← Chapters

အခန်း (၄၈၆-၄၉၀)

Vol. 22 Ch. 486-490

အခန်း (၄၈၆-၄၉၀)

Vol. 22 Ch. 486-490

အခန်း(၄၈၆)

စစ်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုများ

အကြာကြီး တိတ်ဆိတ်နေပြီးနောက် စုန်းဘုရင် နောက်ဆုံးတွင် မေးလိုက်သည်။ “မင်းဘယ်လိုလုပ် သိခဲ့တာလဲ”

ဝမ်ချောင်အနားတွင် လျို့ဝှက်ချက်များစွာ ရှိနေခဲ့ကြသည်။ စုန်းဘုရင်သည် မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် နိုင်ငံရေးမုန်တိုင်းများကို ကြုံတွေ့ခဲ့ရဖူးသော်လည်း နိုင်ငံရေးအတွက် အလွန်အမင်း ထက်ရှသောအမြင်နှင့် အာရုံခံစားမှုတို့ကို တိုးတက်စေခဲ့သော်လည်း စုန်းဘုရင်သည် သူ့ရှေ့၌ ရပ်နေသည့် ဤဆယ်ကျော်သက်လေးကို ဖောက်မြင်ရန် မဖြစ်နိုင်သည်ကို တစ်ခါတစ်ရံ တွေ့ရှိခဲ့ရဆဲဖြစ်သည်။

ဝမ်ချောင် ခေါင်းခါလိုက်ပြီး သမန်ကာလျံကာ ပြောလိုက်သည်။ “ဒါကကြီးမားတဲ့ လျို့ဝှက်ချက် မဟုတ်ပါဘူး” သူသည် ပြန်လည်မွေးဖွားလာသူ တစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးစာ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားခဲ့သော်လည်း တစ်ချို့ကိစ္စများသည် အမျှော်အမြင် မရှိဘဲနှင့်ပင် ကြိုတင်ခန့်မှန်းနိုင်ကြသည်။

မုန့်ချီကျောက်၊ ဝူရှန်း၊ ဂိုဂူလျော၊ အရှေ့နှင့်အနောက် တာကီကာကနိတ် ဤတိုင်းပြည်များသည် နှစ်များစွာအတွင်း သန်မာသထက် သန်မာလာခဲ့ပြီး မဟာထန်သည် တစ်နေရာထဲတွင် ကျန်ရှိနေခဲ့သည်။

မဟုတ်ပေ ၎င်းသည် တစ်နေရာထဲတွင် ကျန်ရှိနေခဲ့ခြင်းမျှ မဟုတ်ခဲ့ပေ။ အမှန်တကယ်တွင် ၎င်းသည် အဆက်မပြတ် ကျဆင်းနေခဲ့ပေသည်။

တော်ဝင်ရုံးတော် အထက်မှအောက်အထိနှင့် လူအဖွဲ့အစည်း တစ်ခုလုံးတို့သည် မောက်မာလာခဲ့ကြပြီး ပျင်းရိလာခဲ့ကြသည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ ပေါကြွယ်ဝမှုသည် ဤတိုင်းတစ်ပါး တိုင်းပြည်များ၏ ရည်မှန်းချက်များကို လှုံ့ဆော်ရန် ခိုင်မာစေခဲ့သည်။

ထို့ပြင် ဤတိုင်းတစ်ပါး တိုင်းပြည်များ အားလုံးထဲတွင် ဝူရှန်းသည် မဟာထန်နှင့် အပြင်းထန်ဆုံး ပဋိပက္ခများ ရှိခဲ့ပြီး ကျူးကျော်ရန် အကြီးမားဆုံးသော စွမ်းရည်ရှိပေသည်။

အရှေ့နှင့်အနောက် တာကီကာကနိတ်များနှင့် မတူဘဲ ဝူရှန်းသည် မြင့်မားသော ကုန်းပြင်မြင့်ပေါ်တွင် အခြေတည်ပေသည်။ မဟာထန်သည် ဤမြင့်မားသော နေရာတွင်ရှိသည့် တိုင်းပြည်ကို ရင်ဆိုင်ချင်ခဲ့သော်လည်း ခွန်အားကင်းမဲ့နေခဲ့သည်။

ထို့ကြောင့် စစ်ပွဲတိုင်းတွင် တိဗက်များသည် သူတို့၏ ပိုင်နက်အတွင်းသို့သာ နောက်ဆုတ်ရန် လိုအပ်ခဲ့ပြီး ဗျူဟာချဆုတ်ခွာခြင်းက သူတို့အား ဘေးဥပါတ်မှ ကယ်တင်ခဲ့သည်။ သူတို့သည် လုံခြုံသော ခံတပ်တစ်ခုကို အမြဲပိုင်ဆိုင်ထားခဲ့ပြီး သူတို့သည် အခြားတိုင်းတစ်ပါး တိုင်းပြည်များထက် မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာခဲ့သည်။

တစ်ချိန်ထဲမှာပင် အကယ်၍ ဝူရှန်းသည် ချဲ့ထွင်လိုခဲ့ပါက အလယ်ပိုင်းလွင်ပြင်ဒေသရှိ မဟာထန်သည် အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အရာရာတိုင်းသည် ဝူရှန်းအား တိုက်ခိုက်ရန် ပထမဆုံးရန်သူ အမြဲဖြစ်စေရန် ကြိုတင် သတ်မှတ်ထားခဲ့ကြသည်။

ကဲလျိုဖန်းနှင့် သူ၏မုန့်ချီကျောက်စစ်သား သုံးသိန်းတို့သည် သူတို့၏ အခွင့်အရေး ဖြစ်ခဲ့ကြသည်။

သူတို့သည် အနောက်တောင်ဘက်ရှိ ချန်ယုချောင်ထုံးကို အနိုင်ယူခဲ့ပြီဖြစ်ပြီး အကယ်၍ သူတို့သည် သူတို့၏ အောင်မြင်မှုများကို တိုးချဲ့ချင်ခဲ့ပါက သူတို့သည် မဟာထန်မှ စစ်ကူများကို ဟန့်တားရန် လိုအပ်ပေသည်။ ရလဒ်အနေဖြင့် သူတို့သည် ကော်ရှု့ဟန်နှင့် သူ၏ကြယ်ခုနှစ်ပွင့်စစ်တပ်ကို ထိန်းချုပ် ဟန့်တားရန် စစ်တပ်တစ်ခုကို စေလွှတ်ရန် အရေးကြီးပေသည်။

ထို့ကြောင့် ဝမ်ချောင်သည် ဤသို့သော အရာတစ်ခု ဖြစ်ပျက်လာသည်ကို မြင်တွေ့ရခြင်းအတွက် လုံးဝ မအံ့သြသွားခဲ့ပေ။

ဝူရှန်းသည် ဟန်ယဉ်ကျေးမှုနယ်ပယ် အပြင်ဘက်ရှိ တိုင်းတစ်ပါး တိုင်းပြည်တစ်ခုဖြစ်ပြီး အလယ်ပိုင်း လွင်ပြင်ဒေသထက် မကြွယ်ဝခဲ့သော်လည်း ၎င်းနောက်တွင် အလွန်အမင်း အားကောင်းသော တည်ရှိမှု အတော်များများ ရှိကြပေသည်။

တားလန်ရော့ကျန်ဖြစ်စေ၊ ဟော်ရှု့ဟွမ်ချမ်းဖြစ်စေ၊ ဝိသာရခုံးလျိုဖြစ်စေ၊ တုစုန့်မန့်ဖော်ကျယ်ဖြစ်စေ သူတို့အားလုံးတို့သည် လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြပြီး အလယ်ပိုင်း လွင်ပြင်ဒေသ၏ ထင်ရှားကျော်ကြားသော စစ်သူကြီးများထက် တစ်ကွက်မျှ မနိမ့်ကျကြပေ။

ဤစစ်သူကြီးများ သူတို့၏ စွမ်းအားများကို ပူးပေါင်းလိုက်ကြသောအခါ ၎င်းတို့၏ နည်းဗျူဟာများထဲတွင် အားနည်းချက် ရှိလိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်သည် ကြိုတင်၍ သိရှိထားခဲ့သော်လည်း သူသည် ဘာမှ မလုပ်နိုင်ခဲ့ဆဲဖြစ်သည်။

“မင်းက ဒါတွေအားလုံးကို ပိုင်းခြားသိမြင်နိုင်ခဲ့တာကြောင့် ဘာလို့ စောစောက မပြောခဲ့တာလဲ”

စုန်းဘုရင် ထိုလူငယ်ကို ကြည့်လိုက်ကာ သူ့နှလုံးသားသည် ခံစားချက်များဖြင့် ရောထွေးနေခဲ့သည်။

အတိတ်တွင်သူသည် ဝမ်ချောင်၏ ခွဲခြမ်းစိတ်ဖြာမှုကို သေချာပေါက် ချီးကျူးခဲ့ပေလိမ့်မည်။ သို့သော် ယခုအခါ အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှု၊ လုံးချည်ရှိအန္တရာယ်၊ အရှေ့မြောက်ဘက် အနောက် မြောက်ဘက်နှင့် ပိုင်ထင်တို့၏ နယ်နိမိတ်များရှိ ကဏှာမငြိမ်ဖြစ်မှုတို့ ရှိနေခဲ့ကြသည်။ စုန်းဘုရင်တွင် တစ်ခြားအရာများစွာအကြောင်း စဉ်းစားရန် စိတ်မရှိခဲ့တော့ပေ။

“ကျွန်တော်ပြောခဲ့ရင် လူတွေက ကျွန်တော်ကို ယုံကြည်ခဲ့ကြမှာလား” ဝမ်ချောင် ထူးမခြားနားစွာ ပြောလိုက်သည်။

အနောက်တောင်ဘက်ရှိ တိုက်ပွဲသည် ဤအခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းသုံးရာ ကြာပြီးနောက် ဤကြီးမားပြီး သာယာဝပြောသော တိုင်းပြည်သည် ၎င်း၏ ပထမဆုံး အသက်ကို ခြိမ်းချောက်နေသည့် အန္တရာယ်ကို ကြိုဆိုခဲ့သည်။

ထို့ပြင် နောက်ဆက်တွဲ အန္တရာယ်များသည် ပို၍သာ အန္တရာယ် များလာလိမ့်မည်ဖြစ်ပြီး ပို၍သာ ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။

အကယ်၍ သူတို့သည် ဤတစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ကြပါက တိုမီနိုမျဉ်းကြောင်းတစ်ခုကဲ့သို့ ကျဆင်းလာနေသည့် နောက်ဆက်တွဲ ဖြစ်ရပ်များသည် တိုင်းပြည်ကိုလုံးဝ ပြိုကွဲသွားစေပေလိမ့်မည်။

ဤအချိန်တွင် ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုခဲ့ပေ။

“အာ”

ဝမ်ချောင်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် စုန်းဘုရင် တက်နိုင်သမျှမှ သူ့ခေါင်းကို အနက်ရောင် တိမ်တိုက်များဆီသို့ မော့လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ခြင်းပင်။

ဝမ်ချောင်မှန်ပေ၏။ စစ်ရေးကိစ္စများသည် အသေးအမွှား ကိစ္စများမဟုတ်ကြပေ။

ဝမ်ချောင်သည် ဘာဖြစ်လိမ့်မည်ကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့လျှင်ပင် သူ၏ ဝမ်ကလန်၏ မျိုးဆက်များစွာတို့နှင့် ဆက်ဆံရေးဖြင့်ပင် သူသည် ဝမ်ချောင်၏ စကားများကို ဘယ်တော့မှ ယုံကြည်ခဲ့လိမ့်မည် မဟုတ်ပေ။

၎င်းသည် သူက ဝမ်ချောင်ကို ယုံကြည်ခဲ့သလား ကိစ္စမဟုတ်ပေ။ ဤသည်မှာ တော်ဝင်ရုံးတော်ထဲရှိ အရေးကြီးကိစ္စများကို ဆုံးဖြတ်ခဲ့သည့်ပုံစံ မဟုတ်ခဲ့ရုံပင်။ ကိုယ်ရေးကိုယ်တာ အနှောင်အဖွဲ့များသည် လုပ်ထုံးလုပ်နည်းများတွင် မည်သည့်နေရာတွင်မျှ မပါဝင်ခဲ့ကြပေ။

ခိုင်မာသည့် သက်သေမရှိပါက တိုင်းပြည်ကိစ္စများကို ဆုံးဖြတ်ရန် ထောင်သောင်းချီသော ဘဝများကို ဆုံးဖြတ်ရန် သိန်းချီသော စစ်သားများ၏ ဘဝကို ဆုံးဖြတ်ရန် မည်သူမျှ ခွဲခြားစိတ်ဖြာမှု စာကြောင်းအနည်းငယ်ကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ဤသည်က အုပ်ချုပ်ရေးကို လည်ပတ်ရန် မှန်ကန်သည့် လမ်းကြောင်းမဟုတ်ခဲ့ပေ။

ထို့ကြောင့် ဝမ်ချောင်က ဘာပဲပြောခဲ့ပါစေ ၎င်းက အမှန်တကယ် ဖြစ်ပျက်လာသည်အထိ မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ စုန်းဘုရင် အပါအဝင်ဖြစ်၏။

အတိအကျပင် သူသည် ဤအရာကို သဘောပေါက်ခဲ့သောကြောင့် စုန်းဘုရင်သည် မတက်နိုင်ဘဲ သက်ပြင်းချလိုက်မိကာ ပြင်းထန်သော ကူကယ်ရာမဲ့မှုက သူ့စိတ်နှလုံးသားထဲ တိုးဝင်လာခဲ့သည်။

လီကျန်းရီ၏ ရှုံးနိမ့်မှုနှင့်အတူ မဟာထန်တွင် ပေးပို့ရန် နောက်ထပ် အပိုစစ်သားများ မရှိတော့ပေ။

“ဒါတွေအားလုံးက တကယ်ပဲ ရှောင်လွှဲလို့မရနိုင်ဘူးလား...”

ဤအခိုက်တွင် စုန်းဘုရင်၏စိတ်သည် လှုပ်ရှားနေခဲ့ပြီး ကသောင်းကနင်း ဖြစ်နေခဲ့သည်။

“မင်းသားကြီး ကျွန်တော်တို့က ဖြစ်ပြီးသွားတဲ့ အရာတွေကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ လက်ရှိ အကြီးမားဆုံး ကိစ္စက အနောက်တောင်ဘက်မှာရှိတဲ့ စစ်ပွဲကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာပဲ” ဝမ်ချောင် လေးနက်စွာ ပြန်ဖြေလိုက်သည်။

ကိစ္စများသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းနေပါစေ ဖုန်မှုန့်များ အနည်မထိုင်သွားခင်အထိ သူသည် လက်လျော့လိမ့်မည် မဟုတ်ပေ။

“တစ်ခြား ဘာလုပ်နိုင်သေးလို့လဲ။ အနောက်တောင်ဘက်က ပျောက်ကွယ်သွားခဲ့ပြီ။ မင်းရဲ့ရဲမက် တစ်ထောင်က လောင်ကျွမ်းနေတဲ့ ထင်းလှည်းပေါ်က ရေတစ်ခွက်လိုပဲ။ သူတို့က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

စုန်းဘုရင် ခါးသီးစွာပြုံးလိုက်ကာ သူ့အကြည့်သည် အခြားတောင်တစ်လုံးမှ မြင့်တက်လာနေသော ဖုန်မှုန့်များဆီသို့ ရွှေ့သွားခဲ့သည်။

သူသည် အရာရာတိုင်းကို ယခု သဘောပေါက်သွားခဲ့ပြီဖြစ်ပြီး ဤနေရာသို့ သူရောက်လာခဲ့သည့် အခိုက်အတန့်ကို နားလည်သွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်သည် မဟာကလန်များ၏ ကျွမ်းကျင်သူများကို စုစည်းနိုင်ရန်နှင့် အနောက်တောင်ဘက်သို့ ထွက်ခွာနိုင်ရန်အတွက် ဝိညာဉ်သွေးကြောကို ရောင်းချခဲ့ပေသည်။

အနောက်တောင်ဘက်ရှိ အန္တရာယ်များသော အခြေအနေကသာ ဝမ်ချောင်၏ ကျွမ်းကျင်သူ အများအပြားကို စုစည်းခြင်းနှင့် ဤသို့သော တန်ဖိုးကြီးတစ်ခုကို ပေးဆပ်ရန် ထိုက်တန်ပေသည်။

သို့သော် ဤအရာအားလုံးသည် သမုဒ္ဒရာထဲရှိ ရေတစ်စက်ဖြစ်၏။ သူတို့သည် မြို့တော်၏ မဟာကလန်များမှ ကျွမ်းကျင်သူများ ဖြစ်ခဲ့ကြလျှင်ပင် စစ်သားတစ်ထောင်သည် ဘာလုပ်နိုင်မည်နည်း။

စစ်ပွဲတစ်ပွဲသည် ကျွမ်းကျင်သူ တစ်ထောင်မျှက ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။ စစ်ပွဲသည် ထိုမျှ မရိုးရှင်းခဲ့ပေ။

“ကျွန်တော် မကြိုးစားကြည့်ရင် ကျွန်တော် အောင်မြင်နိုင်မလားဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ” ဝမ်ချောင် ပြန်မေးလိုက်ကာ သူ့အမူအရာသည် ခိုင်မာနေခဲ့သည်။

ဤအခြေအနေတွင် ရောက်နေသည့် အနောက်တောင်ဘက်ရှိ စစ်ပွဲနှင့် သူ့တွင် အခြားနည်းလမ်းများ မရှိခဲ့ပေ။ ကျွမ်းကျင်သူတစ်ထောင်သည် အများကြီး မဟုတ်ခဲ့သော်လည်း ဤသည်က အချိန်တိုအတွင်း သူတက်နိုင်သမျှဖြစ်ပြီး သူသည် သူတက်နိုင်သမျှ အရာရာတိုင်းကို မြုပ်နှံထားခဲ့ရပေသည်။

“ငါမင်းကို ဘယ်လိုကူညီနိုင်မလဲ” စုန်းဘုရင် လေးနက်စွာ ပြောလိုက်သည်။

“မင်းသားကြီး အရာရာတိုင်းက မျှော်လင့်ထားခဲ့သလို ဖြစ်ခဲ့ရင် အများဆုံး ခုနှစ်ရက်အတွင်း ကျွန်တော် ထွက်ခွာလိမ့်မယ်။ ကျွန်တော်မှာ ဘာရာထူးဘာဘွဲ့မှ မရှိတာကြောင့် အဲ့မှာရှိတဲ့ စစ်သူကြီးတွေကို လိုက်နာအောင် ကျွန်တော်ပြုလုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ရဲ့အမိန့်တွေကို မပျက်မကွက် လိုက်နာနိုင်အောင် ကျွန်တော် မင်းသားကြီးရဲ့ တံဆိပ်ကို လိုအပ်ပါတယ်။ နောက်ပြီး ဖြစ်နိုင်မယ်ဆိုရင်... မင်းသားကြီးက ကျွန်တော်ကို သင့်ရဲ့ ကျွမ်းကျင်သူအနည်းငယ်ကို ချေးငှားနိုင်ရင် ပိုကောင်းပါလိမ့်မယ်” ဝမ်ချောင် ပြောလိုက်သည်။

စုန်းဘုရင် ခေါင်းညိမ့်လိုက်ပြီး သူ့တံဆိပ်ကို လက်လွှဲလိုက်၏။ ထို့နောက် သူနှင့်သူ၏ ဘဏ္ဍာထိန်းအိုကြီးတို့ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။

ဝမ်ချောင် စုန်းဘုရင် ထွက်ခွာသွားသည်ကို ကြည့်ရှု့နေခဲ့ပြီး သူ့မျက်လုံးများသည် တခဏမျှ ခံစားချက်ဖြင့် ခတ်နေခဲ့သော်လည်း သူသည် လျှင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

အနောက်တောင်ဘက်ရှိ အန္တရာယ်သည် ကုန်ဆုံးနေသည့် အခိုက်အတန့်တိုင်းနှင့်အတူ ကြီးထွားလာနေခဲ့ပေသည်။ သူ့တွင် အချိန်အများကြီး မရှိတော့ပေ။ သူသည် အခိုက်အတန့်တိုင်းကို အကျိုးရှိစွာ အသုံးပြုရန် လိုအပ်ပေသည်။

