← Chapters

အခန်း (၅၀၁-၅၀၅)

Vol. 23 Ch. 501-505

အခန်း (၅၀၁-၅၀၅)

Vol. 23 Ch. 501-505

အခန်း(၅၀၁)

ချိုးဖျက်၍မရနိုင်သော မြားခေါင်း

ဘဝနှစ်ခုတွင် နေထိုင်ခဲ့သည့် လူတစ်ယောက်အနေဖြင့် ဝမ်ချောင်သည် ထိုကာလအတွင်း အရာများစွာကို မြင်တွေ့ခဲ့ဖူးပြီး သူသည် လူများစွာကိုလည်း သိရှိခဲ့ပေသည်။ ဝမ်ချောင်သည် ၎င်းက သူ့ရှေ့တွင်ရပ်နေသည့် ဤလူမဟုတ်ခဲ့သော်လည်း ရှီတိဂါဗကို အသုံးပြုသည့် တစ်စုံတစ်ယောက်ကို တစ်ခါက တွေ့ခဲ့ဖူးပေသည်။

ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်သည် သိုင်းပညာရှင် တစ်ယောက်၏ ခွန်အားကို တခဏတာ ကြီးစွာတိုးမြှင့်ပေးနိုင်ပြီး သူ၏ခံစစ်နှင့် သူ့ကြယ်တာရာ စွမ်းအင်၏ ခံနိုင်ရည်ရှိမှုတို့ကိုလည်း တိုးမြှင့်ပေးနိုင်သည်။

ဤသည်က လူတစ်ဦး၏ အလားအလာကို လွန်လွန်ကဲကဲ နိုးဆွပေးသည့် နည်းလမ်းတစ်ခုဖြစ်သော်လည်း ၎င်းသည် စစ်မြေပြင်တွင် အလွန်ထိရောက်မှု ရှိလှသည်။

“ဘယ်သူကမှ တန်ဖိုးတစ်ခုမပေးဘဲ ငါ့စစ်သည်တော်တွေကို သတ်လို့မရဘူး။ ငါမင်းတို့ရဲ့ အသက်တွေအားလုံးကို တောင်းဆိုတယ်”

ထိုတိဗက်ကွပ်ကဲသူ၏ ဆံပင်များသည် သူ့အနားတွင် စတင်ပျံဝဲလာခဲ့ကာ သူ့ကြယ်တာရာ စွမ်းအင်သည် နက်နဲသိုင်မွေ့သော သိုင်းနယ်ပယ် အဆင့်လေး သို့မဟုတ် အဆင့်ငါးမှနေ၍ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ မြင့်တက်သွားခဲ့ကာ လီစီးယိကို ကျော်လွန်သွားခဲ့သည်။

ဝုန်း

လဟာပြင်သည် တွန့်ချိုးသွားခဲ့ပြီး လျှပ်စီးတိမ်တိုက်များ သူ့လက်ထဲ စုဝေးလာခဲ့၏။ ဝမ်ချောင်တွင် တုန့်ပြန်ရန် မည်သည့်အချိန်မျှမရှိမီ ထိုနတ်ဘုရားကဲ့သို့သော လေထဲရှိ တိဗက်ကွပ်ကဲသူသည် လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ ကောင်းကင်ကြီးသည် မှောင်မိုက်သွားခဲ့ပြီး ကြယ်တာရာစွမ်းအင်သည် ဝမ်ချောင်၏ စစ်တပ်ဆီသို့ လှိုင်းလှုံးတစ်ခုကဲ့သို့ ကျဆင်းလာခဲ့သည်။

ထိုလှိုင်းလုံးသည် အခုထိ မရောက်လာခဲ့သေးသော်လည်း ဓားတစ်ချောင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက အရင်ကျဆင်းလာသည်။ ကောင်းမွန်စွာ လေ့ကျင့်ထားခဲ့သည့် မြင်းများသည် သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားလိုက်ရကာ သူတို့၏ ဆွဲဆွဲငင်ငင် မြည်ကျွေးသံများကို မထိန်းနိုင်ခဲ့ပေ။

ဝမ်ချောင် ခေါ်ယူခဲ့သည့် စစ်သည်များသည် မဟာကလန်များမှ ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း သူတို့အားလုံးတို့သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်တွင်သာ ဖြစ်ကြပေသည်။ သူတို့သည် ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်ကြောင့် ပို၍အားကောင်းသွားခဲ့သည့် ဤနက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အတွက် လုံးဝပြိုင်ဘက် မဟုတ်ကြပေ။

စစ်သည်တစ်ထောင်တို့သည် အားလုံး ဥက္ကာခဲသတ္ထုဖြင့် ဆင်ယင်ခံထားရပြီး အခြေခံအားဖြင့် သူတို့၏ ယခင်ချီတက်မှုများကြောင့် မထိခိုက်ခဲ့ကြသော်လည်း ဤလက်သီး ကျဆင်းလာသောအခါ စစ်တပ်၏ အမြှီးစွန်းသည် ကြီးမားသော အသေအပျောက်များကို ခံစားခဲ့ရသည်။

“လီစီးယိ”

တွေးတောရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ဝမ်ချောင်ချက်ချင်း လီစီးယိကို လွှတ်လိုက်သည်။

ဤအခိုက်တွင် ဤတိုက်ခိုက်မှုကို ယှဉ်နိုင်သည့် ဝမ်ချောင်ဘက်ရှိ တစ်ဦးတည်းသောသူမှာ လီစီးယိဖြစ်ပေသည်။ လီစီးယိသည် အနာဂတ် ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးဖြစ်ပြီး တိုင်းပြည်၏ သြဇာညောင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သောကြောင့် အကယ်၍သူသည် ပုံမှန်မဟုတ်စွာ သန်မာလာသည့် ထိုတိဗက်ကွပ်ကဲသူကို မယှဉ်နိုင်ခဲ့လျှင်ပင် ဝမ်ချောင်သည် အမှန်ပင် တစ်ခြားသင့်လျော်သည့် လူများကို မတွေးတောနိုင်ခဲ့ပေ။

စကားတစ်ခွန်းမျှမဆိုဘဲ လီစီးယိ၏ ညာလက်သည် သူ့နောက်ကျောပေါ်ရှိ ကြီးမားလှသောဓားကို ဆုပ်ကိုင်လိုက်သည်။ ဘုန်းကနဲအသံဖြင့် သူသည် သိန်းငှက်တစ်ကောင်ကဲ့သို့ သူ့မြင်းနောက်ကျောပေါ်မှနေ၍ ခုန်ထွက်လိုက်သည်။

“ငါ့ရဲ့တိုက်ခိုက်မှုကို လက်ခံလိုက်”

ထိုထင်ရှားပြီး ခံစားချက်မဲ့သော အသံသည် ကောင်းကင်ထက် ပဲ့တင်ထပ်သွားခဲ့သည်။ လီစီးယိ၏ ခန္ဓာကိုယ်သည် လေထဲမှ ပျောက်ကွယ်သွားခဲ့ကာ ဧရာမဆူးချွန် ချီစက်ကွင်းတစ်ခုသည် ၎င်းမှနေ၍ စတင်ပျံ့နှံ့လာသည်။ တခဏချင်းမှာပင် ၎င်းသည် သူ့ကို လွှမ်းခြုံထားသည့် ခမ်းနားထည်ဝါသော မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

လီစီးယိသည် တုန့်ဆိုင်းမနေဘဲ ဆောင်ရွက်ခဲ့၏။ လီစီးယိ၏အသံသည် လေထဲတွင် ရှိနေဆဲဖြစ်သော်လည်း ထိုကြီးမားပြီး ထက်ရှသော ကျောက်စိမ်းရိုင်းသံမဏိဓားသည် ပန်ဂူက လောကကို ခုတ်ပိုင်း၍ ဖွင့်နေသကဲ့သို့ ထိုတိဗက်ကွပ်ကဲသူအပေါ် ခုတ်ချနေခဲ့ပြီဖြစ်သည်။

ဘုန်း

လေပြင်းတစ်ချက် မြေပြင်ကို လှဲကျင်းသွား၏။

ဝမ်ချောင်သည် တိုက်ပွဲကို မမြင်နိုင်ခဲ့သော်လည်း သူသည် သူ့နောက်မှနေ၍ ထွက်ပေါ်လာသည့် ကမ္ဘာမြေကြီး တုန်ခါစေသည့် ဘုန်းကနဲအသံများကို ခံစားနိုင်ပေသည်။ ထိုအသံသည် သားရဲကြီးနှစ်ကောင် အချင်းချင်း နပန်းလုံးနေကြသကဲ့သို့ဖြစ်ပြီး သဲများကို လွင့်ထွက်သွားစေကာ ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားစေသည့် လေပြင်းကြီးများကို ဖြစ်ပေါ်စေသည်။

ဝမ်ချောင်သည် စောင့်ကြည့်ရန် လိုအပ်သည်ဟု မခံစားခဲ့ရပေ။ သူသည် လီစီးယိ၏ခွန်အားကို အကြွင်းမဲ့ ယုံကြည်မှုရှိပြီး ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီး၏ စွမ်းအားသည် ကျင့်ကြံခြင်းလောက် ရိုးရှင်းသည့် အရာပေါ် မမှီခိုခဲ့ပေ။

သူ့အတွက်ပို၍ အရေးကြီးသည်မှာ ကျန်ရှိနေသော တိဗက်စစ်သည် နှစ်ထောင့်ငါးရာနှင့် ရင်ဆိုင်ခြင်းဖြစ်သည်။

“မြားပုံစံအခင်းအကျင်း”

သူ့ညာလက် မြောက်တက်သွားခဲ့ကာ ဝမ်ချောင်သည် အခင်းအကျင်းကို ဖွဲ့စည်းရန် သူ၏ဒုတိယအမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ မြွေငယ်လေးများသည် ရုတ်တရက် ကြီးမားလှသော စပါးအုံတစ်ကောင်ကဲ့သို့ အတူတကွ ရုတ်တရက် စုစည်းသွားခဲ့ကြသည်။

သူသည် ကောင်းကင်-ကမ္ဘာမြေကြီး ပိုက်ကွန်မှနေ၍ မြင်းတပ် အခင်းအကျင်းများထဲမှ ရိုးရာအဆန်ဆုံးဖြစ်သည့် မြားပုံစံအခင်းအကျင်းကို ပြန်သွားခဲ့သည်။

စစ်မြင်းများသည် နောက်တစ်ကြိမ် မြည်ဟည်းလိုက်ကြပြီး မဟာထန်မြင်းစစ်သည် တစ်ထောင်တို့သည် သူတို့တိဗက်မြင်းတပ်၏ လှေကားထစ်ပုံစံ အခင်းအကျင်းဆီသို့ တိုက်ရိုက် ချီတက်သွားခဲ့ကာ ရှည်လျားလှသော ဖုန်မှုန့်တန်းရှည်ကြီးကို ကျန်ရစ်နေစေခဲ့သည်။

တိုက်ပွဲအနုပညာတွင် ဆိုရိုးတစ်ခုရှိပေသည်။ သာလွန်သော စစ်သူကြီးသည် ရန်သူ၏ အကြံအစည်များကို ချိုးဖောက်ပြီး နိမ့်ကျသော စစ်သူကြီးသည် ရန်သူ၏ စစ်သည်များကို ဆန့်ကျင်၍ အကြံအစည်များ ပြုလုပ်ပေသည်။ စိတ်ဓာတ်များကို တိုက်ခိုက်ခြင်းသည် မြို့ကို တိုက်ခိုက်ခြင်းထက် သာလွန်ပေ၏။ ယခုအခါ ဝမ်ချောင်သည် တိဗက်စစ်တပ်၏ စိတ်ဓာတ်ကိုလုံးဝ ဖျက်ဆီးသွားခဲ့ပြီဖြစ်သည်။

ဘုန်း

မြင်းသည် မြင်းနှင့်တွေ့ဆုံသွားခဲ့ပြီး ဓားမောက်သည် ဓားနှင့်တွေ့ဆုံသွားခဲ့ကာ သတ္ထုရိုက်ခတ်သံများနှင့် မြင်းများ၏ ဆွဲဆွဲငင်ငင် မြည်ဟီးသံများသည် အဆက်မပြတ် ထွက်ပေါ်လာသည့် ဆူညံသံတစ်ခုအဖြစ်သို့ အတူတကွ ပေါင်းစည်းသွားခဲ့ကြသည်။

“သူတို့အားလုံးကိုသတ်”

တိဗက်မြင်းစစ်သည်များ၏ မျက်လုံးများသည် သွေးဆာမှုကြောင့် နီရဲသွားခဲ့ကြပြီး ဤမြင်ကွင်းကြောင့် လုံးဝ ဒေါသထွက်သွားခဲ့ကြသည်။ လူတိုင်းတို့သည် မဟာထန်မှ အသုံးပြုသော မြားပုံစံအခင်းအကျင်းနှင့် ဝူရှန်း၏ လှေကားထစ်ပုံစံ အခင်းအကျင်းတို့သည် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံးသော မြင်းတပ်ချီတက်ခြင်း အခင်းအကျင်းများထဲမှ တစ်ခုဖြစ်ကြသည်ကို သိထားကြပေသည်။

သို့သော် မဟာထန်၏ ကြောက်မက်ဖွယ်အကောင်းဆုံး မြင်းတပ်သည်ပင် ထိပ်တိုက်ချီတက်ခြင်းတွင် တိဗက်များကို ဆန့်ကျင်၍ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။ မြင်းတပ် နည်းဗျူဟာများ အားလုံးတို့တွင် တိဗက်လှေကားထစ်ပုံစံ အခင်းအကျင်းသည် သံသယရှိစရာမလိုဘဲ အားအကောင်းဆုံး ဖြစ်ပေသည်။

တိဗက်များကို အတုခိုးရန် ကြိုးစားခဲ့ကြသည့် တစ်ခြားလူများသည် သူတို့၏အဆင့်သို့ ရောက်ရှိနိုင်ကြအုံးမည် မဟုတ်ပေ။

လုံ့ရှီ၏ ကြယ်ခုနှစ်ပွင့် မဟာစစ်သူကြီး ဝူရှန်းတို့၏ အဆိပ်အတောက် ကော်ရှု့ဟန်သည်ပင် တိဗက်များကိုရင်ဆိုင်ရန် မြင်းတပ်ကို အသုံးပြုမည့်အကြောင်း ဘယ်တော့မှ မတွေးခဲ့ပေ။ ထိုအစားသူသည် တိဗက်မြင်းတပ် ချီတက်မှုကို ခုခံရန် အလွန်အမင်း လေးလံပြီး ကြီးမားလှသော ဒိုင်းများကို တီထွင်ခဲ့သည်။

အကယ်၍ အားကောင်းလှသော ကြယ်ခုနှစ်ပွင့်စစ်တပ် မဟာစစ်သူကြီးသည်ပင် ဤသို့သော အရာတစ်ခုကို မလုပ်ရဲခဲ့ပါက ဤလူများတွင် သူတို့ကို စိန်ခေါ်ရန် မည်သို့သော အခွင့်အရေး ရှိမည်နည်း။

“သူတို့အားလုံးကိုသတ်”

တိဗက်များ၏ စိတ်ထဲရှိ ဒေါသတရားသည် ပေါက်ကွဲမှတ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

ဝူရှန်း၏ ပရိယာယ်များနှင့် ရင်းနှီးကျွမ်းဝင်နေသော မဟာထန်၏ လူများသည် ကုန်းပြင်မြင့် မြင်းများ၏ ချီတက်မှုကို ရင်ဆိုင်ရန် လူတစ်ဦးထက် ပိုမြင့်သော ဒိုင်းကာကို အသုံးပြုရန် တွေးတောခဲ့ပေသည်။ အလားတူပင် မဟာထန်နှင့် နှစ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် ဝူရှန်းသည် မြားပုံစံအခင်းအကျင်း၏ အားနည်းချက်များကို ထက်မြတ်စွာ နားလည်သဘောပေါက်ခဲ့သည်။

ဤအခင်းအကျင်းသည် ရန်သူစစ်တပ်တစ်ခုကို ချိုးဖောက်ခြင်းအတွက် ကမ္ဘာပေါ်ရှိ အကောင်းဆုံးအဖြစ် ချီးမွန်းခံခဲ့ရသော်လည်း ၎င်း၏ အားနည်းချက်များသည် ၎င်း၏ အားသာချက်များနှင့် အလားတူ ထင်ရှားခဲ့ကြသည်။

မြားပုံစံအခင်းအကျင်း၏ အားအကောင်းဆုံးအချက်မှာ ၎င်း၏ အားအနည်းဆုံးအချက်လည်း ဖြစ်ပေသည်။ တစ်ယောက်သည် မြားပုံစံအခင်းအကျင်း၏ ထက်ရှသောထိပ်ကို ဖြိုဖျက်နိုင်သရွေ့ စစ်တပ်၏ ကျန်လူများသည် ကသောင်းကနင်း ဖြစ်သွားပေလိမ့်မည်။

အသန်မာဆုံးသည် အားအနည်းဆုံးလည်းဖြစ်၏။

၎င်းကိုလမ်းညွှန်မည့် မြားခေါင်းမရှိဘဲ မြားပုံစံအခင်းအကျင်းသည် ၎င်း၏ထက်မြမှုကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး တစစီ ဖြစ်သွားပေလိမ့်မည်။

ဘုန်း

စစ်တပ်နှစ်ခု တိုက်မိသွားခဲ့ပြီး မြင်းများသည် မြည်ဟီးနေခဲ့ကြကာ ကမ္ဘာမြေကြီး တုန်ခါသွားခဲ့သည်။ မရေမတွက်နိုင်သော တိဗက်မြင်းတပ်သည် ၎င်းတို့၏ အင်အား အားလုံးကို မြားပုံစံအခင်းအကျင်း၏ ဦးခေါင်းပိုင်းတွင် စူးစိုက်ထားခဲ့ကြသည်။

“သူတို့ကိုသတ်”

“ရှေ့ဆုံးမှာရှိတဲ့ ဒီလူတွေကိုသတ်”

