← Chapters

ထူးကဲသောအလှပဂေး ချူတျဲယီ၊ သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း(၁)။

Vol. 25 Ch. 296

ထူးကဲသောအလှပဂေး ချူတျဲယီ၊ သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း(၁)။

Vol. 25 Ch. 296

ရက်အနည်းငယ် ကြာပြီးနောက်...။

ကျိုးစွေ့သည် သူ၏ ဇနီးမယားများနှင့်အတူ အချိန်အတော်ကြာ ကျင့်ကြံခဲ့ပြီးနောက်၊ နောက်ဆုံးတွင် သူ၏ တည်ငြိမ်မှုကို ပြန်လည် ရရှိခဲ့ပြီး၊ တောင့်တမှု ခံစားချက်များကို လွှတ်ချလိုက်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ သူ တစ်လလုံးလုံး တံခါးပိတ် ကျင့်ကြံနေခဲ့ရသည် မဟုတ်ပါလော။

သူ၏ ဇနီးမယားများသည် တစ်လတာလုံး မုဆိုးမများကဲ့သို့ နေထိုင်ခဲ့ရသဖြင့်၊ သဘာဝအတိုင်း လွန်စွာ စိတ်အားထက်သန်နေကြပြီး တစ်ညလုံး မအိပ်ဘဲ နေခဲ့ကြသည်။

"ဒါနဲ့… 'ပစ္စည်းရှာဖွေကူ'ကို သုံးကြည့်လိုက်တာပေါ့…"

"မိုးကြိုးကပ်ဘေးသစ်သီးကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ရအောင်…"

"မိုးကြိုးကပ်ဘေးသစ်သီးကိုသာ ရှာတွေ့နိုင်ရင်.. လင်းယာကျူအနေနဲ့ ကောင်းကင်ဘုံကပ်ဘေးကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ချက် ရှိလာနိုင်တယ်…"

ကျိုးစွေ့ သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ အတွေးတစ်ချက်ဖြင့် ‘ပစ္စည်းရှာဖွေကူ’၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။

ဘုန်း…။

ထင်ရှားသည်မှာ၊ 'ပစ္စည်းရှာဖွေကူ'သည် အဆင့်သုံး အောက်ခြေအဆင့်သို့ တက်လှမ်းထားပြီး ဖြစ်၍၊ ယခင်ကထက် ပိုမို အစွမ်းထက်လာကာ ရတနာရှာဖွေနိုင်သည့် အတိုင်းအတာကို အဆတစ်ရာကျော် ချဲ့ထွင်နိုင်ခဲ့သည်။

ချက်ချင်းဆိုသလိုပင်၊ အဆုံးမဲ့ဟင်းလင်းပြင် နက်ရှိုင်းရာရှိ အကြောင်းအကျိုးဆက်စပ်မှုများကို အာရုံခံလိုက်မိသကဲ့သို့၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းဂယက်တစ်ခု 'ပစ္စည်းရှာဖွေကူ'ထံမှ ထွက်ပေါ်လာသည်။

အချိန်အတိုင်းအတာ တစ်ခု ကြာပြီးနောက်၊ 'ပစ္စည်းရှာဖွေကူ'သည် နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။

ထို့နောက် သတင်းအချက်အလက် စီးကြောင်းတစ်ခုက ကျိုးစွေ့၏ သိစိတ်ပင်လယ် နက်ရှိုင်းရာသို့ ဝင်ရောက်လာသည်။

"ဘာဖြစ်တာလဲ… မိုးကြိုးကပ်ဘေးသစ်သီးက ဆက်တိုက်ကို ရွေ့လျားနေပါလား…"

"တစ်ယောက်ယောက်က မိုးကြိုးကပ်ဘေးသစ်သီးကို ရရှိထားပြီး… သူနဲ့အတူ သယ်ဆောင်သွားလို့များ ဆက်တိုက် ရွေ့လျားနေတာ ဖြစ်နိုင်မလား…"

ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိသည်။

'ပစ္စည်းရှာဖွေကူ’ထံမှ ဤကဲ့သို့သော ထူးခြားသည့် သတင်းအချက်အလက် ပေးပို့သည်ကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။ ပုံမှန်အားဖြင့် ရတနာများ၏ တည်နေရာသည် ပုံသေ ဖြစ်နေတတ်သည်။

