← Chapters

စာရင်း

Vol. 14 Ch. 195

စာရင်း

Vol. 14 Ch. 195

အခန်း (၁၉၅) : စာရင်း

“ ဒါနဲ့ အဲဒီအဆင့်တွေကို ဘယ်သူက ဆုံးဖြတ် သတ်မှတ်ထားတာလဲ” ဝမ်ဝေ့က မေးမြန်းလိုက်သည်။ ထိုကဲ့သို့သော အရာမျိုးက ရလဒ်ကို တခြားသူများလက်ခံအောင် လုပ်ရမည် ဖြစ်သည့်အတွက် လူတိုင်း လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

“ အဲဒါက လျှို့ဝှက်ကောင်းကင်မျှော်နန်းပဲ။ သူတို့က စွမ်းအားအကြီးဆုံး သူတော်စင်၊ အကောင်းဆုံး ကုန်သွယ်ရေးအဖွဲ့နဲ့ မျိုးဆက်တစ်ခုရဲ့ အသန်မာဆုံး ကောင်းကင်ရွေးချယ်ခံဆိုတဲ့ စာရင်းတွေအများကြီးကို နှစ်ပေါင်းများစွာ ဖန်တီးလာခဲ့တာ။ သူတို့က မျိုးဆက်များစွာ မှန်လာခဲ့တော့ လူတွေက သူတို့ရဲ့ စာရင်းတွေကို လက်ခံရုံတင် မကဘဲနဲ့ ကမ္ဘာကြီးအကြောင်း အချက်အလက်တွေ စုဆောင်းဖို့ သူတို့ကို အသုံးပြုကြတယ်” ဝမ်ကျူက ပြန်ဖြေလိုက်သည်။

“ အသန်မာဆုံး ကောင်းကင်ရွေးချယ်ခံတဲ့လား။ အဲဒီစာရင်းက အခုမျိုးဆက်အတွက်လည်း ရနေပြီပေါ့”

“ ရနေပါပြီ။ အဲဒီမှာ သခင်လေးက အဆင့်တစ် ရပြီးတော့ တိမိသားစုက တိထျန်းက ဒုတိယရတယ်။ ဒါပေမဲ့…”

“ ဒါပေမဲ့ ဘာဖြစ်လဲ ဆက်ပြောလေ … တခြားသူစိမ်းတွေက ငါ့အပြုအမူတွေနဲ့ စိတ်ခံစားချက်ကို ဆုံးဖြတ်ဖို့ လုပ်ထားတဲ့ စာရင်းကြောင့် အတ္တကြီးမသွားသင့်ဘူးလို့ ပြောချင်တာမလား”

ဝမ်ကျူက ခေါင်းညိတ်ပြီးနောက် ဆက်ပြောလိုက်သည်

“ စာရင်းအရဆိုရင် တိထျန်း ဒုတိယ ရတဲ့ အကြောင်းအရင်းက သခင်လေးနဲ့ နှိုင်းယှဉ်လိုက်ရင် သူနဲ့ ပတ်သက်ပြီး အချက်အလက် လုံလုံလောက်လောက် မရှိလို့တဲ့။ သခင်လေးနဲ့ သူနဲ့ တိုက်ခိုက်မယ်ဆိုရင် တိထျန်းမှာ အနိုင်ရချေ ၆၀ ရာခိုင်နှုန်းရှိပြီးတော့ သခင်လေးမှာ ၄၀ ရာခိုင်နှုန်းပဲ ရှိတယ်”

ဝမ်ဝေ့က ထိုအကြောင်းကို ကြားပြီးနောက် ခေါင်းညိတ်ပြကာ သူ ဖတ်ဖို့ တရားဝင်စာရင်းကို တောင်းလိုက်သည်

“ နံပါတ်တစ် ဝမ်ဝေ့ - တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေခံသားတော်။ မူလလမ်းစဉ်ကျမ်း၊ အားပြင်းလက်သီး နှင့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မူလအဆီအနှစ်က ထိပ်ဆုံးအထိ ရောက်သွားပြီးတော့ ကျင့်ကြံသူအားလုံးထက် ကျော်လွန်နေတယ်။

