အပိုင်း(၁၅၅)-ဟိန်းသံလေး ပြဿနာရှာပြန်ပြီ
Vol. 002 Ch. 155
ရှီမာယူယူသည် ဟိန်းသံလေးကျောတွင်ထိုင်ကာ ဆိုဖီယာတောင်တန်းသို့ပြန်သွားလေသည်။ သူမပြန်လာချိန်တွင် ဖက်တီးကျူ နှင့် ဝေကျိရွှီတို့သည် တိုက်ပွဲဖြစ်နေကြသည်။
သူတို့ငါးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ရန်ဖြစ်ကြသော်လည်း လက်သီးမပါကြပေ။ သူတို့သည် ဘယ်သူ အားပိုကောင်းသလဲဆိုသည်ကို တိုက်ပွဲတိုက်ကြည့်ချင်ကြသည်။ သူတို့အတူတကွ အင်အားကြီးမားလာရန် တိုက်သည့် အစစ်အမှန်တိုက်ပွဲဖြစ်သည်။
သူတို့သည် ကျင့်ကြံခြင်းအား ကောင်းစွာလုပ်နိုင်ပြီး တကယ့်တိုက်ပွဲများတွင် အသုံးမဝင်ဖြစ်သွားမည့် အခြေအနေကို တကယ်မလိုလားပေ။
ရှီမာယူယူ ဘေဂုံထန်ဘေးသို့ သွားလိုက်သည်။ ဟိန်းသံလေးသည် ထွက်သွားကာ ကိုယ့်ဘာသာကစားနေသည်။
သူမသည် ဟိန်းသံလေး၏ လုံခြုံရေးကိုစိတ်မပူပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ရှေးဟောင်းသားရဲဖြစ်သောကြောင့်ဖြစ်သည်။ ဘယ်လောက်အဆင့်မြင့်သည်ဖြစ်ပါစေ သူသည် တခြားသူများနှင့် အလွယ်တကူ ကစားနိုင်ပြီး တခြားဝိညာဉ်သားရဲများသည် သူ့အား ထိခိုက်အောင် မလုပ်နိုင်ပေ။
ဘေဂုံထန်သည် ရှီမာယူယူအား ခေါင်းညိတ်ပြကာ မေးလိုက်သည် “ပြီးသွားပြီလား”
“အင်း ငါ ဦးလေးဖူးနဲ့ တခြားသူတွေကို လွှဲထားခဲ့ပြီ” ဖက်တီးကျူနှင့် ဝေကျိရွှီတို့ တိုက်ပွဲစတော့မည်ကိုကြည့်ကာ ရှီမာယူယူ ပြောပြီး သက်ပြင်းချလိုက်သည် “ဖက်တီးကျူရဲ့ အမြန်နှုန်းက အရင်ကထက်ပိုမြန်လာတယ်”
“အင်း သူ ဝိတ်လည်းနည်းနည်းကျသွားတယ် အဲဒါက သူ့အတွက် အကျိုးရှိစေတာလည်း ပါမယ်” ဝူရန်ဖေပြောလိုက်သည်။
“ဖက်တီးကျူ ဒီလနည်းနည်းအတွင်းမှာကို ၁၀ကီလိုဂရမ်ကျသွားတယ် ဟုတ်တယ်မလား၊ နောက်ဆိုရင် သူ မဝတော့ဘူးဆိုရင် သူ့ကို ဖက်တီးလို့ ခေါ်ရဦးမှာလား” ရှီမာယူယူသည် သူမ မေးစေ့အားကိုင်ကာ ထပ်ပြောလိုက်သည်။
“သူ မဝတော့ ငါလည်းကြည့်ရတာ ကျင့်သားမရဘူးဖြစ်နေတယ်” ဘေဂုံထန်ပြောလိုက်သည်။
