တံခါးနောက်က မကောင်းဆိုးဝါးများ
Vol. 34 Ch. 508
“မစစ်ဆေးနဲ့တော့ ၊ ဒါကို ဖွင့်လို့မရဘူး ၊ ကျုပ်တို့ နည်းပေါင်းစုံ ကြိုးစားပြီးပြီ “
ချန်ကျင်းသည် ကောင်းမင်နောက် ပြေးလိုက်လာသည်။
“နေ့ဘက်မှာ အရမ်းဆူဆူညံညံမလုပ်နဲ့ ၊ ပိုင်ရှင်သိသွားရင် သူကျုပ်တို့ကို သတ်လိမ့်မယ်”
“ခင်ဗျားတို့သုံးယောက်မှာ အူ(သတ္တိ)ရှိတဲ့သူ တစ်ယောက်မှတောင် မရှိဘူးလား”
ရှုတိရီက ညည်းတွားလိုက်သည်။
“မနေ့ညကလည်း ခင်ဗျားတို့ အခန်းမှာပဲ ပုန်းနေကြတယ် ၊ ခင်ဗျားတို့က ဟိုဟာ မလုပ်ရဲ ဒီဟာမလုပ်ရဲနဲ့ ၊ ခင်ဗျားတို့ ဒီမှာ တစ်သက်လုံးနေဖို့ စီစဉ်ထားကြတာလား”
“ငါ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး”
ချန်ကျင်းက သူ့လက်ကို ကောင်းမင်ပုခုံးပေါ် တင်လိုက်သည်။
“ညီကို ကျုပ်နဲ့ကျိဂဲမှာ အစီအစဉ်တစ်ခုရှိတယ် ၊ ခင်ဗျား ပါဝင်နိုင်မယ်လို့မျှော်လင့်တယ် ၊ ဒီပူးပေါင်းမှုက ကောင်းကောင်းအဆင်ပြေသွားရင် ကျုပ်တို့ နောင်ကျရင် အဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရပြီ”
ချန်ကျင်းသည် ကောင်မင်းထံ အလားအလာကောင်းများကို မြင်နေရသည်။
“ဘာ အစီအစဉ်လဲ”
“ဒါက သိပ်မခက်ခဲပါဘူး”
ချန်ကျင်း အသံကိုနှိမ့်လိုက်သည်။
“ကျုပ်တို့ ဒီသံတံခါးကိုတော့ ဖွင့်လို့ မရဘူး၊ ဒါပေမယ့် အခန်း ၃၀၀၉ နဲ့ မြေအောက်ခန်းက တံခါးတွေက သစ်သားတံခါးတွေပဲ ၊ ညရောက်ရင် အဲ့ဒီတံခါးနှစ်ပေါက်ကို ကျုပ်တို့ဖျက်ဆီးဖို့ အချိန်ရအောင် ခင်ဗျားက စံအိမ်ပိုင်ရှင်ကို အာရုံလွှဲပေးဖို့ လိုတယ်”
“ခင်ဗျား အချိန်ဘယ်လောက်လိုမှာလဲ”
ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။
ချန်ကျင်းသည် အရူးလေးကို ရတနာတစ်ခုကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။ သို့သော် သူသည် အရူးလေးက ကောင်းမင်၏စကားကိုသာ နားထောင်လိမ့်မည်ကို သူသိသည်။
“ကျိဂဲနဲ့ ကောင်းမင်သာ အတူတူလုပ်ရင် တစ်မိနစ်အတွင်း တံခါးတွေကို ဖျက်ဆီးနိုင်လိမ့်မယ်”
“ခင်ဗျား အဲ့ဒီလူကို တစ်မိနစ်လောက် အာရုံလွှဲဖို့ ဘယ်လိုအကြံပြုချင်တာလဲ”
ရှုတိရီက မျက်လုံးလှန်လိုက်သည်။
“မင်းကို ဘယ်သူမှ မမေးဘူး”
ချန်ကျင်းသည် ရှုတိရီကို လေကဲ့သို့ သဘောထားလိုက်သည်။
“ကျုပ်တို့ နှင်းလူကို ရှာမတွေ့သေးဘူး ၊ သူ ဒီည နောက်ထပ်လှုပ်ရှားမှုတစ်ခု လုပ်လိမ့်မယ် ၊ အချိန်ရဖို့အတွက် ကျုပ်တို့ သူနဲ့တောင်တက်သမားတွေကို သုံးနိုင်မယ်ထင်တယ်”
ကောင်းမင်သည် အန္တရာယ်ရှိသော အကြံပြုချက်တစ်ခု ပေးလိုက်သည်။
“ကျုပ်တို့ ဒီလို အန္တရာယ်အကြီးကြီး စွန့်စားဖို့လိုအပ်လို့လား”
