← Chapters

အခန်း (၄၉၆-၅၀၀)

Vol. 23 Ch. 496-500

အခန်း (၄၉၆-၅၀၀)

Vol. 23 Ch. 496-500

အခန်း(၄၉၆)

တင်းမာမှု၊ မီးကဲ့သို့လျှင်မြန်သွက်လက်ခြင်း

“လူအိုကြီးလင်းယုန်ငှက် တစ်ချက်သွားကြည့်လိုက်”

ဝမ်ချောင် တွေးလိုက်ကာ သူ့မျက်လုံးများ တွန့်ချိုးသွားခဲ့သည်။ ဤပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ရင်ဆိုင်တိုက်ပွဲတိုင်းကို အောင်မြင်ခဲ့ကာ အခြေခံအားဖြင့် အတိုက်အခံကို မတွေ့ခဲ့ရပေ။

၎င်း၏တစ်စိတ်တစ်ပိုင်းမှာ တိဗက်မြင်းတပ်သည် ပြန့်ကျဲနေပြီး စစ်ကူမရှိသောကြောင့် ဖြစ်သည်။ တစ်ခြားတစ်စိတ်တစ်ပိုင်းမှ တိဗက်များသည် သတိမရှိကြသေးသောကြောင့် ဖြစ်သည်။

သို့သော် အကယ်၍ တိဗက်များသည် အတူတကွ စုစည်းခဲ့ပါက ကိစ္စများသည် လုံးဝပြောင်းလဲသွားပေသည်။

ထို့ပြင် ...

သူသည် ထွက်ပြေးနေသော မဟာထန် စစ်သည်များမှ သူကြားခဲ့ရသည့် အချက်အလက်များကို သတိရလိုက်သောအခါ ဝမ်ချောင်သည် ဘာဖြစ်နေသည် ဆိုသည်ကို ဝိုးတဝါးအတွေးတစ်ခု ရလာခဲ့သည်။

ရွစ်..

လူအိုကြီးလင်းယုန်ငှက် သူ့လက်ကို မြှောက်လိုက်သောအခါ လေရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး သူ့ပုခုံးပေါ်ရှိ ကြီးမားလှသော လင်းယုန်ငှက်သည် ပျံသန်းလိုက်ကာ တိမ်များထက် ပျောက်ကွယ်သွားခဲ့သည်။

***

တစ်ချိန်ထဲမှာပင် လီဒါဇင်တော်တော်ဝေးဝေး၌ တိုက်ပွဲမြူခိုးများသည် စုဝေးနေခဲ့ကြသည်။ ကုန်းပြင်မြင့်၏ တောင်ပေါ်ဒေသ မြင်းများသည် စုဝေးနေခဲ့ကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်နေခဲ့ကြကာ ပတ်ပတ်လည်ကို ရံဖန်ရံခါ ကြည့်ရှု့နေခဲ့ကြသည်။

သူတို့၏ နောက်ကျောတစ်ခုချင်းစီပေါ်တွင် ရက်စက်သော တိဗက်မြင်းစစ်သည်များ ဖြစ်ကြ၏။

ဤနေရာသည် တိတ်ဆိတ်နေကာ တစ်ခါတစ်ရံ လေပြင်းများ ဝင်ရောက်နှောက်ယှက်နေခဲ့သည်။ ဤမြင်းစီးသမားများသည် ရံဖန်ရံခါ မြောက်ဘက်သို့ သတိကြီးစွာကြည့်ရန် သူတို့၏ခေါင်းများကို မြှောက်ကြပေလိမ့်မည်။

လေထုသည် နေရထိုင်ရခက်သော တင်းမာမှုဖြင့် ယှက်သန်းနေ၏။

“ဘာဖြစ်နေသလဲဆိုတာ မင်းအဖြေရှာလို့ ရပြီလား”

၎င်းသည် ဗြက်စောင်းကြိုး၏ တုန်ခါသံကဲ့သို့ အက်ကွဲကွဲအသံတစ်ခုဖြစ်သည်။ ၎င်းသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး စိတ်ထဲတွင် ပုရွက်ဆိတ်အုံကြီး ကိုက်ခဲနေသကဲ့သို့ ခံစားရကာ ၎င်းတွင် တိဗက်တို့၏ တမူထူးခြားသော လေသံဖြင့် ပေါင်းစပ်ပါဝင်နေခဲ့သည်။

“ဟုတ်ကဲ့ ထန်စစ်ကူတွေက မြောက်ဘက်မှာ ရုတ်တရက် ပေါ်လာခဲ့ပြီး သူမတူအောင် ကြောက်ဖို့ကောင်းတဲ့ အင်အားစုတစ်ခုဖြစ်တယ်။ မြောက်ဘက်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ အင်အားစုတွေ အကုန်လုံးက အခြေခံအားဖြင့် သုတ်သင်ခံခဲ့ကြရတယ်”

တစ်ဖက်လူ၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ယှက်သန်းနေခဲ့၏။

“မဖြစ်နိုင်တာ။ ငါတို့တိဗက် အနည်းဆုံးတစ်ရာရှိသရွေ့ ငါတို့က ခံတပ်ချီစက်ကွင်းကို ချက်ချင်း ထုတ်ဖော်နိုင်တယ်။ အဲ့ဒါနဲ့ ငါတို့ရဲ့ ထူထည်းတဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ တွဲလိုက်တဲ့အခါ ဘယ်သူက ငါတို့ရဲ့ အကာအကွယ်ကို ချိုးဖောက်နိုင်မှာလဲ။ ဒါ့အပြင် ငါတို့မှာ မြောက်ဘက်မှ စီယွမ်းလုရီ ရှိသေးတယ်မဟုတ်လား”

“စီယွမ်းလုရီက အသတ်ခံလိုက်ရပါပြီ”

အက်ကွဲကွဲအသံသည် ချက်ချင်း ရပ်တန့်သွားခဲ့ကာ ရှည်လျားပြီး နေရထိုင်ရခက်သော တိတ်ဆိတ်မှုက လိုက်ပါလာခဲ့သည်။ အသံပိုင်ရှင်သည် ဤရလဒ်ကို မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားလှ၏။

“ဒါက ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ”

“မကြာသေးခင်ကပါ”

“စီယွမ်းလုရီက အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ကိုးမှာ မဟုတ်ဘူးလား...”

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လူတွေက အဲ့ဒါကို ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ကြပါတယ်။ လူကောင်ကြီးကြီး ထန်တစ်ယောက်က တစ်ချက်ထဲနဲ့ စီယွမ်းလုရီကို သတ်ဖြတ်ခဲ့တယ်”

တစ်ယောက်သည် ထိုအသံထဲရှိ အလွန်လေးနက်သော ကြောက်ရွံ့မှုကို ကြားရနိုင်သည်။

စီးယွမ်းလုရီသည် အားကောင်းလှသော တိဗက်ကွပ်ကဲသူတစ်ယောက် ဖြစ်သော်လည်း သူသည် တစ်ချက်ထဲဖြင့် အသတ်ခံခဲ့ရသည်။ ဤသို့သော ခွန်အားသည် လုံးဝမယုံကြည်စရာ ကောင်းလှသည်။

တိဗက်မြင်းတပ်သည် ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး တဟုန်ထိုး ချီတက်တိုက်ခိုက်သူများထဲမှ တစ်ခုဖြစ်ပြီး မဟာထန်၏ ထုံးလျိုလက်ရွေးစင် မြင်းစီးသမားများထက်သာ နိမ့်ကျသည်။ သူတို့သည် အကယ်၍ ထိုလူကောင်ကြီးသည် ကျော်ကြားလှသော ထုံးလျိုမျိုးနွယ်မှ ဖြစ်ခဲ့ပါက နားလည်နိုင်သော်လည်း ထိုပုဂ္ဂိုလ်သည် ထန်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။

မဟာစစ်သူကြီးသည် မှားယွင်းခဲ့သည်လော။ ထန်သည် အတိတ်ကကဲ့သို့ အားကောင်းနေသေးသည်လော။ သူတို့သည် အမှန်ပင် မကျဆင်းခဲ့ကြသေးသည်လော။

သို့သော် ထန်တို့သည် အားဟိုင်ကမ်းခြေတွင် လုံးဝရှုံးနိမ့်သွားခဲ့ပြီ မဟုတ်လော။

ကြယ်ခုနှစ်ပွင့်စစ်တပ်၊ ပိုင်ထင်၊ အန်းရှီနှင့် မဟာထန်၏ အခြားပုံမှန် တပ်များအားလုံး ဖိနှိပ်ခံထားရသည် မဟုတ်လော။ မဟာထန်၏ ကုန်းတွင်းပိုင်း စစ်တပ်များသည် မည်သည့်အချိန်က ထိုမျှအားကောင်းလာခဲ့သနည်း။

“ဟမ် ဒန်ပါ့ မင်းက အဲ့ဒီထန်တွေကို အလွန်အမင်း ပိုတွက်ထားပြီး ကိုယ့်ဘက်ရဲ့စွမ်းအားကို အလွန်အမင်း လျော့တွက်နေတာပဲ”

ထိုအက်ကွဲကွဲအသံသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ သူ့လက်အောက်ငယ်သားကို အပြစ်တင်လိုက်သည်။ ဤသည်က ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသည့် ကွပ်ကဲသူတစ်ဦးဖြစ်ပြီး ထိုနီရဲနေသည့် ပါးများက သူ့မျိုးနွယ်၏ အကြီးမားသော သက်သေဖြစ်သည့် ကုန်းပြင်မြင့်၏ ထင်ရှားသော လက္ခဏာဖြစ်သည်။

တိဗက်များသည် ပုံမှန်အားဖြင့် အလယ်ပိုင်း လွင်ပြင်ဒေသထက် အနည်းငယ်ပုသော ခန္ဓာကိုယ်များ ရှိကြသော်လည်း ဤလူ၏ခန္ဓာကိုယ်သည် လုံးဝခြားနားပေသည်။ သူသည် အလွန်အမင်း ကြံ့ခိုင်ပြီး အရပ်မြင့်ကာ အလယ်ပိုင်းလွင်ပြင်ဒေသ၏ သာမာန်လူများထက် ခေါင်းတစ်လုံး ပိုမြင့်သည်။

ကြယ်တာရာစွမ်းအင် စီးကြောင်းများသည် စပါးအုံများကဲ့သို့ သူအရေပြားအောက်မှနေ၍ စီးဆင်းနေခဲ့ကြကာ သူသည် အံ့မခန်း အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။

သူနှင့်ပတ်သတ်၍ အထင်ရှားဆုံး အပိုင်းမှာ သူ့လက်ထဲရှိ ရွှေရောင်သတ္ထုလက်အိတ် တစ်စုံဖြစ်သည်။ သူတို့သည် မယုံနိုင်စရာကောင်းလောက်အောင် လေးလံပြီး စွမ်းအားဖြင့် ပြည့်နှက်နေပုံရသည်။

“ထန်တွေက ဒီလိုကြောက်ဖို့ကောင်းမယ်လို့ ငါမယုံဘူး။ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ဆက်ပြီးစုစည်း။ ငါ လီရာချီအချင်းဝက်အတွင်းမှာရှိတဲ့ တိဗက်တွေအကုန်လုံးကို ဒီနေရာမှာ အတူတကွ စုစည်းစေချင်တယ်”

“ဟုတ်ကဲ့ပါအရှင်”

ဒန်ပါ့သည် သူကွပ်ကဲသူ၏ ဒေါသကြောင့် တုန်လှုပ်သွားခဲ့ပြီး လျှင်မြန်စွာ ခေါင်းငုံ့လိုက်သည်။ တိဗက်များသည် ထန်ထက်ပင်ပို၍ အထက်အောက် အမိန့်ပေးမှုကို တင်းကြပ်စွာ ပြဠာန်းထားခဲ့သည်။ သူသည် ဒုတိယကွပ်ကဲသူဖြစ်သော်လည်း သူကွပ်ကဲသူကို ပေါ့တန်စွာ အပြစ်မပြုရဲခဲ့ပေ။

“အရင်ဆုံး ဒီထန်တစ်ထောင်ကို သတ်ဖြတ်ရမယ်။ အဲ့ဒါပြီးရင် ငါတို့မဟာထန် တပ်မှူးချုပ်ရှု့ကို ရင်ဆိုင်မယ်။ အန်းနန်ကာကွယ်ရေးတပ် အဆုံးသတ်သွားခဲ့တာကြောင့် အနောက်တောင်ဘက်မှ ငါတို့ကို ခုခံနိုင်တဲ့ တစ်ယောက်ယောက် ရှိအုံးမယ်လို့ ငါမယုံဘူး”

တိဗက်ကွပ်ကဲသူသည် အေးစက်စွာ ပြောလိုက်သည်။

တိဗက်များသည် မြင့်မြတ်ပြီး အားကောင်းကြ၏။ ထိုမဟာထန်များကြောင့် ရှုံးနိမ့်သွားခဲ့သည့် မြောက်ဘက်ရှိ ထိုတိဗက်များသည် မည်သည့် အစစ်အမှန် ပြိုင်ဘက်ကိုမျှ မကြုံတွေ့ခဲ့ကြပေ။

သူသည် အနောက်တောင်ဘက်တွင် သူ့ကိုဆန့်ကျင်နိုင်သည့် တစ်ယောက်ယောက် ရှိမည်ဆိုသည်ကို လုံးဝမဖြစ်နိုင်ဟု တွေးထားခဲ့သည်။

“ချိုတွေမှုတ်လိုက်။ ဒီကျန်တဲ့ ထန်စစ်သည်တွေ လုံးဝရှင်းလင်းသွားတာကို ငါလိုချင်တယ်”

“ဟုတ်ကဲ့ပါအရှင်”

***

ဘူးးးး...

တခဏကြာပြီးနောက် တိဗက်မြင်းစီးသူ တစ်စီတစ်တန်းသည် သူတို့၏ ကြီးမားလှသော အဖြူရောင် ချိုများကို ထုတ်ယူလာကြပြီး လီတစ်ရာအဝေးအထိ ကြားရနိုင်သည်အထိ ကျယ်လောင်စွာ မှုတ်လိုက်ကြသည်။

ဤသည်က တိဗက်နွားရိုင်းဖြူ၏ ချိုများဖြစ်၏။

တိဗက်များသည် မည်သည့်နေရာတွင် ရှိနေကြပါစေ သူတို့အားလုံး တိဗက်နွားရိုင်းဖြူ၏ ချိုက သူတို့အတွက် စုစည်းရန် အချက်ပြမှုဖြစ်သည်ကို သိကြပေသည်။

ဤသည်က တိုက်ပွဲအတွက် အစပျိုးမှုဖြစ်၏။

***

“တင်ပြပါတယ် တိဗက်ကင်းထောက်တွေကို ရှေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်”

ထွားထွားကြိုင်းကြိုင်း မဟာထန် ကင်းထောက်တစ်ယောက်သည် သူ့မြင်းကို အပြင်းနှင်လာခဲ့ပြီး သူ့ခါးကို အနည်းငယ် ကိုင်းလိုက်သည်။ သူ၏ရုတ်တရက် အသံသည် ယခင်က တည်ငြိမ်မှုကို ချက်ချင်းပြိုကွဲသွားစေခဲ့၏။

ဝမ်ချောင်သည် မြင့်မားလှသော တစ်ပန်းသာသည့် နေရာတွင် တင်ပြင်ခွေ ထိုင်နေခဲ့ကာ သူ့စွမ်းအင်ကို ပြုပြင်နေခဲ့သည်။ နောက်တွင် လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးယိတို့သည် စစ်သည်အခြွေအရံများကဲ့သို့ မတ်တပ်ရပ်၍ စောင့်ကြပ်နေခဲ့ကြသည်။

ဝမ်ချောင်၏ မျက်ခွံများ လှုပ်ခတ်သွားခဲ့ကာ သူဖြေးညှင်းစွာ သူ့မျက်လုံးကို ဖွင့်လိုက်၏။

'ဘယ်လောက်တောင် မြန်လိုက်သလဲ။'

ဝမ်ချောင် သူ့ဘာသာ ရေရွတ်လိုက်၏။ ထိုတိဗက်များတွင် သူတို့အထဲ၌ အမှန်ပင် ကျွမ်းကျင်ပညာရှင် အချို့ရှိပေသည်။ သူတို့သည် ဟော့ရှုဟွိုင်ချန် အဆင့်တွင် မရှိခဲ့ကြသော်လည်း ကင်းထောက်များကို စေလွှတ်ပြီး သူတို့ကို ရှာတွေ့သည့် အမြန်နှုန်းသက်သက်က ဝမ်ချောင်သည် သူကတော်တော်လေး ကောင်းမွန်သော ကွပ်ကဲသူတစ်ယောက်ကို ရင်ဆိုင်နေရကြောင်း ပြောနိုင်ပေသည်။

မည်သည့်အဆင့်တွင် ရှိသည်ဆိုသည်နှင့် ပတ်သတ်၍ ထိုသည်မှာ သူတို့နောက်ထပ် မည်သို့တုန့်ပြန်မည် ဆိုသည့်အပေါ် မှီခိုပေလိမ့်မည်။ ခြားနားသော တုန့်ပြန်မှုများသည် ခြားနားသော အဆင့်များကို ညွှန်ပြပေလိမ့်မည်။

