← Chapters

ပေါင်းစည်းပျော်ရွှင်းခြင်းဂိုဏ်း ပီသပါပေတယ်

Vol. 11 Ch. 105

ပေါင်းစည်းပျော်ရွှင်းခြင်းဂိုဏ်း ပီသပါပေတယ်

Vol. 11 Ch. 105

နောက်တစ်နေ့မနက် တိဟွာမြို့တွင်…

သာမန်မြို့များနှင့် နှိုင်းယှဉ်လိုက်လျှင် တိဟွာမြို့သည် ကျယ်ပြောပြီး ကျင့်ကြံသူများအတွက် သင့်တော်သောနေရာတစ်ခုဟု ဆိုနိုင်ပါသည်။ သာမန်ပြည်သူများ နည်းပါးကာ လမ်းမတွင် မြင်တွေ့ရသမျှ လူအများစုသည် ကျင့်ကြံသူများသာ ဖြစ်ကြ၏။ ရွှေအမြုတေကျင့်ကြံသူများအား အများအပြားတွေ့ရှိရပြီး ဝိညာဉ်အခြေတည်နယ်ပယ်နှင့် နတ်အသွင်ပြောင်းခြင်း ကျင့်ကြံသူများပင် တွေ့နိုင်သည်။

တစ်နေရာအတွင်းမှာပဲ များစွာသောထောင်ချီသည့် ကျင့်ကြံသူအစုအဝေးရှိပြီး နေ့စဉ်ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသည်။ ထို့ကြောင့် လင်လုံသန့်စင်နယ်မြေသည် တိဟွာမြို့၏ အခွန်ကောက်ခံမှုတစ်ခုတည်းနှင့်တင် ချမ်းသာနေပြီဖြစ်သည်။

ထို့အပြင် ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သော လင်လုံသန့်စင်နယ်မြေ၏ ထောက်ပံ့မှုကြောင့် တိဟွာမြို့သည် အကောင်းမွန်ဆုံးနှင့် အချမ်းသာဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည်။

မြို့၏လုံခြုံမှုနှင့် အမိန့်နာခံမှုအား ထိန်းသိမ်းနိုင်ရန် လင်လုံသန့်စင်နယ်မြေ၏ ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူ အကြီးအကဲတစ်ဦးသည် တစ်နှစ်ပတ်လုံးရှိနေလေရာ လမ်းမရှေ့တွင် ဘယ်သူကမှ ပြဿနာမရှာရဲကြချေ။

“ ဒီလူတွေက လီယွမ်သန့်စင်နယ်မြေရဲ့ ဓားကျင့်ကြံသူတွေပဲ။ အစောပိုင်းက ဖြတ်သွားတဲ့ တပည့်အုပ်စုက ထာဝရအသက်ရှင်ခြင်းသန့်စင်နယ်မြေကပဲ။ သူတို့တွေလည်း ဒီလောက်စောမယ်လို့ မထင်ထားဘူး။ ”

လူသွားလူလာများကာ ရှုပ်ထွေးလှသော လမ်းမထက်တွင် လုချန်ဖန်းသည် ကျွမ်းကျင်စွာဖြင့် ဦးဆောင်စွာလမ်းပြနေခဲ့ပြီး ဖြတ်သွားသမျှ ကျင့်ကြံသူများအား မိတ်ဆက်ပေးနေလေ၏။

“ ဟိုနားက ဆွဲဆောင်မှုရှိတဲ့ ညီမလေးကိုကြည့်လိုက်။ သူမက သေချာပေါက် ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းက ဖြစ်ရမယ်။ “

စိတ်ကူးထဲက နတ်ဘုရားမနှင့် နီးစပ်နိုင်ရန်အတွက် လုချန်ဖန်းသည် တိဟွာမြို့တွင် အားလပ်ချိန်အများစုကို ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် မြို့၏လမ်းတိုင်းလမ်းတိုင်းနှင့် ရင်းနှီးကာ ကိုယ့်အိမ်ကိုယ့်ရာအတိုင်း ဦး‌ဆောင်လမ်းညွှန်ပေးနိုင်ပါ၏။

“ ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းလား ”

