← Chapters

ဆိုးတဲ့ဝိညာဥ်သားရဲတွေက ပိုင်ရှင်တွေ အလိုလိုက်ထားလို့ပဲ)

Vol. 11 Ch. 102

ဆိုးတဲ့ဝိညာဥ်သားရဲတွေက ပိုင်ရှင်တွေ အလိုလိုက်ထားလို့ပဲ)

Vol. 11 Ch. 102

ရက်တစ်ချို့ကြာပြီးနောက်..

ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ကျောက်စိမ်းပန်းပွင့် တောင်ထိပ်တွင်..

ချီယွမ်သည် ပင်မထိုင်ခုံတွင် ထိုင်လိုက်ပြီးသည်နှင့် မျက်လုံးလေးလုံး မြေခွေးနတ်ဆိုးအား ခက်ထန်သော မျက်နှာဖြင့် ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်လေ၏။

"အခု မင်းရဲ့အမပိုင်လည်း ရွှေအမြုတေဖွဲ့စည်းဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတယ်။ မင်းအစားအသနားခံပေးမယ့်သူ တစ်ယောက်မှမရှိဘူး။ လိမ္မာတဲ့ ဝိညာဉ်သားရဲ‌တစ်ကောင်ဖြစ်လာဖို့ကို ဒီတာအိုသားတော်ကပဲ အနစ်နာခံပြီး ကောင်းကောင်း ထိန်းကျောင်း ပေးမယ်”

ပြောပြီးသည်နှင့် ချီယွမ်သည် ဝင်ပေါက်ကို လက်ညှိုးထိုးလိုက်ကာ..

"ဂူဝင်ပေါက်မှာ စိုက်ထားတဲ့ နှစ်တစ်ရာ လင်ဇီးမှိုတွေအားလုံးကို မင်း စားပစ်လိုက်တယ်မလား။"

ထိုမေးခွန်းကို ကြားသည်နှင့် မြေခွေးလေးက ကြောက်ရွံ့စွာ နောက်ဆုတ်သွားခဲ့ပြီး အားနည်းစွာ ဖြေကြားလာ၏။

"သခင် အဲ့ဒီအပင်တွေက သာမန်အစိမ်းရောင် လင်ဇီးမှိုတွေပါ။ လမ်းဘေးမှာ ပေါက်နေရင်တောင်မှ ဘယ်သူမှမစားကြဘူး။ ဒါကြောင့် ကျွန်မက သွားယားလာလို့ စားလိုက်မိ..."

မြေခွေးလေး၏ စကားမဆုံးခင်မှာပဲ ချီယွမ်က‌ ကောက်မလိုက်သည်။

ကြောက်ရွံ့သွားသောမြေခွေးသည် အသနားခံလေတော့၏။

"သခင် ကျွန်မတစ်ကယ်ပဲ မရည်ရွယ်ခဲ့ပါဘူး။ နောက်ပိုင်းကျရင် သေချာပေါက်ပေးဆပ်မယ်လေ၊ နော်.. မရဘူးလား။"

ချီယွမ် မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ခံစားချက်မရှိစွာပြောလိုက်သည်။

"အဲ့ဒါအဓိကမဟုတ်ဘူး။ ငါပြောချင်တဲ့အဓိကအချက်က ငါ့ရဲ့ ကျောက်စိမ်းပန်းပွင့် တောင်ထိပ်မှာ အရည်မရ အဖက်မရတဲ့ ဆန်ကုန်မြေလေးတွေကို မကြိုဆိုဘူး။ ပြောရမယ်ဆိုရင် အရည်မရ အဖက်မရတဲ့ မင်းလိုဆန်ကုန်မြေလေး နတ်ဆိုးကောင်ကိုပဲ။"

"ငါ့ရဲ့နတ်ဆိုးသားရဲက ကောင်းမွန်စွာ မကျင့်ကြံဘဲ၊ ဘာအလုပ်မှမလုပ်ဘဲ၊ အချောင်ခိုဖို့ကြိုးစားနေတာလား။ မင်းရဲ့အချိန်ကို ဖြုန်းပြီးတော့ ဒီလိုနေရမှာ မဟုတ်ဘူး။ မင်းငါ့အပေါ်မှာတင်နေတဲ့ အကြွေးဆပ်ဖို့ ကြိုးစားနေရမှာလေ။"

