← Chapters

လေပြင်းလျှပ်စီး ရတနာကျမ်း

Vol. 1 Ch. 8

လေပြင်းလျှပ်စီး ရတနာကျမ်း

Vol. 1 Ch. 8

ဘိုင်ယွမ်ခရိုင်၏လမ်းမများပေါ်တွင် လှမ်းလျှောက်ရင်း ရှန်းယီသည် မိန်းကလေးတစ်ဦးချင်းစီကို သူမတို့၏အိမ်လိပ်စာများ မေးမြန်းနေခဲ့သည်။

သူသည် ကျန်ရှိနေသော အမှုထမ်းများကို ပြန်လွှတ်လိုက်သည်။ အဓိကအကြောင်းအရင်းမှာ ထိုသူတို့၏နာမည်ဆိုးများကို သူသဘောမကျခြင်းနှင့် ၎င်းတို့သည် သူ့နောက်သို့ လိုက်ပါရန် မသင့်တော်ဟု ခံစားရသောကြောင့် ဖြစ်သည်။

သို့သော်ငြားလည်း လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများသည် ရှန်းယီကို မြင်လိုက်ရသည်နှင့် မော်တော်ပီကယ်တွေ့သည့် ဆိုင်ကယ်သမားလေးလို အဝေးသို့ ရှောင်ဖယ်သွားကြသည်။

ရှန်းယီသည် ခေါင်းကို ခါယမ်းလိုက်ရင်း ရှေ့ရှိ ပျက်စီးယိုယွင်းနေသော သစ်သားတံခါးတစ်ခုကို ခေါက်လိုက်သည်။

တံခါးကို မျက်ရည်များဖြင့် ဝေဝါးနေသော အမျိုးသမီးတစ်ဦးက လာဖွင့်သည်။ သူမသည် ဓားလွယ်ထားသော လူငယ်ကို မြင်လိုက်ရသည်နှင့် သူမကို ရန်ပြုမည်စိုးသဖြင့် တံခါးကို အမြန်ပြန်ပိတ်ရန် ကြိုးစားတော့သည်။

ရှန်းယီက လက်ဖြင့် တံခါးကို ဆွဲတားလိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်ရာ မိန်းကလေးငယ်တစ်ဦးသည် ထိုအမျိုးသမီး၏ရင်ခွင်ထဲသို့ အပြေးအလွှား တိုးဝင်သွားပြီး အသံငယ်ဖြင့် ငိုကြွေးတော့သည်။

"အမေ..."

ထိုအမျိုးသမီးမှာ မှင်သက်နေပြီးမှ သူမ၏သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် မယုံကြည်နိုင်စွာ ပြန်ကြည့်နေမိသည်။ ထို့နောက်တွင်မူ သူမ၏မျက်လုံးများ နီရဲလာပြီး သမီးလေး၏ နုနယ်သော ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပွေ့ဖက်ရင်း -

"ငါ့သမီးလေး ဒီသောက်ကျိုးနည်း အစိုးရ အမှုထမ်းတွေ"

သူမ၏စကားလုံးများမှာ ရုတ်ချည်း ရပ်တန့်သွားသည်။ ရှေ့ရှိ အရပ်ရှည်ရှည် လူရိပ်ကို မြင်လိုက်ရမှ သူမ စကားမှားသွားမှန်း သိလိုက်ခြင်းဖြစ်သည်။

သို့သော် ရှန်းယီက ဘာမှမကြားလိုက်သကဲ့သို့ပင် ချန်ကျိ၏လက်ထဲမှ ဆန်နှစ်အိတ်၊ ဂျုံနှင့် ဝက်သားတုံးတို့ကို ယူကာ ထိုအမျိုးသမီး၏ခြေရင်းတွင် ချပေးလိုက်သည်။

"ကလေးက အကြာကြီး ငတ်မွတ်နေခဲ့ပြီး ကြောက်လန့်နေတာ... သူ့ကို အားရှိအောင် အသားဆန်ပြုတ်လေး လုပ်ကျွေးလိုက်ပါဦး"

ချန်ကျိသည် ဆန်နှင့် ဂျုံများကို ထမ်းထားရင်း သူ၏ပုံမှန်အတိုင်း တည်ကြည်နေသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ယှက်သန်းနေသည်။