ထိုစကားကြောင့် ချီယွမ်အနည်းငယ် သိချင်သွားခဲ့ပြီး

“ ဒီနေရာက သန့်စင်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပုံမှန်အားဖြင့် မောက်မာတတ်တဲ့ ဒီမိန်းကလေးတွေက ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းလို ဂိုဏ်းတစ်ခုကို ဒီနေရာမှာ ပေါ်လာခွင့်ပြုရတာလဲ”

ချီယွမ်၏အမေးကြောင့် ဗဟုသုတရှိကြောင်း ပြသခွင့်ရသွားသော လုချန်ဖန်းသည် ချက်ချင်းပင်ခေါင်းထောင်လာကာ ရှင်းပြလာ၏။

“ တာအိုသားတော်က နှစ်တွေအများကြီး တံခါးပိတ်ကျင့်ကြံခဲ့ရတဲ့အတွက် ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းနဲ့ ပတ်သက်ပြီး အများကြီးသိထားမှာ မဟုတ်ဘူး။ အရင်က ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းက တာအိုလမ်းစဉ်ကို အလိုဆန္ဒနဲ့ လျှောက်လှမ်းပြီး ယင်ယန်သိုင်းကို အဓိကကျင့်ကြံရင်း အဆင့်တတ်ကြတယ်။ ဒါ့ကြောင့် ကျင့်ကြံရေးလောကက သူတို့ကို အသိအမှတ်မပြုကြဘူး။ ဒါပေမဲ့ သူတို့က လုံးဝဆန့်ကျင်ဘက် ဂိုဏ်းတစ်ခုတော့ မဟုတ်သေးဘူး”

“ လွန်ခဲ့တဲ့နှစ် ၁၀၀ က လင်လုံသန့်စင်နယ်မြေရဲ့ မဟာယနနယ်ပယ် မဟာဘိုးဘေးက ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းရဲ့ မသင့်တော်တဲ့ အပြုအမူနည်းလမ်းတွေကို သည်းမခံနိုင်တော့တာကြောင့် ကိုယ်တိုင်သွားရောက်ပြီး ပြင်ဆင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းမှာ အမြင့်ဆုံးကျင့်ကြံမှုက စုစည်းခြင်းနယ်ပယ်မှာပဲရှိသေးတာ။ ဘယ်လိုလုပ် မဟာယနနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို တောင့်ခံနိုင်မှာလဲ။ သူတို့က ကောင်းမွန်တဲ့ခုခံခြင်းတောင် မပြုလုပ်ဘဲ ချက်ချင်းကိုဒူးထောက်ပြီး အရှုံးပေးလိုက်ကြတယ်။ ဒီလိုနဲ့ မဟာယနနယ်ပယ်ကျင့်ကြံသူထံမှာ အတင်းအကျပ်ပြုပြင်ခံလိုက်ရတာပေါ့”

“ ပြန်လည်ဖွဲ့စည်းထားတဲ့ ပေါင်းစည်းပျော်ရွှင်ခြင်း ဂိုဏ်းက အခုဆိုရင် ဂိုဏ်းရဲ့ကန့်သတ်ချက်ကြောင့် ကျင့်ကြံသူတပည့်တစ်ယောက်က လက်တွဲဖော်တစ်ယောက်ကိုပဲ ရွေးချယ်လို့ရမယ်။ ကိုယ့်ရဲ့လက်တွဲဖော်ကို သစ္စာဖောက်ပြီး တခြားကျင့်ကြံသူနဲ့ ဖောက်လွဲဖောက်ပြန်လုပ်ရဲတဲ့ တပည့်တွေကို ဂိုဏ်းစည်းမျဉ်းအရ အပြစ်ပေးခံရတယ်”

“ အဲ့တာကြောင့် အခုဆိုရင် ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းကလည်း လင်လုံသန့်စင်နယ်မြေရဲ့ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်လာခဲ့ပြီး တိဟွာမြို့မှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရသွားတယ်”

ထိုအချိန်မှာပဲ လုချန်ဖန်းသည် ဆန်းကြယ်စွာပြုံးလိုက်တာ မထင်ထားသောလေသံဖြင့် ပြောလာ၏။

“ အဲ့ဒီဟာတစ်ခုတည်းတင် မဟုတ်သေးဘူး။ သူတို့က တိဟွာမြို့မှာ စံအိမ်တစ်ခုကို အထူးတည်ထောင်ထားပြီးတော့ ဖြတ်သွားဖြတ်လာကျင့်ကြံသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတတ်ကြသေးတယ်”

