ငါး
Vol. 34 Ch. 504
ရေနွေးပူပူတစ်ခွက်ကို ဖန်ခွက်ထဲလောင်းထည့်လိုက်သည်။ ထိုလူက လက်အိတ်များကို အမြန်ချွတ်၍ ဖန်ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ယင်း၏အနွေးဓာတ်ကို ခံစားလိုက်သည်။
“ခင်ဗျားက အရမ်းသတ္တိကောင်းတာပဲ ၊ ကျုပ်ခင်ဗျားကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့တာတောင် လျှောက်သွားနေရဲသေးတယ်”
ထိုလူ၏ အခန်းသည် အကြိမ်ပေါင်းများစွာပြုပြင်ထားခြင်းဖြစ်သည်။အခန်းထဲတွင် မီးလင်းဖိုတစ်ခု အပါအဝင် မီးဖိုတစ်လုံးနှင့်မီးအိုးတစ်လုံးရှိသည်။ အခန်းသည် တံခါးတစ်ချပ်ပင်မရှိဘဲ အလွန်နွေးထွေးနေလေသည်။
“ကျုပ်က အရမ်းစူးစမ်းချင်စိတ်ရှိလို့ပါ”
ကောင်းမင်သည် ရေနွေးခွက်ကို ဆုပ်ကိုင်လိုက်သော်လည်း ယင်းကို သောက်ရန်ရည်ရွယ်ချက်မရှိပေ။
“စပ်စုလိုစိတ်က ကြောင်ကို သေစေတာပဲ ၊ ခင်ဗျား ဒါကို မကြားဖူးဘူးလား”
ထိုလူသည် တချို့အရာများကို ကောင်းမင်အား သတိပေးချင်နေသည်။ထိုလူက ခေါင်းမော့လိုက်ရာ ကောင်းမင်သည် အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက်လုပ်နေကြောင်း သဘောပေါက်လိုက်သည်။သူသည် သူအစောပိုင်းက နံရံပေါ်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံတစ်ပုံကို ကိုင်ထားသည်။
“ခွင့်ပြုချက်မရှိဘဲ သူများပစ္စည်းတွေကို ကိုင်တာ အကျင့်ကောင်းမဟုတ်ဘူးနော်”
ဓာတ်ပုံသည် မိသားစုငါးယောက်ပုံဖြစ်သည်။ ကလေးသုံးယောက်သည် အရှေ့တွင် ရပ်နေကြပြီး မိဘနှစ်ပါးမှာ နောက်ဘက်တွင်ရပ်နေကြသည်။အလယ်ရှိ ကလေးမျက်နှာမှာ ခြစ်ထုတ်ခံထားရပြီး အပေါက်ကြီးတစ်ခု ကျန်နေခဲ့သည်ကို သတိပြုနိုင်သည်။ကျန်လေးယောက်မှာ ကင်မရာအား ခံစားချက်မဲ့စွာ စိုက်ကြည့်နေကြလေသည်။ယင်းသာ မိသားစုဓာတ်ပုံမဟုတ်ခဲ့ပါက ကောင်းမင်သည် ယင်းကို လူစိမ်းငါးယောက်အတူတကွ ရပ်နေကြသည်ဟု ထင်မိလိမ့်မည်။သူတို့တွင် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် နူတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများ မရှိကြပေ။သူတို့ကြားတွင် အကွာအဝေးတစ်ခုပင် ခြားထားသေးသည်။
“သူတို့က ခင်ဗျားမိသားစုတွေလား”
“ဟုတ်တယ်”
ထိုလူမှာ သူ့မှတ်ဉာဏ်ထဲ နစ်မြှုပ်နေပုံရသည်။
“ကြမ်းတမ်းတဲ့ သက်လတ်ပိုင်းလူက ကျုပ်အဖေပဲ ၊ သူက ချောမောတဲ့ သွေးနှောတစ်ယောက်ပဲ ၊ သူက အပူအပင်ကင်းတဲ့ ကျုပ်အဖိုးနဲ့မတူဘဲ တင်းကျပ်ပြီး ရှေးရိုးဆန်တယ် ၊ ကြောက်လည်းကြောက်တတ်သေးတယ် ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက သူက နှင်းတောထဲမှာ ဝက်ဝံတစ်ကောင်ကို သတ်ခဲ့တယ်”
