← Chapters

ကြီးမားသော ရလဒ်

Vol. 1 Ch. 5

ကြီးမားသော ရလဒ်

Vol. 1 Ch. 5

"ခင်ဗျားကို လာကြည့်တာပါ။"

ရှန်းယီသည် ရှေ့သို့လှမ်းတက်ရင်း အေးဆေးစွာ ရယ်မောလိုက်သည် - "ခြောက်ယောက်မြောက် အစ်ကိုဟွမ်က ဘာလို့ ရုတ်တရက်ကြီး တောင်ပေါ်က ဆင်းလာရတာလဲ၊ ကျုပ်ကိုလည်း အကြောင်းမကြားဘဲနဲ့။"

ခွေးနတ်ဆိုးသည် ဝါးစားနေမှုကို ရပ်လိုက်ပြီး အတန်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကို အနည်းငယ် ဘေးဖယ်ပေးလိုက်ရာ ကုတင်ပေါ်မှ မြင်ကွင်း ပေါ်လာတော့သည်။

အခြားသော အနည်းငယ် ပိန်လှီသည့် ခွေးမနတ်ဆိုးတစ်ကောင်မှာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး နူးညံ့လှသော လူသားအတွင်းကလီစာ အပိုင်းအစများကို တစ်ချက်ချင်း မျိုချနေသည်။

၎င်း၏အောက်တွင်မူ လက်ဝါးခန့်သာရှိသော ခွေးကလေးနတ်ဆိုးတစ်ကောင်မှာ ကွေးကွေးလေးဖြင့် နို့စို့နေရှာသည်။

"တောင်ပေါ်မှာ ရန်သူတွေများလို့ ခေတ္တဆင်းလာပြီး ရှောင်နေတာ။"

ဟွမ်လောင်လျို့က အသံဩဩဖြင့် ပြောသည် - "ငါ့ကို စည်းကမ်းတွေအကြောင်း လာမပြောနဲ့။ ဒီမှာက စားစရာ သောက်စရာ အပြည့်ရှိတယ်။ ငါ့သားလေး နည်းနည်းကြီးလာတဲ့အထိ အနည်းဆုံး ဒီမှာ ခြောက်လလောက် နေမှာ။"

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှန်းယီ၏ မျက်လုံးထဲတွင် ဝမ်းမြောက်မှုများ ပိုမိုတောက်ပလာသည် - "ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ် အမေရော သားပါ ကျန်းမာပါစေဗျာ။"

ပြောပြောဆိုဆိုဖြင့် ရှန်းယီသည် ဟွမ်လောင်လျို့၏ဘေးနားသို့ လျှောက်သွားသည်။ သွေးညှီနံ့များ စွဲနေသော ကုတင်ဘောင်မှာ ညစ်ပတ်နေသည်ကို ဂရုမစိုက်ဘဲ ထိုင်ချလိုက်သည်။

ရှန်းယီသည် သူ၏လက်ကို ခွေးနတ်ဆိုး၏ပခုံးပေါ်သို့ ရင်းရင်းနှီးနှီး တင်လိုက်ကာ - "ဒီလို ဝမ်းသာစရာ ကိစ္စရှိတာကို ညီအစ်ကိုဖြစ်သူကို ကြိုမပြောဘူးနော်။"

ဟွမ်လောင်လျို့က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း လက်ကိုတော့ ဖယ်မပစ်ချေ - "ရင်းနှီးသလို လာမလုပ်နဲ့။ ဒီနေ့ မင်းတင်မကဘူး၊ မင်းတို့ ခရိုင်မင်းကြီးကိုယ်တိုင် လာရင်တောင် ငါမသွားဘူး။"

"မသွားပါနဲ့... မသွားပါနဲ့။"

ရှန်းယီသည် ပြုံးဖြဲဖြဲဖြင့် တစ်ဖက်လူကို စိုက်ကြည့်နေသည်။သူ၏ကြည်လင်လှသော မျက်ဝန်းအိမ်မှာ ပို၍ပင် စူးရှလာလေ၏။

ထိုစကားကြောင့် ဟွမ်လောင်လျို့၏ မျက်နှာပေါ်တွင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းသည် ရှန်းယီကို ပြန်ကြည့်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏မျက်စိသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားတော့သည်။

