ဂိုဏ်းတွင်းတိုက်ပွဲ
Vol. 14 Ch. 185
အခန်း (၁၈၅) : ဂိုဏ်းတွင်းတိုက်ပွဲ
ဟန်လီ၏ မူလအစီအစဉ်က ဝမ်ဝေ့နှင့် ဂိုဏ်းက သူ့ဂုဏ်သိက္ခာကို ပျက်စီးအောင် လုပ်ခဲ့သည့်အကြောင်း ပြောပြလိုက်မည်။ ထို့နောက် သူနှင့် သူ့ဆရာက စွမ်းအားကို တိုးမြှင့်ရန်အတွက် လူထု၏ အမြင်ကို အားသာချက်အဖြစ် အသုံးပြုနိုင်လိမ့်မည်။
ကံမကောင်းစွာဖြင့် ဝမ်ဝေ့က ယခုလိုမျိုး ထုတ်ဖော်ခံရခြင်းကို လုံးဝ ဂရုမစိုက်ရုံသာမက သူ့ကိုပင် ငြီးတွားနေသည်ဟု ပြောသွားခဲ့သေးသည်။ ထို့ကြောင့် သူက ဒေါသထွက်ပြီး ဆရာဖြစ်သူ၏ မူလအစီအစဉ်ကို လျစ်လျူရှုကာ သူ့ကိုယ်သူ သက်သေပြဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူက စွမ်းအား အားလုံးကို စုစည်းလိုက်သည်။ ကောင်းကင်ရှိ တိမ်တိုက်များက ရုတ်တရက် စုစည်းလာကာ နေရာတစ်ခုလုံးကို မှောင်မဲသွားစေသည်။ တပည့်များက ဟန်လီ၏ စွမ်းအားကို အံ့ဩချီးမွမ်းနေကြသည်။
ထိုအချိန်တွင် မဟာအကြီးအကဲလုံပေါ်၏ မျက်နှာက အတော်လေး မသာမယာ ဖြစ်နေသည်။ ဝမ်ဝေ့က သူ့ တပည့် ဘာမှမပြောနိုင်စေရန် ရန်စလိုက်သည်ကို ထိုငတုံးလေးကလည်း အလွယ်တကူ ယုံကြည်သွားကြောင်း သူ ကောင်းကောင်းမြင်နေရသည်။
မူလအစီအစဉ်အတိုင်း လိုက်လုပ်ခဲ့ပါက သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးလို့ ရသွားနိုင်သေးသည်။ တကယ်တော့ သူတို့ဂိုဏ်းမှ တခြားသူ၏ အကျိုးအမြတ်အတွက် သူတို့၏ သဘောတူညီချက် မရှိဘဲ သူတို့ကို စတေးခဲ့ကြောင်း ဘယ်တပည့်မှ သိချင်မည် မဟုတ်ပေ။
မျိုးနွယ် အင်အားစုများအနေဖြင့် အခြေအနေကို ထိန်းချုပ်ပြီး ဝမ်ဝေ့၏ ပုံရိပ်ကို ပြောင်းပြန်လှန်လိုက်လျှင် တပည့်များ၏ စိတ်နှလုံးသားထဲတွင် သံသယကို အစပျိုးပေးနိုင်သေးသည်။
သို့သော် ယခု အရာအားလုံး ပြီးဆုံးသွားလေပြီ။
ထိုအချိန်တွင် ဝမ်ဝေ့က စိတ်တိုနေသော ဟန်လီကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်းရဲ့ ကျင့်ကြံဆင့်ကို ငါနဲ့တူအောင် စည်းပိတ်လိုက်မယ်ဆိုတဲ့ ရူးကြောင်ကြောင် စကားတွေ ပြောမယ်လို့ ထင်ထားတာ”
ဟန်လီက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်
“ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်မယ်ဆိုရင်တောင် ခွန်အားအကုန်လုံးကို အသုံးပြုဖို့ လိုအပ်သေးတယ်ဆိုတဲ့ နည်းလမ်းကို ငါ သင်ယူခဲ့တာ”
“ အင်း အခုက ဘယ်သူက ခြင်္သေ့လဲ၊ ဘယ်သူက ယုန်လဲဆိုတာတောင် မဆုံးဖြတ်ရသေးဘူးပဲ” ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက် ဝမ်ဝေ့က လက်ကို အကြောဆန့်လိုက်သည့်အခါ အရိုးမြည်သံများ ထွက်ပေါ်လာသည်။ ထိုအသံများက နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သခင်လေး၏ ခန္ဓာကိုယ်သပ်သပ်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို တပည့်အားလုံးက သိချင်နေကြသည်။
