← Chapters

အခန်း (၆၇၇-၆၇၈)

Vol. 43 Ch. 677-678

အခန်း (၆၇၇-၆၇၈)

Vol. 43 Ch. 677-678

အပိုင်း (၆၇၇)

ရှမ့်လန်က ဆက်လက်ကာ တိတ်ဆိတ်နေတုန်းပင်။

ရှားရင်က ပြော၏။ “အင်း… ဘုရင်မင်းမြတ်က စစ်တပ်ကို အရှေ့က ဦးဆောင်သွားနေတုန်း တာ့နန်မြို့ကို ကျုပ်ဆီ လွှဲပေးခဲ့တယ်။ ရှမ့် .. တကယ်ရောက်လာလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့ဘူး။”

ရှမ့်လန်က ပြောသည်။ “ကျုပ် မိုင်ထောင်ချီ ခရီးသွားပြီး တာ့နန်မြို့ကို လာတိုက်ခိုက်ခဲ့တာ ကြောက်စရာ ကောင်းတယ် ထင်ရပေမယ့် မင်းသားကျင်းရဲ့ ကြိုတင်တွေးတောထားမှုကနေတော့ လုံးဝ လွတ်ထွက်မသွားဘူး မဟုတ်လား။”

ရှားရင်က ပြော၏။ “ခင်ဗျား တောခွေးတပ်ဖွဲ့၊ ဆင်တပ်ဖွဲ့၊ မြွေဆိုးတပ်ဖွဲ့တွေကို ဖျက်ဆီးခဲ့တယ်။ အခုတော့ ကျုပ်တို့ဆီမှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းက စစ်သည် ၂၀၀၀ ကျန်သေးတယ်။ ဒါပေမယ့် ကျုပ်တို့က တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ကျေးဇူးတင်စရာ မလိုဘူး။ ရှမ့် နားလည်မယ် ထင်တယ်။”

“နားလည်ပါတယ်”

ထို့ကြောင့် ရှားရင်က တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ သိုင်းတပ်ကို လက်နက်ချခိုင်းခဲ့ခြင်း ဖြစ်၏။ “ကျုပ်ရဲ့ တွက်ချက်မှုအရဆိုရင် ရှမ့်ရဲ့ နိဗ္ဗာနတပ်တော်က တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ သိုင်းတပ်နဲ့ တိုက်ခိုက်မယ်ဆိုရင် အနိုင်ရလိမ့်မယ်။ ဒါပေမယ့် ရှမ့်ရဲ့နိဗ္ဗာနတပ်တော် သုံးပုံတစ်ပုံ၊ ဒါမှမဟုတ် လေးပုံတစ်ပုံလောက်ပဲ ကျန်လိမ့်မယ်။ ထိခိုက်မှုက အရမ်းများလိမ့်မယ်။”

ရှမ့်လန်က ဘာမှမပြောသော်လည်း ဓားဘုရင် လီချင်းချိုးက ခေါင်းညိတ်လိုက်သည်။

အကြံပေး ရှားရင်က ပြော၏။ “ဒါကြောင့် မလိုအပ်တဲ့ ထိခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် ကျုပ်တို့ တိုက်ခိုက်တာမျိုး မလုပ်ဘဲနေတာ ပိုကောင်းမယ်။ ရှမ့်.. မြို့ထဲကို ဝင်ချင်လည်း ဝင်ပါစေပေါ့။”

ဤမျှလောက် အလွယ်တကူ သူ၏တပ်က တာ့နန်မြို့ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု ရှမ့်လန်က မည်သို့မှ ထင်မထားခဲ့ချေ။ မတိုက်ခိုက်ဘဲ လက်နက်ချသည်ဟု သတ်မှတ်ရမည်လား။ မဟုတ်ပေ။ သို့သော်ငြား မြို့ထဲတွင် ထောင်ချောက်များကလည်း မရှိပေ။

ရှားရင်က ပြောသည်။ “ရွှဲ့ပြည်နယ်ကို ကယ်တင်ဖို့ ရှမ့်က မိုင်ထောင်ချီ ခရီးနှင်ပြီး တာ့နန်မြို့ကို လာပြီး တိုက်ခိုက်ခဲ့တယ်။ ဒါက ဖြောင့်မတ်တဲ့ အကြောင်းအရာပဲ။ ကျုပ်ရဲ့ဘုရင်အတွက် တာ့နန်မြို့ကို ကာကွယ်တယ် ဆိုတာလည်း ဖြောင့်မတ်တဲ့ အကြောင်းတရားပဲ။ ဒီတိုက်ပွဲက အမှားအမှန် ဆိုတာ မရှိဘူးလေ။”

ရှမ့်လန်က နောက်ထပ် လက်ဖက်ရည်တစ်ခွက်ကို ယူကာ သောက်၏။

ရှားရင်က ပြောလိုက်သည်။ “ကျုပ်ဘုရင်ကို ဖိအားပေးဖို့အတွက် ရှမ့်က တာ့နန်မြို့ထဲက လူတိုင်းကို ဓားစာခံအဖြစ် အသုံးပြုချင်တယ်။ ဒီထဲမှာ မင်းသားကျင်းရဲ့ သားသမီးတွေ၊ စုနန်ရဲ့ သားသမီးတွေ၊ တာ့နန်မြို့ရဲ့ အရေးကြီး အဖွဲ့ဝင်အားလုံးရဲ့ သားသမီးတွေ ရှိတယ်။”

ရှမ့်လန်က တိတ်တဆိတ်နှင့် သဘောတူညီလိုက်၏။

ရှားရင်က ပြောသည်။ “ရှမ့်… သဲကန္တာရလူရိုင်း မျိုးနွယ်တွေကို နားလည်ပါ့မလား။ သူတို့က လက်နက်ချဖို့ ဆန္ဒမရှိဘူး။ ဓားစာခံဖြစ်ဖို့လည်း ဆန္ဒ မရှိဘူး။ တစ်ယောက်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီးတော့ သူ့ရဲ့ယောက်ျားကို လက်နက်ချခိုင်းမယ်ဆိုရင် သဲကန္တာရလူရိုင်းမျိုးနွယ် အမျိုးသမီးက သူ့ယောက်ျား လက်နက်ချတာကို ကြည့်ရမယ့်အစား သူ့ကိုသူ သတ်သေလိုက်ဖို့ပဲ ပိုနှစ်သက်လိမ့်မယ်။”

ရှမ့်လန်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။

ရှားရင်က လက်ကို ဝှေ့ယမ်းလိုက်၏။ တာ့နန်မြို့နန်းတော်ရှိ တံခါးများက ဖြည်းညင်းစွာ ပွင့်လာ၏။ အထဲတွင် လူများပြည့်ကျပ်နေသည့် မြင်ကွင်းကို တွေ့နိုင်ပြီး မရေမတွက်နိုင်သည့် အမျိုးသမီးနှင့် ကလေးများ ရှိသည်။

ထိုထဲတွင် မင်းသားကျင်း၏ တခြားသော မိန်းမများ၊ သားသမီးများ၊ စုနန်၏ သားသမီးများလည်း ပါဝင်၏။ တာ့နန်မှ အရေးကြီးဆုံးအဖွဲ့ဝင်များ၏ မိသားစုအားလုံးက ဤနေရာတွင် ရှိ၏။ နန်းတော်၏ အတွင်းပိုင်းတွင် ထင်းခြောက်များဖြင့် ပြည့်နှက်နေခဲ့၏။ ထို့အပြင် ဆီများနှင့်လည်း ပြည့်နှက်နေ၏။

ရှားရင်က ပြောသည်။ “ရှမ့်… ဒီအဘိုးကြီးကို အရင်သွားခွင့်ပေးပါ။”

ပြီးနောက် သူက ဖြည်းညင်းစွာဖြင့် နန်းတော်ထဲသို့ ဝင်၏။ ထင်းပုံထိပ်သို့ လျှောက်သွားပြီး ဆီများကို သွန်းလောင်း၏။ တစ်စုံတစ်ယောက်က သူ၏ ကိုယ်ပေါ်သို့ ဆီများ လောင်းချပေး၏။

