← Chapters

ဖြစ်နိုင်ချေရှိသော ပြဿနာများကို ဖယ်ရှားခြင်း

Vol. 14 Ch. 192

ဖြစ်နိုင်ချေရှိသော ပြဿနာများကို ဖယ်ရှားခြင်း

Vol. 14 Ch. 192

အခန်း (၁၉၂) : ဖြစ်နိုင်ချေရှိသော ပြဿနာများကို ဖယ်ရှားခြင်း

ဝမ်ဝေ့က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိပြီးသွားပြီးနောက် တစ်စုံတစ်ခု ပြောဖို့ ပြင်လိုက်စဉ် သူမက ရုတ်တရက် မေးလိုက်သည်

“ ကျွန်မ ရှင့်ရဲ့မျက်နှာကို ထိကြည့်လို့ ရမလား”

အသိစိတ်အရ သူမကို ငြင်းလိုက်ချင်သော်လည်း သူမ၏ လေးနက်သော မျက်လုံးထဲ စိုက်ကြည့်ပြီးနောက် စိတ်ပြောင်းသွားသည်။ ထို့ကြောင့် သူမ၏ သေးငယ်ပြီး ကျောက်စိမ်းနှင့် တူသော လက်လေးများဖြင့် သူ့မျက်နှာကို ဖြည်းဖြည်းချင်း ထိတွေ့စေလိုက်သည်။

သူမက သူ့ကို တည့်တည့်စိုက်ကြည့်နေသော်လည်း သူမ မြင်နေသောသူက သူ မဟုတ်ကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။ သူမ၏ အကြည့်ထဲတွင် သူ့ပုံရိပ်ကို တခြားတစ်ယောက်က အစားထိုးထားကြောင်း သူ မြင်နိုင်သည်။

သူမက သူ့မျက်နှာကို စက္ကန့်အနည်းငယ်ကြာ ထိတွေ့ပြီးနောက် အသက်ရှူသွင်းရင်း ရေရွတ်လိုက်သည်

“ ရှင် ဒီဒုက္ခတွေ အားလုံးကို မခံစားခဲ့သင့်ဘူး”

ဝမ်ဝေ့က အံ့အားသင့်ပြီး သူမ အကြောင်းကို သိချင်နေသည်။ ထို့ကြောင့် သူမ ပြန်လည်တောင့်တနေသော လူနှင့် ပတ်သက်ပြီး မေးချင်သော်လည်း သူမက သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူမ ဘယ်လိုလုပ်လိုက်လဲဆိုတာ သူ မမြင်လိုက်ပေ။ သူမ၏ အစစ်အမှန် အမြင်စွမ်းရည်နှင့် နတ်ဘုရားအသိစိတ်ကပင် ဘာကိုမှ သတိမထားမိလိုက်ပေ။ သူမ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ဖြစ်နေသည်။ ဝမ်ဝေ့က စိတ်ရှုပ်ထွေးစွာဖြင့် အော်ခေါ်လိုက်သည်

“ အကြီးအကဲချုပ်”

“ ဟုတ် သခင်လေး”

“ စောစောက ကျွန်တော်နဲ့ စကားပြောနေတဲ့ အမျိုးသမီးကို တွေ့လိုက်သေးလား”

“ တွေ့လိုက်ပါတယ်”

“ သူမ ဘာလဲဆိုတာ သိလား။ သူမက ဘယ်လိုလုပ်ပြီးတော့ ပျောက်ကွယ်သွားတာလဲ”

“ သူမက သရဲဝိညာဉ်လို့ ထင်တယ်”

“ ထင်တယ်တဲ့လား” မသေချာမှု ဘယ်က ရောက်လာလဲဆိုတာ ဝမ်ဝေ့ မေးမြန်းလိုက်သည်။

“ ပုံမှန်ဆိုရင် သရဲဝိညာဉ်တွေက သေမျိုးတွေ ဒါမှမဟုတ် ပြင်းထန်တဲ့ အငြိုးနဲ့သေသွားတဲ့ ကျင့်ကြံသူတွေပဲ။ ဒါပေမဲ့ သူမဆီကနေ ဘာအငြိုးမှ မခံစားရဘူး။ အဲဒါကြောင့် ကျုပ် သိပ်ပြီးမသေချာဘူး”

ယန်းချန်က စက္ကန့်အနည်းငယ်ကြာ ရပ်တန့်ပြီးနောက် ပြောလိုက်သည်

“ သူမ ပျောက်ကွယ်သွားတာနဲ့ ပတ်သက်ပြီး သူမ ဘယ်လိုလုပ်လိုက်လဲဆိုတာကို ကျုပ်တောင် မထောက်လှမ်းနိုင်ခဲ့ဘူး”

