← Chapters

Extra 3

Vol. 12 Ch. 138

Extra 3

Vol. 12 Ch. 138

အသက်နှစ်ဆယ့်လေးနှစ်အောက်အရွယ် ဤကျောင်းသား ခြောက်ဦးသည် နောက်နှစ်နွေဦးတွင် အခြားအဖွဲ့အစည်းများ မအောင်မြင်ခဲ့သော PAN-အခြေခံ ကာဗွန်ဖိုင်ဘာ သုတေသနတွင် တိုးတက်မှုတစ်ရပ်ကို ဖန်တီးနိုင်ခဲ့သည်။

ဤအစီရင်ခံစာတွင် လင်းချောင်သည် နောက်ဆုံးတွင် ဦးဆောင်သူနေရာ၌ ရပ်တည်ခဲ့သည်။ တစ်နှစ်ခွဲအတွင်း သူမသည် သူမ၏ သုတေသနအဖွဲ့ကို ဦးဆောင်ကာ သူမတို့၏ အောင်မြင်မှုများကို ဟောပြောပွဲခန်းမသို့ ပြန်လည်ယူဆောင်လာနိုင်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မအောင်မြင်ခဲ့သော ကြိုးပမ်းမှုများစွာပြီးသွားသည့်နောက် သူမတို့၏ တိုးတက်မှုသည် နိုင်ငံအတွက် ကိုယ်ပိုင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဖြစ်နိုင်ခြေအသစ်တစ်ခုကို ပေးအပ်ခဲ့သည်။

၎င်းသည် ပါရဂူကျောင်းသားတစ်ဦး၏ စီမံကိန်းတစ်ခုမျှသာ ဖြစ်သော်လည်း သူတို့၏ သုတေသနရလဒ်များ၏ အရေးပါမှုကတော့ အလွန်များပြားသည်။ အစီရင်ခံစာပြီးနောက် ကျန်းချန်နင်သည် ပထမဆုံး လက်ခုပ်တီးသူဖြစ်ပြီး၊ သူ၏ဘေးမှ အခြားပါမောက္ခတစ်ဦး လိုက်ပါလာကာ မကြာမီတွင် ခန်းမတစ်ခုလုံး လက်ခုပ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

လင်းချောင်နှင့် လက်ဆွဲနှုတ်ဆက်ကြသောအခါ တစ်စုံတစ်ဦးက ပြောလိုက်သည်။

“လူငယ်တွေဆိုတာက တကယ်ပဲ ထွန်းတောက်နေတဲ့ နေမင်းတွေပါ၊ သူတို့ရဲ့ အလားအလာက အကန့်အသတ်မရှိဘူး။”

ဤ “ထွန်းတောက်နေသော နေမင်း” သူသည့် ခံစားချက်သည် လူများစွာအပေါ် ပဲ့တင်ထပ်နေခဲ့ပြီး ယနေ့နောက်ပိုင်းတွင် လင်းချောင်သည် သုတေသနအသိုင်းအဝိုင်းထဲတွင် ထွန်းသစ်စကြယ်တစ်ပွင့် ဆိုသည်ထက်တောင် ပိုမို၍ ဖြစ်လာနိုင်ဖွယ်ရှိသည်။

သူ၏ အလုပ်များသော အချိန်ဇယားကြားမှ ကျိသော်သည် လင်းချောင်နှင့် သူမအဖွဲ့၏ ဓာတ်ပုံများကို ရိုက်ပေးရန် အချိန်ပေးနိုင်ခဲ့သည်။ ဒီတစ်ခါတွင်တော့ သူနှင့်အတူ အရာတစ်ခုခု ပါလာခဲ့သည်။

ထို့ကြောင့် အဖွဲ့လိုက် ဓာတ်ပုံရိုက်စဉ် ဟောပြောပွဲခန်းမတွင် နောက်ခံနဖူးစည်းစာတန်းနှင့်အတူ သူမတို့ ပခုံးချင်းယှဉ်လျက် လျက်နေကြကာ အိပ်ပျော်နေသော မိန်းကလေးငယ်လေးကို ချီထားကြ၏။