မဟာထန်၏ တိုက်ပွဲသူတော်စင် အနေဖြင့် သူသည် အသေးစိတ်ကျသော အချက်အလက် များစွာမှနေ၍ သူ့ပြိုင်ဘက်၏ အဆင့်ကို ဆုံးဖြတ်နိုင်ပေသည်။

“ဆက်ပြီး စောင့်ကြည့်နေပါ”

ဝမ်ချောင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ကာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါအရှင်”

ထိုကင်းထောက်သည် သူ့မြင်းပေါ်မှနေ၍ ဦးညွှတ်လိုက်ပြီးနောက် သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် လျှင်မြန်စွာ ထွက်သွားခဲ့သည်။

“... ငါတို့တောင်ဘက်ကို ဆက်သွားနေသရွေ့ ငါတို့က ဒီလိုမျိုး ပိုပြီးပိုပြီး များပြားတဲ့ လူတွေနဲ့ ဆုံရလိမ့်မယ်”

လူအိုကြီးလင်းယုန်ငှက်၏ ရင်းနှီးနေသော အသံတစ်ခုသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ လူအိုကြီးလင်းယုန်ငှက်သည် ထိုစစ်ဖက် ထောက်လှမ်းသူကို ကြည့်ရှု့နေခဲ့ပြီး သူ့မျက်လုံးထဲတွင် အသိစိတ်လွတ်နေသည့်ပုံစံ ရှိနေခဲ့သည်။

ရန်သူ၏ လှုပ်ရှားမှုများကို လျှင်မြန်စွာနှင့် ရှင်းလင်းစွာ စုံစမ်းခြင်း၊ အလွန်အမင်း ဖြတ်လတ်သည့် ဉာဏ်ရည်၊ လေကဲ့သို့ ပျံသွားပြီး လာနိုင်ခြင်း ဤအရာများက ထိုကလန် ကျွမ်းကျင်သူများ ဘယ်တော့မှ မရှိနိုင်သည့် အရည်အချင်းများ ဖြစ်ကြသည်။

ဝမ်ချောင် မြို့တော်တွင် ငှားရမ်ခဲ့သည့် ထိုကျွမ်းကျင်သူများနှင့် လုပ်ကြံသူများသည်ပင် ၎င်းကို ပြုလုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

စစ်တပ်မှ ကင်းထောက်များသည် လုံးဝခြားနားသော အမျိုးအစားများ ဖြစ်ကြသည်။

အမှန်တကယ် အတွေ့အကြုံရှိသော ကင်းထောက်များသည် ရန်သူကို စောင့်ကြည့်နေစဉ် သူတို့ကိုယ်သူတို့ ပုန်းကွယ်ရန် ရှု့ခင်းကို အသုံးပြုနိုင်ကြပေလိမ့်မည်။ သူလင်းယုန်ငှက်များသည်ပင် ဖော်ထုတ်နိုင်မည် မဟုတ်သည့် ကင်းထောက်အချို့ ရှိကြပေ၏။

ကင်းထောက်များသာ ကင်းထောက်များနှင့် ရင်ဆိုင်နိုင်ပေသည်။

ထို့ပြင် အတွေ့အကြုံ ကြွယ်ဝသည့် ကင်းထောက်တစ်ယောက်ကို ရင်ဆိုင်ရန် လူတစ်ယောက်သည် အလားတူ အတွေ့အကြုံရှိသည့် ပြိုင်ဘက်တစ်ယောက်ကို လိုအပ်ပေသည်။

သူ့စကားမပြောနိုင်မီ သူ့ညာဘက်မှနေ၍ အားအင်ပြည့်ဝသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“တပ်ထဲမှာရှိတဲ့ စစ်သားတစ်ယောက်က သူတို့ရဲ့ အမိန့်တွေကို တင်းကြပ်စွာ လိုက်နာရပြီး သူတို့ရဲ့ တာဝန်တွေကို ပြီးပြည့်စုံစွာ ထမ်းဆောင်ရတယ်။ သူက သူ့တာဝန်တွေကို လိုက်နာနေရုံပဲ။ ဘာမှမဟုတ်ဘူး”

လီစီးယိ လူအိုကြီးလင်းယုန်ငှက်၏ ချီးကျူးသည့် သက်ပြင်းကြောင့် စိတ်မလှုပ်ရှားသွားခဲ့ပေ။

သူသည် တပ်ထဲမှဖြစ်ပြီး ပိုင်ထင်ဒေသမှဖြစ်ကာ ထိုနေရာတွင် တိုင်းတစ်ပါးများသည် နွားတစ်ကောင်ပေါ်ရှိ အမွှေးများကဲ့သို့ အရေအတွက် များပြားကြသည်။ ရန်သူကို ထောက်လှမ်းပြီး ကိုယ့်ကိုယ်ကိုယ် ပုန်းကွယ်နေပြီး ၎င်းတို့၏ အင်အားစုများကို ဖော်ထုတ်ခြင်းက အခြေခံ စွမ်းရည်ဖြစ်သည်။

ပိုင်ထင်တွင် ဤအဆင့်ရှိသော ကင်းထောက်များစွာ ရှိကြပေ၏။

မြက်ခင်းထူထပ်သော လွင်ပြင်များပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ခြင်းက လွယ်ကူသည့် တာဝန်မဟုတ်ကြောင့် ထောက်ပြရပေမည်။ လူအိုကြီးလင်းယုန်ငှက်သည် ပြစ်မှုထမ်းငှာနတွင် အလုပ်လုပ်ခဲ့ဖူးသော်လည်း သူသည် စစ်မြေပြင်သို့ ဘယ်တုန်းကမှ မရောက်ခဲ့ဘူးပေ။

အသေးအဖွဲ အရာများကြောင့် ဤသို့သော စိတ်လှုပ်ရှားစွာ သက်ပြင်းချခြင်းသည် အံ့အားသင့်မှုကို ဖော်ပြနေခြင်းဖြစ်သည်။

ဝမ်ချောင်မတက်နိုင်ဘဲ သူတို့၏ ဆွေးနွေးမှုကြောင့် ပြုံးလိုက်မိ၏။ ဤနှစ်ယောက်သည် မတူညီသော နယ်ပယ်များတွင် ကျွမ်းကျင်ကြပြီး ဤသို့သော အံ့အားသင့်မှုကို ခံစားရခြင်းမှာ တော်တော်လေး သာမာန်ဖြစ်ပေသည်။

သို့သော် ဝမ်ချောင် သေချာနိုင်သည့် အရာတစ်ခုရှိပေ၏။ ဝမ်ချောင်၏ ကွပ်ကဲမှုတွင် ပုံမှန်ခြေလျှင်တပ်နှင့် မြင်းတပ်အရေအတွက်သည် ပိုပို၍ ကြီးမားလာနေခဲ့သည်။

သူသည် မြောက်ဘက်နယ်စပ်ရှိ ပြန့်ကျဲနေသော တိဗက်မြင်းတပ်ကို ဆက်လက် ရှင်းလင်းနေခဲ့သောကြောင့် သူသည် သူ့အလံအောက်တွင် ပို၍ပို၍ များပြားသော မဟာထန်စစ်သည်များကို ရရှိလာခဲ့ပေသည်။ လက်ရှိတွင် ဝမ်ချောင်၌ ယခင်လီကျန်းရီ၏ စစ်တပ်မှ ခြေလျှင်နှင့်မြင်းတပ် ခြောက်ရာ သို့မဟုတ် ခုနှစ်ရာ စုစည်းနေခဲ့သည်။

ထို့ပြင် သူသည်လည်း ပို၍ပို၍ များပြားသော အထောက်အပံ့များကို ရရှိလာနေခဲ့၏။

ယခုအခါ ဝမ်ချောင်တွင် လေးလံသော ပဲ့ထိန်းဒူးလေးကြီး ဆယ်ခုကျော် ရှိပြီဖြစ်သည်။

ဤလေးလံသော ပဲ့ထိန်းဒူးလေး တစ်ခုချင်းစီသည် တန်ဖိုးဖြတ်မရနိုင်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း မဟာထန်သည် တိုင်းတစ်ပါး တိုင်းပြည်များကို စိတ်ဓာတ်ကျဆင်းရန်နှင့် လောကကြီးကို လွှမ်းမိုးရန် အတိအကျပင် ဤပဲ့ထိန်းဒူးလေးကြီးများအပေါ် အားထားခဲ့ပေသည်။

ဤလေးလံသော ပဲ့ထိန်းဒူးလေးကြီးသည် မဟာထန်၏ လက်ရှိဂုဏ်သတင်းကို မနည်းလှသော အစိတ်အပိုင်းတစ်ရပ်မှ ပံ့ပိုးခဲ့ပေသည်။

အသေးအဖွဲ ကိစ္စများကြောင့် စကားများနေရသည့် ထိုနှစ်ယောက်ကို လျစ်လျူရှု့လိုက်ကာ ဝမ်ချောင် မတ်တပ်ရပ်လိုက်ပြီး လမ်းလျှောက်လိုက်သည်။

“သခင်လေး”

လီစီးယိနှင့် လူအိုကြီးလင်းယုန်ငှက်တို့ အေးခဲသွားခဲ့ကာ သူ့နောက်သို့ မြန်မြန်လိုက်ပါလာခဲ့သည်။

တစ်ပန်းသာသော မြင့်မားသည့် နေရာနောက်ရှိ ကျန့်တစ်ရာတွင် လူများအုံ့အုံ့ကြွကြွ ဖြစ်နေခဲ့သည်။

ဝမ်ချောင် စုဆောင်းခဲ့သည့် ကလန်ကျွမ်းကျင်သူ တစ်ထောင်တို့သည် လက်ရှိတွင် မဟာထန်စစ်သားခြောက်ရာ သို့မဟုတ် ခုနှစ်ရာဖြင့် လေ့ကျင့်နေခဲ့ကြသည်။

ကလန်ကျွမ်းကျင်သူများသည် လုံလောက်သော ခွန်အားများ ရှိကြသော်လည်း သူတို့သည် စစ်ရေးစည်းကမ်းများနှင့် သူတို့၏ ရဲဘော်များနှင့် စည်းလုံးစွာ တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့နေခဲ့သည်။

ဝမ်ချောင်သည် ယခင်ကသူတို့ကို လေ့ကျင့်ပေးခဲ့သော်လည်း မလုံလောက်ခဲ့သေးပေ။

သို့သော် ယခုအခါ ဤတကယ့်စစ်သားများ ရောက်ရှိလာခြင်းနှင့်အတူ ငါးခူသက်ရောက်မှုကို ယူဆောင်လာခဲ့သောကြောင့် ကျောက်စိမ်းရိုင်းသံမဏိဓား ဆင်ယင်ခံထားရသည့် ဤလူတစ်ထောင် စစ်တပ်သည် လျှင်မြန်စွာ ညီညွှတ်သော တပ်ဖွဲ့တစ်ခု ဖြစ်လာနေခဲ့သည်။

စစ်တပ်တစ်ခု၏ အရှိန်အဝါသည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် လျှင်မြန်စွာ အကောင်အထည် ပေါ်လာနေခဲ့၏။ သူတို့သည် လူတစ်ထောင် ကျွမ်းကျင်သူ အုပ်စုမျှ မဟုတ်ကြတော့ပေ။

ခြားနားမှုသည် နေ့နှင့်ညကဲ့သို့ ဖြစ်၏။

ဤတကယ့်စစ်သားများကို အသုံးချ၍ ဝမ်ချောင်သည် လက်ရှိတွင် လူတစ်ထောင်ပါသော လက်ရွေးစင်တပ်ကို လေ့ကျင့်ပေးနေပေသည်။

“လီစီးယိ... ကျောက်ကျင်းတန် ပြီးတဲ့အခါ မင်းအလှည့် ရောက်လာလိမ့်မယ်။ မင်းက လေ့ကျင့်မှုရဲ့ ဒုတိယအဆင့်ကို တာဝန်ယူရလိမ့်မယ်”

ဝမ်ချောင် ပြောလိုက်၏။

“ဟုတ်ကဲ့ပါသခင်လေး”

လီစီးယိ ခေါင်းငုံ့လိုက်ပြီး လေးစားသည့် ဦးညွှတ်မှုတစ်ခု ပေးလိုက်ကာ ထို့နောက်သူသည် လှည့်လိုက်ပြီး လေ့ကျင့်နေသည့် တပ်သားများဆီသို့ သွားလိုက်သည်။

ဤသို့သော အရာတစ်ခုသည် ဓားသွားဖယ်ရှားခြင်း အိမ်တော်တွင် ပထမဆုံးပေါ်လာသည့် ကြမ်းကြုတ်သော လီစီိးယိအဖြစ် စိတ်ကူးကြည့်ရန် ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။ ဝမ်ချောင်သည် သူ၏လေးစားမှုကို ရရှိခဲ့ပြီးဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

ဝမ်ချောင်သည် လက်ရှိတွင် ကျောက်ကျင်းတန်၏ တိုက်ပွဲအနုပညာပါရမီ၊ လီစီးယိ၏ အားကောင်းလှသော ခွန်အားနှင့် စစ်သား၏ အရှိန်အဝါ အပါအဝင် ဤစစ်တပ်ကို မြင့်တင်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုနေခဲ့သည်။

တောင်ဘက်သို့သွားသည့် လမ်းပေါ်တွင် မည်သည့်အရာ စောင့်ကြိုနေမည်နှင့် ပတ်သတ်၍ ဝမ်ချောင်သာ အမှန်တကယ် သိပေသည်။ အနောက်တောင် စစ်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲရန် ပြီးပြည့်စုံသော ကျွမ်းကျင်မှုတစ်ခု လိုအပ်ပေလိမ့်မည်။

အချိန်သည် ကုန်ဆုံးသွားခဲ့ပြီး နှစ်နာရီကြာပြီးနောက် ဝမ်ချောင်က သူ့စစ်တပ်ကို လေ့ကျင့်နေသေးချိန်...

“တင်ပြပါတယ် ရန်သူစစ်တပ်က ချီတက်လာနေပါတယ်”

“တင်ပြပါတယ် ရန်သူတပ်က ကျွန်တော်တို့ နေရာကနေ လီငါးဆယ်အောက်မှာပါ”

“တင်ပြပါတယ် အဲ့ဒါက တိဗက်တွေပဲ။ သူတို့က ကျွန်တော်တို့ဆီကို အရှိန်အပြည့်နဲ့ ချီတက်လာနေပါတယ်”

***

တခဏမျှအတွင်းမှာပင် စစ်ဘက်ထောက်လှမ်းသူ အတော်များများ သစ်တောထဲမှ ဒုန်းဆိုင်းထွက်လာခဲ့ပြီး မြေပေါ်သို့ခုန်ချကာ ဒူးထောက်လိုက်ပြီး သူတို့၏ တင်ပြချက်များကို ပေးလိုက်ကြသည်။

လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်အချို့က လေဟာနယ်ကို လှဲကျင်းသွားသကဲ့သို့ ကမ္ဘာလောကတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့ကာ မြင်းများနှင့် လူများအားလုံး ငြိမ်သက်သွားခဲ့ကြသည်။

လူတိုင်းသည် ဝမ်ချောင်ဆီသို့ ကြည့်လာနေခဲ့ကြပြီး လေထုသည် ချက်ချင်း တင်းမာသွားခဲ့၏။

'မြန်လွန်းတယ်။'

ထိုစစ်တပ်သည် လူတိုင်း တွေးထင်ထားခဲ့သည်ထက် များစွာ မြန်ဆန်ခဲ့ပေသည်။

*********************

အခန်း(၄၉၇)

ဆွေးနွေးမှု ပထမဆုံးတိုက်ခိုက်ခြင်း

“ဒီတစ်ခါ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ”

ဝမ်ချောင်သည် မူလက မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့သော်လည်း တင်ပြချက်များကို ကြားလိုက်ရသည်နှင့် သူသည် ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ကာ သူ့မျက်လုံးများမှ ရက်စက်သည့် အလင်းရောင်များ ပေါ်လာနေခဲ့သည်။ သူသည် ဤရန်သူစစ်တပ်အကြောင်းကို သိရှိခဲ့ပြီးဖြစ်သည်။

ကင်းထောက်များ၏ နယ်ပယ်သည် အလွန်ကျယ်ပြောလှသည်။

စံပြစစ်ဖက်ကင်းထောက် တစ်ယောက်သည် ကြီးမားလှသော နယ်မြေတစ်ခုကို လွှမ်းခြုံနိုင်သည်။ သူတို့သည် တပ်ဖွဲ့၏ အလယ်ဗဟိုမှ အနည်းဆုံး လီတစ်ရာအဝေးတွင် ရှိလေ့ရှိကြပြီး သူတို့က ပိုဝေးလေလေ ပိုကောင်းလေလေဖြစ်သည်။

