အခန်း (၄၈၁-၄၈၅)
Vol. 22 Ch. 481-485
အခန်း(၄၈၁)
မြို့တော်တုန်လှုပ်ခြင်း
“ဝေ့ဟို ငါမင်းကိုကြောက်မယ်လို့ မင်းထင်နေတာလား။ မင်းကငါ့ကို စိန်ခေါ်ချင်နေတာလား။ မင်းက မင်းကိုယ်မင်း ဒုက္ခရောက်အောင် လုပ်နေတာပဲ”
စူပိုင်သည် လူအုပ်ထဲတွင် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့သော်လည်း သူသည် ဝေ့ဟို၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် လုံးဝ နှိမ်ချခဲ့ပုံမရပေ။
ရွံ့စရာကောင်းတဲ့ကောင် ငါကဝမ်ချောင်ကို ရင်မဆိုင်နိုင်တာနဲ့ ငါကမင်းလို ကောင်စုတ်တစ်ယောက်ကို ရင်မဆိုင်နိုင်ဘူးလို့ မဆိုလိုဘူး။
စူပိုင်၏ မျက်လုံးထဲတွင် ရက်စက်သည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
ဝေ့ဟိုသည် မည်သို့သော လူနည်း။
သူသည် ကမြင်းနေစဉ် သူတို့ဟာသလုပ်သည့် ပြက်လုံးတစ်ခုဖြစ်ပြီး နတ်ဘုရားရှစ်ပါး စင်မြင့်တွင် သူတို့၏လက်ဝေ့အိတ်ဖြစ်သည်။ စူပိုင်သည် ဝေ့ဟိုကို ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ပေ။ ထို့ပြင် ဝမ်ချောင်သည် စူပိုင်ကို သူ့ဗိုက်ထဲတွင် ဒေါသများဖြင့် ပေါက်ကွဲလုနီးပါအထိ အများကြီး ဖိနှိပ်ခဲ့သည်။
ဘုန်း
စူပိုင် လက်ဝါးတစ်ဖက် တွန်းထုတ်လိုက်ပြီး သူ့တစ်ကိုယ်လုံးသည် ရုတ်တရက် နီရဲသွားခဲ့သည်။ သူဒန်တန်သည် ခမ်းနားထည်ဝါသည့် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်မှနေ၍ ပေါက်ကွဲထွက်လာခဲ့ကာ သတ္တုမြည်သံဖြင့် တုန်ခါလာခဲ့သည်။ ဤသည်က မူလစွမ်းအင်နယ်ပယ် ခွန်အားမဟုတ်သော်လည်း အစစ်အမှန် သိုင်းနယ်ပယ်၏ ကြယ်တာရာစွမ်းအင်ဖြစ်သည်။
သူသည် ပညာမဲ့ပြီး လူဖျင်းတစ်ယောက် ဖြစ်ပုံရသော်လည်း စူပိုင်သည် အချိန်အကြာကြီးကတည်းက အစစ်အမှန် သိုင်းနယ်ပယ်သို့ ချိုးဖောက်သွားခဲ့သည်။ တိုင်းပြည်၏ ထိပ်တန်းစာရင်းဝင် မြင့်မြတ်သော ကလန်များထဲမှ တစ်ခု၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် စူပိုင်သည် တကယ့်ကို အစစ်အမှန် လူဖျင်းတစ်ယောက် မဟုတ်နိုင်ပေ။
“ဝေ့ဟို ဒီတစ်ခါ ငါမင်းကို နာကျင်ခြင်းအရသာကို ကောင်းကောင်း မြည်းစမ်းခိုင်းမယ်”
စူပိုင်တွင် စဉ်းလဲသည့် အကြည့်တစ်ခု ရှိနေခဲ့ကာ သူ့အသံသည် ဟစ်ကြွေးသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် ထို့နောက် ရုတ်တရက်ပင်
ဘုန်း
အဆုံးမဲ့သော စွမ်းအားများက သတ္ထုရိုက်ခတ်သံများဖြင့် ထွက်ပေါ်လာခဲ့ကာ စူပိုင်၏လက်ထဲသို့ ကျဆင်းသွားခဲ့သည်။
သူသည် ဧရာမ တောင်တစ်လုံးဖြင့် ရိုက်မိသွားသကဲ့သို့ စူပိုင်သည် ကြိုးပျက်နေသော စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားခဲ့သည်။
စူပိုင်နောက်သို့ လွင့်ထွက်သွားသည်နှင့် သူသည် သူ့လမ်းကြောင်းရှိ လူခုနှစ်ယောက်၊ ရှစ်ယောက်ကို သူနှင့်အတူ လဲကျသွားစေခဲ့သည်။
“အား”
“စူပိုင် မင်းခွေးကောင် မင်းမှာမျက်လုံး မပါဘူးလား”
“မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ။ ဒီမှာ တိုက်ခိုက်နေကြတာလား”
...
စူပိုင်ကြောင့် လဲကျသွားခဲ့သည့် ထိုကလန်ကိုယ်စားလှယ်များ ကျိန်ဆဲလိုက်ကြကာ အစီအစဉ်တကျ ဖြစ်နေသည့် ဧည့်ခန်းမသည် ဗရမ်းဗတာ ဖြစ်သွားခဲ့သည်။
“ဝမ်ချောင် မင်းဝေ့ဟိုကို မထိန်းသင့်ဘူးလား”
မြေပေါ်တွင် စူပိုင်သည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေခဲ့သည်။ သူသည် ဝေ့ဟို၏ စွမ်းအားကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး သူကလူများစွာရှေ့တွင် သူ့ကိုယ်သူ အရှက်ကွဲခဲ့ရသောကြောင့် ဒေါသထွက်နေခဲ့ပေသည်။
“ဝေ့ဟို ရပါတယ် အဲ့လောက်ဆို လုံလောက်ပြီ”
ဝမ်ချောင် မတက်နိုင်ဘဲ စိတ်ထဲတွင် ရယ်မောလိုက်သည်။ ဝေ့ဟို ပေါ်ထွက်လာခဲ့သည့် အချိန်ကတည်းက ဝမ်ချောင်သည် သူ့ခွန်အားက ခုန်ပျံကျော်လွှား တိုးလာခဲ့သည်ကို ခံစားမိနိုင်ပေသည်။ တစ်ခါက တောင်တက်လှမ်းခြင်း ပညာရပ်သည် အထက်တန်း ပညာရပ်တစ်ခု ဖြစ်ခဲ့သောကြောင့် အကယ်၍စူပိုင် အနိုင်ရခဲ့ပါက ထူးဆန်းသွားပေလိမ့်မည်။
သို့သော်လည်း သူသည် သူက စူပိုင်အား အရှက်ခွဲနိုင်စေရန် သို့မဟုတ် ကလဲစားချေရန်အတွက် သူ့ကိုခေါ်ခဲ့ခြင်းမဟုတ်ပေ။ ဤသို့သော ကိစ္စတစ်ခုသည် သူပြုလုပ်ရန် စီစဉ်ထားခဲ့သည့် အရာနှင့် နှိုင်းယှဉ်သည့်အခါ ပြောရန်ပင် မထိုက်တန်ခဲ့ပေ။
“ဟမ် စူပိုင် မင်းကအခုလေးတင် စကားကြီးစကားကျယ် ပြောနေခဲ့တာ မဟုတ်ဘူးလား။ မင်းအဲ့ဒါကို ပြန်ပြောနိုင်လား အဟက် ငါဒီတစ်ခါ ဝမ်ချောင်ရဲ့မျက်နှာကြောင့် မင်းကိုလွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါဒီလောက် လွယ်မှာမဟုတ်ဘူး” ဝေ့ဟို ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ယခုအခါ ဝမ်ချောင်က ပြောလာခဲ့သောကြောင့် သူသည် သဘာဝအတိုင်း ဆက်လုပ်၍ မရတော့ပေ။ သို့သော် သူ့အား စကားဖြင့် ထိုးနှက်ရန်မှာ အဆင်ပြေပေသည်။
စူပိုင်၏ အမူအရာသည် အစိမ်းရောင်နှင့် ခရမ်းရောင်ကြား ပြောင်းလဲသွားခဲ့သော်လည်း လူတိုင်း အံ့အားသင့်သွားခဲ့ရသည်မှာ သူသည် အရှက်ခွဲခံရခြင်းကြောင့် ဒေါသမထွက်ခဲ့ပေ။
“ဝမ်ချောင် မင်းရဲ့ဒီစကားတွေက ယုံကြည်လို့ရလား။ မင်းက အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူရဲ့ သုံးလတာအချိန်ကို ကျောက်စိမ်းသံမဏိ လက်နက်တစ်ခုနဲ့ တကယ်ပဲ လဲလှယ်ဖို့ စီစဉ်ထားသလား” စူပိုင် မေးမြန်းလိုက်ကာ ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။
သူသည် မူလက သူ့ကိုယ်သူ ဖော်ပြရန် မရည်ရွယ်ထားခဲ့ပေ။ သူသည် သူ့ဖခင်စကားကို နားထောင်ရန် အပြင်ပိုင်းအားဖြင့် သဘောတူခဲ့သော်လည်း သူသည် အမှန်တကယ်တွင် ဝမ်ချောင်ကို အရူးတစ်ယောက်ကဲ့သို့ ပြုလုပ်ချင်ခဲ့သည်။
သို့သော် ထိုအရာအတွက် အချိန်မရှိတော့ပေ။
ကျောက်စိမ်းသံမဏိဓားများသည် လက်နက်များထဲမှ ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ သူတို့သည် ထူးကဲကောင်းမွန်လှသည်သာမက သူတို့သည် မယုံနိုင်စရာကောင်းလောက်အောင်လည်း ခိုင်ခံ့ပြီး တစ်ချိန်ထဲမှာပင် မထိခိုက်နိုင်လုနီးပါးလည်း ဖြစ်ကာ မယုံနိုင်စရာကောင်းလောက်အောင် ထက်ရှလှသည်။
မြို့တော်ရှိ ဆေဘာနှင့် ဓားများအားလုံးနီးပါး သူတို့ကို မယှဉ်နိုင်ခဲ့ကြပေ။ ရလဒ်အနေဖြင့် ကျောက်စိမ်းသံမဏိ လက်နက်တိုင်းသည် အံ့မခန်းဖြစ်ကြသော်လည်း သူတို့သည်အမြဲ တန်ဖိုးဖြတ်၍မရနိုင် ဖြစ်ခဲ့ကြသည်။
မြို့စားစုအိမ်တော်သည် တစ်ခါက ကျောက်စိမ်းသံမဏိ ဓားတစ်လက်ကို ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကျောက်စိမ်းသံမဏိဓားများက နန်းတော်တွင်သာ ဖြန့်ကျက်ထားခဲ့ပြီး အပြင်ဘက်တွင် ဝယ်ယူရန် မဖြစ်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။
အတိတ်တွင် မြို့စားစု၏ အဆင့်အတန်းသည် သူကတော်ဝင်စစ်တပ်မှ သူလိုချင်သည့် မည်သည့် အချက်အလက် သို့မဟုတ် မည်သည့်အရာကိုမဆို အလွယ်တကူ ရယူနိုင်သည်ဟု အဓိပ္ပာယ်ရခဲ့ပေသည်။
ဤကိစ္စရှိ အခြေအနေသည် လုံးဝကွဲပြား၏။
တိုင်းပြည်၏ မြို့စားများကို အမြဲလေးစားခဲ့သည့် တော်ဝင်စစ်တပ်သည် ကျောက်စိမ်းသံမဏိ ဓားများဆီသို့ နေ့နှင်ညကဲ့သို့ ကွဲပြားသောသဘောထား ရှိခဲ့သည်။ ကျောက်စိမ်းသံမဏိ လက်နက်တစ်ခု ရယူနိုင်ခဲ့သည့် မည်သူမဆို ၎င်းကို လက်မလွှတ်ချင်ခဲ့ကြပေ။
ကျောက်စိမ်းသံမဏိ လက်နက်များ လေလံတင်ခဲ့ကတည်းက တော်ဝင်စစ်တပ် အပြင်ဘက်တွင် ပေါ်လာခဲ့သည့် သူတို့အရေအတွက်သည် လူတစ်ဦး၏ လက်တစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်ပေသည်။
ကလန်အများစုတို့အတွက် ဤပစ္စည်းသည် သူတို့ကြည့်ရှု့နိုင်သော်လည်း ထိတွေ့၍မရသည့် သူတို့ကြုံဆုံနိုင်သော်လည်း ရယူ၍မရသည့် အရာဖြစ်သည်။
ပို၍အရေးကြီးသည်မှာ မြ်ို့တော်၏ ကလန်များအားလုံးတို့တွင် မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့သည့် အဖိုးထိုက်တန်သော ဓားအနည်းငယ် ရှိကြသော်လည်း ကျောက်စိမ်းသံမဏိ လက်နက်များ၏ ထက်ရှမှုသည် သူတို့ထက်များစွာ သာလွန်ခဲ့သည်။
ဤသို့သော လက်နက်များ၏ ဈေးနှုန်းသည် သဘာဝအားဖြင့် ခန့်မှန်းရန် မဖြစ်နိုင်ပေ။
သိုင်းပညာရှင်များသည် သက်တမ်းတစ်ခု ရှိကြသော်လည်း ဆေဘာများနှင့် ဓားများသည် အကန့်အသတ်မရှိဘဲ လက်ဆင့်ကမ်းနိုင်ပေသည်။ ဤသည်က ကျောက်စိမ်းသံမဏိ လက်နက်များ၏ တန်ဖိုးတည်ရှိရာ နေရာဖြစ်၏။
အကယ်၍ သူတို့သည် သတ္ထုကို ဖြတ်တောက်နိုင်သည့် ဖျက်ဆီး၍မရနိုင်သော ကျောက်စိမ်းသံမဏိ ဓားတစ်လက်ကို ရရှိရန် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေး သို့မဟုတ် အဆင့်ငါး ကျွမ်းကျင်သူတစ်ယောက်ကို သုံးလတာ ငှားရမ်းရန်သာ လိုအပ်ခဲ့ပါက ဤသည်က မယုံနိုင်စရာကောင်းသော အကျိုးအမြတ်ရှိသည့် လဲလှယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
“မှန်တယ် မှန်တယ် သခင်လေးဝမ် မင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူး”
“မဟာကလန်တစ်ခုကလည်း သူ့ရဲ့ဂုဏ်သိက္ခာ လိုအပ်တယ်။ သခင်လေးက ကျောက်စိမ်းသံမဏိ ဓားတစ်လက်အတွက် ဝမ်ကလန်ရဲ့ ဂုဏ်သိက္ခာကို လွင့်ပစ်မှာ မဟုတ်ဘူးမဟုတ်လား”
“အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူ ငါးယောက်က ပြဿနာမဟုတ်ပါဘူး။ သခင်လေးဝမ် မင်းက မင်းရဲ့စကားတွေကို ပြန်မရုတ်သိမ်းရင် ပိုကောင်းမယ်”
“အဲ့ဒါအမှန်ပဲ အဲ့ဒါအမှန်ပဲ”
...