အမြဲတမ်း အေးစက်စက် မျက်နှာထားရှိသော အရာရှိရှန်းသည် ယခုအခါ လက်အုပ်ချီကာ တောင်းပန်သော အပြုံးဖြင့် အရိုအသေပေးနေပြီးမှ ထိုမောင်နှမအတွက် တံခါးကို အသာအယာ ပြန်ပိတ်ပေးခဲ့သည်။

ဤအရာဟာ အလွန်ကို ထူးဆန်းလှသော မြင်ကွင်းပင်။

ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ခြောက်ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ဖြစ်ပျက်ခဲ့သည်။

မိန်းကလေးအားလုံးကို အိမ်ပြန်ပို့ပေးပြီးနောက် လမ်းမပေါ်တွင် ရှန်းယီသည် သူ၏တောင့်တင်းနေသော ပါးစပ်ထောင့်များကို အားရပါးရ ပွတ်သပ်နေမိသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ချန်ကျင်းယွီ က ခပ်တိုးတိုး ရယ်မောလိုက်သည်။သူမအမြင်တွင် ဤလူသည် လူမှုရေးကိစ္စများတွင် မကျွမ်းကျင်သလို တောင်းပန်ရမည့် ကိစ္စများတွင်လည်း အလွန်အင်မတန် အနေရခက်ပုံရသည်။

"အစ်ကို... ဒါ အစ်ကို့ရုံးက အထက်လူကြီးအသစ်လား"

ချန်ကျိက သူ့ညီမကို တိတ်တဆိတ် ကြည့်လိုက်ပြီး -

"မဟုတ်ဘူး... သူက ရှန်းယီပဲ"

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ချန်ကျင်းယွီမှာ သူမ၏နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်လိုက်မိသည်။

သူမသည် ရှန်းယီကို တစ်ခါမျှ မတွေ့ဖူးသော်လည်း သူ့အစ်ကိုက သူမကို အမြဲကာကွယ်ပေးထားသဖြင့် ထိုလူ၏နာမည်ဆိုးများကို ကြားဖူးနားဝ ရှိနေခဲ့ခြင်းဖြစ်သည်။

"သူ့နဲ့ ဝေးဝေးနေစမ်းပါ" ချန်ကျိက တိုးတိုးလေး သတိပေးလိုက်သော်လည်း သူ၏အတွေးများမှာ ပိုမိုရှုပ်ထွေးနေခဲ့သည်။

ရှန်းယီ၏ပြောင်းလဲသွားမှုများကို သူနားမလည်နိုင်ရုံသာမက ပိုမိုအရေးကြီးသော ပြဿနာတစ်ခု ရှိနေသေးသည်။ ယခု မိန်းကလေးအားလုံးကို အိမ်ပြန်ပို့ပေးပြီးပြီဆိုလျှင် မျောက်မိစ္ဆာအုပ်စုကို ဘယ်လို ရင်ဆိုင်မည်နည်း။ ချိန်းဆိုထားသည့်အချိန်ရောက်လျှင် ရှန်းယီက ဘာကိုယူသွားပေးမည်နည်း။

"အရာရှိရှန်း"

ချန်ကျိက အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ရှန်းယီက အသိဝင်လာပြီး သူ့ကို ခပ်ပေါ့ပေါ့ ကြည့်ကာ -

"ကျန်တဲ့ ပစ္စည်းတွေက မင်းညီမအတွက်ပဲ၊ အကုန်လုံး ယူသွားလိုက်တော့"

"ကျုပ် ဒါကို ပြောနေတာ မဟုတ်ဘူး"

ချန်ကျိက စိတ်ပျက်လက်ပျက်ဖြင့် အံကိုတင်းတင်းကြိတ်လိုက်သည်။ တစ်ဖက်လူက ဘာကြောင့် စကားလမ်းကြောင်းကို ခဏခဏ လွှဲနေသည်ကို သူနားမလည်နိုင်ပေ။