သူ့ဝိညာဉ်က လောလောဆယ် နားလည်နိုင်တာထက် ကျော်လွန်နေတယ်။ သူ့ရဲ့ ဆန္ဒနဲ့ တာအိုနှလုံးသားကလည်း တိုင်းတာလို့ ရတာထက် ကျော်လွန်နေတယ်။ သူက ဧကရာဇ်ငယ်တစ်ပါး ဖြစ်တယ်”

“ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက် - အရမ်းဉာဏ်ကောင်းပြီးတော့ ခြယ်လှယ်တတ်တယ်။ သူက ပန်းတိုင်ကို ရောက်ဖို့ ခွန်အားကို အမြဲတမ်း သုံးလေ့မရှိဘူး။ အဲဒါကလည်း သူက နှစ်ရာပေါင်းများစွာ အချိန်ယူရတဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖန်တီးနိုင်လို့လေ”

“ ထူးခြားချက် - ထိပ်သီးကမ္ဘာဦးဝိညာဉ် နယ်ပယ်အဆင့် ခွန်အားရှိသော အိမ်ရှေ့စံမင်းသား ကျီစုန့်နှင့် ဟန်လီကို အနိုင်ယူခဲ့ခြင်း”

သူ့အကြောင်းက အတော်လေး ရှည်လျားပြီး အထူးသဖြင့် စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုအကြောင်းနှင့် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို ထွက်ပေါ်လာစေသည့် အကြောင်း ရေးသားထားသည့်နေရာက ပိုမိုရှည်လျားသည်။

ဝမ်ဝေ့က သူ့အကြောင်းကို ဖတ်ပြီးနောက် ဆက်လက်ဖတ်လိုက်သည်

“ နံပါတ်နှစ် တိထျန်း - တိမျိုးနွယ်ရဲ့ သခင်လေး။ သူက ကိုယ်တိုင်ဖန်တီးထားတဲ့ ကျင့်စဉ်ဖြစ်တဲ့ သံသရာကိုးသွယ်လက်သီးကို ကျင့်ကြံတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဘယ်သူမှ သူ့ရဲ့ သံသရာလက်သီး နှစ်ချက်ထက်ပိုပြီးတော့ ခံနိုင်ရည် မရှိကြဘူး”

“ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက် - အရမ်းဉာဏ်ကောင်းပြီးတော့ ဉာဏ်လည်းများတယ်။ သူ့ရဲ့ အကွက်ချမှုတွေကလည်း အမွေခံသားတော်ထက်တော့ နောက်မကျဘူး။ ဒါပေမဲ့ ဝမ်ဝေ့နဲ့ မတူဘဲ တိထျန်းက ပိုပြီး ရက်စက်သလို ပိုပြီး သွေးအေးပြီး ညှာတာမှု ကင်းမဲ့တယ်။ သူက ပန်းတိုင်ရောက်ဖို့အတွက် ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်တယ်။ လူတွေအများကြီးက သူ့ကို မိစ္ဆာကျင့်ကြံသူဆိုပြီးတော့တောင် အငြင်းပွားခဲ့ကြသေးတယ်”

“ ထူးခြားချက် - သူ့ရဲ့အမိန့်ကြောင့် တိမိသားစုက အနောက်ပိုင်းကုန်းမြေမှာ ရှိတဲ့ မရေတွက်နိုင်တဲ့ နတ်ဆိုးဂိုဏ်းတွေနဲ့ ကျင့်ကြံသူတွေကို လုံးဝ နှိမ်နင်းနိုင်ခဲ့တယ်။ သူ့ရဲ့ ချီကံကောင်းမှု စစ်ဆေးမှုအတွက် ကြမ္မာတိုင်းပြည်တစ်ခု တည်ထောင်ရမဲ့အစား ကမ္ဘာတစ်ခုကို တစ်ယောက်ထဲ ပျက်စီးခါနီးအထိ တွန်းပို့ပြီးမှ ကယ်ဆယ်လိုက်တာ။