ဘီး

ခွာသံများ ထွက်ပေါ်လာခဲ့ကာ တောင်တန်းများမှနေ၍ မြင်းဟီးသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။ လျှပ်တပြက်အတွင်း မြင်းတစ်ကောင်သည် နဂါးတစ်ကောင်ကဲ့သို့ သစ်တောထဲမှ ပြေးထွက်လာခဲ့သည်။ လအတန်ကြာပြီးနောက် ခွာဖြူအရိပ်သည် ပို၍ပင် သန်မာလာခဲ့ပြီး ကြံ့ခိုင်လာခဲ့သည်။

၎င်း၏အရိုးများဖြစ်စေ၊ အရွတ်များဖြစ်စေ၊ ကြွက်သားများဖြစ်စေ ခွာဖြူအရိပ်သည် ယခုအခါ လုံးဝ အရွယ်ရောက်လာခဲ့ပြီဖြစ်ပြီး ယခင်ကနှင့် နေ့နှင့်ညကဲ့သို့ ခြားနားသွားခဲ့သည်။

“ရ”

ဝမ်ချောင် မြင်းပေါ်တက်လိုက်ပြီး မြင်းဂုံနှီးကို ကိုင်လိုက်ကာ မြင်းနံပါးများကို သူ့ခြေထောက်ဖြင့် ကုပ်တွယ်လိုက်သည်။ သူသည် မြင်းနှင့် တစ်သားထဲ ဖြစ်လာခဲ့ပြီး ကျန်းကလန်၏ ပန်းပဲဖိုဆီသို့ ဒုန်းစိုင်းလိုက်ကာ ဖုန်မှုန့်တန်းတစ်ခုကို နောက်တွင် ချန်ရစ်ထားခဲ့သည်။

တင်းထန် တင်းထန်

မြို့တော်၏ အနောက်ဘက်တွင် ကြီးမားသော ပန်းပဲဖိုတစ်ခု ပေါ်လာခဲ့သည်။ အကွာအဝေး တစ်ခုမှနေ၍ ဝမ်ချောင်သည် တုထုသံများကို ကြားနိုင်ခဲ့ပြီဖြစ်ပြီး မီးခိုးလုံးများကို မြင်နိုင်ခဲ့ပြီဖြစ်သည်။

“သခင်လေး”

ဝမ်ချောင်ကိုမြင်သည်နှင့် ကျန်းကလန်မှ ကြီးကြပ်သူတစ်ယောက်သည် သူ့ကိုကြိုဆိုရန် အလျှင်အမြန် လာခဲ့သည်။ ဤအချိန်တွင် ဝမ်ချောင်ကို မသိသည့်လူ ကျန်းကလန်တွင် မည်သူမျှ မရှိတော့ပေ။

“ကျွန်တော်ကို တစ်ချက်ဝင်ကြည့်ခွင့် ပြုပါ”

ဝမ်ချောင် မြင်းပေါ်မှဆင်းလိုက်ပြီး လိုရင်းကို တိုက်ရိုက်သွားလိုက်သည်။

ကျန်းကလန်၏ ပန်းပဲဖိုသည် နေရာတိုင်းတွင် မီးခိုးများ ထုတ်လွှတ်နေခဲ့ကာ တုထုသံများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့ပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ အထဲသို့ ဝင်လာသည်နှင့် ဝမ်ချောင်သည် ပြင်းထန်သည့် အပူလှိုင်းလုံးများက သူ့မျက်နှာကို လာရိုက်ခတ်နေသည်ကို ခံစားနိုင်ပေသည်။

“သခင်လေး သင့်ရဲ့အမိန့်တွေကို လိုက်နာပြီး ကလန်ရဲ့ ပန်းပဲဆရာသခင်တွေ အားလုံးက သင်လိုအပ်တဲ့ ကျောက်စိမ်းရိုင်းသံမဏိဓားတွေကို ထုလုပ်ဖို့ နေ့နေ့ညည အလုပ်လုပ်ခဲ့ကြပါတယ်။ ကလန်က ဒီတာဝန်ကို အရေးအကြီးဆုံးအဖြစ် ရှု့မြင်ထားခဲ့ပြီး ကလန်ခေါင်းဆောင်က လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပေးခဲ့ပါတယ်။ သူက ခုနလေးကတင် ထွက်ခွာသွားခဲ့ပါတယ်။ တကယ်လို့သင်က နည်းနည်းစောပြီး ရောက်လာခဲ့ရင် သင်ကသူ့ကို တွေ့ခဲ့နိုင်ပါတယ်” ထိုကျန်းကလန် ကြီးကြပ်သူ ရှင်းပြလိုက်သည်။

ကျန်းကလန်၏ ပန်းပဲဖို ဤမျှအလုပ်များနေခဲ့သည်မှာ အလွန်ကြာသွားခဲ့ပြီဖြစ်သည်။ ၎င်း၏ ပန်းပဲဆရာသခင်များ အားလုံးတို့သည် ရှေ့ထွက်လာခဲ့ကြပြီး ဤပြီးခဲ့သည့် ရက်အနည်းငယ်သည် ပြီးခဲ့သည့် လအနည်းငယ်ထက် ပို၍ပင် အလုပ်များခဲ့ပေသည်။

ဝမ်ချောင် ခေါင်းညိမ့်လိုက်၏။

ကျောက်စိမ်းရိုင်းသံမဏိဓားများ၏ ကိစ္စသည် အလွန်အမင်း အရေးကြီးပေသည်။ အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ခြင်းနှင့်အတူ ဝမ်ချောင်သည် ဤနေရာသို့ စေလွှတ်ခဲ့သည့် ဝမ်ကလန် ကျွမ်းကျင်သူများ အပါအဝင် အစောင့်များစွာတို့က စောင့်ကြပ်နေကြသည်ကို မြင်နိုင်ခဲ့သည်။

ဤသည်မှာ လူများစွာ အသေအလဲ လိုချင်နေခဲ့ကြသည့် ကျောက်စိမ်းရိုင်းသံမဏိဓားများ၏ တန်ဖိုးဖြစ်ပေသည်။

“ဝမ်ချောင် မင်းဘာလို့ဒီကို ရောက်နေတာလဲ”

ထိုကြီးကြပ်သူ စကားပြောနေစဉ် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းခုံနှင့် ကျန်းကျင်းတို့သည် ဝမ်ချောင်ကိုလက်ခံရန် ကျန်းကလန်၏ အကြီးအကဲ တော်တော်များများကို ဦးဆောင်လာခဲ့ကြသည်။

ဝမ်ချောင် ခေါင်းညိမ့်ပြလိုက်ပြီး မေးလိုက်၏။ “ကျောက်စိမ်းရိုင်းသံမဏိဓားတွေကို ထုလုပ်နေတာက ဘယ်လိုနေလဲ”

“အဲ့ဒါက နောက်သုံးရက်အတွင်း ပြီးပါလိမ့်မယ်။ ဒါပေမဲ့ နောက်ထပ် အဆင့်အတွက် သင့်အပေါ် မှီခိုရလိမ့်မယ်”

ကျန်းခုံ ဝမ်ချောင်ကို စိုးရိမ်ကြီးစွာ ကြည့်လိုက်သည်။ ကျောက်စိမ်းရိုင်းသံမဏိ ဓားတစ်ထောင်သည် အဆင့်များစွာ လိုအပ်ပေသည်။ ကျန်းကလန်ကဲ့သို့ မဟာကလန် တစ်ခုသည်ပင် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပြီး ဝမ်ချောင်သည် သူတို့အားလုံးကို သူကိုယ်တိုင် အပြီးသတ်ရပေမည်။

ကျန်းခုံသည် ဝမ်ချောင်က ၎င်းကိုတစ်ယောက်ထဲ မလုပ်နိုင်မည်ကို စိုးရိမ်ခဲ့ပေသည်။

“ငါသိပါတယ် မင်းတို့လုပ်ဖို့ လိုအပ်တာက ကျောက်စိမ်းရိုင်းသံမဏိ ဓားတစ်ထောင်အတွက် ကနဦး လုပ်ငန်းစဉ်တွေကို အဆုံးသတ်ပေးဖို့ပဲ။ မင်းတို့ ကျန်တဲ့အရာတွေကို စိတ်ပူစရာ မလိုပါဘူး” ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောက်စိမ်းရိုင်းသံမဏိဓားများကို ထုလုပ်ခြင်းအတွက် အရေးကြီး အဆင့်များသည် အားလုံးနီးပါး သူ့လက်ထဲတွင် တည်ရှိပြီး မည်သူမျှ ၎င်းတို့ကို အတုမခိုးနိုင်ပေ။ သို့သော်လည်း လုပ်ငန်းစဉ် တစ်ခုလုံးသည် ရှုပ်ထွေးသော်လည်း နောက်ဆုံး အဆင့်များသည် အမှန်တကယ်တွင် အလွန်ရိုးရှင်းကြသည်။

လုံလောက်သောအရည် ပြင်ဆင်ထားသ၍ ကျောက်စိမ်းရိုင်းသံမဏိဓားများ၏ အပူချိန်များသည် မြန်ဆန်စွာ များများစားစား လျော့ချနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျန်းကလန်ထက် အများကြီး ပိုမိုလွယ်ကူပေသည်။

“နောက်ပြီး ကျွန်တော်တို့က ချပ်ဝတ်တန်ဆာ ကိစ္စကို တစ်ခြားကလန်တွေဆီကို အလုပ်လုပ်ဖို့အတွက် လွှဲပေးလိုက်ပါပြီ။ ကျွန်တော်တို့က လုပ်ငန်းစဉ်ကို ကြီးကြပ်ဖို့ ကြီးကြပ်သူတွေကို စေလွှတ်ခဲ့ပါတယ်။ ချပ်ဝတ်တန်ဆာတွေက ကျောက်စိမ်းရိုင်းသံမဏိဓားတွေ မတိုင်မီ ပြီးသွားနိုင်တယ်” ကျန်းကျင်း ထပ်ဖြည့်လိုက်၏။

ကျောက်စိမ်းရိုင်းသံမဏိဓားများကို ထုလုပ်ခြင်းတွင် အဆင့်များစွာ ရှိခဲ့ကြပြီး အလုပ်ကို တော်တော်လေး အခက်အခဲ ဖြစ်စေပေသည်။ နှိုင်းယှဉ်ကြည့်ပါက ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများသည် များစွာ ရိုးရှင်းကြသည်။ ဝမ်ချောင်သည် ချပ်ဝတ်တန်ဆာကို ဥက္ကာခဲသတ္ထု သပ်သပ်ဖြင့် ထုလုပ်ရန် မရည်ရွယ်ထားခဲ့သော်လည်း ထိုအစား ဥက္ကာခဲသတ္ထုကို အခြားအဆင့်မြင့်အဆင့် သန့်စင်သော သံမဏိဖြင့် ရောစပ်ချင်ခဲ့ပေသည်။ ဤသည်က ထုလုပ်ခြင်းကို များစွာ လွယ်ကူစေပြီး ချပ်ဝတ်တန်ဆာ အစုံများစွာကိုလည်း ပို၍ထုတ်လုပ်နိုင်စေခဲ့ပေသည်။

ထို့ပြင် ကျောက်စိမ်းရိုင်းသံမဏိ ဓားများနှင့်မတူဘဲ အမျိုးမျိုးသော ကလန်များသည် ချပ်ဝတ်တန်ဆာ ထုလုပ်ရာတွင် ပို၍ အတွေ့အကြုံ ရှိခဲ့ကြသည်။ တစ်ခုတည်းသော ပြဿနာမှာ ဥက္ကာခဲသတ္ထုသည် မြင့်မားသော အရေပျော်မှတ်တစ်ခု ရှိခဲ့သည်။ ထိုသို့မဟုတ်ပါက လုပ်ငန်းစဉ်သည် ပို၍ပင် မြန်ဆန်ခဲ့ပေလိမ့်မည်။

487

အခန်း(၄၈၇)

အက္ခရာကျသည့်အချက် ခြင်္သေ့မြို့

ပန်းပဲဖို၏ အလယ်ဗဟိုတွင် ကြီးမားပြီး ပြတင်းပေါက်မရှိသော အခန်းတစ်ခု ရှိနေခဲ့သည်။ ၎င်း၏ နံရံများကို သံမဏိမှ ပြုလုပ်ထားခဲ့ပြီး သုံးပေထူထည်းကြသည်။ နံရံတစ်ခုချင်းစီသည် သူတို့အား အလွန်အမင်း ခိုင်ခံ့စေသည့် အကာအကွယ် မှော်စာလုံးအလွှာများဖြင့် ရေးထိုးထားခဲ့သည်။

ဤသည်က ကျန်းကလန် ၎င်း၏လက်နက်များကို သိုလှောင်ထားရာနေရာဖြစ်၏။

ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားများကို အထဲတွင် သိုလှောင်ထားခဲ့သည်။

ဝမ်ချောင် အထဲသို့ဝင်လိုက်ပြီး လက်နက်ပုံမှ ကျောက်စိမ်းရိုင်းသံမဏိဓား သန္ဓေလောင်းတစ်ခုကို ယူလိုက်ကာ ကရုတစိုက် စစ်ဆေးလိုက်သည်။ ခိုလုံရာ အိမ်များတွင် ပြတင်းပေါက်များ မရှိခဲ့သော်လည်း မျက်နှာကျက်တွင် အလင်းရောင် ရရှိစေရန် တောက်ပသော ပုလဲလုံး အတော်များများကို မြုပ်နှံထားခဲ့ပေသည်။

ဤပုလဲလုံးများ၏ နွေးထွေးသော အလင်းရောင်များက သူ့အား ထိုကျောက်စိမ်းရိုင်းသံမဏိဓားပေါ်ရှိ ညီညာသော မျဉ်းများကို မြင်နိုင်စေခဲ့သည်။ ၎င်းသည် နောက်ဆုံးအဆင့် အနည်းငယ်ကို မဖြတ်ကျော်ခဲ့ရသေးသော်လည်း ထိုဓား သန္ဓေလောင်းကိုယ်တိုင်က အလွန်ကျေနပ်စရာ ကောင်းနေခဲ့ပြီဖြစ်သည်။

ကျန်းကလန်၏ ပန်းပဲဆရာများသည် အမှန်ပင် ထူးကဲကြ၏။

ဝမ်ချောင်သည် သူက ထိုဓားသန္ဓေလောင်းကို စစ်ဆေးနေခဲ့စဉ် ဘာမှမပြောခဲ့သော်လည်း စိတ်ထဲတွင် ခေါင်းညိမ့်လိုက်သည်။

ကျောက်စိမ်းသံမဏိဓား တစ်ထောင်သည် အသေးအမွှား ကိစ္စမဟုတ်ပေ။ သူသည် သူတိို့ကို အချိန်တိုအတွင်း ထုလုပ်ခဲ့ရန်ပင် တောင်းဆိုထားခဲ့ပေသည်။ သူ၏အကြီးမားဆုံး စိုးရိမ်မှုမှာ ကျန်းကလန်က သူတို့၏ အလုပ်အပေါ် တွန့်တိုသွားနိုင်သည်ကိုဖြစ်သည်။

သို့သော် သူ၏စစ်ဆေးမှုက ကျန်းကလန်သည် အမှန်ပင် ဤကိစ္စကို လေးနက်စွာ သဘောထားခဲ့ကြောင်း ဖော်ပြခဲ့သည်။

သူစစ်ဆေးလိုက်သည့် ဓားသန္ဓေလောင်း တစ်ခုချင်းစီသည် မရေမတွက်နိုင်သော မီးဆေးခြင်းများကို ကြုံတွေ့ခဲ့ရပြီး ရရှိရန် အားထုတ်မှု ကြီးကြီးမားမားကို ကြုံတွေ့ခဲ့ရသည်။ ကျန်းကလန်၏ ပန်းပဲဆရာများသည် ဝမ်ချောင် ထင်ထားခဲ့သည်ထက် များစွာပို၍ ဤတန်ဖိုးရှိသော ထုလုပ်ရေး ပစ္စည်းများကို တန်ဖိုးထားခဲ့ကြပေသည်။

၎င်းတို့အားလုံးကို စစ်ဆေးပြီးနောက် ဝမ်ချောင် ၎င်းတို့၏ အလေးချိန်ကို ခံစားလိုက်၏။ နောက်ဆုံးတွင် သူခေါင်းညိမ့်လိုက်သည်။

“မဆိုးဘူး”

ဤကျောက်စိမ်းရိုင်းသံမဏိဓား သန္ဓေလောင်းများသည် သူ့လက်ထဲတွင် လေးလေးလံလံ ခံစားခဲ့ရပြီး သူတို့အားလုံးက သန့်စင်သော ကျောက်စိမ်းရိုင်းသံမဏိများဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။ ကျောက်စိမ်းရိုင်းသံမဏိဓားတိုင်းသည် သူ့လက်ကို ဖြတ်ကျော်ခဲ့ရသောကြောင့် သူသည် ကျောက်စိမ်းရိုင်း သံမဏိ၏ အလေးချိန်နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပေသည်။

ကျောက်စိမ်းရိုင်းသံမဏိကို အခြားသတ္ထုများဖြင့် ပေါင်းစပ်၍မရပေ။ ထိုသို့မဟုတ်ပါက လက်နက်များ ပျက်စီးသွားပေလိမ့်မည်။

“ဒီလက်နက်တွေကို ငါ့ဘက်ကိုပို့လိုက်။ နောက်ပြီး ကျန်တာတွေကို မင်းတို့သူတို့ကို အပြီးသတ်ပြီးတဲ့အခါ ပို့လိုက်ပါ” ဝမ်ချောင် ပြောလိုက်ကာ ဓားသန္ဓေလောင်းတစ်ခုကို အောက်သို့ချလိုက်သည်။

ဝမ်ချောင်သည် ယခုအခါ လုံးဝစိတ်ချသွားခဲ့သည်။

ကျန်းကလန်၏ ပန်းပဲဖိုမှ ထွက်ခွာပြီးနောက် ဝမ်ချောင်သည် မြို့အပြင်ဘက်ရှိ လှိုဏ်ဂူဆီသို့ သွားခဲ့သည်။ ကျောက်စိမ်းရိုင်းသံမဏိဓား သန္ဓေလောင်းများ လှိုဏ်ဂူဆီသို့ ရောက်မလာမီ သိပ်မကြာခဲ့ပေ။

အချိန်များ ဖြေးညှင်းစွာ ကုန်ဆုံးသွားသည်နှင့် ဝမ်ချောင်သည် အပြင်ဘက်ကမာ္ဘအကြောင်း လုံးဝ မေ့လျော့သွားခဲ့ကာ သူ့အာရုံအားလုံးသည် ကျောက်စိမ်းရိုင်းသံမဏိဓားများ ထုလုပ်ခြင်းအပေါ် စူးစိုက်နေခဲ့သည်။

ကျောက်စိမ်းရိုင်းသံမဏိဓား တစ်သုတ်ပြီးတစ်သုတ် ဝမ်ချောင်၏လက်ထဲမှနေ၍ လှိုဏ်ဂူအပြင်ဆီသို့ ထွက်လာခဲ့ကြသည်။ သူတို့အား အခြားကလန်များမှ ထုလုပ်ခဲ့သည့် ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများနှင့် အတူတကွ ထားရှိမည့် မဟာကလန်များမှ ခေါ်ယူထားခဲ့သော အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူများဆီသို့ ဖြန့်ခွဲပေးမည့် ဓားသွားဖယ်ရှားခြင်း တောင်ပေါ်သို့ ပို့ဆောင်ခဲ့သည်။

အရေအတွက်မဟုတ်ဘဲ အရည်အသွေးသည် စစ်သားတစ်ယောက်တွင် ပို၍အရေးကြီးပေသည်။ ဤလက်နက်များမှနေ၍ ဝမ်ချောင် မျှော်လင့်ထားခဲ့သည့် လက်ရွေးစင်စစ်သား တစ်ထောင်ပါရှိသည့် တပ်ဖွဲ့ခွဲသည် ဖြေးညှင်းစွာ ပုံပေါ်လာခဲ့သည်။

အချိန်သည် တိုတောင်းပြီး ဝမ်ချောင်က အပြင်ဘက်ကမာ္ဘနှင့် လုံးဝအဆက်ပြတ်နေပြီး သူ့အာရုံ အားလုံးကို ကျောက်စိမ်းသံမဏိဓားများ ထုလုပ်ခြင်းအပေါ် စူးစိုက်ထားခဲ့ချိန် အပြင်ဘက်ကမာ္ဘသည် မှောက်ခုံဖြစ်နေခဲ့သည်။

