အပိုင်း(၁၅၇)-ဘေဂုံထန်၏ နောက်ကြောင်း
Vol. 002 Ch. 157
“မင်းသင်ချင်တယ်ဆိုရင် အချိန်ကအဲမြဲရှိပါတယ်” ရှီမာယူယူပြောလိုက်သည်။ “အချိန်က ရေထဲက ရေမြှုပ်လို့ပြောကြတယ်မလား၊ မင်းညှစ်ကြည့်ရင် ညှစ်သလောက်ထွက်လာတာ အချိန်ပဲလေ”
ဘေဂုံထန်သည် ခေါင်းရမ်းကာ ပြောလိုက်သည် “ငါကျင့်ကြံဖို့အတွက်အချိန်အများကြီးပေးရမယ် အဲဒါကြောင့် ငါ့မှာအချိန်အများကြီးမရှိဘူး”
“မင်းမိသားစုကြောင့်လား” ရှီမာယူယူမေးလိုက်သည်။
“အင်း၊ ငါသူတို့ကို သွားကယ်ချင်တယ်လို့ ငါပြောဖူးတယ်မလား ဒါပေမယ့် ငါအခုသွားလို့မရသေးဘူး၊ ငါ အံ့ဖွယ်အဆင့်ရောက်အောင် မြန်မြန်လုပ်ပြီးမှ သူတို့ကို သွားကယ်လို့ရမှာ” ဘေဂုံထန်ပြောလိုက်သည် “ငါ့ရည်ရွယ်ချက်က ဒီဆိုဖီယာတောင်တန်းမှာ လျှောက်သွားဖို့မဟုတ်ဘူး”
သူမ မျက်နှာမှ တိတ်ဆိတ်ခြင်းကိုတွေ့သော် အားလုံးသည် သူမအတွက်စိတ်မကောင်းဖြစ်ကြလေသည်။ ဖက်တီးကျူပြောလိုက်သည် “ဘေဂုံ မင်းကယ်ချင်တဲ့သူက ဘယ်သူလဲ”
“ငါ့အမေနဲ့ မောင်လေး”
“မင်းအဖေကရော”
“အဲလူယုတ်မာအကြောင်းမပြောနဲ့” ဘေဂုံထန်သည် ရုတ်တရက်စိတ်လှုပ်ရှားလာကာ အသံမြင့်ကာအော်လိုက်သည် “တောင်းပန်ပါတယ် ငါ…”
ရှီမာယူယူ လျှောက်သွားကာ သူမလက်အားဆုပ်ကိုင်ပြီး ပြောလိုက်သည် “ဘေဂုံ မင်းအကြောင်းကို ထပ်ပြီးငါ့တို့ကို ပြောနိုင်မလား”
“တကယ်တော့ ငါ့အကြောင်းက ရိုးရှင်းပါတယ်၊ တခြားမိန်းမတစ်ယောက်နဲ့ ချစ်မိတဲ့ငါ့အဖေဟာ အဲမိန်းမနဲ့ သမီးတစ်ယောက်မွေးပြီး ငါ့အမေနဲ့ ငါ့မောင်လေးကို ဒုက္ခပေးခဲ့ကြတယ်၊ အကြောင်းတစ်ခုကြောင့် ငါ မျိုးနွယ်ကနှင်ထုတ်ခံရပြီး ဒုံချိန်းနိုင်ငံကို ရောက်လာတာပဲ” ဘေဂုံထန်သည် အခြေအနေအား အကျဉ်းချုံးပြောပြသော်လည်း သူမ အနေခက်နေသည်ကို အားလုံးကသိကြသည်။
“မင်းအမေနဲ့ မောင်လေး မင်းတို့မျိုးနွယ်မှာပဲ ရှိသေးတာလား” ဝူရန်ဖေသည် မျက်ခုံးပင့်ကာ မေးလိုက်သည်။
ဘေဂုံထန် ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ့မျိုးနွယ်က အဂ္ဂိရတ်ပညာရှင်မျိုးနွယ်ပဲ ဒါပေမယ့် ငါ့မောင်လေးရော ငါရော အဂ္ဂိရတ်ပညာမသင်ရဘူး၊ သူတို့က မောင်လေးနဲ့ အမေနဲ့ကို ချုပ်ထားပြီး အမေ့ကို အတင်းအကျပ် ဆေးဖော်ခိုင်းတယ်၊ ငါပဲ ထွက်ပြေးပြီး မောင်လေးနဲ့ တခြားသူတွေကို ပြန်လာပြီး ကယ်မယ်လို့ ငါပြောခဲ့တယ်”
အတိတ်အကြောင်းကို တွေးလိုက်ရာ ဘေဂုံထန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
