← Chapters

ဇာတ်လမ်းအတုနဲ့ဇာတ်လမ်းအစစ်

Vol. 34 Ch. 501

ဇာတ်လမ်းအတုနဲ့ဇာတ်လမ်းအစစ်

Vol. 34 Ch. 501

အစားအသောက်နံ့သည် ကောင်းမွန်လှသော်လည်း ရှုတိရီနှင့်အရူးလေးမှ လွဲ၍ မည်သူမှစားချင်စိတ်မရှိကြပေ။ ပိုင်ဖုန်းသည် ကြက်စွပ်ပြုတ်ဟင်းချိုကို အရူးလေးဆီ တွန်းပို့လိုက်သည်။သူမသည် အိပ်မက်ဆိုးထဲတွင် စားသောက်ရခြင်းကို မနှစ်သက်သောကြောင့် ဆက်၍အဆာခံနေလိုက်သည်။

သတင်းဆိုးသုံးခုကြောင့် လေထုမှာ အေးစက်နေလေသည်။ လေပြင်းတိုက်ခတ်မှုက ပြတင်းပေါက်များကို တုန်ခါစေ၏။ စံအိမ်ကြီးအပြင်ဘက်တွင် မှောင်မိုက်နေပြီး မီးဖိုချောင်ရှိ မီးဖိုမှသာ အလင်းရောင်အနည်းငယ်ကို ပေးစွမ်းနေပေသည်။

“ဒီနေရာမှာ မီးအိမ်တစ်ခုတောင်မရှိဘူး ၊ ဆီမီးတွေ ငြိမ်းသွားရင် ကိုယ့်ဟာကိုယ် မီးတိုင် ဖန်တီးရမယ်ဆိုတဲ့ သဘောလား”

ရှုတိရီသည် စားပြီးနောက် အနည်းငယ်နွေးထွေးလာသည်။ သူသည် ကောင်းမင်၏ မထိရသေးသော ဟင်းချိုပန်းကန်ကိုကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

“ထင်းတွေက ဘယ်လောက် အဖိုးတန်လဲဆိုတာ သိလျက်နဲ့ ရှင်ဘာလို့ ဒီလောက် အများကြီး ဖြုန်းပစ်လိုက်တာလဲ”

ယောင်ယောင်က ညည်းညူကန့်ကွက်လိုက်သည်။

“ခင်ဗျားစားနေတုန်းကတော့ ဘာလို့ မကန့်ကွက်တာလဲ”

ရှုတိရီသည် ကောင်းမင်၏ပန်းကန်ကို ကောက်ယူလိုက်သည်။

“အစ်ကိုကြီး၊ ခင်ဗျားအတွက် ကျွန်တော် ဟင်းပြန်နွှေးပေးရမလား”

“မင်းလိုချင်ရင် ယူလိုက်ပါ ၊ ငါဗိုက်မဆာဘူး”

ကောင်းမင် ထရပ်လိုက်သည်။ သူသည် ဒုတိယထပ်ကော်ရစ်ဒါအဆုံးနားရှိ အခန်း ၂၀၀၉ ကိုယူလိုက်သည်။

“အစ်ကိုကြီး ၊ ဒီညမှာ ခင်ဗျားကို စောင့်ရှောက်ဖို့ ကျွန်တော် ခင်ဗျားအခန်းကြမ်းပြင်ပေါ်မှာ အိပ်လိုက်ပါ့မယ်”

ရှုတိရီသည် တစ်ယောက်တည်းနေရဲခြင်း မရှိသောကြောင့် အရှက်မရှိပြောလိုက်သည်။

“ကျုပ် အိပ်မက်ဆိုးအလယ်အလွှာအများကြီးကို ဖြတ်ကျော်ခဲ့ဖူးတယ် ၊ ပုံမှန်ဆိုရင် ဆယ်နာရီအတွင်း ထွက်ပြေးသင့်တယ် ၊ ကြာကြာနေလေလေ ပိုအန္တရာယ်များလေလေပဲ”