အနောက်တောင်ဘက်ရှိ စစ်ပွဲသည် တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး သန်းပေါင်းများစွာသော လူများ၏စိတ်ကို ညစ်ညူးသွားစေခဲ့သည်။ နေ့စဉ်နေ့တိုင်း ပိုများသောသတင်းများ အနောက်တောင်ဘက်မှ ရောက်လာနေခဲ့သည်။

အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှုနှင့် ပတ်သတ်သော ပိုပိုများသည့် အသေးစိတ်ကျသည့် အချက်များ ပေါ်ပေါက်လာခဲ့လေလေ သူတို့ကို လူသိများလာခဲ့လေလေ လူများပို၍ စိတ်ညစ်လာခဲ့ကြလေလေ ဖြစ်သည်။

ထို့ပြင် ရက်အတန်ကြာပြီးနောက် ရှေ့တန်းမှ စာတစ်စောင် ရောက်လာခဲ့ကာ မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ချန်ယုချောင်ထုံး သူ၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းနှင့်အတူ ထွက်ခွာပြီးနောက် လဝက်ကျော် အကြာတွင် တော်ဝင်ရုံးတော်သည် ချန်ယုချောင်ထုံးဆီမှ စာတစ်စောင်ကို နောက်ဆုံးတွင် ရရှိခဲ့သည်။

ဤသည်က စစ်ကူများ တောင်းဆိုနေသည့် စာတစ်စောင်ဖြစ်၏။

စာသည် ခြင်္သေ့မြို့ရှိ ရိက္ခာများက အကြာကြီး ခံနိုင်လိမ့်မည် မဟုတ်ဘဲ အချိန်အနည်းငယ် ကြာပြီးနောက် ကုန်ဆုံးသွားလိမ့်မည်ဟု ပြောထားခဲ့ပြီး ထို့ကြောင့် တော်ဝင်ရုံးတော်ကို ရိက္ခာများ မြန်ဆန်စွာ ပို့ဆောင်ရန် တောင်းဆိုထားခဲ့သည်။

ချန်ယုချောင်ထုံး၏ တံဆိပ်ကို အဆုံးတွင် နှိပ်ထားခဲ့၏။

ဤစာသည် ပထမဆုံး အကြိမ်အနေဖြင့် လူများကို ကနဦးတစ်သိန်းရှစ်သောင်းတွင် အန်းနှံကာကွယ်ရေး ငှာနချုပ်မှ စစ်သားရှစ်သောင်း ကျန်ရှိနေသေးကြောင်း သိသွားစေခဲ့ပြီး ဤစစ်တပ်သည် ခြင်္သေ့မြို့ဟု အမည်ရသည့် နေရာတစ်ခုတွင် ခိုလှုံနေခဲ့သည်။ ရက်ပေါင်းများစွာနှင့် ညပေါင်းများစွာ စိုးရိမ်ပြီးနောက် ဤသတင်းသည် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်ခဲ့သည်။

သို့သော် လူများသည် ခြင်္သေ့မြို့က ဘာလဲဟု လျှင်မြန်စွာ မေးလာခဲ့ကြသည်။

ထိုနေရာသည် မည်သည့်နေရာတွင် ရှိသနည်း။

၎င်းသည် မုန့်ချီကျောက်နှင့် ဝူရှန်းမှ ထောင်သောင်းချီသော စစ်သားများထံမှ တိုက်ခိုက်မှုများကို မည်သို့ ပိတ်ဆို့နိုင်ခဲ့သနည်း။

မရေမတွက်နိုင်သော မေးခွန်းများသည် သူတို့၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

အခွန်ငှာနနှင့် အမှုထမ်းငှာနမှ အရာရှိများသည် ဤခြင်္သေ့မြို့အကြောင်း မေးမြန်းခံရရန် တော်ဝင်ရုံးတော်သို့ လျှင်မြန်စွာ ဆင့်ခေါ်ခံခဲ့ရသည်။ သို့သော် အားလုံးကို အံ့အားသင့်သွားစေသည်မှာ ထိုအရာရှိများ တစ်ယောက်မှ ဤခြင်္သေ့မြို့အကြောင်း ဘာမှမသိခဲ့ပေ။ သူတို့သည် ၎င်းက မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်ကိုပင် မေးခဲ့ရသည်။

ပို၍ပင် ထူးဆန်းသည်မှာ ဤခြင်္သေ့မြို့ကို မဟာထန်၏ မြေပုံပေါ်တွင် မည်သည့်နေရာတွင်မျှ မတွေ့ခဲ့ရပေ။ အနောက်တောင်ဘက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီး ကျင်းနှံကို သူတို့၏ လက်ဖမိုးကဲ့သို့ သိထားခဲ့ကြသည့် ရုံးတော်၏ လူအိုဝန်ကြီးများသည်ပင် ဤခြင်္သေ့မြို့က ဘာဆိုသည်နှင့် ၎င်းက မည်သည့်နေရာတွင် ရှိနေခဲ့သည်ဆိုသည်ကို မသိခဲ့ကြပေ။

ဤနိဂုံးသည် မည်သူမျှ၎င်းကို မယုံကြည်ရဲသည်အထိ အလွန်အံ့အားသင့်ဖွယ် ဖြစ်ခဲ့သည်။

ကင်းထောက်အများအပြားသည် အနောက်တောင်ဘက်သို့ ချက်ချင်း စေလွှတ်ခံခဲ့ကြရသည်။ မည်သူမျှ ဤလက်ရွေးစင် ရှစ်သောင်း၏ အသက်များကို လျစ်လျူမရှု့ရဲခဲ့ပေ။

လူတိုင်းသိထားသည်မှာ ဤစစ်သား ရှစ်သောင်းတို့သည် အနောက်တောင်ဘက်အတွက် နောက်ဆုံး အတားအဆီးဖြစ်ကြသည် ဆိုသည်ကိုပင်။ သူတို့၏ တည်ရှိမှုသည် ထိုတိုင်းတစ်ပါး အင်အားစုနှစ်ခုကို ထိန်းထားနိုင်ပြီး သူတို့အားပို၍ သတိကြီးစွာ ဆောင်ရွက်နိုင်စေခဲ့သည်။

သူတို့မရှိပါက မုန့်ချီကျောက်နှင့် ဝူရှန်းတို့သည် ဘာမှကြောက်စရာ ရှိလိမ့်မည်မဟုတ်ပေ။ ကဲလျိုဖန်း တားလန်ရော့ကျန်နှင့် ဟော်ရှု့ဟွမ်ချမ်းတို့သည် မဟာထန်၏ ပိုင်နက်ထဲသို့ နက်ရှိုင်းစွာ ၎င်းတို့၏ စစ်တပ်များကို ဦးဆောင်လိမ့်မည်ဖြစ်ပြီး လုံးချည်၏ နယ်စပ်အထိ အနောက်တောင်ဘက်ကို ရှင်းလင်းပေလိမ့်မည်။

သို့သော် လူတိုင်းက ဤခြင်္သေ့မြို့အပေါ် သဲလွန်စများကို အကျိုးမရှိ ရှာဖွေနေခဲ့ချိန် အံ့အားသင့်စရာ ကောင်းသော တုန့်ပြန်မှုတစ်ခုသည် ကျန်းချိုးကျင်ချုံးအောက်တွင် အမှုထမ်းနေသည့် စစ်မှုထမ်းငှာနရှိ အရာရှိငယ်တစ်ဦးမှ ထွက်ပေါ်လာခဲ့သည်။

သူသည် ကျန်ချိုးကျင်ချုံးက မြို့တော်တွင် ဧည့်ခံပွဲတစ်ခုကို ကျင်းပနေခဲ့ချိန် သူသည် ဝမ်ကျန်းနှင့် သူ့တူလေးကို ဖိတ်ကြားခဲ့သည်ကို ရုတ်တရက် မှတ်မိလိုက်သည်။ ထိုဧည့်ခံပွဲတွင် ဝမ်ချောင်သည် သူက အနောက်တောင်ဘက်တွင် မြို့တစ်မြို့ တည်ချင်သည်ဟု ပြောချင်ခဲ့သည်။

ထို့နောက် ဝမ်ချောင်ဘေးရှိ လူတစ်ယောက်သည် ဤကိစ္စအပေါ် ထိုအရာရှိငယ်နှင့် ဆွေးနွေးရန် ရောက်လာခဲ့ပေသည်။ ထိုအချိန်၌ ထိုပုဂ္ဂိုလ်သည် ဤမြို့က ခြင်္သေ့တောင်တွင် တည်ဆောက်နေခဲ့သည်ဟု ဝိုးတဝါး ညွှန်ပြနေပုံရသည်။

လူတိုင်းသည် ဤသတင်းကြောင့် အံ့သြသွားခဲ့ကြ၏။

ထို့နောက် သူတို့သည် နှစ်ဝက်ကျော်အကြာက ဝမ်ကလန်သည် အမှန်ပင် ကုန်ကြမ်းပမာဏ အများအပြားနှင့်အတူ အစောင့်အများအပြားကို အနောက်တောင်ဘက်သို့ အမှန်ပင် စေလွှတ်ခဲ့ကြောင်း ထပ်မံအတည်ပြုမှုကို ရရှိခဲ့ကြသည်။ ဝမ်ချောင်သည်လည်း အနောက်တောင်ဘက်သို့ ရွှေပြားတစ်သန်းကို ပို့ခဲ့၏။ ရုံးတော်မှနေ၍ သာမာန်ပြည်သူများအထိ လူ့အဖွဲ့အစည်း အလွှာအားလုံးတို့သည် ကြက်သေ သေသွားခဲ့ကြသည်။

ရုံးတော်၏ အရာရှိများ အားလုံးအပေါ် ဤအရာပြုလုပ်လိုက်သည့် အကျိုးသက်ရောက်မှုသည် စိတ်ကူးရန် ခက်ခဲပေသည်။ ဝမ်ချောင်၏ဦးကြီး ဝမ်ကျန်းသည်ပင် စကားမပြောနိုင်စွာ ကြက်သေ သေသွားခဲ့၏။ သူသည် ဝမ်ချောင်က ကျန်းချိုးကျင်ချုံးထံမှ မြေအများအပြားကို တောင်းဆိုခဲ့သည်ကို သိရှိခဲ့ပေသည်။ အမှန်တွင် သူသည် ထိုအချိန်၌ ထိုစားပွဲတွင် ထိုင်နေခဲ့ပေသည်။ သို့သော် ဝမ်ကျန်းသည်ပင် အနောက်တောင် စစ်ပွဲတွင် ဗျူဟာကျနေရာကို သိမ်းပိုက်ထားခဲ့သည့် ဤခြင်္သေ့မြို့ကို ဝမ်ချောင်က တည်ဆောက်ထားခဲ့သည်ဟု မသိခဲ့ပေ။

အတုံးအဆုံး လူများသည်ပင် တစ်ခုခုကို စတင်နားလည်လာနေခဲ့ကြပြီး ဖြစ်သည်။

ဝမ်ကလန်က အဲ့ကောင်လေးက နှစ်ဝက်ကျော် အကြာကတည်းက ဒီစစ်ပွဲကို ကြိုတင်ခန့်မှန်း ထားခဲ့တာလား။ နောက်ပြီးသူက အဲ့စစ်ပွဲအတွက် ပြင်ဆင်ဖို့ အရေးကြီးပြီး ဗျူဟာကျတဲ့ မြို့ကိုတောင် တည်ဆောက်ထားခဲ့တာလား။

မရေမတွက်နိုင်သော လူများသည် ဤသည်က ယုံကြည်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်ကို တွေ့လိုက်ရသည်။

“ရူးနေတာ ရူးနေတာ အဲ့ဒါက လုံးဝရူးသွပ်နေတာပဲ”

“မဟာထန်နဲ့ မုန့်ချီကျောက်တို့က အဲ့မှာတိုက်ခိုက်ကြလိမ့်မယ်လို့ သူဘယ်လိုလုပ် သိခဲ့တာလဲ”

“မဖြစ်နိုင်တာ အရူးတစ်ယောက်ကပဲ စစ်ပွဲတစ်ပွဲအတွက် မြို့တစ်မြို့ကို တည်ဆောက်လိမ့်မယ်။ နောက်ပြီး မုန့်ချီကျောက်နဲ့ မဟာထန်တို့က အဲ့မှာ တိုက်ပွဲဖြစ်လိမ့်မယ်လို့ သူဘယ်လိုလုပ် သိနိုင်ခဲ့တာလဲ”

“နှစ်ဖက်မျဉ်းလမ်းမက အကျိုးအမြတ် ဘယ်လောက် ရနိုင်လဲ။ တကယ်လို့ စစ်ပွဲအတွက်မဟုတ်ရင် ကုန်သွယ်ဖို့အတွက်လား။ မင်းက ကုန်သွယ်ဖို့အတွက် မြို့တစ်မြို့ကို တည်ဆောက်ပြီး ရွှေပြားတစ်သန်းကို ရင်းနှီးမြုပ်နှံမှာလား”

“ဒါက...”

ထိုပုဂ္ဂိုလ် ကြက်သေ သေသွားခဲ့၏။

မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်း မုန့်ချီကျောက်စစ်သား သုံးသိန်းနှင့် သာမာန်ပြည်သူ တစ်သန်းနီးပါး ပါဝင်နေသော ဤစစ်ပွဲကို မြို့တော်ရှိ ဆယ်ကျော်သက် သခင်လေး တစ်ယောက်ထဲက ဆုံးဖြတ်ခဲ့သည်မှာ အမှန်ပင် ယုံကြည်ရန် ခက်ခဲလှသည်။

အမှန်တွင် ၎င်းသည် လုံးဝ ရယ်ဖွယ်ဖြစ်၏။

အမှန်တရားက မည်သို့ဖြစ်ပါစေ ၎င်းက ကုန်သွယ်မှုအတွက်ဖြစ်စေ၊ တိုက်ပွဲအတွက်ဖြစ်စေ၊ ဝမ်ချောင်နှင့် လီထောင်ချီ ဝေးကွာသည့် ခြင်္သေ့မြို့တို့သည် အရာရှိများနှင့် စစ်ရေးအရာရှိများ အားလုံးတို့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

ဝမ်ကလန်သည် စာတစ်စောင်ပြီးတစ်စောင်ကို စတင်လက်ခံ ရရှိခဲ့ပြီး တော်ဝင်ရုံးတော်သည် ဝမ်ချောင်ကို မေးမြန်းသည့် စာတစ်စောင်ကိုပင် ပေးပို့ခဲ့သည်။

သို့သော် ဤအချိန်တွင် ဝမ်ချောင်သည် တော်ဝင်ရုံးတော်ရှိ ဆွေးနွေးမှုတစ်ခုတွင် ဝင်ပါရန် စိတ်မဝင်စားနိုင်ခဲ့ပေ။

အခန်း(၄၈၈)

အနောက်တောင်ဘက်သို့ ထွက်ခွာခြင်း

နောက်ဆုံးကျောက်စိမ်းရိုင်းသံမဏိဓားကို အပြီးသတ်ပြီးနောက် ဝမ်ချောင် နောက်ဆုံးတွင် ဂူထဲမှ ထွက်လာခဲ့သည်။ သို့သော်သူသည် တော်ဝင်ရုံးတော်မှ ဆင့်ခေါ်ချက်များကို လျစ်လျူရှု့လိုက်ကာ တစ်ခြားနေရာသို့ သူ့ရထားလုံးပေါ် တက်လိုက်သည်။ သူ့ဦးတည်ချက်သည် ဝမ်ကလန်အိမ်တော် မဟုတ်ခဲ့ပေ။ ထိုအစား ရထားလုံးသည် အနီရောင်လမ်းမတွင် ကွေ့လိုက်ပြီး တိုက်ပွဲဝင်ကြီး၏ ရုံးဆီသို့ ဦးတည်သွားခဲ့သည်။

သူသည် စာလုံးကြီးများဖြင့် ရေးသားထားသော တိုက်ပွဲဝင်ကြီးဟူသည့် စကားလုံးများ ပါရှိသော အနက်ရောင် ဘုတ်ပြားကြီးတစ်ခုဖြင့် နှုတ်ဆက်ခံလိုက်ရသည်။

ဤသည်က ကျန်းချိုးကျင်ချုံး၏ အလုပ်နေရာအသစ်ဖြစ်၏။

သူထိုရာထူးကို ရယူခဲ့ချိန်မှစ၍ ကျန်းချိုးကျင်ချုံးသည် တိုက်ပွဲဝင်ကြီး၏ရုံးရှိ လူတိုင်းကို အနောက်တောင်ဘက်မှ သူ့လူများဖြင့် အစားထိုးခဲ့သည်။ ဤနည်းလမ်းမှနေ၍ ကျန်းချိုးကျင်ချုံးသည် ရုံးတစ်ခုလုံးကို သူ၏ခိုင်မာသော ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေခဲ့သည်။

သို့သော် ဝမ်ချောင် ရောက်လာခဲ့ချိန်တွင် ရုံးတစ်ခုလုံးသည် မှိုင်းညို့ပြီး လေးလံသော ခံစားချက်တစ်ခုဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဖြတ်သွားသည့် မည်သူမဆို ထိုညိုးငယ်ပြီး နေရထိုင်ရခက်သောလေထုကို ခံစားနိုင်ပေလိမ့်မည်။

တိုက်ပွဲဝင်ကြီး၏ရုံးရှိ လူတိုင်းနီးပါး သူတို့၏ခေါင်းများကို ငုံ့ထားခဲ့ကြသည်။ ကျန်းချိုးကျင်ချုံးသည် မူလက အနောက်တောင်ဘက်အတွက် ကာကွယ်ရေးစစ်သူကြီး ဖြစ်ခဲ့ပြီး အနောက်တောင်ဘက်ရှိ လက်ရှိ ရှုံးနိမ့်မှုသည် လက်ရွေးစင် တစ်သိန်းရှစ်သောင်းတွင် တစ်သိန်းကို သေဆုံးစေခဲ့ကာ သာမာန်ပြည်သူ တစ်သန်းနီးပါးတို့သည် မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ လက်ထဲတွင် သုတ်သင်ခံရတော့မည်ဖြစ်သည်။

လူတစ်ယောက်သည် အနောက်တောင်ဘက်မှ ဤအရာရှိများ ရင်ဆိုင်နေရသည့် ဖိအားကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။

မည်သူမျှ ဘာမှမပြောခဲ့သော်လည်း သူတို့သည် အန်းနှံကာကွယ်ရေး ငှာနချုပ်၏ ယခင်အရာရှိများ ဖြစ်ကြသောကြောင့် ဤကိစ္စအတွက် ပြစ်တင်မှုများအားလုံး သူတို့အပေါ် ရောက်လာခဲ့သည်။

လက်ရှိအချိန်တွင် တိုက်ပွဲဝင်ကြီး၏ရုံးရှိ လူတိုင်းနီးပါး ဝမ်ချောင်ကို မှတ်မိကြပေသည်။

မည်သူမျှ သူ့ရည်ရွယ်ချက်ကို မသိခဲ့သော်လည်း ဝမ်ချောင် ဂိတ်တံခါးဝတွင် ပေါ်လာသောအခါ သူသည် လျှင်မြန်စွာ ကြိုဆိုခံလိုက်ရသည်။

တိုက်ပွဲဝင်ကြီးရုံး၏ အတွင်းပိုင်းအကျဆုံး အခန်းထဲတွင် ဝမ်ချောင်သည် ကျန်းချိုးကျင်ချုံး၏ ချူံးချူံးကျနေသော ပုံစံကို မြင်တွေ့လိုက်ရသည်။

“အရှင်”

ဝမ်ချောင် သူ့အဝတ်အစားများကို ပြင်ဆင်လိုက်ကာ အထဲသို့ဝင်လိုက်ပြီး ဦးညွှတ်လိုက်သည်။

“မင်းရောက်လာပြီ...”