ရင်းနှီးလှသော အမူအရာအောက်တွင် စတီးဓားတစ်လက်မှာ သူ၏ရင်ဘတ်ထဲသို့ ထိုးစိုက်ဝင်သွားပြီ ဖြစ်သည်။

"ဟတ်... ဟတ်"

ထူးဆန်းသော အသံကို ကြားလိုက်ရသဖြင့် ချန်ကျိ မော့ကြည့်လိုက်ရာ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။

သူကိုယ့်မျက်လုံးကိုပင် မယုံနိုင်တော့သလိုဖြစ်သွားသည်။

ရှန်းယီသည် ဟွမ်လောင်လျို့ကို ဖက်ထားရင်း တည်ငြိမ်သော မျက်နှာဖြင့် - "လာတဲ့သူက ဧည့်သည်ပဲလေ၊ ငါက ဘာလို့ မင်းကို မောင်းထုတ်ရမှာလဲ။"

စကားအဆုံးတွင် နောက်ထပ် ဓားတစ်ချက်မှာ ခွေးနတ်ဆိုး၏နှလုံးသားတည့်တည့်သို့ ထိုးဝင်သွားပြန်သည်။ သွေးများမှာ သူတို့နှစ်ဦးစလုံးအပေါ်သို့ ပန်းထွက်လာရာ အိမ်ထဲက အညိုရင့်ရောင် သွေးကွက်များကြားတွင် လတ်ဆတ်သော အရောင်တစ်မျိုး ထပ်တိုးသွားတော့သည်။

"မင်းက... အမြဲတမ်း ဒီမှာပဲ ရှိနေသင့်တယ်... ဘယ်မှ မသွားနဲ့တော့။" ရှန်းယီ၏လေသံမှာ ပိုမို နူးညံ့လာပြီး ဓားထိုးသည့် အပြုအမူမှာလည်း ပိုမို ကျွမ်းကျင်လာသည်။

ဖျစ်

ဖျစ်

ဖျစ်

စကားတစ်ခွန်း ပြောတိုင်း ညှာတာမှုကင်းမဲ့သော ဓားတစ်ချက်က လိုက်ပါသွားပြီး၊ သန်မာလှသော ခွေးနတ်ဆိုး ခန္ဓာကိုယ်ကြီးကို အသားတုံးများအဖြစ် ပြောင်းလဲပစ်နေသည်။

ဟွမ်လောင်လျို့သည် အစွမ်းကုန် ရုန်းကန်သော်လည်း ရှန်းယီ၏ဖိထားသော လက်မောင်းအောက်တွင် သူ၏အင်အားမှာ ပင်လယ်ထဲ ကျောက်ခဲပစ်ချသလိုပင် ဘာမှ ထူးမလာခဲ့ပေ။

ဘေးလူအမြင်တွင်မူ ခွေးနတ်ဆိုးကြီးမှာ လိမ္မာသော ကလေးလေးတစ်ယောက်ကဲ့သို့ ငြိမ်ငြိမ်လေး ထိုင်နေပြီး၊ မိမိကိုယ်ကို ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံနေသည်ကို ငေးကြည့်နေသည့်အလားပင်။

အချိန်အတော်ကြာပြီးနောက် ရှန်းယီသည် လက်ကို လွှတ်လိုက်သည်။ သေဆုံးသွားသော ခွေးနတ်ဆိုး အလောင်းကြီး မြေပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည်ကို အေးစက်စွာ ကြည့်လိုက်ပြီးမှ...

သူ ခေါင်းမော့ကာ - "မင်း အရင် ထွက်သွားဦး။" ဟု ဆိုလိုက်သည်။

ချန်ကျိ၏ခန္ဓာကိုယ်မှာ သစ်သားတုံးကဲ့သို့ တောင့်တင်းနေပြီး ဦးနှောက်မှာလည်း ဗြောင်းဆန်နေသည်။

ရှန်းယီ၏စိုက်ကြည့်မှုအောက်တွင် သူသည် သတိဝင်လာပြီး အိမ်ပြင်သို့ အပြေးထွက်သွားမိသည်။

