာကို မပြုလုပ်ခဲ့ဖူးပေ။
ထို့ပြင် ဤစစ်ပွဲသည် ဂဲလျိုဖန်း၊ ဖုန်းကျားရီ၊ သွမ့်ကောချန်၊ တာ့လန်ရော့ကျန်နှင့် ဟော့ရှုဟွိုင်ချန်းကဲ့သို့ ကျော်ကြားပြီး အားကောင်းသော စစ်သူကြီးများ ပါဝင်နေခဲ့ကြသည်။
ကျော်ကြားသော စစ်သူကြီးများ၏ ပုံစံများကိုဆုပ်ကိုင်ရန် ခက်ခဲလှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအခိုက်တွင် ဝမ်ချောင်ပြုလုပ်နေသည့်အရာကို မြင်လိုက်ရပါက သူတို့သည် သေချာပေါက် အံ့အားသင့်သွားပေလိမ့်မည်။
အကြောင်းမှာ အကယ်၍ လူတစ်ယောက်သည် တာ့လန်ရော့ကျန်နှင့် ဟော့ရှုဟွိုင်ချန်းတို့၏ အဆင့်ရှိ စစ်သူကြီးများ၏ ဆောင်ရွက်မှုများကို ခန့်မှန်းချင်ခဲ့ပါက တစ်ယောက်သည် သူတို့ကို အလွန်အမင်း နက်ရှိုင်းသည့် နားလည်မှုတစ်ခု ရှိရမည်ဖြစ်သည်။ ထို့ပြင် တစ်ယောက်သည် နည်းဗျူဟာတွင် သူတို့ထက်လုံးဝ သာလွန်ရမည်ဖြစ်သည်။
ဤအခြေအနေနှစ်ခုကို ဖြည့်ဆည်းခြင်းကသာ လူတစ်ယောက်သည် ဤစစ်ပွဲကို ချောမွေ့စွာ ပုံဖော်နိုင်ပေမည်။
သို့တိုင် ဤသည်က အတိအကျပင် ဝမ်ချောင် ပြုလုပ်နေသည့်အရာ ဖြစ်၏။
အနာဂတ်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ စစ်သည်ရှစ်သောင်းတို့သည် သူ့နောက်ဆုံးဘဝမှ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့၏။ ဝမ်ချောင်အတွက် နောက်ထပ် ဖြစ်ပျက်မည့်အရာမှာ ကံကြမ္မာ၏ ကန့်သတ်မှုများတွင် မရှိတော့ပေ။ သူသည် သူကိုယ်တိုင်အပေါ်သာ အားကိုးနိုင်ပေ၏။
********************
အခန်း(၄၇၈)
လူအိုကြီးလင်းယုန်ငှက်၏ ပူပန်မှုများ
ဝမ်ချောင်၏စိတ်သည် အဆက်မပြတ် ပုံဖော်နေခဲ့ပြီး အနီရောင် အလံငယ်များ၏ နေရာများသည် အဆက်မပြတ် ပြောင်းလဲနေခဲ့ကြကာ နုတ်ယူခံရလိုက် ပုံစံငယ်ထဲသို့ ပြန်စိုက်ခံရလိုက် ဖြစ်နေခဲ့ကြသည်။
နောက်ဆုံးတွင် သူ့စိတ်ထဲရှိ အရာရာတိုင်းသည် ရှင်းလင်းသွားခဲ့ပြီး ပုံစံငယ်ပေါ်ရှိ အနီရောင် အလံငယ်များ၏ အရေအတွက်သည် ကြီးမားစွာ လျော့ကျသွားခဲ့သည်။ ၇ခု၊ ၈ခုသာ ကျန်ရှိတော့၏။
'စစ်သည်ရှစ်သောင်းမှာ တစ်ဝက်က မြင်းတပ်သားဖြစ်ပြီး ကျန်တစ်ဝက်က ခြေလျှင်တပ်သားဖြစ်တယ်။ သူတို့မှာ လေးသခင်တစ်ဖွဲ့လည်း ရှိတယ်။ သူတို့က ဝူရှန်းစစ်မြင်းတွေကို လွတ်မြောက်နိုင်မှာ မဟုတ်တာကြောင့် သူတို့က တိုက်ခိုက်ရမယ်ဆိုရင် အဆုံးအဖြတ် တိုက်ပွဲက ဒီနေရာမှာ ဖြစ်လိမ့်မယ်။'
ဝမ်ချောင် စိတ်ထဲတွင် ပြောလိုက်ပြီး လက်ညိုးကို ဆန့်ထုတ်လိုက်ကာ ပုံစံငယ်ပေါ် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ ထိုနေရာသည် ဘာမှမဟုတ်ပုံရသော်လည်း ဝမ်ချောင်သည် ဤသည်က အမှန်ပင် အဆုံးအဖြတ်တိုက်ပွဲ နေရာဖြစ်မည်ကို သိပေသည်။ ထိုစစ်သည် ရှစ်သောင်းတို့၏ ကံကြမ္မာနှင့် မဟာထန်ကိုယ်တိုင်၏ ကံကြမ္မာတို့သည် ထိုစက်ဝိုင်း ဘောင်များထဲတွင် ဆုံးဖြတ်သွားပေလိမ့်မည်။
အကွာအဝေး၊ အမြန်နှုန်း၊ ရိက္ခာများ ထိုအချက်အားလုံးကို ထည့်သွင်းတွက်ချက်ပြီးနောက် ထိုနေရာသည် အန်းနန်ကာကွယ်ရေး တပ်အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပေလိမ့်မည်။
'လူတစ်ယောက်က သူတက်နိုင်တာ အကုန်လုပ်ပြီးသွားတဲ့အခါ ကျန်တာတွေက ကောင်းကင်ဘုံအပေါ် မူတည်တယ်။ ကျန်တာတွေက ကံကောင်းမှုပေါ်ပဲ မူတည်ကြလိမ့်မယ်။'
ဝမ်ချောင် ပြောလိုက်ကာ သူ့စိတ်ထဲမှနေ၍ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ပြေလျော့သွားခဲ့သည်။
အမှားတစ်ခုသည် နောက်ထပ်အမှား များစွာကို ဖြစ်စေသည်။ ဤသည်က စစ်ပွဲတစ်ပွဲရှိ ရန်သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းရန် ကြိုးစားခြင်းမပြုမီ လိုအပ်သော အခြေခံ နားလည်မှုတစ်ခုဖြစ်သည်။
ဟော့ရှုဟွိုင်ချန်နှင့် သွမ့်ကောချန်ကဲ့သို့ ကျော်ကြားသော စစ်သူကြီးများနှင့် ရင်ဆိုင်ခြင်း၊ အဆုံးအဖြတ် တိုက်ပွဲ၏ တည်နေရာကို ကြိုတင်ခန့်မှန်းခြင်း၊ သူတို့ကို မျှားခေါ်ခြင်း၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်း... ဤသို့သော စွမ်းဆောင်ချက်တစ်ခုသည် သာမာန်လူတစ်ယောက်အတွက် စိတ်မကူးကြည့်နိုင်အောင် ဖြစ်သည်။
သို့သော် ဝမ်ချောင်အတွက် သန်မာသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ခြင်းက ပြဿနာတစ်ခု လုံးဝမဟုတ်ခဲ့ပေ။
ပြန်လည်မွေးဖွားလာခြင်းက သူ့ကျင့်ကြံခြင်းအဆင့်ကို နိမ့်ကျသွားစေခဲ့သော်လည်း ၎င်းသည် သူ၏နည်းဗျူဟာဆိုင်ရာ သိစိတ်နှင့် အောင်မြင်မှုများကို မပျောက်ပျက်စေခဲ့ပေ။
ဝမ်ချောင်၏စုတ်တံ အံ့မခမ်းအမြန်နှုန်းဖြင့် ပျံဝဲသွားခဲ့ပြီး သူ့စားပွဲပေါ် ပုံကြမ်းတစ်ထပ်ကြီးကို စုပုံလာစေခဲ့ကာ အချိန်သည် ဖြေးညှင်းစွာ ကုန်ဆုံးသွားခဲ့သည်။ တိုက်ပွဲ၏ ရှုပ်ထွေးမှုများသည် ရိုးရှင်းသော ပုံဖော်ခြင်း ဘောင်များထက် ကျော်လွန်ပေသည်။
ဝမ်ချောင်သည် အခြေအနေတ်ိုင်းအတွက် တုန့်ပြန်မှုတစ်ခုကို တည်ဆောက်ပြီး အရာရာတိုင်းအတွက် ပြင်ဆင်ထားရပေမည်။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်၏ ဖြူလျော်နေသော မျက်နှာရှိသည့် ပုံသဏ္ဍန်သည် နောက်ဆုံးတွင် သူ့စာကြည့်ခန်း၏ တံခါးကိုဖွင့်လိုက်ပြီး ထွက်လာခဲ့သည်။
“လူအိုကြီးလင်းယုန်ငှက် ဒီနေရာ သုံးနေရာကို လူတစ်ယောက်စီ လွှတ်လိုက်ပါ။ သူတို့ကို မခြွင်းမချန်လေ့လာစုံစမ်းစေပြီး ငါ့ကိုပေးဖို့ အသေးစိတ်ကျတဲ့ မြေမျက်နှာသွင်ပြင် မြေပုံတစ်ခုကို ဆွဲခိုင်းလိုက်ပါ”
သူ့လက်ထဲတွင် မြေပုံတော်တော်များများ ရှိနေခဲ့ကြ၏။
“ဟုတ်ကဲ့ပါ သခင်လေး”
လူအိုကြီးလင်းယုန်ငှက် ထိုမြေပုံများကိုယူလိုက်ကာ သူ့မျက်လုံးများက ဝမ်ချောင်၏ မျက်လုံးတစ်ဝိုက်ရှိ အနက်ရောင် အကွင်းများကြောင့် စိုးရိမ်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
“ခင်ဗျား မြို့တော်ရဲ့ ဓားဆိုင်တွေကို သူတို့ရဲ့ နောက်သုံးလထုတ်ကုန်တွေကို ဝယ်ယူဖို့နဲ့ သူတို့ကို ငါတို့အတွက် ပစ္စည်းတွေ ထုလုပ်ပေးဖို့ တောင်းဆိုတဲ့အကြောင်း ပြောပြီးပြီလား”