သူ့ဖခင်အပေါ်ထားသော ထိုလူ၏ခံစားချက်သည် ရှုပ်ထွေးသည်။ယင်းတွင် လေးစားမှုနှင့် အကူညီမဲ့မှုတို့ ပါဝင်သည်။
“သက်လတ်ပိုင်းအမျိုးသမီးက ကျုပ်ညီလေးနဲ့ညီမလေးရဲ့ အမေရင်းပဲ ၊ သူက အသက်မကြီးသွားသလို ခံစားရတယ် ၊ ကျုပ်စိတ်ထဲမှာ သူမျက်နှာက ပြောင်းလဲမသွားခဲ့ဘူး”
ထိုသည်ကို ကြားလိုက်ရသဖြင့် ကောင်းမင်က သက်လတ်ပိုင်းအမျိုးသမီးကို အကြိမ်ရေအနည်းငယ် ပိုကြည့်လိုက်သည်။ပုံထဲတွင် သူမသည် ထူးဆန်းသည့်ပုံစံကွက်များပါသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမသည် ဆန်းကြယ် ၊ မြင့်မြတ်ပြီး အနည်းငယ် ကြမ်းတမ်းပုံပေါ်သည်။
“ခင်ဗျားရဲ့ ညီအစ်ကိုမောင်နှမတွေက ခင်ဗျားနဲ့ အမေတူမဟုတ်ဘူးလား”
ကောင်းမင်ကို ဓာတ်ပုံကို မြှောက်လိုက်သည်။
“ဘာလို့ အလယ်က ကလေးရဲ့ မျက်နှာကို ခြစ်ထုတ်ထားတာလဲ”
“သူက ကျုပ်ညီလေးပါ ၊ ဒါက ဘာဖြစ်လို့လဲတော့ ကျုပ်မသိဘူး၊ သူပျောက်သွားကတည်းက စံအိမ်ထဲမှာရှိတဲ့ သူ့ဓာတ်ပုံတွေအားလုံး ဒီလိုဖြစ်နေတော့တာပဲ “
ထိုလူသည် ကောင်းမင်၏ ရှုပ်ထွေးသွားမှုကို သတိပြုမိသည်။
“ခင်ဗျား ကျုပ်ကို မယုံမှာသိတယ် ၊ဒါပေမယ့် ဒါက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး ၊ ကျုပ်တို့က ညီအစ်ကိုအရင်းတွေ မဟုတ်ပေမယ့် ကျုပ်တို့က အရမ်းနီးစပ်တယ်၊ သူငယ်ငယ်ကတည်းက သူ့ကို ထိန်းကျောင်းခဲ့ရတာ ၊ ရိုးရိုးသားသားပြောရရင် ကျုပ်က ကျုပ်မိဘတွေထက်တောင် သူနဲ့ ပိုနီးစပ်သေးတယ်”
“ခင်ဗျား ညီမလေးကရော ၊ သူ အခုဘယ်ရောက်နေလဲ “
ကောင်းမင် ဓာတ်ပုံကို ပြန်ချလိုက်သည်။သူ အရာအားလုံးကို မှတ်သားလိုက်သည်။
““အဲ့ဒါကို ရှင်းပြဖို့ နောက်ထပ် ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကို ထုတ်ပြောရလိမ့်မယ်”
ထိုလူ၏ အကြည့်များက ညီမလေး၏မျက်နှာပေါ်တွင် အာရုံစိုက်နေသည်။
“တစ်ခါတစ်လေ ကျုပ်မှာ ညီမလေးက ရှိတာလား မရှိတာလားကို တွေးမိတယ်”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ”
“သူက ဓာတ်ပုံတွေ၊ ဒိုင်ယာရီတွေနဲ့ ဘတ်ဂျက်တွေမှာ ရှိနေပေမယ့် သူ့အကြောင်းကို ကျုပ်ဘာမှ မမှတ်မိနိုင်ဘူး”
ထိုလူသည် ဟန်ဆောင်နေပုံမရပေ။
“သူက ဘယ်လိုပုံစံလဲ၊ ကျုပ်တို့ကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ၊ သူ ဘယ်လို ပျောက်ကွယ်သွားခဲ့လဲဆိုတာ ကျုပ်ဘာမှ မမှတ်မိဘူး”
“ခင်ဗျားရဲ့ ညီမအကြောင်း မှတ်ဉာဏ်တွေကို ဘယ်တုန်းကစပြီး ဆုံးရှုံးခဲ့တာလဲ”