လူအိုကြီးအတွက် လုံးဝလေသံ ပြောင်းသွားရန်နှင့် သူတို့၏ သဘောတူညီမှုကို ပြောဆိုရန် တခဏသာ ကြာမြင့်ခဲ့သည်။
ဝမ်ချောင်ကမ်းလှမ်းခဲ့သည့် အခြေအနေများသည် တွန်းလှန်ရန် မဖြစ်နိုင်ခဲ့ကြပေ။ မည်သူမျှ စည်းမျဉ်းများက ထိုမျှရက်ရောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ခဏနေအုံး ဝမ်ချောင် ဒါကိုမလုပ်နဲ့”
ပိုင်စီလင်း ဝမ်ချောင်က ဤသို့သော ကတိတစ်ခုကို ပေးခဲ့သည့်အချက်ကြောင့် တော်တော်လေး သွေးပျက်သွားခဲ့သည်။
“စီလင်း ရပါတယ်”
ဝမ်ချောင် ပြောလိုက်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။ ပိုင်စီလင်း၏ ပူပန်မှုများကို နှစ်သိမ့်ပြီးနောက် သူသည် လူအုပ်ကြီးဆီသို့ လှည့်လာပြီး ကြေညာလိုက်သည်။
“ငါတို့ဝမ်ကလန်ရဲ့ စကားတွေက သဘာဝအားဖြင့် ယုံကြည်လို့ရတယ်။ ငါကလည်း ငါ့ရဲ့ဂုဏ်သတင်းတွေကို ဒီမှာထည့်သွင်းထားခဲ့တယ်။ ငါ့ဘက်မှာက ကျောက်စိမ်းသံမဏိလက်နက် တစ်ထောင်ပဲရှိတယ်။ ဒီအသုတ်ပြီးရင် ငါလိုချင်ခဲ့တယ်ဆိုရင်တောင် ငါ့မှာဘာမှ ပေးဖို့ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ထောင်ကို ရောက်ရှိတာနဲ့ ငါရပ်တန့်မယ်။ မင်းတို့က ကျောက်စိမ်းသံမဏိ လက်နက်တစ်ခုကို ရမလား မရဘူးလားဆိုတာကို မင်းတို့ကိုယ်တိုင်အပေါ် မူတည်လိမ့်မယ်”
ဘုန်း
ဝမ်ချောင်၏ စကားများသည် လူအုပ်ထဲသို့ ကျဆင်းလာသည့် ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖြစ်ကြပြီး ချက်ချင်းသူတို့အား အခန်းအပြင်သို့ ပြေးထွက်သွားစေခဲ့သည်။
ဤကိစ္စသည် ကလန်များအတွက် ကောင်းကျိုးကြီးတစ်ခု ပါဝင်နေခဲ့ပေသည်။ လူတိုင်းတို့သည် နောက်တွင် ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေခဲ့ကြသည်။
“စူပိုင် စူပိုင် ခဏစောင့်” ဝမ်ချောင် တင်းမာသည့် မျက်နှာထားဖြင့် ခေါ်လိုက်၏။
လူအုပ်ထဲတွင် ခုနှစ်ကျန့်၊ ရှစ်ကျန့်သို့ ရောက်နေခဲ့ပြီဖြစ်သည့် စူပိုင်သည် တုန်လှုပ်လျှက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူဖြေးညှင်းစွာ လှည့်လာသောအခါ သူ့တွင် မြင်မကောင်းအောင် ဆိုးရွားသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
“ဝမ်ချောင် မင်းက မင်းရဲ့စကားကို ပြန်ရုတ်သိမ်းမလို့လား”
သူသည် အမှန်ပင် ဒုက္ခပေးရန် လာရောက်ခဲ့သော်လည်း သူသည်လည်း အရူးမဟုတ်ပေ။ ကျောက်စိမ်းသံမဏိဓား ဆယ်လက်အတွက် လက်ရွေးစင် ကျွမ်းကျင်သူ ဆယ်ယောက်ကို လဲလှယ်ခြင်းသည် မြို့စားစုအိမ်တော်အတွက် အကျိုးအမြတ်ကြီး ဖြစ်ပေလိမ့်မည်။
အရူးတစ်ယောက်ကသာ ဤသို့သော အပေးအယူကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။ နှိုင်းယှဉ်ရပါက သူနှင့်ဝမ်ချောင်ကြားရှိ အမုန်းတရားသည်လည်း ဆက်၍ မရှိနိုင်ပေ။
အကယ်၍ ဝမ်ချောင်သည် ရုတ်တရက် သူ့စကားကို ပြန်ရုတ်သိမ်းခဲ့ပါက သူသည် ဒုက္ခရောက်သွားပေလိမ့်မည်။
“ဟမ် ငါအဲ့လောက်အထိ လွန်မှာမဟုတ်ဘူး”
ဝမ်ချောင် သူ့လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီး ပြုံးရယ်လိုက်သည်။
“ဒါပေမဲ့ မင်းလည်းငါတို့ရဲ့ ဆက်ဆံရေးကို နားလည်မယ်လို့ ငါယူဆတယ်။ ဒါကြောင့် စူပိုင် မင်းလူတစ်ချို့ကို လွတ်လာပြီး ကျောက်စိမ်းသံမဏိကို ရယူပြီး ငါ့ကိုလည်း လျို့လျို့ဝှက်ဝှက်နဲ့ ဒုက္ခပေးဖို့ မစဉ်းစားနဲ့”
“ငါတစ်ခြားလူတွေကို အများကြီး မတောင်းဆိုပေမဲ့ မင်းကိုတော့ မင်းရဲ့စုကလန်ရဲ့ ယုံကြည့်ရတဲ့ သူလျိုတွေကို ပို့မလာနဲ့။ နောက်ပြီး အစစ်အမှန် သိုင်းအဆင့်ခြောက် အောက်မှာရှိတဲ့ ဘယ်သူ့ကိုမှ ပို့မလာနဲ့။ နောက်ပြီး ဒါ့အပြင် မင်းရဲ့စုကလန်က လတ်တလောကမှ ကျွမ်းကျင်သူ အုပ်စုအသစ်ကို ခေါ်ယူထားခဲ့တာ ငါသိတယ်။ အဲ့ဒါက တစ်လကျော် မရှိသင့်သေးဘူး။ ဒီအချိန်ပမာဏက မင်းအတွက် သူတို့ကို လုံးဝထိန်းချုပ်လာနိုင်တဲ့အထိ လုံလောက်မှာမဟုတ်ဘူး ဟုတ်တယ်မလား။ တကယ်လို့မင်းက ကျောက်စိမ်းသံမဏိဓားတစ်ချို့ ရချင်တယ်ဆိုရင် မင်းဘာလုပ်ရမလဲဆိုတာ မင်းသိသင့်ပါတယ် ဟုတ်တယ်မလား” ဝမ်ချောင် ကရုမစိုက်စွာ ပြောလိုက်သည်။
စုပိုင်၏မျက်နှာ အေးခဲသွားခဲ့ကာ သူ့အမူအရာသည် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်သွားခဲ့သည်။ ဝမ်ချောင်သည် မှန်ကန်ခဲ့၏။ သူသည် အမှန်ပင် ဤသို့သော အစီအစဉ်များ ရှိခဲ့ပေသည်။
ဝမ်ချောင်က ဘာလုပ်ဖို့ စီစဉ်ထားခဲ့ပါစေ သူသည် စုကလန်၏ ယုံကြည်ရသည့် သူလျိုများကို အထဲတွင် ထည့်ထားခဲ့သ၍ သူသည် ထက်ရှသော ကျောက်စိမ်းသံမဏိ ဓားများကို ရယူနိုင်ပြီး ဝမ်ချောင်၏ လှုပ်ရှားမှုများနှင့် လျို့ဝှက်ချက်များကိုလည်း ဆုပ်ကိုင်နိုင်ပေလိမ့်မည်။ အကယ်၍ လိုအပ်ပါက သူတို့သည် ဝမ်ချောင်၏နောက်ကျောကိုပင် ဓားထိုးနိုင်သည်။
အကယ်၍ တစ်ခုခု အမှန်တကယ် ဖြစ်ခဲ့ပါက သူတို့သည် သူတို့က ဘာမှမသိဟု ပြောရုံသာဖြစ်ပြီး တာဝန်ယူမှုကို သူတို့အစောင့် အနည်းငယ်အပေါ်သို့ ပုံချရုံသာဖြစ်သည်။
သနားစရာကောင်းသည်မှာ ဝမ်ချောင်သည် ဤအကွက်အတွက် သူ့ကိုယ်သူကာကွယ်ရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထို့ပြင်သူသည် စုကလန် ခေါ်ယူခဲ့သည့် ကျွမ်းကျင်သူ အုပ်စုအသစ်အကြောင်းကိုပင် သိနေခဲ့သည်။
“ဟမ် ဝမ်ချောင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့။ မင်းဒါကို နောင်တရတဲ့တစ်နေ့ ရောက်လာမှာပါ”
ဝမ်ချောင်က သူ့အစီအစဉ်များကို ဖောက်မြင်ခဲ့သော်လည်း စူပိုင်သည် သူ့အား သေခန်းပြတ် စကားများ မပြောချင်ခဲ့ပေ။ ဤစကားများကို ပြောဆိုပြီးနောက် စုပိုင်လျှင်မြန်စွာ ထွက်ခွာသွားခဲ့၏။
ကျောက်စိမ်းသံမဏိလက်နက်များ ပါဝင်နေသည့် ကိစ္စတစ်ခုသည် သာမာန်ကိစ္စ မဟုတ်ပေ။ သူသည် ပြန်သွားပြီး သူ့ဖခင်ကို မြန်မြန်ပြောပြရပေမည်။
“ဝမ်ချောင် နင်ဘာလို့ လူအများကြီး လိုအပ်ရတာလဲ။ နောက်ပြီး နင်ကသူတို့ကို ကျောက်စိမ်းသံမဏိ လက်နက်တွေနဲ့တောင် လဲလှယ်နေခဲ့တယ်”
လူတိုင်း ထွက်ခွာသွားသောအခါ ကျိုးရထုံရှေ့သို့ အနည်းငယ် လှမ်းလာခဲ့ပြီး သူမစိတ်ထဲရှိ မေးခွန်းကို ထုတ်မေးလိုက်သည်။
“အဲ့ဒါက အနောက်တောင်ဘက်နဲ့ ဆက်စပ်နေမလား”
ပထမဆုံး နားလည်သဘောပေါက်ခဲ့သူမှာ ပိုင်စီလင်း ဖြစ်နေခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင် ဘာမှမပြောခဲ့ပေ။ ပိုင်စီလင်းကိုသာ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။
...
ထိုကလန်ကိုယ်စားပြုသူများ ဝမ်ကလန်အိမ်တော်မှ ထွက်ခွာသွားသည်နှင့် ဝမ်ကလန်က ကျွမ်းကျင်သူများအတွက် ကျောက်စိမ်းသံမဏိ လက်နက်များကို ကျွမ်းကျင်သူများနှင့် လဲလှယ်နေသည့် သတင်းသည် မြို့တော်အနှံ့ လျှင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
မြို့တော်တစ်ခုလုံး စတင်အုံကြွလာခဲ့၏။
“ချီးပဲ ငါသွားခဲ့သင့်တယ်ဆိုတာ ငါသိတယ်”
“သွားပြီ သွားပြီ ဒါတွေအားလုံး မင်းအမှားပဲ။ ဒါက ငါတို့ရှေ့တည့်တည့်ကို ရောက်လာခဲ့တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပေမဲ့ မင်းက သွေးထိုးစကားတွေ အများကြီးပြောခဲ့တာကြောင့် အားလုံးကို ဆုံးရှုံးသွားခဲ့ရတာ”
“မြန် မြန် ကလန်ခေါင်းဆောင်က နန်းတော်ကနေ ကျောက်စိမ်းသံမဏိ ဓားတစ်လက်ရဖို့ ကြိုးစားအားထုတ်မှု ဘယ်လောက်များများကို ဖြုန်းတီးခဲ့ရသလဲ မင်းသိလား။ နောက်ပြီးသူက ကျရှုံးခဲ့ရတုန်းပဲ။ အခု ကျောက်စိမ်းသံမဏိ လက်နက်တွေက ငါတို့တံခါးဝကို ရောက်လာခဲ့ပြီ။ ငါတို့ လက်လွှတ်လို့မရဘူး”
“ဝမ်ကလန်က ငါတို့ကလန်ဆီကနေ ကျွမ်းကျင်သူဘယ်လောက် လိုချင်လဲ ငါကရုမစိုက်ဘူး။ သူတို့က သေသွားခဲ့ရင်တောင် ငါကရုမစိုက်ဘူး။ ငါတို့က ဒီလက်နက်ကို ရကိုရရမယ်”
“မြန် မြန် ကလန်ရဲ့ ကျွမ်းကျင်သူတွေကို စုစည်းလိုက်။ နောက်ပြီး ပြင်ဆင်မှုတွေ လုပ်ထား။ ငါသခင်လေးဝမ်ဆီကို သွားလည်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့နေရာတစ်ချို့ ရရမယ်”
...
မြို့တော်တွင် ကလန်များသည် ပြာယာခတ်နေခဲ့ကြပြီး သူတို့အများစုသည် သူတို့၏ ယခင်ဆုံးဖြတ်ချက်များကြောင့် နောင်တရနေခဲ့ကြသည်။ အနောက်တောင်ဘက်၏ ကိစ္စရပ်သည် လက်ရှိအခါ မြို့တော်တစ်ခုလုံးကို ကြက်သေ သေသွားစေခဲ့သော်လည်း အနောက်တောင်ဘက်သည် အလှမ်းဝေးလှသည်။
နှိုင်းယှဉ်ရပါက သခင်လေးဝမ် ကမ်းလှမ်းလာခဲ့သည့် လဲလှယ်မှုသည် သူတို့ကလန်များ၏ ကောင်းကျိုးနှင့် နီးကပ်စွာ ဆက်စပ်နေခဲ့ပေသည်။
မရေမတွက်နိုင်သော ကလန်များသည် စတင်ဆောင်ရွက်လိုက်ကြ၏။
လျှင်မြန်စွာ စတင်ဆောင်ရွက်လိုက်ကြ၏။
ထို့ပြင် ကလန်များက ကျွမ်းကျင်သူများကို စုစည်းရန် စတင်နေချိန် မြို့တော်ရှိ ထောင်ချီသော ဓားဈေးဆိုင်များနှင့် ဓားပန်းပဲဆရာများ အားလုံးတို့သည်လည်း သွေးရူးသွေးနှမ်း ဖြစ်နေခဲ့ကြသည်။
အခန်း(၄၈၂)
ခြင်္သေ့ဖြူမဟာစစ်သူကြီး ဝိသာရခုံးလျို
“မင်းတို့ကျောက်စိမ်းဖြတ် ဓားဆိုင်ရဲ့ နောက်သုံးလတာ ထုတ်လုပ်မှုကို ဝယ်ယူဖို့ ရွှေပြားလေးသိန်း ဒါကပုံစံကားချပ်ပဲ။ ပစ္စည်းတွေကို ညွှန်ကြားချက်အတိုင်း ထုလုပ်ပါ။ အမှားတွေကို ခွင့်မပြုဘူး”
မြင်းများအဝေးသို့ ဒုန်းဆိုင်းသွားသည်နှင့် လေးလံသော ရွှေအိတ်တစ်အိတ်သည် လေထဲမှ ပျံသန်းလာပြီး ကျောက်စိမ်းဖြတ် ဓားဆိုင်၏တံခါးကို ဖြတ်သန်းကာ ဧည့်ခန်းမ၏ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအိတ်၏ သက်ရောက်မှုသည် အလွန်ကြီးမားလှကာ ဓားဆိုင်တစ်ခုလုံး တုန်ရီသွားခဲ့သည်။
“ပြားလေးသိန်းလား”
တခဏအတွင်းမှာပင် ထိုအဆောက်အဦးထဲရှိ လူများသည် ထွက်လာခဲ့ကြပြီး ကြမ်းပြင်ပေါ်ရှိ ထိုလေးလံလှသောအိတ်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
ကျောက်စိမ်းဖြတ်ဈေးဆိုင်၊ ကျောက်စိမ်းသံမဏိဆိုင်၊ သတ္ထုဖြိုခွဲပန်းပဲဖို... တစ်ရက်ထဲမှာပင် မြို့တော်၏ ကျော်ကြားလှသော ဓားဆိုင်များနှင့် ပန်းပဲဖိုများအားလုံး ဝမ်ချောင်၏ ရက်ရောလှသော ဆုလဒ်ကို လက်ခံရရှိခဲ့ကြသည်။
ဓားဆိုင်များနှင့် ဓားပန်းပဲဖိုများ နှစ်ခုစလုံးတို့သည် တစ်လစီတွင် သူတို့ရှာနိုင်သည့် အကျိုးအမြတ် ပမာဏ၌ အလွန်အမင်း အကန့်အသတ် ရှိခဲ့ကြသည်။ ဝမ်ချောင်နှင့်မတူဘဲ သူတို့သည် သောင်းချီသော သိန်းချီသော ရွှေပြားများအတွက် ရောင်းချမည့် ဓားတစ်လက်ကိုသာ မပြုလုပ်နိုင်ပေ။
အမှန်တွင် မြို့တော်တစ်ခုလုံး၌ ဤသို့သော စွမ်းဆောင်ချက်ကို စွမ်းနိုင်သည့်လူမှာ ဝမ်ချောင် တစ်ဦးတည်းသာ ဖြစ်နိုင်သည်။
ပြားလေးသိန်းသည် ဤထိပ်သီး ဓားပန်းပဲဖိုများနှင့် ဓားဆိုင်များ၏ နှစ်စဉ်ဝင်ငွေထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူတို့သည် အစပိုင်းတွင် အင်တင်တင် ဖြစ်နေခဲ့ကြသော်လည်း ဝမ်ချောင်က ဤရွှေပြားများ အားလုံးကို သူတို့တံခါးဝသို့ ပို့လိုက်ပြီးနောက် ထိုသို့ မည်သို့ဆက်ရှိနိုင်မည်နည်း။
ဤအချိန်တိုအတွင်းမှာပင် ဓားဆိုင်များနှင့် ဓားပန်းပဲဖိုများအားလုံး ဆုံးဖြတ်ချက် ချလိုက်ကြသည်။ တစ်ရက်ထဲမှာပင် ဝမ်ချောင်သည် မြို့တော်ရှိ ဓားဆိုင်များနှင့် ဓားပန်းပဲဖိုများအားလုံး ထုလုပ်နိုင်သည့် အရာကို ဆုံးဖြတ်နိုင်စွမ်း ရရှိခဲ့သည်။
ယခုအချိန်မှစ၍ ဝမ်ချောင်သည် ဤဓားဆိုင်များနှင့် ဓားပန်းပဲဖိုများ၏ အထူးသီးသန့် အသုံးပြုမှု ဖြစ်ပေသည်။ သူတို့သည် ဝမ်ချောင်အတွက်သာ ပစ္စည်းများ ပြုလုပ်လိမ့်မည်ဖြစ်ပြီး သူ့ကိုသာ ထမ်းဆောင်လိမ့်မည်ဖြစ်ကာ သူတို့ထုတ်လုပ်သည့် အရာအားလုံးကို သူ့အား ပေးပေလိမ့်မည်။
ဤသို့သောအရာတစ်ခုသည် မကြုံစဖူးဖြစ်သော်လည်း ယခုအခါ ထိုအရာအားလုံး အမှန်တကယ် ဖြစ်လာခဲ့ကြသည်။
...