“ပါမောက္ခကျိ” ဟု အမည်တွင်ရန် နီးစပ်ခဲ့သော ကျိနျန်နျန်လေးသည် မကြာသေးမီကမှ ထွက်ပေါ်လာခဲ့သော ဆန်စေ့သွားလေးအချို့ကို ပြသရင်း ပြုံးနေကာ လူတိုင်း၏ နှလုံးသားကို အရည်ပျော်စေခဲ့သည်။

ဓာတ်ပုံရိုက်ပြီးနောက် အခြားအဖွဲ့ဝင်များသည် သူမကို ထိကိုင်ရန် ဝိုင်းရံလာကြတော့သည်။ ကလေးမလေးသည် လုံးဝ ရှက်ရွံ့ခြင်းမရှိဘဲ မည်သူမဆို သူမကိုချီထားသည်ကို ကြိုက်နှစ်သက်သည်။ အထူးသဖြင့် ချောမောသော အစ်ကိုကြီးများနှင့် အစ်မကြီးများ ကိုင်ထားသည်ကို ပိုပျော်၏။

ထို့ကြောင့် သူမ၏ မိဘများအပြင် သူမသည် အခြားသူများနှင့်လည်း အဖွဲ့လိုက်ဓာတ်ပုံများ ရိုက်ခဲ့ပြီး ချီဟွိုင်ဝမ်က သူမကို အချိန်အတော်ကြာ ချီထားခဲ့သည်။

ကျိသော်ကတော့ အာရုံစိုက်မှုများကို ပျော်ရွှင်စွာ ခံစားနေသော သူ၏ သမီးကို ကြည့်ကာ သိမ်မွေ့သော သဝန်တိုမှုတစ်မျိုးကို ခံစားခဲ့ရသည်။

သို့သော် ဓာတ်ပုံများ ထွက်ပေါ်လာသောအခါတွင်တော့ ရွှီလီက ကလေးမလေးကို ဖက်ကာ အကြိမ်ကြိမ် နမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါတို့ နျန်နျန်က ဓာတ်ပုံရိုက်တာ အရမ်း တော်တယ်။ ဘယ်သူနဲ့မဆို လိုက်ဖက်နေတာပဲ။”

“အဓိကက သတ္တိရှိဖို့ပဲ။” အဘိုးကြီးက ထောက်ခံခဲ့၏။

“လူအများကြီးကြားမှာကို မကြောက်ဘူးလား။”

“ရှင်တို့သား ရှိနေမှတော့ ဘယ်သူက ကြောက်တော့မှာလဲ။”

ရွှီလီ ရယ်မောလိုက်သည်။ သူမ၏ လက်ထဲရှိ ကလေးငယ်လေး လှုပ်ရှားလာသည်ကို မြင်သောအခါ သူမသည် ကလေးကို အခင်းပေါ် အမြန်ချပေးလိုက်သည်။

“သွားဆော့ကြလေ။ အဘွား မပွေ့တော့ဘူးနော်။”

“အား!”

စကားစပြောတတ်စ ကလေးငယ်လေးသည် ချက်ချင်း အော်ခေါ်လိုက်တော့သည်။

သူမသည် ဖျာပေါ်တွင် အကြိမ်များစွာ လေးဘက်လျက် ကော်ဖီစားပွဲကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ဓာတ်ပုံထဲမှ လင်းချောင်ကို လက်ညှိုးထိုးပြလိုက်သည်။

“အမေ။”

“အိုး၊ ငါတို့ နျန်နျန်က သူမအမေ ဘယ်သူလဲဆိုတာ သိတယ်။”

ရွှီလီ ဝမ်းသာကြည်နူးသွားခဲ့၏။

ထို့နောက် ကလေးမလေးသည် ကျိသော်ကို လက်ညှိုးထိုးပြနေသော်လည်း အကြိမ်အနည်းငယ် ကြိုးစားပြီးသည့်တိုင် မှန်ကန်သော အသံကို မထွက်နိုင်ခဲ့ပေ။

ရွှီလီသည် သူမကို အကြိမ်အနည်းငယ်လောက်အထိ သင်ပေးရန် ကြိုးစားခဲ့သော်လည်း သူမ၏အသံထွက်ကတော့ မမှန်ကန်နိုင်သေးပေ။ နောက်ဆုံးတွင် သူမ စိတ်မရှည်တော့ဘဲ ဆိုဖာကူရှင်များနှင့် လေ့ကျင့်ရန် လှည့်သွားလိုက်တော့၏။

