← Chapters

မင်းကို သတ်မယ့်သူပေါ့

Vol. 14 Ch. 210

မင်းကို သတ်မယ့်သူပေါ့

Vol. 14 Ch. 210

ရွှစ်!

မည်သို့မျှ ကြိုတင်ကာကွယ်ချိန် မရလိုက်ဘဲ ပိုင်ဟူ၏ ရင်ဘတ်က ထိုးဖောက်ခြင်း ခံလိုက်ရကာ သွေးများ ပန်းထွက်လာသည်။

ပိုင်ဟူ တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရသွားချေပြီ။

*ဒါ အလစ်တိုက်ခိုက်တာပဲ*

ဖျောင်ကျိုးယိုက မနှစ်မြို့ဖွယ်ကောင်းသော အလစ်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။

ကြောက်မက်ဖွယ် ကောင်းသော အော်သံက ကြည့်နေသူများအား ဒေါသထွက်သွားစေသည်။

ထိုတိုက်ကွက်က ပိုင်ဟူအတွက် သတိပေးရုံသာ ရှိသော်လည်း ထိုအော်သံက သူ့အား သတိလက်လွတ်ဖြစ်စေကာ ဖျောင်ကျိုးယိုအား အလစ်အငိုက် တိုက်ခိုက်ရန် အခွင့်အရေး ပေးသလို ဖြစ်သွားခဲ့သည်။

ထိုတိုက်ကွက်က တမင် ရည်ရွယ်၍ လုပ်ခြင်း ဖြစ်သည်။

"ခွေးမသား"

သူတို့အားလုံး အော်သံပိုင်ရှင်ကို ကြည့်လိုက်ကြသောအခါ ကွမ်ဖေး ဖြစ်နေသည်။

ကွမ်ဖေးက ရင်လေးဟန်ဖြင့် အထင်သေးသလို အမူအရာနှင့် သက်ပြင်းချလိုက်သည်။

"ရူးလိုက်တာ၊ ကျုပ် သူ့ကို သတိထားပါလို့ ပြောသားပဲ၊ ဒါပေမယ့် သူက သတိလက်လွတ် ဖြစ်နေတုန်းပဲ၊ သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

…..

သူ့စကားကြောင့် လူများစွာက ဒေါသထွက်လာကာ ကွမ်ဖေးအား ဆဲရေး တိုင်းထွာကြလေတော့သည်။

"ကွမ်ဖေး ခွေးမသားလေး မင်း ဘာလို့ အဲ့လို လုပ်တာလဲ။ မင်းလည်း ဟွာရှနိုင်ငံကပဲလေ"

"ီးပဲ ကွမ်ဖေး မင်းက ကိုရီးယားလူမျိုး တစ်ယောက်က ကိုယ့်လူမျိုး တစ်ယောက်ကို သတ်နိုင်အောင် ကူညီပေး ရဲရတာလဲ၊ ဆန်ကုန်မြေလေးကောင်"

သို့သော် သူတို့စကားအဆုံးတွင် ကွမ်ဖေးက ရက်စက်စွာ လှောင်ရယ်၍ ပြန်ပြောလာသည်။

"ကိုယ့်လူမျိုး ဟုတ်လား၊ ဟီးဟီး ကျုပ် စိတ်မကောင်းပါဘူး၊ ကျုပ် ဟွာရှ နိုင်ငံသားဆိုတာကို စွန့်လွှတ်လိုက်တာ ကြာလှပြီ၊ အခု ကျုပ်က ကိုရီးယား နိုင်ငံသားပဲ"

*ဘာ*

သူ ပြန်ပြောလိုက်သော စကားကြောင့် ကြည့်နေသူများ ဒေါသူပုန်ထ လာကြသည်။

*ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်တဲ့ကောင်*

*အရှက်မရှိတဲ့ကောင်*

ကြည့်နေသူများက ချက်ချင်းဆိုသလို သူတို့အကြည့်များအား တိုက်ပွဲဖြစ်နေသော စင်မြင့်ပေါ်သို့ အကြည့်လွှဲလိုက်ကြသည်။

"သေပေတော့"

ပိုင်ဟူက ကြုံးဝါးရင်း ကျိုးဖျောင်ယိုထံသို့ ဒဏ်ရာရနေသော သားရဲကောင်ကြီးကဲ့သို့ ပြေးဝင်သွားသည်။

သို့သော် ကျိုးဖျောင်ယိုက သူ့တိုက်ကွက်များကို အသာလေး ရှောင်တိမ်းနေသည်။ ထို့ပြင် ကျိုးဖျောင်ယိုက ပိုင်ဟူ တိုက်ကွက်တစ်ကွက် ထုတ်လိုက်တိုင်း သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာတစ်ခု ချန်ရစ်လေသည်။

ရွှစ်! ရွှစ်! ရွှစ်!