ထောင်ထဲရှိ ကုန်ဆုံးသွားသော အချိန်ကို ပေါင်းထည့်လိုက်ကာ ဝမ်ချောင်သည် အချိန်အကြာကြီး ကောင်းကောင်း အနားမယူခဲ့ရသေးပေ။ သို့သော် ထိုသို့ဆိုလျှင်ပင် ဝမ်ချောင်သည် အနည်းငယ်မျှသော ပင်ပန်းမှုကိုပင် မခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်လုံးများသည် တောက်ပနေကြပြီး သူ့မျက်နှာက စွမ်းအင်ဖြင့် ပြည့်နှက်နေပုံရသည်။
လူအိုကြီးလင်းယုန်ငှက် ခေါင်းငုံ့လိုက်ပြီး ထက်သန်စွာ ဖြေလိုက်သည်။
“သခင်လေးကို တင်ပြပါတယ်။ ကျွန်တော် အိမ်တော်ရဲ့ အစောင့်တွေကို စေလွှတ်ခဲ့ပြီးပေမဲ့ စောနေသေးတယ်။ သခင်လေး ပြန်လွတ်လာခဲ့ကတည်းက သိပ်မကြာသေးဘူး။ ကျွန်တော်တို့က ဓားဆိုင်တွေနဲ့ ဓားပန်းပဲဖိုတွေ အများကြီးနဲ့ ပြောဆိုဆက်သွယ်ခဲ့ပြီးပေမဲ့ သူတို့က ဘာရပ်တည်ချက်ကိုမှ မပြသခဲ့ကြသေးဘူး။ ကျွန်တော်တို့က တုန့်ပြန်မှုတစ်ခုခုကို ကြားရဖို့ အချိန်တစ်ခု စောင့်ကြရလိမ့်မယ်”
သူသည် ဝမ်ချောင်၏ဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့ပါသော်လည်း သူသည် ဝမ်ချောင်သူ့ကို ပေးအပ်လာသည့် အမိန့်များအားလုံးကို ဆောင်ရွက်နေခဲ့ပေသည်။
သို့သော် သာမာန်လူများနှင့် မတူဘဲ လူအိုကြီးလင်းယုန်ငှက် ကိုယ်တိုင်က မလှုပ်ရှားခဲ့သော်လည်း သူ့စာပို့ခိုများနှင့် အမျိုးမျိုးသောငှက်များသည် လုံးဝလှုပ်ရှားမှု မရပ်တန့်ခဲ့ကြပေ။
သို့သော်လည်း ဓားဆိုင်များစွာနှင့် ပန်းပဲဖိုများစွာတို့နှင့် ဆက်သွယ်ခြင်းက အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် အရာမဟုတ်ခဲ့ပေ။ တစ်ညတာသည် သေချာပေါက် မလုံလောက်ခဲ့ပေ။
ထို့ပြင် အမှန်တကယ် ဆွေးနွေးမှုများ၊ စာချုပ်ချုပ်ဆိုခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံး၌ အတည်ပြုခြင်းတို့သည် အချိန်လိုကြပေလိမ့်မည်။
“ဟမ် တကယ်လို့ အချိန်လိုတယ်ဆိုရင် အဲ့ဒါကိုလျော့ချဖို့ ပိုက်ဆံကိုသုံးပါ”
ဝမ်ချောင် ခက်ထန်သည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
သူသည် ငယ်ရွယ်သော်လည်း သူသည် သုံးနှစ်ကလေးလည်း မဟုတ်ပေ။ မြို့တော်ကဲ့သို့ နေရာတစ်ခုတွင် အကယ်၍ အပေးအယူသည် နှေးကွေးစွာ သွားနေခဲ့ပါက ၎င်းသည် ဈေးနှုန်းက မလုံလောက်ဟု ဆိုလိုပေသည်။
“လူအိုကြီးလင်းယုန်ငှက် ငါမင်းကို မေးပါရစေ။ ဝိညာဉ်သွေးကြောကို လေလံပစ်ချိန်က ငါတို့ပိုက်ဆံ ဘယ်လောက်များလာခဲ့သလဲ”
ဝမ်ချောင် မေးလိုက်၏။
သူ၏ရှည်လျားလှသော ဆံပင်၊ ဝတ်ရုံနှင့် လက်နောက်ပစ်ထားခြင်းတို့ဖြင့် သူသည် မြင့်မြတ်သော သခင်လေးတစ်ဦး၏ ကျက်သရေရှိသော ဟန်ပန်တစ်ခုကို သဘာဝဆန်ဆန် ပေးစွမ်းနေခဲ့သည်။ သို့သော် သူသည် စစ်သူကြီးများ၏ မျိုးဆက်တစ်ယောက်၏ ယောက်ျားပီသသော ဟန်ပန်တစ်ခုလည်း ကင်းမဲ့မနေခဲ့ပေ။
“သခင်လေး ခင်ဗျားမမေးခဲ့ရင်တောင် ကျွန်တော် ပြောပြလိမ့်ဦးမယ်။ ဝိညာဉ်သွေးကြောရဲ့ သုံးပုံတစ်ပုံက လက်ရှိမှာ ရောင်းထွက်သွားခဲ့ပြီဖြစ်ပြီး ရွှေပြားသန်းတစ်ထောင့်ရှစ်ရာ တိုးလာစေခဲ့ပါတယ်”
“ရွှေပြားသန်းတစ်ထောင့်ရှစ်ရာလား”
ဝမ်ချောင် သက်ပြင်းရှိုက်လိုက်ကာ အံ့ဩတုန်လှုပ်မှုသည် သူ့မျက်နှာတွင် ထင်ရှားလှသည်။ သူသည် ထိုဆောင်ရွက်မှုများကို အစပြုခဲ့သည့်သူ ဖြစ်သော်လည်း သူသည် သူ့နားများကို မယုံကြည်ရဲခဲ့သေးပေ။ ဤပမာဏသည် သူ၏မူလက မျှော်လင့်ချက်များထက် များစွာကျော်လွန်ခဲ့ပေသည်။
“ဟုတ်ပါတယ် သခင်လေး လေလံဈေးနှုန်းက ကျွန်တော်တို့ရဲ့ မူလခန့်မှန်းမှုတွေကို ကျော်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ရွှေပြားသန်းတစ်ထောင့်ရှစ်ရာလို့ ပြောခဲ့ပေမဲ့ ကျွန်တော်တို့လက်ထဲမှာ ရှိတဲ့ပမာဏက အဲ့ပမာဏအထိ မရောက်ခဲ့ပါဘူး။ ကျွန်တော် လေလံစတင်ချိန်က မဟာကလန်တွေဟာ လက်ထဲမှာ ပိုက်ဆံအများကြီး မရှိကြသေးတာကြောင့် ဒီပမာဏရဲ့ သိသာတဲ့ တစ်စိတ်တစ်ပိုင်းက မဟာကလန်တွေ လိုအပ်တဲ့ ပမာဏကို ရောက်ရှိဖို့ အသုံးပြုခဲ့တဲ့ မြေတွေ၊ စီးပွားရေးတွေနဲ့ ရတနာတွေ ပါဝင်နေခဲ့ပါတယ်”
လူအိုကြီးလင်းယုန်ငှက် တော်တော်လေး တောင်းတောင်းပန်ပန် ပြောလိုက်သည်။
ဝိညာဉ်သွေးကြောသည် မည်သည့်ကလန်မဆို တန်ဖိုးထားလိမ့်မည့် တန်ဖိုးဖြတ်မရသော ရတနာဖြစ်သည်။ သို့သော် မည်သူမျှ ဝမ်ချောင်က ၎င်းကို ဖိနပ်ဟောင်းတစ်ခုကဲ့သို့ စွန့်လွှတ်ပြီး လေလံပစ်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
မြို့တော်၏ ကလန်များသည် အားလုံး အခြေခံအားဖြင့် ရူးသွပ်သွားခဲ့ကြပေသည်။
သို့သော်လည်း ဝိညာဉ်သွေးကြောအတွက် ဈေးနှုန်းသည် အလွန်မြင့်မားနေဆဲဖြစ်ကာ သာမာန် ကလန်တစ်ခုက တက်နိုင်သည့်အရာ မဟုတ်ခဲ့ပေ။ ကလန်များစွာတို့သည် ရွှေနှင့် ကလန်ပိုင်ဆိုင်မှု နှစ်ခုစလုံးတို့ကို ပေးခြင်းဖြင့် ဝိညာဉ်သွေးကြော၏ အစိတ်အပိုင်းတို့ကို ဝယ်ယူခဲ့ကြပေသည်။
ထိုသို့ဆိုလျှင်ပင် တကယ့်ရွှေပမာဏသည် ကြီးမားလှသော ပမာဏ ဖြစ်နေခဲ့သေးသည်။
“ဆိုတော့ ဘယ်လောက်ကျန်ခဲ့လဲ”
ဝမ်ချောင် မေးလိုက်၏။
“ရွှေသန်းနှစ်ရာလောက်ပါ”
လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။
ဤဂဏန်းနှင့် သူပထမဆုံး တင်ပြလိုက်သည့် တစ်ခုတို့ကြား ခြားနားမှုသည် တော်တော်လေး ကြီးမားခဲ့သော်လည်း ၎င်းက တော်တော်လေး အံ့အားသင့်စရာ ကောင်းနေဆဲဖြစ်သည်။ ဝမ်ကလန်သည် မည်သို့သော ကြီးမားသည့် စီးပွားရေးမျှ မရှိခဲ့ပေ။
တစ်ဖက်တွင်မူ တစ်ခြားကလန်များသည် သူတို့ကိုယ်ပိုင် ပိုင်ဆိုင်မှုများမှ အဆုံးမရှိသော ဝင်ငွေစီးကြောင်းတစ်ခု ရှိခဲ့ကြသည်။
အတိအကျပင် ဤအတွေးက လူအိုကြီးလင်းယုန်ငှက်ကို ဥစ္စာပစ္စည်းဖြင့် လေလံဈေးနှုန်း၏ တစ်စိတ်တစ်ပိုင်းကို ပေးဆောင်စေမည့်အကြံကို ရရှိစေခဲ့ပေသည်။ မဟုတ်ပါက ဤများပြားလှသော ရွှေပမာဏကို ရရှိလာရန် ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။
သို့သော် လူအိုကြီးလင်းယုန်ငှက်သည် ဤရွှေအားလုံးတို့ဖြင့် ဝမ်ချောင် ဘာလုပ်ချင်ခဲ့သည်ကို မသိခဲ့ပေ။
“သန်းနှစ်ရာ... လုံလောက်ပါတယ်”
ဝမ်ချောင် သာမန်ကာလျံကာ ပြောလိုက်ကာ သူ့မျက်လုံးများက တည်ငြိမ်ပြီး သူ့အစီအစဉ်များကို ပြုလုပ်လိုက်သည်။