သူထွက်သွားခါနီးတွင် မနေနိုင်ဘဲ နောက်တစ်ခေါက် လှည့်ကြည့်လိုက်မိပြန်သည်။

ရှန်းယီသည် ကုတင်ဘေးတွင် ထိုင်ကာ ဟွမ်လောင်လျို့၏ အလောင်းထဲမှ ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်နေသည်။

ထို့နောက် ကုတင်ပေါ်တွင် ကြောက်လန့်တကြား ကြည့်နေသော ခွေးမနတ်ဆိုးကို လှည့်ကြည့်ကာ၊ ၎င်း၏ပါးစပ်ထဲမှ အသားစိုင်ကို နှိုက်ယူလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် - "မမလေး... မိသားစုဆိုတာ စုံစုံလင်လင် ရှိမှ ကောင်းတာပေါ့၊ မဟုတ်ဘူးလား"

ချန်ကျိ၏ခြေလှမ်းများ ယိုင်သွားခဲ့လေ၏။

သူသည် အိမ်ပြင်သို့ အလျင်အမြန် ထွက်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

ခဏအကြာတွင် ရှန်းယီသည် အေးအေးလူလူ ထွက်လာပြီး သူ၏သွယ်လျသော လက်ချောင်းများကို အဝတ်စုတ်ဖြင့် သုတ်ရင်း - "အထဲဝင်လိုက်တော့၊ သေချာ ရှင်းလင်းလိုက်ဦး။" ဟု ပြောလိုက်သည်။

ချန်ကျိ မျက်လုံးဖွင့်လိုက်ပြီး ရင်းနှီးနေသော ထိုမျက်နှာကို ကြည့်ကာ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများမှာ နောက်ဆုံး၌ မေးခွန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည် - "ဘာဖြစ်လို့လဲ"

"ဘာက ဘာဖြစ်လို့လဲ" ရှန်းယီ မျက်ခုံးပင့်ကာ နားမလည်သလို ကြည့်လိုက်သည်။

တောက်

ချန်ကျိ အံကို တင်းတင်းကြိတ်ထားမိသည်။

'ဘာလို့ ရုတ်တရက်ကြီး သတ်ပစ်လိုက်တာလဲ ဘာလို့ ခုနလေးတင် ရင်းရင်းနှီးနှီး စကားပြောနေပြီး နောက်တစ်စက္ကန့်မှာ တိရစ္ဆာန်သတ်သလိုမျိုး အေးအေးဆေးဆေး ထိုင်သတ်ပစ်လိုက်တာလဲ။

မင်း သတ်နေတဲ့အချိန်မှာတောင် ဘာလို့ အဲဒီလို အပြုံးမျိုး ပြုံးနေနိုင်တာလဲ၊ မင်းက ဒီနတ်ဆိုးတွေကို မုန်းတာလား၊ မမုန်းတာလား သေသွားတဲ့ ရွာသားတွေကိုရော ဘယ်လိုမြင်လဲ။'

ချန်ကျိ၏အမြင်တွင် ရှန်းယီသည် မိမိလူမျိုးများ အစားခံရသည်ကိုလည်း အေးစက်စွာ ကြည့်နိုင်သလို၊ ညီအစ်ကိုဟု ခေါ်နေသော နတ်ဆိုးများနှင့် မျက်စိမပွင့်သေးသော ခွေးပေါက်လေးအပါအဝင် အေးစက်စွာ သတ်ဖြတ်နိုင်သူ ဖြစ်သည်။

ဤအရာဟာ လုံးဝ နားလည်ရခက်တဲ့ ကိစ္စပင်။

ချန်ကျိသည် စိတ်ကို အတင်းထိန်းလိုက်ပြီး လက်တွေ့ကျသော မေးခွန်းကို မေးလိုက်သည် - "သူတို့ကို သတ်လိုက်ရင် မွေးဝါဘုရင်ကြီး လက်စားချေလာမှာကို မကြောက်ဘူးလား၊ ဒါမှမဟုတ် ရှန်းသခင်ကြီးမှာ ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိနေလို့လား"