ပြီးနောက် အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး နူးညံ့သိမ်မွေ့သည့် ဟန်ပန်အမူအရာနှင့် ခန္ဓာကိုယ်တစ်ခုလုံးက ဖြူဖွေးလျက် ရှိနေ၏။ သူမက မင်းသားကျင်း၏ တခြားသော မိန်းမဖြစ်သည့် ရှားနော် ဖြစ်သည်။ သူမက လက်ထဲတွင် မီးတုတ်ကို ကိုင်ထား၏။ သူမက ထင်းနှင့် ဆီပုံပေါ်တွင် မတ်တပ်ရပ်နေသည်။ လှုပ်ရှားပြုမူနေသည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် တွေဝေမှု ၊ တွန့်ဆုတ်မှု ဟူ၍မရှိပေ။

ရှားရင်က ပြောသည်။ “သခင်လေး ရှမ့်လန်… ကျုပ်တို့ လက်နက်ချဖို့ ဆန္ဒမရှိဘူး။ ခင်ဗျားရဲ့ ဓားစာခံဖြစ်ဖို့ ဆန္ဒမရှိဘူး။ ပြီးတော့ ကျုပ်တို့ရဲ့ ဘုရင်က ကျုပ်တို့အတွက် လက်နက်ချတာကိုလည်း မလိုချင်ဘူး။ ဒါကြောင့် ကျုပ်တို့က သေခြင်းကိုပဲ ရွေးချယ်တယ်။”

မီးတုတ်က မြေပေါ်သို့ ကျသည်နှင့် နန်းတော်တစ်ခုလုံး မီးလောင်ကျွမ်းသွားမည်။ အတွင်း၌ မရေတွက်နိုင်သည့် ထင်းနှင့် ဆီများ ရှိ၏။ အတွင်းရှိ လူထောင်ဂဏန်းများက ချက်ချင်းဆိုသလို မီးလောင်ကျွမ်းပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ခဏအတွင်းမှာပဲ ရှမ့်လန်၏ ဆံပင်များက ထောင်ထသွား၏။ ဦးရေပြားများလည်း ထုံကျင်သွားခဲ့၏။ ရှားရင်၏ စိတ်ဓာတ်ခိုင်မာမှုကို သူ အရှုံးမပေးလိုပေ။

သူ့နောက်တွင်ရှိသည့် တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ထုဟိုင်က လှမ်းကာ အော်ဟစ်၏။ “ဦးရီးတော်… ဆရာတူဦးလေး… ဘာလို့ ဒီလိုလုပ်ရတာလဲ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ကျုပ်တို့ တိုက်လို့ရတာကို ဘာလို့ ကျုပ်တို့ကို မီးရှို့သတ်နေရတာလဲ။ ကျုပ်တို့အားလုံးကို ဘာလို့ မီးရှို့သတ်နေရတာလဲ။”

ရှားရင်က ဘာမှမပြောဘဲ ရှမ့်လန်ကို ကြည့်၏။ အတွင်းရှိ လူတိုင်း.... အရွယ်ရောက်ပြီးသား လူများဖြစ်စေ၊ ကလေးဖြစ်စေ အားလုံးတို့က ရှမ့်လန်ကို စိုက်ကြည့်နေ၏။ သူတို့၏ အကြည့်များက စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်မျိုး မရှိချေ။ သူတို့၏ အကြည့်များက တကယ်ပင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။

ရှမ့်လန် လက်ဝှေ့ယမ်းလိုက်သည်နှင့် သူတို့အားလုံးက မီးရှို့သတ်ခံရပေလိမ့်မည်။ သူတို့က လက်နက်ချမည် မဟုတ်သလို ရှမ့်လန်၏ ဓားစာခံလည်း ဖြစ်လာမည် မဟုတ်ချေ။ ရှမ့်လန်က တကယ်ပင် တုန်လှုပ်နေမိ၏။ မင်းသားကျင်းက ဤမျှလောက်သော အခြေအနေထိ ရောက်အောင် မည်သို့လုပ်ဆောင်ခဲ့သနည်း။ ဤကဲ့သို့သော နိုင်ငံသားများ၊ ဤကဲ့သို့သော အကြံပေးများ ရှိနေခြင်းက အံ့အားသင့်စရာပင်။

ရွှဲ့ပြည်နယ်တွင် ဤကဲ့သို့သော နိုင်ငံသားများ ရှိသလား။ မရှိပေ။ တော်ဝင်ချန်နိုင်ငံတွင် တစ်ချိန်က ဤကဲ့သို့သော နိုင်ငံသားများရှိခဲ့ဖူးပြီး အများအပြားလည်း ရှိခဲ့ဖူး၏။

သူ ဘာဆက်လုပ်သင့်သနည်း။ တာ့နန်နိုင်ငံ၏ မြို့တော်ကို ရှမ့်လန်က တိုက်ခိုက်မှုမရှိဘဲ ရယူနိုင်၏။ သို့သော်ငြား ရယူလိုက်လျှင်လည်း ဗလာနတ္ထိမြို့သာ ဖြစ်ပေလိမ့်မည်။

သူက လူအားလုံး မီးရှို့သတ်သေဖို့ ခွင့်ပြုသင့်သလား။ ကလေးငယ် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ရှိသည်။

“မင်းသားကျင်း… ခင်ဗျားက သိပ်ကို ထူးချွန်လွန်းတယ်။ တကယ့်ကို ထူးချွန်လွန်းတဲ့ သူပဲ။”

အားလုံး မီးရှို့ခံလိုက်ရလျှင် မင်းသားကျင်းက အလျှော့ပေးမည် မဟုတ်ပေ။ သူက ရှမ့်လန်နှင့် အသေအလဲ တိုက်ခိုက်ရုံသာ ရှိတော့၏။ ရှားရင်က စကားပြောဆိုရန် မကြိုးစားဘဲ ရှမ့်လန်၏ ဆုံးဖြတ်ချက်ကိုသာလျှင် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။

ရှမ့်လန်က ဆုတ်ခွာရတော့မည်။ သို့မဟုတ် အားလုံး မီးရှို့ခံရမည်။

“ချီးတဲ့မှ…”

ရှမ့်လန်က ဆဲဆိုလိုက်၏။ ပြီးနောက် သူက မတ်တပ်ထရပ်ပြီး ရှားရင်နှင့် လူထောင်ပေါင်း များစွာတို့ကို လက်ခလယ် ထောင်ပြလိုက်၏။

“အံ့အားသင့်စရာပဲ။ ခင်ဗျားတို့အားလုံးက အံ့အားသင့်စရာပဲ။ ကျုပ် ခင်ဗျားတို့ကို မစော်ကားရဲတော့ဘူး။ သွားကြစို့။ ဆုတ်မယ်။” ရှမ့်လန်က အမိန့်ပေးလိုက်သည်။

နိဗ္ဗာနတပ်သား ၂၀၀၀ တို့က တာ့နန်နိုင်ငံတော်၏ မြို့တော်မှ ဆုတ်ခွာသွားခဲ့၏။

ရှားရင်က ခေါင်းငုံ့ကာဖြင့် လှမ်းပြောသည်။ “ရှမ့်…. အသက် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ရှမ့်လန်က နားကို ပိတ်လိုက်၏။ ဤအဘိုးကြီး၏စကားကို သူ နားမထောင်ချင်တော့ပေ။ ဤလူများက တကယ့်ကို ထူးချွန်လွန်း၏။ ထိုသူတို့နှင့် ရှုပ်ထွေးလိုစိတ်လည်း မရှိတော့ပေ။ တာ့နန်နိုင်ငံ၏ မြို့တော်မှ ဆုတ်ခွာပြီးနောက် ရှမ့်လန်က တပ်ကို စုရုံးပြီး ပြန်လည်ထွက်ခွာရန် ပြင်၏။

ရုတ်တရက် အမျိုးသမီး ထောင်ပေါင်းများစွာတို့က မြို့ထဲမှ ထွက်လာ၏။ တစ်ဦးချင်းစီက တောင်းတစ်လုံးချင်းစီကို သယ်ဆောင်ထား၏။ အတွင်းတွင် အမျိုးမျိုးသော အသားခြောက်များ၊ သစ်သီးများနှင့် ကန်စွန်းဥများ ရှိ၏။ အားလုံးက စားသောက်ကုန်များပင်။ သူတို့က ရှမ့်လန်၏ တပ်ရှေ့တွင် ထားပြီး ပြန်လည်က ထွက်ခွာသွားခဲ့သည်။