“အားလုံးပဲ... သူတို့ကို အတူတကွ ဖမ်းချုပ်ပြီး ငါတို့ညီအစ်ကိုတွေအတွက် ကလဲ့စားချေ”

***

ဤအလောသုံးဆယ် ဖြစ်နေသည့် တိဗက်မြည်ကြွေးသံများသည် ကောင်းကင်ထက် ပြည့်နှက်သွားခဲ့သော်လည်း လူတိုင်းက သူတို့သည် လူတစ်ထောင်ပါသော စစ်တပ်ကို လုံးဝ အမှုန့်ချေနိုင်မည်ဟု ယုံကြည်ထားခဲ့ချိန်တွင် ဝမ်ချောင်ဦးဆောင်ခဲ့သော မြားပုံစံအခင်းအကျင်းသည် အနိုင်ယူ၍မရနိုင် ဖြစ်နေခဲ့သည်။ ၎င်းသည် တိဗက်လှိုင်းလုံး တစ်လုံးပြီးတစ်လုံးကို ချိုးဖောက်သွားခဲ့ပြီး သူတို့အားလုံးကို ရဲဝင့်စွာ ဖိနှိပ်ထားခဲ့သည်။

တိဗက်များ မယုံကြည်နိုင်ခဲ့သည့်အရာမှာ သူတို့က မည်မျှချီတက်ပြီး တိုက်ခိုက်ခဲ့ပါစေ ဝမ်ချောင်၏ မြားပုံစံအခင်းအကျင်း၏ မြားခေါင်းသည် အခိုင်ခံ့ဆုံး ကျောက်တန်းများကဲ့သို့ ကျန်ရှိနေခဲ့သည်။

မဟုတ်ပေ။ ၎င်းသည် ခိုင်ခံ့မှုမျှဖြင့် ဖော်ပြ၍မရပေ။

သူတို့ မြားခေါင်းတစ်ခုကို တိုက်ခိုက်ခဲ့သည့်အချိန်တိုင်း ၎င်း၏အမြန်နှုန်းသည် နှေးကွေးသွားပြီး ထိုမြားခေါင်းသည် တပ်ထဲသို့ အလိုလို ပြန်၍နစ်ဝင်သွားပေလိမ့်မည်။

တစ်ချိန်ထဲမှာပင် နောက်ထပ် မြားခေါင်းတစ်ခုသည် ချီတက်မှုကို ဆက်လက်ရန် ချက်ချင်း ပေါ်ပေါက်လာပေလိမ့်မည်။ သူတို့က အကြိမ်မည်မျှ ချီတက်တိုက်ခိုက်ခဲ့ပါစေ ဝမ်ချောင်၏ မြားပုံစံ အခင်းအကျင်းသည် ကျန်ရှိနေခဲ့ပေသည်။

“ဒါကမဖြစ်နိုင်တာပဲ”

တိဗက်များအားလုံး ကြက်သေ သေသွားခဲ့ကြ၏။ မည်သူမျှ တိဗက်လှေကားထစ်ပုံစံ အခင်းအကျင်းကို မပိတ်ဆို့နိုင်ခဲ့ဖူးသလို မဟာထန် မြားပုံစံ အခင်းအကျင်းသည်လည်း ထိုမျှများပြားသော ချီတက်မှုများကို ခံနိုင်ရည်မရှိခဲ့ဖူးပေ။

စစ်ပွဲသည် ကစားပွဲတစ်ခု မဟုတ်ခဲ့ပေ။ ပြင်းထန်သော စစ်မြေပြင်တွင် မြားပုံစံအခင်းအကျင်း တစ်ခု၏ ဦးပိုင်း ပျက်စီးသွားသောအခါ ၎င်းသည် ပြန်လည်ပေါ်ပေါက်ရန် ဘယ်တော့မှ အခွင့်အရေး ရလိမ့်မည်မဟုတ်ပေ။ သို့သော် သူတို့က မည်မျှရူးသွပ်စွာ ချီတက်တိုက်ခိုက်ခဲ့ပါစေ ဝမ်ချောင်၏ မြားပုံစံအခင်းအကျင်း၏ မြားခေါင်းသည် အမြဲလျှင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

တိဗက်များ၏ ဝမ်ချောင်ကို ဆန့်ကျင်သည့် သွေးရူးသွေးနှမ်း အားထုတ်မှုများသည် အလဟာသ ဖြစ်သွားခဲ့ကြသည်။

*************************

အခန်း(၅၀၂)

လက်ခြောက်ဘက် ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက်

“လေး..နှစ်”

“ခြောက်..နှစ်”

***

အမိန့်များ တစ်ခုပြီးတစ်ခု ထွက်လာခဲ့သော်လည်း ဤအမိန့်များသည် ဝမ်ချောင်ဆီမှ လာခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် လူငါးယောက်နှင့် လူဆယ်ယောက် ကွပ်ကဲသူများမှ လာခဲ့ကြပေသည်။

မြားပုံစံအခင်းအကျင်း၏ မြားခေါင်းကို မဖျက်ဆီးနိုင်မီ အသစ်တစ်ခုသည် ၎င်း၏နေရာကိုယူရန် ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုအတောအတွင်း တိဗက်မြင်းစစ်သည်များနှင့် ထိတွေ့ခြင်းမှ နှေးကွေးသွားခဲ့သည့် မြင်းစစ်သည်များသည် အဓိက တပ်ဖွဲ့ထဲသို့ လျှင်မြန်စွာ ပြန်လည်စုပ်ယူသွားခဲ့ကြသည်။

အေးစက်သည့် ဓားများသည် လေထဲတွင် တောက်ပသွားခဲ့ပြီး တိဗက်များ တစ်ယောက်ပြီးတစ်ယောက် ညဉ်းသံတစ်ချက်ပင် မထွက်ဘဲ မြေပေါ်သို့ လဲကျသွားခဲ့ကြကာ ကျောက်စိမ်းရိုင်းသံမဏိ ဓားများဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်ခံလိုက်ရသည်။

ထိုအတောအတွင်း နှေးကွေးသွားခဲ့ကြသည့် ထိုမဟာထန် မြင်းစစ်သည်များသည် တဖြည်းဖြည်း အရှိန်ကို ပြန်လည်ရရှိလာခဲ့ပြီး နောက်ဆုံးတွင် မြားပုံစံအခင်းအကျင်း၏ အစွန်းသို့ ပေါင်းထည့်နေခဲ့သည်။

တစ်ချီပြီးတစ်ချီ၊ တစ်ကြိမ်ပြီးတစ်ကြိမ် စစ်သည်တစ်ထောင် ပါရှိသော မြားပုံစံ အခင်းအကျင်းသည် အသေးစိတ် ချိန်ညှိထားသည့် စက်ယန္တရားတစ်ခုကဲ့သို့ လုပ်ဆောင်ခဲ့ကြသည်။ ဤအသေးစိတ် ချိန်ညှိထားသည့် စက်ယန္တရားရှေ့တွင် ဝူရှန်း၏ ကမ္ဘာကျော် လှေကားထစ်ပုံစံ အခင်းအကျင်းသည်ပင် ရထားလုံးတစ်စီးကို ရပ်တန့်ရန် ကြိုးစားနေသည့် နှံကောင်တစ်ကောင်ကဲ့သို့ ခံစားရစေသည်။

ခလွပ်

နာကျင်ပြီး ကြောက်ရွံ့နေသည့် အော်သံများဖြင့် လှေကားထစ်ပုံစံ အခင်းအကျင်း၏ နောက်ဆုံး တိဗက်မြင်းစစ်သည် အနည်းငယ်တို့သည် ကြိုးပြတ်သွားသည့် စွန်များကဲ့သို့ လေထဲသို့ လွင့်ထွက်သွားခဲ့ကြသည်။ ဝမ်ချောင်၏ မြားပုံစံအခင်းအကျင်းသည် ထိုတိဗက်စစ်တပ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး လှေကားထစ်ပုံစံ အခင်းအကျင်း တစ်ခုလုံးကို ဖြတ်ကျော်သွားခဲ့သည်။

ဤအချိန်တွင် တိဗက်စစ်တပ်သည် လုံးဝဖရိုဖရဲ ဖြစ်နေ၏။

“အခုအချိန်ကျပြီ။ သတ်”

အခင်းအကျင်း တစ်ခုလုံးကို ချိုးဖောက်ပြီးနောက် ဝမ်ချောင်သည် သူတို့ကပြန်လည်ပြီး တိဗက်များကို နောက်တစ်ကြိမ် တိုက်ခိုက်နိုင်စေရန် လူရှစ်ဦးပါသည့် သူ့တပ်ဖွဲ့ကို ဦးဆောင်လိုက်သည်။ နောက်ထပ် ထက်ရှသော မြားတစ်စင်းကဲ့သို့ ထိုစစ်တပ်သည် တိဗက်လှေကားထစ်ပုံစံ အခင်းအကျင်း၏ အမြှီးစွန်းထဲသို့ ချီတက်သွားခဲ့ပြီး ၎င်းကိုပို၍ပင် ဖရိုဖရဲ ဖြစ်နေစေခဲ့သည်။

“အရမ်းကောင်းတယ်။ အောင်မြင်တယ်”

တိဗက်များ ဖရိုဖရဲဖြစ်နေကြပြီး သူတို့၏ ချီတက်မှုက လုံးဝနှောက်ယှက်ခံလိုက်ရသည်ကို ကြည့်ကာ လူအိုကြီးလင်းယုန်ငှက် လက်သီးဆုပ်လိုက်ပြီး စိတ်ထဲတွင် ပျော်ရွှင်သွားခဲ့သည်။ ဤတိုက်ပွဲတစ်ခုလုံးကို ဝမ်ချောင်၏ ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်ခဲ့ပြီး သူသည် သူ့ဘေးတွင် ဤတစ်ချိန်လုံး ရှိနေခဲ့သော်လည်း သူသည်ပင် ဘာဖြစ်နေသည်ကို မသိခဲ့ပေ။

သူသည် ဝမ်ချောင် ဤစစ်တပ်ကို လေ့ကျင့်နေခဲ့ချိန် ဘေးတွင်ထိုင်ကြည့်နေခဲ့ပြီး မြားပုံစံ အခင်းအကျင်းနှင့် ပတ်သတ်သည့် အရာရာတိုင်းကို သိထားခဲ့သော်လည်း သူသည် ဤအခင်းအကျင်းက ထိုမျှအားကောင်းမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။

ထို့ပြင် ဤသည်က စစ်တပ်ကို ထိုးဖောက်ပြီး အသေအပျောက်များ ဖြစ်စေရုံ မဟုတ်ခဲ့ပေ။ ဝမ်ချောင်သည် တိဗက်များ၏ တိုက်ခိုက်နိုင်စွမ်းကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။

စစ်တပ်တစ်တပ်၏ အားအကောင်းဆုံး ကဏ္ဍမှာ ၎င်း၏ စည်းလုံးညီညွှတ်သော တစ်စိတ်တစ်ဝမ်းထဲအဖြစ် တိုက်ခိုက်နိုင်စွမ်းဖြစ်ပြီး လူပိုများလေလေ ၎င်းကပို၍ အားကောင်းလေလေဖြစ်သည်။ သို့သော် အကယ်၍ လူတိုင်းတို့သည် တစ်ဦးချင်း တိုက်ခိုက်ခဲ့ကြပါက အားသာချက်သည် လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။

ဤသည်က အတိအကျပင် ဝမ်ချောင်ပြုလုပ်နိုင်ခဲ့သည့် အရာဖြစ်၏။

ဤသည်က လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကို အလုပ်၌ မြင်တွေ့ခဲ့ရသည့် ပထမဆုံးအကြိမ် မဟုတ်ခဲ့သော်လည်း ယခင်အကြိမ်များထဲမှ တစ်ခုမှ လူအိုကြီးလင်းယုန်ငှက်ကို ဤသို့ စိတ်ဓာတ် မတက်ကြွစေခဲ့ပေ။ ဤသည်က တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသည့် သူ့အသက်အရွယ်ထက် ကျော်လွန်နေသော ကွပ်ကဲခြင်းအတွက် ဝမ်ချောင်၏ ပါရမီကို တိုက်ရိုက် ကြည့်ရှု့နေရသည့် သူ့ပထမဆုံး အကြိမ်ဖြစ်သည်။

“သခင်လေး”

လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကိုကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် အလွန်လေးစားသည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

သူသည် ကျေးဇူးတရားကြောင့် မူလက ဝမ်ချောင်နောက် လိုက်ပါခဲ့သော်လည်း ယခုအခါ ဤအကြောင်းပြချက် မရှိခဲ့လျှင်ပင် အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ထွက်သွားစေချင်ခဲ့လျှင်ပင် သူသည် ဘယ်တော့မှ ထွက်သွားလိမ့်မည် မဟုတ်တော့ပေ။ ဝမ်ချောင်တွင် ခွန်အားလောက် ရိုးရှင်းသည့် အရာတွင် မူတည်မနေခဲ့သည့် နက်ရှိုင်းသော အလားအလာတစ်ခု ရှိပေသည်။

လူအိုကြီးလင်းယုန်ငှက်သည် နောက်ထပ် ဆယ်နှစ်တွင် အကယ်၍ မမျှော်လင့်ထားခဲ့သည့်အရာ ဘာမှမဖြစ်ခဲ့ပါက ဤတိုင်းပြည်သည် ကော်ရှု့ဟန်၊ ဖုမန်လင်းချာ၊ ဂိုစုန့်ကျီနှင့် ကျန်းရှို့ကွေ့တို့၏ အဆင့်ရှိ နောက်ထပ် သြဇာလွှမ်းမိုးသော မဟာစစ်သူကြီးတစ်ယောက် ပေါ်လာလိမ့်မည်ကို ခံစားလိုက်ရသည်။

သူနှလုံးသားထဲတွင် လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်ကို ဂျူနီယာတစ်ယောက်အဖြစ် မယူဆတော့ပေ။ သို့သော် သူ သူ့ကျန်ဘဝ တစ်လျှောက်လုံး လိုက်ပါရန် ဆန္ဒရှိသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။

အမှန်ပင် လူအိုကြီးလင်းယုန်ငှက် ကိုယ်တိုင်က လွဲ၍ မည်သူမျှ ဤအရာများကို မသိရှိခဲ့ပေ။

“တိဗက် ပုံမှန်မြင်းစစ်သည် (၆၁၇)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“တိဗက် ပုံမှန်မြင်းစစ်သည် (၆၁၉)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“တိဗက် ပုံမှန်မြင်းစစ်သည် (၆၃၂)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

***

သတင်းစကားများ တစ်ခုပြီးတစ်ခု ဝမ်ချောင်၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့သော်လည်း ဝမ်ချောင်သည် သူတို့ကို အာရုံမစိုက်နိုင်ခဲ့ပေ။ သူ၏ ကျောက်စိမ်းရိုင်းသံမဏိဓား ခုတ်လိုက်သည့်အကြိမ်တိုင်း နောက်ထပ် တိဗက်တစ်ယောက် လဲကျသွားပေလိမ့်မည်။

ဝမ်ချောင်၏ ခွန်အားရှိ ကြီးမားသော ကျဆင်းမှုသည် သူ့ကို တိဗက်မြင်းစစ်သည် တစ်ယောက်နှင့် တစ်ကိုယ်တည်း ရင်ဆိုင်ရန် အလွန်ခက်ခဲစေခဲ့သော်လည်း ဤသည်က ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။

သူလီစီးယိထံမှ တောင်းဆိုခဲ့သည့် ကျွမ်းကျင်သူ အများအပြားသည် သူ့အနားတွင် စုဝေးနေခဲ့ကြသည်။ ဤကျွမ်းကျင်သူများသည် မူလက အနောက်တောင်ပိုင်း ဒေသများရှိ နဂါးနက်ဓားပြများ၏ လက်ရွေးစင်များ ဖြစ်ခဲ့ကြသည်။ လီစီးယိ သူတို့၏ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ချိန် သူသည် ဤလက်ရွေးစင်များကိုလည်း အညံ့ခံစေခဲ့သည်။

ဝမ်ချောင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဤနဂါးနက်ဓားပြ လက်ရွေးစင်များကို တောင်းဆိုခဲ့ပေသည်။ ဝမ်ချောင် သူ့ဓားဖြင့် တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်း သူသည် သူနှင့်အတူ တိုက်ခိုက်ရန် အခြားသုံးယောက် လေးယောက်ကို လိုအပ်ခဲ့ပြီး ဤတိုက်ခိုက်မှုများနှင့်အတူ... ဘုန်း နောက်ထပ် တိဗက်တစ်ယောက်သည် မြေပေါ်သို့ ကျဆင်းသွားပေလိမ့်မည်။ လဲကျသွားသည့် တိဗက် တစ်ယောက်ချင်းစီနှင့်အတူ နောက်ထပ် သန့်စင်သော စွမ်းအင်စီးကြောင်း တစ်ခုသည် ယင်ယန်ငယ် ဓားမှနေ၍ ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပေလိမ့်မည်။

ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်တစ်သို့ ကျဆင်းသွားသော်လည်း ယခုအခါ တိဗက်များ၏ သွေးစွမ်းအင်ဖြင့် အဟာရဖြည့်နေခဲ့ပြီး ၎င်းသည် အဆက်မပြတ် မြင့်တက်လာနေသည်။

ဘုန်း

ဝမ်ချောင် တုန်ခါသွားခဲ့ကာ သူ့ခန္ဓာကိုယ်ထဲရှိ ပေါက်ကွဲမှုတစ်ခုကို ကြားလိုက်ရသည်။ မီးတောင်တစ်ခုကဲ့သို့ စွမ်းအင်စီးကြောင်းတစ်ခုသည် သူ့အား အစစ်အမှန် သိုင်းနယ်ပယ် အဆင့်နှစ်သို့ ချက်ချင်း ချိုးဖျက်သွားစေ၏။ ကြယ်တာရာစွမ်းအင်သည် ဆက်လက် စီးဆင်းနေခဲ့ပြီး နောက်ထပ် ဘုန်းကနဲအသံ မထွက်လာမီ စက္ကန့်အနည်းငယ်သာ ကြာခဲ့သည်။ ဝမ်ချောင်သည် အစစ်အမှန် သိုင်းအဆင့်သုံးသို့ နောက်တစ်ကြိမ် ချိုးဖျက်သွားခဲ့ပြီး သူသည် မြင့်တက်လာဆဲဖြစ်သည်။

“အရမ်းအားကောင်းတာပဲ”

ဤလူများ ပြည့်နှက်နေသော စစ်မြေပြင်ကို ဖြည့်နေသည့် ရန်သူများသည် ယင်ယန်ငယ် ပညာရပ်အတွက် အကောင်းဆုံး အဟာရများ ဖြစ်ကြပြီး သူ့ခန္ဓာကိုယ်ထဲရှိ အဆက်မပြတ် တိုးတက်လာသော စွမ်းအင်သည် ရူးသွပ်လုနီးပါးဖြစ်သည်။ ဤအခိုက်တွင် ဝမ်ချောင်သည် ဆိုးယုတ်သော ဂိုဏ်းများ၏ အဖွဲ့ဝင်များ ခံစားခဲ့ရသည့် ပီတိကို ကြုံတွေ့နေခဲ့သည်။

ဤပီတိသည် ရူးသွပ်လုနီးပါး ဖြစ်၏။ လူများစွာတို့သည် ၎င်းကိုဆက်လက်ထိန်းသိမ်းရန် ကြောက်မက်ဖွယ်ကောင်းသော စွန့်စားမှုများကို ရွေးချယ်ရန် ဆန္ဒရှိကြလိမ့်မည်ဖြစ်ပြီး အဆက်မပြတ် တိုးတက်လာသော စွမ်းအင်ကို ခံစားရန် ပို၍ပို၍များသော လူများကို သတ်ဖြတ်ရန် တုန့်ဆိုင်းကြလိမ့်မည် မဟုတ်ပေ။

“အရမ်းအားကောင်းတာပဲ...”