သူတို့သည် တပ်၏မျက်စိနှင့်နားများ ဖြစ်ကြပေ၏။

ဝမ်ချောင်သည် ဤတိဗက်စစ်တပ်က အစပိုင်းတွင် လီရာချီအဝေး၌ ရှိနေခဲ့သည်ကို သေချာပေသည်။ သို့သော် နှစ်နာရီမျှအတွင်း သူတို့သည် လီငါးဆယ်အဝေးပင် မရှိတော့သည်အထိ ရုတ်တရက် ချီတက်လာနိုင်ခဲ့ကြသည်။

ဤသည်က သာမာန် ကွပ်ကဲသူတစ်ယောက် ပြုလုပ်နိုင်သည့် အရာမဟုတ်ပေ။

သူ့စိတ်ထဲတွင် သူရင်ဆိုင်နေရသည့် တိဗက်များသည် အလွန်တက်ကြွပြီး ရန်လိုသော တပ်ဖွဲ့တစ်ခု ဖြစ်ကြသည်မှာ သံသယမရှိတော့ပေ။

မြင်းတပ် ချီတက်မှုများသည် လိုက်လျောညီထွေ ရှိမှုနှင့် အလစ်အငိုက်ဖမ်းခြင်းကို အမြဲအလေးပေးလေ့ ရှိသည်။

မြင်းတပ်ကို ဦးဆောင်ရာတွင် ကျွမ်းကျင်သည့် ကွပ်ကဲသူတစ်ယောက်သည် သာမာန်လူတစ်ယောက် ဖြစ်လိမ့်မည်မဟုတ်ပေ။

“တစ်ချက် သွားကြည့်ကြစို့”

ဝမ်ချောင် မြင်းပေါ်တက်လိုက်ပြီး ထိုတိဗက်စစ်တပ်ထံသို့ ဒုန်းဆိုင်းလိုက်ကာ သူ့နောက်တွင် ဖုန်မှုန့်တန်းကြီး ချန်ရစ်ခဲ့သည်။

အနီးဆုံး တောင်ကုန်းထိပ်တွင် ဝမ်ချောင်၊ လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့သည် သိပ်သည်းပြီး ခမ်းနားထည်ဝါသော ထိုဝူရှန်းစစ်တပ်ကို တွေ့လိုက်ရသည်။

ထိုတပ်သည် အနက်ရောင် ခါးပတ်တစ်ခုကဲ့သို့ မိုးကုတ်စက်ဝိုင်းအထိ အဆုံးမဲ့စွာ ဆန့်တန်းနေခဲ့သည်။ သို့သော် ၎င်းသည် လှုပ်ရှားမှုကင်းမဲ့ပြီး ၎င်း၏ တပ်သားတစ်ထောင်ကျော်ထဲမှ လူတစ်ယောက်မျှ ဆူညံသံတစ်ခုကိုပင် မပြုလုပ်နေခဲ့ပေ။

ဤမြင်ကွင်းသည် လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ကို မျက်ခုံးများ မြင့်တက်သွားစေခဲ့သည်။

“ဒီတပ်က တစ်ထောင်ကျော်တယ်”

“အနည်းဆုံး သုံးထောင်ပဲ။ ကင်းထောက်တွေက ဘာလို့ တစ်ထောင်ပဲရှိတယ်လို့ ပြောခဲ့တာလဲ”

...

လီစီးရီနှင့် လူအိုကြီးလင်းယုန်ငှက်တို့တွင် တော်တော်လေး ဆိုးရွားသော အမူအရာများ ရှိနေခဲ့ကြသည်။ လေးလံသော မြင်းတပ်၏ခွန်အားသည် ခြေလျင်တပ်ထက် သာလွန်ပေသည်။ မြင်းစစ်သည် သုံးထောင်ပါဝင်သော တိဗက်မြင်းတပ်သည် သူတို့အရေအတွက်ထက် သုံးဆ၊ လေးဆဖြင့် တိုက်ခိုက်နိုင်ပေသည်။

ဤသည်ကလည်း တိဗက်အင်အားစုသည် တပ်သားတစ်သောင်း ပါဝင်သော တပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရန် လုံလောက်နေခဲ့ပြီဟု ဆိုလိုပေသည်။

ပို၍အရေးကြီးသည်မှာ တိဗက်များသည် အရေအတွက်များတွင် များစွာအားကောင်းကြပေသည်။

တိဗက်မြင်းစစ်သည် တစ်ထောင်ပါဝင်သော လေးလံသည့် မြင်းတပ်သည် အလယ်အလတ်အဆင့် ခံတပ် ချည်စက်ကွင်းတစ်ခုကို ထုတ်ဖော်နိုင်ပြီး ၎င်းတို့၏ ခုခံကာကွယ်မှုကို ကြီးစွာ တိုးတက်စေနိုင်သည်။

မြင်းစစ်သည် သုံးထောင်ပါဝင်သော တိဗက်မြင်းတပ်မှာ...

ဤအဆင့် ခံတပ်ချည်စက်ကွင်းသည် မဟာထန်စစ်တပ် တစ်ခုအပေါ် ကြီးမားသော ဖိအားတစ်ခု ဖြစ်စေရန် လုံလောက်ပေသည်။ ၎င်းကို ရင်ဆိုင်မည့် သက်ရောက်မှုရှိသော နည်းလမ်းတစ်ခု မရှိဘဲ ဤသို့သော စစ်တပ်တစ်ခုသည် ၎င်းတို့၏ အင်အားစုများကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ရရှိရန် သေချာပေသည်။

“သခင်လေး”

ဤအခိုက်တွင် လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့သည်ပင် ဝမ်ချောင်ကိုသာ ကြည့်လိုက်မိကြသည်။ သူတို့သည် သူ၏သစ္စာရှိသော ရဲဘော်ရဲဘက်များ ဖြစ်ကြသော်လည်း ဝမ်ချောင်တစ်ယောက်သာ ဤအင်အားစုကို ကွပ်ကဲခဲ့ပေသည်။

“မစိုးရိမ်ပါသေးနဲ့ ကိစ္စတွေက အဲ့လောက်မရိုးရှင်းဘူး” ဝမ်ချောင် ကရုမစိုက်စွာ ပြောလိုက်သည်။

“သူတို့ရဲ့အင်အားစုတွေက အဲ့မှာရပ်နေခဲ့ကြပြီး မလာခဲ့တာကို မင်းတို့မမြင်ကြဘူးလား”

ထိုနှစ်ယောက်သည် အံ့အားသင့်သွားခဲ့ကြကာ ဤသည်က အမှန်တကယ် ဖြစ်သည်ကို နားလည်သွားခဲ့ကြသည်။

“သူတို့အတွက် အချိန်ကို အကန့်အသတ်အထိ တွန်းပို့ဖို့ လီခြောက်ဆယ်က လုံလောက်တဲ့ အကွာအဝေး တစ်ခုဖြစ်ပြီး တိဗက်ကုန်းပြင်မြင့်ပေါ်ကနေ သူတို့ပြေးဆင်းလာတာထက် မနိမ့်ကျတဲ့ သက်ရောက်မှုတစ်ခု ဖြစ်တယ်။ တကယ်လို့ဒါက မြေပြန့်တစ်ခုဖြစ်ခဲ့ရင် သူတို့က ချီတက်လာခဲ့ပြီး ဖြစ်လိမ့်မယ်” ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့အဆင့်တွင် သူ့ကိုလှုပ်ရှားစေနိုင်သည့်အရာ အနည်းငယ်သာ ရှိပေသည်။

“မင်းဘာကိုဆိုလိုတာလဲ”

လီစီးရီ ခေါင်းကုပ်လိုက်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူသည် သူ့ဆီသို့ များပြားလှသော ရန်သူများ ချီတက်လာနေခဲ့ကြသည်ကို ကြောက်ရွံ့မည် မဟုတ်သော်လည်း သူသည်အမှန်ပင် နည်းဗျူဟာနှင့် တွက်ချက်မှု၌ မကျွမ်းကျင်ခဲ့ပေ။

“အဲ့ကိုကြည့်လိုက် အဲ့ဒါက တောအုပ်တစ်ခုမဟုတ်လား”

ဝမ်ချောင်၏ စကားများသည် ထိုနှစ်ယောက်ကို အိမ်မက်မှ လန့်နိုးသွားစေပုံရ၏။

လီစီးရီနှင့် လူအိုကြီးလင်းယုန်ငှက်တို့ ချက်ချင်း နားလည်သွားခဲ့ကြသည်။ အနောက်တောင်ဘက်သည် သေးငယ်သော တောင်ကုန်းလေးများဖြင့် ဖွဲ့စည်းထားသည့် မြေနိမ့်ပိုင်းဖြစ်သည်။

၎င်းသည် သိပ်မပြန့်ပြူးခဲ့ပေ။ ပို၍အရေးကြီးသည်မှာ သူတို့၏ လေ့ကျင့်ရေးနေရာနှင့် တိဗက်စစ်တပ်ကြား စိမ်းစိုသော တောအုပ်တစ်ခု ရှိနေခဲ့သည်။

ဤနေရာရှိ သစ်ပင်များသည် အတူတကွ နီးကပ်စွာ ကြီးထွားခဲ့ကြသောကြောင့် မည်သည့် မြင်းတပ် ချီတက်မှုကိုမဆို ကြီးစွာကန့်သတ်သွားလိမ့်မည်မှာ ထင်ရှားလှသည်။ မြင်းတပ်ချီတက်မှု တစ်ခုသည် လုံးဝရပ်တန့်သွားရလိမ့်မည်မှာ အလွန်ပင် ဖြစ်နိုင်ပေသည်။

ဤသည်မှာ တိဗက်များသည် ၎င်းတို့၏ ချီတက်မှုကို ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည့် အကြောင်းအရင်း ဖြစ်သည်။

“ငါဒါကို လီကျန်းကျီကို ချီမွန်းရမယ်”

ဝမ်ချောင် ဤသစ်တောကို ကြည့်လိုက်ကာ တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ အနောက်တောင်ဘက်၏ မြေမျက်နှာသွင်ပြင်သည် ရှုပ်ထွေးလှ၏။ ၎င်း၏ ကြီးမားလှသော ပမာဏသည် လူနေထိုင်ခဲ့သော်လည်း ၎င်း၏ တော်တော်လေး သိသာသောအပိုင်းသည် မြေရိုင်းဖြစ်နေဆဲဖြစ်သည်။

အားလုံးပြီးနောက် ဤနေရာသည် တိုင်းပြည်၏ ကုန်းတွင်းပိုင်းကဲ့သို့ ကြွယ်ဝပြီး လူဦးရေ မထူထပ်ခဲ့သေးပေ။

လီကျန်းကျီ၏ ချီတက်မှုတွင် သူသည် တရားဝင်လမ်းများကို အသုံးပြုခဲ့သော်လည်း သူသည် မြို့များနှင့် ရွာများကိုလည်း ရှောင်ရှားခဲ့ပေသည်။

ပြည်သူများကို အနှောက်အယှက်မပြုရန် တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သော်လည်း ၎င်းသည် တိဗက်စစ်တပ်ကို လူထူထပ်သည့် နေရာများမှ အဝေးသို့ ရောက်သွားစေခဲ့ပြီး ပြည်သူများကို မြေစာပင်ဖြစ်ခြင်းမှ ကာကွယ်ထားခဲ့သည်။

သာမာန်အခြေအနေများတွင် တိဗက်များသည် အတင်းအဓမ္မ လုယက်ရန် အခွင့်အရေးတစ်ခုကို ဘယ်တော့မှ လက်လျော့ခဲ့ကြလိမ့်မည် မဟုတ်သော်လည်း ကဲလျိုဖန်း ပေးထားခဲ့သည့် လမ်းပြများက ထိုသို့ပြုလုပ်ရန် ၎င်းတို့၏ အခွင့်အရေးများကို ကန့်သတ်ထားခဲ့သည်။

တစ်ချိန်ထဲမှာပင် ခြင်္သေ့မြို့တော်၏ တည်ရှိမှုက လက်ရွေးစင်ရှစ်သောင်းကို ရှင်သန်စေခဲ့သည်။

ဟော်ရှု့ဟွမ်ချမ်းသည် သူ့ရန်သူများကို တိုက်ခိုက်ရန် စိတ်အားထက်သန်သောကြောင့် လီကျန်းကျီကို အနိုင်ယူပြီးနောက် သူသည် သူ့တပ်အများစုကို အားဟိုင်သို့ ပြန်လည်ဦးဆောင်သွားခဲ့ပြီး ထို့ကြောင့် ပြည်သူများကို အထိအခိုက် နည်းစေခဲ့သည်။

သို့သော် ဝမ်ချောင်သည် ဤအရာအားလုံးက ယာယီဖြစ်သည်ကို သိပေသည်။ ခြင်္သေ့မြို့တော် ကျရှုံးပြီး ဟော်ရှု့ဟွမ်ချမ်းက အန်းနှံကာကွယ်ရေးတပ်၏ ကျန်လူများကို ရှင်းလင်းလိုက်သည်နှင့် အနောက်တောင်ဘက် တစ်ခုလုံးသည် သက်ရှိငရဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ယာယီငြိမ်းချမ်းမှုသည် ထာဝရလုံခြုံမှုဟု မဆိုလိုခဲ့ပေ။

ဟော်ရှု့ဟွမ်ချမ်းနှင့် တိဗက်စစ်တပ်သည် ၎င်းတို့၏ အစွယ်များကို တခဏတာ ပြန်သိမ်းထားခဲ့ပေသည်။ ဂုတ်ပေါ်ဝဲနေသည့်ဓားသည် အနောက်တောင်ဘက်အပေါ် ဝဲနေဆဲဖြစ်သည်။

“စစ်တပ်ကိုစုစည်းပြီး လှုပ်ရှားဖို့ပြင်ဆင်”

ဝမ်ချောင် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ မျက်လုံးများ တောက်ပသွားခဲ့ပြီး လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ကို ဤရုတ်ချည်းအမိန့်ဖြင့် လုံးဝအငိုက်မိသွားစေခဲ့သည်။

“အရှင်”

“သခင်လေး”

ထိုနှစ်ယောက် ကြက်သေ သေသွားခဲ့ကြ၏။ သူတို့၏ရန်သူသည် သူတို့ရှေ့တည့်တည့်တွင် ဖြစ်ပြီး ထိုသစ်တောသည် အကောင်းဆုံး တံတိုင်းဖြစ်သော်လည်း ယခုအခါ ဝမ်ချောင်သည် ဤကောင်းမွန်သော နေရာကို ဦးစွာတိုက်ခိုက်ရန်အတွက် စွန့်လွှတ်နေခဲ့သည်။

“အရှင် ဒီအခြေအနေတွေမှာ ကျွန်တော်တိုက်ခိုက်ဖို့ အကြံမပြုဘူး။ တိဗက်တွေက အားလုံး ပုံမှန်စစ်သားတွေဖြစ်ပြီး ကျွန်တော်တို့က အရန်တပ်သားတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်တို့က ထိပ်တိုက် တိုက်ပွဲတစ်ခုမှာ သူတို့အတွက် ပြိုင်ဘက်မဟုတ်ကြဘူး။ နောက်ပြီး ကျွန်တော်တို့ အင်အားစုရဲ့ ကြီးမားလှတဲ့ အပိုင်းက ခြေလျင်တပ်ဖြစ်တယ်” လီစီးရီ လေးစားစွာ အကြံပြုလိုက်သည်။

ပိုင်ထင်တွင် အမှုထမ်းခဲ့သောကြောင့် လီစီးရီသည် မြင်းတပ်၏ စွမ်းအားကို ကောင်းကောင်း သိထားခဲ့သည်။ ဝမ်ချောင်သည် ကျွမ်းကျင်သူထောင်ချီကို ငှားရမ်းခဲ့ပြီး သူတို့ကိုမြင်းများ ပေးထားခဲ့သော်လည်း ဤသည်က မြင်းတပ်ဟု ယူဆ၍မရပေ။ သူတို့သည် အများဆုံး ခြေလျင်တပ်သားများသာ ဖြစ်ကြသည်။

မြင်းများသည် သူတို့၏ သွားရေးလာရေးအတွက်မျှသာ ဖြစ်ကြသည်။

ဤကြုံရာကျဘမ်း တပ်ဖွဲ့သည် ခြေလျင်တိုက်ပွဲတစ်ခုတွင် လုံလောက်ကောင်း လုံလောက်နိုင်သော်လည်း ၎င်းတို့၏ တိုက်ခိုက်ရန် အဓိကနည်းလမ်းအဖြစ် ချီတက်မှုများကို အသုံးပြုသည့် ဝူရှန်းမြင်းတပ်ကို ဆန့်ကျင်ရာတွင် လုံးဝ မလုံလောက်ခဲ့ပေ။

ဤတိုက်ပွဲတွင် မည်သည့် အခန်းကဏ္ဍတွင်မဆို ပါဝင်နိုင်သည့် တစ်ခုတည်းသော တပ်သားများမှာ ဝမ်ချောင် စုဆောင်းခဲ့သည့် ကလန်ကျွမ်းကျင်သူ တစ်ထောင်တို့ဖြစ်ကြသည်။

