ပင်ကိုစွမ်းရည် အုပ်စု
Vol. 14 Ch. 183
အခန်း (၁၈၃) : ပင်ကိုစွမ်းရည် အုပ်စု
ဧကရာဇ်မျိုးရိုး၏ ခန္ဓာကိုယ်ထဲတွင် ဧကရာဇ်တစ်ပါး၏ တိုက်ရိုက်သွေးမျိုးဆက် စီးဆင်းနေသည့်အတွက် သူတို့က ဆွေကြီးမျိုးကြီး သွေးမျိုးဆက်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ကျင့်ကြံသည့်အခါ လွန်ကဲစွာ အရည်အချင်းရှိရုံသာမက သူတို့၏ သွေးမျိုးဆက်မှလည်း သူတို့ကို စိတ်ကူးမယဉ်နိုင်လောက်သည့် စွမ်းအားများဖြင့် ထောက်ပံ့ပေးထားသည်။
အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် မွေးဖွားခဲ့သော ဧကရာဇ်မျိုးရိုးအနည်းငယ် ရှိခဲ့ပြီး သူတို့ထဲမှ အများစုက သူတို့မိဘများ၏ ခြေရာကို နင်းနိုင်ပြီး တာအိုကိုလည်း သက်သေပြနိုင်ခဲ့ကြသည်။ သူတို့ခေတ်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အနည်းငယ်သာ ကျရှုံးခဲ့ကြသည်။
သို့သော် ယနေ့ ထိုအုပ်စု ရရှိသည့် ထိတ်လန့်စရာသတင်းက မပြီးဆုံးနိုင်တော့ပေ။
“ နောက်ထပ် ဘာရှိသေးလို့လဲ”
ဝမ်ထျန်းက သူ့သားကို ပြောလိုက်သည်။
“ ဒီမျိုးဆက်မှာ ထွက်ပေါ်လာတဲ့ ဧကရာဇ်မျိုးရိုးက သူတစ်ယောက်တည်းတောင် မဟုတ်ဘူး။ ငါတို့ ရထားတဲ့ သတင်းအရဆိုရင် ရွှေကျီးမျိုးနွယ်ကလည်း အခုမျိုးဆက်မှာ မွေးတဲ့ ခြေသုံးချောင်းရွှေကျီးတစ်ကောင် ရှိတယ်လို့ ပြောတယ်”
“ နေပါဦး … အဖေ အဲဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူးနော်။ အဲဒီတခြားဧကရာဇ်မျိုးရိုးက ဘယ်ကနေ ရောက်လာတာလဲ”
နည်းလမ်းတကျ ပြောရမယ်ဆိုလျှင် မျိုးဆက်တစ်ခုစီတိုင်းတွင် မဟာဧကရာဇ် တစ်ယောက်တည်းသာ ရှိသည့်အတွက် ဧကရာဇ်အနေဖြင့် အမွှာနှစ်ယောက် မမွေးလျှင် ဧကရာဇ်မျိုးရိုးက တစ်ယောက်တည်းသာ ရှိနိုင်သည်။
“ အဲဒီ ခြေသုံးချောင်း ရွှေကျီးက ဧကရာဇ် အစစ်အမှန်မီးလျှံရဲ့ ကလေးပဲ။ ဒါပေမဲ့ သူမက ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ကျရှုံးခဲ့တယ်။ ဒါပေမဲ့ သူမက အချိန်တွေအကြာကြီး သွေးကျောက်တုံးတွေထဲမှာ အိပ်ပြီးတော့ အခုမျိုးဆက်ရောက်မှ ပြန်နိုးလာတာ”
“ ဒါပေမဲ့ အခု သူမက ထိပ်သီး အထွတ်အထိပ် နယ်ပယ်အဆင့်ကို ရောက်နှင့်နေပြီးတော့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို စောင့်နေတာမလို့ သူမ ပြန်လည်ကျင့်ကြံဖို့ မဆုံးဖြတ်ခင်အထိ မင်း စိတ်ပူဖို့ မလိုဘူး”