ထင်ရှားသည်မှာ၊ မိုးကြိုးကပ်ဘေးသစ်သီးသည် ကျင့်ကြံသူတစ်ဦးဦး၏ လက်ဝယ်တွင် ရှိနေရမည် ဖြစ်ပြီး၊ ထို့ကြောင့်သာ ဤအခြေအနေ ဖြစ်ပေါ်လာခြင်း ဖြစ်ရပေမည်။

ကံကောင်းစွာဖြင့်၊ 'ပစ္စည်းရှာဖွေကူ'သည် မိုးကြိုးကပ်ဘေးသစ်သီး၏ တည်နေရာ ကိုသြဒိနိတ်များကို မှတ်သားထားပြီး ဖြစ်သည်။

မိုးကြိုးကပ်ဘေးသစ်သီး မည်သို့ပင် ရွေ့လျားနေသည်ဖြစ်စေ၊ သူ ရှာတွေ့နိုင်သည်။ ဤသည်မှာ 'ပစ္စည်းရှာဖွေကူ’၏ ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်၏။

"ငါ မိုးကြိုးကပ်ဘေးသစ်သီးကို အရယူမှ ဖြစ်မယ်…"

"ဒီအခွင့်အရေးသာ လွတ်သွားရင်… ဘယ်လောက်ကြာကြာ ထပ်စောင့်ရမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ…"

"အရင်ဆုံးတော့… အဲ့ဒီကျင့်ကြံသူကို သွားတွေ့ပြီး လဲလှယ်ဖို့ ဆန္ဒရှိမရှိ မေးကြည့်ရမယ်…"

"သူသာ မိုးကြိုးကပ်ဘေးသစ်သီးကို လဲလှယ်ဖို့ ဆန္ဒရှိရင်… အားလုံးအဆင်ပြေသွားမှာပဲ… အရာအားလုံး ဆွေးနွေးလို့ ရမယ်လို့ ယုံကြည်ပါတယ်…"

"ဒါ့အပြင်… မိုးကြိုးကပ်ဘေးသစ်သီး ရထားတဲ့ ကျင့်ကြံသူက ကြယ်သုံးပွင့်ကျွန်းစုနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေပုံရတယ်…"

"ကွက်တိပဲပေါ့… ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို လွှတ်ပြီး စမ်းသပ်ကြည့်လို့ ရတယ်…"

ကျိုးစွေ့ မျက်လုံးများကို မှေးလိုက်ပြီး၊ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

ဤတစ်ခေါက်၊ သူသည် ကိုယ်ပွားငါးခုကို စေလွှတ်လိုက်သည်။

ဘေးကင်းစေရန်အတွက် ကိုယ်ပွားများသည် ‘တည်နေရာပြောင်းကူ’၊ 'အိပ်မက်ဝိညာဉ်ကူ'၊ ‘ရွှေစားကူ’နှင့် ‘ရွှေအလင်းတစ်ထောင်ကူ’တို့ကိုလည်း ယူဆောင်သွားကြသည်။

တိုက်ခိုက်ရေး 'ကူ’ငါးကောင်သည် ရွှေအမြုတေနယ်ပယ်ရှိ မည်သည့် ကျင့်ကြံသူကိုမဆို သုတ်သင်ရှင်းလင်းနိုင်သည်။

[စကားချပ် - ကိုယ်ပွားတွေကလည်း ကူ ပါပဲ။ အဲ့တာကြောင့် ကူငါးကောင်လို့ ဆိုတာပါ။]

မမျှော်လင့်ထားသော တွေ့ဆုံမှုများ ရှိလာပါက၊ ဥပမာအားဖြင့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးနှင့် တွေ့ဆုံခြင်းမျိုး ဆိုလျှင်ပင်၊ သူတို့သည် ‘တည်နေရာပြောင်းကူ’ကို အသုံးပြု၍ ချက်ချင်း ထွက်ပြေးနိုင်သည်။

ဆိုလိုသည်မှာ၊ ဤတစ်ကြိမ်သည် သေချာပေါက် အနိုင်ရမည့်ပွဲ ဖြစ်သည်။ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများနှင့် တွေ့ဆုံလျှင်ပင်၊ သူတို့ လွယ်ကူစွာ ထွက်ပြေးနိုင်သည်။

ကျိုးစွေ့သည် မိုးကြိုးကပ်ဘေးသစ်သီးကို ရယူရန် ဆုံးဖြတ်ထားသည်။ ဤအခွင့်အရေး လွတ်သွားပါက၊ နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ရရှိမည်ကို သိနိုင်မည် မဟုတ်ပေ။

...