ကျိဂဲသည် အစပိုင်းတွင် မစားချင်သော်လည်း ရှုတိရီမှာ အမှန်တကယ်ပင် ဟင်းချက်ကောင်းမွန်သောကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။

“ကျုပ်တို့ ဒီညကို မအိပ်ဘဲ အမှန်တရားကို အမြန်ရှာသင့်တယ်လို့ အကြံပြုချင်တယ်”

ချန်ကျင်းက ခေါင်းညိတ်ပြီး အကြံပြုလိုက်သည်။

“အခန်း ၃၀၀၃ က ပိုင်ရှင်က အိပ်ပျော်နေလိမ့်မယ်၊ သူ့အခန်းထဲကို ခိုးဝင်လို့ရမယ်လို့ ကျုပ်ထင်တယ် ၊ အဲ့ဒီလူက အိပ်မက်ပိုင်ရှင်နဲ့ တစ်နည်းနည်းတော့ ဆက်စပ်နေရမယ်”

“အဲ့ဒီလူမှာ ရိုင်ဖယ်သေနတ် ရှိတယ်နော် ၊ သူ့မှာ ကျုပ်တို့ကို သတ်ဖို့ အခွင့်အရေး အများကြီး ရှိခဲ့ပေမယ့် သူမသတ်ခဲ့ဘူး ၊ သူနဲ့ တိုက်ရိုက် စကားပြောဖို့ ကျုပ်အကြံပေးချင်တယ်”

ကောင်းမင်သည် အခန်း ၂၀၀၉ သော့ကို သူ့အိတ်ကပ်ထဲ ကောက်ထည့်လိုက်သည်။

“အိပ်မက်ဆိုးတွေက အဓိပ္ပာယ်မရှိပုံရပေမယ့် သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင်ယုတ္တိတွေ ရှိတယ်”

“လူသစ်လေး၊ မင်းဘာတွေလုပ်နေလဲ သိသလိုလိုနဲ့ မပြောပါနဲ့”

ကျိဂဲသည် စားပွဲဘေးတွင် ထောင်ထားသော ပုဆိန်ကို ကောက်ယူလိုက်သည်။

“အစ်မ ဖုန်း၊ ဒီနေရာမှာ ခင်ဗျားက ကျွမ်းကျင်သူပဲ ၊ ခင်ဗျား ဆုံးဖြတ်လို့ရပါတယ်”

မီးဖိုချောင်ရှိ အပူချိန်သည် ဆက်လက် ကျဆင်းနေသည်။ မီးဖိုထဲရှိ မီးတောက်သည် သေအံ့ဆဲဆဲလူတစ်ယောက်သဖွယ် တဖျတ်ဖျတ်ဖြစ်နေခဲ့သည်။

“ရှင်တို့ ခြောက်ယောက် ကြိုက်တာ လုပ်ကြပါ ၊ ကျွန်မ ပါဝင်မှာ မဟုတ်ဘူး”

ပိုင်ဖုန်းသည် လူတိုင်းကို စစ်ဆေးကြည့်လိုက်သည်။ သူမ ဘာတွေးနေသည်ကို မည်သူမျှ မသိကြပေ။ သူမသည် သူမ၏အခန်းသော့ကို ကောက်ယူပြီး ထွက်ခွာသွားသည်။

“အဲ့ဒါက အသန်မာဆုံးအထီးကျန်ဝံပုလွေရဲ့ အသွင်အပြင်လား”

ပိုင်ဖုန်း ထွက်သွားပြီးနောက် ယောင်ယောင်က ညည်းညူလိုက်သည်။

“သူ့ရဲ့ အခန်းက အခန်း ၂၀၀၁ပဲ ၊ အဲ့ဒါက ပြတင်းပေါက်မှန်ကွဲနေတဲ့ အခန်းလေ ၊ သူတစ်ယောက်တည်း အဲ့ဒီမှာ နေရဲလို့လား”

“သူက ကျုပ်တို့ကို အနှောင့်အယှက်ပေးမယ့်သူတွေလို့ ထင်နေတာလည်း ဖြစ်နိုင်ပါတယ်”

