← Chapters

အပိုင်း(၁၅၈)-သဘာဝအတားအဆီး

Vol. 002 Ch. 158

အပိုင်း(၁၅၈)-သဘာဝအတားအဆီး

Vol. 002 Ch. 158

ဒီတစ်ကြိမ်တွင် အိမ်တော်ထိန်းနှင့် တခြားသူများထွက်သွားသည်ကို စောင့်ကြည့်ရန် ရှီမာယူယူရွေးချယ်လိုက်သည်။

ထွက်မသွားခင်တွင် အိမ်တော်ထိန်းသည် အင်တင်တင်မျက်နှာဖြစ်သွားသည်ကို တွေးကြည့်လျှင် တစ်နေ့တွင် သူတို့အား ဒီနေရာမှ အပြင်ဘက် ကျယ်ပြောသောနယ်မြေတွင် နေရန် ခေါ်ထုတ်သွားမည်ဟု စိတ်ထဲမှ တိတ်တဆိတ်ကတိပေးလိုက်သည်။

ဝေကျိရွှီနှင့် တခြားသူများ ထွက်လာရန် သူမခေါ်လိုက်သည်။ သူမ မျက်လုံးထဲမှနာကျင်မှုကို သူတို့မြင်သောအခါ သူမပခုံးအားပုတ်ပြီး ပြောကြသည် “ခွဲခွာခြင်းက နောက်ထပ်ပြန်တွေ့ခြင်းကိုသွားတဲ့ လမ်းပဲ”

“ငါနားလည်ပါတယ်” ရှီမာယူယူပြောလိုက်သည် “မင်းတို့အားလုံး ခဏပြန်ချင်ကြလား၊ မင်းတို့အားလုံးပြန်ချင်တယ်ဆိုရင် ငါတို့ဒီမှာ မင်းတို့ကိုစောင့်မယ်”

ဖက်တီးကျူသည် ဝေကျိရွှီနှင့် သူတို့နှစ်ယောက်အားကြည့်ကာ ခေါင်းညိတ်ပြီးပြောလေသည် “ဒီတစ်ခါ ငါတို့ထွက်သွားပြီးရင် ဘယ်အချိန်ပြန်လာရမလဲမသိသေးဘူး၊ ငါ ငါ့မိဘတွေကို သွားပြီးနှုတ်ဆက်ချင်သေးတယ်၊ ယူယူ မင်းပြန်လိုက်ချင်လား”

ရှီမာယူယူ ခေါင်းရမ်းသည် “ငါ အိမ်တော်ထိန်းကို နှုတ်ဆက်ပြီးသွားပြီ၊ ဘေဂုံ၊ ဝူရန်နဲ့ ငါက မင်းတို့ကိုဒီမှာစောင့်နေမယ်၊ မင်းတို့ကို ပြန်မလာချင်ဘူးဆိုရင်လည်း လူလွှတ်ပြီးပြောခိုင်းလိုက်”

“ငါတို့သေချာပေါက်ပြန်လာမှာပါ၊ မင်းတို့ငါတို့ကို ရက်နည်းနည်းတော့စောင့်ပေး” ဖက်တီးကျူ အခိုင်အမာပြောသည်။

“အင်း သွားပါ၊ ငါတို့ဆယ်ရက်ကြာရင် ဒီမှာထပ်တွေ့ကြမယ်” ရှီမာယူယူ သူမ လက်အားဝှေ့ရမ်းပြလိုက်သည်။

ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ကိုယ်ပိုင် ဝိညာဉ်သားရဲများခေါ်ကာ စီးပြီးထွက်သွားကြလေသည်။ သူတို့သည် အားလုံး၏ မြင်ကွင်းမှလျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

“ဒီဆယ်ရက်အတွင်းငါတို့ဘာလုပ်ကြမလဲ” ရှီမာယူယူသည် အဝေးတွင်ရှိသော မြို့တော်အားလှမ်းကြည့်ကာ ပြောလိုက်သည် “မြို့တော်ကို သွားပြီးအနားယူချင်လား”

ဘေဂုံထန် ခေါင်းရမ်းကာ ပြောလိုက်သည် “ငါ ဝိညာဉ်စေတီကိုပဲသွားပြီး တစ်လလောက်ကျင့်ကြံချင်တယ်”

“ငါရောပဲ” ဝူရန်ဖေပြောလိုက်သည်။

“ကောင်းပြီလေ” သူတို့သုံးယောက်သည် တောင်ဆီသို့ဦးတည်သွားကြသည်။ ပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိချိန်တွင် သူမသည် သူတို့နှစ်ယောက်အား ဝိညာဉ်စေတီသို့ခေါ်သွားလေသည်။

