ထာဝရလင်းလက်မည့်ကြယ်
Vol. 19 Ch. 190
တစ်ခဏချင်းတွင် ခမ်းနားထည်ဝါသော အသံကြီးသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။
ထျန်းဟွင်းကျစ် သည် ဓားနတ်ဘုရားဧကရာဇ်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ တိမ်တိုက်များကြားတွင် မတ်မတ်ရပ်နေသည်။
သူ၏ မျက်လုံးများသည် အလွန်တောက်ပသော အလင်းတန်းများဖြင့် လက်နေပြီး၊ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်မည့် နတ်ဘုရားဓားနှစ်လက်ကဲ့သို့ စူးရှကာ လောကရှိ အရာအားလုံးကို ဖိနှိပ်ထားသည်။
ပျက်သုဉ်းခြင်းဓားချီနယ်မြေသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထျန်းဟွင်းကျစ်၏ ဓားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဝင်ရောက်လာသည်။ သူ၏မျက်လုံးများတွင် ဒေါသအမျက်များ ပြည့်နှက်နေသည်။
သူ့အမြင်တွင် သူသည် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ ဓားနတ်ဘုရားဧကရာဇ်ကို ပြီးပြည့်စုံစွာ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီ။
သူသည် ဓားနတ်ဘုရားဧကရာဇ်၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် ဓားနတ်ဘုရားဧကရာဇ်သည် သူ့စိတ်ထဲတွင် ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီတစ်ပါး ဖြစ်သည်။
ယခု သူကိုယ်တိုင် ဒဏ္ဍာရီ ဖြစ်လာချိန်တွင် လူငယ်လေးတစ်ယောက်ကြောင့် နောက်ဆုတ်ခဲ့ရသည်။
ဤအရာသည် သူဘယ်သောအခါမျှ ခွင့်မလွှတ်နိုင်သော ကိစ္စဖြစ်သည်။
ဒါက သူ့ဘဝရဲ့ အမည်းစက်ပဲ
ထို့ကြောင့် ယခုအခါ သူသည် အလွန်အမင်း ဒေါသထွက်နေပြီး ကောင်းကင်တံခါးကို ဓားဖြင့် ဖွင့်လှစ်လိုက်သည်။
ချင်းရွှမ် နှင့် အခြားသူများ၏ မျက်နှာများ ပျက်သွားကြသည်။ သူတို့ ဘာလုပ်ရမှန်း မသိတော့ပေ။
ဤတစ်ကြိမ် ဓားဧကရာဇ်နတ်ဘုရား၏တိုက်ခိုက်မှုသည် သိသိသာသာ ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။ ပြီးခဲ့သော အကြိမ်က အမှောင်ဧကရာဇ် လုပ်ခဲ့သော အရာသည် ဓားနတ်ဘုရားဧကရာဇ်ကို အမှန်တကယ် ဒေါသထွက်စေခဲ့ပုံရသည်။
ဒီတစ်ခေါက် ဘာလုပ်ကြမလဲ
အမှောင်ဧကရာဇ်အနက်က တားဆီးနိုင်ပါ့မလား
ထိုအခိုက်အတန့်တွင် ထျန်းဟွင်းကျစ်သည် မြူပင်လယ်ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။
မြူပင်လယ်တစ်ခုလုံးရှိ မြူခိုးများသည် ဝေးကွာသောနေရာသို့ ဖိနှိပ်မောင်းထုတ်ခံလိုက်ရသည်။