ပိုင်ဟူ အပြင်းအထန် ဒဏ်ရာရကာ သူ့ဒဏ်ရာများမှ သွေးများ ပန်းထွက်လာသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အချက် နှစ်ဆယ်ပိုသော ဒဏ်ရာများ သူ ရလာလေသည်။ သွေးများဖြင့် ပေကျံနေပြီး သူ့ပုံစံက နီရဲနေသော ကိုယ်အင်္ဂါ ချို့ယွင်းနေသည့် မကောင်းဆိုးဝါးတစ်ကောင်နှင့် ဆင်တူနေသည်။

လူအုပ်ထဲမှ လူတိုင်းသည် ဖျောင်ကျိုးယိုက ပိုင်ဟူအား အရူးလုပ်နေမှန်း နားလည်လိုက်ကြသည်။

"သေစမ်း"

ကြည့်နေသောသူတိုင်း ဒေါသထွက်နေကြ၏။ ဒါ တမင် အရှက်ခွဲနေခြင်းပင်။

ထိုစဉ် ခက်ထန်သော အသံတစ်သံက စင်ပေါ်မှ ထွက်ပေါ်လာသည်။

"အချိန်စေ့ပြီ။ မင်း သေလို့ရပြီ ဟွာရှ ပုရွက်ဆိတ်လေး"

ထို့နောက် ဖျောင်ကျိုးယိုက သူ့ဓားဖြင့် ပိုင်ဟူ၏ လည်မျိုအား လျင်မြန်စွာ လှီးဖြတ်လိုက်သဖြင့် လေထဲ၌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"သတိထား ပိုင်ဟူ"

စင်အောက်မှ ကြည့်နေသော သူတိုင်း ပြာနှမ်းနေသော မျက်နှာများနှင့် သတိပေးစကား ဆိုလိုက်ကြသည်။

ဖျောင်ကျိုးယို၏ တိုက်ကွက်ကို မြင်လိုက်သည်နှင့် ကြည့်နေသောသူများ မျက်ခုံးလှုပ်လာသည်။

ဤသည်ကား သေစေနိုင်သော တိုက်ကွက်ပင်။

ပိုင်ဟူ၏ မျက်နှာတွင် ချက်ချင်းဆိုသလို အကြောက်တရားများဖြင့် ပြည့်နှက်လာ၏။

သူ၏ နောက်ဆုတ်နိုင်သော လမ်းများ အားလုံး ပိတ်ဆို့ခံထားရသည်ကို သူ သိနေသည်။ သူ သေတော့မည်ကိုလည်း သူ သိလိုက်သည်။

"ငါ သေတော့မှာပါလား"

ပိုင်ဟူ မလိုလားသော မျက်လုံးများဖြင့် ရေရွတ်လိုက်မိသည်။ သူ သေရမည်ကို မကြောက်ပါ။ သို့သော် ကိုရီးယားလူမျိုး တစ်ယောက်၏ သတ်ခြင်းကို ခံရပြီး သူ့ဝိညာဉ်က နိုင်ငံခြားသားတစ်ယောက်၏ လက်ထဲမှ ထွက်ခွာသွားရမည်ကို သူ စိုးရွံ့မိသည်။

သူ့လို ယောကျ်ားမျိုးအတွက် ဒါက ရှက်ဖွယ်အတိပင် ဖြစ်သည်။

သို့သော် ပိုင်ဟူ သေခါနီးအချိန်တွင် ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ရသည်။

"မင်း ဘယ်ခြေကို စောင်းပြီး ညာပခုံးကို နှိမ့်လိုက်"

ပိုင်ဟူ တစ်ယောက်တည်းသာ ထိုအသံကို ကြားရသည်။ ချက်ချင်း ပိုင်ဟူက သူ့ဘယ်ခြေကို စောင်း၍ ညာပခုံးကို နှိမ့်လိုက်သည်။

ရွှစ်!

