← Chapters

အခန်း (၄၉၁-၄၉၅)

Vol. 23 Ch. 491-495

အခန်း (၄၉၁-၄၉၅)

Vol. 23 Ch. 491-495

အခန်း(၄၉၁)

ကြုံတွေ့ခြင်း

“ပစ္စည်းရော”

ဝမ်ချောင် တည်ငြိမ်စွာ မေးလိုက်ကာ သူ့မျက်ခုံးများ ထိစပ်နေခဲ့ကြသည်။

“တောထဲမှာ”

“အဲ့ဒါကိုယူလာလိုက်”

***

ဝမ်း

အံ့အားသင့်နေသော စစ်တပ်၏ အကြည့်များအောက်တွင် နောက်ထပ် မြင်းစီးသမား တစ်ယောက်သည် တောထဲမှနေ၍ ဒုန်းစိုင်းထွက်လာခဲ့ပြီး အိတ်ကြီးတစ်လုံးကို သယ်ဆောင်လာခဲ့သည်။

ထိုအိတ်ထဲရှိ ပစ္စည်းသည် ထင်ရှားသည့် ထောင့်များရှိနေခဲ့ကြသည်။ ၎င်း၏ ပုံသဏ္ဍာန်မှနေ၍ ၎င်းသည် တစ်မျိုးမျိုးသော လေးထောင့်ပုံ သေတ္တာတစ်လုံး ဖြစ်သည်မှာ ထင်ရှားလှပြီး အနားအားလုံးက တစ်ပေလောက်ရှိကြသည်။

နယ်မြေခံတပ်ဖွဲ့မှ ထိုမြင်းစီးသမားသည် ဤသေတ္တာကို သူ့မြင်ကွင်းမှ ပျောက်သွားခွင့် မပြုနိုင်သည်အထိ ကြီးမားသော ဒုက္ခများ ခံထားပြီး ဤသေတ္တာကို အလွန်အမင်း ဂရုတစိုက်ဖြင့် ကိုင်တွယ်ခဲ့သည်။

“ကျင်းတန် ငါဒီသေတ္တာကို မင်းဆီအပ်လိုက်မယ်။ သတိရပါ မင်းကအမိန့်ကို လက်ခံရရှိတဲ့ အချိန်အထိ သေတ္တာက ဘာမှဖြစ်လို့မရဘူး။ ဘယ်သူ့ကိုမှ သေတ္တာဆီ ချဉ်းကပ်ခွင့်မပေးနဲ့။ အထဲကို ဖွင့်မကြည့်နဲ့”

ဝမ်ချောင် သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

ကျောက်ကျင်းတန် ခေါင်းညိမ့်လိုက်ပြီး တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ ဝမ်ချောင်က အမိန့်ပေးသရွေ သူသည် ချက်ချင်း လိုက်နာလိမ့်မည်ဖြစ်ပြီး ငြင်းပယ်ခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်း ရှိမည်မဟုတ်ပေ။

ကျောက်ကျင်းတန် လျှင်မြန်စွာရှေ့သို့ ဒုန်းဆိုင်းလိုက်ပြီး နယ်မြေခံတပ်ဖွဲ့မှ မြင်းစီးသမားဆီမှ ထိုအိတ်ကိုယူလိုက်ကာ သူ့မြင်းနောက်ကျောပေါ်တွင် လုံခြုံစွာ ထားလိုက်သည်။

ထိုအိတ်ကို လွှဲပြောင်းပေးပြီးနောက် နယ်မြေခံတပ်ဖွဲ့မှ ထိုမြင်းစီးသမားသည် သူက ကြီးမားသော တာဝန်တစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“အထဲမှာဘာရှိလဲ”

ကြမ်းတမ်းပြီး အားမာန်ပြည့်ဝသော အသံတစ်ခုသည် ဘေးမှနေ၍ ထွက်ပေါ်လာခဲ့ကာ လီစီးယိ ကျောက်ကျင်းတန်၏ မြင်းပေါ်ရှိ ထိုသေတ္တာကို စိတ်ဝင်စားစွာ စိုက်ကြည့်လိုက်သည်။

သူ မသိခဲ့သည့် ဝမ်ချောင်၏ ကိစ္စရပ်များ အနည်းငယ်သာ ရှိခဲ့ကြသော်လည်း ဤသေတ္တာသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်ခဲ့သည်။

ဝမ်ချောင်သည် သူကမြို့တော်တွင် ရှိနေစဉ် ဤအရာကို စီစဉ်ထားခဲ့သည်မှာ ထင်ရှားလှ၏။

ထို့ပြင် ဝမ်ချောင်၏ သတိကြီးသော သဘောထားသည် သူ့အား အမှန်ပင် တော်တော်လေး ရှုပ်ထွေးစေခဲ့သည်။

“အချိန်ကျလာတဲ့အခါ မင်းသိပါလိမ့်မယ်။ ကျင်းတန် နောက်တန်းကိုသွား။ စစ်တပ်ရဲ့ ကျန်တဲ့လူတွေနဲ့ အနည်းဆုံး ခြောက်ကျန့် အကွာအဝေးတစ်ခုကို ထိန်းထား”

ဝမ်ချောင် အမိန့်ပေးလိုက်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဟုတ်ကဲ့ပါသခင်လေး”

ကျောက်ကျင်းတန် လျှင်မြန်စွာ ထွက်ခွာသွားခဲ့၏။

“ထွက်ခွာကြမယ်”

ဤအမိန့်ဖြင့် စစ်တပ်သည် နောက်တစ်ကြိမ် ထွက်ခွာလိုက်ကြသည်။

***

အချိန်သည် ကုန်ဆုံးသွားခဲ့ပြီး ငါးရက်ကြာပြီးနောက် ဝမ်ချောင်၏ မရပ်မနား ချီတက်မှုသည် နောက်ဆုံးတွင် သူ့အား တိုင်းပြည်၏ အနောက်တောင်ဘက်သို့ ရောက်ရှိလာစေခဲ့သည်။ ဤနေရာရှိ လေထုသည် တုန်လှုပ်ချောက်ချားသော တင်းမာမှုနှင့် အန္တရာယ်တို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်။

“မြန်မြန် ပြေး ပြေး”

“ဝူရှန်းနဲ့ မုန့်ချီကျောက်က တိုက်ခိုက်ကြတော့မယ်”

“တော်ဝင်ရုံးတော်က ရှုံးသွားခဲ့ပြီ။ ငါတို့ကို ကာကွယ်ဖို့ ဘယ်သူမှ မရှိကြတော့ဘူး”

“ကလေးတွေ၊ ယောက်ျား မြန် မြန်”

***

သွေးပျက်နေသည့် ပြည်သူများသည် လမ်းပေါ်တွင် ပြေးလွှားနေခဲ့ကြပြီး သူတို့၏ မိသားစုများဖြင့် မြောက်ဘက်သို့ ထွက်ပြေးနေခဲ့ကြသည်။

အန်းနန်ကာကွယ်ရေး လက်ရွေးစင် တစ်သိန်းရှစ်သောင်း ရှုံးနိမ့်သွားခဲ့သည်မှာ လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ကုန်သည်အချို့တို့သည် ထိုသတင်းကို စောစီးစွာ ရရှိခဲ့ကြပြီး အနောက်တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။

ထို့အပြင် လူများက စတင်ထွက်ပြေးလိုက်သောအခါ ဘာကိုမှ ဖုံးကွယ်ထား၍ မရတော့ပေ။

အနောက်တောင်ဘက် နယ်မြေ၏ တောင်ဘက်အစွန်းရှိ အခြေအနေများသည် မရှင်းလင်းခဲ့သေးသော်လည်း မြောက်ဘက် နယ်စပ်ရှိ လူများသည် စတင်ထွက်ပြေးနေခဲ့ကြသည်မှာ ရှင်းလင်းလှသည်။

“ဒီအခြေအနေက ... မကောင်းဘူး”

ဤထွက်ပြေးနေသည့် ပြည်သူများကို မြင်လိုက်ရသည်နှင့် ဝမ်ချောင် ခေါင်းမော့လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ဝေအန်းဖန် ဒီမှာနေပါ။ ငါမင်းကို လူတစ်ရာပေးလိုက်မယ်။ မြောက်ဘက်သို့သွားတဲ့ အဓိကလမ်းမတွေမှာ လူတွေကို စောင့်ကြပ်စေပါ။ မင်းရဲ့ပထမ ဦးစားပေးက လုံခြုံရေးအတွက် ဒီလူတွေကို စောင့်ကြပ်ပေးရမှာဖြစ်ပြီး မင်းရဲ့ဒုတိယ ဦးစားပေးက ဓားမြတွေနဲ့ ဒုက္ခရောက်အောင် လုပ်တဲ့လူတွေကို ရှင်းပစ်ဖို့ဖြစ်တယ်”

ဝမ်ချောင် ပြောလိုက်သည်။

မျိုးဆက်တိုင်းတွင် ပြည်သူများ၏ နှလုံးသားများသည် အရေးအကြီးဆုံး ဖြစ်ခဲ့ကြသည်။ အနောက်တောင်ဘက်ရှိ ရှုံးနိမ့်မှုသည် ကြီးမားသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သော်လည်း ဤသွေးပျက်နေသည့် ခိုလုံသူများသည် ရာစုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေခဲ့ကြသည့် မဟာထန်၏ ပြည်သူများအပေါ် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

၎င်း၏ သမိုင်းတစ်လျှောက်လုံးတွင် မဟာထန်သည် အကြပ်အတည်းများ မည်သည့်အချိန်တွင်မဆို ဖြစ်တော့မည့်ပုံရသည့် ဤသို့သော မသက်မသာနှင့် စိုးရိမ်ပူပန်မှုမျိုး ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပေ။ ဝမ်ချောင်လုပ်နိုင်သမျှမှာ ဤအကျိုးသက်ရောက်မှုကို သူတက်နိုင်သမျှ များများ လျော့ချရန်ဖြစ်သည်။

ဝေအန်းဖန် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး ဒီတာဝန်ကို ကျွန်တော်ဆီ ထားလိုက်ပါ”

သူ့တာဝန်သည် စစ်မြေပြင်တွင် တိုက်ခိုက်ရန် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ ဝမ်ချောင်သူ့အား ပေးအပ်ခဲ့သည့် မစ်ရှင်များသည် နောက်တန်းတွင် ရှုချီချင်းနှင့် အလုပ်လုပ်ရန်ဖြစ်ပြီး ထောက်ပို့လမ်းကြောင်းကို စီမံရန်ဖြစ်သည်။

သူ့အားဤနေရာတွင် ချန်ခဲ့ခြင်းဖြင့် ဝမ်ချောင်သည်လည်း ပြည်သူများ၏ စိတ်ဓာတ်များအပေါ် ရှိနေသည့် တိုက်ပွဲ၏ သက်ရောက်မှုများကို လျော့ချနိုင်ပေလိမ့်မည်။

ငှားရမ်းထားသော ကျွမ်းကျင်သူတစ်ရာကို လျှင်မြန်စွာ စေလွှတ်လိုက်၏။ သူတို့သည် ပုံမှန် စစ်သည်များ မဟုတ်ခဲ့ကြသော်လည်း သူတို့ဝတ်ဆင်ထားသည့် အဆင့်မီသော ချပ်ဝတ်တန်ဆာများသည် အမိန့်ပေးရန် လုံလောက်ပေသည်။

ဝေအန်းဖန်နှင့် ငှားရမ်းထားသော ကျွမ်းကျင်သူတစ်ရာကို နောက်တွင် ချန်ရစ်ခဲ့ကာ စစ်တပ်သည် တောင်ဘက်နယ်စပ်သို့ ထွက်ခွာလိုက်ကြသည်။

အနက်ရောင် တိမ်တိုက်များသည် အနောက်တောင်ဘက်၏ ကောင်းကင်ထက်တွင် သိပ်သည်းစွာ စုဝေးနေခဲ့ကြပြီး သူတို့တောင်ဘက်သို့ ပိုသွားလေလေ လေထဲရှိ တိုက်ပွဲအငွေ့အသက်က သိပ်သည်းလာလေလေဖြစ်သည်။ ခရီးသွားနေသည့် ကုန်သည်များ မရှိကြတော့ပေ။ ရှည်လျားလှသော ကုန်စည်ယာဉ်တန်းများနှင့် ရထားလုံးများ မရှိကြတော့ပေ။ အိမ်များမှ မီးခိုးများသည်ပင် နည်းပါးသွားခဲ့ကြ၏။ အုံ့မှိုင်းပြီး ဝမ်းနည်းညိုးငယ်သော လေထုသည် လောကကြီးကို ဖုံးလွှမ်းထားခဲ့သည်။

ဂီး

စူးရှသော အသံတစ်ခုသည် ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားခဲ့ကာ စစ်တပ်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

ဝမ်ချောင် ခေါင်းမော့လိုက်ပြီး ကောင်းကင်ထက်တွင် လင်းယုန်ငှက်ကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းသည် လေထဲတွင် လှည့်ပတ်နေခဲ့ပြီး ပုံသဏ္ဍန်မျိုးစုံကို ရေးဆွဲနေခဲ့သည်။ ၎င်းသည် မြန်ဆန်မှုနှင့် နှေးကွေးမှုကြား ပြောင်းလဲနေခဲ့ကာ တစ်ခါတစ်ရံ ပုံစံအချို့ကို လိုက်နာနေသကဲ့သို့ ဟစ်ကြွေးနေခဲ့သည်။

“လူအိုကြီးလင်းယုန်ငှက်”

ဝမ်ချောင် ခေါင်းမလှည့်ဘဲ မေးလိုက်၏။

ဤလင်းယုန်ငှက်နှင့် ငှက်များကို အားလုံး လူအိုကြီးလင်းယုန်ငှက်က လေ့ကျင့်ပေးထားခဲ့ပြီး သူသာလျှင် ဤသင်္ကေတများ၏ အဓိပ္ပာယ်ကို သိပေသည်။

“ကျွန်တော်တို့ရဲ့ရှေ့မှာ ရန်သူအမြောက်အများ ရှိနေတယ်...”