ကျန်းချိုးကျင်ချုံး၏ မျက်လုံးများ ဝမ်ချောင်ကို မြင်လိုက်သည်နှင့် တခဏမျှ တောက်ပသွားခဲ့သော်လည်း သူတို့သည် လျှင်မြန်စွာ မှေးမှိန်သွားခဲ့ကာ သူသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ခေါင်းကို နောက်တစ်ကြိမ် ပြန်ငုံ့လိုက်သည်။

ဝမ်ကလန်၏ အဆင့်အတန်းနှင့် ဝမ်ချောင်တွင်ရှိသော ရန်ကျိုးနှင့် ကြင်ယာတော်ထိုက်ကျန်းတို့ဖြင့် ဆက်ဆံရေးတို့အရ ကျန်းချိုးကျင်ချုံးသည် သူ့အား နွေးထွေးသော ထက်သန်မှုဖြင့် နှုတ်ဆက်ခဲ့သင့်သော်လည်း သူသည်အမှန်ပင် စိတ်ပါမနေခဲ့ပေ။

သို့မဟုတ် ဤသည်မှာ ဧည့်သည်များကို လက်ခံရန် အချိန်ကောင်းမဟုတ်ပေ။

လူအဖွဲ့အစည်း တစ်ခုလုံးသည် လက်ရှိတွင် အနောက်တောင်ဘက်ကို အာရုံစိုက်နေခဲ့ကာ ကျန်းချိုးကျင်ချုံးအား ယခုအချိန်အတွက် ဘေးဥပါတ်များကို လွတ်မြောက်စေပုံရသည်။ သို့သော် အမှန်တကယ်တွင် ကျန်းချိုးကျင်ချုံးသာ ဖိအားများနှင့် ပြစ်တင်ဝေဖန်မှု အားလုံးတို့က အမှန်တကယ်တွင် သူ့ဆီသို့ စုဝေးလာနေသည်ကို သိပေသည်။

လက်တလော မနက်ပိုင်း ညီလာခံအများစုတွင် သူသည် သြဇာတက္ကမရှိသော အခြားအရာရှိများမှ မကြင်နာသည့် အကြည့်ကို ရံဖန်ရံခါ ခံစားခဲ့ရသည်။

ကျန်းချိုးကျင်ချုံးသည် ဤအရာရှိများ တွေးတောနေခဲ့သည့် အရာကို နားလည်ပေသည်။

တကယ်လို့မင်းက မြို့တော်ကိုဝင်ရောက်ဖို့ ဒီလောက် တာဆူမနေခဲ့ရင် အနောက်တောင်ဘက်က ဒီပုံစံ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ ဒါ့အပြင် မင်းကအခု တိုက်ပွဲဝင်ကြီး ဖြစ်နိုင်ပြီး အနောက်တောင်ဘက်ရဲ့ ကိစ္စတွေနဲ့ မပတ်သတ်ပေမဲ့... ချန်ယုချောင်ထုံးက မင်းအကြံပြုခဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီး အနောက်တောင်ဘက်က မင်းရဲ့ပိုင်နက်ဖြစ်တယ်။ အခု မဟာထန် လက်ရွေးစင် တစ်သိန်းက သေသွားခဲ့ပြီး လီကျန်းရီရဲ့ စစ်ကူတွေက ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်။

ဒါတွေအားလုံးက မင်းကမှားယွင်းတဲ့လူကို အကြံပြုခဲ့တာကြောင့်ပဲ။ မင်းက ဒီဘေးဒုက္ခမှာ ရှောင်လွဲလို့ မရနိုင်တဲ့ ပြစ်တင်မှုတွေကို ယူလာခဲ့တာပဲ။

ဤမမြင်ရသော ဖိအားသည် မည်သူ့ကိုမဆို ပေါက်ကွဲမှတ်သို့ တွန်းပို့နိုင်ပြီး ပို၍ပင် စိုးရိမ်စရာ ကောင်းသည်မှာ ကျန်းချိုးကျင်ချုံး ကိုယ်တိုင်က ဤသည်မှာ သူ့အမှားဖြစ်သည်ဟု ယုံကြည်နေခဲ့သည်။

လက်ရှိအခြေအနေတွင် သူသည် သူ၏တိုက်ပွဲဝင်ကြီး ရာထူးကိုပင် ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် အနောက်တောင်ဘက်ရှိ သူ့နယ်မြေ၏ ဆုံးရှုံးမှုနှင့်အတူ သူသည်လည်း ရုံးတော်တွင် ရပ်တည်ရန် အခွင့်အရေး ဆုံးရှုံးပေလိမ့်မည်။

အတွင်းနှင့်အပြင် နှစ်ခုစလုံးတို့မှ ပြဿနာများဖြင့် ကျန်းချိုးကျင်ချုံးသည် ဝမ်ချောင်ကို နှုတ်ဆက်ရန်ပင် အင်အားကင်းမဲ့နေခဲ့ကာ စိတ်အလွန်ပင်ပန်းနေခဲ့သည်။

“အရှင်က အနောက်တောင်ဘက်ကြောင့် စိတ်ညစ်နေတာလား” ဝမ်ချောင် တည်ငြိမ်စွာ မေးလိုက်ကာ သူသည် ကျန်းချိုးကျင်ချုံးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

“ဟား ဟား အဲ့ဒါကလွဲလို့ တစ်ခြားဘာဖြစ်နိုင်အုံးမှာလဲ” ကျန်းချိုးကျင်ချုံး ခါးသီးသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

သူ့အမြင်အရ ဝမ်ချောင်သည် မေးခွန်းသည် လုံးဝမလိုအပ်ခဲ့ပေ။ အရူးတစ်ယောက်သည်ပင် သူ့အခြေအနေက မည်မျှသနားစရာ ကောင်းသည်ကို နားလည်နိုင်ပေသည်။ မုန့်ချီကျောက်နှင့် ဝူရှန်းတို့သည် မမျှော်လင့်ဘဲ ပူးပေါင်းသွားခဲ့ကြသည်။ အတိတ်တွင် သူ့ကို သေသည်အထိ ရိုက်နှက်ခဲ့လျှင်ပင် သူသည် ဤသို့သော အရာတစ်ခုကို ယုံကြည်ရဲခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် ဤအရာအားလုံးသည် အမှန်ပင် ဖြစ်ပျက်ခဲ့သည်။

သူသည် ထွက်ခွာခဲ့ရုံမျှသာ ရှိသေးပြီး တားလန်ရော့ကျန်နှင့် ဟော်ရှု့ဟွမ်ချမ်းတို့သည် သူ့ခြေထောက်ကို မီးပုံထဲသို့ ဆွဲထည့်နေခဲ့ကြပြီဖြစ်သည်။

ကြည့်ရသည်မှာ သူသည် တိုက်ပွဲဝင်ကြီး သိပ်အကြာကြီး ဖြစ်လိမ့်မည် မဟုတ်ပေ။

“အရှင်က ဒီကိစ္စကို စိုးရိမ်နေခဲ့တာကြောင့် စစ်မှုထမ်းငှာနကို စွန့်ခွာပြီး အနောက်တောင်ဘက်ကို စစ်တပ်တစ်တပ် ဘာလို့ မဦးဆောင်တာလဲ” ဝမ်ချောင် ပြောလိုက်သည်။

“ထွက်ခွာရမှာလား။ ငါက တိုက်ပွဲဝင်ကြီးပဲ။ ငါတော်ဝင်ရုံးတော်ရဲ့ ကိစ္စတွေကို ကြီးကြပ်ရမယ်။ ငါကဘယ်လိုလုပ် ထွက်ခွာပြီး ရှေ့တန်းမှာရှိတဲ့ စစ်ပွဲတစ်ပွဲမှာ ပါဝင်နိုင်မှာလဲ။ မဟာထန်ကို တည်ထောင်ခဲ့ကတည်းက နှစ်ပေါင်းသုံးရာအတွင်း ရှေ့တန်းက တိုက်ပွဲတစ်ခုကို တိုက်ခိုက်ဖို့ သွားခဲ့တဲ့ တိုက်ပွဲဝင်ကြီး တစ်ယောက်အကြောင်း မင်းကြားခဲ့ဖူးလား” ကျန်းချိုးကျင်ချုံး ပြောလိုက်သည်။

သူ့အမြင်သည် ဝမ်ချောင်၏ အကြံပြုချက်သည် လုံးဝ ဟာသတစ်ခုဖြစ်သည်။ အကယ်၍သူသည် ရှေ့တန်းသို့ ချီတက်မှုတစ်ခုကို ဦးဆောင်ရန် တိုက်ပွဲဝင်ကြီးအဖြစ် သူ့နေရာသို့ သွားခဲ့ပါက တိုက်ပွဲဝင်ကြီး၏ ကိစ္စရပ်များကို မည်သူကိုင်တွယ်လိမ့်မည်နည်း။ မြွေတစ်ကောင်တွင် မြွေလမ်းကြောင်းရှိပြီး ကြွက်တစ်ကောင်တွင် ကြွက်လမ်းကြောင်း ရှိသော်လည်း နှစ်ခုစလုံးတို့သည် တစ်ခုနှင့်တစ်ခု လုံးဝမတူညီကြပေ။

“ရုံးတော်ရဲ့ စည်းမျဉ်းတွေက လျစ်လျူရှု့လို့မရတာ အမှန်ဖြစ်ပေမဲ့ တကယ်လို့ အရှင်က အဲ့ကိစ္စကို အတင်းအကြပ် လုပ်ခဲ့ရင် ဘယ်အရာရှိကသင့်ကို ရပ်တန့်ရဲမှာလဲ။ တိုင်းပြည်တစ်ခုလုံးက လက်ရှိ အနောက်တောင်ဘက်ကို အာရုံစိုက်နေခဲ့ကြတယ်။ အရှင်က အနောက်တောင်ဘက်ကို ဖြေရှင်းနိုင်သ၍ ဘယ်သူကသင့်ကို ဝေဖန်ရဲမှာလဲ” ဝမ်ချောင် ပြောလိုက်သည်။

ကျန်းချိုးကျင်ချုံး၏ မျက်လုံးများ တခဏမျှ ငိုင်တွေသွားခဲ့သည်။ အကယ်၍သူသည် မြို့တော်မှ ထွက်ခွာခြင်းဖြင့် အနောက်တောင်ဘက်ရှိ စစ်ပွဲကို ဖြေရှင်းနိုင်ခဲ့ပါက သူဘာလို့ မလုပ်ရမည်နည်း။ သို့သော် ယခုအခါ...

အကယ်၍သူသည် မဟာထန် မရှုံးနိမ့်ခဲ့မီ သွားခဲ့ပါက အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း ယခုအခါ... သူသွားခဲ့လျှင်ပင် ဘာအသုံးဝင်လိမ့်မည်နည်း။

“ငါသွားလို့မရဘူး ဝမ်ချောင် မင်းနားမလည်ပါဘူး။ ရုံးတော်ရဲ့ စည်းမျဉ်းတွေက ချိုးဖောက်လို့မရဘူး။ တိုက်ပွဲဝင်ကြီးအနေနဲ့ ငါမြို့တော်ကနေ ထွက်သွားလို့မရဘူး”

ကျန်းချိုးကျင်ချုံး တခဏမျှ ရုန်းကန်နေခဲ့သော်လည်း သူ့တည်ငြိမ်မှုကို ပြန်လည်ရရှိရန် တခဏသာ ကြာမြင့်ခဲ့သည်။

အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှုသည် ရှောင်လွဲ၍မရနိုင်တော့ပြီဖြစ်သည်။ သူသည် သူ့လက်ရှိ ရာထူးသို့ နောက်ဆုံးတွင် တက်လှမ်းနိုင်ခဲ့ပြီး လူများစွာ စောင့်ကြည့်နေခြင်းနှင့်အတူ သူသည် ၎င်းကို ဆုံးရှုံးရန် ခွင့်မပြုနိုင်ပေ။

အန်းနှံပိုင်နက်သည် သူနှင့်ဘာမှ မဆိုင်တော့သော်လည်း သူသည်အနည်းဆုံး တိုက်ပွဲဝင်ကြီး ရာထူးကို ဆုပ်ကိုင်ရန် ကြိုးပမ်းနိုင်ခဲ့ပေသည်။

“အာ...”

ဝမ်ချောင် ကျန်းချိုးကျင်ချုံး၏ မျက်နှာပေါ်ရှိ ပြောင်းလဲမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ၎င်းက တဖြည်းဖြည်း တင်းမာလာသည်ကို သူမြင်လိုက်ရသောအခါ သူသည် မတက်နိုင်ဘဲ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်မိသည်။

ကျန်းချိုးကျင်ချုံးသည် အနောက်တောင်ဘက် ထို့အတူ ကဲလျိုဖန်း၊ တားလန်ရော့ကျန်နှင့် ဟော်ရှု့ဟွမ်ချမ်းတို့ကို သူ့လက်ဖမိုးကဲ့သို့ သိထားခဲ့သည်။ သူသည် သူတို့၏ ကွပ်ကဲမှုပုံစံကိုပင် သိရှိခဲ့သည်။

အနောက်တောင်ဘက်သည် အကယ်၍ သူ့ဘက်တွင် အန်းနှံယခင် ကာကွယ်ရေး စစ်သူကြီး ရှိခဲ့ပါက ဖြေရှင်းရန်များစွာ လွယ်ကူသွားလိမ့်မည်ဖြစ်ကာ စစ်ပွဲကို အဆုံးသတ်ရန် သူ့အခွင့်အရေးကို မြင့်မားစေပေလိမ့်မည်။

သို့သော် သူနောက်ဆုံး ကြိုးပမ်းမှုသည် ကျရှုံးသွားခဲ့၏။

လက်ရှိကျန်းချိုးကျင်ချုံးသည် အတိတ်က ကျန်းချိုးကျင်ချုံး မဟုတ်တော့ပေ။ သူ၏အာဏာအတွက် ပြင်းပြသော လိုအင်ဆန္ဒသည် တော်ဝင်မဟာစစ်သူကြီး တစ်ယောက်အဖြစ် သူ့အဆင့်အတန်းကို လုံးဝ အနိုင်ယူသွားခဲ့သည်။

သူသည် တိုင်းပြည်၏ ကျားမဟုတ်တော့ပေ။

ဝမ်ချောင်သည် တော်တော်လေး စိတ်ပျက်သွားခဲ့သော်လည်း အနည်းငယ် စိတ်သက်သာသွားခဲ့သည်။

နောက်ဆုံးတွင်သူသည် ကိုယ့်ကိုယ်ကိုသာ အားကိုးနိုင်ပေသည်။

“အရှင် ကျွန်တော် ဒီတစ်ကြိမ် လာခဲ့တာက သင့်ကို နှုတ်ဆက်ဖို့ပဲ” ဝမ်ချောင် တိုက်ရိုက်ပြောလိုက်ကာ သူ့လက်များကို လေးစားသမှုဖြင့် ယှက်လိုက်သည်။

သူသည် သူ့မျှော်လင့်ချက်များကို တိုက်ပွဲဝင်ကြီးအပေါ် ပုံအပ်၍ မရတော့သောကြောင့် ဝမ်ချောင်သည် တုန့်ဆိုင်းမနေခဲ့တော့ပေ။

“အာ”

ကျန်းချိုးကျင်ချုံး အော်သံတစ်ခု ပြုလိုက်ပြီး သူ့ခန္ဓာကိုယ်က တုန်ရီသွားခဲ့ကာ သူသည် တုန်လှုပ်နေသည့် အကြည့်ဖြင့် ဝမ်ချောင်ကိုကြည့်ရန် သူ့ခေါင်းကိုမော့လိုက်သည်။

“မင်းက မြို့တော်ကနေ ထွက်သွားချင်တာလား”

“ဟုတ်ကဲ့”

ဝမ်ချောင် ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။ “ဝမ်ချောင်က လက်ရွေးစင် တစ်ထောင်ကို စုစည်းထားခဲ့ပြီဖြစ်ပြီး နေမဝင်ခင် အနောက်တောင်ဘက်ကို ထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်”

ဝမ်ချောင် ပြေပြစ်စွာနှင့် တည်ငြိမ်စွာ ပြောလိုက်ကာ သူ့အသံထဲတွင် ခံစားချက် မပါခဲ့ပေ။

အခန်းသည် တိတ်ဆိတ်သွားခဲ့သော်လည်း လေထုသည် အနည်းငယ် ပြောင်းလဲသွားပုံရသည်။

ကျန်းချိုးကျင်ချုံး သူ့ရှေ့ရှိ ထိုလူငယ်ကို မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။ သူမိန်းမောနေစဉ် သူသည် တစ်ခုခုကို ရုတ်တရက် နားလည်သွားခဲ့ပြီး သူသည် လုံးဝခြားနားသော မျက်လုံးများဖြင့် ဤလူငယ်ကို စတင်ကြည့်ရှု့လိုက်သည်။

သူသည် အနောက်တောင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာကို နားလည်ထားခဲ့ပြီးဖြစ်သည်။ ဝမ်ချောင်အတွက် ထိုနေရာသို့ ဤအချိန် သွားရန်မှာ တစ်ခုတည်းကိုသာ ဆိုလိုနိုင်ပေသည်။

ပထမဆုံး အကြိမ်အနေဖြင့် ကျန်းချိုးကျင်ချုံးသည် သူ့မျက်လုံးထဲတွင် လေးစားမှု တစ်စွန်းတစ်စဖြင့် ဝမ်ချောင်ကို ရှု့မြင်လိုက်သည်။

သူသည် ဝမ်ချောင်နှင့်ပတ်သတ်သည့် အရာများစွာကို ကြားခဲ့ဖူးပြီး ဝမ်ကလန် ရှီလင်းဓား၏ ဂုဏ်သတင်းအကြောင်းကို အများကြီး ကြားခဲ့ဖူးသည်။ သို့သော် ဤတစ်ကြိမ် ခံစားချက်သည် လုံးဝ ခြားနား၏။

ကျန်းချိုးကျင်ချုံး၏ နှုတ်ခမ်းသည် သူ့ကိုရပ်တန့်ရန် အလိုလို ပွင့်သွားခဲ့သော်လည်း သူသည် နောက်ဆုံးတွင် မရပ်တန့်ရန် ရွေးချယ်လိုက်သည်။

အနောက်တောင်ဘက်ရှိ အခြေအနေသည် အလွန်အမင်း အန္တရာယ်များလှသော်လည်း ရေနစ်နေသူ တစ်ယောက်ကဲ့သို့ သူသည် မည်မျှသေးငယ်သည့် အခွင့်အရေး ဖြစ်ပါစေ အခွင့်အရေးတိုင်းကို ယူပေလိမ့်မည်။

“မင်းဘာလိုအပ်သလဲ” ကျန်းချိုးကျင်ချုံး မေးလိုက်ကာ သူ့မျက်လုံးများက လျှင်မြန်စွာ ကြည်လင်လာခဲ့သည်။

သူသည် ယခင်အန်းနှံကာကွယ်ရေး စစ်သူကြီးဖြစ်၏။ ဝမ်ချောင်သည် အနောက်တောင်ဘက်သို့ သွားမည် ဖြစ်သောကြောင့် သူသည် သူလုပ်ရန် လိုအပ်သည့် အရာကို အတိအကျ သိပေသည်။

“ကျွန်တော် အရှင့်ရဲ့ ပိုင်ဆိုင်မှုထဲက အရာတစ်ခုခုကို လိုအပ်ပါတယ်။ တကယ်လို့ အရှင်က ကျွန်တော်ကို ယုံကြည်တယ်ဆိုရင် လူကြီးမင်း ချန်ယုအပါအဝင် အန်းနှံကာကွယ်ရေးတပ်အပေါ် ကျွန်တော်ကို ကွပ်ကဲခွင့် ပြုနိုင်တဲ့ အရှင့်ရဲ့တံဆိပ်ကို ကျွန်တော်လိုအပ်ပါတယ်” ဝမ်ချောင် ပြောလိုက်သည်။

သူ့အမူအရာသည် ခိုင်မာ၏။ ကျန်းချိုးကျင်ချုံးကို မျက်နှာချင်းဆိုင်နေချိန်၌ပင် သူ့မျက်လုံးများသည် အကြောက်တရားကို မပြသခဲ့ပေ။

ကျန်းချိုးကျင်ချုံးသည် သူက အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ့နထင်များသည် တင်းကြပ်သွားခဲ့ပြီး သူ့အမူအရာက အလွန်အမင်း လေးနက်သွားခဲ့သည်။

ကာကွယ်ရေးစစ်သူကြီး တစ်ယောက်သည် နယ်စပ် တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ တိုက်ပွဲဝင်ကြီး အဖြစ်ပင် သူသည် သူတို့အပေါ် လုံးဝ မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် စစ်သူကြီးများက ပြင်ပရောက်နေသောအခါ သူတို့လက်ခံစရာ မလိုသည့် အမိန့်အချို့ ရှိကြသည်ဟုသော ဆိုရိုးစကား ရှိခဲ့ပေသည်။