နောက်ထပ်တစ်ရက် ကုန်ဆုံးသွားချေသည်။

အမည်မသိ ကျွန်းတစ်ကျွန်းပေါ်၌…။

အလင်းတန်းငါးခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး၊ ဤအမည်မသိကျွန်းပေါ်သို့ ဆင်းသက်လာသည်။

သူတို့ထဲမှ တစ်ဦးသည် ပါးလွှာသော အနက်ရောင် ဇာဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ အံ့ချီးဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်နှင့် ခြေတံရှည်များကို လှစ်ဟပြနေသည်။ ဤရင်သပ်ရှုမောဖွယ် အမျိုးသမီးသည် ညအမှောင်ထဲမှ နတ်သမီးတစ်ပါးကဲ့သို့ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာသည်။ သူမသည် မရေမတွက်နိုင်သော ယောက်ျားများကို ရူးသွပ်သွားစေနိုင်စွမ်း ရှိလေသည်။

"ချူတျဲယီ... သုံးရက်သုံးညတိုင်တိုင် ထွက်ပြေးပြီးနောက်မှာ.. နောက်ဆုံးတော့ မင်း ရပ်လိုက်ပြီလားကွ…"

"ငါတို့ ရွှမ်ယင်ဂိုဏ်းရဲ့ စတုတ္ထအဆင့် အဆိပ်.. အနီရောင်မျက်နှာချေအဆိပ်မိပြီးမှတော့… မင်း ဘယ်လောက်ကြာကြာ ခံနိုင်မယ်လို့ ထင်နေလဲ…"

ဤအခိုက်အတန့်တွင်၊ အခြား အလင်းတန်းလေးခုသည်လည်း ဆင်းသက်လာပြီး၊ အရပ်မျက်နှာ လေးခုတွင် ရပ်လိုက်ကာ၊ ရှေ့မှ ရင်သပ်ရှုမောဖွယ် အမျိုးသမီးကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် လှောင်ပြောင်သော အပြုံးများ ရှိနေသည်။

လိုက်လံ ဖမ်းဆီးခံနေရသော၊ ဤရင်သပ်ရှုမောဖွယ် အမျိုးသမီးသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်ရင်း ချူတျဲယီမှလွဲ၍ အခြားသူ မဟုတ်ပေ။

သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး၊ နဖူးပေါ်ရှိ အနီရောင်အစက်လေးက ထူးဆန်းသော ဆွဲဆောင်မှု ရှိနေသည်။

ဤအမှတ်အသားသည် စတုတ္ထအဆင့်အဆိပ် အနီရောင်မျက်နှာချေအဆိပ်၏ ထူးခြားသော လက္ခဏာတစ်ခု ဖြစ်၏။

ဤအဆိပ် မိသွားသည်နှင့်၊ လူတစ်ယောက်၏ နဖူးပေါ်တွင် သေးငယ်သော နှုတ်ခမ်းနီရောင် အစက်လေးတစ်စက် ပေါ်လာမည်ဖြစ်သည်။ ၎င်းသည် မိစ္ဆာတစ်ကောင်ကဲ့သို့ တားဆီး၍ မရနိုင်သော၊ အဆက်မပြတ်သော အဆိပ်သင့်တိုက်စားမှုဖြင့် လူ၏ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားမည် ဖြစ်ပြီး၊ ကုသရန် မဖြစ်နိုင်သလောက်ပင်။

ဤသည်မှာ ရွှမ်ယင်ဂိုဏ်း၏ ကျော်ကြားသော အဆိပ်ဖြစ်ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများပင်လျှင် ကြောက်ရွံ့ကြရသည်။

ချူတျဲယီတစ်ယောက် ယခုအချိန်အထိ ခံနိုင်ရည်ရှိနေခြင်းမှာ၊ သူမတွင် အဆိပ်ဖြေဆေးလုံး အမြောက်အမြား ပါရှိခြင်းနှင့် သူမ၏ ထူးခြားသော ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်သာ ဖြစ်သည်။