"ဘာဖြေရှင်းနည်းလဲ" ရှန်းယီ မျက်မှောင်ကြုတ်ကာ အေးဆေးစွာ ပြောသည် - "သူကလည်း မထွက်သွားချင်ဘူး၊ ငါကလည်း သူ့ကို လူသားတွေ ဆက်စားနေတာကို မကြည့်ချင်ဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်အောင် အလယ်အလတ်နည်းလမ်းနဲ့ ဖြေရှင်းပေးလိုက်တာ။"

"ဒါ... ဒါက အကြောင်းပြချက်လား"

ချန်ကျိ သက်ပြင်းတစ်ချက် ချလိုက်သည်။

တစ်ဖက်လူက သူ့ကို အသေးစိတ် ရှင်းပြချင်ပုံမရကြောင်း သိလိုက်သဖြင့် အိမ်ထဲသို့ ဝင်ကာ ခွေးနတ်ဆိုး အလောင်းများကို စတင်သိမ်းဆည်းတော့သည်။

ရက်အနည်းငယ်အတွင်းမှာတင် ဤသခင်ကြီးကို သူ လုံးဝ နားမလည်နိုင်တော့ကြောင်း သိလိုက်ရသည်။

...

ဘေးတွင် လူမရှိတော့သောအခါ ရှန်းယီသည် တံခါးဝတွင် ငြိမ်သက်စွာ ရပ်နေမိသည်။ သူသည် လက်ထဲက အဝတ်စုတ်ကို လွှင့်ပစ်လိုက်ရာ တုန်ယင်နေသော သူ၏လက်ချောင်းများ ပေါ်လာသည်။

သူသည် လက်ဖဝါးကို စိုက်ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ကာ တုန်ယင်မှုကို အတင်းထိန်းလိုက်သည်။

အခြားကမ္ဘာက ရောက်လာသူတစ်ယောက်အနေဖြင့် သူသည် လူသေများကို ဤမျှ နီးကပ်စွာမြင်ဖူးခြင်းမှာ ပထမဆုံး ဖြစ်သည်။

ညှီစော်နံလှသော အသားပုပ်များကို နတ်ဆိုးက ဝါးစားနေသည်ကို မြင်ရစဉ် သူ အမှန်တကယ် အော့အန်ချင်ခဲ့သည်။ ထို့ကြောင့်လည်း သူ၏ ကြောက်ရွံ့မှုနှင့် ဒေါသကို ဖြေဖျောက်ရန် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် စိတ်ကို ထိန်းရမည်။

သူ တည်ငြိမ်မှသာ နတ်ဆိုးနှိမ်နင်းရေးဌာန ရောက်လာသည်အထိ ခံနိုင်ရည် ရှိလိမ့်မည်။

သူကိုယ်တိုင်သာ ကြောက်နေလျှင် ဤကျယ်ပြန့်လှသော ပိုင်ယွင်ခရိုင်တွင် သူ့ကို ကူညီမည့်သူ မည်သူမျှ ရှိမည်မဟုတ်ပေ။

ချန်ကျိ မေးသွားသော မေးခွန်းနှင့် ပတ်သက်၍လည်း ရှန်းယီ စဉ်းစားဖူးသည်။

တခြားဖြေရှင်းနည်း ရှိသလား၊ အဖြေကတော့ မရှိပေ။

သူသာ လွှတ်ထားခဲ့လျှင် ဤရွာသားတွေမှာ သေရမည်သာ ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သေရမည့်အတူတူ မိမိတာဝန်ကို မိမိ ကျေပွန်အောင် ထမ်းဆောင်လိုက်တာကမှ ပိုကောင်းဦးမည်။

"အခြေအနေအရ သည်းခံရမယ်" ဆိုတဲ့ စကားလုံးများနှင့် မိမိကိုယ်ကို အားပေးနေမည့်အစား...

နတ်ဆိုးသက်တမ်းတွေကို ပိုစုဆောင်းပြီး အစွမ်းထက်အောင် လုပ်ထားတာက ပိုကောင်းမည်။

'နောက်တစ်ခါ တိရစ္ဆာန်တစ်ကောင်က လက်သည်းထုတ်ပြလာရင် ဓားတစ်ချက်နဲ့ ခေါင်းဖြတ်ပစ်ရုံပဲ။'

...

