← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 43 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 43 Ch. 663-664

အပိုင်း (၆၆၃)

အဘယ်ကြောင့် ဤမျှ လင်းထိန်ပြီး လှပနေရသနည်း။ ဤအရာက ရှမ့်လန် ပြုလုပ်ထားသည့် မီးရှူးမီးပန်းများ ဖြစ်၏။ ထိုထဲတွင် အလူမီနီယမ်အမှုန့်များ ထည့်ထားသောကြောင့် ပုံမှန်အားဖြင့် မူလပုံစံ မီးကျည်များပင် ဖြစ်၏။ အနည်းငယ်ထူးခြားသည်က ပုံမှန်မီးရှူးမီးပန်းများထက် ပိုမိုကာ လင်းထိန်၏။ ထို့အပြင် စစ်သည်များ၏အထက် မီတာဒါဇင်ပေါင်းများစွာ အမြင့်တွင် ပေါက်ကွဲခြင်း ဖြစ်၏။ ရုတ်ချည်းဆိုသလို စစ်မြေပြင်တစ်ခုလုံးက နေ့ခင်းဘက် ကဲ့သို့ လင်းထိန်သွား၏။

သဲကန္တာရလူရိုင်းစစ်သည်များက ခဏမျှ ကြောင်အသွားခဲ့၏။ သူတို့က ထွက်ပြေးရန်ပင် မေ့လျော့လို့ နေ၏။ ဤအရာက နတ်ဘုရားတို့၏ စွမ်းအင်များလား။ ညဘက်ကြီး အဘယ်ကြောင့် ဤမျှထိ လင်းထိန်သွားရသနည်း။

ပြီးနောက် ရွှမ် ရွှမ် ရွှမ် ...

မြို့ရိုးပေါ်မှ မြားမိုးများက ထပ်မံ ရွာကျလာပြန်၏။ သဲကန္တာရလူရိုင်းများနှင့် နန်အိုစစ်သည်များက သံချပ်ကာများ ဝတ်ဆင်ထားရသည်ကို မကြိုက်ကြချေ။ သူတို့က လုံးဝ အသားချည်း သက်သက်သာ ဖြစ်နေ၏။ မီတာ ၁၅၀ အကွာအဝေးက လေး၏ အင်မတန်ပြင်းထန်စွာ သတ်ဖြတ်နိုင်သည့် အကွာအဝေးပင် ဖြစ်၏။ ထိမှန်သည်နှင့် တန်းပြီး ဖောက်ထွက်သွားမှာ သေချာ၏။

ဘန်း ဘန်း..

မီးကျည်ပုံစံက ကောင်းကင်ပေါ်သို့ ဆက်လက်ပျံတက်ပြီး ပေါက်ကွဲနေ၏။ စစ်မြေပြင်တစ်ခုလုံးက လင်းထိန် နေ၏။ အလင်းရောင် ပမာဏက နေ့ခင်းဘက်လောက်တော့ မကောင်းချေ။ တခြားလေးသည်တော်များ အတွက်ဆိုလျှင် ဤအလင်းရောင်က လုံလောက်လိမ့်မည် မဟုတ်သော်လည်း နိဗ္ဗာနတပ်တော်များအတွက်တော့ လုံးဝ လုံလောက်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က သွေးကြောများ ပြုပြင်မွမ်းမံထားခဲ့သောကြောင့်ပင်။

အရေးကြီးဆုံးက သူတို့၏ဆရာက မဟာပညာရှင် လန်တိုပင် ဖြစ်၏။ သူတို့က အမှောင်ထဲတွင် လေးပစ်ခြင်းများကို ရေတွက်၍ မရနိုင်အောင် လေ့ကျင့်ခဲ့ရ၏။ သူတို့၏ အမြင်အာရုံက သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုကာ သာလွန်၏။ သူတို့၏ လေးနှင့်မြား ပစ်နိုင်စွမ်းက နေ့ခင်းဘက်လောက် မကောင်းသည်မှာ မှန်သော်လည်း လျော့ကျသွားမှုတော့ သိပ်မရှိလှချေ။

ထို့အပြင် ဤအချိန်၌ မြို့ရိုးအောက်ရှိ စစ်သည်များက အကာအကွယ် ဒိုင်းချပ်ကာများကို ဝတ်ဆင်မထားခဲ့သလို ဒိုင်းကာများလည်း ပါမလာခဲ့ချေ။ အံ့အားသင့်ဖွယ်ရာကောင်းသည့် သတ်ဖြတ်မှုကြီးကို ထပ်မံစတင်လိုက်ရ၏။ ထုံးစံအတိုင်း တစ်ဖက်သတ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းပင်။

မြို့ကို တိုက်ခိုက်နေသည့် ရန်သူများက တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျလျက်ရှိ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်တွင် အရှင်လတ်လတ် တစို့ထိုးခံထားရသကဲ့သို့ပင်။

သို့သော်ငြား ဤအချိန်၌ သဲကန္တာရလူရိုင်းစစ်သည်များ၏ ရဲရင့်မှုက အပြည့်အဝပင် ဖြစ်တည်လျက်ရှိ၏။ မြားထိမှန်သည် ဆိုလျှင်တောင် ၊ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်၍ မြေကြီးပေါ်၌ စိုက်ဝင်နေသည် ဆိုလျှင်တောင်မှ သူတို့က မြားများကို ခန္ဓာကိုယ်ဆီမှ ကြမ်းတမ်းတမ်း ဆွဲထုတ်၏။ ပြီးနောက် ရှေ့သို့ ဆက်လက်ကာ တိုးဝင်၏။

မြားများက ငါးမျှားချိတ်တံကဲ့သို့ပင် ဆွဲထုတ်လိုက်သည့်အချိန်တွင် အသားစများပါ ပါဝင်လာခဲ့၏။ ကြည့်ရ သည်မှာ တကယ်ပင် ဆိုးဝါးလှချေ၏။ သို့သော်ငြား သဲကန္တာရ လူရိုင်းစစ်သည်များက အော်ဟစ်ကြိမ်းဝါးလျက် ရှိနေပြီး ရှေ့သို့ ဆက်လက်တိုးဝင်လာခဲ့သည်။

တစ်ချို့က ရုတ်တရက် မြေပြင်ပေါ်လဲကျကာ သေဆုံးသွားခဲ့ကြ၏။ တချို့သော ရဲရင့်သည့်စစ်သည်များက ခန္ဓာကိုယ် ထွင်းဖောက်ခံထားရလျှက်နှင့်ပင် ဆက်လက်တိုးဝင်ကြပြန်၏။ မသေသေးရွေ့ သူတို့က ဆက်လက်တ တိုက်ခိုက်ရပေဦးမည်။ သူတို့က ဘီလူးသရဲစီးနေသကဲ့သို့ပင်။

ကျင်းမူလန်နှင့် ကျင်းကျိုးတို့က ဝမ်းနည်းသည့် အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။ ဤသဲကန္တာရလူရိုင်းမျိုးနွယ်များက တကယ်ပင် ရဲရင့်လွန်းလှချေ၏။ အလကား အသက်သေရသည်က နှမြောစရာပင်။