“ချီးတဲ့မှ.. ငါတို့က စစ်တိုက်နေတာ ဘာလို့ ငါတို့ကို စားစရာနဲ့ အသားတွေ လာပေးနေရတာလဲ။ ကဲ ..ကဲ …. ယူသွားကြ၊ ယူသွားကြ။” ရှမ့်လန်၏အမိန့်နှင့် နိဗ္ဗာနတပ်တော် ၂၀၀၀ တို့က အသားနှင့် အစားအသောက်များ ကို ယူဆောင်သွားကြ၏။

တာ့နန်နိုင်ငံနှင့် ဝေးရာ တောနက်ထဲသို့ သူတို့ ဆုတ်ခွာကာ စခန်းချ၏။ ညဘက်မှာတော့ ရှမ့်လန်က ကောင်းကင်ကို ငေးကြည့်၏။ စိတ်ကူးများကလည်း ပျံ့လွင့်လျက် ရှိ၏။ မိုင်ထောင်ချီ ခရီးကြမ်းက အလကား ဖြစ်ခဲ့၏။ သဲကန္တာရလူရိုင်းစစ်သည်များက ထိပ်တိုက်မတိုက်ခိုက်ဘဲ ပြည်သူလူထုတို့၏ ဆန္ဒသတ္တိဖြင့် ရှမ့်လန်ကို တိုက်ရိုက်နိုင်ယူလိုက်ခြင်းပင်။

အကယ်၍ ရှမ့်လန်၏တပ်ကသာ တာ့နန်နိုင်ငံ၏ မြို့တော်ထဲသို့ ချဉ်းကပ်ပါက ရှားရင်က သူ့ကို ထပ်တွေ့တော့မည် မဟုတ်သလို စကားပြောဆိုတော့မည် မဟုတ်တာ သေချာ၏။ အားလုံးက နန်းတော်ထဲသို့ ဝင်ပြီး တိုက်ရိုက်မီးရှို့ကာ အသေခံပေလိမ့်မည်။

ဤလမ်းက ပိတ်ဆို့သွားခဲ့ပြီ ဖြစ်၍ ဘာဆက်လုပ်ရမည်နည်း။ ဤအတိုင်း ပြန်သွားရမည်လား။ လုံးဝ အချည်းနှီး ဖြစ်ရမည်လား။

အချိန်မရှိတော့ချေ။ ရွှေနဂါးသွေး၏ အာနိသင်က ရန်ကော့မြို့ရှိ မြို့စောင့်တပ်သား ၈၀၀၀ ပေါ်တွင် သက်ရောက်မှု မှေးမှိန်ပေတော့မည်။ ထိုအချိန်တွင် စုနန်က အလွယ်တကူနှင့် အနိုင်ယူသွားပေလိမ့်မည်။ ရန်ကော့မြို့ကို သိမ်းပိုက်ပြီးနောက် ရှေ့တန်းက လုံးဝ အတားအဆီးမရှိ ဖြစ်သွားမည်။

စုနန်၏တပ်က ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ကို တိုက်ခိုက်ဖို့ ဆက်လက်ချီတက်လာပေလိမ့်မည်။ ရွှဲ့ပြည်နယ်က ပျက်စီးပေတော့မည်။ နင်ယွမ်ရှန်းက မိမိကိုယ်ကို သတ်သေမှာ သေချာ၏။ သူ၏ တရားမဝင် ယောက္ခထီးကို အသေမခံနိုင်သေးပေ။ ထို့ကြောင့် ရှမ့်လန်က ဤအတိုင်း ပြန်သွား၍ မရချေ။

သူနှင့် မင်းသားကျင်းတို့၏ကြား ထိပ်တိုက်ရင်ဆိုင်မှုက စစ်ရေးအားပြိုင်မှုသာမကဘဲ ဉာဏ်ပညာချင်း ပြိုင်ဆိုင်မှု၊ ပြည်သူတို့၏ ဆန္ဒတို့လည်း ပါဝင်နေ၏။ ပြန်လှည့်သွားသည်နှင့် သူက ရှုံးနိမ့်သွားပေလိမ့်မည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ရှမ့်လန်သည် ယခင်က ဤမျှလောက်သော အခြေအနေဆိုးထဲသို့ တစ်ခါမှ မရောက်ရှိခဲ့ဖူးချေ။ ယခင်က သူ၊ ကျန်းချုံးနှင့် စုနန်တို့က ပြိုင်ဘက်များ ဖြစ်ခဲ့၏။ ရှမ့်လန်က အစမှ အဆုံး အသာစီးရခဲ့၏။

သို့သော်ငြား ယခုအချိန်တွင်တော့ သူနှင့် မင်းသားကျင်းတို့၏ကြား နှစ်ယောက်ချင်း တိုက်ခိုက်မှုတွင် သူဘက်က ယခုအချိန်ထိ အားနည်းချက်များ ရှိနေ၏။ မူလန်ဘက်က ရှုံးနိမ့်ခဲ့၏။ ရှမ့်လန်ဘက်ကလည်း တိုက်ပွဲတစ်ဝက် ရှုံးနိမ့်ခဲ့သည်ဟု ဆို၏။ မင်းသားကျင်းက အံ့အားသင့်စရာပင်။ ထိုသူက တကယ့်ကို အံ့ချီးစရာ ဖြစ်သည်။

ဓားဘုရင် လီချင်းချိုးက ပြောလိုက်၏။ “မင်းသားကျင်းက အရင်က ဒီလိုမျိုး မဟုတ်ဘူး။ ဘာက သူ့ကို ဒီလိုပြောင်းလဲစေခဲ့တာလဲ။ အခု သူ့ရဲ့ရန်သူဖြစ်နေပေမယ့် ငါ သူ့ကို မမုန်းတီးရုံသာမက လေးစားမိတယ်။”

ဟုတ်ပေသည်။ တကယ့်ကို ဤသို့ပင် ဖြစ်နေသည်။

လီချင်းချိုးက ပြော၏။ “သဲကန္တာရလူရိုင်းမျိုးနွယ်မှာ ဒီလိုခေါင်းဆောင်မျိုးရှိတာ ကောင်းတယ်။ ဒါက မဖွံ့ဖြိုးသေးတဲ့ မြေပေါ်မှာ အရှေ့တိုင်း ယဉ်ကျေးမှုကို ထွန်းလင်းစေနိုင်တယ်။”

ရှမ့်လန်က ပြောသည်။ “ကျုပ်သိပါတယ်။ ဒါကြောင့် ကျုပ် တာ့နန်နိုင်ငံကို ဖျက်ဆီးဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး။ သူ့စစ်တပ်ကို ဆုတ်ခွာစေချင်ရုံပဲ။ ရွှဲ့ပြည်နယ်ကို ဝန်းရံထားတဲ့ ဒီကစားပွဲကနေ သူ့ကို ဆုတ်ခွာစေချင်တာပဲ။ သူကလည်း ကျုပ်ကို ဒီကစားပွဲကနေ ဆုတ်ခွာစေချင်တယ်။”

လီချင်းချိုးက ပြောလိုက်၏။ “မင်းတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေ ဖြစ်လာလိမ့်မယ်။”

“တော် .. တော် ။”

ရှမ့်လန်က ဒေါသတကြီးနှင့် ဖြစ်လို့နေသည်။ “ဘယ်သူက သူ့ရဲ့ မိတ်ဆွေကောင်း ဖြစ်ချင်လို့လဲ။ ဒါက ကျိန်စာသင့်တာပဲ ကျုပ်တစ်ခါမှ ဒီလိုမခံစားဖူးဘူး။”

ဓားဘုရင် လီချင်းချိုးက ရွှဲ့ပြည်နယ် သို့မဟုတ် နင်ကျန်းပေါ်တွင် မည်သည့်ခံစားချက်မှ မရှိချေ။ သူ၏ အမြင်အရ ဆိုလျှင် ရွှဲ့ပြည်နယ် ပျက်စီးသွားပြီး နင်ယွမ်ရှန်း သေဆုံးသွားလျှင်လည်း ဘာမှ မဖြစ်ပေ။ ရှမ့်လန်က နိဗ္ဗာနတပ်တော် ၂၀၀၀ ကို ဦးဆောင်ပြီး အေးအေးဆေးဆေး နုရှောင့်မြို့သို့ ပြန်သွားနိုင်၏။

သို့သော်ငြား ရှမ့်လန်က ဒီလိုမစဉ်းစားခဲ့ချေ။ သူက အရှုံးမပေးသည့် လူသားတစ်ယောက် ဖြစ်၏။ သူလုံးဝ အရှုံးမပေးနိုင်ချေ။