ရွှီလီသည် သူမ၏ သားကို မကူညီဘဲ မနေနိုင်ခဲ့ပေ။ “ဒီ ဒုတိယသား ကတော့လေ ကလေးက သူ့ကို ‘အဖေ’ လို့ ခေါ်တော့မယ်၊ သူက ဘာမှတောင် သိမှာမဟုတ်သေးဘူး။”

မကြာသေးမီက စစ်တပ်အတွင်းတွင် ပြဿနာအချို့ ရှိနေပြီး ကျိသော်သည် တစ်လခွဲခန့် အိမ်မပြန်နိုင်ခဲ့

ပေ။

လင်းချောင်သည်လည်း အလုပ်များနေပြီး သူမ၏ သုတေသနတင်ဆက်မှု ပြီးဆုံးသွားကာ မကြာမီတွင် သူမ၏ ဓာတ်ခွဲခန်းသည် PAN-အခြေခံ ကာဗွန်ဖိုင်ဘာ နယ်ပယ်တွင် ထပ်မံ သုတေသနပြုနိူင်ရန်အတွက် အရေးပါသော အမျိုးသားရန်ပုံငွေကို လက်ခံရရှိခဲ့သည်။

ရလဒ်အနေဖြင့် သူမသည် သူမ၏ အဖွဲ့ကို ချဲ့ထွင်ရန်နှင့် ဘွဲ့ကြိုကျောင်းသားများ အသုတ်အသစ်ကို ခေါ်ယူရန် လိုအပ်ခဲ့သည်။ သူမတွင် စွမ်းရည်နှင့် စီမံကိန်း ရှိသောကြောင့် သူမ၏ ပါရဂူဘွဲ့ရပြီးနောက် မဟာဘွဲ့ကျောင်းသားများကိုပါ တိုက်ရိုက်ကြီးကြပ်နိုင်ခဲ့သည်။

ဘွဲ့ကြိုကျောင်းသားအချို့သည် မရှိမဖြစ်လိုအပ်သော သူမ၏ အနာဂတ် ကျောင်းသားများ ဖြစ်ကြသည်။ မိဘနှစ်ယောက်စလုံး အလုပ်များနေကြသောကြောင့် ကလေးမလေးကို အိမ်ဟောင်းသို့ ပြန်ခေါ်သွားခဲ့ပြီး ထိုနေရာတွင် ရွှီလီနှင့်အဘိုးကြီးတို့က ပြုစုစောင့်ရှောက်ပေးကာ ညနေပိုင်းတွင် လင်းချောင်ထံ ပြန်ခေါ်လာခဲ့သည်။

သူမ၏ ပထမဆုံး မွေးနေ့နှင့် နီးကပ်လာသောအခါ သူမသည် အစားအစာအခဲများကို စတင်စားသုံးနေပြီဖြစ်ပြီး နေ့ဘက်တွင်ဆိုလျှင် သူမ၏ မိခင်အား များများစားစား ပူဆာခြင်းမျိုး မရှိတော့ပေ။

ကလေးငယ်လေး အိမ်ဟောင်းတွင် ရှိနေခြင်းသည် ကျိဇယ်နှင့် ကျိလင်တို့အတွက် အဆင်ပြေစေခဲ့သည်။ သူတို့သည် အတန်းမရှိသည့်အခါ သို့မဟုတ် အလုပ်မရှိသည့်အခါတိုင်း သူတို့၏ ညီမလေးကို လာတွေ့ရန် မကြာခဏ ပြန်လာတတ်ကြသည်။ တစ်ခါတစ်ရံတွင် ကျိဇယ်သည် သူ၏ သူငယ်ချင်းများနှင့် ငယ်သူငယ်ချင်းများကို ခေါ်ဆောင်လာတတ်သည်။

နျန်နျန်ကတော့ ဤအစ်ကိုနှင့် အလွန် ရင်းနှီးနေပြီးသား ဖြစ်သည်။ ကျိဇယ်ကို မြင်သည်နှင့် သူမသည် သူ၏ ခြေထောက်ကို ဖက်ထားမည်ဖြစ်ပြီး ပွေ့ချီလိုက်သည်နှင့် သူမ၏ ခြေထောက်ငယ်လေးများဖြင့် သူ၏ ပခုံးပေါ်သို့ တက်လာလိမ့်မည်။