အဖေ ဖြစ်သူက ထိုကောင်းကင်ရွေးချယ်ခံ၏ လိင်အမျိုးအစားကို သိစေရန် “သူမ” ဟု သုံးနှုန်းလိုက်သည်ကို ဝမ်ဝေ့ သတိထားမိသော်လည်း သံသယများ ရှိနေသေးသည့်အတွက် မေးမြန်းလိုက်သည်
“ သူမက ပြဿနာတစ်ခု ဖြစ်မလာနိုင်ဘူးဆိုတာကို အဖေ ဘယ်လိုလုပ်ပြီးတော့ သိလဲ”
ဝမ်ထျန်းက သူ့သား အမြဲတမ်း လုပ်ခဲ့သလို စစ်ဆေးမေးမြန်းနေသည့်အတွက် ကျေနပ်စွာဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
“ သူမ နိုးထလာပြီးတဲ့နောက် ဧကရာဇ်မျိုးနွယ်တွေက သတင်းရလာကြတယ်။ အဲဒါကြောင့် ငါတို့ အားလုံး စုပေါင်းပြီးတော့ ရွှေကျီးအပေါ် ဖိအားပေးလိုက်ကြတယ်။ သူမအနေနဲ့ လူငယ်မျိုးဆက်ရဲ့ တိုးတက်မှုမှာ ဘယ်လိုပုံစံအနေနဲ့မှ ဝင်မပါသင့်တဲ့အကြောင်း သဘောတူထားခဲ့တယ်။ မဟုတ်ရင် ငါတို့က သူတို့ရဲ့မျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ဖို့ တွေဝေနေမှာ မဟုတ်ဘူးလို့ ပြောထားခဲ့တယ်”
ဧကရာဇ်မျိုးနွယ်များ ထိုကဲ့သို့ လုပ်ရသည့် အကြောင်းအရင်းကို ဝမ်ဝေ့ ခန့်မှန်းနိုင်သည်။ စွမ်းအားကြီးပြီး လွန်ကဲတဲ့ အရည်အချင်းတွေ ရှိကြသော ကောင်းကင်ရွေးချယ်ခံများ မွေးဖွားသည့် ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒကို အနိုင်ရရန် အခွင့်အရေး ရှိကြသည်ဟု လူအများက ယုံကြည်ကြသည်။
သို့သော် ဤခြေသုံးချောင်း ရွှေကျီး ထွက်ပေါ်လာခြင်းက ဤမျိုးဆက်၏ တိုးတက်နေဆဲဖြစ်သော ကောင်းကင်ရွေးချယ်ခံများအပေါ် ကောင်းကျိုးရမည့် အခွင့်အရေး ရရှိနိုင်သည့် အခွင့်အလမ်းကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
ထို့ကြောင့် သူတို့အားလုံး စုပေါင်းကာ အစပျိုးနေသည့် အန္တရာယ်ကို ဖြတ်တောက်လိုက်ကြသည်။
သို့သော် ယန်မျိုးနွယ်အနေဖြင့် သူတို့၏ ဧကရာဇ်မျိုးဆက်က တခြားသူများနှင့် မတူသောသူမျိုး၊ သူ့ထက် ပိုမိုစွမ်းအားကြီးကာ ပိုမိုအတွေ့အကြုံရှိသောသူကို ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် ခံစားချက် သိပ်ကောင်းမည် မဟုတ်ကြောင်း ဝမ်ဝေ့ ခန့်မှန်းမိသည်။
ယခု အများဆုံး နာကျင်ခံစားနေရသည့် သူများက သမ္မာဓိအစစ်အမှန် မီးလျှံဂိုဏ်းမှ လူများ ဖြစ်သည်။ ကမ္ဘာစင်မြင့်ပေါ်တွင် သူတို့ကို ကိုယ်စားပြုမည့် ကောင်းကင်ရွေးချယ်ခံ မရှိပါက သူတို့၏ အခြေအနေသည် ပိုပြီး ခံရသည့်ဘက်သို့ ရောက်ရှိကာ တခြားဂိုဏ်းနှစ်ခုကြားတွင် ညပ်နေမည် ဖြစ်သည်။