“မင်းသားကျင်း… ခင်ဗျားဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ ခင်ဗျား ကျုပ်ကို ရှုံးနိမ့်ရမယ်။ အရင်ဆုံး အရှုံးပေး၊ ပြီးမှ မိတ်ဆွေဖြစ်ဖို့ ပြောကြစို့။”

ထို့အပြင် သူ ရှမ့်လန်က ရွှဲ့ပြည်နယ်ကို ပျက်စီးစေ၍ မရချေ။ နင်ယွမ်ရှန်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေစေ၍ မဖြစ်ချေ။ မင်းသားကျင်းကိုလည်း အရှုံးပေး၍ မဖြစ်ချေ။ မင်းသားကျင်းကို အရှုံးပေးပြီး ရွှဲ့ပြည်နယ်ကို ဖျက်စီးပစ်မည့် ဤကစားပွဲက ဆုတ်ခွာဖို့ ဖိအားပေးနိုင်မည့် နည်းလမ်းတစ်ခုခု ရှိကို ရှိရမည်။ သူ ရှမ့်လန်က အောင်ပွဲခံရမည်။

သူ့၌ စိတ်ကူးစိတ်သန်းကောင်း တစ်ခုရှိ၏။ ဤစိတ်ကူးစိတ်သန်းကို သူ ဆုပ်ကိုင်ရပေလိမ့်မည်။ ရှမ့်လန်၏ စိတ်ထဲတွင် စိတ်ကူးစိတ်သန်းများနှင့် ပြည့်နှက်နေသည်က အမှန်ပင်။ သို့သော်ငြား ထိုအရာက ကောင်းကင်ယံဆီ၌ ကြယ်တာရာများ ပြည့်ကျပ်နေသကဲ့သို့ပင်။ ထိုအရာများထဲမှ တစ်ခုကို ရှာဖွေရန် အမှန်တကယ်ပင် ခက်ခဲလို့နေ၏။ မင်းသားကျင်းကို အနိုင်ယူရန် အဓိကသော့ချက် တစ်ခုက ဘာဖြစ်မည်နည်း။

“ဘာလဲ။ ဘာလဲ။ ငါ ရှာတွေ့တာနဲ့ ငါ အနိုင်ရမယ်။ နန်အိုမြို့တော်နဲ့ တာ့နန်နိုင်ငံ ဘာက ပိုပြီးအရေးကြီးလဲ။”

ထိုအရာက မင်းသားကျင်း၏ တစ်သက်တာ အိမ်မက်နှင့် အုတ်မြစ်၊ နောင်လာမည့် တာ့နန်နိုင်ငံ၏ အနာဂတ်ကိုပင် သက်ရောက်နိုင်ရမည်။ မင်းသားကျင်း၏ အားနည်းချက်က ဘာဖြစ်သနည်း။

ရုတ်တရက် ရှမ့်လန်၏ မျက်လုံးများက အရောင်တောက်လာ၏။ သူက စိတ်ကို အစွမ်းကုန် ဖွင့်ဟကာဖြင့် သူ၏စိတ်ကူးများကို ရေရွတ်ရင်း စစ်ဆေးနေ၏။ မင်းသားကျင်းက နှစ်နှစ်အတွင်း မည်ကဲ့သို့ ပြောင်းလဲလာသနည်း။ ထို့ပြင် မည်ကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှုမျိုးကို ခံယူခဲ့ရသနည်း။

သူသေချာ မှတ်မိမည်ဆိုလျှင် ပြောင်းလဲမှုက မြွေတွင်းတစ်သောင်းလှိုဏ်ဂူမှ စတင်ခဲ့ခြင်းပင်။

မင်းသားကျင်း၏ ဖခင်ဖြစ်သူ နန်အိုဘုရင်ကို သဲကန္တာရလူရိုင်းမျိုးနွယ်များက အကြီးမားဆုံးသော သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့၏။ သူက သဲကန္တာရလူရိုင်းမျိုးနွယ် ဖြစ်သော်လည်း ရွှဲ့ပြည်နယ်နှင့် ပူးပေါင်းပြီး နန်အိုနိုင်ငံကို ထူထောင်ကာ ရွှဲ့ပြည်နယ်၏ အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေးသမား ဖြစ်ခဲ့၏။ သူက လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအတွင်း သဲကန္တာရလူရိုင်းမျိုးနွယ်ဝင် အများအပြားကို သတ်ဖြတ်ခဲ့၏။

ထို့ကြောင့် မင်းသားကျင်းက သဲကန္တာရလူရိုင်းမျိုးနွယ်ဆီ သွားရောက်ကာ အကူအညီတောင်းခဲ့စဉ်က အကူအညီ ရမည့်အစား သေဒဏ်ချမှတ်ခံရကာ မြွေတွင်းထဲသို့ ပစ်ချခံခဲ့ရ၏။ သူ၏ ခန္ဓာကိုယ်က အဆုံးအစ မကျန်ဘဲ သေဆုံးသွားသင့်၏။ သို့ပေမည့် အဘယ်ကြောင့် မသေခဲ့ရသနည်း။

ဝူတူကျိ၏ မှတ်တမ်းများအရဆိုလျှင် ဤလောကကြီးတွင် လူအချို့က သွေးမျိုးဆက် ပြောင်းလဲသွားတတ်ကြ၏။

ဤကဲ့သို့ သွေးမျိုးဆက်ပြောင်းလဲမှုက ရှေးဟောင်းမျိုးနွယ် အရင်းအမြစ်ကို လက်ခံရရှိခြင်းပင်။ ဤအရာက မတော်တဆ သန္ဓေတည် ဖြစ်တည်လာခဲ့သော ရှေးဟောင်း လူသားမျိုးရိုးဗီဇ ဖြစ်၏။ ဥပမာ ဝူတူကျိက ဒုတိယမျိုးဆက် သွေးမျိုးဆက် ပြောင်းလဲလာသူ ဖြစ်ပြီး မူလန်ကလည်း ထိုကဲ့သို့ပင်။ ထိုသို့ဆိုလျှင် ကျင်းကျွင်းကလည်း ပထမမျိုးဆက် ဖြစ်စေ၊ ဒုတိယမျိုးဆက် ဖြစ်စေ သွေးမျိုးဆက် ပြောင်းလဲသူ ဖြစ်နိုင်သည်။

ရှမ့်လန်၏ ခန့်မှန်းချက်က အဓိပ္ပာယ်ရှိ၏။ သဲကန္တာရလူရိုင်းမျိုးနွယ်များက ရှေးခေတ်က တာမင်အင်ပါယာကို ပိုင်ဆိုင်၏။ ထိုအင်ပါယာ၏ လူသားတွေက တောတွင်းဘုရင်များ ဖြစ်၏။ မရေမတွက်နိုင်သည့် သားရဲ တိရစ္ဆာန်များနှင့် အဆိပ်ရှိ အင်းဆက်ပိုးမွှားများက ဤဒေသရှိ လူသားများကို ရှောင်ရှားကာ ဘုရင်အဖြစ် အသိအမှတ်ပြုကြ၏။

မင်းသားကျင်းက သဲကန္တာရလူရိုင်းမျိုးနွယ်၏ သွေးနှော ဖြစ်၏။ သူ၏ ဖခင်က သဲကန္တာရလူရိုင်းမျိုးနွယ် ဖြစ်ပြီး မိခင်က ရွှဲ့ပြည်နယ်မှ ဖြစ်သည်။ သူ့ကို မွေးဖွားပြီးနောက် မိခင်က သေဆုံးခဲ့၏။

ရှမ့်လန်က ဆက်လက်ခန့်မှန်း၏။ “မင်းသားကျင်းကို မြွေတွင်းထဲ ပစ်ချခဲ့ပေမယ့် မရေတွက်နိုင်တဲ့ မြွေဆိုးတွေက သူ့ကို ကိုက်သတ်ရမယ့်အစား သူ့ကို ကြောက်ရွံ့ခဲ့ကြတယ်။ ဒါကြောင့် သူက အသက်ရှင်ခဲ့တာပဲ။ ဒါပေမယ့် ဒီစွန့်စားမှု တစ်ခုတည်းနဲ့ မလုံလောက်သေးဘူး။ သူမှာ ပြောင်းလဲမှု တစ်ခု လိုအပ်သေးတယ်။ ဒါက ရှေးဟောင်းအမွေအနှစ် တစ်ခုများလား။”