လူအိုကြီးလင်းယုန်ငှက်၏ အမူအရာသည် ဝမ်ချောင်ထက်ပင် ပို၍ လေးနက်သွားခဲ့သည်။ သူ့ငှက်ပျံသန်းနေသည့် အမြန်နှုန်းသည် အခြေအနေ၏ လေးနက်မှုကို ကိုယ်စားပြုပြီး သူတို့ပျံသန်းသည့် စက်ဝိုင်းပတ် အရေအတွက်က အကွာအဝေးကို ကိုယ်စားပြုပေသည်။

သူလေ့ကျင့်ပေးခဲ့သည့် လင်းယုန်ငှက်များသည် စက်ဝိုင်းပတ် ခုနှစ်ပတ်၊ ရှစ်ပတ်ကို ပြုလုပ်ခဲ့ပြီဖြစ်ပြီး မရပ်တန့်ခဲ့သေးပေ။

လူအိုကြီးလင်းယုန်ငှက် ကောင်းကင်ထက်ရှိ ထိုလင်းယုန်ငှက်ကြီးကို မော့ကြည့်လိုက်ပြီး လင်းယုန်ငှက် ဘာသာစကားကို ဘာသာပြန်လိုက်သည်။

“ကျွန်တော်တို့နဲ့အနီးဆုံး ရန်သူတွေက ကျွန်တော်တို့ကနေ လီတစ်ရာ အကွာအဝေးလောက်မှာ ဖြစ်တယ်။ သူတို့ရဲ့ အရေအတွက်အနေနဲ့ သုံးရာ... ဒါပေမဲ့ အနီးအနားမှာ သိသာတဲ့ ရန်သူအရေအတွက်လည်း ရှိကြတယ်”

“နောက်ပြီး ကျွန်တော်တို့ဘက်က လူတွေလည်း ရှိကြတယ်”

ဘုန်း

ဤနောက်ဆုံး စကားလုံးများသည် ဝမ်ချောင်၏ နှလုံးသားကို တင်းကြပ်သွားစေခဲ့ပြီး ပတ်ပတ်လည်ရှိ လေထုက တင်းမာသွားခဲ့သည်။

သူတို့၏ အဆက်မပြတ် ချီတက်လာသည့် နေ့ရက်များ အားလုံးတွင် ဤသည်က ရန်သူကို ကြုံတွေ့ရတော့မည်ဖြစ်သည့် ဤစစ်သားများ၏ ပထမဆုံးအကြိမ် ဖြစ်သည်။ ဤလူအများစုတို့သည် ယခင်က တစ်ကိုယ်တော် တိုက်ခိုက်ခဲ့ဖူးကြသော်လည်း စစ်ပွဲများအနေဖြင့်... ဤသည်က ပထမဆုံး အတွေ့အကြုံ ဖြစ်ပေလိမ့်မည်။

စစ်သားများကြားရှိ တိုက်ပွဲတစ်ခုနှင့် စစ်သည်တော်များကြားရှိ တိုက်ပွံတစ်ခုတို့သည် လုံးဝ ခြားနားသော အရာနှစ်ခုဖြစ်ကြသည်။

ကြောက်မက်ဖွယ်အကောင်းဆုံး ကျွမ်းကျင်သူသည်ပင် မြင်းတပ်၏ ချီတက်မှုအောက်တွင် ချေမှုန်းခံရလိမ့်မည်ဖြစ်ပြီး ခွာများ၏ နင်းခြေမှု သို့မဟုတ် လှံတစ်ချောင်း၏ ထက်ရှသော အစွန်းကြောင့် သေဆုံးသွားပေလိမ့်မည်။

စစ်မြေပြင်တွင် လူတစ်ယောက်၏ ရဲစွမ်းသတ္တိသည် အလွန်အမင်း မရေးမပါလှပေ။

စိတ်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဝမ်ချောင်ချက်ချင်း တစ်ခုခုကို နားလည်လိုက်၏။

'ဒါက လီကျန်းရီရဲ့ စစ်ကူတပ်ပဲ။'

သူ့လက်ရှိတည်နေရာနှင့် မဟာထန်နှင့် မုန့်ချီကျောက်တို့၏ နယ်စပ်ရှိ အားဟိုင်တို့ကြား ရှည်လျားလှသော အကွာအဝေးတစ်ခု ရှိနေသေးသည်။ ချန်ယုချောင်ထုံး၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းထဲမှ မည်သူမဆို ဤနေရာတွင် ပေါ်လာရန်မှာ မဖြစ်နိုင်ချေ။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ လမ်းတစ်ဝက်တွင် ခြုံခိုတိုက်ခိုက်ခံခဲ့ရသည့် လီကျန်းရီ ဦးဆောင်သော တပ်ဖွဲ့ဖြစ်သည်။

“တပ်သားတွေအားလုံး ငါ့အမိန့်ကို အာရုံစိုက်ကြ။ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်”

ဝမ်ချောင် သူ့ကျောက်စိမ်းသံမဏိဓားကို ဆွဲထုတ်လိုက်၏။ ဓားသည် ကောင်းကင်ထက်သို့ ညွှန်ပြနေခဲ့ပြီး ၎င်း၏အေးစက်သော အလင်းရောင်များကို ထုတ်လွှတ်နေခဲ့ကာ စစ်တပ်သည် ချက်ချင်း နိုးကြားသွားခဲ့သည်။

စစ်မြင်းများသည် မြည်ဟီးလိုက်ကြပြီး ဖုန်မှုန့်များ ထသွားခဲ့၏။ တပ်ဖွဲ့တစ်ခုလုံးသည် လီတစ်ရာ အကွာအဝေးရှိ ထိုရန်သူများဆီသို့ လျှင်မြန်စွာ စတင်ချီတက်သွားခဲ့ကြသည်။

***********************

အခန်း(၄၉၂)

ပထမဆုံးတိုက်ပွဲ အားလုံးကိုရှင်းပစ်(၁)

“ကြည့်ရတာ ဒါကငါတို့ရဲ့ နောက်ဆုံးမှတ်တိုင် ဖြစ်ပုံရတယ်”

“ဘာနောက်ဆုံးမှတ်တိုင်လဲ အဲ့ဒီခွေးမသား မုန့်ချီကျောက် ငါတို့ကသူ့ကို အများကြီး ကူညီခဲ့တယ်။ ကျောက်ခြောက်ကျောက်ကို စုစည်းဖို့တောင် သူတို့ကို ကူညီခဲ့တယ်။ အခုသူတို့က ငါတို့ကို သစ္စာဖောက်သွားပြီ။ သူတို့က ငါတို့ရဲ့မြို့ကို တိုက်ခိုက်ခဲ့ရုံသာမက သူတို့က မုန့်ချီကျောက်နဲ့တောင် ပူးပေါင်းခဲ့ကြတယ်။ တကယ်လို့ သူတို့က တိဗက်တွေကို လမ်းမပြခဲ့ရင် တိဗက်တွေက ဒီနေရာကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

“အခုတစ်ခုခုပြောဖို့ အရမ်းနောက်ကျသွားပြီ ငါတို့ရှုံးနိမ့်သွားခဲ့ပြီ။ ဒါပေမဲ့လည်း တစ်နေ့ မုန့်ချီကျောက်က ဒီသစ္စာဖောက်မှုအတွက် ပြန်ပေးဆပ်ရမယ်”

“ဒီလိုစိတ်ဓာတ်ကျစရာကောင်းတဲ့ စကားတွေကို မပြောနဲ့။ စစ်သည်တွေရဲ့ ကံကြမ္မာက စစ်မြေပြင်မှာ သေဆုံးဖို့ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့သေခဲ့ရင် ငါတို့က သူတို့အနည်းငယ်ကို ငါတို့နဲ့အတူ ခေါ်သွားရမယ်”

“အဲ့ဒါအမှန်ပဲ ငါတို့သေခဲ့ရင်တောင် ငါတို့မဟာထန် စစ်သည်တွေအပေါ် သူတို့ကို အထင်သေးခွင့် မပေးနိုင်ဘူး”

...

မြင်းတပ်နှင့် ခြေလျင်တပ်တို့ ရောနှောနေသည့် ဆယ်ယောက်ကျော်သော မဟာထန် စစ်သည်များသည် တောင်ကုန်းလေး တစ်ခုပေါ်တွင် တပ်ဆွဲနေခဲ့ကြသည်။ သူတို့၏ ချပ်ဝတ်တန်ဆာများသည် စုတ်ပြဲနေခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့ကာ တိုက်ပွဲသဲလွန်စများ ရှိနေခဲ့ကြသည်။

သူတို့၏ဖိနပ်များနှင့် သူတို့၏မြင်းများက ရွှံ့များဖြင့် ဖုံးလွှမ်းနေခဲ့ကြသည်။ သူတို့သည် အလွန်ရှည်လျားသော ခရီးတစ်ခုကို လျှောက်လှမ်းခဲ့ကြပုံရသည်။ သို့သော်လည်း သူတို့မည်မျှ လျှောက်လှမ်းခဲ့ကြပါစေ သူတို့သည် ဝူရှန်း ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသည့် မြင်းတပ်မှ မလွတ်မြောက်နိုင်ခဲ့ကြပေ။

တစ်ရာကျော်သော တိဗက်များသည် သူတို့နှင့် မျက်နှာချင်းဆိုင်တွင် စုစည်းနေခဲ့ကြပြီး သူတို့သည် မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အဆင့်သင့် ဖြစ်နေပုံရသော်လည်း ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတစ်ခုကို ဖြစ်ပေါ်နေစေသည်။

တိဗက်တစ်ယောက်သည် တစ်ယောက်ချင်း တိုက်ပွဲတွင် မဟာထန်တစ်ယောက်ထဲ နိမ့်ကျနိုင်သော်လည်း တိဗက်များ အတူတကွ စုစည်းလိုက်သောအခါ သူတို့သည် စဦးအဆင့် ခံတပ်ချည်စက်ကွင်းကို ထုတ်ဖော်နိုင်ကြသည်။

ဤတစ်ရာကျော်သော တိဗက်များသည် တောက်ပသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့ကြပြီး တည်ငြိမ်အေးဆေးနေခဲ့ကြသည်။ ကောင်းမွန်လှသော အခြေအနေကြောင့် ဤလူများသည် လိုက်လံဖမ်းဆီးနေသူများ ဖြစ်ကြသည်မှာ ထင်ရှားလှသည်။

တိဗက်များသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကမာ္ဘတစ်ဝှမ်း ကျော်ကြားခဲ့ကြသည်။ သူတို့၏ ထူထည်းလှသော ချပ်ဝတ်တန်ဆာများဖြင့် သူတို့သည် သူတို့ထက် အရေအတွက်များသော ရန်သူများကို မကြာခဏ တိုက်ခိုက်ရဲလေ့ ရှိကြသည်။

သူတို့မတိုက်ခိုက်သေးသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ တောင်ကုန်းထိပ်တွင် တပ်ဆင်ထားသော ဆယ်ယောက်ကျော်သည့် မဟာထန် စစ်သည်များ၏ ပဲ့ထိန်းဒူးလေးကြီးများကို စိုးရိမ်သောကြောင့် ဖြစ်သည်။

တိဗက်များ ဝတ်ဆင်ထားသော ထူထည်းသည့် ချပ်ဝတ်တန်ဆာများသည် လက်ရာမမြောက်ကောင်း လက်ရာမမြောက်နိုင်သော်လည်း ထူထည်းမှု သက်သက်ဖြင့် သူတို့သည် မျှားအများစုကို ပိတ်ဆို့နိုင်ကြသည်။

ပဲ့ထိန်းဒူးလေးကြီးများသည် တိဗက်များ၏ ချပ်ဝတ်တန်ဆာကို တိုက်ရိုက် ချိုးဖောက်နိုင်သည့် မဟာထန် ပိုင်ဆိုင်ထားသော တာဝေးပစ် လက်နက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

တိဗက်များ၏ အရေအတွက်က တစ်ရာအောက် လျော့ကျသွားသောအခါ စဦးအဆင့် ခံတပ်ချည်စက်ကွင်းသည် ပြိုကွဲသွားပေလိမ့်မည်။ ဤသည်က ပဲ့ထိန်းဒူးလေးကြီးများ၏ တိကျမှုသည် တော်တော်လေး ညံ့ဖျင်းသော်လည်း သူတို့ကြောက်ရွံ့သည့် အရာဖြစ်သည်။

“ဝူးလုလာမို့ ကာဝုတူလျို...”

တောင်ကုန်းဝန်းကျင်ရှိ တိဗက်စစ်သည် တော်တော်များများသည် မဟာထန် စစ်သည်များကို လက်ညိုးထိုးလိုက်ကြပြီး ရယ်မောလိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် လှောင်ရယ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြပြီး သူတို့ကို သေလူများကဲ့သို့ မော့ကြည့်နေခဲ့ကြသည်။

ရုတ်တရက်ပင် မြင်းတစ်ကောင်ပေါ်ရှိ လူတစ်ယောက်သည် တိဗက်မြင်းတပ်ရှေ့သို့ ထွက်လာခဲ့ပြီး တိဗက်ဘာသာစကားမှ တော်တော်လေး ထူးဆန်းသည့် လေသံရှိသော ထန်လေသံအဖြစ်သို့ ဘာသာပြန်လိုက်သည်။

“ဟား ဟား တိဗက်တွေကပြောတယ်။ မင်းတို့တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးတဲ့။ မင်းတို့လို အရန်စစ်သည်တွေ မဆိုထားနဲ့အုံး အန်းနှံကာကွယ်ရေးတပ်ရဲ့ မဟာထန် လက်ရွေးစင်တွေကတောင် သူတို့အတွက် ပြိုင်ဘက်မဟုတ်ကြဘူး။ မြန်မြန် မင်းတို့ရဲ့လက်နက်ကို ချလိုက်။ မင်းတို့ရဲ့အသက်တွေက ချမ်းသာရာရကောင်း ရနိုင်သေးတယ်”

ဤလူဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာသည် မဟာထန်၏ ချပ်ဝတ်တန်ဆာနှင့် တော်တော်လေး ဆင်တူသော်လည်း တော်တော်လေးလည်း ခြားနားသည်။ သူ့မျက်နှာသည် အနည်းငယ် ဖားယားနေသော်လည်း သူ့ပုံသဏ္ဍန်သည် အလယ်ပိုင်းလွင်ပြင်ဒေသရှိ လူများနှင့် အလွန်ဆင်တူလှသည်။

အားဟိုင်၏တောင်ဘက်ရှိ မုန့်ချီကျောက်၏ လူများသာ အလယ်ပိုင်း လွင်ပြင်ဒေသ၏ လူများနှင့် ဆင်တူကြပေသည်။

ကဲလျိုဖန်းသည် ၎င်းတို့ကို ညွှန်ပြရန် လမ်းညွှန်ရန်နှင့် အကြံအဉာဏ်များ ကမ်းလှမ်းရန်အတွက် ဝူရှန်းစစ်တပ်ထဲ ဝင်ရောက်ရန် သူ့အရာရှိများစွာကို စေလွှတ်ခြင်းဖြင့် မဟာထန် စစ်ကူများကို ခြုံခိုတိုက်ခိုက်ရာတွင် ကူညီခဲ့သည်။ ထိုသို့မဟုတ်ပါက တိဗက်များ၏ အနောက်တောင်ဘက်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိခြင်းက လီကျန်းကျီကို ကြားဖြတ်ရန် အလွန်ခက်ခဲခဲ့ပေလိမ့်မည်။

“ဟား ဟား ဟား ငါတို့ရဲ့လက်နက်တွေချပြီး အညံ့ခံရမယ်လား။ ငါတို့က သုံးနှစ်ကလေးတွေလို့ မင်းထင်နေတာလား။ မဟာထန်မှာ စစ်မြေပြင်မှာ သေဆုံးတဲ့ သူရဲကောင်းတွေပဲရှိတယ် ဒူးထောက်နေတဲ့ သူရဲဘောကြောင်တဲ့လူတွေ မရှိဘူး။ တကယ်လို့မင်းက ငါတို့ရဲ့အသက်ကို လိုချင်တယ်ဆိုရင် ကိုယ်တိုင်လာယူလိုက်”

တောင်ကုန်းထက်တွင် သွေးများ ဖုံးလွှမ်းနေသည့် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် မဟာထန် လူဆယ်ယောက် ကွပ်ကဲသူသည် မုန့်ချီကျောက် အရာရှိကို လက်ညိုးထိုးလိုက်ပြီး ရယ်မောလိုက်သည်။

“သူဘာပြောနေတာလဲ” အေးစက်သော မျက်လုံးများဖြင့် တိဗက်သည် သူ့ဘာသာစကားဖြင့် မေးလိုက်သည်။ မုန့်ချီကျောက် အရာရှိသည် လျှင်မြန်စွာ ဘာသာပြန်ပေးလိုက်၏။

“ဟမ် သူကသေချင်နေတာပဲ။ သူတို့က သေချင်နေတာကြောင့် ငါသူတို့ကို ကူညီပေးမယ်။ အဲ့ဒါတွေကို ထုတ်ဖော်လိုက်”

ဤအမိန့်ဖြင့် ခမ်းနားထည်ဝါသော အဖြူရောင် အရှိန်အဝါများ တိဗက်မြင်းစစ်သည်များ၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ အသံများ ထွက်လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာတင် တိဗက်နွားရိုင်းများ၏ အော်ကြွေးသံများကို အနှံ့အပြား ကြားရနိုင်ပေ၏။

တစ်၊ နှစ်၊ သုံး... သတ္တုမြည်သံများကြားတွင် တစ်ရာထက်ပိုသော တိဗက်နွားရိုင်း ချည်စက်ကွင်းများသည် တိဗက်မြင်းတပ်၏ ခြေဖဝါးများအောက်တွင် ပေါ်ထွက်လာခဲ့ကာ ၎င်းတို့၏ မြင်းများဖြင့် ပေါင်းစည်းသွားခဲ့သည်။ ထို့ပြင် တစ်ရာထက်ပိုသော တိဗက်နွားရိုင်း ချည်စက်ကွင်းများ၏ တစ်ခုနှင့်တစ်ခု ထပ်နေသော ပဲ့တင်သံများက အလင်းရောင်များကို ပြောင်းလဲသွားစေခဲ့၏။ တခဏကြာပြီးနောက် ခံတပ်တစ်ခု၏ တလက်လက် တောက်ပနေသော ပုံရိပ်သည် လေထဲတွင် ပေါ်လာခဲ့ကာ တိဗက်မြင်းတပ်သားများအားလုံးကို လွွှမ်းခြုံသွားခဲ့သည်။