“လီစီးရီ မင်းသဘောမပေါက်သေးဘူးလား။ ငါက ထိပ်တိုက် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ချင်တာကြောင့် မဟုတ်ဘဲ ငါတို့မှာ တစ်ခြားရွေးချယ်စရာ မရှိတာကြောင့်ပဲ။ အန်းနှံကာကွယ်ရေးတပ်အကြောင်း မင်းမေ့သွားပြီလား။ တကယ်လို့ ငါတို့က ဒီမြင်းစစ်သည် သုံးထောင်ပါဝင်တဲ့ တိဗက်မြင်းတပ်ကိုတောင် အနိုင်မယူနိုင်ခဲ့ရင် ငါတို့က ဝူရှန်း၊ မုန့်ချီကျောက် တပ်ထဲမှာရှိတဲ့ ထောင်သောင်းချီတဲ့ စစ်သားတွေကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ”

ဝမ်ချောင်သည် သူက အရာရာတိုင်းကို လုံးဝ သဘောပေါက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ ခိုက်ခိုက်တုန်သွားခဲ့ကာ ပြန်မပြောနိုင်ခဲ့ပေ။ ဝမ်ချောင်သည် လီကျန်းကျီ၏ တပ်ထဲရှိ စစ်သည်ခြောက်သောင်းကို ကယ်တင်ရန် ဤစစ်တပ်ကို ဦးဆောင်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် ခြင်္သေ့မြို့တော်ရှိ လက်ရွေးစင် ရှစ်သောင်းကို ကယ်တင်ရန်ဖြစ်သည်။

ထို့ကြောင့် သူတို့၏ရန်သူသည် မုန့်ချီကျောက်နှင့် ဝူရှန်း ပူးပေါင်းတပ်ကို ဖြစ်စေသော ထောင်သောင်းချီသည့် စစ်သားများ ဖြစ်ပေသည်။

ထိုကြီးမားလှသော စစ်တပ်နှင့် နှိုင်းယှဉ်ပါက သူတို့သည် သမုဒ္ဒရာထဲရှိ ရေတစ်ပေါက်ဖြစ်ကြပြီး သစ်ပင်တစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင် ဖြစ်ကြသည်။

ဝမ်ချောင်သည် ယခင်က တပ်ဖွဲ့နှင့် ဤအချက်ကို ဘယ်တုန်းကမှ မပြောခဲ့ဖူးသော်လည်း သူသည် သူ့အနီးစပ်ဆုံး လက်ထောက်များမှ ဘာကိုမှ မဖုံးကွယ်ထားခဲ့ပေ။

“ကျွန်တော် နားလည်ပါပြီ” လီစီးရီ ဖြေးညှင်းစွာ ပြောလိုက်ကာ ဆုံးဖြတ်ချက်တစ်ခု ချနေပုံရသည်။

အခန်း(၄၉၈)

တိုက်ပွဲခေါ်သံ

ဝုန်း

ဝမ်ချောင် ကလန်ကျွမ်းကျင်သူတစ်ထောင် ပုံမှန်ထန်စစ်တပ်စစ်သည် ခုနှစ်ရာ၊ ခြောက်ရာနှင့် ငှားရမ်းထားသော ကျွမ်းကျင်သူတစ်ထောင်တို့ ပါဝင်သော သူ့စစ်တပ်ကို ဦးဆောင်လိုက်ကာ ကမာ္ဘမြေကြီး တုန်ခါသွားခဲ့သည်။ သူတို့သစ်တောထဲမှ ထွက်ပေါ်လာသည်နှင့် အဝေးရှိ တိဗက်မြင်းစစ်သည်များသည် ကြက်သေ သေသွားခဲ့ကြသည်။

“ဒီမှာဘာတွေ ဖြစ်နေတာလဲ။ ထန်တွေက တကယ်ပဲ သူတို့ဘာသာ ထွက်လာခဲ့တယ်”

အဝေးတွင် ဒန်ပါ့သည် အံ့အားသင့်သွားခဲ့ကာ သူ့မျက်လုံးများကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

တိဗက်များတွင် ခြေလျင်တပ် မရှိခဲ့ပေ။ သူတို့သည် မဟာထန်ကို အံ့တုရန် မြင်းတပ်ကိုလုံးဝ မှီခိုခဲ့သည်။ ရလဒ်အနေဖြင့် တိဗက်များသည် မဟာထန်လောက် စစ်သည်များစွာ မရှိခဲ့သော်လည်း သူတို့သည် ကြီးမားသော ခြိမ်းချောက်မှုတစ်ခု ဖြစ်စေနိုင်ဆဲဖြစ်သည်။

ထန် ခြေလျင်တပ်နှင့် မြင်းတပ်တို့၏ အရောအနှောတစ်ခုအတွက် သုံးထောင်သော တိဗက်မြင်းတပ် ပုံမှန်တပ်ဖွဲ့ကို ဆန့်ကျင်ရန်မှာ သူတို့သည် ရူးသွားသည်လော။

“ဟား ဟား ဟား ဒန်ပါ့ မင်းမြင်လား မင်းတို့က ဒီထန်တွေကို ပိုတွက်နေခဲ့မိကြတာပဲ။ ကြည့်ရတာ သူတို့က ကံကောင်းမှုနဲ့ အရေအတွက် သက်သက်ကိုမှီခိုပြီး ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ရှင်းပစ်နိုင်ခဲ့ပုံရတယ်။ ဒါပေမဲ့ ဒီလိုကံကောင်းမှုကတောင် အကန့်အသတ်ရှိတယ်”

ထိုကြံ့ခိုင်ပြီး ရှည်လျားသော တိဗက်ကွပ်ကဲသူသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူသည် မူလက အနည်းငယ် သတိရှိနေခဲ့သေး၏။ အားလုံးပြီးနောက် ဤထန်စစ်သည်အုပ်စုသည် အမှန်ပင် ကျန်လူများနှင့် အနည်းငယ် ကွဲပြားပုံရခဲ့သည်။

သို့သော် ယခုအခါ သူသည် အတွေးလွန်နေခဲ့ပုံရသည်။

“ငါ့အမိန့်ကိုလိုက်နာ တိဗက်နွားရိုင်း ချည်စက်ကွင်းတွေကို ထုတ်ဖော်ပြီး တပ်ဖွဲ့တစ်ခုလုံးကို ချီတက်ခိုင်းလိုက်။ ငါ့ဒေါသကို ဖောက်ထွက်ဖို့နဲ့ သေသွားတဲ့ ငါတို့တိုင်းပြည်ရဲ့ စစ်သည်တွေကို လက်စားချေပေးဖို့ ဒီထန်စစ်သားတွေကို ငါအမှုန့်ချေပစ်ချင်တယ်”

ထိုတိဗက်ကွပ်ကဲသူသည် လက်သီးဆုပ်လိုက်ပြီး သူ့မျက်လုံးများက ရက်စက်သော အလင်းတန်းဖြင့် တောက်ပနေခဲ့ကာ ခံစားချက်တစ်မျိုးက သူ့ခန္ဓာကိုယ်ထဲ ဆူပွက်လာခဲ့သည်။ ၎င်းသည် တိုက်ပွဲခေါ်သံဖြစ်၏။

“ဒီလူပျော့လူညံ့တွေ... သေချာပေါက် သေပြီပဲ”

ထိုအားကိုးထိုက်သော တိဗက်ကွပ်ကဲသူ ချီတက်မှုကို ဦးဆောင်လိုက်ပြီး အစီအတန်းများမှ ခုန်ထွက်လိုက်သည်နှင့် စစ်မြင်းများ မြည်ဟီးလိုက်ကြသည်။ သူ့နောက်တွင် သုံးထောင်ထက်ပိုသော တိဗက်ပုံမှန်မြင်းတပ်သည် စတင်ချီတက်လိုက်ကြသည်။

တစ်တန်း၊ နှစ်တန်း၊ သုံးတန်း... နောက်ဆုံးတွင် အတန်းသုံးဆယ်သည် ဝမ်ချောင်၏ တပ်ဖွဲ့ဆီသို့ အားကောင်းသော လှိုင်းလုံးများကဲ့သို့ လိမ့်ဝင်လာခဲ့သည်။

သူတို့ခေါင်းပေါ်ရှိ လေထုသည် ဝေဝါးလာခဲ့ကာ မမြင်ရသော လက်တစ်ဖက်က ရစ်ခွေနေသကဲ့သို့ ဖြစ်သည်။ တခဏအတွင်းမှာပင် ဧရာမကြီးမားပြီး အဖြူရောင်ရှိကာ ခုံးနေသည့် ရွေ့လျား၍ရသော ခံတပ်သည် တိဗက်မြင်းတပ်၏ ခေါင်းများပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ဤအဖြူရောင်ခံတပ် ပေါ်လာသည့်အခိုက်တွင် တိဗက်များသည် ကြီးမားပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်လိုက်ကြသည်။ သို့သော် သူတို့၏ အမြန်နှုန်းမှာ အနည်းငယ်မျှပင် မထိခိုက်ခဲ့ပေ။

သတ္ထုမြည်သံများဖြင့် ဆူးချွန်ချည်စက်ကွင်းများသည် တိဗက်မြင်းတပ်၏ ခန္ဓာကိုယ်များမှနေ၍ ပြေးထွက်လာခဲ့ပြီး ဤထောင်ချီသော ဆူးချွန်ချည်စက်ကွင်းများသည် တိဗက်များနှင့်အတူ ကြီးမားလှသော ချည်စက်ကွင်း အခင်းအကျင်း တစ်ခုအဖြစ် ပုံပေါ်နေခဲ့သည်။

ခလွပ်

စွမ်းအင်လှိုင်းလုံးများ သူတို့နောက်မှ စီးထွက်လာခဲ့၏။ ဤအချိန်တိုလေး အတွင်းမှာပင် တိဗက်များသည် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး သူတို့နောက်တွင် ဧရာမအဖြူရောင် စွမ်းအင်လှိုင်းလုံးတစ်ခုကို ကျန်ရစ်နေစေခဲ့သည်။

“ရောက်လာပြီ”

ဝူရှန်းစစ်တပ်နှင့် မလှမ်းမကမ်းတွင် ဝမ်ချောင်၏ မျက်လုံးများ တောက်ပသွားခဲ့၏။ ဤအကွာအဝေးမှပင် သူသည် တိဗက်များ၏ သမုဒ္ဒရာကဲ့သို့ ခွန်အားကို ခံစားနိုင်ခဲ့သော်လည်း ဝမ်ချောင်သည် လုံးဝမတုန်မလှုပ် ရှိနေခဲ့သည်။

ဤသုံးထောင်သော တိဗက်များသည် သူ့စစ်တပ်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်ကြ၏။ အကယ်၍ ၎င်းသည် သုံးထောင်ကိုပင် ရင်မဆိုင်နိုင်ခဲ့ပါက ၎င်းသည် ဝူရှန်း၊ မုန့်ချီကျောက် စစ်တပ်နှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့မဟုတ် ၎င်းသည် ဤအရေးကြီးစစ်ပွဲကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

အကယ်၍ ဤလူများသည် ဤအရာကိုပင် မပြုလုပ်နိုင်ခဲ့ပါက သူတို့သည် အလကားဖြစ်ကြပေသည်။

အခုဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းရဲ့ စွမ်းအားကို စမ်းကြည့်ဖို့ အချိန်ရောက်ပြီ။ ဝမ်ချောင် တိတ်ဆိတ်စွာ သူ့ဘာသာ ပြောလိုက်၏။

ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းသည် သူ့တပ်ထဲရှိ စစ်သည်များ အားလုံးတို့၏ ခွန်အားအမြန်နှုန်းနှင့် ကျွမ်းကျင်မှုတို့ကို မြင့်တင်ပေးနိုင်သော်လည်း ဤအရာများသည် ၎င်း၏ တစ်ခုတည်းသော သက်ရောက်မှုများ မဟုတ်ခဲ့ကြပေ။

ခွန်းဝူလေ့ကျင့်ရေးစခန်းရှိ ထိပ်သီးချည်စက်ကွင်း နည်းစနစ်များအားလုံးတွင် ဝမ်ချောင်သည် ဆည်းဆာရောင်မြင်လား ချည်စက်ကွင်းကိုသာ လိုချင်ခဲ့သည်။ ထိုသည်မှာ သူ့စစ်သည်များ၏ ခွန်အားကို မြင့်တင်ပေးနိုင်စွမ်း ရှိခြင်းကြောင့်သာ မဟုတ်ခဲ့ပေ။ ပို၍အရေးကြီးသည့် အရာမှာ ၎င်းသည် အလွန်အမင်း အားကောင်းလှသော ထိုးစစ်ချည်စက်ကွင်းတစ်ခုလည်း ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ပို၍အားကောင်းသော ချည်စက်ကွင်းတစ်ခုသည် ၎င်းကိုထောက်ပံ့ပေးရန် ကိုက်ညီသည့် အားကောင်းသော ကျင့်ကြံခြင်းအဆင့် တစ်ခုလိုအပ်ပေသည်။

ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်း၏ ပထမအလွှာသည် အလွန်နိမ့်နေသေးသည်။ ၎င်းက သာမာန်တိုက်ပွဲ ချည်စက်ကွင်းများထက် ကြီးမားသော မြင့်တင်မှုတစ်ခုကို ပေးစွမ်းခဲ့သော်လည်း ၎င်း၏စွမ်းအားသည် အကန့်အသတ် ရှိဆဲဖြစ်သည်။

သို့သော် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းကို မြင့်တင်လိုက်သောအခါ ၎င်းသည် ရိုးရှင်းသော စွမ်းအားတွင် မြင့်တင်ခြင်းမျှ မဟုတ်တော့ဘဲ အရည်အသွေးတွင်လည်း ကြီးမားသော ခုန်တက်မှုတစ်ခု ဖြစ်ခဲ့သည်။

ကံမကောင်းစွာဖြင့် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းကို မြင့်တင်ခြင်းက အမြဲခက်ခဲခဲ့သည်။ ၎င်းသည် သိုင်းပညာရှင်ထံမှ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအင်အား များစွာကို စုပ်ယူရန် လိုအပ်ခဲ့သည်။ ဝမ်ချောင် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်း၏ ပထမအလွှာကို ကျင့်ကြံခဲ့ချိန်က သူသည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်တစ်ဖြစ်ရန်သာ လိုအပ်ခဲ့သော်လည်း ၎င်းကို အဆင့်မြင့်တင်ရန် သူသည် အဆင့်ငါးသို့ ရောက်ရှိရန် လိုအပ်ခဲ့သည်။

ဤအဆင့်လေးဆင့်၏ ခြားနားမှုသည် ကိန်းဂဏန်း တိုးပွားမှုသက်သက်တွင် မထင်ရှားခဲ့ပေ။

ဘုန်း

စွမ်းအင်လှိုင်းလုံးများသည် ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ရေပန်းကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ ထို့ပြင် ခွာဖြူအရိပ်သို့ ဝင်ရောက်နေပြီး ၎င်း၏ခွာများအောက်သို့ ချဲ့ထွင်နေသည့် စီးထွက်လာနေသော လုံးဝအသစ်စက်စက် စွမ်းအင်တစ်ခုလည်း ရှိခဲ့သည်။

ကလန်း ကလန်း ကလန်း

အသစ်စက်စက် ဆူးချွန်ချည်စက်ကွင်းသည် ခွာဖြူအရိပ်၏ ခွာများအောက်တွင် စီးဆင်းနေသော ပြဒါးကဲ့သို့ ပြန့်နှံ့သွားခဲ့သည်။ ချည်စက်ကွင်း၏ စွမ်းအင်သည် ပထမဆုံး လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ထံ ပြန့်နှံ့သွားခဲ့ပြီး ထို့နောက် အနီးအနားရှိ မြင်းတပ်သားများဆီသို့ ပြန့်နှံ့သွားခဲ့ကာ နောက်ဆုံးတွင် သူ့မြင်းတပ်တစ်ခုလုံးကို လွွှမ်းခြုံသွားခဲ့သည်။ လျှပ်တပြက်အတွင်း လူတိုင်းသည် ၎င်းတို့၏အမြန်နှုန်း ခွန်အားနှင့် ကျွမ်းကျင်မှုတို့က တိုးလာပြီး ဆက်၍တိုးလာနေသည်ကို ခံစားလိုက်ရသည်။

ဟီး

သံမဏိမှ ပြုလုပ်ထားပုံရသော ကြီးမားလှသော နတ်မြင်းတစ်ကောင်က ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ခုန်ထွက်လာခဲ့ကာ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်သည် မြည်ဟီးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအင်မုန်တိုင်းတစ်ခုသည် ထိုကြီးမားလှသော မြင်းထံမှ ပေါက်ကွဲသွားခဲ့ပြီး စွမ်းအင်ဘောလုံးများက မြင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ထန်စစ်သည် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်များစီသို့ ဝင်ရောက်သွားခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့၏ ခြေဖဝါး၌ ဒုတိယချည်စက်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။

“အား ငါအရမ်းမြန်သွားပြီ”

“ငါ့ခန္ဓာကိုယ်က ရုတ်တရက် တအားပေါ့ပါးလာခဲ့တာပဲ”

...

