အခန်း (၆၇၅-၆၇၆)
Vol. 43 Ch. 675-676
အပိုင်း (၆၇၅)
မင်းသားကျင်းက ခေါင်းညိတ်၏။
ရှားမန်က ဆက်လက်ကာ ပြောသည်။ “ဒီခွေးအတွေက ရှေးဟောင်းအမှတ်ရစရာတွေ မှတ်ဉာဏ်ထဲ ရှိနေတဲ့ပုံပေါ်တယ်။ ဒါကြောင့် ကျင်းမူလန်ကို အရမ်းကြောက်ပြီး ထွက်ပြေးကြတာပဲ။”
ရှားမန်က ဆက်လက်ကာပြော၏။ “ရှမ့်လန်က ပင်လယ်ထဲက ရှေးဟောင်းအမွေအနှစ်တစ်ခုကို ဖွင့်ဖို့ စေတီတောင်ကို ကူညီပေးခဲ့တယ်။ ပြီးတော့ ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း အမတေကို ရခဲ့တယ်။ သူ့ရဲ့ မိန်းမအတွက် အသုံးပြုခဲ့တယ်လို့ ထင်တယ်။”
လောကတွင် လျှို့ဝှက်ချက် ဆိုတာ တကယ်မရှိချေ။
“ဟုတ်တယ်။ ဒီကျောက်နက်ကျွန်းပေါ်က ရှေးဟောင်းအမွေအနှစ်က တာမင် အင်ပါယာ နဲ့ ပတ်သက်နေတာ ဖြစ်လိမ့်မယ်။”
မင်းသားကျင်းက ပြောလိုက်သည်။ “ဘယ်လောက်ကြီးမားတဲ့ စွန့်စားမှုလဲ။ ဒီကျင်းမူလန်က တကယ့်ကို အံ့မခန်းပဲ။”
စကားမဆုံးခင်မှာပဲ သူက ပါးစပ်ကို ပိတ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူ့မိန်းမ၏ အကြည့်က တကယ်ကို မနှစ်မျို့ဖွယ် ဖြစ်နေသောကြောင့်ပင်။
‘ကျွန်မရဲ့ရှေ့မှာ တခြားမိန်းမကို ချီးကျူးနေတာလား။ ရှားကျင်း... ကျွန်မကို ဒီလောက် စိတ်သဘောထား ကြီးမြတ်တဲ့ မိန်းမလို့ ထင်နေတာလား။’
မင်းသားကျင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ကျင်းမူလန်က ဒုတိယနိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး ဝန်းရံမှုမှ ဖောက်ထွက်သွား၏။ ထိုအရာက သူ၏ အစီအစဉ်ကို ပျက်စီးစေခဲ့၏။ ကျင်းမူလန်နှင့် ဒုတိယ နိဗ္ဗာနတပ်တော်ကို ဖမ်းဆီးရမိပါက ရှမ့်လန်က မဆိုင်းမတွ လက်နက်ချကာ အရှုံးပေးလိမ့်မည်။ ဤလူက တကယ်ကို မသမာသူ ဖြစ်၏။ ရွှဲ့ပြည်နယ်နှင့် သူ့မိန်းမဟူ၍ ရွေးချယ်ခိုင်းလျှင် ရှမ့်လန်က သူ့မိန်းမကို ရွေးချယ်ရန် ဝန်လေးမည် မဟုတ်ချေ။
ယခုတော့ ခက်ချေ၏။ ဤမျှ ကြိုးစားအားထုတ်ခဲ့သော်လည်း ဒုတိယနိဗ္ဗာနတပ်တော်ကို ဖမ်းဆီးရန် မအောင်မြင်ခဲ့ချေ။ ထို့အပြင် အန္တရာယ်များသည့် သတင်းအချက်အလက်တစ်ခုလည်း ရှိ၏။ နန်အိုမြို့တော်ကို တိုက်ခိုက်ရန် ဒုတိယ နိဗ္ဗာနတပ်တော်ကို ဦးဆောင်လာသူက ကျင်းမူလန် ဖြစ်နေပြီး ရှမ့်လန် မဟုတ်ခြင်းပင်။
ထိုသို့ဆိုလျှင် ဘာကို ဆိုလိုသနည်း။ ရှမ့်လန်က တခြားနေရာသို့ သွားနေ၏။ သူက ရန်ကော့မြို့တွင် လုံးဝ ပိတ်မိခံနေလိမ့်မည် မဟုတ်ချေ။ စုနန်နှင့် တိုက်ပွဲက အချိန်ဆွဲရန် သက်သက်သာ ဖြစ်၏။ ရှမ့်လန် ဘယ်ကို သွားသနည်း။
မင်းသားကျင်းက မြေပုံပေါ်သို့ သွား၏။ သူက ရှမ့်လန် တိုက်ခိုက်နိုင်သည့် ပစ်မှတ်များကို အလျင်အမြန် ရှာဖွေ၏။ နန်အိုနိုင်ငံ၏ မြို့တော် အပြင်ဘက်တွင် မည်သည့် ပစ်မှတ်က မဟာဗျူဟာမြောက် တန်ဖိုးရှိသည့် နေရာမျိုး ဖြစ်နေသနည်း။ တကယ်တော့ မဟာဗျူဟာမြောက် တန်ဖိုးပိုမြင့်သည့် နေရာလား။
မကြာမီမှာပဲ သူ၏မျက်လုံးများက နေရာတစ်ခုပေါ်သို့ ရောက်ရှိသွား၏။ ပြီးနောက် သူက အသက်ရှူရပ်လုနီးပါး ဖြစ်ခဲ့၏။ တာနန်နိုင်ငံ၏ မြို့တော် - ထိုနေရာက ဘုရင်မင်းမြတ်ကျင်း အဖြစ် မွေးဖွားခဲ့သည့် နေရာ၊ သူ၏ဇာတိမြေ၊ သူ၏ အသက်သွေးကြောလည်း ဖြစ်၏။ ဤအချိန်မှာတော့ နန်အိုမြို့တော်က ယာယီမြို့တော်သာ ဖြစ်၏။ တာ့နန်၏ အမှန်တကယ် မြို့တော်က သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ နယ်မြေထဲတွင် ရှိနေဆဲပင်။
“မဖြစ်နိုင်ဘူး။”
ရှမ့်လန်က ဒီလောက်ကြီး ရူးသွပ်မှာ မဟုတ်ပေ။ မင်းသားကျင်း၏ ဦးရေပြားများက ထုံကျဉ်နေ၏။ တာ့နန်နိုင်ငံ၏ မြို့တော်က တောင်တန်းများနှင့် မြစ်များစွာရှိပြီး မိုင်ပေါင်း ထောင်ချီ ကွာဝေး၏။ ထို့ပြင် နက်ရှိုင်းသည့် သစ်တောများကြားတွင် ရှိ၏။ မည်မျှ များပြားသည့် သစ်တောများ၊ တောင်တန်းများကို ဖြတ်သန်းသွားရမည် ဖြစ်ကြောင်းကို ဘုရားသခင်သာ သိပေလိမ့်မည်။
ပြဿနာက အရင်းအမြစ်ကို တိုက်ရိုက်သွားပြီး နန်အိုမြို့တော်ကို တိုက်ခိုက်ခြင်းကပင်လျှင် ထိတ်လန့်စရာ ကောင်းသည့် လုပ်ဆောင်မှု ဖြစ်နေ၏။ တာ့နန်နိုင်ငံ၏ မြို့တော်ကို တိုက်ခိုက်ခြင်း ဆိုသည်က တကယ်ကို ရူးသွပ်၏။ သို့ပေမည့် မင်းသားကျင်းက ရှမ့်လန်၏ပြစ်မှတ်မှာ တာ့နန်နိုင်ငံ၏ မြို့တော်ဖြစ်ကြောင်း သေချာသလောက် ရှိ၏။
