အခန်း (၅၀၆-၅၁၀)
Vol. 24 Ch. 506-510
အခန်း(၅၀၆)
တွေ့ဆုံခြင်း တပ်မှူးချုပ်ရှု့
“အရှင် အမိန့်ပေးလိုက်ပါ ကျွန်တော်တို့ အသေခံစစ်သားတွေဖြစ်ဖို့ ဆန္ဒရှိကြပါတယ်”
စစ်တပ်၏ အမျိုးမျိုးသော ဒုတိယကွပ်ကဲသူများနှင့် အရာရှိများ သူတို့၏ သဘောတူညီမှုကို ထုတ်ပြောလိုက်ကြသည်။
သူတို့ ကြိုတင်ပြုလုပ်ထားခဲ့ကြသည့် အစီအစဉ်များအရ အသေခံစစ်သား အုပ်စုတစ်စုကို ဖွဲ့စည်းပြီး သွေးရူးသွေးတန်း တိုက်ခိုက်ခြင်းဖြင့်သာ ဤစစ်တပ်သည် တိဗက်ထိုးစစ်ကို ရပ်တန့်နိုင်ပေလိမ့်မည်။ ဤသည်က ရှင်သန်ရန် မည်သည့်ဖြစ်နိုင်ချေကိုမဆို ကမ်းလှမ်းခဲ့သည့် တစ်ခုတည်းသော နည်းဗျူဟာ ဖြစ်သော်လည်း အသေခံအုပ်စု၏ အဖွဲ့ဝင်များအားလုံး စတေးခံရမည်ဖြစ်ပြီး ဘယ်တော့မှ ပြန်ရနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသည်နှင့်ပတ်သတ်၍ သံသယရှိစရာ မလိုပေ။
သို့သော် ယခုအခါ လူတိုင်းသည် အသေခံအုပ်စုတွင် ပါဝင်ရန် တောင်းဆိုနေခဲ့ကြသည်။
“ခဏစောင့်”
ရှု့ရှီးပင်း အဝေးသို့ ကြည့်နေခဲ့ကာ သူ့အမိန့်ကို ဆက်လက် ကိုင်ဆောင်ထားခဲ့သည်။ ဤလူများသည် စစ်မြေပြင်တွင် သူနှင့်အတူ ရုန်းကန်ခဲ့ကြသည့် ညီအစ်ကိုများ ဖြစ်ကြသည်။ သူသည် သူတို့ကို သေခြင်းတရားဆီသို့ ပို့ဆောင်ရန် မည်သို့ဆန္ဒရှိနိုင်မည်နည်း။
“အရှင် အခြေအနေတွေက ကျွန်တော်တို့ တုန့်ပြန်ဖို့ နှေးကွေးရင် ပြောင်းလဲနိုင်တယ် မြန်မြန်” ဒုတိယကွပ်ကဲသူများနှင့် အရာရှိများ အုပ်စုသည် စိုးရိမ်ကြီးစွာ ပြောလိုက်သည်။
ရှု့ရှီးပင်း အဝေးသို့ တိတ်ဆိတ်စွာ ဆက်လက် ကြည့်ရှု့နေခဲ့၏။
“အာ ပြတ်သားဖို့လိုတဲ့အခါ မပြတ်သားတဲ့လူက ဘေးအန္တရာယ်တွေ့မှာ သေချာတယ်။ ညီအစ်ကိုတို့ သွားကြစို့”
အရာရှိများသည် စတင်လှုပ်ရှားလိုက်ကာ ရှု့ရှီးပင်း၏ အမိန့်ကို မစောင့်ဆိုင်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် တိဗက်စစ်တပ်ထဲသို့ ၎င်းက စတင်မချီတက်မီ ချီတက်ရန် အသေခံအုပ်စုတစ်စုကို စတင်ဖွဲ့စည်းလိုက်သည်။
“ခဏစောင့်”
“အရှင် ခင်ဗျားက ဆန္ဒမရှိတာကြောင့် ကျွန်တော်တို့ ခင်ဗျားအတွက် ဆုံးဖြတ်ချက် ချပေးမယ်...”
“ငါစောင့်လို့ ပြောခဲ့တယ် ဒီလူတွေက တိဗက်တွေ မဟုတ်ကြဘူး။ သူတို့က ငါတို့ဘက်ကပဲ” ရှု့ရှီးပင်း အာမေဋိတ်သံ ပြုလိုက်၏။
သူ့စကားများသည် ပတ်ပတ်လည်ကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။ လူတိုင်း ရှု့ရှီးပင်းကို ကြည့်လိုက်ကြကာ ကြက်သေ သေသွားခဲ့ကြ၏။
ငါတို့ဘက်ကလား။
ဒီအချိန်မှာ ငါတို့ဘက်ကလူတွေ ဘယ်ကနေ ရောက်လာနိုင်မှာလဲ။ အဲ့ဒီဖုန်မှုန့်လုံးကြီးတွေနဲ့ အဲ့ဒီ တစ်ဟုန်ထိုး တက်လာနေတဲ့ အရှိန်အဟုန်တွေကနေ ချဉ်းကပ်လာနေတာက တော်တော်လေး အရေးပါတဲ့ တပ်ဖွဲ့တစ်ခုဖြစ်တယ်။ မဟာထန်က အဲ့လို အားဖြည့်တပ်ကို ဘယ်ကနေ ရလာခဲ့တာလဲ။
သို့သော် သူတို့သည် သူတို့၏ ထင်မြင်ချက်များက မှားယွင်းခဲ့ကြောင်း အလွန်လျှင်မြန်စွာ နားလည်သွားခဲ့ကြသည်။
“အဲ့ကိုကြည့်လိုက် အဲ့ဒါက ငါတို့အလံပဲ။ သူတို့က တကယ်ပဲ ငါတို့ဘက်ကပဲ” စစ်သားများထဲမှ တစ်ဦးသည် အော်ဟစ်လိုက်ပြီး ကျန်လူများ ထိုတပ်ဖွဲ့ဆီသို့ လျှင်မြန်စွာ လှည့်လိုက်ကြသည်။ သူတို့မြင်လိုက်သည့် အရာမှာ ထိုတပ်ဖွဲ့မှ တဖြည်းဖြည်း ကြီးမားလာနေသည့် လေထဲတွင် လွင့်နေသော မဟာထန်၏ အနက်ရောင် စစ်အလံဖြစ်သည်။
“သူတို့ကတကယ်ပဲ ငါတို့ဘက်ကပဲ”
ထိုမြင်းစစ်သည်များ နီးသထက် နီးလာသည်နှင့် စစ်သားများသည် သူတို့ကို ပို၍ရှင်းလင်းစွာ မြင်လာနိုင်ခဲ့ကြသည်။ သူတို့သည် စတင်ဟစ်ကြွေးလိုက်ကြပြီး ခုနက တင်းမာမှုများအားလုံး မီးခိုးငွေ့အဖြစ်သို့ ပျောက်ကွယ်သွားကြသည်။
...
ထိုမြင်းစစ်သည်များသည် ရှေ့ဆုံးတွင် ဝမ်ချောင် သူ့ဘယ်ဘက်တွင် လီစီးရီနှင့် သူ့ညာဘက်တွင် လူအိုကြီးလင်းယုန်ငှက်တို့နှင့်အတူ ရှု့ရှီးပင်း၏ စခန်းဆီသို့ ဒုန်းစိုင်းလာနေခဲ့သည်။
ထိုတောင်က မည်မျှ ခိုင်မာစွာ ပြုထားခဲ့သည်ကို မြင်လိုက်သည်နှင့် ဝမ်ချောင် မတက်နိုင်ဘဲ ချီးကျူးလျှက် သက်ပြင်းချလိုက်မိသည်။ သူသည် တပ်မှူးချုပ်ရှု့က အားဖြည့်တပ်ထဲတွင်ပါကြောင်း ထိုမျှယုံကြည်မှုကို ဖြစ်စေခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူသည် ပါ့ထုံးလူက ဤစခန်းကို ချေမှုန်းရမည့်အစား သူနှင့်အရင်ဆုံး ရင်ဆိုင်ရန် ဘာကြောင့် ဆုံးဖြတ်ခဲ့သည်ကိုလည်း သဘောပေါက်သွားခဲ့သည်။
ဤတောင်ပေါ်ရှိ အင်အားစုသည် ကြီးမားပြီး ငါးထောင်၊ ခြောက်ထောင် ရှိသောကြောင့်မျှ မဟုတ်ခဲ့သော်လည်း တပ်မှူးချုပ်ရှု့တွင် အလွန်နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ကျန်ရစ်စေသည့် သူ့အင်အားစုများကို စုစည်းရန် အံ့မခန်း စွမ်းရည်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ သူ၏ တောင်ခံတပ်သည် အလွန်အမင်း ခိုင်ခံ့ပြီး တင်းကြပ်လှသည်။ ပါ့ထုံးလူသည်ပင် အသုံးချရန် မည်သည့်အားနည်းချက်ကိုမျှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ရိက္ခာလှည်း အများအပြားနဲ့ လက်နက်တွေ နောက်ပြီး သူက တောင်ပတ်ပတ်လည်မှာ ကျုံးတစ်ခုကိုတောင် တူးထားခဲ့တယ်။ ငါတောင်မှ တိုက်ခိုက်မှုတစ်ခု မပြုလုပ်မီ ကရုတစိုက် စဉ်းစားရလိမ့်မယ်။
ဝမ်ချောင် ထိုအဝေးရှိစခန်းကို ကြည့်လိုက်ကာ စိတ်ထဲတွင် ချီးကျူးလျှက် သက်ပြင်းချလိုက်မိသည်။
အနောက်တောင်ဘက်သို့ သူ့ခရီးတွင် သူသည် ထိုလေးလံပြီး သေစေနိုင်သော ပဲ့ထိန်းဒူးလေးကြီး အနည်းငယ်ကိုသာ စုဆောင်းနိုင်ခဲ့သည်။ သို့သော် ထိုကုန်းတပ်ပေါ်တွင် သူသည် သူ့အင်အားစုများဆီသို့ ချိန်ရွယ်ထားခဲ့သည့် အေးစက်သော မရေမတွက်နိုင်သည့် အလင်းရောင်များကို မြင်နိုင်ခဲ့သည်။ ဒုတိယအကြည့်တွင် ပဲ့ထိန်းဒူးလေးကြီးများ ဒါဇင်ချီ ရှိနေခဲ့ကြသည်။ ဖြစ်နိုင်သည်မှာ တစ်ရာထက် ကျော်လွန်နိုင်၏။ ဤခံစစ် လက်နက်များသည် မည်သည့် မြင်းတပ်ကိုမဆို ပြင်းထန်သော ထိုးနှက်မှုတစ်ခုပေးရန် လုံလောက်ကြပေသည်။
ဤတစ်ခုတည်းက လုံလောက်ခဲ့သော်လည်း ဝမ်ချောင်သည် တောင်ခြေတွင် တူးထားသည့် ကြီးမားသော ကျုံးတစ်ခုကိုလည်း မြင်တွေ့ခဲ့ကာ ငါးကျန့်၊ ခြောက်ကျန့် အကျယ်ရှိပြီး နှစ်ကျန့်၊ သုံးကျန့် အနက်ရှိပေသည်။
ဤကျုံးသည် တောင်တစ်ခုလုံးနီးပါးကို ဝိုင်းရံထားခဲ့သည်။
တိဗက်စစ်တပ်သည် မြင်းစစ်သည် သီးသန့်နီးပါး ပါဝင်ခဲ့သောကြောင့် သူတို့သည် ထိုသေစေနိုင်သော ပဲ့ထိန်းဒူးလေးကြီးကို ကရုမစိုက်ဘဲ နေနိုင်ကောင်း နေနိုင်ကြပေသည်။ သို့သော် အကောင်းဆုံး မြင်းသည်ပင် တစ်ချက်ခုန်အတွင်း ထိုကျုံးကို ဖြတ်ကျော်နိုင်လ်ိမ့်မည် မဟုတ်ပေ။
ထို့ပြင် ဝမ်ချောင်သည် ထိုကျူံးအောက်ခြေ၌ လှံများစိုက်ထားခဲ့သည်ကိုလည်း သတိပြုမိခဲ့သည်။
လူတစ်ယောက်သည် အကယ်၍ စစ်မြင်းတစ်ကောင်က ထိုကျူံးထဲ ပြုတ်ကျသွားလျှင် ဘာဖြစ်မည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။
ဝမ်ချောင်သည် ဤတပ်မှူးချုပ်ရှု့အကြောင်း အချိန်တစ်ခုအထိ ကြားနေခဲ့ရသော်လည်း ယခုအခါ တပ်မှူးချုပ်ရှု့သည် သူထင်ထားခဲ့သည်ထက် ပို၍ ကြောက်ဖို့ကောင်းပုံရသည်။
သူက ဝါရင့်စစ်မှုထမ်း အရာရှိတစ်ယောက်ရဲ့ ပုံစံကို တကယ်ပဲ ရနေခဲ့ပြီ။
ဤအတွေးသည် သူတောင်ထိပ်၌ ရပ်နေသည့် မုတ်ဆိတ်မွှေးနှင့် အသားညိုသော တပ်မှူးချုပ်ကို ကြည့်လိုက်ကာ ဝမ်ချောင်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
တပ်ထဲတွင် ဝါရင့်စစ်မှုထမ်း အရာရှိများစွာ ရှိကြသည်။ သူတို့သည် ထူးခြားစွာ သန်မာသော သိုင်းပညာရှင်များ မဟုတ်ကြသော်လည်း သူတို့သည် ၎င်းကို သူတို့၏အတွေ့အကြုံဖြင့် အစားထိုးခဲ့ကြသည်။ သူတို့သည် တည်ငြိမ်စွာနှင့် ဖြေးညှင်းမှန်ကန်စွာ တိုက်ခိုက်ခဲ့ကြပြီး ချီတက်ရန် စိတ်မရှည် မဖြစ်ခဲ့ကြဘဲ တည်ငြိမ်မှုနှင့် စိတ်တည်ငြိမ်ခြင်းတို့ကို ကျွမ်းကျင်ကြသည်။ တပ်မှူးချုပ်ရှု့သည် ဤတည်ငြိမ်သော ဝါရင့်စစ်မှုထမ်း အရာရှိများထဲမှ တစ်ယောက်ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ ဝမ်ချောင်သည် အရည်အချင်းရှိသော ကျွမ်းကျင်သူများ မပြတ်လပ်ခဲ့သော်လည်း သူပြတ်လပ်ခဲ့သည့် အရာမှာ စစ်တပ်ထဲသို့ တပ်သားများကို ဦးဆောင်နိုင်ပြီး သူ့စစ်တပ်ကို ပံ့ပိုးနိုင်သည့် ယုံကြည်အားထားရသော ဝါရင့် စစ်မှုထမ်း အရာရှိများဖြစ်သည်။
ဝမ်ချောင်သည် သူ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပို၍ပို၍ သေချာလာခဲ့၏။
“တံတားကိုချလိုက်”
အဝေးမှနေ၍ ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ထည်ဝါသောအသံ ထွက်ပေါ်လာခဲ့ကာ ထို့နောက် သစ်ပင်တစ်ပင်၏ ဧရာမပင်စည်တစ်ခု ပြုတ်ကျလာပြီး ကျုံးကို တံတားထိုးလိုက်ကာ ဝုန်းကနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင် ထိုပင်စည်အပေါ် သူ့မြင်းကို ချက်ချင်း မောင်းနှင်လိုက်ပြီး တောင်ထိပ်ဆီသို့ သူနှင့်အတူ သူ့နောက်လိုက် အတော်များများကို ခေါ်ဆောင်သွားခဲ့သည်။