ဤအချိန်၌ ရှမ့်ကျန်က သံချပ်ကာအပြည့်အစုံဖြင့် ဘေးတွင်ရပ်လျက် မြားများကို သယ်ဆောင်ရန် တပ်ကို ကွပ်ကဲနေ၏။ သူက လူဆယ်ယောက်ကို အုပ်ချုပ်ရသည့် တပ်မှူးဖြစ်၏။ သို့သော်ငြား ဤမျှ သွေးထွက် သံယိုကြမ်းတမ်းသည့် စစ်ပွဲမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူက ကြောင်အဖြင့် မေ့မျောလုမတတ် ဖြစ်နေ၏။

“မောင်လေး... မင်း မကြည့်ရဲရင် ရဲတိုက်ထဲကိုဝင်ပြီး နားလိုက်တော့”

ရှမ့်ကျန်က ပြောလိုက်သည်။ “မရီး... ဘာတွေပြောနေတာလဲ။ ကျုပ်က သေမှာကို ကြောက်ပါ့မလား။ ကျုပ်ရဲ့ အစ်ကိုကို အရှက်ခွဲသလို မဖြစ်ဘူးလား”

တကယ်တမ်းမှာတော့ တစ်ဖက်လူ၏အစ်ကိုက အရှက်သိက္ခာဟူ၍ ရှိသူမဟုတ်ချေ။

ပြီးနောက် သဲကန္တာရ လူရိုင်းစစ်သည်များက ပြန်လည်ကာ တိုက်ခိုက်လာကြ၏။

တကယ်ကိုမှန်ပေ၏။ ဤကဲ့သို့ အလင်းရောင်အခြေအနေတွင် သူတို့က ပစ်မှတ်ကို ချိန်ရွယ်နိုင်ကြသေး၏။ ပထမနိဗ္ဗာနတပ်တော်က အမြင့်ပိုင်းတွင်ရှိနေ၏။ သဲကန္တာရလူရိုင်းများက အပေါ်သို့မော့ပစ်ရသဖြင့် အားနည်းချက် ရှိ၏။ သို့သော်ငြား သူတို့၏ တိကျမှုကတော့ မဆိုးလှချေ။ သူတို့က ရှမ့်လန်၏ ဒုတိယ နိဗ္ဗာန တပ်တော်ကို အမှန်တကယ် ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့၏။ နှမြောစရာ ကောင်းလှပေ၏။ သူတို့က ကျောက်လေးများကို ကိုင်ဆောင်ထားခဲ့ကြ၏။ ဤအကွာအဝေးတွင် အပေါ်ကိုမော့ကာပစ်ရသောကြောင့် အင်အားက လျော့နည်းလျက်ရှိနေ၏။

အရေးကြီးဆုံးအချက်အားဖြင့် ရှမ့်လန်၏ ပထမနိဗ္ဗာနစစ်သည်များက ကိရိယာတန်ဆာပလာ ပြည့်စုံလွန်းကြ၏။ သူတို့၏ ကိုယ်ထည်များက ပေါ့ပါးပြီး ခိုင်မာသည့် သံမဏိသံချပ်ကာများဖြင့် ဖုံးလွှမ်းနေ၏။ လက်မောင်းနှင့် ခြေထောက်တို့တွင် သံကွင်းဆက် သံချပ်ကာများကို ဖုံးအုပ်လျက်ရှိ၏။ သဲကန္တာရလူရိုင်းများ၏ လေးများက အားကောင်းလှသော်လည်း သူတို့ကို ဖောက်ထွင်းနိုင်ခြင်း မရှိကြချေ။ သူတို့၏ မြားများက ရှမ့်လန်၏ မြားများကဲ့သို့ ထက်မြက်ခြင်းလည်း မရှိပေ။

စစ်သည်နှစ်ဖက်လုံးက အပြန်အလှန်ပစ်ခတ်ကြ၏။ နှစ်ဖက်စလုံးက တကယ်ပင် အားကောင်း၏။ သို့ပေမည့် ထုံးစံအတိုင်း တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသာလျှင်ဖြစ်၏။ လက်နက်ကိရိယာချင်းက တကယ်ကို ကွာခြားလွန်းလှချေ၏။

သဲကန္တာရလူရိုင်းစစ်သည်များက တစ်ဦးချင်းစီ မည်မျှတော်နေသည်ဖြစ်ပါစေ ပထမနိဗ္ဗာနတပ်တော်ကို မယှဉ်နိုင်ချေ။ ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။

အသက်များကို ရိတ်သိမ်းနေသည့် သေမင်းတမန်ပင်လယ်ကြီး တစ်ခုကဲ့သို့ပင် တည်နေရာက အလောင်းများဖြစ်နေ၏။

ကောင်းကင်ယံထက်ဆီ၌ ရွှမ် ရွှမ် ရွှမ် ဗုန်း ဗုန်း....

ရှေးကျသည့် မီးရှူးမီးပန်းများနှင့် မီးကျည်များက ဆက်လက်ပေါက်ကွဲနေ၏။ မူလန်ပင်လျှင် ထိုအရာကို လှမ်းကြည့်ပြီး အနည်းငယ်ငေးမောလျက်ရှိ၏။ မြင်ကွင်းက လှပလွန်းလှသည်။

မူလန်က ယခင်တည်းက ဤကဲ့သို့သော မီးရှူးမီးပန်းများကို မြင်ခဲ့ဖူးသည်။ သူမတစ်ဦးတည်းသာ မြင်ခဲ့ဖူးခြင်းဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်က ရှမ့်လန်က သူမကို လူသူမနီးသည့် ကျွန်းတစ်ကျွန်းဆီ ခေါ်သွားပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ပြခဲ့၏။ သို့သော်ငြား ထိုအချိန်က ဒါဇင်အနည်းငယ်သာ ပစ်ဖောက်ပြခဲ့ခြင်း ဖြစ်သည်။ ယခုမူ ရာပေါင်းများစွာကို ပစ်ဖောက်ပြလျက်ရှိနေ၏။ ဖြစ်တည်နေသည့် အလင်းတန်းများနှင့် တောက်ပသည့် အရောင်အသွေးများက ကြည့်ရှု၍မဝနိုင်လောက်အောင် လှပလွန်းလှချေ၏။

“အို လှလိုက်တာ။ သိပ်လှတာပဲ။ သမီးလေးရေ ကြည့်လိုက်အုံး။ ဖေဖေက သမီးအတွက် ဖောက်ပေးနေတာပဲ”

ရှမ့်မီက မျက်လုံးဝိုင်းလေးများနှင့် ကောင်းကင်ယံကို လှမ်းကာ ကြည့်ရှုသည်။

“ဒါဘာကြီးလဲ။ သိပ်လှတာပဲ။ ဖေဖေ... ဖေဖေ” ရှမ့်မီက ပျော်လွန်းသောကြောင့် လက်ခုပ်လက်ဝါးကို အားရပါးရ တီး၏။