မင်းသားကျင်း၏ တခြားသော မိန်းမများ၊ ကလေးများ၊ စုနန်၏ ကလေးများနှင့် တာ့နန်နိုင်ငံတော်၏ အရေးကြီးသည့် သူအားလုံးတို့၏ မိသားစုများက တာ့နန်နိုင်ငံ၏ မြို့တော်ထဲတွင် ရှိနေ၏။ တာ့နန်နိုင်ငံ၏ မြို့တော်က ခံ့ညားထည်ဝါသည်ဟု အသံထွက်နေသော်လည်း တကယ်တမ်းမှာတော့ အလွန့်ကို သေးငယ်သည့် မြို့လေးတစ်မြို့သာ ဖြစ်သည်။
ထိုမြို့တော်၏ ကာကွယ်ရေးက နန်အိုမြို့တော်ထက်ပင် များစွာ နိမ့်ကျ၏။ မြို့တော်ကျဆုံးသွားသည်နှင့် တပြိုင်နက် အရေးကြီးသည့်သူအားလုံးက ရှမ့်လန်၏ လက်ထဲသို့ ရောက်သွားပေလိမ့်မည်။ မင်းသားကျင်းက အဆုံးစွန်ထိ စိတ်ဓာတ်အေးစက်ပြီး အားလုံးကို သေပါစေတော့ဟု လွှတ်ထားမည့်သူလား။ မဖြစ်နိုင်ချေ။ ရွှဲ့ပြည်နယ်က သူ၏ တန်ဖိုးထားရသည့် လူများနှင့် နှိုင်းယှဉ်မည် ဆိုပါက တန်ဖိုးမရှိချေ။
ရှမ့်လန်၏ ရည်မှန်းချက်က တာ့နန်နိုင်ငံကို ဖျက်ဆီးရန် မဟုတ်ဘဲ ရွှဲ့ပြည်နယ်ကို ကယ်တင်ရန် ဖြစ်ပေလိမ့်မည်။ ရှမ့်လန်က တာ့နန်နိုင်ငံ၏ မြို့တော်ကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် မင်းသားကျင်းတွင် ရွေးချယ်စရာ တစ်ခုသာ ရှိပေလိမ့်မည်။ စစ်ပွဲကို ရပ်တန့်ပြီး နောက်ဆုတ်ရန်သာ။
“ဒီရှမ့်လန်က အရူးပဲ။ လုံးဝ အရူးပဲ။ သူက ငါတို့ရဲ့ အမှန်တကယ် ဇာတိမြေကို တိုက်ခိုက်တော့မှာပဲ။”
ဘုရင်မ ရှားမန်က ဤအကြောင်းအရာကို ကြားသိချိန်မှာတော့ ထိတ်လန့်သွား၏။ “ကျွန်မတို့ ကလေးတွေ၊ ကျွန်မတို့ ကလေးတွေ အိမ်မှာ ရှိနေသေးတယ်။”
မင်းသားကျင်းက ပြော၏။ “စိတ်မပူနဲ့။ ငါနဲ့ သူနဲ့ တိတ်တဆိတ် နားလည်မှုတော့ ရှိနေသေးတယ်။ ငါက သူ့ရဲ့ မိန်းမကို ထိခိုက်အောင် မလုပ်ဘူး။ သူကလည်း ငါ့ရဲ့ ကလေးတွေကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ ငါကလည်း ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ပြင်ဆင်ထားရုံပဲ။ ဒီလူက ငါတို့ရဲ့ အိမ်ကို တကယ်တမ်း တိုက်ခိုက်ဖို့ ရူးသွပ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။”
ဘုရင်မ ရှားမန်က မေးသည်။ “အခု ဘာဆက်လုပ်ကြမလဲ။”
“အင်း.. ရှမ့်လန်က လုံလောက်အောင် ရက်စက်လားဆိုတာ စောင့်ကြည့်ရမှာပေါ့။”
မင်းသားကျင်း ခန့်မှန်းထားသည့်အတိုင်း ရှမ့်လန်က တာ့နန်နိုင်ငံ၏ မြို့တော်ကို တိုက်ခိုက်မည်လား။ ဟုတ်ပေ၏။ အရူးကြီးက တကယ်ပင် အဲဒီကို သွားခဲ့၏။ သူတို့နှစ်ဦးကြားက ကစားပွဲက နန်အိုနိုင်ငံ၏ တိုက်ပွဲ မစတင်တည်းက စတင်နေပြီ ဖြစ်၏။
ရှမ့်လန်၏ အစီအစဉ်က နန်အိုနိုင်ငံတော် ရှုံးနိမ့်ပြီးနောက် မင်းသားကျင်း၏ စစ်တပ် မြောက်ဘက်သို့ ချီတက်လာ၏။ ရွှမ်ဝူနယ်စားကြီးနှင့် ရန်ကော့မြို့တို့က စစ်တပ်ကြီးကို တားစီးထားပေလိမ့်မည်။ ထို့ကြောင့် တန်ဖိုးရှိသည့် အချိန်ကို စောင့်ဆိုင်းရပေလိမ့်မည်။ ပြီးနောက် သူက ဒုတိယ နိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး နန်အိုမြို့ကို တိုက်ခိုက်မည်။ ဤအစီအစဉ်က သူ၏ ပထမဦးဆုံး အစီအစဉ်ဖြစ်သည်။
သို့ပေမည့် နောက်ပိုင်းတွင် သူက စွန့်လွှတ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် မင်းသားကျင်းကလည်း ဤအစီအစဉ်ကို တွေးမိပြီး ဤနေရာတွင် ထောင်ချောက်ဆင်ထားမည်ဖြစ်ကြောင်း တွေးမိသောကြောင့်ပင်။ ထို့ကြောင့် သူက အစီအစဉ်များကို မူလန်အား တစ်ခါမှ မပြောခဲ့ခြင်းဖြစ်၏။ ပြောခဲ့လျှင် မူလန်က မှတ်မိပြီး ဒုတိယ နိဗ္ဗာနတပ်တော်ကို ဦးဆောင်ကာ နန်အိုမြို့တော်ကို တိုက်ခိုက်မှာကို စိုးရိမ်သောကြောင့်ပင်။
သူက ရွှဲ့ပြည်နယ်ကို ကယ်တင်ချင်၏။ သို့ပေမည့် သူ၏ မိန်းမကို အန္တရာယ် မဖြစ်စေချင်ပေ။ သူ မပြောခဲ့ သော်လည်း မူလန် ပြုလုပ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ကံကောင်းစွာဖြင့် သူမ မသေသေးပေ။ မဟုတ်ပါက ရှမ့်လန် ရူးသွပ်သွားပေလိမ့်မည်။ သူက သူ၏ တန်ဖိုးကြီးမားလွန်းလှသည့် မိန်းမကို လျော့တွက်ခဲ့၏။ သူမက သူ၏ စကားကို နားထောင်ပြီး အိမ်မှာနေလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း မူလန်က သူ၏ စိုးရိမ်မှုများကို ဝေမျှချင်သောကြောင့် ဤမျှထိ ကြိုးစားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