ချန်ကျင်း တုံ့ဆိုင်းသွားသည်။
“အစီအစဉ် ပျက်သွားပြီး ခင်ဗျားတို့တွေ သရဲတွေနဲ့ စံအိမ်ပိုင်ရှင် နှစ်ယောက်လုံးရဲ့ လိုက်အဖမ်းခံရမှာ မကြောက်ဘူးလား”
“သေဖို့ စောင့်နေမယ့်အစား ဘာလို့ မစွန့်စားရမှာလဲ”
ကောင်းမင် ရှေ့သို့ မှီလိုက်သည်။ အိပ်မက်ဆိုးထဲတွင် သူ၏အာရုံခံစားမှုများကို မြှင့်တင်ထားသည်။ သူသည် တံခါးမှတဆင့် နားထောင်ရန် ကြိုးစားနေသည်။ သူသည် ပြင်းထန်သည့် အသက်ရှုသံ ၊ ခပ်တိုးတိုး အသက်ရှူသံတို့ကို ကြားနိုင်နေသည်။
“ပိုင်ဖုန်းက သူဟာ တစ်ညလုံး ထင်းသိုလှောင်ခန်းထဲမှာ နေခဲ့ပြီး အရှေ့ဘက်ရေကန်ကို သွားခဲ့တယ်လို့ ပြောခဲ့တယ် ၊ သူက ဒီနေရာအတွင်းက ထူးဆန်းတဲ့အရာနဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ပြီးဖြစ်မယ်လို့ ကျုပ်သံသယရှိတယ် ၊ သူ တစ်ခုခု သိနိုင်တယ်”
“သူက ခင်ဗျားကို အများကြီး တန်ဖိုးထားပုံရတယ် ၊ခင်ဗျား သူ့ကို ကျုပ်တို့နဲ့ ပူးပေါင်းဖို့ စည်းရုံးနိုင်မှာပါ”
ချန်ကျင်းသည် လက်ဖဝါးထဲတွင် အရည်ပျော်သွားသော နှင်းများကို ကြည့်လိုက်သည်။
“ညစာစားပြီးရင် ကျုပ်တို့ အခန်းကို လာခဲ့ပါ ၊ တံခါးသုံးကြိမ် ခေါက်ပါ ၊ ဒါက ကျုပ်တို့ရဲ့ လျှို့ဝှက်ကုတ်ပဲ”
“ကောင်းပြီ”
ချန်ကျင်း ထွက်သွားပြီးနောက် ကောင်းမင်သည် အေးခဲနေသော ရှုတိရီအား အရူးလေးနှင့်အတူ စံအိမ်သို့ ပြန်သွားခိုင်းလိုက်သည်။ သူတစ်ယောက်တည်းသာ အရှေ့ဘက်ရေကန်သို့ ထွက်လာခဲ့သည်။ စံအိမ်ပတ်လည်ရှိ တောင်များသည် ထင်းရှူးပင်များဖြင့် ဖုံးအုပ်နေသည်။ နှင်းများဖုံးလွှမ်းနေသောကြောင့် လမ်းကြောင်းကို မြင်ရခက်ခဲနေသည်။
“ဆိုင်းဘုတ်က ဒီလမ်းကို ညွှန်ပြထားတာ”
အကိုင်းအခက်များသည် နှင်းများ၏ အလေးချိန်ကြောင့် ညွှတ်ကျနေလေသည်။ သစ်တောထဲသို့ ဝင်ရောက်ပြီးနောက် အလင်းရောင်သည် ပြောင်းလဲသွားပြီး အပူချိန်က ကျဆင်းသွားသည်။
“ဒါက ဘာလဲ”
ကောင်းမင်သည် သစ်ပင်တစ်ပင်ပေါ်တွင် စုတ်ပြဲနေသော ကလေးအဝတ်အစားများကို တွေ့လိုက်ရသည်။ ထို့နောက် မီတာအနည်းငယ်အကွာင် မှို့သွင်းထားသော ဝါဂွမ်းလုံးတစ်လုံးနှင့် အရုပ်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ မျက်နှာသည် အိုမင်းနေပြီး အရေးအကြောင်းများ ရှိနေသည်။
“အရမ်း အေးနေတယ် ၊ အပြင်မှာ ထားခဲ့ရင်တောင် အရုပ်အဆာပလာကို ဒီလောက် မြန်မြန် ထည့်နိုင်မှာမဟုတ်ဘူး ၊ တစ်ယောက်ယောက်က ဒါကို စံအိမ်ထဲကနေ ထုတ်လာခဲ့တာလား”
ကောင်းမင်သည် အရုပ်ကို ကောက်ယူ၍ မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် အလွန် ရုပ်ဆိုးလှသည်။
