အပိုင်း(၁၆၀)-ခြယ်လှယ်မှုအောင်မြင်ခြင်း
Vol. 002 Ch. 160
ရှီမာယူယူသည် နှစ်ကြိမ်ရယ်မောသော်လည်း မငြင်းပေ။
သားရဲဘုရင် ဝိညာဉ်သားရဲများအကြောင်းစဉ်းစားသည်ကို သူမ သတိပြုမိချိန်တွင် သူ့လူများအား ထည့်သွင်းစဉ်းစားသည့်အချက်ကို သူမ စိတ်လှုပ်ရှားမိသည်။ သူသည် ဒီလိုပြည်နှင်ဒဏ်ပေးခံရသော နယ်မြေတွင် ရှားပါးလှသော အံ့ဖွယ်သားရဲဖြစ်သည်။ ထိုသည်မှာ သူသည် ကျင့်ကြံခြင်းကို လွယ်ကူစွာလုပ်နိုင်သည်ကို ပြသနေသည်။ သူသာ ဒီနေရာကနေထွက်သွားပါက ဒီထက်အဆင့်မြင့်တဲ့နေရာ ရောက်နိုင်သည်ကို ဘယ်သူသိမလဲ။
ပြီးတော့ သူမ အံ့ဖွယ်သားရဲများ ထပ်ရရန်လိုသည်၊ ရှီမာမျိုးနွယ်အတွက် အားဖြည့်ရမည်။
“ဒါပေမယ့် အခုတော့ ငါဘယ်သူနဲ့မှ စာချုပ်ချုပ်ဖို့ စိတ်ကူးမရှိဘူး” သားရဲဘုရင်သည် ပြောလိုက်သည် “ပြီးတော့ ငါ့မှာ ငါ့မျိုးနွယ်ဝင်တွေရှိတယ်၊ ငါက သူတို့ဘုရင်ဆိုပြီး သူတို့ကို ဒီအတိုင်းပစ်မထားနိုင်ဘူး၊ ပြီးတော့ မင်းလည်း ဝိညာဉ်သားရဲအများကြီး စာချုပ်ချုပ်လို့မရဘူးမလား”
“အင်း မင်းပြောတာမှန်တယ်၊ အခုတော့ ငါ သားရဲအများကြီးနဲ့ စာချုပ်ချုပ်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် မင်းငါ့နောက်ကိုလိုက်မယ်ဆိုရင် မင်းရဲ့ မျိုးနွယ်ဝင်တွေကို အတူခေါ်သွားပေးလို့ရပါတယ် ငါနဲ့အတူခေါ်သွားပြီး ကမ္ဘာကိုပြပေးလို့ရတယ်”
“မင်းအားလုံးကို ခေါ်သွားနိုင်တယ်ဟုတ်လား” သူမပြောသောစကားများကို အမှန်ဖြစ်သည်ဟု တွေးတောကာ သားရဲဘုရင်သည် ရှီမာယူယူအားကြည့်လိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ အခိုင်အမာပြောလိုက်သည် “သားရဲဘုရင် ဖြစ်နေတယ်ဆိုကတည်းက မင်းက ကျန်တဲ့သူတွေထက် ပိုသန်မာလို့ပဲ၊ မင်းလူတွေကို အဆင့်မြင့်အောင်လုပ်ပြီးထွက်သွားရင် မင်းလူတွေဘာဖြစ်သွားမလဲ၊ သူတို့ကိုလွတ်ပေးမှာလား၊ ဒါပေမယ့် ငါ့နောက်ကိုလိုက်ရင် မင်းမျိုးနွယ်ဝင်တွေကို ငါခေါ်သွားလို့ရတယ်၊ အဲအချိန်ကျရင် မင်းတခြားတိုင်းပြည်ကိုသွားရင်တောင် သူတို့တကယ်သွားချင်ရင် ငါအကုန်လွှတ်ပေးမယ်”