တောင်ထိပ်တွင် ဝမ်ချောင်သည် တပ်မှူးချုပ်ရှုကို တွေ့ဆုံလိုက်၏။ သူသည် အလွန်အရပ်ရှည်ပြီး ဝမ်ချောင် ထင်ထားခဲ့သည်ထက် ပို၍ တုတ်ခိုင်သန်မာသည်။ သူ့မျက်နှာသည် အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲမှုများမှ ခြေကုန်လက်ပန်းကျမှုများ ဖြစ်သည်။ သို့သော်လည်း အနက်ရှိုင်းဆုံး ထင်မြင်ချက်ကို ချန်ရစ်စေခဲ့သည့် အပိုင်းမှာ သူ၏ ထောင်မတ်နေသော ကိုယ်ဟန်အနေအထားဖြစ်၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားခဲ့သည့် စွမ်းအင်တစ်ခုဖြင့် ပြည့်နှက်နေပုံရပြီး တောင်တစ်လုံးကဲ့သို့ လေးလံပုံရသည်။ ၎င်းသည် လူတစ်ယောက် ယုံကြည်၍ရပြီး အားကိုး၍ရသည့် ခွန်အားဖြစ်သည်။ ဤပုဂ္ဂိုလ် ထိုနေရာတွင် ရပ်နေသ၍ ဘေးအန္တရာယ်က မည်မျှကြီမားပါစေ သို့မဟုတ် မုန်တိုင်းက မည်မျှကြီးမားပါစေ သူတို့သည် အံ့ကြိတ်ပြီး ၎င်းကို တောင့်ခံနိုင်လိမ့်မည်ကဲ့သို့ဖြစ်သည်။
“ကျွန်တော် သခင်လေးရဲ့နာမည်ကို မေးလို့ရမလား”
ရှု့ရှီးပင်းသည်လည်း ဝမ်ချောင်ကို အကဲခတ်နေခဲ့၏။ ဤတပ်ဖွဲ့၏ အားကောင်းသော အရှိန်အဟုန်အရ ရှု့ရှီးပင်းသည် သူတို့၏ခေါင်းဆောင်က တပ်ထဲရှိ ကျော်ကြားသော စစ်သူကြီးအချို့ သို့မဟုတ် ဝါရင့်စစ်သူကြီးတစ်ဦး သို့မဟုတ် အရာရှိတစ်ယောက် ဖြစ်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ရှု့ရှီးပင်းသည် သွေးစက်များ စွန်းထင်းနေသည့် ချပ်ဝတ်တန်ဆာများအောက် သူ့ကိုစောင့်ကြိုနေသည့်အရာမှာ အံ့အားသင့်စရာ ကောင်းစွာဖြင့် လူငယ်တစ်ဦး၏ မျက်နှာဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။
သို့သော် ငယ်ရွယ်သော မျက်နှာဖြစ်နေသော်ငြားလည်း ရှု့ရှီးပင်းသည် ဤလူငယ်ရှိ မဟာစစ်သူကြီး တစ်ဦး၏ အရှိန်အဝါ ဇွဲလုံ့လ၊ ရဲစွမ်းသတ္တိ၊ တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့က သူ့ထက် ကျော်လွန်နေကြောင်း ခံစားနိုင်ခဲ့သည်။ ဤအရှိန်အဝါသည် လူတစ်ယောက်ကို သူ့မျက်နှာ၏ ငယ်ရွယ်မှုကို မသိစိတ်ဖြင့် လျစ်လျူရှု့စေပြီး သူ့အား သူ့အသက်ထက် ကျော်လွန်နေသည့် တစ်စုံတစ်ယောက်အဖြစ် ဆက်ဆံစေသည်။
ဝမ်ချောင် မြင်းပေါ်မှနေ၍ ရှု့ရှီးပင်းကို ငုံ့ကြည့်လိုက်ပြီး သူ့ခါးပတ်မှနေ၍ တံဆိပ်တစ်ခုကို တိတ်ဆိတ်စွာ ယူလိုက်ကာ သူ့ခေါင်းပေါ်သို့ မြှောက်လိုက်သည်။
ရှု့ရှီးပင်း ၎င်းကြောင့် မျက်စိမှေးကျဉ်းသွားခဲ့၏။
“ဒါက... မင်းသားကြီးစုန်းဘုရင်” တံဆိပ်ပေါ်ရှိ ထိုနဂါးကို မြင်လိုက်သည်နှင့် သူသည် ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။
“သခင်လေးက မင်းသားကြီး စုန်းဘုရင်ရဲ့ ငယ်သားဖြစ်တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ ကျွန်တော် သခင်လေးကို ကြိုဆိုဖို့ ထွက်မလာခဲ့ပါဘူး။ ကျွန်တော်ကို ခွင့်လွှတ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
“ကျွန်တော်တို့ ဒီစော်ကားမှုကို ခွင့်လွှတ်ပေးဖို့ သခင်လေးကို တောင်းဆိုပါတယ်”
ရှု့ရှီးပင်းအနားရှိ အရာရှိများသည်လည်း တုန်လှုပ်ချောက်ချားစွာ စတင်ဦးညွှတ်လိုက်ကြသည်။
စစ်တပ်တွင် မည်သည့်ဒေသ သို့မဟုတ် မည်သည့်အုပ်စုတွင်ဖြစ်စေ မဟာထန်၏ စုန်းဘုရင်သည် သြဇာလွှမ်းမိုးသော ရာထူးတစ်ခုကို ကိုင်ဆွဲထားပြီး စစ်သားအားလုံးတို့၏ လေးစားမှုကို ရရှိခဲ့ပေသည်။ တော်ဝင်ရုံးတော်တွင် စုန်းဘုရင်သည် အမြဲစစ်တပ်၏ အမာခံ ထောက်ခံသူဖြစ်သည်။ ဤရှု့ထောင့်တွင် မဟာထန်၏ အခြားတော်ဝင် မင်းသားများသည် စုန်းဘုရင်ကို မယှဉ်နိုင်ခဲ့ကြပေ။
ထို့ပြင် ဤသည်က သူ့သွေးကြောများတွင် ပြေးလွှားနေသည့် အစစ်အမှန် နဂါး၏သွေးဖြင့် တော်ဝင်မင်းသားတစ်ပါးဖြစ်သည်။ ဤသည်က လက်ရှိ ရှိနေသည့် မည်သူမဆို ယှဉ်နိုင်သည့် အဆင့်အတန်းတစ်ခု မဟုတ်ပေ။
ရုတ်တရက် ရှေ့သို့မောင်းလာခဲ့ပြီး ပြောလိုက်သည်။ “ငါ့ရဲ့သခင်လေးက မြို့စားကြီးကျူးရဲ့မြေး ဝမ်ကလန်ရဲ့ သားမြေတစ်ယောက်ပဲ။ သူ့မွေးနာမည်က ဝမ်ချောင်ဖြစ်တယ်။ မင်းတို့က ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်ကနေ သူ့အကြောင်း ကြားခဲ့ဖူးလောက်မယ်”
ဘုန်း
တခဏချင်းမှာပင် လူတိုင်းသည် ဝမ်ချောင်ကို ကွဲပြားစွာ စတင်ကြည့်ရှု့လိုက်ကြသည်။ ရှု့ရှီးပင်းသည်ပင် မတက်နိုင်ဘဲသူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ သူ့မျက်နှာက အံ့အားသင့်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
“ဆိုတော့ ဒါက သခင်လေးဝမ်ပေါ့။ ကျွန်တော် တောင်းပန်ပါတယ်” ရှု့ရှီးပင်း လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး သူ့အသံက သူ၏ရခဲလှသော လေးစားသမှုဖြင့် ပေါင်းစပ်ပါဝင်နေခဲ့သည်။
ယခင်က သူ၏လေးစားသမှုသည် ဝမ်ချောင်က စုန်းဘုရင်၏ ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်နေခြင်းကြောင့် စုန်းဘုရင်၏ အဆင့်အတန်းဆီသို့သက်သက် ဖြစ်ခဲ့သော်လည်း ယခုသူပေးလိုက်သည့် လေးစားသမှုသည် လုံးဝကွဲပြားပေသည်။ ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်သည် လူ့အသိုင်းအဝိုင်း အားလုံးကို ထိုအကြောင်း သိသွားစေသည်အထိ ရိုက်ခတ်မှုကို ဖြစ်စေခဲ့သည်။ ထိုအချိန်က ဘာဖြစ်ခဲ့သည်ကို မသိသည့် စစ်သား လက်တွေ့အားဖြင့် မရှိပေ။
ထိုဖြစ်ရပ်တွင် ဝမ်ချောင်သည် သူ့ကိုယ်သူ သက်သေပြခဲ့ပြီး လောက၏ လေးစားသမှုကို ရရှိခဲ့သည်။
ယခုအခါ သူတို့သည် ဤလူငယ်က ဝမ်ချောင်ဖြစ်သည်ကို သိသွားခဲ့ပြီဖြစ်သောကြောင့် အရာရာတိုင်းသည် ခြားနားသွားခဲ့သည်။ အနည်းဆုံး သူ၏စုန်းဘုရင်၏ တံဆိပ်ကို ကိုင်ဆောင်ခြင်းဖြင့် ပြဿနာမရှိတော့ပေ။
“သခင်လေးဝမ် ကျွန်တော်တို့ တောင်းပန်ပါတယ်”
ပတ်ပတ်လည်ရှိ အရာရှိများသည်လည်း လေးစားစွာ ဦးညွှတ်လိုက်ကြ၏။ လေထုသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
လူအိုကြီးလင်းယုန်ငှက် တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်၏။
ဝမ်ချောင်သည် အလွန်ငယ်ရွယ်ဆဲဖြစ်ပြီး ဤငယ်ရွယ်မှုက သူ့လုပ်ငန်းဆောင်တာများအတွက် အတားအဆီးတစ်ခု ဖြစ်ပေလိမ့်မည်။ စုန်းဘုရင်၏ တံဆိပ်ဖြင့်ပင် ဤစစ်သားများသည် သူ့ကိုလုံးဝ နားထောင်ရန် ဆန္ဒရှိကြလိမ့်အုံးမည် မဟုတ်သောကြောင့် သူသည် ဝမ်ချောင်၏ အထောက်အထားကို ဖော်ပြခဲ့ရသည်။
“ဘာအကြောင်းပြချက်အတွက် သခင်လေးက ဒီကိုလာဖို့ ဒီကျယ်ပြောတဲ့ အကွာအဝေးကို ဖြတ်ကျော်လာခဲ့တာလဲ” ရှု့ရှီးပင်း ရှုပ်ထွေးစွာ မေးလိုက်၏။
ဝမ်ချောင် စုန်းဘုရင်၏တံဆိပ်ကို မြှောက်ထားခဲ့ကာ လေးနက်စွာ ပြောလိုက်သည်။ “တပ်မှူးချုပ်ရှု့ ငါလိုရင်းကို တိုက်ရိုက်ပြောမယ်။ စုန်းဘုရင်ရဲ့အမိန့်ကို လိုက်နာပြီး ငါကဒီစစ်တပ်ကို ကွပ်ကဲဖို့ ဒီကိုလာခဲ့တာပဲ။ အခုအချိန်ကစပြီး လူတိုင်းက ငါ့ရဲ့အမိန့်တွေကို လိုက်နာရတယ်”
ဘုန်း
အရာရှိများအားလုံး ကြက်သေ သေသွားခဲ့ကြ၏။
“သခင်လေး ကျေးဇူးပြုပြီး လွဲမှားစွာ ပြောဆိုခြင်းအတွက် ကျွန်တော်ကို ခွင့်လွှတ်ပါ။ သခင်လေးရဲ့ ဂုဏ်သတင်းအရ ဒီစစ်တပ်ကို ကွပ်ကဲဖို့ သခင်လေးအတွက် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဒီမေးခွန်းကို မေးမြန်းတဲ့အတွက် ကျွန်တော်ကို ခွင့်လွှတ်နိုင်မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ အင်အားစုတွေကလွဲလို့ တော်ဝင်ရုံးတော်က တစ်ခြားစစ်ကူတွေကို လွှတ်ခဲ့သေးလား”
မေးမြန်းလိုက်သည့် ထိုအရာရှိသည် သူစကားပြောလိုက်သောအခါ တောင်ခြေရှိ သုံးထောင်ကျော်သော တပ်သားများကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
အလားတူ မျှော်လင့်ချက်များ အခြားအရာရှိများ၏ မျက်လုံးထဲ ပေါ်လာခဲ့ကြ၏။ ဤမေးခွန်းသည် သူတို့၏စိတ်ထဲတွင် ရှိနေသည့် မေးခွန်းလည်း ဖြစ်ပေသည်။
တိုင်းပြည်၏ အနောက်တောင်ဘက်သည် လုံးဝ ဝရုန်းသုန်းကား ဖြစ်နေခဲ့၏။ စစ်ကူအတုံးအတစ် စေလွှတ်ခြင်းကသာ အခြေအနေများကို ပြောင်းလဲနိုင်ပေမည်။ ဤသည်က သူတို့ဤနေရာကို အကာအကွယ် ယူထားခဲ့စဉ် ဤစစ်သားများ၏ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်ပေသည်။
ဝမ်ချောင် ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “မရှိဘူး ငါတို့တွေပဲရှိတယ်”
ဤအချက်ကို ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိခဲ့ပေ။ ၎င်းကို စောစော ပြောဆိုခြင်းဖြင့် အနာဂတ်တွင် ဝမ်ချောင်ကို ဒုက္ခများစွာမှ သက်သာနိုင်စေသည်။ သူသည်လည်း စစ်ကူများစွာက လာနေပြီဟု ပြောချင်ခဲ့သော်လည်း အမှန်တွင် တော်ဝင်ရုံးတော်၌ တစ်ခြားတစ်ယောက်ယောက်ကို စေလွှတ်နိုင်စွမ်း မရှိပေ။ အနည်းဆုံး အချိန်တစ်ခုအထိ ဖြစ်သည်။
လက်ရှိအခြေအနေများကို ရှင်းလင်းစွာ ပြောဆိုပြီး အမြင်များကို စုစည်းခြင်းဖြင့်သာ အခြေအနေများကို ပြောင်းလဲရန် အခွင့်အရေးတစ်ခု ရှိပေလိမ့်မည်။
“အာ”
အရာရှိများ သက်ပြင်းချလိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် စိတ်ပျက်မှုတို့က ပေါ်လာခဲ့ကြသည်။ ရှု့ရှီးပင်းသည်ပင် မှိုင်တွေသွားခဲ့ပုံပေါ်၏။