ထိုတစ်နှစ်လုံးတွင် ဝိညာဉ်သားရဲများနှင့် တိုက်ပွဲဖြစ်ခြင်းမှတစ်ပါး သူတို့၏ အချိန်များကို ဝိညာဉ်စေတီအတွင်းမှာပင် ကုန်ဆုံးခဲ့သည်။ အကုန်လုံးပေါင်းလိုက်သောအခါ သူတို့သည် နှစ်နှစ် ကုန်ဆုံးခဲ့ပြီဖြစ်သည်။

ဒီအချိန်အတောအတွင်းတွင် သူတို့၏ အဂ္ဂိရတ်ပညာအရည်အချင်းသည် တဟုတ်ထိုးတိုးတက်လာသည်။ ဘေဂုံထန်သည် အဆင့်သုံးအဂ္ဂိရတ်ပညာရှင်ဖြစ်လာပြီး ဝူရန်ဖေသည် အဆင့်နှစ် အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး၊ ရှီမာယူယူသည် အဆင့်ဆေးကိုအောင်မြင်၍ အဆင့်ငါးရောက်ရှိကာ အလယ်အလတ်အဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်လာသည်။

ရှီမာယူယူ၏ တိုးတက်မှုသည် သူမအား လျှို့ဝှက်ညွှန်ကြားနေသော မိုရှား၏ စွမ်းဆောင်ချက်မှာကြီးမားပြီး ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် သူမ သင်ကြားမှုကြောင့် တိုးတက်လာခြင်းဖြစ်သည်။

ဘေဂုံထန်၏ မျိုးနွယ်သည် အဂ္ဂိရတ်ပညာရှင်မျိုးနွယ်ဖြစ်သည်။ သူမသည် အစကတည်းကပင် အဂ္ဂိရတ်ပညာ၏ ခက်ခဲမှုကိုသိပြီး ရှီမာယူယူ၏ ညွှန်ကြားမှုအောက်တွင် အဆင့်သုံးအဂ္ဂိရတ်ပညာရှင်အဖြစ်လျင်မြန်စွာ ရောက်လာခြင်းဖြစ်သည်။ ထို့အပြင် အဂ္ဂိရတ်ပညာနည်းလမ်းမှာ ထူးခြားသည်၊ တစ်စုံတစ်ယောက်မှ အသေးစိတ်ညွှန်ကြားမှုမရှိလျှင် လူအများသည် သင်ယူရန်ခက်ခဲသည်ကိုတွေ့ရှိရသည်။

ယူယူ၏ အရည်အချင်းအားလုံးသည် မိုရှားဆီမှသင်ယူသည့်အဖြစ်မှန်ကို သူမ မရိပ်မိပေ။ မိုရှား၏ အဂ္ဂိရတ်ပညာအရည်အချင်းသည် ပြည်ထောင်စုသုံးခုတွင် ငြင်းမရသော ထိပ်တန်းပညာရှင်ဖြစ်သည်။

ထိုသည်မှာ ရှီမာယူယူနှင့် တခြားသူများကို အကျိုးဖြစ်စေလိမ့်မည်ဟု ထင်မထားပေ။

သူတို့သုံးယောက်သည် ဝိညာဉ်စေတီအတွင်း တစ်လနေကြသည်။ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ကျင့်ကြံခြင်းမရှိလျှင် အဂ္ဂိရတ်ပညာအား လေ့ကျင့်သည်။ ရှီမာယူယူသည် သူမအချိန်များကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်သည်။

လျင်မြန်စွာပင် ချိန်းထားသော နေ့ရောက်လာခဲ့သည်။ ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ချိန်းထားသည့် နေရာသို့ ရောက်ရှိသည်မှာ ကြာပြီဖြစ်သည်။

“မင်းတို့ကောင်တွေ ရောက်တာစောသားပဲ” ကြီးမားသော ငှက်တစ်ကောင်သည် ဖြတ်သွားကာ ရှီမာယူယူသည် သူတို့နှစ်ယောက်အား အပေါ်မှငုံ့ကြည့်နေလေသည်။

“ယူယူ ငါတို့နှစ်ရက်လောက်မတွေ့ရသေးတာ ငှက်လေးက အံ့ဖွယ်သားရဲဖြစ်လာတယ်ဟုတ်လား” ဖက်တီးကျူသည် တောင်ပံလေးခုငှက်အား မြင်သည်နှင့် ငှက်လေးကျောပေါ်သို့တက်လိုက်သည်။

ဝိညာဉ်ဧကရာဇ်…

ဝိညာဉ်ဧကရာဇ်သာလျှင် လေထဲတွင် ပျံလို့ရသည်။ ပျံသန်းနေသည်ကို ကြည့်ရသည်မှာ သူသည် ဝိညာဉ်ဧကရာဇာ်အဆင့်ရောက်သွားပြီကို ပြသနေသည်။