ကျိဇယ်သည် အပျော်သဘောဖြင့် သူမကို သူ၏ပခုံးပေါ် တင်လိုက်သောအခါ ကလေးမလေးသည် ချက်ချင်းဆိုသလို အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး အပြင်ထွက်လိုကြောင်း ပြသခဲ့သည်။

“မင်းက ကလေးတွေကို ဒီလောက် ချစ်တာ ဘာလို့ စောစောစီးစီး လက်မထပ်ခဲ့တာလဲ။ မင်း အသက် ၂၆ ဒါမှမဟုတ် ၂၇ နှစ် လောက်ရှိနေပြီ။” ငယ်သူငယ်ချင်းတစ်ဦးက သူ့ကို စနောက်လိုက်သည်။

ကျိဇယ်သည်လည်း များများစားစား မစဉ်စားတော့ပေ။ “ငါ ကလေးတွေကို ချစ်တတ်ရုံနဲ့ လက်ထပ်ရတော့မှာလား။ ငါ့ ဦးလေးတောင် အသက်သုံးဆယ်ကျော်မှ နျန်နျန်ကို ရခဲ့တာကိုလေ။ မဟုတ်ဘူးလား နျန်နျန်။”

သူသည် သူ၏ ပခုံးပေါ်မှ ကလေးမလေးကို လှုပ်ယမ်းလိုက်သည်။

ကလေးမလေးက ချက်ချင်းဆိုသလို တခစ်ခစ် ရယ်မောလိုက်ပြီး ခြံထဲရှိ သစ်သီးပင်များကို ဆွဲရန် လက်လှမ်းလိုက်သည်။

ပန်းကန်ဆေး ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို စတင်ရောင်းချခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကျိဇယ်၏ စီးပွားရေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့် နှစ်လခန့်ကဆိုလျှင် သူသည် တီဗွီတွင် ကြော်ငြာတစ်ခုပင် ထုတ်နိုင်ခဲ့ပြီး သူ၏ ထုတ်ကုန်များသည်လည်း မြောက်ပိုင်းစျေးကွက်ကို လုံးဝလွှမ်းမိုးထားခဲ့သည်။

အချို့က သူ၏ကြွယ်ဝမှုကို ခန့်မှန်းကြပြီး ၎င်းသည် အမျိုးသားစီမံကိန်းများကို ကိုင်တွယ်သူများနှင့် နှိုင်းယှဉ်နိုင်ကြောင်း မှတ်သားခဲ့ကြကာ ပုံမှန်အတိုင်း လူတိုင်း၏ သူ့အား အဆင်ပြေမည့်သူနှင့် မိတ်ဆက်ပေးခြင်းများကို ကြုံခဲ့ရတော့သည်။

ကံမကောင်းစွာဖြင့် ကျိမိသားစုမှ အမျိုးသားများသည် လက်ထပ်ရန် အလျင်လိုပုံမပေါ်ပေ။ ထိုအချိန်က ကျိသော်သည် အလျင်မလိုနေခဲ့သလို ယခု ကျိဇယ်သည်လည်း အလျင်မလိုဘဲ သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်အပေါ်တွင်ပေါ် အာရုံစိုက်နေသည်။

သို့သော် ကျိမိသားစုမှ ကလေးမလေးသည် အမှန်တကယ် ချစ်စရာကောင်းပြီး လူစိမ်းများကို မကြောက်တတ်ပေ။ ကျိဇယ်၏ သူငယ်ချင်းများသည် လာရောက်လည်ပတ်တိုင်း သူမနှင့် ကစားရသည်ကို နှစ်သက်ကြသည်။

ကလေးနှင့် ကစားနေစဉ်အတွင်းလည်း သူတို့သည် ကျိဇယ်ကို စနောက်ရန် မမေ့ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် နျန်နျန်က သူ့ကို “အစ်ကို” ဟု ခေါ်သော်လည်း အသက်အရွယ်အရဆိုလျှင် သူမသည် သူတို့အား “ဦးလေး” ဟု ခေါ်သင့်သောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်တော့ ကျိဇယ်သည် သူတို့ကို မောင်းထုတ်ပစ်ခဲ့တော့သည်။ သူတို့ ထွက်သွားပြီးနောက် သူသည် ပန်းသီးတစ်လုံးယူကာ ကလေးမလေးကို စနောက်လိုက်သည်။