ရန်ကော့မြို့မှ ထွက်ခွာပြီးနောက် သူနှင့် လီချင်းချိုးတို့က အနောက်ဘက်သို့ သွား၏။ သူတို့က ကျန်းရှစ် စီရင်စုကို အမြန်ဆုံး ဖြတ်သန်းသွားခဲ့ပြီး ချင်နိုင်ငံထဲသို့ ဝင်ရောက်ခဲ့၏။ ပထမ နိဗ္ဗာနတပ်တော်မှ စစ်သည် ၂၀၀၀ ကျော်က သူတို့ကို စောင့်ဆိုင်းရန် တစ်လခန့် ကြိုတင်၍ ချင်နိုင်ငံထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ချင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက် သူက မဆိုင်းမတွဘဲ စစ်သည်နှစ်ထောင်နှင့် အရူးကြီးကို ဦးဆောင်ကာဖြင့် တောင်ဘက်သို့ ဦးတည်၍ သဲကန္တာရလူရိုင်းများကို တိုက်ခိုက်ခဲ့၏။ သူတို့က တာ့နန် နိုင်ငံ၏ မြို့တော်ဆီသို့ တိုက်ရိုက် တိုက်ပွဲဝင်ကြ၏။ ဤသည်က ရှမ့်လန်၏ ရူးသွပ်သည့် အစီအစဉ် ဖြစ်သည်။
ပထမ နိဗ္ဗာနတပ်တော်က ပြန့်ပြူးသည့် လွင်ပြင်များတွင်သာ တိုက်ခိုက်နိုင်သည့် သံချပ်ကာ တပ်ကြီး တစ်ခုဟု ထင်ခဲ့ကြ၏။ ပထမ နိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး တာ့နန်နိုင်ငံ၏ မြို့တော်ကို တိုက်ခိုက်လိမ့်မည်ဟု မည်သူကမှ ထင်မိလိမ့်မည် မဟုတ်ချေ။
ဟုတ်ပေ၏။ ပထမ နိဗ္ဗာနတပ်တော်က လေးလံသည့် သံချပ်ကာများကို ဆက်လက်ဝတ်ဆင်မည် မဟုတ်ပေ။ ထိုအစား အလယ်အလတ် သံချပ်ကာများကို ပြောင်းလဲဝတ်ဆင်၏။ သူတို့၏ လက်ထဲရှိ ဓားမော့များက ငါးဆယ် ကီလိုဂရမ်အထိ လျော့ကျသွားခဲ့၏။ သူတို့က လေးပစ် ကျွမ်းကျင်မှု မရှိသော်လည်း လေး၊ မြားများ တပ်ဆင်ထား၏။
ချင်နိုင်ငံ၏ ဘုရင်မက လမ်းပြကို စေလွှတ်၍ လမ်းပြစေ၏။ တောင်ဘက်ကိုသွား၏။ နှင်းများ ဖုံးလွှမ်းမှုကို ဖြတ်ကျော်ပြီးနောက် သူတို့က သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ မျက်စိတစ်ဆုံး ကျယ်ပြောသည့် တောင်တန်းများ နှင့် သစ်တောများ ရှည်လျားစွာ တည်ရှိနေသည်ကို မြင်ရသည်။
ဤချီတက်မှုက အိမ်မက်ဆိုး တစ်ခုကဲ့သို့ပင်ဖြစ်၏။ လမ်းပြမပါဘဲ မည်သည့်စစ်တပ်မဆို လမ်းပျောက်သွားပေလိမ့်မည်။ ထိုနေရာ လမ်းမရှိချေ။ တောင်တန်းနှင့် သစ်တောများက အဆုံးမရှိ ကဲ့သို့ပင်။ ထောင်ချောက်ဆင်ထားသည့် နေရာများနှင့် မိုင်းကွင်းများကို ဖြတ်ကျော်ပြီး တောအုပ်ထဲသို့ ဝင်ရောက်ခဲ့၏။ အဆိပ်ပြင်း မြွေဆိုးများလည်း ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်၌ ဆေးဝါး လုံလုံလောက်လောက် ပြင်ဆင်ထား၏။ အထူးသဖြင့် မြွေဆိုးများကို ကိုင်တွယ်ရန်အတွက်ပင်။ သူ၏ဆရာ ဝူတူကျိက မြွေနှင့်ပတ်သက်၍ ကျွမ်းကျင်သူ ဖြစ်၏။ (SOM မှ Soe Thandat Aung လိုပင်။) ချောလည်းချော၏။ သို့သော်ငြား ရက်စက်သည့် သားရဲများကိုတော့ ဘာမှ လုပ်၍ မရချေ။ ထို့ကြောင့် သူတို့က ထိပ်တိုက် တိုက်ခိုက်ရုံသာရှိ၏။ နောက်ဆုံးမှာတော့ ရက်စက်သည့် သားရဲများက ရှုံးနိမ့်သွားခဲ့ပြီး နိဗ္ဗာန စစ်တပ်ကြီးအတွက် စားစရာ ဖြစ်လာခဲ့၏။
ပထမ နိဗ္ဗာနတပ်တော်က တကယ်ပင် ရက်စက်ပြီး ကြမ်းတမ်း၏။ ကြမ်းတမ်းပါသည်ဆိုသော သားရဲများကို တိုက်ခိုက်သည့် အချိန်တွင် သူတို့က ထိုသတ္တဝါများကို အလယ်မှ နှစ်ပိုင်း ဖြတ်တောက်ခဲ့၏။ ဤသည်က ပထမ နိဗ္ဗာနတပ်တော် ဖြစ်၏။ အကယ်၍ တခြားစစ်တပ်များဆိုပါက ဤကဲ့သို့ ခရီးထွက်ရသည့် ချီတက်မှုနှင့်ပင် လုံးဝ ပြိုလဲသွား ပေလိမ့်မည်။ နိဗ္ဗာနတပ်တော်တွင် သံမဏိစိတ်ဓာတ်၊ အကြွင်းမဲ့ နာခံမှုနှင့် ကြောက်လန့်မှုကင်းသည့် သတ္တိတရားတို့ ရှိသည်။
ခုနစ်ရက်နှင့် ရှစ်ည၊ ရှမ့်လန်က နိဗ္ဗာနတပ်တော်မှ စစ်သည် ၂၀၀၀ ကို ဦးဆောင်ပြီး မိုင်ပေါင်း ၂၄၀၀ ကို ချီတက်ခဲ့၏။ ထိုအရာက ချင်နိုင်ငံမှ စတင် ရေတွက်ခြင်းပင်။ မော်ကွန်းဝင်လောက်သည့် ချီတက်မှု တစ်ခု ဖြစ်၏။ နောက်ဆုံးမှာတော့ သူတို့က ပန်းတိုင်သို့ ရောက်ရှိခဲ့၏။ မင်းသားကျင်း၏ ဇာတိချက်ကြွေ၊ တာ့နန်နိုင်ငံတော်၏ မြို့တော်၊ သေးငယ်ပြီး ပျက်စီးနေသည့် နန်းမြို့လေးတစ်မြို့ပင် ဖြစ်၏။
“မင်းသားကျင်း.... ဒါ ကျုပ်တို့ရဲ့ နှစ်ယောက်တည်း ပြိုင်ရမယ့် ပြိုင်ပွဲပဲ”
........