ဖက်တီးကျူသည် သူ၏ ပုံပန်းနှင့်ပတ်သတ်၍ သူတို့ဆွေးနွေးနေသည်ကို ကြားသောအခါ စကားလုံးမဲ့စွာ ကြည့်လိုက်သည်။ သို့သော် သူ၏ လှုပ်ရှားမှုမှာ နှေးသွားခြင်းမရှိပေ။
သူသည် ပထမဆုံးတောင်သို့ ဝင်ခဲ့သောအချိန်ကကဲ့သို့ သူများပြောသည်များကို ဂရုစိုက်သည့် သူမျိုးမဟုတ်တော့ပေ။ သူအရေထူသွားပြီဖြစ်သည်။ ထိုလအနည်းငယ်အတွင်း ကြုံတွေ့ရသော အခက်အခဲများသည် သူ့အားရင့်ကျက်စေခဲ့သည်။
ဝေကျိရွှီနှင့် ဖက်တီးကျူတို့ တစ်နာရီခွဲစာလောက် တိုက်ပြီးချိန်တွင် နောက်ဆုံး သန်မာသူမှာ ဝေကျိရွှီဖြစ်သည်။
ဖက်တီးကျူ ရှုံးသွားသော်လည်း ခါးသီးခြင်းမရှိပါ။ သူသည် မြေပေါ်တွင်လဲလျောင်းကာ ပြုံးဖြဲဖြဲလုပ်ကာ “ဟားဟား ဒီတစ်ခါတော့ အချိန်အကြာကြီး ကြိုးစားခဲ့တာ မင်းကိုငါ မကြာခင်ကျော်သွားနိုင်ပါ”
“ငါစောင့်နေမယ်” ဝေကျိရွှီ အလျော့မပေးပဲ ပြောလိုက်သည်။
သူတို့နားပြီးချိန်တွင် ဘေဂုံထန်နှင့် ဝူရန်ဖေတို့ တိုက်ပွဲစတင်တော့သည်။ သူတို့ စတင်ပြီးမကြာမီတွင် ဟိန်းသံလေး၏ အော်သံကြားလိုက်ရပြီး သူတို့ဆီသို့ အလောတကြီးပြေးလာလေသည်။
“ယူယူ မြန်မြန်ပြေး ဓားပြတွေလာနေပြီ”
ရှီမာယူယူသည် ဟိန်းသံလေးပြေးလာသော နေရာအားကြည့်ကာ ကြက်သေသေနေခဲ့သည်။ သေစမ်း၊ အဲအံ့ဖွယ်သားရဲအုပ်စုက ဘာလဲ။
ဟိန်းသံလေးသည် အုပ်စု၏ အရှေ့တွင်ဖြစ်ကာ အံ့ဖွယ်သားရဲများသည် သူ့နောက်တွင် လိုက်လာကြသည်။ သူတို့၏ အငြိုးရှိနေသော ပုံစံသည် ဟိန်းသံလေးသည် သူတို့အား ဒေါသထွက်စေသည်ကို ပြသနေသည်။ လက်ရှိတွင် သူ့အား သတ်ရန် လိုက်နေသည့်ပုံပင်။
“ယူယူ ငါ့ကို ကယ်ပါဦး” ဟိန်းသံလေးသည် ရှီမာယူယူအား အဝေးမှကြည့်လာကာ သူမဆီသို့ လျင်မြန်စွာ ပျံသွားလေသည်။
နောက်ဆုံးမှပင် ရှီမာယူယူ တုန့်ပြန်ကာ ဘေဂုံထန်နှင့် တခြားသူများအား ကျယ်လောင်စွာအော်လိုက်သည် “ဝူရန်၊ ဘေဂုံ၊ မတိုက်နဲ့တော့ ပြေး ဖက်တီးကျူ၊ အဲမှာလဲမနေနဲ့တော့ မြန်မြန်ထ”
“ဘာလဲ ယူယူ ငါတို့ပင်ပန်းနေပြီ ထပ်ပြီးပြေးဖို့အားမရှိတော့ဘူး” ဖက်တီးကျူသည် မြေပေါ်တွင် လဲနေကာ အန္တရာယ်အား သတိမပြုဘဲရှိနေသည်။
“ငါရောပဲ အားမရှိဘူး” ဝေကျိရွှီ ပြောလိုက်သည်။
