← Chapters

ကမ္ဘာဦး ခေါင်းလောင်း ပေါ်လာပြီ

Vol. 116 Ch. 1731

ကမ္ဘာဦး ခေါင်းလောင်း ပေါ်လာပြီ

Vol. 116 Ch. 1731

“မင်းက တကယ် အဲ့လို ထင်နေတာလား”

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူသည် နေရာလွဲသွားသော သူ၏လက်မောင်းကို ဂျွတ်ကနဲ အသံနှင့်အတူ ပြန်လည် တည့်မတ်လိုက်လေသည်။

နာကျင်မှုမှာ နှိုင်းယှဉ်၍မရအောင် ပြင်းထန်လှသော်လည်း သူ တစ်ချက်မျှပင် မတွန့်ခဲ့ချေ။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြမ်းကြုတ်လှသော စွမ်းအားများသည်လည်း အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိပေ။

သူတော်စင် သော်ပေါင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“အဓိပ္ပာယ်မရှိတာ၊ လူသားတွေရဲ့ စကားနဲ့ပြောရရင် ခေတ်တွေက တိုးတက်နေတာ၊ ကောင်းကင်ဘုံကိုးလွှာရဲ့ စွမ်းအားက မင်း စိတ်ကူးနိုင်တာထက် ပိုတယ်”

“မင်း တစ်ချိန်က ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းခဲ့ပါစေ ... ဒါပေမဲ့ အခုတော့...”

သူတော်စင် သော်ပေါင်၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော လှောင်ပြုံးတစ်ခု ပေါ်လာသည်။

“မင်းက အိုမင်းသွားပြီ”

သူကိုယ်တိုင်ပင်လျှင် ယဲ့ဖန်ကို အနိုင်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ အကယ်၍ ဤလူသာ ကောင်းကင်ဘုံ ကိုးလွှာသို့ တက်လှမ်းသွားခဲ့လျှင် လူတိုင်း၏ သနားစရာ ဖြစ်လာမည် မဟုတ်ပါလော။

တစ်ချိန်က ဧကရာဇ် ကိုးပါးသည် ကျုံးကျိုးတစ်ခွင်ကို စိုးမိုးခဲ့စဉ်က ကောင်းကင်ဘုံ ကိုးလွှာပင်လျှင် သူ့ကို ဘာမှ မတတ်နိုင်ခဲ့ချေ။ သို့သော် ယခုအခါတွင်မူ ကောင်းကင်ဘုံ ကိုးလွှာသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

မူလက သူသည် ယဲ့ဖန်က ကောင်းကင်ဘုံကိုးလွှာကို ထိခိုက်စေမည်ကို စိုးရိမ်ခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ သူ အတွေးလွန်ခဲ့ပုံရသည်။ သူ့ရှေ့မှောက်ရှိ လူမှာ ကျော်ကြားသလောက် အစွမ်းမရှိသည်မှာ တွေ့ရုံနှင့် သိသာလှ ပေသည်။

ဒဏ္ဍာရီထဲတွင် ပြောသလောက်လည်း မကြီးကျယ်လှပေ။

ဧကရာဇ် ကိုးပါးသည် ယခင်ကကဲ့သို့ ကမ္ဘာလောကကြီးကို ထပ်မံအုပ်စိုးနိုင်တော့မည် မဟုတ်ချေ။

“အိုမင်းသွားပြီ ဟုတ်လား၊ ဟဲဟဲ...”

ယဲ့ဖန်သည် ခေါင်းကိုခါယမ်းကာ တိုးတိုးကလေး ရယ်မောလိုက်သည်။

သို့သော်လည်း ထိုခဏမှာပင် အသက်ရှူကျပ်ပြီး အလုံးစုံကို လွှမ်းမိုးသွားနိုင်သော ကြမ်းကြုတ်သည့် အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

၎င်းမှာ မီးတောင်ပေါက်ကွဲသည့်အလားပင်။

ကောင်းကင်ယံရှိ ကြယ်တာရာများမှာ ရူးသွပ်စွာ တုန်ခါသွားကြပြီး ထူးဆန်းသော ငိုညည်းသံများကို ထုတ်လွှတ်နေကြလေတော့သည်။

“ဘာလဲ”

သူတော်စင် သော်ပေါင်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

“ဒီအရှိန်အဝါက...”

