← Chapters

အပိုင်း(၁၆၂)-တုံးလိုက်တာ… မင်းက ဝက်လား ဘာလား

Vol. 002 Ch. 162

အပိုင်း(၁၆၂)-တုံးလိုက်တာ… မင်းက ဝက်လား ဘာလား

Vol. 002 Ch. 162

“မင်းတို့ဝက်ဝံတွေ သတိထား၊ တစ်နေ့ ငါ..မင်းတို့အဖေက တောင်တစ်လျှောက်ကို မင်းတို့ကိုလိုက်ပြီး မင်းတို့ဝက်ဝံလက်သည်းတွေကို ချိုးပစ်မယ်” ဖက်တီးကျူသည် လက်စွပ်ထဲမှ ခြေအိတ်တစ်စုံထုတ်ကာ ကိုင်ပြီး ဟိန်းဟောင်နေလေသည်။

သူတို့အလိုက်ခံရသဖြင့် အားလုံးသည် ကြောက်စိတ်မွှန်ကြသဖြင့် လမ်းကိုမမှတ်မိကြတော့ပေ၊ အခုတော့ သူတို့သည် မူလသွားမည့်လမ်းကြောင်းမှ လမ်းလွှဲသွားလေသည်။ ဝူရန်ဖေသည် သံလိုက်အိမ်မြှောင်ကဲ့သို့ ကိရိယာတစ်ခုထုတ်ကာ အပ်ကိုကြည့်ပြီး အရှေ့တောင်ဘက်သို့ညွှန်ကာ ပြောလေသည် “ဒီဘက်ပဲ”

အားလုံးသည် ဝူရန်ဖေပြောသော လမ်းကြောင်းသို့သွားကြလေသည်။ သူတို့သည် ပြည်နှင်ဒဏ်နေရာမှ ထွက်လာသည်မှာ တစ်လကြာပြီဖြစ်သော်လည်း သူတို့သည် တောင်အတွင်းတွင် လည်နေကြဆဲဖြစ်သည်။

သို့သော် ဝူရန်ဖေ၏ အကြံကိုနားထောင်ကြခြင်းအရ လက်ရှိထိုနေရာသည် အပြင်နှင့်  သိပ်မဝေးကြောင်းသိရသည်။ သူတို့သည် အဖိုးတန်ရတနာစောင့်ရှောက်သူအဖြစ် အတွေ့အကြုံရကောင်းရနိုင်သည်။

နှစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် သူတို့သည် လူများနှင့် တွေ့ကြရသည်။

အရင်ကဆိုလျှင် ဆိုဖီယာတောင်တန်းတွင် သူတို့ကို ဝိညာဉ်သားရဲများသိမည်စိုး၍ ရှီမာယူယူသည် သူတို့အား အသက်အောင့်နည်းကိုသင်ပေးခဲ့သည်။ ထိုသည်မှာ မစ်ရှင်အတွက်ဆိုလျှင် မရှိမဖြစ်ထားရမည့်အရာဖြစ်သည်။

အားလုံး၏ အရည်အချင်းသည် မဆိုးလှပေ၊ ထို့ကြောင့် သူတို့သည် အခုချိန်တွင် ပြည့်စုံသည့်အဆင့်သို့ ရောက်လုနီးပါးဖြစ်သည်။

“လှုပ်ရှားမှုရှိတယ်” ရှီမာယူယူသည် ရုတ်တရက် ငြိမ်ကျသွားကာ သူမလက်အမူအရာပြလိုက်သည်။

ဝေကျိရွှီသည် ပတ်ဝန်းကျင်အားအကဲခတ်ကာ ဘေးတွင်ရှိသော သစ်ပင်အားညွှန်ပြလေသည်။ ကျန်သောသူများသည် ချက်ချင်းပင် ခြေဖော့ကာ အကိုင်းများရှိရာသို့ သွားကြလေသည်။ သူတို့သည် အက်ကွဲရာမှ အောက်က အခြေအနေအားချောင်းကြည့်ကြလေသည်။