( ဘုရားရေ ဒါဆို ပေါင်းစည်းပျော်ရွှင်ဂိုဏ်းရဲ့ အပျော်စံအိမ်နည်းလမ်းတွေက နာမည်ကြီးလာပြီလို့ ဆိုလိုလိုက်တာလား )

ချီယွမ်ထူးဆန်းသော မျက်နှာထားဖြင့် ခေါင်းညိမ့်လိုက်၏။

လုချန်ဖန်း၏ စကားလုံးများသည် ပေါင်းစည်းပျော်ရွှင်ခြင်း ဂိုဏ်းအပေါ်ထားရှိသော သူ၏အမြင်များအား လုံးဝပြောင်းလဲပေးသွားသည်။ စည်းမရှိကမ်းမရှိ ပြုမူတတ်ကြသော ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းကိုပင် လင်လုံသန့်စင်နယ်မြေက အခုလိုမျိုး စည်းကမ်းရှိအောင် ထိန်းသိမ်းပေးနိုင်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ ဂိုဏ်းတူညီလေးချီ မင်းက အများကြီးတွေးနေတာပဲ ”

လုချန်ဖန်း ခပ်ပြုံးပြုံးနှင့် ခေါင်းယမ်းလိုက်လေကာ ချီယွမ်အား လက်တွေ့သို့ လျင်မြန်စွာခေါ်ယူလိုက်၏။

“ ဆိုရိုးစကားရှိတဲ့အတိုင်းပဲ ကျားသစ်တစ်‌ကောင်က သူ့ရဲ့ပုံစံကို ပြောင်းလဲမပစ်နိုင်ဘူး။ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇကို ပြောင်းလဲမယ့်အစား တောင်တွေသစ်တောတွေကို ပြောင်းလဲလိုက်တာကမှ ပိုလွယ်ကူဦးမယ်။ အဲ့ဒီပေါင်းစည်းပျော်ရွှင်ခြင်း ဂိုဏ်းတပည့်တွေက စည်းကမ်းနဲ့ထိန်းသိမ်းလိုက်တာနဲ့ တစ်ကယ်ကြီး သစ္စာရှိပြီး ယုံကြည်ရတဲ့ ယောကျာ်းတွေ မိန်းမတွေ ညတွင်းချင်း ဖြစ်သွားတာမဟုတ်ဘူး။ အခုဆိုရင် ဂိုဏ်းရဲ့စည်းမျဉ်းအရ အချိန်တစ်ခုမှာ လက်တွဲဖော်တစ်ယောက်ကိုပဲ ရွေးချယ်လို့ရတယ်လို့ သတ်မှတ်ထားခဲ့တယ်။ ဒါဆိုရင် နှစ်ယောက်တွဲကျင့်ကြံပြီးရင် ဘာလို့ သူတို့က လမ်းမခွဲကြရမှာလဲ။ ”

“ သူတို့က အဲ့ဒီလိုလုပ်တာကို ယာယီလက်တွဲဖော်အဖြစ် သတ်မှတ်တယ်လို့တောင် ခေါ်ကြသေးတယ်။ ကျင့်ကြံမှုပြီးသွားပြီဆိုရင် နှစ်ဖက်စလုံးက စိတ်လိုလက်ရနဲ့ လမ်းခွဲလိုက်ကြပြီးတော့ နောက်ထပ်တာအိုလက်တွဲဖော်အသစ်ကို ရှာကြတယ်။ အဲ့ဒီကိစ္စကို လင်လုံသန့်စင်နယ်မြေဘက်ကလည်း ဝင်ပြီးမစွက်ဖက်နိုင်ဘူး။ ”

( ယာယီလက်တွဲဖော် ဟုတ်လား )

( သေစမ်း၊ ပေါင်းစည်ပျော်ရွှင်ခြင်းဂိုဏ်းက တစ်ကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ။ စည်းကမ်းနဲ့ ထိန်းသိမ်းခံလိုက်ရတာတောင်မှ လက်မလျော့ကြဘူး။ ပိုပြီးတော့တောင် နည်းလမ်းအသစ်တွေ စဉ်းစားနိုင်ကြသေးတယ်။ )