ရွှေနှင့်ကျောက်စိမ်းသံမဏိ လက်နက်များကို အသုံးပြု၍ မြို့တော်တစ်ခုလုံးသည် ဝမ်ချောင်နှင့် ဝမ်ကလန်အနား၌ ဧရာမ စက်ယန္တရားကဲ့သို့ စတင်လည်ပတ်လိုက်ကြသည်။
ဓားဆိုင်များနှင့် ဓားပန်းပဲဖိုများ သူတို့၏တံခါးများကို အခြားဖောက်သည်များအတွက် ပိတ်လိုက်ကြပြီး လူတစ်ဦးထဲအတွက် လက်နက်များကို ထုလုပ်လိုက်ကြကာ မြို့တော်ရှိ အမျိုးမျိုးသော နေရာများမှနေ၍ ထူထည်းသောမီးခိုးများ ထွက်လာခဲ့သည်။
ထို့ပြင် မြို့တော်၏ ကလန်များသည် သူတို့၏ ကျွမ်းကျင်သူများကို ဝမ်ကလန်ဆီသို့ ပို့ဆောင်နေခဲ့ကြသည်။ ဝမ်ချောင်သည် လီစီးရီ၊ ဝေအန်းဖန်နှင့် ကျောက်ကျင်းတန်တို့ကို ဤကျွမ်းကျင်သူများအား ကိုင်တွယ်သည့် တာဝန်ကို ပေးခဲ့သည်။
ခွန်အားသည် မဟာကလန်များမှ အစောင့်များနှင့် ကျွမ်းကျင်သူများကို အတူတကွ လုပ်ဆောင်နိုင်ပြီး စစ်မြေပြင်ကို ဖြတ်ကျော်နိုင်သည့် စစ်သားများအဖြစ်သို့ ပြုလုပ်ရန် လိုအပ်သည့် တစ်ခုတည်းသောအရာ မဟုတ်ခဲ့ပေ။ တင်းကြပ်သော လေ့ကျင့်မှုလည်း လိုအပ်၏။
သို့သော်လည်း ငှားရမ်းထားသည့် ကျွမ်းကျင်သူများနှင့် မတူဘဲ ကလန်များမှ အစောင့်များနှင့် ကျွမ်းကျင်သူများတွင် အနည်းဆုံး စစ်ရေးအတွေ့အကြုံအချို့ ရှိကြပေသည်။ ဤအကြောင်းပြချက်ကြောင့် ဝမ်ချောင်သည် မဟာကလန်များမှ အစောင့်များ စုစည်းခြင်းကို ပထမ ဦးစားပေးခဲ့ပေ၏။
“အရာရာတိုင်းက အသက်ဝင်လာခဲ့ပြီ။ အခုကျန်နေတာက ငါကိုယ်တိုင်ပဲ...”
ဝမ်ချောင် မြင့်မားလှသော စစ်မြင်းတစ်ခုပေါ်တွင် မတ်တပ်ရပ်နေခဲ့ကာ တိုက်ခိုက်နေသည့် လေများက သူ့ဝတ်ရုံကို တလူလူ လွင့်နေစေခဲ့သည်။ မြို့တော်၏ ကျွတ်ပြားခေါင်မိုးများနှင့် မြို့တော်ကို ကြည့်ရှု့နေခဲ့ကာ သူသည် မီးခိုးတိုင်များ ကောင်းကင်ထဲသို့ လွင့်နေသည်ကို မြင်လိုက်ပြီး ဘက်ပေါင်းစုံမှ တုထုသံများကို ကြားနိုင်ခဲ့သည်။
ထို့ပြင် အဝေးမှနေ၍ သူသည် စစ်မြင်းများ၏ ဟီသံများကို ကြားနိုင်ခဲ့သည်။ ဝမ်ချောင်သည်သူက လီစီးရီနှင့် ကျောက်ကျင်းတန်တို့၏ လမ်းညွှန်မှုအောက်တွင် အဝေးရှိ ဓားသွားဖယ်ရှားခြင်း အိမ်တော်၌ လေ့ကျင့်နေသည့် ရာချီသော အစောင့်များကို မြင်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
စစ်ပွဲသည်အမြဲ အလွန်ဈေးကြီးသော စွန့်စားမှုတစ်ခု ဖြစ်ခဲ့သည်။ လူအင်အားတွင်ဖြစ်စေ၊ အစားအသောက်တွင်ဖြစ်စေ၊ အစားအစာတွင်ဖြစ်စေ၊ စစ်လက်နက် ပစ္စည်းတွင်ဖြစ်စေ သာမာန်ကလန် တောင့်မခံနိုင်သည့် အဖိုးအခများ ရှိနေခဲ့ကြသည်။
ဝမ်ချောင်သည် ကျောက်စိမ်းသံမဏိဓားများနှင့် ဝိညာဉ်သွေးကြောကို လေလံပစ်ခြင်းမှ သူရရှိခဲ့သည့် ပိုက်ဆံများ အပါအဝင် သူတက်နိုင်သည့် အရာရာတိုင်းကို မြုပ်နှံထားခဲ့ပြီးဖြစ်သည်။ ယန္တရားများသည် စတင်လည်ပတ်နေခဲ့ပြီဖြစ်၏။ ဝမ်ချောင်သည် နောက်ထပ်သူ စောင့်ဆိုင်းနေသည့်အရာက ဆိုးရွားလှသော စစ်ပွဲဖြစ်သည်ကို သိထားခဲ့ပြီးဖြစ်သည်။
စစ်သည်များသာ ဤစစ်ပွဲအတွက် ပြင်ဆင်ရန် လိုအပ်ခဲ့ခြင်း မဟုတ်ပေ။ သူသည်လည်း ပြင်ဆင်ထားရန် လိုအပ်၏။
အတွေးတစ်ခုဖြင့် ဝမ်ချောင်သည် သူ့စိတ်ထဲရှိ ကံကြမ္မာကျောက်စာနှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။ သူက အန်းရလျိုရှန်းကို သတ်ဖြတ်ခဲ့ပြီး အားရှီနာရှု့ကန်းကို သတ်ဖြတ်ခဲ့ချိန်၌ သူသည် ကံကြမ္မာမှတ် (၂၀၀)ကိုရရှိခဲ့သည်။ ရိုကျိုးစစ်သည်များကို သတ်ဖြတ်ခြင်းမှ သူရရှိခဲ့သည့် ကံကြမ္မာမှတ်ကို ထည့်ပေါင်းလိုက်ခြင်းဖြင့် သူ့တွင် စုစုပေါင်း ကံကြမ္မာမှတ် (၂၆၉)မှတ် ရှိလာခဲ့၏။
သူသည် ဤကံကြမ္မာမှတ်ကို ကံကြမ္မာကျောက်စာရှိ ဆုလဒ်များ၏ နောက်ထပ်အဆင့် ပွင့်လာခဲ့ချိန်အတွက် ချန်ထားခဲ့နိုင်သော်လည်း အနောက်တောင်ဘက်ရှိ စစ်ပွဲသည် ဖြစ်လုဆဲဆဲ ဖြစ်သည်။ သူ့တွင် အချိန်မရှိတော့ပေ။
လဲလှယ်မှုကို ယခုပြုလုပ်ခြင်းကသာ ဖြစ်လာတော့မည်ဖြစ်သည့် ဤစစ်ပွဲတွင် အကူအညီ တစ်စုံတစ်ရာ ရှိနိုင်ပေလိမ့်မည်။
ထို့ပြင် ဆုလဒ်များ၏ ပထမအဆင့်သည် နောက်အဆင့်လောက် အထင်ကြီးစရာ ကောင်းလိမ့်မည် မဟုတ်သော်လည်း ဝမ်ချောင်သည် ထိုဆုလဒ်များထဲရှိ တစ်ခုက သူ့အတွက် ကြီးကြီးမားမား အထောက်အကူ ဖြစ်လိမ့်မည်ကို သိထားပေသည်။
“ကံကြမ္မာကျောက်စာ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူသုံးယောက်ကို လဲလှယ်ပါ”
ဝမ်ချောင် ဤအတွေးကို သူ့စိတ်ထဲသို့ ပို့လိုက်၏။
ဝုန်း
သူ့စိတ်လေးလံသွားခဲ့ကာ ရွှေရောင်အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ကြယ်တာရာစွမ်းအင် ထိုးဖောက်သူသုံးယောက်၏ စွမ်းအင်များသည် ကံကြမ္မာကျောက်စာမှနေ၍ ထွက်လာခဲ့ပြီး ဝမ်ချောင်၏ ဒန်တန်ထဲသို့ စီးဝင်သွားခဲ့သည်။
ဘုန်း
ကြယ်တာရာစွမ်းအင် ထိုးဖောက်သူတစ်ဦးက ရုတ်တရက် လေးဦးဖြစ်လာသောအခါ ဝမ်ချောင်၏ ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သော စွမ်းအင်သည် လျှင်မြန်စွာ တိုးလာခဲ့သည်။ ကံကြမ္မာစွမ်းအင် ထိုးဖောက်သူ အသက်ဝင်မည့် အခွင့်အလမ်းသည်လည်း ငါးရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့၏။ တိုက်ခိုက်မှု ငါးကြိမ်တိုင်းတွင် ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ အသက်ဝင်မည့် အခွင့်အလမ်း တစ်ကြိမ် ရှိပေလိမ့်မည်။
ကြယ်တာရာစွမ်းအင် ထိုးဖောက်သူ သုံးဦးအတွက် လဲလှယ်ပြီးနောက် ဝမ်ချောင်သည်လည်း စွမ်းအားတွင် တိုးလာခဲ့၏။ အစစ်အမှန် သိုင်းနယ်ပယ် အဆင့်သုံးမှနေ၍ အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေး အခန်းဝသို့ သူရောက်ရှိသွားခဲ့သည်။
ငါအဲ့ဒီနောက်ဆုံး ခြေလှမ်းကို လွဲချော်နေတာပဲ။
ဤအတွေးဖြင့် ဝမ်ချောင် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်ထဲရှိ ဆေးလုံးလေးလုံးသို့ ကြည့်လိုက်သည်။ သူသည် လက်ခြောက်ချောင်း ကျန်းဆီမှ ဤဆေးလုံးများကို ရရှိခဲ့ပေ၏။
ပိုက်ဆံသည် တစ္ဆေများကိုပင် ကြိတ်ဆုံကျောက်ကို တွန်းစေနိုင်သည်။ ဝိညာဉ်သွေးကြောကို ရောင်းချခြင်းက ဝမ်ချောင်ကို ပိုက်ဆံပမာဏ အများအပြား ရရှိစေခဲ့ပြီး တစ်ချိန်ထဲမှာပင် နန်းတော် ဆေးပညာရှင်များ၏ နှလုံးသားထဲရှိ ဝမ်ချောင်၏ အဆင့်အတန်းကိုလည်း မြင့်တက်သွားစေခဲ့သည်။
ဤတစ်ကြိမ် ဝမ်ချောင်ကို လာရှာခဲ့သည့်လူမှာ နန်းတော် ဆေးဆရာများဖြစ်ပြီး သူ့အထူး အခွင့်အရေးများကို တိုးမြှင့်ရန် လက်ဦးမှု ရယူခဲ့သည်။ တစ်လချင်းစီအတွက် သူလဲလှယ်နိုင်သည့် ဆေးလုံးအရေအတွက်သည် တစ်လုံးတိုးသွားခဲ့သည်။
ကလု
ဝမ်ချောင် ခေါင်းမော့လိုက်ပြီး ထိုဆေးလေးလုံးကို မြိုချလိုက်၏။ တခဏမျှ မီးများက သူ့သွေးကြောများထဲ ပြေးလွှားနေသကဲ့သို့ ခံစားလိုက်ရသော်လည်း ခဏကြာပြီးနောက် ဆေးလုံးများ ကုန်ဆုံးသွားကာ ဝမ်ချောင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
...