သူ့ညာပခုံးက ပြင်းထန်သော ခွန်အားကြောင့် လှီးဖြတ်ခြင်း ခံရကာ သွေးများ စီးကျလာသည်။

သူ ကျဉ်းထဲကျပ်ထဲမှ လွတ်မြောက်လာခဲ့ပြီ။ သူ၏ လှုပ်ရှားမှုကို ကြည့်ပြီး ဖျောင်ကျိုးယို အပါအဝင် ကြည့်နေသူများ အားလုံး တစ်ခဏမျှ မှင်တက်သွားရသည်။

သို့သော် ထိုအချိန်မှာပင် ပိုင်ဟူ၏ နားက အသံတစ်သံကို ကြားလိုက်ရသလို ဆတ်ခနဲ လှုပ်သွားသည်။ ထို့နောက် သူက စင်မြင့်ပေါ်မှ မဆိုင်းမတွ ခုန်ချလိုက်သည်။

….

ထိုစဉ် ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ဟွာရှနိုင်ငံသားတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့စိတ်များ ရစ်ဝဲနေသေးသည်။

ထိုကဲ့သို့ သေစေနိုင်သော တိုက်ကွက်များ ပိုင်ဟူ အသက်ရှင်လာသည်ကို သူတို့ မယုံနိုင်သေးပါ။

သူ ရှုံးနိမ့်သွားသော်လည်း ပိုင်ဟူသည် ဟွာရှ သိုင်းပညာရှင်များ၏ ရင်ထဲတွင် သူရဲကောင်းပင် ဖြစ်သည်။

သေစေနိုင်သော တိုက်ကွက်ကို ခံစားခဲ့ပြီးနောက် သူ ထိုတိုက်ကွက်မှ အသက်ရှင် ကျန်ရစ်လာခဲ့သည်။

ကြည့်နေသူများ မယုံကြည်နိုင်သလို ဖြစ်နေကြ၏။

ပိုင်ဟူသည် ဒွိဟစိတ်ဖြင့် သူ့အသက်ကို ကယ်ခဲ့သည့် သူအား ကျေးဇူးတင်သော မျက်လုံးများဖြင့် လူအုပ်ကြားထဲသို့ လိုက်ရှာနေမိသည်။

ထိုအချိန်တွင် ဖျောင်ကျိုးယိုက ဒေါသထွက်လို့နေသည်။

သူ၏ သေစေနိုင်သော တိုက်ကွက်မှ ပိုင်ဟူ ရှောင်ထွက်သွားနိုင်ခဲ့သည်ကို ကျိုးဖျောင်ယို မယုံနိုင်သေးပါ။

ထို့နောက် သူက စင်အောက်မှ လူအုပ်ကြားထဲ၌ ရပ်နေသော ပိုင်ဟူအား စိုက်ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။

"ဟွန်း ဟွာရှ ပုရွက်ဆိတ်လေး၊ မင်း သီသီလေး လွတ်သွားရုံလေးပါပဲ"

ထို့နောက် ဖျောင်ကျိုးယိုက လူအုပ်ကြားထဲ စိုက်ကြည့်ကာ သန်မာ ပြင်းထန်သည့် ချီဓာတ်ဖြင့် ဟစ်အော်လိုက်သည်။

"ဘယ်သူ စမ်းကြည့်ချင်သေးလဲ။ သေချင်ရင် ဒီလာခဲ့"

ပိုင်ဟူ၏ သီသီလေး လွတ်မြောက်သွားမှုက ဖျောင်ကျိုးယိုအား အလွန် ပေါက်ကွဲသွားစေသည်။

သူ့နောက်ပြိုင်ဘက် အပေါ်၌ ထိုဒေါသများကို ဖြည်ချချင်နေသည်။

'ငါ မင်းကို သတ်မယ်"

ထိုစဉ် သက်ကြီးပိုင်းတစ်ယောက်က စင်ပေါ် တက်လာသည်။ ထိုသူသည် ဆရာသခင် အထွတ်အထိပ်အဆင့် ရှိသည့် အောင်းရှန့် စီရင်စုဒေသက ကျန့်ကလန်ရဲ့ မဟာ ဆရာသခင်ပင် ဖြစ်သည်။

