← Chapters

အပိုင်း(၁၅၉)-သူတော်စင်သားရဲအား ခြယ်လှယ်ခြင်း

Vol. 002 Ch. 159

အပိုင်း(၁၅၉)-သူတော်စင်သားရဲအား ခြယ်လှယ်ခြင်း

Vol. 002 Ch. 159

အပြာနုရောင်အလင်းတန်းသည် ပျံ့ထွက်လာကာ ဟိန်းသံလေး၏ လက်အလယ်တွင် လူတစ်ယောက်အမြင့်လောက်ရှိသော စက်ဝိုင်းပေါ်လာသည်။

“ယူယူ မင်းတို့အားလုံး မြန်မြန်ဖြတ်တော့” ဟိန်းသံလေးပြောလိုက်သည်။

“ဒီအတိုင်းကြီးလား” ဖက်တီးကျူသည် လှပသော စက်ဝန်းအားမြင်လိုက်ရသည်။ ဒုံချန်းနိုင်ငံမှ လူများကို အချိန်အတော်ကြာပိတ်ထားသော အတားအဆီးသည် ဒီလောက်လွယ်ကူစွာ ဖြတ်လို့ရနေတာလား။

“သွားရအောင်” ရှီမာယူယူသည် ဟိန်းသံလေး၏ အရည်အချင်းကိုသိသောကြောင့် ရှေ့မှ ဦးဆောင်ကာ စက်ဝန်းသို့ဖြတ်လျှောက်လိုက်သည်။

ဘေဂုံနှင့် တခြားသူများသည် ဖြတ်လျှောက်၍ရသည်ကို မြင်သည်နှင့် လိုက်လျှောက်ကြလေသည်။ သူတို့ ဖြတ်ပြီးချိန်တွင် ဟိန်းသံလေးသည် ညို့ဓာတ်အားလွှတ်လိုက်လေသည်။

“ဝေါင်း နာဗူး မင်းဘယ်ပြေးမလို့လဲ”

ကျယ်လောင်သော ဟိန်းသံသည် အဝေးမှပဲ့တင်ထပ်လာကာ နေရာရှိအားလုံး ကြောက်လန့်သွားကြသည်။

ဟိန်းသံလေး လှည့်ပြီးကြည့်လိုက်သည်။ ဘရားသခင်၊ ဒါက သူနဲ့ ကစားခဲ့တဲ့ ဘုရင်မရဲ့ သားရဲဘုရင်မလား။

“မိုးနတ်မင်းရေ ဒီနေရာကနေကျော်ရင် မင်းနေရာမဟုတ်ဘူးမလား၊ ဒီထိဘာလို့ပြေးလာတာလဲ” အံ့ဖွယ်သားရဲမျးာ တဟုန်ထိုးပြေးလာသည်ကို ဟိန်းသံလေးမြင်သော် အော်ပြောလိုက်လေသည်။

“ဒီဘုရင်က မင်းကို ရှာနေတာ တစ်နှစ်ကျော်ပြီ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ၊ မင်းဒီနေ့ထွက်ပြေးနိုင်မလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်” သားရဲဘုရင်သည် ဟိန်းသံလေးအား မုန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ဟိန်းသံလေးသည် အာရုံစုစည်းလိုက်ကာ သူ့အား လက်ညိုးညွှန်ပြချင်သော်လည်း နောက်မှ သူ့လက်များတိုနေသည်ကို သတိရမိသဖြင့် မလုပ်နိုင်လိုက်ပေ။

နောက်မှ သူကျောပေးကာ သားရဲဘုရင်ကို သူ့တင်ပါးအားလှုပ်ရမ်းပြလိုက်သည်။

“လာခဲ့လေ လာ”

သားရဲဘုရင်သည် ဟိန်းသံလေး၏ ရန်စမှုကို ဒေါသထွက်ကာ အရှိန်မြင့်ပြီး သူ့ဆီသို့ပြေးသွားလေသည်။