ဘုန်း
အဝေးရှိ အနောက်ဘက်တွင် မိုးခြိမ်းသံများ မြည်နေခဲ့သည်။ ဧရာမ မြို့တစ်မြို့သည် ဤကျယ်ပြောလှသော နယ်မြေအပေါ် လွှမ်းမိုးထားခဲ့ပြီး ဤမြို့အထက်တွင် အနက်ရောင် တိမ်တိုက်များ စုစည်းနေခဲ့ကာ ငွေရောင်လျှပ်စီးမြွေများက လင်းလက်နေခဲ့သည်။
ထိုမြို့မှနေ၍ မျက်နှာချင်းဆိုင်တွင် ကောင်းကင်အထိ ရောက်နေသည့် နယ်မြေတစ်ခုဖြစ်၏။ ၎င်းသည် မည်သည့်အချိန်တွင်မဆို ရိုက်ချလာနိုင်ပြီး အရာရာတိုင်းကို ရှင်းပစ်နိုင်သည့် ဧရာမ လှိုင်းလုံးတစ်ခုကဲ့သို့ ခံစားရစေသည်။
ဤသည်က တိဗက်ကုန်းပြင်မြင့်ဖြစ်၏။
အဝေးရှိ လုံးချည်သည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ အခြားအစိတ်အပိုင်းများထက် ဤနယ်မြေ၏ ခြိမ်းချောက်မှု ဤတိုင်းပြည်၏ ခြိမ်းချောက်မှုကို ခံစားခဲ့ရသည်။
သူတို့သည် အိမ်နီးချင်းများ ဖြစ်ကြသော်လည်း ဤမြင့်မားလှသော ကုန်းပြင်မြင့်သည် အလယ်ပိုင်း လွင်ပြင်ဒေသအတွက် အခြားလောကတစ်ခုကဲ့သို့ ဖြစ်သည်။
ထိုကုန်းပြင်မြင့်များသည် မရေမတွက်နိုင်သော စစ်သည်များကို ပြုစုပျိုးထောင်ခဲ့သည်။ အလယ်ပိုင်း လွင်ပြင်ဒေသ၏ မင်းဆက်များ တဆက်ပြီးတဆက် သူတို့ကို အနိုင်ယူခဲ့သော်လည်း သူတို့သည် ထိုခြိမ်းချောက်မှုကို လုံးဝမဖျက်ဆီးနိုင်ခဲ့ကြပေ။
မြင့်မားလှသော ကုန်းပြင်မြင့်များသည် အလယ်ပိုင်း လွင်ပြင်ဒေသ၏ တိုင်းပြည်များအတွက် သူတို့၏ခွန်အားကို ပြည့်ဝစွာ အသုံးချရန် ခက်ခဲစေသည့် မမြင်ရသော အတားအဆီး တစ်ခုကဲ့သို့ ဖြစ်သည်။
တစ်ကြိမ်ပြီးတစ်ကြိမ် မြင်းတပ်သည် ထိုကုန်းပြင်မြင့်တွင် စုစည်းလိမ့်မည်ဖြစ်ပြီး အလယ်ပိုင်း လွင်ပြင်ဒေသသို့ ဆင်းသက်ကာ အဓမ္မ လုယူပြီး သတ်ဖြတ်ပေလိမ့်မည်။ ထို့နောက် စစ်တပ်က ရောက်မလာနိုင်မီ သူတို့သည် တိဗက်ကုန်းပြင်မြင့်ပေါ်သို့ ပြန်ဆုတ်သွားပေလိမ့်မည်။
ကုန်းပြင်မြင့်ပေါ်ရှိ တိဗက်ပြည်သူများအတွက် အလယ်ပိုင်း လွင်ပြင်ဒေသများသည် အကာအကွယ်မဲ့ ဖြစ်ကြသည်။ သို့သော် ထိုမြို့မတည်ဆောက်ခင်အထိဖြစ်ပြီး ထိုလူ မပေါ်လာခင်အထိဖြစ်၏။
ခုနှစ်စင်ကြယ်မြို့
ကော်ရှု့ဟန်
ဤအသစ်စက်စက် တည်ဆောက်ထားသောမြို့သည် အနောက်ပိုင်း နယ်စပ်သို့ ရိုက်ထည့်ထားသည့် ကြီးမားလှသော သံချောင်းတစ်ခုကဲ့သို့ဖြစ်သည်။ ၎င်းသည် လုံးချည်ကို ထိန်းထားပြီး ဝူရှန်းတိုင်းပြည်၏ မြင်းတပ်များကို ဖိနှိပ်ခဲ့သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ထို့ပြင် ကြယ်တံခွန်ကဲ့သို့ မြင့်တက်လာသည့် မဟာစစ်သူကြီး ကော်ရှု့ဟန်သည် အနောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး ဝူရှန်းတိုင်းပြည်၏ ကြောက်မက်ဖွယ်အကောင်းဆုံး တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
ခုနှစ်စင်ကြယ်၏ ကြယ်ခုနှစ်ပွင့် မြင့်မြင့်မားမား လင်းထိန်လာသောအခါ ကော်ရှု့ဟန်သည် သူ့ဆေဘာနှင့်အတူ ညဘက်တွင် ရောက်လာပေလိမ့်မည်။ ချောင်းမြောင်းနေသည့် သိုးထိန်း သို့မဟုတ် မြင်းသည် လင်းတာအိုကို ဖြတ်ရဲမည်မဟုတ်ပေ။ ဤသည်က လုံးချည်တွင်သာမက တိဗက်ကုန်းပြင်မြင့်တွင်လည်း လူသိများသည့် ရိုးရာသီချင်းဖြစ်သည်။ လူတိုင်းသည် ၎င်းကို သိရှိပြီး လူတိုင်းသည် ၎င်းကြောင့် ကြောက်ရွံ့စွာ တုန်ရီသွားခဲ့ကြသည်။
ထို့ပြင် အတိအကျပင် ကော်ရှု့ဟန်၏ တည်ရှိမှုနှင့် ခုနှစ်စင်ကြယ်မြို့၏ လက်သည်းများက ကမာ္ဘကြီးသည် ချမ်းသာပြီး လူနေထူထပ်သော်လည်း မည်သည့်နေရာကမျှ လုံးရိုထက် မသာလွန်နိုင်ဟုသည် အလွန်အမင်း ကျော်ကြားသော ဆိုရိုးတစ်ခုကို ဦးဆောင်လမ်းပြခဲ့သည်။
မိုးခြိမ်းသံများနှင့် တိမ်တိုက်များကြား ရက်စက်ကြမ်းကြုတ်သော မြင်းဟီသံသည် ကောင်းကင်ကို စုတ်ဖြဲသွားခဲ့သည်။ ၎င်းသည် ကောင်းကင်ထက်မှနေ၍ မြင့်မားလှသော ကုန်းပြင်မြင့်ထက်မှနေ၍ ထွက်လာခဲ့၏။
မည်းနက်ပြီး သွေးဆာသည့် ပုံရိပ်တစ်ခု ကုန်းပြင်မြင့်၏ အစွန်းတွင် ပေါ်လာရန် တခဏသာ ကြာမြင့်ခဲ့ပြီး ထိုလူ၏ကျောပေါ်တွင် လေထဲတွင် လွင့်နေသည့် ကြီးမားလှသော အလံတစ်ခုဖြစ်သည်။
“ရန်သူ”
ထိုပုဂ္ဂိုလ် ပေါ်လာပြီးနောက် ချက်ချင်းနီးပါးတွင် ခုနှစ်စင်ကြယ်မြို့၏ တံတိုင်းပေါ်ရှိ ကင်းသမားတစ်ယောက်သည် သတိပေးသံကို ချက်ချင်း အော်ဟစ်လိုက်သည်။
လုံးချည်၏နယ်စပ်ကို စောင့်ကြပ်နေခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဤစစ်သည်များသည် ဝူရှန်းမြင်းတပ်နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ သူတို့၏ ထိုချပ်ဝတ်တန်ဆာသည် အလွန်လေးလံလာကာ ၎င်းသည် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ကျွံ့ဝင်နေပုံရသည်။ အဝေးမှနေ၍ပင် သူတို့သည် မှတ်မိရန် အလွန်လွယ်ကူလှ၏။
သို့သော် ဤသည်က သူစိုးရိမ်မှု အကြောင်းအရာ မဟုတ်ခဲ့ပေ။ သူတို့၏ မဟာစစ်သူကြီး ခုနှစ်စင်ကြယ်မြို့ကို တည်ထောင်ခဲ့ကတည်းက ဝူရှန်းတိုင်းပြည်သည် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ ခုနှစ်စင်ကြယ်မြို့၏ မျက်စိအောက်တွင် ထိပ်တိုက် တိုက်ပွဲ၌ ဝင်ပါရဲခဲ့ကတည်းက အချိန်အကြာကြီး ရှိသွားခဲ့ပြီဖြစ်သည်။
ဤသို့သော အခြေအနေများသည် အလွန်အမင်း ထူးခြားကြသည်။
ဘုန်း
ခုနှစ်စင်ကြယ်မြို့တစ်ခုလုံး အသက်ဝင်လာခဲ့ကာ ထောင်ချီသော စစ်သည်များ ပြေးထွက်လာခဲ့ပြီး လျှင်မြန်စွာ စီတန်းလိုက်ကြသည်။
သူတို့၏ အရေအတွက် များပြားခဲ့သော်လည်း ခုနှစ်စင်ကြယ် မြို့ထဲတွင် ထိတ်လန့်တုန်လှုပ်မှု မရှိခဲ့ပေ။ သူတို့၏နေရာများသို့ သူတို့ ပြေးလွှားနေခဲ့ချိန်၌ပင် သူတို့သည် တင်းကြပ်သော စည်းမျဉ်းများနှင့် အမိန့်ကို လိုက်နာခဲ့ဆဲဖြစ်သည်။
ကြီးမားလှသော ခုနှစ်စင်ကြယ်မြို့အတွက် နောက်တစ်ကြိမ် တိတ်ဆိတ်သွားရန် တခဏသာ ကြာမြင့်ခဲ့သည်။ စစ်သည်များအားလုံးတို့သည် သူတို့၏ နေရာများတွင် အဆင်သင့် ရပ်နေခဲ့ကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လေထဲတွင် ရစ်ဝဲနေခဲ့သည်။
မြို့သည် အလွန်တိတ်ဆိတ်လှကာ ဗလာကျင်းသွားပုံရသည်။ ဤအခိုက်တွင် ကြယ်ခုနှစ်ပွင့် စစ်တပ်ထဲရှိ နာရီများစွာကြာ လေ့ကျင့်ခဲ့မှုသည် ပြည့်ပြည့်ဝဝ ပြသခဲ့သည်။ မြို့တစ်ခုလုံးအတွက် ၎င်းတို့၏ သာမာန်လုပ်ငန်းဆောင်တာများထဲမှ ရုန်းထွက်ပြီး တိုက်ပွဲပုံစံသို့ပြောင်းရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပေသည်။
သို့သော် မြို့သည် တိတ်ဆိတ်လှသော်လည်း မြို့အပြင်ဘက်သည် ကျယ်လောင်သထက် ကျယ်လောင်လာခဲ့သည်။
ဘုန်း
ပင်လယ်အော်သံကဲ့သို့ ကျယ်လောင်သော အော်သံတစ်ခုသည် မြင့်မားလှသော ကုန်းပြင်မြင့်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် နူညံ့ပြီး မကြာနိုင်လုနီးပါး ဖြစ်ခဲ့သော်လည်း ၎င်းသည် တဖြည်းဖြည်း ကျယ်လောင်သထက် ကျယ်လောင်လာခဲ့ကာ လေထဲသို့ ပဲ့တင်ထပ်လာခဲ့သည်။ ၎င်းနီးကပ်လာခဲ့ချိန်တွင် လူတိုင်းသည် သတ္ထုရိုက်ခတ်သံများနှင့်အတူ ရောနှောနေသည့် ကမာ္ဘမြေကြီးပေါ် ပြေးလွှားနေသော ထောင်ချီသော မြင်းခွာသံများကို ကြားနိုင်ခဲ့သည်။
“ဒါကဝူရှန်း စစ်တပ်ပဲ”
မြို့တံတိုင်းပေါ်တွင် ကြယ်ခုနှစ်ပွင့်စစ်တပ် စစ်သည်များသည် ဖြူလျော်သွားခဲ့ကြသည်။ သူတို့သည် လုံးချည်တွင် နှစ်ပေါင်းများစွာကြာ စောင့်ကြပ်ခဲ့သောကြောင့် သူတို့သည် ဝူရှန်းနှင့် တိုက်ခိုက်ခြင်းကို အသားကျနေခဲ့ကြပြီဖြစ်သည်။
သို့သော် ဤတိုက်ပွဲနှင့်ပတ်သတ်၍ တစ်စုံတစ်ခု လွဲချော်နေသည်မှာ ထင်ရှားလှ၏။
ဒုန်းဆိုင်းသံများ၏ ခက်ထန်ကြမ်းကြုတ်မှုမှနေ၍ တိဗက်ကုန်းပြင်မြင့်ပေါ် ပေါ်လာခဲ့သည့် ထိုစစ်တပ်သည် ယခင်ကထက် များစွာ သာလွန်ခဲ့ပေသည်။
ကမာ္ဘမြေကြီး၏ တုန်ခါမှုသည် ဤစစ်တပ်တွင် အနည်းဆုံးစစ်သည် တစ်သိန်းပါဝင်သည်ဟု ဆိုလိုပေသည်။
“အဲ့ကိုကြည့်လိုက်”
တစ်ယောက်ယောက် အော်လိုက်ပြီး ညွှန်ပြလိုက်၏။
မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် ပေတစ်ရာလောက်ရှည်သော ဧရာမအလံတစ်ခုသည် ကုန်းပြင်မြင့်၏ အစွန်းတွင် ၎င်းဘာသာ ရုတ်တရက် ပြေကျသွားခဲ့သည်။
ဤအလံသည် လေထဲတွင် တလူလူလွင့်နေခဲ့ပြီး သွေးဖြင့် ဆိုးထားခဲ့ပုံရကာ ဤသွေးနီရောင် နောက်ခံတွင် ကြီးမားလှသော ခေါင်းသုံးလုံးပါသည့် အဖြူရောင် ခြင်္သေ့ဖြစ်ပြီး ၎င်း၏သွားများက ထင်ရှားလှသည်။ ဤအကွာအဝေး၌ပင် ၎င်းကိုရှင်းလင်းစွာ မမြင်နိုင်ရန် မဖြစ်နိုင်ပေ။
“ခေါင်းသုံးလုံး ခြင်္သေ့ဖြူအလံ အဲ့ဒါက ဝိသာရခုံးလျိုပဲ”
စစ်သည်များ ပို၍ပင် ဖြူလျော်သွားခဲ့ကြပြီး ကြယ်ခုနှစ်ပွင့်စစ်တပ်၏ အရာရှိများသည်ပင် စိုးရိမ်လာခဲ့ကြသည်။
အခန်း(၄၈၃)
သတင်းဆိုးများ ပြန့်နှံ့လာခြင်း
လုံးချည်နယ်စပ်တွင် ခေါင်းသုံးလုံး ခြင်္သေ့ဖြူ၏အလံကို မြင်တွေ့ဖူးသည့်လူ အများကြီး မရှိသော်လည်း ၎င်းကို မသိသည့်လူ မည်သူမျှ မရှိပေ။ ၎င်းသည် ဝူရှန်းတိုင်းပြည်၏ ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုကို ကိုယ်စားပြုပေသည်။ ချန်ပို၏ စစ်သူကြီးများ၏ ဘုရင် ဝူရှန်း စစ်နတ်ဘုရား ဝိသာရခုံးလျို ဝူရှန်းတွင် ဤပုဂ္ဂိုလ်၏ အဆင့်အတန်းသည် ဟော်ရှု့ဟွမ်ချမ်း သို့မဟုတ် တုစုန့်မန့်ဖော်ကျယ်ကဲ့သို့သော အခြားမဟာစစ်သူကြီးများထက် သာလွန်ပေသည်။ သူ့အဆင့်အတန်းသည် မဟာထန်၏ စစ်နတ်ဘုရား ယခုအခါ သရဖူးဆောင်းမင်းသား၏ အငယ်တန်း အုပ်ထိန်းသူ ဝမ်ကျုံးစီနှင့် အလားသဏ္ဍန်တူပေသည်။
တစ်ချိန်က ဝမ်ကျုံးစီသည် အနောက်ပိုင်းကို အုပ်စိုးခဲ့ပြီး တိဗက်ကုန်းပြင်မြင့်သို့ ဝူရှန်း၏ တော်ဝင်မြို့တော်ကို ခြိမ်းချောက်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဝိသာရခုံးလျိုကို ရင်ဆိုင်ခဲ့ရသောကြောင့် ကျရှုံးခဲ့သည်။
ထို့ပြင် ဝူရှန်းတိုင်းပြည် တစ်ခုလုံးတွင် စစ်နတ်ဘုရား ဝမ်ကျုံးစီနှင့် ယှဉ်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂုလ်မှာ ဝိသာရခုံးလျို ဖြစ်ပေသည်။
ဒဏ္ဍာရီများသည် ဤလူ၏ ကွပ်ကဲမှုစွမ်းရည်က အံ့ဖွယ်ဖြစ်လုနီးပါး ဖြစ်သည်ဟု ပြောခဲ့သော်လည်း ထိုတိုက်ပွဲပြီးကတည်းက ဝိသာရခုံးလျိုသည် နောက်ထပ် ဘယ်တော့မှ ပေါ်မလာခဲ့ပေ။ မည်သူမျှ ဝူရှန်း၏ ဤဒဏ္ဍာရီသည် ယခုပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
တခဏချင်းမှာပင် ကြယ်ခုနှစ်ပွင့်စစ်တပ်၏ စစ်သည်များအားလုံး အရပ်မျက်နှာ တစ်ခုသို့ ကြည့်လိုက်ကြသည်။
လူတစ်ဦး၏နာမည်သည် သစ်တစ်ပင်၏ အရိပ်ကဲ့သို့ဖြစ်သည်။ ဤဒဏ္ဍာရီလာ စစ်သူကြီးများ၏ ဘုရင်သည် အလွန်ကျော်ကြားလှပြီး အလွန်များပြားသော ဖိအားကို ထုတ်ဖော်ထားခဲ့သည်။
အကယ်၍ ခုနှစ်စင်ကြယ် မြို့ထဲတွင် သူ့ကို တောင့်ခံနိုင်သည့် ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ပါက ၎င်းသည် သူတို့၏ မဟာစစ်သူကြီးသာ ဖြစ်နိုင်သည်။
လူတိုင်းသည် ခုနှစ်စင်ကြယ်မြို့၏ အမြင့်ဆုံးမျှော်စင်ကို ကြည့်နေခဲ့ကြပြီး ထိုပုဂ္ဂိုလ် ပေါ်လာသည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ခုနှစ်စင်ကြယ်၏ ကြယ်ခုနှစ်ပွင့်မြောက် အမြင့်ဆုံး ထွန်းတောက်ချိန်တွင် ကော်ရှု့သည် သူ့ဆေဘာနှင့်အတူ ညတွင် ရောက်လာခဲ့သည်။
မည်သည့်အချိန်တွင်မဆို ကြယ်ခုနှစ်ပွင့် မဟာစစ်သူကြီး ကော်ရှု့ဟန်၏ နာမည်သည် အနောက်ဘက်တွင် တောင်တန်းများနှင့် မြစ်ပြင်များကဲ့သို့ ခိုင်မာလှသည့် တည်ရှိမှုတစ်ခု ဖြစ်ပေလိမ့်မည်။
“ဝိသာရခုံးလျို...”
