ဒုတိယ ည
Vol. 34 Ch. 510
“ရှင်… ကျွန်မကို စံအိမ်ထဲ ခေါ်သွားချင်တာပေါ့”
မိန်းကလေး၏ အသံက မြင့်လာသည်။ သူမ၏မျက်လုံးများပင် တောက်ပသွားသည်။
“ဒါ အကောင်းဆုံးပဲ ၊ ဒါပေမဲ့ ရှင် အရင်ဆုံး ကျွန်မခန္ဓာကိုယ်ကို ပြည့်စုံအောင်လုပ်ပေးရမယ် ၊ ပြီးတော့ ကျွန်မ ညဘက်မှပဲ စံအိမ်နားကို သွားလို့ရမယ်”
“ငါ မင်းခန္ဓာကိုယ်ကို အစိတ်အပိုင်းတွေ ပြန်ဆက်ပေးပြီးပြီ မဟုတ်လား”
ကောင်းမင်သည် စိတ်ရှုပ်ထွေးသွားသည်။
“နောက်ဆုံး အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု လိုနေသေးတယ် ၊ ကျွန်မရဲ့အရုပ်က အမေရဲ့အပ်နဲ့ ချည်နဲ့ တစ်ချက်ချုပ်ပေးမှ ပြည့်စုံမှာ၊ အဲ့ဒီအခါကျမှ ကျွန်မ ထင်းရှူးတောထဲကနေ ထွက်ခွာနိုင်လိမ့်မယ်”
မိန်းကလေးက ကောင်းမင်၏ ရှပ်အင်္ကျီပေါ်မှ သူမလက်ကို လွှတ်လိုက်သည်။
“အမေက အရင်က အခန်း ၃၀၉ မှာ နေခဲ့တာ ၊ နောက်တော့ သူက စတုတ္ထထပ်မှာ ပိတ်ခံခဲ့ရတယ်”
“နားလည်ပြီ ၊ ငါ့ကို စောင့်နေပါ”
ကောင်းမင်သည် မိန်းကလေး၏ ဆံပင်ကို ပွတ်သပ်လိုက်ပြီး ထွက်ခွာသွားသည်။
“စံအိမ်က ဘယ်ဘက်မှာလေ ၊ ရှင် လမ်းမှားနေပြီ”
မိန်းကလေးက ကောင်းမင်ကို ကြင်နာစွာ သတိပေးလိုက်သည်။
“ငါ အရှေ့ဘက်ရေကန်ကို အရင်သွားကြည့်ချင်တယ်”
ကောင်းမင်သည် သူ၏ မူလရည်ရွယ်ချက်ကို မေ့မထားပေ။
“အဲ့ဒီကို မသွားပါနဲ့ ၊ အရမ်း အန္တရာယ်များတယ် ၊ ကန်အောက်ခြေမှာ ကျွန်မကို ကြောက်စေတဲ့ အရာတစ်ခု ရှိနေတယ်”
မိန်းကလေးက ကောင်းမင်ဆီသို့ ပြေးလာသည်။
“ရေခဲပြင်က အချိန်မရွေး ကွဲသွားနိုင်တယ် ၊ ရှင် ဒီလမ်းအတိုင်း ဆက်သွားရင် ဆိပ်ကမ်းတစ်ခုကို ရောက်သွားလိမ့်မယ် ၊ အဲ့ဒီမှာ လှေလေးတစ်စင်း ရှိတယ်၊ အဖေက အရင်က အဲ့ဒီလှေနဲ့ ငါးဖမ်းသွားလေ့ရှိတယ်”
“ကျေးဇူးပါပဲ”
ကောင်းမင်သည် မိန်းကလေး၏ ညွှန်ကြားချက်များကို လိုက်နာ၍ ထူထဲသော သစ်တောအား အောင်မြင်စွာ ဖြတ်သန်းသွားလိုက်သည်။ သူသည် တောင်တစ်ဝက်တွင် ရပ်နေရင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် နောက်တစ်လှမ်းဆုတ်လိုက်ရသည်။ နှင်းများက အရာအားလုံးကို ဖုံးအုပ်နေသည်။ သစ်တောအလယ်တွင် မိုးကုတ်စက်ဝိုင်းအထိ ကျယ်ပြန့်သော ကန်ကြီးတစ်ကန် ရှိသည်။ ကန်မျက်နှာပြင်သည် အေးခဲနေလေသည်။ ကန်သည် အလွန်နက်ရှိုင်းပုံရသည်။ ကန်၏ အစွန်းများသည် အပြာရင့်ရောင်ဖြစ်ပြီး အလယ်ဗဟိုမှာမူ အနက်ရောင်ဖြစ်လုနီးပါးဖြစ်သည်။ ထိုကန်သည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ နက်နဲဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေလေသည်။ ပိုင်ဖုန်းသည် ဤကန်သို့ ညဘက် လာရောက်လည်ပတ်ရန် မည်သို့သတ္တိရှိခဲ့သည်ကို ကောင်းမင် စဉ်းစား၍မရနိုင်ပေ။
“မိန်းကလေးက ရေခဲပြင်က ဘယ်အချိန်မဆို ကွဲသွားနိုင်တယ်လို့ ပြောခဲ့တယ် ၊ တစ်ယောက်ယောက် ကျသွားရင် ကယ်တင်ဖို့ မလွယ်လှဘူး”
ကောင်းမင်သည် သူ့အိတ်ကပ်ထဲရှိ အသားမျိုးစေ့များဆီသို့ လက်လှမ်းလိုက်သည်။ ထိုအစေ့များသည် နေ့ဘက်တွင် တုံ့ပြန်မှုမရှိခဲ့သော်လည်း ညဘက်တွင်မူ အရှေ့ဘက်ရေကန်မှ တစ်စုံတစ်ရာက ခေါ်ဆောင်နေသကဲ့သို့ ခံစားရသည်။
“ဒီ အိမ်မက်ဆိုးအလယ်အလွှာက တကယ်ပဲ တခြားအိမ်မက်ဆိုးတွေနဲ့ ဆက်စပ်နေတာလား ၊ အရှေ့ဘက်ကန်ကနေ တခြားအိမ်မက်ဆိုးကို သွားနိုင်မှာလား”
ကောင်းမင်သည် ကန်၏အလယ်ဗဟိုကို စူးစိုက်ကြည့်လိုက်သောအခါ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ရေမျက်နှာပြင်အောက်တွင် လူတစ်ဦး ရေကူးနေသည်ကို သူမြင်လိုက်သည်ဟု ယုံကြည်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူသားနှင့်တူသော အရာသည် ရေထဲသို့ ငုပ်လျှိုးသွားလေသည်။၎င်းက ပုန်းအောင်းသွားခြင်း ဖြစ်နိုင်သည်။
“ဒါက ငါးတစ်ကောင်လား”
ကောင်းမင် ဆိပ်ကမ်းသို့ လျှောက်သွားလိုက်သည်။ သစ်သားပြားများသည် ရေပေါ်၌ လမ်းကြောင်းတစ်ခု ဖန်တီးထားပြီး အရှေ့ဘက်ရေကန် အတွင်းသို့ ရောက်ရှိနေသည်။ ဆိပ်ကမ်းတွင် လှေနှစ်စင်းကို ချည်နှောင်ထားသည်။ ဆိပ်ကမ်းနားရှိ ရေသည် အေးခဲမနေခြင်းက သတိထားစရာဖြစ်သည်။ ဆိပ်ကမ်း၏အဆုံးတွင် သံချေးတက်နေသော အနီရောင်စာတိုက်ပုံးတစ်ခု ရှိနေသည်။ နှင်းဖွေးနေသောနောက်ခံနှင့်ယှဉ်လျှင် ထိုသေတ္တာ၏ အနီရောင်သည် ဆွဲဆောင်မှုရှိနေသည်။ မည်သူက ထိုနေရာသို့ စာများ ပို့မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ကောင်းမင် စာတိုက်ပုံးကို ထိတွေ့လိုက်သည်။ ထိလိုက်သောအခါ ၎င်းသည် စေးကပ်ကပ် ဖြစ်နေသည်။ တစ်ဝက်ခဲနေသော သွေးကို ထိတွေ့မိသကဲ့သို့ သူခံစားရသည်။
