← Chapters

အပိုင်း(၁၅၆)-ဘုရင်၏ မိဖုရားနှင့် ပရောပရီလုပ်ခြင်း

Vol. 002 Ch. 156

အပိုင်း(၁၅၆)-ဘုရင်၏ မိဖုရားနှင့် ပရောပရီလုပ်ခြင်း

Vol. 002 Ch. 156

ဟိန်းသံလေးသည် လည်ပင်းတွင် တင်းကျပ်လာကာ သူ့မျက်လုံးများသည် ဘယ်ညာ ရွေ့နေကြသည်။ သူ၏ လက်ကလေးသည် ရှီမာယူယူ၏ လက်အားပုတ်ရန် ကြိုးစားနေသည်။

“ငါ.. ငါဘာမှမလုပ်ဘူး ဟုတ်ပြီလား”

ရှီမာယူယူ သူ့နှဖူးအား အားပြင်းပြင်းနှင့်တောက်ကာ ပြောလိုက်သည် “မင်းဘာမှ မလုပ်ဘူးဆိုရင် အဲအံ့ဖွယ်သားရဲတွေက မင်းကိုဘာလို့လိုက်တာလဲ၊ မင်းက အဲဝိညာဉ်သားရဲတွေကို ဆွဲဆောင်နိုင်တာ မွေးရာပါ မဟုတ်ဘူးလား၊ မင်းဘာမှ မလုပ်ဘူးဆိုရင် ဘယ်လိုလုပ် သူတို့က မင်းကိုလိုက်ပြီးသတ်ချင်ရတာလဲ၊ မင်းပြောမှာလား မပြောဘူးလား မင်းမပြောရင် ငါမင်းကို အပြင်ကိုထုတ်လိုက်မှာ၊ ပြောရရင် အဲအံ့ဖွယ်သားရဲတွေက အပြင်မှာရှိသေးတယ်”

ရှီမာယူယူ၏ ခြိမ်းခြောက်မှုကိုကြားသော် ဟိန်းသံလေး မတတ်သာတော့ပဲ ပြောလေသည် “တကယ်တော့ ငါတကယ်ဘာမှ မလုပ်ပါဘူး၊ သူတို့ ဘုရင်မက အရမ်းလှတော့ ငါစကားနည်းနည်းပဲ သွားပြောတာ”

“စကားနည်းနည်းပြောတယ်ဟုတ်လား” ရှီမာယူယူ သူ့ခေါင်းအား ပုတ်ကာ အော်လိုက်သည် “တခြားတစ်ယောက်ရဲ့ ဘုရင်မကို မင်းသွားပြီး ပရောပရီသွားလုပ်တာလား”

“ငါဘာမှတောင်မပြောရသေးဘူး အဲဘုရင်မက ငါ့နောက်လိုက်ချင်နေတာ” ဟိန်းသံလေးသည် မှားသွားမှန်းခံစားရသည် “အဲဘုရင်မက အရင်ငါ့ကိုတကယ်ကြွေသွားတာကျ ဘယ်သူမှမသိဘူး၊ အဲဒါကြောင့်ပဲဒီလိုဖြစ်သွားတာ၊ ယူယူ ငါတကယ်ပဲ သူမကို စကားနည်းနည်းပဲပြောလိုက်တာပါ”

ရှီမာယူယူ ပြောစရာစကားမဲ့သွားသည်။ ဒီကောင်က ဘယ်လိုပြဿနာရှာရမယ်ဆိုတာ သိတာပဲ။

“မင်းပြောတဲ့ စကားနည်းနည်းက ဘာလဲ” ရိုးရိုးသာမာန်မဟုတ်သည်ကို သူမ ခန့်မှန်းမိသည်။ ဒီလိုမှမဟုတ်ရင် အံ့ဖွယ်သားရဲတွေ၊ သူတော်စင်သားရဲတွေဒီလောက်အများကြီး လိုက်ပြီးသူ့အား သတ်စရာအကြောင်းမရှိပေ။