သူ အဲဒီလိုလုပ်လိုက်တာက ကျရှုံးသွားတဲ့ ဝိညာဉ်တွေကို စုပ်ယူချင်လို့လို့ ကောက်ချက်ချပေမဲ့ အဲဒီလိုဖြစ်နိုင်တယ်လို့ သက်သေပြနိုင်တာကို ရှာမတွေ့ခဲ့ဘူး”

ထိုအကြောင်းကို ဖတ်ပြီး ထိုလူက မရိုးရှင်းသည်ကို သိလိုက်ရသည့်အတွက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး ဆက်ဖတ်လိုက်သည်။

စာရင်းထဲတွင် ကျီစုန့်နှင့် ဓားရေးစံအိမ်၏ ကျန့်ဝူရွှမ်းတို့ကို နံပါတ်သုံးတွင် ထားထားသည်။

ဝမ်ဝေ့က စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု ပြီးသွားပြီးနောက် ကျန်းဝူရွှမ်းကို မြင်ခဲ့ဖူးကြောင်း အမှတ်ရသွားသည်။ သူက နိမ့်ကျသော နောက်ခံအသိုင်းအဝိုင်းကြောင့် နှလုံးသားစည်းချက်ဂိုဏ်း၏ မိစ္ဆာကျင့်ကြံသူလက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သော်လည်း ကယ်တင်ခံလိုက်ရပြီး သူ့ပင်ကိုစွမ်းရည်ဖြစ်သည့် မွေးရာပါ ဓားအရိုးကြောင့် ဓားရေးစံအိမ်မှ တပည့်အဖြစ် လက်ခံခဲ့သည်။

ထူးခြားချက်တွင် သူက တတိယ ကောင်းကင်ခန္ဓာ ပိုင်ဆိုင်ထားသည့် စုယာကို ချီကံကောင်းမှု စစ်ဆေးခြင်းတွင် အနိုင်ယူခဲ့သည်။ ထို့ကြောင့် သူမ၏ အဆင့်က သူ့နောက် ရောက်ရှိသွားခြင်း ဖြစ်သည်။

ဝမ်ဝေ့ကို အံ့ဩသွားစေသည့်အကြောင်းက ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင် လင်းဖန်က အဆင့်ငါး ရခဲ့သည့်အတွက် ဖြစ်သည်။ စာရင်းထဲတွင် အဆင့်မြင့်မြင့် ရခြင်းက ခွန်အားကြောင့် မဟုတ်ဘဲ ပိုင်ရှင်နှင့် ခန္ဓာကို ဘယ်လောက်ထိ အသုံးချတတ်ပြီး လေ့ကျင့်ထားလဲဆိုသည့်အပေါ် မူတည်သည်။

ထို့နောက် ဝမ်ဝေ့က အသေးစိတ် အချက်အလက်များ ပါဝင်သော စာရင်းတစ်ခုလုံးကို ဖတ်လိုက်သည်။ ထိုအရာက သူ၏ အနာဂတ်ပြိုင်ဘက်များ အချက်အလက်ကို စုဆောင်းရန် ပြီးပြည့်စုံသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုစာရင်းကို တစ်ရာ ရာခိုင်နှုန်း မှန်သည်ဟုတော့ သူ မယူဆပေ။ သူနှင့် တိထျန်းလို လူမျိုးတွင် ဖုံးကွယ်ထားသော ခွန်အားနှင့် လျှို့ဝှက်ကတ်များ ရှိသည်ကို သိသည်။