ဝမ်ချောင်သည် အားကောင်းသော အရှိန်အဟုန်ဖြင့် ရောက်လာခဲ့ပြီး စုန်းဘုရင်၏တံဆိပ်ကို ဝေးကွာလှသော မြို့တော်မှ သယ်ဆောင်လာခဲ့သည်။ ဤစစ်သားများသည် တော်ဝင်ရုံးတော်က ကြီးမားသောတပ်ဖွဲ့တစ်ခု စေလွှတ်ခဲ့ကာ ဝမ်ချောင်၏ တပ်သားများက ခြေပစ်တပ်မျှသာ ဖြစ်သည်ဟု မူလက ယုံကြည်ထားခဲ့ကြသည်။ သို့သော် မည်သူမျှ ဝမ်ချောင်က သူ့တပ်သားများသည် အကုန်ဖြစ်သည်ဟု ပြောမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
မျှော်လင့်ချက် ကြီးလေလေ စိတ်ပျက်မှု ကြီးမားလေလေဖြစ်သည်။
အခန်း(၅၀၇)
အနောက်တောင်ဘက်ရှိ အခြေအနေများ။ အားကောင်းသည့် ရန်သူတစ်ယောက်။
တောင်ထိပ်သည် တိတ်ဆိတ်သွားခဲ့ပြီး နေရာတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသည့် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့၏။
“ဒါပေမဲ့ သခင်လေး တော်ဝင်ရုံးတော်က စစ်ကူတွေကို မစေလွှတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီမှာရှိနေတဲ့ စစ်သားပမာဏ အနည်းငယ်က လောင်ကျွမ်းနေတဲ့ ရထားလုံး တစ်စင်းပေါ်က ရေတစ်ခွက်ပဲ ဖြစ်လိမ့်မယ်။ အဲ့ဒါက အနောက်တောင်ဘက်မှာရှိတဲ့ အခြေအနေတွေကို ပြောင်းလဲဖို့ လုံလောက်မှာမဟုတ်ဘူး”
အရာရှိတစ်ယောက်သည် မနေနိုင်ဘဲ သူ့စိတ်ပျက်မှုကို သူ့စကားလုံးများမှတစ်ဆင့် ဖောက်ထုတ်လိုက်သည်။
“သခင်လေးဝမ် ကျွန်တော် ခင်ဗျားဆီက ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ တိဗက်တွေက လက်ရှိမှာ ခွန်အားအပြည့်နဲ့ လုပ်ဆောင်နေကြတယ်။ ကျွန်တော်တို့မှာ စစ်သား ငါးထောင်၊ ခြောက်ထောင် ရှိနိုင်ပေမဲ့ ကျွန်တော်တို့က ဒီနေရာကို ခုခံနိုင်ရုံသာ ခုခံနိုင်တယ်။ အဲ့ဒါက တကယ် စစ်ချီတက်ဖို့ မလုံလောက်ဘူး။ အပြင်မှာ စောင့်နေတဲ့ တိဗက်မြင်းစစ်သည် သုံးထောင်ကပဲ ကျွန်တော်တို့အတွက် ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒီတပ်ဖွဲ့က အရမ်းကို ကြောက်မက်ဖွယ်ကောင်းပြီး တကယ်လို့ ကျွန်တော်တို့က မြေမျက်နှာသွင်ပြင် အားသာချက်ရှိတဲ့ ဒီနေရာကို စွန့်ခွာရင် တိဗက်တွေက ကျွန်တော်တို့ကို လမ်းတစ်ဝက်မှာ တိုက်ခိုက်မှာဖြစ်ပြီး ကျွန်တော်တို့ဘက်က ပြင်းထန်တဲ့ အသေအပျောက်တွေကို ခံစားရလိမ့်မယ်။ နောက်ပြီး မြင်းစစ်သည်တွေက ခြေလျှင်တပ်သားတွေထက် အများကြီး မြန်ဆန်တာကြောင့် ကျွန်တော်တို့ ထွက်တောင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး”
ရှု့ရှီးပင်း ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ကာ သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
သူသည် ဤနေရာကို အကာအကွယ်ယူရန် မည်သို့ဆန္ဒရှိနိုင်မည်နည်း။ သူသည် ယခုထက်ပို၍ မလုပ်ချင်ဘဲ မည်သို့ရှိမည်နည်း။ သို့သော် အခြေအနေများသည် လူများထက် အားကောင်းနေခဲ့သည်။ အကယ်၍ သူသည် ချီတက်ခြင်းကို စွန့်စားခဲ့ပါက သူသည် အန်းနန်ကာကွယ်ရေးတပ်ကို ကူညီရန် ကျရှုံးနိုင်ရုံသာမက သူ့ဘက်ရှိ ညီအစ်ကိုများစွာတို့သည်လည်း မြုပ်နှံရန် နေရာမရှိဘဲ သေဆုံးသွားနိုင်သည်။ ကွပ်ကဲသူတစ်ယောက်အနေဖြင့် သူသည် သူ့ညီအစ်ကိုများ၏ ယုံကြည်မှုကို သစ္စာမဖောက်နိုင်ပေ။
“ဟား ဟား ဟား”
အကယ်၍ ရှု့ရှီးပင်းသည် ဘာမှမပြောခဲ့ပါက အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း ထိုတိဗက်မြင်းစစ်သည် သုံးထောင်အကြောင်း ကြားလိုက်ရသည်နှင့် တောင်ပေါ်သို့ ဝမ်ချောင်နောက် လိုက်ပါလာခဲ့ကြသည့် လူအိုကြီးလင်းယုန်ငှက်၊ လီစီးယိနှင့် တစ်ခြားအစောင့်များသည် စတင် ရယ်မောလိုက်ကြသည်။
ဝမ်ချောင်သည်ပင် မထိန်းနိုင်ဘဲ ယဲ့ယဲ့လေး ပြုံးလိုက်မိ၏။
“တပ်မှူးချုပ်ရှု့... ခင်ဗျား ဒီလူအကြောင်း ပြောနေတာလား”
နိမ့်နိမ့်ချချ ပြုမူရမည့်အစား လူအိုကြီးလင်းယုန်ငှက်သည် ပြင်ဆင်လာသည့် သတ္ထုသေတ္တာတစ်လုံးကို ပစ်ထုတ်လိုက်ကာ ရယ်မောလျှက် ဟစ်ကြွေးလိုက်သည်။ ထိုသေတ္တာသည် ပွင့်သွားခဲ့ပြီး လုံးဝန်းသည့် ခေါင်းတစ်လုံးက လွင့်ထွက်လာခဲ့ကာ နောက်ဆုံး ရပ်တန့်မသွားခင်အထိ မြေပေါ်တွင် လိမ့်နေခဲ့သည်။
မမြင်ရသည့် လက်တစ်ဖက်က လူတိုင်း၏ လည်ချောင်းကို ဆုပ်ကိုင်လိုက်သကဲ့သို့ တောင်ထိပ်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ အရာရှိများသည် ပြူးကျယ်နေသည့် မျက်လုံးများနှင့် ပွင့်ဟနေသည့် ပါးစပ်များဖြင့် သွေးနှင့်အညစ်အကြေးတို့ဖြင့် စွန်းထင်းနေခဲ့သော်လည်း ကုန်းပြင်မြင့်မှ တစ်စုံတစ်ယောက်၏ ခေါင်းဖြစ်သည်မှာ ထင်ရှားသည့် ထိုခေါင်းကို စိုက်ကြည့်လိုက်ကြသည်။
၎င်းနှင့် အနီးအနားတွင် ရပ်နေခဲ့ကြသည့် စစ်သားများထဲမှ အနည်းငယ်သည် ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်ကြသည်။
“ဒါက ဒါက...”
“ဘထွန်းလူ ဒါက အဲ့ဒီတိဗက် စစ်သူကြီးမဟုတ်လား”
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သူဘယ်လို သေသွားခဲ့တာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ”
“သူတို့မှာ လူနည်းနည်းပဲ ရှိတာကြောင့် သူတို့က ဘယ်လိုလုပ် ဘထွန်းလူကို သတ်နိုင်ခဲ့ကြတာလဲ”
***
စစ်သားများသည် မြေပေါ်ရှိ ထိုခေါင်းကို ငေးကြည့်နေခဲ့ကြသည်။ သူတို့သည် သိပ်မကြာသေးမီက လျို့ဝှက်ဆန်းကြယ်စွာ မဆုတ်ခွာမီ သူတို့အနီးအနားတွင် ခြိမ်းချောက်သည့် ဟန်ပန်ဖြင့် သဝေထိုးနေခဲ့ကြသည့် သူတို့၏ ရန်သူဖြစ်သည့် ထိုတိဗက်စစ်သည်များ အားလုံး အသတ်ခံခဲ့ရသည်ကို နားမလည်နိုင်ခဲ့ကြပေ။
ထို့ပြင် သူတို့ကို မဟာထန်၏ စစ်သားများမှ ဤစစ်တပ်မှ သတ်ဖြတ်ခဲ့ပေသည်။
အရာရှိတစ်ယောက်က သူ့ခေါင်းကို မော့လိုက်ပြီး မေးလိုက်၏။
“သူ့စစ်သားတွေကရော”
သူသည် ထိုစစ်သားများက ကောင်းမွန်သည့် ကံကြမ္မာများ မရှိနိုင်သည်ကို သိထားခဲ့သော်လည်း သူသည် မထိန်းနိုင်ဘဲ မေးလိုက်သေးသည်။
“သေချာပေါက် သေပြီပေါ့။ သူတို့ကွပ်ကဲသူရဲ့ ခေါင်းကတောင် ဒီကိုရောက်နေပြီ။ တကယ်လို့ ငါတို့က သူတို့အားလုံးကို မသတ်ဖြတ်ခဲ့ရင် ငါတို့ကဒါကို လုပ်နိုင်ခဲ့မယ်လို့ မင်းထင်နေတာလား”
လီစီးယိ စိတ်မရှည်စွာ ပြောလိုက်၏။
သူသည် စစ်သားတစ်ယောက်ဖြစ်ပြီး တဲ့တိုးဆန်သည့် စစ်သူကြီးတစ်ယောက်ပုံစံ ဖြစ်သည်။ သူသည် အကြံအစည်များစွာ မရှိခဲ့သလို စိတ်လည်းအများကြီး မရှည်ခဲ့ပေ။
မည်သူမျှ လီစီးယိနှင့် အငြင်းအခုံ မလုပ်ခဲ့ပေ။ ရှု့ရှီးပင်းသည် သူ့လက်အောက်ငယ်သားများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့အားလုံး ပြောစရာစကား မဲ့နေခဲ့ကြသည်။
ဤရလဒ်သည် သူတို့ကိုလုံးဝ အငိုက်မိသွားစေခဲ့၏။ သူတို့တစ်ယောက်မှ သူတို့၏ အဆိုးဆုံး အိမ်မက်များ၌ ၎င်းကို မျှော်လင့်ထားခဲ့မိလိမ့်မည် မဟုတ်ပေ။
ဤတိဗက်များနှင့် ရင်ဆိုင်ရန်အတွက် သူတို့သည် သူတို့က အားကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ပြုမူခဲ့ကြသည်။ သူတို့သည် စစ်သားများစွာကို စုစည်းခဲ့ပြီး ခံတပ်များစွာကို ဆောက်လုပ်ခဲ့ကာ ရက်များစွာ ပြင်ဆင်နေခဲ့သည်။ ခုနကမှ သူတို့သည် မျှော်လင့်ချက် တစ်စွန်းတစ်စအတွက် သူတို့၏အသက်များကို စတေးရန် အသေခံအဖွဲ့တစ်ခု ဖွဲ့မည့်အကြောင်းပင် ဆွေးနွေးနေခဲ့ကြသည်။
မည်သူမျှ သူတို့က အဆိုးဆုံးကိစ္စအတွက် ပြင်ဆင်နေခဲ့ချိန် သူတို့၏ အားကောင်းသော ရန်သူသည် ချေမှုန်းခံခဲ့ရပြီး ဖြစ်မည်ဟု စိတ်မကူးထားခဲ့မိပေ။
ထို့ပြင် သူတို့ကို သတ်ဖြတ်ခဲ့သည့် လူများမှ ဤလူငယ်လေးနှင့် သူ့ဘက်ရှိ စစ်သားများ ဖြစ်ကြသည်။
သူသည် ဝမ်ချောင်၏ ဂုဏ်သတင်းကို သိထားခဲ့သော်လည်း ရှု့ရှီးပင်း၏ စိတ်သည် ကသောင်းကနင်း ဖြစ်နေဆဲဖြစ်သည်။
ဤသည်က တကယ့်တိုက်ပွဲဖြစ်ပြီး သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုဖြစ်သည်။ သူသည် ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်တစ်ခုမှ ဆင်းသက်လာခဲ့လျှင်ပင် သူသည် ကလေးတစ်ယောက်မျှ ဖြစ်နေသေးသည် မဟုတ်လော။ သူသည် ၎င်းကိုမည်သို့ ပြုလုပ်နိုင်ခဲ့သနည်း။
ရှု့ရှီးပင်းသည် သူ့ရှေ့၌ ရပ်နေသည့် ဤလူငယ်လေးအကြောင်း သူဘာမှ နားမလည်ထားသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
“သခင်လေးဝမ် သူတို့ကို သင်ဘယ်လို အနိုင်ယူခဲ့သလဲဆိုတာ ကျွန်တော် မေးလို့ရမလား”
ရှု့ရှီးပင်း မေးလိုက်၏။
တိဗက်များသည် တစ်ထောင်အောက်တွင် မလုံလောက်သောဖြစ်ပြီး တစ်ထောင်အထက်တွင် မလွမ်းမိုးနိုင်သော ဖြစ်သည်။ ဤသည်က တိုင်းပြည်တိုင်းတွင် ပျံ့နှံ့နေသည့် ဆိုးရိုးတစ်ခုဖြစ်၏။ ၎င်းသည် တော်တော်လေး ချဲ့ကားထားပုံရသော်လည်း ၎င်းက တိဗက်များ၏ ကြမ်းကြုတ်ရက်စက်မှုနှင့် သာမာန်မဟုတ်သော တိုက်ခိုက်ခြင်း စွမ်းအားကို ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။
တိဗက်မြင်းစစ်သည် သုံးထောင်သည် စစ်သားခုနှစ်ထောင်၊ ရှစ်ထောင်ကို တိုက်ခိုက်နိုင်စွမ်းရှိသည့် စစ်တပ်တစ်ခုဖြစ်သည်။
သူသည် ဝမ်ချောင်ကို မယုံကြည်ခဲ့ခြင်း မဟုတ်ပေ။ ဤစွမ်းဆောင်ချက်သည် အလွန် တုန်လှုပ်ဖွယ် ကောင်းနေခြင်းမျှ ဖြစ်သည်။