“ငါ.. ငါပြောတာ.. မိန်းမလှလေး၊ မင်းအရမ်းလှတာပဲ မင်းငါနဲ့ တစ်နေရာသွားပြီး ဆော့ချင်တယ်၊ ဒီလောက်ပဲ….” ရှီမာယူယူအကြည့်များ မှောင်သထက်မှောင်လေ၊ သူ့အသံသည်တိုးလာလေ၊ လည်ပင်းမှာလည်း တင်းကျပ်လေဖြစ်သည်။

ဟိန်းသံလေး လုပ်နေသည်ကို ရှီမာယူယူမြင်သည်နှင့် ပျော်စရာလည်းကောင်းသလို ရယ်စရာလည်းကောင်းသည်။ သူမမှာ ဘယ်လိုလုပ် နာဗူးစာချုပ်သားရဲရှိနေရတာလဲ။

ရှေးဟောင်းစာအုပ်တွေမှာက ရှေးဟောင်းသားရဲတွေက မင်္ဂလာရှိပြီး၊ အေးချမ်းတယ်လို့ ပြောထားတာမလား။ ဟိန်းသံလေးက ဘာလို့အရှက်မရှိရတာလဲ။ သူက ချစ်စရာကောင်းတဲ့ ရေခွံကိုခြုံထားတာပဲ။

ပြဿနာရှာသည့်အချိန်တိုင်းပင် သူ၏ ချစ်စရာကောင်းသော ပုံစံကိုသာပြသခဲ့သည်။ သူသည် ရိုးသားသောပုံစံပေါက်သော်လည်း ပြောင်းလဲတတ်သည်။

ရှီမာယူယူ ဒေါသထွက်သွားသည်ကို ဟိန်းသံလေးမြင်သည်နှင့် သူ၏ ချစ်စရာကောင်းသော မျက်လုံးကြီးများကို ပုတ်ခတ်ကာ လက်နှစ်ဖက်ပိုက်ပြီး ညင်သာစွာပြောလိုက်သည် “ယူယူ ငါမှားသွားပါတယ်... ငါထပ်ပြီးတော့…”

“ရွှတ်”

ဘေးတွင်ရပ်နေသော လေးယောက်သည် ရယ်မောလိုက်ကြသည်။ ဟိန်းသံလေးသည် ဒီလိုအခြေအနေမျိုးဖြစ်အောင် ဖန်တီးလိမ့်မည်ဟု သူတို့ထင်မထားကြပေ။ သူတကယ်ပဲ အံ့ဖွယ်သားရဲ၏ ဘုရင်မကို သွားပြီး ပရောပရီလုပ်တာပဲ။

“အဟွတ် အဟွတ် ယူယူ သူက သူ့အမှားကို ဝန်ခံနေမှာတော့ မင်းထပ်ပြီးအပြစ်မတင်ပါနဲ့တော့” ဘေဂုံထန်သည် ဟိန်းသံလေး ထောင်ချောက်ထဲမိနေသည်ကို မြင်သည်နှင့် သူ့အစားပြောပေးလိုက်သည်။

“အင်း ဟုတ်တယ် ဟုတ်တယ်” ဟိန်းသံလေးသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်သည်။

ရှီမာယူယူ သူ့အား ရိုက်ကာပြောလိုက်သည် “နောက်တစ်ခါ မင်းဝိညာဉ်သားရဲတွေနဲ့ ပရောပရီလုပ်ရင် မင်းကို စာချုပ်နေရာမှာ တစ်နှစ်ပိတ်ထားမယ်”

ဟိန်းသံလေးသည် သူ၏ လက်သည်းများဖြင့် ခေါင်းအားကိုင်ချင်သော်လည်း သူ့လက်များသည် တိုလွန်း၏ နားရွက်အထိပဲရောက်လေသည်။

“မလုပ်တော့ပါဘူး မလုပ်တော့ပါဘူး” သူလျင်မြန်စွာ အခိုင်အမာပြောလိုက်သည်။

“ဟင် ဒီလိုနောက်တစ်ခါဖြစ်လို့ကတော့ မဖြစ်ချင်အောင်လုပ်ပေးမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဟိန်းသံလေးအား လေထဲသို့ပစ်လိုက်သည်။