သူသည် ဟိန်းသံလေးကို တစ်စစီဖြစ်အောင် လက်သည်းဖြင့် ကုတ်ချင်နေပြီဖြစ်သည်။

သားရဲဘုရင်သည် သူ့ထဲ တည့်တည့်တစ်ဟုန်ထိုးလာနေသည်ကို ဟိန်းသံလေးမြင်သော် လှည့်ပြီး သားရဲဘုရင်အား တင်ပါးထပ်လှုပ်ပြလေသည်။

ဟိန်းသံများထွက်လာသည်။

“ဝုန်း”

သားရဲဘုရင်သည် အရှိန်မြင့်ကာ ဟိန်းသံလေးဆီသို့ ပြေးဝင်သွားလေသည်။ သူအထဲသို့ ရောက်မလိုဖြစ်နေတုန်းမှာပင် တစ်စုံတစ်ခုနှင့် တိုက်မိလေသည်။ သူ ဖမ်းမမိလိုက်ပဲ မေ့မြောသွားလေသည်။

“ဟား ဟား” ဟိန်းသံလေးသည် သားရဲဘုရင်၏ အခြေအနေကို မြင်သည်နှင့် ရယ်ရလွန်းသဖြင့် ဗိုက်များပင်နာလာသည်။ “ဟီးဟီး မင်းက ဒီက သခင်ကြီးဆိုတဲ့ ငါ့ကို ဖမ်းချင်တယ် ဒါပေမယ့် အဖက်ဖက်ကပိတ်ထားတယ်မလား ဒီသခင်ကြီးက ဖမ်းဖို့ အဲလောက်လွယ်လား”

ဟိန်းသံလေးထိုသို့ အထင်ကြီးနေသည်ကို ရှီမာယူယူမြင်သော် သူမ ခေါင်းကိုသာ ကိုင်မိတော့သည်မှ တစ်ခါး လုပ်စရာမရှိတော့ပေ။

သူမမှာ ဒီလိုစာချုပ်သားရဲရှိနေတာပါလိမ့်၊ အဲအချိန်တုန်းကလဲ သူမကို သူလိမ်ပြီး စာချုပ်ချုပ်ခဲ့တာဖြစ်မယ်၊ အဲဒါအမှန်မလား။

သူမ သံသယများဝင်လာသည်။

သူမ လျှောက်လာကာ ဟိန်းသံလေးအားမြေပေါ်သို့ ရိုက်ချလိုက်ကာ ပြောလေသည် “ဘဝင်တွေသိပ်မြင့်မနေနဲ့ဦး၊ မင်းဒီလိုလုပ်နေမယ်ဆိုရင် မင်းကိုဒီမှာပစ်ထားခဲ့မှာ”

ဟိန်းသံလေးသည် ပျံသန်းကာ သူမှားဆိုသည့် အကြည့်ဖြင့် ရှီမာယူယူအားကြည့်လိုက်လေသည်။

ရှီမာယူယူ သူ့အား ဂရုမစိုက်တော့ပဲ သားရဲဘုရင်ဘက်လှည့်ကာ ပြောလိုက်သည် “ဟိန်းသံလေးက နောက်နေတာပါ ငါတို့က ဒီနေရာကနေထွက်သွားတော့မှာ ဒီလိုအခြေအနေဖြစ်သွားတဲ့အတွက် ငါမင်းကို လျော်ကြေးပေးပါမယ် ဟုတ်ပြီလား”

သားရဲဘုရင်သည် ရှီမာယူယူအား ဘာမှမပြောပဲကြည့်နေကာ သူမအားလွှတ်ပေးရန် အစီအစဉ်မရှိသည်ကို တွေးနေလေသည်။

“မင်းက ငါ့ကိုလျော်ကြေးပေးချင်တယ်ဟုတ်လား” မိနစ်အနည်းငယ်ကြာမှပင် သားရဲဘုရင်သည် စကားစလာသည်။