ရှမ့်ယီကတော့ ရူးသွပ်နေသကဲ့သို့ပင် ချီထား၍ပင် မနိုင်ချေ။ သူက ခြံဝင်းထဲတွင် လျှောက်ကာပြေးလျက်ရှိ၏။ သူက အလွန်ပျော်ပြီး စိတ်လှုပ်ရှားနေ၏။ နေ့တိုင်း မကုန်ခမ်းနိုင်သည့် စွမ်းအင်များ ရှိနေသကဲ့သို့ပင် ဤကောင်လေး က သန်မာ၏။ နေ့ခင်းဘက်တွင်လည်း ကောင်းကောင်းမအိပ်၊ ညဘက်လည်း ကောင်းကောင်း မအိပ်ချေ။

ရှမ့်လန်က သူ့အား ထိုနာမည်ပေးခဲ့မိသည့်အတွက် နောင်တရနေ၏။ ဤကဲ့သို့သော ကလေးမျိုးကို ထိန်းရသည်က အမှန်ပင် ပင်ပန်း၏။ ရှမ့်မီက လိမ္မာသဖြင့် ပင်းအာတစ်ယောက်တည်း ထိန်းနိုင်၏။ ရှမ့်ယီကိုမူ ထိန်းကျောင်းရန် လူသုံးလေးယောက်လောက်လို၏။ သို့သော်ငြား ဤကောင်လေးက ကောင်းကွက်တစ်ခု ရှိ၏။ ဘယ်တော့မှ မငိုပေ။

မဟုတ်ပေ။ သူကလည်း ငိုတတ်၏။ ချွဲနွှဲ့ချင်သည့်အခါ ဟန်ဆောင်ပြီး ငိုတတ်ခြင်းမျိုးပင်။ ပုံမှန်အားဖြင့် ချော်လဲလျှင် သို့မဟုတ် စားပွဲစွန်းနှင့် တိုက်မိလျှင် လုံးဝမငိုဘဲ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ စားပွဲစွန်းကိုပင် ပြန်လည်ကာ ထုနှက်တတ်သေး၏။

စစ်ပွဲဖြစ်နေ၏။ ရဲတိုက်ထဲရှိလူများက မီးရှူးမီးပန်းများကြောင့် ပျော်ရွှင်လျက် ရှိနေသည်။

……………

မြို့ပြင်ဘက်၌တော့ သတ်ဖြတ်မှုကြီးက ဆက်လက်ဖြစ်ပွားနေဆဲပင်။ တုန်လှုပ်စရာကောင်းသည့် ထိခိုက် သေဆုံးမှုများနှင့် ကြုံတွေ့နေရသော်လည်း သဲကန္တာရလူရိုင်းများနှင့် နန်အိုနိုင်ငံ၏ စစ်သည်များက မြို့ရိုးပေါ်သို့ အရူးအမူး တက်လာကြ၏။

ဤအရူးများက မြို့သိမ်းလှေကားများပင် မလိုကြချေ။ သူတို့က သံချိတ်များကို ယူဆောင်ကာဖြင့် တွယ်တက် လာကြ၏။ သူတို့၏ဗိုက်တွင် အပေါက်ကြီးဖြစ်သွားလျှင်တောင်မှ ၊ အူများပွင့်ထွက်ကျနေသည်ဆိုလျှင်တောင်မှ သူတို့က တွယ်တက်၏။ သို့ပေမည့် တက်လာရင်း ပြုတ်ကျသွားခဲ့သည်။

ကျင်းကျိုးနှင့် မူလန်တို့က ကြက်သေ,သေပြီး ကြည့်နေမိ၏။ လောကကြီးထဲတွင် ဤကဲ့သို့ အရူးအမူးနိုင်သည့် စစ်တပ်မျိုး ရှိနေသေးသည်လား။ ပထမနိဗ္ဗာနတပ်တော်က အလွန်ရဲရင့်ကြသော်လည်း ဤလူတို့ကတော့ ပုံမှန်စစ်သည် မဟုတ်ကြချေ။

နန်းကုန်းအိုကလည်း လုံးဝမင်သက်နေ၏။ ဤမျှ တုန်လှုပ်ဖွယ်ရာကောင်းသည့် သေဆုံးခြင်းမျိုးသာ သူ၏ တပ်တော်ထဲတွင် ဖြစ်နေသည်ဆိုပါက အလုံးစုံပြိုလဲလောက်ပြီ ဖြစ်၏။ သူ၏ တပ်သားများသာ မြားထိမှန်သည်ဆိုပါက ချက်ချင်းမြေကြီးပေါ်သို့ လှဲချပြီး မလှုပ်မယှက်နှင့် နေကြပေလိမ့်မည်။ သဲကန္တာရ လူရိုင်းစစ်သည်များကတော့ အူများထွက်ကျနေသည် ဆိုလျှင်တောင်မှ အရူးအမူးနှင့် တွယ်တက်လျက်ရှိသေး၏။

နန်အိုနိုင်ငံ ယခင်က အကြီးကျယ် ရှုံးနိမ့်ခဲ့ခြင်းက အကြောင်းရှိ၏။ သဲကန္တာရလူရိုင်းစစ်သည်များက ရက်စက်လွန်းလှ၏။ သူတို့၏ နှလုံးနှင့် ဦးခေါင်းကိုပစ်ခတ်ပြီး ချက်ချင်းသေအောင် မသတ်နိုင်သရွေ့ သူတို့က အရူးအမူးနှင့် ဆက်လက်ကာ တိုးဝင်ပြီး တိုက်ခိုက်ခဲ့သည်။

ဤမျှ ရက်စက်ကြမ်းတမ်းသည့် စစ်တပ်မျိုး မြို့ရိုးပေါ်သို့ တက်လာသည်နှင့် နောက်ဆက်တွဲအကျိုးဆက်များကို တွေးကြည့်၍ပင် မရနိုင်ချေ။

သို့သော်ငြား ပြင်းထန်သည့် မြားမိုးများ၏အောက်မှာတော့ ဤလူစုက မြို့ရိုးပေါ်သို့ အမှန်တကယ် တက်လာနိုင်ကြ၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသေဆုံးသွားခဲ့သော်လည်း တက်လာသူ လူအင်အားက များပြား၏။ သူတို့က မြို့ရိုးနှင့် ပိုမို၍ နီးကပ်လာ၏။

“မြားတွေ လဲကြမယ်။” မူလန်က အမိန့်ပေးလိုက်သည်။

ပထမနိဗ္ဗာနတပ်တော်က အထူးပြုလုပ်ထားသည့် မြားအိမ်များကို ထုတ်ယူလိုက်ကြ၏။ အတွင်းတွင် ရှိနေသည့် မြားများက အထူးစီမံထားသည့် မြားများ ဖြစ်၏။ မြားခေါင်းများ၌ ဖော့စရပ်အမှုန့်များ ထည့်သွင်းထားခဲ့ပြီး အာဆင်းနစ်အဆိပ်ရည်များကို သုတ်လိမ်းထား၏။ မြားများ လဲလှယ်ပြီးပြီ ဖြစ်၏။

“ပစ်”