ဝမ်ချောင် ယဲ့ယဲ့လေး ပြုံးလိုက်ကာ သူတို့၏ တုန်လှုပ်မှုကြောင့် မအံ့သြခဲ့ပေ။ တိဗက် လှေကားထစ်ပုံစံ အခင်းအကျင်းသည် ၎င်း၏ အမြင့်ဆုံးအရှိန်သို့ ရောက်သွားသောအခါ ၎င်းသည် အမှန်ပင် ရင်ဆိုင်ရန် အလွန်ခက်ခဲပေသည်။ ထိပ်တိုက် တွေ့ဆုံမှုတွင် တိဗက်များကို အနိုင်ယူနိုင်သည့် မှတ်တမ်း မရှိခဲ့ပေ။ ကော်ရှု့ဟန်သည်ပင် အံ့မခန်းမြင့်မားသော ဒိုင်းများကို အသုံးပြုခဲ့ရသည်။
ဤအရာရှိများအတွက် ဤသတင်းကို လက်ခံရန် ခက်ခဲသည်မှာ အလွန်ပုံမှန် ဖြစ်ပေသည်။
“လူအိုကြီးလင်းယုန်ငှက်”
ဝမ်ချောင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး လူအိုကြီးလင်းယုန်ငှက်ကို ကြည့်လိုက်၏။
လူအိုကြီးလင်းယုန်ငှက် သဘောပေါက်လိုက်ပြီး ထိုတိုက်ပွဲ၏ အသေးစိတ်ကျသော ဖော်ပြချက်ကို ပြောပြလိုက်ကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အပိုင်းများအားလုံးကို ထည့်သွင်းရန် သေချာစေခဲ့သည်။ မျိုးရိုးနာမည်ဝမ်သည် ဤစစ်သားများကို စည်းရုံးရန် မလုံလောက်ခဲ့ပေ။ ဝမ်ချောင်၏ ခွန်အားကို ကောင်းမွန်စွာ သရုပ်ဖော်ခြင်းဖြင့်သာ သူတို့ကိုလုံးဝ ဖြောင့်ဖြနိုင်ပေမည်။ ဤသည်က ဝမ်ချောင်နှင့် စစ်သားများ နှစ်ယောက်စလုံးတို့၏ ကောင်းကျိုးအတွက်ဖြစ်၏။
“ဒါက ကျောက်စိမ်းရိုင်းသံမဏိ ဓားတစ်လက်ပဲ”
ရှု့ရှီးပင်း ကျောက်စိမ်းသံမဏိဓားကို ဝမ်ချောင်ဆီသို့ ပြန်ပေးလိုက်ကာ သူ့လက်အောက်ငယ်သားများကို စကားမပြောနိုင်စွာ ပြန်လှည့်ကြည့်လိုက်သည်။
သူတို့သည် သဘာဝအားဖြင့် ကျောက်စိမ်းရိုင်းသံမဏိ ဓားအကြောင်း ကြားဖူးခဲ့သော်လည်း သူတို့သည် ၎င်းတို့က စစ်တပ်တစ်တပ်၏ လက်များထဲတွင် ထိုမျှအားကောင်းမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထိပ်တိုက် ချီတက်မှုတစ်ခုတွင် လူတစ်ထောင်သည် လူသုံးထောင်ကို ရင်ဆိုင်ခဲ့ပြီး သူတို့သည် ချိုးဖျက်နိုင်ခဲ့ကာ အောင်ပွဲရခဲ့သည်။ လူအိုကြီးလင်းယုန်ငှက်၏ ပြန်လည်ပြောပြချက်သည် သူတို့၏ ခန္ဓာကိုယ်အပေါ် ကြက်သီး ထသွားစေခဲ့သည်။
“သခင်လေးဝမ်က ဂုဏ်သရေရှိတဲ့ ကလန်တစ်ခုကဖြစ်ပြီး စုန့်ဘုရင်ရဲ့ တံဆိပ်လည်းရှိတယ်။ ကျွန်တော်တို့ စစ်သားတွေက ပြဿနာမရှိပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့က သင့်ရဲ့အမိန့်တွေကို သံသယမရှိဘဲ လိုက်နာကြလိမ့်မယ်”
ရှု့ရှီးပင်းနှင့် သူ၏အရာရှိဟောင်းများသည် လှိုက်လှိုက်လှဲလှဲ အားတက်သရောဖြင့် သူတို့၏ခေါင်းများကို ငုံ့လိုက်ကြသည်။
စစ်မြေပြင်တွင် ဤသို့သော အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်သည် သာမာန်အသိကို အသုံးပြု၍ အကဲဖြတ်နိုင်သည့် လူမဟုတ်ပေ။ ဝမ်ချောင်သည် ငယ်ရွယ်ခဲ့လျှင်ပင် သူသည် ရှိနေသည့် လူတိုင်းထက် သာလွန်သည့် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုအတွက် ပါရမီတစ်ခု ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ရှု့ရှီးပင်းသည်ပင် အကယ်၍ ဤလူက သူ့စစ်တပ်၏ ဇာတ်ကြိုးကို ယူခဲ့ပါက မည်သည့်ကန့်ကွက်ချက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
'ငါမူလက ဘယ်သူ့မှ စစ်သူကြီးလီထက် သာလွန်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားခဲ့တယ်။ ဝမ်ကလန်က ဒီလိုမျိုးဆက်တစ်ယောက်ကို မွေးထုတ်ပေးလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ စုန့်ဘုရင်က စိတ်ချလက်ချနဲ့ သူ့တံဆိပ်ကို သူ့ကို ပေးနိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ ဖြစ်နိုင်တာက စစ်သားတွေရဲ့ ကွပ်ကဲမှုကို သူ့ကိုပေးလိုက်တာက တကယ်ပဲ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်တယ်။' ရှု့ရှီးပင်း စိတ်ထဲတွင် ကိုယ့်ကိုယ်ကို ပြောလိုက်၏။
ဝမ်ချောင်သည် သူ့အဆင့်အတန်း သို့မဟုတ် အကျင့်စရိုက်တို့ကြောင့် မဟုတ်ဘဲ စစ်ရေးကိစ္စများရှိ သူ့ပါရမီကြောင့် သူတို့၏ ယုံကြည်မှုနှင့် လေးစားသမှုကို အမှန်ပင် အောင်နိုင်ခဲ့သည်။
ဝမ်ချောင်က သူ့မြင်းပေါ်မှနေ၍ ထိုစစ်သားများ၏ အကြည့်များကို တိတ်ဆိတ်စွာ အကဲခတ်လိုက်သည်နှင့် သူသည် သူက ဤစစ်သားများအပေါ် နောက်ဆုံးတွင် အောင်နိုင်ခဲ့သည်ကို သိရှိလိုက်ပြီး သူ့နှုတ်ခမ်းပါးများက အပြုံးတစ်ခုအဖြစ်သို့ ကော့တက်သွားခဲ့သည်။
လက်ရှိ၌ သူ၏အကြီးမားဆုံးသော ပြဿနာသည် သူ့တပ်သားများက နည်းပါးလွန်းနေခြင်း ဖြစ်သည်။
ဤစစ်သား ငါးထောင်နှင့်အတူ သူ့အစီအစဉ်များသည် အောင်မြင်ရန် အခွင့်အလမ်း များပြားလာခဲ့သည်။
****
စစ်သားများကို ပြန်လည်ဖွဲ့စည်းခြင်းက မျှော်မှန်းထားခဲ့သည်ထက် များစွာမြန်မြန်ဆန်ဆန် တိုးတက်ခဲ့၏။
ရှု့ရှီးပင်းကဲ့သို့ ဝါရင့် စစ်မှုထမ်း အရာရှိတစ်ဦး ရှိနေခြင်းနှင့်အတူ ဝမ်ချောင်သည် အရာအားလုံးအတွက် ချောမွေ့စွာ တိုးတက်ရန် သူ့အား ကိုင်တွယ်စေရန်သာ လိုအပ်ခဲ့သည်။ လူအိုကြီးလင်းယုန်ငှက်၊ လီစီးယိ သို့မဟုတ် ကျောက်ကျင်းတန်တို့သည်ပင် ဤသို့သော စွမ်းဆောင်ချက်တစ်ခုကို ဆွဲထုတ်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဝမ်ချောင်သည် ရှု့ရှီးပင်း၏ အနားတွင် ကျောက်ကျင်းတန်ကိုထားရန် ဆုံးဖြတ်ခဲ့သည်။
ရှု့ရှီးပင်းသည် အားကောင်းသော စစ်သည်တစ်ယောက် မဟုတ်သော်လည်း သူ့တွင် များပြားသော အတွေ့အကြုံရှိပြီး အတိအကျပင် လူငယ်လေး ကျောက်ကျင်းတန် လက်ရှိတွင် ချို့တဲ့နေသည့် အရာဖြစ်ပေသည်။
ဝမ်ချောင်သည် ရှု့ရှီးပင်းက ကျောက်ကျင်းတန်ကို လေ့ကျင့်ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
ဝမ်ချောင်သည်လည်း ရှု့ရှီးပင်းဆီမှ အနောက်တောင်ဘက်၏ လက်ရှိအခြေအနေအကြောင်း အများကြီး လေ့လာသိရှိနိုင်ခဲ့သည်။
“သခင်လေး တစ်ချက်ကြည့်ပါအုံး။ တောင်ဘက်လမ်းက လက်ရှိမှာ သင်ထင်ထားခဲ့တာထက် အများကြီး ခက်ခဲတယ်”
စစ်သားများ ပြန်လည်ဖွဲ့စည်းခြင်း ပြီးစီးသည်နှင့် ဝမ်ချောင်၊ ကျောက်ကျင်းတန်၊ လူအိုကြီးလင်းယုန်ငှက်၊ လီစီးယိ၊ ရှု့ရှီးပင်းနှင့် အခြားအရာရှိများသည် တောင်ထိပ်တွင် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြသည်။ သူတို့ရှေ့တွင် ကြီးမားသော ပုံစံငယ်တစ်ခု ဖြစ်၏။ ရှု့ရှီးပင်းသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ထားခဲ့ပြီး ပုံစံငယ်ပေါ်ရှိ နေရာအတော်များများကို ညွှန်ပြထားခဲ့သည်။
“ဘထွန်းလူတစ်ယောက်ပဲ မဟုတ်ဘူး။ တိဗက်တွေက တောင်ဘက်ကိုသွားတဲ့ လမ်းပေါ်မှာ ပိုများတဲ့ တပ်သားများစွာကို ချန်ထားခဲ့တယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာမှာ... ဒီနေရာတွေ အကုန်လုံးမှာ တိဗက်စစ်သား အများကြီးရှိတယ်။ နေရာတစ်ခုချင်းစီမှာ စစ်သားခြောက်ထောင် အနည်းဆုံးရှိပြီး သူတို့အကုန်လုံးမှာ ခက်ထန်တဲ့ ကွပ်ကဲသူတွေ ရှိကြပြီး ဘထွန်းလူထက်တောင် သန်မာကြတယ်။ နောက်ပြီး သူတို့အကုန်လုံးက ဗျူဟာကျတဲ့ တောင်ကြားလမ်းတွေကို စောင့်ကြပ်နေကြတယ်။ တကယ်လို့ ကျွန်တော်တို့က အားဟိုင်ကို ရောက်ရှိပြီး အန်းနန်ကာကွယ်ရေးတပ်ကို အားဖြည့်ချင်တယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို ဖြတ်ကျော်ရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တပ်သားတွေ တစ်ခုထဲက လုံးဝမလုံလောက်ကြဘူး”
ရှု့ရှီးပင်း သူ့စိုးရိမ်မှုများကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ ဤတာဝန်သည် အလုပ်ထက် အပြောက ပိုလွယ်၏။ ဝမ်ချောင်သည် ဘထွန်းလူကို သတ်ဖြတ်ခဲ့သော်လည်း ၎င်းသည် အနောက်တောင်ဘက်ရှိ အခြေအနေများကို အနည်းငယ်မျှပင် မတိုးတက်စေခဲ့ပေ။
'ဟော့ရှု့ဟွိုင်ချန်က တောင်ဘက်ကို ပြန်သွားခဲ့ပြီးပေမဲ့ သူက လုံလောက်တဲ့ တပ်သားတွေကို နောက်မှာ ချန်ထားခဲ့တုန်းပဲ။ ဒီလူတွေက သတ်လည်းမသတ်သလို လုလည်း မလုယက်ကြဘူး။ တော်ဝင်ရုံးတော်က အကူအညီတွေ ရောက်လာတာကို တားဆီးဖို့ ဒီတောင်ကြားလမ်းတွေကိုပဲ စောင့်ကြပ်နေခဲ့ကြတယ်။ နာ့ယိမဟာဝန်ကြီး တာ့လန်ရော့ကျန်က တစ်ချိန်က မဟာထန်မှာ လေ့လာသင်ယူခဲ့ပြီး သူထွက်ခွာတဲ့အခါ သူနဲ့အတူ နည်းဗျူဟာစာအုပ်တွေ အများကြီးကို ယူသွားခဲ့ပြီး သူတို့ထဲက တစ်စိတ်တစ်ပိုင်းကို ဟော့ရှု့ဟွိုင်ချန်ကို ပေးခဲ့တယ်ဆိုတဲ့ ကောလဟာလတစ်ခုကို ငါကြားခဲ့တယ်။ ဟော့ရှု့ဟွိုင်ချန်ရဲ့ သိုင်းပညာရပ်တွေက အရေးကြီးမှုမှာ ဒုတိယဖြစ်ပေမဲ့ သူ့ရဲ့နည်းဗျူဟာအပေါ် သဘောပေါက် နားလည်မှုနဲ့အတူ သူက ရိုးရှင်းတဲ့ စစ်သည်တော်တစ်ယောက် သက်သက်မဟုတ်ဘူး။'
ဝမ်ချောင် တိတ်ဆိတ်စွာ တွေးတောလိုက်၏။
တိဗက်များသည် ခက်ထန်ကြမ်းကြုတ်ပြီး ရဲရင့်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်လည်း သူတို့သည် အထိန်းအကွပ်လည်း မဲ့ကြသည်။ မတိုက်ခိုက်သည့် အခြေအနေတွင် သူ့အမိန့်အား တင်းကြပ်စွာ လိုက်နာရန် သူ့စစ်သားများကို အမိန့်ပေးနိုင်ခဲ့သည့် ထိုဟော့ရှု့ဟွိုင်ချန်၏ အရည်အချင်းများက သူ့လေးစားမှုနှင့် ထိုက်တန်ကြောင်း လုံလုံလောက်လောက် သက်သေပြခဲ့သည်။
'အဲ့ဒါက အားကောင်းတဲ့ ရန်သူတစ်ယောက်ပဲ။'