“ငါစွမ်းအားရှိသလောက်ပေါ့” ရှီမာယူယူပြောလေသည်။

သူမ မတတ်နိုင်သည်ကို သူမ ကတိမပေးပေ။

“ငါမင်းဆီက လိုချင်တာမရှိဘူး၊ တစ်ခုပဲရှိတယ်” သားရဲဘုရင်ပြောလိုက်သည်။

“ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါ့မျိုးနွယ်ကို ခေါ်သွားပြီး ငါဒီနေရာကနေထွက်မယ်” သားရဲဘုရင်ပြောလိုက်သည်။

“ဒီနေရာကနေ ထွက်သွားမယ်ဟုတ်လား” ရှီမာယူယူ သားရဲဘုရင်အားကြည့်ကာ မေးလိုက်သည် “မင်းရဲ့ ပိုင်နက်ကနေထွက်ချင်လို့လား”

သားရဲဘုရင်သည် မြေမြင်မှထကာ ခန္ဓာကိုယ်မှ အမွှေးများကို ခါရမ်းလိုက်ကာပြောလေသည် “ငါအရင်ကတည်းက သတိထားမိတာ ဒီနေရာက အချုပ်ပဲ၊ ဒါက အချုပ်ထဲက နေရာသေးသေးလဲပဲ ဘာတက်မက်မှုရှိစရာလိုလဲ”

ရှီမာယူယူသည် သူ့အားစိတ်ဝင်စားသွားကာ မြေပြင်တွင်ထိုင်ပြီး ပြောလိုက်သည် “သြော် ကောင်းတာပေါ့ မင်းဒီအကြောင်းကို သိသွားပြီပဲ ဘယ်အချိန်က သတိထားမိတာလဲ”

ဒီတစ်ကြိမ်တွင် ရှီမာယူယူသည် ဝိညာဉ်စေတီမှ ထွက်လာခြင်း၏ အကျိုးဆက်ကို ခံစားမိလိုက်သည်။ သူမသည် ထိုင်ကာ သူနှင့် စကားပြောသည်ကို သားရဲဘုရင်မြင်သော် သူမနှင့် စကားစမြည်ပြောတော့သည်။

“ဒီအကြောင်းပြောရင် ငါငိုချင်တယ်” သားရဲဘုရင်သည် ပြောလေသည် “ငါအရင်ကတည်းက သတိထားမိတာ၊ အဲအချိန်တုန်းက အံ့ဖွယ်အဆင့်မရောက်သေးဘူး သားရဲဘုရင်လည်း မဟုတ်သေးဘူး၊ အဲတုန်းက ငါ့ထက်အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲက ငါ့ကို လိုက်သတ်နေတဲ့ အချိန်ပဲ၊ ငါဒီနေရာအထိ အလိုက်ခံရပြီး ထွက်မရတော့တာကို တွေ့ခဲ့တယ်၊ နောက်ဆုံးတော့ ငါအသတ်ခံရမလိုဖြစ်ပေမယ့် ငါ့မျိုးနွယ်က နောက်ကလိုက်လာပြီး ငါ့ကိုကယ်ခဲ့တယ်၊ အဲအချိန်ကစပြီး ငါဒီနေရာကို စပြီးစောင့်ကြည့်ခဲ့တယ်၊ နောက်တော့ ငါနေရာအများကြီးလျှောက်သွားတော့ ဒီနေရာက အမြဲတမ်းရှိနေတဲ့ အတားဆီးဆိုတာ သိလိုက်ရတယ်”

အမြော်အမြင်ရှိသော ဝိညာဉ်သားရဲရှိနေသည်ကို ရှီမာယူယူထင်မထားပါ၊ သူမပြောလိုက်သည် “မင်းဒီနေရာကိုလာပြီး ဒီညှို့ဓာတ်အတားအဆီးကို လာကြည့်တာလား”