“လာပါဦး။ နျန်နျန်၊ ‘အစ်ကို’ လို့ ပြောပါဦး။”

နျန်နျန်သည် ဤစကားကို အလွန်ခက်ခဲသည်ဟု ယူဆပြီး မပြောနိုင်ခဲ့ပေ။

ထို့နောက် သူသည် ကော်ဖီစားပွဲပေါ်ရှိ ကျိသော်၏ ဓာတ်ပုံကို လက်ညှိုးထိုးပြသလိုက်သည်။

“‘အဖေ’ ကရော။ ‘အဖေ’ လို့ ပြောနိုင်လား။”

ဒီတစ်ခါတွင်တော့ ကလေးမလေးသည် ထိုစကားနှင့် ဆင်တူသော အသံနှစ်ခုကို ပြောနိုင်ခဲ့သည်။

ကျိဇယ်သည် သူမအား “အစ်ကို” ဟု ပြောရန် ဆက်လက် စနောက်ချော့မြူနေခဲ့သော်လည်း နျန်နျန်ကတော့ မတတ်နိုင်ခဲ့ပေ။ စိတ်ပျက်အားငယ်စွာဖြင့် သူမသည် ပန်းသီးကို ကိုက်လိုက်သော်လည်း မကိုက်နိုင်သောကြောင့် ငိုလိုက်တော့၏။

“သူမက အရမ်းငယ်သေးတာပဲကို ဘယ်လိုလုပ် ပြောနိုင်မှာလဲ။”

အဘိုးကြီးသည် သူ၏မြေးမလေးကို အမြန်ချီကာ မြေးအကြီးဖြစ်သူကို စိုက်ကြည့်လိုက်သည်။

ကျိဇယ်သည် ရှက်နေပုံရသည်။ သူ တစ်ဖက်လှည့်သွားစဉ်တွင် အဘိုးကြီးက ဇွန်းဖြင့် ပန်းသီးအနှစ်အချို့ကို ခြစ်ယူကာ သူ၏ မြေးမလေးကို ကျွေးလိုက်သည်။ ဘယ်သူမှ မကြည့်နေကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူက တိုးတိုးလေး ပြောလိုက်၏။

“နျန်နျန်၊ ‘အဘိုး’ လို့ ပြောပါဦး။”

ကံမကောင်းစွာဖြင့် ကျိသော်တစ်ယောက် သူ၏ တာဝန်များပြီးဆုံးသည့်အချိန်တွင် ကလေးမလေးသည် “မေမေ” နှင့် “ဖေဖေ” ဟူ၍သာ ပြောတတ်ခဲ့ပြီး လူတိုင်းကို “မေမေ” နှင့် “ဖေဖေ” ဟုသာ ခေါ်နေခဲ့ကြောင်း သိခဲ့ရသည်။

ဒါကြောင့် ကျိသော် သူ၏သမီးကို လာခေါ်သောအခါ အိမ်ထဲဝင်လိုက်သည်နှင့် သူ့တူဖြစ်သူကို သူ့သမီးက “ပါး” ဟု ရှင်းရှင်းလင်းလင်း ပြောဆိုနေသည်ကို ကြားလိုက်ရတော့သည်။

နျန်နျန်သည် ဆံပင်ကောက်ကောက်လေး ဖြစ်သည်ကို လင်းချောင် သူမ အသက် တစ်နှစ်ခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ကလေးမလေးသည် ဆံပင်သန်ပြီး သူမ၏ တစ်နှစ်ပြည့်မွေးနေ့နောက်ပိုင်းတွင် မိသားစုက သူမ၏ နူးညံ့သောဆံပင်များကို မရိတ်တော့သောကြောင့် သူမ၏ သဘာဝအတိုင်း ကောက်နေသော ဆံပင်များက တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။ သူမ အသက်နှစ်နှစ် ရောက်သောအခါ သူမ၏ ခေါင်းတစ်ခုလုံးတွင် နူးညံ့ပြီး ဖွာနေသော သဘာဝ ဆံပင်ကောက်ကောက်များဖြင့် ပြည့်နေခဲ့သည်။