ဝမ်ဝေ့က အဖြစ်အပျက်တစ်ခုလုံးကို စတင်စဉ်းစားရင်း မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်မှု တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် တွေ့ဆုံမှုတစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီးနောက် ကိစ္စအနည်းငယ်က ထူးဆန်းနေသည်ကို ရှာဖွေတွေ့ရှိသွားသည်။

ပထမတစ်ချက်အနေဖြင့် သူမက သူ့ကို ချဉ်းကပ်လာသည်ကို သူမ စကားမပြောခင်အထိ သူ သတိမထားမိခဲ့ပေ။ ပတ်ဝန်းကျင်အပေါ်တွင် ပြင်းထန်သော အာရုံစိုက်မှုရှိသည့် သူမျိုးအတွက် ဤအရာက ထူးခြားနေသည်။

ဒုတိယတစ်ချက်အနေဖြင့် သူတို့ စတင်တွေ့ဆုံသည့်နေရာမှာတင် သူ၏ အကျင့်စရိုက်တစ်ခုလုံးကို အသေးစိတ်ကျကျ ပြောနိုင်ခဲ့သည့်ပုံစံ ဖြစ်သည်။ သူနှင့် အရမ်းရင်းနှီးသောသူများသာလျှင် သူက ဘယ်လိုလူမျိုးလဲဆိုတာ အမှန်တကယ် သိသည်။ အပြင်လောကအတွက် ခွန်အား၊ ဉာဏ်ပညာနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကိုသာ ဖော်ပြလေ့ရှိသည်။ သူနှင့် ရင်းနှီးသောသူများကို စတေးရမည်ဆိုလျှင်ပင် ပန်းတိုင်သို့ ရောက်ရှိရန် ဘာမဆိုလုပ်မည့်သူ တစ်ယောက် ဖြစ်သည်။

ထိုအရာကို သူ၏ ဂိုဏ်းအဖွဲ့ဝင်ဖြစ်သည့် ဟန်လီကို ဆက်ဆံလိုက်ပုံက သက်သေပြနိုင်သည်။ သို့သော် ထိုအမျိုးသမီးက သူ့ကို အလွယ်တကူ ထိုးဖောက်မြင်နေနိုင်သည်။

ထိုအရာက သူတို့၏ တွေ့ဆုံမှုအတွင်း အဆင်မပြေမှု အဖြစ်စေဆုံးအရာပင် မဟုတ်သေးပေ။ ဝမ်ဝေ့ကို စိတ်အပူဆုံးဖြစ်သွားစေသည်က နောက်ဆုံးအပြုအမူ ဖြစ်၏။

သူမက သူ၏ မျက်နှာကို ထိတွေ့ရန် တောင်းဆိုစဉ်က သူ့သတိကြီးသော သဘာဝအရ ထူးဆန်းပြီး နားလည်ရခက်သည့်သူများကို သူ့အနား အလွယ်တကူ ချဉ်းကပ်ခွင့် မပေးသလို မျက်နှာကိုလည်း ထိတွေ့ခွင့် ပေးမည် မဟုတ်ပေ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ အကြီးအကျယ် ထိခိုက်သွားနိုင်သော်လည်း ထိတွေ့ရန် ခွင့်ပြုခဲ့သေးသည်။ ထိုကဲ့သို့ ဖြစ်နိုင်သည့် အကြောင်းအရင်းက နှစ်ခုသာ ရှိသည်။ ပထမတစ်ခုက သူမ၏ ဝိညာဉ်က အင်မတန် စွမ်းအားကြီးသည့်အတွက် သူ့စိတ်ကို မသိအောင် လွှမ်းမိုးနိုင်လိုက်ခြင်း သို့မဟုတ် သူမက လျှို့ဝှက်ကျင့်စဉ် တစ်ခုကို သုံးကာ ဝိညာဉ် သို့မဟုတ် စိတ်အကာအကွယ်ကို ကျော်ဖြတ်သွားနိုင်ခြင်းပင် ဖြစ်သည်။

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ ဝမ်ဝေ့အတွက် ထိတ်လန့်စရာကောင်းသော သတင်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထိုအမျိုးသမီးတွင် မကောင်းသော ရည်ရွယ်ချက်ရှိပါက သူ၏ အလိုလိုသိစိတ်က သူ့ကို သတိပေးမည်ဟု ယုံကြည်သော်လည်း ထိုအရာက သူ့စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံလိုက်ရသည်ဆိုသော အချက်ကို မပြောင်းလဲနိုင်ပေ။

