← Chapters

ငါတို့သခင်ကြီးရဲ့ အမိန့်အရ မင်းတို့ရဲ့ အညတရ အသက်တွေကို နုတ်ယူဖို့ ငါတို့ ဒီကိုလာတာ

Vol. 14 Ch. 206

ငါတို့သခင်ကြီးရဲ့ အမိန့်အရ မင်းတို့ရဲ့ အညတရ အသက်တွေကို နုတ်ယူဖို့ ငါတို့ ဒီကိုလာတာ

Vol. 14 Ch. 206

တစ်ရက်ကြာပြီးနောက် နေ့လည်ခင်းတစ်ခုတွင် မွန်ဂိုးလီးယားနိုင်ငံ၏ ချာရှစ်မြို့တော်၌ မဟူရာ ကြက်ခြေခတ်ဘားက အထူးဧည့်သည်တော် အဖွဲ့တစ်ဖွဲ့အား ကြိုဆိုလျက် ရှိသည်။

"အရှင် မိစ္ဆာ ဝိညာဉ်ရိုင်း၊ တွေ့ရတာ ဝမ်းသာပါတယ်။ ခင်ဗျား ရှန့်ကျန်းဂိုဏ်းခွဲက ညီအစ်ကို တော်တော်များများကို ခေါ်လာတာပဲ"

ချာရှစ်မြို့ရှိ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲခေါင်းဆောင် ဝူလူက မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြားသူများကို နှုတ်ခွန်းဆက်၍ ကြိုဆိုလိုက်၏။

သူသည် ဆရာသခင် နောက်ဆုံးအဆင့်သို့ ရောက်နေသော မွန်ဂိုလီးယား လူကြမ်းကြီး တစ်ယောက် ဖြစ်သည်။

ရှန့်ကျန်းမြို့ ဂိုဏ်းခွဲမှ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြားသူများ ရောက်လာလိမ့်မည်ဟု ဝူလူ လုံးဝ မျှော်လင့်မထားခဲ့မိပါ။

သူ့စကားကို ကြားသောအခါ ဝိညာဉ်ရိုင်း မသိမသာ မခိုးမခန့် အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။

"ကျုပ်တို့ သခင်ကြီးရဲ့ အမိန့်အရ ချာရှစ်မြို့မှာ သုတ်သင် ရှင်းလင်းရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ ကျုပ်တို့ လာတာ"

*သခင်ကြီး*

ဝူလူ တစ်ခဏမျှ ကြောင်သွားရသည်။ မိစ္ဆာ ဝိညာဉ်ရိုင်း ပြောသည့် 'သခင်ကြီး' ဟူသော စကားကို သူ လုံးဝ နားမလည်နိုင်ပါ။

သူ ပြန်မေးတော့မည့် အချိန်တွင် ဝိညာဉ်ရိုင်း၏ မေးခွန်းကို သူ ရုတ်တရက် ကြားလိုက်ရသည်။

"ဝူလူ၊ မွန်ဂိုးလီးယားက ဒီမဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲရဲ့ ဂိုဏ်းသားအားလုံး ဒီမှာ ရှိလား"

မြေအောက်ခန်းတွင် မွန်ဂိုလီးယား ဆရာသခင်အဆင့် ပညာရှင် အယောက် နှစ်ဆယ်ကျော်ခန့် ရှိသည်၊ သူတို့အားလုံးက မဟူရာ ကြက်ခြေခတ် အဖွဲ့သားများ ဖြစ်သည်။

မသင်္ကာမကင်း ဖြစ်သော်လည်း ဝူလူက ပြန်ဖြေလိုက်သေးသည်။

"အရှင် မိစ္ဆာ ဝိညာဉ်ရိုင်း၊ မွန်ဂိုလီးယားက နိုင်ငံသေးသေးလေး တစ်ခုပါ၊ ကျုပ်တို့မှာ ဆရာသခင်အဆင့် ပညာရှင် နှစ်ဆယ့်တစ်ယောက်ပဲ ရှိတာပါ။ သူတို့အားလုံး ဒီမှာ ရှိပါတယ်"

သူ့စကားကို ကြားပြိးနောက် ဝိညာဉ်ရိုင်းက ကျေနပ်သွားသလို ခေါင်းညိတ်ကာ လက်တစ်ဘက် ဝေ့ရမ်း၍ အမိန့်ပေးလိုက်သည်။

"ရှန့်ကျန်း ညီအစ်ကိုတို့၊ ငါတို့ မွန်ဂိုလီးယား ညီအစ်ကိုတွေနဲ့ မိတ်ဆွေဖွဲ့ကြ။ အခုက စပြီး ငါတို့က မိသားစု တစ်ခုထဲကပဲ"