ဝမ်ချောင်၏ခွန်အား အစစ်အမှန် သိုင်းနယ်ပယ် အဆင့်လေးသို့ မြင့်တက်သွားခဲ့ပြီး သူ၏မူလ ကျင့်ကြံခြင်းအဆင့် အစစ်အမှန် သိုင်းအဆင့်ငါးမှ အဆင့်တစ်ဆင့်သာ လိုအပ်တော့သည့်အချိန် နောက်ထပ် ဘုန်းကနဲ အသံတစ်သံ ထွက်ပေါ်လာသည်။ သူ့မျက်လုံးသည် နီရဲလာခဲ့ပြီး အကြင်နာတရားကင်းမဲ့သော အရှိန်အဝါတစ်ခုသည် သူ့နှလုံးသားထဲသို့ စတင်ဝင်ရောက်လာကာ အားကောင်းသော လှုံ့ဆော်မှုတစ်ခုသည် ဝမ်ချောင်၏စိတ်ကို စတင်ဝင်ရောက်လာခဲ့သည်။

သူ့အနားရှိ လူတိုင်းကိုသတ်ဖြတ်ပြီး သူတို့ကို သူ့အစာဖြစ်စေခြင်း..။

ယခုအခါ သူ့ပစ်မှတ်သည် တိဗက်များသာ မဟုတ်ကြတော့ပေ။ ဝမ်ချောင်သည် ယခုအခါ သူ့ဓားကို သူ့ဘက်ရှိ လူများအား ချိန်ရွယ်လိုစိတ် ပြင်းထန်လာခဲ့သည်။

“သူငယ်ချင်းနဲ့ ရန်သူကို မခွဲခြားနိုင်ဘူး”

သူသည် ရုတ်တရက် သူ့နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရ၏။

“ဆိုးယုတ်တဲ့လမ်းစဉ်ကို သတ်ဖြတ်တာကို နှစ်သက်တာကြောင့် ဆိုးယုတ်တဲ့ လမ်းစဉ်လို့ မခေါ်ဘူး။ ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းနဲ့ ရန်သူကြား ခြားနားမှုမရှိ အရမ်းကာရော သတ်ဖြတ်မှုကြောင့်ပဲ။ ဒါက နည်းစနစ်ရဲ့ အကျိုးဆက်မဟုတ်ဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မွေးရာပါ အပြင်းထန်ဆုံး လိုအင်ဆန္ဒတွေကို နိုးဆွပေးနိုင်တဲ့ ခွန်အားတွေ အဆက်မပြတ် မြင့်တက်လာတာကနေ လာတဲ့ ပီတိကြောင့်ပဲ။ ဒါပေမဲ့ သာမာန် အခြေအနေတွေမှာ ဆိုးယုတ်တဲ့ လမ်းစဉ်ရဲ့ ကျင့်ကြံသူတွေအတွက် အဲ့အဆင့်ကို ရောက်ရှိဖို့ မလွယ်ကူဘူး။ မင်းကအဲ့ဒီပြင်းထန်တဲ့ လိုအင်ဆန္ဒတွေနဲ့ သူငယ်ချင်းနဲ့ ရန်သူကို ခွဲခြားနိုင်စွမ်း ဆုံးရှုံးတဲ့အခါ မင်းက မင်းဘက်က လူတွေကိုတောင် တိုက်ခိုက်ချင်လာတဲ့အခါ မင်းရဲ့ ယင်ယန်ငယ် ပညာရပ်က အထွတ်အထိပ်ကို ရောက်သွားပြီး မင်းက ကျင့်ကြံခြင်း ဖောက်ပြန်မှုကို ခံစားရတော့မယ်ဆိုတာ မင်းမှတ်ထားရမယ်”

သူ့ဆရာ နတ်ဆိုးဧကရာဇ် လူအိုကြီးသည် တစ်ခါကသူ့ကို ဤစကားများ ပြောခဲ့ဖူးသည်။

ဤအခြေအနေများတွင် သူ့ဆရာသည် သူက စိတ်ငြိမ်ငြိမ်ထားရန် လိုအပ်ပြီး စွမ်းအင်များ စုပ်ယူခြင်းကို ရပ်တန့်ကာ သုံးလမှ လေးလအထိ အနားယူရန် လိုအပ်သည်ဟု ပြောခဲ့သည်။ ထို့နောက်သူသည် သူ့ကံတရားအပေါ် မှီခိုရန် လိုအပ်လိမ့်မည်ဖြစ်ပြီး ထိုပြင်းထန်သော စိတ်ဆန္ဒကို ချုပ်တည်းရပေလိမ့်မည်။ သို့သော်လည်း နတ်ဆိုးဧကရာဇ် လူအိုကြီးသည် သူ့အား နည်းစနစ် အနည်းငယ်ကိုလည်း ပြောပြခဲ့သည်။

ဘုန်း

တစ်ချက်ပင် တွေးမနေဘဲ ဝမ်ချောင်သည် ချန်ချိုး၊ ဖုန်းရှန်၊ ယွမ်ကျူနှင့် အခြားသွေးကြောဆုံမှတ် သုံးခုတို့ပါဝင်သည့် သွေးကြောဆုံမှတ်များထဲရှိ စွမ်းအင်စီးဆင်းမှုကို ရုတ်တရက် ပြောင်းပြန်ဖြစ်သွားစေလိုက်သည်။ တခဏချင်းမှာပင် ဝမ်ချောင်၏စိတ်သည် သူ့ခေါင်းပေါ် ရေခဲရေ လောင်းချလိုက်သကဲ့သို့ ချက်ချင်း ကြည်လင်သွား၏။ သူ့အား ရန်သူနှင့်မိတ်ဆွေကို ခွဲခြားရန် ခက်ခဲစေသည့် ထိုမြူခိုးသည်လည်း ချက်ချင်း အားနည်းသွားခဲ့သည်။

ယင်ယန်ငယ်ပညာရပ်က ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ လူတစ်ယောက်သည် ကျင့်ကြံခြင်း ဖောက်ပြန်မှုကို ခံစားရပေလိမ့်မည်။ အတိတ်တွင် နတ်ဆိုးဧကရာဇ် လူအိုကြီးသည် ဘာကိုမှ မပြောခဲ့ဘဲ သူ့တပည့်များ၏ အကျင့်စရိုက်များကို စမ်းသပ်နိုင်ရန် ဤအချက်အလက်များကို ထိန်ချန်ထားခဲ့သည်။ သို့သော်လည်း သူ့ဆရာသည် ဝမ်ချောင်ထံမှ ဘာလျို့ဝှက်ချက်ကိုမှ မထိန်ချန်ထားခဲ့ပေ။

ရွှက်

အေးစက်သည့် အလင်းရောင်တစ်ခု ကောင်းကင်ထက် လင်းလက်သွားခဲ့ပြီး သွေးနှင့်အရိုးများကို ထိုးဖောက်သွားခဲ့သည်။ နောက်တခဏတွင် ဝမ်ချောင်၏ခန္ဓာကိုယ် မြည်ဟီးလာပြီး လောင်ကျွမ်းသွား၏။ သေသွားသည့် ထိုပုဂ္ဂိုလ်ဆီမှ ကြယ်တာရာ စွမ်းအင်များသည် ဝမ်ချောင်ကို အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါး တံခါးဝသို့ ချက်ချင်း တွန်းပို့သွားခဲ့သည်။ ထိုအလောင်း မြေပေါ်သို့ လဲကျသွားသည်နှင့် ဝမ်ချောင်သည် ၎င်းက တိဗက်လူတစ်ရာ ကွပ်ကဲသူတစ်ယောက် ဖြစ်သည်ကို နားလည်လိုက်သည်။

သို့သော် ဝမ်ချောင်က ထပ်မကြည့်နိုင်မီ ကမ္ဘာမြေကြီး တုန်ရီသွားခဲ့ပြီး မြေကြီးတစ်ခုလုံး ခါယမ်းသွားခဲ့သည်။ အားကောင်းသော စွမ်းအင်တစ်ခုသည် စစ်မြေပြင်ကို ဖြတ်သန်းသွားခဲ့ပြီး ခွာဖြူအရိပ်ကို ခုန်မြှောက်ကာ မြည်ကျွေးသွားစေသည့် အားကောင်းသော လေပြင်းတစ်ခုကို ဖြစ်သွားစေခဲ့သည်။

“လူတိုင်း ငါ့အမိန့်ကို နားထောင်။ အဲ့ဒီထန်စစ်သူကြီးကို သတ်”

တိဗက်များထဲမှ ရက်စက်သော အမိန့်တစ်ခု ဝမ်ချောင်ရှေ့ရှိ ဖုန်မှုန့် တိမ်တိုက်ထဲမှနေ၍ ထွက်ပေါ်လာခဲ့သည်။ လူများစွာတို့သည် ဤစကားများကို နားမလည်ခဲ့ကြသော်လည်း ဝမ်ချောင် နားလည်နိုင်ပေသည်။

'အဲ့ဒါ အဲ့ဒီတိဗက် ကွပ်ကဲသူပဲ။'

ဤအတွေးဖြင့် ဝမ်ချောင် ချက်ချင်း မှတ်မိသွား၏။

တစ်ချိန်ထဲမှာပင် ဖျက်ဆီးတတ်သော စွမ်းအင်တစ်ခု သူ့ဆီသို့ ပစ်ဝင်လာခဲ့သည်။ စိုးရိမ်တကြီးဖြင့် ဝမ်ချောင် သူ့ပုခုံးကို လှုပ်ယမ်းလိုက်ကာ ကြယ်တာရာစွမ်းအင်သည် သူ့ခန္ဓာကိုယ်မှ စီးထွက်လာခဲ့ပြီး သူနှင့်ခွာဖြူအရိပ်ကို ကာကွယ်ပေးထားသည့် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အစစ်အမှန်သိုင်းနယ်ပယ် ကျွမ်းကျင်သူ အားလုံးတို့သည် သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ရန် ကြယ်တာရာစွမ်းအင်ကို အသုံးပြုနိုင်စွမ်း ရှိကြပြီး ၎င်းက ကိုယ့်ကိုယ်ကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။

ဘန်း

ဝမ်ချောင်သည် ထိုရက်စက်ကြမ်းကြုတ်သော စွမ်းအင် တိုက်ခိုက်သွားသောအခါ သူ၏ကြယ်တာရာ စွမ်းအင် အကာအကွယ်ကို ထိန်းနိုင်ရုံမျှ ထိန်းနိုင်ခဲ့သည်။ သူ့မြင်းသည် မြည်ဟီးလိုက်ပြီး ဝမ်ချောင်သည် သူ့ဗိုက်ထဲရှိ စွမ်းအင်များနှင့် သွေးများ ခါယမ်းသွားသည်ကို ခံစားလိုက်ရသည်။ လူနှင့်မြင်းတို့ နောက်သို့ လွင့်ထွက်သွားသည်နှင့် ဝမ်ချောင်ရှေ့ရှိ ဖုန်မှုန့်များသည် အနည်ထိုင်သွားခဲ့ပြီး သူ့အား ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် မြင်တွေ့နိုင်စေခဲ့သည်။

တိဗက်စစ်တပ်၏ ရှေ့ဆုံးတန်းတွင် လီစီးယိသည် လက်နှစ်ဖက်ဖြင့် သူ့ဓားကို ကိုင်ဆွဲထားခဲ့ပြီး ဘီလူးတစ်ကောင်ကဲ့သို့ မတ်တပ်ရပ်နေခဲ့ကာ အမောတကော အသက်ရှုနေခဲ့သည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် တိဗက်ကွပ်ကဲသူ မဟုတ်ခဲ့သော်လည်း တစ်ကျန့်ထက် ပိုအရပ်ရှည်ပြီး ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားကာ လက်ခြောက်ဘက်နှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုရှိသည့် ကြေးညိုရောင် လူတစ်ယောက်ဖြစ်သည်။ ၎င်းသည် ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက်ဖြစ်၏။

“မင်းတို့က ဘယ်သူပဲဖြစ်ဖြစ် ငါမင်းတို့ကိုဒီနေ့ သေခိုင်းမယ်”

ထိုဧရာမ ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက်၏ လက်ခြောက်ဘက်တို့သည် ကြေးညိုရောင် ပစ္စည်းတစ်ခုစီကို ကိုင်ဆွဲထားခဲ့ကြပြီး ၎င်း၏ ကျယ်လောင်သောအသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်သည်။

***************

အခန်း(၅၀၃)

သုံးကွက်အတွင်း သတ်ဖြတ်ခြင်း

ဘုန်း

အနက်ရောင် အသားအရည်ရှိပြီး ဒေါသထွက်နေသည့် ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်သည် ညာခြေထောက်ဖြင့် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး ၎င်း၏ ဗာဂျရာများထဲမှ တစ်ခုကို ချက်ချင်း လွှဲယမ်းလိုက်သည်။ ကြယ်တာရာစွမ်းအင်များ လီစီးရီကို ချေမှုန်းရန် လောကကို ဖြတ်သန်းသွားခဲ့ကာ ကောင်းကင်ကို တုန်ခါသွားစေသည့် ဘုန်းကနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤကြီးမားသော စွမ်းအားသည် တောင်ကုန်းတစ်ခုကို အမှုန့်ဖြစ်သွားစေရန် လုံလောက်ပေသည်။

ဝုန်း

ဤကောင်းကင်ကို တုန်ခါသွားစေသည့် ဗာဂျရာကို ရင်ဆိုင်ရာတွင် လီစီးရီသည် သူ့နောက်ကျောမှ ဧရာမ ကျောက်စိမ်းသံမဏိဓားကို မြှောက်လိုက်ကာ မြည်ဟီးနေသည့် စွမ်းအင်လှိုင်းလုံးများကို လှုံ့ဆော်လိုက်သည်။ သူ့ဓားကို ခေါင်းပေးမြှောက်လိုက်ပြီး ခုတ်ချလိုက်၏။

တောက်ပသော လျှပ်စီးကြောင်းတစ်ခုသည် လေထဲမှနေ၍ ပြေးထွက်သွားခဲ့သည်။ ဤနက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက် ထိပ်တိုက်တွေ့သွားခဲ့ကာ ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်။

“ဒါက...”