ဝမ်ဝေ့က အများကြီး စဉ်းစားမနေတော့ဘဲ အားပြင်းပြင်း လက်သီးတစ်ချက်ဖြင့် ပစ်ခွင်းလိုက်သည်။
ဝုန်း…
အရှိန်အဟုန်ဖြင့် သွားသော လက်သီး၏ လမ်းကြောင်းတစ်လျှောက်တွင် လေထုပေါက်ကွဲမှုတို့ လိုက်ပါလာသည်။ ထို့နောက် ပြင်းထန်သော အားတစ်ခုက လေထဲမှ တစ်ဆင့် ဟန်လီဆီ အရှိန်ဖြင့် သွားနေသည်။
ဟန်လီ၏ ဘေးပတ်လည်တွင် ရုတ်တရက်ဆိုသလို အဝါရောင်မိုးကြိုး ထွက်ပေါ်လာပြီး သူလည်း အားပြင်းပြင်း လက်သီးတစ်ချက်ဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။
ဝုန်း…
တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံသွားသည့်အခါ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားပြီး ဟန်လီလည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။
ဝမ်ဝေ့က ဟန်လီ၏ ခန္ဓာကိုယ်ခွန်အားကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း ထိုကဲ့သို့ ဖြစ်ရခြင်း အကြောင်းအရင်းကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားသည်။
ထို့ကြောင့် သူက ပြိုင်ဘက်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် တည့်တည့်သွားလိုက်သည်။ သို့သော် ဟန်လီက သူ၏ခန္ဓာကိုယ်သည် ဝမ်ဝေ့လောက် စွမ်းအားမကြီးသည်ကို သိသည့်အတွက် ဉာဏ်ကောင်းစွာဖြင့် ဝမ်ဝေ့နှင့် ထိပ်တိုက် တိုက်ခိုက်ရန် ရှောင်ရှားနေသည်။
သူ လက်သီးဖြင့် ထိုးနှက်လိုက်သည့်အခါ ဧရာမမိုးကြိုး လက်သီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဝမ်ဝေ့ဆီ တည့်တည့်ပြေးလာသည်။
သို့သော် ဝမ်ဝေ့က ပင်ကိုစက်ကွင်းကို ကျယ်ပြန့်စေကာ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီးနောက် ဟန်လီကို အားပြင်းပြင်း လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်ပြန်သည်။
ဝုန်း…
ထိုနေရာတွင် နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီး ကံမကောင်းစွာဖြင့် ပြိုင်ဘက်က သူ့တိုက်ခိုက်မှုကို အလွယ်လေး ရှောင်လွှဲလိုက်နိုင်သည့်အတွက် ဝမ်ဝေ့ ဘယ်အရာကိုမှ တိုက်မိအောင် မလုပ်လိုက်နိုင်ပေ။ ထို့ကြောင့် “လေကပ်ဘေး” ဟု အော်ကာ နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
မရေတွက်နိုင်သော အနက်ရောင် လေဓားသွားများ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ အရာအားလုံးနှင့် လူအားလုံးကို မရေတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်ချင်နေပုံပေါ်သည်။
