မိုးကြိုးကပ်ဘေးသစ်သီးကို ရယူခြင်း၊ ‘ရွှေအလင်းတစ်ထောင်ကူ’၏ ကြောက်မက်ဖွယ်စွမ်းအား(၂)။
Vol. 25 Ch. 300
ဝှစ်…။
ရုတ်တရက်၊ ဒုတိယမြောက်ကိုယ်ပွား ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ၊ ကျိုးစွေ့သည် ကျရှုံးနိုင်ခြေများကို သေချာမှုရှိစေရန် ကိုယ်ပွားငါးခု စေလွှတ်ထားခဲ့သည်။ ယခုအခါ၊ ကိုယ်ပွားတစ်ခုသာ သေဆုံးသွားသဖြင့်၊ နောက်ထပ် ကိုယ်ပွားလေးခု ကျန်ရှိနေသေးသည်။
ဤအခိုက်အတန့်တွင်၊ ဤအမည်မသိကျွန်းပေါ်၌ ကျိုးစွေ့မှလွဲ၍ ကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်ရင်း ချူတျဲယီသာ ကျန်ရစ်တော့သည်။
"ဟန်ဆောင်နေတာ ရပ်လိုက်တော့…"
"မင်း သတိလစ်ချင်ယောင် ဆောင်နေတာကို ငါ သတိမထားမိဘူးလို့ ထင်နေတာလား…"
"အေး.. မင်း ဆက်ပြီး ဟန်ဆောင်နေမယ်ဆိုရင်.. ငါ မင်းကို တကယ်သတိလစ်သွားအောင် လုပ်ပေးလို့ ရတယ်နော်…"
ဤအချိန်တွင်၊ ကျိုးစွေ့သည် အဝေးရှိ ချူတျဲယီကို ကြည့်ရင်း ပြောလိုက်သည်။
သူ၏ နှလုံးသားမျက်လုံးစွမ်းအားသည် တစ်ဖက်သား၏ ဝိညာဉ်မှ သေးငယ်သောလှိုင်းဂယက်နှင့် အသိစိတ်ကို အာရုံခံနိုင်ပြီး၊ ထိုသူ သတိလစ်နေခြင်း သို့မဟုတ် နိုးကြားနေခြင်းကို သဘာဝကျကျ ခွဲခြားသိမြင်နိုင်သည်။
ထင်ရှားသည်မှာ၊ ဤကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်ရင်းသည် သူမထံ ချဉ်းကပ်လာသော ပြိုင်ဘက်ကို အသေသတ်ကွက်တစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် သတိလစ်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်လေ၏။
သို့သော် သူမ၏အစီအစဉ် အကောင်အထည် မဖော်နိုင်မီတွင်၊ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူများ ဖြစ်သည့် ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းများသည် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး၏ လက်ချက်ဖြင့် သုတ်သင်ရှင်းလင်းခံလိုက်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"ရှင် ဘယ်သူလဲ… ဘာလိုချင်တာလဲ…"
ဆက်လက်ဟန်ဆောင်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့်၊ ချူတျဲယီသည် မြေပြင်မှ လူးလဲထရပ်လိုက်ရပြီး၊ ရုတ်တရက် ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူကို လှပသော မျက်လုံးများဖြင့် သတိထား စိုက်ကြည့်လိုက်သည်။
ထိုယောက်ျား၏ အစွမ်းသတ္တိသည် ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလွန်းလှသည်။ သူသည် ရွှမ်ယင်ဂိုဏ်းမှ ရွှေအမြုတေဆရာသခင် လေးဦးကို အလွန်လွယ်ကူစွာနှင့် ပေါ့ပေါ့ပါးပါး သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
ထိုအထဲမှ တစ်ဦးမှာ သူတော်စင်အမွေဆက်ခံသူပင် ပါဝင်သေးသည်။
သူမကိုယ်တိုင် အဆိပ်မမိဘဲ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင်၊ ဤကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤကျင့်ကြံသူ၏ စွမ်းအားသည် ထူးကဲလှကြောင်း ထင်ရှားနေသည်။ ဤအချက်က သူမကို အထူးတလည် သတိထားစေသည်။
"ရိုးရိုးလေးပါ.. မင်းဆီမှာရှိတဲ့ မိုးကြိုးကပ်ဘေးသစ်သီးကို ငါ လိုချင်တယ်.."