ခဏအကြာတွင် လူငယ်တစ်ယောက်သည် သူ၏ဝိညာဉ်သားရဲနှင့်အတူ ပြေးလာသည်။ သူ့ကြည့်ရသည်မှာ အလွန်ပင်ပန်းလာ၍ သစ်ပင်သို့မှီကာ အသက်လုရှုနေရသည်။

“သခင် အဲခရမ်းရောင်မြေခွေးတွေရဲ့ ကိုယ်ရောင်ကို အာရုံခံလို့မရဘူး” ထိုလူ၏ ဝိညာဉ်သားရဲသည် လေထဲတွင် ရှုပ်နမ်းကာ ပြောလေသည်။

ထိုအကြောင်းအားကြားသည်နှင့် ကောင်လေးသည် ဆံပင်များထောင်သွားကာ သူ၏ ဝိညာဉ်သားရဲ၏ ခေါင်းကိုရိုက်လိုက်လေသည်။

“မင်းဒါကိုလွတ်သွားတယ် ဟုတ်လား၊ ညံ့လိုက်တာ မင်းက ဝက်လား”

ဝိညာဉ်သားရဲသည် ချက်ချင်းပင် သူ၏ သခင်အား ဝမ်းနည်းစွာပြောလေသည် “သခင် ကျွန်တော်က ဝက်ပဲလေ”

“မင်းက ဝက်ဖြစ်ရင်တောင် အဲလောက်မတုံးသင့်ဘူး” ကောင်လေးသည် သူ့ခေါင်းအားကိုင်လိုက်ကာ လက်ရှိအခြေအနေအား နားမလည်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

“ရွှတ်”

သားရဲနှင့် လူတို့ပြောနေသော စကားများကိုကြားသောအခါ ဖက်တီးကျူသည် ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့ပေ။

“အဲမှာ ဘယ်သူလဲ” ကောင်လေးသည် ခေါင်းမော့ကြည့်ရာ သစ်ပင်တွင် ရပ်နေသော လူတစ်စုအားတွေ့လေသည်။

ဒီလူတွေ ဘယ်တုန်းက အဲဒီကိုတက်လိုက်တာပါလိမ့်။ ဘယ်လိုလုပ် သူဘာမှမခံစားမိတာလဲ။ သူသည် သစ်ပင်အောင်တွင်ရပ်ကာ ခေါင်းမော့ကြည့်လို့ပင် မြင်ရသည် မဟုတ်လျှင် သူတို့အား သတိထားမိမည့် အခွင့်အရေးရှိမည်မဟုတ်ပေ။

သူတို့အား တွေ့ရှိသွားပြီဖြစ်၍ ရှီမာယူယူနှင့် တခြားသူများသည် ခုန်ဆင်းလိုက်ကာ ကောင်လေးအားနှင့် အရှေ့တွင်ရပ်နေသော သားရဲအားစူးစမ်းလိုက်ကြသည်။

ကောင်လေး၏ မျက်နှာသည် နူးညံ့၍ လှပသည်၊ သူ့မျက်လုံးများသည် ကြည်လင်၍ လူဆိုးတစ်ယောက်နှင့် မတူပေ။ သူ့ဝိညာဉ်သားရဲနှင့် ပြောသောစကားများမှတစ်ဆင့် သူသည်ခေါင်းမာသည်ကိုသိနိုင်သည်။

ကောင်လေးသည်လည်း ရှီမာယူယူနှင့်တခြားသူများကို စူးစမ်းနေသော်လည်း သူ့မျက်နှာတွင် သူစိမ်းများကိုတွေ့ဆုံရသဖြင့် စိတ်လှုပ်ရှားမှု တစ်စိုးတစိမျှ ရှိမနေပေ။

“မင်းတို့က ဘယ်သူတွေလဲ၊ ဘာလို့ငါတို့ပြောတာကို သစ်ပင်ပေါ်ကနေနားထောင်နေတာလဲ” ကောင်လေးသည် မေးလိုက်သည်။