ရှီမာယူယူစကားများသည် သားရဲဘုရင်၏ စိတ်ကို ထိသွားလေသည်။ သူ့စိတ်ထဲတွင် ကိစ္စအနည်းငယ်ကို မှတ်ထားလိုက်သည်။ သူသည် ဒီတောင်တွင် တစ်သက်လုံးနေရန် မမျှော်လင့်သလို သူ့လူများကို ထားပြီးထွက်သွားရန် မမျှော်လင့်ပေ။
“ဒါပေမယ့်၊ မင်း ငါနဲ့ စာချုပ်ချုပ်လို့မရဘူး” မိစ္ဘာဘုရင်သည် ပြောလိုက်သည် “မထိန်းကျောင်းထားတဲ့ သားရဲက စာချုပ်ချုပ်လို့မရဘူး ဟုတ်တယ်မလား”
“မရဘူးလို့ ဘယ်သူပြောလဲ” ရှီမာယူယူပြောလိုက်သည် “ငါက သားရဲထိန်းကျောင်းသူပဲ ကိုယ့်ဘာသာထိန်းကျောင်းလို့ရတယ်”
“ငါက အံ့ဖွယ်သားရဲပဲ တော်ရုံသားရဲထိန်းကျောင်းသူက ငါ့ကိုမထိန်းကျောင်းနိုင်ဘူး” မိစ္ဘာဘုရင်ပြောလိုက်သည်။
“ငှက်လေး” ရှီမာယူယူ ငှက်လေးအားခေါ်လိုက်ရာ သူသည်ချက်ချင်းပင် အံ့ဖွယ်သားရဲရောင်ဝါကို ထုတ်ပြလေသည်။
“အံ့ဖွယ်သားရဲ” ရှီမာယူူယူ ပခုံးပေါ်မှ ငှက်လေးသည် အံ့ဖွယ်သားရဲဖြစ်ကြောင်းကို သားရဲဘုရင်သည် နောက်ဆုံးမှ သတိပြုမိလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ကိုယ်ရည်သွေးလိုက်သည် “ဘယ်လိုလဲ ငါမင်းကို ထိန်းကျောင်းနိုင်တယ်ဆိုတာ အခုယုံပြီလား”
သားရဲဘုရင်သည် ထပ်မံစဉ်းစားကာ နောက်ဆုံးမှပင် ခေါင်းမော့ကာ မေးလေသည် “ငါမင်းနောက်ကို လိုက်ရင် ငါ့မျိုးနွယ်ဝင်တွေကို မင်းနဲ့အတူ ဘယ်လိုခေါ်သွားမှာလဲ”
“သူတို့နေလို့ရမယ့်နေရာ ငါ့မှာရှိပါတယ်၊ အဲနေရာက ဒီနေရာထက်အစပေါင်းများစွာ သာတယ်ဆိုတာ ငါယုံကြည်ချက်ရှိရှိနဲ့ ပြောနိုင်တယ်၊ အဲမှာနေရင် မင်းရဲ့ မျိုးနွယ်ဝင်တွေလည်း မြန်မြန်တိုးတက်လာနိုင်တယ်၊” ရှီမာယူယူပြောလိုက်သည်။
“ငါမင်းကို ဘယ်လိုယုံရမှာလဲ”
“ငါကျိန်ပြောရဲတယ်”
သားရဲဘုရင်သည် ရှီမာယူယူ၏မျက်လုံးအားကြည့်ရာ လိမ်ညာနေခြင်းမဟုတ်သည်ကို သတိပြုမိလိုက်ပြီး သူမအား ယုံကြည်လိုက်သည်။ သူပြောသည်မှာ “ကောင်းပြီလေ ငါမင်းနဲ့လိုက်ခဲ့မယ်၊ ငါတို့ကို ပစ်မထားဘူးလို့ ငါမင်းကိုယုံတယ်”