ကျယ်ပြန့်သော လောကကြီးတွင် ထက်ရှသော နတ်ဘုရားဓားများကဲ့သို့ အေးစက်သော အရှိန်အဝါများ ရုတ်တရက် ပျံ့နှံ့လာပြီး အနက်ရောင်မြူခိုးများကို ကြည်လင်သွားစေသည်။
သို့သော် ထိုကြည်လင်နေသော အခြေအနေသည် အန္တရာယ်နှင့် မျှော်လင့်ချက်မဲ့မှုများကို ထုတ်ဖော်ပြသနေသည်။
ဟူးလာလာ
တစ်ခဏချင်းတွင် လူတိုင်းသည် ဖော်ပြ၍မရသော ထက်ရှသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။
"ဘာလဲ"
ထိုအခိုက်အတန့်တွင် ထျန်းဟွင်းကျစ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော နတ်ဘုရားရုပ်တု (၁၀) ခု ကို သူ တွေ့လိုက်ရသည်။
ထိုရုပ်တု (၁၀) ခုစလုံးသည် ရှန်းချန်ကောနှင့် တစ်ပုံစံတည်း တူညီနေသည်။
သူ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"ဒီသုံးရက်အတွင်း မင်း တစ်ခုခု ပြင်ဆင်နေမယ်လို့ ငါထင်ခဲ့တာ၊ မင်းက ဒီလောက်တောင် ဂုဏ်လိုချင်တဲ့ကောင် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ နတ်ဘုရားရုပ်တု (၁၀) ခုကို ပြင်ဆင်ပြီး ဘာလုပ်မလို့လဲ မင်း ခေါင်းမော့နိုင်အောင်လို့လား မင်းလို အမှောင်ဧကရာဇ်မျိုး ပေါ်လာတာ မြူပင်လယ်အတွက် ငါ တကယ် စိတ်မကောင်းဖြစ်မိတယ်"
သူ အေးစက်စွာ ရယ်မောလိုက်သည်။
ရှန်းချန်ကောသည် အရန်အစီအစဉ် တစ်ခုခုရှိ၍ သုံးရက်ကြာအောင် အချိန်ဆွဲခဲ့သည်ဟု သူ ထင်ခဲ့သည်။
သို့သော် လူအင်အား၊ ငွေအင်အား အမြောက်အမြားသုံးပြီး ဒီရုပ်တု (၁၀) ခုကို တည်ဆောက်ခဲ့လိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။
"ကောင်းပြီလေ... မင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ငါ ဖျက်ဆီးပစ်လိုက်မယ်"
သူ့လက်ထဲတွင် ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ခမ်းနားသော စွမ်းအားသည် မြူပင်လယ်ရှိ အနက်ရောင်မြူခိုးများကို လွင့်စင်သွားစေသည်။
ဓားရှည်သည် ကောင်းကင်ကို ဖိနှိပ်ထားပြီး ရှေးဟောင်းခေတ်ကာလများကို ချိုးနှိမ်ထားကာ ခမ်းနားသော ချီစွမ်းအင်များ ဟိန်းဟောက်နေသည်။
၎င်းသည် ကျဆင်းလာပြီး နတ်ဘုရားရုပ်တု (၁၀) ခုလုံးကို ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
မြူပင်လယ်ရှိ လူများသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်ရီနေကြသည်။
ဤကဲ့သို့သော ဓားအလင်းအောက်တွင် သူတို့သည် အလွန် သေးငယ်လွန်းလှသည်။သေးငယ်လွန်းသဖြင့် ရင်ထဲတွင် မွန်းကြပ်သလို ခံစားရသည်။
သို့သော် ထိုအခိုက်အတန့်တွင်...