“ခေတ်ကုန်သွားပြီ ဟုတ်လား၊ ဒါဆိုရင် ငါခေတ်ကုန်၊ မကုန်ဆိုတာကို ငါ့ဘဝ ကိုးဘဝစာလုံးမှာ စုဆောင်းထားခဲ့တဲ့ စွမ်းအားတွေနဲ့ မင်းကို ပြပေးရမှာပေါ့”

ယဲ့ဖန် ကြုံးဝါးလိုက်ရာ နေနှင့်လကိုပင် တုန်ခါသွားစေပြီး သူ၏စွမ်းအားများမှာ ယခင်ကနှင့်မတူအောင် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် အရပ်မျက်နှာအနှံ့ တုန်လှုပ်သွားခဲ့ပြီး ရှေးဟောင်းသက်ရှိ ဂြိုဟ်အားလုံး၏ စွမ်းအား များသည် ဤအခိုက်အတန့်တွင် ယဲ့ဖန်ထံသို့ ရူးသွပ်စွာ စုစည်းလာကြလေသည်။

ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှပြီး အတိုင်းအဆမရှိသော စွမ်းအင်များသည် ယဲ့ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ ရိုက်ခတ်ဝင်ရောက်လာခဲ့သည်။

တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။

သက်ရှိများရှိနေသော ရှေးဟောင်းဂြိုဟ်အားလုံးသည် ၎င်းတို့၏ အသက်စွမ်းအင်များကို ယဲ့ဖန်၏ ဝါးမြိုခြင်း ခံနေရလေပြီ။

ထို့နောက်တွင် ထိုဂြိုဟ်များသည် တစ်လုံးပြီး တစ်လုံး လျင်မြန်စွာ မှိန်ဖျော့သွားကြပြီး၊ အလင်းရောင်များ ပျောက်ကွယ်ကာ ထာဝရ တိတ်ဆိတ်ခြင်း အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

*ဂြိုဟ်တွေကို ဝါးမျိုခြင်း*

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတော်စင် သော်ပေါင်သည် ကျောရိုးထဲအထိ စိမ့်တက်သွားကာ အေးစက် သွားခဲ့သည်။ ယဲ့ဖန်၏ အရှိန်အဝါ ဆက်တိုက် မြင့်တက်လာနေသည်ကို သူ ခံစားလိုက်ရသည်။

အင်မော်တယ် ဧကရာဇ်၊ သူတော်စင်၊ သူတော်စင် အလွန်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူတော်စင် သော်ပေါင်၏ မျက်နှာတွင် အံ့အားသင့်ဟန် ပေါ်နေသည်။ ယဲ့ဖန်သည် လွန်ခဲ့သော မိနစ်ပိုင်းက သူ၏ တိုက်ခိုက်မှုကို မဖယ်ရှားနိုင်ခဲ့သော်လည်း ခဏကြာသော် အသာလေး တားဆီးနိုင်ခဲ့သည်။

လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်မှာ မိနစ်အနည်းငယ်အတွင်းမှာပင် မသေမျိုးဧကရာဇ်အဆင့်မှ သူတော်စင် ထက်သာလွန်သော အဆင့်အထိ တစ်ဟုန်ထိုး မြင့်တက်သွားသည်ကို သူ စောင့်ကြည့်နေခဲ့ရသည်။

ဤသည်မှာ တကယ့်ကို မယုံနိုင်စရာပင်။

သူတော်စင် သော်ပေါင်သည် မိမိကိုယ်မိမိ စိတ်ချောက်ချားပြီး အမြင်မှားနေသလားဟုပင် ထင်မှတ်လိုက်ရသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်သည် ဤမျှ ကျယ်ပြောလှပြီး အတိုင်းအဆမဲ့သော စွမ်းအင်များကို မည်သို့ တောင့်ခံထား နိုင်ရသနည်း။

သို့သော်လည်း သူ မသိခဲ့သည်မှာ ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုတည်းဆိုပါက တောင့်ခံနိုင်မည် မဟုတ်သော်လည်း၊ ယခုမူ သူသည် ကိုယ်ခန္ဓာကိုးခု ပေါင်းစည်းထားခြင်း ဖြစ်သည်။

အိမ်တစ်အိမ်ရှိ မရေမတွက်နိုင်သော မီးသီးများ တစ်လုံးပြီးတစ်လုံး ငြိမ်းသွားသည့်အလား ကြယ်တာရာ များသည်လည်း တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်ကုန်လေတော့သည်။

ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် အတိုင်းအဆမရှိသော စွမ်းအင်အဟုန်များသည် တစ်ဟုန်ထိုး စုဆောင်းလာကြရာ၊ ၎င်းတို့၏ အရှိန်အဝါမှာ ကြီးမားထည်ဝါလှပြီး ခမ်းနားမှုမှာလည်း အတိုင်းအဆမဲ့လှပေသည်။

ဤအခိုက်အတန့်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည့်အလား ရှိနေပြီး၊ သူ၏ အရိုးများ၊ အသားအရေနှင့် ဆံပင်များပင်လျှင် နတ်ဘုရားအလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပနေ လေတော့သည်။

ဤမြင်ကွင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သူတော်စင် သော်ပေါင်ပင်လျှင် သေလုမတတ် ထိတ်လန့်သွားခဲ့ရသည်။

*ဒါ ဧကရာဇ် ကိုးပါးရဲ့ စစ်မှန်တဲ့ အစွမ်းလား*

သူသည် မိမိကိုယ်မိမိ ပါးနှစ်ချက်လောက် ပြန်ရိုက်ချင်စိတ်ပင် ပေါက်သွားတော့သည်။ စောစောက ထိုကဲ့သို့သော စကားမျိုးကို ပြောမိရန် သူ မည်မျှပင် မိုက်ရူးရဲဆန်ခဲ့ရသနည်း။

“ယဲ့ဖန် ... သေစမ်း”

သူတော်စင် သော်ပေါင်သည် လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ကြောင်း ချက်ချင်း သိလိုက်သည်။ ယဲ့ဖန်၏ အရှိန်အဝါ အထွတ်အထိပ်သို့ မရောက်ရှိမီ သူ ယဲ့ဖန်ကို အမြစ်ပြတ် ချေမှုန်းရပေမည်။

“ဝုန်း”

ထိုအခိုက်မှာပင် သူတော်စင် သော်ပေါင်သည် ရှေ့သို့ တစ်ဟုန်ထိုး ခုန်အုပ်လိုက်ပြီး၊ သူ၏ နတ်ဘုရား စွမ်းအားများနှင့် ကောင်းကင်ဘုံရှိ မှော်ရတနာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ၊ ကမ္ဘာတုန်စေမည့် ဒေါသမာန်ဟုန်ပါသော လက်ဖဝါးရိုက်ချက်ဖြင့် ယဲ့ဖန်၏ မျက်နှာကို ကြယ်တံခွန်တစ်ခုအလား ရိုက်ချလိုက် လေသည်။

“ဒုန်း”

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် အပြင်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။

အတိုင်းအဆမရှိသော တုန်ခါမှုများသည် ဟင်းလင်းပြင်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး၊ ဟင်းလင်း ပြင်ကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်တော့မည့်အလားပင်။

သို့သော်လည်း ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

သူတော်စင် သော်ပေါင်၏ ပြင်းထန်လှသော လက်ဖဝါးရိုက်ချက်ကို ယဲ့ဖန်က လက်တစ်ဖက်တည်းဖြင့် ခုခံတားဆီး ထားသည်ကို တွေ့လိုက်ရလေသည်။

“ဒါ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”

သူတော်စင် သော်ပေါင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။ လွန်ခဲ့သော မိနစ် အနည်းငယ်ကပင် ယဲ့ဖန်သည် သူ၏ တိုက်ခိုက်မှုကို မတောင့်ခံနိုင်ခဲ့သော်လည်း၊ ယခုမူ ဤမျှလွယ်ကူစွာ တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်က သူ့ကို ယုတ်မာသောအကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး။

“အခုတော့... မင်း သေလို့ရပြီ”

ဒေါသမာန်ဟုန်များ ပါဝင်သော လက်သီးချက်တစ်ချက် ပေါက်ကွဲထွက်လာခဲ့သည်။

ကြယ်ပေါင်းတစ်သောင်း၏ စွမ်းအားများ စုစည်းထားသော ထိုလက်သီးချက်မှာ စကြာဝဠာတစ်ခုလုံးနှင့် အရပ်မျက်နှာအနှံ့ကို တုန်ခါသွားစေပြီး၊ ထာဝရကာလကိုပင် ကျော်ဖြတ်ကာ ၎င်း၏ ဖျက်ဆီးအားမှာ ရေပူစမ်းတစ်ခု ပေါက်ထွက်လာသည့်အလား တစ်ခဏချင်းအတွင်း ပန်းထွက်လာခဲ့လေသည်။