“သန်းတစ်ရာကိုယူပြီး ကလန်အစောင့်တွေကို ပေးလိုက်ပါ။ သူတို့ကို အဲ့ဒီဓားပန်းပဲဖိုတွေနဲ့ ဈေးဆိုင်တွေဆီကို တိုက်ရိုက်သွားခိုင်းပြီး သူတို့နဲ့ ညှိနှိုင်းစေပါ။ ဒီနေ့ပြီးတဲ့အခါ ငါသူတို့ရဲ့အဖြေကို ကြားချင်တယ်။ ကျန်နေတဲ့ သန်းတစ်ရာအနေနဲ့ မြို့တော်ရဲ့ အစွန်အဖျားတွေမှာ ဓားထုလုပ်တဲ့ ကလန်တွေနဲ့ ဓားဆိုင်တွေကို ငါ့ကိုရှာပေးပါ”
“သူတို့ရဲ့ ထုလုပ်တဲ့ စွမ်းရည်တွေက မြို့တော်ရဲ့ လူတွေထက် နိမ့်ကျကြပေမဲ့ ငါထုလုပ်ခိုင်းချင်တဲ့ အရာအတွက် လုံလောက်ပါတယ်”
ဝမ်ချောင် တုန့်ဆိုင်းမနေဘဲ ပြောလိုက်ကာ သူ့မျက်နှာပေါ်တွင် တည်ငြိမ်သည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကို အံ့အားတကြီး ကြည့်လိုက်ကာ စကားပြောချင်နေခဲ့သည်။ ရွှေပြားသန်းနှစ်ရာသည် ဝိညာဉ်သွေးကြောကို လေလံပစ်ခြင်းမှ ရိတ်သိမ်းမှုဖြစ်သည်။ ဤအရာကို ပြုလုပ်ခြင်းဖြင့် ဝမ်ချောင်သည် ညှိနှိုင်းမှုများကို ချောမွေ့စေရန် ပိုက်ဆံကို အသုံးပြုနေပေသည်။
ဤသည်က သာမာန်ထက် များပြားသော ဆုံးရှုံးမှုကို ဖြစ်စေပေလိမ့်မည်။
“ဟုတ်ကဲ့ပါသခင်လေး”
လူအိုကြီးလင်းယုန်ငှက် တုန့်ဆိုင်းသွားခဲ့ကာ အစပိုင်းတွင် တစ်ခြားနည်းလမ်းဖြင့် ပြုလုပ်ရန် ဝမ်ချောင်ကို တိုက်တွန်းချင်ခဲ့သော်လည်း စကားလုံးများက သူ့ပါးစပ်သို့ ရောက်ရှိသွားချိန်တွင် သူသည် သူ့စိတ်ကို ပြောင်းလဲလိုက်သည်။ ဝမ်ချောင်၏ဆန္ဒသည် ခိုင်မာပြီး ပြောင်းလဲရန် မလွယ်ကူလှပေ။ လူအိုကြီးလင်းယုန်ငှက်ပြောလိုက်သည့် အရာတိုင်းက သက်ရောက်မှု ရှိလိမ့်ကြမည် မဟုတ်သည်မှာ ရှင်းလင်းပေသည်။
“အင်း”
ဝမ်ချောင် ခေါင်းညိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“မင်း မြို့တော်ရဲ့ မဟာကလန် အကုန်လုံးကို အကြောင်းကြားပြီးပြီလား။ သူတို့က ဘယ်အချိန် ရောက်လာကြမှာလဲ”
“သခင်လေးရဲ့ စိတ်ဆန္ဒအရ ကျွန်တော် သူတို့အကုန်လုံးကို အကြောင်းကြားပြီးပါပြီ။ သူတို့က လေးနာရီအတွင်း ရောက်လာလောက်တယ်”
လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။
“အင်းငါသိပြီ။ ငါအထဲကိုပြန်သွားပြီး အလုပ်နည်းနည်း လုပ်အုံးမယ်။ သူတို့ရောက်လာတဲ့အခါ ငါ့ကိုလာအကြောင်းကြားပါ”
ဤစကားဖြင့် ဝမ်ချောင်လှည့်လိုက်ပြီး သူ့စာကြည့်ခန်းထဲသို့ လမ်းလျှောက်သွားလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
လူအိုကြီးလင်းယုန်ငှက်၏ အသံသည် သူ့နောက်မှနေ၍ ထွက်ပေါ်လာခဲ့သော်လည်း ချက်ချင်းနီးပါးပင်
ဘုန်း
ကြီးမားလှသော စွမ်းအင်တစ်ခုသည် သူ့နောက်ကျောရှိ သွေးကြောဆုံမှတ်တစ်ခုကို ထိမှန်သွားခဲ့သည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရီသွားခဲ့ပြီး အားအင်အကုန်လုံးသည် ပေါက်သွားသော အိတ်တစ်လုံးကဲ့သို့ သူ့ခန္ဓာကိုယ်ထဲမှ စီးထွက်သွားခဲ့သည်။ အိပ်ချင်နေသည့် ဒီရေလှိုင်းလုံတစ်ခုသည် ချက်ချင်းသူ့ကို လွှမ်းမိုးသွားခဲ့၏။
“လူအိုကြီးလင်းယုန်ငှက်...”
ဤသည်က ဝမ်ချောင်၏စိတ်ထဲရှိ နောက်ဆုံးအတွေးဖြစ်ပြီး သူ့ခန္ဓာကိုယ် ပြိုလဲကျသွားခဲ့သည်။
“သခင်လေး ကျွန်တော်ခင်ဗျားကို အပြစ်ပြုမိခဲ့ပြီ။ ခင်ဗျားတကယ် လိုအပ်နေတဲ့အရာက ကောင်းကောင်း အနားယူတာပဲ။ တကယ်လို့ မင်းက ဒီအတိုင်း ဆက်သွားရင် မင်းလဲကျသွားမှာကို ငါစိုးရိမ်တယ်”
လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကို လှမ်းဖမ်းရန် သွားလိုက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ထောင်ထဲမှနေ၍ အခုအချိန်အထိ ဝမ်ချောင်သည် အမြဲတက်ကြွပြီး အနည်းငယ်မျှ ပင်ပန်းပုံ မပေါ်ခဲ့ပေ။ သို့သော် လူအိုကြီးလင်းယုန်ငှက်သည် သူက အမှန်တကယ်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်ကို ကောင်းကောင်း သိထားပေသည်။
ဤသည်က ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုသက်သက် မဟုတ်ခဲ့ပေ။ သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များသည် သာမာန်လူများ၏ ခန္ဓာကိုယ်များထက် များစွာသန်မာကြသည်။ လူအိုကြီးလင်းယုန်ငှက်၏ အမှန်တကယ် စိုးရိမ်ပူပန်မှုမှာ ဝမ်ချောင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်၏။
ဝမ်ချောင်၏စိတ်သည် လဝက်ကျော် အကျဉ်းချခံထားရစဉ် ကာလအတွင်း စွမ်းဆောင်ရည်အပြည့်ဖြင့် အလုပ်လုပ်နေခဲ့သည်။ လူအိုကြီးလင်းယုန်ငှက် သူ့ကို ထောင်ထဲတွင် တွေ့ခဲ့သည့် အကြိမ်အနည်းငယ်တွင် သူသည် အဆက်မပြတ် ရေးဆွဲနေခဲ့ပေသည်။
သူသည် ဝမ်ချောင် ရေးသားနေခဲ့သည့် အရာကို နားမလည်ခဲ့သော်လည်း လူအိုကြီးလင်းယုန်ငှက်သည် ၎င်းက တိုင်းပြည်၏ အနောက်တောင်ဘက် ဒေသနှင့် သက်ဆိုင်ရမည်ကို လုံးဝခန့်မှန်းနိုင်စွမ်း ရှိခဲ့ပေသည်။
လူတစ်ယောက်သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဤပင်ပန်းမှု အခြေအနေအထိ ခွင့်မပြုနိုင်ပေ။ လူအိုကြီးလင်းယုန်ငှက်သည် အကယ်၍ ဝမ်ချောင် ဤပုံစံအတိုင်း ဆက်သွားခဲ့ပါက သူ သူ့ကိုယ်သူ ချုံးချုံးကျသွားစေလိမ့်မည်ကို စိုးရိမ်ခဲ့ပေသည်။
“ကောင်းကောင်းအနားယူပါ သခင်လေး။ ကျန်တာတွေကို ကျွန်တော်ဆီ ထားလိုက်ပါ”
လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကို အိပ်ယာပေါ် တင်လိုက်ပြီးနောက် အခန်းနှင့် အိမ်တော်မှ ထွက်ခွာသွားခဲ့သည်။ ဝမ်ချောင်သည် ဦးတည်ချက်များကို ညွှန်ပြခဲ့ပြီဖြစ်သောကြောင့် သူသည် ကျန်သည့်အရာများကို ကိုင်တွယ်ရပေမည်။
********************
အခန်း(၄၇၉)
ခန်းမထဲတွင်ဆွေးနွေးခြင်း(၁)
ဝမ်ချောင် လေးနာရီကြာပြီးနောက် နိုးထလာခဲ့၏။
“သခင်လေး မဟာကလန်တွေဆီက ကိုယ်စားပြုသူတွေအားလုံး ရောက်နေကြပါပြီ”
သူသည် ရင်းနှီးနေသော အသံတစ်ခုကို သူ့နားထဲတွင် ကြားလိုက်ရသည်။ သူ့မျက်လုံးများကိုဖွင့်ကာ ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်က သူ့အိပ်ယာဘေးတွင် မတ်တပ်ရပ်နေပြီး ရိုသေလေးစားစွာ ဦးညွှတ်နေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