“ငါတို့ဒီနားကိုဖြတ်သွားတုန်း လှုပ်ရှားတဲ့အသံတစ်သံကြားလိုက်တာ ပြဿနာဖြစ်မှာစိုးလို့ သစ်ပင်ပေါ်တက်လိုက်ကြတာ” ဖက်တီးကျူ ပြန်ဖြေသည် “အစ်ကို မင်းရဲ့ ဝိညာဉ်သားရဲက ဘာမျိုးစိတ်လဲ”

ကောင်လေးသည် တခြားသူများကို သံသယမရှိသည့်အတိုင်းပင် ဖက်တီးကျူ၏ မေးခွန်းကို ဂုဏ်ယူစွာ ပြန်ဖြေလေသည် “ဒါက တွေ့ရခဲတဲ့ မျက်လုံးနီသုံးလုံးဝက်ပဲ အရမ်းသန်တယ်”

“ဒါပေမယ့် မင်းက ငါ့ကိုခွေးတစ်ကောင်လိုပဲ အမြဲဆက်ဆံတယ်” မျက်လုံးနီသုံးလုံးဝက်သည် ဘေးမှ ရေရွတ်နေလေသည်။ ထိုကောင်လေးကြားသောအခါ နောက်တစ်ချက်တီးလိုက်လေသည်။

ထိုအောက်ကျို့နေရသော ဝက်သည် မျက်လုံးနီသုံးလုံးဝက်ဖြစ်လိမ့်မည်ဟု ရှီမာယူယူမထင်ခဲ့ပေ။ အနီးကပ် စစ်ဆေးကြည့်ရာ သူ့နဖူးတွင် မျဉ်းတစ်ကြောင်းရှိနေသည်ကို သူမသတိထားမိလိုက်သည်။ ထိုအရာသည် ပိတ်နေသော တတိယမြောက်မျက်လုံးဖြစ်သည်။

“ဒီကနိမ့်ကျတဲ့တစ်ယောက်က ဝေကျိရွှီလို့ခေါ်ပါတယ်၊ ဒီက ညီအစ်ကိုရဲ့ နာမည်ကိုမေးလို့ရမလား” ဝေကျိရွှီသည် လက်အုပ်ချီကာ ကောင်လေးအားမေးလိုက်သည်။

“အာ…ကျွန်တော့်နာမည်မှာလဲ ရွှီဆိုတဲ့စာလုံးပါတယ်” ကောင်လေးပြန်ပြောလိုက်သည် “ဘိုင်ယွန်ရွှီလို့ခေါ်ပါ၊ သဲစင်ရော်စစ်တပ်ကလူပါ”

“သဲစင်ရော်စစ်တပ်ဟုတ်လား” ဝေကျိရွှီသည် ပြုံးကာပြောလိုက်သည် “ဒါဆို မင်းကစစ်တပ်ကလူပေါ့၊ ဒီနေရာကို တာဝန်ပေးခဲ့ရလို့ရောက်လာတာလား”

“ဟုတ်တယ်” ဘိုင်ယွန်ရွှီသည် ခေါင်းညိတ်လေသည် “သြော် မင်းတို့အားလုံးက သဲစင်ရော်စစ်တပ်အကြောင်းမသိဘူးဆိုတော့ လအနောက်တိုင်းပြည်က လူတွေဖြစ်မယ်”

ထိုနေရာသည် လအနောက်တိုင်းပြည်က နယ်နိမိတ်ဖြစ်သည်ကို သူတို့သိသည်။ ထိုအချိန်က ဝူရန်ဖေသည် တောင်လကြတ်ခြင်းနိုင်ငံမှ လအနောက်တိုင်းပြည်သို့ လာခြင်းကြောင့်ဖြစ်သည်။ ထို့နောက်တွင် သူသည် ဆိုဖီယာတောင်တန်းကိုဖြတ်ကာ ဒုံချန်းနိုင်ငံကို ရောက်လာခြင်းဖြစ်သည်။