ဤအခိုက်အတန့်တွင် နက်ဗျူလာပင်လျှင် သူမအပေါ် ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ဘေးသို့ အမြန် ရှောင်ဖယ် လိုက်ရသည်။ ထို့နောက်တွင် သူမ၏ မျက်နှာပေါ်၌လည်း ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာခဲ့သည်။

ဒါဟာ တကယ့်ကို မယုံနိုင်စရာပင်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်သည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် ရှေးဟောင်း မိစ္ဆာကြီးဖြစ်သော သူမကိုပင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ယခင် ဟင်းလင်းပြင်ထဲ၌ရှိစဉ်က ယဲ့ဖန်ကို သတ်ရန်မှာ အလွန်လွယ်ကူသော အလုပ်တစ်ခုဟု သူမ ထင်မှတ် ခဲ့သော်လည်း ယခု ယဲ့ဖန်၏ နည်းလမ်းများကို မြင်လိုက်ရသောအခါမှ သူမ အလွန်အမင်း အတွေးလွန်ခဲ့ကြောင်း သိလိုက်ရသည်။

*ငါ့ရှေ့က ဒီကောင်လေးက အဲဒီတုန်းက အိုးရန်ချင်ရွှယ်ထက်တောင် ပိုပြီး အစွမ်းထက်နေပါလား*

*ချီးပဲ*

သူတော်စင် သော်ပေါင်၏ မျက်လုံးအိမ် ပြင်းထန်စွာ ကျုံ့သွားပြီးနောက် သူသည် နောက်သို့ ရုတ်တရက် ဆုတ်ခွာ လိုက်သည်။ ထို့နောက် သူ၏ မှော်ရတနာများအားလုံးကို မိမိရှေ့တွင် အကာအကွယ်အဖြစ် တွန်းထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်သီးဖြင့် အားကုန်လွှဲ၍ ရိုက်ချလိုက်လေတော့သည်။

ဤအချိန်တွင် သူသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ခေါင်းမွေးများပင် ထောင်လာတော့သည်။ သူ ဆုတ်ခွာစရာ လမ်းမရှိတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့ကြောင်း သိလိုက်သည်။

ကောင်းကင်ဘုံ၏ မှော်ရတနာများ၏ အကာအကွယ်ကို ယူကာ သူသည် မိမိ၏ စွမ်းအားကို အထွတ်အထိပ်အထိ မြှင့်တင်လိုက်ပြီး ကမ္ဘာလောကကို ဖျက်ဆီးပစ်နိုင်သည့် ဤကြမ်းကြုတ်သော သတ်ဖြတ်ကွက်ကို အတင်းအဓမ္မ ခုခံတားဆီးလိုက်လေသည်။

“ဝုန်း”

ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားပြီး ကြယ်တာရာများ ကြေမွပျက်စီးကာ လောကကြီး ပြိုလဲသွားခဲ့သည်။ ထိုနေရာမှ အရာအားလုံးကို သုညဖြစ်စေမည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

“ဂျွတ် ဂျွတ်”

အက်ကွဲသံ နှစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်သံမှာ မှော်ရတနာများ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည့် အသံဖြစ်ပြီး၊ နောက်တစ်သံမှာ သူ၏ အရိုးများ ပေါက်ကွဲသွားသည့် အသံပင် ဖြစ်သည်။

သူတော်စင် သော်ပေါင်၏ ညာဘက်လက်မောင်းမှာ တစ်လက်မချင်းစီ ပေါက်ကွဲထွက်သွားပြီး၊ ရွှေရောင်ရှိသော သူတော်စင်သွေးများမှာ ဟင်းလင်းပြင်အနှံ့ လွင့်စင်သွားရာ မြင်ရသူအပေါင်း ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။

“ဒါ ... မဖြစ်နိုင်ဘူး”

သူတော်စင် သော်ပေါင်၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထိုင်းအသား ပေါ်လာခဲ့သည်။ ဤအခြေအနေတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ နတ်ဘုရားသံမဏိကဲ့သို့ မာကျောလှသဖြင့် အနှိုင်းမဲ့နီးပါး ဖြစ်နေခဲ့သည်မဟုတ်လား။ လက်သီးတစ်ချက်တည်းဖြင့် မည်သို့များ ကြေမွသွားနိုင်ရသနည်း။