“ရွှမ် ရွှမ် ရွှမ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေတွက်နိုင်သည့် ဥက္ကာခဲများ ကောင်းကင်ပေါ်မှ ကြွေကျ လာသကဲ့သို့ပင်။ ထိုမြားအားလုံးတို့က မြို့ရိုးပေါ်သို့ တွယ်တက်လာခဲ့သည့် သဲကန္တာရ လူရိုင်းစစ်သည်များကို ချိန်ရွယ် ပစ်ခတ်လိုက်ခြင်း ဖြစ်၏။ မြင်ကွင်းက နှိုင်းယှဉ်၍ မရနိုင်အောင်ပင် ခမ်းနားတောက်ပလို့နေ၏။ သို့သော်ငြား နှိုင်းယှဉ်၍မရနိုင်အောင် ကြေကွဲဖွယ်ရာလည်း ကောင်းသည်။

မြားများက ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်ပြီးနောက် ဆက်လက်ကာ လောင်ကျွမ်းနေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဖော့စရပ်များက မြားခေါင်းတွင် တည်ရှိနေသောကြောင့်ပင်။ ထိုအရာမျိုးက လေမရှိလျှင်ပင် ဆက်လက်လောင်ကျွမ်းနိုင်ခဲ့သည့် မီးစုန်းဓာတ်ဖြစ်၏။ ရှမ့်လန်ပိုင်ဆိုင်သည့် နည်းပညာ အမြင့်မားဆုံးသော မြားများဖြစ်၏။ ထို့အပြင် အာဆင်းနစ်အဆိပ်ကလည်း သွေးကြောထဲသို့ လျင်မြန်စွာ စီးဝင်၏။

“အား အား”

သဲကန္တာရလူရိုင်းစစ်သည်များက မည်မျှရဲရင့်ကြပါစေ၊ ဤကဲ့သို့နာကျင်မှုကို ခံနိုင်ရည်မရှိကြချေ။ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ မီးတောက်များ ကျွမ်းလောင်နေသကဲ့သို့ပင်။ ဤသည်က အရာအားလုံးထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည့် သွေးပျက်ဖွယ်ရာ မြင်ကွင်းတစ်ခုပင်။

မြို့ရိုးပေါ်သို့ တွယ်တက်လာခဲ့သည့် သဲကန္တာရလူရိုင်းစစ်သည်များက တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ပြုတ်ကျကုန်၏။

နောက်ဆုံးမှာတော့ သဲကန္တာရလူရိုင်းစစ်သည်များ၏ အရူးအမူးတိုက်ခိုက်မှု လှိုင်းလုံးကြီးကို ဟန့်တားနိုင်ခဲ့၏။ ကျန်ရှိနေသည့် နန်အိုနိုင်ငံမှ စစ်သည်များက ရဲရင့်ကြသော်လည်း တိုက်ခိုက်မှု စွမ်းရည်၌ လိုအပ်ချက်များ ရှိနေဆဲပင်။ ပြင်းထန်သည့် မြားမိုးများ၏အောက်မှာတော့ သူတို့က လုံးဝလွှမ်းမိုးခြင်းကို ခံထားရပြီး ခေါင်းပင် မမော့ရဲတော့ချေ။

“ရွှမ် ရွှမ် ရွှမ်”

မြားမိုးများက အသက်ကို ရူးရူးမူးမူး နုတ်ယူလျက် ရှိနေ၏။ သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ တပ်မှူးရှားယန်က ဤမြင်ကွင်းကိုကြည့်ရင်း အလွန်ပင် နာကျင်လို့နေ၏။ သူ၏စစ်သည်များက မြို့ရိုးထိပ်သို့ ရောက်ရန် အလွန်နီးစပ်ခဲ့၏။ တကယ်ကို နည်းနည်းလေးသာ လိုတော့၏။ သို့သော်ငြား ယခုအချိန်မှာတော့ သူတို့က ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရလေပြီ။

“နောက်ကို ဆုတ်ကြ။”

မြားသံများက ထပ်မံထွက်ပေါ်လာခဲ့သည်။ အသက်ရှင်ကျန်ရှိခဲ့သည့် နန်အိုစစ်သည်များက နောက်သို့ လှည့်ကာဖြင့် ထွက်ပြေးကြ၏။

အသက်ရှင်ကျန်ရှိနေသည့် သဲကန္တာရလူရိုင်းစစ်သည်များကမူ မျက်လုံးများ နီရဲနေ၏။ သူတို့က သေမင်းကို လုံးဝမကြောက်ရွံ့ဘဲ မြို့ရိုးပေါ်သို့ ဆက်လက်ကာ တက်ချင်သည်။

တပ်မှူးရှားယန်က ဟိန်းဟောက်လိုက်၏။ “သဲကန္တာရလူရိုင်းစစ်သည်တွေ ဆုတ်ကြစမ်း။”

သူတို့၏တပ်မှူးအသံကို ကြားရချိန်မှာတော့ ထိုစစ်သည်များက တောရိုင်းတိရစ္ဆာန်များသဖွယ်ပင် အော်ဟစ်လျက် ရှိနေကြပြီး မကျေနပ်ချက်များကို ထုတ်ဖော်ကာ ဆုတ်ခွာသွားခဲ့၏။

အရှက်တရား၊ တကယ့်ကို ကြီးမားသည့် အရှက်တရားပင်။ စစ်တပ်စတင်ဖွဲ့စည်းချိန်တည်းက သူတို့က ဤကဲ့သို့ တိုက်ပွဲမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးချေ။ တာ့နန်နိုင်ငံ ထူထောင်ချိန်မှစ၍ သူတို့က အမြဲတမ်း ပြိုင်ဘက်ကင်းခဲ့၏။ သို့သော်ငြား ဤအချိန်မှာတော့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

“ဂါး ..” သဲကန္တာရလူရိုင်းစစ်သည်တစ်ဦးက မြို့ရိုးအောက်တွင် ရပ်လျက် ကျင်းမူလန်အား ဟိန်းဟောက် လိုက်၏။

“ရွှမ်” မြားတစ်စင်းက သူ၏ဦးခေါင်းကို ဖောက်ဝင်သွားခဲ့သည်။

...............

