← Chapters

တံခါးလေးချပ်

Vol. 34 Ch. 507

တံခါးလေးချပ်

Vol. 34 Ch. 507

ဆောင်းနံနက်ခင်းကို ပါးလွှာသော မြူခိုးလွှာတစ်ခုက ဖုံးအုပ်ထားသည်။ ပိုင်ဖုန်း စောင့်ကြည့်နေစဉ် ကောင်းမင်သည် စံအိမ်တံခါးကို ဖွင့်လိုက်သည်။ လေးလံသော သစ်သားတံခါးသည် ဖြည်းညင်းစွာ ပွင့်ဟသွားသည်။ စိုစွတ်နေသော ပိုင်ဖုန်းသည် စံအိမ်ထဲသို့ ဝင်လိုက်သည်။ သူမ၏ အင်္ကျီလက်များတွင် ရွှံ့များ ရှိနေလေသည်။ သူမ၏လက်ချောင်းများတွင် သိသာထင်ရှားသော ခြစ်ရာများ ရှိနေသည်။

“ခင်ဗျား ဒဏ်ရာရထားလား”

ကောင်းမင်သည် ပိုင်ဖုန်းထံမှ သွေးနံ့ကို ရလိုက်သည်။

“ဒါက ကျွန်မဟာ သက်ရှိတစ်ယောက်ဆိုတာ သက်သေပြတာပဲ”

ပိုင်ဖုန်း၏ မျက်လုံးများက အေးစက်နေသည်။ သူမ အိပ်မက်ဆိုးထဲသို့ ဝင်ရောက်ပြီးကတည်းက ဘာကိုမှ မစား မသောက်ရသေးပေ။ သူမသည် တစ်ညအတွင်း ပိန်သွားပုံရသည်။

ထူထဲလှသော ဘွတ်ဖိနပ်များက သစ်သားလှေကားထစ်များကို တက်နင်းလိုက်သည်။ လှေကားထစ်များသည် အရင်ကထက် ပိုမိုကျယ်လောင်စွာဖြင့် တကျိကျိမြည်နေခဲ့သည်။ စံအိမ်ပိုင်ရှင်သည် ပိုင်ဖုန်းဆီသို့ ပြေးလာပြီး သေနတ်ပြောင်းကို သူမ၏နဖူးဆီသို့ ချိန်ရွယ်လိုက်သည်။

“ဒီမှာ အရမ်း အေးနေတာ ၊ နှင်းတွေက တောင်တွေကို ပိတ်ဆို့ထားတယ် ၊ ဘယ်သူမှ တောထဲမှာ တစ်ညလုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူး ၊ ခင်ဗျား ဘယ်မှာ ပုန်းနေခဲ့တာလဲ”

ကောင်းမင်သည် သူ၏စကားလုံးရွေးချယ်မှုကို သတိပြုမိလိုက်သည်။ သူသည် ပိုင်ဖုန်း ဘယ်မှာ ရှိခဲ့သလဲဟု မမေးဘဲ သူမ ဘယ်မှာပုန်းနေခဲ့သလဲဟု မေးခဲ့သည်။

“ဘယ်သူမှ အပြင်မှာ တစ်ညလုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်ဘယ်လို သိတာလဲ ၊ ရှင် အရင်က လူဘယ်နှစ်ယောက်ကို ကိုယ့်ဘာသာ ရှင်သန်ဖို့ မောင်းထုတ်ခဲ့ဖူးတာလဲ ၊ နောက်မနက်မှာပဲ သူတို့ရဲ့ အလောင်းတွေကို ရှင်သွားရှာခဲ့တာလား”

ပိုင်ဖုန်း၏ စကားက ပြင်းထန်သည်။ အနီးနားရှိ လူတိုင်းက သူမအတွက် စိုးရိမ်သွားကြသည်။

“ကျုပ်သေနတ် မပစ်ဘူးလို့ ခင်ဗျား တကယ်ထင်နေလား”

ထိုလူ၏ လက်ချောင်းသည် ဖြည်းဖြည်းချင်း အောက်သို့ လျှောကျသွားသည်။ ကောင်းမင်နှင့် ရှုတိရီတို့သည် ထိုလူအား ခလုတ်ဆွဲမိစေမည် စိုးသဖြင့် မလှုပ်ရဲကြပေ။