ဤခံတပ်သည် ဝေဝါးသော်လည်း ၎င်းပေါ်ထွက်လာခြင်းက တစ်ရာကျော်သော တိဗက်မြင်းတပ်၏ စွမ်းအားကို ချက်ချင်း မြင့်တက်သွားစေခဲ့သည်။ ဤအားကောင်းလှသော အရှိန်အဝါသည် တောင်ကုန်းထိပ်ရှိ တပ်ဆွဲနေသော စစ်သည်များကို ချက်ချင်း ဖိနှိပ်သွားခဲ့သည်။

“သတ်”

၎င်းတို့၏ စိမ်းလဲ့လဲ့ အနက်ရောင်ဓားများကို ဆွဲထုတ်လိုက်ကာ တိဗက်ကပ္ပတိန် ငါးယောက်၊ ခြောက်ယောက်တို့သည် ချီတက်မှုကို ဦးဆောင်လိုက်ကြပြီး ကျန်လူများက နောက်မှ လိုက်ပါလာခဲ့ကြသည်။

တခဏချင်းမှာပင် တိဗက်မြင်းတပ်သည် ကမာ္ဘမြေကြီး တုန်လှုပ်စေသည့် အရှိန်အဟုန်တစ်ခုကို ရရှိသွားခဲ့သည်။

“ကရုစိုက်”

တောင်ကုန်းထိပ်တွင် မဟာထန် စစ်သည်များသည် တိဗက်များ၏ ချီတက်မှုကို ရင်ဆိုင်ရာတွင် ဖြူလျော်သွားခဲ့ကြသည်။ ဤစစ်သည်များအားလုံးတို့သည် ကုန်းတွင်းပိုင်း တပ်ဖွဲ့များမှ ဖြစ်ကြပြီး တိုင်းတစ်ပါး တိုင်းပြည်များနှင့် ရှားရှားပါးပါးသာ ရင်ဆိုင်တွေ့ခဲ့ဖူးသည်။ သူတို့အများစုတို့သည် စီရင်စုနယ်များရှိ အမိန့်များကို ထိန်းသိမ်းရန်သာ တာဝန်ရှိခဲ့ကြသည်။

သို့သော် အနောက်တောင်ဘက်ရှိ ၎င်းတို့၏ အရှိန်များသည် တိဗက်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူတို့အား ကြီးစွာ အတွေ့အကြုံ ရရှိသွားစေခဲ့သည်။

တိဗက်များသည် သူတို့ထက် အရေအတွက် များနေခဲ့ပြီး ယခုအခါ ၎င်းတို့၏ ချပ်ဝတ်တန်ဆာနှင့် ခံတပ်ချည်စက်ကွင်းတို့၏ စွမ်းအားက သူတို့ကိုလုံးဝ ချေမှုန်းပစ်နိုင်စွမ်း ရှိပေသည်။

“အဆင်သင့်ပြင်”

ဤအမိန့်ဖြင့် တောင်ကုန်းထက်မှနေ၍ ပိုးကြိတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရထားလုံးအရွယ်ရှိသည့် ပဲ့ထိန်းဒူးလေးကြီး သုံးခုသည် ရှေ့သို့တွန်းပို့ခံလိုက်ရပြီး ချီတက်လာနေသည့် တိဗက်များကို ကုန်းစောင်းအတိုင်း ချိန်ရွယ်ထားလိုက်ကြသည်။

ကလေးတစ်ဦး၏ လက်မောင်းလောက် ထူထည်းပြီး တစ်ကျန့်ထက် ပိုရှည်သည့် စိမ်းလဲ့လဲ့ အနက်ရောင်မျှားများသည် ယန္တရားများတွင် တပ်ဆင်ထားခဲ့ကြသည်။ ထိုမျှားများသည် သွေးနီရောင် မှော်စာလုံးများဖြင့် ဖုံးလွှမ်းသွားခဲ့ကြပြီး အလွန်အမင်း အန္တရာယ်များသည် ရက်စက်သော အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေစေခဲ့သည်။

ဤမှော်စာလုံးများ အားလုံးသည် ချပ်ဝတ်တန်ဆာကို ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့ကြပြီး ဤပဲ့ထိန်းဒူးလေးမျှားများသည် ၎င်းတို့ဖြင့် ဖုံးလွှမ်းထားခဲ့ကြသည်။

ဘုန်း

တစ်ချိန်ထဲမှာပင် ပဲ့ထိန်းဒူးလေးကြီး တစ်ခုချင်းစီရှိ စစ်သည်လေးယောက်တို့သည် ၎င်းတို့၏ လက်များကို ဖိချလိုက်ကြပြီး ကြယ်တာရာစွမ်းအင်များ အထဲသို့ ဖြည့်သွင်းလိုက်ကြသည်။ လျှပ်တပြက် အတွင်းမှာပင် ပဲ့ထိန်းဒူးလေးကြီးများသည် စတင်တောက်ပလာခဲ့ကြ၏။

ပဲ့ထိန်းဒူးလေးကြီး သုံးခုတို့သည် အလွန်အမင်း အန္တရာယ် များလာခဲ့ပေသည်။

ပြင်းထန်လှသည့် စစ်မြေပြင်တွင် ပဲ့ထိန်းဒူးလေးကြီးများသည် စစ်သားတိုင်း၏ အိမ်မက်ဆိုးဖြစ်ပေသည်။ ရန်သူစစ်တပ်၏ အစီအတန်းက သိပ်သည်းလေလေ ပဲ့ထိန်းဒူးလေးတစ်ခုက ပို၍အားကောင်းလေလေ ဖြစ်သည်။

တိဗက်များသည် တောင်ကုန်းထိပ်ရှိ လှုပ်ရှားမှုများကြောင့် ချက်ချင်း ထိန်းချုပ်ခံလိုက်ရသည်။ မြင်းဟီသံများဖြင့် တပ်ရပ်နေခဲ့သော တစ်ရာကျော်သည် မြင်းတပ်အစီအတန်းသည် ပြန့်ကျဲသွားခဲ့သည်။

ဆယ်ယောက်ကျော်သော မြင်းတပ်ဖွဲ့သည် နောက်တန်းမှနေ၍ ထွက်ပေါ်လာခဲ့ပြီး သူတို့တစ်ယောက်ချင်းစီက သူတို့၏လှံများထိပ်တွင် မဟာထန် မြင်းစီးသမားများ၏ အလောင်းများကို လေထဲမြှောက်ထားခဲ့ကြသည်။

ဆယ်ယောက်ကျော်သော မဟာထန် အလောင်းများသည် စီတန်းနေခဲ့ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများက သူတို့နောက်ရှိ တစ်ရာကျော်သော တိဗက်မြင်းတပ်ကို ကာကွယ်ပေးထားသည့် နံရံတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ဤမြင်ကွင်းကြောင့် တောင်ကုန်းထိပ်ပေါ်ရှိ စစ်သည်များသည် ချက်ချင်း ဖြူလျော်သွားခဲ့ကြသည်။

“အရှက်မရှိတဲ့လူတွေ” မည်သူမျှ တိဗက်များက ဤသို့သော နည်းဗျူဟာကို သုံးမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် ပြီးခဲ့သည့် ရက်များအတွင်း ရဲဘော်ရဲဘက် များစွာကို ဆုံးရှုံးခဲ့ရသော်လည်း သူတို့တစ်ယောက်မှ တိဗက်များက သူတို့ကို တိုက်ခိုက်နေချိန် သူတို့၏ ရဲဘော်ရဲဘက်များ၏ အလောင်းများကို ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုလိမ့်မည်ဟု မတွေးထားခဲ့မိကြပေ။

ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ကြသည့် ညီအစ်ကိုများ၏ အလောင်းများကို မြင်တွေ့ချိန်တွင် မည်သူက တုန့်ဆိုင်းမသွားဘဲ ရှိမည်နည်း။

“ဟား ဟား ဟား သတ်”

တိဗက်မြင်းတပ်သည် ရယ်မောသံများဖြင့် ဟစ်ကြွေးလိုက်ကြကာ သူတို့သည် အလောင်းများ၏ အကာအကွယ်အောက်တွင် ချီတက်လိုက်ကြသည်။ အလောင်းများနှင့် သူတို့၏ ချပ်ဝတ်တန်ဆာများ၏ အကာအကွယ်ဖြင့် မဟာထန်၏ ပဲ့ထိန်းဒူးလေးကြီးသည် ခြိမ်းခြောက်မှုများစွာ နည်းပါးသွားခဲ့သည်။

အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး မဟာထန်စစ်သားများကို အလွန်အမင်း အရေးမသာသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

အခန်း(၄၉၃)

ပထမဆုံးတိုက်ပွဲ အားလုံးကိုရှင်းပစ်ခြင်း(၂)

လူမျိုးစုံပါဝင်နေသော မဟာထန်စစ်သည် အုပ်စုကို ဦးဆောင်နေသည့် လူဆယ်ယောက် တပ်ဖွဲ့ခေါင်းဆောင်သည် သူ့နှလုံးသားကို တင်းမာစေလိုက်ပြီး ရုတ်တရက် အမိန့်ပေးလိုက်သည်။ “သွားကြစို့ စိမ်းလန်းတဲ့တောင်တန်းတွေ တည်ရှိနေသ၍ လောင်ကျွမ်းဖို့ သစ်သားတွေ ရှိနေအုံးမှာပဲ။ ငါတို့အရင်ဦးဆုံး အသက်ရှင်ရမယ်။ ဒီလိုမှသာ အနာဂတ်မှာ ငါတို့ရဲ့ သေသွားတဲ့ ညီအစ်ကိုတွေအတွက် လက်တုန့်ပြန်နိုင်မယ်”

ဝုန်း

သူစကားပြောလိုက်သည့် အချိန်တွင် ကမာ္ဘမြေကြီး တုန်ခါသွားခဲ့၏။ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့ရှိ သူတို့နောက်တွင် ပိုများသော တိဗက်မြင်းတပ်သည် ရုတ်တရက် ပေါ်လာခဲ့ပြီး တစ်ရာကျော်သော တိဗက်မြင်းတပ် မူလအုပ်စုနှင့် ပိတ်ဆို့မှုတစ်ခုကို ဖြစ်ပေါ်နေစေကာ တောင်ကုန်းဆီသို့ ချီတက်လာနေခဲ့ကြသည်။

ဤအရာအားလုံးတို့သည် အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့ပြီး တောင်ကုန်းပေါ်ရှိလူတိုင်း ဖြူလျော်သွားခဲ့ကြသည်။ သူတို့သည် တိဗက်များနှင့် မတိုးသာ မဆုတ်သာ အခြေအနေသို့ ဝင်ရောက်ရဲခဲ့ခြင်းမှာ သူတို့တွင် မည်သည့်အချိန်တွင်မဆို နောက်ပြန်ဆုတ်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိသောကြောင့်ဖြစ်သည်။

သို့သော် သူတို့သည် ဤတိဗက်များက သူတို့၏အာရုံကို ဆွဲနေခဲ့ချိန်တွင် သူတို့၏လမ်းကြောင်းကို ဖြတ်တောက်ရန် ၎င်းတို့၏ ရဲဘော်ရဲဘက်များအား အနောက်သို့ ပို့ဆောင်မည်ဟု မသိခဲ့ကြပေ။

“ဟား ဟား ဟား သေလိုက်ကြတော့ မင်းတို့ကို နှစ်ရက်လောက် လွတ်မြောက်ခွင့် ပေးပြီးနောက်မှာ ငါတို့က မင်းတို့ကိုဆက်ပြီး ခွင့်ပြုလိမ့်မယ်လို့ မင်းတို့ထင်နေကြတာလား။ ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာ သေကြရမယ်”

မြင်းတပ်၏ နောက်ပိုင်းတွင် ထိုမုန့်ချီကျောက်အရာရှိသည် ရယ်ရယ်မောမောဖြင့် ဟစ်ကြွေးလိုက်သည်။

ဤမဟာထန် စစသည်များသည် သေချာပေါက် သေလူများဖြစ်ကြသည်။

သူတို့သည် ဤမဟာထန် စစ်သည်များ သတိလျော့ကျစေရန်နှင့် အချိန်ရရန်အတွက် လှုပ်ရှားရန် အလွန်နှေးကွေးထားခဲ့ကြပေသည်။ သူတို့သည် အခြားတိဗက်စစ်သည် အုပ်စုများနှင့် ဆက်သွယ်ခဲ့ပြီဖြစ်ပြီး သူတို့ရောက်လာကာ လုံးဝပိတ်ဆို့သည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြပေသည်။

စစ်မြင်းများသည် ရှေ့သို့ တဟုန်ထိုးပြေးလာခဲ့ပြီး နောက်တွင် ဖုန်မှုန့်တန်းများကို ကျန်ရစ်နေစေခဲ့သည်။ သုံးရာ၊ လေးရာရှိသော တိဗက်မြင်းတပ်သည် မောက်မာစွာ အော်ဟစ်လိုက်ကြကာ သူတို့သည် ဓားမများကို ကိုင်ဆောင်လိုက်ကြပြီး ၎င်းတို့၏ အလယ်ဗဟိုတွင်ရှိသည့် တောင်ကုန်းဆီသို့ ချီတက်လိုက်ကြသည်။

သူတို့၏ မျက်လုံးများသည် စဉ်းလဲပြီး ကြမ်းကြုတ်နေခဲ့ကြကာ သူတို့အားလုံး မဟာထန် စစ်သည်များကို အသက်ရှင်လျှက် လွတ်မြောက်ခွင့်မပြုရန် ဆုံးဖြတ်ထားခဲ့ကြသည်။

“ပြီးသွားပြီ”

လျှပ်တပြက်အတွင်း တောင်ကုန်းပေါ်ရှိ မဟာထန်စစ်သည်များအားလုံး စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။

တိဗက်မြင်းတပ် တစ်ရာကျော်နှင့် ရင်ဆိုင်ရန် ခက်ခဲနေခဲ့ပြီဖြစ်ပြီး ယခုအခါ သူတို့၏ အရေအတွက်သည် သုံးဆတိုးသွားခဲ့သည်။

“ညီအစ်ကိုတို့ ငါတို့သေတဲ့အထိ တိုက်ကြမယ်”

မဟာထန်စစ်သည်များ၏ ခေါင်းဆောင်သည် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး မြှောက်လိုက်သည်။ အသက်ရှင်ရန် အခွင့်အရေး မရှိတော့သောကြောင့် သူတို့သည်လည်း သေသည်အထိ တိုက်ခိုက်ရပေမည်။

စက္ကန့်များ ကုန်ဆုံးသွားခဲ့ပြီး မဟာထန်မြင်းတပ် နီးကပ်လာခဲ့ကာ မဟာထန်စစ်သည်များအားလုံး သေသည်အထိ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ချိန်တွင် မြေကြီးသည် ရုတ်တရက် တုန်ခါလာခဲ့ပြီး ကမာ္ဘမြေကြီးသည် ကြီးမားလှသော သစ်သားပြားကဲ့သို့ ပြင်းထန်စွာ လှုပ်ခါနေခဲ့သည်။

“ဘာဖြစ်နေတာလဲ”

“ငါတို့ရဲ့စစ်တပ်က ရောက်လာခဲ့ပြီ မဟုတ်လား”

“အဲ့ဒါကဘာလို့ ဒီလောက်ပြင်းထန်ရတာလဲ။ ဒီနားမှာ ငါတို့ပဲရှိတာ မဟုတ်ဘူးလား”

...

ဤရုတ်တရက် တုန်ခါမှုက လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။ ချီတက်နေသည့် တိဗက်မြင်းစစ်သည်များသည် ရပ်တန့်လိုက်ကြပြီး သတိကြီးစွာ ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။

သို့သော်သူတို့ ဘာဖြစ်နေသည်ကို မသိနိုင်မီ ကောင်းကင်ထက်မှနေ၍ ရှင်းလင်းသည့် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြီးမားလှသော လင်းယုန်ငှက်တစ်ကောင်သည် ပေါ်ထွက်လာခဲ့ပြီး မြောက်ဘက်မှနေ၍ ပျံသန်းလာခဲ့သည်။

ဤအော်သံသည် မြင်းအော်သံများဖြင့် လျှင်မြန်စွာ လိုက်ပါလာခဲ့ပြီး ရုတ်ချည်းဆန်သော အနက်ရောင် ဒီရေလှိုင်းလုံးတစ်ခုက အနီးဆုံး တောင်ကုန်းထိပ်တွင် ပေါ်လာနေခဲ့သည်။ ၎င်းသည် တောင်ကုန်းမှ ဆင်းသက်လာခဲ့ပြီး လျှင်မြန်စွာ တိဗက်များဆီသို့ ပြေးလာနေခဲ့သည်။

“မကောင်းတော့ဘူး အဲ့ဒါက ထန်စစ်တပ်ပဲ”

“အခင်းအကျင်း အခင်းအကျင်း”

“သူတို့ကိုမေ့လိုက် ရန်သူကို လက်ခံဖို့ပြင်ဆင်”

...