နေ့ဘက်တိုက်ခိုက်မှု ကျရှုံးသွား၏။ ထိခိုက်သေဆုံးမှုက တစ်သောင်းနှစ်ထောင် ရှိခဲ့၏။ ညဘက် တိုက်ခိုက်မှုက လည်း ထပ်မံကျရှုံးခဲ့၏။

“ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိလဲ စာရင်းတွက်ပြီးပြီလား။” တပ်မှူးရှားယန်က မေးသည်။

အလောင်းကောင်များနှင့် ဒဏ်ရာရသူအရေအတွက်ကို တွက်ချက်ရန် မဖြစ်နိုင်ချေ။ ပြန်ရောက်လာသူ မည်မျှ ရှိသည်ကိုသာ တွက်ချက်နိုင်၏။ “သဲကန္တာရလူရိုင်းစစ်သည် ၅၀၀၀ မှာ ၁၅၀၀ အောက်ပဲ ကျန်ပါတော့တယ်။ နန်အိုစစ်သည် ၂၀၀၀၀ မှာ ၁၀၀၀၀ အောက်ပဲ ကျန်ပါတော့တယ်။”

အပိုင်း (၆၆၄)

စစ်သည်ရှားယန်က နာကျင်စွာဖြင့် သူ၏မျက်လုံးကို မှိတ်လိုက်၏။ ညဘက်တိုက်ခိုက်မှုက နေ့ဘက်ထက်ပင် ပိုမိုကာ များပြားသည့် ထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေ၏။ အံ့အားသင့်စရာ ကောင်းလောက်အောင် ၁၄၀၀၀ ထိ ရှိခဲ့၏။

သဲကန္တာရလူရိုင်းစစ်သည်များနှင့် နန်အိုစစ်သည်များက ပိုမိုသန်မာ၍ ရဲရင့်ကြသည်ဆိုသော်လည်း သူတို့၏ သေဆုံးမှုက ပိုမိုများပြားကြ၏။ ကြည့်ရသည်က နန်အိုစစ်သည်များ၏ သံချပ်ကာနှင့် ဒိုင်းကာများက အသုံးမဝင်သည်တော့ မဟုတ်ချေ။

နေ့နေ့ညညတိုက်ခိုက်ပြီးနောက် ရှားယန်နှင့် နန်အိုနိုင်ငံ၏ မဟာမိတ်တပ်ပေါင်းစုက ထိခိုက်သေဆုံးမှု ၂၆၀၀၀ ကျော်ထိ ရှိခဲ့၏။ ကျန်ရှိနေသည့် တပ်အင်အားက သုံးသောင်း အောက်သာလျှင် ရှိ၏။

ကျင်းမိသားစု ဘက်က ထိခိုက်သေဆုံးမှု မည်မျှရှိသနည်း။ မသိပေ။ သို့ပေမည့် သေချာပေါက် အလွန်ပင်နည်းပါးပေလိမ့်မည်။ တိုက်ပွဲက တကယ့်ကို အံ့ချီးလောက်စရာ တိုက်ပွဲဖြစ်ခဲ့သည်။

တပ်မှူးရှားယန်က ပြောလိုက်၏။ “နန်းကုန်းအို... ကျုပ်တို့ ရွှမ်ဝူနယ်စားကြီး စံအိမ်တော်ကို တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။”

နန်းကုန်းအိုက ခါးသီးစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ နေ့ဘက်လည်းမတိုက်နိုင်၊ ညဘက်လည်းမတိုက်နိုင်ချေ။ တပ်သား သုံးသောင်းသာကျန်ရှိတော့၏။ မြို့ကိုတိုက်ခိုက်ရန် သတ္တိလည်းမရှိတော့ပေ။ အလွန်အမင်း ကြေကွဲဖွယ်ရာကောင်း၏။ ရှမ့်လန်၏ ဆန်းကြယ်လွန်းသည့် လေးသည်တော်တပ်ဖွဲ့က မြို့ကိုကာကွယ်ထားသောကြောင့် ကောင်းကင်ဘုံကိုတက်ကာ တိုက်ခိုက်ရသကဲ့သို့ ခက်ခဲနေခဲ့သည်။

“မြို့ကို ဆက်ပြီးဝိုင်းရံထား။ အရှင်မင်းကြီးဆီ အမြန်ဆုံးသတင်းပို့လိုက်။” ရှားယန်က အမိန့်ပေး၏။

“အမိန့်အတိုင်းပါပဲ။”

ခဏကြာမှာတော့ မြင်းစီးတပ်ဖွဲ့တစ်ဖွဲ့က ထွက်ခွာသွား၏။ တောင်ဘက်ပိုင်းသို့ ဦးတည်ပြီး ကျင်းမင်းသားထံ အခြေအနေကို တင်ပြရန်ပင် အပြင်းနှင်ကြသည်။

“ကံဆိုးတာက ကျောက်လောက်လွှဲတွေ မပါလာတာပဲ။” နန်းကုန်းအိုက ပြော၏။

အကယ်၍ ကျောက်ခဲ လောက်လွှဲကြီးများသာ ပါလာပါက သူတို့ ဤကဲ့သို့ ခံစစ်သက်သက် ဖြစ်နေမည် မဟုတ်ချေ။ ရှမ့်လန်၏ လေးသည်တော်များက ဝေးဝေးသို့ပစ်နိုင်သည် ဆိုသော်လည်း ကျောက်ခဲပစ် လောက်လွှဲကြီးများက ပို၍ဝေးဝေး ပစ်နိုင်၏။ ထို့အပြင် ပိုမိုကာ အင်အားကြီးသည်။

ကျောက်ခဲပစ် လောက်လွှဲကြီးများ၏ တိကျမှုကတော့ လုံးဝကံတရားပေါ်တွင် မူတည်လျက် ရှိနေ၏။ ဆိုရိုးစကားရှိသည့်အတိုင်း မကောင်းသူထိပ် ကောင်းသူထိပ်ပင်။ သို့သော်ငြား အနည်းဆုံး မြို့ရိုးပေါ်မှ ပစ်ခတ်မှုကိုတော့ ဖိနှိပ်ထားနိုင်ပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ တာ့နန်နိုင်ငံ၏ ရွှမ်ဝူနယ်စားမင်းစံအိမ်တော်ကို တိုက်ခိုက်မှုက လုံးဝကို ကျရှုံးသွားခဲ့ပြီ ဖြစ်၏။

.................

ဖေဖော်ဝါရီလ ၄ ရက်နေ့ ...။

နာကျည်းမှုက ရူးသွပ်လုနီးပါး ဖြစ်၏။ ရှမ့်လန်ကလည်း ရူးသွပ်ချင်နေ၏။ ဆေးအာနိသင်က ပြင်းထန်လွန်း၏။ ဖိနှိပ်ထားရန် မဖြစ်သလောက်ပင်။ မြို့စောင့်တပ်သား တစ်သောင်းသုံးထောင်လုံးက လုံးဝကို ရူးသွပ်လျက် ရှိနေပြီး စိတ်ဖောက်ပြန်နေသကဲ့သို့ပင်။

တစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိသော်လည်း အဓိကပြဿနာက လူတစ်သောင်းဖြစ်၏။ တစ်ယောက်ကို တစ်ယောက် ကူးစက်လျက်ရှိနေသကဲ့သို့ပင်။ ဤအချိန်မှာတော့ နာကျည်းမှု၏ စိတ်ထဲတွင် အတွေးတစ်ခုတည်း သာ ရှိ၏။

“စုနန်... မြို့ကို မြန်မြန်တိုက်ပါတော့ ... ကျုပ်တို့ကို မြန်မြန်တိုက်ပါတော့ ခင်ဗျားမြို့ကို မတိုက်ရင် ကျုပ် ဒီကောင်တွေကို မထိန်းနိုင်တော့ဘူး။”