ကျိုးစွေ့က သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သူသည် ဤကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်ရင်းကို ဂရုတစိုက် အကဲခတ်လိုက်ပြီး၊ သူမသည် အမှန်တကယ်ပင် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျော်ကြားသော စုန်းမလေးဖြစ်ကြောင်း ဝန်ခံလိုက်မိသည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်၊ ထိုနှစ်ခုစလုံးသည် ထိပ်တန်းအဆင့်ပင် ဖြစ်၏။ သူ၏တာအိုလက်တွဲဖော်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။
သူမသည် ပါးလွှာသော အနက်ရောင်ဇာဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းကို ၎င်းအောက်တွင် မှိန်ဖျော့ဖျော့ မြင်နေရသည်။ သူမ၏ အသားအရေသည် ဖြူဝင်းပြီး၊ ကျောက်စိမ်းဖြူမှ ထွင်းထုထားသကဲ့သို့ ဖြစ်နေကာ၊ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသော အလှပဂေးတစ်ဦးအဖြစ်သာ ညွှန်းဆိုနိုင်ပေသည်။
အထူးသဖြင့်၊ သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ထားသဖြင့်၊ သူမ၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းသည် အလိုလို ဆွဲဆောင်မှု ရှိနေသည်။
ရွှမ်ယင်ဂိုဏ်း၏ သူတော်စင်အမွေဆက်ခံသူသည် သူမကို ဤမျှ စွဲလမ်းနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
ကျိုးစွေ့ ဝန်ခံရမည်မှာ၊ ဤအမျိုးသမီးကျင့်ကြံသူသည် သူ့အတွက် သင့်လျော်သော တာအိုလက်တွဲဖော်တစ်ဦး ဖြစ်လာနိုင်ပေသည်။ အကယ်၍ သူမ၏ ယင်စွမ်းအင်ကို ရရှိနိုင်ပါက၊ သူ၏ ကျင့်ကြံမှု သိသိသာသာ မြင့်တက်လာမည်ဟု သူ သံသယ ရှိသည်။
အမှန်အတိုင်းဆိုရလျှင်၊ ရွှေအမြုတေနယ်ပယ်သို့ တက်လှမ်းပြီးနောက်၊ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် နှေးကွေးသွားခဲ့သည်။
မမောမပန်း ဇွဲလုံ့လရှိရှိ ကျင့်ကြံခြင်းကိုသာ အားကိုးပါက၊ နောက်ထပ် တိုးတက်မှုက မည်သည့်အချိန်တွင်မှသာ ရရှိမည်ကို မည်သူ သိနိုင်ပါမည်နည်း။
ထို့ကြောင့်၊ သူ၏ ကျင့်ကြံမှုတွင် ချိုးဖြတ်မှုရရှိရန် အထောက်အကူပြုမည့် တာအိုလက်တွဲဖော်တစ်ဦးကို အားကိုးနိုင်ပါက၊ ၎င်းသည် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ဤအရာက သူ့အတွက် ခက်ခဲသော ကျင့်ကြံမှု အချိန်ကာလ မည်မျှ သက်သာစေနိုင်သည်ကို သူ တွေးပင် မတွေးရဲချေ။