ဝမ်ချောင် ပုံစံငယ်ကို စိုက်ကြည့်လိုက်ကာ သူ့ကိုယ်သူ တိတ်ဆိတ်စွာ ပြောလိုက်သည်။
ဟော့ရှု့ဟွိုင်ချန် သူ့စစ်သားများကို ချထားခဲ့သည့် နေရာများသည် ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲကြကာ သူတို့အားလုံးတို့သည် ဖြတ်ကျော်ရန် လိုအပ်သည့် နေရာများဖြစ်ကြသည်။ စစ်သားများသည် ဤနေရာများကို စောင့်ကြပ်နေသရွေ့ အန်းနန်ကာကွယ်ရေးတပ်ကို အားဖြည့်ချင်သည့် မည်သူမဆို သူတို့ကို တော်ဝင်ရုံးတော်က စေလွှတ်သည်ဖြစ်စေ၊ တစ်ခြား တစ်ယောက်ယောက်က စေလွှတ်သည်ဖြစ်စေ ၎င်းတို့ကို ကွေ့ဝိုက်၍ သွားနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့သည် သေးငယ်သော အင်အားစုတစ်ခုကို ရင်ဆိုင်ခဲ့ရပါက ဤအစောင့် စစ်သားများသည် ရန်သူကို လုံးဝချေမှုန်းနိုင်ပေလိမ့်မည်။
ထို့ပြင် အကယ်၍ ၎င်းက အင်အားစုကြီး ဖြစ်ခဲ့ပါက ဂဲလျိုဖန်းနှင့် ဟော့ရှု့ဟွိုင်ချန်တို့ကို မြန်မြန်ဆန်ဆန် အကြောင်းကြားလိမ့်မည်ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြင်ဆင်နိုင်ပေလိမ့်မည်။
******************
အခန်း(၅၀၈)
ကျားငါးကောင်စစ်သူကြီးများ ပါချီချန်း
ဤနေရာများ အားလုံးတို့သည် မြင့်မားကြပြီး တိဗက်များ၏ စွမ်းရည်များအရ သူတို့သည် သေချာပေါက် ထိုတောင်ထိပ်များကို သိမ်းပိုက်ထားကြပေသည်။ ဤသည်က သူတို့အား ရန်သူများကို ထောက်လှမ်းရန်နှင့် သူတို့၏ ချီတက်မှုများကိုလည်း အဆင်ပြေလွယ်ကူစေမည့် မြင့်မားသော အားသာချက်တစ်ခုကို ရရှိစေပေသည်။ တောင်ပေါ်မှ ချီဆင်းခြင်းသည် တိဗက်ကုန်းပြင်မြင့် မြင်းများကို ၎င်းတို့၏ အမြင့်ဆုံးအမြန်နှုန်းသို့ မြန်ဆန်စွာ ရောက်ရှိစေလိမ့်မည်ဖြစ်ပြီး သူတို့အား အမှန်ပင် အနိုင်ယူရန် ခက်ခဲစေပေလိမ့်မည်။ တောင်ခြေများရှိ လူများအတွက်မူ မြင်းတပ်နှင့် ခြေလျင်တပ် နှစ်ခုစလုံးတို့သည် အမြန်နှုန်းကို ရရှိရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး သူတို့၏ရန်သူများကို ရင်ဆိုင်ရန် ပို၍ပင် ခက်ခဲနေစေသည်။
ဝမ်ချောင်၏စိတ်သည် ကဏှာမငြိမ် ဖြစ်နေခဲ့ပြီး သူ့မျက်ခုံးများက အတွေးဖြင့် အနည်းငယ် ကျုံ့နေခဲ့သည်။
“ဟော့ရှုဟွိုင်ချန် နောက်မှာချန်ထားခဲ့တဲ့ ဒီစစ်သားတွေကို ဘယ်သူက ဦးဆောင်နေသလဲဆိုတာ မင်းတို့ သိကြလား”
ဝမ်ချောင် ရုတ်တရက် မေးလိုက်၏။
“ပါချီချန်း”
အသားညိုသည် ဒုတိယတပ်မှူးချုပ် တစ်ယောက်က ချက်ချင်း ဖြေလိုက်သည်။ သူသည် ကင်းထောက်များအတွက် တာဝန်ရှိသောကြောင့် အခြေအနေကို ရှင်းလင်းစွာ နားလည်ထားပေသည်။
“ဒီပုဂ္ဂိုလ်က ဟော့ရှု့ဟွိုင်ချန်ရဲ့ ကျားငါးကောင် စစ်သူကြီးတွေထဲက တစ်ယောက်ဖြစ်တယ်။ ခွန်အားအရာမှာ သူကသေသွားတဲ့ ဘထွန်းလူထက် အများကြီးသန်မာတယ်။ ဒါ့အပြင် ဘထွန်းလူနဲ့ မတူတာက သူကထူးကဲတဲ့ ကွပ်ကဲသူတစ်ယောက်ဖြစ်ပြီး သူကခံစစ်တွေကို ချိုးဖောက်ရာမှာလည်း မယုံနိုင်စရာကောင်းလောက်အောင် ကျွမ်းကျင်တယ်။ သူကရဲရင့်ပြီး ထက်မြက်တယ်။ စစ်သူကြီးလီက သူ့ကိုယ်သူ ငါးစာအဖြစ် ရန်သူတွေကိုထိန်းဖို့ နောက်မှာကျန်ခဲ့စဉ်က သူဟာသူ့ကို တင်းကြပ်စွာ ဝန်းရံထားဖို့ သူ့စစ်သားတွေကို အားအကောင်းဆုံးခံစစ် အခင်းအကျင်းတွေထဲက တစ်ခုဖြစ်တဲ့ ရွှေရောင်ခံတပ် အခင်းအကျင်းကို ဖွဲ့စည်းခဲ့တယ်။ ဒါပေမဲ့ ပါချီချန်းက ရွှေရောင်ခံတပ် အခင်းအကျင်းကို ဖြိုခွဲဖို့နဲ့ ခံစစ်ကို ချိုးဖောက်ရာမှာ သူ့စစ်သားတွေကို အောင်မြင်စွာနဲ့ ဦးဆောင်နိုင်ခဲ့တုန်းပဲ”
“စစ်သူကြီးလီက သူ့ရဲ့ရွှေရောင်ခံတပ် အခင်းအကျင်းကြောင့် ကျော်ကြားတယ်”
အရာရှိတစ်ယောက် ထပ်ဖြည့်ပြောလိုက်၏။
“အဲ့ဒီအခင်းအကျင်းကို အသုံးပြုပြီး သူက အန်းရှီနဲ့ ပိုင်ထင်တို့မှာ ရန်သူအများကြီးကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါကို ဒီတောင်ဘက်ခရီးမှာ တိဗက်တွေက ချိုးဖောက်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”
ကွယ်လွန်သွားသည့် လီကျန်းရီကို ပြောဆိုရာတွင် လူတိုင်း ကြီးမားသော ပူဆွေးဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
ဝမ်ချောင်သည်လည်း ဤပြောကြားချက်ကြောင့် အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူသည် လီကျန်းရီ၏ ရွှေရောင်ခံတပ် အခင်းအကျင်းအကြောင်းကို ကြားသိခဲ့ဖူးသည်။ ကြည့်ရသည်မှာ လီကျန်းရီသည် သူကိုယ်တိုင် အခင်းအကျင်းများနှင့် ရင်းနှီးခဲ့ပုံပေါ်ပြီး ဂိုစုန့်ကျီနှင့် ဖုမန်လင်းချာကဲ့သို့သော ဟူမဟာစစ်သူကြီးများသည်ပင် ၎င်း၏ခိုင်ခံ့မှုကြောင့် ၎င်းကို ချီးကျူးခဲ့ကြသည်။ လူတစ်ယောက်သည် ဤတော်ဝင်မဟာစစ်သူကြီးများ၏ ချီးကျူးမှုကို ရရှိရန် လီကျန်းရီ၏ ရွှေရောင်ခံတပ် အခင်းအကျင်းက မည်မျှကြောက်မက်ဖွယ် ကောင်းမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ထို့ပြင် တိဗက်များအတွက် တာ့ခ်များနှင့် အာရပ်များသည်ပင် မချိုးဖောက်နိုင်သည့် ထိုရွှေရောင်ခံတပ် အခင်းအကျင်းကို ချိုးဖောက်နိုင်သည်မှာ ပါချီချန်းခွန်အား၏ သက်သေသာဓက ဖြစ်ပေသည်။
'ဒီပုဂ္ဂိုလ်မှာ မယုံနိုင်စရာကောင်းတဲ့ ထိုးစစ်စွမ်းရည်တွေ ရှိပုံပဲ။ သူ့မှာ အနည်းဆုံး သူ့စစ်တပ် တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ထိုးစစ်တိုက်ပွဲချီစက်ကွင်းတစ်ခု ရှိရမယ်။'
ဝမ်ချောင်သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်၏။
လီကျန်းရီသည် ရှုံးနိမ့်ခဲ့ရသော်လည်း တော်ဝင်အမိန့်ကို ဖြည့်ဆည်းရန် ကျရှုံးခဲ့သော်လည်း သူသည် သူ့သေဆုံးမှုမှနေ၍ သူ၏ ရိုးသားမှန်ကန်မှုကို ပြသခဲ့သည်။ ဤသို့သော အချိန်တစ်ခုတွင် ဝမ်ချောင်သည် သူ့အား ဆက်လက်ဝေဖန်လိမ့်မည် မဟုတ်ဘဲ သူသည်သေချာပေါက် သူ့စွမ်းရည်ကို မေးခွန်းထုတ်ရန် အခွင့်အရေးကို အသုံးချလိမ့်မည် မဟုတ်ပေ။
“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အရှင့်ကို မမြင်သင့်တဲ့ မြင်ကွင်းတစ်ခုကို မြင်စေမိပါပြီ”
ရှု့ရှီပင်း တခဏကြာပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ သူနှင့်သူ၏ လက်အောက်ငယ်သား အရာရှိများသည် သူတို့၏ တည်ငြိမ်မှုကို ပြန်ရသွားခဲ့ကြသည်။
ဝမ်ချောင် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“အရှင်က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်မှာ စစ်သူကြီးလီအတွက် လေးစားမှုပဲရှိပါတယ်”
ရှု့ရှီပင်း ခေါင်းညိမ့်လိုက်၏။
“အရှင် ကျွန်တော်တို့က လက်ရှိမှာ လူအင်အား အရမ်းချို့တဲ့နေပြီး ပါချီချန်းက အားကောင်းတဲ့ ရန်သူတစ်ယောက်ပဲ။ ဒီအချိန်မှာ တောင်ဘက်ကို ရွှေ့တာက တကယ့်ကို ဉာဏ်ပညာရှိတဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ သင့်ရဲ့ငယ်သားက ကျွန်တော်တို့ဟာ တောင်ဘက်ကို ရွှေ့လျားမဲ့အကြောင်း မစဉ်းစားမီ တစ်ခြားတပ်သားတွေနဲ့ ဆက်သွယ်ပြီး တော်ဝင်ရုံးတော်က စစ်ကူတွေကို စောင့်သင့်တယ်လို့ ဆိုလိုတာပါ။ စစ်ကူတပ်ရဲ့ စစ်သားခြောက်သောင်းက ပြင်းထန်တဲ့ အသေအပျောက်တွေကို ခံစားခဲ့ရပေမဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို တော်တော်များများက ရှင်သန်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အုပ်စုကလွဲရင် ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ကျွန်တော်တို့ရဲ့ လူတွေရှိကြပါတယ်။ တကယ်လို့ ကျွန်တော်တို့က သူတို့နဲ့ ဆက်သွယ်နိုင်ခဲ့ရင် ကျွန်တော်တို့က အနည်းဆုံး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လိမ့်မယ်”
ရှု့ရှီပင်း၏ လက်ချောင်း ပုံစံငယ်အပေါ် ဖြတ်သန်းသွားခဲ့ကာ နေရာတော်တော်များများကို ညွှန်ပြလိုက်သည်။
“တကယ်လို့ ကျွန်တော်တို့က ဒီနေရာတွေနဲ့ ဆက်သွယ်နိုင်ခဲ့ရင် ကျွန်တော်တို့က စစ်သားနှစ်သောင်းနီးပါးကို စုစည်းနိုင်မှာဖြစ်ပြီး အဲ့ဒါက သခင်လေးရဲ့ အစီအစဉ်အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်လိမ့်မယ်”
ဝမ်ချောင် ထိုနေရာများဆီသို့ သူ့အကြည့်ကို အလိုလို လှည့်လိုက်မိသည်။ ဖြေးညှင်းစွာဖြင့် သူ့မျက်ခုံး စတင်ထိစပ်သွားခဲ့၏။ တိဗက်များသည် ဤနေရာအားလုံးကြားရှိ နေရာများကို သိမ်းပိုက်ထားခဲ့ပြီး သူတို့အားလုံး တစ်ယောက်နှင့်တစ်ယောက် အလွန်ဝေးကွာကြသည်။ အဝေးဆုံးမှာ လီတစ်ထောင်နီးပါး ဖြစ်နိုင်၏။ ၎င်းသည် ထိုသည်မှာ ဤလူများအားလုံးကို စုစည်းရန် အချိန်အကြာကြီး ယူလိမ့်မည်ဖြစ်သော်လည်း ဝမ်ချောင်တွင် ခြင်္သေ့မြို့ မပြိုကျမီ သုံးရက်သာရှိပြီး သူသည် ထိုနေရာသို့ မြန်နိုင်သမျှမြန်မြန် ရောက်ရပေမည်။
“အရှင် အသွားကို သွေးတာက ထင်းတွေကို ခုတ်ဖြတ်ဖို့ ကျွန်တော်တို့ကို နှောင့်နှေးစေမှာ မဟုတ်သလို အလျင်စလိုနဲ့ ဆောင်ရွက်တာကလည်း ပိုမြန်တယ်လို့ မဆိုလိုဘူး။ သင့်ရဲ့ငယ်သားက နောက်ထပ် ပိုများတဲ့ စစ်သားတွေကို စုစည်းဖို့နဲ့ အဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုချဖို့ နောက်ထပ် ရက်အနည်းငယ် စောင့်ဆိုင်းတာက ထိခိုက်နစ်နာစရာ မရှိဘူးလို့ ဆိုလိုတာပါ...”