“မင်းစိတ်ချပါ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
ထို့နောက်တွင် ဟိန်းသံလေးအား ညှို့ဓာတ်အတားအဆီးအားဖွင့်စေကာ ဝင်လာစေသည်။ သူမသည် သားရဲဘုရင်အား ထိန်းကျောင်းနေစဉ်အတွင်းတွင် ဟိန်းသံလေးနှင့် ငှက်လေးအား အစောင့်ထားလိုက်သည်။
“အေးအေးဆေးဆေးနေ ငါ့ကို မဆန့်ကျင်နဲ့…”
သူ့အား ထိန်းကျောင်းစဉ်အတွင်းတွင် ရှီမာယူယူ နှစ်သိမ့်သည်။
ဘေဂုံထန်နှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် ပြောစရာစကားလုံးမဲ့နေကြသည်။ အဲဒါ တကယ်ပဲ အံ့ဖွယ်သားရဲမှဟုတ်ရဲ့လား၊ ဘယ်လိုလုပ် ရှီမာယူယူ စကားနည်းနည်းပြောတာနဲ့ ခြယ်လှယ်လို့ရသွားတာလဲ။
သို့သော် ရှီမာယူယူသည် ဝိညာဉ်ပုလဲနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် သူမလိပ်ပြာသည် တခြားသူများနှင့် မတူညီသော အဆင့်အသစ်ကိုရောက်ရှိသွားခဲ့သည်ကိုတော့ သူတို့မသိပါ။ သူမ လူတစ်ယောက်နှင့် နီးစပ်အောင်လုပ်ချင်လျှင် မအောင်မြင်ဘူးဆိုတာ မရှိပါ။
လူများနှင့် အနေစိမ်းသော ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည်ပင်လျှင် နောက်ဆုံးတွင် အများကဲ့သို့ဖြစ်သွားရသည်။
ထို့အပြင် သူမရိုးရှင်းစွာ၊ ရိုးသားစွာပြောလိုက်သမျှသည် တခြားသူများကို သူမအားအလွယ်တကူယုံကြည်သွားစေသည်။ သူမ အရင်ဘဝက ကျွမ်းကျင်ခဲ့သော ညှိနှိုင်းသည့်အရည်အချင်းကို သူမအသုံးပြုပြီး ကတိများပေးခဲ့သည်။ သူမ စိတ်နှင့် နီးကပ်အောင်ထားလိုက်လျှင် သူ့အားဆွဲဆောင်နိုင်သည်။
တခြားတစ်ယောက်သာ သူမနေရာတွင်ရှိပါက ဒီလိုရလဒ်ဖြစ်လာနိုင်မည် မဟုတ်ပေ။ စာချုပ်ချုပ်ခြင်းမဆိုထားနှင့် သားရဲဘုရင်အား ပုတ်ခတ်ခြင်းသည် အစကပင် လွယ်ကူခဲ့သည်။
သို့သော် သူမကဲ့သို့လူကို အားကျသည်ဟု ပြောမထွက်တော့ပေ။
သူမ အခုလက်ရှိပန်းတိုင်သို့ရောက်ရန် ပေးဆပ်ခဲ့ရသော သွေးချွေးတို့ကို သူတို့တွေ့ခဲ့ရသည်။ သူမသည် သူတို့ကိုလည်း ကူညီပေးခဲ့သည်။