တိဗက်များကြား သွေးပျက်နေသည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုဒီရေလှိုင်းလုံး၏ အစစ်အမှန် ပုံသဏ္ဍန်သည် တိဗက်မြင်းတပ်ကို သွေးပျက်သွားစေခဲ့၏။

အန်းနှံကာကွယ်ရေးတပ်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းတို့သည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်ပြီး စစ်ကူခြောက်သောင်းသည်လည်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ လုံးချည်သည် နီးကပ်သော်လည်း ကြယ်ခုနှစ်ပွင့် မဟာစစ်သူကြီး ကော်ရှု့ဟန်နှင့် သူ၏ကြယ်ခုနှစ်ပွင့် စစ်တပ်တို့သည် ဝိသာရခုံးလျို၏ ဟန့်တားခြင်းကို ခံထားရသည်။ ယေဘုယျကျကျ ပြောရပါက မဟာထန်တွင် ရနိုင်သည့် မည်သည့်စစ်သားမျှ မရှိခဲ့သင့်ပေ။

မည်သူမျှ ဤထန်စစ်တပ်က မည်သည့်နေရာက လာခဲ့ကြသည်ကို နားမလည်ခဲ့သော်လည်း သူတို့ရှေ့ရှိ အမှန်တရားက ငြင်းဆန်၍မရပေ။ ထိုအနက်ရောင် ချပ်ဝတ်တန်ဆာများသည် ဝူရှန်း၏ ချပ်ဝတ်တန်ဆာမဟုတ်သလို မုန့်ချီကျောက်၏ ချပ်ဝတ်တန်ဆာလည်း မဟုတ်ခဲ့ပေ။

ထို့ပြင် တိဗက်များသည် ထိုပုံစံမဟုတ်ခဲ့ကြပေ။

“အဆင်သင့််”

တခဏမျှ မညီမညာ ဖြစ်နေပြီးနောက် တိဗက်များသည် လျှင်မြန်စွာ ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။ သူတို့၏ ချည်စက်ကွင်းများသည် ပဲ့တင်သံများ ထွက်ပေါ်လာခဲ့ပြီး စစ်မြင်းများသည် စီတန်းလိုက်ကြကာ ရန်သူကို မျက်နှာချင်းဆိုင်လိုက်ကြသည်။ သူတို့သည် သူတို့၏ ကြမ်းကြုတ်မှုကို ချဉ်းကပ်လာနေသော ထန်စစ်သည်များကို ချိန်ရွယ်လိုက်ကြကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။

ကြမ်းကြုတ်ပြီး ရန်လိုသည်မှာ တိဗက်များ၏ သဘာဝဖြစ်၏။ သူတို့သည် လူတစ်ရာကျော် စုစည်းနိုင်သ၍ တိဗက်တစ်ရာသည် သုံးရာကို ရင်ဆိုင်ရဲပေလိမ့်မည်။

တိဗက်သုံးရာ၊ လေးရာတို့သည် စစ်သည်တစ်ထောင် ပါဝင်သော စစ်တပ်တစ်ခုကို တိုက်ခိုက်ရဲပေလိမ့်မည်။

အားလုံးပြီးနောက် မဟာထန်တွင် အလွန်များပြားသော တပ်ဖွဲ့များရှိသော်လည်း သူတို့အားလုံး ကော်ရှု့ဟန်၏ ကြယ်ခုနှစ်ပွင့် စစ်တပ်ကဲ့သို့ ကြောက်မက်ဖွယ် မကောင်းနိုင်ပေ။

“သတ်”

“ငါတို့က မဟာထန်ရဲ့ ပုံမှန်စစ်တပ်ကို အနိုင်ယူခဲ့ပြီးပြီ။ ဒီအရန်တပ်သားတွေက ငါတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး”

“သူတို့အကုန်လုံးကိုသတ်”

...

တိဗက်မြင်းတပ်သည် သူတို့ကိုယ်သူတို့ ပြန်လည်ဖွဲ့စည်းလိုက်ကြပြီး ဓားမများကို ဆွဲထုတ်လိုက်ကြသည်။ သူတို့သည် တောင်ကုန်းပေါ်ရှိ ဆယ်ယောက်ကျော်သော စစ်သည်များကို လုံးဝ လျစ်လျူရှု့လိုက်ကြပြီး အခြားတစ်ဖက်မှ သူတို့ဆီသို့ ချီတက်လာနေသည့် တိဗက်မြင်းတပ်ကို မျက်နှာချင်းဆိုင်လိုက်ကြသည်။

တိဗက်များသည် အလွယ်တကူ နောက်ဆုတ်တတ်သည့် လူများမဟုတ်ခဲ့ကြပေ။ ပို၍အားကောင်းသော ရန်သူသည် သူတို့ကိုသာ တက်ကြွသွားစေပြီး ဤအကြိမ်သည်လည်း အတူတူပင်ဖြစ်သည်။

တခဏချင်းမှာပင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် မဟာထန်မြင်းတပ် ဒီရေလှိုင်းလုံးသည် သုံးရာကျော် တိဗက်များကို ဖုံးလွှမ်းသွားခဲ့သည်။

ဘန်း ဘန်း ဘန်း

လျှပ်တပြက်အတွင်း လှံများသည် ချပ်ဝတ်တန်ဆာကို တိုက်ခိုက်သွားခဲ့ပြီး ဆေဘာဓားများကို တိုက်ခိုက်သွားခဲ့သည်။ ကျောက်တုံးနှစ်တုံး အတူတကွ ရိုက်ခတ်နေသကဲ့သို့ ဘန်းကနဲအသံများ ထွက်ပေါ်လာခဲ့ကြသည်။

တိဗက်များ၏ ကြယ်တာရာစွမ်းအင် ဖြည့်သွင်းထားသော ဓားမများနှင့် လှံများသည် တိုက်ခိုက်ရန် ပဲ့တင်ထပ်နေသော သူတို့၏ ချည်စက်ကွင်းများနှင့် လုပ်ဆောင်လိုက်ကြပြီး မဟာထန်မြင်းတပ်၏ အနက်ရောင် ချပ်ဝတ်တန်ဆာကို ခုတ်လိုက်ကြသည်။ သို့တိုင် ကျောက်တုံးကို ခုတ်ဖြတ်နိုင်ကြသည့် ဤဓားမများသည် သံမဏိနံရံကို ခုတ်မိသွားသကဲ့သို့ ပြန်ကန်ထွက်လာခဲ့ကြကာ အမှတ်အသား တစ်ခုကိုပင် မကျန်ရစ်စေခဲ့ပေ။

“ဘာဖြစ်နေတာလဲ”

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

...

တခဏချင်းမှာပင် တိဗက်များအားလုံးတို့သည် ကြက်သေ သေသွားခဲ့ကြပြီး ရလဒ်ကြောင့် သွေးပျက်သွားကြသည်။

ဤနေရာရှိ တိဗက်များအားလုံးတို့သည် အနည်းဆုံး တိုက်ပွဲနှစ်ခုတွင် ပါဝင်ခဲ့ကြပေသည်။ သူတို့သည် သူတို့တွင် လုံလောက်သည့် အတွေ့အကြုံ၊ ခွန်အားနှင့်စွမ်းအင်များ ရှိကြပြီး သူတို့သည် မဟာထန်မြင်းတပ်၏ မနည်းလှသော ပမာဏကို သတ်ဖြတ်ခဲ့ဖူးသည်။

သို့သော် မထိုးဖောက်နိုင်သည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဤကဲ့သို့သော မဟာထန် လက်ရွေးစင် မရှိခဲ့ပေ။ သူတို့၏ ဓားမများသည် ၎င်းကိုခုတ်ဖြတ်ရန် မဆိုထားနှင့် ချိုင့်ပင်မချိုင့်ဝင်စေနိုင်ခဲ့ပေ။

“သတ်”

သူတို့တွင် သဘောပေါက်ရန် အချိန်မရှိခဲ့ပေ။

ကလန်း ကလန်း ကလန်း

ဓားများ မြောက်တက်သွားခဲ့ပြီး လေကိုခုတ်ဖြတ်သွားခဲ့ကာ ၎င်းတို့၏ ထက်ရှသော အသွားများက ကြယ်တာရာစွမ်းအင်နှင့် အသားစများကို ခုတ်ဖြတ်သွားခဲ့သည်။

သူတို့တုန့်ပင် မတုန့်ပြန်နိုင်မီ တိဗက်မြင်းစစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ဤဓားများကြောင့် နှစ်ပိုင်း ပိုင်းသွားခဲ့ပြီး တစ်ကွက်ကိုပင် မပိတ်ဆို့နိုင်ဘဲ ရှင်းလင်းခံလိုက်ရသည်။

သူတို့ခန္ဓာကိုယ်ပေါ်ရှိ ခမ်းနားထည်ဝါပြီး အားအင်ပြည့်ဝသော ကြယ်တာရာစွမ်းအင်သည် ဤထူးဆန်းသော ဓားများဖြင့် တို့ဟူးကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရသည်။

ထန်း ထန်း ထန်း

ခုနက လေထွားခဲ့ကြသည့် ဤတိဗက်မြင်းစစ်သည်များသည် ယခုအခါ ငြီးငြူသံတစ်ခုပင် ထွက်နိုင်ခြင်း မရှိခဲ့ဘဲ မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သူတို့ခန္ဓာကိုယ်၏ အသားစိုင်များသည် ပြုတ်ကျသွားခဲ့ကြသည်။

တစ်ကွက်မျှ ဖလှယ်ခြင်းက နှစ်ရာကျော်သော တိဗက်မြင်းတပ်ကို ကျူပင်များကဲ့သို့ အခုတ်ခံစေခဲ့သည်။

“ဒါကဘယ်လို လက်နက်မျိုးလဲ”

ကျန်ရှိနေသည့် တိဗက်များသည် တုန်လှုပ်စွာ ဖြူလျော်သွားခဲ့ပြီး လူစုခွဲ ထွက်ပြေးလိုက်ကြသည်။ သို့သော်သူတို့ အဝေးသို့ မရောက်နိုင်မီ ဓားအတော်များများသည် ခုတ်ချသွားခဲ့ပြီး သူတို့ကို လဲကျသွားစေကာ သူတို့၏ဒဏ်ရာများက သွေးများဖြင့် စိုစွတ်နေခဲ့သည်။

“ဘယ်လိုလဲ အသက်ရှင်ကျန်ရစ်သူ ရှိသေးလား”

အားကိုးထိုက်သော လူကောင်ကြီးတစ်ယောက်သည် နောက်ဆုံး တိဗက်အလောင်းရှေ့တွင် ရပ်နေခဲ့ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

“မရှိတော့ဘူး တိဗက်သုံးရာလေးဆယ့်ခုနှစ်ယောက်စလုံး ရှင်းလင်းခံလိုက်ရပြီ”

ကျောက်ကျင်းတန် သူ့မြင်းကို ရပ်တန့်လိုက်ပြီး သူ့နောက်ရှိ အလောင်းပုံကို ကြည့်လိုက်ကာ ထို့နောက် သူ့လက်ထဲရှိဓားကို သန့်ရှင်းရေး လုပ်လိုက်သည်။

ဤသည်က သူနှင့်လီစီးရီတို့ အတူတကွ အလုပ်လုပ်ခဲ့ကြသည့် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ သူတို့နှစ်ယောက်သည် ဓားသွားဖယ်ရှားခြင်း အိမ်တော်ရှိ ကလန်ကျွမ်းကျင်သူများ လေ့ကျင့်နေချိန်က အချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

“ဒီနေရာကို ရှင်းလိုက်ကြစို့ ရောဂါတွေကို ရှောင်ရှားဖို့ ဒီအလောင်းတွေကို မြုပ်နှံလိုက်” လီစီးရီ အမိန့်ပေးလိုက်ပြီး သူ့အကြည့်က ပြန့်ကျဲနေသည့် တိဗက်အလောင်းများကို ဖြတ်သွားခဲ့ကာ သူ့နှလုံးသားသည် ကြီးစွာလှုပ်ရှားသွားခဲ့သည်။

ဘယ်လိုတောင် ထက်ရှတဲ့ ဆေဘာဓားလဲ။

သူသည် ကျောက်စိမ်းလက်နက်များ၏ ထက်ရှမှုကို ကောင်းကောင်း သိထားခဲ့ပြီးဖြစ်သော်လည်း သူသည်ပင် ကျောက်စိမ်းသံမဏိလက်နက် တပ်ဆင်ထားသည့် လူတစ်ထောင်က ဤသို့သော စွမ်းအားကို ပြသလိမ့်မည်ဟု စိတ်မကူးထားခဲ့မိပေ။

သာမာန် အခြေအနေများတွင် ဤတိဗက်သုံးရာတို့သည် အရေအတွက် အသာစီး ရှိနေခဲ့လျှင်ပင် သုတ်သင်ရန် အချိန်တချို့ လိုအပ်လိမ့်မည်ဖြစ်ပြီး သိသာသော တန်ဖိုးတစ်ခု ပေးခဲ့ရပေလိမ့်မည်။

သို့သော် ကျောက်စိမ်းသံမဏိဓား တစ်ထောင်ကို ရင်ဆိုင်ရာတွင် ဤတိဗက်များသည် လုံးဝ ရှုံးနိမ့်မသွားမီ တခဏတာ တောင့်ခံနိုင်ခဲ့ကြသည်။ သူတို့ဘက်တွင် သေဆုံးမှု တစ်ခုကိုပင် မခံစားခဲ့ရပေ။

ဤအသေအပျောက် ကွာဟချက်က စစ်မြေပြင်၏ ခါးသီလှသော ကွင်းများတွင် မယုံနိုင်လောက်အောင် ဖြစ်သည်။

အမှန်တွင် လီစီးရီသည် ဤတိုက်ပွဲရလဒ်ကြောင့် အံ့သြသွားခဲ့သည့် တစ်ဦးတည်းသောသူ မဟုတ်ခဲ့ပေ။ မဟာကလန်များ၏ အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူများသည်လည်း အံ့သြသွားခဲ့ကြသည်။

“ဒါက အရမ်းထက်တာပဲ”

“ဓားကောင်းတစ်လက်ပဲ”

“ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ ကျောက်စိမ်းသံမဏိ လက်နက်တွေက အားလုံးကို ကြီးစိုးတယ်လို့ အချိန်အကြာကြီးကတည်းက ငါကြားနေခဲ့ရပေမဲ့ သူတို့က ကောလဟာကတွေထက် ထက်ရှလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒီလိုမျိုး ထူထည်းတဲ့ ချပ်ဝတ်တန်ဆာကတောင် ခုတ်ဖြတ်ခံခဲ့ရတယ်”

“ဒီတိုက်ပွဲက အရမ်းကိုလွယ်ကူတယ်”

...

ဤကျွမ်းကျင်သူများတွင် သေခြင်းရှင်ခြင်း တိုက်ပွဲအတွေ့အကြုံများ ရှိခဲ့ကြသော်လည်း ဤသည်က သူတို့၏ ပထမဆုံး အစစ်အမှန်တိုက်ပွဲ ဖြစ်နေဆဲဖြစ်သည်။ ဤရလဒ်သည် သူတို့၏ ယုံကြည်မှုကို မြင့်တက်သွားစေခဲ့၏။

ဤအခိုက်တွင် ဤရလဒ်ကြောင့် အံ့မသြခဲ့သည့်လူမှာ ဝမ်ချောင်တစ်ယောက်သာ ဖြစ်နိုင်သည်။

“ဝူရှန်း ပုံမှန်မြင်းတပ် သုံးရာလေးဆယ့်ငါးယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“ဝူရှန်း ပုံမှန်မြင်းတပ် သုံးရာလေးဆယ့်ခြောက်ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“ဝူရှန်း ပုံမှန်မြင်းတပ် သုံးရာလေးဆယ့်ခုနှစ်ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

...