“ညှို့ဓာတ်အတားအဆီးဟုတ်လား” သားရဲဘုရင်သည် ကြက်သေသေကာ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာပြောလိုက်သည် “ဒီနေရာက သဘာဝအတိုင်းဖြစ်တဲ့ ညှို့ဓာတ်အတားအဆီးလို့ ဟိန်းသံလေးပြောတာပဲ၊ ပြီးတော့ ဒါကဒုံချန်းနိုင်ငံကို အထဲထည့်ပြီး စည်းတားထားတာပဲ၊ ငါတို့ ဒီညှို့ဓာတ်ပိတ်ထားတာကြောင့် ငါတို့ထွက်သွားလို့မရဘူး၊ ဟူး ဒါကမှားနေပြီ”

“ဘာမှားတာလဲ” သားရဲဘုရင်သည် ရှီမာယူယူအား ရှုပ်ထွေးစွာကြည့်ကာ ဘာဖြစ်နေလဲကို သူမသိတော့ပေ။

“မင်းသူတော်စင်အဆင့်ရောက်မှ ထွက်သွားလို့ရမယ်လို့ မင်းပြောခဲ့တာမလား၊ သူတော်စင်သားရဲက ဝိညာဉ်သူတော်စင်အဆင့်နဲ့ တူတယ်မဟုတ်ဘူးလား၊ မင်းဘာလို့ထွက်လို့မရတာလဲ” ရှီမာယူယူသည် စိတ်ထဲရှိရာကို ပြောတတ်သူဖြစ်သည်။

ရှီမာယူယူပြောသည်ကို ဝေကျိရွှီကြားသော် သူသည်လည်း ထိုမေးခွန်းအား ပြန်မေးမိသည်။ သူတော်စင်သားရဲဘာလို့ ထွက်လို့မရသလဲဆိုသည်ကို သူရှုပ်ထွေးလာသည်။

သားရဲဘုရင်သည် ခေါင်းရမ်းကာပြောလိုက်သည် “ဘာလို့လဲတော့ ငါလည်းမသိဘူး၊ သူတော်စင်ဝိညာဉ် ဒီကနေထွက်သွားတာတော့ ငါမြင်ဖူးတယ်၊ ဒါပေမယ့် ငါကြိုးစားတိုင်းမှာ ငါ့အားက ဒီဟာကို မလွန်ဆန်နိုင်ဘူး၊ ပြီးတော့ ငါဒီနေရာကနေထွက်သွားသင့်တာကြာပြီ မင်းငါ့ကို မကူညီနိုင်ဘူးလား”

ရှီမာယူယူသည် ခံစားချက်အပြည့်နှင့် ဝိညာဉ်ဘုရင်အားကြည့်လိုက်သည်။ ဒီနေရာတွင် ဝိညာဉ်သားရဲများ အများအပြားနေထိုင်သော်လည်း အခြေအနေမှန်အား သတိပြုမိသူမှာ နည်းနည်းသာရှိသည်။ သူသည် ဒီနေရာမှထွက်သွားရန် အစီအစဉ်ရှိသော တစ်ဦးတည်းသူဖြစ်သည်ကို သူမ ပုံဖော်မိသည်။

သူသည် ထူးခြားပြောင်မြောက်သော ဝိညာဉ်သားရဲဖြစ်သည်ကို ပြောရန်ပင်မလိုပေ။

သူမ ထပ်ပြောလျှင် ဟိန်းသံလေး တခြားသူများကို လိမ်လည်သည်နှင့် တူသွားတော့မည်။ သူမ နှစ်ကြိမ်ရယ်မောကာ ပြောလိုက်သည် “ငါသိပါပြီ၊ မင်းအပြင်ထွက်ချင်ပြီး ဒီနေရာမှာ ပိတ်မမိချင်ဘူး၊  ဒါက မင်းက ရည်ရွယ်ချက်ရှိတဲ့ ဝိညာဉ်သားရဲဆိုတာ ပြနေတာပဲ၊ ဒါပေမယ့် မင်းဒီကထွက်တာတောင် အပြင်လောကက အမြင့်ဆုံးအဆင့်မဟုတ်ဘူးဆိုတာ သိလား၊ မင်းဒီတောင်မှာပဲ လှည့်သွားလို့ရပြီး မင်းစဉ်းစားထားတဲ့ နေရာကို မရောက်နိုင်ဘူး”