ထိုအရာကို မြင်ပြီးနောက် ဟန်လီ၏ မျက်နှာက မသာမယာဖြစ်လာပြီး သူ့ကို ကာကွယ်ဖို့ မိုးကြိုးစက်ဝန်း ထွက်ပေါ်လာစေရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့ကြောင့် လေဓားသွားများ သူ့ကို ဖြတ်တောက်ခြင်းမှ ကာကွယ်လိုက်နိုင်သည်။
သို့သော် သူ ဘာမှမတုံ့ပြန်နိုင်သေးခင် ပြိုင်ဘက်မှ “ မီးတောက်ကပ်ဘေး” ဟု အော်သံကို ကြားလိုက်ရပြီးနောက် တိုက်ပွဲနေရာတွင် ထိတ်လန့်စရာကောင်းသော အနက်ရောင် မီးတောက်များ လွှမ်းခြုံသွားကာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေပုံပေါ်သည်။
ဟန်လီ၏ မိုးကြိုးဒိုင်းကာ ပျက်စီးသွားသည့်အတွက် အနက်ရောင် မီးတောက်က သူဆီသို့ ရောက်ရှိလာသည်။
မျှော်လင့်ချက် ကုန်ဆုံးနေသော နောက်ဆုံးအပြုအမူအနေဖြင့် ဟန်လီက လက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်တွင် စွမ်းအားကြီး မိုးကြိုးတစ်ခု ထွက်ပေါ်လာကာ ဧရာမမိုးကြိုးအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ကာကွယ်ပေးထားသည်။
ကံမကောင်းစွာဖြင့် အနက်ရောင် မီးတောက်က သူ့ကို လာထိပြီး လက်မောင်းများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ မီးလောင်ကျွမ်းသွားခဲ့သည်။ သို့သော် မိုးကြိုးမှာ ကုစားနိုင်စွမ်း ရှိနေခဲ့ပုံ ပေါ်သည့်အတွက် သူ၏ ဒဏ်ရာများကလည်း အပေါ်ယံသာ ဖြစ်သည်။
ဝမ်ဝေ့က လှုပ်ရှားမှုအသစ်၏ စွမ်းအားကို စစ်ဆေးရန် အချိန်ခဏယူလိုက်သည်။ သူ၏ အရိုးများကို မဟာပြီးပြည့်စုံသော အခြေအနေသို့ ရောက်အောင်အထိ ကြံ့ခိုင်အောင် လုပ်ပြီးနောက် ယခု ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းထဲတွင် ပါဝင်သော မီးတောက်ကပ်ဘေးကို အသုံးပြုနိုင်သွားသည်။
ထိတ်လန့်စရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်နေစဉ် ပရိသတ်ထဲရှိ တပည့်များအားလုံးက အံ့ဩထိတ်လန့်သော အကြည့်များဖြင့် ကြည့်နေကြသည်။ ထိုတိုက်ခိုက်မှုများကို ဟန့်တားပေးသည့် စွမ်းအားကြီး အစီအရင်များသာ မရှိပါက ထိုတိုက်ခိုက်မှုများကြောင့် သူတို့ သေသွားနိုင်သည်။
ဟန်လီက မိုးကြိုးဧရာမချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မသာမယာဖြင့် ဝမ်ဝေ့ကို စိုက်ကြည့်လိုက်သည်။ သူသာ လျှို့ဝှက်ကတ်ကို တတ်နိုင်သမျှ မြန်မြန် အကုန်ထုတ်မသုံးပါက ဤတိုက်ပွဲကို ရှုံးရုံသာမက ပြိုင်ဘက်ကိုပါ ဒဏ်ရာရအောင် လုပ်နိုင်တော့မည် မဟုတ်ပေ။
ထို့နောက် ဟန်လီ ဝတ်ထားသော မိုးကြိုးချပ်ဝတ်တန်ဆာ ကျုံ့ဝင်သွားကာ သူ့ခန္ဓာကိုယ်၏ ဘေးပတ်လည်ရှိ မိုးကြိုးက အဝါရောင်မှ အပြာရောင်သို့ ပြောင်းလဲသွားသည်။ ဟန်လီ၏ ဘေးပတ်လည်ရှိ မိုးကြိုးတစ်ခုတည်းသာ အပြာရောင်သို့ ပြောင်းသွားခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားပြီး မိုးကြိုးလူသား တစ်ယောက် ဖြစ်သွားသည်။