ထိုအဖြစ်အပျက်က ဝမ်ဝေ့ကို သူ၏ အရည်အသွေး မြင့်မားသော ဝိညာဉ်က သူ စဉ်းစားထားသလောက် ပြီးပြည့်စုံခြင်း မရှိကြောင်းကို သက်သေပြလိုက်သည်။ ဤကမ္ဘာက ကျယ်ပြန့်လွန်းပြီး ကျင့်ကြံသူများစွာမှ နှစ်ပေါင်းများစွာ တိုးတက်အောင် လုပ်ခဲ့သည့် ဘယ်လို ကောင်းကင်သွေဖယ် ကျင့်စဉ်နှင့် စွမ်းရည်များ ပါရှိသည့် ရှည်လျားသော သမိုင်းတစ်ခု ရှိသည်။

ထို့နောက် ဝမ်ဝေ့က သည်းခံနိုင်စွမ်းကို ပြန်လည်ရရှိရန် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုအဖြစ်အပျက်က သူ့ကို အရေးကြီးသည့် သင်ခန်းစာတစ်ခုကို သင်ကြားပေးလိုက်သည်။ သူ၏ ဝိညာဉ်က ထူးခြားသော်လည်း ဘယ်အရာက ထူးခြားလဲနှင့် ထူးခြားမှုကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မသိလျှင် ထိုစွမ်းအားကို မျက်စိစုံလုံးမှိတ်ပြီး မယုံသင့်ပေ။ ထိုအကြောင်းကို စဉ်းစားလို့ ပြီးသွားသည့်အခါ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်သို့ ဆက်လက် ခရီးနှင်လိုက်သည်။

ထိုအချိန်တွင် တာအိုအခွင့်အလမ်းဂိုဏ်း၌ မဟာအကြီးအကဲလုံပေါ်က ဝမ်ဝေ့ ထွက်ခွာသွားသော သတင်းကို ရလိုက်သည်။ သူက အစီအရင်ကို စိုက်ကြည့်လိုက်ပြီးနောက် အကြည့်ထဲတွင် ရူးသွပ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ ဖြတ်ပြေးသွားသည်။

“ငါ ဒီအတိုင်းလွှတ်မပေးနိုင်ဘူး ” သူက ရေရွတ်လိုက်ရင်း မူလအဆီအနှစ်ကို အစီအရင်ထဲသို့ ထိုးသွင်းကာ အသက်သွင်းလိုက်သည်။ သူက ထိုအစီအရင်ကို လွန်ခဲ့သော ငါးနှစ်ကတည်းက ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ရည်ရွယ်ချက်က သူ့ကို ဘယ်သူမှ သတိမထားမိစေဘဲ ဂိုဏ်းထဲမှ တိတ်တဆိတ် ထွက်သွားရန် ဖြစ်သည်။ အစီအရင်ကို အသက်သွင်းပြီးနောက် လုံပေါ်နှင့် ရုပ်ချင်းတူ၊ ကျင့်ကြံဆင့်တူ၊ အရှိန်အဝါတူသည့် ကိုယ်ပွားတစ်ယောက် အခန်းထဲတွင် ထွက်ပေါ်လာသည်။ ကိုယ်ပွားတွင် အားလုံးနှင့် တိုက်ခိုက်ပြောဆိုနိုင်သည့် စွမ်းရည်ရှိသည့်အတွက် ကိုယ်ပွားကို ကြည့်ပြီး လုံပေါ် အစစ် ဟုတ်၊ မဟုတ်ကို ခွဲခြားဖို့ဆိုတာ မဖြစ်နိုင်ပေ။

ထို့နောက် လုံပေါ်အစစ်က ဂိုဏ်းမှသာမက ကောင်းကင်သက်တမ်း နယ်မြေမှပင် ထွက်သွားသည်။ ထွက်သွားပြီးနောက် လုံပေါ်က ဝမ်ဝေ့ ဦးတည်သွားသည့် ဘက်သို့ ကြည့်လိုက်ပြီး အံကြိတ်ကာ ရေရွတ်လိုက်သည်