နာကျည်းမှု၏ ဆုတောင်းသံကို ကြားလိုက်ရသကဲ့သို့ပင် စုနန်က နောက်ဆုံးတွင် မြို့ကိုတိုက်ခိုက်လာ၏။

ဤရန်ကော့မြို့က နောက်ဆုံးတားဆီးထားခဲ့သည့် အတားအဆီးဖြစ်၏။ ဤမြို့ကို သိမ်းပိုက်နိုင်သည်နှင့် ရွှဲ့ပြည်နယ်၏ မြို့တော်သို့သွားရာလမ်းက ဖြောင့်ဖြူးသွားပြီဖြစ်၏။ ကျင်းမင်းသားက ရွှဲ့ပြည်နယ်၏ မြို့တော်ကို သိမ်းပိုက်ရန် ဆန္ဒပြင်းပြခြင်းတော့ မရှိချေ။ သို့သော်ငြား စုနန်ကမူ အလွန်စိတ်ဆန္ဒပြင်းပြ၏။ သူက အောင်မြင်သည့် ပုန်ကန်မှုတစ်ခုကို အိပ်မက်မက်ခဲ့ဖူး၏။ သူက ထျန်းရွှဲ့မြို့ကို ပြန်ချင်သည်။

သူ စုနန်က စစ်သည်များကိုဦးဆောင်၍ ထျန်းရွှဲ့မြို့ထဲသို့ ဝင်ရောက်မည်။ ရွှဲ့ပြည်နယ်ကို ဖျက်ဆီးမည်။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို သတ်ဖြတ်မည်။ ဤခံစားမှုက မည်မျှကောင်းလိုက်မည်နည်း။ တိုင်းပြည်တစ်ခုကို ဖျက်ဆီးနိုင်သည့်သူ ဤလောကကြီးတွင် မည်မျှရှိသနည်း။

ဤရန်ကော့မြို့တွင် မြို့စောင့်တပ် တစ်သောင်းသာရှိသည်ဟု သူသိ၏။ မြို့စောင့်တပ်ဆိုသည်က အဘယ်နည်း။ ဒေသခံလူမိုက်များကို နှိမ်နင်းရန် အသုံးပြုသည့် ဒုတိယတန်းစား စစ်တပ်သာပင်။ သို့သော်ငြား သူ လုံးဝ ပေါ့ပေါ့ဆဆ မနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မြို့ထဲတွင် ရှမ့်လန်ရှိနေသောကြောင့်ပင်။

ရှမ့်လန်နှင့်ပတ်သက်လျှင် သူက မည်မျှအလေးထားပါစေ လုံလောက်သည်ဟူ၍ မရှိချေ။ အိပ်မက်ဆိုးမှ လန့်နိုးလာတိုင်း စုနန်က မျက်ရည်ကျ၏။ သူ၏ ကြီးကျယ်ခမ်းနားသည့် ဩဇာအာဏာများ၊ စုမိသားစု၏ အရာအားလုံးက ရှမ့်လန်၏လက်ထဲတွင် ပျက်စီးခဲ့၏။

တာ့နန်နိုင်ငံသို့ရောက်ပြီးနောက် သူက သေချာစွာပင် မိန်းမတစ်ယောက်ကိုယူပြီး ကလေးမွေးခဲ့၏။ ကျင်းမင်းသား ကလည်း ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ မထားရန် သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့သည်။

ကျင်းမင်းသားက ပြော၏။ “အကယ်၍ ခင်ဗျား ရှမ့်လန်လို ဥပဒေမဲ့ပျော်ပျော်နေချင်တယ်ဆိုရင်တော့ စိတ်ရှိလက်ရှိ မုန်းလိုက်။ ဒါပေမဲ့ ခင်ဗျားက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုကို တည်ထောင်ပြီး စုမိသားစုရဲ့ဂုဏ် ကို ပြန်လည် တည်ဆောက်ချင်တယ်ဆိုရင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို ဖယ်ထားရမယ်။”

တခြားသူသာ ဤစကားကိုပြောလျှင် ပြောရလက်ပေါက်ကပ်ပေလိမ့်မည်။ သို့သော်ငြား ကျင်းမင်းသား ပြောသည့်အခါမှာတော့ ယုံကြည်လက်ခံနိုင်ဖွယ်ရာ ဖြစ်သည်။

သူနှင့် နင်ယွမ်ရှန်းကြားတွင် ရှိနေသည့် အမုန်းတရားက မကြီးမားပေဘူးလား။ ဖခင်ကိုသတ်ဖြတ်သည့် အမုန်းတရား၊ တိုင်းပြည်ကိုဖျက်ဆီးခဲ့သည့် အမုန်းတရား၊ သို့သော်ငြား ယခင်က ကျင်းမင်းသားက ရွှဲ့ဘုရင်နှင့် ငြိမ်းချမ်းရေးရယူရန် ဦးဆောင်ကမ်းလှမ်းခဲ့ပြီး ခရိုင်ငါးခု ပေးအပ်ရန်သာ ကမ်းလှမ်းခဲ့သေး၏။ သူက ရွှဲ့ပြည်နယ် ပျက်စီးသွားမည်ကို မလိုလားချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက တာ့နန်နိုင်ငံ၏ အကျိုးစီးပွားနှင့် မကိုက်ညီသောကြောင့်ပင်။

စုနန်က မြို့ရိုးကိုလှမ်းကြည့်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။ “ရှမ့်လန်.. ငါ လက်စားချေချင်တာ မဟုတ်ဘူး ဒီမြို့ကို သိမ်းပိုက်ချင်ရုံပဲ။ ငါစစ်တပ်ကိုဦးဆောင်ပြီး ရွှဲ့ပြည်နယ်ရဲ့ နန်းမြို့တော်ထဲကို ဝင်ချင်ရုံပဲ”

ဤအရာက သူ၏ရင်ထဲတွင် ပြောနေသည့်စကား ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စစ်မထွက်ခွာမီ ကျင်းမင်းသားက သူ့ကိုရွေးချယ်ခိုင်း၏။ အနောက်ဘက်တပ်တော်ကို ဦးဆောင်မလား သို့မဟုတ် အရှေ့ဘက် တပ်တော်ကို ဦးဆောင်မလားပင်။ အကယ်၍ အရှေ့ဘက်တပ်တော်ကို ဦးဆောင်လျှင် ကျင်းမိသားစုကို တိုက်ခိုက်ပြီး လက်စားချေနိုင်သည်။

စုနန်က အနောက်ဘက်တပ်တော်ကိုသာ ရွေးချယ်ခဲ့၏။ သို့ပေမည့် ရှမ့်လန်နှင့်လာကာ တိုးပေလိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။ ထို့ကြောင့် သူက ယခင်ကထက် ပိုမိုကာဂရုစိုက်ခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက စစ်ပွဲစတင်နိုင်ခဲ့သည် ဆိုသော်လည်း ရန်ကော့မြို့ကို စစ်သည်များနှင့် အလုံးစုံ ဝန်းရံပိတ်ဆို့ထားပြီးသည့်အပြင် မြို့သိမ်းလက်နက်များ အဆင်သင့်အနေအထား ရောက်သည်အထိပင် သူက စောင့်ဆိုင်းခဲ့သေးသည်။