ဖုန်မှုန့်များ အနည်ထိုင်သွားခဲ့ပြီး ဝမ်ချောင် ရလဒ်ကို တွေ့လိုက်ရသောအခါ သူ့မျက်ခုံးများ မယုံကြည်နိုင်စွာ မြင့်တက်သွားခဲ့သည်။

ဝူရှန်းတွင် ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရပ်များစွာ ရှိပြီး ဝမ်ချောင်သည် သူတို့ထဲမှ အများစုကို မသိခဲ့သော်လည်း ဤအနက်ရောင် အသားအရည်ရှိပြီး ဒေါသထွက်နေသည့် မျက်နှာရှိသော ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်သည် သံသယရှိစရာမလိုဘဲ ၎င်းတို့ထဲမှ တစ်ခုဖြစ်ပေသည်။ သို့သော် ဤသည်က ဝမ်ချောင်ကို အံ့အားသင့်သွားစေခဲ့သည့် အကြောင်းအရင်း မဟုတ်ပေ။ သူ့ကို အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ဝမ်ချောင်ကိုယ်တိုင် ထုလုပ်ခဲ့သည့် ခိုင်ခံ့စေကာ ထက်ရှစေသည့် မှော်စာလုံးများဖြင့် ရေးထိုးထားသည့် လီစီးရီ၏ဓားသည် ထိုရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက် ဝတ်ဆင်ထားသည့် ရွှေရောင်သတ္ထု လက်အိတ်များဖြင့် အမှန်တကယ် ပိတ်ဆို့ခံလိုက်ရသည်။

အဲ့လိုလက်နက်တစ်ခု ဘယ်လိုလုပ် ရှိနိုင်တာလဲ။ ဝမ်ချောင် အံ့အားသင့်ထိတ်လန့်ကာ သူ့ကိုယ်သူ မေးလိုက်၏။

ကျောက်စိမ်းသံမဏိ လက်နက်တစ်ခုသည် သတ္ထုကို ပိုင်းဖြတ်ပြီး ကျောက်စိမ်းကို ဖြတ်တောက်ကာ ကျဆင်းနေသည့် ဆံပင်တစ်ချောင်းသည် ၎င်း၏ လှုပ်ရှားခြင်းမရှိသော ဓားသွားပေါ် ပိုင်းဖြတ်သွားလိမ့်မည် ဖြစ်သည်အထိ အလွန်ထက်ရှလှသည်။ ထို့ပြင် ဤလက်နက်သည် လီစီးရီ၏ လက်ထဲတွင် ပို၍ပင် အထင်ကြီးစရာ ကောင်းသည်။ တိုင်းပြည်၏ အနာဂတ်မဟာ စစ်သူကြီး တစ်ယောက်အနေဖြင့် လီစီးရီလက်ထဲရှိ ဤလက်နက်ဖြင့် ခန့်မှန်း၍မရသော စွမ်းအားတစ်ခုကို ပြသနိုင်ပေသည်။ တစ်ခါကသူသည် ရရှိသော နဂါးနှင့်ဓားပြများကို သုတ်သင်ရန် သူ့ကိုယ်ပိုင်စွမ်းအားနှင့် ဤဓားအပေါ် မှီခိုခဲ့သည်။

ကျောက်စိမ်းသံမဏိ လက်နက်များသည် ကမာ္ဘပေါ်ရှိ အထက်ရှဆုံး လက်နက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး မေးခွန်းထုတ်၍မရသည့် အမှန်တရားတစ်ခုဖြစ်သည်။ ဝမ်ချောင်သည် အခြားလက်နက် တစ်ခုခုက လီစီးရီ၏ ခွန်အားအပြည့် ထိုးနှက်ချက်ကို ပိတ်ဆို့နိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ဤအခိုက်တွင် ဝမ်ချောင်သည် အလွန်ညင်သာသော်လည်း ကျွတ်ဆတ်သည့် အသံတစ်ခုကို ကြားလိုက်ရ၏။ ဤအသံသည် မကြားနိုင်လုနီးပါး ဖြစ်သော်လည်း ဝမ်ချောင်သည် ကြားနိုင်ခဲ့သည်။

မဟုတ်ဘူး သူက မပိတ်ဆို့နိုင်ခဲ့ဘူး။ သူ့ရဲ့လက်အိတ်တွေက ကွဲအက်သွားခဲ့တယ်။

ထိုလက်အိတ်ကို ပြုလုပ်ထားသည့် ပစ္စည်းသည် ကျောက်စိမ်းသံမဏိထက် အနည်းငယ် နိမ့်ကျသည်မှာ ထင်ရှားလှသည်။

အဲ့ဒါက ဥက္ကာခဲသတ္ထုပဲ။

ဤအတွေးဖြင့် ဝမ်ချောင်ချက်ချင်း နားလည်သွားခဲ့၏။

ကျောက်စိမ်းသံမဏိကို ပိတ်ဆို့နိုင်သေးသော်လည်း အနည်းငယ် နိမ့်ကျနေသေးသည့် ပစ္စည်းမှာ ဥက္ကာခဲသတ္ထုသာ ဖြစ်နိုင်ပေသည်။

တိဗက်ကုန်းပြင်မြင့်တွင် သံမဏိသတ္ထုရိုင်းများစွာ မရှိခဲ့သောကြောင့် ၎င်းတို့၏ သံမဏိသတ္ထုရိုင်း အများစုကို တစ်ခြားနေရာမှ တင်သွင်းခဲ့သည်။ သို့သော်လည်း တိဗက်ကုန်းပြင်မြင့်တွင် အရာတစ်ခုရှိ၏။ ဥက္ကာခဲသတ္ထုရိုင်း

ခေတ်အဆက်ဆက်တွင် ဥက္ကာခဲများသည် တိဗက်ကုန်းပြင်မြင့်၏ စားကျက်များပေါ်သို့ ကျဆင်းလာလေ့ရှိသည်။

ဝူရှန်းတိုင်းပြည်သည် ထိုကျဆင်းလာသော ဥက္ကာခဲများကို စုစည်းရန် လူများကို စေလွှတ်လေ့ရှိပြီး သူတို့၏ လက်အောက်ငယ်သားများကို ဆင်ယင်ပေးရန် လက်နက်များ ထုလုပ်လေ့ရှိသည်။ ဝမ်ချောင် ထင်မထားခဲ့သည့် အရာမှာ ဤတိဗက်ကွပ်ကဲသူသည် ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်ကို သိထားသည်သာမက သူသည် သူ့တွင် ဥက္ကာခဲသတ္ထုမှ ထုလုပ်ထားသည့် လက်နက်တစ်ခုလည်း ရှိခဲ့သည်။

ဝုန်း

ထိုဧရာမ လက်ခြောက်ဘက်ပါသည့် ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက် ဗာဂျရာလှံ၊ တင်းပုတ်နှင့် လက်အိတ်များကို ဝတ်ဆင်ကာ ထိုဧရာမကြီးမားသော လက်ခြောက်ဘက်ပါသည့် ရှီတိဂါ့ဗဗာဂျရာ လီစီးရီကိုရင်ဆိုင်ရန် ဗာဂျရာလှံ၊ တင်းပုတ်နှင့် လက်အိတ်များကို ဝတ်ဆင်ထားပြီး အခြားတိဗက် မြင်းစစ်သည်များနှင့် ၎င်း၏တိုက်ခိုက်မှုကို ပူးပေါင်းလိုက်ကာ ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်။ ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်၏ လီစီးရီကို ဖိအားပေးနေခဲ့ပြီဖြစ်ပြီး ယခုအခါ အခြားလူများမှ တိုက်ခိုက်မှုများနှင့်အတူ လီစီးရီသည် လျှင်မြန်စွာ ခါးသီးသော ရုန်းကန်မှုတစ်ခုသို့ ကျဆင်းသွားခဲ့သည်။

“လူအိုကြီးလင်းယုန်ငှက် သူတို့ကို ခွဲထုတ်ဖို့ လူတစ်ချို့ကို ဦးဆောင်လိုက်” ဝမ်ချောင် ချက်ချင်း အမိန့်ပေးလိုက်ကာ သူ့မျက်လုံးများသည် အေးစက်သည့် အလင်းရောင်တစ်ခုဖြင့် တောက်ပနေခဲ့သည်။

ဤတိဗက်ကွပ်ကဲသူသည် အလွန်သန်မာလှ၏။ သူတိုက်ခိုက်မှု တစ်ခုချင်းစီရှိ မယုံနိုင်စရာကောင်းသော စွမ်းအားအရ အကယ်၍ လီစီးရီသည် သူတို့ကို တားဆီးမနေခဲ့ပါက ဝမ်ချောင်၏ စစ်တပ်သည် ပြင်းထန်သော အသေအပျောက်များကို ချက်ချင်း ခံစားရပေလိမ့်မည်။ လူတစ်ဦး၏ ခွန်အားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ အရေအတွက်များနှင့် နည်းဗျူဟာများသည် အပိုဖြစ်လာခဲ့ကြသည်။ ဝမ်ချောင်တွင် သူ့ဘက်၌ လူတစ်ထောင်သာရှိပြီး သူသည် တိုက်ပွဲအစစ်ကို စပင်မစတင်မီ သူတို့ကို ဤနေရာတွင် မဆုံးရှုံးနိုင်ပေ။

“ဟုတ်ကဲ့ပါသခင်လေး”

လူအိုကြီးလင်းယုန်ငှက် နာခံလိုက်ပြီး အမိန့်များကို အော်ဟစ်လိုက်ကာ လူရာကျော်ကို ဦးဆောင်လိုက်သည်။

“မင်းတို့ကသူ့ကို ကူညီချင်တာလား။ မင်းတို့က သေချင်နေတာပဲ”

ထိုရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်၏ အသံသည် သူတို့၏နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ တပ်သားများ မတုန့်ပြန်နိုင်မီ ကြေးညိုရောင် လှံတစ်စင်းသည် လေထဲမှနေ၍ လျှပ်စီးကဲ့သို့ ပျံသန်းသွားခဲ့သည်။ ဤလှံတစ်စင်းသည် ချက်ချင်း ကလန်ကျွမ်းကျင်သူ တစ်ဦးကို ထိမှန်သွားခဲ့ကာ မြေပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ ဖုန်မှုန့်များ အနည်ထိုင်သွားသည်နှင့် ချပ်ဝတ်တန်ဆာ၏ ပျက်စီးမှုနှင့် သွေးယိုစီးမှုတို့မှနေ၍ ဤကျွမ်းကျင်သူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်ကို မြင်နိုင်ပေသည်။

“ကရုစိုက်”

လူအိုကြီးလင်းယုန်ငှက် ဖြူလျော်သွားခဲ့ပြီး သူ့မြင်းဇာတ်ကြိုးကို လျှင်မြန်စွာ ဆွဲလိုက်သည်။

ဤလူများသည် မဟာကလန်များမှ ခေါ်ယူထားခဲ့သည့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး သာမာန်မဟုတ်သော ခွန်အားကို ပိုင်ဆိုင်ထားကာ သူတို့တွင် ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာများလည်း ရှိကြသည်။ လူအိုကြီးလင်းယုန်ငှက်သည် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသောကြောင့် ဤချပ်ဝတ်တန်ဆာသည် အားကောင်းသော ခံစစ်စွမ်းရည်များ ရှိပေသည်။ ခွန်အားပြည့် ချီတက်လာသည့် တိဗက်မြင်းစစ်သည်များသည်ပင် ဤချပ်ဝတ်တန်ဆာပေါ် အမှတ်အသားတစ်ခုကို မချန်ရစ်နိုင်ခဲ့ကြပေ။ သို့သော် ထိုတိဗက် ကွပ်ကဲသူမှ ဤလှံတစ်ချောင်းသည် ဤချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ကျွမ်းကျင်သူများထဲမှ တစ်ယောက်ကို သတ်ဖြတ်သွားခဲ့သည်။ ဤခွန်အားသည် မယုံကြည်နိုင်စရာ ကောင်းလှ၏။

“ဒီကိုမလာနဲ့။ ငါရင်ဆိုင်နိုင်သေးတယ်” လီစီးရီ၏ စိုးရိမ်တကြီး အသံသည် အဝေးမှနေ၍ ထွက်ပေါ်လာခဲ့၏။

ဝမ်ချောင်နှင့် ကျန်လူများသည် ဤတိုက်ခိုက်မှုတွင် မပါဝင်ခဲ့သောကြောင့် သူတို့သည် ဤကွပ်ကဲသူက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မသိခဲ့ကြပေ။ ခွန်အားအရ သူသည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး မဟာနှင်းတောင်တန်း မြင့်မြတ်သော နယ်မြေ၏ လျို့ဝှက်လူဝင်စားခြင်း နည်းစနစ်များသည် အပြင်လူများ တွေးထင်ထားသလောက် မရိုးရှင်းခဲ့ကြပေ။ လီစီးရီတွင် လက်ရှိ၌ ဤတိဗက်ကွပ်ကဲသူက မထင်ရှားသော စစ်သားတစ်ဦး သို့မဟုတ် သာမာန်ကွပ်ကဲသူ မဟုတ်ဟုသော အလွန်ပြင်းထန်သည့် ခံစားချက်တစ်ခုရှိသည်။

“လူအ်ိုကြီးလင်းယုန်ငှက် လီစီးရီကို သွားကူညီလိုက်ပါ။ မင်းတို့ ကျန်တဲ့လူတွေ ကျန်တဲ့ တိဗက်စစ်သည်တွေကို သုတ်သင်ဖို့ ရွှေ့လျားနိုင်တဲ့ စက်ဝိုင်းတွေကို အသုံးပြုပါ”

“ဒါပေမဲ့သခင်လေး လီစီးရီကရော” လူအိုကြီးလင်းယုန်ငှက် စိုးရိမ်တကြီး မေးလိုက်၏။ အကယ်၍ လီစီးရီသည် ထိုကွပ်ကဲသူ၏ တိုက်ခိုက်မှုများကို မပိတ်ဆို့နိုင်ခဲ့ပါက သူတို့ကျန်လူများသည် အသတ်ခံရမည်ကို စောင့်ဆိုင်းနေသည့် ပိုက်ကွန်ထဲရှိ ငါးများဖြစ်ပေလိမ့်မည်။

“လူအိုကြီးလင်းယုန်ငှက် ငါ့အမိန့်တွေကို နားထောင်ပါ” ဝမ်ချောင် ကြေညာလိုက်ကာ သူ့မျက်လုံးများသည် အဝေးသို့ အေးစက်စွာ ကြည့်ရှု့နေခဲ့သည်။

မင်းမှာ ကျန်းလျန်ရဲ့ အစီအစဉ်တွေရှိပြီး ငါ့မှာ နံရံကို တွယ်တက်လို့ရတဲ့ လှေကားတွေရှိတယ်။ မင်းက မင်းတပ်သား အများစုကို လီစီးရီနဲ့ ရင်ဆိုင်ဖို့ အမိန့်ပေးခဲ့တာကြောင့် ကျန်တဲ့ တိဗက်တွေနဲ့ ရင်ဆိုင်ဖို့ ငါ့ရဲ့တပ်သားတွေကို စုစည်းခြင်းအတွက် ငါ့ကိုအပြစ်မတင်နဲ့။ ဒါက ခွန်အားပြိုင်ပွဲတစ်ခုဖြစ်ပြီး ငါတို့ထဲက ဘယ်သူက သူတို့ရဲ့ပြိုင်ဘက်တွေကို မြန်မြန်ဆန်ဆန် သတ်ဖြတ်နိုင်ပြီး တပ်သားတွေကို လွတ်မြောက်စေနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။

“ဟုတ်ကဲ့”

လူအိုကြီးလင်းယုန်ငှက် သူ့နှလုံးသားကို တင်းမာစေလိုက်ပြီး ထွက်ခွာသွားခဲ့သည်။

တစ်ချိန်ထဲမှာပင် ကျယ်လောင်သော အသံတစ်ခုသည် ကောင်းကင်ကို ဖြိုခွင်းသွားခဲ့သည်။

“ဒန်ပါ့ သူ့ကိုတား” လက်ခြောက်ဘက် ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်အဖြစ်သို့ ပြောင်းလဲထားခဲ့သည့် တိဗက်ကွပ်ကဲသူသည်လည်း သူ့အမိန့်ကို ထုတ်ပြန်လိုက်၏။

“ဟုတ်ကဲ့ပါအရှင်”

ချက်ချင်းပင် တိဗက်ဒုတိယ ကွပ်ကဲသူသည် ကြယ်တာရာစွမ်းအင်များနှင့်အတူ ထွက်ခွာလာပြီး လူအိုကြီးလင်းယုန်ငှက်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဝင်ရောက်လိုက်သည်။ ထိုအတောအတွင်း ဝမ်ချောင်ဘေးမှနေ၍ စောင့်ကြည့်နေခဲ့စဉ် မဟာထန်မြင်းစစ်သည် တစ်ထောင်တို့သည် မဟာထန်၏ သမိုင်းတွင် ယခင်ကလုံးဝ မမြင်တွေ့ဖူးခဲ့သည့် အခင်းအကျင်းတစ်ခုကို လျှင်မြန်စွာ စတင်လိုက်သည်။

ရွှေ့လျားနိုင်သောစက်ဝိုင်း

ဤသည်က ဝမ်ချောင် သူ့နောက်ဆုံးဘဝတွင် တီထွင်ထားခဲ့သည့် စစ်ဗျူဟာတစ်ခုဖြစ်ပြီး အခြားလောကမှ သူအသိပညာများကို အသုံးပြု၍ တီထွင်ထားခဲ့သည့် အခင်းအကျင်း တစ်ခုဖြစ်သည်။ ၎င်းသည် အသာစီးရပြီး ရန်သူများကို ရှင်းလင်းနေချိန်၌သာ အသုံးပြုနိုင်ပြီး ရန်သူများကို မြန်မြန်ဆန်ဆန် ခုတ်ဖြတ်စေနိုင်သည်။

ဘုန်း

သူတို့၏ ကျောက်စိမ်းသံမဏိဓားများကို တောင်းတစ်ခု၌ ဆန့်ထုတ်လိုက်ကြကာ စစ်သားများသည် လူခြောက်ဆယ်ပါသည့် အုပ်စုများရှိ ဂီယာများကို ပုံသွင်းလိုက်ကြပြီး ကျောက်စိမ်းသံမဏိ ဓားများသည် ဤဂီယာများ၏ အသွားများ ဖြစ်ကြသည်။ မြင်းစစ်သည် ခြောက်ဆယ်တို့သည် စက်ဝိုင်းပုံ လှုပ်ရှားမှုတစ်ခုတွင် စတင်လှုပ်ရှားလိုက်ကြပြီး ဧရာမကြီးမားသော ဂီယာများကို ရန်သူများအား ရူးသွပ်စွာ ခုတ်ပိုင်းသွားစေသည်။

“အား”

တိဗက်မြင်းစစ်သည် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားခဲ့ကာ သူတို့၏ ခန္ဓာကိုယ်များသည် ကျောက်စိမ်းသံမဏိဓားများ၏ လည်ပတ်နေသော ဘီးများဖြင့် အပိုင်းပိုင်းအစစ ခုတ်ဖြတ်ခံလိုက်ရပြီး မြေပေါ်သို့ ကျဆင်းနေကြသည်။ တိဗက်မြင်းစစ်သည် နောက်ထပ် ရာကျော် ပြုတ်ကျသွားရန်အတွက် တခဏတာ ကြာမြင့်ခဲ့ပြီး သူတို့၏ အရေအတွက်များသည် အဆက်မပြတ် ကျဆင်းလာခဲ့သည်။ အဝေးမှ ကြည့်နေခဲ့ကာ ဒန်ပါ့နှင့် တိဗက်ကွပ်ကဲသူတို့ ဖြူလျော်သွားခဲ့ကြသည်။

ဘုန်း

ကြေးညိုရောင်လှံတစ်စင်း ရှေ့သို့ပြေးထွက်လာခဲ့ကာ အလင်းရောင်တစ်ချက် လက်သွားခဲ့ပြီး ဝမ်ချောင်ဆီသို့ ရောက်ရှိလာရန် လဟာပြင်ကို ချက်ချင်း ဖြတ်သန်းသွားခဲ့သည်။

“ကရုစိုက်”

လူတိုင်း ဖြူလျော်သွားခဲ့ကြသော်လည်း ဖုန်မှုန့်များ အနည်ထိုင်သွားသောအခါ သူတို့သည် ထိုလှံက မြေပေါ်တွင် စိုက်နေခဲ့ပြီး ဝမ်ချောင်က လှံနံဘေးတွင် လုံးဝမထိခိုက်ဘဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။ လူတိုင်း ကြက်သေ သေသွားခဲ့ကြ၏။

“ဒီအယုတ်တမာကောင်...”