ယဲ့ဖန်၏ လက်သီးချက်မှာ အလုံးစုံကို လွှမ်းမိုးထားနိုင်သော စွမ်းအားရှိသဖြင့် ကောင်းကင်နှင့် မြေကြီးမှာပင် ပြတင်းပေါက် စက္ကူကဲ့သို့ ပါးလွှာပြီး ကျိုးပဲ့လွယ်နေသည့်အလား ထင်ရသည်။

*မြင့်မြတ်တဲ့ လက်နက်ကနေ အသွင်ပြောင်းလာတဲ့ ငါ့ခန္ဓာကိုယ်က ဒါကိုတောင်မှ မခံနိုင်ဘူးလား၊ ဒါက မယုံနိုင်စရာပဲ*

ထိုတင်မကသေးဘဲ မှော်ရတနာ ထက်ဝက်ကျော်မှာလည်း ယဲ့ဖန်၏ လက်ချက်ဖြင့် အမှုန့်ဖြစ်သွားခဲ့လေပြီ။

သူတော်စင် သော်ပေါင်၏ လက်များမှာ သွေးထွက်နေသကဲ့သို့ သူ၏ နှလုံးသားမှာလည်း သွေးစိမ်းရှင်ရှင် ထွက်နေသည်။ ဤအရာများသည် သူ၏ တစ်သက်တာလုံး အပင်ပန်းခံ စုဆောင်းခဲ့သည့် ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာများ ဖြစ်သည်။ ယခုမူ ထက်ဝက်ခန့်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ ရင်ထဲ၌ နာကျင်နေမိသည်။

“မင်းမှာ တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲ ထုတ်သုံးလိုက်ဦး၊ မဟုတ်ရင်တော့ မင်း အခွင့်အရေး ရတော့မှာ မဟုတ်ဘူး”

ယဲ့ဖန်သည် တိမ်တိုက်များကြားတွင် ဂုဏ်ယူဝင့်ကြွားစွာ ပျံသန်းနေပြီး သူ၏ နောက်ကွယ်တွင် ကိုယ်ပွားများမှာ နိမ့်ချည်မြင့်ချည်နှင့် နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်နေသည်။ ၎င်းအရှိန်အဝါက ကောင်းကင်ဘုံကို တုန်ခါစေကာ တာအိုကိုပင် ရိုက်ချိုးပစ်တော့မည့်အလား ရှိနေပြီး သူတော်စင် သော်ပေါင်ကို ဒေါသတကြီး စိုက်ကြည့်နေလေတော့သည်။

ဤအခိုက်အတန့်တွင် စကြဝဋ္ဌာ နတ်ဆိုးဧကရာဇ်၏ စွမ်းအားမှာ အပြည့်အဝ ပေါ်လွင်နေပြီ ဖြစ်သည်။

မောက်မာဝင့်ကြွားလှသည်။ ကြမ်းကြုတ်ရက်စက်လှသည်။

သူတော်စင် သော်ပေါင်သည် သွားများကို ကြိတ်ထားရာမှ မီးပွင့်ထွက်မတတ် ဖြစ်နေပြီး နားမခံသာသော တဂျိဂျိ အသံများ ထွက်ပေါ်နေသည်။

ထိုစဉ်မှာပင် လုံးဝကွဲပြားခြားနားပြီး စွမ်းအားကြီးမားလှသော အရှိန်အဝါတစ်ခုသည် သူတော်စင် သော်ပေါင်၏ ခန္ဓာကိုယ်အတွင်းမှ စီးထွက်လာခဲ့သည်။

“တာအိုတရား”

သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးသွားပြီးနောက် ခန့်ညားထည်ဝါလှသော ရှေးဟောင်းခေါင်းလောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုခေါင်းလောင်းကြီးမှ ထောင်ပေါင်းများစွာသော ကမ္ဘာဦးစွမ်းအင်များမှာ အောက်သို့ တွဲလောင်းကျနေပြီး တစ်ခုချင်းစီမှာ ပေါင်ချိန်သောင်းချီ၍ လေးလံလှပေသည်။

“ဧကရာဇ် ကိုးပါး... ငါတို့ အတူတူ သေကြတာပေါ့”

သူတော်စင် သော်ပေါင်သည် ကြုံးဝါးလိုက်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားကာ သူ၏ မူလကိုယ်အသွင် သဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာဦးခေါင်းလောင်း။