ရှေ့ ခွေးနတ်ဆိုးကိစ္စမှာလည်း ယခုလိုပင်၊ ဤပြဿနာများအား ထုတ်မပြောဘဲနေလိုက်ရုံဖြင့် ပြဿနာမရှိတော့ဟု ယူဆနေသည်လော။

သူ့အကြည့်အောက်မှာ ရှန်းယီက လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး ခဏအကြာရပ်ကာ အေးစက်စက် လေသံဖြင့် -

"ငါမသိဘူး" ဟု ပြောလိုက်သည်။

ထိုစကားလေး လေးလုံးကြောင့် ချန်ကျိ၏ မျက်နှာ ပျက်သွားသည်။ "ခင်ဗျား ကျုပ်ကို နောက်နေတာလား"

ရှန်းယီက သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်သည်။ သူ အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။

ဘိုင်ယွမ်ခရိုင်သည် ယခုအခါ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး လူဆိုးတစ်ယောက် လူကောင်းဖြစ်လာရုံဖြင့် ဖြေရှင်းနိုင်သော ပြဿနာမျိုး မဟုတ်တော့ပေ။

လျှိုမိသားစုအိမ်တွင် တိုက်ခိုက်ခဲ့သော ခွေးနတ်ဆိုး၊ရွာထဲရှိ မြေခွေးအိုကြီး နှင့် တောင်းဆိုမှု ပိုမိုများပြားလာသော မျောက်နတ်ဆိုး တို့သည် ရုံးတော်နှင့် သဘောတူထားသော မရေးမရာသဘောတူညီချက်များကို ချိုးဖောက်နေကြပြီဖြစ်သည်။

ဤအရာဟာ အစိုးရအမှုထမ်းများ၏ပျော့ညံ့မှုကြောင့် နတ်ဆိုးတွေက ပိုအတင့်ရဲလာသည်လော၊ သို့မဟုတ် နတ်ဆိုးများက နတ်ဆိုးနှိမ်နင်းရေးဌာနက သတင်းစကားတစ်ခုခု ရောက်လာတော့မည်ကို သိသောကြောင့် သူတို့၏နောက်ဆုံးအချိန်တွင် ဒေါသထွက်နေကြသည်လား ဆိုတာကို စဉ်းစားစရာပင်။

ရှန်းယီသည် နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် ဆက်သွယ်ရန် အရည်အချင်းမရှိသော အငယ်တန်းအရာရှိလေးမျှသာ ဖြစ်သဖြင့် အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပေ။

သူသည် ခရိုင်အတွင်းရှိ လူအားလုံးကို နတ်ဆိုးများ၏နှိပ်စက်မှုကို ခံရန် ပေးအပ်ရမည်လား၊ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် ယူနီဖောင်းကို အစောကတည်းက ချွတ်ပစ်ရမည်လော။

ရှန်းယီ၏မျက်လုံးထဲတွင် အေးစက်သော စာတန်းလေးတစ်ခု ပေါ်လာသည်။

[ကျန်ရှိသက်တမ်း - ၁ နှစ်]

သူက ဘေးဘက်ရှိ ထိုစာတန်းကို ကြည့်ကာ တွေးလိုက်သည်။

မိမိကိုယ်ကို ကာကွယ်နေရုံဖြင့် အဓိပ္ပာယ်မရှိပေ။ အသက်ရှင်လိုလျှင် အစွမ်းထက်သော သိုင်းပညာကို လေ့ကျင့်ပြီး သက်တမ်းတိုးရပေမည်။

၎င်းဟာ နတ်ဆိုးများကို သတ်ဖြတ်ပြီး ဒုစရိုက်များအား ဖယ်ရှားရမည်ဆိုသည့် အပေါ်မှာသာ မူတည်နေတာဖြစ်သည်။

ရှန်းယီ အားကိုးနိုင်သည်မှာ သူ့လက်ထဲမှ ဓားရှည်တစ်လက်သာ ရှိတော့သည်။

"သွားရအောင်" သူက ရှေ့ကို လှမ်းလိုက်သည်။

"ဘယ်ကိုလဲ" ချန်ကျိက နောက်က လိုက်လာသည်။

"မင်းအိမ်မှာ ထမင်းသွားစားမယ်၊ ငါဗိုက်ဆာနေပြီ"

"..."