သူတို့သည် အနားမှဝိညာဉ်သားရဲများ မရှိတော့အောင်လုပ်ထားသည်ဖြစ်သဖြင့် ပေါ်လာမည့် ဝိညာဉ်သားရဲမှာလည်း နည်းပါးလှသည်။ ထိုနှစ်ရက်တွင် သူတို့သည် နေရာပြောင်းခဲ့ကြပြီးဖြစ်သည်။ သူတို့ တိုက်ပွဲအတွင်းတွင် အားအင်ကို ထိန်းထားခြင်းမရှိပေ။
ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ရှီမာယူယူပြောသည်ကို ကြားသည်နှင့် ရပ်လိုက်ကြသည်။ သူတို့သည် လှုပ်ရှားမှုများလာရာဘက်သို့ကြည့်ရာ အံ့ဖွယ်သားရဲအုပ်အား မြင်လိုက်ရသည်။ သူတို့နှစ်ယောက်သည် ကြက်သေသေကာ ရှီမာယူယူ သူတို့အားအော်လိုက်မှသာ တုန့်ပြန်လာကြသည်။ ပြေးကြသည်၊ ရှီမာယူယူသည် မြေပေါ်မှနှစ်ယောက်အားထူကာ ပြေးခိုင်းတော့သည်။
ထိုအချိန်မှသာ ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် အံ့ဖွယ်သားရဲအုပ်လာနေသည်ကို မြင်ကြတော့သည်။ ဒီတစ်ကြိမ်တွင် သူတို့သည် ရှီမာယူယူ၏ ညွှန်ကြားမှုအား မစောင့်တော့ပဲ ကိုယ်ဘာသာ ပြေးတော့သည်။
“မင်းနောက်နေတာလား၊ အဲအံ့ဖွယ်သားရဲအကုန်လုံးက အတွင်းပိုင်းဒေသမှာမလား၊ ဒီမှာအဲလောက်အများကြီး ဘာလာလုပ်တာလဲ” အံ့ဖွယ်သားရဲအုပ်အား လျင်မြန်စွာ ရင်ဆိုင်ရတော့မှသာ ဖက်တီးကျူအော်လိုက်သည်။
“ဒါက ဟိန်းသံလေးတစ်ခုခုလုပ်ခဲ့တာ သေချာတယ်” ထိုအကြောင်းအား ရှီမာယူယူ စဉ်းစားစရာပင်မလိုပေ။ သူသည် တစ်ယောက်ယောက် အဲ.. မဟုတ်သေးဘူး ဝိညာဉ်သားရဲတစ်ကောင်ကောင်ကို ဆွဲဆောင်ဖို့ သွားသည်မှာသေချာသည်။ သို့သော် သူမအောင်မြင်ခဲ့ပေ။
“မဖြစ်တော့ဘူး၊ ငါထပ်မပြေးနိုင်တော့ဘူး” ဖက်တီးကျူသည် တွန့်လိမ်စွာပြေးရင်း အခုတော့ ပင်ပန်းနေပြီဖြစ်သည်။ သူ့တွင် အင်အား တစ်အောင်စမျှတောင် မကျန်တော့ပေ။
အံ့ဖွယ်သားရဲများသည် သူတို့အား ပစ်မှတ်ထားလိုက်ပြီးကို ရှီမာယူယူမြင်လိုက်သည်။ သူတို့ထပ်ပြေးနိုင်ရင်တောင် ရွေးပိုင်ခွင့်မရှိတော့ပေ။ အံ့ဖွယ်သားရဲအများအပြားအပြင် သူတော်စင်သားရဲများလည်း ပါသေးသည်။ သူတို့အမှီလိုက်နိုင်ပြီး ခဏအတွင်း သူ့တို့အား သတ်သွားနိုင်သည်။
ရွေးချယ်စရာမရှိပေ။