ရှီမာယူယူသည် မိစ္ဘာဘုရင်အား နေ့တစ်ဝက်ကြာအောင် ထိန်းကျောင်းရသည်။ ထိုဝိညာဉ်သားရဲများကို ခေါ်သွားချင်သော်ကြောင့် ထွက်သွားမည့် ခရီးစဉ်အား နှစ်ရက်ရွေ့ဆိုင်းလိုက်ရသည်။
စာချုပ်ချုပ်ပြီးနောက်တွင် သားရဲဘုရင်သည် အဆင့်တစ်ဆင့်တက်ကာ အဆင့်ငါး အံ့ဖွယ်သားရဲဖြစ်သွားသည်။ သူ၏ အားအင်သည် အဆင့်တစ်စံတင်အဆင့် ဝိညာဉ်နှင့် အဆင့်တူသည်။
“တကယ်တော့ အံ့ဖွယ်အဆင့်သားရဲက ထိန်းကျောင်းဖို့ ဒီလောက်အချိန်ယူတာမဆန်းပါဘူး” ဝေကျိရွှီသည် သားရဲဘုရင်၏ အဆင့်ကိုမြင်သော်အခါ ပြုံးပြီး စောဒကတက်သည်။
“ယူယူရဲ့ သားရဲထိန်းကျောင်းတဲ့ အရည်အချင်းက ပိုပြီးသန်မာလာတယ်” ဘေဂုံထန်ပြောလေသည်။
“အင်း သူမရဲ့ကတ်သီးကတ်သတ် စိတ်ခွန်အား…ရွေးစရာမရှိဘူးလေ၊ ငါထင်တာတော့ အဲအံ့ဖွယ်အဆင့် တောင်မှ သူမနဲ့ယှဉ်ရင် နိုင်ဖို့မလွယ်ဘူး” ဝေကျိရွှီ သဘောကျနေလေသည်။
“တော်ပြီ ရှီမာယူယူကို မနာလိုမဖြစ်ကြနဲ့တော့ သူမက ကကြီကကြောင်နိုင်တဲ့ ပါရမီရှင်ပဲ” ဖက်တီးကျူသည် ဝိညာဉ်အသီးအား ထုတ်ကာ နှစ်ကိုက်ကိုက်ကာ ပြောလိုက်သည် “မင်းတကယ်စဉ်းစားချင်ရင်တော့ အပြင်နဲ့ယှဉ်ရင် ငါတို့အားတွေကလည်း မဆိုးဘူလို့ပြောနိုင်တာပဲ”
ဘေဂုံထန်ခေါင်းညိတ်ကာ သဘောတူလိုက်သည် “ဟုတ်တယ်၊ ငါတို့ဒီနှစ်နှစ်အတွင်း ငါတို့အားတွေဘယ်လောက် တိုးတက်လာလဲစဉ်းစားကြည့်၊ မင်းက သူတော်စင်အဆင့်သားရဲကို မထိန်းကျောင်းနိုင်သေးရင်တောင် အဆင့်မြင့်သားရဲကိုထိန်းကျောင်းနိုင်ပြီမလား ဘယ်လောက်တောင် ကြီးမားတဲ့တိုးတက်မှုလဲ”
“ဒါတွေအကုန်လုံးက ရှီမာယူယူရဲ့ စိတ်ခွန်အားတိုးတက်စေတဲ့ နည်းလမ်းကြောင့်ပဲ” ဝေကျိရွှီသည် လက်ရှိတွင် အဆင့်တက်နေသော ရှီမာယူယူအား ကျေးဇူးတင်စွာကြည့်လိုက်သည်။
ရှီမာယူယူ၏ အဆင့်ကို သူတို့ကြည့်တိုင်းပင် အံ့သြရသည်။ အားလုံးသည် အတူတကွကျင့်ကြံပြီး ဝိညာဉ်သားရဲများကို ရှာဖွေတိုက်ခိုက်သော်လည်း ရှီမာယူယူ၏ တိုးတက်နှုန်းသည် ကျန်တဲ့သူတွေထက် မြန်ဆန်သည်။ ထို့အပြင် သားရဲထိန်းကျောင်းခြင်းတွင်လည်း နှေးသွားခြင်းမရှိပေ။