သို့သော် ဝမ်ချောင်သည် မှန်ကန်စွာ ခန့်မှန်းခဲ့၏။ သူသည် သူ့တွင် သူ့ကိုယ်ပိုင် အထောက်အထားကို ကိုယ်စားပြုခဲ့ပြီး အန်းနှံပိုင်နက်၏ စစ်သားတစ်သိန်းရှစ်သောင်း အားလုံးတို့ကို ကွပ်ကဲနိုင်စွမ်းရှိသည့် တံဆိပ် ရှိခဲ့ပေသည်။

ဤသည်က သူချန်ယုချောင်ထုံးနှင့် သဘောတူခဲ့သည့် နည်းလမ်းတစ်ခုလည်းဖြစ်၏။

အကယ်၍ ထိုတံဆိပ်ကြောင့် မဟုတ်ပါက သူသည် အနောက်တောင်ဘက်မှ ထွက်ခွာခဲ့မည် မဟုတ်သလို ကာကွယ်ရေးစစ်သူကြီး ရာထူးအား ချန်ယုချောင်ထုံးကို ပေးခဲ့လိမ့်မည် မဟုတ်ပေ။

ဤကိစ္စသည် သူ့အတွင်းစည်းရှိ လူများသာ သိထားသည့် လျို့ဝှက်ချက်ကြီး တစ်ခုဖြစ်သည်။

“အရှင်က ဘာအကြောင်း တွေးနေသေးတာလဲ”

ကျန်းချိုးကျင်ချုံး၏ မျက်နှာပေါ်ရှိ အကြည့်နှင့် သူ၏စကားပြောရန် ဆန္ဒမရှိသည့် ပုံစံကိုကြည့်ကာ ဝမ်ချောင်သည် သူတွေးနေသည့် အရာကိုသိလိုက်သည်။

“အနောက်တောင်ဘက်မှာရှိတဲ့ စစ်ပွဲက ဒီအခြေအနေကို ရောက်လာခဲ့ပြီးပြီ။ အရှင်က တစ်ခြားနည်းလမ်း ရှိတယ်လို့ ယုံကြည်နေတုန်းလား”

ဝမ်ချောင်၏ အသံသည် အနည်းငယ် ကျယ်လောင်လာခဲ့သည်။

အကယ်၍ ချန်ယုချောင်ထုံးသည် ဤအချိန်တွင် တွန့်တိုနေခဲ့သေးပါက သူသည် တိုင်းပြည်၏ ကျားအဖြစ် သူ့ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။

“အာ”

ကျန်းချိုးကျင်ချုံး စိတ်ထဲတွင် ရုန်းကန်နေခဲ့သော်လည်း သက်ပြင်းရှည်ကြီး တစ်ခုချလိုက်ပြီးနောက် သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ငါ့ဆုံးဖြတ်ချက်က မမှားဖို့ မျှော်လင့်ပါတယ်” ခလပ် ခလပ်

သူ့ညာလက်သည် သူ့ခါးကို ပေါ့ပါးစွာဆွဲလိုက်ပြီး အနက်ရောင်သတ္ထုမှ ပြုလုပ်ထားသော လေးလံသည့် လည်ဆွဲတံဆိပ်တစ်ခုကို ယူဆောင်လာခဲ့သည်။ သို့သော် ကျန်းချိုးကျင်ချုံးသည် ၎င်းကိုချက်ချင်း မလွှဲအပ်ခဲ့ပေ။

“ငါ့အတွက် မေးခွန်းတစ်ခုကို အရင်ဖြေပေးပါ။ အနောက်တောင်ဘက်မှာရှိတဲ့ ခြင်္သေ့မြို့... မင်းက ဒါတွေအားလုံးကို တကယ်ပဲ မျှော်လင့်ထားခဲ့တာလား”

“ဟုတ်ကဲ့”

...

ကျန်းချိုးကျင်ချုံး သက်ပြင်းရှည်ကြီး ချလိုက်ပြီး မေးခွန်းထုတ်မနေတော့ဘဲ တံဆိပ်ကို လွှဲပြောင်းပေးလိုက်သည်။

“မင်းငါ့ကို တစ်ခြားဘာလုပ်စေချင်သေးလဲ”

“တကယ်လို့ အရှင်က ဆန္ဒရှိတယ်ဆိုရင် သင့်ဘေးမှာရှိတဲ့ စစ်သူကြီးအနည်းငယ် ကျွန်တော်ကိုပေးပါ”

ဤစကားများဖြင့် ဝမ်ချောင် တိုက်ပွဲဝင်ကြီး၏ရုံးမှ ထွက်ခွာသွားခဲ့သည်။

ထွက်ခွာသွားပြီးနောက် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်း အိမ်တော်သို့ ပြန်သွားခဲ့သည်။ ရက်ပေါင်းတစ်ထောင် ပြုစုပျိုးထောင်ခဲ့သော စစ်သားများသည် အခိုက်အတန့် တစ်ခုထဲအတွက် အသုံးပြုရန် ရည်ရွယ်ပေသည်။ ရက်ပေါင်းများစွာ လေ့ကျင့်ပေးပြီးနောက် ၎င်းသည် အနောက်တောင်ဘက်သို့ ထွက်ခွာရန် အချိန်ကျပြီဖြစ်သည်။

ဝုန်း

ဓားသွားဖယ်ရှားခြင်း တောင်ပေါ်၏ တောင်ထိပ်တွင် ကမာ္ဘမြေကြီး တုန်ခါသွားခဲ့ပြီး လေပြင်းများ တိုက်ခတ်သွားခဲ့သည်။ ချီတက်မှုကို ဦးဆောင်နေသည့် ကျောက်ကျင်းတန်နှင့်အတူ ပြည့်စုံစာ ဆင်ယင်ခံထားရသည့် ကျွမ်းကျင်သူ တစ်ထောင်တို့သည် တောင်ပေါ်သို့ စနစ်တကျရှိသော အခင်းအကျင်း ပုံစံတစ်ခုဖြင့် သူတို့၏မြင်းများကို စီးနှင်းလာခဲ့ကြသည်။

ဖုန်မှုန့်များ မြင့်တက်သွားခဲ့ကာ ကြေးစားကျွမ်းကျင်သူ တစ်ထောင်တို့သည် ပြင်းထန်သော လှိုင်းလုံးတစ်ခုကဲ့သို့ လိုက်ပါလာခဲ့သည်။ သူတို့ကို ဦးဆောင်နေသည်မှာ ရှစ်ပေရှည်လျားသည့် လူကောင်ကြီးတစ်ယောက်ဖြစ်သည်။ သူသည် အလွန်အမင်း သိသာလှပြီး သူ့ကျောပေါ်တွင် သာမာန် လူတစ်ယောက်ထက် ပိုရှည်သော ဓားကြီးတစ်လက် ရှိသည်။

မဟာထန် တစ်ခုလုံးတွင် လီစီးရီသာ ဤသို့သော အံ့မခန်း ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သည်မှာ ဖြစ်နိုင်ပေသည်။

ရုတ်ရုတ်သဲသဲ အသံများကို လီတစ်ရာ အဝေးအထိ ကြားရနိုင်ပေသည်။ ခုံးဝူလေ့ကျင့်ရေးစခန်း၏ ကျောင်းသားများသည်ပင် နိုးကြားသွားခဲ့ကြ၏။ သို့သော် ဝမ်ချောင်သည် မမြင်သလို မကြားသလိုဖြစ်သည်။

သူ့အာရုံအားလုံးသည် သူလေ့ကျင့်ပေးခဲ့သည့် ဤစစ်တပ်အပေါ်တွင် ရှိနေခဲ့သည်။

“အနောက်တောင်ဘက်ကိုသွားမဲ့ ဒီမစ်ရှင်က အလွန်အမင်း အန္တရာယ်များလိမ့်မယ်။ တကယ်လို့ မင်းတို့က ပြန်ဆုတ်ချင်သေးတယ်ဆိုရင် အချိန်ရှိသေးတယ်”

ဝမ်ချောင် တောင်ထိပ်တွင် ရပ်နေခဲ့ပြီး သူ့အမူအရာသည် ခက်ထန်လှသည်။ သူ့အကြည့်သည် မဟာကလန်များမှ ကျွမ်းကျင်သူများအပေါ် မဟုတ်ခဲ့သော်လည်း သူငှားရမ်းထားခဲ့သည့် လူများအပေါ်တွင် ဖြစ်သည်။

လေများ တိုက်ခတ်နေခဲ့သော်လည်း ထိုလူတစ်ထောင်ထံမှ ဆူညံသံ မထွက်ပေါ်နေခဲ့ပေ။ သူတို့အားလုံးတို့သည် ဤအန္တရာယ်ကို မမှုပုံရသည်။

ကြေးစားကျွမ်းကျင်သူများသည် အစွန်းပေါ်တွင် ဘဝကိုအမြဲ ရှင်သန်ခဲ့ကြသည်။ အကယ်၍ ဤအသက်မွေးဝမ်းကြောင်းသည် ငြိမ်းချမ်းပြီး လုံးဝ ဘေးကင်းခဲ့ပါက လူတိုင်းသည် ကြေးစားကျွမ်းကျင်သူများ ဖြစ်လိမ့်မည်မဟုတ်လော။

ဝမ်ချောင်၏မေးခွန်းသည် သူတို့အတွက် လုံးဝ အဓိပ္ပာယ်မရှိပေ။

ကြေးစား ကျွမ်းကျင်သူများအတွက် ပိုက်ဆံသည် လုံလောက်ပေသည်။ အန္တရာယ်များလေလေ ဆုလဒ် ကြီးလေလေဖြစ်သည်။ ဤတောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်သ၍ သူတို့သည် အခြားအရာများစွာကို အမှန်ပင် ကရုမစိုက်ခဲ့ပေ။

“ဟမ်”

ဝမ်ချောင် နှာခေါင်းရှုံ့လိုက်၏။ သူသည် စစ်တပ်၏ စိတ်ဓာတ်ကို မြင့်တက်စေသည့် မိန့်ခွန်းများကို မပြောခဲ့ပေ။ သူသည် သူ့ဓားကို ရိုးရှင်းစွာ ဆွဲထုတ်လိုက်ပြီး ကောင်းကင်ထက်သို့ ညွှန်ပြလိုက်သည်။

ရပ်တန့်၍မရပြီး ပြိုင်ဘက်ကင်းသော ထက်ရှသည့် ကျောက်စိမ်းရိုင်းသံမဏိဓားသည် အနက်ရောင် တိမ်တိုက်များဆီသို့ ၎င်း၏အေးစက်သော အလင်းရောင်ကို ထုတ်ဖော်နေခဲ့သည်။

“ထွက်ခွာမယ်”

ဤကမာ္ဘမြေကြီး တုန်ခါစေမတက် အမိန့်ဖြင့် ဝမ်ချောင်သည် ခွာဖြူအရိပ်အပေါ်သို့ တက်လိုက်ပြီး စစ်တပ်ကို ဓားသွားဖယ်ရှားခြင်း တောင်အောက်သို့ ဦးဆောင်လိုက်ကာ အနောက်တောင်ဘက်သို့ ဦးတည်လိုက်သည်။

စစ်တပ်၏ ရုတ်ရုတ်သဲသဲ အသံသည် တောင်တစ်လုံး၏ အရှိန်အဟုန်ဖြင့် ရှေ့သို့ ဖြတ်သန်းသွားခဲ့ကာ သူ့နောက် လိုက်ပါလာခဲ့ကြသည်။

မဟာထန် တိုင်းပြည်တစ်ခုလုံးသည် တော်ဝင်ရုံးတော်နှင့် အနောက်တောင်ဘက်အပေါ် အာရုံစိုက်ထားခဲ့ကြသည်။ ဝမ်ချောင်က လူအနည်းငယ်သာ ရွှေပြားသန်းချီနှင့် ကျောက်စိမ်းရိုင်း သံမဏိဓား တစ်ထောင်ကို အသုံးပြု၍ ဝမ်ချောင် စုစည်းခဲ့သော ကျွမ်းကျင်သူများက မြို့တော်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ဝေးကွာလှသည့် အနောက်တောင်ဘက်သို့ ချီတက်သွားခဲ့သည်ကို သတိပြုမိခဲ့ပေသည်။

အခန်း(၄၈၉)

အကြပ်အတည်းများ တွယ်တပ်၍ရသော လှေကားများ

အဝေးရှိ အနောက်တောင်ဘက်တွင် ...

လီရှစ်ဆယ်ထက် ပိုရှည်ပြီး လီတစ်ဆယ် ကျယ်ပြန်သည့် ဧရာမ ရေကန်တစ်ကန်သည် မဟာထန်နှင့် မုန့်ချီကျောက်ကြား ပေါင်းကူးထားခဲ့သည်။ ထိုရေကန်သည် ပင်လယ်နှင့် ထိစပ်နေခဲ့သောကြောင့် အားဟိုင်ဟု ခေါ်ဆိုခဲ့သည်။

အနောက်တောင်ဘက်တွင် အားဟိုင်ကို မသိသူမရှိပေ။

နှစ်ဖက်မျဉ်းလမ်းမကို အသုံးပြုနေသည့် ကုန်သွယ်များ အားလုံးတို့သည် ဤနေရာကို ဖြတ်ကျော်ခဲ့ရသည်။ ဤသည်က တိတ်ဆိတ်သည့် ရေကန်ဖြစ်ပြီး အေးချမ်းသော ပင်လယ်တစ်ခု ဖြစ်သော်လည်း ယခုအခါ သေခြင်းတရား၏ အငွေ့အသက်ဖြင့် ပြည့်နှက်နေခဲ့သည်။

အ

ကျီးကန်းများသည် ၎င်းတို့၏ တောင်ပံများကို ဖွင့်ထားခဲ့ပြီး အားဟိုင်အပေါ်မှ ဖြတ်သန်းကာ ၎င်း၏ ကမ်းစပ်ပေါ်ရှိ ကျယ်ပြောသော လွင်ပြင်ဆီသို့ ပျံသန်းသွားခဲ့ကြသည်။

ဤနေရာတွင် မရေမတွက်နိုင်သော အလောင်းများ ရှိနေကြပြီး ၎င်းတို့၏ ဖြူလျော်သော မျက်နှာများက ကောင်းကင်ထဲ သို့မဟုတ် မြေကြီးထဲသို့ လှည့်နေခဲ့ကြကာ စုပြုံနေပြီး မြေပေါ် ပြန့်ကျဲနေခဲ့ကြသည်။ ဤနေရာတွင် မဟာထန်မှလူများ၊ မုန့်ချီကျောက်မှ လူများနှင့် ဝူရှန်းမှလူများ ပါရှိကြသော်လည်း သူတို့ အများစုသည် မဟာထန်မှ ဖြစ်ကြသည်။

လေထုသည် သွေးစွန်းနေခဲ့ပြီး ကမာ္ဘမြေကြီးသည် နီရဲနေခဲ့သည်။ ငှက်များသည် ဤအလောင်းများကို ထိုးဖောက်ရန် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး ၎င်းတို့၏ ရှည်လျားသော နှုတ်သီးများက မျက်လုံးများကို ထိုးဖောက်နေခဲ့ကြသည်။

အထက်မှနေ၍ လူတစ်ယောက်သည် ထောင်ချီသော ငှက်များက ဤနေရာတွင် စုဝေးနေကြသည်ကို မြင်နိုင်ပေသည်။ ဤကြေကွဲဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းသည် ကျီးကန်းများအတွက် ကြောက်စရာကောင်းပြီး ဝမ်းနည်းဖွယ်ကောင်းသော ပွဲတော်တစ်ခု ဖြစ်လာခဲ့သည်။

ဤသည်က အနောက်တောင်ဘက်၏ စစ်မြေပြင်ဖြစ်၏။

ကျိုးပျက်နေသော ပုဆိန်များ၊ ကွဲကြေနေသော စစ်သုံးလှံများနှင့် စုတ်ပြဲနေသော အလံများသည် မြေပြင်အနှံ့ ပြန့်ကျဲနေခဲ့ကာ ဤတိုက်ပွဲ၏ နောက်ဆုံးမြင်ကွင်းအဖြစ် ဆောင်ရွက်နေခဲ့သည်။ သို့သော် အချိန်အများကြီး ကုန်ဆုံးနေခဲ့သော်လည်း သေချာသည့် ရှု့ထောင့်မှနေ၍ ဤတိုက်ပွဲသည် မပြီးခဲ့သေးပေ။

“မင်းငါ့ကိုပြောနေတာက အဲ့မြို့ကို ကလေးတစ်ယောက်က တည်ဆောက်ထားခဲ့တယ်လို့လား”

တားလန်ရော့ကျန် အော့နှလုံးနာဖွယ် စစ်မြေပြင်တွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ဝတ်ရုံက နှင်းကဲ့သို့ ဖြူဖွေးနေခဲ့သည်။ သူသည် အဝေးရှိ ခမ်းနားထည်ဝါသော အနက်ရောင် သံမဏိမြို့ကို ကြည့်လိုက်ကာ သူ့မျက်လုံးများက ကျဉ်းမြောင်းနေခဲ့ပြီး အံ့အားသင့်နေသည့် အရိပ်အယောင်တစ်ခုက သူ့မျက်နှာပေါ် ပေါ်လာခဲ့သည်။

“မဟာဝန်ကြီး မှန်ပါတယ်။ မဟာထန်မှာရှိတဲ့ ငါတို့ရဲ့ သူလျိုတွေက ဒီမြို့ဟာ မဟာထန်ရဲ့ အရင်ဝန်ကြီးချုပ် ဝမ်ကျူးလန်ရဲ့ အငယ်ဆုံးမြေးက တည်ဆောက်ထားခဲ့တယ်ဆိုတာ ရှာဖွေသိရှိ ပြီးခဲ့ကြပါပြီ။ ဆောက်လုပ်ရေးကို လွန်ခဲ့တဲ့ နှစ်ဝက်ကျော်က စတင်ခဲ့ပါတယ်”

အနီးအနားတွင် မုတ်ဆိတ်မွှေးနှင့် သူရဲကောင်းဆန်သော ခန္ဓာကိုယ်အချိုးအစားရှိသည့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လက်နောက်ပစ်ထားခဲ့ကာ ရှင်းပြလိုက်သည်။

ဤသတ်လတ်ပိုင်းလူသည် ပိုးသား နဂါးဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားခဲ့ပြီး တုတ်ခိုင်သန်မာသော အသွင်သဏ္ဍန်ရှိကာ သူ့လှုပ်ရှားမှုတိုင်းသည် မြင့်မြတ်သော အားကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေခဲ့သည်။ သူသည် တားလန်ရော့ကျန်နှင့် ဟော်ရှု့ဟွမ်ချမ်းကဲ့သို့သော သြဇာတိက္ကမရှိသည့် ပုဂ္ဂိုလ်များ၏ ဘေးတွင် ရပ်နေခဲ့သော်လည်း သူသည် တစ်ကွက်မျှပင် မနိမ့်ကျခဲ့ပေ။

မုန့်ချီကျောက် တစ်ခုလုံးတွင် ဤအဆင့်ကို ရောက်ရှိနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ မုန့်ချီကျောက်၏ ဘုရင် သူ့မျိုးဆက်တွင် အသန်မာဆုံးဖြစ်သည့် ကဲလျိုဖန်းဖြစ်ပေသည်။

တားလန်ရော့ကျန် ဘာမှမပြောခဲ့သော်လည်း သူ့မျက်လုံးများက အံ့အားသင့်နေခဲ့သည်။

နာ့ယိတော်ဝင်မျိုးရိုး လေးလံသော မြင်းစစ်သည် နှစ်သိန်းကျော်နှင့် အလုပ်လုပ်နေသည့် ပူးပေါင်းနေသည့် မုန့်ချီကျောက်စစ်သား သုံးသိန်းသည် မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းအတွက် ထွက်ပြေးရန် မဖြစ်နိုင်လုနီးပါး ဖြစ်စေခဲ့သင့်သည်။

သို့သော် ဆောက်လုပ်မှုအလယ်တွင် ရှိနေဆဲဖြစ်ပုံရသည့် အရေးမပါပုံရသော မြို့တစ်ခုဖြစ်သည့် အားဟိုင်၏ မြစ်ကမ်းအနီးအနားရှိ ဤမြို့သည် ဤတိုက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ အမှန်တရားဖြစ်သည်။