သတင်းများသည် သူ့စိတ်ထဲသို့ စီးဝင်လာခဲ့ပြီး နောက်ဆုံးတွင် သုံးရာလေးဆယ်ခုနှစ်၌ ရပ်တန့်သွားခဲ့သည်။ ထို့ပြင် ဤအသံများနှင့်မတူ မမြင်နိုင်သော စွမ်းအင်သည် သူ့ဆီသို့ စီးဝင်လာပြီး ဝမ်ချောင်ကို သန်မာသွားစေခဲ့သည်။

သူ၏ စစ်မြေပြင် ပျက်စီးခြင်း ချည်စက်ကွင်းသည် နောက်တစ်ကြိမ် အားကောင်းသွားခဲ့သည်။ တိုက်ပွဲတစ်ခုမျှက ဂိုဂူလျော လုပ်ကြံသူများနှင့် ရှိုရှု့ဘုရင်ကို ရှင်းလင်းရာတွင် ဝမ်ချောင်၏ အကျိုးအမြတ်နှင့် ညီမျှခဲ့ပေ၏။

ဝမ်ချောင် မျက်လုံးမှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ တိုးလာသောစွမ်းအင်ကို ခံစားလိုက်သည်။ တခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ့မျက်လုံးပြန်ဖွင့်လိုက်၏။

“မျှော်လင့်ထားသလိုပဲ”

သူ့အကြည့်က အသတ်ခံထားရသော တိဗက်များကို ဖြတ်သန်းသွားခဲ့ကာ ဝမ်ချောင်၏စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်သွားခဲ့သည်။

သူ့နောက်ဆုံးဘဝတွင် ကျောက်စိမ်းသံမဏိ လက်နက်များဖြင့် ဆင်ယင်ထားသည့် အာရေးပြမာမီးလု တပ်သားတစ်သောင်းသာ ပါရှိသော စစ်တပ်တစ်ခုသည် မဟာထန်စစ်တပ် တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။ ထက်ရှသော ကျောက်စိမ်းသံမဏိလက်နက်များသည် ရပ်တန့်၍မရ ဖြစ်ခဲ့ပြီး စစ်သည်များကို ဖရဲသီးများ၊ ဟင်းသီးဟင်းရွက်များကဲ့သို့ ခုတ်ဖြတ်သွားခဲ့သည်။

သူ့အတွက် တိဗက်များကို ရင်ဆိုင်ရန် တူညီသည့် နည်းဗျူဟာကို အသုံးပြုခြင်းက တူညီသည့် ရလဒ်ကို ရရှိစေခဲ့သည်။

သို့သော် ဤအချိန်တွင် ဝမ်ချောင်သည် ဤကိစ္စများဖြင့် တွေးတောရန် စိတ်ရှိမနေခဲ့ပေ။ သူသည် သူ့တွင် ဤတိုက်ပွဲလေးတစ်ခုထက် ပို၍အရေးကြီးသော ကိစ္စများရှိပေသည်။

“ရား”

ဝမ်ချောင် ခွာဖြူအရိပ်ကို အဝေးရှိ တောင်ကုန်းဆီသို့ ဦးတည်စေလိုက်ပြီး စစ်မြေပြင်ကို ဖြတ်ကျော်ကာ ဆယ်ယောက်ကျော်သော မဟာထန် စစ်သည်များဆီသို့ ဦးတည်လိုက်သည်။

အခန်း(၄၉၄)

အနောက်တောင်ဘက်ရှိ လှုပ်ရှားမှုများ

... ငါမှန်မယ်ဆိုရင် ရှေ့တန်းရဲ့ သတင်းတွေအတွက် ဒီလူတွေကို ငါအားကိုးရလိမ့်မယ်။

ဝမ်ချောင် ခြေလျှင်တပ်သားနှင့် မြင်းတပ်သားများ ရောနှောနေသည့် အုပ်စုကိုကြည့်လိုက်သည်။ အနောက်တောင်ဘက်သည် ဝရုန်းသုန်းကား ဖြစ်နေခဲ့ပြီး ဤသည်က မြို့တော်မှ သူထွက်ခွာလာခဲ့ကတည်းက သူတွေ့ဆုံလိုက်ရသည့် မဟာထန် စစ်သည်များ၏ ပထမဆုံးအုပ်စု ဖြစ်ပေသည်။

ဝမ်ချောင် သူတို့ဆီသို့ မောင်းသွားလိုက်ပြီး မေးလိုက်သည်။ “မင်းတို့က လီကျန်းကျီရဲ့ စစ်တပ်ကလား” ၎င်းသည် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း သူ့လေသံသည် သူက သူတို့၏ အထောက်အထားကို လုံးဝသေချာကြောင်း ပြသနေခဲ့သည်။

“ကျွန်တော်အရှင့်ရဲ့နာမည်ကို သိလို့ရမလား”

ယခုလေးတင် သေခြင်းတရားမှ လွတ်မြောက်လာခဲ့သော တောင်ကုန်းပေါ်ရှိ စစ်သားများသည် ယခုအခါ ချဉ်းကပ်လာနေသည့် ဝမ်ချောင်ကို သံသယဖြစ်စွာ ကြည့်နေကြသည်။ ဤလူငယ်လေးသည် အလွန်ငယ်ရွယ်သေး၏။ ဤသို့ ငယ်ရွယ်ပုံပေါက်သည့် မဟာထန်၏ စစ်သူကြီးမရှိချေ။

သို့သော် သူထုတ်ဖော်ထားသည့် အရှိန်အဝါ သူစကားပြောသည့် လေသံ၊ သူ့လှုပ်ရှားမှုတိုင်းတွင် သူဖော်ပြထားခဲ့သည့် ဂုဏ်ကျက်သရေတို့က သူသည် သာမာန်အဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေခဲ့ကြသည်။

ဤစစ်သားများသည် ဤမျှငယ်ရွယ်သော စစ်သူကြီးတစ်ယောက် တော်ဝင်ရုံးတော်ထဲရှိ မည်သည့်နေရာမှ လာခဲ့နိုင်သည်ကို နားမလည်နိုင်ခဲ့ပေ။ ထို့ပြင် ဤစစ်တပ် ဝတ်ဆင်ထားခဲ့သော စံပြချပ်ဝတ်တန်ဆာသည် အနည်းငယ် ထူးဆန်းသည်။

စစ်သားများသည် အချိန်အကြာကြီး အမှုထမ်းခဲ့ကြသည့်တိုင် သူတို့တစ်ယောက်မှ ဤသို့သော ထူးဆန်းသည့် ချပ်ဝတ်တန်ဆာကို မမြင်တွေ့ခဲ့ဖူးပေ။ ၎င်းသည် သူတို့၏ ချပ်ဝတ်တန်ဆာများနှင့် အလွန်ဆင်တူသော်လည်း အလွန်လည်း ကွဲပြားပေသည်။

ဝမ်ချောင်၏မျက်နှာသည် ခံစားချက် ကင်းမဲ့နေ၏။ သူဘာမျှ မပြောခဲ့ပေ။ ထိုအစား သူ့ခါးမှနေ၍ စုန်းဘုရင်သူ့ကိုပေးခဲ့သည့် တံဆိပ်ကိုယူလိုက်ပြီး ထိုစစ်သားများကို ပြသလိုက်သည်။

ထိုရွှေရောင်တံဆိပ်ပေါ်ရှိ နဂါးသည် တောင်ကုန်းပေါ်ရှိ စစ်သားများကို အံ့သြသွားစေခဲ့သည်။ သူတို့သည် တော်ဝင်ရုံးတော်အကြောင်း အများကြီး နားမလည်ခဲ့ကြသော်လည်း အတွေ့အကြုံ အနည်းဆုံး လူသည်ပင် နဂါးတံဆိပ်က အလေးစားရဆုံး အဆင့်အတန်းတစ်ခုကို ဖုံးကွယ်ထားလေ့ရှိကြောင်း နားလည်ပေသည်။ အကယ်၍ ဘုရင်တစ်ပါး၏ အိမ်တော်မဟုတ်ခဲ့ပါက ၎င်းသည် တော်ဝင်ရုံးတော်၊ ဧကရာဇ်အိမ်တော်၊ ဧကရာဇ် အိမ်ထောင်စု ဖြစ်ပေလိမ့်မည်။

မည်သည့်တစ်ခုဖြစ်ပါစေ ထိုသည်မှာ သူတို့အဆင့်ရှိသည့် စစ်သားများ နားလည်နိုင်သည့်အရာ သို့မဟုတ် ထိတွေ့ဆက်ဆံ၍ရသည့်အရာ မဟုတ်ခဲ့ပေ။

“မင်းသားကို အရိုအသေ ပေးပါတယ်”

စစ်သည်များသည် စိုးရိမ်သွားခဲ့ပြီး ဒူးထောက်လိုက်ကြသည်။ ဤလူငယ်လေးသည် ယခုအခါ ခန့်မှန်း၍မရ ဖြစ်လာခဲ့ပြီး သူတို့၏ လေးစားမှုဖြင့် ထိုက်တန်သူ ဖြစ်လာခဲ့သည်။

“ထ”

ဝမ်ချောင် သူ့လက်ကို ဝှေ့ယမ်းလိုက်သော်လည်း သူတို့၏အမှားကို ပြင်ဆင်ရန် မကြိုးပမ်းခဲ့ပေ။ ဤသည်က နှိမ့်ချရန် အချိန်မဟုတ်ပေ။ အနောက်တောင်ဘက်သည် လက်ရှိတွင် ဒုက္ခအကြီးအကျယ် ရောက်နေပြီး မုန်တိုင်းများ၊ လှိုင်းလုံးများဖြင့် နစ်မြုပ်နေခဲ့သည်။ ဧကရာဇ်အိမ်ထောင်စုရှိ စုန်းဘုရင်၏ အဆင့်အတန်းပေါ် မှီခိုခြင်းဖြင့်သာ သူသည် စိတ်ဓာတ်များကို ငြိမ်သက်စေနိုင်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် မင်းသား”

စစ်သားများ မတ်တပ်ရပ်လိုက်ကြသော်လည်း သူတို့၏ အမူအရာများမှာ ယခုအခါ ရိုကျိုးပြီး ရိုသေလာခဲ့ကြသည်။

“ရှေ့တန်းမှာ အခြေအနေက ဘယ်လိုရှိလဲ” ဝမ်ချောင် ပြောလိုက်၏။

“ရှေ့တန်းလား”

စစ်သားများသည် စိတ်ရှုပ်ထွေးစွာ အချင်းချင်းကြည့်လိုက်ကြသည်။

ဝမ်ချောင် အေးစက်သွားခဲ့ပြီး သူက သူတို့သဘောမပေါက်သည့် အရာကို ပြောလိုက်မိကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။

“လက်ရှိအခြေအနေက ဘာလဲလို့ ငါမေးနေတာ။ လီကျန်းကျီက အန်းနှံကာကွယ်ရေးတပ်ကို အားဖြည့်ဖို့ မင်းတို့ကို ဦးဆောင်နေခဲ့တာ မဟုတ်လား။ ဘာဖြစ်သွားတာလဲ။ တစ်ခြားစစ်သားတွေကရော အခြေအနေ ဘယ်လိုလဲ။ အဲ့မှာ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်လောက်ရှိလဲ” ဝမ်ချောင် လေးနက်စွာ မေးလိုက်ကာ သူမေးလိုက်သည့် မေးခွန်းများကို ပြောင်းလဲလိုက်သည်။ သူ၏အကြီးမားဆုံးသော စိုးရိမ်မှုသည် အနောက်တောင်ဘက်ရှိ အခြေအနေများဖြစ်သည်။ သူ့ရှေ့တွင် ဖြစ်နေသည့်အရာကို နားလည်မှသာ သူသည် ဆောင်ရွက်ရမည့် အစီအစဉ်ကို ချမှတ်နိုင်ပေလိမ့်မည်။ ကိုယ့်ကိုယ်ကိုသိပြီး ကိုယ့်ရန်သူကို သိပါက ဘယ်တော့မှ ရှုံးနိမ့်မည်မဟုတ်ပေ။ ဤသည်က တိုက်ပွဲအနုပညာ၏ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ရပ် ဖြစ်ပေသည်။

ထို့ပြင် ဝမ်ချောင်သည် လီကျန်းကျီ၏ စစ်သည်ခြောက်သောင်း ဘယ်လောက်များများ ရှင်ကျန်ရစ်ခဲ့သလဲ ဆိုသည်ကိုလည်း စိုးရိမ်ခဲ့ပေသည်။ ဝမ်ချောင်သည် ထိုတိုက်ပွဲတွင် မပါဝင်ခဲ့သော်လည်း ထိုအကြောင်းနှင့် ပတ်သတ်၍ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ မသိထားခဲ့သော်လည်း သူ၏မြင့်မားလှသော တိုက်ပွဲအနုပညာရှိ အောင်မြင်မှုများက ဝမ်ချောင်ကို အခြေခံကျသည့် အချက်တစ်ခုကို ကောက်ချက်ချစေနိုင်ခဲ့သည်။ လီကျန်းကျီသည် အားဟိုင်လွင်ပြင်တွင် ခြုံခိုတိုက်ခိုက် ခံခဲ့ရခြင်း မဟုတ်ပေ။ ဤသည်က တိဗက်မြင်းတပ်သည် သူတို့ကိုလုံးဝ မချေမှုန်းနိုင်ခဲ့ဘဲ လီကျန်းကျီ၏ စစ်တပ်သည် ၎င်းတို့ကို ကာကွယ်ရန် ခြင်္သေ့မြို့တော် မရှိသည့် အားဟိုင်လွင်ပြင်တွင် လုံးဝချေမှုန်းခံလိုက်ရသည့် သူ့နောက်ဆုံးဘဝမှ မဟာထန် လက်ရွေးစင် တစ်သိန်းရှစ်သောင်းကဲ့သို့ အလားတူ ကံကြမ္မာကို ရင်ဆိုင်တွေ့ခဲ့ရမည် မဟုတ်ဟု ဆိုလိုပေသည်။

“ကျွန်တော်တို့လည်း တိကျတဲ့ အခြေအနေကို မသိပါဘူး။ အကြမ်းဖျင်း နားလည်မှုတစ်ခုပဲ...”