ရှေးကျလှသော အရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။ ခေတ်အဆက်ဆက်ကို ဖြတ်သန်း လာခဲ့ပြီး၊ အင်အားကြီး ပုဂ္ဂိုလ်များကို ချေမှုန်းခဲ့ကာ၊ သူတော်စင်များကိုပင် ထိတ်လန့်တုန်လှုပ်စေခဲ့သော ထိုကမ္ဘာဦး ခေါင်းလောင်းကြီးမှာ ယခုအခါ ၎င်း၏ စစ်မှန်သော အသွင်သဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်ပြီး အတိုင်းအဆမဲ့သော စွမ်းအားများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေလေသည်။

ဤကဲ့သို့သော ပြောင်းလဲမှုမျိုးမှာ ကောင်းကင်ဘုံ၏ နိယာမများကို ကျော်လွန်နေသဖြင့် မိမိ၏ ကျင့်ကြံမှုကိုပါ ထိခိုက်စေမည်ဖြစ်သည်။ သူတော်စင် သော်ပေါင် အနည်းဆုံး နှစ်ပေါင်းတစ်သန်းကြာ ဆည်းပူးခဲ့သော ကျင့်ကြံမှုများမှာ ခဏချင်းအတွင်း ပျက်စီးသွားပေလိမ့်မည်။

သူသည် ကျန်ရှိနေသော မှော်ရတနာအားလုံးကို ဝါးမြိုကာ အရည်ကျိုပစ်လိုက်သည်။

သူကိုယ်တိုင်မှာလည်း ကမ္ဘာဦးခေါင်းလောင်းကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး သူ၏ တာအိုတရားကို သန့်စင် လိုက်လေသည်။

“ဝုန်း”

ကြီးမားလှသော စွမ်းအားတစ်ခု တိုးထွက်လာခဲ့သည်။ ဧရာမ ခေါင်းလောင်းကြီးမှာ ဟင်းလင်းပြင်ထဲတွင် ဆိုင်းငံ့နေပြီး မရေမတွက်နိုင်သော ရှေးဟောင်းကြယ်တာရာများကို ချေမှုန်းပစ်ကာ၊ မမြင်နိုင်သော သတ်ဖြတ် လိုစိတ်များမှာ ယဲ့ဖန်ထံသို့ ပင်လယ်ပြင်ကြီးတစ်ခုအလား စီးဝင်သွားခဲ့သည်။

“ထိပ်တိုက်ရင်ဆိုင်မယ် ဟုတ်လား၊ အဲဒါမျိုးကို ငါ သဘောကျတယ်”

ယဲ့ဖန် ဟစ်ကြွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။ သူ၏ အတွင်းပိုင်း၌ မီးပင်လယ်ကြီးတစ်ခု လှိုင်းထနေပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်မြိုက်ပစ်တော့မည့်အလား ခံစားနေရသည်။

“ဝုန်း”

နဂါးကိုးကောင် မီးလင်းဖိုသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

နဂါးရိပ်ကိုးခု ထွက်ပေါ်လာပြီး သူတော်စင် သော်ပေါင်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ ထိုနဂါးများ၏ ဟိန်းဟောက်သံမှာ နဂါးငွေ့တန်း တစ်ခုလုံးကို ဆွဲဖြဲပစ်ရန် လုံလောက်လှပေသည်။

ဤအဆင့်ရှိ တိုက်ပွဲမျိုးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်၊ ၎င်းမှာ ကမ္ဘာကြီးကို ဖျက်ဆီးရုံ သာမကဘဲ တစ်လောကလုံးကို အလွယ်တကူ ပြိုလဲသွားစေနိုင်သည်အထိ ပြင်းထန်လှသည်။

နဂါးကိုးကောင်း မီးလင်းဖိုကြီးပေါ်တွင် တာအိုအမှတ်အသားများမှာ အလွှာပေါင်းများစွာ ထပ်လျက် ပေါ်ပေါက် လာခဲ့သည်။

ကွဲပြားခြားနားသော တာအိုပေါင်း တစ်သောင်းဖြင့် သွန်းလုပ်ထားသည့် ဤမီးလင်းဖိုကြီး၏ စွမ်းအားမှာ တာအိုအားလုံး တစ်မှတ်တည်း၌ ဆုံစည်းနေသော ယဲ့ဖန်၏ လက်ရှိအခြေအနေတွင်သာ အပြည့်အဝ ပွင့်ထွက် လာခြင်း ဖြစ်သည်။