စစ်သားရှစ်သောင်းသည် ကြီးမားသော ပမာဏ များပြားသော ပမာဏ မဟုတ်ခဲ့သော်လည်း နည်းပါးသော ပမာဏလည်း မဟုတ်ခဲ့ပေ။ သာမာန်အခြေအနေများတွင် သူတို့၏ ပူးပေါင်းတပ်ဖွဲ့များ၏ ကြီးမားလှသော ခွန်အားသည် ဤသို့သော တပ်ဖွဲ့တစ်ခုကို အလယ်တကူ ရှင်းပစ်နိုင်ပေလိမ့်မည်။

သို့သော် ထိုမြို့၏ ခိုင်ခံ့သော တံတိုင်းများက စစ်သားရှစ်သောင်းတို့ကို သူတို့၏ တိုက်ခိုက်မှုအား ရှောင်လွှဲနိုင်ခဲ့သည်သာမက တော်တော်လေး ကောင်းမွန်သော နေရာတစ်ခုကိုလည်း သိမ်းပိုက်နိုင်စေခဲ့သည်။

ယခုအခါ အခြေအနေသည် တော်တော်လေး ကို့ယို့ကားယားဖြစ်၏။ မဟာထန်၏ အနောက်တောင်ဘက်သို့ တံခါးသည် ပွင့်သွားခဲ့ပြီဖြစ်ပြီး သူတို့၏ စစ်သည်ငါးသိန်း စစ်တပ်သည် မည်သည့်အချိန်တွင်မဆို ဝင်ရောက်နိုင်ပေသည်။

သို့သော် အားဟိုင်လွင်ပြင် အနီးရှိ ဤမြို့နှင့် အထဲရှိစစ်သား ရှစ်သောင်းတို့သည် ဤစစ်သား ငါးသိန်းရှိသည့် စစ်တပ်ကို မည်သည့်နေရာကိုမှ မသွားနိုင်စေခဲ့ပေ။

ဤဘာမဟုတ်သည့် ခြင်္သေ့မြို့သည် မုန့်ချီကျောက်နှင့် ဝူရှန်းစစ်တပ်ကို ရိုက်နှက်ထားခဲ့သည့် သံတစ်ချောင်းကဲ့သို့ ဖြစ်သည်။

သူတို့၏ အရေအတွက်များသည် ဝူရှန်းနှင့် မုန့်ချီကျောက်တို့ထက် အများကြီး နိမ့်ပါးသော်လည်း မဟာထန်သည် ပစ္စည်းကိရိယာများတွင် အားသာချက်ရှိနေဆဲဖြစ်သည်။

ထို့ပြင် မဟာထန် စစ်သားများသည် ဒူးလေးများ လေးသခင်များနှင့် မြင်းကိုအခြေမခံသော အခြား အင်အားစုများတွင် အားသာချက်ကို ဆုပ်ကိုင်ထားခဲ့ပေသည်။

အကယ်၍ အရေအတွက်ရှိ သူတို့၏ အားသာချက်ကြောင့် မဟုတ်ခဲ့ပါက မုန့်ချီကျောက်သည် မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းကို ဘယ်တော့မှ စိန်ခေါ်ရဲခဲ့လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူတို့သည် ၎င်းတို့၏ တပ်သားများကို ညံ့ဖျင်းစွာ ခွဲထားခဲ့ပါက ထိုစစ်သားရှစ်သောင်းတို့သည် ဤအခွင့်အရေးကို လွယ်ကူစွာ အသုံးချသွားနိုင်သည်။

အားလုံးပြီးနောက် ဤလက်ရွေးစင် ရှစ်သောင်းတို့သည် တိုက်ခိုက်နိုင်ဆဲဖြစ်ပြီး ဤစစ်ပွဲကို လွွှမ်းမိုးနိုင်စွမ်း ဖြစ်သည်။

“ဒီကိစ္စက ငါ့ရဲ့ပေါ့လျော့မှုကြောင့်ပါ။ ငါကဒီမြို့ကို စတင်ဆောက်လုပ်ချိန်က သတင်းကို ရရှိခဲ့ပေမဲ့ အများကြီး ကရုမစိုက်ခဲ့ဘူး။ ဒီမြို့က တိုက်ပွဲအတွက် ဆောက်လုပ်ထားပြီး စစ်သားရှစ်သောင်းကို လက်ခံဖို့ လုံလောက်တဲ့ ရိက္ခာတွေ ထားထားလိမ့်မယ်လို့ ထင်မထားဘူး။ ဒီမြို့ကို အချိန်အကြာကြီး ကြိုတင်ပြင်ဆင်ထားခဲ့ပုံရတယ်” ကဲလျိုဖန်း ပြောလိုက်ကာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။

ဤလူများသည် ၎င်းတို့၏ သက်ဆိုင်ရာ စစ်တပ်များ၏ ခေါင်းဆောင်နှစ်ဦး ဖြစ်ကြကာ တစ်ယောက်သည် မုန့်ချီကျောက်၏ ဘုရင်ဖြစ်ပြီး အခြားတစ်ယောက်သည် ဝူရှန်း နာ့ယိ တော်ဝင်မျိုးရိုး၏ မဟာဝန်ကြီး ဖြစ်သော်လည်း သူတို့သည် လီထောင်ချီ ဝေးကွာသည့် မဟာထန်၏ မြို့တော်ရှိ ကလေးတစ်ယောက်၏ တစ်ပတ်ရိုက်ခြင်းကို ခံခဲ့ရသည်။

လက်ခံရန် ပို၍ပင် ခက်ခဲသည့်အရာမှာ ဤကလေး၏ ဆောင်ရွက်မှုများသည် မဟာထန် တော်ဝင်ရုံးတော်နှင့် ဘာမှမဆိုင်ခဲ့သည်မှာ ထင်ရှားခဲ့ခြင်းဖြစ်သည်။

ထိုသို့မဟုတ်ပါက အန်းနှံကာကွယ်ရေးတပ်၏ စစ်သည် တစ်သိန်းရှစ်သောင်း စစ်တပ်သည် ဤသို့သော ဆိုးရွားသည့် ရှုံးနိမ့်မှုတစ်ခုကို ခံစားခဲ့ရလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ စစ်စုရုံးမှုပင် ရှိခဲ့လိမ့်မည် မဟုတ်ပေ။

“တကယ်လို့ အဲ့ကလေးက မင်းပြောတဲ့အတိုင်း တကယ်ဖြစ်ရင် သူ့ကို လျော့တွက်လို့မရဘူး။ ငါပြန်ရောက်တဲ့အခါ သူ့ကို စုံစမ်းဖို့နဲ့ သူကဒီမြို့ကို ဘာလို့ဆောက်လုပ်ထားခဲ့သလဲဆိုတာ အဖြေရှာဖို့ ချန်ပိုကို ငါတိုက်တွန်းလိုက်မယ်။ ဒီကလေးက အနာဂတ်မှာ မုန့်ချီကျောက်နဲ့ ငါတို့ဝူရှန်းကို ခြိမ်းချောက်လာနိုင်မှာကို ငါစိုးရိမ်တယ်”

တားလန့်ရော့ကျန် ပြောလိုက်၏။ သူသည် ကဲလျိုဖန်း ပြောဆိုခဲ့သည့် ဝမ်ချောင်ဟုခေါ်သော ဤကလေးက မည်သူဆိုသည်ကို မသိခဲ့သလို သူ့ကို ဘယ်တုန်းကမှ မဆုံခဲ့ဖူးပေ။

သို့သော် အနာဂတ်အတွက် အစီအစဉ် ရေးဆွဲရသည့် ပညာရှိ စစ်သူကြီးတစ်ယောက်အနေဖြင့် တားလန်ရော့ကျန်သည် ဤသို့သော ကိန်းရှင်များကို အလိုလို သဘောမကျခဲ့ပေ။ သူသည် သူက သူတို့အပေါ် မထိန်းချုပ်နိုင်တော့သည့် အချက်က ပို၍ပင် ဆိုးရွားကြောင်း တွေ့လိုက်ရသည်။

အားဟိုင်အနီးအနားရှိ ဤမြို့နှင့် အဝေးရှိ ဝမ်ချောင်တို့က သူထိန်းချုပ်မှု အပြင်ဘက်တွင် လုံးဝဖြစ်ကြသည်မှာ သံသယရှိစရာ မလိုပေ။

“ဒါပေမဲ့ သူက ဒီမြို့တစ်ခုထဲက ငါတို့ကို ရပ်တန့်နိုင်မယ်လို့ ထင်နေရင် သူကရိုးအလွန်းတာပဲ။ လေးစားရတဲ့ ဘုရင်မင်းမြတ် ကျွန်တော်ပြောခဲ့တဲ့ ပြင်ဆင်မှုတွေ ဘယ်လိုနေလဲ”

တားလန်ရော့ကျန် ပြုံးလိုက်ပြီး ကဲလျိုဖန်းဆီသို့ လှည့်လိုက်သည်။

ထိုမြို့သည် အနည်းငယ် ဒုက္ခပေးသော်လည်း ပြဿနာသည် ခက်ခဲခဲ့သည် မဟုတ်ပေ။ “ဟား ဟား စိတ်ချထားပါ။ ငါက မုန့်ချီကျောက်ရဲ့ အထမ်းသမားတွေနဲ့ လယ်သမားတွေ ပြည်သူတွေ အကုန်လုံးကို စုစည်းပြီး သူတို့ကို အားဟိုင်အနီးအနားမှာရှိတဲ့ သစ်တောကို ထွင်ခိုင်းခဲ့ပြီးပါပြီ။ ဆယ်ရက်လောက်ကြာရင် ငါတို့မှာ တွယ်တက်လို့ရတဲ့ လှေကားအမြောက်အများ အဆင်သင့် ရှိလာလိမ့်မယ်။ အဲ့အချိန် ရောက်တဲ့အခါ စစ်တပ်က အဲ့မြို့ကို တိုက်ခိုက်နိုင်လိမ့်မှာဖြစ်ပြီး မဟာထန်ရဲ့ ရှုံးနိမ့်မှုက သေချာသွားလိမ့်မယ်”

ကဲလျိုဖန်း၏ မျက်လုံးများသည် တောက်ပနေခဲ့ကြကာ သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဟမ် ကောင်းတယ် ဒါဆိုလည်း မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်။ အဲ့ဒီထန်စစ်သားတွေက နည်းနည်းကြာကြာ အသက်ရှင်နိုင်တယ်။ ဟော်ရှု့ဟွမ်ချမ်း စစ်တပ်ကို အဲ့မြို့ကို ဝိုင်းရံထားခိုင်းလိုက်ပါ။ ဘယ်သူ့ကိုမှ မလွတ်မြောက်စေနဲ့။ မဟာထန်မှာ စေလွှတ်ဖို့ စစ်သားတွေ မရှိတော့တာကြောင့် ငါတို့က ခြင်္သေ့မြို့မှာရှိတဲ့ စစ်သားတွေကို ရှင်းပစ်နိုင်သ၍ အနောက်တောင်ဘက် တစ်ခုလုံးက ငါတို့ရဲ့ နယ်မြေဖြစ်လာလိမ့်မယ်။ ငါတို့ဝူရှန်းနဲ့ မုန့်ချီကျောက်တို့ရဲ့ စစ်သားတွေက အတားအဆီးမရှိဘဲ ဝင်ရောက်နိုင်လိမ့်မယ်”

သူ့လက်မောင်းအိုးကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ တားလန်ရော့ကျန် ကြီးမားလှသော ပုံစံငယ်ကို လှည့်ကြည့်လိုက်သည်။

လှံချောင်းတစ်ချောင်း ပြေးထွက်သွားခဲ့ပြီး အလံတစ်ခုသည် ခြင်္သေ့မြို့ရှိနေသည့် နေရာတွင် စိုက်ထားခဲ့ကာ ထို့နောက် လိမ်သွားခဲ့ကာ ခြင်္သေ့မြို့အငယ်စားကို ဖုန်မှုန့်များအဖြစ်သို့ ပြောင်းသွားစေခဲ့သည်။

ကျယ်လောင်စွာ ရယ်မောလိုက်ကာ တားလန်ရော့ကျန် လှည့်လိုက်ပြီး သူ့ကိုယ်ပိုင်စခန်းဆီသို့ ထွက်သွားလိုက်သည်။

ထို့ပြင် နောက်တွင် အားဟိုင်မှ လေးလီငါးလီ အကွာအဝေးရှိ စိမ်းလန်းစိုပြေသော တောအုပ်တစ်ခုထဲတွင် သစ်ကိုင်းသစ်ခတ်များသည် လှုပ်ယမ်းနေခဲ့ကြကာ သစ်ခုတ်သံများသည် လေထဲမှနေ၍ ထွက်ပေါ်လာနေခဲ့သည်။

ထောင်ချီသော မုန့်ချီကျောက် အထမ်းသမားများနှင့် လယ်သမားများသည် အလုပ်လုပ်နေခဲ့ကြသည်။ အလုပ်သီချင်းတစ်ပုဒ်ကို သီဆိုလျှက် သူတို့သည် သစ်ပင်တစ်ပင်ပြီးတစ်ပင် ခုတ်လှဲလိုက်ကြပြီး အဝေးတွင် တွယ်တပ်၍ရသော လှေကားများကို တည်ဆောက်နေခဲ့ကြသည်။

အပိုင်း(၄၉၀)

လီတစ်ထောင်ကျော်ကို တရစပ် ချီတက်ခြင်း

ဝုန်း

ခွာသံများ ထွက်ပေါ်လာခဲ့ပြီး ဖုန်မှုန့်များ မြင့်တက်သွားခဲ့သည်။ လူထောင်ချီပါသော စစ်တပ်တစ်တပ်သည် အနောက်တောင်ဘက်သို့ လမ်းများပေါ်တွင် ရွေ့လျားနေခဲ့ပြီး နေ့နေ့ညည ခရီးနှင်နေခဲ့သည်။

“ကျား”

ဝမ်ချောင် ရှေ့ဆုံးတွင် ရှိနေခဲ့ပြီး လက်ထဲတွင် မြင်းကြာပွတ်ကို ကိုင်ထားခဲ့သည်။ သူ့နောက်တွင် ကျောက်စိမ်းရိုင်းသံမဏိဓားများကို ကိုင်ဆောင်ထားပြီး ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ကလန်ကျွမ်းကျင်သူ တစ်ထောင်ဖြစ်ကြပြီး ထို့အတူ ငှားရမ်းထားသော ကျွမ်းကျင်သူ ထောင်ချီတို့ဖြစ်ကြသည်။

သူတို့မြို့တော်မှ ထွက်ခွာလာခဲ့ကတည်းက ရက်အတန်ကြာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူတို့သည် အမြင့်ဆုံးအမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့သည်။ သုံးရက်နှင့်သုံးညသည် လီထောင်ချီကို ရောက်ရှိရန် လုံလောက်ပေသည်။

ဤတရစပ် ချီတက်မှုသည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သော်လည်း ထိုသို့ဆိုလျှင်ပင် ဝမ်ချောင်သည် အနည်းငယ်မျှပင် စိတ်မအေးခဲ့ပေ။

“သတိပေးချက် ထန်စစ်သား တစ်ရာ့တစ်ဆယ့်နှစ်ယောက် ကျဆုံးသွားခဲ့သည်။ အန်းနန်ကာကွယ်ရေးတပ်သည် ယခုအခါ ရှစ်သောင်းအောက် ဖြစ်သည်”

“သတိပေးချက် ထန်စစ်သား တစ်ရာသုံးဆယ့်သုံးယောက် ကျဆုံးသွားခဲ့သည်။ အန်းနန်ကာကွယ်ရေးတပ်သည် အဆက်မပြတ် အားနည်းလာနေသည်။ အသုံးပြုသူသည် မြန်နိုင်သမျှ မြန်မြန် ဆောင်ရွက်ရပေမည်”

“သတိပေးချက် ထန်စစ်သား နှစ်ရာ့ငါးဆယ့်သုံးယောက် ကျဆုံးသွားခဲ့သည်။ ခြင်္သေ့မြို့တွင် ထန်စစ်သား ခုနှစ်သောင်းလေးထောင်ငါးရာ့တစ်ဆယ့်ခုနှစ်ယောက်သာ ကျန်ရှိသည်”

“သတိပေးချက် ခြင်္သေ့မြို့၏ ဆုံးရှုံးမှုများသည် ယခုအခါ ငါးရာထက် ကျော်လွန်သွားခဲ့သည်။ အသုံးပြုသူဆီမှ ကံကြမ္မာမှတ် တစ်မှတ်ကို ပြစ်ဒဏ်အနေဖြင့် နှုတ်ယူသွားပေလိမ့်မည်”

“ခြင်္သေ့မြို့ရှိ ကျဆုံးမှု ငါးရာတိုင်းအတွက် အသုံးပြုသူသည် ကံကြမ္မာမှတ်တစ်မှတ် နုတ်ယူခံရပေလိမ့်မည်။ စစ်သားငါးထောင်ကို ဆုံးရှုံးသွားခဲ့ပါက ကျဆုံးမှု ငါးရာတိုင်းအတွက် နှစ်မှတ် နုတ်ယူသွားပေလိမ့်မည်။ ကျဆုံးမှု သုံးထောင်တွင် ကျဆုံးမှု ငါးရာတိုင်းကို သုံးမှတ်နုတ်ယူသွားပေလိမ့်မည်”

“အကယ်၍ အသုံးပြုသူတွင် ပြစ်ဒဏ်ပေးဆောင်ရန် ကံကြမ္မာမှတ် မရှိခဲ့ပါက အသုံးပြုသူ သေဆုံးပေလိမ့်မည်။ အကယ်၍ အသုံးပြုသူသည် တစ်လအတွင်း အနောက်တောင်ဘက် စစ်မြေပြင်သို့ မရောက်ရှိနိုင်ခဲ့ပါက အသုံးပြုသူ သေပေလိမ့်မည်။ ဤအချက်များကို ချိုးဖောက်ခြင်းသည် မစ်ရှင်ကို ကျရှုံးစေလိမ့်မည်ဖြစ်ပြီး အသုံးပြုသူကို သေဆုံး‌စေပေလိမ့်မည်”

***

ကံကြမ္မာကျောက်စာ၏ အကြင်နာတရား ကင်းမဲ့ပြီး ခံစားချက်မဲ့သောအသံသည် ဝမ်ချောင်၏ စိတ်ထဲတွင် ရေတံခွန်တစ်ခုကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေခဲ့ကာ ၎င်း၏ သတင်းစကား တစ်ခုချင်းစီသည် ဝမ်ချောင်အား သူ့အချိန်သည် တိုတောင်းသည်ဟု သတိပေးနေခဲ့သည်။

သို့သော် ဝမ်ချောင်သည် ဤသတင်းစကားများကို အာရုံစိုက်ရန် စိတ်မရှိခဲ့ပေ။ သူ့အတွေးများ အားလုံးတို့သည် အနောက်တောင်ဘက်ရှိ စစ်သားရှစ်သောင်းနှင့် ထိုနေရာတွင် နေထိုင်သည့် တစ်သန်းနီးပါးသော သာမာန်ပြည်သူများအပေါ် ဖြစ်သည်။

သူကိုယ်တိုင်သာ သူ့တွင် အချိန်မည်မျှနည်းသည်ကို နားလည်ပေ၏။

'ရက်(၂၀) ခြင်္သေ့မြို့ရဲ့ ရိက္ခာက နောက်ထပ်အများဆုံး ရက်(၂၀)ပဲ ခံနိုင်တယ်။ ရိက္ခာတွေ ကုန်ဆုံးသွားတဲ့အခါ စိတ်ဓာတ်တွေ လဲပြိုပြီး ခြင်္သေ့မြို့ရဲ့ တံတိုင်းတွေက ဘယ်လောက်ပဲ ခိုင်ခံ့ပါစေ မြို့က ပြိုလဲလိမ့်မယ်။'

ဝမ်ချောင်၏စိတ်သည် သူ့အနားတွင် တိုက်ခတ်နေသည့် လေများကဲ့သို့ ကဏှာမငြိမ် ဖြစ်နေခဲ့သည်။ ထိုမမြင်ရသော ဖိအားသည် သူ့အား အချိန်တိုင်း ဖိနှိပ်နေခဲ့ပြီး ဝမ်ချောင်ကို အခြားမည်သူမျှ ကြုံတွေ့ဖူးနိုင်မည်မဟုတ်သည့် ခံစားရခက်သော နှိပ်စက်ညှင်းပန်းမှုတစ်ခုကို ကြုံတွေ့နေစေခဲ့သည်။