ကျန့်ကလန်မှ မဟာဆရာသခင်ကို ကြည့်ပြီး ကျိုးဖျောင်ယိုက ကြောက်ရွံ့သွားသော မျက်လုံးများဖြင့် မျက်မှောက်ကြုတ်သွားသည်။

"ကိုရီးယား လူငယ်‌လေး မင်းက မောက်မာလွန်းတယ်၊ ဒီနေ့ ဟွာရှ နိုင်ငံကို မစော်ကားသင့်ဘူးဆိုတာကို မင်းကို ငါ သင်ပြပေးပါရစေ"

မဟာဆရာသခင်ကျန့်က သိမ်းငှက်ကဲ့သို့ စူးရှနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

သူ့စကားကြောင့် ဟွာရှ သိုင်းပညာရှင်များ တက်ကြွလာကာ စတင်၍ ကြွေးကြော်လာကြသည်။

"မဟာဆရာသခင် အဲ့ကိုရီးယား လူငယ်လေးက အရမ်း အန္တရာယ် များလွန်းတယ်၊ သူ့ကို သတ်ပစ်လိုက်ပါ"

"ဟုတ်တယ်၊ ဟွာရှ နိုင်ငံကို ရန်စရဲတဲ့သူတိုင်း သေကို သေရမယ်"

"သူ့ကို သတ်"

သူ့စကားကြောင့် ကျိုးဖျောင်ယိုက ဒေါသနှင့် အော်ဟစ်လိုက်သည်။

"ကောင်းပြီလေ၊ ခွေးအိုကြီး ဒီနေ့ ကျုပ် ခင်ဗျား အရိုးတွေကို ချိုးပစ်မယ်"

"ခင်ဗျား သေကို သေရမယ်"

ဖျောင်ကျိုးယိုက မဟာဆရာသခင်ကျန့်၏ ချက်ကောင်းနေရာများသို့ သူ့ဓားကို သုံး၍ အသံထက် မြန်သော နှုန်းဖြင့် ခုတ်ပိုင်းလေသည်။

သူ၏ တိုက်ခိုက်မှုကို ကြည့်ပြီး မဟာဆရာသခင်ကျန့်က လှောင်ရယ်၍ ရှေ့သို့ ပြေးတက်လာသည်။

ထိုစဉ် ဖျောင်ကျိုးယိုက ရက်စက်သော မျက်နှာထားနှင့် လက်ချောင်းများကို လှုပ်ရမ်းလိုက်သဖြင့် လေထဲ ပေါင်ဒါမှုန့်များ ဝဲပျံလာ၏။

"အဲ့ဒါ ချီစွမ်းအင် ယုတ်လျော့စေတဲ့ ပေါင်ဒါပဲ"

သူ၏ ရူးသွပ်သော တိုက်ခိုက်မှုကို ကြည့်ပြီး မဟာဆရာသခင်ကျန့် ပျာယာခတ်သွားသည်။

ထိုပေါင်ဒါက ဆရာသခင်အဆင့် ပညာရှင်တစ်ယောက်၏ တိုက်ပွဲဝင် ချီဓာတ်အား စက္ကန့်ပိုင်းအတွင်း ဆုတ်ယုတ်သွားစေသည်။

သေခြင်းရှင်ခြင်း တိုက်ပွဲတွင် တစ်စက္ကန့်လေး ချီဓာတ် ယုတ်လျော့သွားသည်က သေသည်နှင့် အတူတူပင် ဖြစ်သည်။

ရွှစ်! ရွှစ်! ရွှစ်!

ရုတ်တရက် သွေးမြူခိုးများ လေထုထဲ ပြည့်နှက်လာကာ များစွာသော သွေးကွက်များနှင့် ဒဏ်ရာများ မဟာဆရာသခင်ကျန့်၏ ကိုယ်ပေါ်၌ ပေါ်ပေါက်လာ၏။

မဟာဆရာသခင်ကျန့် တစ်ချက်တည်းနှင့် ဒဏ်ရာ အပြင်းအထန် ရသွားလေသည်။

….