ဝမ်ချောင်တခဏမျှ အေးခဲသွားပြီးနောက် နားလည်နေသည့် ခါးသီးသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“လူအိုကြီးလင်းယုန်ငှက် မင်းမှာကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိတာငါသိပေမဲ့ မင်းဒါကို နောက်တစ်ခါ လုပ်လို့မရဘူး”
“ဟုတ်ကဲ့ပါ သခင်လေး လူအိုကြီးလင်းယုန်ငှက် သိပါပြီ”
လူအိုကြီးလင်းယုန်ငှက် အတွန့်မတက်ခဲ့ပေ။
ဝမ်ချောင်ထိုကိစ္စကို ထိုနေရာတွင် ထားလိုက်၏။ လူအိုကြီးလင်းယုန်ငှက်တွင် ဆိုးရွားသော အကျင့်စရိုက် မရှိခဲ့ပေ။ ဝမ်ချောင်သည် သူက ၎င်းကို သူ့ကောင်းကျိုးအတွက် ပြုလုပ်ခဲ့သည်ကို သိပေသည်။ သို့သော် အချိန်သည် တိုတောင်းလှပြီး သူ့တွင် သူကိုင်တွယ်ရန် လိုအပ်သည့် ကိစ္စများစွာ ရှိပေသည်။ သူသည် သူ့ကိုယ်သူ မည်သို့ အနားယူခွင့် ပြုနိုင်မည်နည်း။
“သူတို့တွေ ဘယ်မှာလဲ”
ဝမ်ချောင် မေးလိုက်၏။
“ဧည့်ခန်းမထဲမှာပါ ကျွန်တော်သူတို့ကို သေသေချာချာ ဧည့်ခံပြီးနောက်မှသာ သခင်လေးကို လာအကြောင်းကြားခဲ့တာပါ”
လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။
ဝမ်ချောင် သက်ပြင်းရှိုက်လိုက်ပြီး ခေါင်းညိမ့်လိုက်ကာ သူ့အခန်းထဲမှ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
***
ဝမ်ကလန်၏ ဧည့်ခန်းမသည် လူများပြည့်ကျပ်နေ၏။
မဟာကလန်များမှ ကိုယ်စားပြုသူများသည် အခန်းထဲ ပြည့်နှက်နေခဲ့သည်။ ဝမ်ကလန်သည် ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်တစ်ခုဖြစ်သောကြောင့် ၎င်း၏ အဆင့်အတန်းသည် အခြားမဟာကလန်များစွာထက် ပို၍မြင့်မားပေသည်။ သာမာန်ကလန်များသည် ၎င်း၏ အဓိကဂိတ်တံခါးကို ဖြတ်ကျော်ခွင့်ပင် ရှိလိမ့်မည်မဟုတ်ပေ။
ထို့ပြင် ဝမ်ကလန်သည် ၎င်းသခင်ကြီး၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး အလွန်တင်းကြပ်သော စည်းမျဉ်းများ ရှိသောကြောင့် တစ်ခြားကလန်များကို ၎င်း၏အိမ်တော်ထဲသို့ ရှားရှားပါးပါးသာ ဖိတ်ခေါ်ခဲ့ပေသည်။
ဤမဟာကလန်များစွာအတွက် ဤသည်က ဝမ်ကလန် အိမ်တော်ထဲသို့ ဖိတ်ခေါ်ခံခဲ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော်လည်း ခန်းမထဲရှိလေထုသည် အနည်းငယ်မျှပင် သဟဇာတ ဖြစ်မနေခဲ့ပေ။
“ဝမ်ကလန်က ဘာလုပ်ဖို့ ကြံနေတာလဲ”
“ငါတို့က အချိန်အကြာကြီး စောင့်ခဲ့ပြီးပြီ ဖြစ်တာကြောင့် ဘာလို့ တစ်ယောက်မှ ထွက်မလာသေးတာလဲ”
“ဒါက သူတို့ငါတို့ဆီက လူတွေချေးငှားချင်တဲ့အခါ ဝမ်ကလန် ပြုမူတဲ့ပုံစံလား”
“ဟမ် ဒီလူငှားတာက ဘာလဲ။ မင်းတို့ သဘောတူခဲ့ကြလား။ ငါသေချာပေါက် သဘောမတူခဲ့ဘူး။ ဝမ်ကလန်မှာ ဒီတောင်းဆိုချက်ကို ပြုလုပ်ရခြင်းအတွက် ဘာအကြောင်းပြချက် ရှိမလဲဆိုတာ သိချင်တယ်”
“အဲ့ဒါမှန်တယ်.. အဲ့ဒါမှန်တယ်။ ရိုသေလေးစားခံရတဲ့ မြို့စားကြီးကျူးကတောင် ဒီလိုအရာကို ပြုလုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား။ ငါတို့ကိုယ်တိုင်က အစစ်အမှန် သိုင်းနယ်ပယ် စစ်သည်တော်အများကြီး မရှိတာကြောင့် သူတို့ကို ဝမ်ကလန်ဆီ ငါတို့ဘာလို့ ငှားရမ်းရမှာလဲ။ ပြီးတော့ သူတို့က အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေး အဆင့်ငါးတွေကိုတောင် တောင်းဆိုနေတယ်”
***
ခန်းမထဲရှိ လူအုပ်ကြီးသည် စကားဝိုင်းဖြင့် ဆူညံနေခဲ့သော်လည်း လေထုသည် သိပ်ရင်းရင်းနှီးနှီး မရှိခဲ့ပေ။
“ဒီလူတွေ”
ဤသည်က သူဝမ်ချောင်ကို လမ်းပြလာချိန် လူအိုကြီးလင်းယုန်ငှက်အား မိတ်ဆက်လိုက်သည့် မြင်ကွင်းဖြစ်ပြီး လူအိုကြီးလင်းယုန်ငှက်၏ မျက်ခုံးကို မြင့်တက်သွားစေခဲ့သည့် မြင်ကွင်းဖြစ်သည်။
“ရပါတယ်”
ဒေါသထွက်နေသည့် လူအိုကြီးလင်းယုန်ငှက် ထိုလူများကို ရိုက်နှက်သင်ခန်းစာပေးခြင်းမှ ပြန်ဆွဲထားလိုက်ကာ ဝမ်ချောင်တခစ်ခစ် ရယ်မောလိုက်သည်။ လူအိုကြီးလင်းယုန်ငှက်နှင့်မတူဘဲ ဝမ်ချောင်သည် ဖြစ်ပျက်နေသည့်အရာကို သိရှိရန် အခန်းထဲသို့ တစ်ချက်ဝေ့ကြည့်ရန်သာ လိုအပ်ခဲ့သည်။
“ဒီမှာရှိတဲ့ တစ်ယောက်ယောက်က စကားဝိုင်းကို ဦးဆောင်နေတာပဲ”
ဝမ်ချောင် နူးညံ့စွာ ပြောလိုက်ကာ အခြေအနေများသည် သူ့မျက်လုံးထဲ၌ ကျောက်သလင်းကဲ့သို့ ရှင်းလင်းလှသည်။
မြို့တော်တွင် မဟာကလန်များစွာ ရှိကြသော်လည်း သူတို့အားလုံးတို့သည် သူတို့၏ တန်ဖိုးထားရသော အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေး အဆင့်ငါး ကျွမ်းကျင်သူတွေကို အခြားလူများဆီသို့ ချေးငှားရန် အလွန်တွန့်ဆုတ်ကြပေလိမ့်မည်။
သို့သော် ဤလူများအားလုံးတို့အတွက် တစိတ်တဝမ်းထဲ ဖြစ်ရန်မှာ ဝမ်ကလန်၏ ဧည့်ခန်းမတွင် အားလုံးတညီတညွှတ်ထဲ ရုတ်ရုတ်သဲသဲ ပြုလုပ်ရန်မှာ လုံးဝသာမာန်မဟုတ်ပေ။ အကယ်၍ နောက်ခံတွင် ပြဿနာများ ဖန်တီးနေသည့် တစ်ယောက်ယောက် မရှိခဲ့ပါက ဤလူအုပ်ကြီးသည် ၎င်းတို့၏ ရှုံ့ချခြင်းတွင် ထိုမျှစည်းလုံးခဲ့ကြလိမ့်မည် မဟုတ်ပေ။
သို့သော် ဝမ်ချောင် ထိုမျှအများကြီး ဂရုမစိုက်ခဲ့ပေ။
အကယ်၍ ဤဆောင်ရွက်မှုတွင် သူယုံကြည်ချက် မရှိခဲ့ပါက သူသည် ဝံ့ရဲခဲ့လိမ့်မည် မဟုတ်ပေ။ သူသည် ဤမဟာကလန်များကို သူ့အား သူတို့၏ ကျွမ်းကျင်သူများ ချေးငှားရန် စည်းရုံးနိုင်ရုံသာ ယုံကြည်ချက် ရှိခဲ့ခြင်းမဟုတ်ပေ။ သူသည် နောက်ဆုံးတွင် ပြဿနာကို ဖန်တီးနေပြီး စကားဝိုင်းကို ဦးဆောင်နေသည့် ထိုလူများသည်ပင် သူတို့ကသူ့အား သူတို့၏အစောင့်များကို ချေးငှားရန် ပျော်ရွှင်သွားလိမ့်မည်အထိ ယုံကြည်မှုရှိပေသည်။
အမှန်တွင် ထိုအချိန်ရောက်လာပါက သူသည် သူတို့ကို တောင်းပန်နေလိမ့်မည် မဟုတ်ပေ။ သူတို့သည်သူ့ကို တောင်းပန်နေပေလိမ့်မည်။
“ကျွန်တော်လူတိုင်းကို စောင့်စေမိပါပြီ”
သူ့လက်မောင်းအိုးကို တစ်ချက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဝမ်ချောင်သည် ခန်းမထဲသို့ ဝင်ရောက်လာခဲ့ပြီး လူအိုကြီးလင်းယုန်ငှက်က သူ့ဘေးတွင် ရှိနေခဲ့သည်။
“အဲ့ဒါသခင်လေးပဲ”
“သခင်လေးချောင် ရောက်လာပြီ”