ဟိန်းသံလေးသည် လွတ်လပ်သွားသည်နှင့် အငွေ့နှင့်အတူ ပျောက်ကွယ်သွားလေသည်။

လူနှင့် သားရဲအားကြည့်ကာ အားလုံးသည် ရယ်မောကြသည်။

“ယူယူ ငါတို့ဒီနေရာမှာ ဘယ်လောက်ကြာအောင်နေရမှာလဲ” ဖက်တီးကျူသည် အရင်ဆုံးမေးလိုက်သည်။

“အနည်းဆုံးတော့ အဲအံ့ဖွယ်သားရဲတွေ ထွက်သွားတဲ့အထိပဲ” ရှီမာယူယူပြောလိုက်သည်။

“ဘယ်လောက်ကြာကြာ အဆင်ပြေမယ်ထင်တာပဲ ဒီမှာ နှစ်နည်းနည်းနေရရင်တောင် ကိစ္စမရှိဘူး” ဖက်တီးကျူပြောလိုက်သည်။ “ဒီက ဝိညာဉ်ချီက အပြင်ကထက်ထူတယ်၊ ဒီမှာ ကျင့်ကြံရမယ်ဆိုရင် ငါတို့ ရလဒ်တွေက ပိုကောင်းနိုင်တယ်”

“ဒီနေရာက ကိုယ်ပိုင်ကန့်သတ်ချက်ရှိတယ်” ရှီမာယူယူပြောလိုက်သည် “ဝိညာဉ်လေး အပြင်က အခြေအနေကို ကြည့်လို့ရအောင် လုပ်ပေးဦး”

ဝိညာဉ်လေးသည် သူတို့ရှေ့တွင်ပေါ်လာကာ သူ့လက်လေးအား ဝှေ့ရမ်းလိုက်သည်။ လေထဲတွင် လိုက်ကာကဲ့သို့ တစ်စုံတစ်ခုပေါ်လာကာ အပြင်မှအခြေအနေကို အားလုံးရှင်းလင်းစွာမြင်ရလေသည်။

ထိုအံ့ဖွယ်သားရဲများသည် ထိုလူများရုတ်တရက်ပျောက်သွားခြင်းကို ရှုပ်ထွေးကာ အပြင်တွင် မရပ်မနား ရှာနေကြသည်။

“ကြည့်ရတာ ငါတို့ အချိန်တစ်ခုတော့ ထွက်သွားလို့မရဘူးထင်တယ်၊ ငါတို့ ဒီမှာ ခဏတော့ နေရမယ်” အံ့ဖွယ်သားရဲတစ်ချို့သည် သူတို့ထွက်ပေါ်လာသည်ကို စောင့်ရင်း မြေပေါ်တွင်လဲနေသည်ကို ရှီမာယူယူ မြင်လိုက်သည်။

“ယူယူ ဒါက…” ဝေကျိရွှီသည် ဝိညာဉ်လေးအားကြည့်လိုက်သည်။ ဒီလို ကလေးသေးသေးလေးက ဒီမှာဘယ်လိုလုပ်ပေါ်လာတာလဲ။

“ဒါက ဝိညာဉ်လေးပဲ ဒီဝိညာဉ်စေတီရဲ့ ရှေးဟောင်းဝိညာဉ်ပဲ” ရှီမာယူယူပြောလိုက်သည် “သူက ဒီနေရာရဲ့ အစောင့်ပဲ သူပဲအကုန်ဖြေရှင်းတာ”