ကြည့်နေကြသည့် ဟွာရှ သိုင်းပညာရှင်များ အလွန် ထိတ်လန့်သွားကြသည်။

"ယုတ်မာလိုက်တာ၊ ဒီ ကိုရီးယား ခွေးသူတောင်းစားလေးက ချီစွမ်းအင် ယုတ်လျော့စေတဲ့ ပေါင်ဒါကို သုံးရဲတယ်ပေါ့လေ"

"အရှက်မရှိလိုက်တဲ့ ခွေးမသားလေး"

ဟွာရှ သိုင်းပညာရှင်အားလုံး မခံမရပ်နိုင် ဖြစ်လာကြသည်။ သို့သော် ထိုစဉ် ကျိုးဖျောင်ယိုက မနှစ်မြို့ဖွယ် အပြုံးမျိုး ပြုံး၍ ကြွေးကြော်လိုက်သည်။

"ဟွန်း အရူးတွေ သေခြင်းရှင်ခြင်း တိုက်ပွဲမှာ ဘယ်လှည့်ကွက်မဆို သုံးလို့ရတယ်ကွ"

"ဟွာရှ ပုရွက်ဆိတ်လေး ခင်ဗျား အခု သေလို့ရပြီ"

ဖျောင်ကျိုးယိုက သွေးဆာနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

မဟာဆရာသခင်ကျန့်၏ သွေးနှင့်အတူ ဟွာရှ သိုင်းပညာရှင်တိုင်း၏ အသက်ကို လုံးဝ ဖျက်ဆီးပစ်ရန် လိုလားနေသည်။

သူသည် ချက်ချင်းဆိုသလိုပင် မဟာဆရာသခင်ကျန့်၏ လည်မျိုအား ဓားဖြင့် လှီးဖြတ်လိုက်သည်။

သူ၏ တိုက်ခိုက်မှုကို ကြည့်ပြီး ဟွာရှ သိုင်းပညာရှင်တိုင်း ဝမ်းနည်းလာကြသည်။

*သူတော့ သေတော့မှာပဲ*

မဟာဆရာသခင်ကျန့် သေချာပေါက် သေမည်ကို သူတို့ သိလိုက်ကြသည်။

ထို့ကြောင့် သူတို့ ဒေါသတကြီး အော်ဟစ်လိုက်မိကြသည်။

သို့သော် ထို့စဉ် ဖျောင်ကျိုးယိုက ပို၍ သွေးဆာသော အပြုံးနှင့် ထပ်ပြောလိုက်သည်။

"ကျုပ် ခင်ဗျားကို တစ်ချက်တည်းနဲ့ ခေါင်းဖြတ်ပစ်မယ်"

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ဓားက မဟာဆရာသခင်ကျန့်၏ လည်မျိုထံသို့ လွှဲယမ်းရင်း နီးကပ်လာသည်။

ထိုစဉ် နားကွဲမတတ် အောသ်သံက ကျိုးဖျောင်ယို၏ နားတွင်းသို့ ရိုက်ခတ်လာသည်။

"ဒီနေရာက ထွက်သွားစမ်း"

ထိုအသံက မိုးကြိုးပစ်ချလိုက်သံနှင့် ဆင်တူသည်။ ကဖျောင်ကျိုးယို နားစည်များ အူကာ နာကျင်သွားရသည်။

သူ့မျက်နှာက ထိတ်လန့်ဟန် ပေါ်လာကာ ချက်ချင်း အနောက်သို့ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်လိုက်မိသည်။

ထိုစဉ် သူ့နားထဲမှ သွေးများ စိမ့်၍ စီးလာသည်။

"ဘယ်သူလဲ"

ကျိုးဖျောင်ယိုက စင်အောက်မှ လူအုပ်ကြားထဲသို့ အလွန် ထိတ်လန့်နေဟန်ဖြင့် ကြည့်နေမိသည်။

ရုတ်တရက် ခန်းမ အနောက်နားမှ လူငယ်တစ်ယောက်က လူအုပ်ကို ဖြတ်၍ လျှောက်လာနေသည်။

စင်မြင့်နှင့် နီးကပ်လာချိန်တွင် သူက မကောင်းဆိုးဝါး ဆန်သော အပြုံးမျိုး ပြုံး၍ ဟစ်အော်ကာ ပြောလိုက်သည်က

"မင်းကို သတ်မယ့် သူပေါ့"

စာစဉ် (၁၄) ဤတွင် ပြီးပါပြီ။

All Chapters