ဓားအလင်းသည် ရုပ်တုများပေါ်သို့ ကျရောက်ခါနီးအချိန်တွင်၊ နတ်ဘုရားရုပ်တု (၁၀) ခုစလုံး ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။
၎င်းတို့အားလုံးသည် တောက်ပသော ရွှေရောင်အလင်းတန်းများ ပွင့်လန်းလာပြီး လူပေါင်းများစွာကို အံ့အားသင့်စေခဲ့သည်။
ရွှေရောင်အလင်းတန်းများ တောက်ပနေသော နတ်ဘုရားရုပ်တု (၁၀) ခုသည် ဓားအလင်းကို "ဝုန်း" ခနဲ မြည်သံနှင့်အတူ တားဆီးလိုက်သည်။
ရုပ်တုများပေါ်တွင် ထွင်းထုထားသော အမှောင်ဧကရာဇ်ယ ရှန်းချန်ကောသည် အသက်ဝင်လာသကဲ့သို့ပင်။
သူသည် လက်ကို နောက်ကျောတွင် ထားလျက် အဝေးသို့ ငေးကြည့်နေပြီး တုန်လှုပ်ဖွယ်ကောင်းသော ဖိအားကို ပေးစွမ်းနေသည်။
ရွှေရောင်နှင့် မြင့်မြတ်ကာ စွမ်းအားကြီးသည်။
၎င်းသည် လူတိုင်း၏ နှလုံးသားထဲသို့ စိတ်ငြိမ်ဆေး ထိုးသွင်းလိုက်သကဲ့သို့ပင်။
"အမှောင်ဧကရာဇ်..."
"အမှောင်ဧကရာဇ်ယရဲ့ ရုပ်တုက အဆုံးမဲ့ ဓားအလင်းကို တားဆီးလိုက်တာလား ဘာတွေဖြစ်နေတာလဲ"
"ဘာကြောင့်မှန်း မသိပေမဲ့ ရုပ်တုကို ကြည့်လိုက်တာနဲ့ စိတ်သက်သာရာ ရသွားသလို ခံစားရတယ်... အမှောင်ဧကရာဇ် ငါတို့ကို ကယ်တင်လိမ့်မယ်။ မြူပင်လယ် ဒုက္ခရောက်တိုင်း ငါတို့ကို ကယ်တင်ခဲ့တာ အမှောင်ဧကရာဇ်ပဲလို့ ငါ အမြဲ ယုံကြည်တယ်။ အမှောင်ဧကရာဇ်က အစွမ်းထက်ဆုံးပဲ သူက ကြီးမြတ်တယ်"
လူအများအပြား အော်ဟစ်လိုက်ကြသည်။
အော်ဟစ်သူကို ကြည့်လိုက်သောအခါ ချင်းရွှမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယခုအခါ သူ၏ မျက်နှာမှာ နီရဲနေပြီး လည်ပင်းကြောများ ထောင်နေသည်။
အခြားသူများက သူ စိတ်လှုပ်ရှားနေသည်ဟု ထင်ကြသော်လည်း သူ ရှက်နေမှန်း သူတစ်ယောက်တည်းသာ သိသည်။
အမှောင်ဧကရာဇ် ဘာလုပ်မလဲဆိုတာ သူ ရိပ်မိလိုက်ပြီ။
ယုံကြည်မှုစွမ်းအား
ဒါပေမဲ့... ဒါက တကယ် အလုပ်ဖြစ်ပါ့မလား။
ဟူးလာလာ
ပို၍များပြားသော လူများသည် ခမ်းနားထည်ဝါသော ရုပ်တုကြီးကို ရိုသေလေးစားမှုဖြင့် ကြည့်ရှုလာကြသည်။
ရုပ်တုကြီး အသက်ဝင်လာသကဲ့သို့ပင်။
ဝေးကွာသော ကောင်းကင်နှင့် မြေကြီးအကြားတွင် ပုံရိပ်တစ်ခု လျှောက်လှမ်းလာသည်။
သူ၏ ဦးခေါင်းသည် ကောင်းကင်သို့ ထိလုနီးပါးဖြစ်ပြီး ခြေထောက်များသည် မြေကြီးကို နင်းထားသည်။
သူ၏ခန္ဓာကိုယ်သည် မြင့်မားပြီး ခမ်းနားထည်ဝါလှသည်။ သမိုင်းထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် လောကကို ကယ်တင်မည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူသည် ကျောပေါ်တွင် နတ်ဘုရားဓားတစ်လက်ကို လွယ်ထားပြီး မျက်လုံးများ ထက်မြက်နေကာ အစစ်မှန်ဟန်ထုတ်ခြင်းမန္တန်ကို အထွတ်အထိပ်သို့ ရောက်အောင် လည်ပတ်နေသည်။
အထွတ်အထိပ် မူလစိတ်ဝိညာဉ်ကျင့်စဉ်
ဘုန်း
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် မြူပင်လယ်ရှိ လူများအားလုံး တစ်ကိုယ်လုံး တုန်ရီသွားကြသည်။
သူတို့သည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ပင်။
ထိုအချိန်တွင်...