“ဘေဂုံ မစိုးရိမ်ပါနဲ့ ဒေါ်လေးနဲ့ မောင်လေးတို့ အဆင်ပြေကြမှာပါ” ရှီမာယူယူ သူမအားနှစ်သိမ့်ပေးသည်။ “ဒါပေမယ့် အဲလိုဖြစ်ရင်တောင် မင်းအဂ္ဂိရတ်ပညာကို သင်လို့ရပါတယ်”
“ယူယူ မင်းစေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါအချိန်တွေကို ကျင့်ကြံတာမှာပဲ အာရုံစိုက်ထားချင်တယ်” ဘေဂုံထန်ပြောလိုက်သည်။
“ငါမင်းကို အချိန်တွေထပ်ပေးနိုင်တယ်” ရှီမာယူယူပြောလိုက်သည်။
“အချိန်တွေထပ်ပြီးတော့ ဟုတ်လား”
ဘေဂုံထန်တင်မဟုတ်ပဲ အားလုံးသည် အံ့သြသွားလေသည်။
“မင်းတို့ ဒီကိုလာကြတော့ သတိမထားမိတာဖြစ်နိုင်တယ်၊ ဒီနေရာကအချိန် သွားနှုန်းက အပြင်နဲ့ မတူဘူး” ရှီမာယူယူပြောလိုက်သည် “အပြင်မှာ တစ်ရက်က ဒီမှာ သုံးရက်ပဲ”
“သုံးရက်ဟုတ်လား” လေးယောက်လုံးသည် တစ်ချိန်တည်းမှာပင် အံ့သြမှုကြောင့်အော်လိုက်ကြသည်။
“ဟုတ်တယ်၊ နောက်ပြီး ဝိညာဉ်စေတီက အသက်ကြီးလာတဲ့အကျိုးသက်ရောက်မှုကိုတောင် ဆန့်ကျင်တယ်၊ ငါတို့ဒီမှာရှိနေတော့ အပြင်ကထက် အသက်ကြီးတာနှေးသွားမယ်၊ တစ်ရက်ကနေ သုံးရက်ဖြစ်လာတာပဲ အဲဒါပါပဲ” ရှီမာယူယူ ရှင်းပြသည်။
“ဘုရား.. ယူယူ ဒါက တကယ့်မိုက်တဲ့ လှည့်စားတာပဲ” ဖက်တီးကျူသည် ရုတ်တရက်အသက်ရှုမရသဖြင့် သူ့ရင်ဘတ်ကို ထုနေသည်။
“ဒီမှာ သုံးရက် ကျင့်ကြံတာက အပြင်မှာတစ်ရက်နဲ့ ညီမျှတယ်၊ ပြီးတော့ ဝိညာဉ်ချီကလည်း အပြင်ကထက် ပိုထူတယ်၊ အဲလိုဆိုရင် ဒီမှာ ကျင့်ကြံခြင်းနှုန်းက အဆတွေတက်သွားတယ်မလား” ဝူရန်ဖေပြောလိုက်သည်။
“မင်းမှာအဲလောက် မက်လောက်စရာအရည်အချင်းရှိမယ်လို့ ထင်မထားဘူး” ဖက်တီးကျူပြောလိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ဒီနေရာက အဲလောက်ထူးခြားတဲ့ အရည်အချင်းမရှိခဲ့ဘူး၊ နောက်မှာ ဝိညာဉ်လေး သန်မာလာမှ ဒီလိုဖြစ်သွားတာ၊ ဒါပေမယ့် အဲအချိန်ကျတော့ ငါတို့ကဒီတောင်တန်းကို ရောက်နေကြပြီး ဒီနေရာကို သိပ်မလာဖြစ်ဘူး”
“ဒါဆို ဒီဟာမတိုင်ခင် မင်းရဲ့ ကျင့်ကြံတဲ့နှုန်းက ငါတို့နဲ့ အတူတူပဲပေါ့” ဝေကျိရွှီသည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမသည် သူတို့နှင့် တူညီသော အချိန်သွားနှုန်းတွင် လေ့ကျင့်ခဲ့သော်လည်း သူတို့ထက်ပင် မြန်သည်။ ထိုအရာသည် သူတို့မယှဉ်နိုင်ပေ။
သူမသည် ထိုအဆင့်မတက်ခင်မှာပင် မက်လောက်စရာအရည်အချင်းရှိသည်။ ပြီးတော့ အခုဆိုလျှင် သူမတွင် ထိုကဲ့သို့ အရည်အချင်းရှိနေသည်မှာ သူတို့အား မအီမသာဖြစ်စေသည်။