“စံအိမ်ဘေးက ထင်းတွေ ထားတဲ့ သိုလှောင်ခန်းမှာပါ ၊ ကျွန်မ အဲ့ဒီမှာ တစ်ညလုံး နေခဲ့တာ”

အားလုံးရဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်စွာ ပိုင်ဖုန်းက ပိုင်ရှင်ကို ရုတ်တရက် ပြန်ဖြေလိုက်သည်။ သူမ၏ အရင်လုပ်ရပ်သည် စမ်းသပ်မှုတစ်ခုနှင့် ပိုတူသည်။

“ခင်ဗျား ဘာလို့ အိမ်ထဲကို ပြန်မလာခဲ့တာလဲ”

“ကျွန်မ အရှေ့ဘက်ရေကန်ကို သွားခဲ့တယ်”

ပိုင်ဖုန်း၏ မျက်နှာသည် နှင်းကိုက်ခံရမှုကြောင့် သွေးများစီးထွက်နေသည်။ သို့သော် သူမသည် နာကျင်မှုကို ခံစားရပုံ မပေါ်ပေ။ သူမ ပြုံးပြလိုက်သည်။

“ကျွန်မ အေးခဲနေတဲ့ ရေခဲအောက်မှာ အရမ်းကြီးတဲ့ ငါးတစ်ကောင်ကို တွေ့ခဲ့ရတယ်”

ပိုင်ရှင်၏လက်က သိသိသာသာ တုန်ယင်သွားသည်။ သူသည် ရိုင်ဖယ်သေနတ်ကို ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။

“အခန်း ၃၀၀၉ မှာ နှင်းကိုက်ပျောက်ဆေး ရှိတယ် ၊ ခင်ဗျားရဲ့ ဒဏ်ရာတွေကို ကျုပ်ကူညီပေးမယ်”

အခြားသူများကို တုံ့ပြန်ခွင့် မပေးဘဲ ထိုလူသည် ပိုင်ဖုန်း၏ ပခုံးများကို ဖမ်းဆုပ်လိုက်သည်။ သူတို့ လှေကားထစ်များအတိုင်း တက်သွားရင်း ထိုလူက ကောင်းမင်နှင့် ရှုတိရီကို အော်ပြောလိုက်သည်။ “မနေ့ညက ထူးဆန်းတဲ့ အရာတစ်ခုခု စံအိမ်ထဲကို ခိုးဝင်လာတယ် ၊ ညမမှောင်ခင် အဲ့ဒါကို ရှာရမယ်၊ မဟုတ်ရင် ကျုပ်တို့ ဘယ်သူမှ ဒီည အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

ထိုနှစ်ယောက်သည် ကော်ရစ်ဒါထဲ ပျောက်ကွယ်သွားကြသည်။ မကြာမီ အခန်း ၂၀၀၄ တံခါး ပွင့်လာလေသည်။ ချန်ကျင်းသည် ပုဆိန်တစ်လက်နှင့်အတူ သတိထား၍ ထွက်လာသည်။ ချက်ချင်းပင် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူသည် သူ့နောက်သို့ လက်ဝှေ့ယမ်းလိုက်သည်။ ယောင်ယောင်နှင့် ကျိဂဲတို့က လမ်းလျှောက်ထွက်လာကြသည်။

“ခင်ဗျားတို့ သုံးယောက်က အံ့ဩစရာကောင်းတာပဲ ၊ မနေ့ညက ဒီမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တယ်၊ ဒါပေမယ့် နေမထွက်မချင်း ခင်ဗျားတို့ အခန်းထဲမှာ နေနိုင်ခဲ့တယ်နော်”

ရှုတိရီသည် သူတို့ကို မြင်သောအခါ ဒေါသထွက်သွားသည်။ မနေ့ညက သူသည် တောင်တက်သမားများကြောင့် ကြောက်လန့်ခဲ့ရသည်။ ထို့နောက် စံအိမ်ပိုင်ရှင်က သူ့အား ကိရိယာပုံးကို ယူခိုင်းခဲ့သည်။ ကြောက်လန့်မှုကြောင့် သူသည် သုံးယောက်လုံးကို အကူအညီ တောင်းရန် သွားခဲ့သည်။ သူသည် အခန်း ၂၀၀၄ တံခါးကို ငါးမိနစ်လုံးလုံး ခေါက်ခဲ့သော်လည်း တုံ့ပြန်မှု မရခဲ့ပေ။