တိဗက်ကွပ်ကဲသူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက သူ့နှလုံးသားထဲ လှိုင်တက်လာခဲ့သည်။

အကယ်၍ သူသည် အစပိုင်းတွင် ဤထန်စစ်တပ်၏ ခေါင်းဆောင်ကို မသိခဲ့သေးပါက သူသည် ထိုလူက မည်သူဖြစ်သည်ဆိုသည်ကို ယခု ပြောနိုင်ပြီဖြစ်သည်။ သူသည် ယုံကြည်ရန် ခက်ခဲသော်လည်း ဤစစ်တပ်၏ ခေါင်းဆောင်အဆင့်မှ သူလက်ရှိ ရင်ဆိုင်တိုက်ခိုက်နေသည့် ဤအားကောင်းသော ထန်ကျွမ်းကျင်သူ မဟုတ်သော်လည်း ထိုဘာမှမဟုတ်ပုံရသည့် ထန်လူငယ်လေး ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

“ဟမ်”

ဝမ်ချောင် အေးစက်စွာသာ ပြုံးပြလိုက်သည်။ သူသည် နဂါးနဲ့ဓားပြများမှ ကျွမ်းကျင်သူများက သူ့ပတ်ပတ်လည်တွင် စောင့်ကြပ်နေခဲ့ကြစဉ် သူ့နေရာတွင် ဆက်၍ ရပ်နေခဲ့သည်။

ဤတိဗက်သည် အလွန်သန်မာလှသောကြောင့် သူနှင့်လီစီးရီတို့၏ တိုက်ပွဲတွင် လူအိုကြီး အပါအဝင် မည်သူမျှ ဝင်မစွက်ဖက်နိုင်ခဲ့ပေ။ သို့သော်လည်း သူသည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိရန် ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်ကို အသုံးပြုထားခဲ့သော်လည်း သူသည် သူ့အား ကြီးစွာလျော့တွက်ထားခဲ့ဆဲဖြစ်သည်။ သူ့ခွန်အားသည် လက်ရှိတွင် နိမ့်ကျနေခဲ့သော်လည်း ဝမ်ချောင်သည် တစ်ခါက သူတော်စင် သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ခဲ့သေးပြီး ဤတိဗက် ကွပ်ကဲသူထက် များစွာ သန်မာနေသေးသည်။

သူ၏ပြန်လည် မွေးဖွားလာခြင်းသည် ထိုခွန်အားကိုသူ့အား ဆုံးရှုံးစေခဲ့သော်လည်း သူသည် သူ့တွင် အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းတို့ ရှိနေနိုင်ဆဲဖြစ်သည်။ ထို့ပြင် ဝမ်ချောင်သည် ထိုသေစေနိုင်သောလှံကို မြင်တွေ့ထားခဲ့ပြီ ဖြစ်သောကြောင့် သူသည် ၎င်းနှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

“ကောင်စုတ်လေး မင်းသေချာပေါက် သေမယ်”

ထိုအေးစက်သော အသံသည် အဝေးမှ ထွက်ပေါ်လာခဲ့ပြီး ကြောက်ခမန်းလိလိ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ဝမ်ချောင်ကို ပစ်မှတ်ထားလိုက်သည်။ သို့သော် ဝမ်ချောင်သည် မတုန်မလှုပ် ရှိနေခဲ့၏။ ဤတိုက်ပွဲတွင် အကယ်၍ လီစီးရီသည် အကယ်၍ ဤလူနှင့် ရင်မဆိုင်နိုင်ခဲ့ပါက တစ်ခြားမည်သူမျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

“လီစီးရီ...”

ဝမ်ချောင် ရုတ်တရက် သူ့ပါးစပ်ကို ဖွင့်လိုက်၏။

“ချိုးရန် ထိုက်ရင်”

ဝမ်ချောင် သွေးကြောဆုံမှတ် သုံးမှတ်ကို ဖော်ပြလိုက်သည်။

ထိုခဏတွင်း စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ မည်သူမျှ ဝမ်ချောင် ပြောနေသည့်အရာကို မသိခဲ့သော်လည်း လီစီးရီသည် ဝမ်ချောင် ဆက်ပြောလာသည့် စကားများကို နားလည်ခဲ့သည်။

“မဟာစစ်တပ်ကြီးရဲ့ လျှင်မြန်တဲ့ ဆုတ်ခွာမှု အောင်ပွဲဆယ်ကြိမ်အတွက် ဆယ်ကြိမ်တစ်ဟုန်ထိုး တိုက်ခိုက်မှု။ တောင်တန်းတွေနဲ့ မြစ်တွေကိုပိုင်းဖြတ်”

ဘုန်း

လျှပ်တပြက်အတွင်း လီစီးရီ လှုပ်ရှားလိုက်၏။ ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်က သူ၏ချိုးရန် သွေးကြောဆုံမှတ်ကို ထိုးနှက်နေချိန် သူသည် ရုတ်တရက် နောက်ဆုတ်လိုက်ပြီး သူ၏လေးလံသောဓားက လျှင်မြန်စွာ ဆုတ်ခွာနေခဲ့ကာ ရှီတိဂါ့ဗဗာဂျရာ၏ လက်ခြောက်ဘက်နှင့် လက်နက် ခြောက်ခု အားလုံးတို့ကို တစ်ကြိမ်ထဲ ပိတ်ဆို့နေခဲ့သည်။ ဘုန်း သူသည် ဗာဂျရာ အစောင့်အရှောက် သူ၏ချိုးရန် သွေးကြောဆုံမှတ်ကို တိုက်ခိုက်ရန် နောက်တစ်ကြိမ် လှုပ်ရှားလိုက်သကဲ့သို့ သူ့ညာခြေထောက်ဖြင့် ရှေ့သို့လှမ်းလိုက်သည်။ တင့်တယ်ပြီး ညက်ညောမှုတို့ဖြင့် သူသည် ဒုတိယထိုးနှက်ချက်ကို ရှောင်ရှားလိုက်ပြီး ထို့နောက် တတိယထိုးနှက်ချက်ကို ရှောင်ရှားလိုက်ကာ ထို့နောက်သူသည် အောင်ပွဲဆယ်ကြိမ်အတွက် ဆယ်ကြိမ်တစ်ဟုန်ထိုး တိုက်ခိုက်မှုကို စတင်လိုက်သည်။

ခလွပ်

လီစီးရီ၏ ပြင်းထန်သော တရကြမ်း တိုက်ခိုက်မှုအောက်တွင် လက်ခြောက်ဘက်ပါသော ရှီတိဂါ့ဗ ဗာဂျရာအစောင့်အရှောက်သည် ရုတ်တရက် ဟာကွက်တစ်ခုကို ပြသလိုက်သည်။ လီစီးရီ၏ ကျောက်စိမ်းသံမဏိဓားသည် ချက်ချင်း ထိုးနှက်လိုက်ပြီး ထိုဗာဂျရာ အစောင့်အရှောက်၏ တင်ပါးထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဤအကွက်သည် ထိုတိဗက် ကွပ်ကဲသူကို အံ့သြတုန်လှုပ်သွားစေရုံသာမက လီစီးရီကိုလည်း တုန်လှုပ်သွားစေ၏။ ထိုသို့လျှင်ပင် သူ့တုန့်ပြန်မှုသည် အနည်းငယ်မျှပင် မနှေးကွေးခဲ့ပေ။

ဘန်း

ထိုဗာဂျရာ အစောင့်အရှောက်၏ ဒူးများ ညွှတ်ကျသွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ် ကိုင်းသွားခဲ့သည်။ လီစီးရီသည် သူက တောင်တန်းများနှင့် မြစ်ပြင်များကို ပိုင်းဖြတ်နေသကဲ့သို့ သူ့ဓားကို လွှဲယမ်းလိုက်ကာ ချွပ်ကနဲ အသံတစ်ခုဖြင့် ခေါင်းတစ်လုံး လွင့်ပျံသွားခဲ့သည်။ ထိုကြီးမားလှသော ရှီတိဂါ့ဗဗာဂျရာ အစောင့်အရှောက်သည် ချက်ချင်း ပြိုလဲသွားခဲ့ကာ ရေပေါ်သို့ လဲကျရန် ခေါင်းမပါသော အလောင်းတစ်ခုကိုသာ ကျန်ရစ်နေစေခဲ့သည်။

အခန်း(၅၀၄)

ပုံခ မဟာနှင်းတောင်၏ လျို့ဝှက်လမ်းညွှန်စာအုပ်

တိတ်ဆိတ် လုံးဝတိတ်ဆိတ်

စစ်မြေပြင်တစ်ခုလုံးတွင် နှင်းကဲ့သို့ ဖြူလျော်သော မျက်နှာများ ရှိနေခဲ့ကြသည်။ တိဗက်များ အားလုံးတို့သည် ဤမြင်ကွင်းကြောင့် ကြက်သေ သေသွားခဲ့ကြ၏။

“အရှင်...”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက မဖြစ်နိုင်ဘူး”

...

ခုနက သူတို့၏ ကွပ်ကဲသူသည် ထိုမဟာထန် ကျွမ်းကျင်သူကို ဖိနှိပ်နေခဲ့သော်လည်း နောက်တခဏတွင် သူ့ခေါင်းသည် အဖြတ်ခံလိုက်ရပြီး သူ့အလောင်းသည် မြေပြင်ပေါ် လှဲလျောင်းနေခဲ့သည်။ ကွာဟမှုသည် အလွန်ကြီးမားလှသောကြောင့် ဤမြင်ကွင်းကို ကြည့်ရှု့နေခဲ့ကြသည့် တိဗက်များ၏ စိတ်ဓာတ်သည် လုံးဝပြိုကွဲသွားခဲ့သည်။

ပြီးသွားပြီ။ ဝမ်ချောင် အေးစက်သည့် လှောင်ပြုံးတစ်ခုဖြင့် စိတ်ထဲတွင် ပြောလိုက်ပြီးနောက် သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။

သူ့တွင် သူတော်စင်သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ ရှိကြပြီး ခွန်အားသာ ချို့တဲ့နေခဲ့ပေသည်။ သို့သော် လီစီးရီတွင် လုံလောက်သော ခွန်အားရှိခဲ့၏။ အကယ်၍ သူတို့နှစ်ယောက် လက်တွဲလုပ်ဆောင်ခြင်းက ထိုတိဗက်ကွပ်ကဲသူကို မသတ်ဖြတ်နိုင်ခဲ့သေးပါက ထိုတိဗက်တွင် အမှန်ပင် ဂုဏ်ယူစရာကောင်းသည့်အရာ ရှိရပေမည်။

အနာဂတ် တိုက်ပွဲသူတော်စင်နှင့် မဟာထန်၏ ကျော်လွှား၍မရသော မဟာစစ်သူကြီးတို့ပင် အနိုင်မယူနိုင်သည့် တစ်စုံတစ်ယောက်သည် အမှန်ပင် မောက်မာရန် ထိုက်တန်ပေသည်။

အာလားလား လီစီးရီက လုံလုံလောက်လောက် မရင့်ကျက်ခဲ့သေးဘူး။ ဒီလိုမှမဟုတ်ရင် ငါ့ရဲ့အကူအညီက လိုအပ်ခဲ့သေးမှာ မဟုတ်ဘူး။

ဤအတွေး ဝမ်ချောင်၏စိတ်ထဲ ဝင်ရောက်လာသည်နှင့် သူသည် လျှင်မြန်စွာလှည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“လူအိုကြီးလင်းယုန်ငှက် မြန်မြန် မင်းရဲ့ပြိုင်ဘက်ကို အဆုံးသတ်လိုက်”

တိဗက်ကွပ်ကဲသူသည် အသတ်ခံခဲ့ရပြီး ကမာ္ဘကျော်လှေကားထစ်ပုံစံ အခင်းအကျင်းသည် ကျိုးပျက်သွားခဲ့ကာ မူလမြင်းစစ်သည် သုံးထောင်အနက် တစ်ထောင့်ငါးရာသာ ကျန်ရှိနေခဲ့သည်။ ထို့ပြင် ကျောက်ကျင်းတန်နှင့် ဝမ်ချောင်၏ ကျန်အင်အားစုများသည်လည်း ရောက်ရှိလာခဲ့ကြသည်။ ဝမ်ချောင်သည် ဤတိဗက်များ ဒီရေကို ပြောင်းပြန်လှန်နိုင်သည့် လမ်းစကို မမြင်နိုင်ခဲ့ပေ။

“အသုံးပြုသူအား ဂုဏ်ယူပါသည်။ ကျော်ကြားလှသော တိဗက်စစ်သူကြီး ပါ့ထုံးလူကို အနိုင်ယူခြင်းအတွက် သင်သည် မစ်ရှင်ပြီးမြောက်ပြီးနောက် ရရှိမည့် ကံကြမ္မာမှတ် သုံးမှတ်ကို ချီးမြှင့်ခံရပါသည်”

ဝမ်ချောင် လက်နေခဲ့ချိန် သူသည် သူ့နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။

အာ

ဝမ်ချောင် ရပ်လိုက်ပြီး အံ့အားသင့်စွာ စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ ဤအသံသည် သူ့ကိုအမှန်ပင် အံ့အားသင့်သွားစေခဲ့သော်လည်း ပို၍အရေးကြီးဆုံး အပိုင်းမှာ ဝမ်ချောင်သည် ဤစစ်သူကြီးကို သိနေခဲ့ခြင်းဖြစ်သည်။

အဲ့ဒါသူလား။ ဝမ်ချောင် အံ့အားသင့်စွာ စူးစမ်းလိုက်သည်။

ဝမ်ချောင်သည် ဤစစ်သူကြီးက နာမည်မရှိသည့်လူ မဖြစ်နိုင်သည်ကို သူက ဤကျော်ကြားသည့်လူ ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ပါ့ထုံးလူသည် ဟော်ရှု့ဟွမ်ချမ်း၊ တားလန်ရော့ကျန်နဲ့ ကဲလျိုဖန်းတို့ကို ယှဉ်နိုင်သည့် နာမည်တစ်ခု မဟုတ်သော်လည်း သူသည် သေချာပေါက် ဝူရှန်း၏ နာ့ယိတော်ဝင်မျိုးရိုး၏ မြင့်မားသော ရာထူးရှိသည့် ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်ပေသည်။

ဤပုဂ္ဂိုလ်သည် အနောက်တောင်ဘက် စစ်ပွဲတွင် စွမ်းဆောင်ရည်ရှိသည့် ကွပ်ကဲသူတစ်ဦး ဖြစ်ခဲ့ပြီး တိဗက်စစ်တပ်အတွက် အလွန်အမင်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ ဟော်ရှု့ဟွမ်ချမ်း၏ ယုံကြည်မှုကိုပင် ရရှိခဲ့သည်။ အကယ်၍ ပုံမှန်မဟုတ်သည့်အရာ မဖြစ်ပျက်ခဲ့ပါက သူသည် ဤတိုက်ပွဲပြီးနောက် ဟော်ရှု့ဟွမ်ချမ်း၏ ယုံကြည်ရသည့် ဒုတိယစစ်သူကြီး ဖြစ်လာပေလိမ့်မည်။ သို့သော် သူသည် ဤတိုက်ပွဲပြီးနောက်တွင်သာ ထင်ရှားပြီး လူသိများလာပေလိမ့်မည်။

အနောက်တောင်ဘက် စစ်ပွဲရှိ သူ၏စွမ်းဆောင်ရည်များအပေါ် မှီခို၍ ပါ့ထုံးလူသည် တိဗက်စစ်တပ်၏ ရာထူးအဆင့်များကို ဖြတ်ကျော်၍ လျှင်မြန်စွာ မြင့်တက်သွားခဲ့ပြီး အလယ်ပိုင်း လွင်ပြင်ဒေသကို ကျူးကျော်ရန်နှင့် မဟာထန်၏ အဓိကရန်သူတစ်ယောက် ဖြစ်လာရန် တုစုန့်မန့်ဖော်ကျယ်နှင့် ကျန်လူများနှင့်အတူ စစ်တပ်တစ်ခုကိုပင် အတူတကွ ဦးဆောင်ခဲ့ပေသည်။ ဝမ်ချောင်သည် သူနှင့် လီစီးရီတို့ ဤတိုက်ပွဲတွင် ပါ့ထုံးလူကို သတ်ဖြတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဝုန်း

စစ်မြင်းများ၏ ဒုန်းစိုင်းသံများနှင့်အတူ ကျောက်ကျင်းတန်၏ တပ်ဖွဲ့များသည် လျှင်မြန်စွာ တိုက်ပွဲထဲ ပူးပေါင်းလာခဲ့သည်။ အမြန်နှုန်း အားသာချက်မရှိဘဲ သူတို့ကို လမ်းညွှန်မည့်ခေါင်းဆောင် မရှိဘဲ တိဗက်များသည် သေလူများ ဖြစ်ကြပေသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် တိုက်ပွဲသည် ပြီးဆုံးသွားခဲ့၏။ ကိုယ်လက်အင်္ဂါများနှင့် အလောင်းများသည် မြေပြင်တွင် ပြန့်ကျဲနေခဲ့ပြီး အသက်ရှင်နေသည့် တိဗက်တစ်ယောက်ကိုမျှ မမြင်တွေ့နိုင်ခဲ့ပေ။

မဟာထန်စစ်သည် တစ်ထောင်သည် အမြန်ဆုံးအရှိန်ဖြင့် ချီတက်လာနေသည့် ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသည့် တိဗက်မြင်းစစ်သည် သုံးထောင်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သော်လည်း ၎င်း၏ပြိုင်ဘက်ကို ချေမှုန်းခဲ့သည်မှာ မဟာထန် ဖြစ်ခဲ့သည်။ မည်သူမျှ ဤအရာကို မမျှော်လင့်ထားခဲ့မိပေ။

...