“ရှေးဟောင်းပစ္စည်းဝိညာဉ်ဟုတ်လား” ဘေဂုံထန်သည် ဝိညာဉ်လေးအား အံ့သြစွာကြည့်လိုက်သည်။ သူမ ကမ္ဘာဦးအစရှေးဟောင်းမြေတွင်နေစဉ်က အံ့ဖွယ်ရှေးဟောင်းပစ္စည်းများတွင် ရှေးဟောင်းပစ္စည်းဝိညာဉ်ရှိသည်ကို သိခဲ့ရသည်။ သို့သော် အံ့ဖွယ်ပစ္စည်းများသည် အဆင့်မြင့်ကြ၍ အရေအတွက်အလွန်နည်းပါးသည်။ ရှီမာယူယူတွင် ထိုပစ္စည်းပိုင်ဆိုင်လိမ့်မည်ကို သူမ ထင်မထားပေ။

“အင်း” ရှီမာယူယူပြောလိုက်သည်။ “ငါတို့ အခုသွားလို့မရမှတော့ မင်းတို့ကို ပတ်ပြပေးမယ်”

“ကောင်းတယ်၊ ငါဒီနေရာအကြောင်းကို သိချင်နေပြီ” ဖက်တီးကျူသည် ရယ်မောကာပြောလိုက်သည်။

ဝူရန်ဖေနှင့် တခြားသူများသည် ဘာမှမပြောသော်လည်း သူတို့မျက်လုံးထဲတွင် အလင်းရောင်များတောက်ပနေခဲ့သည်။

ရှီမာယူယူသည် သူတို့အား ဆေးကွင်းပြင်၊ အဂ္ဂိရတ်အခန်း၊ ကျင့်ကြံခြင်းအခန်းနှင့် စာအုပ်ပြခန်းတို့ဆီသို့ လျှောက်ပြခဲ့သည်။

စာအုပ်ပြခန်းတွင် မျိုးစုံသော စာအုပ်အမျိုးအစားကို တွေ့ခဲ့သည်ဖြစ်၍ အနည်းငယ်ပင် ပဟေဠိဖြစ်သွားရသည်။

“အဂ္ဂိရတ်၊ လက်နက်တွေ၊ သားရဲထိန်းကျောင်းခြင်း၊ ကျင့်ကြံခြင်း…ကောင်းကင်။ ယူယူ မင်း ဒီမှာ အားလုံးရှိတာပဲ” ဝေကျိရွှီသည် ထိုစာအုပ်များမြင်သည်နှင့် စိတ်လှုပ်ရှားလာသည်။

“အင်း ဝိညာဉ်လေးရဲ့ အရင်ပိုင်ရှင်က ကိုယ်ပိုင် အလုပ်တစ်ခုစီရှိကြတယ်၊ အဲပစ္စည်းတွေက သူတို့တွေချန်ထားခဲ့တဲ့ဟာတွေပဲ” ရှီမာယူယူပြောလိုက်သည် “မင်းစိတ်ဝင်စားရင် ယူဖတ်လို့ရတယ်”

“တကယ်လား”

“ရတာပေါ့။ စာအုပ်က မင်းဖတ်ပြီးရင် ပျောက်သွားတာမှမဟုတ်တာ” ရှီမာယူယူ ပြုံးကာပြောလိုက်သည်။ “ပြီးတော့ ဒီနေရာက အရင်းအမြစ်တွေပြည့်နေတာ၊ မင်းသွားပြီး ဘာမဆိုလေ့ကျင့်နိုင်တယ်၊ ဒီမှာ ဝိညာဉ်သားရဲတော့အများကြီးမရှိဘူးပေါ့ အပြင်မှာတော့ အများကြီးရှိတယ်”

အရင်ကဆိုလျှင် သူတို့အား ဒီနေရာသို့ ခေါ်လာရန် သူမတွေဝေခဲ့သည်။ သို့သော် သူတို့ဖြတ်ကျော်လာသည့် ခရီးအားစဉ်းစားကြည့်လျှင် သူတို့အများကြီးဖြတ်ကျော်လာခဲ့ပြီးဖြစ်သည်။ သူမ အားအနည်းဆုံးဖြစ်သည့်အချိန်မှာတောင် သူတို့ပစ်မထားခဲ့ပေ။ ထိုသည်မှာ အခက်ခဲဆုံးဖြစ်သည်။ သူတို့သည် သူမအား ကူညီပေးပြီး နှစ်သိမ့်ပေးခဲ့ကြသည်။ ရှီမာလိုင်ခေါ်သွားခံရပြီး ရှီမာမျိုးနွယ်ကျရှုံးမလိုဖြစ်တုန်းကလည်း သူတို့ကူညီပေးခဲ့ကြသည်။