သူမ၏ မိဘများထံမှ အမွေရသော မျိုးရိုးဗီဇကောင်းများနှင့်အတူ ကလေးမလေးသည် လှပနေပြီးသားဖြစ်ပြီး သူမ၏ ဆံပင်ကောက်ကောက်များနှင့်အတူယှဉ်တဲဲကြည့်လိုက်ရာ သူမ ကိုင်ထားသော အရုပ်လေးထက်ပင် ပို၍ နူးညံ့ပြီး ချစ်စရာကောင်းနေခဲ့သည်။

အထူးသဖြင့် သူမ၏ မျက်တောင်ရှည်များက တဖျတ်ဖျတ်ခတ်နေပြီး သူမ၏ တောက်ပသော မျက်လုံးနက်နက်များဖြင့် အခြားလူများကို ကြည့်သောအခါဆိုလျှင် သူမသည် အမြဲတမ်းလိုလို လူအများ၏ အာရုံစိုက်မှုကို ခံရလေ့ရှိသည်။

ကျိယန် နိုင်ငံသို့ ပြန်လာပြီးနောက် သူမကို ပထမဆုံး မြင်သောအခါ လုံးဝ နှစ်သက်သွားတော့သည်။

“သူမမှာ ဆံပင်နက်နက်၊ မျက်လုံးနက်နက်တွေသာ မရှိဘူးရင် နိုင်ငံခြားသူလေးလို ဖြစ်နေမှာ။”

သူမ၏ ခင်ပွန်းသည် သူ၏ လုပ်ငန်းတာဝန်သက်တမ်းကို ပြီးဆုံးသွားပြီးနောက် သံရုံးမှ ပြန်လည်ပြောင်းရွှေ့လာသောကြောင့် သူမသည်လည်း သူတို့၏ ကလေးနှစ်ဦးကို ပြန်ခေါ်လာခဲ့သည်။ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးနောက် ကလေးငယ်နှစ်ဦးသည် သူတို့၏ အဒေါ်ငယ်လေး လင်းချောင်နှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်ပြီး အနည်းငယ် ရှက်နေသော်လည်း နျန်နျန်ကြောင့် တဖြည်းဖြည်းနှင့် ရင်းနှီးလာခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ကလေးမလေးသည် ကြီးပြင်းလာပြီဖြစ်ပြီး ပွေ့ဖက်ခံရခြင်းကို မကြိုက်တော့ပေ။ မကြာမီမှာပဲ သူမသည် အောက်သို့ဆင်းပြီး တစ်ယောက်တည်း လမ်းလျှောက်နိုင်ရန် ရုန်းကန်ခဲ့သည်။ ယခုအခါ သူမသည် ချင်တက္ကသိုလ်အနီးရှိအိမ်နှင့် အိမ်ဟောင်း၏ခြံဝန်းနှစ်ခုလုံးတွင် သူမ၏ ကိုယ်ပိုင်နယ်မြေလေး ရှိနေပြီး ထိုနေရာတွင် သန့်ရှင်းသပ်ရပ်နေကာ၊နေလှန်းထားသော သဲပုံတစ်ပုံဖြင့် ကစားနေလေ့ရှိသည်။

သဲအပြင် စိတ်ကြိုက်ပြုလုပ်ထားသော ပလတ်စတစ်ပုံးငယ်များနှင့် ဂေါ်ပြားများလည်း ရှိသည်။ ကလေးမလေးသည် သဲများကို ပုံးထဲသို့ ဂေါ်ပြားဖြင့် ထည့်ပြီး ပြန်သွန်ချကာ တစ်နေကုန် ပျော်ရွှင်စွာ ကစားနေလေ့ရှိသည်။ တစ်စုံတစ်ယောက်သာ သူမနှင့်အတူ လိုက်ပါလာပါက သူမသည် ထိုသူအား အလုပ်များခိုင်းစေပြီး ညွှန်ကြားနေတတ်သည်။

ညနေပိုင်းတွင် လင်းချောင် ကျောင်းမှ ပြန်လာသောအခါ သူမ၏ သမီးဖြစ်သူ သဲပုံးဘေးတွင် မတ်တပ်ရပ်နေပြီး အခြားလူများကို ထိုသဲများအား တစ်ဖက်မှတစ်ဖက်သို့ ရွှေ့ရန် ညွှန်ကြားနေသည်ကို မြင်လိုက်ရ၏။ သူမ၏ ဖောင်းကားနေသော မျက်နှာလေးသည်လည်း အလေးအနက်အမူအရာနှင့်ပင်။