ထိုစာရင်းက လွန်ခဲ့သည့်ငါးနှစ်က ဖန်တီးခဲ့ကြောင်းကိုတော့ ထည့်ပြောဖို့ မလိုတော့ပေ။ ထိုအချိန်အနည်းငယ် အတွင်းမှာပင် စာရင်းထဲရှိ ကောင်းကင်ရွေးချယ်ခံများက ခွန်အား၊ အတွေ့အကြုံနှင့် ဉာဏ်ပညာက အလျင်အမြန် တိုးပွားလာခဲ့သည်။ ထို့ကြောင့် ထိုစာရင်းကို ကိုးကားရာအဖြစ်သာ အသုံးပြုနိုင်သည်။

စာရင်းကို သေချာကြည့်ပြီးနောက် လျှို့ဝှက်ကောင်းကင်မျှော်နန်းအနေဖြင့် ဘယ်လိုလုပ်ပြီး ဒီလိုအချက်အလက်များကို ရရှိနိုင်ခဲ့လဲဆိုတာကို ဝမ်ဝေ့ ရုတ်တရက် စတင် စဉ်းစားမိလာသည်။ လူတချို့က ကျီစုန့်နှင့်သူ့တိုက်ပွဲအကြောင်းကို တစ်ကမ္ဘာလုံး မြင်စေရန် မှတ်ထားခဲ့ကြသည်။

သူနှင့် ဟန်လီ တိုက်ခိုက်စဉ်က ဂိုဏ်းအဖွဲ့ဝင်များသာ ရှိခဲ့သော်လည်း တခြားအချက်အလက်များကို ထိုတိုက်ပွဲမှ စုဆောင်းနိုင်ခဲ့ပုံပေါ်သည်။ ထို့ကြောင့် ထိုအရာကို ကြည့်ခြင်းအားဖြင့် လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ သူလျှိုများ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ရှိနေသည်ကို သိနိုင်သည်။ ဂိုဏ်းမှလည်း တစ်ကမ္ဘာလုံးရှိ စွမ်းအားကြီးဧကရာဇ် မျိုးနွယ်များထဲတွင် ပုန်းကွယ်ထားသော သူလျှိုများစွာ ရှိသည့်အတွက် ဝမ်ဝေ့ မအံ့ဩမိပေ။

အရိပ်စနစ်က ကမ္ဘာတစ်ဝမ်းလုံးတွင် ဖြန့်ကျက်ထားကာ အင်အားစုတိုင်းက အချင်းချင်း သေချာလေး လေ့လာနေကြသည်။ သို့သော် ထိုအရာက ဝမ်ဝေ့ကို စိတ်အနှောင့်အယှက် မဖြစ်စေပေ။ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းအရင်းက စာရင်းထဲတွင် ပါဝင်နေသော တချို့အချက်အလက်များကို ဂိုဏ်းထဲရှိ အယုံကြည်ရဆုံးသူများသာ ရရှိနိုင်သည့်အရာများ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဒါဆိုရင် လျှို့ဝှက်ကောင်းကင် မျှော်နန်းအနေနဲ့ ဒီအချက်အလက်တွေကို ဘယ်လိုမျိုး ရနိုင်ခဲ့တာလဲ။

ဝမ်ဝေ့က သူ့ဆုံးဖြတ်ချက်ကို ယုံကြည်ပြီး သူနှင့် အနီးကပ်ဆုံးလူ တစ်ယောက်က သူ့ကို သစ္စာဖောက်ခဲ့သည်အား မယုံကြည်သည့်အတွက် မျှော်နန်းက အချက်အလက်ကို နောက်ထပ် တစ်နည်းဖြင့် ရခဲ့ခြင်းဖြစ်လိမ့်မည်။

လျှို့ဝှက်ကောင်းကင်မျှော်နန်းနှင့် ပတ်သက်ပြီး သူ သိထားသော အချက်အလက်အရ သူတို့က ဂမ္ဘီရပညာရပ်တွင် တစ်ဖက်ကမ်းခတ် တတ်မြောက်သည့် အင်မော်တယ်မျိုးနွယ် ဖြစ်သည့်အတွက် ထိုနည်းဖြင့် အချက်အလက်ကို စုဆောင်းခဲ့ခြင်း ဖြစ်လိမ့်မည်။