လူတချို့က နိဗ္ဗာနတပ်တော်အနေနှင့် မိုင်ထောင်ချီခရီးကြမ်းကို ခံနိုင်ရည်ရှိသည်ဟု တွေးတော နိုင်ကြသော်လည်း ဆရာလန်ကဲ့သို့သော နူးညံ့သိမ်မွေ့သူတစ်ယောက်က မည်ကဲ့သို့ ခရီးဆက်ခဲ့သနည်း။
မည်သူက ဆရာလန်ကို လမ်းလျှောက်သည်ဟု ပြောဆိုသနည်း။ အသေးစိတ် ရေးသားသည် ဆိုပါက ဆရာလန်၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဆိုးသောကြောင့် မရေးခဲ့ခြင်းသာ ဖြစ်၏။
အရူးကြီး၏ ပခုံးထက်ရှိ ကုလားထိုင်ပေါ်တွင်ထိုင်ရင်း ရှမ့်လန်က တာ့နန်နိုင်ငံတော်ကို ငေးကြည့်လျက် ရှိ၏။ ထိုအရာက မည်ကဲ့သို့ မြို့တော်ဖြစ်ရသနည်း။ တကယ်တော့ ရွှမ်ဝူမြို့လောက်ပင် မကြီးမားချေ။ သို့သော်ငြား မြို့ရိုးများရှိပြီး အလွန်ပဲ ထူးခြား၏။ အတွင်းဘက်ကို ရွံ့ဖြင့်ပြုလုပ်ထားပြီး အပြင်ဘက်တွင် ထူထဲသည့် သစ်သားများဖြင့် ပြုလုပ်ထား၏။ သစ်လုံးတိုင်များကို မြေကြီးထဲတွင် စိုက်ထူထားခဲ့ပြီး မြို့ရိုးအဖြစ် သပ်ရပ်စွာ စီတန်းထားသည်။
ဤမြို့ရိုးများကို အထင်မသေးသင့်ပေ။ ထိုအရာများက တကယ်ပင် ခိုင်မာလွန်း၏။ တာ့နန်မြို့တော် တစ်ခုလုံး၏ ပတ်လည်ပတ်ဝန်းကျင် အကျယ်အဝန်းက ဆယ်မိုင်ထက်မပိုချေ။ အတွင်းတွင် ရှိနေသည့် အိမ်များကလည်း သဲကန္တာရလူရိုင်းမျိုးနွယ်တို့၏ ထူးခြားသည့် ပုံစံများဖြင့် ပြည့်နှက်နေ၏။ အားလုံးနီးပါးက သစ်သားဖြင့် ဆောက်လုပ်ထား၏။ မြေကြီးထဲတွင်လည်း တွင်းပေါက်များစွာ ရှိ၏။
သဲကန္တာရလူရိုင်းမျိုးနွယ် တချို့က မြေအောက်တွင် နေထိုင်ရသည်ကို နှစ်သက်ကြ၏။ သူတို့က လုံခြုံပြီး အေးမြမှုကို ခံစားရသောကြောင့်ပင်။
တာ့နန်မြို့၏ အလယ်တွင် ဘုရားကျောင်းဟောင်းကြီးနှစ်ခု ရှိ၏။ ပြုပြင်ပြီးသား ဖြစ်သော်လည်း ယနေ့တိုင် ပျက်စီးယိုယွင်းနေပြီး ခေတ်အဆက်ဆက်၏ အနိစ္စသဘောကို ညွှန်းဆိုပြသလျက် ရှိနေသေး၏။ ဤအရာက မင်းသား၏ နန်းတော်ပင် ဖြစ်၏။
“ဒီနေရာက ငါ့မိန်းမရဲ့ နန်းတော်ထက်တောင် ပိုပြီးတော့ ပျက်စီးနေသလိုပဲ။” အရူးကြီးက ပြောသည်။
မလွယ်ပေ။ အရူးကြီးတောင် အလှအပဆိုင်ရာ အာရုံခံစားမှု ရှိလာခဲ့ပြီ ဖြစ်၏။ သို့သော်ငြား အရူးကြီးမိန်းမ၏ နန်းတော်က လုံးဝမပျက်စီးချေ။ ထိုအစား ကြီးကျယ်ခမ်းနားပြီး ရွှဲ့ပြည်နယ်၏ နန်းတော်ထက်ပင် ပိုမိုကာ ဟိတ်ဟန်ကြီးမားသေး၏။ မည်သို့ပင်ဆိုစေကာမူ ချင်ဘုရင်အာယုခန် လောကကြီး တစ်ခုလုံးကို သိမ်းပိုက်စဉ်က တစ်နိုင်ငံလုံး၏ စွမ်းအားကို စုစည်းပြီး ဤနန်းတော်ကို တည်ဆောက်ခဲ့သည် မဟုတ်ပါလား။
“မင်းမိန်းမရဲ့ နန်းတော်က ရုပ်ဆိုးပြီး ပျက်စီးယိုယွင်းနေတာ မဟုတ်ဘူး။” ရှမ့်လန်က ပြော၏။
အရူးကြီးက ပြောသည်။ “ဒါဆိုရင် ဒီနန်းတော်က ရုပ်ဆိုးပြီး ပျက်စီးယိုယွင်းနေတာပေါ့။”
မိန်းမနောက် တစ်နှစ်လောက် လိုက်ပါပြီးနောက် အရူးကြီးက စကားပြောဆိုရာတွင် တကယ်ပင် ထက်မြက်လာခဲ့လေ၏။
တာ့နန်မြို့တော် တစ်ခုလုံး၏ လူဦးရေက သုံးသောင်းအောက်သာ ရှိသော်လည်း သူတို့အားလုံးက အဓိက ပုဂ္ဂိုလ်များ၏ မိသားစုဝင်များ ဖြစ်၏။ မင်းသားကျင်း၏ သားသမီးတချို့ပင်လျှင် ထိုထဲတွင် ပါဝင်သည်။
“မြို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်တော့၊” ရှမ့်လန်က အမိန့်ပေးလိုက်၏။
ချက်ချင်းပဲ နိဗ္ဗာနတပ်သား ၂၀၀၀ တို့က သူတို့၏ စစ်လက်နက်ပစ္စည်း ကိရိယာများကို စတင်ကာ ထုတ်လိုက်၏။ ချပ်ဝတ်တန်ဆာများနှင့် ခေါင်းစွပ်များကို စစ်ဆေးကြ၏။ ကျောက်တိုင်တစ်ချောင်းစီကို ထုတ်ယူပြီး လက်ထဲရှိ ဓားများကို သွေး၏။ သူတို့က ထောက်ပံ့ရေး ပစ္စည်းအားလုံးကို စွန့်ပစ်ခဲ့ကြ၏။ တောနက်ထဲတွင် စုဝေးရောက်ရှိလာခဲ့ကြပြီဖြစ်၍ မကြာခင်မှာ တာ့နန်မြို့ရိုးကြီး ရှေ့သို့ စုဝေးရပေတော့မည်။
“ချီတက်ကြ။” သတ္တိရှိသည့် တပ်တော်က တောနက်ထဲမှ စနစ်တကျ ချီတက်ထွက်ခွာလာခဲ့ပြီး တာ့နန်မြို့ ဆီသို့ အပြင်းအထန် တိုက်ခိုက်ရန် ချဉ်းကပ်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ မြို့ရိုးဆီသို့ ရောက်ရှိ၏။ သို့သော်ငြား မြို့တော်ကြီးက တိတ်ဆိတ်ငြိမ်သက်နေ၏။
ခဏကြာမှတော့ “အူ.. အူ”
လေထုထဲတွင် ညှီနံ့ တစ်ခုရ၏။ မြေပြင်ပေါ်တွင် တောခွေးအုပ်တစ်အုပ်က သစ်တောနက်ကြီးထဲမှ ပြေးထွက်လာခဲ့၏။ တောခွေးများက အများကြီးပင်။ မူလန်ကို ဝန်းရံတုန်းကလောက်တော့ မများပေ။ ၁၀၀၀ ကျော်ခန့်သာ ရှိ၏။ သို့သော်ငြား သူတို့က ရက်စက်ကြမ်းတမ်းသည်။ လျှပ်စီးကဲ့သို့ပင် လျင်မြန်လှ၏။
သို့သော်ငြား ဤနေရာ၌ မူလန် မရှိချေ။ သူတို့ကို ကြောက်လန့်စေသည့် ရှေးဟောင်းလူသား၏ အငွေ့အသက် လည်း မရှိပေ။ မျက်စိတစ်မှိတ်အတွင်း တောခွေးများက ရှေ့သို့ ရောက်ရှိလာ၏။ သူတို့က ပထမနိဗ္ဗာန တပ်တော် ဆီသို့ ခုန်ဝင်ကြသည်။
“ပိုင်းဖြတ်ကြ။” ပထမနိဗ္ဗာနတပ်တော်၏ ဓားမော့များက မြန်မြန်ဆန်ဆန်ဖြင့် တောခွေးများကို သုတ်သင်၏။ မြင်ကွင်းက တကယ်ကို လှပလွန်းလှချေ၏။ တစ်ခဏအတွင်း တောခွေးများက လေထဲတွင် ခုန်ရင်း နှစ်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံရ၏။