ဤအရာအားလုံးက အဆိပ်၏အကျိုးသက်ရောက်မှုကို ခုခံရန်နှင့် သေစေနိုင်သော အကျိုးသက်ရောက်မှုကို နှောင့်နှေးစေရန် ကူညီပေးခဲ့သည်။ သို့သော်၊ သူမ ကြာရှည်ခံနိုင်တော့မည် မဟုတ်ပေ။

"ယုတ်မာပြီး အရှက်မရှိလိုက်တဲ့ ရွှမ်ယင်ဂိုဏ်း... နင်တို့ မိုးကြိုးကပ်ဘေးသစ်သီးကို တကယ်ကြီး အဆိပ်ခတ်ခဲ့ကြတာလား…"

"ငါ တစ်ချက် ပေါ့ဆမိလိုက်တာနဲ့… နင်တို့ရဲ့ ထောင်ချောက်ထဲ တည့်တည့် ကျသွားခဲ့ရတယ်…"

ချူတျဲယီ၏ မျက်နှာပေါ်တွင် နောင်တရမှုများ ထင်ရှားနေသည်။

သူမသည် အမည်မသိ ကျွန်းတစ်ကျွန်းပေါ်တွင် ပေါက်ရောက်နေသော ထူးခြားသည့် စိတ်ဝိညာဉ်သစ်ပင်တစ်ပင်ကို တွေ့ရှိကြောင်းနှင့်၊ ၎င်းအပေါ်တွင် မိုးကြိုးကပ်ဘေးသစ်သီး ဖွဲ့စည်းနေကြောင်း သူမ၏ လက်အောက်ငယ်သားထံမှ သတင်း ရရှိခဲ့သည်။

သို့သော်၊ အဆင့်မြင့်မိစ္ဆာ အများအပြားက ဝန်းရံ စောင့်ကြပ်နေသဖြင့်၊ သာမန်လူများ ချဉ်းကပ်ရန် မဖြစ်နိုင်သလောက် ဖြစ်နေသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော အသီးများထဲမှ တစ်ခု ဖြစ်ပြီး၊ ကောင်းကင်ကပ်ဘေးဆေးလုံး သန့်စင်ရန်အတွက် အဓိကပါဝင်ပစ္စည်းလည်း ဖြစ်၏။

ကောင်းကင်ကပ်ဘေးဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီးသည်နှင့်၊ သူမ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းသောအခါ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။

ဝိညာဉ်သန္ဓေသား ဖွဲ့စည်းတော့မည့် ကျင့်ကြံသူတစ်ဦးအတွက်၊ ဤအရာသည် မည်မျှပင် မှော်ဆန်ပြီး အကန့်အသတ်မရှိ အသုံးဝင်သည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

ထို့ကြောင့် များစွာတွန့်ဆုတ်မနေဘဲ၊ သူမ ထိုအမည်မသိကျွန်းဆီသို့ ချက်ချင်း သွားရောက်ခဲ့သည်။

အမှန်တကယ်ပင်၊ သူမသည် ထိုနေရာတွင် ပေါက်ရောက်နေသော စိတ်ဝိညာဉ်သစ်ပင်နှင့် ၎င်းအပေါ်တွင် ဖွဲ့စည်းနေသော မိုးကြိုးကပ်ဘေးသစ်သီးကို တွေ့ရှိခဲ့သည်။ မိစ္ဆာကောင် အများအပြားလည်း ဝန်းရံ ကာကွယ်နေကြသည်။

ချက်ချင်းပင် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။

ဝမ်းနည်းစရာမှာ၊ ရွှမ်ယင်ဂိုဏ်း၏ တပည့်များ စောစီးစွာ ရောက်ရှိနေပြီး ဖြစ်ကြောင်း သူမ မသိခဲ့ပေ။

သူတို့သည် မိုးကြိုးကပ်ဘေးသစ်သီးပေါ်တွင် စတုတ္ထအဆင့် သေစေနိုင်သောအဆိပ်ဖြစ်သည့် အနီရောင်မျက်နှာချေအဆိပ်ကို သုတ်လိမ်းထားခဲ့ကြသည်။ ထို့ကြောင့်၊ သူမ မိုးကြိုးကပ်ဘေးသစ်သီးကို ထိလိုက်သည့် အခိုက်အတန့်တွင် အဆိပ်သင့်သွားခဲ့ရသည်။