စစ်သည်များသည် သူတို့က ရုတ်တရက် အသစ်စက်စက် စွမ်းအင်စီးကြောင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရကာ ဝမ်ချောင်နှင့်အတူ ချီတက်နေခဲ့ကြသည်။ ဤစွမ်းအင်သည် အတိတ်ကနှင့် ကွာခြားပြီး အနည်းဆုံး အဆင့်နှစ်ဆင့် မြင့်မားပေသည်။

“ငါ့ဓား”

ကျင့်ကြံမှုအဆင့်နိမ့်သည့် ကလန်ကျွမ်းကျင်သူများထဲမှ တစ်ဦးသည် ရုတ်တရက် သူ့လက်ထဲရှိ ကျောက်စိမ်းသံမဏိဓားကို ဝမ်းသာစွာ ကြည့်ရှု့လိုက်သည်။ ဓားသည် ထုတ်ထားခဲ့သော်လည်း ၎င်းသည် အလင်းရောင်ကို ပေးစွမ်းမနေခဲ့သော်လည်း ယခုအခါ ထိုစွမ်းအင်စီးကြောင်းသည် ဓားထဲ စီးဝင်လာနေခဲ့ပြီး လူနှင့်လက်နက်ကို တစ်သားထဲ ဖြစ်လာစေခဲ့သည်။

အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးနှင့် အဆင့်ခြောက် အားလုံးတို့သည် အလွန်မြန်ဆန်သည့် တုန့်ပြန်မှုများ ရှိခဲ့ကြသည်။ သူတို့သည် သူတို့၏ လက်နက်များက မြန်ဆန်ကာ ပေါ့ပါးလှပြီး ထက်ရှလာသည်ကို ချက်ချင်း သတိပြုမိလိုက်ကြသည်။ သူတို့သည် ကိုင်ဆောင်ပြီး တိုက်ခိုက်ရန် များစွာလွယ်ကူလှပြီး ပို၍ထိခိုက်နိုင်စေကာ ခြိမ်းချောက်နိုင်စွမ်း ရှိလာခဲ့သည်။

သူတို့အားလုံးတို့သည် ချက်ချင်း ယုံကြည်မှုဖြင့် ပြည့်နှက်သွားခဲ့ကြ၏။

“မျှားပုံစံအခင်းအကျင်း ချီတက်”

သူတို့၏ ယုံကြည်မှုများ မြင့်တက်လာသည်နှင့် ဝမ်ချောင်၏ အေးစက်သောအသံသည် သူတို့၏နားထဲ ပဲ့တင်ထပ်သွားခဲ့ကာ သူတို့၏အာရုံစိုက်မှုကို တိုက်ပွဲသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

“ဟုတ်ကဲ့ပါအရှင်”

ကမာ္ဘမြေကြီးသည် စတင်တုန်ခါလာခဲ့၏။ မြင်းစစ်သည် တစ်ထောင်သည် မရေမတွက်နိုင်သော သေးငယ်သည့် အဖွဲ့များအဖြစ်သို့ ဖွဲ့စည်းထားခဲ့သော်လည်း သူတို့အားလုံးသည် ပူးပေါင်းလျှက် လုပ်ဆောင်ခဲ့ကြသည်။ ဝမ်ချောင်၏အမိန့်ဖြင့် သူတို့သည် ရုတ်တရက်ရှေ့သို့ ပေါက်ကွဲသွားခဲ့ပြီး တပ်ဖွဲ့၏ ကျန်လူများမှ အဝေးသို့ ထွက်ခွာနေခဲ့သည်။

၎င်းတို့၏ ချီတက်မှုမှ ဖုန်မှုန့်များသည် ဝမ်ချောင် ကလန်ကျွမ်းကျင်သူ တစ်ထောင်ကို ရှေ့သို့ ချီတက်ခြင်းတွင် ဦးဆောင်လိုက်သည်နှင့် နေမင်းကြီးကို ဖုံးကွယ်သွားခဲ့သည်။

“အရှင်”

လူအိုကြီးလင်းယုန်ငှက်၏ အမူအရာသည် ဤမြင်ကွင်းကြောင့် ပြောင်းလဲသွားခဲ့၏။ သူသည် ယခင်က စစ်တပ်တစ်ခုထဲတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသော်လည်း သူသည် ကျွမ်းကျင်သူများစွာကို သိထားခဲ့ပေသည်။

တပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုအတွက် ရှေ့သို့ကျော်တက်ပြီး ခေါင်းနှင့်အမြှီးအတွက် အချင်းချင်း လျစ်လျူရှု့စေရန်မှာ ပြစ်မှုကြီးတစ်ခုဖြစ်သည်။

“လူအိုကြီးလင်းယုန်ငှက် ငါ့နောက်လိုက်ခဲ့။ ငါလုပ်နေတာကို ငါသိတယ်”

ဝမ်ချောင်၏အသံသည် ဖုန်မှုန့်ထဲမှနေ၍ ထွက်ပေါ်လာခဲ့၏။ ၎င်းသည် တည်ငြိမ်ပြီး အမျှော်အမြင် ကြီးမားလှကာ ထိုက်တောင်ကဲ့သို့ မြင့်မားလှပြီး အခြားလူများထံမှ ကြီးမားသော ယုံကြည်မှုကို လှုံ့ဆော်စေခဲ့သည်။

“ဟုတ်ကဲ့ပါသခင်လေး”

လူအိုကြီးလင်းယုန်ငှက် အံ့ကြိတ်လိုက်ပြီး တစ်ခြားအရာများကို စဉ်းစားရန် အချိန်မရှိတော့ဘဲ လိုက်ပါလိုက်သည်။

မြင်းတပ်၏ ရှေ့ဆုံးတွင် ဝမ်ချောင်သည် သူ့မျက်လုံးများကိုရှေ့သို့ စူးစိုက်ထားခဲ့ပြီး သူ့အကြည့်များက ခက်ထန်ကာ ရက်စက်သော အလင်းရောင်တစ်ခုကို ထုတ်ဖော်နေခဲ့သည်။ ထိုအခိုက်တွင် သူ့မျက်လုံးထဲတွင် တိဗက်မြင်းစစ်သည် သုံးထောင်ကလွဲ၍ ဘာမှမရှိတော့ပေ။

စစ်တပ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုအတွက် ကျန်လူများရှေ့သို့ ကျော်တက်ရန်မှာ အမှန်ပင် ပြစ်မှုကြီးတစ်ခု ဖြစ်သော်လည်း မြင်းတပ်သည် ဘယ်တုန်းကမှ ပုံမှန်တပ်ဖွဲ့တစ်ခု၏ အစိတ်အပိုင်း မဟုတ်ခဲ့သလို ၎င်း၏ တိုက်ခိုက်သည့်ပုံစံသည် သာမာန် စစ်သည်များထံမှ လုံးဝကွဲပြားပေသည်။

သူတို့သည် ခြေလျင်တပ်သားများနှင့် အတူတကွ လုပ်ဆောင်နိုင်သော်လည်း သူတို့သည် သူတို့ဘာသာလည်း တိုက်ခိုက်နိုင်ကြသည်။ မြင်းတပ်၏ အကြီးမားဆုံးသော အားသာချက်မှာ လိုက်လျောညီထွေ ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ခြေလျင်တပ်နှင့် မြင်းတပ်တို့ အတူတကွ လုပ်ဆောင်ခြင်းက အခြားရွေးချယ်မှုများ မရှိချိန်တွင်သာ ပြုလုပ်ရပေသည်။

မြင်းတပ်သည် အမြန်နှုန်းဖြင့် ကျင့်သားမရသည့် မြင်းတပ်သည် ခြေလျင်တပ်နှင့် မခြားကျပေ။ ထို့ပြင် ဝမ်ချောင်သည် စိတ်ထဲတွင် တစ်ခြားအကြံတစ်ခုရှိ၏။

အခုဘယ်သူက ပိုကောင်းသလဲဆိုတာ ကြည့်ရမဲ့အချိန်ပဲ။

ဝမ်ချောင် သူ့ခန္ဓာကိုယ်ကို မြင်းဆီသို့ ကပ်လိုက်ကာ သူ့မျက်လုံးများက တောက်ပနေခဲ့သည်။ သူသည် သူ့ယခင်ဘဝ၌ သူ့အတွေး၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ပျော်ဝင်နေခဲ့သည့် တိုက်ခိုက်ခြင်း စိတ်ဆန္ဒက ၎င်း၏ ယာယီအိပ်ပျော်နေရာမှ နိုးထလာသည်ကို ခံစားနိုင်ပေသည်။

လောက၏ တပ်ဖွဲ့များကို ဦးဆောင်ခဲ့သည့် စစ်သေနာပတိချုပ်အနေဖြင့် သူသည် တိုက်ပွဲခေါ်သံကို မခံစားခဲ့ရသည်မှာ အလွန်ကြာသွားခဲ့ပြီ ဖြစ်သည်။

အခန်း(၄၉၉)

မြင်းတပ်အကျိုးသက်ရောက်မှု

သခင်၏ စိတ်ဆန္ဒကို ခံစားမိသကဲ့သို့ ခွာဖြူအရိပ်သည် မြည်ဟည်းသံတစ်ခုကို ပြုလိုက်ပြီး ၎င်း၏လည်ဆံမွှေးက နောက်တွင် ပျံဝဲနေခဲ့ကာ အမြန်နှုန်းကို မြင့်တင်လိုက်သည်။ မြင်းတပ်ဖွဲ့ နှစ်ခုတို့သည် အချင်းချင်း မြန်ဆန်စွာ ချဉ်းကပ်လာခဲ့ပြီး မြန်သထက်မြန်လာကာ နီးသထက် နီးလာခဲ့သည်။

ဂူး ဂူး...

ပို၍ပို၍များပြားသော ဖုန်မှုန့်များ လေထဲသို့ မြင့်သထက် မြင့်တက်သွားခဲ့ကာ မရေမတွက်နိုင်သောငှက်များ ပျံထွက်သွားခဲ့ကြသည်။ မြင်းတပ်အုပ်စု နှစ်ခုတို့သည် ပြတ်သားသော စိတ်ဆန္ဒများဖြင့် အချင်းချင်းဆီသို့ ဂရုမစိုက်စွာ ချီတက်လာခဲ့ကြသည်။

“ဟား ဟား ဟား လူတစ်ထောင်။ သူတို့က လူတစ်ထောင်ထဲနဲ့ ငါတို့ရဲ့ ချီတက်မှုကို ရင်ဆိုင်ရဲတယ်”

အဝေးတွင် ထိုထွားကြိုင်းသော တိဗက်ကွပ်ကဲသူသည် သူ့မျက်လုံးကို မယုံရဲခဲ့ပေ။ စစ်မြေပြင်၏ ကျော်ကြားသော စစ်သူကြီးတစ်ယောက်အနေဖြင့် သူသည် အကြည့်တစ်ချက်မျှဖြင့် ရန်သူအင်အား၏ အရွယ်အစားကို ခန့်မှန်းနိုင်ပေသည်။

လူတစ်ထောင်သည် သူ့တိဗက်သုံးထောင်ကို ရင်ဆိုင်ရဲခဲ့သည်လော။ သူက ရန်သူကွပ်ကဲသူကို သူ့သတ္တိအတွက် ချီးကျူးရမည်လော သို့မဟုတ် သူက စိတ်လွတ်နေခဲ့ပြီး သေချင်နေခဲ့သည်ဟု ပြောရမည်လော မသိခဲ့ပေ။

“လောကကြီးမှာ ဘာတွေဖြစ်နေတာလဲ”

ဤအခိုက်တွင် ဒန်ပါ့၏ယုံကြည်မှုသည်ပင် လှုပ်ခါသွားခဲ့၏။ သူသည် မြောက်ဘက်ရှိ ရန်သူများက သန်မာသော ရန်သူဖြစ်ကြသည်ဟု အမြဲယုံကြည်ထားခဲ့သော်လည်း သူတို့အတွက် ဤသို့သော အရာတစ်ခုကို ပြုလုပ်ရန်မှာ...

သူတို့၏ မြောက်ပိုင်းရဲဘော်ရဲဘက်များ သုတ်သင်ခံခဲ့ရခြင်းမှာ... ကြက်ကန်းဆန်အိုး တိုးမှုတစ်ခုသက်သက်သာ ဖြစ်သည်လော။

“သတ်။ သူတို့ကို ချပ်ဝတ်တန်ဆာအစုတ်တောင် မကျန်တဲ့အထိ လုံးဝချေမှုန်းပစ်”

ထွားကြိုင်းသော တိဗက်ကွပ်ကဲသူသည် သူ၏ မြင်းတပ်သား သုံးထောင်ကို ပို၍ပင် မြန်ဆန်သော အမြန်နှုန်းတစ်ခုဖြင့် ဦးဆောင်လိုက်သည်။

အာဝူး...

ဤတိဗက် စစ်သည်တော်များ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် လှုံ့ဆော်ခံလိုက်ရပြီး သူတို့သည် သူတို့၏ ဓားမောက်များကို လွှဲယမ်းလိုက်ကာ စိတ်လှုပ်ရှားစွာ အူလိုက်ကြသည်။ သူတို့သည် ရန်သူတစ်ထောင်ထက် ပိုပါဝင်သော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရကတည်းက အလွန်ကြာသွားခဲ့ပြီဖြစ်သည်။

****

“ဟမ် တိဗက်တစ်ထောင်ကျော်က ဘယ်လောက်သန်မာသလဲဆိုတာ ငါကြည့်မယ်”

ဝမ်ချောင် ခက်ထန်သည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ဝမ်ချောင်သည် သူ့ရန်သူများ၏ အရှိန်အဝါထဲရှိ ပြောင်းလဲမှုကို သဘာဝအားဖြင့် သတိပြုမိခဲ့ပေသည်။ သို့သော် သူအကြောက်တရားကို မခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်က သူ၏တိုက်ခိုက်ခြင်း စိတ်ဆန္ဒကိုသာ နိုးဆော်ခဲ့ပေသည်။

နှစ်ဖက်၏ အမြင်များနှင့် မဟာထန်အပေါ် ရောက်ရှိမည့် ဤစစ်ပွဲ အရေးပါပုံတို့ကို ဘေးဖယ်ထားလိုက်ပါက ဤခေတ်သည် စစ်သူကြီးများနှင့် သက်ဆိုင်သည့် ခေတ်ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

သူလာခဲ့သည့် လောကနှင့် နှိုင်းယှဉ်ပါက ဤလောကတွင် ကျော်ကြားသော စစ်သူကြီးများ အလွန်များပြားစွာ ရှိပေသည်။ မထင်ရှားသော တိဗက်စစ်သူကြီး တစ်ဦးသည်ပင် လီတစ်ထောင်ကို ဖြတ်ကျော်၍ တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ရန် အံ့မခမ်းပြတ်သားမှုနှင့် သတ္တိတို့ကို ပိုင်ဆိုင်နိုင်ခဲ့သည်။

သူ့နောက်ဆုံးဘဝတွင် သူသည် သူ့အုပ်စုအတွင်း စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့သော်လည်း တိုက်ပွဲ သူတော်စင်အဖြစ် လောကတစ်ခုလုံး၏ ချီးမွန်းခြင်းကို ခံခဲ့ရသော်လည်း ထိုအချိန်တွင် အခြားစစ်သူကြီးများ အားလုံး သေဆုံးခဲ့ပြီဖြစ်သည်။ ထိပ်ဆုံးသို့ရောက်သည့် အထီးကျန်ဆန်သည့် ထိုခံစားချက်သည် တော်တော်လေး စိတ်ပျက်အားငယ်စရာ ကောင်းခဲ့သည်။

ဝမ်ကလန်၏ စောစီးစွာ ကျဆင်းမှုနှင့် နိုင်ငံရေး ပုန်ကန်မှုတို့သည် သူ့အား အရာများစွာကို လက်လွတ်သွားစေခဲ့သည်။

သူ့နောက်ဆုံးဘဝတွင် စစ်သူကြီးများ၏ မျိုးဆက်အတွင်း သူသည် ထိုစစ်သူကြီးများ မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်ဖြင့် တိုက်ခိုက်ခဲ့သည်ကို ကြည့်ရုံသာ တတ်နိုင်ခဲ့သည့် မထင်ရှားသော လှည့်လည်သွားလာသူ တစ်ဦးသာ ဖြစ်နေခဲ့သေးသည်။

ဤသည်က ထင်ရှားကျော်ကြားသော စစ်သူကြီးတစ်ဦးဖြစ်ရန် အကောင်းဆုံး မျိုးဆက်ဖြစ်ပေသည်။ ထို့ပြင် ၎င်းက စစ်သူကြီးတစ်ဦးအတွက် ပျောက်ကွယ်ရန် အကောင်းဆုံး မျိုးဆက်လည်းဖြစ်၏။

နောက်လာမည့် မျိုးဆက်သည်ပင် သူတို့အားလုံးထဲတွင် အမှောင်မိုက်ဆုံး ဖြစ်ပေလိမ့်မည်။

ဘုန်း

အေးစက်သည့် အလင်းရောင်တစ်ခု သူ့မျက်လုံးထဲ လင်းလက်သွားခဲ့သည်နှင့် ဝမ်ချောင်သည် ဆည်းဆာရောင်မြင်းလား ချီစက်ကွင်းကို အကန့်အသတ်ထိ တွန်းပို့လိုက်ပြီး ဝေဝါးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤသုံးထောင်သော မြင်းစစ်သည်သည် တောင်ဘက်သို့ သူ့ခရီးတွင် ပထမဆုံး စမ်းသပ်မှုဖြစ်သည်။

ဤသုံးထောင်သော တိဗက်များကို အနိုင်ယူခြင်းဖြင့်သာ သူသည် ပိုဝေးသော တောင်ဘက်ရှိ မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ ကြီးမားသော စစ်တပ်ကို ရင်ဆိုင်ရန် အခွင့်ရှိပေလိမ့်မည်။

ဤသည်က သူကျော်ဖြတ်ရမည့် ကျော်ဖြတ်မှုတစ်ခု ဖြစ်ပေ၏။

“ကျား..”