“ဒီစာတိုက်ပုံးက အိပ်မက်ထဲကပစ္စည်း မဟုတ်တဲ့ပုံပဲ ၊ စကားပြောစက်နဲ့ ခံစားချက်ခြင်း ဆင်တယ် ၊ အိမ်မက်ဆိုး ပြီးခါနီးရင် ငါ ဒါကို ယူသွားလို့ရမလား ကြိုးစားကြည့်သင့်တယ်”
ကောင်းမင်သည် လမ်းကြောင်းတစ်လျှောက် ဆက်သွားလိုက်ချိန်တွင် အလွန်မသက်မသာ ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် သူ့အား ကန်ထဲသို့ ခုန်ဆင်းပြီး အလယ်ဗဟိုဆီသို့ ရေကူးသွားရန် ပြောနေသော အသံတစ်ခု ရှိနေလေသည်။
“စိတ်ဝင်စားစရာပဲ”
ကောင်းမင်သည် ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် သူ့ခြေလှမ်းများကို နောက်ပြန်လှည့်လိုက်သည်။
စံအိမ်ပိုင်ရှင်သည် ယခင်နေ့က ဖြစ်ပျက်ခဲ့သည့် အရာများပြီးနောက် ပို၍ တင်းမာလာဟန်ရသည်။ သူသည် သူ၏ ရိုင်ဖယ်သေနတ်ကို ပွေ့ဖက်ထားပြီး ခါးတွင် ဓားသုံးချောင်း ချိတ်ဆွဲထားသည်။ သူသည် လူတိုင်းကို သံသယဖြင့် ကြည့်ရှုနေတော့သည်။ သူသည် ရှုတိရီ နှင့် အရူးလေးတို့ကို ပြတင်းပေါက်များ ခိုင်ခံ့အောင် ကူလုပ်ခိုင်းသည်။ မီးဖိုချောင် မီးခိုးခေါင်းတိုင်ကိုလည်း ပိတ်ဆို့ခဲ့သည်။ စံအိမ်အတွင်းရှိ အပူချိန်မှာ မြင့်တက်လာသော်လည်း လေထုမှာ မှိုင်းညို့နေလေသည်။ ပိုင်ရှင်သည် အခန်းတိုင်းကို စစ်ဆေးနေခဲ့သည်။ သူသည် ဧည့်ခန်းတံခါးဘောင်များပတ်လည်တွင် လူလုပ်ပိုက်ကွန်များကို ချိတ်ဆွဲထားစေသည်။ ၎င်းတို့သည် အိပ်မက်ဖမ်းပိုက်ကွန်များ ဖြစ်သည်ဟု ပြောသေးသည်။ ဒေသခံများသည် အရှေ့ဘက်ရေကန်အတွင်းမှ သတ္တဝါကို တားဆီးရန် ထိုကဲ့သို့ပိုက်ကွန်များကို တံခါးများပေါ်တွင် ချိတ်ဆွဲလေ့ရှိသည်။
စံအိမ်ပိုင်ရှင်သည် အရာများစွာကို လုပ်ဆောင်လျက်ရှိသည်။ သူသည် အိပ်မက်ဖမ်းပိုက်ကွန်များအပြင် ဧည့်သည်များ၏ အိပ်ရာခင်းများကိုလည်း လဲလှယ်ခဲ့သည်။ အိပ်ရာခင်းအသစ်များသည် လူပုံသဏ္ဌာန်များပါသော အဖြူရောင်အိပ်ရာခင်းများဖြစ်သည်။ ၎င်းတို့ကို လူသားအိပ်ရာခင်းများဟု ခေါ်ဆိုကြောင်း သိရသည်။ အိပ်နေသူသည် တိုက်ခိုက်ခံရပါက ထိုအခင်းသည် ထိုလူ၏ကိုယ်စား ပျက်စီးသွားမည်ဖြစ်သည်။