ချီယွမ်သည် ပြောနေရင်းနှင့် မြေခွေးလေး၏ ဦးခေါင်းထက်က အမွှေးနုများအား ပွတ်သပ်လိုက်ကာ တည်တံ့စွာဖြင့် ပြောလိုက်၏။

"အပြင်ခေါ်မိတဲ့အချိန်ကျမှ မင်းကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ရမယ့်အစား မင်းရဲ့အရေခွံကို အခုပဲခွာပြီးတော့ အမပိုင်အတွက် သားမွေးဝတ်ရုံ လုပ်ပေးလိုက်မယ်လေ၊ မင်းဘာပြောမလဲ။"

"မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ သခင်ချမ်းသာပေးပါ။"

မြေခွေးလေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလေကာ အသနားခံမှုများပြည့်နေသော မျက်နှာဖြင့် အမြှီးရမ်းကာ ကြည့်လာ၏။

"သခင် ကျေးဇူးပြုပြီးချမ်းသာပေးပါ။ ကျွန်မအလုပ်ကြိုးစားပြီး ပိုမိုသန်မာအောင်လို့ ကျင့်ကြံပါ့မယ်လေ၊ လုံးဝ အချောင်မခိုတော့ပါဘူး။"

ချီယွမ်အေးစက်စွာ မဲ့ရွှဲ့လိုက်ပြီး..

"ဒီလိုဆိုမှတော့ ငါမင်းကို အခွင့်အရေးထပ်ပေးမယ်။ မင်းမှာအချိန်တစ်နှစ်ရှိတယ်။ ဒီတစ်နှစ်အတွင်းမှာ ရွှေအမြုတေနယ်ပယ်ရောက်လာအောင် ကျင့်ကြံရမယ်။ မဟုတ်လို့ကတော့..."

ထိုကြောက်မက်ဖွယ် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါမှာ မြေခွေးလေးသည် အသံတစ်ချက်တောင်မထွက်ရဲတော့ဘဲ အလျင်အမြန်ကတိပေးလာ၏။

"ကျွန်မရဲ့အသက်ကို ချမ်းသာပေးတဲ့အတွက် သခင့်ကို ကျေးဇူးတင်ပါတယ်။ နိမ့်ကျတဲ့နတ်ဆိုးသားရဲက လူသားအသွင်ပြောင်းလာနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါ့မယ်။"

ဉာဏ်ရည်ရှိ နတ်ဆိုးသားရဲများသည် ရွှေအမြုတေနယ်ပယ်သို့‌ ရောက်သည်နှင့် လူသားအသွင် ပြောင်းလဲနိုင်ကြသည်။ ကျင့်ကြံရေးလောကတွင် လူသားများအား ထိပ်သီးမျိုးစိတ်အဖြစ် အကျယ်တဝန်း အသိအမှတ်ပြုထားသောကြောင့်ပင် ဖြစ်သည်။

"မင်းရဲ့စကားကို မှတ်ထားပါ။ သွားပြီးတော့ လေ့ကျင့်တော့"

ချီယွမ်ခံစားချက်မဲ့စွာ ခေါင်းငြိမ့်လိုက်ပြီး နတ်ဆိုးမြေခွေးအား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ဒီနိမ့်ကျတဲ့မြေခွေးက အခုပဲ သွားပြီးတော့ လေ့ကျင့်ပါ့မယ်။ အခုပဲသွားပါ့မယ်။"

ထိုမြေခွေးလေးခဗျာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့ပြီး တုန်ယင်စွာဖြင့် ဂူထွက်ပေါက်သို့ တွားသွားကာ ထွက်သွားလေတော့သည်။

ထိုဝမ်းနည်းပန်းနည်း ဟန်ပန်အား ကြည့်နေရင်း ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်၏။

(မလိမ္မာတဲ့ နတ်ဆိုးသားရဲတွေက သူတို့ရဲ့ပိုင်ရှင် လူသားစီကနေ အလိုလိုက်ခံထားရလို့ပဲ။ ကောင်းကောင်းလေးဆူပေးမှ လိမ္မာလာကြမှာ။)