ရှု့ရှီပင်း စတင် အစ်အောက်လိုက်၏။
“မဟုတ်ဘူး”
ရှု့ရှီပင်း စကားမဆုံးမီ ဝမ်ချောင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရှု့ရှီပင်းရဲ့ အစီအစဉ်ကို ချက်ချင်း ပယ်ချလိုက်သည်။
“ငါတို့က တောင်ဘက်ကိုသွားဖို့ ကျန့်ကြာလို့မရဘူး။ အဲ့ဒါကချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ရမယ်”
ဤစကားလုံးများသည် အကြွင်းမဲ့ဖြစ်ပြီး မေးခွန်းများကို ခွင့်ပြုမထားခဲ့ပေ။
ရှု့ရှီပင်းနှင့် သူ့အရာရှိများ ကြက်သေ သေသွားခဲ့ကြ၏။ ဝမ်ချောင်သည် ဖော်ရွေပြီး ချဉ်းကပ်၍ရသော လူတစ်ယောက်၏ ထင်မြင်ချက်တစ်ခုကို အမြဲပေးခဲ့ပေသည်။ သူတို့တစ်ယောက်မှ သူသည် ဤမျှ ပြတ်သားမှုဖြင့် ဆုံးဖြတ်ချက်များ ပြုလုပ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှု့ရှီပင်း သူ့ခေါင်းကို အလွန်နှိမ့်ချလိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။
“ကျွန်တော်တို့ အရှင်ရဲ့ အမိန့်တွေကို သဘာဝအတိုင်း လိုက်နာပါ့မယ်”
ဝမ်ချောင်သည် ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ဂုဏ်သရေရှိသော ကလန်တစ်ခု၏ မျိုးဆက်တစ်ယောက်ဖြစ်ပြီး သူသည် သူတို့၏ အကြီးမားဆုံးရန်သူ ဘထွန်းလူကို အနိုင်ယူခြင်းဖြင့် သူ့ကိုယ်သူ သက်သေပြခဲ့ပြီဖြစ်သည်။ သူ့တွင် လက်ထဲ၌ စုန့်ဘုရင်၏ တံဆိပ်လည်းရှိပြီး ဤစစ်တပ်၏ အမြင့်ဆုံးကွပ်ကဲသူဖြစ်သည်။ ရှု့ရှီပင်းသည် ဤအချိန်တွင် ဝမ်ချောင်၏ အမိန့်များကို သဘာဝအတိုင်း ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
“ဝူရှန်းနဲ့ မုန့်ချီကျောက်တို့က မြောက်ဘက်မှာ ကြီးမားတဲ့ စစ်စည်းရုံးမှု မစတင်သေးတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ခြင်္သေ့မြို့က သူတို့ကို ထိန်းထားနေလို့ပဲ။ တကယ်လို့ ငါတို့က အဲ့ဒီလမ်းပေါ်က အတားအဆီးတွေကို မြန်နိုင်သမျှမြန်မြန် ကိုင်တွယ်ဖို့နဲ့ အားဟိုင်လွင်ပြင်ကို ရောက်ရှိဖို့ နည်းလမ်းတစ်ခုကို မစဉ်းစားခဲ့ရင် ခြင်္သေ့မြို့ ပြိုလဲတဲ့အခါ ငါတို့ကို တောင်ကြားလမ်းတွေမှာ စောင့်နေမှာက တိဗက်မြင်းတပ်သားတွေပဲ ဟုတ်တော့မှာမဟုတ်ဘူး။ အခုအချိန်မှာ ဒီလိုစွန့်စားမှုကို ငါတို့ရွေးချယ်သင့်သလားဆိုတာ မေးခွန်းတစ်ခုမဟုတ်ဘူး။ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ ငါတို့ ချိုးဖောက်ရမယ်”
ဝမ်ချောင် ရှင်းပြလိုက်ကာ သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒါပေမဲ့ ကျွန်တော်တို့ ပါချီချန်းကို ဘယ်လိုလုပ်မလဲ”
တပ်မှူးချုပ်တစ်ယောက် ပြောလိုက်၏။
“ဒီလူက အားကောင်းပြီး ဗျူဟာပိုင်းမှာ ကျွမ်းကျင်တယ်။ နောက်ပြီး သူ့မှာ တောင်ကြားလမ်းတွေရဲ့ မြေမျက်နှာသွင်ပြင် အားသာချက်ရှိတယ်။ ကျွန်တော်တို့ တစ်ယောက်ထဲက သူ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး”
“ဟမ် အဲ့ဒါကို ငါ့ဆီထားလိုက်ပါ”
ဝမ်ချောင် နှာခေါင်းရှုံ့လိုက်ကာ လုံးဝမစိုးရိမ်ခဲ့ပေ။
ပါ့ချီချန်းသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း ဗျူဟာပိုင်းတွင် ကျွမ်းကျင်သည်လော။ အဟက် ဤမျိုးဆက်တွင် ဗျူဟာပိုင်း၌ ဝမ်ချောင်ကို ယှဉ်နိုင်သည့်လူ တစ်ယောက်မှမရှိပေ။ မဟာထန်စစ်နတ်ဘုရား စုကျန်ချန်းသည်ပင် သူ့ကို ရှုံးနိမ့်ခဲ့ရသည်။ ပါထုံးလူကို ရင်ဆိုင်သည့် သူ့တိုက်ပွဲသည် တိဗက်စစ်သည် တစ်ထောင်ကျော်ကို ချိုးဖောက်ရန် သူ့စွမ်းရည်ကို ပြသခဲ့ပြီဖြစ်ပြီး ယခုအခါ ဗျူဟာပိုင်းရှိ သူ့စွမ်းရည်များကို ပြသရန် သူ့အတွက် အချိန်ဖြစ်သည်။
မြင်းတပ်ကို ဦးဆောင်ခြင်းသည် စစ်ပွဲရှိသူ၏ တစ်ခုတည်းသော အထူးကျွမ်းကျင်မှု မဟုတ်ခဲ့ပေ။
“စစ်တပ်ကို ထွက်ခွာဖို့ ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်ပါ။ မင်းတို့အားလုံး တန်းဖြုတ်လို့ရပြီ” ဝမ်ချောင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အမိန့်ပေးလိုက်သည်။
***
ဘုန်း
ကမ္ဘာမြေတစ်လျှောက် မြင်းများ ဒုန်းဆိုင်းနေသည့်အသံ တောင်တန်းများမှနေ၍ ပဲ့တင်ထပ်သွားခဲ့ကာ ၎င်းနှင့်အတူ ကျယ်လောင်သော မြင်းဟီသံများနှင့် သတ္ထုရိုက်ခတ်သံများသည်လည်း လိုက်ပါလာခဲ့သည်။
ဤမြင့်မားသော တောင်ထိပ်ပေါ်တွင် လူတစ်ယောက်သည် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားခဲ့ပြီး သူ့မျက်နှာသည်ပင် မျက်နှာဖုံးတစ်ခုနှင့် ကာထားခဲ့သည်။ သူ၏အေးစက်သော မျက်လုံးများကိုသာ ဖော်ပြထားခဲ့ပြီး သူ့အကြည့်က လောကကြီးအပေါ် ငုံ့ကြည့်နေခဲ့ကာ ကမ္ဘမြေအနှံ့ ခေါက်တုန့်ခေါက်ပြန် ကြည့်ရှု့နေခဲ့သည်။ ဤစစ်သူကြီး၏ ခြေဖဝါးအောက်တွင် ကြီးမားသော ဆူးချွန် ချီစက်ကွင်းတစ်ခု ခပ်မှိန်မှိန် တောက်ပနေခဲ့ပြီး ဤစစ်သူကြီးအား နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရစေသည်။
သူ၏ ကြောက်မက်ဖွယ်အကောင်းဆုံး တိဗက် လက်အောက်ငယ်သားများသည်ပင် သူ့ဆီမှနေ၍ ကျန့်အတော်များများ အကွာအဝေးတစ်ခုကို ထိန်းထားခဲ့ကြသည်။ သူတို့တစ်ယောက်မှ အလွန်နီးကပ် မလာရဲခဲ့ကြဘဲ သူတို့၏ခေါင်းများကို အနည်းငယ် ငုံ့ထားခဲ့ကြကာ သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံ့နေသည့် အမူအရာများ ရှိနေခဲ့သည်။
“မင်းတို့ဘာရှာတွေ့ခဲ့လဲ”
ပါချီချန်း သူ့မြင်းပေါ်တွင် မတ်မတ်ရပ်နေခဲ့ကာ သူ့အသံက ခံစားချက်မရှိပေ။
အပူလှိုင်းလုံးများ သူ့ခန္ဓာကိုယ်မှနေ၍ ထွက်ပေါ်နေခဲ့ပြီး အနီးအနားရှိလူများကို သူတို့က မီးထဲတွင် ရှိနေကြသကဲ့သို့ ခံစားရစေသည်။
“အရှင့်ကိုတင်ပြပါတယ်။ အခုလောလောဆယ် သတင်းတွေ မရှိပါဘူး။ ကျွန်တော်တို့က ထန်စစ်တပ်ကို အနိုင်ယူခဲ့ပြီဖြစ်ပြီး လုံ့ရှီရဲ့ ကော်ရှု့ဟန်ကို စစ်သူကြီးတွေရဲ့ဘုရင်က ထိန်းထားပါတယ်။ မဟာထန်က အခုအချိန်မှာ သူတို့အသုံးပြုနိုင်တဲ့ တပ်သားတွေ မရှိတော့ပါဘူး။ ကျွန်တော်တို့ လုပ်ဖို့လိုအပ်တာက မဟာဝန်ကြီးနဲ့ စစ်သူကြီးတို့က ခြင်္သေ့မြို့ကို ဖျက်ဆီးတာကို စောင့်ဆိုင်းဖို့ဖြစ်ပြီး အနောက်တောင်ဘက်က ကျွန်တော်တို့ ဝူရှန်းရဲ့ ပိုင်နက်ဖြစ်လာပါလိမ့်မယ်”
တင်ပြနေသည့် တိဗက်ကွပ်ကဲသူသည် လေးစားစွာ ပြောလိုက်သော်လည်း သူသည် ပါချီချန်းနောက် ခပ်ခွာခွာ နေနေခဲ့သည်။
ပါချီချန်းသည် ပေါက်ကွဲလွယ်သော လူတစ်ယောက်ဖြစ်ပြီး သူ့ငယ်သားများကို ကိုယ်ထိလက်ရောက် အပြစ်ပေးတတ်လေ့ရှိသည်။ ထို့ပြင်သူသည် မီးနည်းစနစ်တစ်ခုကို ကျင့်ကြံထားခဲ့ကာ ၎င်းက သူ့ဒေါသကို ပို၍ပြင်းထန်စေပြီး သူ့အား ဒေါသအလွယ်တကူ ထွက်စေခဲ့သည်။ ဤလူသည် တပ်ထဲရှိ ကွပ်ကဲသူတစ်ယောက် ဖြစ်သော်လည်း သူသည် ကျားငါးကောင် စစ်သူကြီးများထဲမှ တစ်ယောက်ကို အံ့မတုရဲခဲ့ပေ။
ခရီးးး
တိမ်ထဲမှနေ၍ အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အစိမ်းရောင် မျိုးဝင်လင်းယုန်ငှက်တစ်ကောင် ပျံထွက်လာခဲ့သည်။
“တစ်ခုခု ဖြစ်သွားခဲ့ပြီ”
တောင်ထိပ်ရှိ ကွပ်ကဲသူများအားလုံး ထိုမျိုးဝင် လင်းယုန်ငှက်ကြောင့် အံ့သြသွားခဲ့ပုံရသည်။ ထိုအချိန်တွင် ပါချီချန်းသည် သူ့မျက်ခုံးများ မြင့်သွားခဲ့ပြီး သူ့မျက်လုံးများက အေးစက်သည့် အလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။
သူသည် စစ်ပွဲကို ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ၎င်းကို လိုချင်ပေ၏။
“တစ်ယောက်ယောက် ဘာဖြစ်နေသလဲဆိုတာ မြန်မြန်သွားကြည့်လိုက်စမ်း”
တိဗက် စစ်အရာရှိတစ်ယောက် အနီးအနားရှိ လက်ရွေးစင် ကင်းထောက်များထဲမှတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“မလိုဘူး။ သူတို့ကို လာပါစေ”
ပါချီချန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့မျက်လုံးထဲတွင် အထင်သေးနေသည့် အကြည့်တစ်ခု ရှိနေခဲ့သည်။
ဝုန်း
အနက်ရောင် သံမဏိဒီရေလှိုင်းများ မြင်ကွင်းထဲ လျှင်မြန်စွာ ပေါ်လာရန် တခဏမျှသာ ကြာခဲ့ပြီး သူတို့က တောင်ကြားကို ချဉ်းကပ်လာသောအခါ ဖုန်မှုန့်တိမ်တိုက်များကို နောက်တွင် ကျန်ရစ်နေစေခဲ့သည်။ ထိုဒီရေလှိုင်းထဲတွင် လွင့်နေသည့် မဟာထန် အနက်ရောင်စစ်အလံများက သူတို့မည်သူ ဖြစ်သည်ဆိုသည်ကို ညွှန်ပြနေခဲ့သည်။
“အဲ့ဒါက တကယ့်ကို မဟာထန် စစ်ကူတွေကိုး။ စိတ်ဝင်စားစရာပဲ”
ပါချီချန်း ချဉ်းကပ်လာနေသည့် ထိုထန်စစ်တပ်ကို ကြည့်ရှု့နေခဲ့ကာ သူ့မျက်လုံးများက ရက်စက်သည့် အလင်းရောင်တစ်ခုဖြင့် တောက်ပနေခဲ့သည်။
“အရှင် အဲ့ဒါက ကြည့်ရတာ ဟိုဆိုးယုတ်တဲ့ သတ္တဝါတွေရဲ့ အကြွင်းအကျန်တွေနဲ့တူတယ်။ သူတို့က ချဉ်းကပ်လာရဲလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”
သူ့နောက်ရှိ အရာရှိတော်တော်များများ သူတို့၏ ထင်မြင်ချက်များကို ပြောကြားလိုက်ကြသည်။
“သူတို့က ဘာလုပ်ဖို့ စီစဉ်နေသလဲဆိုတာ ငါကြည့်ချင်တယ်”
နောက်ထပ် အရာရှိတစ်ယောက် သရော်လိုက်သည်။
အစပိုင်းတွင် သူတို့သည် မဟာထန်က စစ်ကူအသစ် စစ်တပ်တစ်ခုကို စေလွှတ်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အကယ်၍ ထိုသို့တကယ် ဖြစ်ခဲ့ပါက သူတို့နှင့်အတူ ရှိနေသည့် တပ်ဖွဲ့များသည် အမှန်ပင် မလုံလောက်နိုင်ပေ။ သို့သော် အကယ်၍ ၎င်းသည် ရှုံးနိမ့်သွားသည့် စစ်တပ်၏ အကြွင်းအကျန်များသာ ဖြစ်ခဲ့ပါက အခြေအနေသည် လုံးဝ ခြားနားပေသည်။ သူတို့သည် သိပ်မကြာသေးမီက သူတို့နှင့် တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ခဲ့ရသောကြောင့် ဤတိဗက်များသည် ၎င်းတို့၏ စစ်အလံများနှင့် ချပ်ဝတ်တန်ဆာများကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်ကြပေသည်။
တိဗက်များ ထန်စစ်တပ် ချဉ်းကပ်လာသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်သောအခါ ထိုဖုန်မှုန့် တိမ်တိုက်သည် တောင်တန်းများမှ လီသုံးဆယ် လေးဆယ်တွင် ရပ်တန့်သွားခဲ့သည်။
“ဒီလူတွေ ဘာကြံစည်နေကြသလဲ”
တောင်ထိပ်တွင် အရာရှိများ မျက်မှောင်ကျုံ့သွားခဲ့ကြကာ ပါချီချန်းသည်ပင် ရှုပ်ထွေးသွားပုံပေါ်သည်။
သို့သော် ထိုတိဗက်များ မတုန့်ပြန်နိုင်မီ အဝေးမှ မြင်းဟီသံများ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာမြေကြီး နောက်တစ်ကြိမ် တုန်ခါသွားခဲ့သည်။ ထိုထန်စစ်တပ်သည် ပြန်လှည့်သွားခဲ့ပြီး အဝေးသို့ ပြန်လည်ဦးတည်သွားခဲ့သည်။