နေမင်း၏ သဘာဝဖြစ်စဉ်ကို ကြည့်ရှုပြီးနောက် ဝမ်ဝေ့တို့အဖွဲ့က သူတို့၏ ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ရန် အခန်းသို့ ပြန်လာသည်။ ထို့နောက် ဝမ်ဝေ့က သူတို့ ဘာစွမ်းရည်များ လက်ခံရရှိခဲ့ကြောင်း မေးမြန်းလိုက်သည်။
လီကျွင်းက ဖြစ်ထွန်းစွမ်းရည်နှင့် တားမြစ်စွမ်းရည်ဆိုသည့် စွမ်းရည်နှစ်ခုကို လက်ခံရရှိခဲ့သည့်အတွက် ဝမ်ဝေ့ပင် အံ့ဩမှင်သက်သွားမိသည်။ သို့သော် တားမြစ်စွမ်းရည်အကြောင်းကို ကြားပြီးနောက် သူ သက်ပြင်းချကာ ပြောလိုက်သည်
“ မင်း အဲဒီစွမ်းရည်ကို အသုံးပြုရမဲ့နေ့ ဘယ်တော့မှ ရောက်မလာဖို့ မျှော်လင့်ရမှာပဲ”
ထို့နောက် ဝမ်ဝေ့က နောက်ထပ် ရှင်းပြနေသည့် ယန်းလီလင်းကို ကြည့်လိုက်သည်။
“ ကျွန်မရဲ့ စွမ်းရည်က ဆေးပေါင်းစပ်ခြင်းလို့ခေါ်တဲ့ ထူးခြားတဲ့ စွမ်းရည်ပဲ။ အဲဒီစွမ်းရည်ကြောင့် ဆေးလုံးရဲ့ လုပ်ဆောင်ချက်ကို ဆုံးဖြတ်လိုက်တာနဲ့ ဘယ်လိုဆေးလုံး စပ်နည်းကိုမဆို ဖန်တီးနိုင်တယ်”
“ ဘာကို ဆိုလိုချင်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ ထိုကဲ့သို့ မေးလိုက်ခြင်းကလည်း သူမ ပြောလိုက်သော စကားများကို နားမလည်သောကြောင့် မဟုတ်ဘဲ ယခုကဲ့သို့ ကောင်းကင်သွေဖယ်နေသည့် စွမ်းရည်များ တည်ရှိနေသည့်အပြင် ထိုစွမ်းရည်က ထူးကဲစွမ်းရည်တစ်ခု ဖြစ်နေသည်ကို မယုံနိုင်ခြင်း ဖြစ်သည်။
ယန်းလီလင်းက သူမ၏ စကားလုံးများကို စုစည်းကာ ပြောလိုက်သည်
“ ဥပမာ ကျွန်မက မူလအဆီအနှစ်ကို တိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးအသစ်တစ်ခု ဖန်တီးချင်တယ်ပဲ ထားပါတော့။ ကျွန်မ လုပ်ရမှာက ကျွန်မရဲ့ စွမ်းရည်ကို အသက်သွင်းလိုက်ရုံပဲ။ ဒါဆိုရင် ဆေးလုံး လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ၊ အချိုးအစားတွေနဲ့ အက္ခရာစာတွေက ကျွန်မရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာလိမ့်မယ်”
“ အဲဒါက နည်းနည်းတော့ ကောင်းကင်သွေဖယ်နေသလားလို့” ထျဲ့ကန်က ရုတ်တရက် မေးလိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ သိထားခဲ့သော ဗဟုသုတအနည်းငယ်ဖြင့် စဉ်းစားကြည့်လျှင်ပင် ထိုအရာက ထိတ်လန့်စရာကောင်းလှသည်။