ဝိညာဉ်သခင်မှ ဝိညာဉ်သခင်ကြီးအဖြစ်၊ အခုတော့ ဝိညာဉ်ဧကရာဇ်ဖြစ်နေလေသည်။ သူတို့အတွက် ခက်ခဲသည်ကို သူတို့ခံစားမိကြသည်။ သို့သော် ယူယူ ဒီလူကတော့….အဆင့်တက်ခြင်းသည် ရေသောက်သကဲ့သို့ လွယ်ကူနေခဲ့သည်။ ပထမဆုံး သူမဒီကို စရောက်စဉ်က သူမသည် ဝိညာဉ်သခင်ဖြစ်သည်။ သို့သော် သူမသည် ထိုအဆင့်များကို ဖြတ်ကျော်ပြီးဖြစ်သည်။
သူမသည် တည်ဆောက်မှုသခင်ဖြစ်သွားပြီဆိုသည်ကိုသာ သူတို့သိကြလျှင် နားလည်နိုင်တော့မည် မဟုတ်ပေ။
သူမသည် ရေမြှုပ်ကဲ့သို့ဖြစ်ကြောင်းကို ရှီမာယူယူပြောဖူးသည်။ သူမ လျင်မြန်စွာသန်မာလာစေရန် အရာအားလုံးကို စုတ်ယူရမည်။
အချိန်တစ်ခုအကြာတွင် အလင်းတန်းသည် သူမအဆင့်တက်သွားသည်ကို သက်သေပြနေသည်။ သူမပြောလိုက်သည် “မင်းမျိုးနွယ်ဝင်တွေသွားခေါ်ရအောင်”
“မင်းနဲ့ စာချုပ်ချုပ်တာ အဆင့်တစ်ဆင့်တက်သွားလိမ့်မယ်လို့ ထင်မထားဘူး၊ ငါ အဆင့်လေးအံ့ဖွယ်သားရဲဖြစ်နေတာ ကြာပြီ၊ ဘယ်လိုလုပ်လုပ် အဆင့်တက်ဖို့မဖြစ်နိုင်ဘူး” သားရဲဘုရင်သည် ပျော်ရွှင်စွာပြောပြီးနောက် အသွင်ပြောင်းကာ ရှီမာယူယူရှေ့သို့လျှောက်လာသည်။
“အဲဒါအကုန်မဟုတ်သေးဘူး” ရှီမာယူယူပြောလိုက်သည် “မင်းက အဆင့်တက်တာပဲ ရှိသေးတယ်၊ ရာဟွောင်နဲ့ တခြားသူတွေက တခြားအမြတ်တွေတောင် ရပြီးနေပြီ၊ မင်းလည်း အဲအကျိုးတွေကို ရနိုင်ပါတယ်၊ မင်းရဲ့ အားတွေလည်း မြန်မြန်တိုးလာမှာ”
“စာချုပ်ရဲ့ ဒီလိုအမြတ်ရတဲ့အကြောင်းကို ငါတစ်ခါမှမကြားဖူးပါဘူး” သားရဲဘုရင်သည် ပျော်ရွှင်စွာပြောလိုက်သည် “မျိုးနွယ်ဝင်တွေထဲမှာ မင်းနဲ့စာချုပ်ချုပ်ချင်တဲ့သူရှိရင် ငါစာချုပ်ချုပ်ခိုင်းပေးမယ်”
“ကိစ္စမရှိဘူး” ရှီမာယူယူပြောလိုက်သည်။ စာချုပ်ချုပ်လျှင် သူမသည်လည်း ဝိညာဉ်စွမ်းအင်ရသဖြင့် သူမအတွက်လည်း အကျိုးရှိသည်။ “ဟုတ်သားပဲ မင်းနာမည်ဘာလဲ၊ မင်းကလည်း မြေခွေးမျိုးနွယ်ကပဲလား”
သားရဲဘုရင်သည် ခေါင်းရမ်းကာပြောလိုက်သည် “ငါက သာမာန် မြေခွေးမဟုတ်ဘူး…”