နက်ဗျူလာပင်လျှင် ၎င်းကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားခဲ့သည်။ ထိုအိုးကြီး၏ ကြီးမားလှသော စွမ်းအားက သူမကို မတင်မကျဖြစ်စေကာ စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

ယဲ့ဖန်သည် ကီလိုဂရမ်ပေါင်း ဘီလီယံချီ၍ လေးလံသော ထိုဧရာမနတ်ဘုရား မီးလင်းဖိုကြီးကို လက်တစ်ဖက်တည်းဖြင့် မလိုက်ရာ သူ၏လက်ထဲတွင် ငှက်မွှေးတစ်ခုကဲ့သို့ ပေါ့ပါးနေသည့်အလား ထင်ရသည်။

ထို့နောက် ယဲ့ဖန်သည် ဥက္ကာခဲတစ်ခုကို နင်းကာ လျှပ်စီးကဲ့သို့ ဘေးတိုက်ရွေ့လျားသွားပြီး နဂါးကိုးကောင် မီးလင်းဖိုကြီးဖြင့် လွှဲ၍ ရိုက်ချလိုက်လေသည်။

သူတော်စင် သော်ပေါင်သည်လည်း ဤစွမ်းအားကို အာရုံခံမိလိုက်ပြီး ချက်ချင်းပင် ကမ္ဘာဦးခေါင်းလောင်း ကြီးမှာလည်း စူးရှတောက်ပသော အလင်းတန်းများနှင့်အတူ အရှိန်အဟုန်ဖြင့် ထိပ်တိုက် တိုးဝင်လာခဲ့သည်။

“ဘုန်း”

နတ်ဘုရားအဆင့် ရိုက်ခတ်မှုလှိုင်း တစ်ခုသည် အပြင်ဘက်သို့ ပြန့်ကားသွားပြီး နှစ်ပေါင်း ရာချီ၊ ထောင်ချီတို င်အောင် မလှုပ်မယှက် တည်ရှိခဲ့သော ကြယ်တာရာများစွာမှာ ဤအခိုက်အတန့်တွင် လွင့်စင်ထွက်သွားခဲ့ကြသည်။

ထိုစွမ်းအားအောက်တွင် သက်ရှိများစွာမှာလည်း ပျက်စီးဆုံးပါးသွားခဲ့ရသည်။

ကြောက်မက်ဖွယ်ကောင်းသော မီးပွားများ ပေါက်ကွဲထွက်လာပြီး ၎င်းတို့၏အလင်းမှာ နေမင်းထက်ပင် ပိုမို တောက်ပကာ ပူပြင်းလှပေသည်။ ဟင်းလင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေသဖြင့် ကြယ်တာရာများ၏ အလင်းရောင်မှာပင် မှေးမှိန်သွားခဲ့ရသည်။

ဟင်းလင်းပြင်ကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားလုနီးပါးပင်။

နက်ဗျူလာပင်လျှင် တိုက်ပွဲ၏ အရှိန်အဟုန်ကြောင့် ထိခိုက်မည်ကို စိုးရိမ်သဖြင့် အဝေး၌သာ နေတော့သည်။

ကမ္ဘာဦးခေါင်းလောင်း၏ ထောင့်တစ်နေရာမှာ ချက်ချင်းပင် ပဲ့ထွက်သွားပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာ အနာအဆာများဖြင့် ပြည့်နှက်သွားခဲ့သည်။

နဂါးကိုးကောင် မီးလင်းဖိုကြီးမှာလည်း ပြင်းထန်စွာ ပျက်စီးသွားပြီး ၎င်းပေါ်ရှိ တာအိုအမှတ်အသား အချို့မှာ ပျက်ပယ်သွားခဲ့သည်။ ၎င်းမှာ ကြီးမြတ်သော တာအိုတရားတစ်ခု ချေမှုန်းခံလိုက်ရခြင်းကို ကိုယ်စားပြုပေသည်။

“ဒါပဲလား”

ယဲ့ဖန်က ထိုရှေးဟောင်းခေါင်းလောင်းကြီးကို အေးစက်တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“မင်းကို သတ်ဖို့အတွက်တော့ ဒီလောက်ဆို လုံလောက်ပါတယ်”

သူတော်စင် သော်ပေါင်သည် တရစပ် ကြုံးဝါးလိုက်ပြီး ကမ္ဘာဦးခေါင်းလောင်းကြီးမှာ ရာပေါင်းများစွာသော ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားကာ တောက်ပသော ကြယ်တာရာများအလား ယဲ့ဖန်ရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။

