နတ်ဘုရားရုပ်တု (၁၀) ခု
Vol. 19 Ch. 189
ဤနေ့တွင် မြူပင်လယ်ကမ္ဘာတစ်ခုလုံးသည် မှိုင်းညို့နေသည်။
အပြင်နယ်မြေများက လူများအတွက် သိပ်မထူးခြားလှသော်လည်း၊ ကြေးမှုံအလင်းတောင်ပေါ်တွင်မူ မျှော်လင့်ချက်မဲ့သောအငွေ့အသက်များပြည့်နှက်နေပြီ ဖြစ်သည်။
"ငါတို့ ဘာလုပ်ကြမလဲ..."
"အမှောင်ဧကရာဇ် ပြန်ရောက်ကတည်းက တံခါးပိတ်ကျင့်ကြံနေတယ်။ အခြေအနေက တော်တော်ဆိုးရွားနေပုံပဲ။ အမှောင်ဧကရာဇ်ရဲ့ အခြေအနေလည်း သိပ်မကောင်းဘူး။ သုံးရက်ကြာလို့ ဓားနတ်ဘုရားဧကရာဇ် ပြန်ရောက်လာရင် ငါတို့ထဲက ဘယ်သူက ခုခံနိုင်မှာလဲ"
ဝတ်ရုံဖြူကျွမ်းကျင်သူများ၏ မျက်နှာထားများ ပျက်ယွင်းနေသည်။ ကျန်းထုံ သည်လည်း ယခုအခါ သတ်ဖြတ်ခြင်းနည်းစနစ်ကို တတ်မြောက်ပြီး ၁၀ ဆင့်မြောက် နတ်ဘုရားတမန်တော် ရာထူးတိုးထားပြီ ဖြစ်သော်လည်း သူ၏ မျက်နှာထားမှာ လေးနက်နေသည်။
"ဘာပဲဖြစ်ဖြစ် လက်လျှော့လို့မဖြစ်ဘူး။ ဟေးရွှီနယ်မြေ က အားကိုးမရဘူး။ ငါတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်"
ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်...
ထိုစကားကို ကြားသောအခါ လူတိုင်း သက်ပြင်းချလိုက်ကြသည်။
"ငါတို့လည်း ကိုယ့်ကိုယ်ကိုယ် အားကိုးချင်တာပေါ့... ဒါပေမဲ့ အဲဒါက ရှေးဟောင်းနတ်ဘုရားခေတ်ရဲ့အထွန်းတောက်ဆုံး ဖြစ်တည်မှု၊ ဓားနတ်ဘုရားဧကရာဇ်လေ... သူက ခေတ်သစ်လူသားတစ်ယောက်နဲ့ ပေါင်းစပ်လိုက်ရင် အပြည့်အဝ ပြန်လည်နိုးထလာတာနဲ့ တူတူပဲ"
"အမှောင်ဧကရာဇ်ယလို မွန်းစတားကလွဲရင် ငါတို့ သူ့ကို ယှဉ်နိုင်မယ့်နည်းလမ်း မရှိဘူး"
"အမှောင်ဧကရာဇ် အခြေအနေ ဘယ်လိုရှိလဲ"
သူတို့သည် ဆုံးဖြတ်ချက်မချမီ အမှောင်ဧကရာဇ်၏ လက်ရှိအခြေအနေကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။
ဤနေ့တွင်...
သူတို့ အမှောင်ဧကရာဇ်အနက်ကို တွေ့လိုက်ရသည်။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရှန်းချန်ကောသည် ဖုန်မှုန့်ကင်းစင်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် အနက်ရောင်ခေါင်းတလားကို ထမ်းထားသည်။
သူ့ပုံစံမှာ အလွန်ထူးဆန်းနေသော်လည်း အကြောင်းပြချက်တစ်ခုခုကြောင့် သူ အလွန်ပေါ့ပါးလွတ်လပ်နေသည်ဟု သူတို့ ခံစားရသည်။
ဓားနတ်ဘုရားဧကရာဇ် ဆင်းသက်လာတော့မည့် အရေးပေါ်အခြေအနေမျိုး လုံးဝ မရှိပေ။
ချင်းရွှမ် နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အမှောင်ဧကရာဇ်... ခင်ဗျား..."