“ဘယ်သူက ဒါကို အပိုင်းပိုင်းဖြတ်ပြီး ဒီမှာချန်ထားခဲ့တာပါလိမ့်”
ကောင်းမင် ပတ်ကြည့်လိုက်သည်။ သူသည် နောက်ထပ် သစ်ပင်တစ်ပင်ပေါ်တွင် အရုပ်၏ စုတ်ပြဲနေသော ဘယ်ဘက်လက်မောင်းကို တွေ့လိုက်ရသည်။ ပိုဝေးသော နေရာတွင် အရုပ်၏ ညာဘက်လက်က လေထဲတွင် ဝှေ့ယမ်းနေသည်။ ကောင်းမင်သည် အရုပ်၏ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးနှင့် မှို့သွင်းထားသော ဝါဂွမ်းအဆာပလာများကို စုဆောင်းရန် လှည့်ပတ်သွားလိုက်သည်။ သူသည် လမ်းကြောင်းမှ သွေဖယ်သွားပြီး နောက်ဆုံးတွင် သစ်ပင်တစ်ပင်၏ အခေါင်းပေါက်အတွင်း၌ အနက်ရောင်ဆံပင်တုတစ်ခုကို တွေ့လိုက်ရသည်။
သူသည် ဆံပင်တုကို အရုပ်ပေါ် တင်လိုက်သောအခါ ရုတ်တရက် သူ၏ရှပ်အင်္ကျီ ဆွဲခံလိုက်သည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ကြွေရုပ်ကဲ့သို့ မိန်းကလေးငယ်တစ်ဦး သူ့နောက်တွင် ပေါ်လာသည်။ မိန်းကလေးသည် ထူထဲသောအဝတ်များစွာဖြင့် ပတ်ထားသည်။ သူမသည် အလွန် ချစ်စရာကောင်းပုံရသော်လည်း သူမ၏မျက်နှာနှင့် ခြေလက်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေလေသည်။
“ကောင်မလေး၊ ဒီအရုပ်က… မင်းဟာလား”
ကောင်းမင်သည် ပြန်လည်တပ်ဆင်ထားသော အရုပ်ကို မိန်းကလေးထံ ကမ်းပေးလိုက်သည်။ သူမသည် အရုပ်ကို ဖက်လိုက်ပြီး အရုပ်၏မျက်နှာကို ကြည့်လိုက်သည်။
သူမ၏ ဖြူဖျော့နေသော အသားအရေသည် အရောင်များ ပြန်လည်စိုပြေလာသည်။ မိန်းကလေး၏ မျက်လုံးများက အာရုံစိုက်လိုက်သည်။ သူမသည် စိတ်မတည်ငြိမ်သေးမီ ကောင်းမင်ကို သတိထား၍ ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ နေ့ဘက်မှာ ပေါ်လာလို့မရဘူး၊ မဟုတ်ရင် အစ်ကိုကြီးကို ဒုက္ခပေးမိလိမ့်မယ်”
မိန်းကလေးက ညင်သာစွာ ပြောလိုက်သည်။ သူမသည် အလွန် ရှက်တတ်သူဖြစ်သည်။
“မင်းရဲ့ အစ်ကိုကြီးလား”
ကောင်းမင် ဒူးထောက်ထိုင်လိုက်သည်။ သူသည် အရင်က ဤဇာတ်လမ်းကို စံအိမ်ပိုင်ရှင်ထံမှ ကြားခဲ့ဖူးသည်။
“မင်းရဲ့ အစ်ကိုကြီးက စံအိမ်ထဲမှာ နေတာလား”
မိန်းကလေး ခေါင်းညိတ်လိုက်သည်။
“သူက တယော ထိုးတတ်ပြီး မကြာခဏ အမဲလိုက်ရိုင်ဖယ်ကို ကိုင်ထားတတ်တယ်လေ…”
“သူ မဟုတ်ဘူး”
ကောင်းမင် စကားမဆုံးမီ မိန်းကလေးသည် ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ မိန်းကလေးက အရုပ်ကို ခေါင်းငုံ့ရင်း အရုပ်ကိုဖက်လိုက်သည်။ သူမ၏ တံတောင်ဆစ် အဆစ်တဝိုက်နှင့် ဝမ်းဗိုက်ပတ်လည်တွင် သွေးများထွက်လာလေသည်။ ဒဏ်ရာများ၏ တည်နေရာများသည် အရုပ်ကို ဆုတ်ဖြဲခဲ့သော အစိတ်အပိုင်းများနှင့် ဆင်တူသည်။