ချန်ကျင်းက အကူညီမဲ့စွာ ပြုံးလိုက်သည်။ ပိုင်ဖုန်း သူတို့ကို ကြည့်သည့်ပုံစံသည် သူတို့ ရှုတိရီကို ကြည့်သည့်ပုံစံနှင့် ဆင်တူသည်။

“ဒါဆို ကျုပ်တို့ လူခွဲကြစို့”

ကျိဂဲသည် ပုဆိန်ကို သူ့ပခုံးပေါ် လွှဲတင်လိုက်သည်။ သူသည် အရူးလေး၏ ကျောပိုးအိတ်ကို လှမ်းကြည့်လိုက်သည်။ သဟဇာတဖြစ်စေရန်အတွက် ယင်းကို သူမတိုက်ခိုက်ပေ... ယခုထိတော့ မတိုက်ခိုက်သေးပေ။

သုံးယောက်အဖွဲ့သည် မီးဖိုချောင်ကို မွှေနှောက်ပြီးနောက် ဒုတိယထပ်သို့ ထွက်သွားကြသည်။ သူတို့သည် ကျိဂဲ၏ အခန်း ၂၀၀၄ ထဲသို့ ဝင်လိုက်ကြသည်။ ထိုအခန်းသည် ကော်ရစ်ဒါ၏ အလယ်တွင်ရှိပြီး လှေကားနှင့် အလှမ်းဝေးသည်။ ၎င်းသည် ပိုင်ဖုန်း၏ အခန်း ၂၀၀၁ နှင့်လည်း နီးသည်။

“ကောင်းမင်၊ ကျွန်တော်တို့ သုံးယောက် ဒီည အတူတူနေသင့်တယ်နော်”

ရှုတိရီသည် ကောင်းမင် မည်မျှပါးနပ်သည်ကို သိသလို အရူးလေးသည်လည်း သာမန်လူ မဟုတ်ကြောင်း သိသည်။ သူကသာ ကွဲထွက်နေသည့်သူဖြစ်သည်။ လေပြင်းတိုက်ခတ်မှုက မီးဖိုကို ငြိမ်းသတ်လိုက်ပြီး မီးကျီးခဲများသာ ကျန်တော့သည်။

“ကျွန်တော့်အခန်းက ပထမထပ်မှာ ဒါပေမယ့် ရှေ့တံခါးကို သော့ခတ်မထားဘူး ၊ ညဘက် အပြင်ကနေ တစ်ခုခုဝင်လာမှာကို ကျွန်တော် ကြောက်တယ်”

ရှုတိရီသည် တုံးအသူမဟုတ်ပေ။ လူတိုင်းထွက်သွားပြီးနောက် သူသည် ကောင်းမင်အတွက် အခြေအနေကို ခွဲခြမ်းစိတ်ဖြာ ပေးလိုက်သည်။

“အရူးလေးက အခန်း ၂၀၀၂ မှာ နေတယ် ၊ ကျွန်တော်တို့ သူနဲ့အတူနေပြီး ပိုင်ဖုန်းရဲ့ အိမ်နီးချင်း မလုပ်သင့်ဘူးလား”

“ပိုင်ဖုန်းက ညဘက် သူ့အခန်းမှာ ရှိမနေဖို့ အခွင့်အရေးများတယ် ၊ စံအိမ်အပြင်ဘက်က အန္တရာယ်များတယ်၊ ဒါပေမယ့် အတွင်းထဲမှာရော ဘယ်လောက် လုံခြုံမှာလဲ”

ကောင်းမင်သည် ခေါင်းမော့လိုက်သည်။

“စတုတ္ထထပ်ကို ဦးတည်တဲ့ လှေကားတွေကို ပိတ်ဆို့ထားတယ် ၊ သံတန်းတစ်ခုစီကို ငါစစ်ဆေးပြီးပြီ ၊ အားလုံးကို ဂဟေဆော်ပြီး အသေပိတ်ထားတာပဲ”

“ခင်ဗျား ဆိုလိုတာက... အန္တရာယ်အရှိဆုံးအရာက စတုတ္ထထပ်မှာလား”