သူတို့ မေးမြန်းရန် ကြိုးစားလိုက်သည်။ သူတို့၏ စိတ်ကူးထဲတွင် အမှောင်ဧကရာဇ်သည် ဒဏ်ရာများကို အသည်းအသန် ကုသနေရမည်။
သို့မှသာ ဓားနတ်ဘုရားဧကရာဇ် ဆင်းသက်လာချိန်တွင် ပိုမိုသန်မာသော အခြေအနေဖြင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့သော် ယခု သူတို့ မြင်တွေ့နေရသည်မှာ... ရှန်းချန်ကောသည် အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေခြင်း ဖြစ်သည်။
သူ့ကျောပေါ်က အနက်ရောင်ခေါင်းတလားကတော့ တစ်ခါတစ်ရံ မြန်လိုက်၊ တစ်ခါတစ်ရံ နှေးလိုက် လှုပ်ခါနေပြီး ဒေါသထွက်နေပုံရသည်။
ဘာတွေဖြစ်နေတာလဲ
သူတို့လည်း ဇဝေဇဝါ ဖြစ်ကုန်သည်။
ရှန်းချန်ကောက သူတို့ကို မြင်သောအခါ မေးလိုက်သည်။
"ရောက်လာပြီဆိုတော့... ထိုင်ကြလေ"
ချင်းရွှမ်တို့ ခေါင်းခါလိုက်ကြသည်။ သူတို့က နောက်ထပ် သုံးရက်ကြာရင် ရှန်းချန်ကော ဖန်တီးထားတဲ့ ပျက်သုဉ်းခြင်းဓားချီနယ်မြေ ပျောက်ကွယ်သွားတော့မှာဖြစ်ပြီး၊ ဓားဧကရာဇ်နတ်ဘုရား ပြန်ဆင်းလာတော့မယ့်အကြောင်း သတိပေးလိုက်ကြသည်။
သို့သော် ရှန်းချန်ကော ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့၊ ငါ သိပါတယ်။ ဓားနတ်ဘုရားဧကရာဇ်က အရမ်းသန်မာတယ်။ အနည်းဆုံးတော့ ငါ သူ့ကို မယှဉ်နိုင်သေးဘူး။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့ရဲ့ လှုပ်ရှားမှုတွေနဲ့ နောက်ခံကို သူ မသိလို့သာ ငါ သက်သာရာရခဲ့တာ"
သူ့စကားကို ကြားသောအခါ လူတိုင်း စိတ်ပျက်အားငယ်သွားပြီး မျက်နှာပျက်သွားကြသည်။
"ဒါပေမဲ့ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး"
"မင်းတို့ လုပ်ပေးရမယ့်အရာ တစ်ခုရှိတယ်"
ရှန်းချန်ကောက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
"ဒီနေ့ကစပြီး နောက်ထပ် သုံးရက်အတွင်းမှာ အနည်းဆုံး နတ်ဘုရားရုပ်တု (၁၀) ခု တည်ဆောက်ပေးရမယ်"
နတ်ဘုရားရုပ်တု (၁၀) ခု
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။
ဒီလို အရေးကြီးနေတဲ့ အချိန်မျိုးမှာ ဘာလို့ နတ်ဘုရားရုပ်တုတွေ တည်ဆောက်ချင်နေရတာလဲ။
အမှောင်ဧကရာဇ်... အရိုက်ခံရလွန်းလို့ ဦးနှောက်ပျက်သွားပြီလား။
သို့သော် ရှန်းချန်ကောသည် စကားများများပြောချင်ပုံ မရသဖြင့် သူတို့ကို ချက်ချင်း ပြန်ခိုင်းလိုက်သည်။
သုံးရက်အတွင်း ပြီးစီးအောင် လုပ်ရမည်၊ မဟုတ်ပါက သူကိုယ်တိုင်ပင် မြူပင်လယ်ကမ္ဘာကို ကယ်တင်နိုင်မည်မဟုတ်ကြောင်းသာ မှာကြားလိုက်သည်။
လူအုပ်ကြီးမှာ သံသယများဖြင့် ထွက်ခွာသွားရသော်လည်း မထွက်ခွာမီ မေးလိုက်ကြသေးသည်။
"အဲဒီ နတ်ဘုရားရုပ်တု (၁၀) ခုက ဘယ်သူ့ပုံစံတွေလဲ"
ရှန်းချန်ကော လှည့်ထွက်သွားလိုက်သည်။ သူတို့ကို နားလည်ရခက်သော ကျောပြင်ကို ချန်ထားရစ်ခဲ့သည်။
"ဒါပေါ့... ငါ့ပုံစံပေါ့"
"..."