ထိုအချိန်တွင် ဂူအပြင်ဘက်မှ လေးစားသော အသံတစ်ခုကို ကြားလိုက်ရသည်။

"တာအိုသားတော် ဂိုဏ်းခေါင်းဆောင်ရောက်လာပါတယ်။ ကျေးဇူးပြုပြီး ထွက်ပြီးနှုတ်ဆက်ပေးပါ။"

(ဘာ)

ချီယွမ်ပထမတော့ အံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင် ဂိုဏ်းအပြင်ဘက်ရှိ အကာအကွယ် အစီအရင်အား ချက်ချင်း ဖွင့်လှစ်လိုက်ကာ သွားရောက်နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင်ကို ကျွန်တော်တာအိုသားတော် နှုတ်ဆက်ပါတယ်။"

"ယဉ်ကျေးမှုပြဖို့ မလိုပါဘူး။"

တာအိုဆရာသခင် ဟန့်ကျန်းက အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး ပျော်ရွှင်မှုများ ပြည့်နေသော မျက်နှာထားဖြင့် ချီယွမ်ကို ကြည့်လိုက်ကာ

"ကောင်းတယ်။ မင်းရဲ့ဝိညာဉ်သန္ဓေကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်ပြီပဲ။ အထဲဝင်ပြီးစကားပြောကြရအောင်လေ။"

"ဟုတ်ကဲ့ပါ ဆရာသခင်။"

တံခါးပိတ်ကျင့်ကြံနေသော ဟန့်ကျန်း တစ်ယောက် ရုတ်တရက် ရောက်လာသည့်အတွက် ချီယွမ် ရှုပ်ထွေးနေသော်ငြား နာခံစွာဖြင့် ဂူအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

ပင်မခန်းမတွင် ထိုင်ပြီးသည်နှင့် ဟန့်ကျန်းက လိုရင်းကိုပြောလာ၏။

"တပည့်၊ မင်းရဲ့ဝိညာဉ်သန္ဓေက ဘယ်အဆင့်လဲ။"

ထိုမေးခွန်းအတွက် ချီယွမ် အသင့်ပြင်ဆင်ထားပြီးဖြစ်လေရာ ချက်ချင်းပင် ဖြေကြားလိုက်၏။

"ဆရာသခင် ကိုဖြေကြားပါတယ်။ ကျွန်တော်ဖွဲ့စည်းလို့ရခဲ့တဲ့ ဝိညာဉ်သ‌န္ဓေက စိတ်ဝင်ညာဉ်စွမ်းအင်သန့်စင်ပြီး နတ်အလင်းနဲ့ တောက်ပနေပါတယ်။ သန့်စင်နယ်မြေရဲ့မှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ နတ်အလင်းဖြာ ဝိညာဉ်သန္ဓေနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒါ့ကြောင့် နတ်အလင်းဖြာ ဝိညာဉ်သန္ဓေလို့ ယူဆရပါတယ်။"

ဝိညာဉ် အခြေတည်နယ်ပယ်သို့ ရောက်လာပြီးသည်နှင့် ချီယွမ်သည် ဖန်တီးထားသော ကောင်းကင်တာအို ဝိညာဉ်သန္ဓေ၏ ထူးခြားဆန်းကျယ်သော ဖြစ်စဉ်များအား သေချာဖုံးကွယ်ထားကာ နတ်အလင်းဖြာ ဝိညာဉ်သန္ဓေအဖြစ်သာ ဖော်ပြထား၏။

အကြောင်းအရင်းက ရိုးရှင်းပါသည်။ ဤကမ္ဘာကြီးတွင် နတ်အလင်းဖြာ ဝိညာဉ်သန္ဓေအား ဖန်တီးနိုင်ရုံနှင့်ပင် ထိပ်သီးအဆင့်အဖြစ်သတ်မှတ်ခံရမည် ဖြစ်သည်။ ပိုမိုမြင့်မားလာပါက ချီးကျူးမှုမဟုတ်ဘဲ အလွန်အမင်းထိန့်လန့်မှုများအား ခေါ်ဆောင်လာလိမ့်မည်။ လက်ရှိတွင် စစ်မှန်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများသည် အားပြိုင်နေကြသည် ဖြစ်လေရာ နတ်ဆိုးဂိုဏ်းသည် အနည်းငယ် နိမ့်ကျနေသေးသည် ဆိုသော်ငြား လွယ်ကူကာ ရှင်းလင်း၍ရနိုင်သော ပစ်မှတ်တစ်ခုတော့ မဟုတ်သေးချေ။ လက်ရှိကျင့်ကြံရေးလောကကြီးတစ်ခုလုံး တည်ငြိမ်နေရခြင်းမှာ စစ်မှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများနှစ်ဖက်လုံးက မကြာမီ‌ကျရောက်လာတော့မည့် ကြီးမားသည့်စစ်ပွဲကြီးအတွက် တိတ်တဆိတ်အားအင် ဖြည့်ဆည်းနေ၍သာ ဖြစ်သည်။