ကော်ရှု့ဟန် ထိုခမ်းနားထည်ဝါသော မျှော်စင်ပေါ်တွင် ရပ်နေခဲ့၏။ သူသည် မည်သည့် ထူးခြားသော ကိုယ်ဟန်အနေအထားမျှ မပေါ်လွင်နေခဲ့သော်လည်း သူသည် တောင်တစ်လုံး၏ အရှိန်အဝါ မရေမတွက်နိုင်သော မီးဆေးခြင်းကို ကြုံတွေ့ခဲ့ရသည့် သံမဏိ၏ အရှိန်အဝါကို ထုတ်ဖော်ထားခဲ့သည်။
တော်ဝင်မဟာစစ်သူကြီး တစ်ဦးဖြစ်သော်လည်း ကော်ရှု့ဟန်တွင် ချောမောသော ရုပ်သွင်နှင့် ဂုဏ်ကျက်သရေရှိသော ဟန်ပန်တို့ ရှိကြသည်။ ထိုရှည်လျားပြီး ကျဉ်းမြောင်းသော မျက်လုံးများ ဖွင့်လိုက်သောအခါ သူတို့သည် နေနှင့်လကဲ့သို့ တောက်ပနေခဲ့ကြသည်။ သူတို့သည် ဒေါသကို မပြသခဲ့ကြသော်လည်း သူတို့သည် ရိုသေလေးစားမှုကို ဖြစ်စေသည့် ခမ်းနားထည်ဝါမှုတစ်ခုကို ပေးစွမ်းနေကြသည်။
မဟာထန် စစ်နတ်ဘုရား ဝမ်ကျုံးစီ၏ ယခင်လက်အောက်ငယ်သား တစ်ဦးအနေဖြင့် ကော်ရှု့ဟန်သည် ဝမ်ကျုံးစီနှင့် ခြင်္သေ့ဖြူမဟာစစ်သူကြီး ဝိသာရခုံးလျိုတို့ကြောင့် မဟာတိုက်ပွဲ အပါအဝင် အရာများစွာကို ကြုံတွေ့ခဲ့ဖူးပေသည်။
ဝူရှန်းသည် ထိုတိုက်ပွဲမှ ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များဖြင့် အဝေးသို့ ထွက်ခွာသွားခဲ့ပြီး ကုန်းပြင်မြင့်၏ မြေမျက်နှာသွင်ပြင် သူ့စစ်သည်များ၏ အကန့်အသတ်များနှင့် ဝိသာရခုံးလျို၏ ခုခံမှုတို့ကြောင့် သက်ရောက်ခဲ့သည့် ဝမ်ကျုံးစီသည်လည်း တိဗက်ကုန်းပြင်မြင့်မှ ဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။
ကော်ရှု့ဟန်သည် ထိုက်တိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သောကြောင့် သူသည် ထိုအချိန်က ဖြစ်ခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပေသည်။
ကော်ရှု့ဟန်သာ ဝိသာရခုံးလျိုသည် ထိုစစ်ပွဲပြီးနောက် အလယ်ပိုင်းလွင်ပြင်ဒေသကို ဆက်လက် မကျူးကျော်ခဲ့သည်မှာ အကြင်နာတရားကြောင့် မဟုတ်သည်ကို သိပေသည်။ အမှန်တွင် သူသည် ထိုအချိန်ကသူ့အား နောက်ဆုတ်သွားစေခဲ့သည့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပေသည်။
သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက် သူ့ဒဏ်ရာများသည် အများစုက ပြန်လည်ကောင်းမွန် လာခဲ့သင့်သည်။
“သာမာန်မဟုတ်တဲ့ အခြေအနေတွေမှာ ဆိုးယုတ်တဲ့လူတစ်ယောက် ရှိရမယ်။ ဝူရှန်းနဲ့ မဟာထန်တို့က တိုက်ပွဲတွေမှာ တိုက်ခိုက်ခဲ့ကြကတည်းက အကြာကြီး ရှိသွားခဲ့ပြီ။ ဝိသာရခုံးလျိုက ဒီနေရာမှာ ပေါ်လာခြင်းနဲ့ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ...”
အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ကော်ရှု့ဟန်သည် ထိုမျှော်စင်ပေါ်တွင် မလှုပ်မယှက် ရပ်နေခဲ့ကာ လေများကို သူ၏ရှည်လျားလှသော ဆံပင်များအား တိုက်ခတ်နေစေသည်။ သူသည် အရွယ်အစားမျိုးစုံ ပုံသဏ္ဍန်မျိုးစုံ စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးသောကြောင့် သူ့စိတ်ကို သက်ရောက်နိုင်သည့်အရာ အနည်းငယ်သာ ရှိကြပေသည်။
သို့သော် ဤအခိုက်တွင် ကော်ရှု့ဟန်သည် အနည်းငယ် ပူပန်မှုကို ခံစားခဲ့ရသည်။ ထိုသည်မှာ ဝိသာရခုံးလျိုကြောင့် မဟုတ်ခဲ့ပေ။ သို့သော် ဝူရှန်း၏ လှုပ်ရှားမှုများသည် အလွန်သာမာန် မဟုတ်ခဲ့ကြသောကြောင့် ဖြစ်သည်။
ဝိသာရခုံးလျိုသည် ခြင်္သေ့ဖြူ မဟာစစ်သူကြီးဖြစ်ပြီး ဝူရှန်း၏ မဟာစစ်သူကြီးများ အားလုံးတို့ထဲတွင် အကြီးမြတ်ဆုံးဖြစ်ပြီး အားအကောင်းဆုံးဖြစ်သည်မှာ အမှန်ဖြစ်သည်။ သူ့အထွတ်အထိပ်တွင်ရှိသည့် စစ်နတ်ဘုရား ဝမ်ကျုံးစီသည်ပင် သူ့ကိုရင်ဆိုင်ရာ၌ အများကြီး မလုပ်နိုင်ခဲ့ပေ။
သို့သော် ကော်ရှု့ဟန်သည် ဝူရှန်းကို နှိမ်နှင်းရန် မရည်ရွယ်ထားခဲ့ပေ။ ပွင့်လင်းမြင်သာသော တိုက်ပွဲတစ်ခုနှင့် မြို့တစ်မြို့ကို ကာကွယ်ခြင်းတို့သည် မတူညီသော အရာနှစ်ခုဖြစ်ကြသည်။ ဝူရှန်း၏ မြင်းစစ်သည်များသည် ကြမ်းကြုတ်ပြီး ရဲရင့်နိုင်ကြသော်လည်း ကြယ်ခုနှစ်ပွင့် စစ်တပ်က သူတို့ကို ပွင့်လင်းမြင်သာသော စစ်မြေပြင်တွင် မတိုက်ခိုက်ခဲ့သ၍ ခြင်္သေ့ဖြူ မဟာစစ်သူကြီး ဝိသာရခုံးလျိုသည် သူ့အချိန်ကိုသာ ဖြုန်းတီးနိုင်ပေမည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ကြယ်ခုနှစ်ပွင့်စစ်တပ် သတ်ဖြတ်ခဲ့သည့် တိဗက်အရေအတွက်ကို နောက်ယောင်ခံရန် မဖြစ်နိုင်ပေ။ အကယ်၍ တိဗက်များကို အကြီးမားဆုံး နားလည်မှုရှိပြီး သူတို့ကို ရင်ဆိုင်ရာတွင် အသက်ရောက်ဆုံးဖြစ်သည့် စစ်သည်အုပ်စုတစ်စု ရှိခဲ့ပါက ၎င်းသည် ကော်ရှု့ဟန်၏ ကြယ်ခုနှစ်ပွင့်စစ်တပ်သာ ဖြစ်နိုင်သည်။
မီးနှင့်သွေးတို့ဖြင့် ထုလုပ်ထားခဲ့သည့် ဤစစ်တပ်သည် ၎င်း၏ကိုယ်ပိုင် ခြေနှစ်ချောင်းပေါ်တွင် ရပ်တည်နိုင်ပြီး မည်သည့်မုန်တိုင်းကိုမဆို ရင်ဆိုင်နိုင်ပေသည်။ ဤသည်က အထင်သေး၍ရသည့် စစ်တပ်တစ်ခု မဟုတ်ခဲ့ပေ။
ကော်ရှု့ဟန်သည် တိဗက်များက ဤရိုးရှင်းသော သဘောတရားကို သဘောပေါက်မည်ဟု ယုံကြည်မှုရှိပေသည်။
ဝိသာရခုံးလျိုသည် ရည်ရွယ်ချက်တစ်ခုမရှိဘဲ ဘာကိုမှ လုပ်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ခြင်္သေ့ဖြူ မဟာစစ်သူကြီးသည် သာမာန်မဟုတ်သော ထက်မြက်မှုကို မပိုင်ဆိုင်ထားခဲ့ပါက သူသည် ဝမ်ကျုံးစီ၏ တိုက်ခိုက်မှုများကို ဘယ်တော့မှ ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပေ။
ကော်ရှု့ဟန်သည် သူ့စိတ်အလုပ်လုပ်နေခဲ့ကာ မျှော်စင်ပေါ်တွင် ရပ်နေခဲ့ပြီး မရေမတွက်နိုင်သော အတွေးများက သူ့စိတ်ထဲ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်လာခဲ့ကြသည်။ လုံးချည်၏ တောတောင်ရေမြေများ အပါအဝင် တိုင်းပြည်တစ်ခုလုံးသည် သူ့စိတ်ထဲ ရိပ်ကနဲ ပေါ်လာခဲ့ကြသည်။
လင်းတာအိုသည် လုံးချည်၏နယ်စပ်တွင် ရပ်နေခဲ့ပြီး ခုနှစ်စင်ကြယ်မြို့ ဤနေရာကို အုပ်စိုးထားခြင်းဖြင့် တိဗက်များသည် အခြေခံအားဖြင့် ဖြတ်ကျော်နိုင်သည့် အခွင့်အရေး မရှိခဲ့ပေ။ အနောက်မြောက်ဘက်အနေဖြင့် ကိုစုန်းကြည်သည် ရှု့ရီတွင် စောင့်ကြပ်နေခဲ့သည်။
သူ့တွင် ဖန်ချန်းရှီ၏ အကူအညီလည်းရှိပြီး တစ်ယောက်က သိုင်းပညာရပ်ကိစ္စများကို ကျွမ်းကျင်ပြီး အခြားတစ်ယောက်သည် အရပ်ဘက်ကို ကျွမ်းကျင်သော ဤပုဂ္ဂိုလ်နှစ်ယောက်တို့ဖြင့် ခြင်္သေ့ဖြူ မဟာစစ်သူကြီးသည်ပင် အများကြီး လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ချီးချီအနေဖြင့် ဖုမန်လင်းချာ စောင့်ကြပ်နေခဲ့သည်။
ဤပုဂ္ဂိုလ်သည် လုံးဝဝါရင့် စစ်မှုထမ်းတစ်ဦးဖြစ်သည်။ သူက အနောက်ပိုင်းဒေသများကို စောင့်ကြပ်နေခဲ့ချိန် သူသည် တိဗက်များနှင့် အကြိမ်တော်တော်များများ တိုက်ခိုက်ခဲ့ဖူးပေသည်။ သူသည် ယခင်က အာရပ်များကိုပင် တော်လှန်ခဲ့၏။
အမှန်ပင် အကယ်၍ တစ်ယောက်သည် တိုင်းပြည်၏ မြေပုံကိုကြည့်လိုက်ပါက တစ်ယောက်သည် အနောက်ပိုင်း ဒေသများ၏ အစွန်းပိုင်းမှနေ၍ ရှု့ရီအထိ ချီးချီမှ လုံးချည်အထိ... မဟာထန်၏ ပိုင်နက်သုံးခုတို့သည် တိဗက်များကိုအထဲတွင် ပိတ်လှောင်ထားသည့် တိဗက်ကုန်းပြင်မြင့်တစ်လျှောက် ဝေးကွာနေသော သံမဏိတံတိုင်းတစ်ခုကို ပုံဖော်ထားခဲ့သည်ကို တွေ့ရှိပေလိမ့်မည်။
ထိုအတောအတွင်း အန်းစီဟန်၏ ပိုင်ထင်ပိုင်နက်သည် အရှေ့နှင့်အနောက် တာကီကာကနိတ်များကို ခြိမ်းချောက်နေခဲ့သည်။ သူ၏ကြီးမားလှသော စစ်တပ်ကြောင့် သူသည် အခြားပိုင်နက်သုံးခုထဲမှ မည်သူ့ကိုမဆို မည်သည့်အချိန်တွင်မဆို အကူအညီပေးရန် လာရောက်နိုင်ပေသည်။
တိဗက်များသည် ဤနေရာတွင် တိုးတက်မှုအတွက် အခွင့်အရေးကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။ မဟုတ်ပါက ...
အနောက်တောင်ဘက်ရှိ ကျင်းကော်
ဤအတွေးဖြင့် ကော်ရှု့ဟန်၏ တစ်ကိုယ်လုံး တုန်ရီသွားခဲ့၏။ သူသည် တစ်ခုခုကို ရုတ်တရက် သဘောပေါက်လိုက်ပြီး သူ့မျက်နှာသည် ရှုံ့မဲ့သွားခဲ့သည်။ တိဗက်များအတွက် အလယ်ပိုင်း လွင်ပြင်ဒေသ ချန်ထားခဲ့သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ အနောက်တောင်ဘက်ရှိ ကျင်းကော်ဖြစ်သည်။ ချန်ယုချောင်ထုံးနှင့် မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့ ကဲလျိုဖန်းကို ရှုံးနိမ့်ခဲ့သည်မှာ လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။
သို့သော် ကော်ရှု့ဟန်သည် ချန်ယုချောင်ထုံးက ရှုံးနိမ့်ခဲ့လျှင်ပင် သူသည် ရှုံးနိမ့်မှု အနည်းငယ်ကိုသာ ခံစားရလိမ့်မည်ဟု အမြဲယုံကြည်ထားခဲ့သည်။ ထန်စစ်သည်များ၏ ခွန်အားများအရ သူတို့သည် ခိုင်မာစွာ ရပ်တည်နေသ၍ သူတို့၏ ကိုယ်ပိုင်ခွန်အားနှင့် သူတို့နောက်မှ လာနေသည့် စစ်ကူများသည် ကဲလျိုဖန်းကို အနိုင်ယူနိုင်စွမ်း လုံးဝရှိနေသေးသည်။
သို့သော် ဤအခိုက်တွင် ကော်ရှု့ဟန်သည် အလွန်အမင်း ဆိုးရွားလှသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဘူး
ကော်ရှု့ဟန်၏ မျက်ခုံးများ ပူပန်မှုကြောင့် မြင့်တက်နေခဲ့စဉ် နိမ့်ပါးပြီး အထီးကျန်ဆန်ကာ ခမ်းနားထည်ဝါသော လျိုတစ်ခု၏အသံသည် မြင့်မားလှသော ကုန်းပြင်မြင့်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ခေါင်းသုံးလုံး ခြင်္သေ့ဖြူ၏ သွေးရောင်အလံအောက်တွင် ပို၍သေးငယ်သော အနက်ရောင် အလံတစ်ခုက ကြောက်ကန်ထားခဲ့သည်။
ထို့ပြင် ဤအနက်ရောင် စစ်အလံပေါ်တွင် အရုပ်ဆိုးသော အနက်ရောင် တိဗက်နွားရိုင်းတစ်ကောင်၏ ထင်ရှားလှသော ပုံရိပ်တစ်ခုဖြစ်သည်။
တစ်ခုကအနီ၊ တစ်ခုကအနက်၊ တစ်ခုကအသေး၊ တစ်ခုကအကြီး အလံနှစ်ခုတို့သည် အတူတကွ ရပ်တည်နေခဲ့ကြသည်။ ကော်ရှု့ဟန်သည်ပင် ဤအလံနှစ်ခု မြင်ကွင်းကြောင့် ဖြူလျော်သွားခဲ့၏။ လုံးချည်တွင် အချိန်တစ်ခုအထိ နေထိုင်ခဲ့ကြသည့် မည်သူမဆို ထိုအနက်ရောင် အလံကို ဝူရှန်း မဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်၏ အလံအဖြစ် မှတ်မိနိုင်ပေသည်။
ဝူရှန်းမဟာစစ်သူကြီး နှစ်ဦးတို့သည် လုံးချည်ကိုခြိမ်းချောက်ရန် တိဗက်ကုန်းပြင်မြင့်၏နယ်စပ်တွင် ပေါ်လာခဲ့ကြသည်။
ကော်ရှု့ဟန်သည်ပင် သူ့ပုခုံးပေါ်၌ ကြီးမားသော ဖိအားတစ်ခုကို ခံစားလာရသည်။
မည်သည့်တိုင်းပြည်အတွက်မဆို မဟာစစ်သူကြီး တစ်ဦးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပြီး ရှားရှားပါးပါးသာ ပေါ်လာပေလိမ့်မည်။
ဝူရှန်းမဟာစစ်သူကြီးနှစ်ဦး တစ်ချိန်ထဲတွင် ပေါ်လာပြီး ခုနှစ်စင်ကြယ်မြို့ကို ရင်ဆိုင်ရန်မှာ လုံးဝ မကြုံစဖူးဖြစ်သည်။
ကော်ရှု့ဟန်သာမက ကြယ်ခုနှစ်ပွင့်စစ်တပ်၏ အရာရှိများနှင့် စစ်သည်များအားလုံးတို့သည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ဝူရှန်းမဟာစစ်သူကြီး နှစ်ဦးတို့၏ ပူးပေါင်းအင်အားသည် ဤတိုက်ပွဲ၏ သဘောသဘာဝကို ပြောင်းလဲပစ်ခဲ့သည်။
ဝုန်း
ခွာသံများ မြင့်တက်လာခဲ့ပြီး တခဏမျှ တိတ်ဆိတ်နေပြီးနောက် ထောင်ချီသော တိဗက်မြင်းစစ်သည်များသည် ကုန်းပြင်မြင့်၏ အစွန်းမှနေ၍ သွန်ကျလာခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံကို တုန်လှုပ်စေပြီး တောင်များကို ဖြိုဖျက်နိုင်သည့် အရှိန်အဟုန်တစ်ခုဖြင့် ခုနှစ်စင်ကြယ်မြို့ဆီသို့ ချီတက်လာခဲ့ကြသည်။
လေထုသည် ချက်ချင်း မယုံနိုင်စရာကောင်းလောက်အောင် တင်းမာသွားခဲ့၏။
ဘုန်း
အမြင့်ဆုံးမျှော်စင်ပေါ်တွင် ကော်ရှု့ဟန်သည် ရှေ့သို့ ရုတ်တရက် ခြေတစ်လှမ်းလှမ်းလိုက်ကာ သူ၏ချောမောပြီး ခန့်ညားသောမျက်နှာသည် အေးစက်ပြီး လေးလံထိုင်းမှိုင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေခဲ့သည်။
“လူတိုင်း ငါ့အမိန့်ကိုလိုက်နာ အဆင်သင့်ပြင်ထား”
ကော်ရှု့ဟန်၏ ညာလက်သည် သူ့ဆေဘာဓားပေါ်တွင် တင်ထားခဲ့ပြီး တောင်တန်များကဲ့သို့ ခိုင်မာပြီး ပင်လယ်ကဲ့သို့ ကျယ်ပြောသော စွမ်းအင်တစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။ တစ်ချိန်ထဲမှာပင် စစ်တပ်သည် ဟစ်ကြွေးလိုက်ကြပြီး ကြယ်ခုနှစ်ပွင့်စစ်တပ်၏ လက်ရွေးစင် ခြောက်သောင်းတို့သည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုဖြင့် ပေါက်ကွဲသွားခဲ့ကာ ကောင်းကင်ကို ထိုးဖောက်သွားခဲ့သည်။
တိုက်ပွဲသည် နောက်ဆုံးတွင် စတင်သွားခဲ့၏။
...