လီလေးဆယ်၊ လီသုံးဆယ်၊ လီနှစ်ဆယ်...

တပ်ဖွဲ့များအချင်းချင်းဆီသို့ ချီတက်လာသည်နှင့် လီငါးဆယ် အကွာအဝေးသည် လျှင်မြန်စွာ သေးငယ်လာခဲ့သည်။

သတ်ဖြတ်ခြင်း စိတ်ဆန္ဒများသည် လေထဲတွင် တွန့်လိမ်နေခဲ့ပြီး ဖုန်မှုန့်များက ကောင်းကင်ထက် ပြည့်နှက်နေသည်။

လီတစ်ဆယ်၊ ရှစ်လီ၊ ခုနှစ်လီ၊ ခြောက်လီ...

မြင်းများသည် ၎င်းတို့၏ အမြင့်ဆုံး အမြန်နှုန်းသို့ ရောက်ရှိလုနီးပါးဖြစ်သည်။ ထို့ပြင် မြားတစ်စင်းကို ပစ်လွှတ်လိုက်သောအခါ ၎င်းသည် ပြန်ဆုတ်ရန် မဖြစ်နိုင်ပေ။

ဤအခိုက်တွင် တိဗက်များဖြစ်စေ၊ ဝမ်ချောင်ဖြစ်စေ ရပ်တန့်၍မရတော့ပေ။

နောက်ဆုတ်ခြင်း မရှိပေ။ ရှေ့ဆက်တိုးခြင်းသာ ရှိပေသည်။

မီတာငါးရာ၊ မီတာလေးရာ၊ မီတာသုံးရာ...

လက်နက်များသည် ၎င်းတို့၏ ဓားအိမ်များကို စွန့်ခွာလိုက်ပြီး လေထုသည် တင်းမာမှုအတိ ပြီးနေခဲ့သည်။ လူတစ်ယောက်သည် လေးကြိုးကို ဆွဲလိုက်သောအခါ မြားကိုလွှတ်ရပေမည်။ ဤအချိန်တွင် မည်သူမျှ နောက်ဆုတ်၍မရပေ။

“သခင်လေး”

နောက်တန်းတွင် ကျောက်ကျင်းတန်၏ မျက်နှာသည် စိုးရိမ်မှုကြောင့် ဖြူလျော်နေ၏။

သူ့ခွန်အားသည် ဝမ်ချောင်၏ အစီအစဉ်များအတွက် မလုံလောက်ခဲ့သောကြောင့် ဝမ်ချောင်သည် အခြားငှားရမ်းထားသော ကျွမ်းကျင်သူများနှင့်အတူ နောက်တန်းတွင် သူ့ကိုရှိနေစေရန် စီစဉ်ပေးခဲ့သည်။ သူသည် ဝမ်ချောင်၏ အစီအစဉ်အကြောင်း ဘာမှမသိသည်မှာ ထင်ရှားလှ၏။

သို့သော် ယခုအခါ တစ်ခုခုပြောရန် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။

မီတာနှစ်ရာ၊ မီတာတစ်ရာ...

ဤအကွာအဝေး၌ အခြားတစ်ဖက်၏ မျက်နှာများပေါ်ရှိ ရှုံ့မဲ့မှုများနှင့် သူတို့၏ လက်မောင်းများပေါ်ရှိ ထောင်ထနေသော သွေးကြောများကို မြင်တွေ့နိုင်ခဲ့သည်။ သူတို့ ချပ်ဝတ်တန်ဆာများ၏ ရိုက်ခတ်သံများသည် သူတို့၏ နားများထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်နေခဲ့ကြသည်။

ဤအကွာအဝေး၌ သူတို့၏ အမြန်နှုန်းဖြင့် မီတာတစ်ရာသည် စက္ကန့်အနည်းငယ်အတွင်း ကျုံ့ဝင်သွားနိုင်ပေသည်။

မီတာကိုးဆယ်၊ မီတာရှစ်ဆယ်၊ မီတာခုနှစ်ဆယ်...

လေထုသည် အဆမတန် တင်းမာလာခဲ့ကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ရူးသွပ်စွာ ဆက်လက် ထိုးတက်နေခဲ့သည်။ လူတိုင်းတို့သည် သူတို့ရန်သူများ၏ ပြင်းထန်သော အသက်ရှုသံနှင့် ဓားမောက်များ၊ လှံများနှင့် ဓားများ၏အသံတို့ လေထဲတွင် ရူးသွပ်စွာ ပဲ့တင်ထပ်နေသည်ကို ကြားရနိုင်ပေသည်။

လူတိုင်း၏ အာရုံကြောများသည် အလွန်အမင်း တင်းကြပ်နေ၏။

မီတာခြောက်ဆယ်၊ မီတာငါးဆယ်...

မြင်းများသည်ပင် မကြာမီ သွေးများဖုံးလွှမ်းတော့မည့် တိုက်ပွဲကို ခံစားမိလိုက်ကာ မြည်ဟီးလိုက်ကြသည်။ နှစ်ဖက်က တိုက်မိတော့မည့် အချိန်တွင် ဝမ်ချောင်သည် သူ့ညာလက်မောင်းကို မြှောက်လိုက်ပြီး ကြမ်းကြုတ်သည့် အလင်းရောင်က သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။

“ပိုက်ကွန်ပုံစံအခင်းအကျင်း”

ဝမ်ချောင်၏ ကြမ်းကြုတ်သောအသံက လေထုကို ဖြတ်တောက်သွား၏။

တစ်စက္ကန့်သည် အဆုံးမရှိ ကြာရှည်သွားပုံရပြီး ဝမ်ချောင်နောက်ရှိ မဟာထန် မြင်းစစ်သည် တစ်ထောင်တို့သည် ရုတ်တရက် ခေါင်းနှစ်လုံးပါသော မြွေကဲ့သို့ နှစ်ပိုင်းကွဲထွက်သွားခဲ့ကာ သူတို့၏ မူလလမ်းကြောင်းမှ သွေဖယ်သွားခဲ့ပြီး တိဗက်များသည် တုန်လှုပ်စွာ ကြည့်ရှု့နေခဲ့ကြသည်။

တစ်စက္ကန့်အတွင်း စစ်သည်တစ်ထောင်တို့သည် လူငါးရာပါသည့် အုပ်စုနှစ်စုအဖြစ်သို့ ကွဲထွက်သွားခဲ့သည်။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤရုတ်ချည်း ပြောင်းလဲမှုသည် တိဗက်များကို ကြောင်တက်တက် ဖြစ်သွားစေခဲ့သည်။ သူတို့ထဲမှ အချို့တို့သည် ဤအရာကို တားဆီးရန် ကြိုးစားခဲ့သော်လည်း အလွန်နောက်ကျသွားပြီဖြစ်၏။

သူတို့၏ အမြင့်ဆုံးအမြန်နှုန်းမှလာသည့် အင်အားသည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်ပေ။ ကမ္ဘာတစ်ဝှမ်း ကျော်ကြားရန် ၎င်း၏မြင်းတပ်အပေါ် မှီခိုခဲ့သည့် ဝူရှန်းသည်ပင် ဤသို့သော ကြီးမားလှသည့် အင်အားအောက်တွင် ထိုသို့သော လုပ်ဆောင်မှုတစ်ခုကို ဆွဲမထုတ်နိုင်ခဲ့သေးပေ။

“သူတို့ကဒါကို ဘယ်လိုလုပ် လုပ်နိုင်ခဲ့ကြတာလဲ”

တိဗက်ကွပ်ကဲသူသည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ရှု့နေခဲ့ကာ သူ့မျက်လုံးများက ပြူးကျယ်ပြီး အံ့ကြိတ်လိုက်သည်။

မြင်းတပ်သည် အဖြောင့်အတိုင်း အမြဲချီတက်ခဲ့ကြပြီး ဤသို့သော မြင့်မားလှသည့် အမြန်နှုန်းတွင် ထိုသို့ပို၍ ပြုလုပ်ကြပေသည်။ ဦးတည်ချက် ပြောင်းလဲခြင်းက မဖြစ်နိုင်ပေ။ ၎င်းသည် ကြွက်သားများနှင့် အရိုးများကို ကျိုးကြေသွားစေနိုင်သည်။

ဦးတည်ချက် အတင်းအကြပ်ပြောင်းလဲခိုင်းခြင်းက ဘယ်တော့မှ မည်သည့်ကောင်းကျိုးကိုမျှ မဖြစ်ထွန်းစေပေ။

အကျိုးဆက်များသည် အလွန်ပြင်းထန်ခဲ့ကြကာ ၎င်းကိုပြုလုပ်သည့် တပ်ဖွဲ့သည် ရန်သူနှင့် တိုက်ခိုက်ခြင်း မပြုမီ ၎င်းတို့၏ ကိုယ်ပိုင်အင်အားစုတွင် ကြီးမားသော အသေအပျောက်များကို ထိခိုက်ခံစားရပေလိမ့်မည်။

သို့သော် ဤများပြားလှသော ထန်စစ်သည်များသည် အမှန်ပင် မည်သည့်အကျိုးဆက်ကိုမျှ မခံစားရဘဲ ဤသို့သော မြင့်မားလှသည့် အမြန်နှုန်းတွင် သူတို့၏ လမ်းကြောင်းကို အလွန်လွယ်ကူစွာ ပြောင်းလဲနိုင်ခဲ့ကြသည်။

“ဒါကမဖြစ်နိုင်ဘူး”

တိဗက်ကွပ်ကဲသူသည် လက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး အံ့ကြိတ်လိုက်သည်။ သူ့ဘေးတွင် ဒန်ပါ့သည် သူ့နှလုံးသား တင်းကြပ်သွားခဲ့သည်ကို ခံစားလိုက်ရသည်။

သူတို့သည် ကုန်းပြင်မြင့်မှ ဆင်းသက်လာခဲ့ကတည်းက ထန်စစ်သည်များစွာကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူတို့တစ်ယောက်တွင်မျှ မည်သည့်စိန်ခေါ်မှုမျှ မရှိခဲ့ပေ။ ဤအနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်များသည် ကျန်လူများထက် ခြားနားသည်မှာ ထင်ရှားပေသည်။

“ဒါကဘယ်လိုလူစားမျိုးတွေလဲ”

ဒန်ပါ့၏ မျက်ခုံးများ မြင့်တက်သွားခဲ့ကာ အလွန်အမင်း ဆိုးရွားသော နိမိတ်တစ်ခုက သူ့စိတ်ထဲ ပေါ်ထွက်လာခဲ့သည်။

ဘုန်း

မီတာငါးဆယ်သည် မျက်စိတစ်မှိတ်အတွင်း ကျုံ့ဝင်သွားခဲ့ပြီး ထန်မြင်းစစ်သည် တစ်ထောင်တို့သည် တိဗက်သုံးထောင်ကို ပွတ်တိုက်သွားခဲ့သည်။

ရေထဲသို့ ပြုတ်ကျနေသည့် ကြီးမားလှသော ကျောက်တုံးတစ်တုံးကဲ့သို့ လူများစွာတို့က မတုန့်ပြန်နိုင်မီ ဘယ်နှင့်ညာတွင် ရှိနေကြသည့် ထန်စစ်သည်အုပ်စု နှစ်စုသည် ကြီးမားလှသော စပါးအုံမြွေများကဲ့သို့ တိဗက်လှေကားထစ်များကို တိုက်ခိုက်လိုက်သည်။

ကလန်း ကလန်း ကလန်း

ဤနားအူမတက် သက်ရောက်မှုသည် ဆူးချွန်ချီစက်ကွင်းများ တိုက်ခိုက်နေသည့် အသံဖြစ်သည်။ ထက်ရှလှသော ကျောက်စိမ်းရိုင်းသံမဏိ ဓားများသည် အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပနေခဲ့ကြပြီး လေထဲမှနေ၍ ကွေ့ကောက်ဖြတ်သန်းသွားခဲ့ကာ မမြင်ရသော နံရံတစ်ခုကို ခုတ်မိသွားခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

တိုက်ခိုက်မှုများ၏ အသံများသည် ကမ္ဘာဘအနှံ့ ပေါက်ကွဲသွား၏။ ချီတက်မှုနှင့်အတူ ထိုစစ်သည်တော်များ၏ ခွန်အားတို့ဖြင့် တိုက်ခိုက်မှုသည် ၎င်းက တိဗက်မြင်းစစ်သည်များကို ထိပင်မထိနိုင်မီ မမြင်ရသော ကြယ်တာရာစွမ်းအင် အလွှာတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရသည်။

ထိုဝေဝေဝါးဝါး အလယ်အလတ်အဆင့် ခံတပ်ချီစက်ကွင်းသည် ရုတ်တရက် အကောင်အထည် ပေါ်လာခဲ့ပြီး တိဗက်စစ်သည်များကို ကာကွယ်ပေးနေသည့် ကြီးမားလှသော အဖြူရောင် ခြုံထည်အဖြစ် ပေါ်လာခဲ့သည်။

ရပ်တန့်၍မရသော ကျောက်စိမ်းရိုင်းသံမဏိဓားများသည် ဤခံတပ်ကို ခုတ်မိသွားခဲ့ပြီး သူတို့က တကယ့်နံရံတစ်ခုကို ခုတ်မိသွားသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။

တစ် နှစ် သုံး လေး...

နောက်ဆုံးတွင် ရှေ့တန်းရှိ မြင်းစစ်သည်များမှ တိုက်ခိုက်မှုများအားလုံး ပိတ်ဆို့ခံလိုက်ရကာ ကျောက်စိမ်းရိုင်းသံမဏိဓားသည် ရွှံ့နွံ့ထဲသို့ ထိုးသွင်းလိုက်ပုံရပြီး ပထမဆုံး နှေးကွေးသွားခဲ့ကာ လျှင်မြန်စွာ ရပ်တန့်သွားခဲ့သည်။

“အိုး မဟုတ်ဘူး”

လူအိုကြီးလင်းယုန်ငှက် ဤမြင်ကွင်းကြောင့် ဖြူလျော်သွား၏။

“မကောင်းတော့ဘူး”

လီစီးယိတွင် အလားတူ ဆိုးရွားသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ ဤသည်က တိဗက်များကို တိုက်ခိုက်သည့် သူ့ပထမဆုံး အကြိမ်ဖြစ်ပြီး သူသည် သူတို့၏ အားကောင်းသော ကာကွယ်မှု အလားတူ သူတို့၏ ကမ္ဘာတစ်ဝှမ်း ကျော်ကြားသော ခံတပ်ချီစက်ကွင်း အကြောင်းကို ကြားခဲ့ဖူးပေသည်။

သို့သော် လီစီးယိသည်ပင် အလယ်အလတ်အဆင့် ခံတပ်ချီစက်ကွင်းက ဤသို့ အားကောင်းလိမ့်မည်ဟု စိတ်မကူးမိခဲ့ပေ။ ချီစက်ကွင်း သုံးထောင်တို့၏ ပေါင်းစပ်မှုသည် ၎င်းကို ဖန်တီးခဲ့သောကြောင့် လူတစ်ယောက်ချင်းစီ၏ ဓားတို့သည် တစ်ချိန်ထဲတွင် လူသုံးထောင်ကို တိုက်ခိုက်နေရသကဲ့သို့ ဖြစ်ပေသည်။

“တကယ်လို့ ငါတို့က အခြေခံအကျဆုံးအကာအကွယ်အဆင့်ကိုတောင် မချိုးဖောက်နိုင်ရင် ဒီတိုက်ပွဲမှာ ငါတို့ရဲ့ ရှုံးနိမ့်ဖို့က သေချာပေါက်ပဲ”

လျှပ်တပြက်အတွင်း လီစီးယိ၏ မျက်နှာမှနေ၍ သွေးများအားလုံး ထွက်ခွာသွားခဲ့ကာ သူ့အား ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်သွားစေခဲ့သည်။ နောက်ဆုံးတွင် စစ်ပွဲများသည် သိုင်းပညာရှင်များကြား နှစ်ဦးချင်း သေခြင်း၊ရှင်ခြင်း စီးချင်းထိုးခြင်းနှင့် အလွန်ကွဲပြားပေသည်။

နဂါးနက်ဓားပြများသည် မည်မျှအားကောင်းပါစေ သူတို့သည် ဤအားကောင်းသော ခံတပ်ကို ဘယ်တော့မှ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ထက်ရှလှသော ကျောက်စိမ်းရိုင်းသံမဏိသည်ပင် ၎င်းကို မဖြတ်တောက်နိုင်ခဲ့ပါက ဤတိုက်ပွဲသည် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

ထို့ပြင် ဤသို့သော အဆက်မပြတ် ပြောင်းလဲနေသည့် စစ်မြေပြင်တွင် နောက်ဆုံးရလဒ်သည် လုံးဝ ချေမှုန်းခံရခြင်း ဖြစ်သွားနိုင်သည်။

“ဟား ဟား ဟား အဲ့ဒါက အသုံးမဝင်ဘူး။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေက ငါတို့ရဲ့ အကာအကွယ်ကို မချိုးဖောက်နိုင်ဘူး”

ချီစက်ကွင်း နောက်ကွယ်တွင် တိဗက်များသည် စိုးရိမ်ကြီးစွာ ကြည့်ရှု့နေခဲ့ကြသော်လည်း ဤအခိုက်တွင် သူတို့သည် ကြီးစွာစိတ်သက်သာရာ ရသွားခဲ့ကြသည်။

တိုက်ခိုက်မှုများသည် ၎င်းတို့၏ ကာကွယ်မှုကို မချိုးဖောက်နိုင်ခဲ့သောကြောင့် ထန်အားလုံးကို စောင့်နေသည့် အရာမှာ သေခြင်းတရားဖြစ်ပေသည်။

အားဝူး...