“တကယ်တော့ ငါတို့က လအနောက်တိုင်းပြည်ကမဟုတ်ဘူး၊ ဒါပေမယ့် မင်းဘယ်လိုသိလဲ” ဝေကျိရွှီမေးလိုက်သည်။

“ငါတို့ သံစင်ရော်စစ်တပ်က လအနောက်နိုင်ငံမှာ အကောင်းဆုံးစစ်တပ်သုံးခုထဲမှာ နံပါတ်တစ်ပဲ၊ ဒါပေမယ့် မင်းတို့က ကြားလိုက်တဲ့အချိန်မှာ ဘာတုန့်ပြန်တာမှမရှိတာနဲ့ မင်းတို့က လအနောက်တိုင်းပြည်က မဟုတ်တာ သေချာနေပြီ” ဘိုင်ယွန်ရွှီပြောလိုက်သည် “မင်းတို့က လအနောက်တိုင်းပြည်ကမဟုတ်ရင် ဒီကိုဘယ်လိုရောက်နေတာလဲ၊ မင်းတို့အားလုံး ဘယ်ကလဲ”

“ငါတို့က ဒုံချန်းတိုင်းပြည်ကပဲ” ဝေကျိရွှီ ပြန်ဖြေသည်။

“ဒါဆို မင်းက ဒုံချန်းတိုင်းပြည်ကကိုး” ဘေယွန်ရွှီ ခေါင်းညိတ်သည်။ နောက်မှ သူသတိရကာ အံ့သြစွာဖြင့် သူတို့အားကြည့်နေခဲ့သည် “မင်းတို့က ဒုံချန်းတိုင်းပြည်ကဟုတ်လား ပြည်နှင်ဒဏ်ပေးထားတဲ့ဆီကလေ၊ အဲနေရာကလား”

ဝေကျိရွှီခေါင်းညိတ်သည်။

“မင်းတို့ ဝိညာဉ်သူတော်စင်မဖြစ်မချင်း ထွက်လို့မရဘူးလို့ ပြောကြတယ်မလား” ဘိုင်ယွန်ရွှီသည် သူတို့၏ သေးငယ်သော ပုံစံအားတွေ့သည်နှင့် အံ့အားသင့်သွားလေသည်။

“မဟုတ်ဘူး ငါတို့က ဝိညာဉ်သူတော်စင်တွေမဟုတ်သေးဘူး” ဝေကျိရွှီပြောလေသည် “ငါတို့ကံကောင်းပြီး ဒီနေရာထိလျှောက်လာခဲ့တာပဲ”

ဘိုင်ယွန်ရွှီသည် နားလည်သည့်သဘောဖြင့် ခေါင်းညိတ်ပြကာ သက်သာရသည့်အနေနှင့် “ဒါကြောင့်ငါပြောတာ ငါ့အရည်အချင်းကဒီလောက်တော်တာ ၊ ငါ့လောက်တော်တဲ့သူတောင် ငါ့လောက်တော်မှာမဟုတ်ဘူး”

ရှီမာယူယူနှင့် တခြားသူများသည် သူ့အား စကားလုံးမဲ့စွာကြည့်နေလိုက်ကြသည်။ ဒီလူက တော်ရုံတော့မဟုတ်ဘူးပဲ၊ ဒါက စိတ်ကြီးဝင်တယ်ဆိုတာမျိုးလား။

ထိုအတွေးများကို ဘိုင်ယွန်ရွှီမခံစားမိပေ၊ သူဆက်ပြောလေသည် “ဒါပေမယ့် အဲနေရာကနေ အံ့ဖွယ်သားရဲတွေလက်ထဲကနေ လွတ်ပြီး လမ်းလျှောက်လာရတာ လွယ်မှာမဟုတ်ဘူး၊ မင်းတို့ ကံကလည်း မဆိုးဘူးပဲ”