ယခုလိုအခြေအနေမျိုးတွင် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ကသာ ကောင်းကင်တာအိုဝိညာဉ်သန္ဓေအား ဖန်တီးနိုင်သည် ဟူသော သတင်းများထွက်သွားပါက များစွာသော နတ်ဆိုးဂိုဏ်းများ၏ ဦးစားပေးရှင်းလင်းခံရသောပစ်မှတ် ဖြစ်လာနိုင်သည်။

ထို့အပြင် တစ်ခြားသော သန့်စင်နယ်မြေကြီးခြောက်ခုကလဲ အနာဂတ်တွင် ထိုက်ရွှမ်းသန့်စင်နယ်မြေကြီး ထိပ်ဆုံးဖြစ်လာမည်ကို လိုလားမည်မဟုတ်ချေ။ ထို့ကြောင့် သူ့လိုမျိုးထူးချွန်သော လူရည်ချွန်တစ်ယောက် ကျဆုံးသွားမည့် မြင်ကွင်းအား အကုန်လုံးကပင် တိတ်တဆိတ် ဆုတောင်းနေနိုင်သည်။

ဘဝနှစ်ဘဝရှင်သန်လာသည့် ချီယွမ်သည် လူသားများ၏ ပြောင်းလဲလွယ်သော သဘာဝအား နားလည်သည့်အလျောက် ထိုသို့စဉ်းစားခဲ့တာပင်။

'အမြင့်ဆုံးသစ်ပင်က လေအတိုက်ခံရဆုံးပဲ’ ဆိုသည့် ဆိုရိုးစကားအတိုင်း ထိပ်ဆုံးတွင်ရပ်တည်နေသူသည် အရင်ဆုံးရှင်းလင်းခံရမည် ဖြစ်သည်။

ဘယ်သူမှ အနိုင်မယူနိုင်သည်အထိ လုံလောက်သည့် သန်မာမှုမရှိသရွေ့ တိတ်တဆိတ်တိုးတက်အောင် ပြုလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ချီယွမ်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ထိပ်သီးပါရမီရှင်ကို ကာကွယ်နိုင်မှု အရည်အချင်းနှင့် ပတ်သတ်၍ မယုံကြည်တာ မဟုတ်ပါချေ။ သို့သော် သူ့၏ ဘဝတစ်ခုလုံးအား ဂိုဏ်း၏အကာအကွယ်ပေါ်မှာပဲတော့ မပုံအပ်ထားနိုင်ဘူး။

ထို့အပြင် ပိုအရေးကြီးသည့်ကိစ္စမှာ ငတုံးစနစ်၏ တာဝန်များကလည်း အချိန်နှင့်အမျှ ပိုမိုကျက်သရေတုန်းလာ၏။ အကယ်၍ လူအများ၏ ဝိုင်းဝန်းစောင့်ကြည့်ခြင်းကို ခံနေရပါက၊ ငတုံးစနစ်၏ လုပ်ပုံဖြင့် တာအိုသားတော်၏ ဂုဏ်ပုဒ်သည် မြှောင်းထဲသို့ ကျရောက်သွားလိမ့်မည်။

ချီယွမ် အတွေးလွန်နေစဉ်မှာပဲ ဟန့်ကျန်း၏ အူလှိုက်သည်းလှိုက်ရယ်သံကို ကြားလိုက်ရသည့်အတွက် မော့ကြည့်လိုက်ချိန်တွင်…