အကြာကြီးပျောက်နေခဲ့သော ဝူရှန်း စစ်သူကြီးများ၏ဘုရင် ဝိသာရခုံးလျိုသည် လုံးချည်၏ ခုနှစ်စင်ကြယ်မြို့ကို တိုက်ခိုက်ရန် တုစုန့်မန့်ဖော်ကျယ်နှင့်အတူ ပေါ်လာခဲ့သည်။
ဤသတင်း ရောက်ရှိလာခြင်းသည် မြို့တော်ကို ထိတ်လန့်သွားစေခဲ့၏။
ထို့ပြင် ပို၍ပင် ထိတ်လန့်စရာ ကောင်းသည်မှာ အနောက်တောင်ဘက်မှ သတင်းဖြစ်သည်။ ချန်ယုချောင်ထုံးသည် ရှုံးနိမ့်သွားခဲ့ပြီး သူ၏ တစ်သိန်းရှစ်သောင်းသော စစ်သည်များသည် မုန့်ချီကျောက်နှင့် ဝူရှန်းတို့မှ နှစ်ဖက်ညှပ် တိုက်ခိုက်မှုကြောင့် လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့သည်။ သူတို့ထဲမှ တစ်ဝက်ကျော် သတ်ဖြတ်ခံခဲ့ရပြီး လီကျန်းကျီအောက်ရှိ စစ်ကူ ခြောက်သောင်းသည်ပင် ဝူရှန်းတို့၏ ကြားဖြတ်ဟန့်တားခြင်းကို ခံခဲ့ရသည်။
ဤသတင်းများ ပြန့်နှံ့လာခြင်းသည် မြို့တော်ကို စိုးရိမ်ထိတ်လန့်သွားစေခဲ့ပြီး ရုံးတော်ကို ချောက်ချားသွားစေခဲ့သည်။
အခန်း(၄၈၄)
ပြည်သူများ တုန်လှုပ်ချောက်ချားခြင်း
သတင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ပျံ့နှံ့ခဲ့သည်။ လီကျန်းရီ၏ စစ်တပ်မှ ကင်းထောက်တစ်ဦးသည် မြို့တော်ထဲသို့ ပြေးဝင်လာခဲ့ပြီး သွေးများ ဖုံးလွှမ်းနေခဲ့သည်။ စစ်မှုထမ်းငှာနသို့ ရောက်ရှိသည်နှင့် သူသည် သူ့သတင်းကို ပို့လိုက်ပြီး စစ်ကူများ တောင်းဆိုလိုက်ကာ သတိလစ်သွားခဲ့သည်။ အကယ်၍ လုံးချည်နယ်စပ်ရှိ တိဗက်စစ်တပ်၏ ကြီးမားသော တိုက်ခိုက်မှုသည် တုန်လှုပ်ဖွယ် ကောင်းခဲ့ပါက ကျင်းနယ်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်း ရှုံးနိမ့်သွားခဲ့သည့် သတင်းသည် ပို၍ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့သည်။
မည်သူမျှ ဤသို့သော အရာတစ်ခုကို မမျှော်လင့်ထားခဲ့ပေ။ တိဗက်တိုက်ခိုက်မှုသည် လူတိုင်းကို ချောက်ချားသွားစေခဲ့၏။
“တိဗက်တွေက မဟာထန်ကို စစ်ကြေညာနေတာပဲ။ ဒါက လုံးဝချိုးဖောက်မှု တစ်ခုပဲ”
တော်ဝင်ရုံးတော်တွင် တော်ဝင်စည်းစစ်သူ တစ်ဦးသည် မီးကုန်ယမ်းကုန် အော်ဟစ်လိုက်ကာ သူ့မျက်နှာက နီရဲပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသကြောင့် တုန်ရီနေခဲ့သည်။
“အဲ့ဒါက ပျက်စီးသွားခဲ့ပြီ။ လုံးချည်နဲ့ အနောက်တောင်ဘက်မှာ ဝူရှန်းက မဟာထန်ကို ကျူးကျော်ဖို့ စစ်သား တစ်သိန်းကျော်ကို စစ်စုရုံးခဲ့တယ်။ ဒါက ချိုးဖောက်တာမဟုတ်ရင် ဘာလဲ။ အခုလောလောဆယ် ငါတို့ နောက်ဘာဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးရမယ်”
“လီကျန်းရီက ရှုံးနိမ့်သွားခဲ့ပြီ။ ငါတို့က စစ်သားတွေကို တစ်ခြားဘယ်နေရာကနေ ရနိုင်မှာလဲ”
“တကယ်လို့ ငါတို့က ချန်ယုချောင်ထုံးနဲ့ လီကျန်းရီတို့ကို ကူညီချင်တယ်ဆိုရင် ကြယ်ခုနှစ်ပွင့် စစ်တပ်က အကောင်းဆုံးနည်းလမ်းပဲ”
“ဒါပေမဲ့ ကြယ်ခုနှစ်ပွင့် စစ်တပ်ကို ဝိသာရခုံးလျိုနဲ့ တုစုန့်မန့်ဖော်ကျယ်တို့က ဟန့်တားထားခဲ့တယ်”
“လူကြီးမင်းဝမ်က ဒါက စစ်သားတွေစေလွှတ်ဖို့ အချိန်မဟုတ်ဘူးလို့ အကြာကြီးကတည်းက ပြောခဲ့ပေမဲ့ မင်းတို့တစ်ယောက်မှ နားမထောင်ခဲ့ကြဘူး။ အခုမင်းတို့ သိပြီလား”
“အဲ့ဒါက ခုလောလောဆယ် ငါစိုးရိမ်နေတဲ့အရာ မဟုတ်ဘူး။ အနောက်တောင်ဘက်မှာ နေထိုင်နေတဲ့ သိန်းချီတဲ့ သာမာန်ပြည်သူတွေကရော တကယ်လို့ အန်းနှံပိုင်နက်ရဲ့ လက်ရွေးစင် တစ်သိန်းရှစ်သောင်း တို့က အဲ့မှာ စောင့်ကြပ်ဖို့ ရှိမနေကြဘူးဆိုရင် အနောက်တောင်ဘက်က လုံးဝပွင့်နေတဲ့ ကွင်းပြင်တစ်ခုပဲ။ မုန့်ချီကျောက်နဲ့ ဝူရှန်းတို့ရဲ့ ပူးပေါင်းတပ်တွေကို တားဆီးနိုင်တဲ့လူ တစ်ခြားဘယ်သူ ကျန်သေးလို့လဲ”
...
ဘုန်း
လေများအားလုံး အခန်းထဲမှနေ၍ ရုတ်တရက် စုပ်ထုတ်ခံလိုက်ရသကဲ့သို့ ဆူညံနေသည့် ခန်းမသည် တိတ်ဆိတ်သွားခဲ့သည်။ မြင့်မြတ်သူများနှင့် အရာရှိများအားလုံး စကားပြောခြင်းကို ရပ်တန့်လိုက်ကြ၏။
နေရထိုင်ရခက်သော ခံစားချက်တစ်ခုသည် ရုံးတော်တစ်ခုလုံးကို လွွှမ်းခြုံသွားခဲ့သည်။
အနောက်တောင်ဘက်၏ ရှုံးနိမ့်မှုသည် ဘယ်တုန်းကမှ သူတို့၏ အကြီးမားဆုံး စိုးရိမ်မှု မဟုတ်ခဲ့ပေ။ သူတို့၏ တကယ့်စိုးရိမ်မှုသည် အနောက်တောင်ဘက်တွင် နေထိုင်နေသည့် တစ်သန်းနီးပါးသော ပြည်သူများ ဖြစ်သည်။
အနောက်တောင်ဘက်၏ အတားအဆီး အနေဖြင့် အန်းနှံကာကွယ်ရေး ငှာနချုပ်သည် မုန့်ချီကျောက်နှင့် ဝူရှန်းတို့ကို တားဆီးသည့် ပထမနှင့် နောက်ဆုံး တံတိုင်းဖြစ်သည်။
ဤအကြောင်းပြချက်ကြောင့် အန်းနှံကာကွယ်ရေး ငှာနချုပ်တွင် အမြဲ အလွန်ကြီးမားသော မြို့စောင့်တပ်တစ်ခု ရှိခဲ့ခြင်းဖြစ်သည်။ လက်ရွေးစင် တစ်သိန်းရှစ်သောင်းသည် ကော်ရှု့ဟန်၏ ကြယ်ခုနှစ်ပွင့်တပ်နှင့် ကို့စုန်းကြည်၏ တပ်ထဲရှိ တပ်သားအရေအတွက်ထက် များစွာ သာလွန်ပေသည်။
အန်းတုံကာကွယ်ရေး ငှာနချုပ်၏ ကျန်းချိုးကွေ့တွင်ပင် စစ်သား တစ်သိန်းရှစ်သောင်း မရှိခဲ့ပေ။
ထို့ပြင် ဤအကြောင်းပြချက်ကြောင့် ကျန်းချိုးကျင်ချုံး အနောက်တောင်ဘက်ကို အုပ်စိုးနေခဲ့ချိန်က သူသည် အမြဲ ချင့်ချိန်စဉ်းစားခဲ့ပြီး သတိရှိခဲ့ကာ ထိုးစစ်တစ်ခုကို ဘယ်တုန်းကမှ အစပြုပြီး စတင်ရဲခြင်း မရှိခဲ့ပေ။
သို့သော်လည်း ကဲလျိုဖန်း၏ ရုတ်ချည်း တိုက်ခိုက်မှုနှင့် ကျန်းချိုးကျင်ချုံး၏ သူ့တိုက်ပွဲဝင်ကြီး ရာထူးအသစ်တွင် တည်ငြိမ်မှု မရှိခြင်းတို့က သူ့အား ဖိအားများကို အလျော့ပေးစေခဲ့ပြီး သူ၏ သောကဟောင်းများကို ပျက်ပြားစေခဲ့သည်။
တော်ဝင်ရုံးတော်သည် စစ်ကူအသုတ်အသစ် တစ်ခုပို့ရန် အနည်းဆုံး နှစ်လ လိုအပ်ပေလိမ့်မည်။ ဤအချိန်သည် သူတို့က ဤစစ်သားများကို အခြားကာကွယ်ရေး ငှာနချုပ်များမှ လွှဲပြောင်းခဲ့သည်ဖြစ်စေ သူတို့ကိုယခု စုဆောင်းခဲ့သည်ဖြစ်စေ လိုအပ်ပေလိမ့်မည်။
သို့သော် ယခုအခါ ...
အနောက်တောင်ဘက်၏ တစ်သန်းနီးပါးသော နေထိုင်သူများသည် အကာအကွယ် ကင်းမဲ့နေခဲ့ကြသည်။ သူတို့က မုန့်ချီကျောက်နှင့် ဝူရှန်းတို့ ချီတက်လာခဲ့ပါက ဘာဖြစ်လိမ့်မည်ကို တွေးတောလိုက်သောအခါ ဝန်ကြီးများအားလုံး ကြောက်ရွံ့မှုဖြင့် တုန်ရီသွားခဲ့ကြသည်။
ဝမ်ချောင်...
စုန်းဘုရင် စုဝေးနေသည့် အရာရှိများ၏ စိုးရိမ်နေသော်လည်း တိတ်ဆိတ်နေသည့် မျက်နှာများကို ကြည့်လိုက်ကာ သူသည် ထိုကောင်လေးကို ရုတ်တရက် တွေးလိုက်မိသည်။
မည်သူမျှ အနောက်တောင်ဘက်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့က ဤအခြေအနေတွင် အဆုံးသတ်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ အကယ်၍ ဤအရာအားလုံးကို ကြိုတင်မျှော်လင့်ထားခဲ့သည့် လူတစ်ယောက် ရှိခဲ့ပါက ထိုလူသည် သံသယရှိစရာမလိုဘဲ ဝမ်ချောင်ဖြစ်ပေသည်။
အကြောင်းပြချက်အချို့ကြောင့် စုန်းဘုရင်သည် ဝမ်ချောင်က ဤသည်မှာ ကိစ္စများမည်သို့ ဖြစ်လာလိမ့်မည်ဟု အမြဲသိရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်က သူ့အား တော်တော်လေး ထူးဆန်းသွားစေခဲ့၏။
... ဖြစ်နိုင်ပါက ဒီကလေးမှာ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ အကြံတစ်ချို့ ရှိနိုင်တယ်။ စုန်းဘုရင် သူ့ကိုယ်သူ တွေးလိုက်ကာ သူ့ခေါင်းကို ခန်းမ၏နံရံရှိ ထွင်းထုထားသော ရစ်ခွေနေသည့် နဂါးရုပ်သို့ မော့လိုက်သည်။
...
ခေါင်းမိုးတစ်ခုသည် မိုးသည်းထန်သောညတွင် ယိုစိမ့်ပေလိမ့်မည်။ အလယ်ပိုင်း လွင်ပြင်ဒေသ၏ တော်ဝင်ရုံးတော်က အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှုကြောင့် တုန်လှုပ်နေခဲ့သေးချိန်တွင် မဟာထန်၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့သည်လည်း ကဏှာမငြိမ် ဖြစ်လာနေခဲ့ကြသည်။
“ဟား ဟား ဟား ဒါက ကောင်းကင်ဘုံက လက်ဆောင်တစ်ခုပဲ။ မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့က ဝူရှန်းနဲ့ မုန့်ချီကျောက်တို့ကို တကယ်ပဲ ရှုံးနိမ့်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး...”