“အဲ့ဒါက ဖြည်းဖြည်းဖြစ်သွားတဲ့ ဖြစ်စဉ်မဟုတ်ဘူး ၊ အဲ့ဒါက ရုတ်တရက် ထဖြစ်ခဲ့တာ ၊ တစ်နည်းအားဖြင့် ပြောရရင် ကောင်မလေးက ကျုပ်မိသားစုဓာတ်ပုံမှာ ပါနေပေမယ့် ကျုပ်သူ့ကို မသိဘူး”
ထိုလူ၏ မိသားစုသည် ထူးဆန်းလှသည်။
“ခင်ဗျား မမှတ်မိနိုင်ရင် ကိုယ့်ကိုယ်ကို အတင်းအကျပ်ဖိအားမပေးပါနဲ့”
ကောင်းမင်သည် ထိုလူနှင့်အတူ သူ့ဖန်ခွက်ကို ပွတ်သပ်လိုက်သည်။
“ဒါနဲ့စကားမစပ် ခင်ဗျားရဲ့ မိဘတွေက စတုတ္ထထပ်မှာ ပိတ်မိနေတယ်လို့ ပြောခဲ့တယ် ၊ သူတို့ ဘာဖြစ်ခဲ့တာလဲ”
ထိုလူက သက်ပြင်းချလိုက်သည်။ သူသည် ကောင်းမင်၏ မျက်လုံးများရှေ့တွင် အသက်ကြီးသွားပုံရသည်။ သူ မီးဖိုဘေးတွင် ထိုင်လိုက်သည်။ သူ၏ မျက်လုံးများတွင် မီးကို ရောင်ပြန်ဟပ်နေလေသည်။
“ပြီးခဲ့တဲ့ ဆောင်းရာသီက ကျုပ်မိထွေးဟာ ဖျားနာခဲ့တယ် ၊ ကျုပ်အဖေက သူ့ကို ပြုစုဖို့ တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ခဲ့တယ်၊ ဒါပေမယ့် သူ့အခြေအနေက တိုးတက်မလာခဲ့ဘူး ၊ တစ်နေ့မှာ ကျုပ်အဖေက ကျုပ်မိထွေးဟာ အရှေ့ဘက်ရေကန်မှာ ဖမ်းမိတဲ့ သက်ရှိပင်လယ်စာတွေကို ကြိုက်လာခဲ့တယ်ဆိုတာ တွေ့ခဲ့တယ် ၊ အဲ့ဒါက သူ့ကို သက်သာစေတယ် ၊ အဲ့ဒီနောက်ပိုင်း ရာသီဥတုက ဘယ်လိုပဲရှိပါစေ သူငါးဖမ်းဖို့ ထွက်ထွက်သွားတတ်တယ်… ဒါပေမယ့်”
“ဒါပေမယ့် ဘာလဲ”
“သူက အမြဲတမ်း ညဘက်ထွက်သွားတတ်ပြီး မိုးမလင်းခင် အနက်ရောင် အိတ်တစ်လုံးနဲ့ ပြန်လာတယ်”
“အိတ်တွေထဲမှာ ငါးတွေ ပါတယ်ဆိုတာ သေချာရဲ့လား”
ကောင်းမင်သည် ငါးတစ်ကောင်က ထိုမျှအံ့ဩစရာကောင်းလိမ့်မည်ဟု မယုံကြည်ပေ။
“သူတို့က အိတ်ထဲမှာ အမြဲတမ်း တဖျတ်ဖျတ်ရုန်းကန်နေကြတယ် ၊ အဖေက သူတို့ကို ထိန်းချုပ်ဖို့ အားတော်တော် သုံးခဲ့ရတယ် ၊ တကယ်တော့ အရင်က အိတ်တွေကို ကျုပ်မကြည့်ဖူးဘူး ၊ ကျုပ်ညီလေးကတော့ သိချင်စိတ်ကြောင့် အိတ်တွေနား သွားကြည့်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် အဖေက အမြဲတမ်း မောင်းထုတ်ခဲ့တယ်”
“ခင်ဗျားရဲ့ ညီလေးက ဘာတွေတွေ့ခဲ့လဲ”
ကောင်းမင် သိချင်သွားသည်။
“သူ ဘာငါးမှ မတွေ့ခဲ့ဘူး၊ ဆံပင်ကိုပဲ တွေ့ခဲ့တယ်”
ထိုလူသည် သူ့လက်ချောင်းများကို ပွတ်သပ်လိုက်သည်။
“ရွှံ့နဲ့ ငါးနံ့တွေနံနေတဲ့ ဆံပင်တွေ အတူတူ ကပ်နေတာပဲ”
အခန်း ၃၀၀၃ ရှိ အပူချိန်က ကျဆင်းသွားသည်။
“အဖေက အမေအတွက် ညဘက်မှာပဲ ချက်ပြုတ်တယ် ၊ သူက အိုးကို အဖုံးနဲ့ ပိတ်ထားတတ်တယ် ၊ စတုတ္ထထပ်ကို ယူသွားတဲ့အခါမှပဲ အဖုံးကို ဖွင့်တာ ၊ အမေ စားမကုန်တဲ့ အစိတ်အပိုင်းတွေကို အဖေက ပစ်မှာမဟုတ်ဘူး ၊ သူက မကြာခဏဆိုသလို မီးဖိုချောင်မြေအောက်ခန်းမှာ ကျန်နေတဲ့ အစားအစာတွေကို သွားစားတတ်တယ် ၊ တစ်ခါတစ်လေ မီးဖိုချောင်ကနေ တူးနေတဲ့ အသံတွေကို ကျုပ်ကြားရတယ် ၊သူ ဘာအတွက် အပေါက်တစ်ပေါက် တူးနေတာလဲဆိုတာ ကျုပ်တွေးမိတယ်”