ချန်ကျိသည် ရှန်းယီကို သူ့အိမ်ထဲသို့ အဝင်ခံရန် အလွန်ဝန်လေးနေသည်မှာ ထင်ရှားသည်။ သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူသည် ငြင်းဆန်ခြင်း မပြုတော့ဘဲ လက်ခံလိုက်သည်။

မောင်နှမနှစ်ယောက်သည် ရုံးတော်မှ ပေးထားသော အိမ်လေးတွင် နေထိုင်ကြသည်။ အိပ်ခန်းတစ်ခန်းသာရှိပြီး ၎င်းကို ချန်ကျင်းယွီကို ပေးထားကာ ချန်ကျိကမူ ထင်းဂိုဒေါင်လေးကို သန့်ရှင်းရေးလုပ်ကာ နေထိုင်သည်။

"အထဲဝင်ထိုင်ပါဦး" ဟု ချန်ကျိက ဆိုသည်။ ရှန်းယီက - "မလိုပါဘူး၊ သွားချက်တော့" ဟု ပြန်ပြောသည်။

ချန်ကျိသည် ရှန်းယီကို ထင်းဂိုဒေါင်ထဲသို့ ခေါ်သွားပြီး ခြေတိုခုံလေး နှစ်ခုကို ဆွဲထုတ်ပေးသည်။

"ဒါက နည်းနည်းတော့ မများလွန်းဘူးလား" ရှန်းယီက မြေပြင်နှင့် ကပ်နေသော ခုံလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းညီမအခန်းက ကျယ်ကျယ်ဝန်းဝန်း ရှိသားပဲ။ ငါက သူခိုးမှ မဟုတ်တာ၊ မင်း ငါ့ကို ဘာတွေ သတိထားနေတာလဲ"

"သည်းခံပြီး ထိုင်ပါအုံး" ချန်ကျိက ဆိုကာ အိပ်ရာအနားသို့ သွားပြီး ကောက်ရိုးဖျာကို လှန်ကာ ဝါကျင့်ကျင့် စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။

သူသည် မျက်လုံးများကို မှိတ်ကာ ခဏမျှ တုံ့ဆိုင်းနေမိသည်။ ရှန်းယီက ခွေးနတ်ဆိုးကို သတ်ခဲ့စဉ်က သူ့ပုခုံးကို ဖက်ခဲ့သည့် ပုံရိပ်နှင့် ယနေ့ မိန်းကလေးတွေကို ပြန်ပို့ပေးစဉ်က အပြုံးမှာ ဆန့်ကျင်ဘက် ဖြစ်နေသည်။

"ခင်ဗျားမှာ တကယ်ပဲ တခြားရွေးချယ်စရာ မရှိတာလား၊ ဒါမှမဟုတ် ကျုပ်ကိုပေးမသိချင်တာလားဆိုတာ ကျုပ်ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျုပ် တကယ်ပဲ အများကြီး မကူညီနိုင်ဘူး" ချန်ကျိက မျက်လုံးဖွင့်လိုက်ပြီး ထိုစာရွက်ကို ကမ်းပေးလိုက်သည်။

"ရော့... ဒါကို ယူထားလိုက်"

"ဒါက ဘာလဲ"

ရှန်းယီက ယူကြည့်လိုက်ရာ သူ၏မျက်မှောင်များ ကြုံ့သွားသည်။ ချန်ကျိ အဖြေမပေးမီမှာပင် စနစ်စာတန်းက အဖြေပေးလိုက်သည်။

[လေပြင်းလျှပ်စီး ရတနာကျမ်း - အထက်အတွဲ (အဆင့် - မရှိသေး)]

"နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးက ကျုပ်ကို တစ်ယောက်တည်း ခေါ်တွေ့တုန်းက ကျုပ်မှာ ပါရမီရှိတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါကြောင့် သိုင်းပညာ သုံးမျိုးအပြင် စာလုံး (၇၈) လုံးပါတဲ့ ဒီလျှို့ဝှက်နည်းစနစ်ကို ပေးခဲ့တာ"