မိစ္ဆာ ဝိညာဉ်ရိုင်း၏ စကားအဆုံးတွင် ရှန့်ကျန်း ဆရာသခင်အဆင့် ပညာရှင် အယောက် သုံးဆယ်ကျော်က မွန်ဂိုလီးယား မဟူရာ ကြက်ခြေခတ် အဖွဲ့သားများထံသို့ ချဉ်းကပ်ကာ စကားစမြည် စပြောကြသည်။

ဤမြင်ကွင်းက အလွန် သံသယဝင်စရာ ကောင်းပြီး ထူးဆန်းလှသည်။ သို့သော် ဝူလူ သိပ်တွေးမနေတော့ပါ။ မိစ္ဆာဝိညာဉ်ရိုင်းသည် မဟူရာ အရှေ့မြောက်ပိုင်းမှ ကြက်ခြေခတ်အဖွဲ့ ရုံးချုပ်၏ ခေါင်းဆောင်ဖြစ်သူ ကုန်းကျန့်ထျန်း၏ လက်ပါးစေ ဖြစ်သလို ကျွမ်းကျင်သော အကြီးအကဲချုပ်လည်း ဖြစ်သေးသည်။

"အရှင် မိစ္ဆာ ဝိညာဉ်ရိုင်း၊ ခင်ဗျားရဲ့ တာဝန်က ဘာလဲဆိုတာ ကျုပ်ကို ပြောပြလို့ ရမလား"

ကုန်းကျန့်ထျန်းက မွန်ဂိုလီးယားလူမျိုး မဟူရာ ကြက်ခြေခတ် အဖွဲ့သားများအား သုတ်သင်သည့် တာဝန်မပေးဘဲ ဘာကြောင့် ဝိညာဉ်ရိုင်းနှင့် ရှန့်ကျန်း ဂိုဏ်းခွဲမှ မဟူရာ ကြက်ခြေခတ် အဖွဲ့သားများကို တာဝန်ပေးလိုက်သည်ကို ဝူလူ သိချင်မိသည်။

ဝိညာဉ်ရိုင်းက ဝူလူကို စိုက်ကြည့်ကာ မကောင်းဆိုးဝါးဆန်သော အပြုံးနှင့် ပြောလိုက်သည်။

"ငါတို့တာဝန်က မဟူရာ ကြက်ခြေခတ် အဖွဲ့ကို သုတ်သင်ဖို့ပဲ၊ ညအဖွဲ့… ကြီးပွားလာဖို့ အတွက်ပေါ့"

*ဘာ*

ဝူလူ တစ်ခဏမျှ မှင်တက်သွားသည်။ ဝိညာဉ်ရိုင်း စကား၏ နောက်ကွယ်မှ တကယ့် အဓိပ္ပာယ် အစစ်ကို သူ နားမလည်ခင် အခန်းတွင်း ပဲ့တင်ထပ်လာသော အသံကျယ် တစ်ခုကို ကြားလိုက်ရသည်။

"စတော့"

ထိုအသံကျယ်၏ အဆုံးတွင် ရှန့်ကျန်း ဆရာသခင်အဆင့် ပညာရှင် အယောက် သုံးဆယ်က လေထဲ လျင်မြန်စွာ လွှားခနဲ ခုန်တက်၍ မွန်ဂိုလီးယား ဆရာသခင်အဆင့် ပညာရှင်များ၏ နဖူးအလယ်တည့်တည့်သို့ နတ်ဆိုးသစ်စေ့များ ထည့်သွင်းလိုက်သည်။

တိုက်ခိုက်မှုက အလွန် လျင်မြန်လှသဖြင့် သူတို့ ပြန်လည် တိုက်ခိုက်ချိန် မရလိုက်ပေ။

ဝူလူတောင်မှ တိုက်ခိုက်ချိန် မရလိုက်။

"သေစမ်း"

ဝူလူက ကြမ်းပြင်ပေါ် လဲကျနေသော ဆရာသခင်များအား မျက်လုံး အပြူးသားနှင့် ကြည့်ရင်း အော်ဟစ်လိုက်မိသည်။

"ဝိညာဉ်ရိုင်း မင်း…မင်းက သစ္စာဖောက်ပဲ"

ဝိညာဉ်ရိုင်းက သူ့အား ပစ်မှတ်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။

ဝှစ်!