စစ်သည်များသည် ဝမ်ချောင်၏မေးခွန်းကို လျစ်လျူမရှု့ရဲခဲ့ကြဘဲ သူတို့သိသည့် အသေးစိတ် အချက်အလက်များကို ချက်ချင်း ပြောပြလိုက်ကြသည်။ အမှန်တွင် လီကျန်းကျီသည် တော်ဝင်ရုံးတော်မှ အမိန့်တစ်ခုကို လက်ခံမရရှိမီကပင် ထွက်ခွာသွားခဲ့သည်။ အမြန်နှုန်းသည် စစ်ပွဲတွင် အရေးကြီးပြီး လီကျန်းကျီ၏ အန်းချီနှင့် ပိုင်ထင်တို့ရှိ အမှုထမ်းခဲ့ခြင်းသည် သူ့အား ဤသဘောတရားကို နက်နက်ရှိုင်းရှိုင်း နားလည်စေခဲ့သည်။

ထို့ကြောင့် တော်ဝင်ရုံးတော်က ဆွေးနွေးမှု အဆုံးသတ်ပြီး အမိန့်ထုတ်ပြန်လိုက်ချိန်တွင် ထိုအမိန့်သည် ဟာလာဟင်းလင်း ဖြစ်နေသော တပ်စခန်းတစ်ခုသို့သာ ရောက်ရှိသွားခဲ့သည်။ အလံများသည် လွင့်နေဆဲဖြစ်သော်လည်း စစ်သားဟောင်း အနည်းငယ်သာ နောက်တွင် ကျန်ရစ်နေခဲ့ကြသည်။

ရလဒ်အနေဖြင့် လီကျန်းကျီ၏ ချီတက်မှုသည် မျှော်လင့်ထားသည်ထက် များစွာမြန်ဆန်ခဲ့သည်။

သို့သော် လီကျန်းကျီသည်ပင် ရှေ့တန်းက လုံးဝချေမှုန်းခံလိုက်ရသည်ကို မသိခဲ့ပေ။ သူထွက်ခွာချိန်တွင် သူသည် ချန်ယုချောင်ထုံး ဦးဆောင်သော လက်ရွေးစင် တစ်သိန်းရှစ်သောင်းက အသေးစား ရှုံးနိမ့်မှုတစ်ခုကို ခံစားခဲ့ရကြောင်းသာ သိထားခဲ့သည်။ သို့သော် အနောက်တောင်ဘက်သို့ သူဝင်ရောက်လိုက်ချန်တွင် ချန်ယုချောင်ထုံးသည် အကြီးစား ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီးဖြစ်သည်။

သို့သော် သူတို့ရင်ဆိုင်ခဲ့ရသည့် အရာမှာ ကဲလျိုဖန်း၏ စစ်သည်သုံးသိန်း မဟုတ်ခဲ့ပေ။ သို့သော် တိဗက်ကုန်းပြင်မြင့်မှ အရှေ့ဘက်သို့ ဆင်းလာနေသည့် မဟာစစ်သူကြီး ဟောရှု့ဟွမ်ချမ်း ဦးဆောင်သည့် တိဗက်စစ်တပ်ဖြစ်သည်။

ဤစစ်သည်များ အားလုံးတို့သည် သူတို့က မုန့်ချီကျောက်ကို တိုက်ခိုက်ရတော့မည်ဟု ယုံကြည်ထားခဲ့ကြသောကြောင့် သူတို့က သူတို့ဆီသို့ ချီတက်လာနေသည့် တိဗက်စစ်တပ် တစ်ခုကို မြင်တွေ့ချိန်တွင် အုပ်အော်သောင်းနင်းဖြစ်မှုကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။

လီကျန်းကျီသည် ကျော်ကြားသော စစ်သူကြီးတစ်ဦးဖြစ်ပြီး မဟာထန် စစ်တပ်၏ လူငယ်မျိုးဆက် အရာရှိများ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း သူသည် ဝူရှန်းမဟာစစ်သူကြီး ဟော်ရှု့ဟွမ်ချမ်းနှင့် နှိုင်းယှဉ်ပါက လိုနေသေးသည်။

ဤကွာဟမှုသည် တိုက်ပွဲရလဒ်ကို ဆုံးဖြတ်သွားခဲ့၏။

သို့သော် ဟော်ရှု့ဟွမ်ချမ်းသည် လီကျန်းကျီကို လျော့တွက်ထားခဲ့သည်မှာ ရှင်းလင်းလှသည်။ ဟော်ရှု့ဟွမ်ချမ်းသည် ရှု့ထောင့်တိုင်းတွင် လီကျန်းကျီထက် သာလွန်ခဲ့ပြီး နောက်ဆုံးတွင်သူ့ကို အနိုင်ယူခဲ့သော်လည်း လီကျန်းကျီသည် တိဗက်များကို တန်ဖိုးတစ်ခုပေးအောင် ပြုလုပ်ရန် သူ၏ထူးခြားပြောင်မြောက်သော ကွပ်ကဲမှုစွမ်းရည်များကို အသုံးပြုနိုင်ခဲ့သေးသည်။

ဤတိုက်ပွဲတွင် ဟော်ရှု့ဟွမ်ချမ်းသည် လီကျန်းကျီကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့၏။

သို့သော် ဟော်ရှု့ဟွမ်ချမ်းသည်ပင် ထိန်းချုပ်၍မရသည့် အရာများ ရှိခဲ့ကြသည်။

အနောက်တောင်ဘက်၏ မြေမျက်နှာသွင်ပြင်သည် ရှုပ်ထွေးလှသောကြောင့် ဟော်ရှု့ဟွမ်ချမ်းသည် လီကျန်းကျီကို အနိုင်ယူခဲ့ပြီး လီကျန်းကျီနှင့် သူ့စစ်သည်ခြောက်သောင်းကို အနိုင်ယူခဲ့သော်လည်း လီကျန်းကျီသည် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုခဲ့ကာ ကျန်သည့်သူ့စစ်သားများကို လူစုခွဲ ထွက်ပြေးရန် အမိန့်ပေးခဲ့သည်။ ဟော်ရှု့ဟွမ်ချမ်းသည်ပင် သူတို့အားလုံးကို မဖမ်းဆီးနိုင်ခဲ့ပေ။

အကယ်၍ မြင်းတပ်သားများနှင့် ခြေလျင်တပ်သား ခြောက်သောင်းတို့သည် အုပ်စုတစ်ခုထဲအဖြစ် ထွက်ပြေးခဲ့ပါက တိဗက်မြင်းတပ်သည် သူတို့ကို မှီသွားပေလိမ့်မည်။ သို့သော် ထောင်ချီသော စစ်သည်များသည် နေရာတိုင်းကို ထွက်ပြေးခဲ့ပါက အခြေအနေသည် လုံးဝခြားနားသွားပေလိမ့်မည်။

တိဗက်များတွင် ကဲလျိုဖန်း၏ ထောက်လှမ်းသူများ သူတို့၏စစ်တပ်တွင် ရှိထားခဲ့သော်လည်း သူတို့သည် လုံလောက်သော စစ်သားများ မရှိခဲ့သေးပေ။

အကျိုးဆက်အနေဖြင့် လီကျန်းကျီသည် ရှုံးနိမ့်သွားခဲ့သော်လည်း သူ့စစ်တပ်၏ စစ်သည်အများအပြားသည် ထွက်ပြေးနိုင်ခဲ့ကြသည်။

“... တိဗက်တွေက အရမ်းများပြီး အရမ်းသန်မာကြတယ်။ သူတို့အားလုံးက ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ မြင်းတပ်ဖြစ်တာကြောင့် ကျွန်တော်တို့အားလုံး ထွက်ပြေးခဲ့ကြတယ်။ ကျွန်တော်ထွက်ပြေးချိန်က ကျွန်တော်ရဲ့ညီအစ်ကို နှစ်ယောက်သုံးယောက်နဲ့ပဲ ထွက်ပြေးခဲ့တာ။ ကျန်တဲ့လူတွေက အနောက်ဘက်ကို ထွက်ပြေးနေချိန် ဆုံတွေ့ခဲ့ကြတာပဲ။ တစ်ခြားလူတွေက ဘယ်လို အခြေအနေ ရှိမလဲဆိုတာ ကျွန်တော်မသိပေမဲ့ ပတ်ပတ်လည် နယ်မြေတွေမှာ ကျွန်တော်တို့ရဲ့ ညီအစ်ကို အများအပြား ရှိနေတုန်းဆိုတာ ကျွန်တော်သေချာတယ်”

“အခု တိဗက်စစ်တပ် အများစုက နောက်ဆုတ်သွားခဲ့ကြပြီ။ အန်းနှံကာကွယ်ရေးတပ်ကို ဝိုင်းရံထားဖို့ ဖြစ်နိုင်တယ်။ သူတို့ထဲက တစ်ချို့က ကျွန်တော်တို့ကို အမဲလိုက်နေတာပဲ။ သူတို့က ခြောက်ထောင်၊ ခုနှစ်ထောင်လောက် ရှိလောက်တယ်။ တကယ်လို့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တစ်ခြားညီအစ်ကိုတွေနဲ့ ဆုံနိုင်ရင် အရှင့်ရဲ့စစ်တပ်နဲ့ ကျွန်တော်တို့က သူတို့ကို အနိုင်ယူနိုင်ကောင် အနိုင်ယူနိုင်တယ်”

“လူကြီးမင်းလီအတွက် တော်တော်ဆိုးတာပဲ။ သူကအရမ်း ငယ်သေးတယ်...”

...

သူတို့၏ လူငယ်စစ်သူကြီးကို ပြောလိုက်သောအခါ စစ်သားများအားလုံး ဝမ်းနည်းသွားခဲ့ပြီး ဝမ်ချောင်ကိုပင် စိတ်ထဲ၌ သက်ပြင်းချသွားစေခဲ့သည်။

သူ့နောက်ဆုံးဘဝရှိ လူတိုင်းသည် လီကျန်းကျီ၏ ရှုံးနိမ့်မှုကို သိရှိခဲ့ကြသော်လည်း လူတိုင်းသည် လီကျန်းကျီက တော်ဝင်ရုံးတော်ကို စိတ်ပျက်စေခဲ့ပြီး စစ်သည်ခြောက်သောင်းနှင့် မရေမတွက်နိုင်သော ရိက္ခာများကို အလကားဖြစ်စေခဲ့သည်ဟုသာ သိထားခဲ့ကြသည်။

သူတို့အားလုံးသည် အနိုင်အရှုံးအပေါ်သာ အာရုံစိုက်ထားခဲ့ကြပေ၏။

ဝမ်ချောင်သည် ယခုအခါ ဤဒုက္ခ၏ အလှည့်အပြောင်းများကို နားလည်သဘောပေါက် သွားခဲ့ပေသည်။

လီကျန်းကျီသည် ရှုံးနိမ့်သွားခဲ့သော်လည်း သူသည် ကျော်ကြားသော စစ်သူကြီးတစ်ယောက်အနေဖြင့် သူ့ဂုဏ်သတင်းကို မထိခိုက်စေခဲ့ပေ။ ဝိုင်းရံခံထားရစဉ် သူသည် သူ့ကိုယ်သူစတေးမည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည်။ သနားစရာ ကောင်းသည်မှာ သူသည် အလွန်ငယ်ရွယ်သေး၏။ ဟော်ရှု့ဟွမ်ချမ်းကဲ့သို့ တိုင်းတစ်ပါး မဟာစစ်သူကြီးတစ်ယောက်ကို ကြုံတွေ့ရန်မှာ သူ့အတွက် စောလွန်းသေးသည်။

အကယ်၍သူသည် အနာဂတ်တွင် ဟော်ရှု့ဟွမ်ချမ်းကို တွေ့ဆုံရန် ရှင်သန်နိုင်ခဲ့ပါက သူတို့၏တိုက်ပွဲသည် သေချာပေါက် တူညီသည့်ရလဒ် ဖြစ်လိမ့်မည်မဟုတ်ပေ။

ကံမကောင်းစွာဖြင့် အဆင့်အတန်းနိမ့်သော လူတစ်ယောက်၏ စကားများသည် အလေးချိန်အနည်းငယ်သာ ရှိပေသည်။ အတိတ်တွင်ဖြစ်စေ ပစ္စုပန်တွင်ဖြစ်စေ လီကျန်းကျီသည် ဝမ်ချောင်၏ အကြံပြုချက်ကို ဘယ်တုန်းကမှ နားမထောင်ခဲ့ပေ။ မည်သူမျှ သူ့စကားကို နားမထောင်ခဲ့ကြပေ။

မုတ်ဆိတ်မွှေးများနှင့် အညိုရောင် အသားအရည်ရှိသည့်လူသည် ရုတ်တရက် ပြောလိုက်သည်။ “ဟုတ်သားပဲ တပ်မှူးချုပ်ရှု့က အနောက်ဘက်ကို ပြန်မဆုတ်ခဲ့ဘူးလို့ ကျွန်တော် ကြားခဲ့တယ်။ သူက တပ်သားတွေကို စုဆောင်းပြီး စစ်တပ်ကို စုစည်းဖို့ အရှေ့တောင်ဘက်မှ တပ်စခန်းတစ်ခု တည်ဆောက်ထားခဲ့ပုံပဲ။ သူက လူတစ်ထောင်ဝန်းကျင်လောက် စုစည်းခဲ့ပြီလို့ ကျွန်တော် ကြားခဲ့တယ်။ ဖြစ်နိုင်တာကအခု လူပိုများလောက်တယ်။ သူ့မှာလည်း သူနဲ့အတူ ကြီးမားတဲ့ ရိက္ခာတွေရှိတယ်”

“အဲ့ဒါအမှန်ပဲ တပ်မှူးချုပ်ရှု့က သန်မာပြီး ကျွမ်းကျင်တဲ့ ဗျူဟာပညာရှင် တစ်ယောက်လည်းဖြစ်တယ်။ တကယ်လို့ မင်းသားက သူ့အကူအညီ ရနိုင်ရင် ဒါကကြီးမားတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်လိမ့်မယ်။ သင်က ကျွန်တော်တို့ ညီအစ်ကို နည်းနည်းကိုတောင် စုဆောင်းနိုင်ကောင်း စုဆောင်းနိုင်တယ်”

နောက်ထပ် အစစ်အမှန် သိုင်းနယ်ပယ် စစ်သည်တစ်ယောက် ပြောလိုက်ကာ ဤတပ်မှူးချုပ်ရှု့၏ နာမည်ကြောင့် အားတက်သွားပုံရသည်။ အသားညိုသောလူ ပြောလိုက်သည့် တပ်မှူးချုပ်ရှု့သည် ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ပင်။

“အမှန်ပဲ အမှန်ပဲ တပ်မှူးချုပ်ရှု့”

...

အခြားလူများသည် သူတို့၏ သဘောတူညီချက်များကို ပြောလိုက်ကြကာ ပင်ပန်းနွမ်းနယ်မှုများသည် သူတို့၏ မျက်နှာများမှ လွင့်ပါးသွားခဲ့သည်။ သူတို့သည် ဤတပ်မှူးချုပ်ရှု့အပေါ် ကြီးမားသော ယုံကြည်မှု ရှိထားပုံရသည်။

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်လုံးထဲတွင် မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။

သူသည် အမှန်ပင် ဤစစ်သားများ အားလုံးတို့၏ ပါးစပ်ဖျားပေါ်ရှိ ဤတပ်မှူးချုပ်ရှု့အကြောင်း ဘာမှမသိခဲ့ပေ။ သူသည်သေချာပေါက် သူတို့ကဘာကြောင့်သူ့ကို ထိုမျှယုံကြည်နေသည်ကို သဘောမပေါက်ခဲ့ပေ။

“အရှင့်အတွက် မသိတာက သာမာန်ပါပဲ။ သူက စစ်တပ်အပြင်ဘက်မှာ မကျော်ကြားပေမဲ့ သူက စစ်သားတွေကြားမှာ နာမည်တော်တော်လေး ပေါက်တယ်။ သူက အရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး လူတိုင်းကသူ့ကို တော်တော်လေး ယုံကြည်ထားခဲ့ကြတယ်။ ဒီတိုက်ပွဲ မတိုင်မီက တပ်မှူးချုပ်ရှု့ကပဲ ပတ်ပတ်လည်က သဲလွန်စတွေကနေ တစ်ခုခု မှုမမှန်ဘူးလို့ ပြောနိုင်ခဲ့တယ် သူက စစ်သူကြီးလီကိုတောင် သတိပေးခဲ့တယ်။ အားလား စစ်သူကြီးလီက အရမ်းငယ်ရွယ်သေးတယ်...” အသားညိုသော မျက်နှာနှင့်လူသည် သူ့စကားကို တစ်ဝက်တစ်ပြတ်တွင် ရပ်တန့်လိုက်သည်။

ဝမ်ချောင် ခေါင်းညိမ့်လိုက်ကာ သူဆိုလိုသည့်အရာကို သဘောပေါက်ပေ၏။ လူတိုင်းတွင် သူတို့၏ကိုယ်ပိုင် အားသာချက်များ ရှိကြသော်လည်း သူတို့၏ ကိုယ်ပိုင်အားနည်းချက်များလည်း ရှိကြပေသည်။ လီကျန်းကျီသည် ထူးချွန်ပြောင်မြောက်သော စစ်သူကြီးတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူသည်အနည်းဆုံး အရည်အချင်းရှိသော လူတစ်ယောက်ဖြစ်ပေသည်။

“လူအိုကြီးလင်းယုန်ငှက် ဒီကိုခဏလာပါအုံး”

ဝမ်ချောင် ခေါင်းလှည့်လိုက်ပြီး အဝေးရှိပုဂ္ဂိုလ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

“သိမ်းငှက်ကိုလွှတ်ပြီး အရှေ့တောင်ဘက်ကို လေ့လာခိုင်းလိုက်ပါ”

“ဟုတ်ကဲ့ပါ သခင်လေး”