တိဗက်များသည် တမူထူးခြားသော ဝံပုလွေအူသံကို ပြုလိုက်ကြပြီး ရောက်လာတော့မည့် သတ်ဖြတ်ပွဲကြောင့် သူတို့၏ နီရဲသော မျက်နှာများက စိတ်လှုပ်ရှားမှုဖြင့် နီရဲလာခဲ့သည်။

“ဟမ် ငါတို့အလှည့်ပဲ”

စစ်တပ်၏ ရှေ့ဆုံးတွင် သန်မာသော တိဗက်ကွပ်ကဲသူသည် ရက်စက်ကြမ်းကြုတ်သည့် ပုံစံတစ်ခုကို ထုတ်ပြလိုက်သည်။ သူသည် သူ့ခေါင်းကို မလှည့်ခဲ့သော်လည်း သူ့စစ်သည်များ၏ ခံစားချက်များကို ခံစားနိုင်ပြီဖြစ်သည်။

အစပိုင်းတွင် သူသည် ဤထန်များက တော်တော်လေး ကြောက်မက်ဖွယ် ကောင်းကြသည်ဟု ထင်ခဲ့ပြီး ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့သည် တိဗက်ခံတပ်ကို မချိုးဖောက်နိုင်ခဲ့ကြသေးပေ။

'ငါတကယ့်ကို သူတို့ကို ပိုတွက်ထားခဲ့မိတာပဲ။'

ဤအတွေးဖြင့် ဘထွန်းလူသည် သူ့ဓားမောက်ကို ဆွဲထုတ်လိုက်သည်။ တစ်ချိန်ထဲနီးပါးမှာပင် ဓားမောက်တစ်ခုပြီးတစ်ခုတို့သည် ခံတပ်၏ လွှမ်းခြုံမှုမှနေ၍ ထွက်ပေါ်လာခဲ့ပြီး မဟာထန်မြင်းတပ်ကို တိုက်ခိုက်လိုက်သည်။

ထိုးစစ်သည် နှစ်လမ်းသွား လမ်းတစ်ခုဖြစ်၏။ မဟာထန်မြင်းတပ်သည် တိဗက်မြင်းတပ်ကို တိုက်ခိုက်နိုင်ချိန်တွင် တိဗက်မြင်းတပ်သည်လည်း မဟာထန်မြင်းတပ်ကို တိုက်ခိုက်နိုင်ပေသည်။

*****************

အခန်း(၅၀၀)

ဝူရှန်း..။ ရှီတိဂါဗ လျို့ဝှက်ပညာရပ်..

ခလွမ်း ခလွမ်း ခလွမ်း...

မရေမတွက်နိုင်သော တိဗက်ဓားမောက်များသည် အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပသွားခဲ့ကာ သူတို့သည် မဟာထန် မြင်းစစ်သည်များကို တစ်ပြိုင်ထဲနီးပါး တိုက်ခိုက်လိုက်ကြသည်။

ဤနားအူမတတ် တိုက်ခိုက်မှုတွင် မီးပွားစများ လွင့်ထွက်သွားခဲ့သော်လည်း တိဗက်များ၏ တိုက်ခိုက်မှုများသည် မဟာထန်မြင်းစစ်သည် ဝတ်ဆင်ထားသော ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာကြောင့် လုံးဝနီးပါး ရပ်တန့်ခံလိုက်ရသည်။

“ဒါက...”

တိဗက်များအားလုံး ဤမြင်ကွင်းကြောင့် ကြက်သေ သေသွားခဲ့ကြ၏။ မဟာထန်စစ်သည်များသည် တိဗက်ခံတပ် အကာအကွယ်ကို ချိုးဖောက်ရန် ကျရှုံးခဲ့ကြသော်လည်း တိဗက်ဓားမောက်များသည်လည်း မဟာထန် ချပ်ဝတ်တန်ဆာကို ရင်ဆိုင်ရာတွင် ခွန်အားကင်းမဲ့နေခဲ့ကြသည်။

“ငါတို့ကသူတို့ထက် အရေအတွက်များတယ်။ သူတို့ကိုဖမ်းချုပ်ပြီး အားလုံးကိုသတ်ပစ်”

၎င်း၏ မြင်းတပ်သားများကို ကောင်းကင်ထက်သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်သွားစေရန် တိဗက်ဘာသာစကားဖြင့် ပြောလိုက်သည့် ရက်စက်ကြမ်းကြုတ်သော အမိန့်တစ်ခုထွက်ပေါ်လာရန် စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည်။

ဤအနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ထန်မြင်းစစ်သည်များ၏ ချပ်ဝတ်တန်ဆာသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပါစေ လူတစ်ထောင်သည် တိဗက်မြင်းစစ်သည် သုံးထောင်အတွက် ပြိုင်ဘက်မဟုတ်ခဲ့ကြပေ။

လှေကားထစ်သုံးဆယ် တစ်ထစ်ပြီးတစ်ထစ် ပြိုကျလာခဲ့ကာ ဤထူးဆန်းသော အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် မြင်းစစ်သည်များသည်ပင် တောင့်မခံနိုင်သည့် မည်သူမျှ တောင့်မခံနိုင်သော သက်ရောက်မှုတစ်ခုကို ဖန်တီးခဲ့သည်။

“ဟမ် သူတို့က တကယ့်ကို သန်မာကြတယ်လို့ ငါတွေးထားခဲ့တာ။ ဒန်ပါ့ စစ်တပ်ကိုဦးဆောင်ပြီး သူတို့အားလုံးကို သတ်ပစ်။ လူတစ်ယောက်ကိုမှ မလွတ်မြောက်စေနဲ့”

ထိုကြံ့ခိုင်သန်မာသော တိဗက်ကွပ်ကဲသူသည် အေးစက်စွာ ရယ်မောလိုက်ကာ သူ့စိတ်သည် လုံးဝငြိမ်သက်နေခဲ့သည်။ အစပိုင်းတွင်သူသည် အမှန်ပင် အနည်းငယ် ကြောက်ရွံ့ခဲ့ပေ၏။

ဤထန်စစ်သည်များသည် သာမာန်အသိပညာဖြင့် နားလည်၍မရသော်လည်း သူတို့သည် လိုအပ်နေဆဲဖြစ်သည်။ တိဗက်မြင်းစစ်သည် တစ်ထောင်ဖြင့် ဖြစ်ပေါ်စေခဲ့သော အလယ်အလတ်အဆင့် ခံတပ်သည် ထန်စစ်သည် သုံးထောင်လေးထောင်ကို ပိတ်ဆို့နိုင်ပြီး သူ့တွင် သူနှင့်အတူ လက်ရွေးစင် မြင်းစစ်သည် သုံးထောင်ရှိနေပေသည်။

သူသည် ဤမဟာထန်စစ်သည်များ ဖုန်မှုန့်များအဖြစ်သို့ ချေမှုန်းခံနေရသည်ကို စိတ်ကူးကြည့်နိုင်ပြီဖြစ်သည်။

“ငါတို့ဒီထန်စစ်တပ်ကို သတ်ဖြတ်ပြီးတဲ့အခါ အရှေ့ဘက်ကို ချီတက်ပြီး မျိုးရိုးနာမည် ရှု့လို့အမည်ရတဲ့ မဟာထန် တပ်မှူးချုပ်ကို သုတ်သင်မယ်။ အဲ့ဒါပြီးရင် အနောက်တောင်ဘက်မှာ ငါတို့ကို ခုခံနိုင်တဲ့လူ တစ်ယောက်မှ ရှိတော့မှာမဟုတ်ဘူး။ ဒီထန်စစ်သည်တွေက အားကောင်းကြတယ်လို့ ငါတကယ်ပဲ တွေးထားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက ရထားလုံးတစ်စီကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ နှံကောင်တစ်ကောင်ပါပဲ”

လှောင်ပြုံးတစ်ခုသည် ထိုကွပ်ကဲသူ၏ နှုတ်ခမ်းပေါ်တွင် ချိတ်ဆွဲလာခဲ့သော်လည်း ဤအပြုံးသည် မီးခိုးငွေ့တစ်ခုအဖြစ်သို့ လျှင်မြန်စွာ ပျောက်ကွယ်မသွားမီ အကြာကြီးမခံခဲ့ပေ။

“မင်းရဲ့အတွေးက အရမ်းကို ရိုးရှင်းလွန်းတယ်”

ဤစက္ကန့်အနည်းငယ်အတွင်း ဝမ်ချောင်၏ မျက်လုံးများရှိ အေးစက်သည့် အလင်းရောင်ကို မည်သူမျှ သတိမပြုမိခဲ့ပေ။ အကယ်၍ ထိုတိဗက်များသည် ဤသည်က သူ့တွင်ရှိသည့် အရာအားလုံးဖြစ်သည်ဟု အမှန်ပင် တွေးထားခဲ့ပါက သူတို့သည် အမှားကြီး မှားသွားခဲ့ပြီဖြစ်သည်။

အကယ်၍သူ့တွင် မည်သည့်ယုံကြည်ချက်မျှ မရှိခဲ့ပါက သူသည် တိဗက်မြင်းစစ်သည် သုံးထောင်နှင့် အင်အားပြိုင်ရာတွင် ရဲမက်တစ်ထောင်ကို ရင်ဆိုင်စေရန် ဘယ်တော့မှ စွန့်စားခဲ့မည် မဟုတ်ပေ။

စက္ကန့်များ ကုန်ဆုံးသွားခဲ့ပြီး တိဗက်များက အော်ဟစ်နေခဲ့ကာ ထန်စစ်သည်များကို ချေမှုန်းရန် ပြင်ဆင်လိုက်ချိန်တွင် ဝမ်ချောင်သည် ရုတ်တရက် သူ့ခြေတစ်ဖက်ကို နင်းချလိုက်ပြီး စစ်မြေပြင် ဖျက်ဆီးခြင်း ချီစက်ကွင်းကို ထုတ်လွှတ်လိုက်သည်။

ဘုန်း

ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ မမြင်ရသော စွမ်းအင်တစ်ခုသည် ဝမ်ချောင်၏ ခန္ဓာကိုယ်မှနေ၍ ရှိနေသည့် လူတိုင်းဆီသို့ ပျံ့နှံ့သွားခဲ့သည်။ ဤစွမ်းအင်သည် မမြင်နိုင်ခဲ့သော်လည်း လူတိုင်းသည် ကမ္ဘာမြေကြီးကိုယ်တိုင်က ကွဲအက်လာနေသကဲ့သို့ ကမ္ဘာကြီးတုန်ခါမတက် ဘုန်းကနဲ အသံကို သူတို့၏နားထဲတွင် ချက်ချင်း ကြားလိုက်နိုင်သည်။

ခလွပ်

လေထဲတွင် ဘာမှမရှိခဲ့သော်လည်း တိဗက်စစ်တပ်ကို လွှမ်းခြုံနေသည့် အလယ်အလတ်အဆင့် ခံတပ်ချီစက်ကွင်းသည် ရုတ်တရက် မရေမတွက်နိုင်သော သေးငယ်သည့် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ထို့နောက် ၎င်းသည် အပိုင်းအစများအဖြစ်သို့ ပျက်စီးသွားခဲ့သည်။

“မကောင်းတော့ဘူး”

တခဏချင်းမှာပင် တိဗက်စစ်သည်များအားလုံး ဤပြောင်းလဲမှုကို ခံစားလိုက်ရပြီး ဖြူလျော်သွားခဲ့ကာ သူတို့၏စိတ်များက ကသောင်းကနင်း ဖြစ်သွားခဲ့သည်။

မည်သည့်သတိပေးချက်မျှ မရှိဘဲ သူတို့သည် သူတို့၏ခွန်အားက ရုတ်တရက် ထိုးကျသွားသည်ကို တွေ့လိုက်ရသည်။ ခံတပ်သည် ရှိနေဆဲဖြစ်သော်လည်း ၎င်း၏ကြံ့ခိုင်မှုနှင့် ကိုယ်ရောင်ကိုယ်ဝါတို့သည် အဆင့်ကြီးတစ်ဆင့်လုံး ကျဆင်းသွားခဲ့ကာ အလယ်အလတ်အဆင့် ခံတပ်တစ်ခုမှနေ၍ လူတစ်ရာဖြင့်သာ ထုတ်ဖော်နိုင်သည့် စဦးအဆင့် ခံတပ်တစ်ခုအဖြစ်သို့ ကျဆင်းသွားခဲ့သည်။

ဤခံတပ်ကို ဖြစ်ပေါ်လာစေရန်နှင့် ၎င်း၏စွမ်းအားကို ကျင့်သားရစေရန်အတွက် အတူတကွ လုပ်ဆောင်ခဲ့ကြသည့် ဤတိဗက်များအတွက် ဤပြောင်းလဲမှုက အင်အားပြင်းအား (၈)ရှိသည့် ငလျှင်တစ်ခုကဲ့သို့ဖြစ်သည်။

ဝူရှန်း၏ ရှည်လျားလှသော သမိုင်းတွင် ရှေးအချိန်များမှနေ၍ လက်ရှိအချိန်အထိ ၎င်းသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ မရေမတွက်နိုင်သော အင်အားစုများဖြင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း တိဗက်တစ်ယောက်မှ ဤသို့သော ထူးဆန်းသည့် အခြေအနေများကို မကြုံတွေ့ခဲ့ဖူးဟု ပြောနိုင်ပေသည်။

“ဘာဖြစ်နေတာလဲ။ ဘာလို့ငါတို့က ဒီလောက်အားနည်းသွားရတာလဲ..”