အပိုင်း (၆၇၈)

မြွေတွင်းအနီးတွင် ရှေးဟောင်းအမွေအနှစ် တစ်ခုခု ရှိနေသည်လား။ ကျင်းကျွင်းက ရှေးဟောင်းအမွေအနှစ် တစ်ခုကို ရရှိခဲ့ပြီး အလုံးစုံ ပြောင်းလဲသွားခဲ့ခြင်းမျိုး ဖြစ်နိုင်သည်လား။ အထူးသဖြင့် စိတ်ဓာတ်နှင့် အတွေးအခေါ်ပိုင်း ပြောင်းလဲမှုပင်။

ရှေးဟောင်းအမွေအနှစ်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ရှေးဟောင်းအသိအမြင်များကို တတ်မြောက်ခဲ့ပြီး သဲကန္တာရလူရိုင်းမျိုးနွယ် ခေါင်းဆောင်အားလုံးကို သူ့လက်အောက်ခံ အဖြစ်နေထိုင်ဖို့ ဆွဲဆောင်နိုင်ခဲ့ခြင်း သို့မဟုတ် ထိုသူတို့၏ ရွေးချယ်ခံ ဖြစ်လာခဲ့ခြင်းပင်။

သဲကန္တာရလူရိုင်းမျိုးနွယ် တစ်ခုစီ၌ သူတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ရှိ၏။ ဥပမာ တောခွေးများကို လေ့ကျင့်ပေးခြင်း၊ ဆင်တပ်များ၊ ထို့ပြင် ပျံသန်းနေသည့် ငှက်မျိုးနွယ်များ ဤလူစုတို့က သူတို့၏ ဘိုးဘေးများ၏ ကျွမ်းကျင်မှုများကို နှုတ်ဖြင့်၊ လက်ဖြင့် သင်ယူလာကြသူများပင်။ သို့သော်ငြား အဓိက ထူးချွန်သည့် ကျွမ်းကျင်သူများကတော့ ပျောက်ဆုံးနေ၏။ ဘိုးဘေးများလောက် ကျွမ်းကျင်မှု မရှိကြတော့ပေ။

မင်းသားကျင်းက ရှေးဟောင်းအမွေအနှစ်ကို ရရှိပြီးနောက် အံ့ဖွယ်အမှုကို တစ်ခုပြီး တစ်ခု လုပ်ဆောင် နိုင်ခဲ့သည်လား။ သူက သဲကန္တာရမျိုးနွယ်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့သည်လား။ ဤကဲ့သို့ ဖြစ်နိုင်၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်စုတွေက သူရဲကောင်းနှင့် အံ့ဖွယ်ကိစ္စရပ်များကိုသာ ကိုးကွယ်ယုံကြည်ကြ၏။

ထိုသို့ဆိုလျှင် ရှေးဟောင်းအမွေအနှစ်က ဘယ်မှာ ဖြစ်မည်နည်း။ မြွေတွင်းအနီးမှာလား။

မြွေတွင်းက မည်သည့်နေရာတွင် ရှိမည်နည်း။ ဤနေရာကနေ ရေတွက်မည် ဆိုလျှင် မိုင် ၁၃၀ အကွာတွင် ဖြစ်မည်။ ရှမ့်လန်၏ ခန့်မှန်းချက်သာ မှန်သည်ဆိုပါက ရှေးဟောင်းအမွေအနှစ်က မင်းသားကျင်းကို အနိုင်ယူဖို့ အဓိက သော့ချက် ဖြစ်သည်။

ဤရှေးဟောင်းအမွေအနှစ်က နန်အိုမြို့တော် သို့မဟုတ် ရွှဲ့ပြည်နယ်ထက် မင်းသားကျင်း အတွက် ပိုမိုကာ အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် သူက ဤရှေးဟောင်းအမွေအနှစ်ကို အားကိုးပြီး နောက်တစ်ကြိမ် တာ့နန်နိုင်ငံကို ပြန်လည်အသက်သွင်းရမှာ ဖြစ်သောကြောင့်ပင်။

ရှမ့်လန်၏ ခန့်မှန်းချက်သာ မှန်သည်ဆိုပါက မင်းသားကျင်း၏ ရှေးဟောင်းအမွေအနှစ်အပေါ် လက်ရှိ သုတေသနပြုမှု နှင့် ထိုအရာမှတဆင့် ဖွံ့ဖြိုးတိုးတက်မှုက အစိတ်အပိုင်းငယ်လေးသာ ရှိသေး၏။ ကျင်းကျွင်းက တာ့နန်နိုင်ငံ၏ ခိုင်မာသည့် တိုက်ခိုက်ရေးစွမ်းအားကို ထိန်းချုပ်ချင်သလို ပိုမို ယဉ်ကျေးလာအောင်လည်း လုပ်ချင်၏ ။

ထို့အပြင် သူနှင့် နိုင်ငံ၏အကြံပေး ရှားရင်တို့က နည်းပညာတစ်ခုကို တီထွင်ချင်ခဲ့၏။ သူတို့က ပညာတတ်တွေကို အသုံးပြုပြီး တာ့နန်နိုင်ငံကို အုပ်ချုပ်ကာ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်မည်။ သူတို့က အထူးဘာသာရေးနည်းလမ်းကို အသုံးပြုမည့်အပြင် တာ့နန်နိုင်ငံကို လက်နက်တပ်ဆင်ကာ ပိုမိုအားကောင်းစေမည်။

ပြီးနောက် ဤဘာသာရေးနည်းလမ်းများကလည်း ရှေးဟောင်းအမွေအနှစ်က လာခြင်း ဖြစ်၏။ ဤအရာက ဘာသာရေးနည်းလမ်းမျိုး လုံးဝမဟုတ်ဘဲ ယဉ်ကျေးမှု၏ အစွမ်းထက်သည့် အင်အားတစ်ခုလည်း ဖြစ်နိုင်၏။ သေချာသည်က ရှေးဟောင်းအမွေအနှစ်တွေက မင်းသားကျင်း၏ အသက်သွေးကြောပင်။

“ရှမ့်လန်.. ဒီရှေးဟောင်းအမွေအနှစ်ကို မင်းရှာတွေ့တာနဲ့ မင်းသားကျင်းရဲ့ အားနည်းချက်ကို သိမ်းပိုက် လိုက်တာပဲ။ သူက ချက်ချင်း အရှုံးပေးပြီး စစ်တပ်ကို ဆုတ်ခွာလိမ့်မယ်။ ဒီရှေးဟောင်းအမွေအနှစ်ကို ကာကွယ်ခြင်းက ထျန်းနန်စီရင်စုတစ်ခုလုံးကို ပေးလိုက်ရတာထက် ပိုပြီးအရေးကြီးတယ်။ ဒါက သူ့ရဲ့ အုတ်မြစ်ပဲ။ မြွေတွင်းတစ်သောင်းဆီကို သွားကြစို့။”

ရှမ့်လန်က ပြော၏။ “ဦးရီးတော် လီချင်းချိုး၊ အရူးကြီး ခင်ဗျားတို့နှစ်ယောက် ကျုပ်နဲ့ လိုက်ခဲ့။ အဒေါ်.. ခင်ဗျား ဒီမှာနေပြီး နိဗ္ဗာနတပ်တော်ကို စောင့်ရှောက်ပါ။”

“ကောင်းပြီ။” ဓားဘုရင် လီချင်းချိုး၏ မိန်းမက ပြောသည်။

ပြီးနောက် အရူးကြီးက မည်သည့်စကားမှမဆိုဘဲ ရှမ့်လန်ကို ကျောပိုး၏။ ဓားဘုရင် လီချင်းချိုးက ရှေ့မှ ဦးဆောင်သွားခဲ့၏။

………..