ဒုတိယနိဗ္ဗာနတပ်တော်က မြားပစ်သမားများနှင့် ဖွဲ့စည်းထားသောကြောင့် တောခွေးတပ်ဖွဲ့များနှင့် ရင်ဆိုင်သည့် နေရာတွင် တကယ်ကို အန္တရာယ်များခဲ့၏။ လျင်မြန်ပေါ့ပါးစေရန် သူတို့၏ ချပ်ဝတ်တန်ဆာများက ပါးလွှာသည်ဆိုသော်လည်း လေးနှင့်မြားများက အနီးကပ်တိုက်ခိုက်ရေးတွင် မသင့်လျော်ဘဲ အဝေးမှ တိုက်ခိုက်ရန်သာ သင့်တော်သည်။
သို့သော်ငြား ပထမနိဗ္ဗာနတပ်တော်ကတော့ အနီးကပ်တိုက်ခိုက်ရေး၏ လောကဘုရင်ပင်။ သူတို့၏ ချပ်ဝတ်တန်ဆာများက ယခင်ကကဲ့သို့ မလေးလံသော်လည်း ကီလို ၅၀ ကျော် ရှိနေသေး၏။ အကောင်းဆုံးသော သံမဏိများဖြင့် ပြုလုပ်ထား၏။ တောခွေးများ ရှေ့သို့ပြေးဝင်လာခြင်းက သေခြင်းတရားဆီသို့ ပြေးဝင်လာခြင်းနှင့် အတူတူပင်။
“ရွှစ် ရွှစ်”
အချိန်အနည်းငယ်လောက်အတွင်း တောခွေးများက တစ်ပိုင်းစီ ပိုင်းဖြတ်ခံလိုက်ရ၏။ ရှေ့သို့ ဝင်ရောက်တိုက်ခိုက်လာသည့် တောခွေး ၁၀၀၀ ကျော်၏ တစ်ဝက်ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်၏။ ကျန်တစ်ဝက်မှာတော့ ထွက်ပြေးသွား၏။ ထိုကောင်များက အယုတ်မာဆုံးသော သတ္တဝါများဖြစ်ပြီး အားနည်းသူကို နှိပ်စက်၍ အားကြီးသူကို ကြောက်ရွံ့တတ်ကြ၏။
အပိုင်း (၆၇၆)
ထို့နောက် တောနက်အတွင်းမှ ကျယ်လောင်သည့် ဆူညံသံများ ထပ်မံထွက်ပေါ်လာ၏။ ထိုအရာက ဆင်တပ်သားများပင်။ ဤမျှကြီးမားသည့် ဆင်များကို ရှမ့်လန်က ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထိုဆင်တို့က ၁၀ မီတာခန့် ရှည်လျားပြီး ၅ မီတာခန့် မြင့်၏။ သို့သော်ငြား အကောင်ရေက ဒါဇင်အနည်းငယ်သာ ရှိသည်။
ဆင်တစ်ကောင်စီပေါ်တွင် သဲကန္တာရလူရိုင်းမျိုးနွယ် စစ်သည် ၇ ဦးမှ ၈ ဦးထိ ရှိ၏။ သို့သော်လည်း ဆင်ရာပေါင်းများစွာတို့ စုပေါင်းဝင်ရောက်တိုက်ခိုက်သည့် အချိန်မှာတော့ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိပ်တန်းမြင်းစီးတပ် ထက် မနိမ့်ပေ။ ပိုမို၍ ကြောက်မက်စရာပင် ကောင်းသေး၏။
မည်သည့် စစ်တပ်မဆို ဤဆင်များ နင်းမိပါက ပြားချပ်သွားမှာ သေချာ၏။ ဤဆင်များ ရှေ့သို့ ဝင်ရောက်တိုက်ခိုက်မည် ဆိုပါက မည်သည့်စစ်ရေးပြင်ဆင်မှုမျိုးမဆို လုံးဝပျက်စီးသွားမှာဖြစ်ပြီး ရှုံးနိမ့်ပေလိမ့်မည်။
“ဘုန်း ဘုန်း”
ဆင်ဒါဇင်ပေါင်းများစွာက ရှမ့်လန်၏ နိဗ္ဗာနတပ်တော်ဆီသို့ ဦးတည်ပြေးဝင်လာ၏။ မြေပြင်တစ်လုံးက တုန်ခါနေသည်။
“အသင့်ပြင်ကြ။” ချက်ချင်းပဲ နိဗ္ဗာနတပ်သား ရာပေါင်းများစွာတို့က သူတို့၏ ကြီးမားသည့် လေးများကို ထုတ်ယူလိုက်ကြ၏။ ဤလေးများက အထူးပြုလုပ်ထားသည့် မြားများဖြစ်၏။ မြားတစ်ချောင်းချင်းစီက တစ်မီတာခန့် ရှည်၏။ မြားအမျိုးအစား ၁၀ မျိုးကျော်ရှိပြီး ထိုမြားများတွင် ဆိုင်ယာနိုက် အဆိပ်ကဲ့သို့ အလွန်အဆိပ်ပြင်းသော အဆိပ်များ သုတ်လိမ်းထား၏။
တချို့မြားများက ဖော့စ်ဖရပ်နှင့် အောက်ဆီဂျင် ဓာတ်ပြုပစ္စည်းများ ဖြစ်၍ တချို့မြားများမှာတော့ အာရုံကြော အဆိပ်ဓာတ်များ ပါဝင်၏။ စစ်တပ်ကြီးနှင့် တိုက်ခိုက်သည့် နေရာတွင် ဤကဲ့သို့သော အထူးမြားများက အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများက အလွန်ကို ရှားပါးပြီး မြားတစ်ချောင်းချင်းစီက တန်ဖိုးကြီးသောကြောင့်ပင်။ သို့ပေမည့် ဆင်ကဲ့သို့သော ဧရာမတိရစ္ဆာန်များနှင့် တိုက်ခိုက်သည့် နေရာတွင်တော့ ဤအထူးမြားကြီးများက တကယ်ကို အသုံးဝင်၏။ ဈေးနှုန်းကလည်း အလွန်မြင့်မားသည်။
“ပစ်ကြ။” ရှမ့်လန်၏ အမိန့်အတိုင်းပင် လေးမြားလက်နက်များ၏ ပထမလှိုင်းက စတင်ကာ ပစ်လွှတ်လိုက် ၏။
“ဇွိ ဇွိ”
လုံးဝ ချို့ယွင်းချက်မရှိချေ။ ဆင်ဒါဇင်ပေါင်းများစွာကို အလွယ်တကူပင် ထိမှန်၏။ ဤမျှကြီးမားသည့် ပစ်မှတ်ကို မထိမှန်ပါက မည်မျှ ရူးသွပ်ရာ ရောက်မည်နည်း။
ပထမလှိုင်း၏ မြားများက Phosphorus ဖြစ်ပြီး ဆင်များ၏ ကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် မီးတောက်များ စတင်လောင်ကျွမ်း၏။ ရုတ်တရက် ဆင်များက နာကျင်မှုကို မခံနိုင်တော့ဘဲ ထိတ်လန့် ကြောက်ရွံ့ဖွယ် အော်ဟစ်ကြ၏။ သူတို့၏ ကိုယ်ပေါ်ရှိ ဆင်တပ်သားများကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ တချို့က နောက်သို့ လှဲချ၏။ တချို့က ဘေးတစ်ဖက်သို့ လိမ့်၏။ တချို့မှာတော့ မြေပြင်ပေါ်တွင် လူးလှိမ့်ပြီး မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားကြ၏။
သူတို့၏ ကိုယ်ပေါ်ရှိ ဆင်တပ်သားများကလည်း ပြုတ်ကျကုန်၏။ ဆင်အများစုက သစ်တောထဲသို့ ထွက်ပြေးကြ၏။ အလုံးစုံထိတ်လန့်လျက် ရှိနေသည့် ဆင်အနည်းငယ်က ကျန်ရှိနေပြီး မည်သည့်နေရာကို သွားရမည် မသိဘဲ ရှမ့်လန်ဆီသို့ အပြင်းအထန်ဖြင့် ဦးတည်ရာမဲ့ ပြေးဝင်လာခဲ့သည်။
တခြားနည်းလမ်းလည်း မရှိချေ။ သူတို့က ဆိုင်ယာနိုက်အဆိပ်ပါသော ဒုတိယမြားနှင့် ပစ်ခတ်ခြင်း ခံခဲ့ရ၏။
“ရွှီ ရွှီ။”
လေးမြားလက်နက်များ၏ မြားဒုတိယလှိုင်းက ပစ်လွှတ်လိုက်၏။ ပုံမှန်အတိုင်းပင် ဖြစ်၏။ ထိမှန်ပြီးနောက် ဤဆင်များက မြေပေါ်သို့ လဲကျသွား၏။ နောက်ထပ် ဘာများရှိနေဦးမည်နည်း။ ဘာများလုပ်နိုင်ဦးမည်နည်း။