ယန်းလီလင်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ရှင် ပြောတာမှန်တယ်။ ကျွန်မ ဖန်တီးမဲ့ ဆေးလုံးအားလုံးက ကျွန်မရဲ့ ဗဟုသုတအပေါ်မှာ အခြေခံထားတယ်။ အဲဒါကြောင့် ကျွန်မမှာ ဗဟုသုတ မရှိရင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဥပမာအနေနဲ့ ကျွန်မက ထာဝရအသက်ရှင်ခြင်းကို ထောက်ပံ့ပေးမဲ့ ဆေးလုံးတစ်လုံး ဖန်တီးချင်တယ်ဆိုရင် အဲဒီအရာက ကျွန်မ နားလည်နိုင်တာထက် ကျော်လွန်နေတဲ့အတွက် ကျွန်မရဲ့ စွမ်းရည်က အလကားပဲ”
ထိုကန့်သတ်ချက် ပါဝင်နေသည့်အတွက် ပိုပြီး အဓိပ္ပာယ်ရှိသွားသည့်အတွက် ဝမ်ဝေ့ ခေါင်းညိတ်ပြလိုက်သော်လည်း ထပ်ပြောလိုက်သည်
“ မင်းရဲ့ စွမ်းရည်က အဲလောက်ထိ မရိုးရှင်းဘူး။ တစ်ခုခုက မင်းသိထားတာထက် ကျော်လွန်နေမယ်ဆိုရင်တောင် ဒီစွမ်းရည်က နည်းလမ်းအမှန်အတိုင်း လုပ်ဖို့ မင်းကို လမ်းပြပေးလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်။ အဲဒါ ဟုတ်တယ်မလား”
ဝမ်ဝေ့၏ စကားလုံးများကြောင့် ယန်းလီလင်းက အနည်းငယ် အံ့ဩသွားကာ ပြောလိုက်သည်
“ အစ်ကိုကြီးက ဒီလောက်မြန်မြန်နဲ့ ဒီအကြောင်းကို သိသွားတာ အရမ်းတော်တာပဲ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ထိပ်သီးအဆင့် မြေကမ္ဘာအဆင့်ဆေးလုံးကို လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးနေခဲ့တာလေ။ ဒါပေမဲ့ စွမ်းရည်ကို အသုံးပြုကြည့်လိုက်တော့ ကျွန်မ ကျရှုံးနေရတဲ့ အကြောင်းအရင်းကို ရှာနိုင်ဖို့အတွက် ဆန်းကြယ်တဲ့ အဖြေကို ရုတ်တရက် ခံစားလိုက်ရတယ်။
ပြီးတော့ ကျွန်မ ထင်တာကတော့ ဒီစွမ်းရည်က ဆေးပညာနဲ့ ပတ်သက်လာရင် ကျွန်မ ကျွမ်းကျင်တဲ့အပိုင်း မဟုတ်ခဲ့ရင်တော့ ကျွန်မရင်ဆိုင်နေရတဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းဖို့ လမ်းပြပေးနိုင်တယ်လို့ ထင်တယ်”
ဝမ်ဝေ့က အနည်းငယ် အားကျသော ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ဆေးပညာစွမ်းရည်က အင်မတန် မြင့်မားသော်လည်း ယန်းလီလင်း၏ ပင်ကိုစွမ်းရည်နှင့် နှိုင်းယှဉ်လို့ မရပေ။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူက အစီအရင်နှင့် သန့်စင်ခြင်းအပေါ်သာ ပိုပြီး အာရုံစိုက်နေခဲ့ကာ ဆေးပညာအပေါ် အရမ်းအာရုံစိုက်ခဲ့ခြင်း မရှိသည့်အတွက် အထူးသဖြင့် ယန်းလီလင်း အဖွဲ့ထဲသို့ ရောက်ရှိလာချိန်မှစပြီး သူမက ဆေးပညာရှင်ရာထူးကို ယူခဲ့သည်။
ဝမ်ဝေ့ အားကျမိသော်လည်း အချိန်ခဏသာ ကြာလိုက်သည်။ သူ့ကိုယ်သူ ဆေးပညာရှင်ဟု မသတ်မှတ်ထားသည့်အတွက် သူ တကယ် ဂရုမစိုက်ပေ။ ထိုအရာများကို သူ လေ့လာခဲ့ရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းက အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