သူမကို ထို့သို့ လုပ်ကြံခဲ့သူမှာ ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်း ချီယုံချင်းဖြစ်ပြီး၊ သူသည် ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်တွင် ရှိသည်။ အခြားသုံးဦးမှာ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသော ရွှမ်ယင်ဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြသည်။ သူတို့အားလုံးသည် ချီယုံချင်း၏ ကြံရာပါများ ဖြစ်ကြလေသည်။

နောက်ဆုံးတွင်၊ သူမသည် မိစ္ဆာလွတ်မြောက်ခြင်းစွမ်းရည်ကို အသုံးပြု၍ သုံးရက်သုံးညတိုင်တိုင် ထွက်ပြေးခဲ့ရပြီး၊ သူမကိုသတ်ရန် ကြိုးပမ်းသူများ၏ လက်မှ လွတ်မြောက်ခဲ့သည်။

သို့တိုင်၊ ပြင်းထန်စွာ အဆိပ်သင့်ထားသဖြင့် သူမ၏ အတွင်းမှော်စွမ်းအား လည်ပတ်မှု နှေးကွေးလာခဲ့သည်။ မောပန်းနွမ်းနယ်မှုကြောင့် သူမ၏ အတွင်းမှော်စွမ်းအား အားလုံးနီးပါး ကုန်ခမ်းသွားနိုင်ချေသည်။

သူမ၏ မှော်စွမ်းအား ကုန်ဆုံးသွားသည်နှင့်၊ သူမသည် အခြားသူများ၏ ပြုသမျှ နုရသောသူ ဖြစ်သွားရပေလိမ့်မည်။ ထို့ကြောင့် သူမ၏အင်အား လုံးဝမကုန်ဆုံးမီ၊ သူမသည် ရန်သူကို သေသည်အထိ တိုက်ခိုက်ရတော့ပေမည်။

"ဟားဟား... ဒီကိစ္စအတွက် မင်း ငါ့ကို အပြစ်တင်လို့ မရဘူး…"

"မင်း တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင်… မင်းရဲ့ လောဘကိုပဲ အပြစ်တင်သင့်တယ်…"

"ဒါပေမဲ့ စဉ်းစားကြည့်ရင်… ဝိညာဉ်သန္ဓေသား ဖြစ်လာမယ့် အခွင့်အရေးနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ… ဘယ်သူက လောဘမတက်မိပဲ နေမှာလဲ…"

"ဒါပေမဲ့ စိတ်ချပါ… ငါတို့ ရွှမ်ယင်ဂိုဏ်းနဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းက မိစ္ဆာဂိုဏ်းဝင်တွေ ဖြစ်တဲ့အတွက်… ငါတို့ အားလုံး အတူတူပါပဲ…"

"ငါ မင်းကို မသတ်ပါဘူး…"

"မင်းဆိုတဲ့ ချူတျဲယီမှာ ထူးခြားတဲ့ ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိတယ်လို့ ငါ ကြားထားတယ်… အဲ့ဒါက ငါ့ရဲ့ ရွှမ်ယင်အတတ်ကို ကြီးကြီးမားမားအောင်မြင်နိုင်ဖို့ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာပေးနိုင်တယ်…"

"ဒါကြောင့်… ငါ မင်းနဲ့အတူ တူနှစ်ကိုယ်ကျင့်ကြံချင်တယ်… ကောင်းကင်နဲ့လူသားရဲ့ မဟာတာအိုကို မျှဝေချင်တယ်…"

ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်း ချီယုံချင်းက မောက်မာစွာ ပြောလိုက်သည်။

သူသည် ကောင်းကင်မိစ္ဆာဂိုဏ်းမှ နာမည်ကျော်အလှပဂေး ချူတျဲယီ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို လောဘတကြီး အထက်အောက် စိုက်ကြည့်နေသည်။

အမှန်အတိုင်းဆိုရလျှင်၊ သူသည် သူမကို ပိုင်ဆိုင်နိုင်ရန်အတွက် မရေမတွက်နိုင်အောင်ပင် ဆုတောင်းခဲ့ဖူးသည်။

ဝမ်းနည်းစရာမှာ၊ သူမ၏ကျင့်ကြံမှုသည် အလွန်အားကောင်းပြီး သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်းမှ တပည့်ရင်း ဖြစ်နေသည်။ သူ၏ နက်ရှိုင်းသော နောက်ခံဖြင့်ပင်၊ သူမကို ဆန့်ကျင်ရန် အကူအညီမဲ့ ဖြစ်နေခဲ့ရသည်။

All Chapters