“ပုံမှန်ဆိုရင် ငါတို့အပြင်မှာ ဝိညာဉ်သားရဲတွေနဲ့ တိုက်ပြီး လေ့ကျင့်လို့ရတယ်၊ ဒါပေမယ့် တခြားအချိန်တွေဆို မင်းဒီကိုလာလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုဆိုရင် ဘေဂုံ မင်းအဂ္ဂိရတ်ပညာသင်ဖို့ ဖြစ်နိုင်သွားပြီ
“အင်း” ဘေဂုံထန်သည် လေးနက်စွာ ခေါင်းညိတ်ကာ သူမစိတ်ထဲမှ ကျေးဇူးတင်စိတ်အား ဖော်ပြကာ ရှီမာယူယူအားကြည့်လိုက်သည်။
“အကုန်အဆင်ပြေသွားတော့ ယူယူ ငါလက်နက်မွမ်းမံတာကို သင်ချင်တယ် ရမလား” ဖက်တီးကျူမေးလိုက်သည်။
“ကိစ္စမရှိဘူး၊ လက်နက်တပ်ဆင်မယ်၊ တခြားအလုပ်တွေနဲ့ဟာရင် အားအစိမ်းသက်သက်နဲ့ အကျိုးအရှိဆုံးပဲ၊ မင်းခန္ဓာကိုယ်က အားအင်နဲ့ဆိုရင် လက်နက်မွမ်းမံတာကို သင်တာက မဆိုးဘူးပဲ” ရှီမာယူယူပြောလိုက်သည်။
“ဖက်တီး မင်းရဲ့ ပွင့်လင်းတဲ့စရိုက်နဲ့ သင်ဖို့အောင်မြင်နိုင်မလား” ဝေကျိရွှီသည် ပြုံးရင်းပြောလိုက်သည်။
“မင်းမသိပါဘူး ငါသင်နိုင်ပါတယ်” ဖက်တီးကျူပြောလိုက်သည်။
“ဝိညာဉ်လေး၊ ငါတို့မှာ လက်နက်မွမ်းမံဖို့ ဖိုရှိသေးလား” ရှီမာယူယူမေးလိုက်သည်။
“ရှိနိုင်တယ်” ဝိညာဉ်လေးပြောလိုက်သည်။ “ပစ္စည်းတွေကတော့ ဂိုထောင်ထဲမှာရှိတာပဲ မင်းကိုယ်တိုင်သွားရှာလို့ရတယ်”
“ကောင်ပြီလေ မင်းကို လှည့်ပြပေးမယ်” ရှီမာယူယူပြောလိုက်သည် “ငါ့မှာ ဖိုနှစ်ဖိုရှိတာ သတိရတယ်၊ တစ်ခါတည်းရှာကြတောပေါ့”
“ကောင်းပြီ” ဖက်တီးကျူစိတ်လှုပ်ရှားစွာပြောလိုက်သည်။
ရှီမာယူယူ ဝူရန်ဖေအားကြည့်ကာ မေးလိုက်သည် “ဝူရန် မင်းဘာသင်ချင်လဲ”
“ငါက ဖက်တီးလို ခန္ဓာကိုယ်အားမရှိတော့ အဂ္ဂိရတ်ပညာကိုပဲသင်မယ်” ဝူရန်ဖေသည် ဖက်တီးကျူအား ခလုတ်တိုက်ရန် မမေ့ပေ။
“ငါကတော့ သားရဲထိန်းကျောင်းတာကိုပဲဆက်လုပ်မယ်” ဝေကျိရွှီပြောလိုက်သည်။ “ဒီမှာ သားရဲထိန်းကျောင်းခြင်းစာအုပ်တွေတွေ့တယ်၊ ငါအဲဒါတွေပဲ ကြည့်ကြည့်မယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ ပစ္စည်းတွေအများကြီးရှိတယ်၊ သာမန်တစ်ခုကိုမသိရင် တခြားတစ်ခုရွေးလို့ရတယ်” ရှီမာယူယူပြောလိုက်သည်။
“အင်း”
ထို့နောက်တွင် ရှီမာယူယူသည် ဆေးဖိုနှစ်ခုနှင့် လက်နက်ဖိုတစ်ခုတို့ရှာရန် သူတို့အား သိုလှောင်ခန်းသို့ ခေါ်သွားလေသည်။ ထို့နောက် သူတို့အား ကိုယ်တိုင်ရွေးချယ်စေကာ သူမသည် ကိုယ်ပိုင်အိမ်သို့သွားကာ ကျင့်ကြံတော့သည်။
ဖက်တီးကျူသည် နောက်တစ်ပတ် ပတ်ကြည့်ရန် ဝေကျိရွှီအား ဆွဲခေါ်သွားပြီး လက်နက်မွမ်းမံရန်အတွက် လေ့လာခြင်းများပြုလုပ်တော့သည်။