“ဒါက မြွေတွင်းတစ်သောင်းလား။ ရှမ့်လန်က သူ၏ X-Ray မျက်လုံးနှင့် ကြည့်၏။ သူ၏ ဦးရေပြားများက ထုံကျင်သွားပြီး တစ်ကိုယ်လုံးက တုန်ခါသွား၏။ တကယ်ကို ရိုးရှင်းသည့် မြွေတွင်းတစ်သောင်းပင်။ ဤကဲ့သို့သောအရာမျိုးက တကယ့်ကို နက်ရှိုင်းသည့် လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပြီး မီတာပေါင်းများစွာ နက်၏။

ထို့အပြင် အထဲတွင် မြွေများဖြင့် ပြည့်ကျပ်နေ၏။ တချို့က သေးငယ်ပြီး တချို့က ကြီးမား၏။ ငါးသောင်း သို့မဟုတ် တစ်သိန်းလောက်ပင် ရှိနိုင်၏။ ဤအရာက မြွေသမုဒ္ဒရာကြီး ကဲ့သို့ပင်။ အထဲတွင် အမျိုးမျိုးသော မြွေဆိုးများ ရှိ၏။ ဤအရာက သဲကန္တာရ လူရိုင်းမျိုးနွယ်စုအတွက် အဆိုးရွားဆုံး နှိပ်စက်နည်း ဖြစ်သည်မှာ အံ့အားသင့်စရာ မရှိချေ။

“ငါ ဆင်းသင့်တယ်။ ငါ မဆင်းဘူး။ အရမ်းကြောက်ဖို့ကောင်းတယ်။”

ဓားဘုရင် လီချင်းချိုးက ပြော၏။ “ဒါဆိုရင် ငါ သွားလိုက်ရမလား။”

ရှမ့်လန်က ခေါင်းခါသည်။ “ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ မဖြစ်သေးဘူး။”

အရူးကြီးက ပြော၏။ “ဒါဆိုရင် ငါ သွားရမလား။”

ရှမ့်လန်နှင့် ဓားဘုရင် လီချင်းချိုးတို့က တပြိုင်နက်တည်း ကြည့်၏။ အရူးကြီးက ပြောသည်။ “ငါ ... ငါ တကယ် ဆင်းရမှာလား။”

ရှမ့်လန်က ပြော၏။ “ငါ ဓားဘုရင်နဲ့အတူ ဆင်းမယ်။ အရူးကြီး… မင်းက အပေါ်ကနေ ကြိုးကို ကိုင်ပေးထား။ ဖြည်းဖြည်းချင်းလွှတ်။”

အရူးကြီးက ပြောသည်။ “ကောင်းပြီ။”

ဓားဘုရင်က အောက်ကို ငုံ့ကြည့်၏။ သူက ဦးရေပြားများပင် ထုံကျင်လျက်ရှိနေ၏။ “ရှမ့်… အောက်မှာ မရေမတွက်နိုင်တဲ့ မြွေဆိုးတွေ အများကြီးရှိတယ်။ အများစုကို တစ်ခါမှ မမြင်ဖူးဘူး။ မဟာပညာရှင် တစ်ယောက်တောင်မှ တစ်ခါတည်း သေသွားနိုင်တယ်။”

မဟာပညာရှင် တစ်ယောက်ပင် မကချေ။ ဆယ်ယောက်ပင် သေဆုံးသွားနိုင်၏။

“ကျုပ်ရဲ့ ခံစားချက်သာ မှန်တယ်ဆိုရင် ဒီမြွေတွင်းတစ်သောင်းက ရှေးဟောင်းအပျက်အစီး တည်ရှိနေတယ်။ ဒီရှေးဟောင်း အပျက်အစီးကို ရှာတွေ့တာနဲ့ မင်းသားကျင်းက ကျုပ်ကို အရှုံးပေးလိမ့်မယ်။”

ဓားဘုရင် လီချင်းချိုးက မေးသည်။ “ရှမ့်… မင်းမှာ ဘယ်လောက် ယုံကြည်မှုရှိလဲ။”

ရှမ့်လန်က ပြော၏။ “ခံစားချက်အပေါ် မူတည်နေတာပဲ။ လေးဆယ် ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိတယ်။ အင်း.. ငါးဆယ်ရာခိုင်နှုန်းလောက် ဖြစ်သင့်တယ် ထင်တယ်။”

လီချင်းချိုး၏ ဦးရေပြားများက ထုံကျင်သွားခဲ့၏။ ပြီးနောက် ရှမ့်လန်နှင့် လီချင်းချိုးတို့က ခန္ဓာကိုယ်ကို ကြိုးဖြင့် ချည်နှောင်ပြီး မြွေတွင်းတစ်သောင်း လှိုဏ်ဂူထဲသို့ ဆင်းသက်၏။ အရူးကြီးက တကယ့်ကို ရိုးသားသူ ဖြစ်၏။ ကြိုးကို လျင်မြန်စွာ လွှတ်ပေး၏။ အောက်သို့ ရောက်လုနီးပါးပင်။ ရှမ့်လန်နှင့် ဓားဘုရင်တို့၏ ခန္ဓာကိုယ်များက လျင်မြန်စွာဖြင့် အောက်သို့ ဆင်းသက်နေသည်။

ပြီးနောက် မျက်လုံးထောင်ပေါင်းများစွာတို့က တပြိုင်နက်တည်း တောက်ပလာခဲ့၏။ မြွေဆိုး ထောင်ပေါင်းများစွာတို့က ရှမ့်လန်ကို လှမ်းကာကြည့်၏။

မြွေဆိုးထောင်ပေါင်းများစွာတို့၏ ဝန်းရံခြင်းကို ခံရသည်မှာ ရှမ့်လန်အတွက် ပထမဆုံး အကြိမ် ဖြစ်၏။ နောက်တစ်စက္ကန့်မှာပဲ ထောင်ပေါင်းများစွာသော မြွေဆိုးများက ရှမ့်လန်တို့ဆီသို့ ပြေးဝင်လာခဲ့ကြသည်။

........

ရှမ့်လန်က ထိုခဏမှာတော့ ချက်ချင်းပဲ ကြောက်လန့်သွားခဲ့၏။ သူက ဘောင်းဘီထဲ သေးပေါက်ချ လုနီးပါး ဖြစ်ခဲ့၏။ သူက မြွေကို အကြောက်ဆုံး ဖြစ်၏။ မြွေတစ်ကောင်တည်းကိုပင် ကြောက်ရသည့်သူ့အတွက် အကောင်ရေ ထောင်ပေါင်းများစွာဆိုလျှင် ပြောနေစရာ မလိုအပ်တော့ချေ။ တစ်ခဏအတွင်းမှာပဲ သူက မြွေပင်လယ်ထဲ နစ်မြုပ်လုနီးပါး ဖြစ်ခဲ့၏။

ထိုအချိန်မှာတော့ ဓားဘုရင်လီချင်းချိုးက သေတ္တာကို ဖွင့်၏။ ဝူတူကျိ ပေးထားသည့် ပန်းအိုးကို ထုတ်လိုက်ခြင်းပင်။ ချက်ချင်းပဲ လှပသည့် လိပ်ပြာများက မရေတွက်နိုင်အောင် ပျံသန်းထွက်ပေါ်လာခဲ့၏။ ထောင်ပေါင်းများစွာသော လိပ်ပြာတို့က ရှမ့်လန်နှင့် လီချင်းချိုးတို့၏ ပတ်ပတ်လည်တွင် ကာကွယ်ကာ ပျံသန်းနေ၏။ မြွေများ၏ သဘာဝရန်သူဖြစ်သည်နှင့်အညီ မြွေထောင်ပေါင်းများစွာတို့က နောက်သို့ ဆုတ်ခွာသွားကြ၏။ အားလုံး ဆုတ်ခွာသွားခဲ့ခြင်းပင်။

ထိုအချိန်မှာတော့ ရှမ့်လန်က ဤလိပ်ပြာများက အမှန်ပင် အလင်းထုတ်နိုင်ကြောငး တွေ့ရှိ၏။ မရေတွက်နိုင်သည့် လိပ်ပြာများ၏ အကာအကွယ်ဖြင့် ရှမ့်လန်နှင့် လီချင်းချိုးတို့က အောက်သို့ ဆင်းသက်လာခဲ့၏။ မီတာ ၃၀၀ နီးပါးခန့် ဆင်းသက်ပြီးနောက် အောက်ခြေသို့ ရောက်ရှိသွားခဲ့သည်။

“ဝှီ ဝှီ” မကောင်းဆိုးဝါး လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ ရှမ့်လန်က အလွန်နံစော်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မနံချေ။ ထို့အစား ထူးဆန်းသည့် ရနံ့တစ်မျိုးကို ရ၏။ အမှောင်ထုက မိမိ၏ လက်ကိုပင် မမြင်နိုင်လောက်အောင် မဲမှောင်နေ၏။