သို့သော် ဝမ်ဝေ့က ခေါင်းယမ်းလိုက်မိသည်။ ထိုဖြစ်နိုင်ချေက အရမ်းကို အလားအလာမရှိ ဖြစ်နေသည်။ မျှော်နန်း၏ စွမ်းအားကြီးဆုံး ဂမ္ဘီရပစ္စည်းဖြစ်သည့် “ ရှစ်မြောင့်ထောင့် ပါကွား လိပ်ခွံ”က သူ့လက်ထဲမှာ ရှိနေသေးသည်။ ထို့အပြင် ဝမ်ဝေ့၏ သာလွန်တာအိုအုတ်မြစ်က သူနှင့် ဆန့်ကျင်သော ဂမ္ဘီရပညာရပ်များကို ပယ်ဖျက်ပေးသည့်အပြင် ကံကြမ္မာ၏ စွမ်းအားပါဝင်သော ကံကြမ္မာရုပ်သေးဆရာခန္ဓာဆိုသည့် ကောင်းကင်ရုပ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အကယ်၍ သူ့ကို တစ်စုံတစ်ယောက်က ထိုးထွင်းသိမြင်ဖို့ လုပ်ပါက တားဆီးပိတ်ပင်ခံရရုံသာမက ထိုကဲ့သို့ ပြုလုပ်လိုက်သည်ကို သူလည်း သတိထားမိလိမ့်မည်။

နေဦး …

ဝမ်ဝေ့ ရုတ်တရက် တွေးလိုက်မိသည်။

လျှို့ဝှက်ကောင်းကင်မျှော်နန်းက လူတွေက ငါနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ရဖို့အတွက် ငါ့ကို ထိုးထွင်းကြည့်နေစရာ မလိုဘူး။ ငါနဲ့ အနီးဆုံးလူတွေကိုပဲ ထိုးထွင်းကြည့်လိုက်ရင် ရပြီ။ အဲလိုဆိုရင် သူတို့က ငါ့ရဲ့ ဂမ္ဘီရဆန့်ကျင်စွမ်းရည်ကို ကျော်လွှားနိုင်ပြီးတော့ ငါ့ရဲ့ အကြောင်းတွေ၊ လျှို့ဝှက်ချက်တွေ သိတဲ့သူဆီကနေ အချက်အလက်ကို ရလိမ့်မယ်

လီကျွင်း၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့က ဝမ်ဝေ့ ကြည့်လိုက်သည့် ပြင်းထန်ပြီး စေ့စေ့စပ်စပ် စစ်ဆေးသည့် အကြည့်ကြောင့် အံ့ဩမှင်သက်သွားကြသည်။ အချိန်ခဏတာအတွင်း သူတို့တစ်ခုခု အမှားလုပ်မိပြီး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပြီဟု တွေးလိုက်မိကြသည်။

ဝမ်ဝေ့က သူ၏ ထင်မြင်ယူဆချက်ကို ရှင်းပြလိုက်မှသာ သူတို့လည်း စိတ်သက်သာရာရသွားကြသည်။ ထို့နောက် သူတို့၏ လျှို့ဝှက်အချက်အလက်ကို ရန်သူဆီ မသိလိုက်ဘဲ ပေးလိုက်မိသည်ကို သတိထားမိပြီး မျက်နှာများ မသာမယာ ထပ်ဖြစ်လာကြသည်။ သူတို့ထဲမှ အဆိုးဆုံးက အရိပ်ဖြစ်သော ဝမ်ကျူအနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို ကြိုတင်မှန်းဆခဲ့သင့်သော်လည်း တာဝန်ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ခေါက်တွင် ဝမ်ဝေ့က သူမကို မနှစ်သိမ့်တော့ပေ။

“ ခင်ဗျား အခု ဘယ်လိုလုပ်မှာလဲ” သူက သူမကို တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