ပိုင်ရှင် ဟိုဟိုဒီဒီ လှုပ်ရှားနေချိန်တွင် ကောင်းမင်က အကူအညီ မပေးခဲ့ပေ။ မိန်းကလေးနှင့် စကားပြောဆိုပြီးနောက် သူသည် ပိုင်ရှင်က တချို့ဝတ်ပြုဓလေ့ပုံစံတစ်မျိုးကို ပြုလုပ်နေသည်ဟု သံသယရှိနေသည်။ လုံခြုံရေးအတွက် ကောင်းမင်သည် ပိုင်ဖုန်းကို ရှာဖွေရန် အခန်း ၃၀၀၉ သို့ သွားလိုက်သည်။ သူသည် ထိုအမျိုးသမီးနှင့် သတင်းအချက်အလက်များ မျှဝေလိုခြင်းဖြစ်သည်။ သို့သော် ပိုင်ဖုန်း၏အခြေအနေမှာ မကောင်းမွန်သည်ကို သူသတိပြုမိသည်။ သူမ၏ နှင်းကိုက်ဒဏ်ရာများကို ကုသထားပြီး ဒဏ်ရာများအား ပတ်တီးစည်းထားသည်။ သို့သော်လည်း သူမသည် ငိုက်မျဉ်းနေပြီး အားအင်ချိနဲ့နေပုံရသည်။
“အစ်မပိုင်၊ အဆင်ပြေရဲ့လား”
ကောင်းမင်သည် ပိုင်ဖုန်းဘေးတွင် ဂရုတစိုက် ရပ်လိုက်ပြီး စောင်တစ်ထည်ကို သူမအား ခြုံပေးလိုက်သည်။
“ကျွန်မတို့ အိပ်မက်ထဲ ဝင်လာတဲ့အချိန်ကစပြီး ကျွန်မ မအိပ်ရသေးဘူး၊ စားလည်း မစားရသေးဘူး ၊ ညဘက်ကိုလည်း အပြင်မှာ ကုန်ဆုံးခဲ့ရသေးတယ်”
ပိုင်ဖုန်းသည် မျက်လုံးများကို မှိတ်လိုက်သည်။
“ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ”
ပိုင်ဖန်သည် သူမကိုယ်သူမ ရှင်းပြတတ်သူမျိုး မဟုတ်ပေ။
“ဒါဆို ကျွန်တော် ခင်ဗျားကို ထပ်မနှောင့်ယှက်တော့ဘူးနော်”
ကောင်းမင်သည် ပိုင်ဖုန်းအတွက် ရေနွေးပြင်ပေးရင်း အခန်း ၃၀၀၉ ကို စစ်ဆေးကြည့်ရှုလိုက်သည်။ ဤနေရာသည် မိန်းကလေး၏ အမေဖြစ်သူ နေထိုင်ခဲ့ဖူးသော အခန်းဖြစ်သည်။ အခန်းသည် သေးငယ်ပြီး စာအုပ်များဖြင့် ဖုံးလွှမ်းနေသည်။ ရှုပ်ပွနေသော စားပွဲပေါ်တွင် ဆေးဝါးများနှင့် ပွင့်နေသော ဆေးသေတ္တာတစ်လုံး ရှိနေသည်။ မိန်းကလေး လိုအပ်သော အပ်နဲ့ ချည်သည် စားပွဲပေါ်တွင် ရှိနေလေသည်။
“ဒါ ထူးဆန်းတယ် ၊ ဒါတွေက ငါယူတာခံရဖို့ ဒီနေရာမှာ ရှိနေသလိုပဲ”