ဝမ်ချောင်၏ ဝင်ရောက်လာမှုသည် လူအုပ်ကြီး၏အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ အကြည့်တစ်ချက်ဖြင့် ဝမ်ချောင်သည် ခန်းမထဲရှိ လူဦးရေသည် တော်တော်လေး ကြီးမားသော်လည်း ၎င်းက သူအမှန်တကယ် ဖိတ်ခေါ်ထားခဲ့သည့် အရေအတွက်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ကို ဝမ်ချောင် ပြောနိုင်ပေသည်။
ထို့ပြင် ဤလူများစွာတို့သည် ဤမဟာကလန်များ၏ တကယ့်အဖွဲ့ဝင်များ မဟုတ်ခဲ့ကြဘဲ သူတို့၏ ငယ်သားများ ဖြစ်ကြပေသည်။
'သူတို့ကို တစ်ခြားတစ်ယောက်ယောက်က အလွယ်တကူ သွေးထိုးနိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး။'
ဝမ်ချောင် ကိုယ့်ကိုယ်ကို ပြောလိုက်ကာ ချက်ချင်း အရာရာတိုင်းကို နားလည်သွားခဲ့သည်။
“သခင်လေးချောင် မင်းဒီလူတွေကို ဘာအတွက် ငှားရမ်းချင်တာလဲ”
“သခင်လေးချောင် မြို့စားကြီးကျူးက လူတွေရဲ့ ရိုသေလေးစားခြင်းကို အမြဲခံခဲ့ရတယ်။ တကယ်လို့ ဝမ်ကလန်က လိုအပ်ရင် ကျွန်တော်တို့ လီကလန်က ကူညီဖို့ အကောင်းဆုံး လုပ်ဆောင်ပါ့မယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကတောင် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးနဲ့ အဆင့်ငါး ကျွမ်းကျင်သူတွေ လိုအပ်နေခဲ့ကြတယ်”
“သခင်လေးချောင် ကျွန်တော်တကယ့်ကို စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ကလန် အကြီးအကဲတွေက အခုတလော မအားကြတာကြောင့် ကျွန်တော်တို့ သင့်ရဲ့တောင်းဆိုချက်ကို အချိန်တစ်ခုအထိ အဖြေပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် သခင်လေးချောင်ကို တောင်းပန်ဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ။ သခင်လေးချောင်က ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
“သခင်လေး ဒီပင်လယ်နက် ရွှမ်ပုလဲလုံးနှစ်ခုက ကျွန်တော်တို့ ယုကလန်ရဲ့ စေတနာကို ကိုယ်စားပြုပါတယ်။ အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်နဲ့ပတ်သတ်ပြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ အဲ့ဒါကို မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ယုကလန်က လူအင်အားမှာ ချို့တဲ့နေခဲ့ပြီးပါပြီ။ ဒါကြောင့်သင်က အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ကို လက်ခံချင်မလားဆိုတာ ကျွန်တော်သိပါရစေ”
***
ဝမ်ချောင် အေးစက်စွာ လုပ်ငန်းဆောင်တာများကို ကြည့်ရှု့နေခဲ့သည်။ ခန်းမထဲတွင် လူပေါင်းစုံ ရှိခဲ့ကြပေ၏။ သူတို့ထဲမှ အချို့တို့သည် တိုက်ရိုက်ငြင်းဆန်ခဲ့ကြပြီး အချို့သည် ဆင်ခြေဆင်လက် တစ်ခုပေးခဲ့ကာ ဝမ်ကလန်၏ သြဇာကို ကြောက်ရွံ့နေခဲ့ပြီး တစ်ခြားလူများသည် တောင်းဆိုထားသည့် လူအရေအတွက်ကို လျော့ချရန် ညှိနှိုင်းချင်ခဲ့ကြသည်။
သူသည် သူ့သွေးကြောဆုံမှတ်သို့ ရောက်ရှိလာခဲ့သည့် လူအိုကြီးလင်းယုန်ငှက် တိုက်ခိုက်မှုကြောင့် အိပ်မောကျနေခဲ့ချိန် အမှောင်ထဲရှိထိုလူသည် စကားဝိုင်းကို ဦးဆောင်ရန် သူတို့ရဲ့ကြိုးပမ်းမှုတွင် အလွန်သက်ရောက်မှုရှိခဲ့ကြောင်း သက်သေပြသွားခဲ့သည်။
သို့သော် ဝမ်ချောင်သည် ဤရလဒ်ကြောင့် လုံးဝအံ့မသြခဲ့ပေ။
အစစ်အမှန်သိုင်းနယ်ပယ်နှင့် အထက်တို့ရှိ ကျွမ်းကျင်သူများသည် မဟာကလန်များအတွက် အလွန်အမင်း အရေးကြီးကြပေသည်။ ထို့ပြင် တော်ဝင်ရုံးတော်သည် မဟာကလန်များ၏ ကျွမ်းကျင်သူများကို အမြဲတင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သည်။
မဟာကလန်တစ်ခုချင်းစီသည် စစ်တပ်တွင်ဖြည့်စွက်ရန် ခွဲတမ်းတစ်ခု ရှိကြပြီး ကလန်တစ်ခု ကျွမ်းကျင်သူများစွာ ရှိလာခဲ့ပါက သူတို့သည် စစ်တပ်၏ တေးသွားကိုလိုက်ပါရန် စစ်တပ်ထဲသို့ ဝင်ရောက်ရန် ချက်ချင်း အမိန့်ပေးခံရပေလိမ့်မည်။
ရလဒ်အနေဖြင့် ကလန်များ၏ ထိန်းချုပ်မှုအောက်ရှိ ကျွမ်းကျင်သူ အရေအတွက်များသည် အကန့်အသတ်တစ်ခု အမြဲရှိခဲ့သည်။ ထို့ပြင် ကလန်ကျွမ်းကျင်သူများသည် ရွှေနှင့် ငွေကဲ့သို့ တစ်ခြားလူများကို ချေးငှား၍မရနိုင်သည့် အထူးအရင်းအမြစ်တစ်ခု ဖြစ်သည်။
၎င်းသည်လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပေ၏။ အကယ်၍ ကလန်တစ်ခုသည် ပါရမီရှိသော သို့မဟုတ် သန်မာသော တစ်စုံတစ်ယောက်ကို တွေ့ရှိခဲ့ပါက သူတို့သည် သူတို့ကို ခေါ်ယူရန် အားတက်သရော် ကြိုးပမ်းကြပေလိမ့်မည်။ သူတို့သည် ဤကျွမ်းကျင်သူများကို တစ်ခြားလူများအား ဘာကြောင့် ချေးငှားချင်လိမ့်မည်နည်း။
ဟိုးအစကတည်းက ဝမ်ချောင်၏ တောင်းဆိုမှုသည် ဖြည့်ဆည်းရန် မဖြစ်နိုင်လုနီးပါး ဖြစ်ပေသည်။
“ဟမ် ဒါက အစစ်အမှန် သိုင်းနယ်ပယ်အဆင့်လေးနဲ့ အဆင့်ငါးမှာရှိတဲ့ ကျွမ်းကျင်သူ နှစ်ဆယ်ပဲမဟုတ်လား။ ဒီတစ်ယောက်က မင်းကို အယောက်လေးဆယ် ချေးငှားမယ်”
လူတိုင်းက ဆင်ခြေဆင်လက်ပေးခြင်း သို့မဟုတ် ငြင်းဆန်ခြင်း ပြုလုပ်နေချိန်တွင် အသံတစ်ခုသည် လူအုပ်ကြီး၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။
တခဏမျှ ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။ လူတိုင်းသည် တမူထူးခြားသော အလွန်အမင်း တည့်တိုးဆန်ကာ ပြောင်ပြောလိုက်သည့် လူငယ်သခင်လေးကို လှည့်ကြည့်လိုက်ကြသည်။
“ဟမ် ငါကဘယ်သူများလဲလို့.. ဆိုတော့ ဝေ့ဟိုပေါ့။ မင်းက ဝမ်ချောင်နဲ့ ငယ်သူငယ်ချင်းတွေပဲလေ။ ဆင်တူဘောင်းဘီအစုံကို မျှဝတ်ခဲ့ကြတဲ့ ညီအစ်ကိုတွေပဲလေ။ ဒါပေါ့ မင်းက သူ့ကို သေချာပေါက် အစောင့်တွေ ငှားရမ်းလိမ့်မယ်”
လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသော ဘက်ပဲ့နေသည့် အသံတစ်ခုသည် လူတိုင်း၏နားထဲသို့ လျှင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
“ဒါပေမဲ့ ဝေ့ဟို ငါမင်းကို တစ်ခုပဲမေးချင်တယ်။ မင်းက မင်းဟာ သူ့ကို အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူ အယောက်လေးဆယ် ချေးငှားလိမ့်မယ်လို့ အေးအေးလူလူ ကြေညာခဲ့ပေမဲ့ သူတို့တွေက တကယ်ပဲ မင်းရဲ့လူတွေလား။ ငါမှတ်မိတာ မမှားရင် မင်းမှာအစ်ကိုနှစ်ယောက် ရှိတယ်မဟုတ်လား။ မင်းက သူတို့ကိုရော မင်းရဲ့အဖေ မြို့စားဝေ့ကိုရော အရင်မေးရမှာမဟုတ်ဘူးလား”
ငွေရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လူအုပ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။ သူသည် ကြံ့ခိုင်သော ခန္ဓာကိုယ်တစ်ခုရှိပြီး ကလန်တစ်ခု၏ အဆင်တန်ဆာကို သူ့ရင်ဘက်တွင် ဝတ်ဆင်ထားခဲ့သည်။ သူသည် ကလန်အချို့မှ အစောင့်တစ်ယောက် ဖြစ်သည်မှာ ထင်ရှားလှ၏။
*********************
အခန်း(၄၈၀)
ခန်းမထဲတွင်ဆွေးနွေးခြင်း(၂)
“ဟမ် မင်းကိုစုပိုင်က စေလွှတ်လိုက်တာလား။ ခွေးကောင် သူကမင်းကို လွှတ်လိုက်တာကြောင့် သူကဒီမှာပဲ ရှိရမယ်။ စုပိုင် ခွေးမသား မင်းမျက်နှာကို ပြလိုက်စမ်း”
ဝေ့ဟို ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ကာ သူ၏ ဝံပုလွေကဲ့သို့ အကြည့်သည် လူအုပ်ကြီးကို ဖြတ်သန်းသွားခဲ့သည်။ သူ့တွင် စုပိုင်အား ယဉ်ကျေးနေစရာ အကြောင်းမရှိပေ။ အကယ်၍ ထိုကောင်သည် ပြဿနာရှာရန် လူများစေလွှတ်ရဲခဲ့ပါက သူသည် သူ့အား ကြင်နာစွာဆက်ဆံရန် တာဝန်မရှိပေ။
“အဓိပ္ပာယ်မရှိတာ မပြောနဲ့။ ငါတို့သခင်လေးက လာတောင် မလာခဲ့ဘူး။ ဒါ့အပြင် ငါတို့ကို ဖိတ်ခေါ်ခဲ့တဲ့လူက မင်းရဲ့ညီအစ်ကိုကောင်း ဝမ်ချောင်ပဲ။ အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ထိုမြို့စားစုအစောင့် ပြန်၍သရော်လိုက်သည်။
သူလက်ခံရရှိခဲ့သည့် အမိန့်သည် ဝမ်ချောင်၏ ဤလုပ်ငန်းဆောင်တာကို အတက်နိုင်ဆုံး ဖျက်ဆီးပစ်ရန်ဖြစ်သည်။ သို့သော်လည်း သူသည် ဤအမိန့်ကို မရရှိခဲ့လျှင်ပင် မြို့စားစုသည် သူ့အတွက် ဖြစ်ပျက်နေသည့် အရာအတိအကျကို လာရောက်ကြည့်ရှုရန် ရည်ရွယ်ထားခဲ့သည်။
သနားစရာကောင်းသည်မှာ စုပိုင်၏လက်ထဲတွင် ဤအမိန့်များသည် တစ်ကိုယ်ကောင်းဆန်သော ဆိုးရွားသည့်အရာများ ဖြစ်လာခဲ့ကြပြီး သူသည် ဝမ်ချောင်၏ လုပ်ငန်းဆောင်တာကို မည်သည့် တန်ဖိုးဖြင့်မဆို ဖျက်ဆီးပစ်ရန်အထိ တောင်းဆိုနေခဲ့ပေသည်။
“ဝမ်ချောင် စုပိုင်မှာ ဒီခွေးမသားကို စေလွှတ်ခြင်းနဲ့ ဘာကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိနိုင်ဘူး။ ပြောပဲပြောလိုက် ငါသူ့ကိုကန်ထုတ်ပေးမယ်”
ဝေ့ဟို လူအုပ်ကြီးထဲမှ တိုးထွက်လာခဲ့ကာ ဝမ်ချောင်ဘေးသို့ လာလိုက်ပြီး ဒေါသဖြင့် ဗလောင်ဆူနေခဲ့သည်။
ဝမ်ချောင်နှင့် အတူတကွ ကြီးပြင်းလာခဲ့သည့် ညီအစ်ကိုတစ်ယောက်အနေနှင့် သူ့တွင် ဝမ်ကလန် အိမ်တော်အကြောင်း ကောင်းမွန်သော နားလည်မှုတစ်ခု ရှိသော်လည်း ဝေ့ဟိုသည် ဤသည်က အမှန်တကယ် မည်သူ့အိမ် ဖြစ်သည်ဆိုသည်ကို နားလည်ထားဆဲဖြစ်သည်။
ဤစုဝေးခြင်းကို ဝမ်ချောင်က ခေါ်ဆိုခဲ့သောကြောင့် ဤအခမ်းအနားတွင် မကြိုဆိုသည့် ပြဿနာရှာသူများအား မည်သို့ကိုင်တွယ်ရမည် ဆိုသည်ကို ဝမ်ချောင်သာ ဆုံးဖြတ်နိုင်ပေသည်။
“ရပါတယ်”
အပြုံးတစ်ခုဖြင့် ဝမ်ချောင် ဒေါသထွက်နေသည့်ဝေ့ဟိုကို ဆွဲထားလိုက်သည်။
“စိတ်နည်းနည်းလျော့ပါ။ ငါကမြို့စားစုရဲ့လူတွေကို ဖိတ်ခေါ်ခဲ့တဲ့လူပဲ”
“ဘယ်လို”
ဒေါသထွက်နေသည့် ဝေ့ဟိုသည် ဤစကားများကြောင့် ကြက်သေ သေသွားခဲ့ကာ သူ့မျက်နှာသည် ထိတ်လန့်တုန်လှုပ်စွာ အေးခဲသွားခဲ့သည်။ သူသည် စုပိုင်က ပြဿနာရှာရန်သက်သက်ဖြင့် လူများကို စေလွှတ်ခဲ့သည်ဟု ထင်မြင်ထားခဲ့သည်။
သူသည် ဝမ်ချောင်က သူတို့ကိုအထူးတလည် ဖိတ်ကြားထားခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“မင်းက သူနဲ့အမြဲ ကျွဲတစ်ဖက်နွားတစ်ဖက် ဖြစ်နေခဲ့တာ မဟုတ်လား။ ဘာလို့မင်းကသူ့ကို ရုတ်တရက် ဖိတ်ခေါ်ခဲ့ရတာလဲ”
ဝေ့ဟိုတွင် ယုံရခက်သော အကြည့်တစ်ခုရှိပြီး အမှန်တရားကြောင့် လုံးဝအံ့အားသင့်သွားခဲ့သည်။
“ဟား ဟား ခဏနေ ငါမင်းကိုပြောပြမယ်”
ဝမ်ချောင် ပြောလိုက်သော်လည်း ထပ်မရှင်းပြတော့ပေ။
အနောက်တောင်ဘက်၏ ပြဿနာသည် တိုင်းပြည်၏ ရန်သူများ ပါဝင်နေခဲ့ပြီး ဝမ်ကလန်နှင့် စုကလန်တို့ကြား ကိစ္စသည် ကိုယ်ရေးကိုယ်တာ ရန်ငြိုးတစ်ခုမျှသာဖြစ်ကာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို အနောက်တောင်ဘက်တွင် ဖြစ်ပျက်တော့မည့် အရာနှင့် နှိုင်းယှဉ်ပါက မည်သည့်အရာက ပိုအရေးကြီးသနည်း။
၎င်းသည် သူ၏လက်ရှိ တာဝန်အတွက် အကျိုးရှိသရွေ့ ၎င်းသည် တိုင်းပြည်နှင့် ၎င်း၏ သန်းပေါင်းများစွာသော နေထိုင်သူများကို ဤဒုက္ခကြီးအား ရင်ဆိုင်ရန်နှင့် ဤမုန်တိုင်းကို ဖြတ်ကျော်ရာတွင် ကူညီနိုင်သရွေ့ တစ်ခြားဘာကမှ ဝမ်ချောင်အတွက် အရေးမကြီးကြပေ။
“ဟမ် ဝမ်ချောင် ဒီအယုတ်တမာကောင်ကို ဂရုမစိုက်နဲ့။ အဲ့ဒါက အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်ကျော်ပဲ မဟုတ်လား။ ငါ့ရဲ့ပိုင်ကလန်မှာ သူတို့တွေ ရှိရုံသာမကဘူး အများကြီးရှိတယ်”
လူအုပ်ထဲမှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့ကာ ပိုင်စီလင်း လူအုပ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်ထဲမှာပင် သူရဲကောင်းဆန်ကာ ဆွဲဆောင်မှုရှိသော သူမ၏ခေါင်းကို မော့ထားခဲ့သည်။
သူမ ဝမ်ချောင်ဆီသို့ လျှောက်လာသည်နှင့် လေးနက်သော အဓိပ္ပာယ်တစ်ခုကို ပြောဆိုဆက်သွယ်လိုက်သကဲ့သို့ သူ့အတွက် သူမ မျက်တောင် ခတ်ပြလိုက်သည်။
ဝေ့ဟို ဝမ်ချောင်ဆီသို့ ကိုင်းလိုက်ပြီး သူ့ကိုတိုးတိုးလေး ပြောလိုက်သည်။
“ငါတို့ မူလက မင်းကိုလာရှာချင်ခဲ့ပေမဲ့ ဖြစ်ချင်တော့ မင်းကအိပ်ပျော်နေတယ်။ ပိုင်စီလင်းကလည်း မင်းဖိတ်ခဲ့တဲ့ ဒီလူတွေ အားလုံးထဲမှာ ပြဿနာဖန်တီးသူတွေ သေချာပေါက် ရှိနေတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သူမက ငါတို့ မင်းကို တွေ့ဖို့အလျင်မလိုဘဲ လူအုပ်နဲ့အတူ အရင်ဆုံး ရောနေဖို့ အကြံပြုခဲ့တယ်”
သူသည် လေ့ကျင့်ရေးစခန်းတွင် အချိန်များစွာ မဖြုန်းခဲ့သော်လည်း သူသည် ဝမ်ချောင်ဘေးရှိ လူများကို တစ်ကြိမ်ထက်မက တွေ့ဆုံခဲ့ဖူးသောကြောင့် သူသည် သူမ၏နာမည်ကို သူမ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် ရရှိခဲ့သည့် ပိုင်ကလန်၏ ပိုင်စီလင်းကို သိရှိခဲ့ပေသည်။
“ဟား ဟား သခင်လေးဝမ်က လိုအပ်တယ်ဆိုရင် မင်းကငါတို့ ရှု့ကလန်ကိုလည်း ထည့်တွက်လို့ရတယ်”