“ မရဏအမိန့်နန်းတော်က ဒီအလုပ်ကို လုပ်ဖို့ ငြင်းဆိုနိုင်ပေမဲ့ အနောက်ပိုင်း ကုန်းမြေက နတ်ဆိုးကျင့်ကြံသူတွေအတွက်တော့ မတူနိုင်လောက်ဘူး။ ဈေးနှုန်းသာ အဆင်ပြေရင် ယန်းချန်ကို တားဖို့ အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်ထက်မက ဝမ်းသာစွာ လွှတ်ပေးဦးမှာဆိုတော့ အဲဒီကောင်စုတ်လေးကို သတ်ပစ်လို့ ရပြီ”

ထို့နောက် သူက ခေါင်းဆောင် ဆောင်းပြီး ထိုဦးတည်ရာအတိုင်း ထွက်ခွာသွားသည်။ သို့သော် သူ ထွက်သွားပြီးပြီးချင်း သူ၏ ကျင့်ကြံရေးအခန်းထဲတွင် အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လုံပေါ် မသိလိုက်ပေ။ သူ၏ ကိုယ်ပွားပင် ထိုအရိပ် ရှိသည်ကို သတိမထားမိပေ။ အရိပ်က သူ ထွက်ခွာသွားသည်ကို ဂိုဏ်းချုပ်ဝမ်ထျန်းဆီ သတင်းပို့လိုက်သည်။

ထျန်းဝေ့တောင်ထိပ်၌ ဝမ်ထျန်း ထိုသတင်းကို ကြားကြားချင်း သက်ပြင်းချကာ ပြတင်းပေါက်ဘက်ကို ကြည့်ရင်း စဉ်းစားလိုက်မိသည်။

ဒီလိုဖြစ်လာမှတော့ …

ဝမ်ထျန်းက ခြေသံများကို ကြားလိုက်ရသည့်အခါ ငေးမောနေရာမှ သတိဝင်လာသည်။ ထို့နောက် သူ့ဆီလာနေသော သူကို တွေ့လိုက်ရသည့်အခါ ချက်ချင်း မတ်တပ်ထရပ်လိုက်မိ၏။

“ အဖေ ကျွန်တော်ကို ဘာကိစ္စရှိလို့များ လာတွေ့တာလဲ”

ဝမ်ချန်က သူ့သားကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းနဲ့ လုံပေါ်ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ ဟိုးအရင်တုန်းက မင်းတို့နှစ်ယောက်က မိတ်ဆွေတွေဆိုတာကို သိပါတယ်။ အဲဒါကြောင့် ဒီကိစ္စကို မင်းအစား ဖြေရှင်းလိုက်မယ်”

“ ကျေးဇူးတင်ပါတယ် အဖေ”

ဝမ်ချန်က ခေါင်းညိတ်ပြပြီးနောက် အခန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ လုံပေါ်၏ တည်နေရာကို ခြေရာခံရန် သူ့အတွက် အချိန်သိပ်မကြာပေ။

အာကာပြင်လမ်းကြောင်းမှတဆင့် ခရီးနှင်နေစဉ် ဘေးပတ်လည်ရှိ လေဟာနယ်က မတည်မငြိမ် ဖြစ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် သူ ဖန်တီးထားသော အာကာပြင်လမ်းကြောင်းမှ ကန်ထုတ်ခံလိုက်ရသည်။

တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ချက်ချင်း သိလိုက်ပြီးနောက် လုံပေါ်က သူ့ပိုင်နက်ကို ချက်ချင်းဖွင့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ မိုးမြေ၏ စည်းမျဉ်းများကို သူက အတင်းအဓမ္မ သိမ်းပိုက်ကာ ပြောင်းလဲလိုက်သည်။

“ ဝမ်ထျန်း … မင်း ဒီမှာ ရောက်လာတာကို ငါ သိတယ်။ အဲဒါကြောင့် ထွက်လာခဲ့တော့။ ငကြောက် မလုပ်ဘဲ ထွက်ခဲ့စမ်းပါ”

“ ကံမကောင်းစွာနဲ့ သူက ဒီမှာ မရှိဘူး” စွမ်းအားကြီးပြီး လွှမ်းမိုးသော အသံတစ်သံက ပြန်ပြောလိုက်သည်။

ထွက်လာသည့်သူကို လုံပေါ် မြင်လိုက်ရသည့်အခါ ယနေ့ အသက်မရှင်နိုင်ကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူက ရူးသွပ်စွာ ရယ်မောပြီး ပြောလိုက်သည်

“ ကျုပ် ဘာများ အမှား လုပ်မိလို့လဲ။ ဂိုဏ်းရဲ့ အမှုထမ်းဂိုဏ်းခွဲကို တိုးတက်စေချင်တာ မှားသွားလား”