လွန်ခဲ့သည့် သုံးရက်အတွင်း ရှန်းချန်ကောသည် အဆက်မပြတ် ချက်အင် ဝင်ခဲ့သည်။ ထိုနေ့က ရရှိခဲ့သော ဒဏ်ရာများမှာ ယခုအခါ အပြည့်အဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။
မဟာပျက်သုဉ်းခြင်းကျမ်း ကို တတ်မြောက်ထားသူအနေဖြင့် ဒဏ်ရာကုသခြင်းနှင့် ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်းတို့တွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။
သူ၏ ခွန်အားမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
မေ့မထားသင့်သည်မှာ သူ၏အထွတ်အထိပ် နတ်ဘုရားဓားသိုင်း သည် အဆုံးမဲ့ ဓားအလင်းတန်းများ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူသည် အနန္တအမှောင်ထုနယ်ပယ်၏နောက်ဆုံးအဆင့် သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဤသုံးရက်အတွင်း ချက်အင်ရလဒ်များက အလွန်အစွမ်းထက်ပြီး ထိရောက်မှုရှိသည်ကို ဝန်ခံရမည်။
အကယ်၍ ထိုဓားနတ်ဘုရားဧကရာဇ်နှင့် ထပ်မံတွေ့ဆုံပါက... ရှန်းချန်ကောသည် သူ့ကို အနိုင်မတိုက်နိုင်သေးလျှင်ပင် ယခင်ကကဲ့သို့ အထိနာတော့မည် မဟုတ်ကြောင်း ခံစားမိသည်။
အနည်းဆုံးတော့ ယခုအခါ သူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိလာပြီ။
သို့သော် အနိုင်ယူရန်မှာမူ အနည်းငယ် ခက်ခဲနေဆဲဖြစ်သည်။
ကံကောင်းထောက်မစွာပင်... သူသည် ပြင်ဆင်မှုနှစ်ခု ပြုလုပ်ထားသည်။
သူသည် ကြေးမှုံအလင်းတောင်၏ အလယ်ဗဟိုတွင် ရပ်ကာ အခုလေးတင် တည်ဆောက်ပြီးစီးသွားသော ရွှေရောင်ရုပ်တုများကို ကြည့်လိုက်သည်။
၎င်းတို့သည် အနက်ရောင်မြူခိုးများကြားတွင် နတ်ဘုရား (၁၀) ပါးကဲ့သို့ မတ်မတ်ရပ်နေကြသည်။
ရုပ်တု၏ မျက်နှာကို သေချာမမြင်ရသော်လည်း ချောမောခန့်ညားသော ကိုယ်နေဟန်ထားကို မြင်တွေ့နိုင်သည်။
ဒါက ရှန်းချန်ကောကို အလွန်ကျေနပ်စေသည်။
"ငါတို့... ငါတို့ ဘာလုပ်ကြမလဲ"
"အမှောင်ဧကရာဇ် ဘာဖြစ်သွားတာလဲ ရူးသွားပြီလား ဘာလို့ ဒီရုပ်တုတွေကို တည်ဆောက်ခိုင်းနေတာလဲ၊ဒါတွေက ဘာအသုံးဝင်လို့လဲ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကျူးကျော်မှုကို ကူညီတားဆီးပေးမှာမို့လို့လား"