“စံအိမ်ထဲမှာ နေတဲ့လူက ကျွန်မရဲ့အစ်ကို မဟုတ်ဘူး ၊ သူက လူဆိုးပဲ ၊ သူ ပေါ်လာတာနဲ့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာ”
မိန်းကလေးက နာကျင်မှုဒဏ်ကို မခံနိုင်တော့သောကြောင့် ဒူးထောက်ထိုင်ချလိုက်သည်။ သူမသည် ကောင်းမင်အား မတူညီသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလာသည်။
“အဲ့ဒီ အိမ်ကြီးထဲမှာ ကျွန်မတို့မိသားစု နေခဲ့ဖူးတယ် ၊ ကျွန်မအဖေက ကြင်နာပြီး နူးညံ့တယ်။ ကျွန်မရဲ့ အမေက လှပပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းတယ် ၊ ဒါပေမယ့် သူက ကျွန်မအစ်ကိုနဲ့ ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ် ၊ ကျွန်မတို့က ပျော်စရာအကောင်းဆုံး မိသားစုပဲ”
မိန်းကလေး၏အသံသည် ဟာလာဟင်းလင်း ဖြစ်နေသည်။
“ဒီအရုပ်ကို အမေက ကျွန်မအတွက် သူကိုယ်တိုင် လုပ်ပေးခဲ့တာလေ”
“ဒါဆို ဒါကို ဘယ်သူက ဆုတ်ဖြဲခဲ့တာလဲ”
ကောင်းမင်က မေးလိုက်သည်။
“စံအိမ်ကို ချန်ထားခဲ့တာက ကျွန်မအဘိုးပဲ ၊ အမေနဲ့ လူဆိုးက အဲ့ဒါကို အပန်းဖြေစံအိမ်အဖြစ် ပြောင်းလဲပစ်ခဲ့တယ် ၊ အောက်ဆုံး အထပ်နှစ်ထပ်က ဧည့်သည်တွေအတွက် ဖြစ်ပြီးတော့ ကျွန်မတို့က တတိယထပ်မှာ နေခဲ့ကြတာ”
မိန်းကလေးသည် ကောင်းမင်ကို ပြန်မဖြေပေ။ သူမ၏အသံတွင် ခံစားချက်များ သိပ်မပါဝင်ပေ။
“စတုတ္ထထပ်ကတော့ အဘိုးအသက်ရှိတုန်းက ကျွန်မတို့ကို အဲ့ဒီကို သွားခွင့်မပေးခဲ့ဘူး ၊ တစ်ခါတုန်းကတော့ အစ်ကိုက ကျွန်မကို အဲ့ဒီမှာ ကစားဖို့ ခေါ်သွားခဲ့ဖူးတယ် ၊ အဘိုး သိသွားတော့ သူက အစ်ကို့ကို အချိန်အကြာကြီး ရိုက်နှက်ခဲ့တယ်”
“ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အဘိုးကွယ်လွန်သွားခဲ့တယ် ၊ အစ်ကိုနဲ့ အဖေက သူ့ပစ္စည်းတွေကို ရှင်းလင်းဖို့ စတုတ္ထထပ်ကို သွားခဲ့ကြတယ်”
မိန်းကလေး၏ မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် တောက်ပလာသည်။
“နောက်တော့ အဖေက အစ်ကို့ကို လှေကားအောက် သယ်လာခဲ့တယ် ၊ အစ်ကိုက စတုတ္ထထပ်က တံခါးတစ်ပေါက်ကို ဖွင့်ခဲ့တယ်လို့ ပြောခဲ့တယ် ၊ သူ အချိန်မီ ပိတ်ခဲ့ပေမယ့် တစ်စုံတစ်ရာက လွတ်မြောက်သွားခဲ့တယ်”
“မင်း ပြောနေတာက စံအိမ်ရဲ့လက်ရှိပိုင်ရှင်က အဲ့ဒီတုန်းက တံခါးကနေ လွတ်မြောက်လာတဲ့ အရာလား”
ကောင်းမင် ထိတ်လန့်သွားသည်။ မိန်းကလေး၏ ဇာတ်လမ်းသည် စံအိမ်ပိုင်ရှင် ပြောပြခဲ့သော ဇာတ်လမ်းနှင့် လုံးဝကွဲပြားနေခြင်းဖြစ်သည်။
“အမှန်ပဲ ၊ လူတိုင်းရဲ့ သေဆုံးမှုတွေက သူနဲ့ ဆက်စပ်နေတယ်”
မိန်းကလေးသည် သွေးများ ဆက်လက်စီးကျနေသည်။ သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေသည်။