“မနေ့ညက တကယ်ပဲ ခင်ဗျားလား”

ချန်ကျင်းသည် ရှုတိရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ကျုပ်တို့က သရဲလို့ ထင်ခဲ့တာ၊ ဒါကြောင့် တံခါး မဖွင့်ခဲ့တာပါ”

“ပိုင်ရှင်က ကျွန်မတို့ကို တံခါး မဖွင့်ဖို့နဲ့ အခန်းထဲကနေ မထွက်ဖို့ ပြောခဲ့တယ် ၊ အိပ်မက်ဆိုး ပြိုမကျခင် စည်းကမ်းတွေကို လိုက်နာတာက ပိုကြာကြာအသက်ရှင်နိုင်လိမ့်မယ်”

ယောင်ယောင်၏ လျှာသည် အမြဲတမ်းလိုလို ထက်မြက်သည်။

“ကျွန်မ ရှင်တို့ကို ပြောခဲ့တယ်လေ၊ ဒီလူသစ်တွေက ကိစ္စတွေကို ဖျက်ဆီးရုံပဲ လုပ်လိမ့်မယ်လို့”

ရှုတိရီသည် ဒေါသဖြင့် လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သို့သော် သူ ပြန်စဉ်းစားလိုက်သည်။ သူသည် အရူးလေး လိုက်ကာကို ဆွဲဖွင့်၍ စည်းကမ်းများကို ချိုးဖောက်ပြီးနောက်မှသာ တောင်တက်သမားများကို တွေ့ခဲ့ရခြင်းဖြစ်သည်။

“ကျုပ်တို့ အချင်းချင်း ရန်မဖြစ်ကြပါနဲ့”

ကောင်းမင်သည် ရှုတိရီ၏ ပခုံးကို ပုတ်လိုက်ပြီး ထိုသုံးယောက်ရှေ့တွင် ရပ်လိုက်သည်။

“ပိုင်ရှင်ရဲ့ စည်းကမ်းတွေကို လိုက်နာတာက ခင်ဗျားတို့ကို ပိုနက်နက်ရှိုင်းရှိုင်း နစ်မြုပ်စေလိမ့်မယ် ၊ ကျုပ်တို့ သူတို့ကို စောစော ရှာမတွေ့ခဲ့ဘူးဆိုရင် အဲ့ဒီအလောင်းတွေက အခန်း ၂၀၀၁ က အပေါက်ကနေ စံအိမ်ထဲကို ဝင်လာပြီး ဖြစ်လောက်ပြီ”

“ပိုင်ရှင်က အန္တရာယ်ရှိတဲ့ တစ်စုံတစ်ခုက စံအိမ်ထဲကို ဝင်ရောက်လာခဲ့တယ်လို့ ခုနကပဲ ပြောခဲ့တယ် ၊ တစ်နည်းအားဖြင့် ရှင်တို့ရဲ့ ကြိုးစားမှုက ဘာအဓိပ္ပာယ်မှ မရှိဘူး”

ယောင်ယောင်သည် လက်များကို လက်ရမ်းပေါ်တွင် တင်လိုက်ပြီး ရှေ့သို့ မှီလိုက်သည်။

“အိပ်မက်ဆိုး အလယ်အလွှာတွေမှာ လုံခြုံရေးဇုန်က မလွဲမသွေ ပိုကျဉ်းမြောင်းလာလိမ့်မယ် ၊အဲ့ဒါက ပိုင်ရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးစည်း ပြိုလဲမှုကို ရောင်ပြန်ဟပ်စေတယ်၊ ရှင်တို့မှာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင်ပေါ့”

ထိုသို့ ပြုလုပ်လိုပါက ရောဂါ၏အရင်းအမြစ်ကို ရှာရမည်ဖြစ်သည်။ သို့သော်လည်း စမ်းသပ်သူများသည် အိပ်မက်ဆိုးပိုင်ရှင်က မည်သူကိုဖြစ်သည်ပင် မသိကြသေးပေ။

“စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက မကြာခဏဆိုသလို မကောင်းတဲ့ စိတ်ခံစားချက်တွေကို စုဆောင်းလေ့ရှိတယ်”