“ညီအစ်ကို ဘိုင် ငါမေးချင်တာ လအနောက်တိုင်းပြည်မှာ ရှီမာမျိုးနွယ်ဆိုတာရှိတာလား” ရှီမာယူယူမေးလိုက်သည်။

“ရှီမာမျိုးနွယ်လား ရှိတယ်၊ ငါတို့ ငြိမ်းချမ်းခြင်း တစ်မြို့တော်လုံးက ရှီမာမျိုးနွယ်ပဲ” ဘိုင်ယွန်ရွှီပြောလိုက်သည် “ဘာလို့လဲ မင်းက ရှီမာမျိုးနွယ်ကိုရှာနေတာလား”

“အင်း… သူတို့ကိုရှာဖို့ အကြောင်းတစ်ခုရှိလို့” ရှီမာယူယူပြောလိုက်သည်။

“ရှီမာမျိုးနွယ်ကလူတွေက ကောင်းတာလည်းတစ်ခုမှ မရှိပါဘူး၊ မင်းကဘာလို့ရှာတာလဲ” ဘိုင်ယွန်ရွှီသည် ရှီမာယူယူအားကြည့်ကာ မေးလိုက်သည်။

“သူတို့က ငါ့အမျိုးတွေ ဖမ်းထားတယ်၊ ငါသူတို့ကို သွားကယ်ရမယ်” ရှီမာယူယူပြောလိုက်သည်။

ရှီမာမျိုးနွယ်၏ သတင်းကို ကြားရမည်ဟု မထင်ဘဲနေရာမှ သူတို့စိတ်များ ပိုနှစ်မြှုပ်ထားလိုက်သည်။

“ပြန်ပေးဆွဲသွားတာလား၊ ဒါကလည်း ရှီမာမျိုးနွယ်လုပ်နိုင်တဲ့ဟာပဲ” ဘိုင်ယွန်ရွှီပြောလေသည် “ဒါပေမယ့် မင်းတို့နည်းနည်းပဲသွားရင် မင်းတို့အမျိုးတွေကို မကယ်နိုင်မှာစိုးတယ်၊ ရှီမာမျိုးနွယ်ဝင် သားရဲတွေရှိပေမယ့် သူ့တို့အားကမဆိုး၊ သူတို့ထဲက နည်းနည်းက ဝိညာဉ်သူတော်စင်တွေ စံတင်အဆင့် ဝိညာဉ်တွေတောင်ရှိတယ်၊ ပြီးတော့ သူတို့က ဒီမှာ မသောင်းကျန်းရဲဘူး”

“ဒါကတော့ ငါတို့သိပြီးသားပါ၊ ဒါပေမယ့် ဒါကငါ့ကိုတားလို့မရဘူး” ရှီမာယူယူသည် အခိုင်အမာပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မင်းတို့အလျင်မလိုရင် ငါတို့အဖွဲ့တာဝန်ပြီးရင် မင်းတို့ကို ငြိမ်းချမ်းရေးမြို့တော်ကိုခေါ်သွားမယ်” ဘိုင်ယွန်ရွှီပြောလေသည်၊ သူသည် သူမ မိသားစုအတွက် ဘာအန္တရာယ်ပဲရှိရှိ မဖြုံသော ရှီမာယူယူအား လေးစားမိလေသည်။

“မင်းကို ဒုက္ခမပေးချင်ဘူး၊ ငြိမ်းချမ်းရေးမြို့တော်ကို ဘယ်လိုသွားရလဲဆိုတာပဲ ပြောပေး၊ ငါတို့အဲဒီကို ဖြတ်လမ်းတည်ဆောက်မှုကို သုံးပြီးသွားလို့ရတယ်” ရှီမာယူယူသည် ကမ်းလှမ်းချက်ကို ငြင်းလိုက်သည်။

ဘိုင်ယွန်ရွှီသည် ခေါင်းရမ်းကာပြောလိုက်သည် “ကိုယ့်ဘာသာသွားရမှာ၊ အဲဒီကို ဖြတ်လမ်းတည်ဆောက်မှုမရောက်ဘူး”

All Chapters