ဝေကျိရွှီသည် ပြုံးကာ ခန္ဓာကိုယ်အား လှည့်ရာ ပျံသန်းသွားလေသည်။

နောက်ထပ်ဝိညာဉ် ဧကရာဇ်…

လွန်ခဲ့သည့်တစ်နှစ်က ဝိညာဉ်သခင်အဆင့်သာရှိခဲ့သူများသည် တစ်နှစ်အကြာတွင် ဝိညာဉ်ဧကရာဇ်အဆင့် ရောက်လိမ့်မည်ဆိုသည်ကို ဘယ်သူသိမလဲ။

ဟိန်းသံလေးသည် ငှက်ကြီး၏ ခေါင်းပေါ်တွင်ထိုင်ကာ သူတို့နှစ်ယောက်အားလှည့်ကြည့်ပြီး ပြောလိုက်သည် “ယူယူက နောက်ဆုံးတော့ ငှက်လေးနဲ့ စာချုပ်ချုပ်နိုင်သွားပြီ၊ သူလည်း အံ့ဖွယ်ဆင့်သားရဲဖြစ်လာတယ်၊ သူတင်မဟုတ်ဘူး၊ ရာဟွောင်လည်း အဆင့်တွေတက်လာတယ်၊ ငါပဲမတက်တာ၊ မမျှတလိုက်တာ”

“မင်းက ဘယ်လိုလုပ် အဆင့်မတက်တာလဲ” ရှီမာယူယူ ငှက်လေးအား ကြည့်ပြီး မေးလိုက်သည်။

“အဆင့်တက်သွားတာလား ငါမခံစားမိပါဘူး” ငှက်လေးသည် မျက်တောင်ခတ်ပြီး ရှုပ်ထွေးစွာပြောလိုက်သည်။

“မင်းအဆင့်တက်တာ သေချာတယ်၊ ပြီးတော့ ဒီနှစ်အတွင်းမှာ မင်းအဆင့်တွေက မျက်နှာပြောင်တိုက်ပြီးကို တက်သွားတာ” ရှီမာယူယူသည် ဟိန်းသံလေးအားကြည့်မိသည်။ သူထိုသို့မခံစားရစေရန် သူမမျှော်လင့်မိသည်။

ထိုအချိန်မှသာ ရှီမာယူယူ သူ့အား နောက်ပြောင်နေသည်ကို ဟိန်းသံလေးရိပ်မိကာ သူမအားကြည့်ပြီး နောက်ကျောပေးလိုက်သည်။

“ဟီးဟီး”

ရှီမာယူယူနှင့် ဟိန်းသံလေး၏ ငြင်းခုံမှုကို ကြည့်ရချိန်တိုင်းတွင် ပျော်စရာကောင်းခဲ့သည်။

ငှက်လေးသည် ဝူရန်ဖေရှိရာဘက်သို့ ပျံသန်းသွားလိုက်သည်။ ထိုနေရာရှိ ဝိညာဉ်သားရဲများသည် အားနည်းသည်ဟု ပြောကြသည်။ သူတို့သည် ထိုနေရာမှထွက်သွားရန် ဆုံးဖြတ်ပြီးဖြစ်သည်။

ငှက်လေးသည် လေးငါးရက်ပျံသန်းပြီးနောက်တွင် သူတို့မရောက်ရှိနိုင်သေးသည်ကို ဖက်တီးကျူ စိတ်ပျက်လာသည်။ ငှက်လေးပြောသည်မှာ သူ့ရှေ့တွင် အတားအဆီးတစ်ခုရှိပြီး သူလှုပ်မရကြောင်းပြောသည်။

“ဒီနေရာလောက်မှာ ဖြစ်လောက်တယ်” ဝူရန်ဖေပြောလိုက်သည်။

“ငှက်လေး ငါတို့ကို ချပေးတော့” ရှီမာယူယူပြောလိုက်သည်။

“ကောင်းပါပြီ သခင်လေး” ငှက်လေးသည် တောင်ပံခတ်ကာ သူတို့အားချပေးလေသည်။ သူမြေပေါ်ရောက်သည်နှင့် အသွင်ပြောင်းကာ ရှီမာယူယူ၏ ပခုံးပေါ်သို့ ပျံသန်းပြီး ရပ်နေလိုက်သည်။

ရှီမာယူယူ ကြည့်လိုက်ရာ ဒီနေရာမှ သစ်တောအကျယ်အဝန်းသည် တခြားနေရာများထက် ကျဉ်းသည်ကို သတိထားမိလိုက်သည်။ သူမ မမြင်နိုင်သော ပိတ်ဆို့မှုကို ခံစားမိရန် သူမ ကြိုးစားပြီးလျှောက်ကြည့်သည်။