ရှမ့်လန်က မီးရှူးတိုင်ကို ထွန်း၏။ ပြီးနောက် သူ၏ဆံပင်များက ထောင်မတ်လာသလို ခံစားမိ၏။ သူ၏ ခြေထောက်အောက်တွင် အရိုးစုများက မရေတွက်နိုင်အောင် ရှိနေ၏။ ထို့ပြင် ထိုအရိုးစုများက အဖြူရောင် မဟုတ်ဘဲ အနက်ရောင် ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း မြွေတွင်းတစ်သောင်းလှိုဏ်ဂူထဲသို့ လူ မည်မျှပစ်ချခံခဲ့ရသနည်း။ သူတို့၏ အလောင်းများ က တောင်ပုံရာပုံ စုပုံနေခဲ့၏။ သို့သော်ငြား ထူးဆန်းသည်က ထိုသူတို့က မြွေများကို အစာကျွေးရန် မဟုတ်ဘဲ အပြစ်ပေးခြင်းကို ခံရသည့်အတွက် အောက်သို့ ကျဆင်းလာခဲ့ခြင်း ဖြစ်၏။ ဤမြွေထောင်ပေါင်းများစွာတို့က မည်သည့်အရာကို အားကိုးကာဖြင့် အသက်ရှင်သန်နေကြသနည်း။ ရှမ့်လန်က လူအရိုးများကို မြင်ရပြီး တိရစ္ဆာန်အရိုးများကို မတွေ့ရချေ။

ဆိုလိုသည်က သဲကန္တာရလူရိုင်းမျိုးနွယ်များက ဤမြွေများကို တမင်တကာ အစာကျွေးသည့် အလေ့အထ မရှိခြင်းပင်။ တစ်နည်းအားဖြင့် ဤမြွေများက အခြားနေရာတွင် အမဲလိုက်၏။ ဤနေရာက မြွေများ၏ ဌာနေအိမ်ပင် ဖြစ်ပေလိမ့်မည်။

ရှမ့်လန်က သူ၏ အမြင်အာရုံကို သေသေချာချာ ဖြန့်ကျက်ကာ ကြည့်ရှု၏။ သူနှင့် လီချင်းချိုးတို့က မရေတွက်နိုင်သည့် မြွေများ၏ ဝန်းရံခြင်းကို ခံထားရ၏။ မရေတွက်နိုင်သည့် မြွေများက မှောင်မိုက်သည့် နေရာထဲတွင် တွန့်လိမ်နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးက ခေါင်းများကိုမြောက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်ထား၏။

“ဆရာဝူတူကျိ အသက်ရှည်ပါစေ။”

ကံကောင်း၍ ဤပန်းပင်ကို ရရှိခဲ့၏။ မဟုတ်ပါက သူ ယနေ့ အဆုံးသတ်ပြီ ဖြစ်၏။ ပြီးနောက် ရှမ့်လန်က ဦးတည်ရာကို သွားရန် ဆုံးဖြတ်၏။ ရှေ့ဟောင်းအပျက်အစီး တည်ရှိရာနေရာသို့ ဝင်ရောက်နိုင်သည့် လမ်းကို ရှာဖွေရန် ကြိုးစားကြည့်သည်။

သို့သော်ငြား ထိုအချိန်မှာပဲ မရေတွက်နိုင်သည့် မြွေများက အနောက်သို့ ဆုတ်ခွာသွားခဲ့၏။ ဤအရာက ဘာသဘောနည်း။ ထိုသူတို့က တကယ်တမ်း ထွက်ပြေးသွားကြလေသည်လား။ မကြာမီမှာပဲ ရှမ့်လန်က အလွန်ရိုးရှင်းစွာဖြင့် တွေးခဲ့မိကြောင်း သိလိုက်ရ၏။ ထိုသူတို့က မြွေဘုရင် ရောက်ရှိလာသည်ကို ကြိုဆိုရန် အသင့်ပြင်ဆင်ခြင်း ဖြစ်ပေလိမ့်မည်။

မရေတွက်နိုင်အောင် များပြားသည့် မြွေဆိုးများက အနောက်သို့ ဆုတ်ခွာသွား၏။ ပြီးနောက် ရှမ့်လန်က မြွေဘုရင်ကို မြင်လိုက်ရ၏။ ဤအရာက မြွေဘုရင် လေလား။ ဤမြွေက ဘာမြွေဖြစ်သနည်း။ ဤအကောင်က မြွေဟောက်လည်း မဟုတ်၊ စပါးအုံးမြွေလည်း မဟုတ်ချေ။ မကြီးမားသော်လည်း မသေးချေ။ ၇ မီတာ၊ ၈ မီတာခန့် ရှိ၏။ သူက ဖြည်းညင်းစွာ ရွေ့လျား တွားသွားလာခဲ့၏။ သူ၏ ဟန်ပန်က တကယ့်ကို ခန့်ညားလွန်း၏။

ရှမ့်လန်က မြွေဘုရင် ဖြစ်ကြောင်း တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် အဘယ်ကြောင့် ပြောနိုင်သနည်း။ အဘယ်ကြောင့် ဆိုသော် သူ၏ ခေါင်းပေါ်တွင် သရဖူတစ်ခုကဲ့သို့ပင် အရာတစ်ခု ပါဝင်ပြီး ခန့်ညား ထည်ဝါနေသောကြောင့်ပင်။ မြွေနဂါးကဲ့သို့ ပုံရှိသည်။

ရှမ့်လန်က ဤမြွေနှင့် ပတ်သက်သည့် သက်ဆိုင်ရာ အချက်အလက်များကို သူ၏ ဦးနှောက်ထဲ ရှာမတွေ့ခဲ့ချေ။ မြွေဘုရင်က ရှမ့်လန်၏ အနားသို့ တိုးတိုးလာခဲ့၏။ ဓားဘုရင် လီချင်းချိုးက လှုပ်ရှားချင်စိတ် ပြင်းပြနေ၏။ သူက ဓားရိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ သူက အရင်ဆုံး ထိုမြွေဘုရင်ကို ဖမ်းဆီးလို၏။

သို့ပေမည့် နောက်တစ်စက္ကန့် အတွင်းမှာပဲ မြွေဘုရင်၏ အကြည့်က လီချင်းချိုးပေါ်သို့ ရောက်ရှိသွား၏။ ထိုအရာက တကယ်ပင် အစွမ်းထက်သည်။ သတ်ဖြတ်လိုစိတ်များကို ခံစားသိရှိ၏။ ဝူတူကျိ၏ စွဲမက်ဖယ်ရာကောင်းသည့် လိပ်ပြာများက ရှမ့်လန်နှင့် လီချင်းချိုးတို့ကို ဖုံးအုပ်ထားပြီး မြွေတစ်သောင်းတို့ကို ဆုတ်ခွာရန် အတင်းအကျပ် တွန်းအားပေးထားသည်။

ရုတ်တရက် မြွေဘုရင်က ပါးစပ်ကို ဟကာဖြင့် တစ်စုံတစ်ခုကို ထွေးထုတ်၏။ လီချင်းချိုးက ချက်ချင်းပဲ အသက်အောင့်ပြီး ခန္ဓာကိုယ်ပေါ်ရှီ ချွေးပေါက်အားလုံးကို ပိတ်၏။ မြွေဘုရင်က အဆိပ်ကို ထွေးထုတ်တော့မည်။

ထင်မှတ်ထားသည့်အတိုင်းပင် မြားတစ်စင်းကဲ့သို့ အဖြူရောင် မြူခိုးတစ်အုပ်က ပြေးထွက်လာခဲ့၏။ ရှမ့်လန်နှင့် လီချင်းချိုးတို့ကို ကာကွယ်ပေးနေသည့် မရေတွက်နိုင်သည့် လိပ်ပြာများက မြေပေါ်သို့ ပြုတ်ကျကာ သေဆုံးသွား၏။ သူတို့က ဆောင်းဦးပေါက်တွင် ကြွေကျသည့် သစ်ရွက်များကဲ့သို့ပင်။