“ဟမ် ဒီသူရဲဘောကြောင်တဲ့ ကောင်တွေက တကယ့်ကို ထွက်ပြေးချင်နေကြတာပဲ”
“ဟား ဟား ဟား ငါတကယ့်ကို သူတို့ကို ပိုတွက်ခဲ့မိတယ်။ သူတို့က ငါတို့ဒီမှာ စောင့်ဆိုင်းနေလိမ့်မယ်လို့ ထင်ထားခဲ့ပုံတောင် မရဘူး”
***
ထိုတိဗက် အရာရှိများ ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်ကြသည်။
“ဟမ် ခြေလျင်တပ်နဲ့ မြင်းတပ်တို့ရဲ့ အရောအနှောတစ်ခု... သူတို့က ဒီလိုစစ်တပ်မျိုးနဲ့ ထွက်ပြေးနိုင်အုံးမယ်လို့ ထင်နေကြတာလား”
ပါချီချန်း ရက်စက်စွာ ရယ်မောလိုက်ပြီး ရွှီးကနဲအသံနှင့်အတူ မီးပွားစများ ထွက်ပေါ်လာခဲ့ကာ သူသူ့ခါးရှိ ဓားမောက်ကို ဆွဲထုတ်လိုက်ပြီး ၎င်း၏ အေးစက်သော အသွားကို လဟာပြင်ထဲ တောက်ပနေစေခဲ့သည်။
“သူတို့က ရောက်လာခဲ့တာကြောင့် သူတို့ကို သွားနှုတ်ဆက်ကြစို့။ စစ်သားတွေအကုန်လုံး ငါ့အမိန့်ကို လိုက်နာ။ ချိုတွေကို မှုတ်လိုက်။ ချက်ချင်းထွက်ခွာပြီး သူတို့ကို ငါ့အတွက်သတ်”
ပါချီချန်း၏ မျက်လုံးများ ရက်စက်မှုဖြင့် တောက်ပသွားခဲ့သည်။
************
အခန်း(၅၀၉)
တိဗက်စစ်ကူ။ နှစ်ခုကတစ်ခုဖြစ်လာခြင်း။
ဘူး
အဖြူရောင်တိဗက်နွားရိုင်း ချိုများကို မှုတ်လိုက်သည်နှင့် မီးကွင်းများသည် ပါချီချန်း၏ စစ်မြင်းအောက်တွင် အနီရောင် ကြာပွင့်များကဲ့သို့ တောက်ပသွားခဲ့ပြီး သူ့စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ တိဗက်မြင်းစစ်သည် ခြောက်ထောင်အတွက် သူတို့၏ ခန္ဓာကိုယ်များက လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရရန် တခဏသာ ကြာမြင့်ခဲ့ပြီး ကြယ်တာရာ စွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်များမှနေ၍ ပို၍မြန်ဆန်စွာ စီးဆင်းသွားခဲ့ကြသည်။ မြင်းများသည် စတင်မြည်ဟီးလိုက်ကြပြီး တိဗက်မြင်းတပ်သည် ပြင်းထန်သော လေပြင်းတစ်ခုကဲ့သို့ တောင်ထိပ်မှ ပြေးဆင်းလိုက်ကာ ကြီးမားသော ဖုန်မှုန့်တိမ်တိုက်ကို ဖြစ်ပေါ်စေပြီး ဝမ်ချောင်၏ စစ်တပ်နောက်သို့ လိုက်လံဖမ်းဆီးလိုက်ကြသည်။
***
တစ်ချိန်ထဲမှာပင် တိဗက်စစ်တပ် စောင့်ကြပ်နေသည့် တောင်ကြားမှ လီဒါဇင်ရှိ အဝေးတစ်နေရာတွင် အားလုံးတို့သည် တိတ်ဆိတ်နေကြသော်လည်း လေထုသည် တင်းမာမှုဖြင့် ပြည့်နှက်နေခဲ့သည်။
“အရှင် ဒါကတကယ် အဆင်ပြေပါ့မလား”
တပ်မှူးချုပ်ရှု့ ဝမ်ချောင်၏ဘေးမှနေ၍ ပူပန်စွာ မေးမြန်းလိုက်သည်။
သူ၏ညီအစ်ကို ငါးထောင်တို့သည် အားလုံးလိုက်ပါလာခဲ့ကြပြီး သူတို့ရင်ဆိုင်နေရသည့် အရာမှာ လက်ရွေးစင် တိဗက်မြင်းစစ်သည် ခြောက်ထောင်ဖြစ်သည်။ ဤသည်က ဟာသမဟုတ်ပေ။
သူနဘေးတွင် ကျောက်ကျင်းတန်၊ လီစီးယိနှင့် လူအိုကြီးလင်းယုန်ငှက်တို့သည်လည်း တော်တော်လေး သုန်မှုန်သော အမူအရာများ ရှိနေခဲ့ကြသည်။ သူတို့သည် ဝမ်ချောင်ကိုယ်စား အရာရာတိုင်းက သေချာပေါက် အဆင်ပြေလိမ့်မည်ဟု ပြောချင်ခဲ့ကြသော်လည်း သူတို့သည်ပင် ဤကိစ္စ၌ ယုံကြည်ချက်များ မရှိခဲ့ကြပေ။ ထိုသည်မှာ တိဗက်များသည် ဤတိုက်ခိုက်မှုကို နောက်ဆုံးတွင် ဆောင်ရွက်ရန် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ခြင်းက သူတို့သည် သေချာပေါက် ပြင်ဆင်လာခဲ့သည်ဟု ဆိုလိုပေသည်။ ထို့ပြင် လက်ရှိ ရှိနေသည့် လူတိုင်းတို့သည် ဤစစ်တပ်၏ အင်အားကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးကြသည်။
“ဟ ငါတို့က မကြိုးစားကြည့်ရင် အဲ့ဒါက အဆင်ပြေမလားဆိုတာ ငါတို့ဘယ်လိုလုပ် သိနိုင်မှာလဲ”
ဤအချိန်တွင် အေးအေးလူလူ ရှိနေနိုင်သေးသည့် တစ်ဦးတည်းသောလူမှာ ဝမ်ချောင်ဖြစ်သည်။ သူသည် ဤသို့သော မြင်ကွင်းများကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးပြီး သူသည် ဆယ်ကျော်သက်တစ်ယောက်၏ အပြင်ပိုင်း အသွင်သဏ္ဍန် ရှိနေခဲ့သော်လည်း သူ့စိတ်ကများစွာ ရင့်ကျက်ပေသည်။
“တပ်မှူးချုပ်ရှု့ မင်းရဲ့ ကြီးမားတဲ့ဒိုင်းတွေက အားလုံး အဆင်သင့်ဖြစ်ပြီလား” ဝမ်ချောင် မေးလိုက်၏။
တပ်မှူးချုပ်ရှု့ ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
“သူတို့အားလုံး အဆင်သင့် ဖြစ်ကြပါပြီ”
ထိုမြန်ဆန်ပြီး အားကောင်းသော မြင်းစစ်သည်များကို အံ့တုရန် ခြေလျင်တပ်သားများအတွက် ထိုဒိုင်းများက မရှိမဖြစ် လိုအပ်ကြပေသည်။ ရှု့ရှီပင်းသည် သူက ခိုင်ခံ့သော ကြီးမားသည့် ဒိုင်းများပါရှိသည့် သေတ္တာတစ်လုံးပြီးတစ်လုံးကို စုစည်းခဲ့သောကြောင့် တောင်ပေါ်မှနေ၍ ဘထွန်းလူကို စိန်ခေါ်ရဲခဲ့ခြင်းဖြစ်သည်။ ဤကြီးမားသော ဒိုင်းများသည် မူလက ဘထွန်းလူကို ရင်ဆိုင်ရန် ရည်ရွယ်ထားခဲ့ကြသည်။
သို့သော် သူတို့သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ပါချီချန်းကို ရင်ဆိုင်ရန် ဝမ်ချောင်၏ အသုံးပြုခြင်းကို ခံလိုက်ရသည်။
“ဒါဆိုအဆင်ပြေတယ်”
ဝမ်ချောင် ခေါင်းညိမ့်လိုက်ကာ သူ့အမူအရာက တည်ငြိမ်ပြီး အရာရာတိုင်းက အစီအစဉ်အတိုင်း သွားနေသကဲ့သို့ ဖြစ်သည်။ ထိုသည်မှာ သူ့အား သွေးပျက်စေနိုင်သည့်အရာ ဘာမှမရှိသကဲ့သို့ ဖြစ်၏။
“လူအိုကြီးလင်းယုန်ငှက် ပါချီချန်းက ငါတို့နောက် လိုက်ပါလာခဲ့သလားဆိုတာ ကြည့်ဖို့ မင်းရဲ့ငှက်တွေကို လွှတ်လို့ရမလား”
“ဟုတ်ကဲ့”
လူအိုကြီးလင်းယုန်ငှက် လျှင်မြန်စွာ ကြီးမားသော လင်းယုန်ငှက်တစ်ကောင်ကို စေလွှတ်လိုက်သည်။ တခဏကြာပြီးနောက် စူးရှသော အော်သံတစ်ခုက လေထဲမှနေ၍ ပဲ့တင်ထပ်သွားခဲ့၏။
“သူတို့ ရောက်လာပြီ”
လူအိုကြီးလင်းယုန်ငှက် ဤအသံကို ကြားလိုက်ရသောအခါ သူ့အမူအရာက စိုးထိတ်သွားခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင် အန္တရာယ်အတွက် သူ၏ အာရုံခံစားမှုသည် သူတိုက်ပွဲများတွင် ပိုပို၍ ပါဝင်လာသည်နှင့် ပို၍ပို၍ အားကောင်းလာခဲ့ပေသည်။
ဝမ်ချောင် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်၏။
“သွားကြစို့။ အစီအစဉ်အတိုင်း တောင်ပေါ်ကိုတက်ကြ”
သူလှည့်လိုက်ပြီး သူတို့နောက် အဝေးရှိ တောင်တစ်လုံးကို ညွှန်ပြလိုက်သည်။ ဤဒေသတွင် တိဗက်များ စောင့်ကြပ်နေသည့် တောင်ကြားများအပြင် ဤတောင်က အမြင့်ဆုံးဖြစ်သည်။ ဤတောင်သည် ထူးထူးခြားခြား မမြင့်မားသော်လည်း ၎င်း၏ တောင်နံရံများက အလွန်အမင်း မက်စောက်ကြပြီး ၎င်းအား ကမ္ဘာမြေကြီးမှ ထိုးထွက်နေသည့် ကြီးမားသော ဓားတစ်လက်ကဲ့သို့ ထင်ရစေသည်။
ပို၍အရေးကြီးသည်မှာ ဤတောင်နောက်ကျောသည် အလွန်အမင်း မြင့်မားသော ချောက်ကမ်းပါးတစ်ခုဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော တိဗက်မြင်းစစ်သည်များသည်ပင် တောင်နောက်ဘက်ကို ချီတက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ဤသည်က ပုံစံငယ်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှု့ပြီးနောက် ဝမ်ချောင် ရွေးချယ်ခဲ့သည့် တိုက်ပွဲအတွက် တည်နေရာဖြစ်သည်။
သူ့စစ်တပ်သည် လျှင်မြန်စွာ နောက်ဆုတ်သွားလိုက်ကြကာ တောင်ထိပ်သို့ ရောက်သည်အထိ ဒီရေကဲ့သို့ ချီတက်သွားခဲ့ကြသည်။
****
ကမ္ဘာမြေကြီး တုန်ခါသွား၏။ ဝမ်ချောင်၏စစ်တပ် နောက်ဆုတ်သွားပြီး သိပ်မကြာမီ ဖုန်မှုန့်တိမ်တိုက် တစ်ခုက ထိုနေရာကို ဖုံးလွှမ်းသွားသည်။ ဤဖုန်မှုန့်ထဲတွင် တိဗက်မြင်းစစ်သည် ခြောက်ထောင်တို့ ဖြစ်ကြပြီး မီးကဲ့သို့ ရန်လိုမှုဖြင့် ရှေ့သို့ ဒုန်းဆိုင်းနေခဲ့ကြသည်။ သူတို့ကို ဦးဆောင်နေသည်မှာ ပါချီချန်းဖြစ်ပြီး သူ၏အေးစက်သော မျက်လုံးများကိုသာ သူ၏လေးလံသော ချပ်ဝတ်တန်ဆာ အောက်မှနေ၍ ဖော်ပြနေခဲ့သည်။
“ဟမ် ထန်စစ်တပ်က ဒီတစ်ခါ နည်းနည်းလေး ဉာဏ်ကောင်းတယ်။ သူတို့က သူတို့မလွတ်မြောက်နိုင်တာကို သိပြီး သူတို့က ပြေးနေတာကို ရပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”
ပါချီချန်း တောင်ပေါ်သို့ တက်နေသည့် အဝေးရှိ ထန်စစ်တပ်ကို ကြည့်လိုက်ကာ သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။
“အရှင်ပြောတာ မှန်ပါတယ်။ သူတို့က ဒီတစ်ခါ တကယ်ပဲ နည်းနည်းလေး ဉာဏ်ကောင်းကြတယ်” သူ၏တိဗက် အရာရှိများထဲမှ တစ်ယောက် သဘောတူလိုက်၏။
ဤအရာရှိများ တစ်ယောက်မှ ခြေနှစ်ချောင်းက ခြေလေးချောင်းထက် ပိုပြေးနိုင်သည်ဟု မကြားခဲ့ဖူးပေ။ အကယ်၍ ဤထန်စစ်တပ်သည် မြင်းစစ်သည်များသက်သက် ဖြစ်ခဲ့ပါက အဆင်ပြေနိုင်သော်လည်း ခြေလျင်တပ်နှင့် မြင်းတပ် အရောအနှော တစ်ခုတို့သည် တိဗက်မြင်းတပ်ရှေ့တွင် ထွက်ပြေးချင်နေသည်လော။ ထိုသည်က လုံးဝရယ်ဖွယ်ဖြစ်သည်။ တောင်ပေါ်သို့ ထွက်ပြေးခြင်းသည် သူတို့၏ ရှင်သန်မှုကို အာမမခံနိုင်သော်လည်း ၎င်းက သင့်လျော်မှန်ကန်သော အစီအစဉ်တစ်ခု ဖြစ်ပေသည်။
“အရှင် ခင်ဗျားတိုက်ခိုက်ချင်သလား”
ပါချီချန်းနောက်ရှိ နောက်ထပ် အရာရှိတစ်ယောက် မေးလိုက်သည်။ သူတို့တွင် ယခုအခါ ထိုးစစ်ဆင်ရန် အခွင့်အရေးကောင်းတစ်ခု ရှိနေခဲ့ပေသည်။ သူတို့၏ မြင်းစစ်သည် ခြောက်ထောင်နှင့် သူတို့သည် ထိုထန်စစ်တပ်ကို လုံးဝ အမှုန့်ချေပစ်နိုင်ပေသည်။
“မလိုဘူး”
သူတို့ကို အံ့အားသင့်သွားစေသည်မှာ ပါချီချန်းသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့လက်အောက်ငယ်သားများ၏ အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။
“သူတို့က မလွတ်မြောက်နိုင်တာကြောင့် လောနေစရာ မလိုဘူး”
ပါချီချန်း၏ မျက်လုံးများထဲတွင် သရော်နေသည့် အကြည့်တစ်ခု ရှိနေခဲ့သည်။
“ငါတို့ဒီနေရာမှာ စောင့်ကြပ်ပြီး စစ်သူကြီး ချောင်းယောင်သလျို ရောက်လာတာကို စောင့်ကြမယ်။ ငါတို့သူနဲ့ ဆုံတွေ့တဲ့အခါ ငါတို့ဒီထန်စစ်တပ်ကို ချေမှုန်းပစ်လို့ရတယ်”
သူသည် ယုံကြည်မှုမရှိဘဲ ဘာကိုမှ မလုပ်ဆောင်ခဲ့ပေ။
သူတို့သည် ယခုအချိန်တွင် ထိုထန်စစ်သားများဆီသို့ ချီတက်ပြီး ချေမှုန်းပစ်နိုင်သော်လည်း အကယ်၍ သူသည် သူ့ဘက်ရှိ အသေအပျောက်ကို သူ့အောင်မြင်မှု အခွင့်အလမ်းအား မထိခိုက်စေဘဲ လျော့ချနိုင်ပါက သူဘာကြောင့် မလုပ်ရမည်နည်း။
သတ်ဖြတ်ခြင်းသည် အနုပညာတစ်ခု ဖြစ်သည်။