ဝိညာဉ်ရိုင်းက ချက်ချင်းပင် ဝူလူ၏ နဖူးအလယ်တည့်တည့်သို့ နတ်ဆိုးသစ်စေ့ကို ထည့်သွင်းလိုက်သည်။

"အား…အား"

မဟူရာ ကြက်ခြေခတ်အဖွဲ့သားများသည် သူတို့ စိတ်ဝိညာဉ် စုတ်ပြဲမတတ် ခံစားလိုက်ရသဖြင့် အော်ဟစ်လိုက်မိသည်။

ဤအဖြစ်အပျက်က ဆယ့်ငါးမိနစ်ခန့်သာ ကြာမြင့်လိုက်သည်။ ထို့နောက် အော်သံများ တိခနဲ ရပ်သွား၏။

မဟူရာ ကြက်ခြေခတ် အဖွဲ့၏ မွန်ဂိုလီးယားလူမျိုး အဖွဲ့သားများ မျက်လုံး ပြန်ဖွင့်လိုက်စဉ်တွင် သူတို့သည် နတ်ဆိုးဆန်သော လူတစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ကြရသည်။

ထိုနတ်ဆိုးဆန်သော လူက သူတို့၏ ယုံကြည်ရာ ဖြစ်လာ၏။ သူတို့၏ စိတ်ဝိညာဉ်များ လုံးဝ ကျွန်ပြုခံလိုက်ရလေပြီ။

မွန်ဂိုလီးယားလူမျိုး ဆရာသခင်အဆင့် ပညာရှင်များက ယဲ့ဖန်အား တစ်ခါမှ မမြင်ဖူးသော်လည်း သူတို့အားလုံး၏ စိတ်ထဲတွင် ထိပ်တန်း နတ်ဆိုးဧကရာဇ် တစ်ပါး၏ ပုံရိပ်က စွဲထင်နေသည်။

"ငါတို့ သခင်ကြီးရဲ့ အမိန့်အရ"

ထိုစဉ် မိစ္ဆာ ဝိညာဉ်ရိုင်းက စကားစလိုက်သည်။ သူ့စကားကို ကြားသည်နှင့် မွန်ဂိုလီးယားလူမျိုး ဆရာသခင်အဆင့် ပညာရှင်များက အလွန် လေးစားသည့် မျက်နှာထားဖြင့် ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကြသည်။

"ဝူလူ အမိန့်နာခံပါ"

ဝိညာဉ်ရိုင်းက ဆက်ပြောနေသည်။

ချက်ချင်းဆိုသလိုပင် ဝူလူက အလွန် လေးစား ရိုသေသော အပြုံးနှင့် ခေါင်းငုံ့ချ လိုက်သည်။

"ချာဟား အမိန့်နာခံပါ"

"ကျင်းမူတာ အမိန့်နာခံပါ"

…

ကျယ်လောင်သော အသံက ဆက်၍ ဆက်တိုက် ထွက်ပေါ်လျက် ရှိသည်။

အဖွဲ့သားတိုင်းက ခေါင်းကို ငုံ့ပြီး သူတို့သခင်ကြီး၏ အမိန့်ကို စောင့်မျှော်နေကြသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဝိညာဉ်ရိုင်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

"အခုချိန်က စပြီး မွန်ဂိုလီးယားမှာ မဟူရာ ကြက်ခြေခတ် အဖွဲ့ဆိုတာ မရှိတော့ဘူး။ ညအဖွဲ့…တစ်ဖွဲ့ပဲ ရှိတော့တယ်"

သူ့စကားကို ကြားသောအခါ မွန်ဂိုလီးယားလူမျိုး ဆရာသခင်အဆင့် ပညာရှင်များက သူတို့၏ ဓားမြှောင်များကို ဆွဲထုတ်ကာ အင်္ကျီစကို ပင့်တင့်လိုက်ကြစဉ် သူတို့လက်မောင်းမှ မဟူရာ ကြက်ခြေခတ် ပုံစံ ပေါ်လာသည်။

ရွှစ်! ရွှစ်! ရွှစ်!

သူတို့အသားကို ဓားနှင့်ထွင်း၍ မဟူရာ ကြက်ခြေခတ် ပုံစံကို ဓားနှင့် မွှန်းလိုက်ကြသည်။

ထို့နောက် ရှန့်ကျန်း ဆရာသခင်အဆင့် ပညာရှင်များက သူတို့ရင်ဘတ်ပေါ်တွင် နက်မှောင်နေသော အနက်ရောင် ဦးခေါင်းပုံအား ရေးဆွဲပေးလိုက်ကြသည်။

ဤပုံစံသည် ညအဖွဲ့ကို ကိုယ်စားပြုသည်။

ပုံစံအား ရေးဆွဲပြီးနောက် နှစ်ဆယ့်တစ်ယောက်သော မွန်ဂိုလီးယားလူမျိုး ဆရာသခင်အဆင့် ပညာရှင်များက ရှန့်ကျန်းမြို့ ရှိရာ အရပ်ဘက်သို့ အရိုအသေပေး၍ ပြိုင်တူ ဟစ်အော်လိုက်ကြသည်။

"အရိုအသေ ပေးပါတယ် သခင်ကြီး၊ ကျုပ်တို့က မွန်ဂိုလီးယား ညအဖွဲ့သားတွေပါ"

…..