"ဒါက ခန္ဓာကိုယ်ကို သန့်စင်တဲ့ နည်းလမ်းပဲ။ အကြော၊ အရိုး၊ အရေပြားနဲ့ အသား ဆိုတဲ့ အဓိက အတားအဆီး လေးခုအကြောင်း ပါဝင်တယ်။ ဒါကို အောင်မြင်အောင် လေ့ကျင့်နိုင်ရင် သာမန်လူသားတစ်ယောက်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်လိမ့်မယ်"

ချန်ကျိက မိမိကိုယ်ကို လှောင်ပြုံး ပြုံးလိုက်ပြီး -

"စစ်သူကြီးက အမြင်စူးရှပေမဲ့ ခင်ဗျားကိုတော့ လွတ်သွားခဲ့တယ်။ ခင်ဗျားရဲ့ စရိုက်ကို ကြိုသိနေလို့လားတော့ မသိဘူး။ နှမြောစရာကောင်းတာက သုံးနှစ်အတွင်းမှာ ကျုပ် ပထမဆုံး အတားအဆီးကိုတောင် မကျော်ဖြတ်နိုင်ခဲ့ဘူး"

"ဒါကို ခင်ဗျားကို ပေးတာက အခုအချိန်မှာ အများကြီး အကူအညီ မဖြစ်နိုင်ပေမဲ့ ကျုပ်မှာ ပေးစရာ ဒါပဲ ရှိတော့တယ်... ဖြည်းဖြည်းချင်း လေ့ကျင့်ပါ။ ကျုပ်အပြင်ထွက်ပြီး ထမင်းချက်တာ ကူလိုက်ဦးမယ်"

ရှန်းယီသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း လက်ဝေ့ရမ်းပြကာ "သွားတော့" ဟု ပြောလိုက်သည်။

ချန်ကျိ ပြောသည်မှာ မှန်ပါသည်။ မည်မျှပင် ထူးချွန်သော သိုင်းပညာဖြစ်ပါစေ၊ နောက်ဆုံးအချိန်ကျမှ လေ့ကျင့်ခြင်းက ထူးခြားမည် မဟုတ်ပေ။

သို့သော် ရှန်းရိအတွက်မူ လုံးဝ ခြားနားသည်။

[ကျန်ရှိ နတ်ဆိုးသက်တမ်း - ၁၉၉ နှစ်]

ကံကောင်းထောက်မစွာဖြင့် သူသည် ယနေ့မနက်တွင် နတ်ဆိုးသက်တမ်းများကို ချန်ထားခဲ့သည်။

ရှန်းယီသည် အသက်ကို မှန်မှန်ရှူရင်း ထုံးစံအတိုင်း ပထမဆုံး (၁၀) နှစ်ကို အသုံးပြု၍ လေ့ကျင့်ရန် ရွေးချယ်လိုက်သည်။

ပထမနှစ် - သင်သည် ခန္ဓာကိုယ် သန့်စင်ခြင်း အတတ်ပညာထဲတွင် နစ်မြုပ်နေပြီး ကောင်းကင်နှင့် မြေကြီး၏အနှစ်သာရကို အသုံးပြုကာ ခန္ဓာကိုယ်၏အကြောများကို သန့်စင်နေသည်။

တတိယနှစ် - ဆေးဝါးမရှိသည့်အတွက် အစားအသောက်မှရသော အနှစ်သာရစွမ်းအင်လေးဖြင့်သာ လေ့ကျင့်နေရသဖြင့် တိုးတက်မှုမှာ နှေးကွေးနေသည်။

သတ္တမနှစ် - အောင်မြင်မှု အရိပ်အယောင်များ စတင်တွေ့မြင်လာရပြီး သင်၏အကြောများသည် နဂါးတစ်ကောင်ကဲ့သို့ သန်မာလာသည်။ သို့သော် စွမ်းအင်ရှားပါးမှုကြောင့် ဖြည်းဖြည်းချင်းသာ အားဖြည့်နေရသည်။

ဒသမနှစ် - သင်သည် အကြောများ သန့်စင်ခြင်း အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး လေပြင်းလျှပ်စီး ရတနာကျမ်း အထက်အတွဲ၏အခြေခံကို ပိုင်နိုင်သွားပြီဖြစ်သည်။

All Chapters