စုနန်တွင် မြို့သိမ်းလက်နက်များ အဘယ်ကြောင့်ရှိနေရသနည်း။ ထျန်းနန်မြို့မှ ယူဆောင်လာခဲ့ခြင်းဖြစ်၏။ ထျန်းနန်မြို့မျက်နှာစာတွင် ကျောက်ခဲပစ်လောက်လွှဲကြီးများနှင့် ဒူးလေးကြီးများရှိနေ၏။ စုနန်၏ စေ့စပ်သေချာမှု နှင့် သတိကြီးမှုက ရှမ့်လန်ကို အံ့အားသင့်စေခဲ့၏။

“သောက်ကျိုးနည်း... ခင်ဗျား တိုက်ခိုက်သင့်တာကို စောစောစီးစီး မတိုက်ခိုက်ဘူး။ အခုတော့ ကျုပ်က ရွှေနဂါးသွေးတွေ ကျွေးထားတဲ့ မြို့စောင့်တပ်သား တစ်သောင်းကို ၂ ရက်တိတိ ထိန်းသိမ်းနေရတယ်။ ကျုပ် ဒီအရူးတစ်သောင်းကို ထိန်းချုပ်နေရတာ ပင်ပန်းလွန်းတယ်။”

ရှမ့်လန်၊ နာကျည်းမှုနှင့် အခြားသောအရာရှိများက ဤလူတစ်သောင်းကို ဖိနှိပ်ထားရန် အားကုန်ထုတ်သုံးရ၏။ မဟုတ်ပါက သူတို့က စုနန်ကို သွားရောက်တိုက်ခိုက်ရန် ပြေးထွက်သွားကြပေလိမ့်မည်။

နောက်ဆုံးမှာတော့ ဒုတိယလ၏ ၅ ရက်မြောက်နေ့၌ ဝန်းရံပိတ်ဆို့မှုက ပြည့်စုံသွား၏။ ကျောက်ခဲပစ်လောက်လွှဲကြီးများနှင့် ဒူးလေးကြီးများက အဆင်သင့်ဖြစ်နေ၏။

“သခင်လေးရှမ့်လန်... တာ့နန်နိုင်ငံရဲ့ အတွင်းရေးမှူးချုပ် စုနန်က တွေ့ခွင့်တောင်းပါတယ်” သူ၏အသံက နှစ်မိုင်ကျော် ကွာဝေးသော်လည်း ရှင်းလင်းပြတ်သားသည်။

ရှမ့်လန်က မြို့ရိုးထိပ်တွင် ပေါ်လာ၏။ “စုနန်... နောက်ဆုံးတွေ့ပြီးတည်းက မတွေ့တာကြာပြီ။ ခင်ဗျား နေကောင်းလိမ့်မယ်လို့ ယုံကြည်တယ်။”

ရှမ့်လန်က စုနန်ကို သေချာကြည့်၏။ သူက X-Ray အမြင်ဖြင့် ကြည့်လိုက်၏။ ထိုသူက ယခင်ကလောက် မငယ်ရွယ်တော့ချေ။ ဆံပင်ထက်ဝက်ခန့် ဖြူသွား၏။ သို့သော်ငြား ဤတစ်ကြိမ်က ဆေးဆိုးထားခြင်း မဟုတ်ဘဲ တကယ်ဖြူနေခြင်းပင်။ ခါးကိုမတ်မတ်ထား၏။ သူ၏အရှိန်အဝါက ပိုမိုကာ အံ့မခန်းဖြစ်လာ၏။

“အင်း... သူ မဟာပညာရှင်အဆင့်ကိုတောင် ချိုးဖျက်ဝင်ရောက်သွားပြီပဲ” လီချင်းချိုးက ပြော၏။ အံ့မခန်းပင်။ တကယ့်ကို ဆန်းကြယ်လွန်းလှသည်။

စုနန်က ပြော၏။ “သခင်လေးရှမ့်... သခင်လေးရှမ့်ကို ကျုပ် တကယ် အားကျမိတယ်။ မတွေ့ရတာ ၂ နှစ် လောက်ရှိပြီ။ နဂိုအတိုင်း ခန့်ညားနေတုန်းပဲ ကျုပ်ကတော့ အိုစာသွားခဲ့ပြီလေ”

ရှမ့်လန်က ပြောသည်။ “စုနန်... ကျုပ်လည်း နည်းနည်းပိန်သွားတာ ခင်ဗျား မမြင်ဘူးလား။ ဟား ဟား ..”

သူတို့၏ဆက်ဆံရေးက ဤသို့ အပြန်အလှန်နှုတ်ဆက်ရမည့် ဆက်ဆံရေးမျိုး မဟုတ်ချေ။ သို့ပေမည့် မည်သို့ ပြောရမှန်းပင် မသိပေ။

ခဏကြာမှာတော့ စုနန်က ပြော၏။ “သခင်လေးရှမ့်.. ခင်ဗျားလို မသေမျိုးနတ်ဘုရားတစ်ပါးက လောကီကိစ္စရပ်တွေထဲကို မဝင်ရောက်သင့်ဘူး။ ပင်လယ်ရပ်ခြားကို ဘာလို့မသွားရတာလဲ။ ခင်ဗျားတို့ နတ်ဘုရားစုံတွဲ လုပ်လို့ရတာပဲ။ မပြောပလောက်တဲ့ ဒီရန်ကောမြို့ကို ကျုပ် စုနန်လက်ထဲကို ထားခဲ့လိုက်ပါ။ ရွှဲ့ပြည်နယ် ပျက်စီးသွားတော့လည်း ဘာဖြစ်လဲ။ ကျင်းမိသားစုအနေနဲ့ နုရှောင့်မြို့ ရှိနေသရွေ့ ဒီပဋိပက္ခ ပြဿနာတွေကို ဖြေရှင်းလို့ရပါတယ်။”

ရှမ့်လန်က ပြောသည်။ “စေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ် စုနန်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး ကျုပ် လက်စားချေလို့ မပြီးသေးဘူး။”

စုနန်က မေး၏။ “သခင်လေးရှမ့်... ကျုပ်ကို လက်စားချေလို့ ပြီးပြီမဟုတ်လား။”

ရှမ့်လန်က ပြောသည်။ “ဟုတ်တယ် ပြီးပြီ။ ဒါပေမဲ့ ရွှယ်ချီ ကျန်သေးတယ်။ ရွှယ်ချီရဲ့ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပြီးမှ ကျုပ်က အေးအေးဆေးဆေး ထွက်သွားမှာ။”

စုနန်က ရွှယ်ချီနှင့်နှင့်ပတ်သက်၍ မမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက ရှင်းလင်းစွာ သိရှိနေ သောကြောင့်ပင်။ အကယ်၍ ရွှယ်ချီကို ဖျက်ဆီးလိုလျှင် ရှေးဦးစွာဖြင့် တတိယမင်းသားနင်ချီကို အနိုင်ယူရန် လိုအပ်၏။ နင်ချီကို အနိုင်ယူလိုလျှင် နင်ကျန်းနန်းတက်နိုင်ရန် ကူညီရပေလိမ့်မည်။ ထို့အပြင် ဤသည်က နင်ကျန်းနှင့် နင်ယွမ်ရှန်းတို့အပေါ်ပေးသည့် ရှမ့်လန်၏ ကတိလည်းဖြစ်၏။