“အပြင်ကမ္ဘာကို မရောက်ဘူးလား” သားရဲဘုရင်သည် လမ်းပျောက်သွားသည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ဒါက ရီလင်းတိုင်းပြည်ပဲ ဒါပေမယ့် ဒါက ဝိညာဉ်သခင်တွေအဓိက နေတဲ့နေရာပဲ၊ ဝိညာဉ်သခင်တွေက အံ့ဖွယ်အဆင့်နဲ့ အထက်ရောက်ရင် ဒီထက်အဆင့်မြင့်တဲ့ တိုင်းပြည်ကိုသွားကြတာ၊ မင်း ကမ္ဘာဦးရှေးဟောင်းနယ်မြေဆိုတာ ကြားဖူးလား”

သားရဲဘုရင်သည် ခေါင်းရမ်းလေသည်။ သူသည် လူအနည်းငယ်နှင့်တွေ့ဖူးသော်လည်း ကမ္ဘာဦးရှေးဟောင်းနေမြေအကြောင်းကို သိသည့်သူမရှိပေ။

“ငါမင်းကိုပြောပြမယ်၊ ကမ္ဘာဦးရှေးဟောင်းနယ်မြေက ရီလင်းတိုင်းပြည်မှာ အဆင့်အမြင့်ဆုံးတွေနေတာပဲ၊ မင်း အံ့ဖွယ်အဆင့်မရောက်ပဲ အဲနေရာကိုသွားလို့မရဘူးလို့ ငါ့ဆရာပြောဖူးတယ်” ရှီမာယူယူ ပြောလသည်။ “ဒါကြောင့်ပဲ ငါဒီနေရာကနေထွက်သွားရင် သေချာပေါက် စိတ်လှုပ်ရှားစရာကောင်းမှာပဲလို့ ထင်ခဲ့တယ်၊ သနားစရာတော့ ကောင်းတယ်…ဟူး”

“ဘာသနားစရာကောင်းတာလဲ” သားရဲဘုရင် မေးလိုက်သည်။

“မင်းကို သနားတယ်လို့ပြောတာ” ရှီမာယူယူပြောလိုက်သည် “မင်းအပြင်ကမ္ဘာကို ကြည့်ချင်နေတာ ဒါပေမယ့် မင်းအပြင်ရောက်လည်း တောင်ပတ်ဝန်းကျင်ပဲ သွားလို့ရမှာ၊ ဒါဆို အပြင်ထွက်တာ ဘာအဓိပ္ပာယ်ရှိမှာလဲ”

သားရဲဘုရင်သည် ရှီမာယူယူ၏ စကားများတွင် နှစ်မြောကာ တည်ငြိမ်လာသည်။

“တကယ်တော့ ကမ္ဘာရဲ့ စိတ်လှုပ်ရှားစရာအပိုင်းက တောင်မဟုတ်ဘူး၊ လူတွေရှိနေတဲ့နေရာပဲ၊ တခြားသူတွေနဲ့ တွေ့မယ်၊ မတူညီတာတွေလုပ်မယ်၊ မတူညီတဲ့နေရာကိုရှာမယ်၊ ပြောပါဦး၊ အပြင်ထွက်ပြီးတောင်စောင့်ချင်တဲ့အကြောင်းလေး” ရှီမာယူယူသည် မီးတောက်အားပေးပြောလိုက်သည်။

သားရဲဘုရင်သည် ခေါင်းမော့ကာ ရှီမာယူယူအားကြည့်ပြီး ဖျော့တော့စွာပြောလိုက်သည် “တကယ်တော့ မင်းနဲ့အတူသွားဖို့ငါ့ကို စည်းရုံးနေတာမလား”

All Chapters