ဟန်လီက ရန်သူကို အပြစ်ပေးရန်အတွက် မိုးမြေ၏ ကောင်းကင်အပြစ်ဒဏ်ကို ငှားယူလို့ရမည့် သဘာဝလွန် နယ်ပယ်အဆင့်၏ ပင်ကိုစွမ်းရည်ကို အသုံးပြုချင်နေသည်။
သို့သော် မတိုက်ခိုက်ခင်အချိန်တုန်းက သူသာ ဤနည်းလမ်းကို အသုံးပြုမည်ဆိုပါက ဝမ်ဝေ့က ကောင်းကင်အပြစ်ဒဏ်ကို အသုံးပြုကာ သူ၏ ခန္ဓာကို ကြံ့ခိုင်အောင် လုပ်သည့်နေရာတွင် အသုံးပြုလိမ့်မည်ဟု သူ့ဆရာက ပြောခဲ့သည်။
ဝမ်ဝေ့၏ ယခင်တုန်းက အပြုအမူများကြောင့် သူ့ဆရာပြောတာ မှန်နိုင်သည်ဟု ဟန်လီ သိသည့်အတွက် သူ၏ အားသာချက်ဖြစ်သော အလျင်ကို အသုံးပြုရတော့မည်။
မိုးကြိုးလူသားအဖြစ် ပြောင်းလဲပြီးနောက် ဟန်လီက ဝမ်ဝေ့ဆီသို့ အရှိန်ဖြင့် သွားကာ နှလုံးသားရှိရာသို့ တည့်တည့် ထိုးနှက်လိုက်သည်။
အချိန်မှီ မတုံ့ပြန်လိုက်နိုင်သော ဝမ်ဝေ့က မီတာအနည်းငယ် တွန်းထုတ်ခံလိုက်ရသည်။ သို့သော် သူ့အဝတ်အစားများပေါ်မှာပင် ခြစ်ရာလေးတစ်ခုတောင် မရှိပေ။
ထို့နောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သက်တံအဖြစ် ပြောင်းလဲသွားပြီး ဟန်လီဆီ အမြန်ပြေးဝင်လာသည်။ ကံမကောင်းစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။ သူ ဘယ်လောက်ပင် တိုက်ခိုက်နေပါစေ ပြိုင်ဘက်၏ အဝတ်အစားများကိုပင် မထိနိုင်ပေ။ အသံမြန်နှုန်းထက် ၁၅ ဆ ပိုမြန်နေသော်လည်း ဝမ်ဝေ့၏ မြန်နှုန်းထက် ဟန်လီထက် ပိုပြီး နိမ့်နေသေးသည်။
ထို့အပြင် သူ၏ တိုက်ခိုက်မှုများက ပြိုင်ဘက်ကို မထိဘဲ လွဲချော်နေသော်လည်း ဟန်လီ၏ တိုက်ခိုက်မှုများအတွက်တော့ မတူနိုင်ပေ။ သူ တိုက်ခိုက်မှု တစ်ခုကို ရှောင်ရှားလိုက်တိုင်း နောက်တိုက်ကွက်နှင့် ကြုံနေရသည်။
ကံမကောင်းစွာဖြင့် ဟန်လီ၏ တိုက်ခိုက်မှုများက သက်ရောက်မှု မရှိပေ။
ရလဒ်အနေဖြင့် တိုက်ခိုက်သူနှစ်ယောက်လုံးက တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာကြသည်။ ထိုအချိန်တွင် ဝမ်ဝေ့က တိုက်ခိုက်နေသည်ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်စိကို မှိတ်ထားလိုက်သည်။
ဝမ်ဝေ့က သူ့ဆီမှာ ခွန်အား၊ တိုက်နိုင်စွမ်း၊ ခုခံမှုနှင့် ခံနိုင်ရည်တို့က ထိပ်သီး ကမ္ဘာဦးဝိညာဉ်ကျင့်ကြံသူ နီးပါး ရှိသော်လည်း အလျင်က ပြဿနာ ဖြစ်နေသည့်အတွက် ဤဖြစ်နိုင်ချေရှိသော ရလဒ်ကို ခန့်မှန်းထားမိပြီးသားဖြစ်သည်။ ထို့ကြောင့် သူ၏ လိုအပ်ချက်ကို ပြင်ဆင်ရန်အတွက် ဟန်လီနှင့် မတိုက်ခိုက်ခင် “ သက်တံလွတ်မြောက်ခြင်း နည်းစနစ်”ကို အမြန် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူက ဟန်လီ၏ အလျင်နှုန်းကို လျှော့တွက်ခဲ့မိသည်။ သို့သော် ဝမ်ဝေ့တွင် ထိုအရာကို ဖြေရှင်းဖို့အတွက် အလိုလိုသိစိတ်ဟု ခေါ်သည့် နောက်ထပ် အကြံအစည်တစ်ခု ရှိနေသည်။