ချီယွမ်ပင် အမြင်ကျယ်သွားခဲ့သည်။

( ငါအရင်တုန်းက အမြင်ကျဉ်းနေခဲ့တာပဲ။ ကြည့်ရတာ ငါလဲ အတွေ့အကြုံတွေ လိုအပ်နေပြီ )

ထို့နောက်တွင် ချီယွမ်သည် လုချန်ဖန်းအား အံ့အားသင့်သော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

“ ဂိုဏ်းတူအကိုက လင်လုံသန့်စင်နယ်မြေရဲ့ သူတော်စင်မကို အရမ်းကိုစွဲလမ်းနေတာ မဟုတ်ဘူးလား။ ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းအကြောင်းကို တော်တော်လေးသိနေတယ်နော်။ အကိုရဲ့ ယာယီလက်တွဲဖော်ကရော ဘယ်မှာလဲ “

“ အဟမ်း ”

လုချန်ဖန်း၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားတာ အလျင်အမြန်ဖြေကြားလိုက်သည်။

“ ဂိုဏ်းတူညီလေးချီ မင်းဒီလိုမျိုး လူတစ်ယောက်ရဲ့ ရိုးသားမှုကို စွပ်စွဲချင်သလို စွပ်စွဲလို့မရဘူးနော်။ နတ်သမီးရှောင်နဲ့ အမေကလွဲရင် အကိုက တစ်ခြားသူကို လှည့်ကြည့်တာတောင်မဟုတ်ဘူး”

“ ဒါတွေအားလုံးကို သိနေတာက ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော်ဖန်ကဲစွေ့ ပြောပြထားလို့။ သူက ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းရဲ့ လက်အောက်ကစံအိမ်မှာ ပုံမှန်ဖောက်သည်တစ်ယောက်ပဲ။ မယုံဘူးဆိုရင် တာအိုသားတော် နောက်မှ သူ့ကိုသွားမေးလိုက်။ ”

သူတို့နှစ်ယောက်ပြောနေရင်းဖြင့် ခမ်းနားစွာအလှဆင်ထားသော အဆင့်မြင့်အဆောက်အဦးတစ်ခုရှိရာသို့ ရောက်လာခဲ့သည်။ ထိုအပေါက်ဝတွင် ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်း၏စံအိမ်ဟု ကြီးမားစွာရေးထွင်းထား၏။

အခါးရည်ဆက်သသော ဆိုင်တစ်ခုဆိုသော်ငြား အပေါက်ဝတွင် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူများအား မြင်တွေ့ရပေလိမ့်မည်။

“ သခင်ကြီး ကျေးဇူးပြုပြီး အထဲဝင်ထိုင်ပါ့လား။ အခုဆိုရင် ကျွန်မတို့ရဲ့ ဒီလက်ဖက်ရည်ဆိုင်က ဆယ်နှစ်ကြိမ်မြောက်လျှော့စျေးပွဲတော် ကျင်းပနေတာပါ။ ဂိုဏ်းရဲ့နတ်သမီးလေးတွေ အားလုံးက လှပပြီး ဆွဲဆောင်မှုရှိကြတယ်။ ပထမအဆင့် အခါးရည်ဖန်တီးတဲ့ အရည်အချင်းတွေနဲ့မို့လို့ သခင်ကြီးတို့ ကျေနပ်စေရမှာ အာမခံနိုင်ပါတယ်”

ထိုအမျိုးသမီးကျင့်ကြံသူများသည် လုံခြုံစွာဝတ်ဆင်ထားကြပြီး အသားတစ်ခုမှ မဖော်နေသည်ဆိုသော်ငြား ပြီးပြည့်စုံစွာ ခန့်မှန်း၍ရနိုင်သော ကောက်ကြောင်းများကြောင့် ဆွဲ‌ဆောင်မှုရှိနေပြီး ကျင့်ကြံသူများစွာ၏ အာရုံကို ဆွဲဆောင်နေကြသည်။

ချိုမြပြီး ဆွဲငင်မှုရှိသော အသံများကြောင့် ဖြတ်သွားဖြတ်လာ အမျိုးသားကျင့်ကြံသူများစွာသည် ဝေဝါးစွာဖြင့် အဆောင်အဦးထဲသို့ ရောက်သွားကြသည်။ စံအိမ်အတွင်းမှ ပြန်ထွက်လာသည်နှင့် သူတို့၏ခြေလှမ်းများက မခိုင်မာတော့ဘဲ နှုတ်ခမ်းထက်မှာလည်း အရူးတစ်ယောက်လို ပြုံးဖြီးနေကြကာ စိတ်လွတ်သွားဟန်တူကြသည်။