ကျိယန်၏ ကလေးနှစ်ဦးသည် သူတို့၏ ရယ်မောခြင်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြပြီး သူမနှင့်အတူ ကစားနေခဲ့ကြသည်။

လင်းချောင်လည်း သူမ၏ဘေးရှိ အမျိုးသားကို ကြည့်လိုက်၏။ “သူမက ဒါတွေအားလုံးကို ရှင့်ဆီကနေ သင်ယူထားတာ။”

အိမ်တွင်ဆိုလျှင် ကျိသော်သည် တည်ကြည်သော မျက်နှာထားရှိသူဖြစ်သည်။ အဘိုးကြီးသည် လူအများရှေ့တွင် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော်လည်း သူ၏ မြေးမလေးကို ထိန်းနေသည့်အချိန်တွင်တော့ အပြုံးမရပ်နိုင်ခဲ့ပေ။

အထူးသဖြင့် ကျိသော် စစ်တပ်မှ ဖုန်းခေါ်ဆိုမှုများကို တစ်ခါတစ်ရံ ဖြေကြားရသောအခါမျိုးတွင် ကလေးမလေးသည် သူ၏လေသံအတိုင်း အနည်းငယ် ပို၍ ညင်သာသောနည်းဖြင့် တုပပြောဆိုတတ်လေ့ရှိသည်။

သူ၏ ဇနီးသည်ထံမှ စနောက်ခြင်းခံရသောကြောင့် ကျိသော်သည် လည်ချောင်းရှင်းလိုက်ပြီး တက်ကြွစွာ ကစားနေသော သူ၏သမီးကို လှမ်းခေါ်လိုက်သည်။

“နျန်နျန်။”

“ဖေဖေ!”

ကလေးမလေးသည် ချက်ချင်းပြုံးလိုက်ပြီး သူမဘေးရှိ လင်းချောင်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ဝမ်းသာမှုဖြင့် တွန့်ကွေးသွားခဲ့၏။

“မေမေ!”

သူမ၏ လက်ထဲတွင် ဂေါ်ပြားငယ်လေးတစ်ခု ရှိနေဆဲဖြစ်ပြီး သူမသည် ပြေးလာကာ သူမ၏ သဲများပေကျံနေသော လက်ကလေးများဖြင့် အဖေဖြစ်သူကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။

“ဖေဖေ။”

ကျိသော်သည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး သူ၏သမီးကို ကောက်ယူလိုက်ကာ လက်တစ်ဖက်ဖြင့် ချီထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ နောက်ကျောကို ညင်သာစွာပုတ်ပေးလိုက်သည်။

လင်းချောင်သည် သူမ၏ သမီးဖြစ်သူလက်ထဲမှ ဂေါ်ပြားငယ်လေးကို ယူလိုက်သည်။

“အစ်ကိုနဲ့၊ အစ်မနဲ့ အတူတူကစားရတာ ပျော်ရဲ့လား။”

“ဟုတ်ကဲ့။”

နျန်နျန် ခေါင်းညိတ်လိုက်ပြီးနောက် သူမ ဖခင်၏စစ်ဦးထုပ်ကို ယူကာ သူမ၏ခေါင်းပေါ်တွင် ဆောင်းလိုက်ရာ ကြီးမားသောဦးထုပ်ကြောင့် သူမ၏ ပန်းရောင်နှုတ်ခမ်းငယ်လေးနှင့် ဖောင်းကားနေသော မေးစေ့လေးကိုသာ မြင်ရတော့သည်။

ကျိယန်၏ ကလေးနှစ်ဦးကတော့ မရယ်ဘဲ မနေနိုင်တော့ပေ။

သူမသည် ဦးထုပ်ကြိုးကိုရှာရန် ခေါင်းငုံ့လိုက်သော်လည်း ၎င်းသည် လျှောကျသွားပြီး သူမ၏ ပခုံးတစ်ဖက်တွင်ချိတ်နေကာ သူမ၏ ပခုံးငယ်လေးကို ဖုံးလုနီးပါးပင် ဖြစ်နေတော့သည်။