ကောင်းမင်သည် ယမန်နေ့ မီးဖိုချောင်တွင် ရှိနေစဉ်က စံအိမ်ပိုင်ရှင် ပိုင်ဆိုင်သည့် သော့လေးချောင်းကို တွေ့ခဲ့ရသည်။ ၎င်းတို့သည် နာကျင်မှု၊ မုန်းတီးမှု၊ နာကြည်းမှုနှင့် ဝမ်းနည်းမှုတို့ ဖြစ်သည်။ နာကျင်မှုသော့က မြေအောက်ခန်း တံခါးကို ဖွင့်ပေးခဲ့သည်။

“သော့တစ်ခုစီက စံအိမ်ကြီးထဲက တံခါးတစ်ချပ်နဲ့ သက်ဆိုင်တာဖြစ်မယ် ၊ အဲ့ဒီ တံခါးတွေနောက်က တစ်ခုခုက နှင်းလူကို ဆွဲဆောင်နေတာ ၊ ကြည့်ရတာ ဒါက ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်နဲ့ မှတ်ဉာဏ် ဖြစ်နိုင်တယ်”

ကောင်းမင်သည် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ယင်းကို သတိပြုမိသဖြင့် သုံးယောက်လုံး သူ့နောက်သို့ လိုက်ပါလာကြသည်။

ကောင်းမင်သည် ညစ်ပတ်နေသော ကော်ဇောကို ဆွဲထုတ်လိုက်ပြီး အဖုံးကို စစ်ဆေးလိုက်သည်။ ထူထဲလှသော သစ်သားပြားများကို ကြမ်းပြင်ထဲသို့ ပြီးပြည့်စုံစွာ ထည့်သွင်းထားသည်။

“သင့်လျော်တဲ့ ကိရိယာတွေ မပါဘဲ အဲ့ဒါကိုဖွင့်ဖို့ မဖြစ်နိုင်ဘူး ၊ ကျုပ်တို့ ပုဆိန်နဲ့ ခုတ်ချမယ်ဆိုရင် ပိုင်ရှင်ရဲ့အာရုံကို သေချာပေါက် ဆွဲဆောင်လိမ့်မယ်”

ရှုတိရီသည် တံခါးပေါ်ရှိ ထူးဆန်းသော သော့ခလောက်ကို သတိပြုမိလိုက်သည်။ ၎င်းသည် ကြီးမားလှသော သွေးခဲတစ်ခု ဖြစ်ပုံရသည်။

“စံအိမ်ကြီးရဲ့ တခြားအပိုင်းတွေမှာ အဲ့လို တံခါးတွေ ကျုပ်တွေ့ခဲ့ဖူးတယ်”

ချန်ကျင်းသည် အပြုံးတစ်ခုဖြင်င့် လျှောက်လာသည်။

“ကျုပ်တို့ ဘာလို့ အတူတူ မပူးပေါင်းရမှာလဲ ၊ ဒီတံခါးနောက်မှာ ဘာတွေ ဝှက်ထားလဲဆိုတာ ကျုပ်ကို ပြောပြပါ၊ ကျုပ် ခင်ဗျားတို့ကို တခြားတံခါးတွေဆီ ခေါ်သွားပါ့မယ်”

“မနေ့ညက နှင်းလူတစ်ကောင် အိမ်ထဲကို ဝင်လာခဲ့တယ် ၊ စံအိမ်ပိုင်ရှင်က အဲ့ဒါကို သိသွားတော့ အရမ်း စိတ်လှုပ်ရှားနေခဲ့တယ် ၊ သူက နာကျင်မှုစာလုံးပါတဲ့ သော့ကို သုံးပြီး ဒီမြေအောက်ခန်းတံခါးကို ဖွင့်ခဲ့တယ်”

“ခင်ဗျား မြေအောက်ခန်းထဲမှာ ဘာရှိလဲဆိုတာ မြင်ခဲ့ရလား”

ကျိဂဲသည် ရှုတိရီကို တွန်းထုတ်လိုက်သည်။

“ခင်ဗျား လမ်းကို မြင်ခဲ့လား”

“လမ်းလား”

ကျိဂဲသည် အရင်ကနှင့် ကွဲပြားသော တည်ရှိမှုကို ထုတ်လွှတ်နေသည်။ သူသည် မုန်တိုင်းများစွာကို ရင်ဆိုင်ခဲ့ရသော ရေကြောင်းလမ်းပြတစ်ဦးနှင့် တူနေသည်။