ကောင်းမင်သည် ထူးထူးဆန်းဆန်း မပြုမူခဲ့ပေ။ သူသည် မသင်္ကာဖွယ် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ပိုင်ဖုန်းနှင့် ဆင်တူစွာ သူသည်လည်း အိမ်မက်ဆိုးစတင်ချိန်မှစ၍ မစားရ မအိပ်ရသေးပေ။ သို့သော်လည်း သူ အဆင်ပြေနေသည်။ ထို့အပြင် ပိုင်ဖုန်းသည် ထိုမနက် စံအိမ်သို့ ပြန်ရောက်လာချိန်က ဒဏ်ရာရနေသော်လည်း သူမ၏မျက်လုံးများက တောက်ပနေခဲ့သည်။ သို့သော် အခန်း ၃၀၀၉ ရှိ လက်ရှိ ပိုင်ဖုန်းမှာ လုံးဝကွဲပြားသော လူတစ်ဦးနှင့်တူနေလေသည်။
“လုံးဝကွဲပြားတဲ့ လူတစ်ယောက်လား”
ကောင်းမင်သည် မိန်းကလေး ပြောခဲ့သည်များကို သတိရလိုက်သောအခါ အေးစက်သွားသည်။ ကြောက်မက်ဖွယ်အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာတော့သည်။
ပိုင်ရှင်သည် တံခါးမှ ထွက်ပြေးလာသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။ မိန်းကလေး၏ မိသားစုကို သတ်ဖြတ်ပြီးနောက် သူသည် မိန်းကလေး၏အစ်ကို၏ အိမ်မက်ဆိုးထဲတွင် ချိတ်ပိတ်ခံခဲ့ရသည်။ ယခုတွင်မူ ပိုင်ရှင်သည် အိမ်မက်ဆိုးထဲမှ လက်တွေ့ကမ္ဘာသို့ ထွက်ပြေးရန်အတွက် စမ်းသပ်သူကို ဝင်ပူးရန် ကြိုးစားနေခြင်းဖြစ်သည်။
“အပ်နဲ့ချည်တွေက ငါတို့ မိန်းကလေးနဲ့ စကားပြောပြီး အမှန်တရားကို သိထားလားဆိုတာ စမ်းကြည့်ဖို့အတွက် ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်တွေ ဖြစ်နိုင်တယ်”
ထိုသို့ဆိုပါက မိန်းကလေး၏ အစ်ကိုအရင်းသည် အများဆုံးခံစားခဲ့ရသော အကြင်နာဆုံးသူ ဖြစ်ပေလိမ့်မည်။
ကောင်းမင်သည် ပိုင်ဖုန်းအတွက် ရေတစ်ခွက်ကို ငှဲ့ထားပေးခဲ့သည်။ သူ ခဏမျှ နေခဲ့သော်လည်း အပ်နဲ့ချည်ကို မထိပေ။ နောင်တွင် ထိုအရာများကို ရယူရန် နည်းလမ်းများစွာ ရှိသေးသည်။
ကောင်းမင်သည် အခန်း ၃၀၀၉ မှ ထွက်၍ ရှုတိရီကို ရှာဖွေလိုက်သည်။ ညရောက်လုနီးပါး ဖြစ်လာသောအခါ သူသည် ရှုတိရီအား ဆေးဝါးတချို့ သွားယူတောင်းဆိုလိုက်သည်။
ကြီးမားလှသော စံအိမ်ကြီးထဲတွင် လူတိုင်းသည် ကိုယ်ပိုင်ရည်မှန်းချက်များ ရှိနေကြသည်။ အရူးလေးပင်လျှင် တစ်စုံတစ်ခုအတွက် ပြင်ဆင်ရန် ပစ္စည်းအချို့ကို တိတ်တဆိတ် စုဆောင်းနေလေသည်။
နောက်ဆုံးတွင် ညရောက်လာတော့သည်။