မေးခွန်းများ မေးမနေခဲ့ဘဲ လူအိုကြီးလင်းယုန်ငှက် လေချွန်လိုက်ကာ သူ့ပုခုံးပေါ်ရှိ လင်းယုန်ငှက်ကို ပျံသန်းရန် အမိန့်ပေးလိုက်သည်။ ဤကြီးမားလှသော လင်းယုန်ငှက်သည် မြန်ဆန်လှကာ ၎င်း၏ တောက်ပြောင်သော အနက်ရောင် အတောင်ပံများက မြန်ဆန်လှသော မျှားတစ်စင်းကဲ့သို့ လေထဲသို့ ထိုးတက်သွားရန် တစ်ကြိမ်သာ ခတ်ရန်လိုအပ်ခဲ့သည်။

တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီး ဝမ်ချောင်သည် သူလိုချင်သည့် အချက်အလက်များကို ရရှိခဲ့သောကြောင့် သူသည် စစ်သည်များကို ချက်ချင်း ပြန်လည်စုစည်းလိုက်သည်။

“အခု ငါ့ခွန်အားကို ထိန်းချုပ်ဖို့ အချိန်ရောက်ပြီ”

ဝမ်ချောင်၏ မျက်လုံးများ ရက်စက်သည့် အလင်းရောင်များဖြင့် တောက်ပသွားခဲ့ကာ သူသည် အဝေးရှိ အနက်ရောင်တိမ်တိုက်များကို ကြည့်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်တွင် အနီရောင် အလင်းများက ချော်ရည်များကဲ့သို့ စီးထွက်လာခဲ့ပြီး အတူတကွ စုစည်းနေခဲ့ကြသည်။ ဤသည်က ယင်ရန်ငယ် ပညာရပ်၏ ကြယ်တာရာစွမ်းအင် ဖြစ်ပေ၏။

သိုင်းပညာလမ်းကြောင်းသည် တည်ငြိမ်သော တိုးတက်မှုတစ်ခုဖြစ်သည်။ သာမာန်အခြေအနေများတွင် သူ့အသက်အရွယ်ရှိသည့် တစ်စုံတစ်ယောက် အလွန်အံ့သြဖွယ်ကောင်းသော ပါရမီရှိသည့် လူတစ်ယောက်သည်ပင် တစ်ညအတွင်း ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

သို့သော် ဤသည်က ခက်ခဲသော်လည်း သေချာပေါက် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ယင်ရန်ငယ် ပညာရပ်သည် သာမာန်အသိ ကန့်သတ်ချက်များကို ကျော်လွန်နိုင်သည့် ဤအခွင့်အရေးများထဲမှ တစ်ခုဖြစ်ပေသည်။ ထိုသည်က ဝမ်ချောင်သည် သူပြန်လည်မွေးဖွားလာသည့် ဘဝတွင် ၎င်းကို အသည်းအသန် လိုက်ရှာခဲ့ရသည့် အကြောင်းအရင်း ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် အခုအချိန်သည် ဝမ်ချောင်သည် အခွင့်အရေးတစ်ခု မရှိခဲ့ဘဲ ဤအခွင့်အရေးက တိုက်ပွဲဖြစ်ပေသည်။

ကြီးမားလှသော တိုက်ပွဲတစ်ခုကသာ အဆုံးမဲ့ရန်သူများရှိပြီး ဝမ်ချောင်ကို ခုန်ပျံကျော်လွှား တိုးတက်ရန် အခွင့်အရေးတစ်ခု ပေးစွမ်းနိုင်ပြီး ကျင့်ကြံခြင်း၏ မြင့်မားလှသော အဆင့်များကို ရရှိစေနိုင်ပေသည်။

ထို့ပြင် ကျော်လွှား၍မရသော ခွန်အားတစ်ခုကို ပိုင်ဆိုင်ခြင်းကသာ အလယ်ပိုင်းလွင်ပြင်ဒေသ၏ ကံကြမ္မာကို သက်ရောက်လိမ့်မည်ဖြစ်သည့် ဤစစ်ပွဲတွင်သူ့ကို ဝင်ရောက်စွက်ဖက်နိုင်စေမည်။

ယခုအခါ သူ့အခွင့်အရေးသည် ရောက်လာခဲ့၏။

ဘုန်း

ဝမ်ချောင်၏မျက်လုံးများ အနီရောင် တောက်ပသွားခဲ့ပြီး အသေးစား သွေးနီတစ်လုံးသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပုံရသည်။ မြင်းဇာတ်ကြိုးကို လွှဲယမ်းလိုက်ကာ ဝမ်ချောင်သည် သူ့မြင်းကို တောင်ဘက်ဆီသို့ ဒုန်းဆိုင်းစေလိုက်သည်။

ထိုနေရာတွင် လှည့်လည်သွားလာနေသည့် ပိုများသော တိဗက်မြင်းစစ်သည်များ ရှိကြပေသည်။

အခန်း(၄၉၅)

ရှာဖွေတွေ့ရှိခြင်း တပ်သားတစ်ထောင်ပါဝင်သော ရန်သူတပ်

ချည်စက်ကွင်းတစ်ခု ဝမ်ချောင်၏ ခြေထောက်အောက်တွင် ပဲ့တင်ထပ်သွားခဲ့ကာ စစ်မြင်းများ မြည်ဟီးလိုက်ကြသည်။ သတ္တုမြည်သံအောက်တွင် ဓားသွားကဲ့သို့ ထက်ရှလှသော အနက်ရောင် ချည်စက်ကွင်းသည် ဝမ်ချောင်၏ ခြေထောက်မှနေ၍ သူ့တပ်ဖွဲ့တစ်ခုလုံးကို ဖုံးလွှမ်းရန် ပြန့်ကားသွားခဲ့သည်။

ဤစဦးအဆင့် ဆည်းဆာရောင်မြင်းလားချည်စက်ကွင်းသည် သူ့တပ်ဖွဲ့တစ်ခုလုံးကို အမြန်နှုန်း ခွန်အားနှင့် ကျွမ်းကျင်မှုတို့ကို တိုးတက်သွားစေခဲ့သည်။

“သတ်”

သတ်ဖြတ်ရန်နှင့် ရက်စက်ကြမ်းကြုတ်သော အော်သံတစ်ခုသည် ကောင်းကင်ကို ပဲ့တင်ထပ်သွားခဲ့၏။

ဘန်း

ဝမ်ချောင် လျှပ်စီးကဲ့သို့ ခွာဖြူအရိပ်ပေါ်မှ ခုန်ဆင်းလိုက်သည်။

“တစ်နေရာထဲကို အဆက်မပြတ် တိုက်ခိုက်ခြင်း”

ရက်စက်သော အလင်းရောင်တစ်ခုသည် ကောင်းကင်အနှံ့ စီးဆင်းသွားခဲ့ပြီး ရူးသွပ်စွာ တိုက်ခိုက်နေခဲ့သည်။

ထန်း ထန်း ထန်း

တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားခဲ့ကြ၏။

နည်းစနစ်သည် ထိုနည်းစနစ် ဖြစ်နေဆဲဖြစ်ပြီး လူသည် ထိုလူဖြစ်နေဆဲဖြစ်သော်လည်း ပြသလိုက်သည့် စွမ်းအားသည် လုံးဝခြားနားသော အဆင့်တစ်ခုတွင်ဖြစ်သည်။

“တစ်နေရာထဲသို့ အဆက်မပြတ် ခုတ်ဖြတ်ခြင်းသည် သေခြင်းနတ်ဘုရားများ၏ ထိပ်သီးနည်းစနစ် တစ်ခုဖြစ်ပြီး တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လူ့အသက်များကို ရိပ်သိမ်းခြင်းတို့အတွက် ရည်ရွယ်ထားခဲ့ပေသည်”

ဝူး

တောက်ပသော နေရောင်အောက်တွင် ဝမ်ချောင်၏ ညာခြေထောက်သည် ရှေ့သို့လှမ်းလိုက်ကာ သူ့ခန္ဓာကိုယ်သည် ကိုင်းနေခဲ့ပြီး သူ၏နက်မှောင်သော ဆံကေသာက နောက်တွင် လွင့်ပျယ်နေခဲ့သည်။ သူနောက်တစ်ကြိမ် ပေါ်လာသောအခါ သူသည် ကျန့်အတော်ဝေးဝေးသို့ ရောက်သွားခဲ့ပြီဖြစ်၏။

နောက်တွင် စစ်မြင်းများ မြည်ဟီးနေခဲ့ကြပြီး တိဗက်စစ်သည်များ၏ လဲကျနေသော အလောင်းများက လဲကျနေသော သစ်သားတိုင်များကဲ့သို့ ကမာ္ဘမြေပေါ် ပြန့်ကျဲနေခဲ့သည်။

သူတို့၏ အလောင်းများသည် ခုတ်ဖြတ်ခံထားရပြီး သူတို့၏ ခေါင်းများက လွင့်စင်နေခဲ့ကြသည်။ သူတို့၏ အလောင်းများပေါ်တွင် သေးငယ်သော သွေးအစင်းကြောင်းလေးတစ်ခုသာ ရှိခဲ့သော်လည်း ဤသေးငယ်သော သဲလွန်စက သူတို့၏အသက်များကို နုတ်ယူသွားခဲ့သည်။

“ထွက်ပြေး”

“ပြေး”

“ငါတို့က သူတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး”

“သူတို့က ဘယ်ကနေ လာခဲ့ကြတာလဲ။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ စစ်သည်တွေ ဘယ်လိုလုပ် ရှိနေရတာလဲ”

“မြန်မြန် မဟာစစ်သူကြီးကို အကြောင်းကြား”

...

တိဗက်များကြား အော်သံများသည် ကောင်းကင်ထက် ပြည့်နှက်သွားခဲ့ကာ ဝူရှန်းစစ်သည်များသည် ဖရိုဖရဲနှင့် စိတ်ပျက်ဝမ်းနည်းနေခဲ့ကြသည်။ သူတို့ထဲမှ အချို့သည် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူတို့၏ ကြိုးပမ်းမှုများသည် အချည်နှီး ဖြစ်ခဲ့ကြသည်။

ဝမ်ချောင် ရပ်တန့်သွားသောကြောင့် တိုက်ပွဲသည် မရပ်တန့်ခဲ့ပေ။ တပ်ဖွဲ့၏ အနက်ရောင် ဒီရေလှိုင်းလုံးသည် ကမာ္ဘမြေအပေါ် ဆက်လက် စီးဆင်းနေခဲ့ပြီး ၎င်းတို့ဖြတ်သွားသည့် နေရာတိုင်းတွင် လဲကျနေသည့် တိဗက်စစ်သည်များကို ကျန်ရစ်နေစေခဲ့သည်။ တိဗက်များထဲမှ အချို့တို့သည် သူတို့၏ ရဲဘော်ရဲဘက်များကို ရပ်တန့်ရန်နှင့် ခုခံရန် ရူးသွပ်စွာ အော်ဟစ်လိုက်ကြသော်လည်း သူတို့ကို စောင့်ဆိုင်းနေသည့် အရာအားလုံးမှာ သေမင်းနတ်ဘုရား၏ ကောက်ရိပ်ဓားကဲ့သို့ ကျောက်စိမ်းသံမဏိဓားများ ဖြစ်ကြသည်။

တိဗက်များသည် ၎င်းတို့၏ ထူထပ်သော ချပ်ဝတ်တန်ဆာကြောင့် အမြဲဂုဏ်ယူဝံ့ကြွားခဲ့သော်လည်း ၎င်းသည် ဤအံ့မခန်း ထက်ရှလှသော လက်နက်များရှေ့တွင် စက္ကူကဲ့သို့ဖြစ်သည်။

တိဗက်များသည် သူရဲဘောကြောင်သူများ မဟုတ်ကြပေ။ သေချာပေါက် သူတို့သည် အားကောင်းသော ရန်သူကို ရင်ဆိုင်ရန် မကြောက်ရွံ့ခဲ့ကြပေ။ အကယ်၍ သူတို့ရန်သူ၏ လက်နက်များသည် မယုံနိုင်စရာ ကောင်းလောက်အောင်သာ ထက်ရှခဲ့ပါက တိဗက်များသည် ဆက်လက် တိုက်ပွဲဝင်နေအုံးမည်ဖြစ်သည်။

သို့သော် အကယ်၍ လူတစ်ယောက်၏ လက်နက်များသည် ရန်သူ၏ ချပ်ဝတ်တန်ဆာတွင် အစင်းကြောင်းတစ်ခုကိုပင် မပြုလုပ်နိုင်ခဲ့ပါက ကျန်ရှိနေသည့် တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ပြေးရန်ဖြစ်သည်။

သို့သော် သူတို့သည် ထွက်ပြေးချင်ခဲ့လျှင်ပင် နောက်ကျသွားခဲ့ပြီဖြစ်၏။

ဝူရှန်း၏ လေးလံသော ချပ်ဝတ်တန်ဆာသည် ယခုအခါ သေစေနိုင်သော အားနည်းချက် ဖြစ်လာခဲ့ပြီး ဝမ်ချောင်၏ စစ်တပ်သည်လည်း ဆည်းဆားရောင်မြင်းလား ချည်စက်ကွင်းကြောင့် အားဖြည့်ခံထားရသည်။

သူတို့၏ကံကြမ္မာသည် သတ်မှတ်ခံထားရပြီဖြစ်ပြီး ဝမ်ချောင်သည် ကျန်ရှိနေသည့် တိဗက်များကို လိုက်လံဖမ်းဆီးခြင်းတွင် သူ့စစ်တပ်နှင့် လိုက်မပါခဲ့ပေ။

ရွပ်

သူ့ဓားကို သူသတ်လိုက်သည့် နောက်ဆုံးတိဗက်မှနေ၍ ဝမ်ချောင် ဆွဲထုတ်လိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး အနီရောင်ရင့်ရင့်ဓားမှ စွမ်းအင်စီးကြောင်းများကို စီးဆင်းခွင့် ပြုလိုက်သည်။ လှိုင်းလုံးများကဲ့သို့ ဤစွမ်းအင်သည် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့ကြ၏။

ဝမ်ချောင်သည် မူလက အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးရှိခဲ့ပြီး သူသတ်လိုက်သည့် ဤဆယ်ယောက်ကျော်သော လူများမှ စွမ်းအင်သည် ယခုအခါ သူ့ကို အဆင့်လေး အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။

ဤခဏအတွင်း သူပြုလုပ်လိုက်သည့် တိုးတက်မှုသည် နောက်ဆုံးလေးလ၊ ငါးလအတွင်း ခါးသီးသော လေ့ကျင့်မှုထက် သာလွန်ခဲ့ပြီဖြစ်သည်။ လက်ခြောက်ချောင်း ကျန်းထံမှ ဆေးလုံးများသည်ပင် ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုတစ်ခု မရှိခဲ့ပေ။

ဤသို့သော ရူးသွပ်ဖွယ် တိုးတက်မှုသည် ယင်ရန်ငယ် ပညာရပ်ရှိ ထူးခြားမှုဖြစ်ပြီး တစ်ခြားနေရာတွင် တွေ့နိုင်မည်မဟုတ်ပေ။ အကယ်၍ ဤစွမ်းအားကြောင့် မဟုတ်ပါက မဟာယင်ရန် ကောင်းကင်ဘုံ ဖန်ဆင်းခြင်းပညာရပ်သည် ထိပ်သီးနည်းစနစ် ဆယ်ခုအဆင့်သို့ ဝင်ရောက်ခဲ့မည် မဟုတ်ပေ။

ထို့ပြင် ဤထိပ်သီးပညာရပ်သည် ဆိုးယုတ်သော နည်းစနစ်များ အားလုံး၏ အဆိုးယုတ်ဆုံးအဖြစ် ကျော်ကြားလာခဲ့လိမ့်မည် မဟုတ်ပေ။

နည်းနည်းလိုနေသေးတယ်။

ဝမ်ချောင် သူ့ဓားကို ဖြေးညှင်းစွာ ဆွဲထုတ်လိုက်ကာ သူ့ဘာသာ ပြောလိုက်သည်။ ရုတ်တရက်ပင် သူသည် မကြားရလုနီးပါး ငြီးငြူသံတစ်ခုကို ကြားလိုက်ရ၏။

ရွပ်

ခေါင်းပင်လှည့်မနေဘဲ ဝမ်ချောင်သည် သူ့ဓားကို အလောင်းပုံတစ်ခုထဲသို့ ထိုးစိုက်လိုက်ကာ မြင်းတစ်ကောင်၏ အလောင်းဖြင့် ဖိခံထားရသည့် သေကာနီးဆဲဆဲ တိဗက်တစ်ယောက်ကို ထိုးဖောက်သွားခဲ့သည်။