ရှန်းယီသည် နတ်ဆိုးသက်တမ်းများကို ပြန်ကြည့်လိုက်ရာ ယခုတစ်ခေါက် ရလဒ်မှာ အလွန်ပင် ကောင်းမွန်လှသည်။

[အသိဉာဏ်ပွင့် ခွေးနတ်ဆိုး၊ ကနဦးအဆင့်သို့ မရောက်သေး။ စုစုပေါင်းသက်တမ်း ၁၄၅၊ လက်ကျန် ၅၉ နှစ်၊ စုပ်ယူခြင်း ပြီးဆုံးပြီ]

[အသိဉာဏ်ပွင့် ခွေးနတ်ဆိုး၊ ကနဦးအဆင့်သို့ မရောက်သေး။ စုစုပေါင်းသက်တမ်း ၁၅၂၊ လက်ကျန် ၆၁ နှစ်၊ စုပ်ယူခြင်း ပြီးဆုံးပြီ]

[အသိဉာဏ်မပွင့်သေးသော ခွေးနတ်ဆိုး၊ စုစုပေါင်းသက်တမ်း ၈၀၊ လက်ကျန် ၇၉ နှစ်၊ စုပ်ယူခြင်း ပြီးဆုံးပြီ]

[စုစုပေါင်း နတ်ဆိုးသက်တမ်း - ၁၉၉ နှစ်]

[မိမိကိုယ်ပိုင် သက်တမ်း - ၁ နှစ်]

"သက်တမ်း ဝိုင်းပေးလိုက်သလိုပဲ၊ ပေါင်းလိုက်တော့ နှစ်ပေါင်း ၂၀၀ အတိပဲ။"

ရှန်းယီသည် ဤသက်တမ်းများကို မည်သည့်နေရာ သုံးရမလဲဆိုတာ မဆုံးဖြတ်ရသေးပေ။

ဓားသိုင်းကို ဆက်ပြီးအဆင့်မြှင့်ကာ ကနဦးအဆင့် အကြောင်း ပိုရှာဖွေရမည်လော။

ဒါမှမဟုတ် လက်ဝါးသိုင်းတွင် ရင်းနှီးကာ ပါရမီများ ထပ်ယူမည်လော။

ရှန်းယီ စဉ်းစားနေစဉ်မှာပင် ချန်ကျိသည် နတ်ဆိုးအလောင်းများကို လှည်းပေါ်တင်ပြီး မြည်းကို ဆွဲလာသည်။

"ရှန်းသခင်ကြီးမှာ ဘယ်လို အစီအစဉ်ပဲ ရှိရှိ..."

ချန်ကျိသည် ဇက်ကြိုးကို ကမ်းပေးရင်း မျက်နှာပျက်ပျက်ဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။

လယ်ကွင်းထဲတွင် ရပ်နေသော ရွာသားများမှာ ထုံထိုင်းနေဆဲ ဖြစ်သော်လည်း၊ လှည်းပေါ်က နတ်ဆိုးအလောင်းများကို မြင်လိုက်ရသောအခါတွင်မူ သူတို့၏မျက်လုံးများတွင် ခံစားချက်အရိပ်အယောင်လေးတစ်ခု ပေါ်လာသည်။

"အနည်းဆုံးတော့ ဒီနေ့အတွက် သူတို့ရဲ့ အသက်ကို ခင်ဗျားကယ်ပေးနိုင်ခဲ့တယ်။"

ချန်ကျိ ပြောပြီးနောက် အားတင်း၍ ပြုံးပြရန် ကြိုးစားသော်လည်း၊ ဇက်ကြိုးမှာ ရှန်းယီ၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။

သူ မော့ကြည့်လိုက်သောအခါ ရှန်းယီမှာ မြည်းစီးရင်း အေးဆေးစွာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

"..."

ရှန်းယီသည် အကြောဆန့်ရင်း မျက်လုံးကို လှန်ကြည့်လိုက်မိသည်။

'အစီအစဉ်တွေ ဘာတွေ လာမပြောနဲ့။ လူတစ်ယောက်ကို ချီးကျူးချင်ရင် အရင်ဆုံး ရွဲ့စောင်းပြီး ပြောမှရမှာလား။ဘာစရိုက်လဲ မသိဘူး သောက်ခြောက်ကြီးကျနေတာပဲ။'

All Chapters