ရှုတိရီသည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“ငါ့မှာ အမြင်အာရုံကောင်းရှိတယ် ၊ ငါက မှောင်နေတာကိုဖြတ်ပြီး မြင်နိုင်တယ် ၊ နေ့ခင်းတုန်းက ငါတို့ ကော်ရစ်ဒါကို စစ်ဆေးတုန်းက စတုတ္ထထပ်က တတိယထပ်နဲ့ ဆင်တူတယ်ဆိုတာ ငါသတိထားမိတယ် ၊ အခန်းအားလုံးမှာ တံခါးတွေ မရှိဘူး ၊ အဲ့ဒါကို ထန်ချင်းက အိပ်မက်ပိုင်ရှင်အကြောင်း ပေးခဲ့တဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်လိုက်ရင် ပိုင်ရှင်ဟာ စတုတ္ထထပ်မှာ ပိတ်မိနေတယ်လို့ ငါသံသယရှိတယ်”

ကောင်းမင်က ပြောလိုက်သည်။

“ဒါဆို အခန်း ၃၀၀၃ က တယောသမားက ဘယ်သူလဲ”

“လက်ရှိမှာတော့ ပြောဖို့ သဲလွန်စ အရမ်းနည်းနေသေးတယ် ၊ ဒီည ဘယ်မှာနေမလဲဆိုတာပဲ အရင်ဆုံးဖြတ်ကြစို့”

သူ စကားဆုံးသွားချိန်တွင် အရူးလေးက ကောင်းမင်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ အသံတိတ်နေသော အရူးလေး၏ ဆံပင်များမှာ ထောင်မတ်နေသည်။ အလင်းလုံးတစ်ခုက ဧည့်ခန်းမှ သူတို့ဆီ ချဉ်းကပ်လာနေခြင်းဖြစ်သည်။ ထို့နောက် မီးဖိုချောင်တံခါးက လွှဲပွင့်သွားသည်။ အခန်း ၃၀၀၃ မှ လူသည် ဆီမီးအိမ်တစ်လုံးကို ကိုင်လျက် ပေါ်လာသည်။ နေ့ခင်းဘက် သူ၏ပေါ့ပေါ့ပါးပါး သဘာဝနှင့်မတူဘဲ သူသည် ရိုင်ဖယ်သေနတ်ဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ဓါးများသည် သူ၏ကုတ်အင်္ကျီအပြင်ဘက်သို့ ထိုးထွက်နေသည်။

“မှောင်နေပြီလေ ၊ ခင်ဗျားတို့ ဘာလို့ အခန်းထဲ မဝင်ကြသေးတာလဲ”

ထိုလူ၏ အသံသည် နေ့ခင်းဘက်ကထက် ပို၍ ကြမ်းတမ်းနေလေသည်။ သူသည် အလွန် စိတ်လှုပ်ရှားနေပုံရသည်။ ထိုလူက ဆီမီးအိမ်ကို စားပွဲပေါ် တင်လိုက်သည်။ သူသည် ပိုင်ဖုန်း မထိရသေးသော ကြက်စွပ်ပြုတ်ဟင်းချိုကို ကောက်ယူပြီး တဂွတ်ဂွတ်သောက်ချလိုက်သည်။

“ဒီအနံ့ကို ကျုပ်အခန်းထဲကနေ ရနေခဲ့တာ ၊ ကျုပ်အတွက် တစ်ပန်းကန် ချန်ထားပေးမယ်လို့ မထင်ခဲ့မိဘူး”

“ဒါက ကျွန်တော်တို့ကို နေစရာပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြတာပါပဲ ၊ ခင်ဗျားလိုချင်ရင် ကျွန်တော် နောက်ထပ်ချက်ပေးနိုင်ပါတယ်ဗျာ”

ရှုတိရီသည် ထိုလူနှင့် မိတ်ဖွဲ့ရန် ကြိုးစားလိုက်သည်။

“ခင်ဗျားတို့ အစားအစာကို ကျုပ်အလကား မစားပါဘူး”