ရှီမာယူယူ ပြေးခြင်းကို ရပ်လိုက်သည်။ ဝူရန်ဖေနှင့် တခြားသူများသည် သူမ အပြေးရပ်လိုက်သည်ကို မြင်သည်နှင့် သူတို့လည်းရပ်လိုက်ကြကာ စိုးရိမ်စွာ အော်လိုက်သည် “ယူယူ မြန်မြန်ပြေး”
“ငါတို့ပြေးရင်တောင် မလွတ်နိုင်ဘူး” ရှီမာယူယူပြောလိုက်သည် “ဟိန်းသံလေး၊ ကောင်စုတ်လေး မြန်မြန်ပျံတော့”
ဖက်တီးကျူသည် ထပ်မပြေးနိုင်တော့ပဲ ရှီမာယူယူဘေးသွားကာ ဟောဟဲလိုက်နေသည်။
ဟိန်းသံလေးသည် ခေါင်းမော့ကြည့်ရာ အံ့ဖွယ်သားရဲများသည် သူ့အား မကြာခင်မှီတော့မည်ကို မြင်လိုက်သည်။ သူသည် ခြေထောက်သေးသေးလေးအားဆွဲကာ အရှိန်မြင့်လိုက်ပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ဝင်လိုက်သည်။
ထိုအရာသည် ဆောက်တည်ရာမရပြေးနေသည်ကို ဘေဂုံထန်နှင့် တခြားများသည်လည်းသိသည်။ ရှီမာယူယူနှင့် တခြားသူများရပ်နေသည်ကိုကြည့်ကာ သူတို့လည်းရပ်လိုက်ကြကာ နောက်ဆုံးတစ်ချက်ထိုးရန် ပြင်ဆင်လိုက်ကြသည်။
“ယူယူ မြန်မြန်ငါ့ကို ဖက်ထား” ဟိန်းသံလေးသည် ထိုဝိညာဉ်သားရဲများလာနေသည်ကို မြင်သည်နှင့် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ုဝင်လိုက်သည်။
သူတို့သည် ထိုအံ့ဖွယ်သားရဲများ၏ သွားများကိုပင် မြင်ရလေသည်။ အားလုံး၏ အတွေးထဲတွင် သူတို့၏ နေ့ရက်သည် ဒီနေရာတင်အဆုံးသတ်ပြီဟု တွေးထားကြသည်။ သို့သော် အံ့ဖွယ်သားရဲများသည် သူတို့ှနှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသည်။ သားရဲများသည် သူတို့ဆီသို့ တဟုန်ထိုးပြေးဝင်လာရာ သူတို့မျက်စိရှေ့မှ မြင်ကွင်းသည် ရုတ်တရပ်ပြောင်းသွားသည်ကို မြင်ပြီးနောက်တွင် အံ့ဖွယ်သားရဲများသည် ပျောက်ကွယ်သွားတော့သည်။
ဖက်တီးကျူသည် မျက်စိမှိတ်ကာ ကျရောက်လာမည့် နာကျင်မှုကို ပြင်ဆင်ထားလျက်ရှိသည်။ သို့သော် ဘာမှ ဖြစ်မလာပေ။ ဘာဖြစ်နေသလဲဆိုသည်ကို ချောင်းကြည့်ရန် မျက်စိအား နည်းနည်းဖွင့်ကြည့်လိုက်သည်။
“ဟင် အံ့ဖွယ်သားရဲတွေဘယ်ရောက်သွားတာလဲ” ဖက်တီးကျူမျက်စိဖွင့်လိုက်ရာ တခြားသူများသည် အဆင်ပြေနေသည်ကို တွေ့သည်နှင့်မေးလိုက်သည်။
ဘေဂုံထန်နှင့် တခြားသူများသည် ပတ်ဝန်းကျင်အား အံ့သြစွာကြည့်ကာ မေးလိုက်သည် “ယူယူ ဒီနေရာက ဘယ်နေရာလဲ”