မင်းသားကျင်းက တာ့နန်နိုင်ငံ၏ မြို့တော်ကိုကာကွယ်ရန် တောခွေးအုပ်နှင့် ဆင်များကို ထားခဲ့၏။ ဤသည်က သဲကန္တာရမျိုးနွယ်၏ဌာနချုပ် ဖြစ်၏။
ရှမ့်လန်က မြေပြင်ပေါ်တွင် ရပ်ရင်း စောင့်ဆိုင်းနေသေးသည်။ နောက်ထပ် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ချေ။ ပြီးနောက် သူက ဒုတိယနိဗ္ဗာနတပ်တော်အား လှည့်၍ မြို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ရန် အမိန့်ပေးသည်။
ထိုအချိန်မှာပဲ တာ့နန်မြို့၏ ဝင်ပေါက်က ပွင့်လာ၏။ အဘိုးအိုတစ်ယောက် ထွက်လာ၏။ သူက ချည်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်က ခန့်မှန်းရခက်၏။ ခေါင်းတုံးနှင့်ဖြစ်ပြီး ယခင်က ဘုန်းကြီးတစ်ပါး ဖြစ်ခဲ့ပုံပေါ်သည်။ “ခင်ဗျားက သခင်လေး ရှမ့်လန်လား။”
ရှမ့်လန်က ပြော၏။ “ဦးကြီးကို အရိုအသေပြုပါတယ်။”
အဘိုးအိုက ပြောသည်။ “ကျုပ်က တာ့နန်နန်းတော်ရဲ့ အကြံပေး ရှားရင်ပါ။”
“အကြံပေးကို အရိုအသေပြုပါတယ်။”
အဘိုးအိုက ပြော၏။ “ရှမ့်.. တာ့နန်နိုင်ငံရဲ့ မြို့တော်ကို လာရခြင်း ရည်ရွယ်ချက်က ဘာလဲ။”
“မင်းသားကျင်းကို ဖိအားပေးဖို့ပါပဲ။” ရှမ့်လန်က ပြောသည်။
အဘိုးအိုက ပြောလိုက်၏။ “သခင်လေး ရှမ့်လန်က မင်းသားကျင်းကို အရှုံးပေးစေဖို့ တာ့နန်နိုင်ငံသားတွေကို ဓားစာခံအဖြစ် အသုံးပြုချင်တာလား။”
ရှမ့်လန်က ပြောသည်။ “မှန်ပါတယ်။”
အဘိုးအိုက ပြော၏။ “ရှမ့်… ကျေးဇူးပြုပြီး ဝင်ပါ။ မြို့ကို တိုက်ခိုက်ဖို့ မလိုအပ်တော့ပါဘူး။”
ရှမ့်လန်က အံ့အားသင့်သွားသည်။
တာ့နန်အကြံပေးပညာရှိက ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျုပ်မှာ တခြားနည်းလမ်းတွေ အများကြီးရှိပေမယ့် ဒါက အသက်ဆုံးရှုံးမှုကိုပဲ တိုးစေလိမ့်မယ်။”
အဘိုးအိုက လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ မြေပြင်ပေါ်တွင် တွင်းပေါက်များစွာ ပေါ်လာပြီး အဆိပ်ရှိသည့် မြွေထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာတို့က ထွက်ပေါ်လာခဲ့၏။ ထိုအရာများက အလွန်ကို များပြားပြီး လူတစ်ယောက်၏ ဆံပင်များကိုပင် ထောင်မတ်သွားစေသည်။
သဲကန္တာရလူရိုင်းမျိုးနွယ်စုက တကယ်ကို ထူးခြား၏။ သူတို့က မထင်မှတ်သည့် နည်းလမ်းများဖြင့် ခုခံကာကွယ်ရန် စဉ်းစားထား၏။ သာမန်စစ်တပ်တစ်ခုသာ ဆိုပါက ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ ပြီးနောက် တောထဲတွင် သစ်ပင်များ ကျိုးပဲ့ ပြိုလဲသံများ ထွက်ပေါ်လာ၏။ ပြီးနောက် ဧရာမစပါးအုံးမြွေကြီး ဒါဇင်ပေါင်းများစွာက ပြေးထွက်လာ၏။ ဤဧရာမစပါးအုံးမြွေ တစ်ကောင်ချင်းစီက မီတာ ၂၀ ကျော် ရှည်လျားပြီး ပုံးတစ်ပုံးထက်ပင် ပိုမိုကာ ကြီးမား၏။
သို့သော်ငြား သူတို့က ကြောက်စရာ အကောင်းဆုံး မဟုတ်သေးချေ။ မည်သို့ပင် ဆိုစေကာမူ ပထမနိဗ္ဗာနတပ်တော်က ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသောကြောင့် သာမန်မြွေဆိုးများ မကိုက်နိုင်ပေ။ ပုံးလောက်ကြီးသည့် စပါးအုံးမြွေကြီးများကိုပင် နှစ်ပိုင်းပိုင်းဖြတ်ကာ ရိက္ခာအဖြစ် သတ်ဖြတ်နိုင်သေးသည်။
အကြောက်ဆုံးက နောက်ထပ်ရောက်ရှိလာသည့် မြွေဆိုးများ ဖြစ်၏။ ထိုအရာများက ၂ ပေခန့် ရှည်သော်လည်း အလွန်ပါး၏။ လက်ချောင်းထက်ပင် ပိုသေးငယ်သေး၏။ ထို့ပြင် သူတို့က အလွန် လျင်မြန်စွာ ရွေ့လျားနိုင်ပြီး ပစ်လွှတ်နိုင်စွမ်းလည်း ရှိ၏။ ဤမြွေဆိုးလေးများက အမှန်တကယ်ပင် သေစေတတ်သည့် မြွေများဖြစ်ပြီး ချပ်ဝတ်တန်ဆာများ၏ ကြားထဲများမှ အလွယ်တကူ ထိုးဖောက် ဝင်ရောက်ကာ ကိုက်နိုင်၏။
နိဗ္ဗာနတပ်တော်များက သေခြင်းနှင့် မဝေးတော့ချေ။ မြွေဆိုးလေးများက မြေအောက်မှာ ဆက်လက် ထွက်ပေါ်လာ၏။ ထိုအရာများက တကယ်ပင် ထောင်သောင်းများစွာ ရှိ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြွေဆိုးတပ်ဖွဲ့ဖြစ်ပြီး ကာကွယ်ရန် မဖြစ်နိုင်ချေ။
တာ့နန်ပညာရှိ အကြံပေး ရှားရင်က ပြော၏။ “သခင်လေး ရှမ့်လန်… ကျုပ်တို့ရဲ့ မြွေဆိုးတပ်ဖွဲ့က ကျူးကျော်လာတဲ့ ဘယ်စစ်တပ်ကိုမဆို ဖျက်ဆီးဖို့ လုံလောက်ပါတယ် ဒါပေမယ့် ခင်ဗျားရဲ့တပ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။ ကျုပ်က မြွေဆိုးတွေရဲ့ သဘာဝ ရန်သူအနံ့ကို ရနေပြီ။”
ရှမ့်လန်က ခေါင်းညိတ်၏။ အရူးကြီးက သေတ္တာတစ်လုံးကို ချလိုက်၏။ သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ကြီးမားသည့် ပန်းအိုးပင်ကြီး တစ်ပင်ရှိ၏။ ပန်းအိုးပင်ပေါ်တွင် အရွက်ထောင်ပေါင်းများစွာနှင့် ပန်းပွင့် ရာပေါင်းများစွာ ရှိသည်။
သူက ညင်သာစွာ မှုတ်ထုတ်လိုက်၏။ ပန်းအိုးပင်၏ အရွက်နှင့် ပန်းပင်အားလုံးက လေထဲတွင် ပျံ့ဝဲသွား၏။ ထိုအရာအားလုံးက လှပပြီး စွဲဆောင်မှု ရှိသည့် လိပ်ပြာများ ဖြစ်၏။ လိပ်ပြာထောင်ပေါင်းများစွာတို့က ရုတ်တရက် ပျံ့နှံ့သွား၏။