မည်သို့ပင်ဆိုစေကာမူ၊ ထိုကဲ့သို့သော အထွတ်အထိပ် အရည်အချင်းရှိပြီး၊ ထူးကဲစွာ လှပသော အမျိုးသမီးကျင့်ကြံသူကို ရှာဖွေရန်မှာ မလွယ်ကူပေ။ သူသာ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက၊ နောက်တစ်ကြိမ် ရှိချင်မှ ရှိပေလိမ့်မည်။
ရှူး…။
ထိုအတွေးဖြင့် ကျိုးစွေ့ တွန့်ဆုတ်မနေတော့ဘဲ၊ အနည်းငယ် လှုပ်ရှားလိုက်ကာ သူ့အပေါ်ရှိ ‘ချစ်ခြင်းမေတ္တာကူ’၏ သားပေါက်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ အခြေခံအားဖြင့်၊ ကိုယ်ပွားတိုင်းသည် အရေးပေါ်အခြေအနေများအတွက် သားပေါက်တစ်ကောင်စီ သယ်ဆောင်ထားကြသည်။
နောက်တစ်စက္ကန့်တွင်၊ ဤသားပေါက်သည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားတော့သည်။
"ရှင် ကျွန်မရဲ့ မိုးကြိုးကပ်ဘေးသစ်သီးကို လိုချင်တာလား…"
"အဲ့ဒါ မဖြစ်နိုင်တာတော့ မဟုတ်ဘူး… ရှင် ကျွန်မကို ကောင်းကင်မိစ္ဆာဂိုဏ်းဆီ ပြန်ပို့ပေးနိုင်ရင်.. ဒီ မိုးကြိုးကပ်ဘေးသစ်သီးက ရှင့်အပိုင်ပဲ…"
"ကျွန်မကို အတင်းအကျပ် ဖိအားပေးဖို့တော့ မစဉ်းစားနဲ့… ရှင် သဘောမတူရင်.. ကျွန်မ ဒီ မိုးကြိုးကပ်ဘေးသစ်သီးကို ဖျက်ဆီးပစ်လိုက်မယ်…"
ချူတျဲယီ မျက်လုံးလှန်ကြည့်လိုက်ပြီး သူမ၏ စည်းကမ်းချက်များကို ချက်ချင်း ပြောလိုက်သည်။
ကောင်းကင်မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ တစ်ဦး အနေဖြင့်၊ သူမသည် သူစိမ်းကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ ယုံကြည်မည် မဟုတ်ဘဲ၊ ကျိုးစွေ့နှင့် ချက်ချင်း ညှိနှိုင်းလိုသည်။
ဝှစ်…။
မျက်စိတစ်မှိတ်အတွင်း၊ ကျိုးစွေ့သည် ချူတျဲယီ၏ ဘေးသို့ လက်ခနဲ ရောက်ရှိသွားပြီး၊ သူမကို ဂရုမစိုက်သောအကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
"ကျင့်ကြံသူချူ... ငါ့ရဲ့ သဘောကောင်းတဲ့အမူအရာက မင်း ငါနဲ့ စည်းကမ်းချက်တွေ ညှိနှိုင်းလို့ ရမယ်လို့ မှားယွင်းစွာ ထင်မှတ်စေခဲ့တာလား… မင်းကို သတ်လိုက်ရင်လည်း မိုးကြိုးကပ်ဘေးသစ်သီးက ငါ့အပိုင် ဖြစ်လာမှာပဲ… မင်း အခြေအနေကို သဘောမပေါက်သေးဘူးပဲ.. ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ တပည့်ရင်းတွေ အကုန်လုံးက ဒီလောက်တောင် တုံးကြတာလား.."
"ဘာရယ်..."