တစ်ရက်ကြာပြီးနောက် ဟန်နိုင်ငံရှိ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲတွင်လည်း တူညီသည့် အဖြစ်အပျက်များ ဖြစ်ပွားသွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ဂျပန်နိုင်ငံရှိ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲတွင်လည်း တူညီသည့် အဖြစ်အပျက်များ ဖြစ်ပွားသွားခဲ့သည်။

သုံးရက်ကြာပြီးနောက် တိုကျိုမြို့ သုံးထောင့်စွန်း ဗိမ္မာန်၌….

Lincoln တံဆိပ် ဇိမ်ခံကားတစ်စီးက ဗိမ္မာန်၏ ကားရပ်နားစခန်းမှ ဖြည်းဖြည်းချင်း မောင်းထွက်လာသည်။

ကုန်းကျန့်ထျန်းသည် ဇိမ်ခံကား၏ နောက်ခုံမှနေ၍ အလွန် ထိန်ထိန်လင်းနေသာ လမ်းမအား ကြည့်နေသည်။

ဘာရယ်ကြောင့်မှန်းမသိ သည်ရက်ပိုင်းအတွင်း သူ သက်တောင့်သက်သာ မရှိသော အတွေးများ ဆက်တိုက် တွေးနေမိသည်။

"လျှိုမြောင်ဝိညာဉ်သခင် မင်း ဝိညာဉ်ရိုင်းရဲ့ အခုတလော အချိန်ဇယားကို သိလား"

ကုန်းကျန့်ထျန်း တစ်ဘက်လှည့်ကာ ကားမောင်းနေသော မိန်းမလှလေးကို မေးလိုက်သည်။

သူ့စကားကြောင့် ကလူ၏သို့ မြူ၏သို့ ပုံရသော အမျိုးသမီးက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ခေါင်းဆောင် ဝိညာဉ်ရိုင်းက ရှန့်ကျန်းမြို့ဆီကို ထွက်သွားပါတယ်၊ ပြီးတော့ သူက မွန်ဂိုလီးယားနဲ့ ဟန်ဘက်က ဂိုဏ်းခွဲတွေဆီကို ခရီးဆက်ပါတယ်၊ ဒီနေ့တော့ သူက ဂျပန် ဂိုဏ်းခွဲမှာပါ၊ သူ သွားခဲ့တဲ့ ဂိုဏ်းခွဲတွေက ရတဲ့ သတင်းအရ ဝိညာဉ်ရိုင်းက သူ့မိတ်ဆွေဟောင်းတွေနဲ့ တွေ့ချင်လို့ လာတာလို့ ပြောပါတယ်"

သူမစကားကြောင့် ကုန်းကျန့်ထျန်း မျက်မှောင်ကြုတ်မိသွားသည်။

"မိတ်ဆွေဟောင်းဆီကို သွားလည်တယ်၊ ဝိညာဉ်ရိုင်းက ပိုပိုပြီးတော့ အတင့်ရဲလာတာပဲ"

"ရှန့်ကျန်းမြို့က ကိစ္စကော နှိမ်နင်းပြီးပြီလား၊ မနှိမ်နင်းရသေးဘူးလားဆိုတာကို သူ ပြောသေးလား"

"ခေါင်းဆောင်၊ ဝိညာဉ်ရိုင်းပေးတဲ့ သတင်းအရဆို ယဲ့ဖန်ကို ဖမ်းမိပြီးတော့ အခု ရုပ်သေးရုပ် ဖြစ်နေပြီလို့ ပြောပါတယ်။ သူ့ကို မနက်ဖြန် ရုံးချုပ်ကို ပို့မယ်လို့ ပြောပါတယ်"

ထိုအခါမှသာ ကုန်းကျန့်ထျန်း အားပါးတရ ပြုံးလာသည်။

"နောက်ဆုံးတော့ ငါတို့ သူ့ကို မိပြီပဲ။ သိပ်ကောင်းတယ်"