ပြီးနောက် ရေတွက်၍ မရသည့် မြွေဆိုးများက ချက်ချင်းပင် ဆုတ်ခွာသွားခဲ့၏။ ဧရာမစပါးအုံးမြွေများပင်လျှင် တောထဲသို့ ပြန်ဝင်သွား၏။ မြွေဆိုးလေးများက မြေအောက်ထဲသို့ ပြန်ဝင်သွား၏။ ရှမ့်လန်က တာ့နန်နိုင်ငံမြို့တော်ကို တိုက်ခိုက်ရန် ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သောကြောင့် သဘာဝအတိုင်း ပြင်ဆင်မှု ရှိပြီးသားပင်။
“ကျုပ်ပြောတာ မှန်တယ်ဆိုရင် ဒါက စေတီတောင်က ဝူတူကျိရဲ့ လက်ရာပဲ မဟုတ်လား။” တာ့နန်ပညာရှိ အကြံပေး ရှားရင်က မေး၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဝူတူကျိက ကျုပ်ရဲ့ ဆရာပါပဲ ဒါ သူ့ဆီကနေ လက်ဆောင်ရထားတာလေ။”
ထိုအချိန်မှာပဲ ကောင်းကင်ယံမှ မိုးချိန်းသံကဲ့သို့ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ “ရှမ့်လန်… မင်း တာ့နန် မြို့တော်ထဲကို ဖောက်ထွင်းဝင်ရောက်ဖို့ မလွယ်လောက်ဘူးလို့ ငါထင်တယ်။ မင်းနဲ့ငါ တကယ်ကို လမ်းကျဉ်းထဲမှာ စပြီး တွေ့ပြီပဲ။”
ထိုအရာက တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ထုဟိုင်ပင် ဖြစ်၏။ ပြီးနောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာတို့က မြို့ရိုးပေါ်တွင် ပေါ်လာ၏။ ထိုသူတို့က ရဟန်းစစ်သည်များ မဟုတ်ဘဲ သိုင်းသမားစစ်သည်များ ဖြစ်သည်။
ထုဟိုင်က ပြော၏။ “မင်းသားကျင်းက တကယ်ကို သတိကြီးတယ်။ တော်ဝင်ရန်အင်ပါယာကို စိန်ခေါ်မှု မဖြစ်စေဖို့ ရွှဲ့ပြည်နယ်ကို တိုက်ခိုက်တဲ့ နေရာမှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ပါဝင်ခွင့် မပြုခဲ့ဘူး။ တိုက်ပွဲမှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းက ပျင်းရိနေရလိမ့်မယ်လို့ ကျုပ် ထင်ခဲ့ပေမယ့် မင်းနဲ့ လာတွေ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒီနေ့မှာတော့ တကယ့်တိုက်ပွဲတစ်ခု တွေ့ပြီ။ မင်းရဲ့ နိဗ္ဗာနတပ်တော်နဲ့ ကျုပ်ရဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ သိုင်းသမားတွေက ဘယ်သူပိုပြီး အားကောင်းလဲ ကြည့်ရအောင်။”
သိုင်းသမားစစ်သည်များက ရဟန်းစစ်သည်များနှင့် မတူကြချေ။ သူတို့က တစ်ဦးချင်း သိုင်းပညာကို လေ့ကျင့် ထားကြပြီး တစ်ဦးချင်းစီတိုင်းတွင် အလွန်မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံရှိ၏။ သိုင်းပညာအရ ပြောရမည် ဆိုလျှင် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ သိုင်းသမားများက နိဗ္ဗာနတပ်တော်ထက် ပိုမို အားကောင်းသည်ဟု ဆိုနိုင်သည်။
သို့သော်ငြား သူတို့က အဖွဲ့လိုက် တိုက်ခိုက်ကြခြင်း ဖြစ်ပြီး နိဗ္ဗာနတပ်တော်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ နိဗ္ဗာနတပ်တော်၏ နှစ်ပိုင်းပိုင်းနိုင်သည့် စွမ်းရည်က တကယ်ကို တုန်လှုပ်ဖွယ်ရာပင်။ တိုက်ပွဲစသည်နှင့် နိဗ္ဗာနတပ်တော်၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံစားရမှာတော့ သေချာ၏။
တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ထုဟိုင်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ “ရှမ့်လန်… မင်း တာ့နန်မြို့တော်ကို တိုက်ခိုက်ချင်တာလား။ လာ… တိုက်ခိုက်ကြစို့။ အသင့်ပြင်ကြ။” တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ သိုင်းသမားတို့က ဓားများကို ဆွဲထုတ်သည်။
တာ့နန်ပညာရှိအကြံပေး ရှားရင်က ဖြည်းညင်းစွာ ဆို၏။ “ထုဟိုင်… ခင်ဗျားရဲ့ ဓားတွေကို ချလိုက်ပါ။”
ထုဟိုင်က ကြက်သေ သေသွားသည်။ “ဦးရီးတော် … ကျုပ်တို့ မရှုံးသေးဘူးလေ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ကျွမ်းကျင်သူ ၂၀၀၀ က သူတို့ရဲ့ နိဗ္ဗာနတပ်တော် ၂၀၀၀ ကို မနိုင်ဘူးလို့ ကျုပ်မယုံဘူး။”
ပညာရှိအကြံပေး ရှားရင်က ပြော၏။ “ကျုပ်က ခင်ဗျားရဲ့ ဦးရီးတော် မဟုတ်တော့ဘူး။ ကျုပ်က တော်ဝင်ကပ်ဘေးဘုရားကျောင်းက ထွက်ခွာခဲ့ပြီ။ ကျုပ်တို့က လမ်းခရီးချင်း မတူတော့ဘူး။ ကျုပ်က မင်းသားကျင်းရဲ့ ကိုယ်ရေးအကြံပေး သက်သက်ပဲ။ သူ့သားသမီးတွေရဲ့ ဆရာလည်း ဖြစ်တယ်။
ဒါက တာ့နန်နိုင်ငံရဲ့ မြို့တော်ပဲ။ တော်ဝင်ကပ်ဘေးဘုရားကျောင်း မဟုတ်ဘူး။ ဒီတော့ ဒီနေရာမှာ ကျုပ်ကပဲ အရာအားလုံးကို ဆုံးဖြတ်မယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက သိုင်းသမားတွေအားလုံး မင်းတို့ရဲ့ ဓားတွေကို ချ၊ မချရင် ငါ မောင်းထုတ်ပစ်မယ်။”
ထုဟိုင်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ “ဦးရီးတော်…. ဘာလို့ ဒီလောက် အားနည်းရတာလဲ။ သူသေကိုယ်သေ တိုက်ရင် ဘာဖြစ်လဲ။”
“ဓားတွေကို ချလိုက်။” ပညာရှိအကြံပေး ရှားရင်က ဆို၏။ သူ၏ အသံက မကျယ်ချေ။ သို့ပေမည့် လေထဲတွင် ပြင်းထန်သည့် စွမ်းအားတစ်ခုက တုန်ခါသွားသကဲ့သို့ပင်။ ဤပညာရှိအကြံပေး ရှားရင်၏ သိုင်းပညာက တကယ်ကို အားကောင်း၏။ ချက်ချင်းပဲ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ သိုင်းသမား ၂၀၀၀ တို့က သူတို့၏ ဓားများကို ချ၏။
“ရှမ့်… မြို့ထဲကို ဝင်ပါ။” ပညာရှိအကြံပေး ရှားရင်က ဆိုသည်။
ရှမ့်လန်က မျက်လုံးများကို ခဏမှိတ်ပြီး ခေါင်းညိတ်လိုက်၏။
…………….