တစ်ရက်အကြာတွင် ရှီမာယူယူကြည့်ရာ ထိုဝိညာဉ်သားရဲများသည် အပြင်တွင်သွားလာဆဲပင်ဖြစ်သည်။ ထိုလူများ ရုတ်တရက်ပျောက်သွားခြင်းအပေါ်တွင် သူတို့ သိချင်နေကြဆဲဖြစ်သည်။
သို့သော် ဘယ်သူမှ မစိုးရိမ်ပေ။ သူတို့သည်ကျင့်ကြံပြီး စိတ်ကျေနပ်လောက်အောင် လေ့လာကြသည်။ နားချင်သည့်အချိန်တွင် လျှောက်သွားကြပြီး လူစိမ်းများ သားရဲများပေါ်လာမည်ကို စိုးရိမ်ခြင်းမရှိကြပေ။ ရက်များသည် ထူးခြားချက်မရှိပဲကုန်ဆုံးသွားလေသည်။
အခုမှပြောရမည်၊ သူတို့သည် ဆိုဖီယာတောင်တန်းသို့ဝင်ချိန်မှစ၍ ဒီလို သက်တောင့်သက်သာရှိခဲ့ခြင်း မရှိပေ။
ထိုသည်မှာ အထဲတွင် ဝိညာဉ်ချီများ အနည်းငယ်ပို၍စုပ်ယူရ၍လား၊ ပင်ပန်းနေသော သူတို့ခန္ဓာကိုယ်များ နောက်ဆုံးတွင် အနားရ၍လားတော့မသိပါ။ သို့သော် သူတို့ငါးယောက်သည် ဝိညာဉ်စေတီအတွင်းနေရင်းနှင့်ပင် အဆင့်တက်ကြသည်။ ထိုကြောင့် ဖက်တီးကျူနှင့် အားလုံးသည် သက်ပြင်းချကြရတော့သည်။
သူတို့သည် နားနေရန် နေရာကို တကူးတကရှာရန်မလိုတော့ပေ။ အချိန်တိုင်းတွင် သူတို့သည် အပြင်ထွက်၍ တိုက်ခိုက်ရန် ဝိညာဉ်သားရဲများရှာပြီး နားရန် ဝိညာဉ်စေတီသို့ပြန်လာကြသည်။
စီစဉ်ထားသည့်အတိုင်း အချိန်များသည် ကုန်ဆုံးစမြဲဖြစ်သည်။ ရှီမာယူယူနှင့် တခြားသူများသည် မသိလိုက်ချိန်မှာပင် တစ်နှစ်ကုန်ဆုံးသွားတော့သည်။
ရှီမာယူယူသည် ဒီအချိန်အတောအတွင်း ဆေးများနှင့် ဝိညာဉ်သားရဲများ ပြင်ဆင်ထားပြီး ရှီမာမျိုးနွယ်လူများရှိရာ ယူသွားလေသည်။ ဝေကျိရွှီနှင့် တခြားသူများသည် ဝိညာဉ်စေတီအတွင်းကျန်ခဲ့လေသည်။
ရှီမာယူယူသည် မကြာခင်ထွက်သွားတော့မည်ဖြစ်၍ ဒီတစ်ကြိမ်တွင် ပစ္စည်းများကို အိမ်တော်ထိန်းဆီသို့ ယူသွားမှန်း သူတို့သိကြသည်။
ရှီမာယူယူသည် ဝိညာဉ်သားရဲများကို အိမ်တော်ထိန်းအားပေးကာ ဒီတစ်ကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်းပြောလေသည်။ ရှီမာယူယူပြောင်းလဲသွားသည်ကို အိမ်တော်ထိန်းမြင်ရသည်။ သူမထွက်သွားမည်ဆိုသည်ကိုကြားသော် သူမမျက်ရည်ကျရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။
သို့သော် ရှီမာယူယူ လမ်းခရီးတွင် ဂရုစိုက်ရန် ဆုတောင်းသည်မှလွဲ၍ သူဘာမှမပြောခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ဒီနေ့ကို မလွဲမသွေရောက်လာမည်ကို သူအရင်ကတည်းက သိပြီးဖြစ်သောကြောင့်ဖြစ်သည်။