သာမန်ကမ္ဘာ
ရှန်းချန်ဖုန်း သည် ရှန်းချန်ကော၏ ရုပ်တုများကို ကျေနပ်အားရစွာ ကြည့်နေသည်။
ရုပ်တုများသည် ကမ္ဘာအနှံ့တွင် ရှိနေပြီး ရှန်းတင်းမင်းဆက် သည် ကမ္ဘာကို အုပ်စိုးသော စစ်မှန်သည့် နံပါတ်တစ် နန်းဆက် ဖြစ်လာခဲ့ပြီ။
သူကိုယ်တိုင်လည်း နတ်တံတားအဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းမှာ ရှန်းချန်ကော ချန်ထားရစ်ခဲ့သော ကျင့်စဉ်များကြောင့် ဖြစ်သည်။
၎င်းမှာ အဖိုးတန်ရတနာတစ်ခု ရရှိလိုက်သကဲ့သို့ပင်။
ယခုအချိန်တွင် ကောင်းကင်၌ တစ်ရက်သည် မြေကြီး၌ တစ်နှစ်နှင့် ညီမျှသည်။
နှစ်ပေါင်း ၃၀၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရှန်းချန်ကော၏ရုပ်တုသည် ဤနှစ်များတစ်လျှောက်လုံး မားမားမတ်မတ် တည်ရှိနေခဲ့သည်။
၎င်းသည် ရှန်းတင်းနန်းဆက် ရှန်းမိသားစု၏ ထာဝရဂုဏ်ကျက်သရေကို ကိုယ်စားပြုသည်။
သို့သော် ထိုခဏ၌... ရုတ်တရက်...
သာမန်ကမ္ဘာအနှံ့ရှိ ရုပ်တုများသည် ရုတ်တရက် တုန်ခါလာပြီး ရွှေရောင်အလင်းတန်းများ စီးဆင်းလာသည်။
ရွှေရောင်ရေများကဲ့သို့ပင်။
"ဘာဖြစ်တာလဲ"
ရှန်းချန်ကော၏ရုပ်တုသည် အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် ကမ္ဘာလောကကို ဖိနှိပ်ထားသော ခမ်းနားသည့် အရှိန်အဝါဖြင့် ကမ္ဘာအနှံ့ လှည့်လည်သွားလာနေသည်။
"ရှန်းမိသားစုရဲ့ မဟာဘိုးဘေးကြီးကို ဂါရဝပြုပါတယ်" မရေမတွက်နိုင်သော လူများ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေကြီးပေါ် ဒူးထောက်လိုက်ကြသည်။
"သူ နတ်ဘုရားအရှိန်အဝါ ပြသနေပြီ ဒါ နတ်ဘုရားအရှိန်အဝါ ထုတ်ဖော်ပြသမှု ပဲ"
"ရှန်းမိသားစုရဲ့ မဟာဘိုးဘေးကြီး ပြန်လည်နိုးထလာပြီ"
ထိုအချိန်တွင် ရှန်းချန်ဖုန်း သက်ပြင်းချလိုက်ပြီး မျက်လုံးများ လေးနက်သွားသည်။ "အစ်ကိုကြီး စွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့နေပြီ။ ဟိုမှာ တစ်ရက်က ဒီမှာ နှစ်တစ်ရာနဲ့ ညီတယ်။ သုံးရက်ပဲ ရှိသေးတာကို ဒီလောက် စွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့နေပြီလား"