ကုန်းကျန့်ထျန်းက ယဲ့ဖန်၏ ကျင့်ကြံခြင်း နည်းလမ်းကို အလွန် မက်မောနေ၏။ အခု ယဲ့ဖန်က သူ့ရုပ်သေးရုပ် ဖြစ်လာပြီဆိုတော့ သူ၏ ကျင့်ကြံခြင်း နည်းလမ်းကို အသာလေး ရနိုင်ပြီ ဖြစ်သည်။

*ဆရာသခင်တွေရဲ့ မူလ သလင်းကျောက်ကို စားတယ်…. ဒါ ငါမြင်ခဲ့ဖူးသမျှ ကျင့်ကြံနည်းတွေထဲမှာ အံ့ဩစရာ အကောင်းဆုံး နည်းလမ်းပဲ*

ကုန်းကျန့်ထျန်း နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးကာ တီးတိုး ပြောလိုက်သည်။

*အဲ့ကျင့်ကြံခြင်း နည်းလမ်းကို ငါ ကျွမ်းကျင်သွားတာနဲ့ ငါ့လက်ရှိအဆင့်ကနေ အဆင့် ချိုးဖောက် တက်ရောက်နိုင်ပြီးတော့ အချိန်တိုအတွင်းမှာပဲ မဟူရာ ကြက်ခြေခတ် အဖွဲ့ထဲမှာ အင်အားအကြီးဆုံးသူ ဖြစ်လာမှာပဲ*

ကုန်းကျန့်ထျန်း၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။

သို့သော် ထိုအချိန်တွင် ဒုန်းခနဲ အသံနှင့်တူ Lincoln တံဆိပ် ဇိမ်ခံကားက လမ်းလယ်ခေါင်၌ ထိုးရပ်သွားသည်။

ကုန်းကျန့်ထျန်း၏ မျက်နှာက ဒေါသကြောင့် မီးပွင့်မတတ် ဖြစ်လာကာ အသည်းအသည် မေးလိုက်သည်။

"လျှိုမြောင်ဝိညာဉ်သခင် ဘာဖြစ်တာလဲ"

သို့သော် သူ့စကားအဆုံးတွင် ရှေ့သို့ ကြည့်လိုက်သောအခါ ကားမီးရောင်း တလက်လက်နှင့် လမ်းလယ်ခေါင်၌ ရှိနေသော ကားတစ်စီးကို မြင်လိုက်ရသည်။

ကားများစွာက သွားမည့် လမ်းကို ပိတ်ဆို့ထားကြသည်။

…

ကုန်းကျန့်ထျန်း၏ မျက်နှာက သုန်မှုန်လာကာ မကောင်းတာ တစ်ခုခု ဖြစ်လာတော့မည်ကို သတိထားလိုက်မိသည်။

"လျှိုမြောင်ဝိညာဉ်သခင် နောက်ပြန်လှည့်"

ထိုစဉ် ကားများစွာက နောက်ပြန်ဆုတ်မည့် လမ်းကို ပိတ်၍ ဘယ်၊ညာ နှစ်ဘက်မှ မောင်းဝင်လာကြသည်။

လမ်းဆုံ၌ လုံးဝ ပိတ်ဆို့သွားလေ၏။

"ခွေးကောင်"

တစ်ယောက်ယောက်က သူ့အား ဝိုင်း၍ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားသဖြင့် ကုန်းကျန့်ထျန်း၏ မျက်နှာက မည်းမှောင်လာသည်။

"လျှိုမြောင်ဝိညာဉ်သခင် ငါ့ကို ဘယ်သူတိုက်ခိုက်တာလဲ ဆိုတာကို စုံစမ်း,စမ်း"

သူ့စကားကို ကြားသောအခါ လျှိုမြောင်ဝိညာဉ်သခင်က သူမ၏ လှပသော ဆံနွယ်များကို ခါယမ်းလိုက်သဖြင့် သူမ နဖူးအလယ်တည့်တည့်မှ အနက်ရောင် အမှတ်အသားက ထင်းခနဲ ပေါ်လာ၏။ ထို့နောက် သူမက ပြုံး၍ ပြောလာသည်။

"ခေါင်းဆောင် ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မ သခင်ကြီးရဲ့ အမိန့်အရ ကျွန်မတို့က ရှင့်အသက်ကို နုတ်ယူဖို့ ဒီကို ရောက်လာတာပါ"

သူမအဆုံးတွင် လျှိုမြောင်ဝိညာဉ်သခင်က ကားကို အသားကုန်မောင်းချလိုက်၏။ ထို့နောက် ဇိမ်ခံကားတစ်စီးလုံး ပေါက်ကွဲသွားလေတော့သည်။

All Chapters