“မင်းအဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

တိုက်ပွဲပြီးဆုံးသွားခဲ့ပြီး စစ်တပ်က စစ်မြေပြင်ကို စတင်ရှင်းလင်းနေခဲ့ချိန် ဝမ်ချောင်သည် သူ့နောက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ လှည့်လိုက်ကာ သူသည် လီစီးရီက သူ့ဆီသို့ လျှောက်လာနေခဲ့သည်ကို တွေ့လိုက်ရပြီး သူ၏ဧရာမဓားက သူ့ကျောပေါ်တွင် ရှိနေခဲ့သည်။

“မင်းရဲ့ကျင့်ကြံခြင်းနဲ့ နက်နဲသိမ်မွေ့တဲ့ သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဟာကွက်တွေကို မြင်တွေ့ဖို့ မဖြစ်နိုင်ဘူး။ မင်းအဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

လီစီးရီ ဝမ်ချောင်ကိုကြည့်လိုက်ကာ သူ့အမူအရာသည် မကြုံစဖူး လေးနက်နေခဲ့သည်။ သူသည် ဝမ်ချောင်ကို ရှားရှားပါးပါးသာ မေးခွန်းများ မေးမြန်းခဲ့သော်လည်း ဤကိစ္စသည် လုံးဝခြားနားပေသည်။ သူသည် အစစ်အမှန် သိုင်းနယ်ပယ်တွင် ဖြစ်သော်လည်း ထိုတိုက်ပွဲတွင် သူသည်ပင် သူ့ပြိုင်ဘက်ကို မည်သို့သတ်ဖြတ်ရမည် ဆိုသည်ကို မသိခဲ့ပေ။ သူသည် အကယ်၍ ဝမ်ချောင်သည်လည်း နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ခဲ့ပါက ထိုရလဒ်များကို လက်ခံနိုင်ကောင်း လက်ခံနိုင်ပေမည်။

သို့သော်သူသည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် လုံးဝမဟုတ်ခဲ့ပေ။

ကျင့်ကြံခြင်း နယ်ပယ်တစ်ခုလုံး နိမ့်ကျသည့် ဝါနုစစ်သည်တော် တစ်ယောက်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ယောက်ကို သတ်ဖြတ်ရာတွင် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ညွှန်ပြနိုင်ခဲ့သည်။ ဤသည်မှာ သုံးနှစ်ကလေး တစ်ယောက်က ဝါရင့်စစ်မှုထမ်းဟောင်း တစ်ယောက်ကို စစ်မြေပြင်တွင် အခြားဝါရင့် စစ်မှုထမ်းဟောင်း တစ်ယောက်အား မည်သို့သတ်ဖြတ်ရမည်ဆိုသည်ကို ပြောပြနေသကဲ့သို့ အဓိပ္ပာယ်မဲ့လှသည်။

လီစီးရီသည်ပင် လက်ခံရန် ခက်ခဲသည်ကို တွေ့လိုက်ရသည်။

“ဟား ဟား မင်းဘာပြောနေတာလဲ။ သူ့ကိုသတ်ခဲ့တဲ့လူက မင်းမဟုတ်ဘူးလား။ မင်းကဘာလို့ ငါ့ကို မေးနေတာလဲ” ဝမ်ချောင် တခစ်ခစ် ရယ်မောလိုက်ကာ ခေါင်းရှုပ်သွားသည့်ပုံ ဟန်ဆောင်လိုက်သည်။ လီစီးရီသည် ဝမ်ချောင်ကို စိုက်သာ စိုက်ကြည့်နေခဲ့သော်လည်း သူ့မျက်နှာပေါ်ရှိ လေးနက်သည့် အမူအရာက သူ့ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောပြနေခဲ့သည်။

သူသည် ဟာသလုပ်နေခြင်း မဟုတ်ခဲ့သလို ဝမ်ချောင်၏ စကားများသည် သူ့ကို လှည့်စားနိုင်မည် မဟုတ်ပေ။

သူသည် ဝမ်ချောင် ၎င်းကိုမည်သို့ ပြုလုပ်ခဲ့သည်ကို သိရပေမည်။

“ဟား ဟား တကယ်တော့ အဲ့လောက်မဟုတ်ပါဘူး။ ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက်က လက်ခြောက်ဘက် ရှိနိုင်ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ကြီးလွန်းပြီး လက်တွေမရောက်နိုင်တဲ့ နေရာတစ်ချို့ ရှိကြတယ်။ အရင်က ငါ့ဆရာ ဒီလိုသိုင်းပညာရပ်အကြောင်း ပြောနေတာကို ငါကြားခဲ့ဖူးတာကြောင့် အဲ့အကြောင်းကို ငါသိတယ်။ ဒီတစ်ခါ ငါလုပ်ဆောင်လိုက်တာက အဲ့ဒီအသိပညာကို မင်းဆီ လက်ဆင့်ကမ်းလိုက်တာပဲ” ဝမ်ချောင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“မင်းရဲ့ဆရာလား”

လီစီးရီ မျက်မှောင်ကျုံ့လိုက်ကာ ဤအဖြေကို စတင်စဉ်းစားလိုက်သည်။ ဝမ်ချောင်ပြောနေသည့် ဆရာသည် ဝိညာဉ်သွေးကြောတွင် နေထိုင်သည့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ထိုလျို့ဝှက်ဆန်းကြယ်သည့် အကြီးအကဲ ဖြစ်ရပေမည်။ သူသည် တစ်ခါက ဝိညာဉ်သွေးကြောကို လည်ပတ်ခဲ့ပြီး ထိုနေရာရှိ သူဖောက်မမြင်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဝမ်ချောင်၏ ဆရာဖြစ်သည့် နတ်ဆိုးဧကရာဇ် အဘိုးအိုဖြစ်ပေသည်။

အခြားလူများနှင့်မတူဘဲ လီစီးရီသည် စစ်သားတစ်ယောက် ဖြစ်သောကြောင့် သူသည် လမ်းမှန်နှင့် ဆိုးယုတ်မှုကြား ခွဲခြားမှုမရှိခဲ့ပေ။

အကယ်၍ ဝမ်ချောင်ပြောခဲ့သည့်အတိုင်း ဖြစ်ခဲ့ပါက အရာရာတိုင်းသည် နားလည်နိုင်ပေသည်။

သို့သော် လီစီးရီသည် သူကမည်သည့်နေရာတွင် ဖြစ်သည်ဆိုသည်ကို မဖော်ထုတ်နိုင်သည့် တစ်ခုခု မှားနေသည်ကို ခံစားနေရသေးသည်။

“ဟားဟား အဲ့အကြောင်း အများကြီး မတွေးပါနဲ့။ ဒါကလည်း ကံကောင်းမှုတစ်ခုပဲ။ ငါတို့ရှေ့မှာ တိုက်ပွဲကြီးတစ်ခု ရှိတယ်။ မင်း မင်းကိုယ်မင်း အဆင်သင့် ပြင်ထားသင့်တယ်”

ဝမ်ချောင် လီစီးရီ၏ပုခုံးကို ပုတ်လိုက်ပြီး လှည့်လိုက်ကာ ထိုတိဗက်ကွပ်ကဲသူ ပါ့ထုံးလူ၏ အလောင်းဆီသို့ ဦးတည်လိုက်သည်။

တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သော်လည်း ရိပ်သိမ်းရမည့် အကျိုးအမြတ်များ ရှိကြသေးသည်။ ဝမ်ချောင်တွင် ဤတိဗက်ကွပ်ကဲသူ၏ အလောင်းပေါ်၌ အပိုဆုလဒ်တစ်ခု ရှိသည်ဟုသော ခံစားချက်တစ်ခု ရှိပေသည်။

ငါ့အထင် မှန်မယ်လို့ မျှော်လင့်ပါတယ်။ ဝမ်ချောင် သူ့ဘာသာသူ ပြောလိုက်၏။ ကျွမ်းကျင်သူတစ်ယောက်၏ အဆင့်အတန်း မြင့်မားလေလေ ထိုလူရှိ ကောင်းမွန်သော ပစ္စည်းများတွေ့ရန် အခွင့်အလမ်း များလေလေဖြစ်သည်။ ပါ့ထုံးလူ၏ လက်များရှိ ထိုရွှေရောင် သတ္ထုလက်အိတ် တစ်ခုထဲက တော်တော်လေး ကောင်းမွန်သော ရတနာဖြစ်ကြပေသည်။

...

ပါ့ထုံးလူ၏ အလောင်းသည် သွေးများစွန်းထင်းနေသည့် မြေပေါ်တွင် တောင့်တင်းစွာ လဲလျောင်းနေခဲ့ပြီး မရေမတွက်နိုင်သော အခြားတိဗက်များနှင့် မြင်းများ၏ အလောင်းများဖြင့် ဝန်းရံနေခဲ့သည်။ သူ့ခေါင်းသည် အဖြတ်ခံထားရသော်လည်း ပါ့ထုံးလူ၏ လဲကျနေသော အလောင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေဆဲဖြစ်သည်။

ဝမ်ချောင် ပါ့ထုံးလူ၏ ခန္ဓာကိုယ်နဘေးတွင် ရပ်တန့်လိုက်သည်။

အလယ်ပိုင်း လွင်ပြင်ဒေသများ၏ လူများနှင့်မတူဘဲ တိဗက်လူမျိုးများသည် ချမ်းသာကြွယ်ဝမှု နည်းပါးကြသောကြောင့် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိကြပေသည်။ သို့သော်လည်း တိဗက်များတွင် သူတို့၏ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများအားလုံးကို သူတို့နှင့်အတူ သယ်ဆောင်တတ်သည့် အလေ့အကျင့် တစ်ခုရှိပေသည်။ သူတို့တွင် တိကျသည့်အိမ်များ မရှိခဲ့သောကြောင့် သူတို့သည် သူတို့၏ ပိုင်ဆိုင်မှုများကို သူတို့နှင့်အတူ ယူသွားခဲ့ကြသည်။

ဝမ်ချောင်သည် ထိုရွှေရောင်လက်အိတ်များကို မချွတ်မီ ပါ့ထုံးလူ၏ သွေးစွန်းနေသော အလောင်းပေါ် တခဏမျှ တုန့်ဆိုင်းသွားခဲ့သည်။

“အရမ်းလေးတယ်”

ဝမ်ချောင် သူ့လက်ထဲရှိ ထိုလက်အိတ်များကို ချိန်ဆလိုက်သည်။ သူတို့သည် အလွန်ကြီးမားပုံ မပေါ်ခဲ့သော်လည်း သူတို့သည် ကျင်သုံးဆယ်ကျော်လောက် အလေးချိန် ရှိခဲ့ကြသည်။ ဝမ်ချောင်၏ ထင်မြင်ချက်သည် မှန်ကန်ခဲ့၏။ ဤလက်အိတ်များကို ပြုလုပ်ထားခဲ့သည့် ပစ္စည်းများသည် လီစီးရီ၏ ကျောက်စိမ်းသံမဏိဓားထက် နိမ့်ကျခဲ့သည်။ ထိုရွှေရောင်လက်အိတ်၏ မျက်နှာပြင်သည် ထိုတိုက်ခိုက်မှုများကြောင့် သေးငယ်သည့် အက်ကွဲရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

သို့သော်လည်း ၎င်း၏ပုံစံက ဤသို့ဖြစ်နေသော်လည်း သူတို့သည် လီစီးရီ၏ ကျောက်စိမ်းသံမဏိဓားဆီမှ ခွန်အားအပြည့် ထိုးနှက်မှုတစ်ခုကို တောင့်ခံနိုင်ခဲ့သည်မှာ ၎င်း၏ ခွန်အားအတွက် သက်သေတစ်ခုဖြစ်သည်။ ထို့ပြင် သူ့တွင် ရှိသကဲ့သို့ မည်သူက ကျောက်စိမ်းသံမဏိ လက်နက်များစွာ ပိုင်ဆိုင်ခဲ့သနည်း။

သူလက်အိတ်များကို လှန်လိုက်သည်နှင့် ဝမ်ချောင်သည် လက်အိတ်၏ အစွန်းများတွင် တောင်ဖြူတစ်လုံး၏ သေးငယ်သော သင်္ကေတကို သတိပြုမိလိုက်သည်။

“ဒါက တကယ့်ကို မဟာနှင်းတောင် မြင့်မြတ်တဲ့ နယ်မြေရဲ့ ထုတ်ကုန်တစ်ခုပဲ”

ဝမ်ချောင် ခေါင်းညိမ့်လိုက်၏။

ဝူရှန်းတိုင်းပြည်တွင် မဟာနှင်းတောင် မြင့်မြတ်သော နယ်မြေတစ်ခုတည်းသာ ရှိခဲ့ပြီး ၎င်းတွင် ရှည်လျားပြီး သမိုင်းဝင် အမွေအနှစ်များ ရှိခဲ့သည်။ ဝူရှန်းတိုင်းပြည်၏ ထိပ်တန်းလက်နက်များ အားလုံးတို့ကို ထိုနေရာတွင် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ၎င်းထုတ်လုပ်လိုက်သည့် ပစ္စည်း တစ်ခုချင်းစီသည် ထိပ်တန်း အရည်အသွေး ရှိခဲ့သော်လည်း မဟာနှင်းတောင် မြင့်မြတ်သော နယ်မြေသည် အမှန်တကယ်တွင် အလွန်နိမ့်ပါးသော ထုတ်လုပ်မှုနှုန်း ရှိခဲ့သည်။

မဟာနှင်းတောင်၏ သင်္ကေတကို မြင်တွေ့ရခြင်းသက်သက်ဖြင့် ဝမ်ချောင်သည် ဤလက်အိတ်များက သူတို့၏ အကြမ်းခံနိုင်မှုကြောင့်သာ ထူးခြားခြင်းမဟုတ်ကြောင်း ဝမ်ချောင် အာမခံနိုင်ပေသည်။

ငါဒီလက်အိတ်တွေကို လူအိုကြီးလင်းယုန်ငှက်ကို ပေးလို့ရတယ်။ ဝမ်ချောင် တိတ်ဆိတ်စွာ သူ့ကိုယ်သူ ပြောလိုက်သည်။

သူသည် ဒီလက်အိတ်များကို သူကိုယ်တိုင် အသုံးပြုရန် မပြင်ထားခဲ့ပေ။ ပေါ်တင်တိုက်ခိုက်ပြီး လက်ကွက်မပါရှိခြင်းက သူ့ပုံစံ ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ သူနှင့်လီစီးရီတို့ နှစ်ယောက်စလုံး ဤလက်အိတ်ကို အသုံးပြုရန် မသင့်တော်ခဲ့ကြသော်လည်း လူအိုကြီးလင်းယုန်ငှက်သည် သူတို့ကို အသုံးပြုနိုင်ပေသည်။ ထို့ပြင် လူအိုကြီးလင်းယုန်ငှက်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်မှာ ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ ဤလက်အိတ်များသည် သူ့လုပ်ငန်းဆောင်တာများတွင် ကြီးမားသော အထောက်အကူ ဖြစ်ပေလိမ့်မည်။

လက်အိတ်များကို ရှာထားလိုက်ကာ ဝမ်ချောင်သည် ပါ့ထုံးလူ၏ ခန္ဓာကိုယ်ကို လျှင်မြန်စွာ စတင်မရှာဖွေမီ တခဏမျှ ရပ်တန့်သွားခဲ့သည်။

သူသည် ပါ့ထုံးလူကဲ့သို့ တိဗက်ကွပ်ကဲသူတစ်ယောက်တွင် ဤလက်အိတ်များသာ ရှိမည်ဟု မယုံကြည်ခဲ့ပေ။

“ဟင်”

တခဏကြာပြီးနောက် ဝမ်ချောင် မျက်မှောင်ကျုံ့လိုက်သည်။

“ထူးဆန်းတယ် သူကအဲ့ဒါကို မရနိုင်ခဲ့ဘူးလား”

ဝမ်ချောင် ပါ့ထုံးလူ၏ ခန္ဓာကိုယ်ပေါ် တွေ့ရှိရန် မျှော်လင့်ထားခဲ့သည့် ပစ္စည်းနှစ်ခု ရှိကြပေသည်။ တစ်ခုသည် သူ၏အလားအလာကို လှုံ့ဆော်ပေးခဲ့သည့် ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ် ဖြစ်ပြီး တစ်ခုသည် သူ့အလားအလာကို လှုံ့ဆော်ပေးခဲ့ပြီး လီစီးရီထက် သာလွန်နိုင်ရန် သူ့ခွန်အားကို မဆက်မပြတ် မြင့်တင်ပေးခဲ့သည့် ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်ဖြစ်သည်။ ဤပညာရပ်သည် လေ့ကျင့်ရန် ခက်ခဲသော်လည်း အောင်မြင်သွားခဲ့ပါက ၎င်းသည် တစ်ချိန်ချိန်တွင် ဒုတိယအတက်အဖြစ် ထမ်းဆောင်နိုင်ပေသည်။ ဝူရှန်းတိုင်းပြည်၌ပင် ဤလျို့ဝှက်ပညာရပ်သည် လူအနည်းငယ်ထံသို့သာ ပြန့်နှံ့ခဲ့ပေသည်။

တစ်ခြားတစ်ခုမှ ပါ့ထုံးလူ အသုံးပြုခဲ့သည့် လက်ခြောက်ဘက် ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက်အတွက် နည်းစနစ်ဖြစ်သည်။