( ဒါက ပုံမှန်အခါးရည် ဆက်သတဲ့ စံအိမ်တစ်ခုရော ဟုတ်သေးရဲ့လား )

ထိုမြင်ကွင်းကြောင့် ချီယွမ်တစ်ယောက် မျက်ခွံများပင် လှုပ်လာတော့သည်။

( ဖန်ကဲစွေ့ရဲ့ နေရာရွေးချယ်မှုက ဘာကြောင့် ဒီလောက်ကြီး စုတ်ပြတ်နေရတာလဲ။ ဒါပေမဲ့ ဘယ်လိုပဲဆိုဆို ဒီနေရာက လင်လုံသန့်စင်နယ်မြေရဲ့ လက်အောက်ခံနေရာဆိုတော့ ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းလည်း အရမ်း မရဲတင်းလောက်ဘူး ထင်ပါတယ်။ )

ထိုသို့တွေးမိသွားသည်နှင့် ချီယွမ်သည် လုချန်ဖန်းအား ဆွဲခေါ်ပြီး စံအိမ်အတွင်းသို့ တိုက်ရိုက်ပဲဝင်ရောက်လိုက်သည်။

အထဲသို့ရောက်သည်နှင့် အခါးရည်အနံ့သည် ပိုမိုဖျော့တော့သွားပြီး ထိုအစားပြင်းထန်သော ရေမွှေးအနံ့က သူတို့နှစ်ဦးအား လွှမ်းခြုံသွားလေ၏။

ထိုအချိန်မှာပဲ ဝင့်ထည်စွာဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက နွေးထွေးစွာ နှုတ်ဆက်လာ၏။

“ ဒီကသခင်ကြီးနှစ်ယောက်ကို တွေ့ရတာ ပထမဦးဆုံးနဲ့တူပါတယ်။ ဒီမှာရှိတဲ့ နတ်သမီးတွေနဲ့ မရင်းနှီးသေးဘူးဆိုရင် ကျွန်မညွှန်ပေးရမလား”

ချီယွမ်၏ ခန့်ညားပြီးကောင်းမွန်သော ဝတ်စုံကြောင့် သေချာပေါက် ချမ်းသာသောသခင်လေးဟု မှန်းဆလိုက်ပြီး ထိုအမျိုးသမီးသည် စိတ်အားထက်သန်စွာ ချဉ်းကပ်လာခဲ့သည်။

“ရတယ်”

ချီယွမ် ခေါင်းယမ်းလိုက်ရင်း မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားကာ နက်ရှိုင်းသောလေသံဖြင့် မေးလိုက်သည်။

“ ဖန်ကဲစွေ့ အခုဘယ်မှာလဲ ”

“ ဒီကသခင်လေးက သခင်ဖန်ကဲစွေ့ကိုတွေ့ဖို့ ရောက်လာတာလား”

နာမည်ကို ကြားလိုက်သည်နှင့် ထိုအမျိုးသမီးသည် အနည်းငယ် ရပ်တန့်သွားခဲ့ပြီးမှ သူမ၏ပုံစံကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

“ သူက အခုတတိယအထပ်ရဲ့ သီးသန့်အခန်းထဲမှာ ရှိနေပါတယ်။ ပြီးတော့ သခင်ဖန်ကဲစွေ့အနေနဲ့ အခုအောက်ဆင်းလာဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဒီလိုလုပ်ပါလား.. သခင်ကြီးတို့ ဒီနေရာမှာ ခဏစောင့်နေကြလေ။ ကျွန်မ သတင်းပါးခိုင်းလိုက်မယ်။ ”

ပြောပြီးသည်နှင့် ထိုမိန်းမသည် ချီယွမ်အား ဆွဲဆောင်မှုရှိစွာ မျက်လုံးမှိတ်ပြလိုက်ပြီး ခန်းမအတွင်းသို့ ချိုသာစွာအော်လိုက်သည်။