ထိုလူသည် ကောင်းမင်အတွက် သတင်းအချက်အလက် တစ်ခုကို ထုတ်ဖော်လိုက်သည်။ မီးဖိုချောင်ရှိ မြေအောက်ခန်းသည် ကြီးမားသော သဲလွန်စတစ်ခုကို ဖုံးကွယ်ထားနိုင်သည်။
“ဒီနှစ် ဆောင်းရာသီရောက်တော့ အဖေက စတုတ္ထထပ်က ပြတင်းပေါက်တွေကို အုတ်စီပြီး ပိတ်ပစ်လိုက်တယ် ၊ သံတန်းတွေတောင် တပ်ခဲ့သေးတယ် ၊ ဒါပေမယ့် သံတန်းတွေမှာ တံခါးတစ်ချပ်တော့ ရှိနေတုန်းပဲ”
ထိုလူ၏ မျက်လုံးများက မှေးမှိန်သွားသည်။
“သူ စတုတ္ထထပ်ကို ပြောင်းသွားပြီးတော့ တံခါးကို ဖယ်ပစ်ဖို့ ကျုပ်ကို ပြောခဲ့တယ်”
“ဒါပေမယ့် ခင်ဗျား အဲ့ဒါကို မလုပ်ခဲ့ပါဘူး”
“သူတို့ ပြန်လာလိမ့်မယ်လို့ ကျုပ်ထင်ခဲ့တယ်၊ ဒါကြောင့် ပိုပြီး ခိုင်ခံ့တဲ့ သံတန်းခြံစည်းရိုးနဲ့ တံခါးကိုပဲ ထားခဲ့တယ် ၊ဒါက ကျုပ်အဖေနဲ့ မိထွေးကို ကျုပ်ဘယ်လို မြင်ခဲ့လဲဆိုတာပဲ ၊ သူတို့ဟာ မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ညဘက်မှပဲ ပေါ်လာတော့တယ်”
ထိုလူသည် သူ၏ရိုင်ဖယ်သေနတ်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
“ဒီမိသားစုရဲ့ ကံဆိုးမှုက ကျုပ်မိထွေးနဲ့ ဆက်စပ်နေနိုင်တယ်၊ ဒါပေမယ့် ကျုပ်မှာ သူ့ကို ထိခိုက်အောင် လုပ်ဖို့ သတ္တိမရှိသလို အမှန်တရားကို ရှာဖွေနိုင်တဲ့ အရည်အချင်းလည်း မရှိဘူး ၊ ကျုပ်ဒီနေရာကို စောင့်ကြပ်နေပြီး ရှည်လျားတဲ့ ဆောင်းရာသီတစ်လျှောက် ရှင်သန်နိုင်ဖို့ပဲ မျှော်လင့်တယ် ၊ နွေရာသီ ရောက်လာရင်တော့ အရာအားလုံး ရှင်းလင်းသွားနိုင်ပါတယ်”
“ခင်ဗျားရဲ့ ကမ္ဘာမှာ ဆောင်းရာသီပဲ ရှိနေရင်ရော”
ကောင်းမင်သည် ထိုလူကို လုံးဝမယုံကြည်ပေ။
“အဲ့ဒါ မမှန်ပါဘူး”
ထိုလူက ခေါင်းယမ်းလိုက်သည်။
“ခင်ဗျား တကယ်ပဲ ကျုပ်ကိုကူညီချင်တယ်ဆိုရင် အရှေ့ဘက်ရေကန်ကို သွားကြည့်သင့်တယ် ၊ အဲ့ဒီမှာ ငါးကို တွေ့နိုင်တယ်”
ပိုင်ဖုန်း ညမမှောင်ခင်ကတည်းက အရှေ့ဘက်ရေကန်ကို သွားခဲ့ခြင်းဖြစ်သည်။ သူမသည် ငါးနှင့်ပတ်သက်သော ဘာကိုမှမပြောခဲ့ပေ။ ပိုင်ဖုန်း တစ်ခုခု ဖုံးကွယ်ထားခြင်းဟုတ်မဟုတ် ကောင်းမင် မသိပေ။
“ကောင်းပြီ ၊ နေထွက်တဲ့အခါကျရင် ကျုပ်အဲ့ဒီကို သွားလိုက်ပါ့မယ်”
“မဟုတ်ဘူး”
ထိုလူက ခေါင်းယမ်းလိုက်သည်။
“ကျုပ် နေ့ဘက်မှာ အဲ့ဒီကို အကြိမ်ပေါင်းများစွာ သွားခဲ့တယ် ၊ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး ၊ ငါးက ညဘက်မှာပဲ ပေါ်လာလိမ့်မယ်”