ထိုအခါ ဝမ်ဝေ့က ဟန်လီ၏ တိုက်ခိုက်မှုတစ်ခုချင်းစီကို အသေးစိတ် မြင်လာရသော်လည်း တစ်ခုခု တုံ့ပြန်ဖို့ အချိန်မမီ ဖြစ်နေသည်။ သူက သူ့ကို ဖမ်းပင် မဖမ်းနိုင်ပေ။ ထို့ကြောင့် ထိုအခြေအနေကို ရင်ဆိုင်ရန် အကြံအစည် တစ်ခု ရှာရတော့သည်။
သူ့ကမ္ဘာပေါ်မှာ ရှိစဉ်က ဝမ်ဝေ့၏ အလိုလိုသိသော စွမ်းရည်က သက်ဝင်တက်ကြွသော အရာတစ်ခုဖြစ်သည်။ ထိုအရာကို အလုပ်အကိုင် ဆုံးဖြတ်ရာ၌ အသုံးပြုသလို၊ ဘဝမှာ မည်သူ့ကို ယုံသင့်ကြောင်းနှင့် ဘယ်သူက သူ့ကို လိမ်နေလဲဆိုတာ ဆုံးဖြတ်သည့်နေရာတွင် အသုံးပြုသည်။
သို့သော် ပြန်လည်ဝင်စားပြီးနောက် သူ့အလိုလိုသိစွမ်းရည်က ငြိမ်သက်သွားခဲ့သည်။ သူ့ဆီ အန္တရာယ် ကျရောက်လာတာကို သတိပေးမှုအဖြစ် သို့မဟုတ် သူ သေချာစောင့်ကြည့်သည့်အရာတို့ကို အာရုံစိုက်ဖို့ သတိပေးသည့်အရာတစ်ခု ဖြစ်လာသည်။
ထို့ကြောင့် ဤတိုက်ပွဲကို အသုံးပြုကာ သူ၏ အလိုလိုသိစွမ်းရည်ကို ဝမ်ဝေ့က အသိစိတ်လောက် မြန်ဆန်စွာ တုံ့ပြန်နိုင်သည့် တိုက်ပွဲသိစိတ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုတွင် သေမျိုးတစ်ယောက် ဖြစ်ခဲ့စဉ်အချိန်ကပင် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံး၏ လှုပ်ရှားမှုကို နှေးကွေးသည့်ပုံစံဖြင့် မြင်နိုင်ခဲ့သည့်အတွက် သူ၏ သိမြင်စိတ်က ဘယ်လောက်ထိ မြန်ဆန်ကြောင်း ဝမ်ဝေ့ သိသည်။ သူ၏ နတ်ဘုရားအသိစိတ်မှ ဟန်လီ၏ လှုပ်ရှားမှုတိုင်းကို မြင်နိုင်သည့်အရာဖြင့် သက်သေပြနိုင်လိုက်သည်။
ဟန်လီက ဝမ်ဝေ့၏ အပြုအမူကြောင့် နားမလည်နိုင် ဖြစ်သွားသော်လည်း ပြိုင်ဘက်က မျက်စိမှိနေသည့်အတွက်ကြောင့် သနားညှာတာမှု ပြသတာမျိုး မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာက သူနှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် နည်းလမ်းတစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။
ထို့ကြောင့် ဟန်လီက ခုခံမှုကင်းမဲ့နေပုံပေါ်သည့် ဝမ်ဝေ့ကို တိုက်ခိုက်ရန် တိုက်ခိုက်နှုန်းကို မြှင့်လိုက်သည်။ ကံမကောင်းစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။
ယခုတစ်ခေါက် တိုက်ခိုက်မှုများက ဝမ်ဝေ့ကို ခြေလှမ်းတစ်လှမ်းပင် ရွေ့မသွားစေခဲ့ပေ။ ထို့ကြောင့် ဟန်လီက အကြီးအကျယ် စိတ်ရှုပ်သွားကာ မျက်မှောင်ကြုတ်ထားလိုက်သည်။
အနီးကပ် လေ့လာကြည့်လိုက်သည့်အခါ ဝမ်ဝေ့၏ ပင်ကိုစက်ကွင်းက မြေပြင်နှင့် ဆက်နွယ်နေပြီး သူ့ကို ထိုနေရာမှာပင် အမြစ်တွယ်နေစေသည်။
ထို့ကြောင့် ဟန်လီက ပြိုင်ဘက်၏ ရည်ရွယ်ချက် မပြီးမြောက်စေရန်အတွက် စွမ်းအားကြီး တိုက်ခိုက်မှုများကို ထုတ်သုံးဖို့ စဉ်းစားနေသည်။