“ဒါက ဝိညာဉ်စေတီပဲ” ရှီမာယူယူပြောလိုက်သည် “ဒါ ငါ့ကိုယ်ပိုင်နေရာပဲ”
“ဝိညာဉ်စေတီ၊ မင်းရဲ့ ကိုယ်ပိုင်နေရာဟုတ်လား”
“ဒီနေရာက အောက်ဆီဂျင်မရှိဘူးမလား၊ ပြီးတော့ သက်ရှိတွေ ဘယ်လိုနေနိုင်တာလဲ”
“ဝိညာဉ်စေတီက နည်းနည်းထူးခြားတယ်၊ ငါ့ကိုယ်ပိုင်ကမ္ဘာဖြစ်ပြီး အပြင်က ကမ္ဘာနဲ့ တူတယ်၊ အခုက စေတီအထဲမှာပဲ” ရှီမာယူယူပြောလိုက်သည် “မင်းတို့ကိုကျွေးတဲ့ ဝိညာဉ်အသီးတွေကလည်း ဒီနေရာက ရတာပဲ”
“ဝါး ကောင်းလိုက်တဲ့ ဝိညာဉ်အသီးတွေ” ဖက်တီးကျူသည် ဝိညာဉ်အသီးများပြည့်နှက်နေသော ဝိညာဉ်အသီးပင်ခင်းအား ကြည့်လိုက်သည်။ တစ်ခုချင်းစီသည် သူတို့အားဆွဲဆောင်နေကြသည်။
သူ သည်းမခံနိုင်တော့ပဲ ပြေးခူးကာ အသံမြည်အောင် ကိုက်စားလိုက်လေသည်။
“များလိုက်တဲ့ ဆေးဖက်ဝင်အပင်တွေ” ဘေဂုံထန်သည် မြေပေါ်တွင်ပေါက်နေသော မျိုးစုံသော ဆေးဖက်ဝင်အပင်များအားကြည့်ကာ လျင်မြန်စွာလျှောက်သွားလေသည် “ကြယ်မြက်ပင်၊ ကြွေအရွက်၊ အနက်ရောင် မှို၊ အမျိုးအစားတွေစုံလိုက်တာ”
ထိုဆေးဖက်ဝင်အပင်များနှင့် ဘေဂုံထန်ရင်းနှီးနေမည်ဟု ရှီမာယူယူ ထင်မထားသောကြောင့် ပြောလိုက်သည် “ဘေဂုံ မင်းဆေးဖက်ဝင်အပင်တွေနဲ့ ရင်းနှီးလား”
“အင်း..ငါ့မျိုးနွယ်က အဂ္ဂိရတ်ပညာရှင်မျိုးနွယ်ဖြစ်ခဲ့တာ၊ ငါသင်ဖို့အရည်အချင်းမရှိခဲ့ပေမယ့် ဆေးဖက်ဝင်အပင်နည်းနည်းလောက်ကို နားလည်ပါတယ်” ဘေဂုံထန်ပြောလိုက်သည်။
“မင်းနဲ့ စာချုပ်ချုပ်ထားတဲ့ ဝိညာဉ်သားရဲတွေအားလုံးကို ဒီအထဲမှာ ထားထားတာလား” ဝေကျိရွှီသည် ထိုဝိညာဉ်သားရဲများအားတွေးမိကာ သူမ သက်ရှိများအား ထားသည့်နေရာရှိသည်ကိုတော့ သိသည်၊ သို့သော် ဒီလိုနေရာဟုတော့ ထင်မထားပေ။
“ယူယူ ဒီနေရာက တကယ်ထူးဆန်းတယ်” ဖက်တီးကျူသည် ဝိညာဉ်စေတီအတွင်းမှ ပစ္စည်းများကို ကြည့်ရာ သူ့မျက်လုံးများသည် ပြုတ်ထွက်တော့မလိုပင်။
“ခဏနေမှ မင်းတို့ကြည့်ဖို့ငါခေါ်သွားမယ်” ခိုးကြောင်ခိုးဝှက်ထွက်သွားရန် ဟန်ပြင်နေသော ဟိန်းသံလေးအား ဆွဲကာ ရှီမာယူယူပြောလိုက်သည်။ သူမ မျက်နှာအားလေးနက်စွာထားကာ ပြောလိုက်သည် “ပြောဦး၊ ဒီတစ်ခါ ဘာလုပ်ခဲ့တာလဲ”