ချူတျဲယီသည် သူမထံ ချဉ်းကပ်လာသော ကျိုးစွေ့ကို ကြည့်လိုက်ပြီး၊ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကို ချက်ချင်း ရှူရှိုက်မိလိုက်သည်။
သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး၊ ခုခံနိုင်စွမ်း အားလုံး ချက်ချင်း ပျောက်ကွယ်သွားကာ၊ ခုခံရန် မဖြစ်နိုင်သလောက် ဖြစ်သွားရသည်။
ဤသည်မှာ ကျိုးစွေ့၏ ညို့ဓာတ်ပြင်းနတ်ခန္ဓာမှ ဆွဲဆောင်မှုရှိသော ရနံ့ပင်။
လှပသော အမျိုးသမီး ကျင့်ကြံသူများအပေါ် ၎င်း၏ သက်ရောက်မှုနှုန်းသည် ရာနှုန်းပြည့် ဖြစ်၏။ အထူးသဖြင့် ‘ချစ်ခြင်းမေတ္တာကူ’၏ သက်ရောက်မှု ခံထားရသော အမျိုးသမီးကျင့်ကြံသူအတွက်မူ၊ ၎င်းသည် ပို၍ပင် တွန်းလှန်၍ မရနိုင်ပေ။
"ဘာ.. ဘာလဲ..... ရှင် ကျွန်မကို ဘာလုပ်မလို့လဲ…"
ချူတျဲယီ၏ လှပသောမျက်နှာ ရဲပဒေါင်းခတ်သွားပြီး၊ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် မသိတော့ပေ။ သူမ၏ မူလအစီအစဉ်အရ၊ ယောက်ျားတစ်ယောက် သူမအနီးသို့ ချဉ်းကပ်လာပါက၊ သူမ သေချာပေါက် တိုက်ခိုက်မှုတစ်ခု စတင်ပြီး ရန်သူနှင့်အတူ သေဆုံးလိုက်မည် ဖြစ်သည်။
သို့သော် ယခုအခါ၊ သူမ မည်သည့် အင်အားမျှ မစုစည်းနိုင်တော့ပေ။
ဤသည်မှာ သေစေနိုင်သော အနီရောင်မျက်နှာချေအဆိပ် မိခြင်းထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလျသည်။
သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး၊ ကိုယ်အပူချိန်လည်း မြင့်တက်လာသည်။ သူမသည် ညှို့ယူဖမ်းစားခြင်းပညာရပ်တစ်ခုအောက် ကျရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ပြဿနာမှာ၊ သူမသည် ညှို့ယူဖမ်းစားခြင်းပညာရပ်များကြောင့် ကျော်ကြားသော ကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်ရင်းတစ်ဦး ဖြစ်သည်။ ပြိုင်ဘက်ကသာ ဤစွမ်းရည်ကို အမှန်တကယ် အသုံးပြုခဲ့လျှင်၊ သူမ သေချာပေါက် သတိထားမိပေလိမ့်မည်။
"အခု ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်…"
"ပထမ ရွေးချယ်စရာက မိုးကြိုးကပ်ဘေးသစ်သီးကို လွှဲပြောင်းပေးဖို့… ပြီးတော့ ငါ မင်းခန္ဓာကိုယ်ထဲက သေစေနိုင်တဲ့ အနီရောင်မျက်နှာချေအဆိပ်ကို ဖယ်ရှားပေးမယ်…"
"ဒုတိယ ရွေးချယ်စရာကတော့… ငါ မင်းကို သတ်ပြီး… မင်းဆီက မိုးကြိုးကပ်ဘေးသစ်သီးကို ယူလိုက်ဖို့ပဲ…"
ကျိုးစွေ့သည် ချူတျဲယီ၏ ယုံကြည်နိုင်စရာမရှိလောက်အောင် လှပသောမျက်နှာလေးကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
"ရှင် ကျွန်မကို တကယ် အဆိပ်ဖြေပေးနိုင်လို့လား…"
"အဲ့ဒါဆိုရင်.. ကျွန်မ ရှင့်ကို မိုးကြိုးကပ်ဘေးသစ်သီး ပေးနိုင်ပါတယ်.."
ချူတျဲယီ မော့ကြည့်လိုက်သည်။ သူမ၏ ပန်းချီရှုံးလောက်သောမျက်လုံးများတွင် အံ့ဩသော အမူအရာများ ပေါ်လွင်နေသည်။
မည်သို့ပင်ဖြစ်စေ၊ သေစေနိုင်သော အနီရောင်မျက်နှာချေအဆိပ်သည် ရွှမ်ယင်ဂိုဏ်း၏ ကျော်ကြားသော အဆိပ်ဖြစ်ပြီး၊ ရွှမ်ယင်ဂိုဏ်းကိုယ်တိုင်မှလွဲ၍ မည်သူမျှ အဆိပ်ဖြေနိုင်ခြင်း မရှိသလောက်ပင်။
သူမ ကောင်းကင်မိစ္ဆာဂိုဏ်းသို့ ပြန်ရောက်လျှင်ပင်၊ ၎င်းကို ဖယ်ရှားရန်အတွက် ကြီးမားသော တန်ဖိုး ပေးဆပ်ရပေလိမ့်မည်။
"ဒါပေါ့… အဲ့ဒါက အလွယ်လေးပါ.."