အမှန်တကယ်မှာတော့ ရှမ့်လန်က ရွှဲ့ပြည်နယ်ပျက်စီးသွားသည်ကို လက်ပိုက်ကြည့်မနေနိုင်တော့ချေ။ မည်သို့ပင် ဆိုစေကာမူ နင်ယွမ်ရှန်းက သူ၏ နောက်ထပ် ယောက္ခမတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလား။

စုနန်က ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျုပ် နာကျင်အောင် လုပ်ခဲ့မိတဲ့အတွက် အပြစ် မတင်ပါနဲ့တော့။”

ရှမ့်လန်က ပြောလိုက်၏။ “စိတ်မပူပါနဲ့။ တကယ်လို့ ကျုပ်ရှုံးသွားရင်တောင်မှ ကျုပ်က ထွက်ပြေးမှာပါပဲ။”

ရှမ့်လန်က ဤအချိန်တွင် ရင်ထဲတွင် ရှိသည့်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် မြို့စောင့်တပ်သား တစ်သောင်း၏ တိုက်ခိုက်လိုစိတ်ကို မထိန်းချုပ်နိုင်ခဲ့သောကြောင့်ပင်။

စုနန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက စစ်သည်များ၏အလယ်သို့ ပြန်လည်ဆုတ်ခွာသွား၏။

“မြို့ကို တိုက်တော့” စုနန်က အမိန့်ပေးလိုက်သည်။

ဒါဇင်ပေါင်းများစွာရှိသည့် ကျောက်ခဲလောက်လွှဲကြီးများက အရူးအမူးပင် အသက်ဝင်လာခဲ့၏။ မြို့သိမ်း ဒူးလေးကြီးများကလည်း အရူးအမူး ပစ်ခတ်ကြ၏။

“ရွှမ် ရွှမ် ရွှမ်”

ရန်ကောမြို့၏စစ်ပွဲက တရားဝင်စတင်ပြီဖြစ်သည်။

.........

ဝူဘုရင်က သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည့် ရွှဲ့ပြည်နယ်၏ တတိယမင်းသား နင်ချီကို မြင်ရချိန်မှာတော့ အံ့အားသင့်သွား၏။ စစ်မီးတောက်လောင်ရန် အလွန်နီးကပ်နေသည့် အခြေအနေမျိုးတွင် နင်ချီက ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ရောက်ရှိလာ၏။ သို့သော်ငြား မင်းခမ်းမင်းနား ကျင့်ဝတ်များနှင့်အညီ လက်ခံ တွေ့ဆုံရ၏။

“နင်ချီက ဦးရီးတော်ကို ဂါရဝပြုပါတယ်”

သူက ဝူဘုရင်နှင့် အသက်အရွယ် အနည်းငယ်ကွာခြားသော်လည်း ဝူဘုရင်နှင့် ရွှဲ့ဘုရင်တို့က ညီအစ်ကိုသဖွယ် ရင်းနှီးကြသောကြောင့် သူက ဝူဘုရင်ကို ဦးရီးတော်ဟု ခေါ်ဆိုရပေမည်။

ဝူဘုရင်က မေးမြန်းလိုက်သည်။ “မင်းသား ဘာကိစ္စရှိလို့ပါလဲ။”

နင်ချီက မေးလိုက်၏။ “ဝူဘုရင်… အရှင်က စစ်သည်အင်အား ၃ သိန်းကို စုဆောင်းထားပြီး ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား။”

သူက ဤမျှတည့်တိုးဆန်စွာ မေးမြန်းလိမ့်မည်ဟု မည်သူထင်မှတ်မည်နည်း။ ဘေးတစ်ဖက်တွင် ရှိနေသည့် မှူးမတ်များက ရယ်ချင်သွားသော်လည်း ဝူဘုရင်က လက်ကာပြကာဖြင့် ပြန်လည် မေးမြန်းလိုက်သည်။ “မတိုက်ရဘူးလား။”

ဟုတ်ပေ၏။ မတိုက်ရဘူးလား။ သူတို့နှစ်နိုင်ငံကြားရှိ ရန်ငြိုးက ပင်လယ်လို နက်ရှိုင်း၏။ စစ်ခင်းဖို့ အကြောင်းပြချက်က ဒုနှင့်ဒေးပင်။ ထို့အပြင် ရွှဲ့ဘုရင်၏လက်ထဲတွင် သူတို့ပိုင်ဆိုင်သည့် ခရိုင် ကိုးခု ရှိနေသေး၏။

နင်ချီက ပြောလိုက်သည်။ “ဒါဆိုရင် အရှင်မင်းကြီးက ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ပြီး ဘယ်လို အကျိုးအမြတ်တွေ လိုချင်တာလဲ။”

ဝူဘုရင်က မေးလိုက်၏။ “အင်း… ကျုပ်တို့က ယန်ကျိုးစီရင်စုရဲ့ တစ်ဝက်လောက်ကို လိုချင်တာပဲ။”

ထင်ထားသည့်အတိုင်း နယ်မြေခွဲဝေမှုကြီး ပြီးသွားပြီဖြစ်၏။ ကျင်းမင်းသားက တောင်ဘက်ကို ယူပြီး ချောင်ဘုရင်က အနောက်ဘက်နှင့် ယန်ကျိုးစီရင်စု၏ တစ်ဝက်ကို ယူမည်။ ဝူဘုရင်က မြောက်ဘက်နှင့် ယန်ကျိုးစီရင်စု၏ တစ်ဝက်ကို ယူမည်။

နင်ချီက မေးမြန်းလိုက်သည်။ “ဝူဘုရင်… စစ်မတိုက်ဘဲ နေလို့မရဘူးလား။”

ဝူဘုရင်က နှုတ်ဆိတ်လို့နေ၏။ ဤမေးခွန်းကို မေးစရာမလိုအပ်ချေ။ မည်သို့ထင်သနည်း။ ဤကဲ့သို့ ရှားပါးသည့် အခွင့်အရေးကောင်းကို လက်လွှတ်လိုက်မည် ဆိုပါက သူက ဝူပြည်နယ်၏ အကြီးမားဆုံးသော သမိုင်းတရားခံ ဖြစ်သွားမည် မဟုတ်ပါလား။ သူ့ကို ကျင့်ဝတ်တွေအကြောင်း လာပြောနေသည်လား။

ဟုတ်ပေ၏။ ဟိုတုန်းက ရွှဲ့ပြည်နယ်က သူတို့ဆီက ခရိုင် ၉ ခုကို ဖဲ့ယူသွားတုန်းကရော ကျင့်ဝတ်အကြောင်းကို တွေးခဲ့ကြလို့လား။

All Chapters