“ခံတပ်... ခံတပ်က ပြိုကွဲသွားခဲ့ပြီ”

“မဖြစ်နိုင်တာ.. ဒါက မဖြစ်နိုင်ဘူး”

“ဒီထန်တွေက ငါတို့ရဲ့ခံတပ်ကို ဘယ်လိုလုပ် အားနည်းသွားစေခဲ့တာလဲ။ ဒါက မဖြစ်နိုင်တာပဲ။ ငါအဲ့ဒါကို မယုံဘူး။ ငါအဲ့ဒါကို ယုံကြည်မှာမဟုတ်ဘူး”

***

အချိန်များစွာ ကုန်ဆုံးသွားပုံရသော်လည်း အမှန်တကယ်တွင် ထိုတိဗက်များကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ရရှိစေရန်နှင့် သူတို့အား ဗရမ်းဗတာ ဖြစ်သွားစေရန်အတွက် စက္ကန့်အနည်းငယ်မျှသာ ကြာခဲ့ပေသည်။

“အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ”

မဟာထန်စစ်သည်များသည် ဤပြောင်းလဲမှုကို ချက်ချင်း သတိပြုမိလိုက်ပြီး ဝမ်းသာသွားခဲ့ကြကာ လီစီးယိနှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် အထူးဝမ်းသာသွားခဲ့ကြသည်။

တိဗက်များသည် မြင်းစီးဓားပြများ မဟုတ်ခဲ့ကြဘဲ မြင်းစီးဓားပြများသည် ဝူရှန်းပုံမှန်စစ်တပ်လောက် ရင်ဆိုင်ရ မခက်ခဲခဲ့ကြပေ။ သို့သော် ထိုခုံးနေသည့် ခံတပ်အကာအကွယ် မရှိဘဲ အရာရာတိုင်းသည် ခြားနားသွားပေသည်။

ခံတပ်၏ စဦးအဆင့် ချီစက်ကွင်းသည် အားကောင်းဆဲဖြစ်သော်လည်း သူတို့၏စစ်တပ်အတွက် ခြိမ်းချောက်မှု မဟုတ်ခဲ့ပေ။

ဤသည်က ခံတပ်၏ စဦးအဆင့် ချီစက်ကွင်းတစ်ခုကို ရင်ဆိုင်ရသည့် သူတို့၏ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ ကျောက်စိမ်းရိုင်းသံမဏိ လက်နက်များသည် ဤသို့သော အကာအကွယ်တစ်ခုကို ပြီးပြည့်စုံစွာ ချိုးဖောက်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီးဖြစ်သည်။

ဤအရာအားလုံး ဖြစ်ပွားလာရန်အတွက် တခဏမျှသာ ကြာခဲ့သည်။ ဝမ်ချောင် ဆည်းဆာရောင်မြင်းလား ချီစက်ကွင်းနှင့် စစ်မြေပြင် ဖျက်ဆီးခြင်း ချီစက်ကွင်း နှစ်ခုစလုံးတို့ကို ထုတ်လွှတ်ခြင်းဖြင့် တိုက်ပွဲရေစီးကြောင်းများသည် လုံးဝပြောင်းလဲသွားခဲ့သည်။

“ကောင်းကင်-မြေကြီး ပိုက်ကွန်”

ဝမ်ချောင်၏အသံသည် ကောင်းကင်ကို ပဲ့တင်ထပ်သွားခဲ့ပြီး လူငါးရာပါသော မြင်းတပ်အုပ်စု နှစ်ခုတို့သည် သူ့အမိန့်ကို စတင်ဆောင်ရွက်လိုက်ကြသည်။ အကယ်၍ တစ်ယောက်သည် ထိုစစ်တပ်က ပထမတွင် ကြီးမားလှသော ခေါင်းနှစ်လုံးပါရှိသည့် မြွေတစ်ကောင်ကဲ့သို့ ဖြစ်သည်ဟု ပြောခဲ့ပါက ၎င်းသည်ယခုအခါ များစွာသော မြွေလေးများအဖြစ်သို့ ပြောင်းလဲနေခဲ့ပေသည်။

မြွေငယ်တစ်ကောင်ချင်းစီကို စစ်သည်တစ်ရာဖြင့် ဖွဲ့စည်းထားခဲ့သည်။

အုပ်စုတစ်ခုချင်းစီသည် လူတစ်ရာ ကွပ်ကဲသူတစ်ယောက် ပါရှိပြီး လူဆယ်ယောက် ကွပ်ကဲသူများနှင့် လူငါးယောက် ကွပ်ကဲသူများ ပါရှိပေသည်။ အုပ်စုတစ်ခုချင်းစီသည် သေးငယ်သော်လည်း သူတို့ တစ်ယောက်ချင်းစီသည် ပြီးပြည့်စုံပြီး စစ်သည်တစ်ဦးချင်းစီသည် အလွန်အမင်း သွက်လက်ကာ မြန်ဆန်ကြသည်။

ဝုန်း

ဝမ်ချောင် အမိန့်ပေးပြီးနောက် မူလက မြားပုံစံအခင်းအကျင်း ရှိနေခဲ့သော ဤစစ်သည်များသည် ရုတ်တရက် သေးငယ်သော မြွေများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ တိဗက်စစ်တပ်၏ လှေကားထစ်များထဲသို့ တိုးဝင်သွားခဲ့သည်။

ပထမဆုံးအကြိမ် သူတို့၏ချီတက်မှုကို အလယ်အလတ်အဆင့် ခံတပ်ဖြင့် ပိတ်ဆို့ထားခဲ့သော်လည်း ဤတစ်ကြိမ် မည်သည့်အရာကမျှ သူတို့၏ချီတက်မှုကို မရပ်တန့်နိုင်ခဲ့ပေ။

စဦးအဆင့် ခံတပ်သည် ရှိနေဆဲဖြစ်သော်လည်း အလယ်အလတ်အဆင့် ခံတပ်ကဲ့သို့ အကောင်အထည်ပုံစံ မရှိတော့ဘဲ ရန်သူများကို မထိန်းနိုင်ခဲ့တော့ပေ။

ရွှီ..

ကျောက်စိမ်းသံမဏိဓား တစ်ခုပြီးတစ်ခု လေထဲမှ ခုတ်ဖြတ်သွားခဲ့သည်။ စစ်မြင်းများ၏ ချီတက်မှု၊ ကလန်ကျွမ်းကျင်သူများ၏ ခွန်အားနှင့် တိဗက်များ၏ သူတို့ဆီသို့ ချီတက်မှုအမြန်နှုန်းတို့သည် မည်သည့်အရာကိုမဆို ဖုန်မှုန့်များအဖြစ် ချေမှုန်းပစ်နိုင်သည့် ခွန်အားတစ်ခုကို ပေးစွမ်းခဲ့သည်။

ဘန်း ဘန်း ဘန်း ဘန်း

အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် မြွေများသည် တိဗက်‌ လှေကားထစ်များထဲသို့ တိုးဝင်သွားခဲ့ကာ သူတို့ကို ဖြတ်သန်းသွားခဲ့သည်။ တစ်ချီမျှအတွင်း အလယ်ရှိ လူတစ်ရာပါရှိသော လှေကားထစ်တစ်ခုသည် လုံးဝချေမှုန်းခံခဲ့ရကာ တိဗက်မြင်းစီးသူများသည် ညဉ်းသံတစ်ချက်ပင် မရှိဘဲ မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူတို့၏ မြင်းများသည်ပင် နှစ်ပိုင်း ပိုင်းသွားကြ၏။

ထိုစစ်မြင်းများသည် လူတန်းများမှနေ၍ ပြေးထွက်လာခဲ့ပြီး ပြန်လှည့်ကာ တိဗက်အခင်းအကျင်းထဲသို့ ပြန်ချီတက်သွားခဲ့သည်။ သူတို့သည် မြန်နှုန်းပြည့်ဖြင့် ဝင်ရောက်သွားခဲ့ပြီး မြန်နှုန်းပြည့်ဖြင့် ထွက်ခွာသွားခဲ့ကာ ဓားအလင်းရောင်များသည် သူတို့ဖြတ်သွားသည့် နေရာများတွင် အလောင်းများကို ကျန်ရစ်နေစေခဲ့သည်။

ဤလူတစ်ရာလှေကားထစ်သည် ပြည့်စုံစွာ ဆင်ယင်ခံထားရပြီး ထူထည်းသော တိဗက်ချပ်ဝတ်တန်ဆာဖြင့် ဝတ်ဆင်ထားခဲ့သော်လည်း သူတို့တစ်ယောက်မှ ကောင်းကင်-မြေကြီး ပိုက်ကွန်မှ ထိုးနှက်မှုတစ်ခုကို မခံနိုင်ခဲ့ကြပေ။ တိုက်ခိုက်မှုများသည် ဘက်ပေါင်းစုံမှ ဝင်ရောက်လာခဲ့ပြီး ဝမ်ချောင်၏စစ်တပ်သည် မရပ်တန့်ခဲ့ပေ။ သူတို့သည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်ဖြစ်စေ မသတ်ဖြတ်ခဲ့သည်ဖြစ်စေ သူတို့သည်အမြဲ ဝင်ရောက်လာလိမ့်မည်ဖြစ်ပြီး မြန်နှုန်းပြည့်ဖြင့် ထွက်ခွာသွားပေလိမ့်မည်။ ဤလူတစ်ထောင် တပ်သားများသည် တိဗက်အခင်းအကျင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး လွတ်လပ်စွာ သတ်ဖြတ်သွားခဲ့ကာ လူတစ်ယောက်ကမှ သူတို့ကို မရပ်တန့်နိုင်ခဲ့ပေ။

ဝမ်ချောင်ဦးဆောင်ခဲ့သည့် သေးငယ်သော မြွေများသည် အားလုံးလွတ်လပ်ပြီး မြန်ဆန်တက်ကြွကြသော်လည်း သူတို့အားလုံးသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်နေပုံရပြီး သူတို့က အဆောက်အအုံကြီးတစ်ခု၏ အစိတ်အပိုင်းများကဲ့သို့ဖြစ်သည်။

ဤတိဗက်မြင်းစစ်သည် သုံးထောင်တို့သည် သူတို့အရေအတွက် သုံးပုံတစ်ပုံဖြင့်သာ ရင်ဆိုင်နေရသည်မှာ ထင်ရှားလှသော်လည်း နောက်ဆုံးရလဒ်သည် လူတစ်ရာ လှေကားထစ်တစ်ခုချင်းစီက သူတို့အရေအတွက် ဆယ်ဆရှိသည့် ဒေါသကြီးသော လှိုင်းတစ်ခုကို ရင်ဆိုင်နေခဲ့သည်။

လှိုင်းတစ်ခုအတွင်း သူတို့၏ရန်သူများကို ဖြိုဖျက်ရန် တိဗက်များ အသုံးပြုခဲ့သည့် လှေကားထစ်ပုံစံအခင်းအကျင်းသည် ယခုအခါ သေစေနိုင်သော အားနည်းချက် ဖြစ်လာခဲ့သည်။ ချီတက်ခြင်းအတွက် ကြားခံတစ်ခုအဖြစ် လှေကားထစ် တစ်ခုချင်းစီကြားတွင် ချန်ရစ်ခဲ့သော နေရာလွတ်သည် ယခုအခါ ဝမ်ချောင်အသုံးချနိုင်သည့် အားနည်းချက်တစ်ခု ဖြစ်လာခဲ့သည်။

ဝုန်း...။

ဖုန်မှုန့်များ ထသွားခဲ့ပြီး ကမ္ဘာမြေကြီး တုန်ခါသွားခဲ့ကာ မဟာထန် မြင်းစစ်သည်များသည် စစ်မြေပြင်ကို ဖြတ်ကျော်သွားသည်။

တစ်ချီ၊ နှစ်ချီ၊ သုံးချီ၊ လေးချီ...

သာမာန်လူတစ်ယောက်သည် တခဏသာ ကုန်ဆုံးသွားသည်ဟု တွေးထင်နိုင်သော်လည်း တိဗက်များအတွက် ၎င်းက ခံပြင်းစရာကောင်းလှသော အလွန်ကြာရှည်သည့် ကာလတစ်ခုဖြစ်သည်။ မြင်းများ မြည်ဟည်းလိုက်ပြီး သွေးများဖြာထွက်သွားသောအခါ တိဗက်များသည် မြင်းစစ်သည်ငါးရာ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

ထိုလူများ အားလုံးတို့သည် ထူထည်းသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့ကြပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားခဲ့ကာ တိဗက်နွားရိုင်း ချီစက်ကွင်းနှင့် စဦးအဆင့် ခံတပ် ချီစက်ကွင်းတို့ဖြင့် အားဖြည့်ခံထားခဲ့ရသည်။ သာမာန်စစ်မြေပြင်တစ်ခုတွင် စစ်သည်ငါးရာသည် သူတို့အရေအတွက် အဆတော်တော်များများဖြင့် ရင်ဆိုင်ရန် လုံလောက်ပေလိမ့်မည်။

သို့သော် ဤတစ်ကြိမ် သူတို့အားလုံး ချေမှုန်းခံရရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့၏။ အကြိမ်ပေါင်းရာချီ မီးဆေးခံခဲ့ရသည့် ထိုထူထည်းသော ချပ်ဝတ်တန်ဆာသည် တို့ဟူးကဲ့သို့ ခုတ်ဖြတ်ခံခဲ့ရပြီး ချောမွေ့သော ခုတ်ရာများကို ကျန်ရစ်နေစေခဲ့ကာ မြေပေါ်သို့ ပြတ်နေသော ခြေလက်အင်္ဂါများနှင့်အတူ ကျဆင်းသွားခဲ့သည်။ ၎င်းသည် လူတစ်ယောက်ကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေသည့် ကြက်သီးထဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေသည်။

ပုံမှန်စစ်တပ်တစ်ခုနှင့် သူတို့၏ ပထမဆုံး တိုက်ပွဲတွင် ကျောက်စိမ်းရိုင်းသံမဏိဓားများ ကိုင်ဆွဲထားသည့် ဤစစ်သည်များသည် အံ့မခန်းခွန်အားတစ်ခုကို ပြသခဲ့ပြီး ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည့် အရာမှာ သူတို့ပြသခဲ့သည့် စည်းလုံးညီညွှတ်မှုနှင့် လိုက်လျောညီထွေဖြစ်မှု အဆင့်ဖြစ်သည်။

“မဟုတ်ဘူး.. ငါမင်းတို့အားလုံးကို သတ်ပစ်မယ်”

တိဗက်ဘာသာစကားဖြင့် ပြောလိုက်သည့် ဒေါသတကြီးနှင့် အံ့အားသင့်နေသော အော်သံတစ်ခု လောကကြီးထဲသို့ ပဲ့တင်ထပ်သွား၏။ ဝမ်ချောင်၏စစ်သည်များ သူတို့၏ ပဉ္စမမြောက်အချီကို ပြီးမြောက်သွားသည်နှင့် သူတို့သည် သူတို့နောက်ရှိ အလွန်အမင်း အန္တရာယ်များသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

ဝမ်ချောင် သူ့ခေါင်းကို ချက်ချင်းလှည့်လိုက်ကာ သူ့နှလုံးသား အေးစက်သွားသည်။ သူမြင်လိုက်သည့် အရာမှာ လေထဲသို့ ခုန်နေသည့် ရွှေရောင်သတ္ထု လက်အိတ်များကို ဝတ်ဆင်ထားသည့် ကြီးမားသောပုံသဏ္ဍန်တစ်ခုဖြစ်ပြီး သူ၏ရောက်ရှိလာမှုသည် ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။

သူ့မျက်နှာသည် ကြည့်ရှု့ရန် ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးမဲ့သော ဒေါသတရားနှင့် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ဖျက်ဆီးတတ်ပြီး ခမ်းနားထည်ဝါသော စွမ်းအင်တစ်ခုသည် သူ့အနားတွင် လျှပ်စီးတိမ်တိုက်များကဲ့သို့ စုဝေးနေခဲ့ကြပြီး မည်သည့်အချိန်တွင်မဆို ပစ်လွှတ်ရန် အဆင့်သင့်ဖြစ်နေပုံရသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင် ကြက်သေ သေသွား၏။ ဤပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များသည် မယုံနိုင်စရာကောင်းသည့် နှုန်းတစ်ခုဖြင့် တိုးတက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်သည် ဘောလုံးတစ်ခုကဲ့သို့ ဖောင်းကားလာပုံရကာ သူ့မျက်နှာကိုပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ် နေစေခဲ့သည်။

“ရှီတိဂါဗ လျို့ဝှက်ပညာရပ်”

လျှပ်စီးတစ်ချက် သူ့စိတ်ထဲ လက်သွားကာ ဝမ်ချောင်သည် ဤတိဗက်က ဘာလုပ်နေသည်ကို ချက်ချင်း သိရှိလိုက်သည်။ ဝူရှန်း၏ သိုင်းပညာရပ်များ အားလုံးနီးပါးတို့သည် မဟာနှင်းတောင်မြင့်မြတ်သော နယ်မြေမှ ဆင်းသက်လာခဲ့ပေသည်။ အလယ်ပိုင်း လွင်ပြင်ဒေသနှင့်မတူဘဲ ဝူရှန်းတို့သည် မျိုးရိုးတစ်ခုကိုသာ အမြဲထိန်းသိမ်းထားသည်။

ထို့ပြင် ၎င်း၏ရှည်လျားလှသော သမိုင်းနှင့်အတူ ၎င်းသည် များစွာသော လျို့ဝှက်ဆန်းကြယ်သည့် မဟာနည်းစနစ်များကို စုဆောင်းထားခဲ့ပေသည်။

ရှီတိဂါဗ လျို့ဝှက်ပညာရပ်သည် ဤအရာများထဲမှ တစ်ခုဖြစ်၏။

ဝူရှန်းစစ်တပ်ရှိ စစ်သူကြီးများထဲမှ ပမာဏအနည်းငယ်သည် သူတို့၏ခွန်အားကို အချိန်တိုအတွင်း ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တစ်ခုသို့ သက်ရောက်စေနိုင်ပြီး သူတို့အား သူတို့၏ရန်သူများကို တစ်ချက်အတွင်း ဖျက်ဆီးစေနိုင်သည့် လျို့ဝှက်ပညာရပ်များကို အသုံးပြုနိုင်ကြသည်။

ဤသည်က အလယ်ပိုင်းလွင်ပြင်ဒေသတွင် အချိန်တစ်ခုအထိ ပြန့်နှံ့နေခဲ့သည့် ကောလဟာလတစ်ခု ဖြစ်သော်လည်း သက်သေအနည်းငယ်သာ ရှိခဲ့သောကြောင့် လူအများစုတို့က ၎င်းကို ဟာသတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

သို့သော် ဝမ်ချောင်သည် ဤသည်က ပုံပြင်မဟုတ်ဘဲ သေချာပေါက် ဟာသတစ်ခု မဟုတ်သည်ကို သိပေသည်။

အကြောင်းပြချက်သည် ရိုးရှင်း၏။ ဝမ်ချောင်သည် သူ့ကိုယ်ပိုင်မျက်လုံးဖြင့် တစ်ခုကို မြင်တွေ့ခဲ့ဖူးပေသည်။

*********************

All Chapters