တစ်ဖက်တွင်မူ ရှု့ကန်းသည် ပိုင်စီလင်းနှင့် ပူးပေါင်းထားခဲ့ပြီး လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူသည် ပိုင်စီလင်းလောက် စကားပြောမကောင်းသော်လည်း သူမနှင့်ပူးပေါင်းရန်မှာ သူ့အတွက် လုံလောက်ပေသည်။
“ဟား ဟား ဒါဆို ငါတို့ကိုလည်း ထည့်တွက်လိုက်”
နီရဲသော တိမ်တိုက်တစ်ခုကဲ့သို့ သူမ၏နဖူးပေါ်တွင် အနီရောင် အစက်တစ်ခုဖြင့် အနီရောင် ဝတ်ဆင်ထားသော ကျိုးယာ့ထုံသည် လူအုပ်ထဲမှနေ၍ မဆိုင်းမတွ ထွက်လာခဲ့ပြီး ရင်သပ်ရှု့မောဖွယ် လှပနေခဲ့သည်။
ဘုန်း
ရှု့ကလန်နှင့် ကျိုးကလန် နှစ်ခုစလုံးတို့သည် မြို့တော်တွင် အလွန်သြဇာကြီးမားသော ကလန်များ ဖြစ်ကြပြီး ပိုင်စီလင်း၏ ပိုင်ကလန်သည် ရှေးအကျဆုံးထဲတွင် ပါဝင်ကာ ၎င်း၏သြဇာသည် ဝမ်ကလန်နှင့် အဆင့်တူဖြစ်သည်။
ဤလူသုံးယောက်တို့ ရှေ့ထွက်လာခြင်းက လူအုပ်ကြီးကို တီးတိုးသံဖြင့် ဆူညံသွားစေခဲ့၏။ လူအုပ်ကြီး၏ ကဏှာမငြိမ် ဖြစ်မှုမှနေ၍ မည်သူကမျှ ဤမြင်ကွင်းကို မမျှော်လင့်ထားခဲ့သည်မှာ ရှင်းလင်းလှသည်။
မဟာကလန်များသည် ၎င်းတို့၏ လုပ်ရပ်များအတွက် အကြောင်းပြချက်များ အမြဲရှိခဲ့သည်။ အကယ်၍ သူတို့အတွက် အကျိုးမရှိခဲ့ပါက သူတို့သည် ဤအရာကို ပြုလုပ်ခဲ့လိမ့်မည် မဟုတ်ပေ။ ကလန်များစွာအတွက် သူတို့တွေဝေနေသည့် အခါတိုင်း သူတို့သည် ဘာဆက်လုပ်ရမည်ကို သိရှိရန် သြဇာလွှမ်းမိုးမှု အကြီးမားဆုံးကလန်များကို ကြည့်ရန်သာ လိုအပ်ပေလိမ့်မည်။
နောက် ပိုင်စီလင်း၊ ကျိုးယာ့ထုံနှင့် ရှု့ကန်းတို့၏ ထောက်ခံမှုက လူအုပ်ကြီးကို ကြီးစွာသက်ရောက်ခဲ့သည်မှာ မေးခွန်းထုတ်စရာ မလိုပေ။
တော်တော်လေး သာမညဖြစ်သော ကလန်များသည် လှုပ်ရှားတော့မည့်ပုံ ရသည်။
“ခဏနေအုံး”
ထိုမြို့စားစုအစောင့် ကမန်းကတန်း အော်ဟစ်လိုက်၏။
“ဟမ် ငါမှတ်မိတာ မှန်မယ်ဆိုရင် ပိုင်စီလင်း၊ ကျိုးယာ့ထုံနဲ့ ရှု့ကန်း မင်းတို့အားလုံးက ဝမ်ချောင်ရဲ့ သူငယ်ချင်းတွေပဲ။ တကယ်လို့ မင်းတို့ကသူ့ကို ကူညီမယ်ဆိုရင်... ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ငါတို့ကျန်တဲ့လူတွေက လိုက်လုပ်စရာ မလိုဘူး”
“ဒါ့အပြင် ကလန်တွေကနေ လာခဲ့ကြတဲ့ ဒီမှာရှိတဲ့ လူတွေအကုန်လုံးက ပိုက်ဆံချို့တဲ့နေကြတာ မဖြစ်နိုင်ဘူး။ နောက်ပြီး ဒီကျွမ်းကျင်သူအများစုက ပြုစုပျိုးထောင်ဖို့ အချိန်နဲ့စွမ်းအင် အများကြီး ငါတို့သုံးစွဲခဲ့ရတဲ့ လူတွေပဲ။ သူတို့ထဲက ကျန်တဲ့လူတွေက အပြင်ဘက်ကနေ ငှားရမ်းဖို့ ငါတို့ပိုက်ဆံပမာဏ အများကြီး သုံးစွဲခဲ့ရတဲ့ လူတွေဖြစ်ကြတယ်။ တကယ်လို့ ငါတို့ကသူတို့ကို သူ့ဆီပေးလိုက်ရင် ငါတို့က ဝမ်ကလန်ကို အကျိုးအမြတ်မရှိဘဲ ကူညီနေတာ မဟုတ်ဘူးလား။ မင်းရဲ့ဝမ်ကလန်က လတ်တလောကမှ ဝိညာဉ်သွေးကြောကို ရောင်းချထားခဲ့တာ ငါသိတယ်။ ဒါပေမဲ့ မင်းကပိုက်ဆံဘယ်လောက်ပဲ ကမ်းလှမ်းခဲ့ပါစေ ငါတို့က ရောင်းချမှာမဟုတ်ဘူး”
ထိုမြို့စားစုအစောင့် ထိုကိစ္စကို ဤကဲ့သို့ အဆုံးသတ်စေလိုခြင်း မရှိခဲ့ပေ။ ထို့ပြင် သူ၏စကားများကြောင့် လူများစွာတို့သည် နောက်တစ်ကြိမ် စတင်တုန့်ဆိုင်းသွားခဲ့ကြသည်။
ဂုဏ်သရေရှိသော ကလန်များသည် မြို့တော်၏ တစ်ခြားကလန်များအပေါ် အလွန် သက်ရောက်မှုရှိကြသည့် အထူးအဆင့်အတန်း ရှိကြပေသည်။ သို့သော်လည်း အကယ်၍ လူတစ်ယောက်သည် ပိုင်စီလင်း၊ ကျိုးယာ့ထုံနှင့် ရှု့ကန်းတို့က ဝမ်ချောင်၏ သူငယ်ချင်းကောင်းများ အမြဲဖြစ်ခဲ့သည်ဟု ပြောခဲ့ပါက ဤကိစ္စသည် လုံးဝကွဲပြားသော ကိစ္စတစ်ခု ဖြစ်ပေသည်။
နောက်ဆုံးတွင် ဝမ်ချောင်သည် သူတို့ဆီမှ ခွက်နှင့်အိုးများ သို့မဟုတ် ရွှေနှင့်ငွေများ ချေးယူနေခြင်း မဟုတ်ပေ။ ဤကလန်များစွာအတွက် ထိပ်တန်း ကျွမ်းကျင်သူများသည် တစ်ခြားလူများကို ပေါ့တန်စွာ ငှားရမ်း၍မရသည့် ကလန်၏ကျောရိုးများ ဖြစ်ကြပေသည်။
'ချီးပဲ ဒီလူက ပိုင်စီလင်း၊ ကျိုးယာ့ထုံနဲ့ ရှု့ကန်းတို့က ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာ ဘယ်လိုလုပ် သိနေခဲ့တာလဲ။'
ဝေ့ဟို တိတ်တဆိတ် ကျိန်ဆဲလိုက်၏။ ဤလူယုတ်မာသည် ပြဿနာရှာရန် ဆုံးဖြတ်ထားခဲ့ပုံရသည်။
“ဟ ငါကသူတို့ကို ပိုက်ဆံနဲ့ ဝယ်ယူမယ်လို့ ဘယ်သူကပြောလဲ”
ဝမ်ချောင် ဂရုမစိုက်စွာ ပြောလိုက်၏။
“အဲ့လိုမဟုတ်ဘူးလား”
ထိုမြို့စားစုအစောင့် ချက်ချင်း လှည့်ကြည့်လာခဲ့သည်။ ရွှေလော၊ ရတနာလော။ ဤအရာများ အားလုံးတို့သည် ဤကလန်များကို လုံးဝဆွဲဆောင်နိုင်ခြင်း မရှိကြပေ။
အဆင့်အတန်းများ အနေဖြင့် ဝမ်ကလန်သည် ဤသို့သော အရာတစ်ခုကို မကမ်းလှမ်းနိုင်ပေ။
ဝမ်ချောင်သည် နောက်ထပ် ရှင်းပြချက်များကို မပေးတော့ဘဲ ယဲ့ယဲ့လေးသာ ပြုံးလိုက်၏။ သူ့အကြည့်ကို အခြားကိုယ်စားလှယ်များဆီသို့ လှည့်လိုက်သည်။
“ပထမဆုံး လာရောက်ကြခြင်းအတွက် လူတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ပြီး ငါ့စာထဲမှာ အဲ့ဒါကို ငါမရေးခဲ့ရတဲ့ အကြောင်းအရင်းက စာကားလုံးတွေ တစ်ခုထဲက မင်းတို့ကို ငါ့ကို ယုံကြည်အောင် ပြုလုပ်ဖို့ လုံလောက်မှာ မဟုတ်လို့ဘဲ။ တကယ်လို့ မင်းတို့က သူတို့ကို ငါ့ပါးစပ်ကနေ မကြားခဲ့ရင် မင်းတို့တစ်ယောက်မှ လဲလှယ်မှုကို အယုံအကြည် ရှိကြမှာမဟုတ်ဘူး”
ဝမ်ချောင် တခဏမျှ ရပ်တန့်လိုက်ကာ သူ့အမူအရာက အလျှင်မလိုဘဲ သူ၏ကိုယ်နေကိုယ်ထားက ဆွဲဆောင်မှုအပြည့် ရှိနေခဲ့သည်။
“ဒီလောကမှာ အလကားစားရတဲ့ နေ့လည်စာလိုမျိုး အရာမရှိဘူး။ ငါက ကလန်တွေအကုန်လုံးကနေ အကူအညီ တောင်းခဲ့တာကြောင့် ငါကသဘာဝအားဖြင့် သူတို့ကို အလကား တောင်းဆိုနေမှာ မဟုတ်ဘူး။ ဒါကြောင့် လူတစ်ယောက်စီက သူတို့ကို လက်ခံချင်သလားဆိုတာ နောက်တစ်ခါ ဆုံးဖြတ်နိုင်တယ်”
“ဒီမှာရှိနေတဲ့ ကလန်တွေကို သူတို့ရဲ့ အသန်မာဆုံး အစောင့်တွေကို ငါ့ကိုငှားစေချင်တယ်။ သူတို့က အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးနဲ့ အထက်မှာရှိရမယ်။ ငါသူတို့ကို သုံးလတာလိုအပ်တယ်။ ဒီသုံးလအတွင်း သူတို့အကုန်လုံးက မေးခွန်းမထုတ်ဘဲ ငါ့အမိန့်တွေကို လိုက်နာရမယ်။ နောက်ပြီး ဒီသုံးလပြီးသွားတဲ့အခါ ဒီအစောင့်တွေက သူတို့ရဲ့ကလန်တွေကို ပြန်သွားလို့ရမယ်။ ဈေးနှုန်းအနေနဲ့ကတော့ ...”