သူသည် မြို့တော်တွင် အကြာကြီး ကြန့်ကြာခဲ့သော်လည်း အခြားနည်းလမ်း မရှိခဲ့သည်ကို ဝမ်ချောင် သိပေသည်။ အလုပ်ကောင်းတစ်ခုလုပ်ရန် လက်မှုပညာသည်သည် အကောင်းဆုံး ပစ္စည်းကိရိယာများ လိုအပ်ပေသည်။ အကယ်၍သူသည် အနောက်တောင်ဘက်ကဲ့သို့ ကြီးမားသော စစ်မြေပြင်တွင် ဝင်စွက်ဖက်ပြီး မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင်ဒေသများကို လှုပ်ခါလိမ့်မည်ဖြစ်သည့် ဤဖြစ်ရပ်ကို လွှမ်းမိုးရန် သူ့ကိုယ်ပိုင် စွမ်းအားများအပေါ် မှီခိုချင်ခဲ့ပါက သူသည် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။

ကျောက်စိမ်းရိုင်းသံမဏိဓားများ မရှိဘဲ မာကြောသော ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများ မရှိဘဲ သူစုဆောင်းထားခဲ့သည့် ထိုလက်ထောက်များမရှိဘဲ... အကယ်၍သူသည် သူနှင့်အတူ ပို၍ပင် များပြားသောလူများ ခေါ်ဆောင်လာပြီး ပို၍ပင် စောစီးစွာ ရောက်သွားခဲ့လျှင်ပင် မုန့်ချီကျောက်တပ်သား သုံးသိန်းနှင့် ဝူရှန်းတပ်သား နှစ်သိန်းကို ဆန့်ကျင်သည့် သူ့အားထုတ်မှုများသည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို လှုပ်ခါနေသကဲ့သို့ နှံကောင်တစ်ကောင်က ရထားလုံး တစ်စီးကို ရပ်တန့်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

အရေအတွက် မဟုတ်သော်လည်း အရည်အသွေးသည် စစ်သားများအတွက် ပို၍ အရေးကြီးပေ၏။ ဝမ်ချောင်တွင် လုံလောက်သော စစ်သားများ မရှိခဲ့သောကြောင့် သူသည် အရည်အသွေးအပေါ်သာ အလုပ်လုပ်နိုင်ပေသည်။ ရလဒ်အနေဖြင့် အနောက်တောင်ဘက်ရှိစစ်ပွဲ ဖြစ်လာသောအခါ ဝမ်ချောင်သည် တောင်ဘက်သို့ စစ်တပ်တစ်တပ်ကို အလျင်စလို မဦးဆောင်ခဲ့ဘဲ သူတို့အား လေ့ကျင့်ပေးရန်နှင့် စစ်လက်နက်ပစ္စည်းများ ထုလုပ်ရန် အချိန်အများကြီးကို အသုံးပြုခဲ့သည်။

ဤအရာများသည် ထိုစစ်ပွဲထဲဝင်ရောက်ရန် လိုအပ်ကြသောကြောင့် ဤအချိန်သည် လိုအပ်သော ကုန်ကျစရိတ်တစ်ခု ဖြစ်ပေသည်။

ယခုအခါ အရာရာတိုင်းကို ပြင်ဆင်ပြီးသွားပြီ ဖြစ်သောကြောင့် ဝမ်ချောင်သည် သူတက်နိုင်သမျှ ထိုအချိန်များကို အစားထိုးရပေမည်။

“နောက်ထပ် သတင်းတစ်ဆင့်ပို့တဲ့ စခန်းက ဘယ်လောက်ဝေးလဲ”

ဝမ်ချောင် ခေါင်းမလှည့်ဘဲ မေးလိုက်သည်။

“လီငါးဆယ် လိုပါသေးတယ်။ စစ်မြင်းတွေ အကုန်လုံးကို ပြင်ဆင်ထားခဲ့ပြီး ကျွန်တော်တို့ အဲ့ကိုရောက်တာနဲ့ ချက်ချင်း လဲလှယ်နိုင်ပါတယ်”

အထက်မှနေ၍ လင်းယုန်ငှက်တစ်ကောင်၏ အသံထွက်ပေါ်လာခဲ့၏။ လူအိုကြီးလင်းယုန်ငှက်သည် ထိုလင်းယုန်ငှက်ကို လက်ခံပြီး ဝမ်ချောင်ကို တင်ပြနေစဉ် ဝမ်ချောင်နှင့်ကပ်လျှက် ဒုန်းဆိုင်းလိုက်သည်။ အနောက်တောင်ဘက်သို့ ခရီးသည် ရှည်လျားပြီး မည်သည့်မြင်းမျှ ဤသို့သော မရပ်တန့်သည့် ချီတက်မှုကို တောင့်မခံနိုင်ပေ။ သို့သော် ဝမ်ချောင်၏စစ်တပ်သည် ဤပြဿနာကို ခံစားစရာ မလိုအပ်ခဲ့ပေ။

အကြောင်းပြချက်သည် အလွန်ရိုးရှင်း၏။ ဝမ်ချောင်သည် မြို့တော်တွင် ရှိနေခဲ့စဉ် သူ့စစ်တပ် သွားလိမ့်မည်ဖြစ်သည့် လမ်းကြောင်းများသည်လည်း သူတို့အနားယူနိုင်သည့် သတင်းတစ်ဆင့်ပို့သည် စခန်းများနှင့်အတူ ပြင်ဆင်နေလျှက်ရှိသည်။

အနောက်တောင်ဘက်သို့ လမ်းပေါ်ရှိ အရာရာတိုင်းသည် အဆင်သင့် ပြုလုပ်ထားခဲ့ပြီး သူတို့ကို နှောင့်နှေးစေသည့်အရာ ဘာကိုမှ မကျန်ရစ်စေခဲ့ပေ။

ဝမ်ချောင်စစ်မြင်းများ လဲလှယ်နိုင်သည့် သတင်းတစ်ဆင့်ပို့သည် စခန်းတစ်ခုကို လီဒါဇင် အတော်များများတိုင်းတွင် တည်ထားခဲ့သည်။

လီဒါဇင် တော်တော်များများကို ရောက်ရှိတိုင်း နောက်ထပ် စစ်မြင်းအသုတ်ကို အစားထိုးလိမ့်မည်ဖြစ်ပြီး သူ့စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အမြန်နှုန်းကို အမြင့်ဆုံးအဆင့်တွင် သူ့အား ထိန်းသိမ်းထားနိုင်စေခဲ့သည်။

ဤသည်က စစ်တပ်တစ်တပ်ကို စီစဉ်နိုင်စွမ်းဖြစ်၏။

ဝမ်ချောင်၏ စီစဉ်မှုများသည် အလွန်အသေးစိတ်ကျကြပြီး မည်သူမျှ သူတို့ကို သတိမပြုခဲ့သည်အထိ ပြည့်စုံကြသည်။

မဟာထန် စစ်တပ်တွင် ဤသို့သော အချိန်တိုအတွင်း ဤသို့သော စွမ်းဆောင်ချက်တစ်ခုကို ဆွဲထုတ်နိုင်သည့်လူ လက်ရှိတွင် အလွန်နည်းပါးပေသည်။ သူ့နောက်ဆုံးဘဝတွင် ဝမ်ချောင်သည် လီတစ်ထောင်ကို ဖြတ်ကျော်ရန် သူ့စစ်တပ်ကို ဦးဆောင်ရန် ဤအားကောင်းသော စီစဉ်ခြင်းစွမ်းရည်ကို မှီခိုခဲ့သည်။ သူ့တပ်ဖွဲ့များသည် အလွန်မြန်ဆန်ခဲ့ကြသောကြောင့် ထိုတိုင်းတစ်ပါး ကျူးကျော်သူများသည် သူ့ကိုဘယ်တော့မှ ခြေရာမခံနိုင်ခဲ့ကြပေ။

တောင်တန်းအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် ဝမ်ချောင်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်ကာ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။

“ကြိုးကြာတောင်ပံ အခင်းအကျင်း”

ဝုန်း

တရားဝင်လမ်းပေါ်တွင် မူလက အစီအစဉ်တကျဖြစ်သော စစ်တပ်သည် ရုတ်တရက် ဖရိုဖရဲဖြစ်လာခဲ့ပြီး စစ်မြင်းများထဲမှ အနည်းငယ်သည် အချင်းချင်းပင် ဝင်တိုးသွားခဲ့ကြသည်။

သို့သော် ဤဖရိုဖရဲဖြစ်မှုသည် တခဏတာ ကြာမြင့်ခဲ့၏။ စစ်သားထောင်ချီတို့သည် သူတို့၏ တည်ငြိမ်မှုကို မြန်ဆန်စွာ ပြန်လည်ရရှိသွားခဲ့ပြီး အမိန့်ကို ဆောင်ရွက်လိုက်ကြသည်။ သူတို့သည် အခင်းအကျင်းထဲတွင် ရှေ့သို့ ချီတက်လိုက်ကြကာ သူတို့သည် တင်းကြပ်သော စည်းကမ်းသေဝတ်မှုတစ်ခုကို ပြသလိုက်ကြသည်။ သူတို့သည် ယခုအခါ သူတို့ ဓားသွားဖယ်ရှားခြင်း တောင်ပေါ်တွင် ရှိနေချိန်ကထက် စစ်တပ်တစ်တပ်နှင့် ပို၍ပင် တူလာပုံရသည်။

ဝမ်ချောင်သည် ပထမတွင် ထိုစစ်သားများကို လေ့ကျင့်ပေးမည့် တာဝန်ကို လီစီးယိနှင့် ကျောက်ကျင်းတန်တို့အား ပေးအပ်ခဲ့သော်လည်း သူကိုယ်တိုင်က လေ့ကျင့်ရေး၏ နောက်ဆုံး အပိုင်းများကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့သည်။

လူတစ်ယောက်သည် သူတို့၏ နောက်ဆုံးဘဝတွင် တိုက်ပွဲ သူတော်စင်အဖြစ် လူသိများခဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်က စစ်တပ်တစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးနေခြင်း၏ အကျိုးသက်ရောက်မှုကို စိတ်ကူးကြည့်နိုင်ပေသည်။

မြို့တော်မှ တရစပ် ချီတက်နေသည့် သုံးရက်အတွင်း ဝမ်ချောင်သည် ရော့ရဲနေသော စစ်သည်တော် ထောင်ချီကို လူတစ်ရာ၊ လူတစ်ဆယ်နှင့် လူငါးယောက် အုပ်စုများအဖြစ်သို့ စီစဉ်ခြင်းတွင် အောင်မြင်ခဲ့ရုံသာ မကခဲ့ပေ။ ဝမ်ချောင်သည် ဤလူတစ်ရာ၊ လူတစ်ဆယ်နှင့် လူငါးဆယ် အဖွဲ့များအတွက် အရာရှိတစ်ယောက်ကိုလည်း ရွေးချယ်ခဲ့ပြီး သူ့အမိန့်များအား အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ပြီး ထုတ်ဖော်နိုင်စေခဲ့သည်။

ထို့ပြင် ဝမ်ချောင်သည် ကျောက်ကျင်းတန်နှင့် အခြားလူများနှင့်အတူ စစ်တပ်ကို မြင်းတပ် အခင်းအကျင်း အသစ်များ သင်ကြားပေးခဲ့ပေသည်။

လက်ရှိစစ်တပ်သည် ယခုအခါ အဆင့်မီ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့ပြီး သူတို့၏ စည်းလုံးညီညွှတ်မှုက လုံးဝ အဆင့်သစ်သို့ တက်လှမ်းသွားခဲ့သည်။

အနည်းဆုံး ၎င်းသည် စစ်တပ်တစ်တပ်၏ အခြေခံပုံစံကို ရရှိသွားခဲ့ပေ၏။

တခဏကြာပြီးနောက် ဝမ်ချောင် သူ့လက်မောင်းကို နောက်တစ်ကြိမ် ထပ်မြှောက်လိုက်၏။

“မြားပုံစံ အခင်းအကျင်း”

ဤစစ်တပ်၏ ထောင်ချီသော စစ်သားများသည် လျှင်မြန်စွာ အခြားအခင်းအကျင်းကို ယူလိုက်ကြပြီး အေးစက်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို စတင်ထုတ်ဖော်လိုက်သည်။

ဤစည်းကမ်းသေဝတ်ခြင်း မရှိဘဲ ဖရိုဖရဲဖြစ်နေသော စစ်သည်တော်များကို ဆယ်ရက်မျှအတွင်း ဤအခြေအနေသို့ လေ့ကျင့်ပေးရန်မှာ အမှန်ပင် အံ့မခန်းဖြစ်သည်။

သို့သော် လီစီးယိ၊ ကျောက်ကျင်းတန်၊ လူအိုကြီးလင်းယုန်ငှက်နှင့် ငှားရမ်းထားသော ကျွမ်းကျင်သူများသည်ပင် ဤအရာကို သဘာဝကျကျ လက်ခံပြီးခဲ့ကြပြီဖြစ်ပြီး ၎င်းကို ပုံမှန်အဖြစ် ဆက်ဆံနေခဲ့ကြပြီဖြစ်သည်။

သူတို့သည်ပင် ဤသည်ကမည်မျှ ထူးဆန်းသည်ကို သတိမပြုမိခဲ့ပေ။

“တင်ပြပါတယ်”

စစ်တပ်က တရစပ် ချီတက်နေပြီး စစ်ရေးလေ့ကျင့်နေခဲ့စဉ် အော်သံတစ်ခုသည် အဝေးရှိ တောင်တစ်လုံးမှနေ၍ ထွက်ပေါ်လာခဲ့ကာ စစ်မြင်းတစ်ကောင် ထွက်ပြေးလာခဲ့သည်။ ၎င်းကို မောင်းနှင်လာသည့် အဖြူရောင်ဝတ် စစ်သားသည် ထိုနေရာကို ကြည့်ရှု့စစ်ဆေးနေခဲ့ပြီး အကြာကြီး စောင့်ဆိုင်းနေခဲ့ပုံရသည်။ ဝမ်ချောင်၏ စစ်တပ်ကို မြင်သည်နှင့် သူသည် သူ့မြင်းကြာပွတ်ကို မြှောက်လိုက်ပြီး စိမ်းစိုသော သစ်တောထဲမှ တစ်ဟုန်ထိုး ထွက်လာခဲ့ပေသည်။

“သခင်လေး သင့်ရဲ့ငယ်သားက သင့်ရဲ့အမိန့်တွေကို ဆောင်ရွက်ခဲ့ပြီး ဒီနေရာမှာ သုံးရက်ကြာ စောင့်ဆိုင်းနေခဲ့ပါတယ်။ သခင်လေး အမိန့်ပေးထားတဲ့ အဲ့ပစ္စည်းက အဆင်သင့် ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး သူတို့ကို ကြည့်ရှု့စစ်ဆေးပေးပါ”

ထိုအဖြူရောင်ဝတ်ထားသော စစ်သားသည် စစ်တပ်ရှေ့သို့ ဒုန်းစိုင်းလာခဲ့ပြီး မြင်းပေါ်မှဆင်းကာ ဒူးထောက်လိုက်သည်။

သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ စစ်တပ်ကို ရပ်တန့်စေလိုက်ပြီး ဝမ်ချောင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ တခဏချင်းမှာပင် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့၏။

ဤသည်က တောင်ဘက်သို့ သူတို့စတင် ချီတက်ခဲ့ကတည်းက စစ်တပ်ကို ရပ်တန့်ရန် သူ့အမိန့်ပေးလိုက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိအချိန်တွင် စက္ကန့်တိုင်းသည် တန်ဖိုးရှိကြပေသည်။ ဝမ်ချောင်သည် သူ့စစ်တပ်ကို ကွပ်ကဲနေခဲ့စဉ် ဤသည်ကို အထူးတလည် အလေးပေးခဲ့ပေသည်။

အကယ်၍ ၎င်းသည် အရေးမကြီးခဲ့ပါက သူသည် စစ်တပ်ကို ရပ်တန့်စေလိမ့်မည် မဟုတ်ပေ။

တခဏချင်းမှာပင် လီစီးယိ၊ ကျောက်ကျင်းတန်၊ လျိုတုံးနှင့် အခြားလူတိုင်း ထိုအဖြူရောင် ဝတ်ဆင်ထားသည့် စစ်သားကို အာရုံစိုက်လိုက်ကြသည်။

လူအိုကြီးလင်းယုန်ငှက်သာ နားလည်ပုံရ၏။ သူသည် တည်ငြိမ်သည့် အမူအရာတစ်ခုဖြင့် ရှေ့သို့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် မအံ့သြနေခဲ့ပေ။

**************

အပိုင်း(၄၉၀)

လီတစ်ထောင်ကျော်ကို တရစပ် ချီတက်ခြင်း

ဝုန်း

ခွာသံများ ထွက်ပေါ်လာခဲ့ပြီး ဖုန်မှုန့်များ မြင့်တက်သွားခဲ့သည်။ လူထောင်ချီပါသော စစ်တပ်တစ်တပ်သည် အနောက်တောင်ဘက်သို့ လမ်းများပေါ်တွင် ရွေ့လျားနေခဲ့ပြီး နေ့နေ့ညည ခရီးနှင်နေခဲ့သည်။

“ကျား”

ဝမ်ချောင် ရှေ့ဆုံးတွင် ရှိနေခဲ့ပြီး လက်ထဲတွင် မြင်းကြာပွတ်ကို ကိုင်ထားခဲ့သည်။ သူ့နောက်တွင် ကျောက်စိမ်းရိုင်းသံမဏိဓားများကို ကိုင်ဆောင်ထားပြီး ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ကလန်ကျွမ်းကျင်သူ တစ်ထောင်ဖြစ်ကြပြီး ထို့အတူ ငှားရမ်းထားသော ကျွမ်းကျင်သူ ထောင်ချီတို့ဖြစ်ကြသည်။

သူတို့မြို့တော်မှ ထွက်ခွာလာခဲ့ကတည်းက ရက်အတန်ကြာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူတို့သည် အမြင့်ဆုံးအမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့သည်။ သုံးရက်နှင့်သုံးညသည် လီထောင်ချီကို ရောက်ရှိရန် လုံလောက်ပေသည်။

ဤတရစပ် ချီတက်မှုသည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သော်လည်း ထိုသို့ဆိုလျှင်ပင် ဝမ်ချောင်သည် အနည်းငယ်မျှပင် စိတ်မအေးခဲ့ပေ။

“သတိပေးချက် ထန်စစ်သား တစ်ရာ့တစ်ဆယ့်နှစ်ယောက် ကျဆုံးသွားခဲ့သည်။ အန်းနန်ကာကွယ်ရေးတပ်သည် ယခုအခါ ရှစ်သောင်းအောက် ဖြစ်သည်”

“သတိပေးချက် ထန်စစ်သား တစ်ရာသုံးဆယ့်သုံးယောက် ကျဆုံးသွားခဲ့သည်။ အန်းနန်ကာကွယ်ရေးတပ်သည် အဆက်မပြတ် အားနည်းလာနေသည်။ အသုံးပြုသူသည် မြန်နိုင်သမျှ မြန်မြန် ဆောင်ရွက်ရပေမည်”

“သတိပေးချက် ထန်စစ်သား နှစ်ရာ့ငါးဆယ့်သုံးယောက် ကျဆုံးသွားခဲ့သည်။ ခြင်္သေ့မြို့တွင် ထန်စစ်သား ခုနှစ်သောင်းလေးထောင်ငါးရာ့တစ်ဆယ့်ခုနှစ်ယောက်သာ ကျန်ရှိသည်”

“သတိပေးချက် ခြင်္သေ့မြို့၏ ဆုံးရှုံးမှုများသည် ယခုအခါ ငါးရာထက် ကျော်လွန်သွားခဲ့သည်။ အသုံးပြုသူဆီမှ ကံကြမ္မာမှတ် တစ်မှတ်ကို ပြစ်ဒဏ်အနေဖြင့် နှုတ်ယူသွားပေလိမ့်မည်”