ဤထိပ်သီးပညာရပ်ကို အသုံးပြုကာ လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သံမဏိကဲ့သို့ မာကြောလာလိမ့်မည်ဖြစ်ပြီး လူတစ်ယောက်၏ ခွန်အားသည် တိုးသွားပေလိမ့်မည်။ အကယ်၍ လီစီးရီသည် ဝမ်ချောင်သူ့အတွက် အထူးတလည် ထုလုပ်ထားခဲ့ပြီး ၎င်းကိုယ်တိုင်က မယုံနိုင်စရာကောင်းလောက်အောင် ထက်ရှပြီး နောက်ထပ် အမျိုးမျိုးသော မှော်စာလုံးများဖြင့် ဖုံးလွွှမ်းထားခဲ့သည့် ကျောက်စိမ်းသံမဏိဓားကို မကိုင်ဆောင်ထားခဲ့ပါက သူသည် အသတ်ခံခဲ့ရပေမည်။ သူသည် အသက်ရှင်နိုင်ခဲ့သည်မှာ လုံလုံလောက်လောက် အထင်ကြီးစရာ ကောင်းခဲ့ပေသည်။

သို့သော် ဝမ်ချောင်သည် ပါ့ထုံးလူ၏ ခန္ဓာကိုယ်ပေါ်တွင် ဤနည်းစနစ် လမ်းညွှန်စာအုပ် နှစ်ခုစလုံး ရှာမတွေ့နိုင်ခဲ့ပေ။

ဒါမဖြစ်နိုင်ဘူး။ ဝူရှန်းက ဒီနည်းစနစ်တွေကို နှုတ်နဲ့လက်ဆင့်ကမ်းမှာ မဟုတ်ဘူး။ သူတို့ရဲ့ သိုင်းပညာရပ်တွေ အကုန်လုံးက လျို့ဝှက်လမ်းညွှန်စာအုပ်တွေကနေတဆင့် လက်ဆင့်ကမ်းခဲ့ကြတယ်။ သူက ဒီထိပ်သီးပညာရပ် နှစ်ခုကို သိထားခဲ့ရင် သူ့ခန္ဓာကိုယ်ပေါ်မှာ ဒီလမ်းညွှန်စာအုပ်တွေ မရှိစရာ အကြောင်းမရှိဘူး။ ဝမ်ချောင် တိတ်ဆိတ်စွာ သူ့ကိုယ်သူ ပြောလိုက်သည်။

တိဗက်များ သူတို့၏ သိုင်းပညာရပ်များကို လက်ဆင့်ကမ်းရန် အသုံးပြုခဲ့သည့် နည်းလမ်းသည် အလယ်ပိုင်းလွင်ပြင်ဒေသနှင့် လုံးဝကွဲပြားပေသည်။ သူတို့သည် နည်းစနစ်များကို အလွန်ကောင်းမွန်ပြီး သန့်စင်သည့် ပစ္စည်းတစ်ခုအပေါ် ရွှေနှင့်ငွေမှုန့်များ အသုံးပြု၍ ရေးထိုးလိမ့်မည်ဖြစ်ပြီး ဗုဒ္ဓဝါဒ၏ အရှိန်အဝါဖြင့် ပြည့်နှက်နေပေသည်။ ဝူရှန်းတွင် ခေတ်အဆက်ဆက် သူတို့၏နည်းစနစ်များကို လက်ဆင့်ကမ်းခဲ့သည့် ဤပစ္စည်းများကို ပုံခဟု ခေါ်ကြပေသည်။ သူတို့၏ သိုင်းပညာရပ်များအားလုံး ဤပုံခအပေါ် ရေးသားထားခဲ့ကြသည်။

ထို့ပြင် ပါ့ထုံးလူသည် ကွပ်ကဲသူတစ်ယောက် ဖြစ်သောကြောင့် သူသည် သူသင်ယူခဲ့သည့် နည်းစနစ်များကို လေ့လာရန် ပုံခတစ်ခု ရရှိခဲ့ရပေမည်။

အခန်း(၅၀၅)

သတိပေးချက် ချေမှုန်းခြင်းအန္တရာယ်

ပါ့ထုံးလူ၏ အလောင်းကို ရှာဖွေနေပြီးနောက် ဝမ်ချောင်သည် သူ့အကြည့်ကို လျှင်မြန်စွာ ပါ့ထုံးလူ၏ မြင်းဆီသို့ လှည့်လိုက်သည်။

အကယ်၍ ထိုပစ္စည်းများ၏ ပါ့ထုံးလူ၏ အလောင်းပေါ်တွင် မရှိခဲ့ကြပါက သူတို့ကိုသူ့မြင်းပေါ်တွင် ဝှက်ထားခဲ့ကြသည်။

သို့သော် တခဏကြာပြီးနောက် ဝမ်ချောင် နောက်တစ်ကြိမ် စိတ်ပျက်သွားခဲ့၏။

“မဖြစ်နိုင်ဘူး ဒါကမဖြစ်နိုင်ဘူး ငါဘယ်နေရာမှာ မှားနေတာလဲ။ ပါ့ထုံးလူက ဒီလျို့ဝှက်သိုင်းပညာရပ် လမ်းညွှန်စာအုပ်တွေ သူ့မှာတကယ်ပဲ မရှိတာဖြစ်နိုင်လား”

ဝမ်ချောင် သူ့မေးစေ့ကို ပွတ်လိုက်ကာ သူ့မျက်လုံးထဲတွင် သံသယဖြစ်နေသည့် အကြည့်တစ်ခု ရှိနေခဲ့သည်။

သူသည် ပါ့ထုံးလူက သူ့မြင်းဂုံးနှီးအောက်တွင် ထိုပစ္စည်းများကို ဝှက်ထားလိမ့်မည်ဟု မူလက ယုံကြည်ခဲ့သော်လည်း သူ၏ရှာဖွေမှုသည် အလကားဖြစ်သွားခဲ့သည်။ သူသည် ပါ့ထုံးလူ၏ ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်နှင့် လက်ခြောက်ဘက် ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက် နည်းစနစ်တို့ကို ရရှိနိုင်မည့်ပုံ မပေါ်ပေ။

သို့သော် ထို့နောက် ဝမ်ချောင်၏အကြည့်သည် ပါ့ထုံးလူ၏ ဘိုးဖိနပ်များပေါ် ဖြတ်သန်းသွားခဲ့ပြီး သူသည် အတွေးတစ်ခု ရုတ်တရက် ရလိုက်သည်။

ပါ့ထုံးလူ၏ ဘိုးဖိနပ်များသည် သာမာန်ဘိုးဖိနပ်များနှင့် တော်တော်လေး ခြားနားပုံရသည်။ ဝမ်ချောင်သည်လည်း စစ်ဘိုးဖိနပ်တစ်ရံကို စီးထားခဲ့ပြီး သူသည် သူတို့မည်မျှ ထူကြသည်ကို သိရှိပေသည်။ သို့သော် ပါ့ထုံးလူ၏ ဘိုးဖိနပ်များသည် အနည်းငယ် ထူထည်းကြသည်မှာ ရှင်းလင်းလှသည်။

ဖြစ်နိုင်တာက...

ဤအတွေးဖြင့် ဝမ်ချောင် ရုတ်တရက် သူ့ကိုယ်ကို နှိမ့်ချလိုက်ပြီး သူ့ကျောက်စိမ်းသံမဏိဓားဖြင့် ဘိုးဖိနပ်အစွန်းကို ကရုတစိုက် ဖြတ်တောက်လိုက်သည်။

ပလုတ်

သူဘိုးဖိနပ်ကို ဖြတ်တောက်လိုက်သည်နှင့် တစ်ခုခုသည် ၎င်းမှနေ၍ မြေပေါ်သို့ ပြုတ်ကျလာခဲ့၏။ ၎င်းသည် ပြောင်လက်သော အရောင်အဆင်းရှိသည့် ပစ္စည်းတစ်ခုဖြစ်ပြီး ပို၍ကရုတစိုက် ကြည့်ရှု့ပြီးနောက် ၎င်းသည် ပိုးထည်နှင့် အထည်ကြားရှိ ပစ္စည်းအချို့ဖြင့် ပြုလုပ်ထားသည့် ရွှေရောင်စာလိပ်တစ်ခု ဖြစ်ပုံရသည်။

“အဲ့ဒါကတကယ်ပဲ ဒီမှာရှိနေခဲ့တာပဲ”

ဝမ်ချောင်၏မျက်လုံးများ တောက်ပသွားခဲ့ကာ သူစိတ်ထဲတွင် ပျော်ရွှင်သွားခဲ့သည်။ သူသည် ထိုထူထည်းသော ရွှေရောင်စာလိပ်ကို ယူလိုက်ပြီး ဖြေးညှင်းစွာ ဖြည်လိုက်သည်။ သူ့ကိုမိတ်ဆက်လိုက်သည့် အရာမှာ အရိုးခြောက်များအပေါ် တက်လှမ်းနေကာ သူ့ခန္ဓာကိုယ်ပေါ် မီးတောက်များ လောင်ကျွမ်းနေခဲ့ချိန် အထက်တွင် အနက်ရောင် တိမ်တိုက်များရှိသည့် အနက်ရောင် အသားအရည်ရှိသည့် လက်ခြောက်ဘက် ရှီတိဂါ့ဗ ဖြစ်သည်။ သူ့တွင် ဒေါသထွက်နေသည့် အမူအရာတစ်ခုရှိပြီး စာလိပ်ထဲမှ ခုန်ထွက်ရန် အဆင်သင့်ဖြစ်နေပုံရသည်။

“အဲ့ဒါကတကယ်ပဲ ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက်ပဲ။ သူကအဲ့ဒါကို တကယ့်ကို ကောင်းကောင်း ဝှက်ထားခဲ့တာပဲ”

ဝမ်ချောင် ရယ်မောလျှက် အော်ဟစ်လိုက်သည်။ ကျော်ကြားလှသော ပါ့ထုံးလူကဲ့သို့ စစ်သူကြီးတစ်ယောက်တွင် သူနှင့်အတူ တန်ဖိုးရှိသော ပစ္စည်းအချို့ အမှန်ပင် ရှိနေခဲ့ကြသည်။ သူသည် ၎င်းတို့ကို အလွန်ကောင်းမွန်စွာ ဝှက်ထားခဲ့ရုံပင်။ အကယ်၍သူသည် သူ့ဘိုးဖိနပ်များက သာမာန်ထက် အနည်းငယ် ထူထည်းသည်ကို သတိမပြုမိခဲ့ပါက သူသည် ထိုနေရာက ဝှက်ထားရန် အလားအလာရှိသည့် နေရာဖြစ်သည်ဟု ဘယ်တော့မှ စဉ်းစားမိခဲ့မည်မဟုတ်ပေ။

“အမှန်ပဲ တစ်ခြားဘိုးဖိနပ် ရှိသေးတယ်”

စိတ်ဝင်တစားဖြင့် ဝမ်ချောင် သူ့ကျောက်စိမ်းသံမဏိဓားကို မြှောက်လိုက်ပြီး ပါ့ထုံးလူ၏ ကျန်ရှိနေသော ဘိုးဖိနပ်၏ အောက်ခြေကို ဖြတ်တောက်လိုက်သည်။ သူသံသယရှိခဲ့သကဲ့သို့ သူ့အလားအလာကို လှုံ့ဆော်ရန် ပါ့ထုံးလူ အသုံးပြုခဲ့သည့် ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်သည် သူ့ဘယ်ဘက် ဘိုးဖိနပ်၏ အောက်ဆုံးအလွှာတွင် ဝှက်ထားခဲ့သည်။ ရှီတိဂါ့ဗ ဗာဂျရာ အစောင့်အရှောက် နည်းစနစ်နှင့်မတူဘဲ ပါ့ထုံးလူ၏ ရှီတိဂါ့ဗ လျို့ဝှက်ပညာရပ်သည် ပဲပင်ပေါက် လက်ရေးဖြင့် တိဗက်စာလုံးများဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းနေသည့် ပါးလွှာပြီး လေးထောင့်ကျသော စာရွက်တစ်ခုပေါ်တွင် ရေးသားထားခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ ငါ့နောက်ဆုံးဘဝမှာ တိဗက်ဘာသာစကားကို ငါလေ့လာခဲ့တယ်။ ဒီလိုမှမဟုတ်ရင် ဒီနည်းစနစ်နှစ်ခုက ငါ့အတွက် အလကားဖြစ်လိမ့်မယ်။

ဝမ်ချောင် ထိုစာရွက်များကို ကြည့်လိုက်ကာ ပျော်ရွှင်သွားခဲ့သည်။

ဤနည်းစနစ် နှစ်ခုစလုံးတို့ကို တိဗက်ဘာသာစကားဖြင့် ရေးသားထားခဲ့ကာ အလယ်ပိုင်း လွင်ပြင်ဒေသနှင့် လုံးဝမတူညီသည့် အရေးအသား စနစ်တစ်ခုဖြစ်သည်။ အကယ်၍သူသည် ဤဘာသာစကားကို နားမလည်ခဲ့ပါက သူပိုင်ဆိုင်သည့် ဤလမ်းညွှန်စာအုပ် နှစ်အုပ်သည် သူတို့၏ အရည်အချင်းများကို ပြသရန် နေရာမရှိသည့် သူရဲကောင်းတစ်ယောက်ကဲ့သို့ ဖြစ်ပေလိမ့်မည်။

“လူအိုကြီးလင်းယုန်ငှက်”

ဤစာအုပ်နှစ်အုပ်ကို ချထားလိုက်ပြီးနောက် ဝမ်ချောင် မတ်တပ်ရပ်လိုက်ပြီး လူအိုကြီးလင်းယုန်ငှက်ကို ခေါ်လိုက်သည်နှင့် သူသည် သူ့စိတ်ထဲတွင် ဘုန်းကနဲအသံတစ်ခုကို ကြားလိုက်ရသည်။

“သတိပေးချက် အရေးကြီးဖြစ်ရပ် အန်းနှံကာကွယ်ရေးတပ်သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး သုံးရက်မှစတင်၍ ခြင်္သေ့မြို့သည် ပြိုလဲတော့မည်ဖြစ်သည်။ အကယ်၍ အသုံးပြုသူသည် ယခုမှစ၍ သုံးရက်အတွင်း ခြင်္သေ့မြို့၏ လီငါးရာအတွင်း မရောက်ရှိခဲ့ပါက အသုံးပြုသူသည် မစ်ရှင် ကျရှုံးလိမ့်မည်ဖြစ်ပြီး လုံးဝ ချေမှုန်းခံရပေလိမ့်မည်”

ကံကြမ္မာကျောက်စာ၏ အေးစက်ပြီး စက်အသံက ပြောလိုက်သည်။

ဝမ်ချောင်၏ခန္ဓာကိုယ် ထိုအေးစက်သည့်အသံ သူ့စိတ်ထဲ ပေါ်လာသည်နှင့် ခိုက်ခိုက်တုန်သွားခဲ့ပြီး သွေးများအားလုံး သူ့မျက်နှာမှနေ၍ ယုတ်လျော့သွားခဲ့ပုံရသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဝမ်ချောင်၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်နေခဲ့၏။ ဤသည်က ဤပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကံကြမ္မာကျောက်စာဆီမှ သတိပေးချက်ကို သူကြားရသည့် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ ဤသတိပေးသံသည် ပုံမှန်အားဖြင့် မပေါ်လာခဲ့သော်လည်း ၎င်းပေါ်လာသော အချိန်တွင် ကြီးမားသော အရာတစ်ခုခုသည် ဖြစ်ပျက်တော့မည်ဟု ဆိုလိုပေသည်။

ခြင်္သေ့မြို့ကို ကျန်းချိုးကျီက ဆောက်လုပ်ခဲ့တယ်။ အဲ့ဒါက မချိုးဖောက်နိုင်လုနီးပါး ခံတပ်တစ်ခုဖြစ်ပြီး စစ်သည်ရှစ်သောင်းတို့က စောင့်ကြပ်နေခဲ့ကြတယ်။ အဲ့ဒါကဘယ်လိုလုပ် ကျိုးပျက်နိုင်မှာလဲ။

ဝမ်ချောင် သူ့နားများကို မယုံကြည်ရဲခဲ့ပေ။

သူသည် ဤမြို့အပေါ် ကြီးမားသော ရွှေပမာဏကို သုံးစွဲထားခဲ့သည်။ အပြင်ပိုင်း တံတိုင်းများကို သံမဏိဖြင့် ကာထားခဲ့ပြီး မရေမတွက်နိုင်သော ခိုင်ခံ့စေသည့် မှော်စာလုံးများဖြင့် ရေးထိုးထားခဲ့သည်။ တံတိုင်းသည်လည်း ချောမွေ့ပြီး မတ်စောက်ကျကာ သူတို့အား တွယ်တက်ရန် မဖြစ်နိုင်ဖြစ်စေသည်။ ဝမ်ချောင်သည် တိုက်ပွဲရည်ရွယ်ချက် အန်းနှံကာကွယ်ရေးတပ်အတွက် ခံတပ်တစ်ခုကို ပေးရန်အတွက် ၎င်းကို ဆောက်လုပ်ထားခဲ့ပေသည်။

အမှန်တွင် ဤမြို့သည် ထိရောက်မှုရှိခဲ့၏။

ဤအတောအတွင်း ဝမ်ချောင် တကယ့်တိုက်ပွဲမှတဆင့် သူ့စစ်သားများကို လေ့ကျင့်ပေးရန် အချိန်အမြောက်အများကို အေးအေးလူလူ ဖြုန်းနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဝမ်ချောင်သည် ခြင်္သေ့မြို့က အချိန်တစ်ခုအထိ ကျိုးပျက်လိမ့်မည်မဟုတ်ဟု ခိုင်မာစွာ ယုံကြည်ထားခဲ့သောကြောင့်ဖြစ်သည်။ သို့သော် အရာရာတိုင်းသည် ပြောင်းလဲသွားခဲ့ပုံရ၏။