သူမက အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ပြန်ဖြေလိုက်သည်

“ ဂိုဏ်းကို ဆက်သွယ်ပြီးတော့ ဂမ္ဘီရဆန့်ကျင်ရေး ကျင့်စဉ်တွေအကြောင်းကို တတ်နိုင်သမျှ မေးမြန်းလိုက်ပါမယ်”

“ ကောင်းတယ်” ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် မနက်ဖြန် အစည်းအဝေးတွင် ဘာတွေဖြစ်လာနိုင်လဲဆိုသည့်အကြောင်းကို ဆွေးနွေးပြီးနောက် လူခွဲကာ ကိုယ်ပိုင်အခန်းဆီ ပြန်သွားကြသည်။

ဝမ်ဝေ့က ခရီးအရှည်ကြီး ပြီးဆုံးသွားပြီးနောက် ကိုယ့်ကိုယ့်ကို အနားပေးနေချိန်တွင် ဝမ်ကျူက နေအိမ်သို့ ပြန်သွားသည့်လမ်း၌ မျက်နှာပေါ်တွင် လေးနက်သော အကြည့်တို့ ရှိနေသည်။ ထို့နောက် အဆောင်ကို ထုတ်ကာ တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်သည်။

“ ဘာလဲ” ထူးဆန်းသော အသံတစ်သံဖြင့် မေးလိုက်သည်။ ထိုအသံ ထူးဆန်းနေသည့် အကြောင်းအရင်းက ယောက်ျားလား မိန်းမလားဆိုတာကို ပြောဖို့ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

“ အရိပ်ဆရာ … ကျွန်မ ဆရာနဲ့ လမ်းညွှန်မှုကို လိုအပ်ပါတယ်” ဝမ်ကျူက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ယခုဝမ်ကျူ ဆက်သွယ်လိုက်သည့်သူက ဂိုဏ်းချုပ်ဝမ်ထျန်းကို တာဝန်ထမ်းဆောင်နေသည့် လက်ရှိအရိပ် ဖြစ်သည်။ သူမ၏ စီနီယာတစ်ယောက် ဖြစ်သည့်အတွက် သူမ လိုအပ်သည့် လမ်းညွှန်မှုကို မေးမြန်းနိုင်သည်။

သူမ၏ ဆရာက စကားနည်းသူ ဖြစ်ကြောင်းသိသည့်အတွက် ဝမ်ကျူက မေးချင်သည့်အကြောင်းအရာကို တန်းပြောလိုက်သည်

“ ဆရာ ဂိုဏ်းမှာ ဂမ္ဘီရဆန့်ကျင်ရေး ကျင့်စဉ်ရှိလားဆိုတာ သိချင်လို့ပါ”

“ အော် နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာခဲ့ပြီပေါ့”

“ ဆရာ သိပြီးသားလား”

“ ဟုတ်တယ်။ အရိပ်တစ်ယောက်ရဲ့ လေ့ကျင့်ရေးထဲက တစ်ခုဖြစ်တဲ့ အမှားကနေ သင်ယူခြင်းလေ။ ဂမ္ဘီရပြဿနာကို ဘယ်တော့မှ မဖော်ပြထားခဲ့ဘူး။ အဲဒါက စစ်ဆေးမှု တစ်ခုပဲ”

“ ဆရာ ဒါဆိုရင် ဘယ်လိုလုပ်မလဲ”

“ မင်း ဘယ်လိုစဉ်းစားလဲ”

ဝမ်ကျူက ခေါင်းငုံ့ထားလိုက်သည်။ သို့သော် အရိပ်က စစ်ဆေးမှုအကြောင်း မပြောတော့ဘဲ ဂမ္ဘီရဆန့်ကျင်ရေး ကျင့်စဉ်အကြောင်း သက်ကြားဆွေးနွေးပေးခဲ့သည်။

နောက်တစ်နေ့တွင် ဝမ်ဝေ့က အပြည့်အဝ လန်းဆန်းစွာဖြင့် နိုးထလာပြီး တခြားကောင်းကင်ရွေးချယ်ခံများအားလုံးနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

All Chapters