ယခုအခါ လူအတော်များများ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့အားလုံး မျှော်လင့်ချက်မဲ့နေပြီး ညည်းညူနေကြသည်။
သုံးရက်ပြည့်ရန် နီးကပ်လာပြီဖြစ်ပြီး ကောင်းကင်ထက်မှ ဓားချီများသည် ပျောက်ကွယ်တော့မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် စွမ်းအားကြီးမားသော ဓားနတ်ဘုရားဧကရာဇ် ဆင်းသက်လာပြီး မြူပင်လယ်ကမ္ဘာတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် အမှောင်ဧကရာဇ်မှာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ။ သူသာ မရှိရင် ငါတို့ မြူပင်လယ်ကမ္ဘာက ပျက်စီးသွားတာ ကြာလှပြီ။ အခုထိ အသက်ရှင်နေနိုင်ပါ့မလား" ကျန်းထုံက ဝင်ပြောလိုက်သည်။
ချင်းရွှမ် ခေါင်းညိတ်လိုက်သည်။
"ငါတို့ အမှောင်ဧကရာဇ်ကို သံသယမဝင်သင့်ဘူး။ သူက ငါတို့လောကကို မရေမတွက်နိုင်အောင် ကယ်တင်ခဲ့ဖူးတယ်"
ချင်းရွှမ်၏စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ အမှန်ပင် သူပြောတာ မှန်လေ၏။
ရှန်းချန်ကောသာ မရှိရင် သူတို့ ပျက်စီးသွားတာ ကြာပြီ။
မရေမတွက်နိုင်သော ဓားချီများသည် ကောင်းကင်ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ပျက်သုဉ်းခြင်းနယ်မြေအဖြစ် ပြောင်းလဲထားခဲ့သည်။
ထိုဟင်းလင်းပြင်မုန်တိုင်းများသည် ကျူးကျော်သူအားလုံးကို ပိတ်ဆို့ထားခဲ့သည်။ ဝင်ရောက်လာသူတိုင်းကို တစ်စစီ ဆုတ်ဖြဲပစ်ခဲ့သည်။
ထို့ကြောင့်ပင် လွန်ခဲ့သော သုံးရက်အတွင်း မည်သူမျှ မြူပင်လယ်ကမ္ဘာကို လာရောက် ဒုက္ခမပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ဓားအလင်းတန်းများတွင် စွမ်းအင်မကျန်တော့ပေ။
ရှန်းချန်ကော ထိုနေ့က ထုတ်လွှတ်ခဲ့သော ဓားချက်သည် ပျောက်ကွယ်တော့မည်ကို လူတိုင်း ခံစားနေရသည်။
နောက်ဆုံးတွင် ကောင်းကင်ကြီး ပြန်လည် ကြည်လင်သွားပြီး လူတိုင်း၏ နှလုံးသားများတွင် မှိုင်းညို့သွားသည်။
ကောင်းကင်ကြီး ထပ်မံ ကွဲအက်သွားပြန်သည်။
ဟင်းလင်းပြင်၏တစ်ဖက်မှ ဒေါသတကြီး ဟိန်းဟောက်သံကြီး ပေါက်ကွဲထွက်လာသည်။
"ဒီနေ့... ငါ မြူပင်လယ်ကို ဖျက်ဆီးပစ်မယ်"