တောင်ဘက်မှာ ဘာဖြစ်သွားခဲ့တာလဲ။ ဝမ်ချောင် သိချင်သွားခဲ့ကာ သူ့အမူအရာသည် ပြန်ကောင်းမလာခဲ့သေးပေ။

ပါ့ထုံးလူနှင့် သူ၏တိဗက်သုံးထောင်ကို အနိုင်ယူခြင်းမှ လာခဲ့သည့် ပျော်ရွှင်မှုသည် ပျောက်ကွယ်သွားခဲ့သည်။ ဤအခိုက်တွင် ပြင်းထန်သော အန္တရာယ်ခံစားချက်တစ်ခုသည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး ဝမ်ချောင်ကို လွှမ်းခြုံသွားခဲ့သည်။ ဝမ်ချောင် အဝေးသို့ ကြည့်လိုက်ပြီး သူသည် သူရှိနေသည့်နေရာမှ ဘာကိုမှ မမြင်နိုင်ခဲ့သော်လည်း သူသည် တိမ်မည်းများက တောင်ဘက်မှနေ၍ ရွှေ့လျားလာနေသည်ကို ခံစားနိုင်ခဲ့သည်။

အနောင်တောင်စစ်ပွဲသည် သူထင်ထားခဲ့သည်ထက် မြန်မြန်ဆန်ဆန် တိုးတက်လာနေခဲ့၏။

ချန်ယုချောင်ထုံး ရှုံးနိမ့်ခဲ့သည်မှာ မငြင်းဆန်နိုင်သော အမှန်တရားတစ်ခုဖြစ်သည်။ ဤစစ်ပွဲနှင့် တိုင်းပြည်၏ အနာဂတ်အတွက် သူ့တွင်မည်သို့သော အစီအစဉ်များ ရှိခဲ့ပါစေ အကယ်၍သူသည် သုံးရက်အတွင်း အားဟိုင်လွင်ပြင်သို့ မရောက်ရှိခဲ့ပါက သူသည် သေဆုံးပေလိမ့်မည်။

သူမသိလိုက်သည့် တစ်ခုခုသည် တောင်ဘက်တွင် ဖြစ်ပျက်ခဲ့ရမည် ဖြစ်သော်လည်း ဝမ်ချောင်သည် ၎င်းက ဘာဖြစ်နိုင်သည်ကို နားမလည်နိုင်ခဲ့ပေ။ ခြင်္သေ့မြို့တွင် ထိုမျှဆုံးရှုံးမှုများစွာကို ဘာက ဖြစ်စေနိုင်ခဲ့သနည်း။

“သခင်လေး ဘာဖြစ်လို့လဲ”

စိုးရိမ်နေသည့် အသံတစ်ခု သူ့နောက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ လူအိုကြီးလင်းယုန်ငှက် လမ်းလျှောက်လာနေခဲ့ပြီး သူ့မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အကြည့်တစ်ခု ရှိနေခဲ့သည်။

သူသည် အချိန်တစ်ခုအထိ ဝမ်ချောင်ကို အာရုံစိုက်နေခဲ့ပြီး ဝမ်ချောင်သည် မလှုပ်မယှက် ရပ်နေခဲ့ကာ သူ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်နေခဲ့သည်ကို သတိပြုမိခဲ့သည်။ ဤအခြေအနေသည် သာမာန်ဖြစ်စရာ အကြောင်းမရှိပေ။ ၎င်းက လူအိုကြီးလင်းယုန်ငှက်ကို စိုးရိမ်သွားစေခဲ့သည်မှာ မထူးဆန်းပေ။

“ဘာမှမဟုတ်ပါဘူး”

ဝမ်ချောင် ပါ့ထုံးလူ၏ ရွှေရောင်လက်အိတ်များကို လူအိုကြီးလင်းယုန်ငှက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီလက်အိတ်တွေက မင်းအတွက်ပဲ”

ဤစကားများဖြင့် သူရှေ့သို့လှမ်းလိုက်ပြီး မြင်းပေါ်သို့ ခုန်တက်လိုက်ကာ ထို့နောက်သူ သူ့လက်မောင်းကို မြှောက်လိုက်သည်။

“တပ်သားတွေအားလုံး ငါ့အမိန့်ကို လိုက်နာ။ အားလုံးကို ချထားပြီး အမြန်နှုန်းအပြည့်နဲ့ ချီတက်ဖို့ပြင်ဆင်”

လူတိုင်း ဤအမိန့်ကြောင့် အံ့အားသင့်သွားခဲ့ကြ၏။ ဤအလောင်းများကို အခုထိပင် မမြုပ်နှံခဲ့ရသေးသောကြောင့် သူတို့သည် အလွန်ရုတ်တရက်ဆန်စွာ ဘာကြောင့် ထွက်ခွာရမည်နည်း။ သို့သော် သူတို့သည် ရှုပ်ထွေးသွားခဲ့ကြသော်လည်း သူတို့သည် သူတို့၏ မြင်းများပေါ်သို့ ချက်ချင်း တက်လိုက်ကြပြီး ထွက်ခွာလိုက်ကြဆဲဖြစ်သည်။

လီစီးရီ သူ့မြင်းကို စီးနင်းလာခဲ့ပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ” သူသည် ဝမ်ချောင်နှင့်ပတ်သတ်၍ တစ်ခုခု မှားနေသည်ကို အလားတူ ခံစားခဲ့ရသည်။

“ရှေ့မှာ တစ်ခုခု ဖြစ်နေတယ်။ ငါတို့ချက်ချင်း ထွက်ခွာရမယ်။ လူအိုကြီးလင်းယုန်ငှက် တပ်မှူးချုပ်ရှု့ ဘယ်မှာရှိလဲဆိုတာ ရှာတွေ့ပြီလား” ဝမ်ချောင် မေးလိုက်၏။

“အင်း” လူအိုကြီးလင်းယုန်ငှက် ခေါင်းညိမ့်လိုက်သည်။

“သွားကြစို့”

...

ဤနေရာတွင် မြင့်မားသော တောင်တစ်လုံးရှိပြီး သစ်ပင်များက ပတ်ပတ်လည်တွင် ထူထူထပ်ထပ် ပေါက်ရောက်နေခဲ့ကြသည်။

အနက်ရောင်မုတ်ဆိတ်ဖြင့် မဟာထန် တပ်မှူးချုပ်တစ်ဦး၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့သည့် အသားညိုသော လူတစ်ယောက်သည် တောင်ထိပ်တွင် မတ်တပ်ရပ်နေခဲ့ကာ တဟူးဟူး တိုက်ခတ်နေသည့် လေများကို သူ့အား တိုက်ခိုက်နေစေခဲ့သည်။ အနောက်တောင်ဘက်တွင် သိသာထင်ရှားသည့် အမြင့်ရှိသော တောင်တန်းများ အလွန်နည်းပါးစွာ ရှိခဲ့ကြပြီး ဤတောင်သည် သံသယရှိစရာမလိုဘဲ သူတို့ထဲမှ အမြင့်ဆုံးဖြစ်ပေသည်။ ဤနေရာတွင် ရပ်နေခြင်းဖြင့် သူသည် ပတ်ပတ်လည်ရှိ လှုပ်ရှားမှုတိုင်းကို မြင်နိုင်ပေသည်။

ဤသည်ကလည်း သူ့စခန်းကို ဤနေရာတွင် ထူထောင်ရန် သူရွေးချယ်ခဲ့သည့် အကြောင်းအရင်းဖြစ်သည်။

“ထူးခြားလား”

ရှု့ရှီးပင် တောင်ထိပ်တွင် အစောင့်နှစ်ယောက်ဖြင့် ရပ်နေခဲ့သည်။ သူသည် အဝေးသို့ ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးမှုဖြင့် မျက်စိမှေးနေခဲ့သည်။

“မင်းတို့ဘာဖြစ်နေသလဲဆိုတာ အဖြေရှာတွေ့ခဲ့ပြီလား”

“ဟုတ်ကဲ့ခဗျ အဲ့ဒါက ထောင်ချောက်တစ်ခု မဟုတ်ပါဘူး။ ပါ့ထုံးလူက တကယ်ပဲ ဆုတ်ခွာသွားခဲ့ပေမဲ့ ဘာလို့လည်းဆိုတာ ကျွန်တော်တို့ မသိပါဘူး”

“မင်းတို့က သူတို့ဘယ်ကို သွားနေကြသလဲဆိုတာ ကြည့်ဖို့ မလိုက်ခဲ့ကြဘူးလား”

“ဒါက... ကျွန်တော်တို့ ထောင်ချောက်တစ်ခုဖြစ်မှာကို စိုးရိမ်ခဲ့ကြတာကြောင့် သူတို့နောက် သိပ်အဝေးကြီး မလိုက်ပါခဲ့ကြပါဘူး။ ကျွန်တော်တို့က ချောင်းမြောင်းတိုက်ခိုက်မှု မဟုတ်ဘူးဆိုတာ ဆုံးဖြတ်ဖို့ ပတ်ဝန်းကျင်ကိုပဲ ကရုတစိုက် စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ ဒါကို အတည်ပြုပြီးနောက်မှာ ကျွန်တော်တို့ ပြန်လာခဲ့ကြပါတယ်” ကင်းထောက်များ၏ ခေါင်းဆောင်သည် ဦးညွှန်နေခဲ့ကာ လေးစားစွာ ပြောလိုက်သည်။

“ငါသိပြီ မင်းတို့သွားလို့ရပြီ”

ရှု့ရှီးပင် မျက်မှောင်ကျုံ့လိုက်ကာ ကင်းထောက်ခေါင်းဆောင်ကို ထွက်သွားရန် လျှင်မြန်စွာ အမိန့်ပေးလိုက်သည်။

ပါ့ထုံးလူသည် တိုက်ခိုက်တော့မည်မှာ ရှင်းလင်းခဲ့သော်လည်း သူသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ထူးဆန်းသည့် တစ်ခုခုက ဖြစ်ပျက်နေသည်မှာ ရှင်းလင်းခဲ့သော်လည်း ဤသည်က ရှု့ရှီး၏ အကြီးမားဆုံးသော စိုးရိမ်မှု မဟုတ်ခဲ့ပေ။ သူ့အကြည့်သည် စိမ်းလန်းစိုပြေသော သစ်ပင်များနှင့် သူ၏နိုးကြားသော စစ်တပ်အပေါ် ဖြတ်သန်းသွားသည်နှင့် စိုးရိမ်နေသည့် အရိပ်အယောင်တစ်ခုသည် သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။

ဤလူများသည် ဤအတောအတွင်း နေရာပေါင်းစုံမှ သူစုစည်းခဲ့သည့်လူများ ဖြစ်ကြပြီး ယခုအခါ စုစုပေါင်း ငါးထောင်ရှိပေသည်။ သို့သော် အရေအတွက်တွင် တိုးလာခြင်းက ရှု့ရှီးကို စိတ်သက်သာရာ မရစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းကသူ့ကို ပို၍ပို၍သာ စိတ်ရှုပ်ထွေးသွားစေခဲ့ပြီး ပူပန်စေခဲ့သည်။

စစ်သူကြီးလီက သေဆုံးသွားခဲ့ပြီ။

တိုင်းပြည်၏ အတောက်ပဆုံး မြင့်တက်လာသည့် ကြယ်တစ်ပွင့်သည် တောင်ဘက်သို့ ခရီးတွင် သေဆုံးခဲ့ရသည်။ သူသည် စစ်သူကြီးကို သတိပေးခဲ့သော်လည်း သူသည် တပ်ဖွဲ့၏စစ်သား ခြောက်သောင်းကို တိဗက်များ၏ ချေမှုန်းခံရခြင်းမှ မရပ်တန့်နိုင်ခဲ့သေးပေ။ ထို့ပြင် အနောင်တောင်ဘက်တွင် ပို၍ပင်ကြီးမားသော အန္တရာယ်တစ်ခု ရှိနေ၏။

တပ်ထဲရှိ သူ၏အနှစ် နှစ်ဆယ်အတွင်း သူသည် ကြီးကြီးသေးသေး တိုက်ပွဲမျိုးစုံတွင် ပါဝင်ခဲ့ဖူးပြီး အန္တရာယ်မျိုးစုံကို ကြုံတွေ့ခဲ့ဖူးပေသည်။ သို့သော် ရှု့ရှီးပင်သည် သူက ဤတစ်ခုလောက် ကြီးမားသည့် အန္တရာယ်တစ်ခုကို ရင်ဆိုင်ခဲ့ဖူးသည်ဟု ဘယ်တော့မှ ပြောရဲလိမ့်မည် မဟုတ်ပေ။

ဝူရှန်း၊ နာ့ယိ၊ တော်ဝင်မျိုးရိုး၏ မြင်းစစ်သည် နှစ်သိန်းနှင့် ပူးပေါင်းထားခဲ့သော မုန့်ချီကျောက်တပ်သား သုံးသိန်းသည် အန်းနှံကာကွယ်ရေး စစ်တပ်၏ စစ်သည် တစ်သိန်းရှစ်သောင်းကို အားဟိုင်လွင်ပြင်တွင် အနိုင်ယူခဲ့သည်။ ဤသည်က တိုင်းပြည် ၎င်း၏သမိုင်းတစ်လျှောက်လုံးတွင် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးသည့် အန္တရာယ်တစ်ခုဖြစ်သည်။ အနောင်တောင်ဘက်သို့ တံခါးသည် ပွင့်သွားခဲ့ပြီး သိန်းချီသော သာမာန်ပြည်သူများသည် တိုင်းတစ်ပါး တိုင်းပြည်များ၏ မြင်းခွာများအတွက် အကာအကွယ် မဲ့သွားခဲ့ကြသည်။

မဟာထန်၏ ရာစုနှစ်အတော်များများ ငြိမ်းချမ်းရေးသည် ၎င်း၏ ပထမဆုံးသော ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံစားရတော့မည်ဖြစ်သည်။

သူဤနေရာသို့ စုစည်းထားခဲ့ကြသည့် မဟာထန် စစ်သားများအတွက်မူ သူတို့သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည်။ သေခြင်းတရားသည် သူတို့ကို ရှေ့နှင့်နောက် နှစ်ဖက်စလုံးမှ စောင့်ကြိုနေခဲ့၏။ အကယ်၍ သူတို့သည် ချီတက်ခဲ့ပါက သူတို့ကို စောင့်ဆိုင်းနေမည့်အရာမှာ တပ်သားငါးသိန်းပါသော စစ်တပ်တစ်ခုဖြစ်သည်။ မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ ပူးပေါင်းတပ်ကို ရပ်တန့်ရန် ကြိုးစားနေသည့် စစ်သားငါးထောင်သည် ရထားလုံးတစ်စင်းကို ရပ်တန့်ရန် ကြိုးစားနေသည့် နှံကောင်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ၎င်း၏ပျက်စီးခြင်းကို ရှာဖွေနေခြင်းသာဖြစ်သည်။

ဆုတ်ခွာခြင်းအတွက်မူ... စစ်အမိန့်များသည် တောင်တစ်လုံးကဲ့သို့ အလေးချိန် ရှိကြသည်။ သူတို့၏ရည်ရွယ်ချက်သည် အန်းနှံကာကွယ်ရေးတပ်ဖွဲ့ကို အားဖြည့်ရန် ဖြစ်ခဲ့ပြီး သူတို့၏တာဝန်သည် မပြီးမြောက်ခဲ့ပြီး သူတို့၏ပန်းတိုင်သည် ရောက်ပင်မရောက်ခဲ့ပေ။ သူတို့မည်သို့ ဆုတ်ခွာနိုင်မည်နည်း။ ထို့ပြင် မရေမတွက်နိုင်သော တိဗက်မြင်းစစ်သည်များသည် သူတို့ကို စောင့်ဆိုင်းနေခဲ့ကြသည်။

“တင်ပြပါတယ် ရန်သူတွေကို တွေ့လိုက်ပါတယ်”

စူးရှသော အသံတစ်ခုသည် တောင်တက်လမ်းတစ်ဝက်တွင် ချထားခဲ့သည့် ကင်းစခန်းတစ်ခုမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤအသံသည် ရှု့ရှီးပင်းကို သူ၏မိန်းမောနေခြင်းမှ ချက်ချင်း နိုးထသွားစေခဲ့သည်။ တစ်ချိန်ထဲမှာပင် ငါးထောင်ထက်ပိုသော မဟာထန် စစ်သည်များသည် စတင်လှုပ်ရှားလိုက်ကြသည်။ ဆူညံသံများဖြင့် သူတို့သည် သူတို့၏ လက်နက်များအားလုံးကို သူတို့၏ ပတ်ပတ်လည်သို့ ချိန်ရွယ်လိုက်ကြကာ လေထုသည် ချက်ချင်း တင်းမာလာခဲ့သည်။

ကလုတ် ကလုတ်

သူတို့၏ရန်သူများသည် ထင်ထားခဲ့သည်ထက် မြန်မြန်ဆန်ဆန်ပင် ရောက်လာခဲ့ကြသည်။ ဖုန်မှုန့်လုံးကြီးတစ်ခုကို အဝေးတွင် မြင်တွေ့နိုင်ပြီး ကြီးမားသော တပ်ဖွဲ့တစ်ခုက တုန်လှုပ်ဖွယ်ကောင်းသည့် အရှိန်တစ်ခုဖြင့် ချဉ်းကပ်လာနေခဲ့သည်။

“အရှင် တိဗက်တွေက ဒီနေရာကို ရောက်လာကြပြီ။ ကျွန်တော်တို့ နောက်ဘာဆက်လုပ်ရမလဲ”

လက်အောက်ငယ်သား အုပ်စုတစ်စုသည် ရှု့ရှီးပင်းကို ကြည့်လိုက်ကြသည်။ သူတို့၏ရန်သူသည် စောစောက တိုက်ပွဲတစ်ပွဲပင် မတိုက်ဘဲ ဆုတ်ခွာသွားခဲ့သောကြောင့် သူတို့သည် နောက်တစ်ကြိမ် မလာရောက်မီ ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့ရပေမည်။ ကိစ္စများသည် မဟာထန်စစ်သားများအတွက် ဆိုးရွားပုံရသည်။

All Chapters