“အိပ်မက်ဆိုး အလယ်အလွှာတွေကနေ ထွက်ခွာဖို့ နည်းလမ်းကို မကြာခဏဆိုသလို ထွက်ပေါက်တွေနောက်မှာ ဝှက်ထားတတ်တယ် ၊ ထွက်ပေါက်တွေက ပြတင်းပေါက်၊ မှန် ဒါမှမဟုတ် အဝတ်ဗီရို ဖြစ်နိုင်တယ် ၊ ဒါပေမယ့် ထွက်ပေါက်အများစုက တံခါးတွေပဲ”

“စတုတ္ထထပ်ကလွဲလို့ ကျုပ်တို့ စံအိမ်ကြီးထဲမှာ သော့ခတ်ထားတဲ့ တခြားတံခါးသုံးပေါက်ကို တွေ့ခဲ့ရတယ်”

ချန်ကျင်းသည် သစ်သားတံခါးပေါ် နင်းလိုက်သည်။

“ဒီတံခါးက သူတို့ထဲက တစ်ခုပဲ ၊ ကျန်နှစ်ခုက ထင်းသိုလှောင်ခန်းနောက်နဲ့ အခန်း ၃၀၀၉ ထဲမှာပဲ”

ယောင်ယောင်၏ ဆန္ဒပြမှုများကြားမှ ချန်ကျင်းသည် ကောင်းမင်နှင့် ပူးပေါင်းလုပ်ဆောင်လိုသည်။

“စံအိမ်ပိုင်ရှင်က ဆီမီးအိမ်နဲ့အတူ မြေအောက်ခန်းထဲကို ဝင်သွားခဲ့တယ် ၊ သူက ကျုပ်ကို အရမ်း သတိထားနေခဲ့တာ ၊ သူက ကျုပ်ကို သူ့နားကပ်ခွင့် မပေးခဲ့ဘူး ၊ ဒါ့အပြင် သူ့မှာ သော့လေးချောင်း ရှိတာကို ကျုပ်မြင်ခဲ့ရတယ် ၊ ဒါကြောင့် ခင်ဗျားတို့ ဒီစံအိမ်ကြီးထဲမှာ ရှာမတွေ့သေးတဲ့ နောက်ထပ် တံခါးတစ်ပေါက် ကျန်နေသေးတယ်”

ကောင်းမင်သည် သတင်းအချက်အလက်ကို ရိုးသားစွာ မျှဝေလိုက်သည်။ သူသည် အရူးလေးနှင့် ရှုတိရီကို ဆွဲခေါ်၍ စံအိမ်ကြီးမှ အလျင်အမြန် ထွက်ခွာလိုက်သည်။ နှင်းများသည် သူတို့၏ ခြေကျင်းဝတ်ကို ဖုံးအုပ်သည်အထိ လုံလောက်စွာ ကျဆင်းနေလေသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် အေးခဲနေပုံရသည်။

လမ်းဆိုင်းဘုတ်များပေါ်ရှိ စာလုံးများသည် မှုန်ဝါးနေသည်။ ကောင်းမင်သည် သူ၏မှတ်ဉာဏ်ကို အခြေခံ၍ ထင်းသိုလှောင်ခန်းသို့ ရောက်ရှိလာလေသည်။ သူသည် နောက်ဆုံးတွင် မီးခိုးရောင် အုတ်အိမ်တစ်လုံးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတွင် ပြတင်းပေါက်မရှိဘဲ နံရံများကို အားဖြည့်ထားသည်။

ကောင်းမင်သည် ထူထဲသော နံရံများကို ခေါက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ပြတင်းပေါက်နဲ့ မီးခိုးခေါင်းတိုင် မရှိဘူး ၊ နံရံတွေက နွေးထွေးဖို့အတွက် အရမ်းထူနေတယ် ၊ အသံလုံအောင် လုပ်ထားတာ ဖြစ်နိုင်မလား”

အုတ်အိမ်၏ တံခါးသည် ဘေးဘက်တွင် တည်ဆောက်ထားသည်။ ၎င်းသည် အနီရောင် သံတံခါးဖြစ်သည်။ တံခါးပေါ်တွင် ကံကောင်းခြင်း တရုတ်စာလုံးကို ကပ်ထားသည်။ သို့သော်လည်း ၎င်းသည် လပေါင်းများစွာ တိုက်စားမှုကြောင့် လေးထောင့်ပုံများသာ ကျန်ရှိနေတော့သည်။ ၎င်းသည် မသက်မသာဖြစ်နေစေသည်။

All Chapters