လရောင်ဖြာကျနေသော ညတစ်ညတွင် ရင်တောင်တန်း၏ မြောက်ဘက် ကျယ်ပြောသော လွင်ပြင်တွင် အဖြူရောင်တဲတစ်လုံး ပေါ်လာခဲ့သည်။ ထိုတဲကို ခြင်္သေ့နီးပါး ကြီးမားသော အဖြူရောင်ဝံပုလွေများဖြင့် ဝိုင်းရံထားခဲ့သည်။ သူတို့သည် ခက်ထန်သည့် အမူအရာများဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရှု့နေခဲ့ကြသည်။
ထိုတဲအတွင်းတွင် ဆီမီးအိမ်များသည် ရွက်ဖျင်ပေါ်သို့ အရိပ်ကြီးတစ်ခုကို ကျနေစေခဲ့သည်။
ဤအရိပ်၏ အရင်းအမြစ်သည် နည်းစနစ်များကို အသုံးမပြုခဲ့သော်လည်း သိုင်းပညာရပ်များကို မထုတ်ဖော်ထားခဲ့သော်လည်း ထိုအရိပ်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။ အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ ၎င်းသည် အချင်းဝက် ကျန့်နှစ်ရာ သုံးအရာအတွင်းရှိ လရောင်များအားလုံးကို စုပ်ယူသွားခဲ့သည်။
“ငါ့အမိန့်ကို ဆောင်ရွက်လိုက်။ စစ်တပ်က တောင်ဘက်ကို ရွေ့လျားပြီး မဟာထန်ရဲ့ ပိုင်ထင် ကာကွယ်ရေး ငှာနချုပ်နဲ့ မတိုးသာမဆုတ်သာ အခြေအနေကို ဝင်ရောက်မယ်။ တကယ်လို့ ပိုင်ထင် ကာကွယ်ရေး ငှာနချုပ်က ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ပြသခဲ့ရင် ငါတို့က တောင်ဘက်ကိုရွှေ့ပြီး သူတို့ကိုလုံးဝ ချေမှုန်းမယ်”
သူလက်သီးကို ဆုပ်ထားခဲ့ကာ ထိုအရိပ်သည် ကြမ်းတမ်းပြီး ပြတ်သားသော အသံတစ်ခုဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ခါကန် ကျွန်တော်တို့က ထန်ဧကရာဇ်ကို လုံးဝ အပြစ်ပြုမိမှာ မဟုတ်ဘူးလား”
ထိုတဲ၏ လှုပ်ခါနေသော မီးရောင်ထဲတွင် တဲထဲရှိ နောက်ထပ် အသံတစ်ခု သတိပေးလိုက်ကာ သူ၏အကြောက်တရားက ထင်ရှားလှသည်။
“ဟ မဟာထန်က အတိတ်ရဲ့ မဟာထန် ဖြစ်နေတုန်းလို့ မင်းထင်နေတာလား။ လက်ရွေးစင် တစ်သိန်းရှစ်သောင်း... အဲ့ဒါက လက်ရွေးစင် တစ်သိန်းရှစ်သောင်းပဲ။ အတိတ်ရဲ့ မဟာထန်က ဝူရှန်းနဲ့ မုန့်ချီကျောက်တို့က သူတို့ရဲ့ အင်အားအကုန်လုံးကို အသုံးပြုခဲ့ရင်တောင် ရှုံးနိမ့်ဖို့ အာမခံချက် ရှိခဲ့မှာ မဟုတ်ဘူး”
ထိုကြမ်းတမ်းသောအသံ ပြောလိုက်ကာ ၎င်းအသံပိုင်ရှင်က အတိတ်ကို သတိရသွားခဲ့ပြီး နောက်ဆုံးတွင် အတွေးထဲ မျောသွားပုံရသည်။
မဟာထန်၏ စွမ်းအားသည် သာမာန်လူတစ်ယောက် စိတ်ကူးနိုင်သည့်အရာ မဟုတ်ခဲ့ပေ။
စစ်နတ်ဘုရား စုကျန်းချန် ရှိနေသေးပြီး အရှေ့နှင့်အနောက် တများ အားကောင်းနေခဲ့သေးချိန်က ခါကန်အိုစမစ်သည် ကလေးတစ်ယောက် ဖြစ်နေသေးသည်။
ပြည့်စုံစွာ ဆင်ယင်ခံထားရသည့် စစ်သည်တော် တစ်သိန်းငါးသောင်းနှင့် အနောက်ပိုင်း တများ၏ အရဲရင့်ဆုံး ဝံပုလွေနက် ခါကန်တို့သည် စုကျန်းချန်အောက်ရှိ စစ်သား ရှစ်သောင်းကိုပင် မရပ်တန့်နိုင်ခဲ့ပေ။ ထို့နောက် အရှေ့နှင့်အနောက် တများသည် ဝမ်ကျူးလန်တို့နှင့် ဝမ်ကျုံးစီတို့၏ သူတို့ကို ရှင်းလင်းခြင်းနှင့်အတူ ကြီးစွာ အားနည်းသွားခဲ့ကြသည်။ အချိန်အကြာကြီး ကြာပြီးနောက်မှသာ သူတို့သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့ပေသည်။
မဟာထန်စစ်သား ခြောက်သိန်း၊ ခုနှစ်သိန်းတို့သည် သူတို့၏ ကြမ်းတမ်းသော ခွန်အားနှင့် အမျိုးမျိုးသော လက်နက်များကြောင့် ပတ်ဝန်းကျင်ရှိ တိုင်းတစ်ပါး တိုင်းပြည်များကို ဖိနှိပ်နိုင်ခဲ့ကြပေသည်။ သို့သော် ယခုအခါ မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းနှင့် စစ်ကူ ခြောက်သောင်းတို့ကို မုန့်ချီကျောက်နှင့် ဝူရှန်းတို့က လုံးဝ ချေမှုန်းပစ်ခဲ့သည်။ အနောက်ပိုင်း တများနှင့် အခြားတိုင်းပြည်များအတွက် ဤသည်က အတိတ်တွင် သူတို့ စိတ်ပင်မကူးရဲခဲ့သည့် အရာဖြစ်ပေသည်။
“မဟာထန်က ကျွတ်ဆတ်လာခဲ့ပြီဖြစ်ပြီး တစ်ခါကလို အားမကောင်းတော့ဘူး။ သူတို့က လွယ်လွန်းတာ ကြာသွားခဲ့ပြီ။ နောက်ပြီး ငါတို့ကလည်း ပြောင်းလဲသွားခဲ့ပြီ”
ထိုကြမ်းတမ်းသော အသံသည် ရုတ်တရက် မယုံနိုင်စရာကောင်းစွာ ကျယ်လောင်လာခဲ့သည်။ ထိုတဲအနားရှိ အဖြူရောင်ဝံပုလွေ အုပ်စုသည် တစ်ခုခုကို အာရုံခံမိလိုက်ပုံရပြီး သူတို့၏သွားများကို ပြသလိုက်ကြသည်။
“သွားကြစို့ တတွေနဲ့ မဟာထန်တို့က အချင်းချင်း တိုက်ခိုက်ကြလိမ့်မယ်။ တကယ်လို့ အခုမဟုတ်ရင်... အနာဂတ်မှာ ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ သင့်ရဲ့ငယ်သားက နားလည်ပါပြီ”
...
တစ်ချိန်ထဲမှာပင် ရိုကျိုး၏ အရှေ့ဘက်နှင့် ပိုဟိုင်းပင်လယ်၏ မြောက်ဘက်တွင်...
မြင့်မားလှသော တံတိုင်းတစ်ခုသည် အဝေးရှိ အန်းတုံကာကွယ်ရေး ငှာနချုပ်ကို မျက်နှာမူထားခဲ့ပြီး ကျယ်ပြောသော လွင်ပြင်နှင့် ကြည်လင်သော မြစ်တစ်စင်းတို့က ခြားနားထားခဲ့သည်။
တံတိုင်းများသည် မီးတောင်များ လောင်ကျွမ်းခံထားရပြီး မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ထားခဲ့ပုံရသည်။ သို့တိုင် သူတို့သည် အလွန်မြင့်မားပြီး ခိုင်ခံ့လှကာ အလယ်ပိုင်း လွင်ပြင်ဒေသ၏ တံတိုင်းများသည်ပင် မယှဉ်နိုင်ခဲ့ပေ။
ကဲမုံမြို့
ထိုကြီးမားလှသော မြို့တံတိုင်းပေါ် လွင့်နေသည့် အလံပေါ်တွင် အမှန်တကယ်၌ ဟန်စကားလုံးများဖြင့် ရေးသားထားသည့် ဤစာလုံးများ ဖြစ်ကြသည်။ ဂိုဂူလျောသည် အလယ်ပိုင်း လွင်ပြင်ဒေသကို ထိစပ်နေခဲ့ပြီး သူတို့၏ ပြောဆိုသည့် ဘာသာစကားများသည် ခြားနားခဲ့သော်လည်း ဂိုဂူလျောသည် သူတို့၏ တရားရုံး မှတ်တမ်းများတွင် အလယ်ပိုင်း လွင်ပြင်ဒေသ၏ ဟန်စကားလုံးများကို အသုံးပြုနေဆဲဖြစ်သည်။
ဘုန်း
ရုတ်တရက်ပင် ပုံမှန်အားဖြင့် ပိတ်နေသည့် ကဲမုံမြို့၏ ဂိတ်များသည် ပွင့်သွားခဲ့ပြီး ဂိုဂူလျော ခြေလျှင်တပ်သားများ ရုတ်တရက် ထွက်လာခဲ့ကြသည်။ တစ်ချိန်ထဲမှာပင် မြို့၏မြောက်ဘက်နှင့် တောင်ဘက်တို့ရှိ ဂိတ်များသည်လည်း ပွင့်လာခဲ့ပြီး ဂိုဂူလျောစစ်သားများ များစွာထွက်လာခဲ့ကြသည်။
ဤရုတ်ချည်း ဆောင်ရွက်မှုက ရိုကျိုးနယ်မြေ တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့၏။
အန်းတုံကာကွယ်ရေး ငှာနချုပ်၏ စစ်သားများအားလုံး ကြက်သေ သေသွားခဲ့ကြသည်။
အန်းတုံကာကွယ်ရေး ငှာနချုပ်သည် ရိုကျိုး၏ အရှေ့ဘက်ရှိ နယ်မြေများကို အုပ်ချုပ်ခဲ့သည်။ ဤသည်က အမည်ခံသက်သက် လုပ်ပိုင်ခွင့်အာဏာ မဟုတ်ခဲ့သော်လည်း မီးနှင့်သွေးများကို ဖြတ်သန်းရရှိခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ထုလုပ်ထားခဲ့သည့် အာဏာဖြစ်သည်။
ဂိုဂူလျောတိုင်းပြည်သည် အရှေ့မြောက်ဘက်တွင် အမြဲခံစစ်ကို ရွေးချယ်ခဲ့ပြီး ၎င်း၏ ခိုင်ခံ့လှသော မြို့တံတိုင်းများ၏ အခြားခံတပ်များကို မဟာထန်၏ တိုက်ခိုက်မှုများအား ခုခံရန် မှီခိုခဲ့သည်။
တစ်ခါမှ ၎င်းသည် ထိုးစစ်တစ်ခုကို ဆောင်ရွက်ရန် ၎င်း၏ဂိတ်များကို မဖွင့်ခဲ့ပေ။
“ရန်သူ”
ကြည်လင်သည့် မြစ်၏ အခြားတစ်ဖက်တွင် မဟာထန် ကင်းထောက် အတော်များများသည် မြင်းများပေါ် ခုန်တက်လိုက်ကြပြီး အော်ဟစ်လိုက်ကာ အဝေးသို့ ဒုန်းဆိုင်းလိုက်ကြသည်။ သူတို့သည် ရှည်လျားသော ဆေဘာဓားငါးချောင်းကို ကျောတွင်လွယ်ထားပြီး သူတို့ကို ရှုပ်ထွေးသည့် အကြည့်ဖြင့် တိတ်ဆိတ်စွာ ကြည့်ရှု့နေခဲ့သည့် ကဲမုံမြို့တံတိုင်းပေါ်တွင် ပေါ်လာခဲ့သည့် ဂိုဂူလျော မဟာစစ်သူကြီး တစ်ယောက်ကို မမြင်တွေ့ခဲ့ကြပေ။
သူ့လက်ထဲတွင် အဝါရောင် စက္ကူပေါ်ရှိ ဂိုဂူလျော တော်ဝင်အမိန့်ဖြစ်ပြီး ရေထဲရှိလမင်း သင်္ကေတက ၎င်း၏ ပို့ဆောင်လာသူကို ရှင်းလင်းစွာ ညွှန်ပြနေခဲ့သည်။
ဤသည်က ဂိုဂူလျော ဧကရာဇ် ယွန်ကဲဆုမွန်ဆီမှ အမိန့်တစ်ခုဖြစ်၏။
ပြင်းပြင်းထန်ထန် တိုက်ခိုက် မဟာထန်ကို ဖိနှိပ်
ဤတော်ဝင်အမိန့်တွင် ဤစကားလုံးများသာ ပါရှိပေသည်။
တစ်ညအတွင်း မဟာထန်ကို ထိစပ်နေသည့် အရှေ့နှင့်အနောက် တာကီကာကနိတ် ဂိုဂူလျောတိုင်းပြည်နှင့် အဝေးရှိ အာပက်စစ်စော်ဘွားများသည်ပင် လှုပ်ရှားမှု လက္ခဏာများကို စတင် ပြသနေခဲ့ကြသည်။
မဟာထန် တစ်ခုလုံးသည် ချောက်ချားသွားခဲ့၏။
ဝမ်ချောင် တစ်ဦးတည်းသာ ဤအရာအားလုံး ဖြစ်လာမည်ကို မျှော်လင့်ထားခဲ့ပြီး တည်တည်ငြိမ်ငြိမ်နှင့် တစ်လျှောက်လုံး ကရုမစိုက် ရှိနေခဲ့ပေသည်။
485
အခန်း(၄၈၅)
စုန့်ဘုရင်ဝေဝါးစွာ စတင်သဘောပေါက်လာခြင်း
“အရာရာတိုင်းက စမှတ်ကို ပြန်ရောက်သွားခဲ့ကြပြီ...”
လေများက အပေါ်ဘက်တွင် တိုက်ခိုက်နေခဲ့ချိန် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်း တောင်၏ တောင်ထိပ်တွင် မတ်တပ်ရပ်နေခဲ့ကာ သူ့နှလုံးသားက မယုံနိုင်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။ အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှု၊ စစ်ကူများကို ကြားဖြတ်ဟန့်တားမှု၊ ပတ်ပတ်လည်ရှိ တိုင်းတစ်ပါး တိုင်းပြည်များ၏ ကဏှာမငြိမ်ဖြစ်မှု...