ထိုအခိုက်အတန့်တွင် သာမန်ကမ္ဘာရှိ လူတိုင်း ဒူးထောက်လိုက်ကြသည်။
ရုပ်တုသည် ပို၍ပို၍ မြင့်မြတ်လာပြီး ရွှေရောင်အလင်းတန်းများ ပို၍ပို၍ တောက်ပလာသည်။
ရှန်းချန်ကော၏မျက်လုံးများသည် ရေတံခွန်ကဲ့သို့ပင်။
အထွတ်အထိပ် မူလစိတ်ဝိညာဉ်ကျင့်စဉ် - နတ်ဘုရားအရှိန်အဝါထုတ်ဖော်ခြင်း
ဘုန်း
ရှန်းချန်ကော တစ်ကိုယ်လုံး တုန်ခါသွားပြီး အဆုံးမဲ့ စွမ်းအင်များ သူ့ထံသို့ တိုးဝင်လာသည်။
သူ၏ခန္ဓာကိုယ် ကြီးထွားလာပြီး ဓားနတ်ဘုရားဧကရာဇ်ကဲ့သို့ မြင့်မြတ်လာသည်။
သူသည် လူသန်းပေါင်းများစွာ၏ယုံကြည်မှုကို သယ်ဆောင်ထားပြီး၊ အထွတ်အထိပ် မူလစိတ်ဝိညာဉ်ကျင့်စဉ်က ကောင်းကင်ကို ထောက်ပံ့ထားကာ၊ မဟာပျက်သုဉ်းခြင်းကျမ်းက ခန္ဓာကိုယ်ကို ခိုင်ခံ့စေသည်။
သူသည် မြူပင်လယ်၏အထွတ်အထိပ်တွင် ဂုဏ်အရှိန်အဝါမြင့်မားစွာ ရပ်တည်နေသည်။
သူ ဓားနတ်ဘုရားဧကရာဇ်ကို ကြည့်လိုက်သည်။
"မင်း နည်းနည်းလောက် မာန်တက်လွန်းမနေဘူးလား ငါက ဓားနတ်ဘုရားဧကရာဇ်ကွ၊ရှေးဟောင်းနတ်ဘုရားခေတ်ရဲ့အထွန်းတောက်ဆုံး သက်ရှိပဲ မင်းလိုကောင်ကများ"
"ဒီနေ့ ငါ ဧကရာဇ်ကို သတ်ဖြတ်မယ်။"
ထျန်ဟွင်းကျစ်၏မျက်ခွံများ လှုပ်ခတ်သွားသည်။
ရှန်းချန်ကော၏ မျက်လုံးများတွင် အထင်သေးမှုများ ပြည့်နှက်နေသည်။
"ရှေးဟောင်းနတ်ဘုရား အဲဒါက အလိမ်အညာတစ်ခုပဲ"
"ငါကသာ စစ်မှန်တဲ့နတ်ဘုရားပဲ"
"ငါ့ရဲ့ခေါင်းပေါ်မှာ ကြယ်တာယာတွေ၊လတွေ ထာဝရ တောက်ပနေလိမ့်မယ်"
ဘုန်း
ရှန်းချန်ကော ဓားဖြင့် ပိုင်းဖြတ်လိုက်သည့်အခါ ကောင်းကင်နှင့် မြေကြီး ပြိုလဲသွားပြီး အရာအားလုံး ပျက်စီးသွားသည်။
တစ်ခဏချင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် မရေမတွက်နိုင်သော လူများကို စိတ်လှုပ်ရှားသွားစေသည်။
"အမှောင်ဧကရာဇ်က ပြိုင်ဘက်ကင်းပဲ"
စာစဉ်၁၉ပြီး#