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။ သူ့တွင် လောကရှိ အဆိပ်အားလုံးကို ဖြေပေးနိုင်သော ‘ရွှေအလင်းတစ်ထောင်ကူ’ ရှိသည် မဟုတ်ပါလော။ အနီရောင်မျက်နှာချေအဆိပ်သည် သူ့အတွက် ကလေးကစားစရာသာ ဖြစ်သည်။
"ကောင်းပြီ.. ကျွန်မ သဘောတူပါတယ်.. မိုးကြိုးကပ်ဘေးသစ်သီးက ရှင့်အပိုင်ဖြစ်ပြီ…"
ချူတျဲယီတစ်ယောက် သေချာစဉ်းစားပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
အမှန်တကယ်တွင်၊ ဤအခြေအနေ၌ သူမတွင် ရွေးချယ်စရာ မရှိကြောင်း သူမ နားလည်ပေသည်။ အကယ်၍ သူမ ငြင်းပယ်ရန် ရွေးချယ်ပါက၊ သူမရှေ့မှ ယောက်ျားသည် သံသယ ဖြစ်ဖွယ်မလိုဘဲ တွန့်ဆုတ်ခြင်း မရှိ သတ်ဖြတ်ပေလိမ့်မည်။
သူမသည် ဤနေရာတွင် သေဆုံးရန် မဝံ့ရဲ၊ သူမ၏ အသက်ကို အလွန်တန်ဖိုးထားသည် မဟုတ်ပါလော။
ဤအတွေးဖြင့်၊ သူမသည် သိုလှောင်အိတ်ထဲမှ မိုးကြိုးကပ်ဘေးသစ်သီးကို ထုတ်ယူပြီး ကျိုးစွေ့အား ကမ်းပေးလိုက်သည်။
"ကောင်းတယ်.. ဒီလိုဆိုမှတော့.. ငါတို့ရဲ့ အရောင်းအဝယ် ပြီးဆုံးပြီ.."
ကျိုးစွေ့ အလွန် ကျေနပ်သွားသည်။ ဤမိုးကြိုးကပ်ဘေးသစ်သီးနှင့်အတူ၊ သူသည် ‘မိုးကြိုးကပ်ဘေးကူ’ကို အောင်မြင်စွာ သန့်စင်နိုင်သည်။
သူ၏ တာအိုလက်တွဲဖော်များ ကောင်းကင်ဘုံကပ်ဘေး ဖြတ်ကျော်ရမည့် အချိန်ရောက်သောအခါ၊ သူ များစွာစိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။
ဝှစ်…။
ဤအတွေးဖြင့်၊ သူ လက်ဝှေ့ယမ်းလိုက်ရာ ‘ရွှေအလင်းတစ်ထောင်ကူ’သည် ချက်ချင်း ပျံသန်းသွားပြီး ချူတျဲယီကို ကိုက်လိုက်သည်။
ဝုန်း…။
ရုတ်တရက်၊ ချူတျဲယီ၏ ခန္ဓာကိုယ် အတွင်းရှိ အန္တရာယ်ရှိသော အဆိပ်အားလုံးကို ‘ရွှေအလင်းတစ်ထောင်ကူ’က ဝါးမျိုလိုက်ပြီး၊ အရသာရှိသော အစာအဖြစ် စားသုံးလိုက်တော့သည်။
"ကျွန်မ ကိုယ်ထဲက အဆိပ်တွေ အကုန်လုံး တကယ် ပျောက်သွားပြီလား…"
ဤအခိုက်အတန့်တွင်၊ ချူတျဲယီသည် တောက်ပနေသော မျက်လုံးများဖြင့် ကျိုးစွေ့ ကို ကြည့်လိုက်မိသည်။
သူမ၏ နှလုံးသားတစ်ခုလုံး ကြီးမားသော အံ့ဩမှုများဖြင့် ပြည့်နှက်နေချေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သေစေနိုင်သောအဆိပ်ကို ဤမျှ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်သည်ကို သူမ မယုံကြည်နိုင် ဖြစ်နေတော့သည်။