“ မိန်းကလေးတို့ ဒီနေရာကို မြန်မြန်လာပြီးတော့ ထူးခြားတဲ့ဧည့်သည်တွေကို အခါးရည်ဆက်သလိုက်ချေ။ ”

ချက်ချင်းပင် တောက်ပနေသော မျက်လုံးများဖြင့် အမျိုးသမီးတစ်အုပ်သည် ဝံပုလွေများနှယ် ရောက်ရှိလာ၏။

ချီယွမ်လိုမျိုး လှပကာခန့်ညားသော အမျိုးသားငယ်များအား ဤရက်ပိုင်းတွင် ရှားပါးစွာတွေ့ရတတ်သည်။

ဘေးတွင်ရှိနေသော ထွက်ပြေးတော့မယ့် ဟန်ပန်ရနေသည့် လုချန်ဖန်းကြောင့် ချီယွမ် လျင်မြန်စွာလက်တစ်ဖက်ယမ်းပြလိုက်ရင်း တားမြစ်လိုက်သည်။

“ အဲ့တာတွေ မလိုအပ်ပါဘူး။ ကျွန်တော်တို့ကို တိတ်ဆိတ်တဲ့ စားပွဲတစ်ခုရှာပေးပါ။ ပြီးရင် ဈေးအကြီးဆုံး စိတ်ဝိညာဉ်အခါးရည် လိုချင်တယ်။ ပိုက်ဆံကို ဖန်ကဲစွေ့ရှင်းလိမ့်မယ်။ ”

“ ဟုတ်ပါပြီ။ ဒါဆို ဒီက သခင်ကြီးတို့... ”

မိန်းကလေးများ၏ စိတ်ပျက်သွားသော အကြည့်ကို လျစ်လျူရှုရင်း ချီယွမ်နှင့် လုချန်ဖန်းသည် ပထမထပ်၏ ပြတင်းပေါက်ဘေးရှိ စားပွဲဝိုင်းသို့ သွားရောက်လိုက်သည်။

မကြာမီမှာပဲ ဝန်ထမ်းဝတ်စုံအဟောင်း တစ်ထည်ကို ဝတ်ဆင်ထားသော အမျိုးသားကျင့်ကြံသူတစ်ဦးသည် ချဉ်းကပ်လာကာ ဝတ်ရုံအတွင်းမှ မှတ်တမ်းတင် အဆောင်စာရွက်တစ်ခုအား ထုတ်လိုက်ရင်း လေသံနိမ့်ဖြင့် မေးလာသည်။

“ ဧည့်သည်တော်ကြီးတို့ ကျွန်တော့်ဆီမှာ လင်လုံသန့်စင်နယ်မြေက သူတော်စင်မကြီးရဲ့ သီးသန့်ပုံလေးတွေပါတယ်။ သခင်ကြီးတို့ စိတ်ဝင်စားပါသလား ”

( ဟမ် )

ချီယွမ် ချက်ချင်းပင် အံ့ဩသွားခဲ့သည်။

( ဒီကောင်က တော်တော်လွန်နေပြီ။ ဒီလိုအရာကို လူကြားထဲမှာ ထုတ်ရောင်းရသလား)

ချီယွမ်တစ်ယောက် မတုန့်ပြန်နိုင်ခင်မှာပဲ ဘေးမှာရှိနေသော လုချန်ဖန်းသည် မိုးကြိုးထိမှန်သွားသည့်နှယ်‌ ဒေါသတကြီးဖြင့် တစ်ဖက်သူ၏ အင်္ကျီစအား ဆွဲဆောင့်ယူလိုက်ရင်း

“ မင်းအဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ နတ်သမီးရှောင်က ဘယ်လိုလုပ် အဲ့ဒီလိုမြင်ကွင်းမျိုးကို ပုံရိပ်ဖမ်းမှာလဲ “

“ မင်းတို့ ဘာလုပ်နေတာလဲ၊ မင်းတို့မှာ စည်းမျဉ်းစည်းကမ်း မရှိဘူးလား၊ ဥပဒေ မရှိဘူးလား။ ပြောစမ်း မင်းဆီမှာ ဘယ်လောက်ရှိနေသေးလဲ။ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ကျပါစေ ငါအကုန်လုံးယူမယ်။ ”

ချီယွမ် “...”

……..

All Chapters