ဖက်တီးကျူသည် ဖိအားကို ခံစားမိပြီး ထိတွေ့ရန် လက်ဆန့်ထုတ်သော်လည်း ဘာမှ ရှာမတွေ့ပေ။

“ဘာမှမရှိဘူး၊ ဘာလို့ ငါတို့အပြင်ထွက်လို့မရတာလဲ” ဖက်တီးကျူသည် အတွေးများလာသည်။

“ဒီမှာ ခိုင်တဲ့အတားအဆီးရှိလို့ပဲ” ဟိန်းသံလေးသည် အားလုံး၏ ရှေ့တွင်ပျံသန်းကာ ထွက်သွားရန် မဖြစ်နိုင်သည်ကိုမြင်သည်နှင့် ကျယ်လောင်စွာရယ်မောတော့သည်။ ထို့နောက်တွင် ဖက်တီးကျူနှင့် တခြားသူများ၏ ရှုပ်ထွေးနေသော မျက်စိရှေ့တွင် ဟိန်းသံလေးသည် သက်တောင့်သက်သာ ပျံသန်းသွားလေသည်။

“ဟိန်းသံလေးဘယ်လိုလုပ် ထွက်သွားလို့ရတာပါလိမ့်၊ အဲမှာ ဘာအတားအဆီးမှ မရှိတာ မဟုတ်ဘူးလား” ဖက်တီးကျူသည် ဟိန်းသံလေးထွက်သွားသောနေရာသို့လာကာ ရှေ့သို့လျှောက်သွားသေလည်။ သို့သော် သူသည် ခြေလှမ်းတစ်လှမ်းမှပင် လှမ်းလို့မရပေ။

“ဘာတွေဖြစ်နေတာလဲ” ဝေကျိရွှီသည်လည်း ကြိုးစားကြည့်သည်၊ သို့သော် မလုပ်နိုင်ပေ။ ဟိန်းသံလေးသည် ရယ်မောမှုပြီးစီးသည့်နောက်တွင် ပေါ့ပါးစွာပြန် ပျံသန်းလာလေသည်။

“ဟိန်းသံလေးဆီက မသင်နဲ့” ရှီမာယူယူပြောလိုက်သည် “ဘယ်အပိုင်းက မှားနေလဲဆိုတာ သူမသိဘူး၊ ပြီးတော့ သူက ဒီအတားအဆီးကို ခံနိုင်ရည်ရှိတယ် အဲဒါကြောင့် ဒီအတားအဆီးက သူ့ကိုမတားနိုင်တာ”

“မိုးနတ်မင်း၊ ဒါကောင်းတာပဲ၊ အပြင်ကလူတွေက သူတို့ တန်ဖိုးရှိပစ္စည်းတွေကို ကာကွယ်ဖို့ အတားအဆီးတွေသုံးရတာ ကြိုက်တယ်လို့ ဝူရန်ဖေပြောတာကြားဖူးတယ်၊ ဟိန်းသံလေးက ဒီဟာကို ခံနိုင်ရည်ရှိရင် သူဘယ်အခန်းကို ဝင်ဝင်၊ ဘယ်လက်နက်ကိုခိုးခိုး ရနိုင်တယ်ဆိုတဲ့သဘောပဲ” ဖက်တီးကျူသည် ဟိန်းသံလေးအား လင်းလက်သောမျက်လုံးများဖြင့်ကြည့်လိုက်သည်။

ရှီမာယူယူသည် ဖက်တီးကျူ၏ ခေါင်းအားရိုက်ပြီး ဟိန်းသံလေးနားရွက်အားဆွဲကာ ပြောလိုက်လေသည် “မင်းအခု ဒီအတားအဆီးကို ဖွင့်မပေးရင် ဖက်တီးကျူရဲ့ တပည့်အဖြစ်မင်းကို ထည့်ပေးလိုက်တော့မှာ”

“အား အား ငါသိပါပြီ” ဟိန်းသံလေးသည် အကြိမ်အနည်းငယ်တွန့်သမြင့် ရှီမာယူယူလွှတ်ပေးလိုက်သည်။ သူသည် နားရွက်ကိုပွတ်ပြီး အတားအဆီးရှေ့တွင်လျှောက်လေသည်။ ပြီးတော့ သူ၏ ရှေ့ခြေထောက်လေးများကို ဆန့်ထုတ်ပြီး အတားအဆီးကို ထိတွေ့လိုက်သည်။

သူမျက်စိမှိတ်ကာ အတားအဆီးနှင့် ခြေထောက်များထိသည့် နေရာသည် တဖြည်းဖြည်း အပြာရောင်ပြောင်းလာခဲ့သည်……

All Chapters