တစ်နေ့ သူ့အသက်ကို ကယ်တင်ရန် ဤဗဟုသုတကို လိုအပ်ခဲ့ပါက သူ အဆင်သင့်ဖြစ်နေစေရန်အတွက် ဖြစ်သည်။
ယန်းလီလင်း၏ စွမ်းရည်အကြောင်း မေးမြန်းပြီးနောက် ထျဲ့ကန်၏ အလှည့်သို့ ရောက်ရှိလာသည့်အတွက် သူ ပြောလိုက်သည်
“ ကျုပ်ရဲ့ စွမ်းရည်က အသက်မျှဝေခြင်းလို့ ခေါ်တဲ့ ဖြစ်ထွန်းစွမ်းရည်တစ်ခုပဲ။ အဲဒီစွမ်းရည်က ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေရဲ့ ရှင်သန်မှုကို မျှဝေလို့ ရစေတယ်။ လူတွေများလေလေ ပိုပြီးများတဲ့ ရှင်သန်မှုတွေကို ဝေမျှလို့ ရလေလေပဲ။ မကောင်းတာတစ်ခုကတော့ ဒီစွမ်းရည်က ရင်ဆိုင်တိုက်ခိုက်ရတဲ့ တိုက်ပွဲမှာဆို အလကားပဲ။ ဘာလို့လဲဆိုတာ ကျုပ်နဲ့ ရှင်သန်မှုကို မျှဝေမဲ့သူက ကျုပ်ထက် နယ်ပယ်အဆင့်တစ်ဆင့် ပိုပြီး နိမ့်ရမယ် ပြီးတော့ လက်ရှိ ရှိနေရမယ်တဲ့”
သို့သော် ထိုစွမ်းရည်အကြောင်း ကြားပြီးနောက် ဝမ်ဝေ့၏ အကြည့်တို့ တောက်ပသွားကာ
“ ခင်ဗျားက ဒီစွမ်းရည်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စစ်တပ်များကို လေ့ကျင့်ပေးခြင်းဆိုတဲ့ အရာကို သတိမထားမိဘဲ ဖြစ်နေပြီ။ အချင်းချင်း ရှင်သန်မှုတွေ ဆက်စပ်နေတဲ့ စစ်တပ်ကြီးတစ်ခု ဖန်တီးနိုင်တယ်လို့ စဉ်းစားကြည့်လိုက် … အဲဒီစစ်သားတွေက ထာဝရရှင်သန်သူတွေ ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ စစ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားပြီဆိုရင် သူတို့က စစ်တပ်တစ်ခုလုံးရဲ့ ရှင်သန်မှုကို စုပ်ယူပြီး သူတို့ကိုယ်သူတို့ ကုစားနိုင်တယ်။ တစ်စုံတစ်ယောက်က စစ်သားတွေကို သတ်ဖို့အတွက် စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုတွေကို မသုံးမချင်း သူတို့က မသေနိုင်တဲ့ ပိုးဟပ်လိုတွေ ဖြစ်လာကြမှာ”
ထိုစကားကို ကြားပြီးနောက် ထျဲ့ကန်၏ အကြည့်တို့လည်း လင်းလက်တောက်ပလာသည်။ မူလက ပြင်းထန်သော ကန့်သတ်ချက်များကြောင့် သူ၏ မူလစွမ်းရည်ကို မကောင်းဘူးဟု ထင်ခဲ့သော်လည်း အစစ်အမှန် လုပ်ဆောင်ချက်ကို သူ သတိမထားမိခဲ့ပုံပေါ်သည်။