“မင်းကိုယ်မင်း ကိုယ်ကျိုးစွန့်တဲ့သူလိုမျိုး လုပ်မနေပါနဲ့” ဝမ်ချန်က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

“ အမှန်က ဒီကိစ္စတွေကို အမှုထမ်းဂိုဏ်းခွဲအတွက် လုပ်ပေးတာ မဟုတ်ဘဲ မင်းရဲ့ ကိုယ်ပိုင်လောဘကြောင့် လုပ်တာလေ”

“ မင်းက စွမ်းအားကို မင်းအတွက်မင်း လိုချင်တာ။ မဟာဧကရာဇ်တစ်ပါးရဲ့ ဆရာဖြစ်တယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေတာ။ ဒါပေမဲ့ မင်း ကျရှုံးပြီးတော့ အရှုံးကို လွယ်လွယ်နဲ့ လက်မခံနိုင်ဘူး။ အဲဒီအစား မင်းက ငါ့မြေးကို အကွက်ချကြံစည်ရဲလောက်တဲ့အထိ ရဲတင်းနေတယ်။ ဒီနေ့ မင်း သေရတဲ့ အကြောင်းအရင်းက မင်းရဲ့ ရည်မှန်းချက်တွေကြောင့် မဟုတ်ဘူး။ အဲဒီရည်မှန်းချက်တွေက မင်းရဲ့ လုပ်ဆောင်နိုင်စွမ်းထက် အများကြီး ကျော်လွန်သွားလို့ပဲ”

ထိုစကားလုံးများကို ပြောပြီးနောက် ဝမ်ချန်က လုံပေါ်၏ မသာမယာဖြစ်နေသော မျက်နှာကို လျစ်လျူရှုလိုက်ကာ သူ့ နောက်တွင် ဧရာမ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က ဝမ်ချန်၏ ဓမ္မခန္ဓာဖြစ်ပြီး ယန်းချန်နှင့်မတူဘဲ ထိုတစ်ခုက သူနှင့် ကွက်တိ တူနေသည်။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည့်အခါ ဓမ္မခန္ဓာက လုံပေါ်၏ ပိုင်နက်ကို အားစိုက်ထုတ်စရာ မလိုဘဲ ဖျက်ဆီးပစ်လိုက်နိုင်သည်။ ဓမ္မခန္ဓာများက ပိုင်နက်၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထင်ပြမှုများ ဖြစ်သည့်အတွက် အနှစ်ချုပ်အရ သူတော်စင်အဆင့်  ပိုင်နက်ထွက်ပေါ်ခြင်း၏ ဆင့်ကဲပုံစံ ဖြစ်ပေသည်။

လုံပေါ်က လုံးဝ သေသည်အထိ ကြိတ်ချေခံလိုက်ရပြီး အော်ဟစ်ဖို့ အခွင့်အရေးပင် မရလိုက်ပေ။ သူ၏ ခန္ဓာ၊ ဝိညာဉ်နှင့် စည်းမျဉ်းများက လုံးဝ ဖျက်ဆီးခံလိုက်ရပြီး ပြန်တိုက်ဖို့ နေနေသာသာ ခုခံဖို့ပင် အခွင့်အရေး မရခဲ့ပေ။ ထို့နောက် ဝမ်ချန်က ချက်ချင်း ထွက်ခွာသွားသည်။

လုံပေါ် သေသွားသည်နှင့်တစ်ပြိုင်နက် အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တွင် မရေတွက်နိုင်သော ကြယ်များ ကြွေကြလာသည်။ ထို့နောက် လေးနက်သော ဝမ်နည်းမှုက ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးအပေါ် လွှမ်းခြုံသွားကာ သူတို့ကို မိနစ်အနည်းငယ်အကြာ ဝမ်းနည်းပူဆွေးသွားစေသည်။

ဗဟုသုတ ရှိသူများကတော့ ထိုအရာက သူတော်စင်တစ်ယောက် ကျဆုံးသွားသည့် လက္ခဏာဖြစ်ကြောင်း သိကြသည်။ ဤကမ္ဘာကား ထိတ်လန့်စရာကောင်းသည့် ကမ္ဘာဖြစ်ပြီး စွမ်းအားကြီး ကျင့်ကြံသူများပင် သေခြင်း၊ ရှင်ခြင်းမှ မလွတ်မြောက်နိုင်သည့်အတွက် သူတို့ သက်ပြင်းချလိုက်မိသည်။

All Chapters