ဝမ်ချောင် ရပ်တန့်လိုက်ကာ ထိုအတောအတွင်း ခန်းမတစ်ခုလုံးသည် လုံးဝတိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းက ဝမ်ချောင်ကို ကြည့်ရှု့နေခဲ့ကြသည်။
ပြဿနာရှာနေခဲ့သည့် ထိုမြို့စားစု အစောင့်သည်ပင် သူ့ပါးစပ်ကို ပိတ်ထားခဲ့ကာ သူ့မျက်နှာပေါ်တွင် အာရုံစူးစိုက်နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
ဝမ်ချောင်သည် ကလန်များမှ အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူများကို ငှားရန် ပိုက်ဆံကို အသုံးပြုလိမ့်မည် မဟုတ်ဟု ယခုလေးတင် ပြောခဲ့သောကြောင့် ယခုအခါ လူတိုင်းသည် အကယ်၍ ရွှေနှင့်ငွေ မဟုတ်ခဲ့ပါက ဝမ်ချောင်သည်သူတို့အား ဘာပေးလိမ့်မည်ကို မြင်တွေ့ရန်အလွန် စိတ်ဝင်စားနေခဲ့ကြသည်။
ဤကလန်အားလုံးတို့၏ အဆင့်အတန်းများအရ သူတို့ကို ဆွဲဆောင်နိုင်သည့်အရာ အမှန်ပင် အနည်းငယ်သာ ရှိပေသည်။
“ကျောက်စိမ်းရိုင်းသံမဏိ လက်နက်တစ်ခု”
လူတိုင်း၏ မျှော်လင့်နေသော အကြည့်များအောက်တွင် ဝမ်ချောင် ဖြေးညှင်းစွာ လက်တစ်ချောင်းကို ထောင်ပြလိုက်သည်။
“သုံးလတာအတွက် အစစ်အမှန် သိုင်းအဆင့်လေး ဒါမှမဟုတ် အဆင့်ငါး ကျွမ်းကျင်သူတစ်ယောက်စီ ငှားရမ်းခြင်းအတွက် မင်းတို့က ငါ့ဆီကနေ ကျောက်စိမ်းရိုင်းသံမဏိ လက်နက်တစ်ခု ရယူနိုင်တယ်။ ဒီသုံးလ ကုန်ဆုံးသွားတဲ့အခါ ငါကငါလိုချင်ခဲ့တဲ့အရာ ပြီးမြောက်သည်ဖြစ်စေ မပြီးမြောက်သည်ဖြစ်စေ မင်းတို့က ငါ့ကို ငှားရမ်းထားခဲ့တဲ့ အစောင့်တွေနဲ့အတူ ကျောက်စိမ်းရိုင်းသံမဏိ လက်နက်တစ်ခု ရယူနိုင်တယ်”
ဝမ်ချောင် စကားပြောခြင်းကို ရပ်လိုက်သည့်အခိုက် ခန်းမတစ်ခုလုံးသည် ရင်တထိတ်ထ်ိတ်ဖြင့် တိတ်ဆိတ်သွားခဲ့သည်။
“ဝမ်ချောင် မင်းရူးသွားပြီ”
ဝေ့ဟို ပထမဆုံး တုန့်ပြန်လိုက်၏။ သူ၏ပြူးကျယ်နေသော မျက်လုံးများသည် ဝမ်ချောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။ မဟုတ်ပေ။ ၎င်းသည် မယုံကြည်နိုင်မှုမျှသာ မဟုတ်ခဲ့ပေ။ သို့သော် အလွန်စိုးရိမ်ပူပန်မှုလည်း ဖြစ်သည်။
“မင်းက သူတို့ကို ကျောက်စိမ်းရိုင်း သံမဏိလက်နက်တွေ ဘယ်လိုလုပ် ပေးနိုင်ရတာလဲ။ နောက်ပြီး သုံးလတာအတွက်ပဲလား။ မြန်မြန် မင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းလိုက်”
“အမှန်ပဲ ဝမ်ချောင် ကျောက်စိမ်းရိုင်း သံမဏိလက်နက်တွေက လက်ရှိမှာ တန်ဖိုးဖြတ်မရ ဖြစ်ကြတယ်။ မင်းက လိုချင်တယ်ဆိုရင်တောင် တစ်ခုကို ဝယ်ယူလို့မရနိုင်ဘူး။ တကယ်လို့နင်က လက်ရွေးစင် ကျွမ်းကျင်သူ အနည်းငယ်ကို လိုအပ်ခဲ့ရင် ငါတို့က နင့်ကိုကူညီဖို့ နည်းလမ်းတွေ စဉ်းစားပေးနိုင်ပါတယ်။ ဒါကိုလုပ်စရာ မလိုဘူး”
ပိုင်စီလင်းသည်လည်း ကြက်သေ သေနေခဲ့၏။
သူမသည်ပင် ဝမ်ချောင်သည် ဤသို့သော အလဲအလှယ်ကို လုပ်ဆောင်ရန် လူများစွာကို စုဝေးထားခဲ့မည်ဟု စိတ်မကူးမိခဲ့ပေ။ ကျောက်စိမ်းရိုင်းသံမဏိ လက်နက်များသည် သာမာန် သံမဏိကို ခုတ်ဖြတ်နိုင်ပြီး လက်နက်များ၏ ဘုရင်အဖြစ် ဂုဏ်ပြုခံထားရသည်။
ဝမ်ချောင်ကိုယ်တိုင်တွင်ပင် ၎င်းတို့လုံလုံလောက်လောက် မရှိနိုင်ပေ။
“စီလင်းမှန်တယ် ဝမ်ချောင် မင်းပြန်မစဉ်းစားချင်ဘူးလား”
ရှု့ကန်း ထပ်ဖြည့်ပြောလိုက်၏။
သူ့အမြင်မှနေ၍ ဝမ်ချောင်သည် ပြင်းထန်သော ဆုံးရှုံးမှုတစ်ခု ခံစားနေရပေသည်။ ဤသ်ို့သော လဲလှယ်မှုသည် လုံးဝရူးသွပ်မှုဖြစ်သည်။
“ဝမ်ချောင် နင်အကူအညီလိုရင် ငါလည်း ကူညီနိုင်ပါတယ်။ ငါတို့ ကျိုးကလန်က စစ်တပ်ကလန်တစ်ခုဖြစ်ပြီး နင့်ရဲ့ဝမ်ကလန်ထက် စစ်တပ်ထဲမှာ ပိုပြီးကြာကြာ ပါဝင်ပတ်သတ်ခဲ့နိုင်တယ်။ ဒီကဏ္ဍမှာ ငါတို့ကျိုးကလန်က နင့်ကိုအကူအညီ ပေးနိုင်တာကြောင့် သူတို့ကို အကူအညီ တောင်းစရာမလိုဘူး”
ကျိုးယာ့ထုံ ဝမ်ချောင်ဘေးသို့ လျှောက်လာခဲ့၏။
“မဟုတ်ဘူး”
ဝမ်ချောင် မတုန့်ပြန်နိုင်မီ လူအုပ်ထဲရှိ တစ်စုံတစ်ယောက် စိုးရိမ်ပူပန်လာခဲ့သည်။
“ဝမ်ကလန်က ဝန်ကြီးတွေနဲ့ စစ်သူကြီးတွေရဲ့ ကလန်တစ်ခု ဖြစ်နေတုန်းပဲ။ ဒီစကားတွေက သူ့ရဲ့ပါးစပ်ကနေ ထွက်ကျလာတာနဲ့ သူတို့က ပြန်ဆုတ်လို့မရတော့တဲ့ မြင်းတစ်ကောင် ဖြစ်ကြတယ်။ သူက ကတိပေးခဲ့ပြီဖြစ်တာကြောင့် သူ အခု ပြန်ရုတ်သိမ်းလို့ မရတော့ဘူး”
ဤစကားများဖြင့် ရက်စက်ကြမ်းကြုတ်ပြီး ခေါင်းမာသော လူတစ်ယောက်သည် လူအုပ်ထဲမှ တိုးထွက်လာခဲ့သည်။
၎င်းသည် မြို့စားစုအစောင့် မဟုတ်ခဲ့သော်လည်း တစ်ခြားတစ်ယောက်ဖြစ်၏။
“ခွေးမသား။ စုပိုင် အဲ့ဒါမင်းပဲ”
ဝေ့ဟို၏မျက်လုံးများ နီရဲသွားခဲ့ကာ သူအော်ဟစ်လိုက်ပြီး လူအုပ်ထဲတွင် ဤတစ်ချိန်လုံး ပုန်းအောင်းနေခဲ့သည့် လူ စုပိုင်ဆီသို့ ဧည့်ခန်းမတစ်လျှောက် ခုန်ဝင်လိုက်သည်။
*********************