အရာရာတိုင်းသည် သူနောက်ဆုံးဘဝရှိ ဖြစ်ပျက်ခဲ့သည့် အရာတိုင်း အတိအကျပင်။
အံ့အားသင့် ထိတ်လန့်မှုနှင့် ချောက်ချားမှုတို့က မဟာထန်တစ်ခုလုံးကို ဝါးမြိုထားခဲ့ချိန် အရာရာတိုင်းကို ကြိုတင်မျှော်လင့်ထားခဲ့သည့် ဝမ်ချောင်တစ်ဦးတည်းသာ တည်ငြိမ်နေခဲ့သည်။
“သခင်လေး လေ့ကျင့်ရေးက ပြီးသွားပါပြီ။ နောက်ဘာဆက်လုပ်ရမလဲ... ”
ကျောက်ကျင်းတန် သူ့ဆီသို့ ဒုန်းဆိုင်းလာခဲ့ကာ သူ့နောက်မှနေ၍ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်ထဲမှာပင် ရာချီသော မြင်းစီးသမားများ တောင်အောက်သို့ ချီဆင်းသွားခဲ့ကာ ရုတ်ရုတ်သဲသဲ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်သည့် အရှိန်အဟုန်က သူတို့၏ ခန္ဓာကိုယ်များမှနေ၍ ပေါက်ကွဲနေခဲ့သည်။
ဝမ်ချောင်သည် ဤလျှင်မြန်သော ပုံရိပ်များကို သူတို့က အဝေးတွင် ပျောက်ကွယ်သွားခဲ့သည်အထိ ကြည့်ရှု့နေခဲ့သည်။
အကယ်၍ တစ်ယောက်သည် အမှန်တရားကို မသိခဲ့ပါက မယုံနိုင်စရာ ကောင်းလောက်အောင် ခက်ထန်သည့် ဤမြင်းစီးသမားများသည် အမှန်တကယ်တွင် အမျိုးမျိုးသော ကလန်များမှ ဝမ်ချောင် စုဆောင်းခဲ့သည့် အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်ကို ယုံကြည်ရန် အလွန်ခက်ခဲပေလိမ့်မည်။
ဤလူများသည် မတူညီသော ကလန်များမှ လာခဲ့ကြပြီး မတူညီသော နည်းစနစ်များကို လေ့ကျင့်ထားခဲ့ကာ မတူညီသော စိတ်နေသဘောထားများ ရှိကြသော်လည်း ဤအခိုက်တွင် သူတို့သည် စစ်တပ်တစ်တပ်၏ လက္ခဏာရပ်များကို စတင်ပြသလာနေခဲ့ကြသည်။
လီစီယိ၏ အထက်မှ ဖိနှိပ်တတ်သော စွမ်းအားနှင့် ကျောက်ကျင်းတန်၏ တပ်သားများကို ဖွဲ့စည်းနိုင်စွမ်းတို့ဖြင့်သာ ဤသို့သော စစ်တပ်တစ်ခုကို ဤမျှအချိန်တိုအတွင်း ဖြစ်ပေါ်စေနိုင်ပေသည်။
သူသည် သူ့နောက်ဆုံးဘဝမှ ကျွမ်းကျင်မှုအဆင့်သို့ မရောက်ခဲ့သေးသော်လည်း ကျောက်ကျင်းတန်သည် သူ့အား ဝမ်ချောင်၏ ယုံကြည်ရသော လက်ထောက်ဖြစ်စေခဲ့သည့် ကွပ်ကဲမှုအတွက် ပါရမီကို စတင်ပြသလာနေခဲ့ပြီဖြစ်သည်။
“အချိန်ကျပြီ။ လေ့ကျင့်ရေးရဲ့ ဒုတိယအဆင့်ကို ဆက်သွားမှာလား”
ဝမ်ချောင် အကြာကြီး ပြင်ဆင်ထားခဲ့သည့် ပုံကြမ်းတစ်ခုကို သူ့လက်မောင်းအိုးမှနေ၍ ထုတ်ယူလိုက်သည်။ ကလန်များမှ ငှားရမ်းထားခဲ့သည့် ဤအစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူများသည် သူလိုချင်သည့် စည်းကမ်းရှိမှု၊ နာခံမှုနှင့် လိုက်လျောညီထွေရှိမှု အဆင့်တို့ကို ရောက်ရှိရန် ဝေးကွာနေကြဆဲဖြစ်သည်။ သူသည် သူတို့က သူ့လက်မောင်းများနှင့် လက်ချောင်းများကဲ့သို့ အမိန့်မပေးနိုင်ခဲ့သော်လည်း သူတို့သည် သူ သူတို့ကို ပေးလိုက်သည့် အခင်းအကျင်း ပုံစံနှစ်ခုကို လေ့လာနိုင်ခဲ့သရွေ့ လုံလောက်ပေလိမ့်မည်။
ကျန်သည့် အရာများကို ချီတက်သည့် ခရီးစဉ်တွင် လေ့ကျင့်ပေးရလိမ့်မည်ဖြစ်ပြီး ဤနောက်ဆက်တွဲ လေ့ကျင့်မှုသည် ကျောက်ကျင်းတန် ပြုလုပ်နိုင်သည့်အရာ မဟုတ်ခဲ့ပေ။ သူသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ရပေမည်။
“ဟုတ်ကဲ့ပါ သခင်လေး”
ကျောက်ကျင်းတန် တုံ့ဆိုင်းမနေဘဲ ခေါင်းငုံ့လိုက်ပြီး သူ့အမိန့် အသစ်များကို အကောင်အထည်ဖော်ရန် လျှင်မြန်စွာ သွားလိုက်သည်။
ကလုတ် ကလုတ်
ကျောက်ကျင်းတန်၏မြင်းသည် မြင်းစီးသမား တစ်ထောင်ကို လိုက်မီရန် အဝေးသို့ ပြေးထွက်သွားခဲ့ကာ ဖုန်မှုန့်တန်းတစ်ခုကို ချန်ရစ်ခဲ့သည်။ သူသည် အမိန့်တစ်ခုပြီးတစ်ခုကို ထုတ်ပြန်လိုက်ပြီး ဤအမိန့်များနှင့်အတူ ထိုမြင်းစီးသမားများသည် ပြောင်းလဲသွားခဲ့ကာ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ပို၍ပင် မြင့်မားသော ဖုန်မှုန့်လုံးများကို ဖြစ်ပေါ်စေခဲ့သည်။
“... မင်းက သူတို့ကို တကယ်ပဲ လေ့ကျင့်ပေးနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး”
သက်ပြင်းချသံတစ်ခု ဝမ်ချောင်နောက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ထို့အတူ မယုံနိုင်စရာကောင်းလောက်အောင် ရှုပ်ထွေးသည့် ခံစားချက်များ ရောထွေးနေသည့် အသံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ကာ သူ့ခေါင်းကို လှည့်လိုက်သည်။ ၎င်းသည် ရင်ဘက်ကျယ်ပြီး တုတ်ခိုင်သန်မာသည့် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ရင်းနှီးနေသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူသည် တောင်စောင်းမှနေ၍ ဖြေးညှင်းစွာ တက်လာနေခဲ့ပြီး သူ၏ အခိုက်အတန့်တိုင်းက မြင့်မြတ်သော အရှိန်အဝါတစ်ခုဖြင့် ပေါင်းစပ်နေခဲ့သည်။
ထို့ပြင် သူ့နောက်တွင် ဘဏ္ဍာထိန်းအိုကြီးဖြစ်ပြီး တစ္ဆေတစ်ကောင်ကဲ့သို့ သူ့နောက်ကို တိတ်ဆိတ်စွာ လိုက်ပါနေခဲ့သည်။
“သခင်လေး ကျွန်တော် စိတ်မကောင်းပါဘူး။ မင်းသားကြီး စုန့်ဘုရင်က သင့်ကို အကြောင်းကြားဖို့ ကျွန်တော်ကို ခွင့်မပြုခဲ့ဘူး”
အနီးအနားတွင် ဝေအန်းဖန်သည် သူ့ခေါင်းကို ငုံ့ထားခဲ့ပြီး သူ့လက်မောင်းများက တွဲကျနေခဲ့ကာ သူ့မျက်နှာတပြင်လုံး ရှက်ရွံ့နေခဲ့သည်။
ဝမ်ချောင်၏မျက်နှာသည် အံ့အားသင့်နေရာမှာ အေးခဲသွားခဲ့သော်လည်း သူသည် သူ့တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့သည်။
စုန့်ဘုရင်နှင့် သူ၏ဘဏ္ဍာထိန်းအိုကြီးသည် သူသတိပြုမိခြင်း မရှိဘဲ ထိုမျှ နီးကပ်မလာနိုင်ခဲ့သင့်ပေ။ သို့သော် သူက ဘဏ္ဍာထိန်းအိုကြီး၏ ခန့်မှန်းမရသော ခွန်အားနှင့် စုန့်ဘုရင်၏ ကိုယ်ပိုင်စွမ်းအားတို့အကြောင်း တွေးတောလိုက်သောအခါ ဝမ်ချောင်သည် တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။
သူကိုယ်တိုင်က အများကြီး သန်မာလာခဲ့သော်လည်း သူသည် စုန့်ဘုရင်နှင့် ဘဏ္ဍာထိန်းအိုကြီးကဲ့သို့ ခန့်မှန်းမရလောက်အောင် အားကောင်းသည့် ကျွမ်းကျင်သူများမှ အလွန်ဝေးကွာနေဆဲဖြစ်သည်။
သူ့အတွက်သူတို့ ရောက်လာသည်ကို သတိမပြုမိရန်မှာ ပုံမှန်ဖြစ်သည်။
“မင်းသားကြီး စုန့်ဘုရင်က ဝူရှန်းနဲ့ မုန့်ချီကျောက်တို့ကြောင့် ရောက်လာခဲ့တာလား”
ဝမ်ချောင်သည် သူက စုန့်ဘုရင်နှင့် ဘဏ္ဍာထိန်းအိုကြီး ပေါ်လာမည်ကို မျှော်လင့်ထားခဲ့ပြီးသကဲ့သို့ သာမန်ကာလျှံကာ မေးမြန်းလိုက်သည်။
“မင်းက ဒီအခြေအနေကို ကြိုတင်မျှော်လင့်ထားခဲ့ပြီးပြီ ဟုတ်တယ်မလား”
ဝမ်ချောင်ထက် စိုးရိမ်ပူပန်နေသည့် လေးနက်သော မျက်နှာတစ်ခုဖြင့် စုန့်ဘုရင် လိုရင်းကို တိုက်ရိုက် သွားလိုက်သည်။
ဝူရှန်း၊ မုန့်ချီကျောက်နှင့် ဝမ်ချောင်တို့၏ ကိစ္စများသည် သူ့အား အချိန်အတော်ကြာ ရှုပ်ထွေးစေခဲ့သည်။ သူ၏ပင်ကိုယ်သိစိတ်အပေါ် လုံးဝအခြေခံ၍ စုန့်ဘုရင်သည် ဝမ်ချောင်က တစ်ခုခု သိထားရမည်ဟု ခံစားခဲ့ရသည်။
ထို့ကြောင့်သူသည် ဤနေရာသို့ ရောက်လာခဲ့ပေ၏။
“လုံ့ရှီမှာ ဝိဿရခုံးလိုနဲ့ တုစုန့်မန့်ဖော်ကျယ်တို့က တစ်ချိန်ထဲမှာ ပေါ်လာခဲ့ကြပြီး ခုနှစ်စင်ကြယ်မြို့ကို တိုက်ခိုက်ဖို့နဲ့ ကော်ရှု့ဟန်ကို ဟန့်တားဖို့ စစ်တပ်တစ်ခုကို ဦးဆောင်လာခဲ့ကြတယ်။ မင်းက ဒီအကြောင်းကို သိထားခဲ့ပြီးပြီ ဟုတ်တယ်မလား”
စုန့်ဘုရင် ပြောလိုက်သည်။
တိုင်းပြည်များကြားရှိ စစ်ပွဲများသည် အသေးအဖွဲ ကိစ္စများ မဟုတ်ကြသော်လည်း သူသည် ဆယ်ကျော်သက်တစ်ယောက်ကို မေးခွန်းထုတ်ရန် စစ်ရေးထောက်လှမ်းချက်ကို အသုံးပြုနေခဲ့သည်။ ဤသည်က အရူးတစ်ယောက်၏ အပြုအမူဖြစ်သော်လည်း စုန့်ဘုရင်သည် ဤလမ်းကို ရွေးချယ်ခဲ့ရသည်။
အကယ်၍ သူသည် ဤကိစ္စများကို မရှင်းလင်းနိုင်ခဲ့ပါက သူသည် ဘယ်တော့မှ အေးချမ်းလိမ့်မည် မဟုတ်ဘဲ ဘယ်တော့မှ ကောင်းကောင်း အိပ်ပျော်လိမ့်မည် မဟုတ်ပေ။
အရှေ့မြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် ပိုင်ထင် တစ်ဝိုက်တို့တွင် တိုင်းတစ်ပါး တိုင်းပြည်များ အားလုံးတို့သည် မဆင်မခြင် ဖြစ်နေခဲ့ကြပြီး တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ မဟာထန်၏ အင်အားစုများကို ချုပ်ကိုင်နေခဲ့ကြသည်။ ဤအခြေအနေသည် မကြုံစဖူး ဖြစ်ပေ၏။
တော်ဝင်ရုံးတော်ရှိ မည်သူမျှ ၎င်းကိုအခုထိ သတိမပြုမိခဲ့သော်လည်း စုန့်ဘုရင်သည် ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားနေခဲ့ရပြီဖြစ်သည်။
မကြာသေးမီကမှ ထိုတိုင်းတစ်ပါး တိုင်းပြည်များအားလုံး မဟာထန်ကို လေးစားကြောက်ရွံ့ခဲ့ကြပြီး ၎င်း၏ တပ်ဖွဲ့များနှင့် ဝေးဝေးနေနေခဲ့ကြသည်။ သူတို့သည် မည်သည့်အချိန်က ထိုမျှရဲတင်းပြီး မဆင်မခြင် ဖြစ်လာခဲ့သနည်း။
စုန့်ဘုရင်သည် ဤပုံမှန်မဟုတ်မှုများရှိ မကြုံစဖူးသော အန္တရာယ်ကို ခံစားခဲ့ရသည်။
အကယ်၍ တိုင်းတစ်ပါး တိုင်းပြည်များသည် မဟာထန်ကို မလေးစားတော့ပါက အတူတကွ လက်တွဲရန်နှင့် မဟာထန်ကို ထိန်းချုပ်ရန် တိတ်ဆိတ်စွာပင် သဘောတူခဲ့ကြပါက မဟာထန်သည် သူတို့အားလုံးကို မည်သို့ဆက်၍ ဖိနှိပ်ပြီး အလယ်ဗဟိုတွင် မည်သို့ တည်တည်ငြိမ်ငြိမ် ထိုင်နိုင်တော့မည်နည်း။
မဟာထန်သည် ဤတိုင်းတစ်ပါး တိုင်းပြည်များကို ဖိနှိပ်ရန်နှင့် လက်ရှိ ငြိမ်းချမ်းသော ရွှေခေတ်ကို ဖန်တီးရန် ဆယ်စုနှစ်များစွာ အသုံးပြုခဲ့ရသည်။
သို့သော် အကယ်၍ ဤအရာအားလုံးက ပျက်စီးသွားခဲ့ပါက အကယ်၍ သူတို့သည် သူတို့၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားခဲ့ပါက အလယ်ပိုင်း လွင်ပြင်ဒေသသည် အမျိုးမျိုးသော တိုင်းတစ်ပါး အင်အားစုများ အားလုံးတို့အတွက် ပစ်မှတ်တစ်ခု နောက်တစ်ကြိမ် ဖြစ်လာလိမ့်မည် မဟုတ်လော။
တခဏတာ ဆုံးရှုံးမှုသည် ပြန်လည် ကောင်းမွန်လာနိုင်သော်လည်း အကယ်၍ ငြိမ်းချမ်းရေးအတွက် ဤတိတ်တဆိတ် နားလည်မှု ကျိုးပျက်သွားခဲ့ပါက မဟာထန်ကို စောင့်ကြိုနေမည့်အရာမှာ အဆုံးမရှိသော စစ်ပွဲများနှင့် ထောင့်တိုင်းရှိ ပုန်းခိုနေသော အန္တရာယ် ဖြစ်ပေလိမ့်မည်။
လက်ရှိ မဟာထန်သည် ၎င်း၏ အထွတ်အထိပ်နှင့် ဝေးကွာလှသည်။ ရှည်လျားလှသော ငြိမ်းချမ်းရေးသည် ပြည်သူများ၏ နှလုံးသားများကို နူးညံ့သွားစေခဲ့သည်။ သို့သော် တစ်ချိန်က မဟာထန်၏ မြင်းစစ်သည်များ၏ ခွာများအောက်ရှိ ဘာမှမဟုတ်သော်လည်း ဖုန်မှုန့်များ ဖြစ်ခဲ့ကြသည့် တိုင်းတစ်ပါး တိုင်းပြည်များသည် မဟာထန်၏ ငြိမ်းချမ်းမှုမှ အကျိုးအမြတ် ရရှိခဲ့ကြသည်။ ရှည်လျားလှသော ကုန်သွယ်ရေးကာလသည် သူတို့အား သန့်စင်ထားသော သံမဏိ၊ သံကြွပ်နှင့် သံမဏိ ပမာဏ အမြောက်အများတို့ကို ရရှိစေခဲ့ပြီး ၎င်းနှင့်အတူ သူတို့သည် လက်နက် အမြောက်အများကို ထုလုပ်နိုင်ခဲ့ကြသည်။
သူတို့သည် ယခုအခါ အတိတ်ကထက် များစွာ အားကောင်းလာခဲ့ကြပေသည်။
လူတစ်ယောက်က ယုတ်လျော့သွားခဲ့ချိန် အခြားလူများသည် ပြည့်လာခဲ့သည်။ စုန့်ဘုရင်သည် ဤပြဿနာများကို မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။ အနောက်တောင်ဘက်ရှိ စစ်ပွဲသည် အစသာ ဖြစ်နိုင်သည်။ မဟာထန်သည် မကြာမီ အဆုံးမရှိသော မုန်တိုင်းတစ်ခုကို ရင်ဆိုင်ရနိုင်သည်။
အကယ်၍ သားရေမရှိခဲ့ပါက အမွှေးသည် ဘာနှင့်တွဲမည်နည်း။ အကယ်၍ ဤသို့သော အရာတစ်ခုသည် ဖြစ်ပျက်လာခဲ့ပါက မည်သူမျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
“ဟုတ်ကဲ့”
ဝမ်ချောင် စုန့်ဘုရင်၏ မေးခွန်းကို ချက်ချင်း ပွင့်လင်းစွာ ဝန်ခံလိုက်သည်။
[သတိပေးချက်]
[သတိပေးချက်]
ကံကြမ္မာကျောက်စာမှ အသံများ သူ့စိတ်ထဲ ပေါ်လာခဲ့သော်လည်း ဝမ်ချောင်သည် မကြားသလို ဟန်ဆောင်လိုက်ကာ သူ့အကြည့်သည် စုန့်ဘုရင်အပေါ် စူးစိုက်နေခဲ့သည်။
ဤအခိုက်တွင် စုန့်ဘုရင် ကြက်သေ သေသွားခဲ့၏။
စုန့်ဘုရင်သည် သူရုံးတော်မှ ထွက်ခွာလာခဲ့ကတည်းက ဤပြင်းထန်သော ခံစားချက် ရှိခဲ့သော်လည်း ဝမ်ချောင်၏ ပွင့်ပွင့်လင်းလင်း ဝန်ခံချက်က စုန့်ဘုရင်ကို လုံးဝအငိုက်မိသွားစေခဲ့သေးသည်။
စုန့်ဘုရင် အံ့အားသင့်စွာ ဝမ်ချောင်ကို ကြည့်လိုက်ကာ သူ့စိတ်သည် လုံးဝ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး သူခံစားနေရသည့် အရာကို မဖော်ပြနိုင်ခဲ့ပေ။
တောင်ဘက်၊ ကျင်းကော်၊ လုံ့ရှီ၏နယ်စပ်...
သူကိုယ်တိုင်အပါအဝင် ရုံးတော်ရှိ မည်သူမျှ ထိုနေရာတွင် ဖြစ်ပျက်နေသော ဤဖြစ်ရပ်များကို ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် သူတို့က ဤအရာအားလုံးကို ကြိုတင် ခန့်မှန်းထားခဲ့ပြီးပြီဟု ကြိုတင်၍ ပြောခဲ့ပါက စုန့်ဘုရင်သည် သူတို့ကို အရူးဟု ခေါ်ပေလိမ့်မည်။
သို့သော် ဝမ်ချောင်အတွက်မူ... စုန့်ဘုရင် သူ့ကို ယုံကြည်ပေ၏။
******************