“ခြင်္သေ့မြို့ရှိ ကျဆုံးမှု ငါးရာတိုင်းအတွက် အသုံးပြုသူသည် ကံကြမ္မာမှတ်တစ်မှတ် နုတ်ယူခံရပေလိမ့်မည်။ စစ်သားငါးထောင်ကို ဆုံးရှုံးသွားခဲ့ပါက ကျဆုံးမှု ငါးရာတိုင်းအတွက် နှစ်မှတ် နုတ်ယူသွားပေလိမ့်မည်။ ကျဆုံးမှု သုံးထောင်တွင် ကျဆုံးမှု ငါးရာတိုင်းကို သုံးမှတ်နုတ်ယူသွားပေလိမ့်မည်”

“အကယ်၍ အသုံးပြုသူတွင် ပြစ်ဒဏ်ပေးဆောင်ရန် ကံကြမ္မာမှတ် မရှိခဲ့ပါက အသုံးပြုသူ သေဆုံးပေလိမ့်မည်။ အကယ်၍ အသုံးပြုသူသည် တစ်လအတွင်း အနောက်တောင်ဘက် စစ်မြေပြင်သို့ မရောက်ရှိနိုင်ခဲ့ပါက အသုံးပြုသူ သေပေလိမ့်မည်။ ဤအချက်များကို ချိုးဖောက်ခြင်းသည် မစ်ရှင်ကို ကျရှုံးစေလိမ့်မည်ဖြစ်ပြီး အသုံးပြုသူကို သေဆုံး‌စေပေလိမ့်မည်”

***

ကံကြမ္မာကျောက်စာ၏ အကြင်နာတရား ကင်းမဲ့ပြီး ခံစားချက်မဲ့သောအသံသည် ဝမ်ချောင်၏ စိတ်ထဲတွင် ရေတံခွန်တစ်ခုကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေခဲ့ကာ ၎င်း၏ သတင်းစကား တစ်ခုချင်းစီသည် ဝမ်ချောင်အား သူ့အချိန်သည် တိုတောင်းသည်ဟု သတိပေးနေခဲ့သည်။

သို့သော် ဝမ်ချောင်သည် ဤသတင်းစကားများကို အာရုံစိုက်ရန် စိတ်မရှိခဲ့ပေ။ သူ့အတွေးများ အားလုံးတို့သည် အနောက်တောင်ဘက်ရှိ စစ်သားရှစ်သောင်းနှင့် ထိုနေရာတွင် နေထိုင်သည့် တစ်သန်းနီးပါးသော သာမာန်ပြည်သူများအပေါ် ဖြစ်သည်။

သူကိုယ်တိုင်သာ သူ့တွင် အချိန်မည်မျှနည်းသည်ကို နားလည်ပေ၏။

'ရက်(၂၀) ခြင်္သေ့မြို့ရဲ့ ရိက္ခာက နောက်ထပ်အများဆုံး ရက်(၂၀)ပဲ ခံနိုင်တယ်။ ရိက္ခာတွေ ကုန်ဆုံးသွားတဲ့အခါ စိတ်ဓာတ်တွေ လဲပြိုပြီး ခြင်္သေ့မြို့ရဲ့ တံတိုင်းတွေက ဘယ်လောက်ပဲ ခိုင်ခံ့ပါစေ မြို့က ပြိုလဲလိမ့်မယ်။'

ဝမ်ချောင်၏စိတ်သည် သူ့အနားတွင် တိုက်ခတ်နေသည့် လေများကဲ့သို့ ကဏှာမငြိမ် ဖြစ်နေခဲ့သည်။ ထိုမမြင်ရသော ဖိအားသည် သူ့အား အချိန်တိုင်း ဖိနှိပ်နေခဲ့ပြီး ဝမ်ချောင်ကို အခြားမည်သူမျှ ကြုံတွေ့ဖူးနိုင်မည်မဟုတ်သည့် ခံစားရခက်သော နှိပ်စက်ညှင်းပန်းမှုတစ်ခုကို ကြုံတွေ့နေစေခဲ့သည်။

သူသည် မြို့တော်တွင် အကြာကြီး ကြန့်ကြာခဲ့သော်လည်း အခြားနည်းလမ်း မရှိခဲ့သည်ကို ဝမ်ချောင် သိပေသည်။ အလုပ်ကောင်းတစ်ခုလုပ်ရန် လက်မှုပညာသည်သည် အကောင်းဆုံး ပစ္စည်းကိရိယာများ လိုအပ်ပေသည်။ အကယ်၍သူသည် အနောက်တောင်ဘက်ကဲ့သို့ ကြီးမားသော စစ်မြေပြင်တွင် ဝင်စွက်ဖက်ပြီး မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင်ဒေသများကို လှုပ်ခါလိမ့်မည်ဖြစ်သည့် ဤဖြစ်ရပ်ကို လွှမ်းမိုးရန် သူ့ကိုယ်ပိုင် စွမ်းအားများအပေါ် မှီခိုချင်ခဲ့ပါက သူသည် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။

ကျောက်စိမ်းရိုင်းသံမဏိဓားများ မရှိဘဲ မာကြောသော ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများ မရှိဘဲ သူစုဆောင်းထားခဲ့သည့် ထိုလက်ထောက်များမရှိဘဲ... အကယ်၍သူသည် သူနှင့်အတူ ပို၍ပင် များပြားသောလူများ ခေါ်ဆောင်လာပြီး ပို၍ပင် စောစီးစွာ ရောက်သွားခဲ့လျှင်ပင် မုန့်ချီကျောက်တပ်သား သုံးသိန်းနှင့် ဝူရှန်းတပ်သား နှစ်သိန်းကို ဆန့်ကျင်သည့် သူ့အားထုတ်မှုများသည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို လှုပ်ခါနေသကဲ့သို့ နှံကောင်တစ်ကောင်က ရထားလုံး တစ်စီးကို ရပ်တန့်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

အရေအတွက် မဟုတ်သော်လည်း အရည်အသွေးသည် စစ်သားများအတွက် ပို၍ အရေးကြီးပေ၏။ ဝမ်ချောင်တွင် လုံလောက်သော စစ်သားများ မရှိခဲ့သောကြောင့် သူသည် အရည်အသွေးအပေါ်သာ အလုပ်လုပ်နိုင်ပေသည်။ ရလဒ်အနေဖြင့် အနောက်တောင်ဘက်ရှိစစ်ပွဲ ဖြစ်လာသောအခါ ဝမ်ချောင်သည် တောင်ဘက်သို့ စစ်တပ်တစ်တပ်ကို အလျင်စလို မဦးဆောင်ခဲ့ဘဲ သူတို့အား လေ့ကျင့်ပေးရန်နှင့် စစ်လက်နက်ပစ္စည်းများ ထုလုပ်ရန် အချိန်အများကြီးကို အသုံးပြုခဲ့သည်။

ဤအရာများသည် ထိုစစ်ပွဲထဲဝင်ရောက်ရန် လိုအပ်ကြသောကြောင့် ဤအချိန်သည် လိုအပ်သော ကုန်ကျစရိတ်တစ်ခု ဖြစ်ပေသည်။

ယခုအခါ အရာရာတိုင်းကို ပြင်ဆင်ပြီးသွားပြီ ဖြစ်သောကြောင့် ဝမ်ချောင်သည် သူတက်နိုင်သမျှ ထိုအချိန်များကို အစားထိုးရပေမည်။

“နောက်ထပ် သတင်းတစ်ဆင့်ပို့တဲ့ စခန်းက ဘယ်လောက်ဝေးလဲ”

ဝမ်ချောင် ခေါင်းမလှည့်ဘဲ မေးလိုက်သည်။

“လီငါးဆယ် လိုပါသေးတယ်။ စစ်မြင်းတွေ အကုန်လုံးကို ပြင်ဆင်ထားခဲ့ပြီး ကျွန်တော်တို့ အဲ့ကိုရောက်တာနဲ့ ချက်ချင်း လဲလှယ်နိုင်ပါတယ်”

အထက်မှနေ၍ လင်းယုန်ငှက်တစ်ကောင်၏ အသံထွက်ပေါ်လာခဲ့၏။ လူအိုကြီးလင်းယုန်ငှက်သည် ထိုလင်းယုန်ငှက်ကို လက်ခံပြီး ဝမ်ချောင်ကို တင်ပြနေစဉ် ဝမ်ချောင်နှင့်ကပ်လျှက် ဒုန်းဆိုင်းလိုက်သည်။ အနောက်တောင်ဘက်သို့ ခရီးသည် ရှည်လျားပြီး မည်သည့်မြင်းမျှ ဤသို့သော မရပ်တန့်သည့် ချီတက်မှုကို တောင့်မခံနိုင်ပေ။ သို့သော် ဝမ်ချောင်၏စစ်တပ်သည် ဤပြဿနာကို ခံစားစရာ မလိုအပ်ခဲ့ပေ။

အကြောင်းပြချက်သည် အလွန်ရိုးရှင်း၏။ ဝမ်ချောင်သည် မြို့တော်တွင် ရှိနေခဲ့စဉ် သူ့စစ်တပ် သွားလိမ့်မည်ဖြစ်သည့် လမ်းကြောင်းများသည်လည်း သူတို့အနားယူနိုင်သည့် သတင်းတစ်ဆင့်ပို့သည် စခန်းများနှင့်အတူ ပြင်ဆင်နေလျှက်ရှိသည်။

အနောက်တောင်ဘက်သို့ လမ်းပေါ်ရှိ အရာရာတိုင်းသည် အဆင်သင့် ပြုလုပ်ထားခဲ့ပြီး သူတို့ကို နှောင့်နှေးစေသည့်အရာ ဘာကိုမှ မကျန်ရစ်စေခဲ့ပေ။

ဝမ်ချောင်စစ်မြင်းများ လဲလှယ်နိုင်သည့် သတင်းတစ်ဆင့်ပို့သည် စခန်းတစ်ခုကို လီဒါဇင် အတော်များများတိုင်းတွင် တည်ထားခဲ့သည်။

လီဒါဇင် တော်တော်များများကို ရောက်ရှိတိုင်း နောက်ထပ် စစ်မြင်းအသုတ်ကို အစားထိုးလိမ့်မည်ဖြစ်ပြီး သူ့စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အမြန်နှုန်းကို အမြင့်ဆုံးအဆင့်တွင် သူ့အား ထိန်းသိမ်းထားနိုင်စေခဲ့သည်။

ဤသည်က စစ်တပ်တစ်တပ်ကို စီစဉ်နိုင်စွမ်းဖြစ်၏။

ဝမ်ချောင်၏ စီစဉ်မှုများသည် အလွန်အသေးစိတ်ကျကြပြီး မည်သူမျှ သူတို့ကို သတိမပြုခဲ့သည်အထိ ပြည့်စုံကြသည်။

မဟာထန် စစ်တပ်တွင် ဤသို့သော အချိန်တိုအတွင်း ဤသို့သော စွမ်းဆောင်ချက်တစ်ခုကို ဆွဲထုတ်နိုင်သည့်လူ လက်ရှိတွင် အလွန်နည်းပါးပေသည်။ သူ့နောက်ဆုံးဘဝတွင် ဝမ်ချောင်သည် လီတစ်ထောင်ကို ဖြတ်ကျော်ရန် သူ့စစ်တပ်ကို ဦးဆောင်ရန် ဤအားကောင်းသော စီစဉ်ခြင်းစွမ်းရည်ကို မှီခိုခဲ့သည်။ သူ့တပ်ဖွဲ့များသည် အလွန်မြန်ဆန်ခဲ့ကြသောကြောင့် ထိုတိုင်းတစ်ပါး ကျူးကျော်သူများသည် သူ့ကိုဘယ်တော့မှ ခြေရာမခံနိုင်ခဲ့ကြပေ။

တောင်တန်းအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် ဝမ်ချောင်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်ကာ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။

“ကြိုးကြာတောင်ပံ အခင်းအကျင်း”

ဝုန်း

တရားဝင်လမ်းပေါ်တွင် မူလက အစီအစဉ်တကျဖြစ်သော စစ်တပ်သည် ရုတ်တရက် ဖရိုဖရဲဖြစ်လာခဲ့ပြီး စစ်မြင်းများထဲမှ အနည်းငယ်သည် အချင်းချင်းပင် ဝင်တိုးသွားခဲ့ကြသည်။

သို့သော် ဤဖရိုဖရဲဖြစ်မှုသည် တခဏတာ ကြာမြင့်ခဲ့၏။ စစ်သားထောင်ချီတို့သည် သူတို့၏ တည်ငြိမ်မှုကို မြန်ဆန်စွာ ပြန်လည်ရရှိသွားခဲ့ပြီး အမိန့်ကို ဆောင်ရွက်လိုက်ကြသည်။ သူတို့သည် အခင်းအကျင်းထဲတွင် ရှေ့သို့ ချီတက်လိုက်ကြကာ သူတို့သည် တင်းကြပ်သော စည်းကမ်းသေဝတ်မှုတစ်ခုကို ပြသလိုက်ကြသည်။ သူတို့သည် ယခုအခါ သူတို့ ဓားသွားဖယ်ရှားခြင်း တောင်ပေါ်တွင် ရှိနေချိန်ကထက် စစ်တပ်တစ်တပ်နှင့် ပို၍ပင် တူလာပုံရသည်။

ဝမ်ချောင်သည် ပထမတွင် ထိုစစ်သားများကို လေ့ကျင့်ပေးမည့် တာဝန်ကို လီစီးယိနှင့် ကျောက်ကျင်းတန်တို့အား ပေးအပ်ခဲ့သော်လည်း သူကိုယ်တိုင်က လေ့ကျင့်ရေး၏ နောက်ဆုံး အပိုင်းများကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့သည်။

လူတစ်ယောက်သည် သူတို့၏ နောက်ဆုံးဘဝတွင် တိုက်ပွဲ သူတော်စင်အဖြစ် လူသိများခဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်က စစ်တပ်တစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးနေခြင်း၏ အကျိုးသက်ရောက်မှုကို စိတ်ကူးကြည့်နိုင်ပေသည်။

မြို့တော်မှ တရစပ် ချီတက်နေသည့် သုံးရက်အတွင်း ဝမ်ချောင်သည် ရော့ရဲနေသော စစ်သည်တော် ထောင်ချီကို လူတစ်ရာ၊ လူတစ်ဆယ်နှင့် လူငါးယောက် အုပ်စုများအဖြစ်သို့ စီစဉ်ခြင်းတွင် အောင်မြင်ခဲ့ရုံသာ မကခဲ့ပေ။ ဝမ်ချောင်သည် ဤလူတစ်ရာ၊ လူတစ်ဆယ်နှင့် လူငါးဆယ် အဖွဲ့များအတွက် အရာရှိတစ်ယောက်ကိုလည်း ရွေးချယ်ခဲ့ပြီး သူ့အမိန့်များအား အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ပြီး ထုတ်ဖော်နိုင်စေခဲ့သည်။

ထို့ပြင် ဝမ်ချောင်သည် ကျောက်ကျင်းတန်နှင့် အခြားလူများနှင့်အတူ စစ်တပ်ကို မြင်းတပ် အခင်းအကျင်း အသစ်များ သင်ကြားပေးခဲ့ပေသည်။

လက်ရှိစစ်တပ်သည် ယခုအခါ အဆင့်မီ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့ပြီး သူတို့၏ စည်းလုံးညီညွှတ်မှုက လုံးဝ အဆင့်သစ်သို့ တက်လှမ်းသွားခဲ့သည်။

အနည်းဆုံး ၎င်းသည် စစ်တပ်တစ်တပ်၏ အခြေခံပုံစံကို ရရှိသွားခဲ့ပေ၏။

တခဏကြာပြီးနောက် ဝမ်ချောင် သူ့လက်မောင်းကို နောက်တစ်ကြိမ် ထပ်မြှောက်လိုက်၏။

“မြားပုံစံ အခင်းအကျင်း”

ဤစစ်တပ်၏ ထောင်ချီသော စစ်သားများသည် လျှင်မြန်စွာ အခြားအခင်းအကျင်းကို ယူလိုက်ကြပြီး အေးစက်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို စတင်ထုတ်ဖော်လိုက်သည်။

ဤစည်းကမ်းသေဝတ်ခြင်း မရှိဘဲ ဖရိုဖရဲဖြစ်နေသော စစ်သည်တော်များကို ဆယ်ရက်မျှအတွင်း ဤအခြေအနေသို့ လေ့ကျင့်ပေးရန်မှာ အမှန်ပင် အံ့မခန်းဖြစ်သည်။

သို့သော် လီစီးယိ၊ ကျောက်ကျင်းတန်၊ လူအိုကြီးလင်းယုန်ငှက်နှင့် ငှားရမ်းထားသော ကျွမ်းကျင်သူများသည်ပင် ဤအရာကို သဘာဝကျကျ လက်ခံပြီးခဲ့ကြပြီဖြစ်ပြီး ၎င်းကို ပုံမှန်အဖြစ် ဆက်ဆံနေခဲ့ကြပြီဖြစ်သည်။

သူတို့သည်ပင် ဤသည်ကမည်မျှ ထူးဆန်းသည်ကို သတိမပြုမိခဲ့ပေ။

“တင်ပြပါတယ်”

စစ်တပ်က တရစပ် ချီတက်နေပြီး စစ်ရေးလေ့ကျင့်နေခဲ့စဉ် အော်သံတစ်ခုသည် အဝေးရှိ တောင်တစ်လုံးမှနေ၍ ထွက်ပေါ်လာခဲ့ကာ စစ်မြင်းတစ်ကောင် ထွက်ပြေးလာခဲ့သည်။ ၎င်းကို မောင်းနှင်လာသည့် အဖြူရောင်ဝတ် စစ်သားသည် ထိုနေရာကို ကြည့်ရှု့စစ်ဆေးနေခဲ့ပြီး အကြာကြီး စောင့်ဆိုင်းနေခဲ့ပုံရသည်။ ဝမ်ချောင်၏ စစ်တပ်ကို မြင်သည်နှင့် သူသည် သူ့မြင်းကြာပွတ်ကို မြှောက်လိုက်ပြီး စိမ်းစိုသော သစ်တောထဲမှ တစ်ဟုန်ထိုး ထွက်လာခဲ့ပေသည်။

“သခင်လေး သင့်ရဲ့ငယ်သားက သင့်ရဲ့အမိန့်တွေကို ဆောင်ရွက်ခဲ့ပြီး ဒီနေရာမှာ သုံးရက်ကြာ စောင့်ဆိုင်းနေခဲ့ပါတယ်။ သခင်လေး အမိန့်ပေးထားတဲ့ အဲ့ပစ္စည်းက အဆင်သင့် ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး သူတို့ကို ကြည့်ရှု့စစ်ဆေးပေးပါ”

ထိုအဖြူရောင်ဝတ်ထားသော စစ်သားသည် စစ်တပ်ရှေ့သို့ ဒုန်းစိုင်းလာခဲ့ပြီး မြင်းပေါ်မှဆင်းကာ ဒူးထောက်လိုက်သည်။

သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ စစ်တပ်ကို ရပ်တန့်စေလိုက်ပြီး ဝမ်ချောင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ တခဏချင်းမှာပင် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့၏။

ဤသည်က တောင်ဘက်သို့ သူတို့စတင် ချီတက်ခဲ့ကတည်းက စစ်တပ်ကို ရပ်တန့်ရန် သူ့အမိန့်ပေးလိုက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိအချိန်တွင် စက္ကန့်တိုင်းသည် တန်ဖိုးရှိကြပေသည်။ ဝမ်ချောင်သည် သူ့စစ်တပ်ကို ကွပ်ကဲနေခဲ့စဉ် ဤသည်ကို အထူးတလည် အလေးပေးခဲ့ပေသည်။

အကယ်၍ ၎င်းသည် အရေးမကြီးခဲ့ပါက သူသည် စစ်တပ်ကို ရပ်တန့်စေလိမ့်မည် မဟုတ်ပေ။

တခဏချင်းမှာပင် လီစီးယိ၊ ကျောက်ကျင်းတန်၊ လျိုတုံးနှင့် အခြားလူတိုင်း ထိုအဖြူရောင် ဝတ်ဆင်ထားသည့် စစ်သားကို အာရုံစိုက်လိုက်ကြသည်။

လူအိုကြီးလင်းယုန်ငှက်သာ နားလည်ပုံရ၏။ သူသည် တည်ငြိမ်သည့် အမူအရာတစ်ခုဖြင့် ရှေ့သို့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် မအံ့သြနေခဲ့ပေ။

**************

All Chapters