၎င်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းတစ်ခုပင်။ လမ်းကြောင်း အားလုံးကို ချေမှုန်းဖျက်ဆီးပစ်ကာ အတိုင်းအဆမရှိသော သတ်ဖြတ်လိုစိတ်များမှာ တစ်ခဏချင်း အတွင်း ရောက်ရှိလာပြီး ယဲ့ဖန်ကို ဝါးမြိုပစ်လိုက်လေသည်။

ဤအခိုက်အတန့်တွင် ယဲ့ဖန်သည်လည်း ပေါ့ဆရဲခြင်း မရှိတော့ချေ။ သူ၏ အထွတ်အထိပ် စွမ်းအားများကို အပြည့်အဝ ပြန်လည်မရရှိသေးမီ သူတော်စင်တစ်ဦးကို လျှော့တွက်၍ မရနိုင်ပေ။

ဤသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပြီး ခြေလှမ်းတစ်ချက် မှားလိုက်သည်နှင့် အစအနမကျန် ပျက်စီး သွားနိုင်ပေသည်။

ထိုစဉ်မှာပင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထူးခြားဆန်းပြားသော ဖြစ်ရပ်ကိုးခုမှာ တစ်ပြိုင်နက်တည်း ရုန်းကြွလာပြီး ဟင်းလင်းပြင်ကို ဖိနှိပ်ကာ အရာအားလုံးကို မရပ်တန့်နိုင်သော အင်အားဖြင့် ချေမှုန်းပစ် လေတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဧရာမအိုးကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ကာ မိမိကိုယ်ကို ကာကွယ်လိုက်ပြီး ရှေ့သို့ အားမာန်ပါပါ လှမ်းတက်သွားရာ အဆုံးမရှိသော ရှေးဟောင်းခေါင်းလောင်းများကြားမှ လမ်းတစ်ခုကို တိုက်ရိုက် ရိုက်ခွဲဖောက်ထွက်လိုက်လေသည်။

“ဝုန်း ဝုန်း ဝုန်း”

ပေါက်ကွဲသံများမှာ မပြတ်တမ်း ထွက်ပေါ်လာပြီး ရှေးဟောင်းခေါင်းလောင်း ကိုယ်ပွားများစွာမှာ လွင့်စင် သွားကြကာ တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားကြတော့သည်။

“မပြီးသေးဘူး”

သူတော်စင် သော်ပေါင် အော်ဟစ်လိုက်ရာ ရှေးဟောင်းခေါင်းလောင်း အားလုံးမှာ တစ်ပြိုင်နက်တည်း တုန်ခါ သွားကြပြီး ပြင်းထန်ကာ အရှိန်အဝါကြီးမားလှသော ခေါင်းလောင်းသံလှိုင်းများမှာ အပြင်ဘက်သို့ ရိုက်ခတ် လာခဲ့သည်။

ထိုအသံလှိုင်း တစ်ခုချင်းစီမှာ ကြီးမြတ်သောတာအို၏ နတ်ဘုရားအသံများဖြစ်ပြီး ၎င်းတို့၏ စွမ်းအားမှာ စိတ်ကူး ကြည့်ရန်ပင် ခက်ခဲလှပေသည်။

ထိုအသံတစ်ချက်မှာပင် အင်မော်တယ် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ရန် လုံလောက်လှသည်။

သူတော်စင် သော်ပေါင်သည် ကောက်ကျစ်သော အသံဖြင့် တဟားဟား ရယ်မောလိုက်သည်။ ယဲ့ဖန်က သူ၏ တိုက်ကွက် ဗျူဟာအတွင်းသို့ တိုးဝင်လာခြင်းမှာ သူအလိုရှိဆုံး အရာပင် ဖြစ်သည်။

သူသည် ဤတာအိုနတ်ဘုရားအသံကို အသုံးပြု၍ ယဲ့ဖန်ကို ဤနေရာ၌ပင် အမြစ်ပြတ် သတ်ဖြတ်ပစ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရုတ်တရက်ဆိုသလို နတ်ဘုရားအသံတစ်ခု ပေါ်ထွက်လာပြီး၊ ကောင်းကင်ဘုံတာအို၏ အတိုင်းအဆမဲ့သော စွမ်းအားများကို သယ်ဆောင်လာကာ အရပ်မျက်နှာအနှံ့ရှိ မြင်သမျှအရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ် လေတော့သည်။

All Chapters