လူတစ်ယောက်၏ ကိုယ်ပိုင်တပ်ဖွဲ့များကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားစဉ် ရန်သူကို များနိုင်သလောက် များများ သတ်ဖြတ်ခြင်းသည် နည်းဗျူဟာဖြစ်သည်။ ဤသည်က ဟော့ရှု့ဟွိုင်ချန်၏ နည်းဗျူဟာစာအုပ်များမှ သူသဘောပေါက် နားလည်ခဲ့သည့် နိယာမလည်းဖြစ်၏။ ဤသည်က သူ နာ့ယိ တော်ဝင်မျိုးရိုး၏ ကျားငါးကောင် စစ်သူကြီးများနှင့် အတူတကွ ရပ်တည်နိုင်ခဲ့သည့် အစစ်အမှန် အကြောင်းအရင်းလည်း ဖြစ်သည်။
“ဟုတ်ကဲ့ပါအရှင်”
သူ့အရာရှိများသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း သူတို့သည် ချက်ချင်း ခေါင်းညိမ့်လိုက်ပြီး ထပ်မပြောတော့ပေ။
***
“အရှင် သူတို့ကဘာလို့ မတိုက်ခိုက်ကြသေးတာလဲ”
တောင်ပေါ်တွင် လူတိုင်းတို့သည် တိဗက်များ၏ ထူးဆန်းသော လှုပ်ရှားမှုများကြောင့် မျက်မှောင်ကျုံ့သွားခဲ့ကြသည်။
တိဗက်များသည် ရန်လိုသောလူများ ဖြစ်ကြသည်။ သူတို့သည် ရန်သူတစ်ယောက်ကို တွေ့သည့်အခါ သူတို့သည် သူတို့နောက် ချက်ချင်း လိုက်ဖမ်းကြလိမ့်မည်ဖြစ်ပြီး ရန်လိုသော ခွေးတစ်ကောင်ကဲ့သို့ လိုက်ဆွဲကြပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါး တိဗက်များ၏ ဤလက္ခဏာကို သိထားကြပေသည်။ သို့သော် တိဗက်များအတွက် သားကောင်က အနီးဆုံးတွင် ရှိနေသည်ကို ဘာမှမလုပ်ရန်မှာ အမှန်ပင် ပုံမှန်မဟုတ်ပေ။
“အရှင် သူတို့က မလာတော့ဘူးလား”
အရာရှိတစ်ယောက် မေးလိုက်ကာ သူက ပျော်သင့်သလား စိတ်ပျက်သင့်သလား မသိတော့ပေ။
“စိတ်အေးအေးထားကြပါ။ သူက စစ်ကူတွေကို စောင့်နေတာပဲ”
ဝမ်ချောင် ပြုံးလိုက်၏။ သင့်ကိုယ်သင်သိပြီး သင့်ရန်သူကိုသိပါက သင်သည်ဘယ်တော့မှ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ သူသည် အမှန်တကယ်တွင် ဘထွန်းလူထက် ဟော့ရှု့ဟွိုင်ချန်၏ ကျားငါးကောင် စစ်သူကြီးများကို ကြီးကြီးမားမား နားလည်ထားခဲ့ပေသည်။ သူ့သားကောင်က သူ့ရှေ့တည့်တည့်တွင် ရှိနေချိန် သူ့အချိန်ကို ဖြုန်းတီးရန်မှာ ပါချီချန်း၏ ဝါသနာမဟုတ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မီးခွေး ပါချီချန်းသည် သူ့ရန်သူများကို လိုက်လံဖမ်းဆီးရန် ပို၍စိတ်အားထက်သန်ခဲ့ပေသည်။ သူ့သွားများသည် ၎င်းတို့၏ အရိုးများကို ကိုက်ခဲလိမ့်မည်ဖြစ်ပြီး သူတို့၏ လည်ချောင်းများကို ကိုက်ဖြတ်ကာ သူ့ရန်သူများ နောက်ဆုံးတစ်ယောက် အသက်ရှုရပ်သွားသည်အထိ ရပ်နားလိမ့်မည် မဟုတ်ပေ။
'မီးခွေးပါချီချန်း ငါမင်းကို နည်းနည်းလေးမှ ပိုတွက်ခဲ့ပုံ မရဘူး။ မင်းက လီကျန်းရီ စစ်တပ်ရဲ့အလယ်ကို ချိုးဖောက်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ မင်းကို ဝူရှန်း နာ့ယိ တော်ဝင်မျိုးရိုးရဲ့ ထိပ်တန်းအဆင့် အဖွဲ့ဝင်တစ်ယောက်လို့ ယူဆလို့ရတယ်။'
ဝမ်ချောင် သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်ကာ အဝေးရှိ ထူးထူးခြားခြား ကြံ့ခိုင်သန်မာသော ထိုပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။
တိဗက်များသည် လောကကြီးကို လွှမ်းမိုးရန် သူတို့၏ ခွန်အားအပေါ် အားကိုးခဲ့ပြီး သူတို့၏ နည်းဗျူဟာများအပေါ် မဟုတ်ခဲ့ပေ။ နည်းဗျူဟာနှင့် ပရိယာယ်များသည် သူတို့၏ ကျွမ်းကျင်မှုနယ်ပယ် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ နာ့ယိတော်ဝင်မျိုးရိုး တစ်ခုလုံးအတွက် တာ့လန်ရော့ကျန်ကဲ့သို့ အစီအမံ ဝန်ကြီးတစ်ယောက် ရှိနေခြင်းက တော်တော်လေး ကျေနပ်စရာ ကောင်းနေပြီဖြစ်သည်။ ထို့ပြင် ပါချီချန်းသည် ဝမ်ချောင်၏ နောက်ဆုံးဘဝတွင် တာ့လန်ရော့ကျန်၏ ချီးကျူးမှုကို ခံခဲ့ရသောကြောင့် သူ့စွမ်းရည်များကို စိတ်ကူးကြည့်နိုင်ပေသည်။
နောက်ပိုင်းတွင် ဝမ်ချောင်သည် နည်းဗျူဟာရှိ သူ့အမြင်များအကြောင်းကိုလည်း ကြားသိခဲ့ရသည်။
ဝူရှန်း၏ စစ်ပွဲအနုပညာသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ မြစ်ဖျားခံခဲ့သော်လည်း ပါချီချန်းသည် တပ်သားများကို ကွပ်ကဲခြင်းအပေါ် သူ့အတွေးများစွာဖြင့် ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ကာ အလယ်ပိုင်း လွင်ပြင်ဒေသ၏ ဟန်စစ်သူကြီး များစွာတို့ကို ရှက်ရွံ့မှုဖြင့် နီရဲသွားစေရန် လုံလောက်ခဲ့သည်ကို ဝန်ခံရပေမည်။ သို့သော် ထိုသည်က အကုန်ဖြစ်၏။
“အရှင် တိဗက်စစ်ကူတွေ ရောက်မလာမီ သူတို့ကို ကျွန်တော်တို့ဘာလို့ မတိုက်ခိုက်ရမှာလဲ”
ရှု့ရှီပင်း၏ အရာရှိများထဲမှ တစ်ယောက်က အကြံပြုလိုက်ကာ သူ့အမူအရာက အလွန်စိုးထိတ်နေခဲ့သည်။
“ဒီလိုမှမဟုတ်ရင် သူတို့က သူတို့ရဲ့စစ်တပ်တွေကို ပူးပေါင်းလိုက်တဲ့အခါ ကျွန်တော်တို့က အန္တရာယ် များသွားလိမ့်မယ်”
“မဟုတ်ဘူး”
ဝမ်ချောင် လက်ဝှေ့ယမ်းလိုက်ကာ ထိုအကြံကို ပယ်ချလိုက်သည်။
“ပါချီချန်းက ငါတို့ကို တောင်ကနေ စွန့်ခွာပြီး သူ့ကို တိုက်ခိုက်စေချင်နေတာပဲ။ တကယ်လို့ အဲ့လို တကယ်ဖြစ်ခဲ့ရင် သူက ငါတို့ကို ချေမှုန်းဖို့ စစ်ကူတွေကို စောင့်စရာတောင် လိုမှာမဟုတ်ဘူး။ ငါတို့ရဲ့တပ်ဖွဲ့ တစ်ခုတည်းက တိဗက်မြင်းစစ်သည် ခြောက်ထောင်ကို အနိုင်ယူဖို့ မလုံလောက်ဘူး”
လူတစ်ယောက်၏ တပ်ဖွဲ့သည် ရန်သူထက် နိမ့်ကျနေခဲ့ပါက လူတစ်ယောက်သည် ပရိယာယ်များမှတဆင့် အောင်ပွဲကို ရှာဖွေရပေမည်။ ရန်သူများကို ထိပ်တိုက် တိုက်ပွဲတွင် တိုက်ခိုက်ခြင်းသည် ယေဘုယျအားဖြင့် အဆိုးဆုံး အစီအစဉ်ဖြစ်သည်။
ဝမ်ချောင်သည် တစ်ခါက ကြီးမားသော မြင်းတပ်ကို ဦးဆောင်ခဲ့ဖူးသောကြောင့် သူသည် မြင်းတပ်က သူတို့၏ အရေအတွက်များ တိုးလာသည်နှင့် ပို၍သာ အားကောင်းလာသည်ကို ကောင်းကောင်း သိထားခဲ့ပေသည်။ ထို့ပြင် ဤသည်က ကိန်းကဏန်း ပြောင်းလဲခြင်း မဟုတ်ခဲ့ပေ။ ထပ်ကိန်း တိုးလာခြင်းဖြစ်သည်။ ဤအခြေအနေတွင် ရောနှောနေသော စစ်သား ရှစ်ထောင် တပ်ဖွဲ့တစ်ခုက ထိုးစစ်ဆင်ခြင်းသည် အရူးသွပ်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။
“အရှင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ဒီဒေသမှာ တိဗက်မြင်းတပ် နှစ်ခုရှိကြတယ်။ ခြောက်ထောင်က ရင်ဆိုင်ဖို့ လုံလုံလောက်လောက် ခက်နေခဲ့ပြီ။ ဒါပေမဲ့ တကယ်လို့ ထပ်ပေါင်းလာတဲ့ ငါးထောင်က ရောက်လာခဲ့ရင် လက်ရွေးစင် မြင်းစစ်သည် တစ်သောင်းကျော်က ကျွန်တော်တို့ကို သေချာပေါက် ပျက်စီးစေလိမ့်မယ်”
စကားပြောနေသည့် အရာရှိသည် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးက စိုးရိမ်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
ဘထွန်းလူ၏ မြင်းစစ်သည် သုံးထောင် တပ်ဖွဲ့သည် သူတို့ကို တောင်ပေါ်တွင် ဟန့်တားထားရန် လုံလောက်ခဲ့သည်။ ယခုအခါ တိဗက်မြင်းစစ်သည် တစ်သောင်းဖြင့် ... လူတိုင်းသည် သူတို့က အုတ်ဂူမရှိဘဲ သေသွားလိမ့်မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
“မလိုဘူး”
ဝမ်ချောင် အေးအေးလူလူ လက်ဝှေ့ယမ်းလိုက်၏။
“ငါ့မှာ အစီအစဉ်ရှိတယ်။ မင်းတို့ လုပ်ဖို့လိုတာက ငါ့အမိန့်တွေကို နားထောင်ဖို့ပဲ။ တပ်မှူးချုပ်ရှု့ တိုက်ပွဲက မကြာခင် စလိမ့်မယ်။ ငါဒီလို စိတ်ဓာတ်ပျက်ပြားစေတဲ့ စကားတွေကို မကြားချင်ဘူး။ တကယ်လို့ ဒီလိုအရာတစ်ခုခုက နောက်တစ်ခါ ဖြစ်လာခဲ့ရင် မင်းဘာလုပ်ရမလဲ သိတယ်မလား”
ဝမ်ချောင် အေးစက်သည့် အကြည့်ဖြင့် ထိုအရာရှိများကို စိုက်ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။
ထိုအရာရှိများ တုန်ရီသွားခဲ့ပြီး သူတို့၏ မျက်လုံးများကို လွှဲလိုက်ကြသည်။
ကရုဏာတရားသည် စစ်သားများကို ကွပ်ကဲရန် အသုံးမဝင်ပေ။ စစ်ပွဲသည် ကစားပွဲတစ်ခု မဟုတ်ပေ။ ကရုဏာတရားနှင့် ဖြန်ဖြေခြင်းတို့အပေါ် မျက်စိစုံမှိတ် အားကိုးခြင်းက လူများကို စည်းလုံးညီညွှတ်စေပြီး ကြောက်ရွံ့စေလိမ့်မည် မဟုတ်ပေ။ ထိုသည်က ကွန်ဖြူရှပ်၏ နိယာမတစ်ခုဖြစ်ပြီး မဟာဗျူဟာ ပညာရှင်တစ်ယောက်၏ နိယာမမဟုတ်ပေ။ လုံလောက်သော ယုံကြည်ချက်၊ ဇွဲလုံ့လနှင့် ရဲဝင့်မှုတို့ မရှိသည့် လူများသည် အရေးကြီးသော အခိုက်အတန့်များတွင် တုန်လှုပ်ချောက်ချားလိမ့်မည်ဖြစ်ပြီး သူတို့ကိုယ်သူတို့သာ ထိခိုက်နစ်နာစေလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့ကွပ်ကဲမှုအောက်ရှိ ထောင်ချီသော စစ်သားများကိုလည်း ထိခိုက်နစ်နာစေပေလိမ့်မည်။
ကွပ်ကဲသူတစ်ယောက်သည် သူတို့၏လက်ထဲတွင် စစ်တပ်၏ အသက်များကို ထိန်းချုပ်ထားကြသည်။ ဤသဘောတရားကို နားမလည်သည့် လူတစ်ယောက်သည် ထိုထိုင်ခုံပေါ် ထိုင်၍မရပေ။
“အရှင် စိတ်ချထားပါ။ သင့်ရဲ့အမိန့်တွေကို တင်းကြပ်စွာ ဆောင်ရွက်လိုက်ပါ့မယ်။ သင့်ရဲ့ငယ်သားက ဘာလုပ်ရမလဲဆိုတာ နားလည်ပါတယ်”
တပ်မှူးချုပ်ရှု့ ခိုင်မာစွာ ပြောလိုက်ကာ ဦးညွှတ်လိုက်သည်။
ဝမ်ချောင် ခေါင်းညိမ့်လိုက်ပြီး ထပ်မပြောတော့ပေ။
ဟန်ရှင်း သူ့တပ်သားများကို ရွေးချယ်သောအခါ ပိုများလေ ပိုကောင်းလေဖြစ်သည်။ တပ်သားတစ်ထောင်နှင့် တပ်သားရှစ်ထောင်ကြား ကွာခြားချက်သည် နေ့နှင့်ညကဲ့သို့ဖြစ်ပြီး မြေမျက်နှာသွင်ပြင်ကို အသုံးချခြင်းနှင့် မြေမျက်နှာသွင်ပြင်ကို အသုံးမချခြင်းကြား ခြားနားမှုကဲ့သို့ ဖြစ်သည်။ ပါချီချန်းသည် ဤသို့ အပေါ်စီးဆန်သော အရှိန်အဟုန်ဖြင့် ရောက်လာခဲ့လျှင်ပင် ဝမ်ချောင်သည် ယခုအခါ တပ်သားရှစ်ထောင်ကို ကွပ်ကဲနေခဲ့ပြီး တပ်ခွဲတစ်ခု၏ အင်အားနီးပါးကို ပိုင်ဆိုင်ထားခဲ့သည်။ တပ်သားတစ်ထောင် ပါဝင်သည့် တပ်ရင်းတစ်ခု ပြသနိုင်သည့် အင်အားသည် တပ်ခွဲတစ်ခု၏ အင်အားနှင့် လုံးဝခြားနားပေသည်။
သူသည် နောက်ထပ် မြင်းစစ်သည် ငါးထောင်ကို ရင်ဆိုင်ရတော့မည် ဆိုလျှင်ပင် ဝမ်ချောင်သည် မကြောက်ရွံ့ခဲ့ပေ။
သူနောက်ဆုံးဘဝတွင် သူသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူများကို ရင်ဆိုင်ရန် စစ်တပ်များကို ဦးဆောင်ခဲ့ပေသည်။ သူသည် မပြောပါ့လောက်သော ပါချီချန်းကို မည်သို့ ကြောက်ရွံ့မည်နည်း။
***
ဝုန်း
အချိန်ကုန်ဆုံးသွားခဲ့ပြီး တိဗက်စစ်ကူသည် မျှော်လင့်ထားခဲ့သည်ထက် မြန်မြန်ဆန်ဆန် ရောက်လာခဲ့သည်။
နှစ်နာရီပင် မကြာမီ ဖုန်မှုန့်တိမ်တိုက်ကြီးတစ်ခု အရှေ့ဘက်မှ မြင့်တက်လာခဲ့သည်။ မြင်းစစ်သည် ထောင်ချီပါဝင်သော စစ်တပ်တစ်ခုသည် ကြီးမားသော အရှိန်အဟုန် တစ်ခုဖြင့် ချဉ်းကပ်လာနေခဲ့ကာ တိဗက်စစ်အလံများပေါ်ရှိ ရေးထိုးထားသော အနက်ရောင်ရှေးဟောင်း သားရဲများသည် ထန်စစ်သားများကို အကြောက်တရားများ ဖြစ်ပေါ်စေသည်။
************
အခန်း(၅၁၀)