ဓားသည် သူ့နှလုံးသား တည့်တည့်သို့ စိုက်ဝင်သွားခဲ့ပြီး ထိုစစ်သားကို အသံတစ်ချက် မထွက်ဘဲ သေဆုံးသွားစေခဲ့သည်။ နောက်ထပ် ခမ်းနားထည်ဝါသော စွမ်းအင်လှိုင်းလုံးသည် ဝမ်ချောင်၏ကိုယ်ထဲသို့ စီးဆင်းသွားခဲ့၏။

ဝုန်း

ဤနောက်ဆုံး စွမ်းအင်လှိုင်းလုံးဖြင့် ဝမ်ချောင်၏ခွန်အားသည် နောက်ဆုံးတွင် ပိတ်ဆို့မှုကို ချိုးဖျက်သွားခဲ့ပြီး အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးသို့ ရောက်ရှိသွားခဲ့သည်။

“အံ့မခန်းပဲ”

ဝမ်ချောင်၏ ခွန်အားသည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးသို့ ရောက်ရှိသွားသည်နှင့် ကြီးစွာတိုးတက်သွားခဲ့သည်။ လောက၏ လျို့ဝှက်ဆန်းကြယ်သော ဥပဒေသများသည် သူ့အရိုး၏ သိပ်သည်းမှုနှင့် သူ့အသားနှင့် အရေပြားတို့၏ ကြံ့ခိုင်မှုကို တိုးတက်လာစေကာ သူ၏ပို၍များပြားသော စွမ်းအင်ထိန်းချုပ်နိုင်စွမ်းကိုလည်း တိုးတက်လာစေခဲ့သည်။

ထို့ပြင် ဝမ်ချောင်၏ကိုယ်ထဲရှိ ကြယ်တာရာစွမ်းအင် အစိတ်အပိုင်း တစ်ခုသည်လည်း အဆင့်ငါးသို့ စတင်ပြောင်းလဲခဲ့သည်။

သို့သော် ဝမ်ချောင်သည် ဤဆင့်ကဲတိုးတက်မှုကို ဆက်ဖြစ်ခွင့် မပြုခဲ့ပေ။ အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးသို့ ရောက်ရှိခြင်းဖြင့် ဝမ်ချောင်သည် သူ့အစီအစဉ်၏ နောက်တစ်ဆင့်ကို ဆက်လက် လုပ်ဆောင်နိုင်ပြီဖြစ်သည်။

ဘုန်း

ဝမ်ချောင် သူ့လက်ဝါးများကို အတူတကွ ထားလိုက်ပြီး မြင်းတစ်ကောင်၏ စူးရှသော အော်သံတစ်ခုဖြင့် သူ့ခန္ဓာကိုယ်မှနေ၍ နားအူမတက် အော်သံတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ဝမ်ချောင်ကိုဗဟိုပြုလျှက် လေထုသည် ပေါက်ကွဲသွားခဲ့၏။ ဤရုတ်ချည်း လုပ်ဆောင်မှုက အနီးအနားရှိ လူများကို နိုးကြားသွားစေခဲ့ပြီး ကလန်ကျွမ်းကျင်သူများသည် သူတို့၏မြင်းများကို ရပ်တန့်လိုက်ကာ ဘာဖြစ်နေသည်ကို လှည့်ကြည့်လာခဲ့ကြသည်။

သူတို့သည် ကြယ်တာရာစွမ်းအင် မုန်တိုင်းတစ်ခုထဲရှိ ဝမ်ချောင်၏ ခန္ဓာကိုယ်ကို မြင်လိုက်ရပြီး ဤကြယ်တာရာ စွမ်းအင်မှနေ၍ လူတစ်ဦးထက် ပိုမြင့်သော အနက်ရောင် မြင်းတစ်ကောင်က ခုန်ထွက်လာနေခဲ့သည်။ ၎င်း၏ခွာများသည် မြောက်တက်သွားခဲ့ပြီး ခမ်းနားထည်ဝါကာ ကြောက်ရွံ့ရိုသေမှုကို ဖြစ်စေသည့် ကိုယ်ဟန်အနေအထားကို ဖြစ်စေခဲ့သည်။

၎င်းတွင် ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများရှိပြီး အကွာအဝေး တစ်ခုမှပင် မျက်စိကြိမ်းစေခဲ့သည်။

“သခင်လေး...”

ဝမ်ချောင်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် လီစီးရီ၊ ကျောက်ကျင်းတန်၊ လူအိုကြီးလင်းယုန်ငှက်တို့သည် စိုးရိမ်နေသည့် အကြည့်များဖြင့် ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။ လီစီးရီတွင် ကျယ်ပြောလှသော အတွေ့အကြုံများ ရှိသော်လည်း သူသည်ပင် ဝမ်ချောင်၏ ခန္ဓာကိုယ် အပြင်ဘက်တွင် ထင်ရှားပေါ်လွင်သော အနက်ရောင် နတ်ဘုရားမြင်းက ဘာဆိုသည်ကို တော်တော်လေး နားမလည်နိုင်ခဲ့ပေ။

“စိတ်မပူပါနဲ့ သူက အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေတယ်လို့ ငါထင်တယ်” လီစီးရီ ချော့မော့ပြောလိုက်ကာ ကျောက်ကျင်းတန်ကို အရမ်းကာရော ပြေးသွားခြင်းမှ ရပ်တန့်ချင်ခဲ့သည်။ သူသည် ဝမ်ချောင်က မည်သို့သော် နည်းစနစ်များကို လေ့ကျင့်ထားခဲ့သည်ကို နားမလည်ခဲ့သော်လည်း ဝမ်ချောင်အနားရှိ သဘာဝဖြစ်စဉ်က အဆင့်ချိုးဖောက်သည့် လက္ခဏာများ ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

ဘုန်း

လျှပ်တပြက်အတွင်း လီစီးရီ၊ ကျောက်ကျင်းတန်၊ လူအိုကြီးလင်းယုန်ငှက်တို့ ရောက်မလာနိုင်မီ ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲမှနေ၍ ဘုန်းကနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ဒန်တန်တွင် အနက်ရောင် ဝဲကယက်တစ်ခု ပေါ်လာခဲ့ပြီး အဆုံးမရှိသော အနက်ရောင် တွင်းပေါက်တစ်ခုကဲ့သို့ အရာရာတိုင်းကို စတင်စုပ်ယူလိုက်သည်။

ထိုအနက်ရောင် မြင်းလားသည် ရုတ်ချည်းမြည်ဟီးလိုက်ပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ ကြယ်တာရာစွမ်းအင် မုန်တိုင်းနှင့်အတူ ပြန်ဆုတ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ထုတ်ဖော်ထားခဲ့သော စွမ်းအင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးမှနေ၍ အဆင့်လေး ထို့နောက် အဆင့်သုံး၊ အဆင့်နှစ်နှင့် နောက်ဆုံးတွင် အဆင့်တစ်သို့ ကျဆင်းသွားခဲ့သည်။

“အာ” လီစီးရီ အံ့သြတကြီး အာမေဋိတ်သံ ပြုလိုက်ပြီး ဝမ်ချောင်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ “ဘာဖြစ်နေတာလဲ”

သူသည် နှစ်ပေါင်းများစွာ သိုင်းပညာရပ်များကို ကျင့်ကြံနေခဲ့သော်လည်း ဤသည်က အလွန်ထူးဆန်းသည့် အရာကို မြင်တွေ့ရသည့် သူ၏ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုသည်မှာ တစ်စုံတစ်ယောက်သည် သန်မာလာသည်နှင့် သူတို့၏ကျင့်ကြံခြင်း ကျဆင်းသွားသည်ကို မြင်တွေ့ရသည့် သူပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် ယခုအခါ ဝမ်ချောင်က သန်မာသွားသလော သို့မဟုတ် အားနည်းသွားသလောပင် မသေချာနိုင်တော့ပေ။

ဤသည်က အလွန်ထူးဆန်းလှ၏။

လီစီးရီ၏ မျက်ခုံးများ မြင့်တက်သွားခဲ့ကာ ဝမ်ချောင်က လျို့ဝှက်ချက်များစွာရှိသည့် လူတစ်ယောက် ဖြစ်သည်ကို သူပို၍ပင် ခံစားလိုက်ရသည်။ သူသည် ဝမ်ချောင်ဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့သော်လည်း သူသည် သူသူ့အကြောင်း မသိသည့် အရာများစွာ ရှိသကဲ့သို့ ခံစားခဲ့ရဆဲဖြစ်သည်။

ဝူး

ဝမ်ချောင်သည် ဤသို့သောအရာများကို တွေးတောရန် အင်အားမရှိခဲ့ပေ။ သူသည် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းကို ဒုတိယအလွှာသို့ မြင့်တင်ခဲ့ပြီး သူ့တစ်ကိုယ်လုံးသည် ယခုအခါ ချွေးများဖြင့် ဖုံးလွှမ်းနေခဲ့ကာ သူ့မျက်နှာသည် များစွာဖြူလျော်နေခဲ့သည်။

သူသည် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းကို ဒုတိယအလွှာသို့ အဆင့်မြင့်ရန်အတွက် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးသို့ ရောက်ရှိရန် လိုအပ်ခဲ့သော်လည်း အဆင့်မြင့်တင်ခြင်းက သူ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ပြင်းထန်စွာ ကုန်ခမ်းစေပေလိမ့်မည်။ ရလဒ်အနေဖြင့် ဝမ်ချောင်သည် လုံးဝပင်ပန်းနွမ်းနယ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံးက ပျော့ခွေသွားခဲ့သည်။

“သခင်လေး အဆင်ပြေရဲ့လား”

ကျောက်ကျင်းတန် ပထမဆုံး ရောက်လာခဲ့၏။

“အဆင်ပြေပါတယ်”

ဝမ်ချောင် ခေါင်းခါလာပြီး သူ့ခါးပတ်ရှိ ဆေးအိတ်ကို ဖွင့်လိုက်သည်။ လက်မအရွယ် လုံးဝန်းသော အဖြူရောင်ဆေးလုံးကို ထုတ်ယူလိုက်ကာ သူမြိုချလိုက်သည်။

ပူနွေးသောစွမ်းအင်သည် သူ့ခန္ဓာကိုယ်အနှံ့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ဝမ်ချောင်၏ အခြေအနေသည် ချက်ချင်း တိုးတက်လာခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာခွန်အား ဆေးလုံးသည် နန်းတော်၏ ကြောက်မက်ဖွယ်ကောင်းသော ဆေးပညာရှင် အနည်းငယ်တို့မှ သန့်စင်ထားသည့် နောက်ထပ် ဆေးလုံးတစ်မျိုးဖြစ်သည်။ ၎င်းသည် နန်းတော်ရှိ တန်ဖိုးရှိသော အရင်းအမြစ်များစွာ လိုအပ်ပြီး လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ကြီးစွာတိုးတက်စေနိုင်သည်။

ထိုပထမဆုံး အားနည်းမှု ဝေဒနာကို ကြုံတွေ့ပြီးနောက် ဝမ်ချောင်သည် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းကို အဆင့်မြင့်တင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အားနည်းမှုကို ပြေပျောက်စေရန်အတွက် လက်ခြောက်ချောင်း ကျန်းဆီမှ ဤဆေးလုံးများထဲမှ တစ်လုံးကို အထူးဝယ်ယူထားခဲ့သည်။

“အဲ့ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ” လီစီးရီ ကြီးမားလှသော မြင်းတစ်ကောင်နှင့်အတူ ဘေးသို့ မောင်းနှင်လာခဲ့ပြီး အားမာန်ပြည့်ဝသော အသံဖြင့် မေးမြန်းလိုက်သည်။

အခြားလူများနှင့် နှိုင်းယှဉ်ပါက လီစီးရီ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် များစွာကြီးမားသော ဖိအားကို ထုတ်ဖော်နေခဲ့သည်။

“တင်ပြပါတယ်”

ကျယ်လောင်ပြီး အစောတလျင်ဖြစ်သော အသံသည် လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

အဖြူနှင့်အနက် ပျောက်ကျားမြင်းတစ်ကောင်ကို စီးနင်းနေသည့် ကင်းထောက်တစ်ယောက်သည် အဝေးမှနေ၍ ချီတက်လာနေခဲ့သည်။

ထိုကင်းထောက် အနီးသို့ ရောက်လာသောအခါ သူသည် မြင်းပေါ်မှဆင်းလိုက်ပြီး ဒူးထောက်လိုက်သည်။

“အရှင် တိဗက်မြင်းတပ် များစွာတို့ရဲ့ သဲလွန်စတွေကို ရှေ့မှာရှာတွေ့ခဲ့ပါတယ်။ သူတို့ရဲ့ အရေအတွက်က တစ်ထောင်ထက်ပိုတယ်”

ဘုန်း

ဤစကားများသည် လေထုထဲတွင် ပြောင်းလဲမှုတစ်ခုကို ချက်ချင်း ဖြစ်သွားစေခဲ့သည်။ လီစီးရီသည်ပင် ဝမ်ချောင်ကို သူကျင့်ကြံထားခဲ့သည့် နည်းစနစ်၏ အဆင့်မြင့်နှင့် ထူးခြားမှုအပေါ် မေးခွန်းထုတ်ရန် စိတ်ပါမနေတော့ပေ။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီရန်သူ စစ်သည်တွေ အကုန်လုံးက ဘယ်ကနေ လာခဲ့တာလဲ” လီစီးရီ မေးခွန်းထုတ်လိုက်၏။

တိဗက်များ မဟာထန် စစ်သည်များကို လိုက်လံဖမ်းဆီးခြင်းဖြင့် တာဝန်ပေးထားခံရသည့် စစ်သည်များသည် အလွန်ပြန့်ကျဲနေခဲ့ကြပေသည်။ ဆယ်ယောက်အုပ်စုများ၊ လူနှစ်ဆယ်အုပ်စုများ၊ လေးဆယ် သို့မဟုတ် ငါးဆယ်အုပ်စုများ ရာချီ အုပ်စုများ ရှိခဲ့ကြသော်လည်း သူတို့ရင်ဆိုင်ခဲ့ရသည့် အများဆုံးသည် သုံးရာ၊လေးရာ ရှိခဲ့ပြီး ဤလူများသည် ဒေသအနှံ့ ပြန့်ကျဲနေခဲ့ကြပေသည်။

တစ်ထောင်ထက် ကျော်လွန်သော အတူတကွ စုစည်းနေသည်ကို မြင်တွေ့ရသည်မှာ သာမာန် မဟုတ်ပေ။

တိဗက်များ အရေအတွက်ပင် တစ်ထောင်ထက် ပိုသွားသောအခါ သူတို့သည် အလယ်အလတ်အဆင့် ခံတပ်ချည်စက်ကွင်းကို ထုတ်ဖော်နိုင်ပြီး သူတို့၏ခံစစ်ကို ကြီးမားစွာ တိုးတက်သွားစေနိုင်သည်။ ပဲ့ထိန်းဒူးလေးကြီးများသည်ပင် သိပ်အသုံးဝင်မည် မဟုတ်ပေ။

ဤများပြားလှသော တိဗက်များကို ရင်ဆိုင်ရန်အတွက် မဟာထန်သည် တပ်သားခြောက်ထောင် ခုနှစ်ထောင် ပါဝင်သော စစ်တပ်တစ်ခု လိုအပ်လေ့ရှိပြီး သူတို့ကို တိုက်ပွဲချည်စက်ကွင်းရှိသည့် အဆင့်မြင့်အဆင့် စစ်သူကြီးတစ်ဦးက ဦးဆောင်ရပေမည်။

ဤအရာများသာ အလယ်အလတ်အဆင့် ခံတပ်ချည်စက်ကွင်းကို ရင်ဆိုင်နိုင်ပေသည်။

မဟာထန် တစ်ခုလုံးတွင် ဤအဆင့်ခံတပ် ချည်စက်ကွင်းကို အလွယ်တကူ ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသော တပ်သားများမှာ ကော်ရှု့ဟန်၏ ကြယ်ခုနှစ်ပွင့် စစ်တပ်၏လူများ ဖြစ်ကြသည်။

အခြားလူများအတွက် ၎င်းသည် သူတို့၏သွားများကို ကျိုးစေနိုင်သည့် အရိုးတစ်ခုဖြစ်သည်။

All Chapters