ထိုစွမ်းရည်က တိုက်ပွဲတစ်ခုကြောင့် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ စွမ်းအားကြီးစစ်တပ်ကို ပျိုးထောင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ဝမ်ဝေ့၏ စစ်သူကြီးများထဲမှ တစ်ယောက်အဖြစ် ရွေးချယ်ခံရသည့် အကြောင်းအရင်းက အဆင့်နိမ့် နယ်ပယ်အဆင့်ထဲတွင် သူ ပြသခဲ့သော ဩဇာအာဏာကြောင့် ဖြစ်သည်ကို ထျဲ့ကန် သိသည်။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထျဲ့ကန်က သူ့အလုပ်သူ ကောင်းကောင်း မလုပ်နိုင်ဘဲ သူ၏ ဩဇာအာဏာက အဆင့်နိမ့် နယ်ပယ်အဆင့်မှာသာ အလုပ်ဖြစ်သည်ဟု ထင်ထားသည့်အတွက် စိုးရိမ်နေခဲ့သည်။
သို့သော် ထိုပင်ကိုစွမ်းရည် ရှိနေလျှင် ဝမ်ဝေ့၏ ရန်သူအားလုံး ကြောက်ရွံ့သွားမည့် အလောင်းကောင် စစ်တပ်ကို ဖန်တီးရန် မခဲယဉ်းတော့ပေ။
ထို့နောက် ထျဲ့ကန်က သံမဏိလက်သီးတိုင်းပြည်တွင် သူ့စစ်တပ်ကို ဘယ်လိုလေ့ကျင့်ပေးခဲ့ကြောင်း ရုတ်တရက် မှတ်မိသွားသည်။ သူက စစ်ပွဲ၊ သေဆုံးခြင်းနှင့် သွေး စသည့် အကြောက်တရားများကို စစ်သားများအားလုံးနှင့် တိုင်းသူပြည်သားများ၏ နှလုံးသားထဲသို့ ထည့်သွင်းထားခဲ့သည်။
ယခု သူ ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်သည်က တူညီသော အကြောက်တရားကို ပြန်လည်ဖန်တီးရန်အတွက် ဖြစ်သည်။ ဤစွမ်းရည်ဖြင့်ဆိုလျှင် ပိုမိုသာလွန်သည့်အရာများကို လုပ်နိုင်ပြီး စစ်သားများထဲရှိ သေဆုံးခြင်းအတွက် အကြောက်တရားကို လုံးဝ ဖယ်ရှားပေးနိုင်လောက်သည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ထျဲ့ကန်၏ ခန္ဓာကိုယ်မှ လွန်ကဲသော ယုံကြည်မှုများ ထွက်ပေါ်လာသည်။ ထို့နောက် လီကျွင်းကို ရန်စသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးမှ အကြည့်ကို လွှဲလိုက်သည်။
ထိုလူ ဘာတွေစဉ်းစားနေလဲဆိုတာကို သူ ခန့်မှန်းမိသည့်အတွက် လီကျွင်း ပြုံးရုံသာ ပြုံးလိုက်မိသည်။ ထို့အပြင် သူ့အစ်ကိုကြီးက ဤနည်းလမ်းကို အသုံးပြုကာ ထျဲ့ကန်ကို တိတ်တဆိတ် သတ္တိရှိစေပြီး သူ့ကို စစ်ဆေးမှုတွင် စိန်ခေါ်ရဲခဲ့သည့် သံမဏိလက်သီးဘုရင်၏ ယုံကြည်မှုကို ပြန်လည်ခေါ်ဆောင်ပေးခြင်း ဖြစ်သည်။
ဝမ်ဝေ့တို့ အဖွဲ့ နာရီအနည်းငယ်ကြာ ဆွေးနွေးပြောဆိုပြီးနောက် လုပ်စရာရှိသည်များကို လုပ်ရန် ထွက်သွားကြသည်။
ဝမ်ဝေ့က စာကြည့်တိုက်သို့ သွားလိုက်ပြီး “ သက်တံလွတ်မြောက်ရေး နည်းစနစ်” ဟူသော စာအုပ်ငယ်လေးကို ထုတ်ယူလိုက်သည်။ ထိုအရာက သူ နောက်ထပ်တစ်နှစ်အကြာတွင် ဟန်လီနှင့် မတိုက်ခိုက်ခင် လုပ်ဆောင်ဖို့ လိုအပ်သည့် နောက်ဆုံးပြင်ဆင်မှုတစ်ခု ဖြစ်သည်။