သူနှင့်တိုက်ခိုက်မည့်လူ ဟူ၍ မရှိတော့ချေ။ ရှမ့်လန်က နိဗ္ဗာနတပ်သား ၂၀၀၀ ကို ခေါ်ဆောင်ပြီး တာ့နန်မြို့ထဲသို့ ဝင်ရောက်သည်။
“ရှမ့်… ထိုင်ပါ။” ပြီးနောက် ရှမ့်လန်နှင့် ပညာရှိအကြံပေး ရှားရင်တို့က လမ်းမပေါ်ရှိ ဖျာပေါ်တွင် ထိုင်၏။
“ရှမ့်… လက်ဖက်ရည်သောက်ပါအုံး။” ပညာရှိအကြံပေး ရှားရင်က လက်ဖက်ရည်တစ်ခွက်ကို ငှဲ့သည်။
ရှမ့်လန်က သူ၏ X-Ray အမြင်ဖြင့် စစ်ဆေးပြီး AI နှင့် ခွဲခြမ်းစိတ်ဖြာလိုက်၏။ ပြီးနောက် တစ်ခါတည်း မော့ချလိုက်၏။ “ဒါက ဝါးရွက်ပဲ ... အရသာ အဆင်ပြေတယ်။”
ပညာရှိအကြံပေး ရှားရင်က ပြောသည်။ “ကျုပ်က တော်ဝင်ကပ်ဘေးဘုရားကျောင်းက လာခဲ့တာပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း ကျုပ် ပါဝင်ခဲ့တယ်။ နှင်းတောင်ပေါ်က တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးပေါ့။”
ရှမ့်လန်က အံ့အားသင့်သွား၏။ ဤပညာရှိအကြံပေး ရှားရင်က တော်ဝင်ကပ်ဘေးဘုရားကျောင်းတွင် အဆင့်အတန်း မြင့်မားပုံ ပေါ်သည်။
“ကျုပ်ကို တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ သက်ကြီးဝါကြီး တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ အင်ပါယာကျန်းလီကို ဘာကြောင့် ကျုပ်တို့ကို ဖျက်ဆီးချင်တာလဲလို့ စာတစ်စောင်ရေးပြီး မေးဖူးတယ်။”
ရှားရင်က ပြော၏။ “အင်ပါယာကျန်းလီက ရှေးဟောင်းယဉ်ကျေးမှုကို လက်ဝါးကြီးအုပ်ပြီး လောကကြီးကို လှည့်ဖြားနေတဲ့ သဘာဝလွန်အင်အားစုတွေကို မုန်းတီးလို့ ဖြစ်မယ်လို့ ပြောခဲ့တယ်။ ကျုပ်တို့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ရှေးဟောင်းယဉ်ကျေးမှုကို မျှဝေဖို့ ဆန္ဒရှိပါတယ်။ ဒါဆိုရင် ဘာလို့ ကျုပ်တို့ကို ဖျက်ဆီးပစ်ချင်ရတာလဲ။”
ရှမ့်လန်က မေးလိုက်သည်။ “အင်ပါယာကျန်းလီက ဘာပြန်ပြောသေးလဲ။”
ရှားရင်က ပြော၏။ “ကျန်းလီက သဘာဝလွန်အင်အားစုတွေက ရှေးဟောင်းယဉ်ကျေးမှုကို ချုပ်ကိုင်ပြီး လူတွေကို လှည့်စားနေရုံ သက်သက်ပဲလို့ ပြန်ပြောခဲ့တယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက ရှေးဟောင်းယဉ်ကျေးမှုကို အသုံးပြုပြီး မူးမတ်တွေကို ကြိုးကိုင်တာ၊ ပြည်သူ့စည်းစိမ်တွေကို ယူနေတာ၊ ဒါမျိုးတွေ လုပ်နေတာတဲ့။ သူတို့က ရှေးဟောင်းယဉ်ကျေးမှုရဲ့ မကောင်းတဲ့ နည်းလမ်းတွေကို အာရုံစိုက်နေတယ်။ ဒါကြောင့် သူက အရင်ဆုံး ဖျက်ဆီးပစ်ချင်တာပဲ။”
ရှမ့်လန်က တိတ်ဆိတ်နေ၏။ သူက ဤကိစ္စကို မကြုံခဲ့ရသောကြောင့် အတွေ့အကြုံ ၊ ဗဟုသုတမရှိချေ။ ထို့ကြောင့် အဆုံးအဖြတ်လည်း မပေးနိုင်ပေ။
ရှားရင်က ပြောသည်။ “သူပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ကျုပ် ခံစားရတယ်ဆိုပေမယ့် ကျုပ်က တော်ဝင် ကပ်ဘေးဘုရားကျောင်း နောက်ကို ဆက်ပြီးလိုက်ခဲ့တယ်။ အနောက်ပိုင်းဒေသတွေဆီကို ဆုတ်ခွာခဲ့တယ်။ အနောက်ပိုင်းဒေသနိုင်ငံတွေမှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းက ပိုပြီးတော့တောင် ဆိုးသွမ်း ရက်စက်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့မိဘူး။ ဒါကြောင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းကနေ ကျုပ် ထွက်ခွာခဲ့တာပဲ။”
ရှမ့်လန်က ပြော၏။ “ဒါဆိုရင် မင်းသားကျင်းက ဘာလို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ ဆက်ပြီး ပူးပေါင်းနေရတာလဲ။”
ရှားရင်က ပြောသည်။ “မင်းသားကျင်းက ကျုပ်နဲ့ ပူးပေါင်းနေတာ၊ တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ မဟုတ်ဘူး။ သဲကန္တာရမျိုးနွယ်တွေက တခြားသူတွေနဲ့ မတူဘူး။ ကျုပ်တို့က ယုံကြည်ခြင်း စွမ်းအားတွေ လိုအပ်တယ်လေ။ ရှမ့်…. ခင်ဗျားက ဉာဏ်ကောင်းပါတယ်။ နားလည်နိုင်ပါလိမ့်မယ်။”
ရှမ့်လန်က ခေါင်းညိတ်၏။
ရှားရင်က ပြောသည်။ “ဒါကြောင့် မင်းသားကျင်းနဲ့ ကျုပ်က သဲကန္တာရ လူရိုင်းမျိုးနွယ်ရဲ့ ဝိညာဉ်နဲ့ ယုံကြည်ခြင်းတွေကို စုစည်းဖို့ ပိုမိုစင်ကြယ်သန့်စင်လွန်းတဲ့ နည်းဗျူဟာ တစ်ခုကို ဖန်တီးချင်ခဲ့တယ်။ ဒါက အရမ်းကို ခက်ခဲလွန်းလို့ ဘယ်နေရာက စရမှန်း မသိဘူး။
ဟုတ်တယ် တော်ဝင်ကပ်ဘေးဘုရားကျောင်းကတော့ ဒီအခွင့်အရေးကို လက်လွှတ်ခံဖို့ ဆန္ဒမရှိဘူးလေ။ သူတို့က မင်းသားကျင်းကို အခြေပြုပြီး အရှေ့တိုင်းလောကဆီကို ပြန်လာချင်ကြတယ်။ ဒါပေမဲ့ မင်းသားကျင်းက တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ စစ်ကူတွေကို ငြင်းပယ်ခဲ့တယ်။ သူက တစ်ချို့နေရာတွေမှာ အသုံးပြုပြီး တစ်ချို့နေရာတွေမှာ အသုံးမပြုချင်ဘူး”