ရှမ့်လန်၏ နှလုံးသားများက နာကျင်နေ၏။ ဤလိပ်ပြာများက ရတနာများ ဖြစ်၏။ မြွေဆိုးများ၏ သဘာဝရန်သူများလည်း ဖြစ်၏။ ယခုအချိန်တွင် ထိုအကောင်တို့က မြွေဘုရင်၏ အသက်ရှူနှုန်းကိုပင် မခံနိုင်ကြချေ။ ကျန်ရှိသည့် လိပ်ပြာများက သေတ္တာထဲသို့ ပျံသန်း ဝင်ရောက်ပြီး ပန်းအိုးဆီသို့ ပြန်ရောက်၏။

“လိပ်ပြာတွေ ကြောက်ပြီး ပြေးကုန်ပြီ။ စေတီတောင်ရဲ့ လိပ်ပြာတွေကလည်း အသုံးမဝင်ပါလား။”

ထိုအချိန်မှာပဲ မြွေဘုရင်က ရှမ့်လန်နှင့် လီချင်းချိုးတို့ဆီသို့ ရွေ့လျားလာ၏။ မြွေဆိုး ထောင်ပေါင်းများစွာတို့က တစ်ခါတည်း ကူးခတ်လာ၏။ ရှမ့်လန်က တကယ့်ကို သေးပေါက်ချင်စိတ်ပင် ပေါက်လာ၏။ လီချင်းချိုးက သူ၏ ဓားကို ထပ်မံ ဆုပ်ကိုင်လိုက်သည်။

“ဓားဘုရင်.. မလှုပ်နဲ့အုံး။” ရှမ့်လန်က ပြော၏။

ထိုအချိန်မှာတော့ လီချင်းချိုး၏ သိုင်းပညာ မည်မျှ မြင့်မားစေကာမူ ထောင်ပေါင်းများစွာသော မြွေများကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤလှိုဏ်ဂူထဲတွင် မဟာပညာရှင် ၁၀ ယောက်ပင် လုံလောက်မည် မဟုတ်ပေ။

မြွေဘုရင်က ရှမ့်လန်၏ ရှေ့တည့်တည့်သို့ ရွေ့လျားလာ၏။ ပြီးနောက် သူက ရှမ့်လန်ကို လျှာဖြင့်လျက်၏။ 'ဟင်.. ဒါက ဘာသဘောလဲ။ ငါ့ကို မြွေမများ ထင်နေသည်လား။’

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူက ရှမ့်လန်၏ကိုယ်ပေါ်သို့ တက်လာပြီး တဖြည်းဖြည်း ရှမ့်လန်ကို ရစ်ပတ်၏။ သူက ရှမ့်လန်ကို အနံ့ခံနေပုံရ၏။ ရှမ့်လန်က မလှုပ်မယှက်ဖြင့် နေ၏။ ဤခံစားချက်က လုံးဝ မကောင်းချေ။ သို့သော်ငြား သူက ကိုက်သတ်ခံရမည် မဟုတ်ဟု ယုံကြည်မှု ရှိ၏။ အဘယ်ကြောင့် ဆိုသော် စေတီတောင်ပေါ်ရှိ မရေတွက်နိုင်သည့် ပိုးများကပင် သူ၏သွေးကို သောက်သုံးပြီး သေဆုံးခဲ့ကြ သောကြောင့်ပင်။

မြွေဘုရင်က ရှမ့်လန်၏ လက်မောင်းကို ရစ်ပတ်ပြီး သူ၏ လက်ဖဝါးပေါ်သို့ တက်၏။ သူ၏ လက်ကို အသာပင် ဆွဲဖွင့်၏။ ပြီးနောက် သူက ချွန်ထက်သည့် အစွယ်များကို ဆန်တန်းပြီး ရှမ့်လန်၏ လက်ဖဝါးကို အမြန်ခြစ်လိုက်၏။ လှုပ်ရှားမှုက မြန်ဆန်၏။ ခြစ်မိသည့် ခဏအတွင်းမှာပဲ လျှပ်စီးကဲ့သို့ပင် ချက်ချင်း ဆုတ်ခွာသွား၏။

ခဏကြာမှာတော့ ရှမ့်လန်၏ လက်ဖဝါးပေါ်တွင် လတ်ဆတ်သည့် သွေးတစ်စက် ပေါ်လာ၏။ မြွေဘုရင်က ခေါင်းကို ဂရုစိုက်ငုံ့ပြီး ထိုအရာကို အနံ့ခံကြည့်၏။ ပြီးနောက် “ဝှစ်” သူက ရှမ့်လန်၏ ကိုယ်ပေါ်မှ အောက်သို့ ရွေ့လျားသွား၏။ ပြီးနောက် တိုက်ရိုက်ဆိုသလိုပင် ထွက်ခွာသွားခဲ့၏။ ခဏကြာမှာတော့ လုံးဝ ပျောက်ကွယ် သွားသည်။

“ဒါ ဘာသဘောလဲ။” မြွေဘုရင် ထွက်ခွာသွားခဲ့ပြီးနောက် မြွေဆိုးထောင်ပေါင်းများစွာတို့က ထွက်ခွာသွားခဲ့၏။ ထွက်ပြေးသည့် ပုံစံမဟုတ်ဘဲ ဟိုဟိုဒီဒီ လှည့်လည် သွားလာနေသည့် ပုံစံပင်။ သူတို့က ရှမ့်လန်ကို လျစ်လျူရှုထား၏။ မျက်စိတစ်မှိတ်အတွင်း လှိုဏ်ဂူထဲရှိ မြွေဆိုးအားလုံးက လုံးဝ ပျောက်ကွယ်သွား၏။ လူအရိုးစုများသာလျှင် ကျန်ရှိခဲ့၏။

ရှမ့်လန်နှင့် လီချင်းချိုးတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်၏။ ဒါ ဘာသဘော ဖြစ်သနည်း။ အတိတ်တုန်းက မင်းသားကျင်း ဘယ်လိုအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသနည်း။ မြွေဘုရင်က သူ့ကို မိတ်ဆွေဖွဲ့ခြင်း မရှိသလို ရန်လိုခြင်းလည်း မရှိကြောင်း ရှမ့်လန်က ရှင်းရှင်းလင်းလင်း ခံစားမိသည်။

သူ့ကို လေးစားသော အကွာအဝေးမှ နေ၍ ဝေးဝေးနေလိုသည့်ပုံလည်း ပေါ်၏။ ဤအရာက အဆင်ပြေသေး၏။ ပြီးနောက် ရှမ့်လန်က လမ်းကို စတင် ရှာဖွေတော့၏။ ဤလှိုဏ်ဂူက တကယ့်ကို ကြီးမားပြီး လေးဘက်လေးလံကို ချိတ်ဆက်နေ၏။ ဤအရာက ဝင်္ကပါတစ်ခုကဲ့သို့ပင်။ မည်သူမဆို အထဲသို့ ရောက်ပါက လမ်းပျောက်သွားနိုင်၏။

ရှမ့်လန်က သူ၏ X-Rayမျက်လုံးဖြင့် လှိုဏ်ဂူကို စတင်ကာ ကြည့်၏။ ဘာမှ မတွေ့ရချေ။ ပြီးနောက် ရှမ့်လန်က လှိုဏ်ဂူတစ်ခုစီကို လိုက်လံ စမ်းဆေးကြည့်ရန် ကြိုးစား၏။ ရလဒ်က အတူတူပင်။ လှိုဏ်ဂူတိုင်း နီးပါးက လေဝင်လေထွက်ရှိပြီး လေလည်း မနည်းပေ။ အလွန်ထူးဆန်း၏။ မြေအောက် မီတာ ရာပေါင်းများစွာတွင် လေမည်သို့ ရရှိနေသနည်း။

“ဒီလှိုဏ်ဂူကို စကြည့်ရအောင်။”

ပြီးနောက် ရှမ့်လန်နှင့် လီချင်းချိုးတို့က ရှေးဟောင်းအပျက်အစီး တည်ရှိရာ နေရာကို စတင်ကာ ရှာဖွေ၏။

ပထမ လှိုဏ်ဂူ ဘာမှ မရှိပေ။

ဒုတိယ လှိုဏ်ဂူ ဘာမှ မရှိပေ။

တတိယ လှိုဏ်ဂူ ဘာမှ မရှိပေ။

စတုတ္ထ လှိုဏ်ဂူ ……။

ပဉ္စမ လှိုဏ်ဂူ .....။

၁၀ နာရီ ပြည့်သွား၏။ ရှမ့်လန်နှင့် လီချင်းချိုးတို့က မည်သည့်အရာကိုမှ မတွေ့ကြချေ။

All Chapters