အခြားသူများ၏ ကလေးများလည်း ဤကဲ့သို့ ဖြစ်မဖြစ် လင်းချောင် သေချာမသိသည့်တိုင် သူမ၏သမီးကတော့ မိခင်၏ အလုပ်ထက် သူမ၏ဖခင်နှင့် ပတ်သက်သော အရာအားလုံးကို ပိုမို စိတ်ဝင်စားနေသည်မှာ ထင်ရှားနေ၏။

ကျိသော်၏ စစ်ဦးထုပ်၊ သူ၏ ပခုံးတံဆိပ်များ၊ သူ အိမ်သို့ယူလာသော သစ်သားသေနတ်ကိုပင် သူမက ခုတင်ပေါ်တွင်ထိုင်၍ နာရီဝက်ကြာ ကစားနိုင်သေးသည်။ သို့သော် လင်းချောင် သူမကို ကျောင်းသို့ခေါ်သွားသောအခါတွင်တော့ သူမသည် လင်းချောင်၏ ရုံးခန်းထဲတွင် အိပ်နေတတ်သည်။ သူမသည် တကယ်ကို ဂရုစိုက်ရန် လွယ်ကူသူဖြစ်ပြီး အမြဲတမ်းလိုလို စောင့်ကြည့်နေရန်လည်း မလိုအပ်ပေ။ လင်းချောင်၏ အားလပ်ချိန်ရှိသော ကျောင်းသားတိုင်းက သူမကို စောင့်ကြည့်ပေးလေ့ရှိသည်။

တစ်ခါတရံတွင်ဆိုလျှင် ကျိသော် သူမကို လာခေါ်သည့်အချိန်အထိ သူမသည် အိပ်နေတတ်သည်။ လင်းချောင် သူမကို ချီလျက် သူ့အားလွှဲပေးပြီး သူမ၏ တင်ပါးငယ်လေးကို ပုတ်လိုက်သည်။

“ဒီလို ကောင်းမွန်တဲ့ ပညာရေးအနေအထားရှိနေတဲ့ ပတ်ဝန်းကျင်မှာတောင် လွှမ်းမိုးမှုမခံနိုင်ဘူး။ ဒါက ကျောင်းသားဆိုးလေး ဖြစ်လာမဲ့သဘောတော့ မဟုတ်ဘူးမလား။”

သူမ ပုတ်လိုက်ပြီးနောက် ထိုအမျိုးသား သူမကို ကြည့်နေသည်ကို သတိပြုမိလိုက်၏။ သူ၏ တည်ကြည်သော မျက်နှာသည် တင်းမာနေသည်။ လင်းချောင် စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တတ်သည့် အရေးအကြောင်းများအကြောင်း ပြောပြီးကတည်းက ကျိသော်သည် မျက်မှောင်ကြုတ်ခြင်း နည်းပါးခဲ့သည်။

အထူးသဖြင့် စိုးရိမ်ပူပန်မှု၏ အရေးအကြောင်းများနှင့် နှာခေါင်းဘေးမှ အရေးအကြောင်းများ ထင်ရှားစွာရှိနေသော ဗိုလ်မှူးကြီးတင်း၏ သက်ရှိဥပမာပုံစံကြောင့်ဖြစ်သည်။ သို့သော် မျက်မှောင်မကြုတ်ခြင်းသည် သူ၏ မျက်လုံးများဖြင့် သဘောမတူကြောင်းမပြဟုတော့ မဆိုလိုပေ။

လင်းချောင်သည် သူ ဘာပြောမည်ကို စောင့်နေရင်း မျက်ခုံးပင့်ပြလိုက်သည်။ အချိန်အကြာကြီး ရပ်တန့်ပြီးနောက် ထိုသူက ဆိုလိုက်၏။

“သူမကို မနှိုးနဲ့။”

ကျိသော်သည် သူ၏ လေသံကို အတတ်နိုင်ဆုံးနူးညံ့အောင်ပြောနေခဲ့သော်လည်း သူ၏ အစောပိုင်း အမူအရာအရတော့ ဤသည်မှာ သူ အစကတည်းက ပြောချင်သည့်အရာ မဟုတ်လောက်ပေ။

သူတို့၏ ဆက်ဆံရေးတွင် အချို့အရာများကို ရှင်းရှင်းလင်းလင်း ထောက်ပြရန် မလိုအပ်တော့ပေ။

All Chapters