ဟန့်ကျန်းသည့် မုတ်ဆိတ်မွှေးအား ခပ်ဖွဖွပွတ်သပ်ရင်း ပြောလာခဲ့သည်။

"ဟားဟား၊ ကောင်းတယ်။ ဒါ့ကြောင့် အကြီးအကဲ မိုက ပြောခဲ့တာကိုး။ မင်းရဲ့ဝိညာဉ်သန္ဓေရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရမ်းကိုသန်မာပြီးတော့ အခြားသူတွေနဲ့ မတူဘူးတဲ့။ မင်းက ငါ့ရဲ့ နောက်ဆုံးတပည့်ဖြစ်ဖို့ တစ်ကယ်ကို ထိုက်တန်တယ်။ ငါ့ကိုစိတ်မပျက်စေခဲ့ဘူး။"

ဟန့်ကျန်းသည် ချီယွမ်၏ ပုခုံးအား စိတ်ကျေနပ်စွာ ပုတ်ပေးလိုက်ရင်း ဆက်ပြောလိုက်သည်။

"ဒီလောက်တိုတောင်းတဲ့ကာလ အတွင်းမှာ နှစ်ဆင့်တောင် တက်သွားတယ်ဆိုတော့ မင်းရဲ့ခိုင်မာတဲ့ အခြေခံကို သက်သေပြလိုက်တာပဲ။ အသစ်တစ်ယောက်ဖြစ်နေတာတောင်မှ မင်းက တစ်ခြားသန့်စင်နယ်မြေကြီး ခြောက်ခုရဲ့ တာအိုသားတော်နဲ့ သူတော်စင်မတွေကို ယှဉ်ပြိုင်ဖို့ လုံလောက်သွားပြီ။"

"အချိန်ကိုက်ပဲ။ မကြာခင်ကမှ လင်လုံသန့်စင်နယ်မြေရဲ့ အတိဒုက္ခကျော်ဖြတ်ခြင်းနယ်ပယ် ကျွမ်းကျင် ကျင့်ကြံသူ အကြီးအကဲရှန်က အတိဒုက္ခမိုးကြိုးကို‌ အောင်မြင်စွာ ကျော်ဖြတ်ပြီးတော့ မဟာယန နယ်ပယ်ကို အဆင့်တက်နိုင်သွားတယ်။"

"ဒါကပျော်ရွှင်စရာ အခွင့်အခါပဲ။ လဝက်အတွင်းမှာ လင်လုံသန့်စင်နယ်မြေက အောင်ပွဲခံဖို့အတွက် ပွဲတော်အကြီးကြီးကျင်းပပြီး တာအိုသားတော်တွေကို တက်ရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်။"

"ထိုက်ရွှမ်းသန့်စင်နယ်မြေကလည်း ဖိတ်ကြားခံရတဲ့အထဲမှာပါတယ်။ တာအိုသားတော်တစ်ယောက်အနေနဲ့ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ ကိုယ်စားပြုအဖြစ် မင်းတက်ရောက်ရမယ်။"

ပြောနေရင်းဖြင့် ဟန့်ကျန်းသည် တစ်ခုခုကိုတွေးမိသွားတာ အနည်းငယ် မျက်မှောင်ကျုံ့သွားပြီး အထူးညွှန်ကြားလာ၏။

“ဒါပေမဲ့ တစ်ကယ်လို့ မင်းရဲ့ဂိုဏ်းတူအကိုက သွားချင်တယ်ပြောလာရင် သူ့ကိုဂရုစိုက်မနေနဲ့။ ချက်ချင်းငြင်းပစ်လိုက်။ ဒါကငါ့ရဲ့အမိန့်ပဲ။"

(လင်လုံသန့်စင်နယ်မြေကို သွားပြီးတော့ ပွဲတက်ရမယ် ဟုတ်လား။)

ချီယွမ်ပထမတော့ အံ့အားသင့်သွားခဲ့ပြီး ထို့နောက်တွင် ချက်ချင်းတုန့်ပြန်လိုက်ကာ အရို‌အသေပေးရင်း သဘောတူလိုက်၏။

"တပည့်က ဆရာသခင်ရဲ့အမိန့်ကို နာခံပါ့မယ်။"

ချီယွမ်တစ်ယောက် လင်လုံသန့်စင်နယ်မြေအကြောင်း တွေးမိသည်နှင့် မူရင်းပိုင်ရှင်၏ ညီမဖြစ်သူ ချီယောင်ကိုပါ တစ်ဆက်တည်းတွေးမိသွား၏။

…….

All Chapters