သူမအတွက် သူတို့၏ ရင်းနှီးမှုကို စိတ်ထဲတွင်အမြဲရှိသည်။ ထို့အပြင် သူမအား တစ်ယောက်တည်းဖြစ်မည်စိုးကာ သူမနောက်မှ ဒီနေရာသို့လိုက်လာခဲ့သည်။ သူတို့အား အချိန်အကြာကြီးစောင့်ကြည့်မှပင် ထိုလူများ၏ အကြောင်းကိုရှင်းလင်းသွားရသည်။

သူမ အရင်ကပြောခဲ့သည်၊ ကိတ်ပေါ်မှ သကြားခဲအား ဂရုမစိုက်ပါ၊ သို့သော် နှင်းထဲမှ မီးသွေးတော့မဟုတ်ပေ။ ဒီနေရာမှ ပစ္စည်းများသည် နေရာတွင်တည်ရှိကာ တခြားအတွက်မသုံးသော်လည်း သူတို့အား မပြောပြရစရာအကြောင်းမရှိပေ။

“ဒီဟာ အိမ်မက်လို့တောင် ရုတ်တရက်ခံစားရတယ်” ဖက်တီးကျူသည် လက်ဆန့်ထုတ်ကာ သူ့ဘေးတွင်ရှိသော ဝေကျိရွှီအား ဆွဲဆိတ်လိုက်သည်။ နစ်နာသူသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ ထအော်လေသည်။

“အော်တယ်ဆိုတော့… သူနာလို့ပဲ၊ ဒါဆို ငါတို့အိမ်မက်ထဲမှာမဟုတ်ဘူးပေါ့” ဝေကျိရွှိ၏ မျက်လုံးထဲမှ သူ့အား အပြစ်တင်သည့်အကြည့်ကိုတော့ ဖက်တီးကျူမမြင်တော့ပေ။

ဘေဂုံထန်သည် ရယ်မောကာ ခေါင်းငုံ့ပြီး သူမလက်ထဲမှ စာအုပ်အားကြည့်ပြီး ပြန်ချလိုက်လေသည်။

သူမ ကြည့်နေသည့် စာအုပ်ကို ရှီမာယူယူသတိထားမိသည်။ သူမကြည့်သည်မှာ အဂ္ဂိရတ်ပညာစာအုပ်…ဘေဂုံထန်၏ မျက်လုံးထဲမှ ဝန်လေးနေသော အကြည့်များကို သူမသည်လည်း သတိထားမိသည်။ သူမသည် အဂ္ဂိရတ်ပညာအား သင်ချင်သော်လည်း အတင်းပြန်ချထားလိုက်သည်။

“ဘေဂုံ မင်းအဂ္ဂိရတ်ပညာကို သင်ရမယ်လို့မခံစားရဘူးလား” သူမ မေးလိုက်သည်။

“ငါလည်း သင်ချင်တယ်၊ ဒါပေမယ့် အခုသင်ဖို့ ငါ့မှာအချိန်မရှိသေးဘူး” ဘေဂုံထန်ပြောလိုက်သည်။

သူမ ထိုသို့ပြောသည်ကိုကြားသည်နှင့် စိတ်လှုပ်ရှားနေသော ဖက်တီးကျူ၏အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

သူတို့သည် သန်မာလာစေရန် ကြိုးစားနေခြင်းကြောင့် ထိုအရာများကို သင်ယူရန်အချိန်မရှိကြပေ။ သူတို့သည် ရှီမာယူယူကဲ့သို့ မွေးရာပါ အရည်အချင်းရှိသူမဟုတ်ပေ။

All Chapters