ထိုလူသည် ကြက်ရိုးတစ်ချောင်းကို ထွေးထုတ်လိုက်သည်။ သူသည် သူ၏ဝမ်းနည်းနေသော အမူအရာကို ပြန်လည်ဖော်ပြလိုက်သည်။

“ခင်ဗျားတို့ကို အကြံဉာဏ်တချို့ ပေးမယ် ၊ ညဘက် ဘယ်သူလာခေါက်ခေါက် တံခါးကို လုံးဝ မဖွင့်ပါနဲ့ ၊ အဲ့ဒီလူက ခင်ဗျားသိတဲ့လူနဲ့ တူနေရင်တောင် ဖွင့်မပေးပါနဲ့”

“ဘာလို့လဲ”

ကောင်းမင် မမေးဘဲ မနေနိုင်ပေ။

“ဒီမှာ အရင်က တစ်ခုခု ဖြစ်ဖူးလို့လား”

ရိုင်ဖယ်သေနတ်ကို ကိုင်ထားရင်း ထိုလူသည် နှုတ်ခမ်းပေါ်ရှိ ပေနေသောဆီများကို လျှာဖြင့် သပ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ခင်ဗျားတို့ ဘယ်လိုပဲဖြစ်ဖြစ် ကြုံတွေ့ရမှာမို့လို့ ကျုပ်မဖုံးကွယ်ထားတော့ပါဘူး ၊ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက အပျော်တမ်းတောင်တက်သမား အဖွဲ့တစ်ဖွဲ့လည်း ဒီမှာ တစ်ညတာ တည်းခိုဖို့ ရောက်လာခဲ့ကြတယ် ၊ အဲ့ဒီနောက် သူတို့အားလုံး နှင်းပြိုကျမှုကြောင့် သေဆုံးသွားခဲ့ကြတယ် ၊ အခုထိ သူတို့ရဲ့ အလောင်းတွေကို ရှာမတွေ့သေးဘူး”

ဆီမီးအိမ်ထဲမှ အလင်းရောင်သည် ထိုဇာတ်လမ်းနှင့်အတူ လှုပ်ယမ်းနေလေသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပေါ့”

ထိုလူ၏အသံက ပိုမို နက်ရှိုင်းလာသည်။

“ကျုပ် ရှေ့တံခါးမှာ တံခါးခေါက်သံ ကြားခဲ့တယ် ၊ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အသံလို့ ကျုပ်ထင်ခဲ့တယ် ၊ ဒါပေမယ့် ပြတင်းပေါက်ဖွင့်ပြီး အပြင်ကို ကြည့်လိုက်တော့ တောင်တက်အင်္ကျီဝတ်ထားတဲ့ လူအချို့ အဲဒီမှာ ရပ်နေတာကို တွေ့လိုက်ရတယ်”

“တောင်တက်ဝတ်စုံတွေက နှင်းဖြူဖြူတွေကြားမှာ ထင်ထင်ရှားရှား ပေါ်နေခဲ့တယ် ၊ ကျုပ်သူတို့ကို မြင်လိုက်ရသလို သူတို့ကလည်း ကျုပ်ကို မြင်လိုက်ကြတယ်”

ထိုလူသည် သက်ပြင်းချလိုက်ပြီး သူ၏လေသံက ပို၍မှောင်မိုက်သွားသည်။

“ကျုပ်အခန်းထဲမှာ ပုန်းနေလိုက်တယ် ၊ နေထွက်လာတော့ သူတို့ ပျောက်ကွယ်သွားကြတယ် ၊ အဲ့ဒါ အဆုံးသတ်သွားပြီလို့ ကျုပ်ထင်ခဲ့ပေမယ့် နောက်တစ်ညမှာ သူတို့ကို ထပ်တွေ့ရပြန်တယ်”

“ဒီတစ်ခါတော့ သူတို့က စံအိမ်ခြံဝင်းအပြင်ဘက်မှာ ပေါ်လာတာ ၊ သူတို့က ခြံစည်းရိုးကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ပုံရတယ်”

All Chapters